02/01/2025
၂၀၂၅ခုနှစ် ဇန္နဝါရီလ ၁ရက်နေ့ မြန်မာစံတော်ချိန် မနကျ၀၉း၃၀နာရီ စတင်ပြီး
မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံတွင်လက်ရှိနေထိုင်လျက်ရှိသောအခြားနိုင်ငံသားများအတွက်
ထိုင်းနိုင်ငံသို့၀င်ရောက်ရန် ဗီဇာလျှောက်ရာတွင် e-Visaစနစ်အသစ်ဖြင့် ဗီဇာအမျိုးအစားအားလုံးအတွက် ဖော်ပြပါလင့် https://www.thaievisa.go.th/ တွင်သာလျှောက်ထား နိုင်တော့မည် ဖြစ်ပါသည်။
အီးဗီဇာစနစ်တွင် ဖောင်ဖြည့်ရန်နည်းလမ်းကို အောက်ဖော်ပြပါလင့်တွင် သေသေချာချာဖတ်၍လေ့လာနိုင်ပါသည်။
https://www.thaiconsularyangon.com/evisapay/instruction
အီးဗီဇာစနစ်တွင် ဖောင်ဖြည့်သွင်းရာ၌ အထူးသိထားသင့်သည့်အချက်များ
မြန်မာနိုင်ငံသားများသည် မျိုးရိုးအမည် family name မရှိသောကြောင့် ညွှန်ကြားချက်နံပါတ် (၆) ကိုသေချာစွာလိုက်နာပါ။
အဆိုပါညွှန်ကြားချက်တွင် ဖော်ပြထားသည်မှာ မြန်မာနိုင်ငံသားများသည် မိမိအမည်အပြည့်အစုံကို First name နေရာတွင်သာဖြည့်ရန်ဖြစ်ပြီး Family name နေရာကို အလွတ်ထားရန်ဖြစ်ပါသည်။
အကယ်၍ ညွှန်ကြားချက်ကို မလိုက္နာပါက သင်၏အီးဗီဇာလျှောက်ထားမှု ငြင်းပယ်ခံရမည်ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂-၇ ရက်များအတွက် အီးဗီဇာလျှောက်ထားခဲ့ပြီး အီးဗီဇာကြေးပေးသွင်းရန်နံပါတ်ရရှိပြီးသူများသည် ဖောင်တွင် မိမိအမည်ကို ရှေ့နောက်မှားယွင်းဖြည့်သွင်းမိထားပါက ဖောင်အသစ်ကိုပြန်လည်ဖြည့်သွင်းနိုင်ရန် သံရုံးကခွင့်ပြုပေးပါမည်။
ထိုသူများသည် လျှောက်လွှာနံပါတ် Request No. အသစ္ကို မူလကရရှိထားသော အီးဗီဇာကြေးပေးသွင်းရန်နံပါတ် E-visa payment reservation No.နှင့်အတူ တွဲဖက်အသုံးပြုရပါမည်။
အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်ရမည်ဖြစ်ပြီး အချက်နံပါတ် ၃ Document indicating current location တွင် မြန်မာနိုင်ငံရှိအိမ်ထောင်စုစာရင်းပုံကို တင်ပေးရပါမည်။
နယ်ဝေးသူတွေအတွက် USD 40 ကိုကိုယ်စားသွင်းလို့ရပါသည်။
- no need to notry household list
- no need to attach bank statement (not require)
-e-Visaဖြင့်ဗီဇာလျှောက်လွှာများတင်သွင်းပြီးပါက ဗီဇာကြေး (USD ငွေသား) အား ထိုင်းသံရုံး ဗီဇာကောင်တာ၌ ချိန်းဆိုထားသောရက်တွင်လာရောက်ပေးသွင်းရပါမည်။
E visa လျှောက်ထား ရယူပြီးသော ငွေပေးချေရန် အတွက် QR နမူနာ အား လေ့လာနိုငိပါသည်။
evisa လျှောက်ထား ရန် အခက်အခဲ ရွိ သူမ်ား
Unique Hero Travels & Tours မှ ဝန်ဆောင်မှု ရယူနိုင်ပါတယ်ရှင်
🙏🙏