Htet Shine Resort & Boat Trip

Htet Shine Resort & Boat Trip လာရောက်တည်းခိုသောဧည့်သည်များ၏စိတ်?

15/03/2023

ကြိုက်လွန်းလို့ မျက်ရည်ဝဲမိပါတယ်။
ငါ-ကျေနပ်ပါပြီ
**************
၁။ ငါအိပ်ရာထဲလဲခဲ့တဲ့အခါ

မိုးလင်းတဲ့အခါ ငယ်စဉ်ကလေ
မင်းတို့ရဲ့ မျက်နှာနုနုလေးကို အေးမှာဆိုးလို့
ငါ နေ့စဉ် ရေနွေးနဲ့ သစ်ပေးခဲ့ပေမယ့်
ငါ့ကိုတော့
ရေအေးနဲ့ သစ်ပေးရင်ပဲ
ငါ ကျေနပ်ပါပြီ။

၂။ အစာကျွေးတဲ့အခါ

ငယ်စဉ်ကလေ
မင်းတို့ ကြီးထွားရှင်သန်ဖို့
ဈေးကြီးတဲ့ အာဟာရမုန့်တွေ ငါဝင်အောင် ကျွေးခဲ့ပေမယ့်
ငါ့ကိုတော့
အစာကျေတဲ့ ဆန်ပြုတ်ကျဲလေး ကျွေးရင်ပဲ
ငါ ကျေနပ်ပါပြီ။

၃။ ငါအစားမဝင်တဲ့အခါ

ငယ်စဉ်ကလေ
ထမင်းတစ်ပန်းကန် စားကုန်ဖို့ အိမ်ရှေ့အိမ်နောက် လှည့်ပတ်ပြေးလွှားနဲ့ နာရီရှည်ကြာလို့ ငါ မညောင်းခဲ့ပေမယ့်
ငါ့ကိုတော့
မိနစ်ပိုင်းလောက် အားစိုက်ကျွေးရင်ပဲ
ငါ ကျေနပ်ပါပြီ။

၄။ ငါအိပ်မပျော်တဲ့အခါ

ငယ်စဉ်ကလေ
လေထိုးလို့၊ ဖျားလို့၊ ဝမ်းလျောလို့ ရောဂါစုံဖြစ်တတ်တဲ့
မင်းတို့တစ်တွေကို ပြုစုယုယရင်း တစ်လမအိပ်ရလို့လည်း
ငါ မညည်းညူခဲ့ပေမယ့်
ဝေဒနာကြောင့်
အိပ်မပျော်တဲ့ငါ့ကို
တစ်ရက် နှစ်ရက် သည်းခံကြည့်ပေးရင်ပဲ
ငါ-ကျေနပ်ပါပြီ။

၅။ ငါမထနိုင်တဲ့ အခါ

ငယ်စဉ်ကလေ
ရက်ပေါင်းများစွာ ချိုမိုင်မိုင် ဆိုပေးရင်း
လက်ကလေးတွေ သန်မာအောင် ကြိုးစားပေးခဲ့တဲ့ ငါ့ကို....
မင်းတို့ လက်ကလေးတွေကို
ခဏတာအသုံးချပြီး ထူပေးကြရင်ပဲ
ငါ-ကျေနပ်ပါပြီ။

၆။ ငါတွေ့ချင်တဲ့အခါ

ငယ်စဉ်ကလေ
လပေါင်များစွာ ခြေကို
ဖြောင့်ဆင်းပြီး သီချင်းဆိုပေးရင်း ခြေထောက်လေးတွေ သန်မာအောင် နှိပ်နယ်ပေးခဲ့တဲ့ ငါ့ဆီ.....
မင်းတို့ ခြေထောက်လေးတွေ အသုံးချပြီး ခဏလာတွေ့ရင်ပဲ
ငါ-ကျေနပ်ပါပြီ။

၇။ ငါမလှုပ်ရှားနိုင်တဲ့အခါ

ငယ်စဉ်ကလေ
နူးညံ့ပေ့ဆိုတဲ့အဝတ်အထည်တောင်နာမှာစိုးလို့ အသာအယာ ဝတ်ပေးခဲ့ပေမယ့်
အသိလွတ်တဲ့အချိန်အထိ
အဝတ်အစားတွေ ငါ့ကို ဂရုတစိုက်ဖုံးပေးရင်ပဲ
ငါ-ကျေနပ်ပါပြီ။

၈။ ငါထွက်သွားတဲ့အခါ

ထိုအချိန်မှာလေ
ငါ့သား ငါ့သမီး ငါ့မြေး မြစ် တို့ နောင်တအမွေ မရစေချင်လို့ ပြုစုခွင့်ရတုန်း ပြုစုနိုင်ကြဖို့.....
အခွင့်ပေးတာဝန် ကျေခဲ့ပါရစေ

မိခင် ဖခင်တိုင်းအား
ဤစာစုဖြင့် ပူဇော်ဦးညွတ်ပါသည်။🙏🙏🙏

တွဲဖက်ရွှေကျင်သာသနာပိုင်
ပါချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ။🙏🙏🙏

မေတ္တာဖြင့်
အရှင်ပုည( ဝကုန်း )

15/03/2023

သံတရာတစ်ကွေ့မှာ ပြန်တွေ့ချင်သော လူတစ်ဦးကို
"အဖေ"လို့ နာမ်စားပြုခဲ့တယ်

ဘဝနဲ့ ချီပြီး ဝေးကွာခဲ့ကြတယ်
ပြန်တွေ့ချင်လှပါတယ်

ဘယ်နှစ်ဘဝစောင့်ရမလဲ
ပြန်တွေ့ချင်သေးတယ်
ဘယ်ဘဝရောက်မှ တွေ့ရမလဲ
ပြန်ဆုံချင်သေးတယ်

အရင်းနှီးဆုံးလူတစ်ယောက်မို့
အစိပ်စိပ်အမြွှာမြွှာ ကြွေမွခဲ့ရတယ်

ကြွေခဲ့တဲ့ အစိတ်ပိုင်းတွေကို ပြန်မကောက်နိုင်ဘူး အဖေ
ဖာထေးတာ ပြုပြင်တာထက်ဆိုင်ရင်
ဆုံးရူံးသွားတာလေးက အမှတ်တရ ပိုဖြစ်ပါတယ်

နေ့ရက်တိုင်းမှာ နင့်ခနဲ ခံစားချက်နဲ့
လွမ်းရပါတယ်။ ။

#ခွန်းသွေးသစ်

13/03/2023
13/03/2023


ထူးထူးခြားခြား မှတ်ဖွယ်စကား
၁၁ မတ် ၂၀၂၃
+++++++++++++++++++++
#မီးဖိုချောင်ထဲဝင်မိခြင်း

မိန်းမတစ်ယောက်အတွက်
အဆိုးရွားဆုံးအမှားက
မီးဖိုချောင်ထဲ
ဝင်လိုက်တာပဲဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့
အဲဒီကနေ
ဘယ်တော့မှ
သူပြန်ထွက်မရတော့လို့
ဖြစ်တယ်။

ရှာကီးယား

09/03/2023
01/03/2023
ွမစိမ်းရောင်စီမံကိန်းရဲ့ရလာဘ်ကလေးပါရှာသူရှာသားမြားအားလုံးရဲ့စည်းလုံးအင်အားနဲ့ကနြ်းမာရေးစောင့်ရှောက်ပေးရန်ရောက်ရှိနေပွါပီ...
27/02/2023

ွမစိမ်းရောင်စီမံကိန်းရဲ့ရလာဘ်ကလေးပါရှာသူရှာသားမြားအားလုံးရဲ့စည်းလုံးအင်အားနဲ့ကနြ်းမာရေးစောင့်ရှောက်ပေးရန်ရောက်ရှိနေပွါပီအားလုံးညီညီညှတ်ညှတ်နဲ့အ ကောင်းဆုံွးကိုးစားသှာွးကမယ်နော်၊လောလောဆယ်မှာတော့ကားထားရန်အတှက် ကားဂိုဒေါင်လေးဆောက် လုပ် ဖို့ငွှေေကးလိုအပ်ခက်ြလေးရှိပါတယ်စေတနာသဒါတရားထက်သန် သူမြားလှူဒါန်း ပေွးကပါအုံးနော်

03/10/2022
လာမယ့်သီတင်းကျွတ်ရုံးပိတ်ရက်/ ကျောင်းပိတ်ရက်များမှာစိတ်ရောကိုယ်ပါအပန်းဖြေအနားယူစေရန်အရောက်လှမ်းခဲ့ပါနော်🤗💁လတ်ဆတ်သန့်ရှင်...
28/09/2022

လာမယ့်သီတင်းကျွတ်ရုံးပိတ်ရက်/ ကျောင်းပိတ်ရက်များမှာစိတ်ရောကိုယ်ပါအပန်းဖြေအနားယူစေရန်အရောက်လှမ်းခဲ့ပါနော်🤗💁

လတ်ဆတ်သန့်ရှင်းတဲ့အစားအသောက်များကိုကိုယ်တိုင်စိတ်တိုင်းကျချက်ပြုတ်စီစဥ်ကျွေးမွေးတာမို့လို့စားမကောင်းမှာကိုတွေးမပူပါနဲ့🙆

အေးချမ်းစိတ်ငြိမ်တဲ့နေရာလေးမို့လို့အပူအပင်မရှိစွာအိပ်စက်အနားယူနိုင်ဖို့ကိုလည်းအာမခံပါတယ်နော်😺🙆🎀

ပင်လယ်စာကြိုက်သူများအတွက်လည်းလုံးဝကိုလတ်ဆတ်တဲ့ပင်လယ်စာမျိုးစုံနဲ့ဧည့်ခံကျွေးမွေးတာပါနော်"....🍱🥘🍽🎉
ကဲဒါဆိုရင်တော့-လာမယ့်ပိတ်ရက်တွေအတွက်ဘိုကင်လေးတွေလက်ခံနေပါပြီ။...😚🤗✍
Ph- 09421732340 သို့ဆက်သွယ်စုံစမ်း၍ချိတ်ဆက်နိုင်ပါပြီရှင့်။🤙🤙📞💙🌐

27/09/2022

အတွေးဟာ သိပ်ကိုအရေးကြီးတယ်...🌹
ဖတ်ကြည့်နော်…

ငါ ကံဆိုးတယ် လို့
မတွေးပါနဲ့။
ငါ ကံကောင်းနိုင်သေးတယ်လို့ပဲ
တွေးပါ…

ငါ ဆင်းရဲတယ် လို့
မတွေးပါနဲ့။
ငါ ချမ်းသာနိုင်သေးတယ်လို့ပဲ
တွေးပါ။

ငါ အဆင်မပြေဘူး လို့
မတွေးပါနဲ့။
ငါ အဆင်ပြေနိုင်သေးတယ်လို့ပဲ
တွေးပါ။

ငါ မပျော်ရွှင်ရဘူး လို့
မတွေးပါနဲ့။
ငါ ပျော်ရွှင်ရလိမ့်အုံးမယ်လို့သာ
တွေးပါ။

စိတ်ဟာ
အင်မတန်မှ တန်ခိုးကြီးပါတယ်။

စိတ်ထားလေးပဲ ပြင်လိုက်ပါ။
အတွေးကို လွန်စွာ မတွေးပါနဲ့။

စိတ်ဆင်းရဲစေမည့် အတွေးတွေကို
အတိတ်မှာပဲ ထားခဲ့လိုက်ပါ။

ဘာဖြစ်လို့လဲ ဆိုတော့…

လှပတဲ့ဘဝဆိုတာ…
လှပတဲ့အတွေးကနေ လာတာပါ။

တောက်ပတဲ့ဘဝဆိုတာ…
တောက်ပတဲ့အတွေးကနေ လာတာပါ။

ငြိမ်းချမ်းတဲ့ဘဝဆိုတာ
ငြိမ်းချမ်းတဲ့အတွေးကနေ လာတာပါ။

အတွေးတွေကနေ
အပြောတွေ အလုပ်တွေ ဘဝတွေ
ဖြစ်လာတာပါ။

ဒါကြောင့်…
အတွေးတွေကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။

သင့်အတွေးတွေက
သင့်ကို
ကောင်းတဲ့လူတစ်ယောက် ဖြစ်အောင်
လုပ္လို့ရသလို
သင့်ကို ပျက်စီးသွားအောင်လည်း
လုပ်လို့ရပါတယ်။

စိတ်ချမ်းသာအောင်
အားတက်နေအောင် လုပ်နိုင်သလို

စိတ်ဆင်းရဲအောင်
စိတ်ဓာတ်ကျနေအောင်လည်း
လုပ်နိုင်ပါတယ်။

ကောင်းတဲ့ အတွေးအမြင်တွေကသာ

ကောင်းတဲ့ ဘဝတစ်ခုဆီကို
ခေါ်ဆောင်သွားမှာပါ။

မေတ္တာ ဖြင့်🍂
ပန်းပျိုးလက် ✍️

credit

24/09/2022
23/09/2022

သမီး 👧🏻
အထက်တန်းကျောင်းမှာရည်းစားထားရင် ကျောင်းသားနဲ့ဘဲတွေ့မယ်.... 👦🏻

တက္ကသိုလ်မှာရည်းစားထားရင် တက္ကသိုလ်ကျောင်းသားနဲ့တွေ့မယ်.... 👦🏼

အလုပ်ခွင်မှာရည်းစားထားရင် အလုပ်မှာကိုယ်နဲ့ တန်းတူကြိုးစားနေတဲ့ ယောကျာ်းလေးတွေနဲ့တွေ့မယ် ...👨🏻

သမီး ပညာတတ် သူဌေးမကြီးဖြစ်တဲ့အခါ သမီးကိုလိုချင်တဲ့ ဥစ္စာပေါရုပ်ချော သူဌေးတွေက သမီးကို ကမ်းလှမ်းလာလိမ့်မယ်.... 👥

သမီးဖြတ်သန်းရမဲ့ ဘဝ ၁ လျှောက်လုံး သမီး ကြိုးစားရင်ကြိုးစားသလောက် ကိုယ်နဲ့ ထိုက်တဲ့သူကိုတွေ့မယ်.... 👑

အသက်အရွယ် အတွေ့အကြုံရင့်ကျက်လာတာနဲ့ အမျှ သမီးအတွက် ရွေးချယ်စရာ ယောကျာ်းတွေပေါလာလိမ့်မယ်..... 👨‍👨‍👦‍👦

သမီး ဘဝ အတွက်ရွေးချယ်မှုဟာ သမီးပေါ်မှာဘဲမူတည်တယ်သမီး... 💁🏻

ကိုယ့်တန်ဖိုး နဲ့ ကိုယ့်ဂုဏ်ကို မြင့်တင်ပါသမီး...👸🏼

ခုချိန်မှာဘယ်အရာကိုမှ မသာယာမိစေနဲ့ သမီး....🙅🏻
သာယာမိတဲ့ တနေ့ဟာ သမီးဘဝအတွက် ပြန်ပြင်လို့မရတဲ့နောင်တ ဆိုတာကြီးနဲ့ကြုံရလိမ့်မယ် သမီး🙍🏻

21/09/2022
02/03/2022
သဘာဝ​အလှတရားတှေကိုခံစာွးပီးအေးဆေးတဲ့အရပ်မှာအနားယူအပန်ွးေဖဖို့ဇီးခုံကမ်ွးေခကထက်သြှိုငျး Resort က​ဖိတ်ခေါ.်ပါတယ်နော်
28/02/2022

သဘာဝ​အလှတရားတှေကိုခံစာွးပီးအေးဆေးတဲ့အရပ်မှာအနားယူအပန်ွးေဖဖို့ဇီးခုံကမ်ွးေခကထက်သြှိုငျး Resort က​ဖိတ်ခေါ.်ပါတယ်နော်

ဧည့်သည် မြားရဲ့စိတ် တိုင်းက​ျဝန္ေဆာင်မှုများကိုေပးလျှက္ပါ
24/11/2021

ဧည့္သည္ များရဲ့စိတ္ တိုင်းက​ျဝန္ေဆာင်မှုများကိုေပးလျှက္ပါ

ကိုဗစ်လွန်သော် ၊စောင့် မျှော်လျှက်
22/09/2020

ကိုဗစ်လွန်သော် ၊စောင့် မျှော်လျှက်

Welcome To Htet Shine Resort
11/03/2020

Welcome To Htet Shine Resort

Address

Zeegon Beach, Gwa Township
Gwa

Telephone

+959421732340

Website

Alerts

Be the first to know and let us send you an email when Htet Shine Resort & Boat Trip posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category