SJ Travel and Airticket

  • Home
  • SJ Travel and Airticket

SJ Travel and Airticket Airlines Ticketing

09/06/2022

📍ကိုရီးယားကို လာချင်တဲ့သူများ/လာမယ့်သူများအတွက် တောင်းကိုရီးနိုင်ငံမှ ဗီဇာ အမျိုးအစားများ တွေ့တာလေးကို ပြန်လည် မျှဝေလိုက်ပါတယ်🧐
အကူအညီဖြစ်ဖို့ မျှော်လင့်ပါတယ်😉
🇰🇷
[A visas]
⊙ A-1 : Diplomat (외교) သံတမန်
⊙ A-2 : Government Official (공무) အစိုးရဝန်ထမ်း
⊙ A-3 : Treaty (협정) သဘောတူညီချက်
[B visas]
⊙ B-1 : Visa Exempted (사증면제) ဗီဇာကင်းလွတ်ခွင့်ရသူများ
⊙ B-2 : Tourist/Transit (관광통과) ခေတ္တနား၊ ခရီးတစ်ထောက်နားနေခွင့်
[C visas]
⊙ C-1 : Short-term News Coverage Activities (일시취재) ယာယီသတင်းသမား
⊙ C-3 : Short-term General / Tourist (단기방문) ရက်တို အလည်အပတ်
⊙ C-4 : Short-term Employment (단기취업) ရက်တို အလုပ်
[D visas]
⊙ D-1 : Cultural / Artist (문화예술) အနုပညာရှင်
⊙ D-2 : Student / University (유학) ပညာတော်သင်
⊙ D-3 : Industrial Trainee (기술연수) အလုပ်ခွင်သင်တန်းသား
⊙ D-4 : General Trainee / Mostly Korean language (일반연수) သာမန်သင်တန်း၊ ကျောင်းသား
⊙ D-5 : General News Coverage Activities / Journalist (취재) မီဒီယာသမား
⊙ D-6 : Religious Visitor / Missionary (종교) ဘာသာရေး
⊙ D-7 : Employee of Foreign-Invested Company / Supervisor (주재) လုပ်ငန်းကြီးကြပ်သူ
⊙ D-8 : Corporate / Foreign Investor (기업투자) ကုမ္ပဏီ၊ ရင်းနှီးလုပ်ကိုင်သူ
⊙ D-9 : International Trade and Management (무역경영) အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကိစ္စ
⊙ D-10 : Job Seeking Visa (구직) အလုပ်ရှာဖွေခွင့်
[E visas]
⊙ E-1 : Professor (교수) ပါမောက္ခ
⊙ E-2 : Foreign language instructor (회화강사) နိုင်ငံခြားဘာသာ နည်းပြ
⊙ E-3 : Research (연구) သုတေသန
⊙ E-4 : Technical Instructor (기술지도) နည်းပညာဖလှယ်ရေး
⊙ E-5 : Professional Consultant (전문직직업) အသက်မွေးမှုအလုပ်အကိုင်
⊙ E-6 : Entertainer (예술흥행) အနုပညာ၊ ဖျော်ဖြေရေး
⊙ E-7 : Designated activities (전문취업/특정활동) ကျွမ်းကျင် သင်တန်းသား၊ အထူးကိစ္စ
⊙ E-8 : Seasonal worker (계절근로/연수취업) ရာသီအလိုက် အလုပ်သမားများ
⊙ E-9 : Non-professional Employment (비전문취업) အသက်မွေးမှု လုပ်ငန်းနှင့် မဆိုင်သော အလုပ်အကိုင်၊ အီးပီ
⊙ E-10 : Vessel Crew (선원취업) ပြည်တွင်းသင်္ဘောသား
[F visas]
⊙ F-1 : Visiting or Joining Family (방문동거) မိသားစုအလည်အပတ်
⊙ F-2 : Long-term Resident (거주) အခြေချနေထိုင်ခွင့်
⊙ F-3 : Accompanying Spouse (동반) မှီခို
⊙ F-4 : Overseas Korean (재외동포) ပြည်ပဖွားကိုရီးယားများ
⊙ F-5 : Permanent Foreign Resident (영주) အမြဲတမ်းနေထိုင်ခွင့်၊ ပီအာရ်
⊙ F-6 : Marriage Migrant (결혼이민) အိမ်ထောင်ပြု၊ ရွှေ့ပြောင်းနေထိုင်သူများ
[G visas]
⊙ G-1 : Others / Miscellaneous (기타) အထွေထွေ၊ သတ်မှတ်ပြဋ္ဌာန်းထားသော ဗီဇာ အမျိုးအစားတစ်ခုခုတွင် မပါရှိသော ကိစ္စရပ်များအတွက်
[H visas]
⊙ H-1 : Working Holiday (관광취업) အလည်အပတ် အလုပ်လုပ်ခွင့်
⊙ H-2 : Working Visit (방문취업) ဧည့်လုပ်သား

✔️Source. KOREA VISA PORTAL
https://www.visa.go.kr/openPage.do?MENU_ID=10102
-

🇰🇷အန်နယော ဟာဆဲလ်ယော🇰🇷✈️ KE ✈️ လာပါပြီးဂျူလိုင်လ (၆)ရက်နေ့စတင်၍ ဗုဒ္ဓဟူးနေ့တိုင်း ရန်ကုန်-အင်ချွန်း ခရီးစဉ်များကိုတစ်ပါတ်...
06/06/2022

🇰🇷အန်နယော ဟာဆဲလ်ယော🇰🇷

✈️ KE ✈️ လာပါပြီး
ဂျူလိုင်လ (၆)ရက်နေ့စတင်၍ ဗုဒ္ဓဟူးနေ့တိုင်း ရန်ကုန်-အင်ချွန်း ခရီးစဉ်များကိုတစ်ပါတ်(၁)ရက်ပုံမှန်ပျံသန်းပြေးဆွဲပါမည်ဖြစ်ပါသည်🇰🇷

#ပြည်တွင်းပြည်ပလေယာဉ်လက်မှတ် တွေအတွက်ဆို

✅ ဖုန်းလေးသာဆက်လိုက်ပါ

📞- 09895891755 ✈️

📞- 09448834015( Viber ) ✈

#ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်

✈️ရန်ကုန်-အင်ချွန်း-ရန်ကုန် (တိုက်ရိုက်)✈️🇰🇷🇲🇲 ကိုးရီးယားကရွှေမြန်မာတွေအတွက် 🇰🇷🇲🇲 ✅ ₩ 900,000 လောက်ကနေ အခြေခံစျေးစတင်တာမ...
31/05/2022

✈️ရန်ကုန်-အင်ချွန်း-ရန်ကုန် (တိုက်ရိုက်)✈️

🇰🇷🇲🇲 ကိုးရီးယားကရွှေမြန်မာတွေအတွက် 🇰🇷🇲🇲

✅ ₩ 900,000 လောက်ကနေ အခြေခံစျေးစတင်တာမို့ သွားလို့တန်မှတန်ပဲ

✈️လေယာဥ်လက်မှတ်တွေကို ₩ ဝမ်,MMK ကျပ်, USD ဒေါ်လာ
ကြိုက်သလိုပေးချေနိုင်ပါပြီး✌👍

လေယာဥ်လက်မှတ်မှာယူချင်တယ်ဆိုရင်တော့
အေက်ပါ Viber /ဖုန်းနံပတ်ကနေတစ်ဆင့် (သို) Page meseenger ကနေတစ်ဆင့် ဆက်သွယ်မေးမြန်ဝယ်ယူလို့ရပါပြီး🙏

☎️ 09448834015 (viber)
☎️ 09895891755( ရန်ကုန်)

✅ Page Messenger

03/05/2022
တောင်ကိုးရီးယားမှာကျောင်းတက်ချင်တဲ့ ကျောင်းသား/သူများနှင့် သူတို့၏ မိဘများနှင့် အကိုအမ များကျောင်းအတွက်သိချင်သည်များရှိပ...
15/04/2022

တောင်ကိုးရီးယားမှာကျောင်းတက်ချင်တဲ့ ကျောင်းသား/သူများနှင့် သူတို့၏ မိဘများနှင့် အကိုအမ များ

ကျောင်းအတွက်သိချင်သည်များရှိပါက ကျနော်တို့အား ဆက်သွယ်မေးမြန်းနိုင်ပါသည်

လို တို ရှင်း....😁မြန်မာနိုင်ငံသို့ ပြည်ပမှ ဝင်မည့် သူများ(ကာကွယ်ဆေး 2ကြိမ်ထိုးပြီးသူ) ကွါရန်တင်း 7 ရက်မှ 5 ရက်သို့ချမှတ...
26/03/2022

လို တို ရှင်း....😁

မြန်မာနိုင်ငံသို့ ပြည်ပမှ ဝင်မည့် သူများ(ကာကွယ်ဆေး 2ကြိမ်ထိုးပြီးသူ)
ကွါရန်တင်း 7 ရက်မှ 5 ရက်သို့ချမှတ်....

✅Update Newsမြန်မာနိုင်ငံ အပါအဝင် ၆ နိုင်ငံမှခရီးသွားများ နှင့် ဧည့်သည်များကို အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ စင်ကာပူနိုင်ငံသိ...
23/10/2021

✅Update News

မြန်မာနိုင်ငံ အပါအဝင် ၆ နိုင်ငံမှ
ခရီးသွားများ နှင့် ဧည့်သည်များကို
အောက်တိုဘာ ၂၇ ရက်နေ့မှစ၍
စင်ကာပူနိုင်ငံသို့ ပြည်ဝင်ခွင့်ပြု
ပြီဖြစ်သည်။ ကွာရန်တင်း ၁၀ ရက်
ဝင်ရမည်ဖြစ်သည်။
crd
အသေးစိတ်သိပါကကို ပြန်လည် ဖြည့်စွက်ပေးသွားပါမယ်

Bagan နဲ့ ဆောင်းအဝင်❤️သေချာတာပေါ့ဆောင်းဝင်တာနဲ့ ပုဂံလိုပူပြင်းတဲ့ဒေသအတွက် အလွန်နေလို့အဆင်ပြေတာပေါ့အာရုဏ်မှာ မြူကျဲကျဲကြာ...
23/10/2021

Bagan နဲ့ ဆောင်းအဝင်❤️

သေချာတာပေါ့
ဆောင်းဝင်တာနဲ့ ပုဂံလိုပူပြင်းတဲ့ဒေသအတွက် အလွန်နေလို့အဆင်ပြေတာပေါ့
အာရုဏ်မှာ မြူကျဲကျဲကြားက နေထွက်ချိန်ကို ဘရားအိုတွေကြားမှာ လိုက်ကြည့်မယ်
Ballon တွေစီးပြီး ဝေဟင်ကနေကြည့်မယ်

နေ့လည်စာကို ရာသီပေါ်သီနှံတွေကို မြန်မာအရသာတိုင်း စားဦးမယ်

ညနေဆို ဧရာဝတီမြစ်ကမ်းဘေးက နေဝင်ဆည်းဆာကြည့်မယ်

ဘယ်အချိန်သွားနေပါစေ မရိုးနိုင်သောအသစ်ဖြစ်နေသလိုခံစားချက်ပေးဦးနေမှာက ထာဝရ Bagan တည်နေသမျှပါပဲ....

FYI အခုပဲ လေဆိပ် immigration တာဝန်ရှိသူနဲ့ ဖုန်းပြောရပါတယ်.. ဒီနေ့ ၁၇ ယောက် လေယာဉ်ပေးမတက်တဲ့ကိတ်စ္စပါ.. အသိတယောက် ၂၅ ရက်...
19/10/2021

FYI အခုပဲ လေဆိပ် immigration တာဝန်ရှိသူနဲ့ ဖုန်းပြောရပါတယ်.. ဒီနေ့ ၁၇ ယောက် လေယာဉ်ပေးမတက်တဲ့ကိတ်စ္စပါ.. အသိတယောက် ၂၅ ရက်နေ့ ဒူဘိုင်းသွားမှာမို့သေချာစေချင်လို့ မေးတာပါ...
၁- PJ ကိုင်ထားတယ် ဒါပေမဲ့ labour smart card မပါဘူး လက်မခံပါဘူး
၂- PJ ကိုင်ထားရမယ် smart card လည်းရှိမယ် ဆိုရင် လေယာဉ်ပေါ်လိုက်ခွင့်ပေးပါတယ်တဲ့
၃- PV ကိုင်ထားရင် ဟိုးရှေးကလို့ return ticket + show money + accommodation booking အကုန်ပြရပါမယ် အဲမှ လက်ခံပါမယ်တဲ့

အဲဒါ အခူ အလုပ်သမား ဝန်ကြီး အသစ်ဆိုတဲ.လတ်တလော ဥပဒေပါ

ထွက်မဲ့သူများ PV ဆို PJ ပြောင်း smart card မဖစ်မနေ လုပ်ပါနော်
ငွေပေးလည်း လက်မခံပါဘူး

လေယဥ်မတက်ခင် သေချာလုပ်ဆောင်ရမည့် အချက်များ
18/10/2021

လေယဥ်မတက်ခင် သေချာလုပ်ဆောင်ရမည့် အချက်များ

14/10/2021
20/08/2021

📍တောင်ကိုရီးယားနိုင်ငံ EPSမှ ၁၀ လပိုင်း အလုပ်​ခေါ်စာကျမည့်ဇယားကို ကြောညာလိုက်ပါပြီ‼

[16 နိုင်ငံမှ eps လုပ်သား​ခေါ်စာစာရင်း]
ကုန်ထုတ် : 7450 ယောက်
ဆောက်လုပ်ရေး : 400 ယောက်
စိုက်မွေး : 1410 ယောက်
ငါးဖမ်းလုပ်ငန်း : 740 ယောက်

ဆောက်လုပ်ရေး၊ စိုက်မွေး : 13.10.2021နေ့
ကုန်ထုတ် : 19.10.2021နေ့
ထပ်တို့ရက် 27.10.2021မှ 29.10.2021နေ့အထိ
12ကြိမ် နှင့် 13ကြိမ် EPS အောင်များ အားလုံး ကံ​ကောင်းကြပါ​စေ🙏
စာရင်းထဲပါဝင်အောင် ဆုတောင်းရမယ်🙏🙏

✔️EPS ကြောညာချက် လင့်ခ်⬇⬇
https://www.moel.go.kr/local/jungbu/news/notice/noticeView.do?bbs_seq=20210801544
-

31/12/2020

WE wish you guys all of our fan will good luck much come for happy very new yaar

25/12/2020

Merry Xmas to all my fan as the travelers 🧳

ပျော်ရွှင်စရာ Xmas လေးဖြစ်ပါစေ ခရီးသွားမိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ....

🙏🙏🙏

မြန်မာအမျိုးသား လေကြောင်းလိုင်းMyanmar National Airlines (MNA)♦️IATA - UB♦️ICAO - UBA♦️Callsign - UNIONAIR♦️တည်ထောင် - ၁...
18/12/2020

မြန်မာအမျိုးသား လေကြောင်းလိုင်း
Myanmar National Airlines (MNA)

♦️IATA - UB
♦️ICAO - UBA
♦️Callsign - UNIONAIR
♦️တည်ထောင် - ၁၅ စက်တင်ဘာ ၁၉၄၈ (Union of Burma Airways အဖြစ်)
♦️မိခင်ဌာန - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
♦️ဖောက်သည်အစီအစဉ် - MNA Club
♦️အနားယူနေရာ - Mingalabar Lounges
♦️လေယာဉ်ပေါင်း - ၁၇
♦️ပျံသန်းဌာနေပေါင်း - ပြည်ပ (၇) နှင့် ပြည်တွင်း (၂၉)
♦️ဆောင်ပုဒ် - Journey of a Lifetime
♦️မိခင်ကုမ္ပဏီ - ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
♦️ဌာနချုပ် - ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
♦️ CEO - ဦးသန်းထွန်း

♦️မြန်မာအမျိုးသား လေကြောင်းလိုင်း (ယခင်အမည် Union of Burma Airways, Burma Airways, မြန်မာ့လေကြောင်း) သည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင်၊ ပြည်တွင်းအလံတင် လေကြောင်းလိုင်းဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဌာနချုပ် နှင့် အမှတ် (၁၀၄) ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ရုံးချုပ် ထားရှိသည်။

♦️မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသများ၊ အခြား ပုဂ္ဂလိကလေကြောင်းလိုင်းများ မပြေးဆွဲသည့် လေယာဉ်ကွင်းများကို ပြေးဆွဲပေးလျက်ရှိသည်။

♦️သမိုင်းကြောင်း
လွတ်လပ်ရေးမရမီ (BOAC) လေကြောင်းကုမ္ပဏီမှ မြန်မာ့မြို့ ပြလေကြောင်းလုပ်ငန်များကို တာဝန်ယူ စီမံ ဆောင်ရွက်ခဲ့ပြီး လွတ်လပ်ရေးရရှိလာသောအခါ ယင်းလေကြောင်း ကုမ္ပဏီ လက်အောက်တွင် မြန်မာ့မြို့ပြ လေကြောင်းဆက်သွယ်ရေး လုပ်ငန်းများအား ဆက်လက်ထားရှိရန် မသင့်လျော်သဖြင့် International Aeradio Limited ခေါ် IAL ကုမ္ပဏီနှင့် ဆက်သွယ်မိခဲ့ပြီး မြို့ပြလေကြောင်း ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ရန် ငှားရမ်း၍ မြန်မာ့မြို့ ပြလေကြောင်းလုပ်ငန်း ဆက်သွယ်ရေး၏ အခြေခံအုတ်မြစ်ကို ချမှတ်ဆောင်ရွက်ခဲ့သည်။

၁၉၄၇ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ချီကာဂို ကွန်ဗင်းရှင်း (Chicago Convention) အား ပြဋ္ဌာန်း၍ အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် ICAO ကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ၁၉၄၈ ခုနှစ်ဩဂုတ်လ ၈ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သည်။

၁၉၄၈ ခုနှစ်တွင် လေကြောင်းပို့ဆောင်ရေး UBA - Union of Burma Airways ဘုတ်အဖွဲ့တစ်ခုကို တည်ထောင် ဖွဲ့စည်းခဲ့သည်။ ၁၉၄၈ ခုနှစ် မှာပင် လေကြောင်းပျံသန်းမှုလုပ်ငန်း စတင်ဆောင်ရွက်ချိန်၌ ပြည်တွင်း လေယာဉ်ခရီးစဉ် ပျံသန်းမှုကို ခရီးသည် (၉) ယောက်စီး ဂျိုးဖြူလေယာဉ် (၆) စီးဖြင့် ဆောင်ရွက်ခဲ့ရာ ရှေးဦးစွာ ပြည်တွင်းလေဆိပ်မြို့ (၁၉) မြို့ သို့ ဆက်သွယ် ပျံသန်းခဲ့သည်။ ၁၉၅ဝခုနှစ်တွင် ပြည်ပခရီးစဉ်များ အဖြစ် ဘန်ကောက်၊ ကာလကတ္တား နှင့် စစ်တကောင်းမြို့များသို့ တိုးချဲ့ ပျံသန်းခဲ့သည်။

၁၉၅၂ ခုနှစ်တွင် လေကြောင်းပို့ဆောင်ရေးအဖွဲ့အဖြစ် အက်ဥပဒေ ပြဋ္ဌာန်းချက်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ပြည်ပနိုင်ငံများသို့ တိုးချဲ့ ပျံသန်းမှုအစီအစဉ်အရ ၁၉၅၃ ခုနှစ်တွင် ပီနန်၊ စင်ကာပူနှင့် ခတ္တမန္ဒူ မြို့များသို့ စတင်ပျံသန်း ဆက်သွယ်နိုင်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် နိုင်ငံတော်အုပ်ချုပ်ရေးစနစ်သစ် စတင်သည့်အချိန်မှစ၍ ပြည်ထောင်စု မြန်မာနိုင်ငံ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့မှ လေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်း (BAC) အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

၁၉၈၉ ခုနှစ်တွင် မြန်မာလေကြောင်းအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး အမှတ်အသားတံဆိပ် အသစ်ကို စတင်အသုံးပြုခဲ့သည်။ ပြည်ပခရီးစဉ်များအဖြစ် ဘန်ကောက်၊ စင်ကာပူ၊ ခတ္တမန္ဒူ၊ ဒက္ကာ၊ ဟောင်ကောင်၊ ဂျာကာတာ ခရီးစဉ်မြို့များသို့ ၁၉၉၃ ခုနှစ် ဩဂုတ်လ ၁၅ ရက်အထိ ပျံသန်းခဲ့သည်။

မြန်မာ့လေကြောင်း၏အပြည်ပြည်ဆိုင်ရာ ဝန်ဆောင်မှုများကို Myanmar Airways International (MAI) ဖက်စပ်လေကြောင်းလိုင်းဖြင့်ဆောင်ရွက်ခဲ့သည်။ မြန်မာ့လေကြောင်း (MA) သည် ၁၉၉၃ ခုနှစ်တွင်တည်ထောင်ခဲ့သော Joint Venture ကုမ္ပဏီ MAI ၏အစုရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် အစုရှယ်ယာ၏ ၈၀% ရာခိုင်နှုန်းအား KBZ Group သို့ရောင်းချခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ကျန် ၂၀%ရာခိုင်နှုန်းအား KBZ Group သို့ထပ်မံရောင်းချခဲ့သည်။ ထိုအချိန်မှ စ၍ မြန်မာ့လေကြောင်း (MA) တွင် MAI လေကြောင်းလိုင်း၏ ရှယ်ယာများ မရှိတော့ပါ။

၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော အဲမန္တလေး (Air Mandalay) ၏ အစုရှယ်ယာ အများဆုံးကို မြန်မာ့လေကြောင်း (MA) မှပိုင်ဆိုင်ခဲ့ပြီး ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ တွင် မြန်မာ့လေကြောင်း (MA) ပိုင်ဆိုင်သော အဲမန္တလေး (Air Mandalay) အစုရှယ်ယာများအားလုံးကို အဲမန္တလေး (Air Mandalay) သို့ရောင်းချခဲ့သည်။

၂၀၁၄ ဒီဇင်ဘာတွင် မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines) အမည်သို့ ပြောင်းလဲခဲ့သည်။ ၂၀၁၅ ခုနှစ် အစောပိုင်းမှ စတင်၍ စင်ကာပူ၊ ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်၊ ဟောင်ကောင်၊ ချန်ဒူး၊ ဂါယာမြို့တို့နှင့် ချိတ်ဆက်ပြီး နိုင်ငံတကာ ခရီးစဉ်များကို ပြန်လည်ပျံသန်းခဲ့သည်။

♦️လေကြောင်းလိုင်းချဲ့ထွင်မှုနှင့် အဆင့်မြှင့်တင်မှုများ
(၂၀၁၀ မှ ယနေ့အထိ)
မြန်မာလေကြောင်းသည် ဖော်ကာအက်ဖ်-၂၇ လေယာဉ်အမျိုးအစားများကို ၁၉၆၃ ခုနှစ်မှစတင်၍ အသုံးပြုခဲ့သည်။ ထိုလေယာဉ်အမျိုးအစားကို နှစ်၄၀ထက်မနည်း ပျံသန်းခဲ့ကြပြီး မြန်မာလေကြောင်းပိုင် လေယာဉ်များထဲတွင် မတော်တဆဖြစ်မှုအများဆုံး လေယာဉ်လည်း ဖြစ်သည်။ ၂၀၁၀ခုနှစ်တွင် တရုတ်နိုင်ငံလုပ် အမ်အေ-၆၀ လေယာဉ် ၃စီးဖြင့် အစားထိုးကာ ဖော်ကာအက်ဖ်-၂၇ လေယာဉ်များအားလုံးကို ပျံသန်းမှုမှ အနားပေးခဲ့သည်။[၃] တစ်ဖန် ၂၀၁၂ နှစ်ကုန်ပိုင်းမှ စတင်ကာ သက်တမ်းနှစ် ၃၀ကျော်ပြီဖြစ်သော ဖော်ကာအက်ဖ်-၂၈-၄၀၀၀ အမျိုးအစားလေယာဉ်များကိုလည်း တစ်စီးပြီးတစ်စီး ပျံသန်းမှုမှ ရပ်နားခဲ့သည်။ ထိုလေယာဉ်များနေရာတွင် အစားထိုးရန် အမေရိကန် လေယာဉ်ငှား ကုမ္ပဏီ GE Capital Aviation Services Limited မှ အမ်ဘရေရာ ၁၉၀ အမျိုးအစားလေယာဉ်နှစ်စီး ငှားရန်းခဲ့သည်။ ယခင် ဖော်ကာအက်ဖ်-၂၈ ပြေးဆွဲခဲ့သော လမ်းကြောင်းများတွင် ဝင်ရောက် တာဝန်ထမ်းဆောင်နေကြပြီး မြန်မာ့လေကြောင်းသည် အရှေ့တောင်အာရှတွင် အဆိုပါလေယာဉ်အမျိုးအစား ပထမဦးဆုံး အသုံးပြုသော လေကြောင်းလိုင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် စင်္ကာပူနိုင်ငံတွင် အမေရိကန်အခြေစိုက် GECAS လုပ်ငန်းနှင့် ဒေါ်လာ သန်း ၉၆၀ တန်ဖိုးရှိ Boeing 737-800s လေယာဉ် (၆) စီးနှင့် Boeing 737 MAX လေယာဉ် (၄) စီး ငှားရမ်းသည့်စာချုပ်ဖြစ်သည်။ အဆိုပါ စာချုပ်မှာ မြန်မာနိုင်ငံ လေကြောင်းလိုင်းများမှ အကြီးမားဆုံး လေယာဉ်မှာယူမှု ဖြစ်ပြီး အမေရိကန် နှင့် မြန်မာနိုင်ငံတို့အကြား ရောင်းဝယ်မှု အကြီးမားဆုံး စာချုပ်လည်းဖြစ်သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာ့လေကြောင်းမှ မြန်မာအမျိုးသားလေကြောင်း အဖြစ် နာမည်ပြောင်းလဲခဲ့သည်။

♦️မြေပြင်ဝန်ဆောင်ထောက်ပံ့မှုဌာန
မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ပြည်တွင်းလေဆိပ်ပေါင်း ၃၃ ခု အထူးသဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ပုဂံညောင်ဦးလေဆိပ် တို့တွင် မြေပြင်ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၀၉ ခုနှစ်မှစတင်၍ မြေပြင် ဝန်ဆောင်မှုဌာနသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် မြန်မာအမျိုးသား လေကြောင်းလိုင်း၏ ကြီးကြပ်မှုဖြင့် အခြားသော လေကြောင်းလိုင်းများ ကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိသည်။ မြေပြင် ဝန်ဆောင်မှုဌာန၏ အဓိက လုပ်ငန်းစဉ်များမှာ ခရီးသည်နှင့် လက်ဆွဲအိတ်များ အတင်အချ ပြုလုပ်ခြင်း၊ လေယာဉ်ရပ်နားရာနေရာများ၊ လေယာဉ်သန့်ရှင်းရေး လုပ်ငန်းများ၊ ကုန်စည် ကြီးကြပ်ကွပ်ကဲမှုနှင့် ဆက်သွယ်ရေး၊ ကုန်စည်၊လေကြောင်း ခရီးစဉ်များ ပျံသန်းခြင်း၊ မြေပြင်သယ်ယူ ပို့ဆောင်မှုနှင့် အိုင်အေတီအေ၏ မြေပြင်ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြီးကြပ်ကွပ်ကဲ ထိန်းချုပ်ပေးခြင်းများ ပါဝင်သည်။ မြေပြင် ဝန်ဆောင်မှုလုပ်ငန်းသည် မြန်မာနိုင်ငံသို့ ပျံသန်းနေသော နိုင်ငံတကာ လေကြောင်းလိုင်းများ ဖြစ်သည့် ကာတာလေကြောင်းလိုင်း၊ ကိုရီးယားလေကြောင်းလိုင်း၊ နော့ခ်အဲလေကြောင်းလိုင်း၊ ဗီယက်နမ်လေကြောင်းလိုင်း၊ အဲချိုင်းနား၊ တရုတ်လေကြောင်းလိုင်း၊ တရုတ်အရှေ့ပိုင်းလေကြောင်းလိုင်း၊ တရုတ်တောင်ပိုင်းလေကြောင်းလိုင်း နှင့် အဲအိန္ဒိယ စသည့် လေကြောင်းလိုင်းများကို အပြည့်အဝ ဝန်ဆောင်မှုပေးလျက်ရှိသည်။

♦️ "မင်္ဂလာပါ" ဝန်ဆောင်မှု - "Mingalabar Service"

မြန်မာအမျိုးသားလေကြောင်းမှ ၂၀၁၅ ခုနှစ်တွင် "မင်္ဂလာပါ" ဝန်ဆောင်မှုအား စတင်မိတ်ဆက်ခဲ့သည်။

Mingalarbar Service ဟုခေါ်သော မြန်မာအမျိုးသားလေကြောင်း ၏ ဝန်ဆောင်မှုသည် “Business Class” ဝယ်ယူထားသောခရီးသည်များအတွက်ဖြစ်ပြီး ထိုဝန်ဆောင်မှုတွင် အမြန်သီးသန့်လမ်းကြောင်းဖြင့် လူဝင်မှုကြီးကြပ်ရေးဌာန နှင့် လေဆိပ်လုံခြုံရေးဌာနကို ဝင်ရောက်နိုင်ခြင်း ၊ Mingalarbar Service ၏ ဝန်ထမ်းမှ လိုက်ပါကူညီဆောင်ရွက်ပေးခြင်း ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ/သို့ ပို့ဆောင်ပေးခြင်း၊ Check in counter တွင် စောင့်ဆိုင်းစရာမလိုခြင်း ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ပြည်တွင်း / ပြည်ပ ဂိတ် ၏ Mingalar Lounges အားအသုံးပြုခွင့်များ ပါဝင်သည်။

♦️ လက်ရှိပြေးဆွဲနေသော လေယာဉ်အမျိုးအစား အရေအတွက်နှင့် ခရီးသည်အရေအတွက်
🛫Boeing 737-800 ၄ စီး - ၁၆၄
🛫ATR 72-600 ၉ စီး - ၇၀ ဦး
🛫Embraer E-190 ၂ စီး - ၁၀၀ ဦး
🛫Cessna 208 Caravan ၂ စီး - ၉ ဦး
စုစုပေါင်း ၁၇ စီး -

♦️လေယာဉ်အတွင်းပိုင်းဖွဲ့စည်းပုံ နှင့် ထိုင်ခုံအမျိုးအစား

မြန်မာအမျိုးသားလေကြောင်း ၏ လေယာဉ်အသစ်ဖြစ်သော Boeing 737-800 နှင့် ATR 72-600 လေယာဉ်များ၏ အတွင်းပိုင်း ပုံစံ အသစ် နှင့် “in-flight entertainment” တို့အား ဇွန်လ ၂၀၁၅ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပါသည်။

❤️Business Class

Business Class သည် Boeing 737-800 လေယာဉ်အမျိုးအစားတွင်သာရရှိသည်။ Business class ထိုင်ခုံသည် ဘယ်ညာ ၂၁ လက်မ (၅၃စင်တီမီတာ)၊ အရှေ့အနောက် ၄၂ လက်မ (၁၀၇ စင်တီမီတာ) ကျယ်ဝန်းသည်။ ခြေထောက်တင်ရန် ၉လက်မ (၂၃ စင်တီမီတာ)ကျယ်ဝန်းပြီး electric outlet အားထားရှိပေးထားကာ personal TV အားထိုင်ခုံဘေးတွင် ထားရှိပေးထားသည်။

❤️Premium Economy Class

Premium Economy Class သည် Embraer 190 နှင့် Boeing 37-800 လေယာဉ်များတွင် ရရှိသည်။ ထိုင်ခုံ အရှေ့အနောက် အကျယ်မှာ ၃၆ လက်မ ရှိပြီး Economy Class ထက် ၄ လက်မ ပိုမိုကျယ်ဝန်းပသည်။ In-seat power outlet နှင့် streaming inflight Entertainmentအား Boeing 737-800 လေယာဉ် အမျိုးအစားတွင်သာ ရရှိပါသည်။

❤️Economy Class

Economy Class သည် MNA လေယာဉ် အမျိုးအစားအားလုံးတွင် ရရှိနိုင်သည်။ Economy Class သည် Boeing 737-800 လေယာဉ်အမျိုးအစားတွင် ဘယ်ညာ ၁၇.၂ လက်မ (၄၄စင်တီမီတာ)နှင့် အရှေ့အနောက် ၃၂ လက်မ (၈၁ စင်တီမီတာ)၊ Embraer 190 လေယာဉ်အမျိုးအစားတွင် ဘယ်ညာ ၁၈လက်မ (၄၆စင်တီမီတာ) နှင့် အရှေ့အနောက် ၃၂ လက်မ (၈၁ စင်တီမီတာ) ကျယ်ဝန်းပြီး ATR 72-600 နှင့် Grand Caravan တွင် ဘယ်ညာ ၁၇ လက်မ (၄၃ စင်တီမီတာ)နှင့် အရှေ့အနောက် ၃၀လက်မ မှ ၃၂ လက်မ အတွင်း ရှိသည်။ In-seat power outletနှင့် streaming inflight Entertainmentအား Boeing 737-800 လေယာဉ် အမျိုးအစားတွင် ရရှိနိုင်သည်။

♦️ခရီးစဉ်များ
ပြည်ပ
🛫ထိုင်း ဘန်ကောက် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်
🛫ထိုင်း ဖူးခက် ဖူးခက် အပြည်ပြည်ဆိုင်ရာ လေဆိပ်
🛫စင်ကာပူ စင်ကာပူ ချန်ဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ်
🛫တရုတ် ဟောင်ကောင် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်
🛫ထိုင်း ချင်းမိုင် ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်
🛫အိန္ဒိယ ဂါယာ ဂါယာ အပြည်ပြည်ဆိုင်ရာလေဆိပ်
🛫တရုတ် ချန်ဒူး ရှုအမ်းလူ အပြည်ပြည်ဆိုင်ရာလေဆိပ်

♦️မြန်မာအမျိုးသား လေကြောင်းလိုင်း ပြည်တွင်းခရီးစဉ်များ၊ စင်းလုံးငှား ခရီးစဉ်များ

♦️ပုံမှန်ပြေးဆွဲနေသောခရီးစဉ်များ
🛫ကလေးမြို့
🛫ကျိုင်းတုံမြို့
🛫ကျောက်ဖြူ
🛫ကော့သောင်းမြို့
🛫ခန္တီးမြို့
🛫နေပြည်တော်
🛫စစ်တွေ
🛫တာချီလိတ်
🛫ထားဝယ်
🛫ပုဂံ/ညောင်ဦးမြို့
🛫မကွေး
🛫ဗန်းမော်
🛫ဘုတ်ပြင်းမြို့
🛫မန္တလေး
🛫မြစ်ကြီးနား
🛫မော်လမြိုင်
🛫မိုင်းဆတ်မြို့
🛫မုံရွာ
🛫မြိတ်
🛫လွိုင်ကော်
🛫လားရှိုး
🛫သံတွဲ
🛫ဟဲဟိုး
🛫ဟုမ္မလင်းမြို့
🛫ပူတာအို
🛫အမ်းမြို့
🛫ရန်ကုန်

♦️စင်းလုံးငှား ခရီးစဉ်များ
🛫ပုသိမ်
🛫ကိုကိုးကျွန်း

♦️မတော်တဆ ဖြစ်ပျက်မှုများ
⚠️၁၉၆၉ ခုနှစ် မေလ ၂၃ ရက်နေ့တွင် Douglas DC-3 XY-ACR လေယာဉ်သည် လားရှိုးမြို့လေဆိပ်ကို ချဉ်းကပ်စဉ် ပျက်ကျခဲ့ပြီး လူ ၆ ဦးသေဆုံးခဲ့သည်။
⚠️၁၉၇၂ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် Douglas C-47B XY-ACM အမျိုးအစား လေယာဉ်ပျံတစ်စီး သံတွဲလေဆိပ်မှ ခရီးသည်များ တင်ဆောင်ပြီး ပြေးလမ်းနှင့် လေယာဉ်ဝမ်း ယှက်သန်းမှုကြောင့် လူပေါင်း ၂၈ ဦး သေဆုံးခဲ့ရသည်။
⚠️၁၉၇၂ ခုနှစ်တွင် Vickers Viscount XY-ADF အမျိုးအစားလေယာဉ်ပျံသည် စစ်တွေလေဆိပ်တွင် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ပြေးလမ်းပေါ် ဆင်းသက်စဉ် လေယာဉ်ဘီးအုံပျက်စီးခဲ့ရသည်။
⚠️၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် Fokker F27 လေယာဉ်သည် ရန်ကုန်လေဆိပ်မှ ထွက်ခွာစဉ် ပျက်ကျခဲ့သည်။ ခရီးသည် နှင့် လေယာဉ်အမှုထမ်း ၄၅ ဦးပါရှိပြီး ၁၆ ဦး သေဆုံးခဲ့ရသည်။
⚠️၁၉၉၈ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် မြန်မာ့လေကြောင်းပိုင်လေယာဉ်ပျံ ၆၃၅ သည် တာချီလိတ် လေဆိပ်အနီး ၂မိုင်အကွာရှိ တောင်အား လေယာဉ်ဝမ်းဖြင့် ပွတ်တိုက်မှုကြောင့် လူပေါင်း ၃၆ ဦး သေဆုံးခဲ့ရသည်။
⚠️၂၀၀၉ ခုနှစ် ဇွန်လ ၆ ရက်န့တွင် FokkerF28-4000 လေယာဉ်အမျိုးအစားသည် စစ်တွေလေဆိပ်တွင် ပြေးလမ်းကျော်သွားခဲ့သည်။[၁၂]
၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် Cessna Caravan လေယာဉ်အမျိုးအစား၊ ရန်ကုန်မြို့မှ မာန်အောင်မြို့သို့ ပျံသန်းလာသော ခရီးစဉ်အမှတ် UB-241 သည် မာန်အောင် လေဆိပ်သို့ ဆင်းသက်စဉ် ဘီးပေါက်၍ ပြေးလမ်းချော်ခဲ့သည်။ အဆိုပါ မတော်တဆမှုတွေ ခရီးသည်နှင့် လေယာဉ်အမှုထမ်းများ ထိခိုက်မှုမရှိခဲ့ပေ။
⚠️၂၀၁၉ ခုနှစ် မေလ ၁၂ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY-AGQ , Embraer E-190AR နှင့် ခရီးသည် ၈၂ ဦးတင်ဆောင်၍ ပျံ သန်းရာ မန္တလေး လေဆိပ်သို့ ဆင်းချိန် Nose Landing Gear မကျ ၍ belly landing ဆင်းသက်ခဲ့ပါသည်။ အဆိုပါမတော်တဆမှုတွင် ခရီးသည်နှင့် လေယာဉ်အမှုထမ်းများ ထိခိုက်မှုမရှိခဲ့ပါ။

Source&credit : မငုဝါ

Myanmar Airways Internationalအပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း♦️IATA - 8M♦️ICAO - MMA♦️Callsign - Myanmar♦️တည်ထောင် - ၁၉...
17/12/2020

Myanmar Airways International
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း

♦️IATA - 8M
♦️ICAO - MMA
♦️Callsign - Myanmar
♦️တည်ထောင် - ၁၉၄၆ (Union of Burma Airways အမည်ဖြင့်)
♦️စတင်ပျံသန်း - ၁၉၉၃
♦️မိခင်ဌာန - ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
♦️ဖောက်သည်အစီအစဉ် - တိမ်လွှာအပြုံး (Sky Smile)
♦️အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း လေယာဉ်စာရင်း
လေယာဉ်ပေါင်း - 6 (Airbus ၅ စီး+ Embraer E 190-100LR တစ်စီး)
♦️ပျံသန်းဌာနေပေါင်း - ၉
♦️ဆောင်ပုဒ် - Modern Comforts, Gentle Traditions
♦️မိခင်ကုမ္ပဏီ - ကမ္ဘောဇအုပ်စု
♦️ဌာနချုပ် - ရန်ကုန်မြို့၊ မြန်မာနိုင်ငံ

Myanmar Airways International သည် ရန်ကုန်မြို့၌ ဌာနချုပ်ထား၍ နိုင်ငံတကာခရီးစဉ်များကို ပြေးဆွဲနေသောလေကြောင်းလိုင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း၏ နိုင်ငံတကာခရီးစဉ်အများစုမှာ အရှေ့တောင်အာရှ ဒေသများဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အခြေပြု၍ ခရီးစဉ်များ ပျံသန်းလျက်ရှိသည်။

♦️ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း -
၁၉၄၆ လွတ်လပ်ရေးမရမီကာလက အစိုးရမှ Union of Burma Airways အနေဖြင့် ပြည်တွင်းခရီးစဉ်များ စတင်ပျံသန်းခဲ့သည်။
၁၉၅၀တွင် နိုင်ငံတကာခရီးစဉ်များ စတင်ခဲ့သည်။
၁၉၇၂ ဒီဇင်ဘာတွင် Burma Airways ဟုခေါ်ဆိုခဲ့ပြီး ၁၉၈၉ ဧပြီ ၁တွင် ဘားမားမှ မြန်မာသို့ အမည်ပြောင်းပြီးသည့်နောက်တွင် မြန်မာ့လေကြောင်း ဖြစ်လာခဲ့သည်။
၁၉၉၃တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း တည်ထောင်ခဲ့ပြီး ပြည်ပခရီးစဉ်များ အားလုံးကို ၎င်းအောက်သို့ လွှဲပြောင်းခဲ့သည်။

၁၉၉၃ ဩဂုတ်လတွင် စတင်ပျံသန်းခဲ့သော အမ်အေအိုင်သည် တော်ဝင်ဘရူနိုင်းလေကြောင်း၏ အကူအညီဖြင့် မြန်မာ့လေကြောင်းနှင့် စင်ကာပူအခြေစိုက် Highsonic Enterprises တို့၏ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ မူလတွင် စင်ကာပူအုပ်ချုပ်မှုအဖွဲ့ (စင်ကာပူ လေကြောင်းလိုင်း ဝန်ထမ်းဟောင်းများ)၊ ဘိုးရင်းလေယာဉ်အသစ်များ၊ အတွေ့အကြုံရှိ လေယာဉ်အမှုထမ်းများ၊ လေယာဉ်မောင်မယ်အသစ် သင်တန်းများ၊ အင်္ဂလန်လေကြောင်းအဖွဲ့အစည်း၏ လေယာဉ်ပျံသန်းမှုဆိုင်ရာ လိုအပ်သောအရည်အချင်းများ စသည်တို့ဖြင့် ၀င့်ကြွားခဲ့သည်။ တဖြည်းဖြည်း မူလ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုမှာ ရပ်ဆိုင်းခဲ့ပြီး မြန်မာအပြည့်အ၀ပိုင် ဖြစ်လာခဲ့သည်။

၂၀၀၁ ဇန်နဝါရီတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှု အသစ်တစ်ခုပေါ်ပေါက်လာခဲ့ပြီး ထိုသဘောတူညီမှုအရ Region Air Myanmar (HK) Ltd., မှ ၄၉ ရာခိုင်နှုန်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ သူ၏ကုမ္ပဏီဖြစ်သော Zan Co.အမည်ဖြင့် ၁၁ ရာခိုင်နှုန်း၊ မြန်မာ့လေကြောင်းမှ ၄၀ ရာခိုင်နှုန်း ထိန်းသိမ်းထားခဲ့သည်။ ၂၀၀၁တွင် လေကြောင်းလိုင်း၏ အမှတ်တံဆိပ်နှင့် လေယာဉ်ဆေးခြယ်သမှု ပုံစံအသစ်များ ထွက်ပေါ်ပေါက်လာခဲ့ပြီး အကြီးစား လေယာဉ်မောင်မယ် အဆင့်မြှင့်တင်မှုသင်တန်းများ ပြီးမြောက်ခဲ့သည်။ ၂၀၀၂ တွင်အမ်အေအိုင်သည် အိုင်အေတီအေ(IATA)မှ ချပေးသော သီးသန့်ကုဒ်ကို ရရှိခဲ့သည်။ ယခင်က မြန်မာ့လေကြောင်း၏ သီးသန့်ကုဒ်ဖြစ်သော UNIONAIR UB ဖြင့်သာ ပျံသန်းနေခြင်း ဖြစ်သည်။ ထို့အပြင် အိုင်အေတီအေ၏ ဘုံအသွားအလာသဘောတူညီမှု (Multilateral Interline Traffic Agreement (MITA)) နှင့် IATA Clearing House တို့တွင်လည်း အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ မလေးရှား လေကြောင်းလိုင်း နှင့် တော်ဝင်ဘရူနိုင်း လေကြောင်းလိုင်းတို့တွင် သင်တန်းများတက်ရောက်ရန် ဝန်ထမ်း ၁၂၂ ယောက် စေလွှတ်ခဲ့သည်။ ၂၀၀၃ တွင် ဘန်ကောက် - ရန်ကုန် - ဘန်ကောက် ခရီးစဉ်တွင် အပြည်ပြည်ဆိုင်ရာထိုင်း လေကြောင်းလိုင်းနှင့် ကုဒ်ရှယ်ရာ အစီအစဉ်စတင်ခဲ့သည်။ အမ်အေအိုင်သည် မလေးရှား လေကြောင်းလိုင်း၊ ကာတာ လေကြောင်းလိုင်းနှင့် ဂျက်စတားအေးရှား လေကြောင်းလိုင်းတို့နှင့်လည်း ကုဒ်ရှယ်ရာ အစီအစဉ်ရှိခဲ့ဖူးသည်။ ၂၀၀၄ တွင် မြေပြင်ဝန်ထမ်းများအတွက် တူညီဝတ်စုံအသစ်များ မှာယူခဲ့ပြီးလေယာဉ်မောင်မယ် သင်တန်းနည်းပြ ၁၆ဦး ထပ်မံခေါ်ယူခဲ့သည်။

၂၀၀၇ ဖေဖော်ဝါရီတွင် Region Air Myanmar (HK) Ltd., နိုင်ငံခြားအုပ်ချုပ်မှုဌာနမှ အမ်အေအိုင်သို့ အုပ်ချုပ်ရေးတာဝန်များ ပြန်လည်လွှဲပြောင်းခဲ့သည်။

♦️လေကြောင်းလိုင်းချဲ့ထွင်မှုနှင့် အဆင့်မြှင့်တင်မှုများ
၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အစိုးရမှ အမ်အေအိုင်၏ အစုရှယ်ရာ ၈၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ကြီးတစ်ခုဖြစ်သော ကမ္ဘောဇဘဏ်သို့ လွှဲပြောင်းခဲ့သည်။ ၂၀ ရာခိုင်နှုန်းမှာမူ မြန်မာ့လေကြောင်းမှ ဆက်လက်ထိန်းသိမ်းထားသည်။ မြန်မာ့လေကြောင်း လက်အောက်တွင်ရှိစဉ်က အမ်အေအိုင်သည် ကိုယ်ပိုင်လေယာဉ်ဟူ၍ မရှိပဲ အိမ်နီးချင်းနိုင်ငံများမှ လေယာဉ်အသေးစားများဖြင့် ငှားရမ်းပျံသန်းခဲ့သည်။ ၂၀၀၉ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အတွက် ပထမဦးဆုံးလေယာဉ် လက်ခံရရှိခဲ့ပြီး နှစ်ကုန်ပိုင်းတွင် ဒုတိယအစီးရောက်ရှိလာခဲ့သည်အချိန်မှစ၍ အမ်အေအိုင်၏ လေယာဉ်အရေအတွက် များပြားလာခဲ့သည်။ ၂၀၁၀-၂၀၁၁ ဆောင်းရာသီတွင် ဘန်ကောက် - စင်ကာပူ လမ်းကြောင်း၌ အသုံးပြုရန် အဲမက်ဒစ်တရေးနီး (Air Mediterraneein)မှ Airbus A321 လေယာဉ် ငှားရန်းပျံသန်းခဲ့သည်။ အခြေစိုက်ရာဌာန မဟုတ်သည့် မြို့များအကြား ပြေးဆွဲပျံသန်းမှုအဖြစ် ၂၀၁၀တွင် ဘန်ကောက်-စင်ကာပူခရီးစဉ် ကိုလည်းကောင်း၊ ၂၀၁၁တွင် စီရန်ရိ - ဖနွမ်းပင် ခရီးစဉ် ကိုလည်းကောင်း အောင်မြင်စွာပျံသန်းနိုင်ခဲ့သည်။ ၂၀၁၂ အောက်တိုဘာတွင် အမ်အေအိုင်သည် ဘီအိပ်ရှ်အဲ (ဘော်လကန် အားလပ်ရက်များ လေကြောင်းလိုင်း)မှ Airbus A320 လေယာဉ် နှစ်စီး ငှားရမ်းခဲ့ပြီး လက်ရှိခရီးစဉ် အခေါက်ရေ တိုးချဲ့ရာတွင်လည်းကောင်း၊ ခရီးစဉ်အသစ်များပျံသန်းရာတွင်လည်းကောင်း အသုံးပြုလျက်ရှိသည်။

♦️Frequent-flyer program
♦️Sky Smile Privilege Program-တိမ်လွှာအပြုံးအကျိုးခံစားခွင့်အစီအစဉ်
ဤဖောက်သည် အစီအစဉ်တွင် စိန်နှင့် ပတ္တမြား ဟူ၍ အသင်းဝင် အဆင့်နှစ်မျိုး ရှိသည်။ တစ်နှစ်အတွင်း အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းဖြင့် အသွားအပြန်ခရီး ၃ ခေါက် ပျံသန်းပြီးသူများသည် ပတ္တမြားအသင်းဝင် အဖြစ်လျောက်ထားနိုင်ပြီး နောက်တစ်ဆင့်အတွက် လိုအပ်သော အမှတ်များကို စတင်စုဆောင်း နိုင်ပြီဖြစ်သည်။ ပတ္တမြားအသင်းဝင် အဖြစ်ဖြင့် အနည်းဆုံး အသွားအပြန်ခရီး ၆ ခေါက် ပျံသန်းပြီးပါက အလိုအလျောက် စိန်အဆင့် အသင်းဝင် သို့ တိုးမြင့်သွားမည် ဖြစ်သည်။ တိမ်လွှာအပြုံး အသင်းဝင်များသည် အမ်အေအိုင်ဖြင့် ပျံသန်း၍ရရှိသော အမှတ်များနှင့် ညီမျှသည့် အခမဲ့လေယာဉ်လက်မှတ်များ ထုတ်ယူနိုင်မည်ဖြစ်သည်။

♦️ပြေးဆွဲသည့် မြို့ပေါင်း
🛫တရုတ်ပြည်
ကွမ်ကျိုးမြို့ - ကွမ်ကျိုး အပြည်ပြည်ဆိုင်ရာ လေဆိပ်
🛫အိန္ဒိယ
ဂယာမြို့ - ဂယာ အပြည်ပြည်ဆိုင်ရာလေဆိပ် [seasonal]
🛫မလေးရှား
ကွာလာလမ်ပူမြို့ - ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်
🛫မြန်မာ
ရန်ကုန် - ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဓိကအခြေစိုက်ရာကွင်း
မန္တလေး- မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် အခြေစိုက်ရာကွင်း
🛫စင်ကာပူ - ချန်ဂီလေဆိပ်
🛫ထိုင်း - ဘန်ကောက်မြို့ - သုဝဏ္ဏဘူမိလေဆိပ်
🛫Cambodia- Phnom Penh International Airport
🛫Fuzhou - Fuzhou Changle International Airport
🛫Guangzhou Guangzhou Baiyun International Airport
🛫Hangzhou Hangzhou Xiaoshan International Airport
🛫Hefei Hefei Xinqiao International Airport
🛫Jinan Jinan Yaoqiang International Airport
🛫Jinjiang Quanzhou Jinjiang International Airport
🛫Linyi Linyi Shubuling Airport
🛫Nanchang Nanchang Changbei International Airport
🛫Nanjing Nanjing Lukou International Airport
🛫Ningbo Ningbo Lishe International Airport
🛫Qingdao Qingdao Liuting International Airport
🛫Yantai Yantai Penglai International Airport
🛫India Gaya Gaya Airport Seasonal charter
🛫Kolkata Netaji Subhas Chandra Bose International Airport
🛫South Korea Seoul Incheon International Airport
🛫Republic of China Taipei Taoyuan International Airport

♦️Codeshare agreements with -
🛫Air KBZ
🛫Asiana Airlines
🛫Garuda Indonesia
🛫Korean Air
🛫Malaysia Airlines
🛫Royal Brunei Airlines
🛫SriLankan Airlines

MAI လေကြောင်းလိုင်း၏ Embraer လေယာဉ်အသစ် အောက်တိုဘာ ၂၆ ၊ ၂၀၂၀ ရောက်ရှိ။ ပြည်ပခရီးစဉ်များကိုသာ ပျံသန်းပြေးဆွဲပေးလျက်ရှိသော အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း MAI ၏ ထပ်မံတိုးချဲ့ပြေးဆွဲသွားမည့် ပြည်တွင်းခရီးစဉ်များအတွက် Embraer E 190-100LR XY-ALO လေယာဉ်အမျိုးအစား ၁ စီး အောက်တိုဘာလ ၂၆ ရက်နေ့၌ ရောက်ရှိလာပြီဖြစ်သည်။ Embraer E 190-100LR XY-ALO လေယာဉ်ဟာ ခရီးစဉ်မိုင်ပေါင်း ၂၄၀၀ ကျော်ပျံသန်းနိုင်တယ်။ Business Class မှာ (၆) ခုံ၊ Economy Class မှာ (၉၂) ခုံ၊ ပေါင်း (၉၈) ခုံပါရှိပါတယ်။

MAI လေကြောင်းလိုင်းသည် ပြည်တွင်းခရီးစဉ်များကို Embraer E 190 လေယာဉ်အမျိုးအစား ၄ စီးဖြင့် အများပြည်သူသို့ ဝန်ဆောင်မှုပေးသွားနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

Credit:မငုဝါ

ပြည်တွင်းခရီးစဉ်များတွင် လိုက်ပါစီးနင်းမည့် ခရီးသည်များအနေဖြင့် လိုက်နာလုပ်ဆောင်ရမည့်အချက်များ .....Rapid Antigen Diagno...
16/12/2020

ပြည်တွင်းခရီးစဉ်များတွင် လိုက်ပါစီးနင်းမည့် ခရီးသည်များအနေဖြင့် လိုက်နာလုပ်ဆောင်ရမည့်အချက်များ .....

Rapid Antigen Diagnostic Test (RDT) Kit ဖြင့်စစ်ဆေးလျှင် တစ်ကြိမ်ကျသင့်ငွေ 10,000 MMK ဖြစ်ပြီး Reverse Transcriptase Polymerase Chain Reaction Test (RT-PCR) ဖြင့် စစ်ဆေးလျှင် တစ်ကြိမ်ကျသင့်ငွေ 35,000 MMK သတ်မှတ်ထားပါသည်။

ပြည်တွင်းလေကြောင်းခရီးစဉ်အလိုက် ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် သတ်မှတ် ထားရှိသည့် ဓာတ်ခွဲစစ်ဆေးမည့်နေရာများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။

MNA ပြည်တွင်း Flight များကိုလည်း Shwe Journey မှာ Booking လုပ်နိုင်ပါပြီး ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
16/12/2020

MNA ပြည်တွင်း Flight များကိုလည်း Shwe Journey မှာ Booking လုပ်နိုင်ပါပြီး ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ပြည်တွင်းလေယာဉ်ခရီးစဉ်များ စတင်နေပြီဖြစ်သောကြောင့် ခရီးသွားပြည်သူများ အနေဖြင့် သက်ဆိုင်ရာလေယာဉ်လက်မှတ်များ ဝယ်ယူပြီးပါက ...
15/12/2020

ပြည်တွင်းလေယာဉ်ခရီးစဉ်များ စတင်နေပြီဖြစ်သောကြောင့် ခရီးသွားပြည်သူများ အနေဖြင့် သက်ဆိုင်ရာလေယာဉ်လက်မှတ်များ ဝယ်ယူပြီးပါက ခရီးစတင်မထွက်ခွာမီ ၃၆ နာရီ အတွင်း Repid Antigen Diagostic Test (RDT) Kit ဖြင့် စစ်ဆေးမှုကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် ပုဂ္ဂလိက သို့မဟုတ် အစိုးရ ဆေးရုံ/ဆေးခန်း /ဓါတ်ခွဲခန်းများတွင် လေယာဉ်လက်မှတ် ပြ၍ စစ်ဆေးနိုင်ပါသည်။

#ရန်ကုန်တိုင်းဒေသကြီး အတွက်
#ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းရှိ Tourist Burma အဆောက်အဦး နှင့်

#မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းရှိ ဒေသန္တရကျန်းမာရေးဌာန တို့တွင် နေ့စဉ် နံနက် (၉) နာရီ မှ (၃) နာရီ အတွင်း စစ်ဆေးပေးပါသည်။

Credit Ma Nu Nu

AIR KBZပြည်တွင်း ပုံမှန်လေကြောင်းခရီးစဥ်များ ပြန်လည်ပြေးဆွဲရာတွင် လေယာဥ်စီးခရီးသည်များ လိုက်နာရမည့်ကျန်းမာရေးဆိုင်ရာ စံ ...
14/12/2020

AIR KBZ
ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဥ်များ ပြန်လည်ပြေးဆွဲရာတွင် လေယာဥ်စီးခရီးသည်များ လိုက်နာရမည့်
ကျန်းမာရေးဆိုင်ရာ စံ သတ်မှတ်ချက်များ

ပြည်ပလေယဥ်များကို ဆင်းသက်ခွင့်ပြုပါတော့မည်။ အသေးစိတ် လိုအပ်ချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ သိရှိအောင် နောက်ထပ် တင်ပ...
13/12/2020

ပြည်ပလေယဥ်များကို ဆင်းသက်ခွင့်ပြုပါတော့မည်။

အသေးစိတ် လိုအပ်ချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ သိရှိအောင် နောက်ထပ် တင်ပြပေးသွားပါမည်။

29/11/2020

🙏ပျှော်ရွှင်သော တန်ဆောင်မုန်းလပြည့်နေ့လေးဖြစ်ပါစေ🙏

Mann Yadanarpon Airlinesမန်းရတနာပုံ လေကြောင်းလိုင်း♦️IATA - 7Y♦️ICAO - MYP♦️Callsign - MANN ROYAL♦️တည်ထောင် -၂၃ ဇူလိုင် ...
28/11/2020

Mann Yadanarpon Airlines
မန်းရတနာပုံ လေကြောင်းလိုင်း

♦️IATA - 7Y
♦️ICAO - MYP
♦️Callsign - MANN ROYAL
♦️တည်ထောင် -၂၃ ဇူလိုင် ၂၀၁၃
♦️စတင်ပျံသန်း - ဖေဖော်ဝါရီ ၂၀၁၄
♦️အခြေစိုက်ဌာန - မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်
♦️လေယာဉ်ပေါင်း - (၃) စီး
♦️ပျံသန်းဌာနေပေါင်း - ၁၂
♦️ဆောင်ပုဒ် - Enjoy Royal Service!
♦️ဌာနချုပ် - ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
♦️အရေးပါသူများ - လင်းမြတ်ထွန်း (MD)
Chief Executive Officer(CEO) - ဦးအုန်းမြင့်

♦️မန်းရတနာပုံ လေကြောင်းလိုင်း သည် မန္တလေးမြို့ အခြေစိုက် ပြည်တွင်းလေကြောင်းလိုင်း တစ်ခုဖြစ်သည်။ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အခြေပြု ပထမဆုံးသော လေကြောင်းလိုင်းဖြစ်သည်။

♦️Mann Yadanarpon Airlines obtained its first IOSA ( IATA Operational Safety Audit) registration in August 2016 as the first domestic airline in Myanmar.
မြန်မာပြည်တွင်းလေ​ကြောင်းလိုင်းများထဲတွင် ပထမဆုံး IOSA ​​လက်မှတ်ရ သော လေကြောင်းလိုင်းဖြစ်ပါတယ်။

♦️ပျံသန်းမှုများ
မြန်မာနိုင်ငံ တွင်း
🛫မန္တလေးမြို့ - မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်
🛫ရန်ကုန်မြို့ - ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
🛫ပုဂံ - ညောင်ဦးလေဆိပ်
🛫ဟဲဟိုးမြို့ - ဟဲဟိုးလေဆိပ်
🛫သံတွဲမြို့ - သံတွဲလေဆိပ်
🛫ကျိုင်းတုံမြို့ - ကျိုင်းတုံလေဆိပ်
🛫တာချီလိတ်မြို့ - တာချီလိတ်လေဆိပ်
🛫လားရှိုးမြို့ - လားရှိုးလေဆိပ်
🛫မြိတ်မြို့ - မြိတ်လေဆိပ်
🛫ထားဝယ်မြို့ - ထားဝယ်လေဆိပ်
🛫ကော့သောင်းမြို့ - ကော့သောင်းလေဆိပ်
🛫မြစ်ကြီးနားမြို့ - မြစ်ကြီးနားလေဆိပ်
🛫Sittwe - Sittwe Airport
🛫Mawlamyaing - Mawlamyaing Airport
🛫Khante - Khamte Airport

♦️လေယာဉ်များ
Current fleet - ATR 72-600 (3)

♦️Codeshare agreements with
🛫Myanmar National Airlines

♦️ Fleet
Our current fleets consist of three ATR 72-600 aircrafts in total. The two ATR 72-600 aircrafts were delivered in 2014 and another ATR 72-600 is added in 2019. The
additional aircraft will enable our airline to increase the frequency of our services on mainline routes and boost the capacity around Myanmar.

♦️ Vision
To be the airline of choice for customers by maintaining the highest levels of safety, service and efficiency.

♦️ Mission
We are dedicated to providing quality service that exceeds expectations.
We respect our employees' aspirations while demanding the highest standards of performance. We share our achievements with the community.

💥6 October 2020, at 04:32 (UTC) ထိ ဒေတာများဖြစ်ပါတယ်။

Source: မငုဝါ

ဒီတစ်ခေါက်ကတော့  Qatar Airways ✈️✈️✈️အကြောင်းလေး ပြောပြပေးပါမယ်Qatar Airways က Qatar နိုင်ငံ 🇶🇦Doha မြို့မှာ တည်ရှိပါတယ်...
26/11/2020

ဒီတစ်ခေါက်ကတော့ Qatar Airways ✈️✈️✈️
အကြောင်းလေး ပြောပြပေးပါမယ်

Qatar Airways က Qatar နိုင်ငံ 🇶🇦Doha မြို့မှာ တည်ရှိပါတယ်
🏢ရုံးချုပ်ကတော့ Qatar Airways Tower, Doha, Qatar မှာရှိပါတယ်

Qatar Airways ကို 🏰1993 ခုနှစ် November 22 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး
Operation အပိုင်းကိုတော့1994 ခုနှစ် January 20 မှာ စတင်လုပ်ဆောင်ခဲ့ပါတယ်

Qatar Airways က Qatar နိုင်ငံရဲ့ 🇶🇦
State-owned Flag Carrier ( နိုင်ငံတော်ပိုင် လေကြောင်းလိုင်းကြီး ) ဖြစ်ပါတယ်
📠Frequent-flyer program ကတော့
Qatar Airways Privilege Club ( Qmiles ) ဖြစ်ပါတယ်

Qatar Airways ရဲ့ CEO ကတော့ Akbar Al Baker ဖြစ်ပါတယ်

Qatar Airways ရဲ့ အချက်အချာအကျဆုံး လေဆိပ်ကတော့
Hamad International Airport ပဲဖြစ်ပါတယ်✈️✈️✈️
Qatar Airways က Oneworld ( Airline alliance ) အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပါတယ်

Qatar Airways မှာ လေယောဉ် အစီးရေပေါင်း ✈️235 စီးရှိပြီး Boeing နဲ့ Airbus လေယာဉ်တွေဖြစ်ကြပါတယ်
နိုင်ငံပေါင်း 98 နိုင်ငံကိုပျံသန်းပြေးဆွဲပြီး
ပြည်တွင်း Doha မြို့ / Airport 2 ခု နှင့်
ပြည်ပ 219 မြို့ / Airport 227 ခုတို့ကို ပျံသန်းလျှက်ရှိပါတယ်

Qatar Airways ဟာ လေကြောင်းလိုင်းကြီး ( 27 ) 2️⃣7️⃣ခုနဲ့ Codeshare Agreement ( အကျိုးတူပူးပေါင်း ) ထားရှိပါသည်

Qatar Airways မှာ လိုက်ပါစီးနင်း နိုင်တဲ့ Class အမျိုးအစားတွေကတော့
*First Class
*Business Class
*Economy Class တွေဖြစ်ကြပါသည်။

Golden Myanmar Airlinesရွှေမြန်မာ လေကြောင်းလိုင်း♦️IATA - Y5♦️ICAO - GMR♦️Callsign - GOLDEN MYANMAR♦️တည်ထောင် - ၂၀၁၂♦️စတ...
23/11/2020

Golden Myanmar Airlines
ရွှေမြန်မာ လေကြောင်းလိုင်း

♦️IATA - Y5
♦️ICAO - GMR
♦️Callsign - GOLDEN MYANMAR
♦️တည်ထောင် - ၂၀၁၂
♦️စတင်ပျံသန်း - ဇန်နဝါရီ ၂၀၁၃
♦️မိခင်ဌာန - မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်
♦️ပျံသန်းဌာနေပေါင်း - ၁၅
♦️ဆောင်ပုဒ် - ENJOY TO FLY MORE
♦️မိခင်ကုမ္ပဏီ - သမဝါယမဘဏ်လီမိတက်၊ ကောင်းမြန်မာအောင် စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်း
♦️ဌာနချုပ် - ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
♦️အရေးပါသူများ (Chairman ) - ဦးခင်မောင်အေး (ဥက္ကဋ္ဌ)
♦️ CEO - ဦးကျော်ငြိမ်း

♦️ရွှေမြန်မာ လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော တန်ဖိုးနည်းလေကြောင်းလိုင်း တစ်ခုဖြစ်ကာ ပြည်တွင်းနှင့် ပြည်ပ ခရီးစဉ်များ ပြေးဆွဲပျံသန်းနေသည်။ သမဝါယမဘဏ်လီမိတက်၏ ဥက္ကဋ္ဌအပါအဝင် ၁၅ ဦးဖြင့် ၂၀၁၂ ခုနှစ် ဩဂုတ်လတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် Airbus A320 နှစ်စင်းဖြင့် စတင်ပြေးဆွဲပျံသန်းခဲ့သည်။

♦️ပျံသန်းမှုများ
မြန်မာနိုင်ငံတွင်း
🛫ပုဂံ - ညောင်ဦးလေဆိပ်
🛫ဗန်းမော်မြို့ - ဗန်းမော်လေဆိပ်
🛫ဟဲဟိုးမြို့ - ဟဲဟိုးလေဆိပ်
🛫လားရှိုးမြို့ - လားရှိုးလေဆိပ်
🛫မန္တလေးမြို့ - မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် အဓိက အခြေစိုက်ရာကွင်း
🛫မြစ်ကြီးနားမြို့ - မြစ်ကြီးနားလေဆိပ်
🛫နေပြည်တော် - နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်
🛫ပူတာအိုမြို့ - ပူတာအိုလေဆိပ်
🛫တာချီလိတ်မြို့ - တာချီလိတ်လေဆိပ်
🛫ရန်ကုန်မြို့ - ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အခြေစိုက်ရာကွင်း
🛫စင်ကာပူနိုင်ငံ စင်ကာပူ - စင်္ကာပူ ချန်ဂီ လေဆိပ်
🛫ထိုင်းနိုင်ငံ ဘန်ကောက်မြို့ - သုဝဏ္ဏဘူမိလေဆိပ်
🛫ချင်းမိုင်မြို့ - ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ် (၂၃ စက်တင်ဘာ ၂၀၁၄ တွင် စတင်)

♦️လေယာဉ်များ
ATR 72-600

♦️Vision
To be a leading international airline that offers safe‚ reliable and affordable air services.

♦️Mission
To fulfill the needs of the Myanmar Aviation market in the fast growing Myanmar Economy.
To set a new standard for air services and professionalism both within the target market region and beyond.
To achieve high load factor and profitability by offering competitive fares and quality service at minimal cost.

♦️Motto
" ENJOY TO FLY MORE "

♦️Logo - Hintha Bird
The Hintha bird represents perfect union‚ balance and life. It transcends the limitations of the world surrounding it‚ as it can walk on the earth‚ fly in the sky and swim in the water.
The mystique surrounding the Hintha bird markes it the perfect logo of Golden Myanmar Airlines‚ which combines modern design with the tradition and spirit of Myanmar. The elegant‚ highly stylized Hintha icon reflects the dynamism of the airline and Myanmar's aviation industry.
The word " Golden " is also prominently featured in the logo‚ representing the signature brand of the airline. The additional stroke of colour around the Hintha bird signifies a graceful flight towards a new horizon.
The main colour of the icon is‚ of course‚ gold‚ representing success‚ achievement and prestige.

♦️CORE VALUES
C.A.R.E

♦️COMMITEMENT
quality service
efficiency
customer satisfaction

♦️ACTION
We can be trusted to take action for
safety concerns
customer needs
contingencies

♦️RESPONSIBILITY
We take responsibility for our customers
security
safety
welfare

♦️EXCELLENCE
We strive for excellence in
services
expertise
operations

♦️မတော်တဆမှုများ
⚠️မတ်လ ၄ ရက်၊ ၂၀၁၆ ခုနှစ် နံနက် (၇) နာရီအချိန်ခန့်တွင် တွင် ရန်ကုန် - မန္တလေး ခရီးစဉ်သို့ ပျံသန်းမည့် ATR-72 လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပျံတက်ရန် ပြင်ဆင်နေစဉ် လေယာဉ်၏ ဘယ်ဘက်ဘီးပေါက်မှုဖြစ်ပွားခဲ့သည်။ ဘီးပေါက်သည့် အရှိန်ဖြင့် မီးပွင့်ထွက်မှု ဖြစ်ပေါ်ခဲ့သည်။ ခရီးသည် ၃၀ ကျော် ပါရှိခဲ့ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ချေ။

♦️ရွှေမြန်မာလေ ကြောင်းလိုင်းရဲ့ ရွှေဟင်္သာမဂ္ဂဇင်း volume 6 issue 2 (July to December) link
https://storage.aerocrs.com/…/GMA%20Inflight%20Final%20for%…

: GMA Airlines Web, & ဝီကီပီးဒီးယား


ဖတ်ရှုသူအကျိုးပွားများပါစေ။❤️

Source: မငုဝါ

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 22:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+821039365540

Website

Alerts

Be the first to know and let us send you an email when SJ Travel and Airticket posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SJ Travel and Airticket:

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share