Kaung Sithi Overseas Employment Co.,Ltd.

Kaung Sithi Overseas Employment Co.,Ltd. Focus On Your Career ! 🌍✈️

သေခြာလေ့လာ မှတ်သားပါ
16/01/2024

သေခြာလေ့လာ မှတ်သားပါ

တောင်ကိုးရီးယား
05/01/2024

တောင်ကိုးရီးယား

✨တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းသွားတက်ဖို့ အိမ်မက်ရှိသူများအတွက် အခွင့်အလမ်းကောင်း🇰🇷💁🏻‍♂️📢 ကိုရီးယားနိုင်ငံ Gimcheon မ...
21/12/2023

✨တောင်ကိုရီးယားနိုင်ငံမှာ
ကျောင်းသွားတက်ဖို့ အိမ်မက်ရှိသူများအတွက်
အခွင့်အလမ်းကောင်း🇰🇷💁🏻‍♂️

📢 ကိုရီးယားနိုင်ငံ Gimcheon မြို့ရှိ
Gyeongbuk University မှ
International Students များအား
နှစ်စဉ် Intake တစ်ခုတွင် ကျောင်းသားဦးရေ ၂၀-၅၀ ဦးအထိ ခေါ်ယူလျက်ရှိသည်။

🪄 Gyeongbuk University သို့
တက်ရောက်ကျောင်းအပ်နှံရန်
ဆန္ဒရှိသူများသည်…

- ပညာအရည်အချင်း
အနိမ့်ဆုံးတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ / တက္ကသိုလ်တက်ရောက်လျက်ရှိသူများ
အသက်18-35 နှစ်အတွင်း
ကျား/မ မရွေးတက်ရောက်ခွင့်ရှိသည်။

- မြန်မာနိုင်ငံရှိ Korea Vacational Training Center တွင် ကိုရိးယားဘာသာစကားအား
Topik 2အထိ (၃)လကြာ တက်ရောက်ရမည်။

- ထိုမှတစ်ဆင့်
ကိုရီးယားနိုင်ငံ Gimcheon မြို့ရှိ
Gyeongbuk University တွင်
(1)နှစ်ကြာ Language Program
(Topik 5-6အထိ) တက်ရောက်သင်ယူရမည်။

- 1st year (Language program)
တက်ရောက်ပြီးပါက နောက်နှစ်များတွင်
တက္ကသိုလ်ရှိ ဌာနအသီးသီး၏ သက်ဆိုင်ရာ
မေဂျာခွဲ (၄၀)ကျော်မှ
မိမိနှစ်သက်ရာ အထူးပြုMajorများအား
ကိုယ်တိုင်ရွေးချယ်ကာ
ဆက်လက်ပညာသင်ယူနိုင်သည်။

🪄 Gyeongbuk University တွင်
ပညာသင်ယူစဉ်ကာလအတွင်း
အကျိုးခံစားခွင့်များ

- Semesterတစ်ခုစီ၏ စစ်ဆေးမှုများတွင် ရရှိသည့်
results ပေါ် မူတည်၍ Scholarship program များ(20% - 60%အထိ) ရယူခံစားခွင့်ရှိသည်။

- FOC ခံစားခွင့်အနေဖြင့် ပထမ ပညာသင်ကာလအတွင်း အဆောင်နေစရိတ် ( ၁လ ဝမ် 160000) အား (၆)လ အခမဲ့နေထိုင်ခွင့် ရရှိမည်။

- ကျောင်းတက်ရောက်နေစဉ်ကာလအတွင်း
ပြည်ပမှ ကျောင်းသား/ကျောင်းသူများ အစဉ်ပြေချောမွတ်နိုင်စေရေးအတွက်
Part Time (အချိန်ပိုင်း) အလုပ်များ လုပ်ကိုင်နိုင်ရန် ကျောင်းမှ ရှာဖွေချိတ်ဆက်ပေးမည် ဖြစ်သည်။
(မိမိကိုယ်တိုင် ရှာဖွေ လုပ်ကိုင်ချင်ပါကလဲ
လုပ်ကိုင်နိုင်ပါသည်။)

- Part Time Job များအဖြစ်
တစ်နာရီ လုပ်ခ ဝမ် (၉၈၆၀)ရရှိသော
Gimcheon မြို့ရှိ
Green House စနစ်ဖြင့် စိုက်ပျိုးသော
စပျစ်ခြံ လုပ်ငန်းများတွင်
ဝင်ရောက်လုပ်ကိုင်နိုင်ရန် ချိတ်ဆက်ပေးပါမည်။(စနေ၊တနင်္ဂနွေပိတ်ရက်များတွင် အလုပ်ချိန် (၁၀)နာရီ အထိ အလုပ်ဆင်းခွင့်ရှိသည်။)

🪄 Visa ရရှိရေး (D4-6)

လျှောက်ထားလိုသည့်
ကျောင်းသား/ကျောင်းသူများသည်…

- ပညာအရည်အချင်း
အခြေခံ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ တက္ကသိုလ်တက်ရောက်လျက်ရှိသူများ၊ အသက်18-35 နှစ်အတွင်း
ကျား/မ မရွေးတက်ရောက်ခွင့်ရှိသည်။

- Bank statement အနည်းဆုံး 6 months (Until May) ရှိရမည်။

- Bank ငွေစုစာအုပ်တွင် သိန်း(၂၆၀) အနည်းဆုံးရှိပြီး ငွေသွင်း၊ ငွေထုတ်ရှိနေရမည်။

- COE ကျောင်းသားလက်ခံစာ ရရှိရေးအတွက် ကိုရီးယားဝမ် ၃၉၁၀၀၀ < မြန်မာငွေ ကျပ် ၁,၀၀၀,၀၀၀(၁၀သိန်း)> ကျောင်းလခ တစ်လစာ ကနဦး(မဖြစ်မနေ) ပေးသွင်းရမည်။

🪄 တက္ကသိုလ် လစဉ် ကျောင်းစရိတ်

- Gyeongbuk University ၏ကျောင်းလခမှာ တစ်လ ဝမ်(331000) ဖြစ်ပြီး သတ်မှတ်ရက် (လကုန်ရက် နောက်ဆုံးအပတ်အတွင်း) ပေးဆောင်ရမည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

စိတ်ပါဝင်စားသူများအနေဖြင့်
အသေးစိတ်သိရှိလိုပါက ⬇️

☎️ 09428633277, 09792983899
သို့ဆက်သွယ်၍သော်လည်းကောင်း၊

💌 Kaung Sithi Overseas Employment Co.,Ltd ၏ Official pageသို့
စာနှင့် မေးမြန်းစုံစမ်း၍သော်လည်းကောင်း၊

🏣 Office Addressသို့ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း

ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်ခင်ဗျာ။ 🤝

 တောင်ကိုရီးယားလေဆိပ်မှာ မြန်မာလုပ်သားတချို့တားမြစ်ပစ္စည်းတွေသယ်လာလို့ သိမ်းဆည်း၊ ဒဏ်ရိုက်ခံရဒီဇင်ဘာ ၁၆ ရက်အရုဏ်ဦး၊ Mig...
17/12/2023


တောင်ကိုရီးယားလေဆိပ်မှာ မြန်မာလုပ်သားတချို့တားမြစ်ပစ္စည်းတွေသယ်လာလို့ သိမ်းဆည်း၊ ဒဏ်ရိုက်ခံရ

ဒီဇင်ဘာ ၁၆ ရက်
အရုဏ်ဦး၊ Migrant Times

တောင်ကိုရီးယားနိုင်ငံအင်ချွန်းလေဆိပ်မှာ တားမြစ်ပစ္စည်းတွေသယ်လာလို့ဆိုပြီး မြန်မာလုပ်သားတချို့ ဒဏ်ရိုက်ခံရတယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က သတင်းထုတ်ပြန်ပါတယ်။

ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ဝင်ရောက်လာတဲ့မြန်မာအလုပ်သမားတချို့ဟာ ဒီဇင်ဘာလ ၁၄ရက်က တားမြစ်ပစ္စည်း သယ်လာတာတွေ့ရတဲ့အတွက် တားဆီးသိမ်းဆည်းခံရသလို ဒဏ်ငွေပါ ပေးဆောင်လိုက်ရတယ်လို့ ဆိုပါတယ်။

သယ်ဆောင်ခြင်းမပြုဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ အကြိမ်ကြိမ် အသိပေးထားတဲ့ တားမြစ်ပစ္စည်း​တွေကို ခိုး​ပြီးသယ်သွားကြတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

" အဲဒီလိုလုပ်တဲ့သူတွေက အလုပ်သမားအသစ်တွေ မဟုတ်ဘဲ လုပ်သားဟောင်း(Re-entry)တွေ ဖြစ်နေတာ ပိုဆိုးတယ်။ သူတို့က သိသိနဲ့ကို လုပ်တာကျတော့ မကောင်းဘူး " လို့ ကိုရီးယားရောက်မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။

အဲဒီလို တားမြစ်ပစ္စည်းတွေ ခိုးသယ်လာတာကြောင့် မြန်မာလုပ်သားတွေ အရင်ကလည်း မကြာခဏ အရေးယူခံရလေ့ရှိတယ်လို့ အဲဒီနိုင်ငံရောက်မြန်မာလုပ်သားတွေကဆိုပါတယ်။

မြန်မာလုပ်သားတွေရဲ့ ပုံရိပ် မကျဆင်းစေဖို့နဲ့ ကိုရီးယားသမ္မတနိုင်ငံသို့ဝင်ရောက်မယ့် လုပ်သား​တွေအဆင်ပြေ ချောမွေ့စွာ ဝင်ရောက်နိုင်ရေး ဝိုင်းဝန်းကူညီတဲ့အ​နေနဲ့လေဆိပ်တားမြစ်ပစ္စည်း​တွေ သယ်ဆောင်ခြင်းမပြုကြဖို့ ထပ်မံ အသိပေးတယ်ဆိုပြီးတော့လည်း POEAက ကြေညာထားပါတယ်။

Welding ကျွမ်းကျင် လုပ်ငန်းနှင့် တောင်Korea နိုင်ငံသို့ သွားရောက်လုပ်ကိုင်ချင်သူများအတွက် Tips And Suggestions ⚡️ဒီတစ်ခေ...
13/12/2023

Welding ကျွမ်းကျင် လုပ်ငန်းနှင့် တောင်Korea နိုင်ငံသို့ သွားရောက်လုပ်ကိုင်ချင်သူများအတွက်
Tips And Suggestions ⚡️

ဒီတစ်ခေါက်မှာတော့ …..
ကိုရီးယားနိုင်ငံအလုပ်အကိုင်နဲ့
-ဘယ်လို စတင်ခြေလှမ်းရမလဲ ?
-ဘယ်လို သွားရောက်လုပ်ကိုင်နိုင်မလဲ ??
ဆိုတဲ့ အချက်လေးတွေကို လက်လှမ်းမှီသလောက် အကြံပြုဖော်ပြပေးသွားပါ့မယ်ခင်ဗျာ ။

💌 E7 visa နဲ့ Korea ကို ဘယ်လိုသွားရောက်လုပ်ကိုင်နိုင်မလဲ ဆိုတဲ့အကြောင်းအရာ Information လေးတွေကို အရင် Post မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
(မဖတ်ရသေးရင် သွားရောက် ဖတ်ရှုနိုင်ဖို့ Link ပေး ပြန်လည်မျှဝေပေးထားပါတယ်ဗျ။ ) 👇🏻

https://m.facebook.com/story.php?story_fbid=380332694528051&id=100076539696572

Welding လုပ်ငန်းအတွက် ဘယ် Visa နဲ့ သွားရမလဲဆိုတာတော့ ဖော်ပြခဲ့ပြီးသလို
E7-3 visa နဲ့ သွားရောက်နေထိုင်လုပ်ကိုင်ရမှာပါ ။ ✔️

ကဲ…..ထုံးစံအတိုင်း သိချင်တဲ့အချက်လေးတွေပဲ ရွေးဖတ်လို့ရအောင် Q & A ပုံစံမျိုးနဲ့ ဖော်ပြသွားပါ့မယ်။

‼️ လုပ်သက်မရှိသေးတဲ့ အခုမှ ဒီလုပ်ငန်းကို Join ဖို့ စိတ်ဝင်စားတဲ့ သူတွေ အတွက် အရင်ဖော်ပြပါ့မယ်။
လုပ်သက်၊ အတွေ့အကြုံရှိပြီးသားသူတွေ အတွက်က အောက်မှာ ထပ်မံဖော်ပြမှာ ဖြစ်လို့ ကျော်ပြီး ဖတ်ရင် အဆင်ပြေပါမယ်ခင်ဗျ။ 💌💌

🗯 : အခုမှ စပြီးခြေလှမ်းမယ်၊ ဘယ်လို စခြေလှမ်းရမလဲ ။ ❓
(Experience/ လုပ်သက်မရှိသူများအတွက်)

👉🏻 : ပထမအဆင့် ~~
- လုပ်ငန်းအတွက် လိုအပ်တဲ့ အရည်ချင်းပြည့်မှီအောင် အရင်လေ့လာပါ။
- လိုအပ်တဲ့ သင်တန်းတွေ တက်ထားပါ။

တစ်ဖက်နိုင်ငံသွားရောက်နေထိုင် လုပ်ကိုင်ရမှာ ဖြစ်တဲ့အတွက်
- ကျန်းမာရေး အထူးကောင်းအောင် ပြင်ဆင်ထားပါ။

〰️〰️〰️〰️〰️〰️〰️〰️〰️

🗯 : သင်တန်းဘယ်လို စတက်ရမလဲ ။ ❓

👉🏻 : Welding အခြေခံသင်တန်းကတော့
မြန်မာနိုင်ငံမှာ အများအပြားရှိပြီးသားပါ။
သင်တန်းကာလနှင့် သင်တန်းကြေးတွေက တစ်ခုနှင့် တစ်ခု မတူညီပါဘူး။ ယေဘူယျအားဖြင့် သင်တန်းကာလ (၃လ ~ ၆လ) ကြာမြင့်ပါတယ်။

အခြေခံ သင်တန်းတက်ရောက်တဲ့အခါ
သေချာလေ့လာရွေးချယ်တက်ရောက်ဖို့တော့ လိုပါတယ်။ 📌

မိမိတက်မယ့်သင်တန်းက ~~
- ယုံကြည်စိတ်ချရရဲ့လား ။?
- သင်တန်းကြေးသင့်တင့်မျှတရဲ့လား ။?
- အဓိက အနေနဲ့ လုပ်ငန်းမှာ လိုအပ်တဲ့ Facilities (ထောက်ပံ့ပစ္စည်းများ) ပြည့်စုံမှုရှိရဲ့လား။ ?
စသည်ဖြင့် မတက်ခင်သေချာ လေ့လာရွေးချယ်ဖို့လိုပါတယ်။
ဒီလိုပြောလိုက်လို့ သင်တန်းရွေးဖို့ စဉ်းစားရခက်နေပြီဆိုရင်
သင်တန်းကျောင်းအများအပြားထဲမှ
ကျွန်တော်သိတဲ့ ယုံကြည်စိတ်ချရသော ရန်ကုန်က သင်တန်းကျောင်း အနည်းငယ်ကို အခုတစ်ခါတည်း ဖော်ပြပေးပါ့မယ်ဗျ။

- ရန်ကုန် မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့
“ T&T Training Center “
📞: 09-880-006-482
: 09-880-006-483

- ရန်ကုန် လှိုင်သာယာမြို့နယ်မှာ ရှိတဲ့
“ Nice Way Skill & Vocational Training Center “
📞: 09-443-004-479
: 09-429-202-769

အသေးစိတ်ကို ယခု Mention ခေါ်ထားတဲ့ Page မှာ သွားရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျ။

〰️〰️〰️〰️〰️〰️〰️〰️〰️

🗯 : အခြေခံသင်တန်းပြီးရင် သွားလို့ရပြီလား။?
ဘာဆက်လုပ်မလဲ။❓

👉🏻 : အရှေ့ Post မှာပြောထားသလို အနည်းအကျဉ်း အခြေခံလောက် သိရင်/ တတ်ရုံလောက်နဲ့ ထွက်လို့မရပါဘူးခင်ဗျ။
(တောင်ကိုရီးယားနိုင်ငံ ပြည်ပအလုပ်အကိုင်ခေါ်ယူမှုတွေက အင်မတန်စည်းစနစ်ကျပြီး သေသပ်တာ လေ့လာ တွေ့ရှိရပါတယ်။ )

E7-3 visa နဲ့ မထွက်ခင်
Korea Welding Inspectors များမှ တက်မြှောက်မှု အခြေခံ စစ်ဆေးခြင်း (Welding Skill Test)ကို
ဖြေဆိုရပါတယ်။
ဒီစစ်ဆေးမှုမှာ ကိုရီးယားနိုင်ငံသားများမှ
မြန်မာနိုင်ငံသို့ လာရောက်ပြီး Welding ပစ္စည်းကိရိယာ အပြည့်အစုံနဲ့ တတ်မြောက်မှု စစ်ဆေးမှာ ဖြစ်ပါတယ်။ စစ်ဆေးမှုပြီးတဲ့အခါ ကိုရီးယားနိုင်ငံကုမ္ပဏီမှ E7-3 visa ပေးပြီးခေါ်ယူသွားမှာဖြစ်ပါတယ်။

〰️〰️〰️〰️〰️〰️〰️〰️〰️

🗯 : Testing အောင်မြင်ပြီဆို ထွက်လို့ရပြီလား ❓

👉🏻 : အရှင်းလင်းဆုံးပြောပြရရင်
မိမိမှာ လုပ်သက် (Experience) ပြည့်ဝပြီးသားမို့ Testing အောင်ပြီး အရွေးခံရတယ်ဆိုရင်
လိုအပ်တဲ့ စာရွက်စာတမ်းအချက်အလက်ပြည့်စုံပြီဆိုရင် ထွက်လို့ရပါပြီ။

ဒီနေရာမှာ
မိမိက Basic ကာလတိုသင်တန်း တက်မြောက်ကာ Basic Test ကို ဖြေဆိုနိုင်ပြီး သူတို့လုပ်ငန်းအတွက် ထပ်မံလေ့ကျင့် သင်ကြားပေးဖို့ အလားလာရှိတယ်ဆို အရွေးခံရနိုင်ပါတယ် ။ (Test မအောင်ရင်တော့ အရွေးမခံရနိုင်ပါဘူးဗျ။)

သို့ပေမယ့် ~~
ဒီနေရာမှာ ဖြည့်စွက် ပြောပြချင်တာက
Korea Welding လုပ်ငန်းက ကျွမ်းကျင်လုပ်သားများကို ခေါ်ယူတာပါ။ ( ဒီအချက်ကို မဖြစ်မနေ ထည့်စဉ်းစားရပါဦးမယ်။) ❕❕

< ပြောချင်တာက basic သင်တန်းတွေမှာ အခြေခံ တက်မြောက်ပြီး ကျွမ်းကျင်အဆင့်နဲ့ လုပ်ငန်းခွင် ဝင်ရောက်ဖို့ အဆင်မပြေနိုင်ပါဘူးဆိုတာကို
ထောက်ပြချင်တာပါ။/ တစ်နည်း ဒီ စစ်ဆေးမှုက နောက်ဆုံးအဆင့် မဟုတ်သေးကြောင်း ဆိုလိုချင်တာ ဖြစ်ပါတယ် ။ >

〰️〰️〰️〰️〰️〰️〰️〰️〰️

🗯 : အရွေးခံရပြီးရင် ဘယ်လောက်စောင့်ဖို့လိုဦးမလဲ ။ ❓

👉🏻 : (ဒီအချက်ကို မပြောခင်
အရင် post မှာ ရှင်းပြခဲ့သလို ဖြည့်စွက်ပြောပြချင်တာက Welding အလုပ်ကို ခေါ်တဲ့အခါ welding ကျွမ်းကျင်အရည်အချင်းအပြင် Korean ဘာသာစကားလဲသတ်မှတ်ထားတာ ရှိတယ်ဆိုတာလေး ပြန်ပြီး သတိပေး ပြောပြပါရစေ။)

အဲ့တော့ ….
ဒီမေးခွန်းအတွက် ထိထိရောက်ရောက် ချုံပြောရရင်
Testing အောင်_အရွေးခံရပြီး လိုအပ်တဲ့ စာရွက်စာတမ်း ပြင်ဆင်စုဆောင်းစဉ်ကြားကာလအတွင်း
- မိမိအရည်အချင်းကို Polish တင်ပါ။
- Basic ထက်မြင့်တဲ့ မွမ်းမံသင်တန်းမျိုးတွေ တက်ပါ။
- Korean Language သင်ယူထားပါ။

〰️〰️〰️〰️〰️〰️〰️〰️〰️

🗯 : ကိုယ့်မှာ လုပ်သက်၊ အတွေ့အကြုံ၊
သတ်မှတ်အရည်အချင်းတွေ ရှိပြီးသားဆို
ဘယ်လို Join ရမလဲ။ ❓

👉🏻 : အတွေ့အကြုံရှိပြီးသားဆို အပေါ်မှာ ရှင်းပြခဲ့သလို လှေကားတစ်ထစ် ရောက်ပြီးသားဖြစ်လို့
Korea Inspectors (ကိုရီယားနိုင်ငံသား စစ်ဆေးအကဲဖြတ်သူ) များမှ စမ်းသပ်တဲ့ Welding Skill Test ကို ဖြေလို့ရပါပြီ။
အဲ့အတွက် ကိုယ်ဝင်ဖြေဖို့၊ သွားဖို့အတွက် ကိုရီးယား နိုင်ငံနှင့် ချိတ်ဆက် Agent ကို ရှာဖွေပြီး ဒုတိယခြေလှမ်း စတင်လိုက်ရုံပါပဲ။

➰➰➰➰➰➰➰➰➰➰

ဒီလောက်ဆို စတင်လုပ်ကိုင်ရမယ့် အဆင့်လေးတွေ ရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဗျ။ 💌

ဒုတိယအဆင့် (ဒုတိယလှေကားထစ်)ကို
“ ဘယ်လိုဆက်လှမ်းရမလဲ “
ဆိုတာကို နောက် Post တစ်ခုမှာ ဆက်လက်ဖော်ပြပေးသွားပါမယ်ခင်ဗျာ ။🫶🏻

📝 By Shwe Thee

Korea နိုင်ငံမှာ တရားဝင်သွားရောက်လုပ်ကိုင်ခွင့်_ E7 visa အကြောင်း 🇰🇷🔺 ပထမဦးစွာ ပြောပြချင်တာက အခုနောက်ပိုင်း ပြည်ပမှာ သွာ...
11/12/2023

Korea နိုင်ငံမှာ တရားဝင်သွားရောက်လုပ်ကိုင်ခွင့်_ E7 visa အကြောင်း 🇰🇷

🔺 ပထမဦးစွာ ပြောပြချင်တာက အခုနောက်ပိုင်း ပြည်ပမှာ သွားရောက်လုပ်ကိုင်နေကြ/လုပ်ကိုင်ချင်ကြတဲ့ မြန်မာနိုင်ငံသားများအကြား စိတ်ဝင်စားမှုများပြားလာတဲ့ ကိုရီးယားနိုင်ငံသို့ သွားရောက် လုပ်ကိုင်နိုင်သည့် အလုပ်အကိုင်
အခွင့်အလမ်း တစ်ရပ်ကို ပြောပြပေးချင်လို့ လက်လှမ်းမှီသလောက် လေ့လာထားသမျှ ပြန်လည် တင်ပြရခြင်းသာဖြစ်ပါတယ်ခင်ဗျာ 📣

ကဲ…… လက်လှမ်းမှီသလောက် တစ်ဆင့်ချင်းပြောပြပေးသွားမှာဖြစ်လို့ စာရှည်ပါမယ်ဗျ❕

🗣: E7 visa ဆိုတာ ဘယ်လိုမျိုးလဲ ❓

💬 အတိုဆုံးနဲ့ အရှင်းလင်းဆုံး ပြောပြရရင် ~~
E7 visa ဆိုတာ အခြားသောပြည်ပနိုင်ငံများ၏ နယ်ပယ်အသီးသီးမှ သင့်လျော်တဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုရှိသော လုပ်သားများအား ကိုရီးယား နိုင်ငံတွင်း နေထိုင်ကာ အလုပ်လုပ်ကိုင်ခွင့် ပေးထားသော visa အမျိုးအစားဖြစ်ပါတယ် ။

〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🗣 : E7 visa အမျိုးအစားဘယ်နှမျိုးရှိသလဲ ❓

💬 E7 visa အမျိုးမျိုးရှိပါတယ်။
ကျွမ်းကျင်လုပ်သားများအနေဖြင့် ကိုရီးယားနိုင်ငံမှာ သွားရောက်လုပ်ကိုင်ကြသူ အများစုအတွက်တော့ E7 visa ကို အဓိကအားဖြင့်
E7-1, E7-2, E7-3, E7-4 ဆိုပြီး
(၄)မျိုး ခွဲခြားဖော်ပြထားတာ တွေ့ရပါတယ်။ မိမိကျွမ်းကျင်ရာ နယ်ပယ်နဲ့ ကိုက်ညီမယ့် Visa အမျိုးအစားတွေထဲ ဝင်ရောက်လုပ်ကိုင်နေကြတဲ့သူအများအပြားကိုလက်ရှိလုပ်ကိုင်နေကြဆဲဖြစ်ကြောင်း လေ့လာမိပါတယ်။
(ဒီနေရာမှာ စာအရမ်းရှည်မှာစိုးလို့ တတ်နိုင်သလောက် ချုံ့ပြီး ကျွန်တော် အသေးစိတ်မဖော်ပြတော့ပါဘူး။ )

〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🗣 : E7 visa ကိုင်ဆောင်ထားသူအနေနဲ့ ဘာအားသာချက်တွေ ရှိမလဲ ❓

💬 E7 ဗီဇာ ကိုင်ဆောင်ထားသူအနေနဲ့ ရရှိနိုင်တဲ့ အကျိုးကျေးဇူးအချို့ကတော့ ~~

၁) E7 ဗီဇာ ကိုင်ဆောင်သူတွေဟာ ကိုးရီးယားမှာ တစ်သက်လုံးနီးပါးနေလို့ရပါတယ်။
၂) E7 ဗီဇာ ကိုင်ဆောင်သူတွေဟာ ကိုးရီးယားမှာ ဆက်ပြီးအလုပ်လုပ်နိုင်ပါတယ်။
၃) E7 ဗီဇာ ကိုင်ဆောင်သူတွေဟာ မိသားစုကို F3 ဗီဇာ (မှီခို) နဲ့အလည်ဖိတ်လို့ရပါတယ်။
၄) E7 ဗီဇာ ကိုင်ဆောင်သူတွေဟာ အလုပ်စာချုပ်ရှိနေသရွေ့၂နှစ် တစ်ခါ ဗီဇာတိုးလို့ရပါတယ်။
၅) E7 ဗီဇာ ကိုင်ဆောင်သူတွေဟာ ကိုးရီးယားနိုင်ငံသားအဖြစ်သော်လည်းကောင်း၊ နေထိုင်ခွင့်လျှောက်ထားခွင့်သော်လည်းကောင်း လုပ်ဆောင်နိုင်ပါတယ်။
〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🗣 : နိုင်ငံသားအများစု ဝင်ရောက်လုပ်ကိုင်နေတဲ့ E7 visa က ဘယ်ဟာမျိုးလဲ ❓

💬 ကျွန်တော်တို့ မြန်မာနိုင်ငံသားအများစု
သွားရောက်လုပ်ကိုင်နေကြတဲ့ အမျိုးအစားကတော့
‘ General Skill Job ’လို့ ခေါ်တဲ့ E7-3 visa အမျိုးအစားပါ။
E7-3 visa မှာ welding, electric, painter … အစရှိတဲ့ အလုပ်အကိုင်များပါဝင်ပြီးတော့ အများစုခေါ်ယူတဲ့ အလုပ်အကိုင်ကတော့
ကိုရီးယားနိုင်ငံ သင်္ဘောကျင်းများမှာ professional welderများအဖြစ်ခေါ်ယူကြတဲ့ welding အလုပ်အကိုင်များဖြစ်ပါတယ်။

သင်္ဘောကျင်းတည်ဆောက်ပြုပြုင်ရေး လုပ်ငန်းမှာ ကိုရီးယားနိုင်ငံက ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးနိုင်ငံအဖြစ် လေ့လာသိရှိရပါတယ်။

〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🗣 : E7-3 visa အတွက် ဘယ်လိုလူတွေကို ခေါ်သလဲ / ဘယ်လိုလူတွေ လုပ်လို့ရသလဲ ❓❓

💬 Welding, Electric , Painter အစရှိတဲ့ နယ်ပယ်မှာ အတွေ့အကြုံရှိပြီး အရည်အချင်းပြည့်ဝတဲ့ သူတွေကို ခေါ်ယူတာပါ။ သက်ဆိုင်ရာနယ်ပယ်မှာ လိုအပ်တဲ့ လုပ်ငန်းအတွေ့အကြုံ၊ အရည်အချင်း၊ အသိအမှတ်ပြုလက်မှတ်ရှိသူများ လုပ်ကိုင်လို့ရပါတယ်။ လိုအပ်တဲ့ အရည်အချင်းဆိုတဲ့နေရာမှာ လုပ်ငန်းကျွမ်းကျင် အရည်အချင်းအပြင် အတိုင်းအတာ တစ်ခု ဘာသာစကား ကျွမ်းကျင်မှု လိုအပ်ချက် အရည်အချင်းလဲ ပါတယ်ဆိုတာလေး သိထားပေးဖို့လိုပါတယ်။

〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🗣 : ယခု လက်ရှိမြန်မာနိုင်ငံသားများအနေနဲ့ သွားလို့ရမယ့် E7-3 visa အလုပ်အကိုင်က ဘယ်အလုပ်ဖြစ်မလဲ ❓

💬 ခေါ်ယူမှုအများဆုံးနဲ့ လက်ရှိသွားရောက်လုပ်ကိုင်နေကြတဲ့အလုပ်ကတော့ အပေါ်မှာပြောခဲ့သလိုပဲ Welding (သင်္ဘောကျင်း ဂဟေဆော်ခြင်း) လုပ်ငန်းဖြစ်ပါတယ်။

〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🗣 : Welding လုပ်ငန်းအတွက် ဘယ်လို သတ်မှတ်ချက်တွေ ရှိသလဲ ❓

💬 ဒီလုပ်ငန်းနယ်ပယ်မှာ လုပ်သက် ၅နှစ်အထက် တွေ ခေါ်တာများပါတယ်။ သို့ပေမယ့် ယခုနောက်ပိုင်းတွေမှာ သတ်မှတ်ချက်တွေ လျှော့ပြီး လုပ်သက်နည်းသူတွေ၊ လုပ်သက်မရှိသေးသူတွေကို သတ်မှတ် အရည်အချင်း_ကျွမ်းကျင်သင်တန်းဆင်း လက်မှတ် ရှိသူတွေ၊ အရည်အချင်းစစ် အောင်မြင်တဲ့သူတွေ၊ အခုမှ စပြီး ခြေလှမ်းမယ့်သူတွေအတွက် အခွင့်အရေးပေး ခေါ်ယူတာတွေ့ရပါတယ်။

〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🗣 : Welding လုပ်ငန်းအတွက် ပညာရေး နှင့် အသက်အရွယ် သတ်မှတ်ချက် ❓

💬 တခြားသော E7 visa များအတွက်တော့ ဘွဲ့ရရှိသူ၊ သက်ဆိုင်ရာလုပ်ငန်း လုပ်သက် အနည်းဆုံး ၅နှစ်အထက်ရှိရမယ်လို့ ကန့်သတ်ထားကြပေမယ့်
ယခု E7-3 visa အတွက်တော့
အရင်ကလောက် ကန့်သတ်ချက်မများတော့ဘဲ
ပညာအရည်အချင်းအနေနဲ့ အခြေခံပညာအဆင့်ကနေ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း တွေ့လာရပါတယ်။
ကိုရီးယားနိုင်ငံမှာ သွားရောက်လုပ်ကိုင်ရမှာ ဖြစ်တဲ့အတွက် အနည်းဆုံး Korean Language Topik 2 ရှိရမှာဖြစ်ပါတယ်။
အသက်အရွယ် အနေနဲ့ ၂၅ နှစ်မှ ၅၀ နှစ်အတွင်း မည်သူမဆို လျှောက်ထားနိုင်ပါတယ်။

〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🗣 : ဘာကြောင့် Welding အလုပ်ကို သွားရောက်လုပ်ကိုင်သူများရတာလဲ ? ဘယ်လို အကျိုးခံစားခွင့်နဲ့ လုပ်ခလစာ ခံစားခွင့်တွေရှိလဲ ❓

💬 ဒီမေးခွန်းအတွက်ကတော့ ရှင်းပါတယ်။ အပေါ်မှာ ပြောပြခဲ့သလို E7 visa ကိုင်ဆောင်ထားသူအနေနဲ့ ရရှိလာနိုင်မယ့် အားသာချက်တွေက တခြားနိုင်ငံ၊ တခြားလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်နေတဲ့သူတွေထက် ပိုမိုကောင်းမွန်တဲ့အတွက်ပဲ ဖြစ်ပါတယ်။
ဒီထက်ပိုပြီး ဆွဲဆောင်နေတဲ့ အချက်က လုပ်ခလစာ ခံစားခွင့်မှာ ကိုရီးယားနိုင်ငံသားတွေအတွက် သတ်မှတ်ခံစားခွင့်ရဲ့ ၇၀%ရတာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ လုပ်ငန်းသဘောသဘာဝအရ မိမိလုပ်ကိုင်တဲ့ အချိန်နာရီပေါ်မူတည်ပြီး ပေးချေတာ ဖြစ်ပါတယ်။ (တစ်နည်းပြောရရင် နိုင်ငံရဲ့ (အများစု)ရာသီဥတုအပြောင်းအလဲပေါ်မူတည်ပြီး တစ်နေ့တာရဲ့ အလုပ်ချိန်ကို ပုံသေ သတ်မှတ်ထားတာမရှိပါဘူး။ ‘ တစ်လအတွင်း သူတို့သတ်မှတ်ထားတဲ့ နာရီ
< ဥပမာ နာရီ (၂၀၈)> ပြည့်မှီရင် ရပါတယ်’
ဒီလိုဆိုလိုတာပါ။ )

လေ့လာတွေ့ရှိချက်အရ ~~~
အလုပ်သမားတစ်ဦးရဲ့ အခြေခံ လုပ်ခလစာ ခံစားခွင့်မှာ ပျမ်းမျှ ကိုရီးယားဝမ် သိန်း ၂၀ခန့် (မြန်မာငွေ သိန်း၅၅-၆၀ ဝန်းကျင်) ရရှိပါတယ်။
ဒါ အချိန်ပို လုပ်ခွင့် OT ကြေးမပါသေးဘဲ အခြေခံလစာပါ!။
အချိန်ပိုလုပ်ရတဲ့ အချိန်၊ ရရှိတဲ့ အချိန်ပိုကြေးကတော့ မိမိတို့ ဝင်ရောက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီပေါ်မူတည်ပြီး ပုံသေသတ်မှတ်လို့မရတဲ့အတွက် ထည့်သွင်းမဖော်ပြထားပါဘူး။ အချိန်ပိုလုပ်ကိုင်ခွင့်ကတော့ ကုမ္ပဏီတိုင်းမှာ ရှိပါတယ်လို့ သိရှိရပါတယ်။ (OT ကောင်းကောင်းရလေ ဝင်ငွေ ပိုကောင်းလေဖြစ်မှာပါ။)

〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🗣 : အများစုသွားကြတဲ့ သင်္ဘောကျင်းလုပ်ငန်းတွေမှာ ဘာတွေ လုပ်ရမလဲ ❓

💬 အဓိကကတော့ သင်္ဘောကြီး တစ်စင်းဖြစ်ဖို့အတွက် သင်္ဘောအပိုင်းအစလေးတွေ အရင်လုပ်ရပါတယ်။ အပိုင်းလေးတွေ ဖြစ်ပြီးမှ ဒီအပိုင်းအစတွေနဲ့ သင်္ဘောကြီး အကြီးကြီး ဖြစ်ဖို့အတွက်
ကရိန်းစက်အကြီးကြီးတွေနဲ့ မပြီး
ပြန်ဆက်ရပါတယ်။
အဲ့တော့ တချို့ အလုပ်သမားတွေက
အပိုင်းပိုင်းလေးတွေလုပ်နေတဲ့နေရာမှ
လုပ်ကိုင်ရပြီးတော့
တချို့ကတော့ အပိုင်းအပိုင်းတွေကို ဆက်ရတဲ့နေရာမှာ လုပ်ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။

〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🗣 : E7-3 visa နဲ့ Korea Welding သွားမယ်ဆို ဘာတွေလိုမလဲ / ဘာတွေပြင်ဆင်ထားသင့်လဲ ❓

💬 ကိုယ့်မှာ လုပ်ငန်းအတွက် လိုအပ်တဲ့ အတွေ့အကြုံ အရည်အချင်းတွေ ရှိနေရင်ကို သွားလို့ရပါပြီ။
အတွေ့မကြုံမရှိလို့ အခုမှစပြီး ပြင်ဆင်မယ့်သူတွေဆိုရင်လဲ သတ်မှတ် အရည်အချင်းရှိနေအောင် ဖြည့်ထားရင် ရပါပြီ။ အဲ့တော့ ~~~ အတွေ့မကြုံမရှိလို့ဘာအရည်အချင်းတွေ ဖြည့်ရမလဲဆိုရင်
ပထမဆုံး Welding လုပ်ငန်းနဲ့ပတ်သက်တဲ့ သင်တန်းတွေ မဖြစ်မနေ တက်ထားဖို့လိုမှာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခု ဖြည့်စွက်ပြောပြချင်တာက Welding လုပ်ငန်းက လုပ်တတ်ရုံ/ လုပ်ဖူးရုံ/ သိရုံလောက်နဲ့ လုပ်လို့ရတဲ့ အလုပ်မျိုးမဟုတ်ပါဘူး။ များများလေ့ကျင့်ပြီး လုပ်ငန်းသဘောသဘာဝပြည့်ဝနေမှ အဆင်ပြေမှာပါ။(ဘာလို့ဆို ပုံမှန် အဆောက် အအုံ Welding လုပ်ကိုင်တာမျိုးလို စက်ပစ္စည်း အသေစားကိုင်တွယ်ရတာမျိုးမဟုတ်ဘဲ ရေထဲသွားမယ့် ကုန်တင်သင်္ဘောတွေလို ထုထည် အကြီးကြီး စက်ပစ္စည်းအကြီးကြီးတွေနဲ့ ကိုင်တွယ်လုပ်ကိုင်ရတာ ဖြစ်လို့ပါ။ ဒါ့ကြောင့်လဲ ကျွမ်းကျင် အတွေ့အကြုံ လုပ်သက် ၅နှစ်/ ၅နှစ်အထက်တွေ၊ သတ်မှတ်အရည်အချင်းပြည့်မှီတဲ့ သင်တန်းဆင်းလုပ်သားတွေပါ ခေါ်တာပါ။ )

နောက်ထပ်တစ်ခုကတော့ ဘာသာစကားပါ။
ပြည်ပနိုင်ငံမှာ သွားရောက်လုပ်ကိုင်မယ်ဆို ကိုယ်သွားမယ့်နိုင်ငံရဲ့ ဘာသာစကားတော့ အနည်းဆုံး နားလည်တဲ့အဆင့်၊ ဆက်သွယ်ပြောဆိုနိုင်တဲ့အထိတော့ တက်ကိုတက်ထားဖို့ လိုအပ်ပါတယ် !! ။)
ဒီ Welding လုပ်ငန်းအတွက် Korean Language Topik 2 သတ်မှတ်ထားတာဖြစ်လို့
ကိုယ့်မှာ လုပ်ငန်းအတွေ့ကြုံရှိသည်ဖြစ်စေ၊ အခုမှ Welding သင်တန်းတက်မယ်ဖြစ်စေ Korean Language ကိုတစ်ခါတည်း တက်ထားဖို့ အကြံပြုချင်ပါတယ်။
တချို့ကုမ္ပဏီတွေမှာတော့ English Language ကိုပါ သတ်မှတ်ချက်ထားပေမယ့် ကိုရီးယားဘာသာစကားလောက် မဟုတ်ဘဲ အင်္ဂလိပ်လို နားလည် ဖတ်တတ်တယ်ဆိုရင် ရပါပြီ။

〰️〰️〰️〰️〰️〰️〰️〰️〰️〰️

အဲ့တော့
နောက်ဆုံးအနေနဲ့ တင်ပြချင်တာလေးက~~

မိမိက ကိုရီးယားနိုင်ငံသို့ သွားရောက်နေထိုင်ချင်တယ် လုပ်ကိုင်ချင်တယ်ဆိုရင်တော့
အခုတည်းက သေချာ နှံ့စပ်အောင်လေ့လာပါ။ !
ယုံကြည်စိတ်ချရတဲ့ Agent တွေ သင်တန်းတွေ ကို လေ့လာပါ စုံစမ်းပါ။ !
(အယုံမလွယ်ဖို့နဲ့ အမြန်လမ်းမလိုက်ဖို့ အကြံပေးချင်ပါတယ်။) ‼️

စာလဲ ရှည်သွားပြီဖြစ်လို့ ဒီလောက်နဲ့ ခဏရပ်ပြီး
နောက်ထပ် post တွေမှာ
-ဒီလုပ်ငန်းကို ဘယ်လို စတင်ခြေလှမ်းရမလဲ/
-ဘယ်လိုသင်တန်းတွေ ယုံကြည်စိတ်ချရလဲဆိုတာမျိုးကို ဖော်ပြသွားပါဦးမယ်။
နောက်ထပ် အချက်အလက် သိလိုတာတွေရှိရင် Comment မှာ ရေးပြီး မေးထားလို့ရပါတယ်ခင်ဗျာ။

Next ; Tips and Suggestions များကိုအောက်ပါ
linkမှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီခင်ဗျာ။ 👇🏻

📸 Look at this post on Facebook https://www.facebook.com/share/p/7uiEFpc2QepRQKy5/?mibextid=WC7FNe

📝 By Shwe Thee

23/12/2021
22/12/2021

Address

Yuazana 1Street
Dagon
16°50'56.1"N96°13'24.6"E HTTPS://MAPS.APP.GOO.GL/P2NBGPBDPHF6Y41O6?G_ST=IC

Telephone

+959792983899

Website

Alerts

Be the first to know and let us send you an email when Kaung Sithi Overseas Employment Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung Sithi Overseas Employment Co.,Ltd.:

Share

Category