Everything About Georgia

  • Home
  • Everything About Georgia

Everything About Georgia Exploring around Georgia and sharing happiness.

မဂ်လာပါ၊ Gamajobaဒီနောက်ပိုင်းကာလတွေမှာ Admin တို့ ၂ယောက်လုံးအလုပ်မအားတာနဲ့ page ကို အချိန်မပေးနိုင်တာreply တွေသေချာမပြန...
30/07/2023

မဂ်လာပါ၊ Gamajoba

ဒီနောက်ပိုင်းကာလတွေမှာ Admin တို့ ၂ယောက်လုံး
အလုပ်မအားတာနဲ့ page ကို အချိန်မပေးနိုင်တာ
reply တွေသေချာမပြန်နိုင်တာနဲ့ ပက်သက်ပြီး
Admin တို့က တောင်းပန်ချင်လို့ပါ။

MMK to Lari, Lari to MMK လဲ တာကိုလည်း
မြန်မာပြည်ရဲ့ ငွေစျေးမငြိမ်သက်မှူတွေကြောင့်
ပုံမှန်လဲနေသူတွေမှလွဲ ဘယ်သူ့ကိုမှမလဲပေးသေးပါဘူး

Tour တွေ Visa ကိစ္စတွေလဲ Admin ၂ ယောက်လုံး
အလုပ်လုံးဝမအားတဲ့အတွက် မလုပ်တော့ပါဘူး။

Georgia နိုင်ငံနဲ့ပက်သက်တဲ့ အကြောင်းအရာတွေ
သိထားသမျှ information တွေကိုတော့ အချိန်ရသလို
ဆက်လက်တင်သွားပေး၊ cb ပြန်လည်ဖြေကြားပေးပါမယ်။

ခုချိန်ထိ page လေးနဲ့ အတူတူရှိပေးခြင်းကို
Admin တို့မှ ကျေးဇူးအထူးတင်ရှိပါတယ်။

13/03/2023

ဂျော်ဂျီယာ Lari ကနေ မြန်မာ Kyat
မြန်မာ Kyat ကနေ ဂျော်ဂျီယာ Lari ငွေလဲနိုင်ပါပြီခဗျ

ဂျော်ဂျီယာမှာရောက်နေတဲ့ မြန်မာတွေ အိမ်ကို ငွေပို့ချင်တာပဲ ဖြစ်ဖြစ်၊ မြန်မာပြည်ကသူတွေ ဂျော်ဂျီယာကိုငွေလွှဲချင်တာပဲ ဖြစ်ဖြစ် သက်သာသော နှုန်းထားများဖြင့် ဝန်ဆောင်မှု ပေးနေပါတယ်ခဗျ။

Batumi ဆို လူတွေ့လာယူလို့ရပါတယ်ခဗျ။
Tbilisi ဆို ဘဏ်အကောင့်ထဲ ထည့်ပေးပါတယ်။

13/02/2023

ဒီရက်ပိုင်း Admin တွေ အလုပ်ရှုပ်နေတာနဲ့ ပို့စ်အသစ်တွေ ထပ်မတင်ဖြစ်သေးတာပါ

နောက်ရက်တွေမှာ ပို့စ်အသစ်တွေ ထပ်တင်ပေးပါဦးမယ်

Georgia နိုင်ငံကို လာရောက်ချင်တဲ့သူတွေအတွက် အလွယ်တကူ လာနိုင်အောင် Georgia visa service ပေးပါတယ် ✈️  Air Ticket 🏨 Hotel b...
03/02/2023

Georgia နိုင်ငံကို လာရောက်ချင်တဲ့သူတွေအတွက် အလွယ်တကူ လာနိုင်အောင်
Georgia visa service ပေးပါတယ်

✈️ Air Ticket
🏨 Hotel booking
📄 Travel Insurance
🚗 Travel Plan နဲ့
📄 Visa Service
📃 Bank Statement

1st time visa refused ဖြစ်ခဲ့ရင်
2nd time ထပ်မံလျှောက်ပေးပါတယ် (no fees again) Visa Rejected ဖြစ်ခဲ့ပါကလဲ 50% of service fees ကို
refund ပြန်လုပ်ပေးပါတယ်။

အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းလိုပါက
Page messenger မှ တိုက်ရိုက် ဆက်သွယ်နိုင်ပြီး
Viber မှ တစ်ဆင့်လဲ ဆက်သွယ်နိုင်ပါတယ်

☎️ +995 592047399 ( viber )
☎️ +995 597781756 ( whatsapp)

02/02/2023

ကျောက်စရစ်ခဲတွေ အပြည့်နဲ့ ချစ်စရာကောင်းတဲ့ Batumi မြို့ရဲ့ ကမ်းခြေက နေဝင်ချိန်လေး 🌅

Georgia နိုင်ငံကို လာရောက်ချင်တဲ့သူတွေအတွက် အလွယ်တကူ လာနိုင်အောင်
Georgia visa service ပေးပါတယ်

✈️ Air Ticket
🏨 Hotel booking
📄 Travel Insurance
🚗 Travel Plan
📄 Visa Service fees

1st time visa refused ဖြစ်ခဲ့ရင်
2nd time ထပ်မံလျှောက်ပေးပါတယ် (no fees again) Visa Rejected ဖြစ်ခဲ့ပါကလဲ 50% of service fees ကို
refund ပြန်လုပ်ပေးပါတယ်။

အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းလိုပါက
Page messenger မှ တိုက်ရိုက် ဆက်သွယ်နိုင်ပြီး
Viber မှ တစ်ဆင့်လဲ ဆက်သွယ်နိုင်ပါတယ်

☎️ +995 592047399 ( viber )
☎️ +995 597781756 ( whatsapp)

Georgia နိုင်ငံကို လာရောက်ချင်တဲ့သူတွေအတွက် အလွယ်တကူ လာနိုင်အောင် Georgia visa service ပေးပါတယ် ✈️  Air Ticket 🏨 Hotel b...
01/02/2023

Georgia နိုင်ငံကို လာရောက်ချင်တဲ့သူတွေအတွက် အလွယ်တကူ လာနိုင်အောင်
Georgia visa service ပေးပါတယ်

✈️ Air Ticket
🏨 Hotel booking
📄 Travel Insurance
🚗 Travel Plan နဲ့
📄 Visa Service
📃Bank Statement

1st time visa refused ဖြစ်ခဲ့ရင်
2nd time ထပ်မံလျှောက်ပေးပါတယ် (no fees again) Visa Rejected ဖြစ်ခဲ့ပါကလဲ 50% of service fees ကို
refund ပြန်လုပ်ပေးပါတယ်။

အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းလိုပါက
Page messenger မှ တိုက်ရိုက် ဆက်သွယ်နိုင်ပြီး
Viber မှ တစ်ဆင့်လဲ ဆက်သွယ်နိုင်ပါတယ်

☎️ +995 592047399 ( viber )
☎️ +995 597781756 ( whatsapp)

Batumi ရောက်ခဲ့လျှင်Ali & Nino Statue ဆိုတဲ့မော်ဒန် လက်ရာ ရုပ်ထုနှစ်ခုစီ သွားပြီး ဓါတ်ပုံရိုက်ပါ အဲ့ကနေ လမ်းဆက်လျှောက်ရင...
30/01/2023

Batumi ရောက်ခဲ့လျှင်

Ali & Nino Statue ဆိုတဲ့မော်ဒန် လက်ရာ ရုပ်ထုနှစ်ခုစီ သွားပြီး ဓါတ်ပုံရိုက်ပါ

အဲ့ကနေ လမ်းဆက်လျှောက်ရင် Batumi Boulevard ဆိုတဲ့ ပန်းခြံနေရာလေးမှာ သွားပြီး လမ်းလျှောက်ပါ ညနေခင်းဆို ပန်းခြံထဲက ရေပန်းတွေက မီးရောင်တွေနဲ့ ပိုပြီးလှပါတယ်။

Batumi Boulevard ကို ရောက်နေပြီဆိုရင်တော့ အနားက Europe Square ကို သွားပါ ပုံရိုက်လို့ လှပါတယ်

Europe Square ကနေ တစ်ဘလောက်ကျော်လောက် လမ်းဆက်လျှောက်ရင် Dolphinarium ကိုရောက်ပါမယ် လင်းပိုင် show ပွဲလုပ်တဲ့နေရာပါ

ဒါတွေက Batumi ရဲ့ မြို့ထဲ နား တစ်ဝိုက်မှာ လမ်းလျှောက်ပြီး အေးဆေး လျှောက်သွားလို့ကောင်းတဲ့ နေရာလေးတွေပါ

အဲ့ထက်ပိုပြီး စိတ်ပါသေးရင်တော့ Argo Cable car စီးပြီးတော့ မြို့ရဲ့ အလှအပကိုကြည့်ပါ

နေ့ခင်းတစ်ခါ ညဘက်တစ်ခါစီးပြီး မြင်ရတဲ့ မြင်ကွင်းက တစ်ခြားစီ ဖြစ်နေမှာပါ

ဒါတွေက Batumi မြို့ကို ရောက်ရင် အလွယ်တကူ လမ်းလျှောက် ပတ် chill လို့ကောင်းတဲ့ နေရာလေးတွေပါ ..

အားလုံးပဲ အဆင်ပြေကြပါစေ 🙏🏻

Georgia နိုင်ငံကို လာရောက်ချင်တဲ့သူတွေအတွက် အလွယ်တကူ လာနိုင်အောင်
Georgia E visa service ပေးပါတယ်

✈️ Air Ticket
🏨 Hotel booking
📄 Travel Insurance
🚗 Travel Plan နဲ့
🏦 Bank Statement များလဲ service ပေးပါတယ်

All in one Package service လဲ စီစဉ်ပေးသလို
တစ်မျိူးချင်းစီ service ယူချင်တဲ့သူတွေကိုလဲ သက်သာသော နှုန်းထားများဖြင့် စီစဉ်ပေးပါတယ်

1st time visa refused ဖြစ်ခဲ့ရင်
2nd time ထပ်မံလျှောက်ပေးပါတယ် (no fees again) Visa Rejected ဖြစ်ခဲ့ပါကလဲ 50% of service fees ကို
refund ပြန်လုပ်ပေးပါတယ်။

အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းလိုပါက
Page messenger မှ တိုက်ရိုက် ဆက်သွယ်နိုင်ပြီး
Viber မှ တစ်ဆင့်လဲ ဆက်သွယ်နိုင်ပါတယ်

☎️ +995 592047399 ( viber )
☎️ +995 597781756 ( whatsapp)

Photo from google

🇬🇪 Georgia နိုင်ငံမှာရှိတဲ့ မြှောင်လေးတွေက များသောအားဖြင့် အမွှေးပွ မြှောင်လေးတွေပါ။ ❄️ ဒီနိုင်ငံက ဆောင်းတွင်းဆို အရမ်းအ...
20/01/2023

🇬🇪 Georgia နိုင်ငံမှာရှိတဲ့ မြှောင်လေးတွေက များသောအားဖြင့် အမွှေးပွ မြှောင်လေးတွေပါ။

❄️ ဒီနိုင်ငံက ဆောင်းတွင်းဆို အရမ်းအေးတော့ သဘာဝတရားကပေးထားတဲ့ လက်ဆောင်ပါ။ အမွှေးအမျှင် အနည်းငယ် နည်းပါးတဲ့ မြန်မာမျိုးစိတ် မြှောင်တွေကတော့ ရှားပါတယ်။

ရာသီဥတုက အေးတဲ့ တိုင်းပြည်ဆိုတော့ မြှောင်တွေဟာ အရမ်းအချစ်ခံချင်ကြပါတယ်။ ဘာလို့ဆိုတော့ လူတွေက သူတို့ကို ချီထားရင် နွေးတဲ့အတွက် ရင်ခွင်ထဲ ခေါင်းတိုးပြီး အတင်းကို အချွဲခံကြပါတယ်။ စိတ်မကြည်တဲ့ အချိန်ဆိုရင်တော့ ခြောက်ချက်ကုတ်ပါတယ်။ 🤣

သူတို့လေးတွေအတွက် စာရေးသောက်ရေးက ပူစရာမလိုပါဘူး။ သူတို့တွေ ရှိတဲ့ နေရာတွေမှာ အစာခြောက်လေးတွေ၊ ရေခွက်လေးတွေ ထားပေးထားကြပါတယ်။ တစ်ချို့ဆို တကူးတကတောင် လာကျွေးတဲ့သူတွေလဲ ရှိပါတယ်။ 😻

အောက်မဆင်းပဲ အိမ်ခေါင်မိုးတွေပေါ်မှာပဲ သွားနေတဲ့ ဆရာကြီးတွေအတွက်လဲ အပေါ်ထပ် အိမ်တွေက ခေါင်မိုးတွေပေါ်မှာ ပေါင်မုန့်လေးတွေ ဖဲ့ပြီးချပေးထားပါတယ်။ ဖြတ်သွားဖြတ်လာရင်း မြှောင်တို့ လမ်းကြုံဆွဲလို့ရပါတယ်။ 😼

ဂျုံစားတဲ့ နိုင်ငံဆိုတော့ မြှောင်တွေလဲ ဂျုံပဲစားလို့လားတော့ မသိဘူး မြှောင်တွေအများစုက အကိတ်တွေချည်းပါပဲ။ အကုန်လုံးက ကျန်းမာဝဖြိုးအလှတိုးတွေပါ။

Batumi မြို့ဟာ Georgia နိုင်ငံရဲ့ အနောက်တောင်ဘက်မှာရှိပြီး Turkey နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြို့လဲဖြစ်ပါတယ်။...
18/01/2023

Batumi မြို့ဟာ Georgia နိုင်ငံရဲ့ အနောက်တောင်ဘက်မှာရှိပြီး Turkey နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြို့လဲဖြစ်ပါတယ်။
ဂျော်ဂျီယာနိုင်ငံရဲ့ ဒုတိယလူဦးရေအများဆုံးမြို့ဖြစ်ပြီး စီးပွားရေးအချက်အချာကျတဲ့ မြို့လဲ ဖြစ်ပါတယ်။

ခရီးတစ်ခုသွားဖို့

တောင်တန်းတွေလား ??
ပင်လယ်လား ?? ရွှေးချယ်ရခက်နေမယ်ဆိုရင်တော့ ဘယ်မှ မသွားနဲ့ ဒီမြို့ကိုသာ သွားရောက်လည်ပတ်လိုက်ပါ။

မြို့ရဲ့ တစ်ဖက်ခြမ်းမှာ တောင်တန်းတွေနဲ့ ဝန်းရံထားပြီး နောက်တစ်ဖက်ခြမ်းမှာတော့ Black sea ဆိုတဲ့ ကုန်းတွင်းပိုင်း ပင်လယ်က ကာရံထားတာဆိုတော့
တောင်တန်းတွေလား ပင်လယ်လား ဝေခွဲရခက်မနေတော့ဘူးပေါ့။

လာရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်ကို ပြောပါဆိုရင်တော့ နွေရာသီနဲ့ ကမ်းခြေဟာ အလိုက်ဖက်ဆုံးပါပဲ။ နိုင်ငံခြားသား ခရီးသည်အများဆုံးလာတတ်တဲ့ အချိန်ပါ။

Georgia ရဲ့ မြို့တော် Tbilisi နဲ့ ဆိပ်ကမ်းမြို့ Batumi ဘယ်ကိုသွားလည်သင့်လဲမေးရင်တော့ နှစ်မြို့လုံးက သူ့အလှနဲ့သူပါ။ ရှေးဟောင်း ယဉ်ကျေးမှု လက်ရာတွေနဲ့ old buildings တွေကို နှစ်သက်တဲ့သူဆိုရင်တော့ Tbilisi ကို ရွှေးချယ်သင့်ပါတယ်။ Batumi မှာကတော့ ခေတ်ပေါ် modern လက်ရာတွေကိုသာ မြင်တွေ့ရမှာပါ။
ဒါပေမယ့် Georgia ကို လာရောက်လည်ပတ်ပြီဆိုရင်တော့ ဒီမြို့နှစ်မြို့လုံးက သွားကိုသွားသင့်တဲ့ list ထဲ ထည့်ထားရမှာပါ။

ခရီးထွက်ရင်းရှယ်ကြိတ်တတ်တဲ့ အစားတစ်လိုင်းတွေအတွက်က Sea foods ကို Tbilisi မှာတွေ့ဖို့ ရှားမှရှားတော့ ဖြစ်နေပါလိမ့်မယ်။ အခြားသော european foods တွေကတော့ Tbilisi မှာ နေရာတိုင်းနီးပါးမှာရှိပါတယ်။

Batumi မှာ အပြောများတဲ့ ဘာသာစကားအနေနဲ့ကတော့ ဂျော်ဂျီယန်ဘာသာစကားပဲပြောကြပြီး တစ်ချိန်က ဆိုဗီယက်နိုင်ငံ ဖြစ်ခဲ့တာကြောင့် သက်ကြီးပိုင်းတွေက ရုရှားစကားကို ပြောကြပါတယ်။ အခုနောက်ပိုင်း လူငယ်တွေကတော့ အင်္ဂလိပ်စကားလဲ တော်တော်များများရလာကြတော့ ဘာသာစကား အခက်အခဲတော့ သိပ်မရှိပါဘူး။

ဂျော်ဂျီယာကို ရောက်လာပြီး အလုပ်လုပ်မယ်ဆိုတဲ့သူတွေအတွက်တော့ မြို့တော် Tbilisi ထက် Batumi ကို ရွှေးချယ်ဖို့ ပိုပြီး အားပေးပါတယ်။ နိုင်ငံခြားသားအများစု ဝင်၊ထွက်သွားလာနေတဲ့ မြို့ဆိုတော့ နိုင်ငံခြား အလုပ်အကိုင် အခွင့်အလမ်းပိုများပြီး လစာဝင်ငွေကောင်းတဲ့ အလုပ်တွေပိုပေါပါတယ်။

တစ်လ လစာဘယ်လောက်ရလဲ ? ဘာအလုပ်တွေခေါ်လဲ ? စသဖြင့် သိချင်တာတွေရှိရင်တော့ Page cb မှာ လာမေးပါ။ ဒီမှာ အလုပ်ခေါ်နေတဲ့ Link တွေ ပို့ပေးပါ့မယ်။

အားလုံး အဆင်ပြေကြပါစေ 🙏🏻

Photo from google

🇬🇪 Georgia နိုင်ငံကို ဘယ်ချိန်မှာ လာရောက် လည်ပတ်သင့်တယ်ဆိုတဲ့ အကြောင်းလေးကို ရေးပေးထားပါတယ်။ 👇🏻🗓️ဂျော်ဂျီယာ နိုင်ငံဟာ တစ...
14/01/2023

🇬🇪 Georgia နိုင်ငံကို ဘယ်ချိန်မှာ လာရောက် လည်ပတ်သင့်တယ်ဆိုတဲ့ အကြောင်းလေးကို ရေးပေးထားပါတယ်။ 👇🏻

🗓️ဂျော်ဂျီယာ နိုင်ငံဟာ တစ်နှစ်ပတ်လုံး လည်ပတ်လို့ ကောင်းတဲ့ နိုင်ငံဖြစ်ပါတယ်။

🌱 သို့ပေမယ့် နှင်းတွေပိတ်ဖုံးပြီး နေရောင် လင်းလင်းရှင်းရှင်း မရှိတာထက် နေရောင်ရှိပြီး အရမ်းမပူတဲ့ Spring ( April to June ) ဟာ လာရောက်လည်ပတ်ဖို့ အကောင်းဆုံး အချိန်ကာလ ဖြစ်ပါတယ်။

နေရောင်အောက်က ရောင်စုံပန်းတွေ အများအပြားဟာ လှပပြီး ပွင့်လန်းနေတတဲ့ အချိန်လဲဖြစ်ပါတယ်။
တစ်နိုင်ငံလုံးမှာ စိမ်းစိုနေတဲ့ အချိန်ကာလလဲ ဖြစ်ပါတယ်။

🍁 နောက်ထပ်လာရောက် လည်ပတ်ဖို့ ကောင်းတဲ့ အချိန်ကာလက Autumn ( September and October ) ပါ။

ဆောင်းဦးရွက်ကြွေ ချစ်သက်သေဆိုတာ ဒီလို အချိန်ကာလပါ။ မြေပြင်ပေါ်မှာ ကြွေကြနေတဲ့ Maple ရွက်တွေနဲ့ မကြွေကြသေးပဲ အပင်ပေါ်မှာ ကျန်နေတဲ့ Maple ရွက်တွေ ဟာ သူ့အလှနဲ့သူမလို့ ဓါတ်ပုံဆရာတွေအကြိုက် Golden hours မှာ အပီသာ ဓါတ်ဖမ်းလိုက်ရင်တော့ Perfect ဖြစ်တဲ့ ပုံကောင်းတွေအများကြီးရမှာ အသေအချာပါပဲ။

🌞 ဂျော်ဂျီယာ Summer က လာလည်ဖို့အတွက် အရမ်းကို ပူပြင်းတဲ့ အချိန်ဖြစ်လို့ မလာတာ ပိုကောင်းပါတယ်။ အပူချိန်က 30 - 35 ထိ ရှိတတ်တာမို့ လမ်းပေါ်မှာ လျှောက်သွားပြီး လည်ပတ်ရတာတော့ ကောင်းမနေပါဘူး။

❄️ နှင်းတွေကြားမှာ အနွေးထည်အထူကြီးနဲ့ လည်ပတ်ရတာမျိုးကို ကြိုက်တဲ့သူတွေအတွက် January လဆန်း နဲ့ February လတို့မှာ နှင်းကျတတ်ပါတယ်။
အဲ့ဒီလို အချိန်မျိုးမှာ လာရောက်လည်ပတ်ပါ။ အနွေးထည်၊ လက်အိတ်၊ ခြုံပဝါ၊ ဦးထုပ် စုံနေအောင်ယူခဲ့ပါ။ တစ်ချို့ နှင်းကျတဲ့ ရက်တွေမှာ -1 ကနေ -4 ထိ အေးပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေ 🙏🏻

Georgia နိုင်ငံကို လာရောက်ချင်တဲ့သူတွေအတွက် အလွယ်တကူ လာနိုင်အောင်
Georgia E visa service ပေးပါတယ်

✈️ Air Ticket
🏨 Hotel booking
📄 Travel Insurance
🚗 Travel Plan နဲ့
🏦 Bank Statement များလဲ service ပေးပါတယ်

All in one Package service လဲ စီစဉ်ပေးသလို
တစ်မျိူးချင်းစီ service ယူချင်တဲ့သူတွေကိုလဲ သက်သာသော နှုန်းထားများဖြင့် စီစဉ်ပေးပါတယ်

1st time visa refused ဖြစ်ခဲ့ရင်
2nd time ထပ်မံလျှောက်ပေးပါတယ် (no fees again) Visa Rejected ဖြစ်ခဲ့ပါကလဲ 50% of service fees ကို
refund ပြန်လုပ်ပေးပါတယ်။

အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းလိုပါက
Page messenger မှ တိုက်ရိုက် ဆက်သွယ်နိုင်ပြီး
Viber မှ တစ်ဆင့်လဲ ဆက်သွယ်နိုင်ပါတယ်

☎️ +995 592047399 ( viber )
☎️ +995 597781756 ( whatsapp)

photo from google

World smallest clock in Georgia Tbilisi. 🕰️
14/01/2023

World smallest clock in Georgia Tbilisi. 🕰️

-4°c လောက်ထိကို အေးပြီး ရေတွေပါခဲနေပြီ
11/01/2023

-4°c လောက်ထိကို အေးပြီး ရေတွေပါခဲနေပြီ

08/01/2023

Georgia မှာ ဒီရက်ပိုင်း နှင်းတွေကျနေပါပြီ
အနွေးထည် လုံလုံလောက်လောက် ယူခဲ့ကြပါ

အားလုံး အဆင်ပြေကြပါစေ 🙏🏻

Everything about Georgia

❄️ ဒီရက်ပိုင်း ဂျော်ဂျီယာနိုင်ငံမှာ အပူချိန်လျော့ပြီး နေ့၊ည ဆက်တိုက် အေးတော့မှာမလို့ လာမယ့်သူတွေရှိရင် အနွေးထည်သေချာလေးထ...
08/01/2023

❄️ ဒီရက်ပိုင်း ဂျော်ဂျီယာနိုင်ငံမှာ အပူချိန်လျော့ပြီး နေ့၊ည ဆက်တိုက် အေးတော့မှာမလို့ လာမယ့်သူတွေရှိရင် အနွေးထည်သေချာလေးထည့်လာခဲ့ဖို့ လိုပါတယ်

🧥တစ်ချို့ရက်တွေမှာ အနုတ်အောက်ထိကို ရောက်မှာမလို့ တော်ရုံ Hooide ခေါင်းစွပ် အနွေးထည်လောက်နဲ့တော့ မရပါဘူး ဖြစ်နိုင်ရင် လေဖောင်းအနွေးထည်၊ ဦးထုပ်၊ လက်အိတ် စသဖြင့် သေချာလေး ယူခဲ့ကြပါ

⛷️ အပူပိုင်းဘက်က လာတဲ့သူတွေအတွက်ကတော့ ဒီလိုချိန်ဟာ လည်ဖို့အကောင်းဆုံး ရာသီချိန်ပါပဲ

အားလုံးပဲ အဆင်ပြေကြပါစေ 🙏🏻

🇬🇪 Georgia နိုင်ငံကို လာမယ့်သူတွေအတွက်ရော၊ ရောက်နေတဲ့ သူတွေအတွက်ရော ရုံးကိစ္စတွေ သွားလာရာမှာ အဆင်ပြေအောင် ရုံးပိတ်ရက်တွေ...
03/01/2023

🇬🇪 Georgia နိုင်ငံကို လာမယ့်သူတွေအတွက်ရော၊ ရောက်နေတဲ့ သူတွေအတွက်ရော ရုံးကိစ္စတွေ သွားလာရာမှာ အဆင်ပြေအောင် ရုံးပိတ်ရက်တွေသိရအောင် 2023 တစ်နှစ်စာ ပြက္ခဒိန်လေး တင်ပေးလိုက်ပါတယ်

❗️အနီရောင်ပြထားတဲ့ ရက်တွေက ရုံးပိတ်ရက်တွေဖြစ်ပါတယ်

📆 Georgia နိုင်ငံက တစ်ခြားနေရာတွေပါ သွားရောက် လည်ပတ်လို့ရအောင် လအလိုက် ပြက္ခဒိန်မှာပါတဲ့ နေရာတွေကို ပုံတစ်ပုံချင်းစီရဲ့ အောက်မှာ ရေးပေးထားပါတယ်

👉🏻 တစ်ပုံချင်းထောက်ကြည့်ပေးပါ

အားလုံးပဲ အဆင်ပြေကြပါစေ 🙏🏻

🇬🇪 Georgia နိုင်ငံရောက်ရင် လည်ပတ်စရာကောင်းတဲ့ မြို့တွေ အကြောင်း ရေးပေးထားတာပါ1. UshguliUshguli ဆိုတဲ့ ရွာလေးဟာ ကျေးရွာငယ...
01/01/2023

🇬🇪 Georgia နိုင်ငံရောက်ရင် လည်ပတ်စရာကောင်းတဲ့ မြို့တွေ အကြောင်း ရေးပေးထားတာပါ

1. Ushguli

Ushguli ဆိုတဲ့ ရွာလေးဟာ ကျေးရွာငယ်လေးတွေဖြင့် စုဖွဲ့ထားပြီး Caucasus တောင်တန်းတွေတည်ရှိရာ
ဂျော်ဂျီယာနိုင်ငံရဲ့ အနောက်​မြောက်ဘက် အခြမ်း ရုရှားနိုင်ငံနဲ့ ထိစပ်နေတဲ့ Svaneti ဆိုတဲ့ ယူနက်စ်ကို အသိအမှတ်ပြု သမိိုင်းဝင် ဒေသလေးတစ်ခု ဖြစ်ပါတယ်

ဆောင်းရာသီဆိုရင် နှင်းတွေဟာ တောင်ပေါ်ဒေသတစ်ခုလုံးမှာ ဖုံးလွှမ်းနေပြီး နွေရာသီဆိုရင် အမြင့်ဆုံး အပူချိန်ဟာ ၂၀ ဒီဂရီလောက်သာ ရှိပါတယ်

ယူနက်စ်ကို အသိအမှတ်ပြု ရှေးဟောင်းတာဝါ အများအပြားကိုလဲ ဒီတောင်ပေါ်ဒေသလေးမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်

Hiking လုပ်ချင်တဲ့သူတွေအတွက် လည်ပတ်လို့ကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်ပြီး တည်းခိုမယ်ဆိုရင်လဲ ဈေးအနည်းငယ်သာ ပေးရတဲ့ နေရာတစ်ခုဖြစ်ပါတယ်

2. Tbilisi

Tbilisi ဟာ ဂျော်ဂျီယာနိုင်ငံရဲ့ အဓိက မြို့တော်ဖြစ်ပြီး နှစ်တိုင်း နိုင်ငံခြားသား လာရောက် လည်ပတ်သူ အများအပြားဖြင့် စည်ကားနေတဲ့ မြို့လဲ ဖြစ်ပါတယ်

သင့်တင်မျှတတဲ့ ဈေးနှုန်းနဲ့ ကောင်းမွန်တဲ့ စားသောက်ဖွယ်ရာတွေ၊ ပျော်စရာကောင်းတဲ့ nightlifeတွေ၊ Souvenir Market တွေ၊ ဟိုတယ် အကောင်းစားတွေနဲ့ များပြားလှတဲ့ သမိုင်းဝင်နေရာတွေ တည်ရှိရာ မြို့လဲ ဖြစ်ပါတယ်

Georgian တွေရဲ့ wine ဟာ အရမ်းကောင်းလွန်းတာကြောင့် ဒီကိုလာရောက်လည်ပတ်ရင် မဖြစ်မနေ မြည်းစမ်းသင့်တဲ့ အရာဖြစ်ပါတယ်

3. Batumi

Batumi မြို့ဟာ စင်ကာပူနိုင်ငံနဲ့ အတ္တလန်တစ် မြို့ ပေါင်းစပ်ထားသည့်အလား ထင်ရအောင်ကို ခေတ်ပေါ် ဗိသုကာလက်ရာတွေနဲ့ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ပါတယ်

International Black Sea University တည်ရှိရာ မြို့လဲ ဖြစ်ပါတယ်

ဒေါ်နယ် ထရန့်တောင် အမေရိကန် သမ္မတအဖြစ် ရွှေးကောက်မခံရခင်တုန်းက ဒီမြို့မှာ မိုးမျှော်တိုက်တွေ လာရောက်တည်ဆောက်ဖို့ စီစဉ်ခဲ့ဖူးပါတယ်

အရမ်းကို ကြီးမားကျယ်ပြန့်တဲ့ ရုက္ခဗေဒ ဥယျာဉ်ကြီးလဲရှိပါတယ်

သဲတွေနဲ့ ပြည့်နှက်နေတဲ့ ပင်လယ်ကမ်းခြေမဟုတ်ပဲ အစုလိုက် အပြုံလိုက် ကျောက်စရစ်ခဲလေးတွေ ပြည့်နှက်နေတဲ့ ဒီကမ်းခြေမှာတော့ နွေရာသီဆိုရင် ဂျော်ဂျီယာ နိုင်ငံသားတွေသာမကဘဲ နိုင်ငံတကာက လာရောက် လည်ပတ်သူတွေ အများအပြားရှိနေပြီး ညဘက်တွေဆိုရင် နိုက်ကလပ်တွေမှာ လည်ပတ်သူတွေ အပြည့်ရှိနေပါတယ်

နောက်ရက်ကျ ထပ်ပြီး တင်ပေးပါ့ဦးမယ်

Georgia နိုင်ငံကို လာရောက်ချင်တဲ့သူတွေအတွက် အလွယ်တကူ လာနိုင်အောင်
Georgia E visa service ပေးပါတယ်

✈️ Air Ticket
🏨 Hotel booking
📄 Travel Insurance
🚗 Travel Plan နဲ့
🏦 Bank Statement များလဲ service ပေးပါတယ်

All in one Package service လဲ စီစဉ်ပေးသလို
တစ်မျိူးချင်းစီ service ယူချင်တဲ့သူတွေကိုလဲ သက်သာသော နှုန်းထားများဖြင့် စီစဉ်ပေးပါတယ်

1st time visa refused ဖြစ်ခဲ့ရင်
2nd time ထပ်မံလျှောက်ပေးပါတယ် (no fees again) Visa Rejected ဖြစ်ခဲ့ပါကလဲ 50% of service fees ကို
refund ပြန်လုပ်ပေးပါတယ်။

အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းလိုပါက
Page messenger မှ တိုက်ရိုက် ဆက်သွယ်နိုင်ပြီး
Viber မှ တစ်ဆင့်လဲ ဆက်သွယ်နိုင်ပါတယ်

☎️ +995 592047399 ( viber )
☎️ +995 597781756 ( whatsapp)


photo from google

Address


Telephone

+995592047399

Website

Alerts

Be the first to know and let us send you an email when Everything About Georgia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share