Lwin Travel & Tourism-Myanmar to Dubai

Lwin Travel & Tourism-Myanmar to Dubai -2 Years Freelance Visa Dubai-
-UAE Visit Visa-
-Travel Packages-
-Visa Extension(AtoA,BtoB)
-World Wide Visa( Canada, Poland, US)

10/03/2024

Respect 🙏🙏🙏🙏🙏

UAE 2024 - Prayer times
10/03/2024

UAE 2024 - Prayer times

09/03/2024

UAE လာပြီး အလုပ် လျှောက်မယ်ဆိုရင်
Interview အများစုက
location ပိုပေးပါ တယ်
Google Map အသုံးပြုပြီး သွားရင် အဆင်ပြေပါတယ်
ph ကောင်းကောင်း တလုံး တော့ ရှိသင့်ပါတယ်
ကိုယ့်ph battery 🔋 မခံတော့ရင်တော့ power bank ဆောင်ခဲ့ဖို အကြံပြု ပါတယ်

31/12/2023

Happy New Year

Welcome -2024

25/12/2023

Merry Christmas🎄

UAE မှာ Visit Visa (၂ လ/၃ လ) နဲ့ လာပြီးဘယ်နေ့ Visa သက်တမ်း ကုန်မလဲ 🤗😬မသိတဲ့ သူများ အတွက်ပါVisa ပေါ်မှာ ပါတဲ့ ရက်တွေကတော့...
21/12/2023

UAE မှာ Visit Visa (၂ လ/၃ လ) နဲ့ လာပြီး

ဘယ်နေ့ Visa သက်တမ်း ကုန်မလဲ 🤗😬

မသိတဲ့ သူများ အတွက်ပါ

Visa ပေါ်မှာ ပါတဲ့ ရက်တွေကတော့

စလျှောက်တဲ့ ရက် နဲ့ ကုန်ဆုံးရက် ဆိုပြီး

နှစ်ကြောင်း ပါပါမယ်💁🏼‍♂️💁‍♀️

အဲ့ရက် တွေက စလျှောက်ပြီး နှစ်လအတွင်း

စလျှောက်တဲ့ နေ့မှ ကုန်ဆုံးရက် အတွင်း ကြိုက်တဲ့ ရက် လာလို့ရတယ်

တကယ် Visa သက်တမ်းကုန်ဆုံးရက်ကတော့
UAE နိုင်ငံကို စတင်ပြီး ဝင်ရောက် နေထိုင်တဲ့
ရက်အပါအဝင် ရက်ပေါင်း ၆၀ /၉၀ နေလို့ ရပါတယ်(Visa လျှောက်တဲ့ အပေါ် မူတည်ပါတယ်)

ဥပမာ ပြောရရင်

-8.Nov.2023နေ့မှ UAE ကို စရောက်တာ ဆိုရင် နောက်ထပ် ရက်ပေါင်း ၅၉ရက် နေ့လို့ ရပါတယ် (6.Jan.2024)ထိ

Visa သက်တမ်းတိုး မယ် ဆိုရင်တော့ 3ရက် အလို ကြိုတိုးပေးရပါတယ်🙇🏻🙇🏻‍♂️

21/12/2023
21/12/2023
21/12/2023
https://www.facebook.com/permalink.php?story_fbid=pfbid0rB5W55njvmAHxWUFUoLtZntby6mHSfQWog9N5oNFVQK1qYLo1X5H5DjfjuAyccTn...
20/12/2023

https://www.facebook.com/permalink.php?story_fbid=pfbid0rB5W55njvmAHxWUFUoLtZntby6mHSfQWog9N5oNFVQK1qYLo1X5H5DjfjuAyccTnl&id=100076244374858

Must Read and Please Remind of follow case

Hilo …. အားလုံးပဲ မင်္ဂလာပါ
Ryan’s Messy Vlog ကနေပြန်လည် ကြိုဆိုလိုက်ပါတယ်

အလုပ်တွေများနေလို့ စာလည်းမရေးဖြစ် Video Content လည်း မလုပ်ဖြစ်တာ အတော်ကြာသွားခဲ့ပြီ ...
ဒီတစ်ပတ်ရုံးပိတ်ရက်လေးမှာ အချိန်နဲနဲရတုန်းလေး UAE ကိုမလာခင်နဲ့ ရောက်ရှိပြီးရင် ဘာတွေကြိုတင်ရှောင်ရှားသင့်တယ် ဆိုတာလေးကို သိသလောက်လေးပြောပြပေးသွားပါ့မယ်

#စာတော့နည်းနည်းရှည်ပါမယ် ဒါပေမဲ့ သိသင့်တယ်ထင်လို့ဝေမျှပေးတာပါ

၁. နံပတ်တစ်အနေနဲ့ ပထမဦးဆုံးရှောင်သင့်တာကတော့ ဒူဘိုင်းအရောက် အလုပ်အပါ သိန်း ဘယ်နှဆယ် AED ဘယ်လောက် အပြီးအစီး အာမခံတယ် ဘာညာ ဆိုတဲ့ လိုင်စင်မရှိတဲ့အေးဂျင့်မျိုးတွေ ရှောင်ရှားရပါမယ်
(တကယ်အမှန်အကန် အာမခံတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေရှိသော်ငြားလည်း အစစ်အမှန်ဆိုတာတွေကို လက်ချိုးရေလို့ရပါတယ်)

Passport, Visa, Air Ticket, နေစားငြိမ်း အလုပ်ပါအပါ သိန်း ဘယ်လောက် AED ဘယ်လောက်ဆိုပြီးခေါ်ကြတယ် လစာကတော့ ဘယ်လောက်ပေါ့ ....

တချို့ဆိုဒီတောင်မရောက်လိုက်ဘူး အေးဂျင့်က လစ်သွားတယ်
တချို့ကျ ဒီတော့ရောက်ပါရဲ့ ပထမပြောထားတဲ့အလုပ်က 5 Stars Hotel F&B Associate (Waiter/Waitress ) အစရှိသဖြင့် ခေါ်ပြီး တကယ်ရောက်တော့ စက်ရုံတွေ စားသောက်ဆိုင်အသေးလေးတွေ Housekeeping အလုပ်တွေ Housemaid တွေ ကြုံရာထိုးထည့်တာမျိုးတွေရှိပြီး လစာမမှန် ခေါင်းပုံဖြတ် ဗီဇာမပေး ID မပေးနဲ့ တကယ်ကို ခက်ခဲစွာရုန်းကန်ရတဲ့အလုပ်တွေကို အေးဂျင့်တွေကထိုးထည့်ကြပါတယ်

မလုပ်နိုင်လို့ထွက်မယ်ဆိုရင်လည်း လျော်ကြေးတောင်း ပတ်စ်ပို့စ်မပေး လက်လွတ်စပယ်လုပ်တတ်ကြပါတယ်
အထူးသဖြင့် ဗဟုသုတမကြွယ်ဝသူတွေနဲ့ အယုံလွယ်သူတွေခံရတတ်ပါတယ်
တချို့ဆို ဟိုးနယ်စွန်နယ်ဖျားကလူတွေပါ ဗမာစကားလည်းကောင်းကောင်းမပြောတတ် အင်္ဂလိပ်လိုလည်း ကောင်းကောင်းမရတဲ့လူတွေကို ပစ်မှတ်ထားကြပါတယ်

UAE မှာ ဒူဘိုင်းမှာ လူတစ်ယောက်စာ စားသောက်နေထိုင်ဖို့ဆိုတာတောင် မလွယ်တာ လူတစ်ယောက်ကို အလုပ်ပေးဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး ဒါကို လိုင်စင်မရှိပွဲစားတွေက အာမခံနိုင်တယ်ဆိုတော့ ..... စဉ်းစားကြည့်ကြပါတော့ပေါ့နော်

ကိုယ့်ဘာသာ Passport လက်ကိုင်ထား
စိတ်ချရတဲ့ဆီမှာ ၂လဗီဇာလျှောက် လေယာဉ်လက်မှတ်ဝယ် အခန်းငှား အလုပ်ရှာ ကြိုက်တဲ့အလုပ်စိတ်ကြိုက်ရွေး ၂လပြည့်တဲ့အထိအလုပ်မရသေး ကြိုက်တာမတွေ့သေးရင် သက်တမ်းတိုးပြီးဆက်ကြိုးစားရှာ သေချာပေါက်နေရာတစ်ခုတော့ရမှာပါ ကျွန်တော့်ရဲ့ဒူဘိုင်းလာရင်ဆောင်ရန်ဆိုတဲ့ Post ကိုပြန်ဖတ်ကြည့်ပါ ....

နောက်ပြီး ငွေလွှဲရင်လည်း ယုံကြည်စိတ်ချရတဲ့ လူတွေဆီမှာပဲ လွှဲကြပါ ခုနောက်ပိုင်း ငွေလိမ်ပြေးတာတွေ ခပ်စိတ်စိတ်ကြားလာရပါတယ်
ဒီအချက်က အမုန်းခံပြီးရေးရတာဖြစ်ပြီး မြန်မာအချင်းချင်းအလိမ်ခံရအောင် ဂျင်းအထည့်မခံရအောင်ပါ

၂/ အိုကေ နံပတ် ၂ အချက် အနေနဲ့ ဆက်ပြီးပြောပြချင်တာက ဒူဘိုင်းရောက်လာရင် ကိုယ့်အမေအိမ်မှာလို အသင့်စားသောက်ပြီး နေထိုင်ငြိမ်း မသတ်မှတ်လိုက်ပါနဲ့

အခန်း - ဒီကို စရောက်ပြီဆိုရင် အလုပ်ရှာတဲ့ ကာလမှာ အခန်းငှားနေကြရပါတယ် လူမျိုးစုံ (Mix Nationality) ဒါမှမဟုတ် မြန်မာသီးသန့်အခန်း - Bed Space, partition loft type, sharing အစ ရှိသဖြင့် အခန်းတွေ ရှိကြပြီး လူတစ်‌ေယာက်ကျောတစ်ခင်းစာကို AED (650-၆ သိန်း၀န်းကျင်) ကနေ AED (800-၇ သိန်း၀န်းကျင်) လောက်ထိပေးရပါတယ်.
ရန်ကုန်မှာ ဆို ရှယ်ဆိုတဲ့ တိုက်ခန်း ၂လလောက် ငှားလို့ရတယ်နော် ....

အဲ့လောက်စျေးပြီး သက်သောင့်သက်သာ ဇိမ်နဲ့ နေရမယ်မထင်နဲ့ ...
အလုပ်ရှာတဲ့ ကာလအတွင်း အဲ့အခန်းမှာပဲ အလုပ်မရမချင်း နေထိုင်ရမှာပါ အလုပ်ရပြီးမှသာ ဟိုတယ်ဆိုရင် ဟိုတယ် Accommodation ပြောင်းကြရတာမျိုး သို့မဟုတ် အလုပ်နဲ့ နီးတဲ့ အခြားတစ်နေရာပြောင်းနေရတာမျိုးရှိမှာပါ ..

ဒီနေရာမှာ အဓိကပြောပြချင်တာကတော့ ‌ရောက်ရောက်ချင်းနေထိုင်မယ့် အခန်းတွေ Bed Space - တစ်ခန်းထဲမှာ ၆ ‌ေယာက်စုနေရတာမျိုး
ညဂျူတီ သမားတွေရှိမယ် နေ့ဂျူတီသမားတွေရှိမယ် သူတို့အိပ်ချိန် ကိုယ့်အိပ်ချိန်မတူတာတွေရှိမယ်. ‌ေဟာက်သံတွေကို နားယဉ်အောင်ကျင့်ထားရမယ်

Partition (loft type) - ဒီလိုအခန်းမျိုးကျ ၂ ‌ေယာက် Share နေရတာမျိုး အခန်းဖော်က လူယဉ်ကျေး အေးဆေးသမားဆိုရင် အဆင်ပြေမယ် ကဂျီကဂျောင်သမား ညစ်ပတ်တတ်တဲ့လူဆိုရင်တော့ အတော်တိုင်ပတ်မယ် ဒါက ‌ေယာက်ျားလေးရော မိန်းကလေးတွေအတွက်ရော တာနော် အတူနေမဲ့လူကအတော် အရေးကြီးပါတယ်.

နောက်တစ်ချက် ဟိုတယ် Accommodation ရောက်ရင်လည်း အတူနေရမယ် အခန်းဖော်တွေ အရေးကြီးပါတယ်
အခြားလူမျိုးခြားတွေနဲ့ နေရဖို့တော့များပါတယ် အိမ်နဲ့ စော်နဲ့ Video call အကျယ်ကြီးပြောတဲ့လူရှိမယ် ဆေးလိပ်သောက်တဲ့လူတွေရှိမယ် သီချင်းအကျယ်ကြီးဖွင့်သူတွေရှိမယ်
ကိုယ်နဲ့ ဂျူတီမတူရင် အိပ်မရတဲ့ ပြဿနာပါ
နောက်ပြီး အခန်းထဲ ရေချိုးခန်းထဲ အိမ်သာထဲ ညစ်ပတ်အောင်နေတဲ့လူရှိမယ်
သောက်စားတတ်တဲ့လူရှိမယ် အခန်းထဲမိန်းမတွေခေါ်လာတဲ့လူရှိမယ် ‌ေယာက်ျားတွေခေါ်လာတဲ့လူလည်းရှိမယ်
အခန်းထဲ အ၀တ်တွေ အသုံးအဆောင်တွေကို သေသေသပ်သပ်ထားတတ်ဖို့လည်းလိုပါမယ်

ဒါတွေကတော့ မိမိ တစ်ကိုယ်‌ရည် သန့်ရှင်းအောင် နေထိုင်တတ်မှု Personal Hygiene တွေ Environmental Care တွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်
ပြောရရင်တော့ စည်းကမ်းရှိဖို့လိုပါတယ်
ကိုယ်တိုင်လည်း ဒါမျိုးတွေ မလုပ်မိဖို့ရှောင်ရှားရပါမယ်
ကိုယ့်အိမ်လိုနောက်ကနေလိုက်လုပ်ပေးမဲ့ အမေမရှိပါဘူး

၃. အစားအသောက် ???
အိမ်မှာကတော့ အမေချက်ပေးတာ အဖွားချက်ပေးတာ အဒေါ်ချက်ပေးတာ
သမီးကတော့ ကြက်ဉတောင်မကြော်တတ်ဘူး
သားကတော့ ကြက်သွန်တောင်မခွာတတ်ဘူးဆိုတဲ့လူတွေ ဒီရောက်ရင် မွဲမှာပါ ...
တကယ်ပါ ဒီမှာ အလုပ်ရှာတဲ့ကာလအတွင်း အိမ်ကထည့်ပေးလိုက်တဲ့ အ‌ေခြာက်အခြမ်းအကြော်အလှော်လေးတွေစားရင်း နေနိုင်ပေမဲ့ အလုပ်ရတဲ့အခါ F&B LIFE မဟုတ်တဲ့အခါ - (F&B ကတော့ DUTY MEALSတွေ ဟိုတယ် ကန်တင်းတွေမှာ စားလို့ရတယ် ) အစားအသောက်ကိုယ်တိုင်ချက်စားရတဲ့ အခါမျိုးတွေမှာ စားချင်တာ မစားရဘဲ မချက်တတ်လို့ အပြင်မှာ ၀ယ်စားနေရသူတွေ တစ်ပုံကြီးပါ
တချို့ကျတော့လည်း ချက်ဖို့အချိန်မရတာမျိုးဖြစ်နိုင်ပါတယ် ဒီတော့ ဟင်းချက်တတ်ရင် တစ်ဗန်းသာပါတယ် ကျွန်ေတာ်ကိုယ်တိုင်လည်း ေမြစမ်းခရမ်းပျိုး စမ်းသပ်ချက်ပြုတ်ရင်း ၀က်သားတုတ်ထိုးေကာင်းေကာင်း လုပ်တတ်နေပါပြီ .. ဤကားစကားချပ် ...

ဟင်းေတာ့ ချက်တတ် ထမင်းေတာ့ချက်တတ်ပါပြီ အလုပ်ရဖို့ အခန်းငှားေနရတဲ့ဘ၀မှာ အိုးခွက် ပန်းကန် မီးဖိုေချာင်သုံးပစည်းေတွ ၀ယ်ဖို့ကျသိပ်အဆင်မပြေနိုင်သးဘူးေလေနာ်
ဒီေတာ့ အိမ်ကပါတဲ့ လက်ဖက်​ေလးနဲ့ နှစ်ပါးသွား .. ထမင်းအိုးက ေတာ့ ၀ယ်ရမှာေပါ့
ဆန်ကလည်း ကြည့်၀ယ်တတ်ဦးမှဗျ...
ဒီေတာ့ ဒီေရာက်လာရင် အမေ့အိမ်လို ဟင်းဂျီးများတာမျိုးရှောင်ရှားရပါမယ် ရှိတာနဲ့ အဆင်ပြေအောင် စားေသာက်နေထိုင်တတ်ရပါမယ်

၄. အ ေသာက်အစား ???
တစ်ခါတစ်လေ သူငယ်ချင်းေတွစုပြီး ေသာက်တာ ပြဿနာမရှိေပမဲ့ အ ေသာက်တစ်လိုင်းသမားေတွအတွက်ကတော့ ပြဿနာရှိပါတယ်
ဒူဘိုင်းမှာ အရက် ဘီယာ ေစျးကြီးပါတယ် ေမှာင်ခိုေတာင် ဘီယာတစ်ဗူး (5 AED - ၅ ထောင်) ပေးရပါတယ် ဘားမှာဆိုရင် ဘီယာတစ်ခွက် (50 AED - ၅ သောင်း) လောက်ကျပါတယ်
အစားထက် အသောက်က ပိုစျေးကြီးပါတယ်
နောက်ပြီး တရား၀င်ဆိုင်တွေမှာ ၀ယ်ရင် လိုင်စင်ရှိရပါတယ်
အရင်ကလိုင်စင်ကြေးပေးရပြီး ခုတော့ FREE လုပ်ပေးပါတယ်
အလည်အပတ် ဗီဇာနဲ့လာတယ်ဆိုရင် PASSPORT ပြပြီး ၀ယ်လို့ရပါတယ်
ဆေးလိပ်လည်း ထိုနည်းတူပါပဲ ‌ဆေးလိပ်တစ်ဗူးကို SUPER MARKET တွေမှာ TAX အပါဗူးတွေပေါ့ဗျာ - 13 AED - ၁၃၀၀၀ ကျပ်‌ေလာက်ကနေစပါတယ်
GROCERIES' STORE တွေမှာတော့ TAX မပါတာတွေ ရတတ်တယ် တစ်ဗူး ၄၀၀၀ ကျပ်လောက်ပဲပေးရပါတယ်.

ဒီတော့ ဒူဘိုင်းလာမယ်ဆိုရင်တော့ အသောက်အစားပိုင်းတွေကို လျှော့ရပါမယ်
ရှောင်နိုင်သမျှ ရှောင်ရှားရပါမယ် ....

၅. အပိုသုံးစွဲခြင်း
ပိတ်ရက်ကလေး အပြင်ထွက် ဟိုနားဒီနား သွားတာ အနည်းဆုံး METRO ခ အသွားအပြန် 15 AED - 15000MMK ‌ေလာက် စကုန်ပါပြီ
CV DROP ဖို့ MALL တွေသွား အသွားအပြန် ၁၅၀၀၀ ကျပ် ကုန်ပါပြီ
MALL မှာ ပတ်ရင် ဟိုဟာလေး စျေးချလို့ ၀ယ် ၅၀/ ဟိုဟာလေး သောက်ချင် စားချင် ၅၀ အပြင်တစ်ခါထွက်ရင် မုန့်စားတာနဲ့ လမ်းစရိတ် SALES ချလို့ အရမ်းတန်နေပြီဆိုပြီး ၀ယ်လိုက်တာတင် ၁၀၀ ပတ်ချာလည် မြန်မာငွေ တစ်သိန်းလောက်က ကုန်ပါပြီ

ဒီတော့ အပြင်သွားရင် လည်ရင်ပဲ ဖြစ်ဖြစ် CV DROP ဖို့သွားတာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး အပိုမသုံးမိအောင် ‌ရှောင်ရပါမယ်ခင်ဗျ ....

BONUS : တချို့မိန်း‌ကလေးတွေ နိုင်ငံခြားသားဆိုအထင်ကြီးပြီး ဖြူတိုင်းတွဲ ချောတိုင်းတွဲပြီး နောက်မှ ဆရာကြီးတွေက သူ့နိုင်ငံမှာ မိန်းမနဲ့ ကလေးနဲ့တို့ ပြီးတော့ တောကြိုချုံကြားကတော့ ဟော့ပေါ့ဆိုတာ ဘယ်လိုစားရမှန်းမသိတဲ့လူတို့ ကားကြီးနဲ့လာလာကြိုပြီး ပြီးမှ ငှားစီးထားတဲ့ကားတို့ DRIVER တို့ဆိုတဲ့ ပျိုမေတို့ကြားက ဂယက်များကလည်း ရှိသေးပါကြောင်း ... ကိုကိုတွေလည်း စွတ်ကြွေဆင်းပြီဆိုပြီး အနားကပ်လာတိုင်း ဇွတ်မအမ်းသင့်ပါကြောင်း တိုင်မပတ်သင့်ပါကြောင်း BONUS လေး ထည့်ပေးလိုက်ပါတယ်

ကဲ ဒါကတော့ ဒူဘိုင်းရောက်လာရင် ရှောင်ရှားရမဲ့ အချက်လေးတွေကို ကြိုတင်သိရှိထားရအောင် အကြမ်းဖျင်းပြောပြပေးသွားတာပါခင်ဗျာ
ဒူဘိုင်းရောက်ရင် လူလိမ်မခံရ‌ေအာင် ဂျင်းထည့်မခံရအောင် ကိုယ်နေမယ့်အခန်းကို အရမ်းကြီးမျှော်လင့်မထားရအောင် ကြက်ဉလောက်တော့ ကြော်တတ်အောင် အသောက်အစားလျော့ကျအောင် အပိုငွေတွေမသုံးမိအောင် တတ်နိုင်သလောက်လေး ‌ေ၀မျှပေးတာဖြစ်ပါတယ်
မအားတဲ့ကြားကနေ ရေးပေးထားတာဖြစ်ပြီး စာဖတ်သူတွေအတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်

နောက် CONTENT တွေမှာလည်း ဘယ်လိုမျိုးစိတ်၀င်စားဖွယ်အကြောင်းအရာလေးတွေကို တင်ဆက်ပေးသွားမယ်ဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ

အားလုံးပဲ အလုပ်အကိုင်များ အဆင်ပြေပြီး လွတ်လပ်သော ဒူဘိုင်းဘ၀များ ရရှိနိုင်ကြပါစေ

19/12/2023

4.7M likes, 70.3K comments. “Samsung vs Iphone”

18/12/2023

If you carry from 💵USD dollar in Myanmar,💸

At Dubai,how to exchange? / exchange rate?

Where is the exchange counter?

At Dubai, many of the exchange counter ( most 24 hours open )

-exchange rate is stable, always 1 $ = 3.67 AED ( DHS)

Most of the exchange counter are always request to show🕵️‍♀️🕵️‍♀️

Personal ID ( Emirates ID ) or passport and phone no.

Service Charges and Taxes are deducted.😔🕵️‍♀️🕵️‍♀️🕵️‍♀️

Thanks ✍️✍️✍️

သင်ဟာ နိုင်ငံခြား သွားဖို့ အစီအစဥ် ရှိရင်အရေးကြီး ဆုံး စာရွက်စာတမ်းများထဲမှ တခုဖြစ်တဲ့Covid 19 ဆေးထိုး ထားတဲ့ စာရွက် ကတေ...
15/12/2023

သင်ဟာ နိုင်ငံခြား သွားဖို့ အစီအစဥ် ရှိရင်

အရေးကြီး ဆုံး စာရွက်စာတမ်းများထဲမှ
တခုဖြစ်တဲ့

Covid 19 ဆေးထိုး ထားတဲ့ စာရွက် ကတော့

မည်သည့် နိုင်ငံ သွားသွား ယူဆောင် သွားရမဲ့

စာရွက် တခု ဖြစ်ပါတယ်

တချို့က Covide 19 ဆေးထိုး ထားတဲ့ စာရွက်ကို Notery ပြန် ပြီး

တချို့ကတော့ MOHS website မှာ
Covid-19 Vaccination Certificate လျှောက်ထားလို့ ရပါတယ်

Websit link ပေးထားပါတယ်။

Website မှာ လျှောက်ရင် တော့
လိုအပ်ချက်များကတော့

1-Robot မဟုတ်ကြောင်း number 5 လုံး ကျလာလျှင် ရိုက်ထည့်ပြီး Submit လုပ်လိုက်ပါ။

https://c19vc.moh.gov.mm/globalcertificate.php

Hello All 🤗🤗🤗If your Visa Near Expired😒 , Don't Worried 😴😴😴🔦Our Company provide service of  Visa Extension (A to A ) and...
15/12/2023

Hello All 🤗🤗🤗

If your Visa Near Expired😒 , Don't Worried 😴😴😴

🔦Our Company provide service of Visa Extension (A to A ) and Own Visa(Emirates ID)

🎇🎇 Apply Visa Extension-Airplan to Ariplan( One Day Round Trip )

👉👉Working Days is Three Days & Price is Surprice .

🎇🎇Apply Own / Freelance Visa ( Emirates ID )

👉👉Working Days is 10 Days to 25 Days.

*** All of the payment terms are negotiatable and Fair price. ***

If you know more informations,

Please contact us,

Kreations.life , Lwin Travel & Tourism-Myanmar to Dubai

Office Address is Burjuman Office Tower,15floor,Room 1551.

Phone no. +971505686531

WhatApps. 09 430 91108

Address

Al Rigga, UAE
Dubai

Alerts

Be the first to know and let us send you an email when Lwin Travel & Tourism-Myanmar to Dubai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lwin Travel & Tourism-Myanmar to Dubai:

Share

Category