29/06/2024
- 10 tips for your safety and
comfort (3)
- (၂) အရည်အသွေးကောင်းမွန်သော အသက်ရှုကိရိယာ
များကိုအသုံးပြုခြင်း
Snorkeling အမြဲတမ်းပြုလုပ်မဲ့သူဟာ အရည်အ
သွေးကောင်းမွန်တဲ့ Mask, Snorkel စသည်တို့တို ကိုယ်
ပိုင်၀ယ်ယူအသုံးပြုသင့်ပါတယ်။Snorkeling Gear တွေ
ရဲ့အပိုပစ္စည်း ကိုကျွန်တော်တို့နိုင်ငံမှာ၀ယ်ယူဖို့ခက်ခဲတဲ့
အတွက် အရည်အသွေးကောင်းမွန်တာကိုအသုံးပြုတာ
ဟာ ကုန်ကျစရိတ်ပိုမိုသက်သာစေ ပါတယ်။အရည်အ
သွေးကောင်းမွန်တဲ့ Snorkeling Gear ကိုအသုံးပြုတာ
ဟာ snorkeling ပြုလုပ်ချိန်မှာ စိတ်အနှောင့်အယှက်မ
ဖြစ်စေဘဲ သက်တောင့်သက်သာ ပြုလုပ်နိုင်ပါလိမ့်မယ်။
Snorkeling ကိုတခါတရံသာပြုလုပ် လေ့ရှိပြီး၊အလွယ်
တကူအသက် ရှုဖို့ဆိုရင်တော့ Full Face Mask ကိုရွေး
ချယ်အသုံးပြုနိုင်ပါတယ်။
Snorkelingခရီးစဉ်များမှာ လည်ပတ်တဲ့ ခရီးသည်
များအနေ နဲ့ကတော့ Snorkeling Gear တွေကို သီးခြား
၀ယ်ယူရန်မလိုဘဲ ခရီးစဉ်မှ စီစဉ်ပေးတဲ့ Snorkeling
Gear များကို အောက်ပါအတိုင်း ရွေးချယ်တပ်ဆင် အသုံး
ပြုသင့်ပါတယ်.....
(၁) မျက်မှန်(mask) နှင့် မျက်နှာကိုဖိကြည့်ပါ။လေစုပ်
ထားပြီး မျက်နှာတွင် ကပ်နေမှ snorkeling ပြုလုပ်
စဉ် မျက်မှန်တွင်းသို့ ရေ၀င်ခြင်းကို ကာကွယ်ပါလိမ့်
မည်။
(၂) Snorkel တွင်သွားဖြင့်ကိုက်ရသော ရော်ဘာဘု ပါမ
ပါကြည့်ပါ။Snorkeling ပြုလုပ်စဉ်ပါးစပ်ဖြင့်သာ
အသက်ရှုရသဖြင့် ၄င်းဘု မပါလျှင် ပါးစပ်တွင်းသို့
ရေ၀င်နိုင်ပါသည်။
(၃) ရေထဲမဆင်းမီ Beginer နှင့် ရေမကူးတတ်သူများ
Life Jacket ကိုစနစ်တကျ ၀တ်ဆင်ပြီးမှ ဆင်းရပါ
မည်။Guide များဧ။် အကူအညီကို ရယူသင့်ပါသည်။
(၄) ရေထဲတွင် Snorkeling ပြုလုပ်စဉ် မျက်မှန်အတွင်း
တွင် မျက်စိဧ။်အပူချိန် ကြောင့် ရေငွေ့ရိုက်ပြီး အမြင်
မရှင်းတတ်ပါ။အလွယ်ကူဆုံးမှာ တံတွေးဖြင့်မျက်မှန်
အတွင်းသားအား ပွတ်တိုက်ရန်ဖြစ်ပါသည်။အခြား
နည်းလမ်း တစ်ခုမှာ ရေထဲမဆင်းမီ မျက်မှန် အတွင်း
အပြင်အား Baby Shampoo ဖြင့်သုတ်လိမ်းပြီး ရေ
ဆေးရန်ဖြစ်ပါသည်။ Baby Shampoo သည် မျက်စိ
စပ်ခြင်းမဖြစ်ပေါ်နိုင်ပါ။
(၅)ရေမျက်နှာပြင်တွင် မှောက်ပြီး၊ Snorkeling ပြုလုပ်
စဉ် Snorkel အတွင်း ပင်လယ်ရေ၀င်ရောက် လာပါ
က ပါးစပ်မှ လေအားဖြင့် ဆောင့်ပြီးမှုတ်ထုတ်ပါက
ပင်လယ်ရေများ snorkel ပိုက်မှ ပြန်ထွက်သွားပါမည်။
(၆)ခရီးစဉ်တွင် boat မှ စီစဉ်ပေးသော Snorkeling
Gear များ ရေအောက်သို့ပြုတ်ကျပါက Guide အား
ချက်ချင်းအကြောင်းကြားပြီး ပြန်လည်ဆယ်ယူ ရန်လို
အပ်ပါသည်။Snorkel Gear ပျောက်ဆုံးပါက Boat
Company မှ သက်မှတ်ချက်အတိုင်း ပေးလျော်ရမည်
ဖြစ်ပါသည်။(အိမ်နီးချင်းထိုင်းနိုင်ငံတွင် snorkeling
gear တစ်စုံတန်ဖိုးအား ၁၅၀၀ ဘတ်ပေးလျော်ရန်
သတ်မှတ်လေ့ ရှိပါသည်)
(၇)ပါဝါမျက်မှန်တပ်သူများ မျက်ကပ်မှန် အသုံးပြုနိုင်ပါသည်။
(၈) ရေမကူးတတ်သူ နှင့် Beginer များ Snorkeling
Fin ကို အသုံးမပြုသင့်ပါ။ခြေသလုံး ကြွက်တက်
တတ်ပါသည်။