Kalaw Trekking

Kalaw Trekking Go to Nature! We have some great ideas for trekking trips. Learn about indigenous folk culture! "It is a charming, rustic and grassy place.

Auspiciousness to you all,

Warmly Welcome to the southern Shan State,Kalaw, Myanmar! If you are hiking in the regions of Kalaw and preparing for adventure, this is really good for hikers , we will suggest the best places for hiking in the regions. The Most interesting is to discover traditional culture,meet tribes and visiting local villages. We would like to recommend for 3 day 2 night and 2 d

ay 1 night trip from Kalaw to Inle Lake hiking. If you would like more information on this unique experience, please send me a message or email to [email protected]

I look forward to helping you discover the real Myanmar. More importantly, the hiking routes are accessible to all skill and experience levels. Thanks
Your Sincerely,
Kalaw Trekking Team
Email - [email protected]
Ph.+95 9 428370225

🌿 သဘာဝရဲ့ လက်ရာ - သုခဘုံ ( ရွာ ) တိမ်ပင်လယ် အလှတရားကို ရှာဖွေခြင်း ............။🌿 ကမ္ဘာပေါ်မှာ တကယ့်သဘာဝ အလှတရားကို ခံစာ...
20/12/2024

🌿 သဘာဝရဲ့ လက်ရာ - သုခဘုံ ( ရွာ ) တိမ်
ပင်လယ် အလှတရားကို ရှာဖွေခြင်း ............။

🌿 ကမ္ဘာပေါ်မှာ တကယ့်သဘာဝ အလှတရားကို ခံစားနိုင်မယ့် နေရာတစ်ခု ရှိတယ်ဆိုရင် ဒါဟာ သုခဘုံ ( ရွာ ) ဖြစ်ပါတယ်။ တိမ်တွေကြားက သဘာဝ နေထွက်အလှကို ကိုယ်တိုင်ထိတွေ့ဖို့ ဆိုတာ ဘဝတစ်ခုရဲ့ ကံကောင်းမှုထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရှမ်းတောင်တန်း တစ်လျှောက် ခရီးဆက်ရင်း သဘာဝရဲ့ ပန်းချီလက်ရာလို မြင်ကွင်းတွေကိုခံစားမိစေတဲ့ ဒီလိုအချိန်တွေဟာ ဒီကမ္ဘာမှာ ဒီလိုသာယာတဲ့ နေရာတစ်ခုရှိနေပါလားလို့ အံအားသင့် မေးမြန်းချင်စိတ် ရှိလာစေမယ့် နေရာလေးတစ်ခုပါ။

🌿 သုခဘုံ ( ရွာ ) ကို ရောက်ဖို့ဟာ ခရီးတစ်ခုထက် များစွာသော အဓိပ္ပာယ်ပါဝင်နေပါတယ်ဗျာ။ သဘာဝနဲ့ ရင်းနှီးမှု ၊ စိတ်အေးချမ်းမှုနဲ့ တစ်ခါမှ မမေ့နိုင်တော့မယ့် အတွေ့အကြုံတွေကို ရရှိစေမှာပါ။ သဘာဝရဲ့ အံ့ဖွယ် အလှတရားကို ကိုယ်တိုင်ရှာဖွေခြင်းဟာ သင့်ဘဝရဲ့ အဖိုးတန်ဆုံး အမှတ်တရ နေ့စွဲတစ်ခု ဖြစ်လာမှာ သေချာပါတယ်။ Kalaw Trekking အဖွဲ့နှင့်အတူ သုခဘုံ ( ရွာ ) ဆီ ခဏတာခရီးတစ်ခု စီစဉ်ကြည့်ပါ။ သင့်ရဲ့စိတ်ဝိညာဥ်ကို ပြန်လည် လန်းဆန်းတက်ကြွ စေမယ့် ဒီလိုခရီးစဉ်မျိုးကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။

🌿 ခရီးစဥ်များနှင့် ပါတ်သက်ပြီးအသေးစိတ်အချက်အလက်များကို Page Chat Box သို့မဟုတ် ဖုန်း ၀၉ ၇၉၅၅၃၅၁၂၄ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

👉 Kalaw Trekking ၏ ဓာတ်ပုံ ၊ ဗီဒီယိုနှင့်စာသားများကိုတစ်ဆင့်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။ လွတ်လပ်စွာ Share နိုင်သည်။

ဖိတ်ခေါ်လျက်
Kalaw Trekking
Email - [email protected]
Website - kalawtrekking.weebly.com
Ph - +95 9 795535124



.weebly.com .com

17/12/2024

Hysan Education ကျောင်းသားများနှင့်
အမှတ်တရခရီး .......... ။

🌿 Trekking ၁ ညအိပ် ၂ ရက် ကလောတစ်ဝိုက် ခရီးစဉ်ကို Hysan Education ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး စတုတ္ထအကြိမ်မြောက် လာရောက်ပေးခဲ့ကြသည့်အတွက် Kalaw Trekking အဖွဲ့အနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ခရီးစဉ်အတွင်း အဖွဲ့သားအားလုံးရဲ့ သဘာဝ ပတ်ဝန်းကျင် အပေါ်တန်ဖိုးထားမူ ၊ စိတ်စေတနာပြည့်ဝမှုများနှင့် ဒေသခံအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေချင်တဲ့ စိတ်စေတနာ အပြည့်ဖြစ်မှုတွေဟာ Kalaw Trekking အဖွဲ့အတွက် အထူးအားတက်စရာ ဖြစ်ခဲ့ရပါတယ်။

🌿 Hysan Education ဆရာ ၊ ဆရာမများရဲ့ ရိုးသားမှု၊ အတူတကွပေါင်းစည်းမှုနဲ့ ကျောင်းသား ၊ ကျောင်းသူများရဲ့ ပင်ကိုစွမ်းရည်တွေဟာ သဘာဝနဲ့လည်းတစ်သားတည်းဖြစ်စေသလို ဒေသခံနဲ့လည်း ရင်းနှီးဖွယ်အမှတ်တရဖြစ်စေခဲ့ရပါတယ်။ ဒီခရီးစဉ်က သာမန်ခရီးတစ်ခုထက် ပိုမိုထူးခြားတဲ့ ထာဝရအမှတ်တရ ခရီးစဉ်တစ်ခု ဖြစ်ခဲ့ရတဲ့အတွက် Kalaw Trekking အဖွဲ့အနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျာ။

🌿 နောက်ထပ်ခရီးစဉ်အသစ်များဖြင့် ပြန်လည်ဆုံဆည်းကြရအောင် .............. ။

🌿 Kalaw Trekking အဖွဲ့အနေဖြင့် နောက်ထပ်ခရီးစဉ်အသစ်များဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများအားလုံးကို ပြန်လည်ကြိုဆိုနိုင်ဖို့ မျှော်လင့်လျက်ရှိပါတယ်။ နောက်တစ်ကြိမ် တွေ့ဆုံသည့်အခါမှာလည်း ဒီထက်မကအမှတ်တရများ ဖန်တီးပေးနိုင်ဖို့ အပြည့်အဝကြိုးစားဆောင်ရွက်သွားပါမည်ခင်ဗျာ။

🌿 လတ်ဆတ်သော သဘာဝလေပြေ လေညှင်းလေးကိုရှူရှိုက် ခံစားလိုသူများအတွက် လှမ်းလာခဲ့ပါလို့ Kalaw Trekking ကနေဖိတ်ခေါ်ပါရစေခင်ဗျာ။

🌿 ခရီးစဥ်နဲ့ပါတ်သက်ပြီးအသေးစိတ်အချက်အလက်များကို Page Chat Box သို့မဟုတ် ဖုန်း ၀၉ ၇၉၅၅၃၅၁၂၄ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

👉 Kalaw Trekking ၏ ဓာတ်ပုံ ၊ ဗီဒီယိုနှင့်စာသားများကိုတစ်ဆင့်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။ လွတ်လပ်စွာ Share နိုင်သည်။

ကျေးဇူးတင်စွာဖြင့်
Kalaw Trekking
Email - [email protected]
Website - kalawtrekking.weebly.com
Ph - +95 9 795535124



.weebly.com

🌿 ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့ တောင်ကုန်း တောင်တန်းကြားက စွန့်စားခန်းခရီး ............။🌿 ရှမ်းပြည်နယ် တောင်ပိုင်းအ...
11/12/2024

🌿 ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့ တောင်ကုန်း တောင်တန်းကြားက စွန့်စားခန်းခရီး ............။

🌿 ရှမ်းပြည်နယ် တောင်ပိုင်းအလယ်မှာ တည်ရှိတဲ့ ကလောမြို့လေးဟာ ရှုခင်းလှပတဲ့ တောင်တန်းတွေသာယာလှပတဲ့ရာသီဥတုနဲ့ တောင်ပေါ်လူမျိုးစုတွေရဲ့ ယျဥ်ကျေးမှု ရှိရာ ဒေသတစ်ခုကို ပြည်တွင်း ၊ ပြည်ပခရီးသွားတွေပါ လာရောက်ကြတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ အထူးသဖြင့် Trekking , Hiking , Camping ခရီးစဉ်များအတွက် အထူးကောင်းမွန်တဲ့နေရာတစ်ခုဖြစ်ပြီး သဘာဝနှင့် ယဉ်ကျေးမှုလောကရဲ့ လျှို့ဝှက်ချက်တွေကို ပိုမိုနီးကပ်ခံစားခွင့်ရစေပါတယ်။

🌿 " ရိုးရာယဉ်ကျေးမှုနှင့် လူနေမှုဘဝကို စူးစမ်းခြင်း "

ကလောမြို့ပတ်ဝန်းကျင်ဟာ သဘာဝရေထွက်များ ၊ ချောင်းများ ၊ တောင်ကုန်းများနဲ့ သစ်ပင်အရိပ်တွေ ပြည့်တင်းနေတဲ့ သဘာဝ လောကတစ်ခုကို ပိုင်ဆိုင်ထားတာကြောင့် ခရီးသွားတွေ အကြိုက်တွေ့စေပါတယ်။ Trekking ခရီးလမ်းကြောင်းများအနက် တောင်ပေါ် လူမျိုးစု ( ၄ ) မျိုး ရှိနေကြပြီး ပအိုဝ်း ( လူမျိုးစု ) ကျေးရွာများ ၊ တောင်ရိုး ( လူမျိုးစု ) ကျေးရွာများ၊ ပလောင် ( လူမျိုးစု ) ကျေးရွာများကို အထူးသဖြင့် သွားရောက်လေ့လာနိုင်မှာဖြစ်ပြီး သူတို့ရဲ့ ရိုးရာယျဥ်ကျေးမှု ၊ ဘာသာစကားနဲ့ လူနေမှုဘဝတွေမှာ မတူကွဲပြားမှုရှိတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

🌿 လက်ဘက်စိုက်ခင်းများနှင့် ပလောင်လူမျိုးတို့၏ ရိုးရာဘဝ

ကလောမြို့ပတ်ဝန်းကျင်ရှိ ပလောင်လူမျိုးများဟာ သဘာဝအခြေပြု စိုက်ပျိုးရေးလုပ်ငန်းများမှာ အဓိကပါဝင်နေတဲ့ လူမျိုးစုဖြစ်ပါတယ်။ ပလောင်လူမျိုးများ၏ အဓိကအလုပ်တွေမှာ လက်ဘက်စိုက်ခင်း ၊ လိမ္မော်စိုက်ခင်းနဲ့ သနပ်ဖက်စိုက်ခင်းတွေမှာ အဓိကအားဖြင့် အလုပ်လုပ်ကိုင်ကြပါတယ်။ မိုးလေဝသနဲ့ တောင်ပေါ်ဒေသရဲ့ မြေဧရိယာတွေဟာ အရသာရှိတဲ့ ရှမ်းလက်ဘက် ခြောက် သောက်ရည်တွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ Trekking လျှောက်ရင်း အစိမ်းရောင်လက်ဘက်ခင်းတွေကို မြင်တွေ့ရင်း သူတို့ရဲ့နေ့စဉ်ဘဝကို အနီးကပ်လေ့လာနိုင်ပါတယ်။

🌿 ပအိုဝ်းလူမျိုးများနှင့် ရိုးရာ စိုက်ပျိုးရေး

ကလောမြို့ပတ်ဝန်းကျင်ရှိ ပအိုဝ်းလူမျိုးများဟာ ငရုပ်၊ ကြက်သွန်ဖြူနဲ့ ဂျင်းတို့ကို အဓိကစိုက်ပျိုးလေ့ရှိကြပါတယ်။ ရိုးရာနည်းလမ်းတွေနဲ့ ပေါင်းစပ်ပြီး စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေဟာ ကလောဒေသရဲ့ ထူးခြားမှုတစ်ခုဖြစ်ပြီး Trekking လမ်းကြောင်းတစ်လျှောက် စိုက်ခင်းတွေကို မြင်တွေ့ခံစားနိုင်ပါတယ်။ ပအိုဝ်းလူမျိုးတို့ရဲ့ သန်မာတဲ့ အလုပ်ခွန်အားနဲ့ ရိုးရာနည်းလမ်းတွေဟာ သဘာဝနဲ့ လူသားတို့ကြားက ရင်ဆိုင်မှုကို အထိရောက်ဆုံးပြသနိုင်ပါတယ်။

🌿 တောင်ရိုးလူမျိုးတို့၏ ထူးခြားသော ယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံ

ကလောမြို့ပတ်ဝန်းကျင်ရှိ တောင်ရိုးလူမျိုးများဟာ တောင်တန်းဒေသရဲ့ သဘာဝအလှတရားနဲ့ နေထိုင်မှုပုံစံကို ရိုးရာအခြေပြုကျင့်သုံးနေတဲ့ လူမျိုးစုဖြစ်ပါတယ်။ သူတို့ရဲ့ ထူးခြားချက်တွေမှာ ရိုးရာလက်မှုပညာ ၊ သဘာဝအခြေပြု ရိုးရာတည်ဆောက်မှု နည်းစနစ်များနဲ့ သဘာဝသယံဇာတကို ထိရောက်စွာအသုံးချနည်းများ ပါဝင်ပါတယ်။ Trekking ခရီးစဉ်တစ်လျှောက် သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု ၊ သဘာဝနဲ့လိုက်လျောညီထွေမှုကို အနီးကပ်တွေ့မြင်ခံစားနိုင်ပါတယ်။

🌿 ဓနုလူမျိုးများ၏ စိုက်ပျိုးရေးအဓိကလက်ရာများ

ကလောမြို့ ပတ်ဝန်းကျင်ရှိ ဓနုလူမျိုးများသည် သဘာဝနှင့် လိုက်လျောညီထွေသော ရိုးရာစိုက်ပျိုးရေးနည်းလမ်းများကို အစဉ်အဆက်နဲ့ လက်ဆင့်ကမ်းဆောင်ရွက်နေကြတဲ့ လူမျိုးစုဖြစ်ပါတယ်။ ဓနုလူမျိုးများရဲ့ စိုက်ပျိုးရေးဟာ မိုးကျ ပန်းရာသီနှင့် သက်ဆိုင်ပြီး၊ သဘာဝအလားအလာကို အခြေခံစိုက်ပျိုးခြင်းဖြစ်ပါတယ်။Trekking , Hiking , Camping သွားရင်း ရှုခင်းလှပတဲ့ သဘာဝ၊ အေးမြတဲ့ရာသီဥတုနဲ့ လူမျိုးစုတစ်ခုချင်းစီရဲ့ ထူးခြားတဲ့လူနေမူဘဝများကို ပေါင်းစပ်
ခံစားနိုင်မဲ့ ခရီးစဉ်တစ်ခုကိုလာရောက်ဖို့ Kalaw Trekking အဖွဲ့ကနေ ဖိတ်ခေါ်ပါရစေ။

🌿 ခရီးစဥ်နဲ့ပါတ်သက်ပြီးအသေးစိတ်အချက်အလက်များကို Page Chat Box သို့မဟုတ် ဖုန်း ၀၉ ၇၉၅၅၃၅၁၂၄ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

👉 Kalaw Trekking ၏ ဓာတ်ပုံ ၊ ဗီဒီယိုနှင့်စာသားများကိုတစ်ဆင့်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။ လွတ်လပ်စွာ Share နိုင်သည်။

ဖိတ်ခေါ်လျက်
Kalaw Trekking
Email - [email protected]
Website - kalawtrekking.weebly.com
Ph - +95 9 795535124



.weebly.com

09/12/2024

🌿 Kalaw Trekking အဖွဲ့၏ ဝန်ဆောင်မူ့ကောင်းများကို ယုံကြည်စိတ်ချစွာဖြင့် ဒုတိယအကြိမ်မြှောက် Trekking နေ့ချင်းပြန် ခရီးစဉ်ကို လာရောက်ပေးကြသော Body Shape Fitness Center Taunggyi ( Gym ) အဖွဲ့ဝင်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။ ခရီးစဉ်အတွင်း သဘာဝအလှတရားများကို ပျော်ရွှင်စွာခံစားပြီး အမှတ်တရ နေ့စွဲကောင်းများစွာကို အတူတကွဖြတ်သန်းခွင့် ရရှိခဲ့သည့်အတွက် Kalaw Trekking အဖွဲ့ကနေအားလုံးကို ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်ရှိပါတယ်ခင်ဗျာ။ နောက်ထပ်ခရီးစဉ်အသစ်များဖြင့် ပြန်လည်ဆုံတွေ့နိုင်ဖို့ မျော်လင့်သလို ဒီထက်မကဝန်ဆောင်မူကောင်းများကိုဆက်လက်ပေးနိုင်အောင်ကြိုးစားဆောင်ရွက်သွားပါမည်ခင်ဗျာ။

🌿 Kalaw Trekking အဖွဲ့ကနေ Trekking လမ်းကြောင်းများစွာရှိသည့်အတွက် မိမိသွားလိုသည့်ခရီးစဉ်များနှင့် လမ်းကြောင်း အတို / အရှည် များပေါ်မူတည်ပြီးအသေးစိတ် စီစဥ်ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ။Trekking ခရီးစဉ်အတွက် လူဦးရေနှင့် သွားမည့်ခရီးလမ်းကြောင်းပေါ်မူတည်၍ စျေးနှုန်းအပြောင်းအလဲ ရှိပါမည်။

🌿 Company/ Organization များအတွက် အများဆုံး လူဦးရေ ၁၀၀ ထိစီစဉ်ပေးနိုင်ပြီး အနည်းဆုံး တစ်လကြိုတင်၍ Confirmation ယူနိုင်ပါသည်။ Trekking ၊ Hiking ၊ Camping ခရီးစဉ်များအတွက်သတ်မှတ်ထားသော Budget ပေါ်မူတည်၍ သွားမည့်ခရီးလမ်းကြောင်းများဆွဲပေးခြင်း ၊Quotation များတင်ပေးခြင်းများအပြင် ခရီးစဉ်အစအဆုံး စီစဉ်ဆောင်ရွက်ပေးပါသည်။

🌿 Kalaw Trekking ခရီးစဉ်များနှင့်ပတ်သက်ပြီး Instagram , TikTok , YouTube , Threads , Telegram Channel , Viber Channel အစရှိသည့် Social Media များတွင်ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

https://instagram.com/kalawtrekking

https://www.tiktok.com/

https://youtube.com/

https://www.threads.net/

https://t.me/kalawtrekking

Join Kalaw Trekking on Telegram Group https://t.me/kalawtrekking

https://invite.viber.com/?g2=AQAFFdtyctDvzFB0Fkv7DcZ3gOczncJl4WiPtoqdQ9nAJ4EbhMBkbX1OliN%2Feec2

🌿 ခရီးစဥ်နဲ့ပါတ်သက်ပြီးအသေးစိတ်အချက်အလက်များကို Page Chat Box သို့မဟုတ် ဖုန်း ၀၉ ၇၉၅၅၃၅၁၂၄ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

👉 Kalaw Trekking ၏ ဓာတ်ပုံ ၊ ဗီဒီယိုနှင့်စာသားများကိုတစ်ဆင့်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။ လွတ်လပ်စွာ Share နိုင်သည်။

ကျေးဇူးတင်စွာဖြင့်
Kalaw Trekking
Email - [email protected]
Website - kalawtrekking.weebly.com
Ph - +95 9 795535124


.weebly.com .com

🌿 ဘာကြောင့် ဟေဇီတောင် ( Outdoor Camping ) ခရီးကို ရွေးချယ်သင့်သလဲ ............... ? 🌿 ဟေဇီတောင်ခရီးစဉ်ဟာ သင့်ရဲ့ ဘဝတစ်စိ...
02/12/2024

🌿 ဘာကြောင့် ဟေဇီတောင် ( Outdoor Camping ) ခရီးကို ရွေးချယ်သင့်သလဲ ............... ?

🌿 ဟေဇီတောင်ခရီးစဉ်ဟာ သင့်ရဲ့ ဘဝတစ်စိတ်တစ်ဒေသမှာ အမှတ်တရအဖြစ် ကျန်ရစ်မယ့် ခရီးစဉ်တစ်ခုပါ။ သင့်ရဲ့ ရုုပ်ပိုင်းဆိုင်ရာ အင်အားနဲ့ စိတ်ဓာတ်အင်အားကို ပြန်လည်ဖော်ထုတ်ပေးမယ့် အခွင့်အလမ်းဖြစ်သလို သဘာဝရဲ့အလှတရားနဲ့ ရင်းနှီးခွင့်ရစေတဲ့ အထူးခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

🌿 ဟေဇီတောင်ခရီးစဉ်ရဲ့ ထူးခြားချက်များ

၁. " စိတ်နှင့် ကိုယ်ကို ပြန်လည်လန်းဆန်းသက်သာစေခြင်း "

🌿 ဟေဇီတောင်ထိပ်ကိုရောက်တဲ့အခါ သင့်ရဲ့စိတ်ဖိစီးမှုတွေကို သဘာဝအလှတရားနဲ့ ရွှေ့ပြောင်းပစ်နိုင်ပါမယ်။ ရှမ်းတောင်တန်းရှုခင်းတွေက သင့်ရဲ့ စိတ်နဲ့ကိုယ်ကို အသစ်လန်းဆန်းစေပါမယ်။

၂. " အမှတ်တရဖန်တီးမှု "

🌿 Kalaw Trekking အဖွဲ့နဲ့အတူ ဟေဇီတောင်ကို ချီတက်ရင်း သင့်ရဲ့ခရီးဖော်တွေနဲ့အတူ စွန့်စားမှု အမှတ်တရတွေကို ပြန်လည်မျှဝေပါ။ ခရီးစဉ်တစ်လျှောက်မှာ သဘာဝရဲ့အလှကို တူတူခံစားရင်း အမှတ်တရ ဓာတ်ပုံတွေကို ဖန်တီးထားနိုင်ပါမယ်။

၃. " စိန်ခေါ်မှုမှ အောင်မြင်မှုဆီ "

🌿 ဟေဇီတောင်ထိပ်ရောက်တဲ့အခါမှာ သင့်ရဲ့ရည်မှန်းချက်တစ်ခုကို အောင်မြင်စွာ ပြည့်စုံစေမယ့် ခံစားချက်ကို ရရှိစေပါမယ်။ ဒီလိုအောင်မြင်မှုဟာ သင့်ဘဝတစ်လျှောက်လုံး သင့်ကိုယ့်ကိုယ်ယုံကြည်မှုကို တိုးတက်စေပါမယ်။

🌿 Kalaw Trekking အဖွဲ့နဲ့ အတူ ခရီးစဉ်

👉 ဒီဇင်ဘာ ၂၅ ရက်နေ့မှာ Kalaw Trekking အဖွဲ့ရဲ့ အဓိကခရီးစဉ်အဖြစ် သင်နဲ့အတူ သဘာဝကို ချစ်
မြတ်နိုးသူများစွာဟာ ဟေဇီတောင်ကို တူတူချီတက်မှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့တွင်ခရီးစဉ် ပြီးဆုံးပါမည်။

👉 ခရီးစတင်သည့်နေ့
ဒီဇင်ဘာ ၂၅ ရက် (နံနက် ၈:၃၀)
စတင်နေရာ: ကလောမြို့

👉 ခရီးစဉ်ပြီးဆုံးသည့်နေ့
ဒီဇင်ဘာ ၂၆ ရက်
တည်နေရာ: ကလောမြို့

🌿 ဒီခရီးစဉ်ဟာ သင့်ရဲ့ အတွေးသစ်၊ အမြင်သစ်များကို ပြောင်းလဲပေးမယ့် အရေးပါဆုံး ခရီးစဉ်တစ်ခုဖြစ်လာပါလိမ့်မယ်။ ဒီနေ့ကို အကောင်းဆုံး အသုံးချပြီး သင့်ရဲ့ ခြေရာနဲ့ ဟေဇီတောင်ထိပ်ကို ထင်ဟပ်လိုက်ပါ! ဟေဇီတောင် ခရီးစဉ်ကို အတူတူခံစားချင်သူများ အခုပဲ စာရင်းပေးသွင်းနိုင်ပါတယ်။ Kalaw Trekking အဖွဲ့နဲ့ သင့်ရဲ့အမှတ်တရတွေကို စတင်ဖို့ ဖိတ်ခေါ်ပါရစေ။

🌿 ၁ ညအိပ် ၂ ရက် ဟေဇီတောင် ( Outdoor Camping ) ခရီးစဥ်များနဲ့ပါတ်သက်ပြီးအောက်ပါ လင့်ခ် တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

https://www.facebook.com/share/p/18BpHqGSea/?mibextid=WC7FNe

https://www.facebook.com/share/p/14U84v6rTv/?mibextid=WC7FNe

🌿 ခရီးစဥ်နဲ့ပါတ်သက်ပြီးအသေးစိတ်အချက်အလက်များကို Page Chat Box သို့မဟုတ် ဖုန်း ၀၉ ၇၉၅၅၃၅၁၂၄ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

👉 Kalaw Trekking ၏ ဓာတ်ပုံ ၊ ဗီဒီယိုနှင့်စာသားများကိုတစ်ဆင့်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။ လွတ်လပ်စွာ Share နိုင်သည်။

ကျေးဇူးတင်စွာဖြင့်
Kalaw Trekking
Email - [email protected]
Website - kalawtrekking.weebly.com
Ph - +95 9 795535124



.weebly.com

29/11/2024

🌿 သဘာဝနှင့် ရိုးရာ ယဉ်ကျေးမှုများကို တစ်ပြိုင်နက်တည်း ရရှိစေမည့် ခရီးစဉ် ............. ။

🌿 Kalaw Trekking အဖွဲ့သည် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကလောမြို့တွင် အခြေစိုက်ပြီး ဒေသခံ တိုင်းရင်းသား အသိုက်အဝန်းများနှင့် လက်တွဲဆောင်ရွက်ထားသော ခရီးသွားဝန်ဆောင်မှု အဖွဲ့ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် အလှအပများ ၊ ရိုးရာယျဥ်ကျေးမှုများကို ထိန်းသိမ်းရင်း ခရီးသွားသူများ အားလုံးအတွက် ဘေးကင်းပြီး ချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိ ဒေသခံ ဧည့်လမ်းညွှန်များမှ ဦးဆောင်သော ခရီးစဉ်များကို စီစဉ်ထားရှိပါတယ်။ Kalaw Trekking အဖွဲ့နှင့်အတူ ခရီးစဉ်များကို စီစဉ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် အလှအပများနှင့် ခရီးသွားအတွေ့အကြုံကောင်းများစွာကို တစ်ပြိုင်နက်တည်း ခံစားနိုင်ရန် ဖိတ်ခေါ်ပါရစေဗျာ။

🌿 လတ်ဆတ်သော သဘာဝလေပြေ လေညှင်းလေးကိုရှူရှိုက် ခံစားလိုသူများအတွက် လှမ်းလာခဲ့ပါလို့ Kalaw Trekking အဖွဲ့ကနေဖိတ်ခေါ်ပါရစေခင်ဗျာ။

🌿 ခရီးစဥ်များနှင့် ပါတ်သက်ပြီးအသေးစိတ်အချက်အလက်များကို Page Chat Box သို့မဟုတ် ဖုန်း ၀၉ ၇၉၅၅၃၅၁၂၄ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

👉 Kalaw Trekking ၏ ဓာတ်ပုံ ၊ ဗီဒီယိုနှင့်စာသားများကိုတစ်ဆင့်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။ လွတ်လပ်စွာ Share နိုင်သည်။

ဖိတ်ခေါ်လျက်
Kalaw Trekking
Email - [email protected]
Website - kalawtrekking.weebly.com
Ph - +95 9 795535124



.weebly.com .com

🌿 တစ်နှစ်မှာ တစ်ခါသာရရှိနိုင်မည့်အခွင့်အရေး ............ ?  ဟေမန်ဆောင်း ဒီဇင်ဘာလရဲ့ အေးမြတဲ့ ရာသီမှာ ဘဝရဲ့ စိတ်လှုပ်ရှား...
27/11/2024

🌿 တစ်နှစ်မှာ တစ်ခါသာရရှိနိုင်မည့်အခွင့်အရေး ............ ? ဟေမန်ဆောင်း ဒီဇင်ဘာလရဲ့ အေးမြတဲ့ ရာသီမှာ ဘဝရဲ့ စိတ်လှုပ်ရှားမှုကို မမေ့နိုင်မဲ့ အမှတ်တရ နေ့စွဲ တစ်ခုကို ဖန်တီးပါ။

⛰ ၁ ညအိပ် ၂ ရက် ကလောတစ်ဝိုက် ဟေဇီတောင် ခရီးစဉ် - Trekking & Camping Trip To Mount Hazy Around Kalaw

📆 ခရီးစဉ်အချိန်ဇယား

🏃‍♂️‍➡️ ခရီးစဉ် စတင်ရက်: ဒီဇင်ဘာ ၂၅ .၁၂.၂၀၂၄ ( ဗုဒ္ဓဟူးနေ့ )

🏃‍♀️‍➡️ ခရီးစဉ် ပြီးဆုံးရက်: ဒီဇင်ဘာ ၂၆.၁၂.၂၀၂၄ ( ကြာသာပတေးနေ့ )

📕 ခရီးစဉ် စာရင်းပိတ်ရက်: ဒီဇင်ဘာ ၁၃.၁၂.၂၀၂၄ စာရင်းပိတ်ရက်မတိုင်ခင် ကြိုတင်စာရင်းပေးသွင်းရပါမည် )

⛰️ ခရီးစဉ်အစီအစဉ်

👉 ပထမရက် - Trekking ခရီးစွန့်စားခန်းဖြင့် ဟေဇီတောင် သို့

• နံနက် ၈:၃၀: ကလောမှ Trekking စတင်မည့်နေရာသို့ ကားဖြင့် ပို့ဆောင်ပေးပါမည်။
• Trekking လမ်းလျှောက်ချိန်: စုစုပေါင်း ၅ နာရီ ၃၀ မိနစ်
• ဟေဇီတောင် ( Mount Hazy Outdoor Camping ) တိမ်တွေပျော်မြူး လှပသော သဘာဝအလှများဖြင့် အနားယူလို့ရမည့်နေရာ

👉 ဒုတိယရက် - Trekking ခရီးစွန့်စားခန်း

• နံနက်စာ စားသုံးပြီးနောက် Trekking ဆက်လက်လျှောက်လှမ်းရန်
• Trekking လမ်းလျှောက်ချိန်: စုစုပေါင်း ၂ နာရီ ၃၀ မိနစ်
• ကလောမြို့သို့ပြန်လာမည်။

👉 ခရီးစဉ်အတွက် ပါဝင်သောဝန်ဆောင်မှုများ

• Outdoor Camping
• Tent ၊ Sleeping Bag၊ ကြက်ကင်၊ Campfire ၊ သောက်ရည်သန့်
• ပထမနေ့ - နေ့လယ်စာ၊ ညစာ
• ဒုတိယနေ့ - နံနက်စာ
• Guide ဝန်ဆောင်မှု
• ဒေသခံ ( စားဖိုမှူးများ)
• ကားပို့ဆောင်ခြင်း
• ကလောမှ Trekking စတင်မည့်နေရာ
• Trekking ပြီးဆုံးသည့် ရွာ မှ ကလော သို့ အပြန်ခရီး

👉 ခရီးစဉ်အတွင်း မပါဝင်သော ဝန်ဆောင်မှုများ

• ကိုယ်ရေးကိုယ်တာကုန်ကျစရိတ်
• အချိုရည်၊ သောက်ရေသန့်
• ခရီးလမ်းအဆာပြေမုန့်
• Bus Tickets
• ဟိုတယ်တည်းခိုခန်း
• လိုအပ်ပါက Trekking လမ်းတစ်လျှောက် ကားခ/ဆိုင်ကယ်ခ

👉 မှတ်ချက်

• ခရီးစဉ်အတွက် ကြိုတင်ငွေ တစ်ဝက်ပေးသွင်းရန် လိုအပ်ပါသည်။
• Confirm ဖြစ်ပြီးသော ခရီးစဉ်များအား ဖျက်သိမ်းခြင်းမပြုလုပ်ရန် မေတ္တာရပ်ခံပါသည်။ ခရီးစဉ်ကို အကြောင်းအမျိုးမျိုးဖြင့် ဖျက်သိမ်းပါက ကြိုတင်ငွေကို ပြန်အမ်းမည် မဟုတ်ပါ။

📞 စရင်းပေးသွင်းရန်နှင့် ဆက်သွယ်ရန်

• Page Chat Box
• ဖုန်းနံပါတ်: +95 9 795535124

🌿 လတ်ဆတ်သော သဘာဝလေပြေ လေညှင်းလေးကိုရှူရှိုက် ခံစားလိုသူများအတွက် လှမ်းလာခဲ့ပါလို့ Kalaw Trekking ကနေဖိတ်ခေါ်ပါရစေခင်ဗျာ။

🌿 ခရီးစဥ်များနှင့် ပါတ်သက်ပြီးအသေးစိတ်အချက်အလက်များကို Page Chat Box သို့မဟုတ် ဖုန်း ၀၉ ၇၉၅၅၃၅၁၂၄ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

👉 Kalaw Trekking ၏ ဓာတ်ပုံ ၊ ဗီဒီယိုနှင့်စာသားများကိုတစ်ဆင့်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။ လွတ်လပ်စွာ Share နိုင်သည်။

ဖိတ်ခေါ်လျက်
Kalaw Trekking
Email - [email protected]
Website - kalawtrekking.weebly.com
Ph - +95 9 795535124




.weebly.com .com

24/11/2024

🌿 ဟေဇီတောင်ကို ဘာကြောင့် တစ်သက်မှာတစ်ခါ သွားရောက်သင့်တာလဲ .............. ?

🌿 ဟေဇီတောင်ကို တက်ရောက်တဲ့အခါမှာ စွန့်စားမှုလေးတစ်ခု အနေနဲ့ခံစားရမှာပါ။ သဘာဝတောလမ်းကို ကျော်ဖြတ်ပြီး တက်ရောက်တာကအတော်လေး ခက်ခဲပြီး စိန်ခေါ်မှုတွေဖြစ်တက်ပါတယ်။ ဒါပေမဲ့ ဒီစွန့်စားမှုက ကိုယ့်ရဲ့ ဘဝကို အဓိပ္ပာယ် အပြည့်အဝ ပေးနိုင်ပါတယ်။ စွန့်စားမှု မရှိတဲ့ဘဝက ဘာဇာတ်လမ်းမှ ပြောစရာမရှိတဲ့ ဘဝတစ်ခုပဲဖြစ်ပါလိမ့်မယ်။ ဒီတော့ ကိုယ့်ရဲ့ဘဝကို ရိုးရိုးလေးပဲ အဆုံးသတ်မလား ........... ? စွန့်စားခန်းတွေနဲ့ ပြည့်နက်နေတဲ့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်အောင်လုပ်မလား ........... ?

🌿 ကိုယ့်ရဲ့ရွေးချယ်မှုက ကိုယ့်ရဲ့လက်ထဲမှာပါ။

🌿 ဟေဇီတောင်ကို သဘာဝတောလမ်းခရီးကနေ အောင်မြင်စွာ တက်ပြီး ရောက်တဲ့အခါမှာ ကိုယ်တိုင်ခံစားရတဲ့ အောင်မြင်မှုက အားစိုက်ထုတ်စရာမလိုဘဲ ရောက်တဲ့ အရာတစ်ခုထက် ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ ဒီလိုမျိုး ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ ရရှိတဲ့ အတွေ့အကြုံ၊ အောင်မြင်မှုနဲ့ ဇွဲလုံးလတို့ရဲ့ တန်ဖိုးက ဘဝမှာ ဆုလာဘ်တစ်ခုလို အောင်မြင်မှုအဖြစ် အသိအမှတ်ပြုရပါလိမ့်မယ်။

🌿 ဘဝရဲ့ စိန်ခေါ်မှုများနှင့် အောင်မြင်မှု

🌿 ဘဝရဲ့ ခြေလှမ်းတစ်ခုစီတိုင်းဟာ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး " ငါ လုပ်နိုင်တယ် " ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှုကို တိုးတက်စေပြီး ရင်ဆိုင်ရမည့် နောက်ထပ် စိန်ခေါ်မှုများကို ပိုပြီး ဂုဏ်ယူစွာ ရင်ဆိုင်နိုင်စေပါတယ်။ ဒါကြောင့် ဟေဇီတောင်ကို တက်တာက သင့်အတွက် ပိုမိုတန်ဖိုးရှိသော အတွေ့အကြုံဖြစ်ပြီး ပျော်ရွှင်မှု အားလုံးကို ရယူနိုင်ပါတယ်ဗျာ။ ဒီတော့ ဟေဇီတောင် ခရီးစဉ်ကိုလာခဲ့ဖို့ဖိတ် Kalaw Trekking အဖွဲ့ကနေ ဖိတ်ခေါ်လိုက်ပါတယ်။

🌿 လတ်ဆတ်သော သဘာဝလေပြေ လေညှင်းလေးကိုရှူရှိုက် ခံစားလိုသူများအတွက် လှမ်းလာခဲ့ပါလို့ Kalaw Trekking ကနေဖိတ်ခေါ်ပါရစေခင်ဗျာ။

🌿 ခရီးစဥ်များနှင့် ပါတ်သက်ပြီးအသေးစိတ်အချက်အလက်များကို Page Chat Box သို့မဟုတ် ဖုန်း ၀၉ ၇၉၅၅၃၅၁၂၄ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

👉 Kalaw Trekking ၏ ဓာတ်ပုံ ၊ ဗီဒီယိုနှင့်စာသားများကိုတစ်ဆင့်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။ လွတ်လပ်စွာ Share နိုင်သည်။

ဖိတ်ခေါ်လျက်
Kalaw Trekking
Email - [email protected]
Website - kalawtrekking.weebly.com
Ph - +95 9 795535124



.weebly.com .com

" ဟေဇီတောင်ပေါ်က ဘဝရဲ့ နိဗ္ဗာန်ဘုံ " 🌿 စိတ်ရော၊ ကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုတွေကနေ အနားယူ ၊ အားပြန်ဖြည့်ဖို့ သဘာဝတရားနဲ့ ထ...
20/11/2024

" ဟေဇီတောင်ပေါ်က ဘဝရဲ့ နိဗ္ဗာန်ဘုံ "

🌿 စိတ်ရော၊ ကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုတွေကနေ အနားယူ ၊ အားပြန်ဖြည့်ဖို့ သဘာဝတရားနဲ့ ထိတွေ့ ခံစားကြည့်ပါ ။ သင့်ရဲ့ကုန်ဆုံးသွားတဲ့ အားအင်တွေနဲ့ စိတ်ဝိညာဉ်ကို ပြန်ပြီး တက်ကြွ လန်းဆန်းစေဖို့ ဟေဇီတောင်ပေါ်က ဘဝရဲ့ နိဗ္ဗာန်ဘုံလေးမှာ စိတ်ဓာတ်ခွန်အားများ ပြန်လည်ရယူလိုက်ပါဗျာ။

🌿 လတ်ဆတ်သော သဘာဝလေပြေ လေညှင်းလေးကိုရှူရှိုက် ခံစားလိုသူများအတွက် လှမ်းလာခဲ့ပါလို့ Kalaw Trekking ကနေဖိတ်ခေါ်ပါရစေခင်ဗျာ။

🌿 ခရီးစဥ်များနှင့် ပါတ်သက်ပြီးအသေးစိတ်အချက်အလက်များကို Page Chat Box သို့မဟုတ် ဖုန်း ၀၉ ၇၉၅၅၃၅၁၂၄ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

👉 Kalaw Trekking ၏ ဓာတ်ပုံ ၊ ဗီဒီယိုနှင့်စာသားများကိုတစ်ဆင့်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။ လွတ်လပ်စွာ Share နိုင်သည်။

ဖိတ်ခေါ်လျက်
Kalaw Trekking
Email - [email protected]
Website - kalawtrekking.weebly.com
Ph - +95 9 795535124



.weebly.com .com

18/11/2024

🌿 Kalaw Trekking အဖွဲ့ကနေ ခရီးစဉ်တစ်ခုပြီးတိုင်း သဘာဝကို ချစ်မြတ်နိုးသော ခရီးသွားများအတွက် အမှတ်တရ ( Certificate ) များကိုပေးခွင့်ရတဲ့အတွက် အတိုင်းမသိ ပျော်ရွှင်ခဲ့ရပါတယ်ဗျာ။ ခရီးစဉ်အတွင်းအတွေ့အကြုံ ဗဟုသုတများစွာကို ဝေမျှခွင့်ပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိပါတယ်။

🌿 Kalaw Trekking အဖွဲ့ဆက်လက်ရပ်တည်နိုင်ဖို့အတွက် လာရောက်ပေးကြသော ဧည့်သည်တစ်ဦး တစ်ယောက်ချင်းစီတိုင်းကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မှတ်တမ်းတင်ရှိပါတယ်။ Kalaw Trekking အဖွဲ့ကနေ ဒီထက်မက ဝန်ဆောင်မူကောင်းများကို ဆက်လက်ပေးနိုင်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်ခင်ဗျာ။

🌿 Kalaw Trekking အဖွဲ့ရဲ့ လုပ်ဆောင်မှုများနှင့် အတူ Trekking ၊ Hiking ၊ Camping ခရီးစဉ်များနှင့် ပတ်သက်သည့် အထွေထွေဗဟုသုတသုတများကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

👉 https://www.facebook.com/109205929491119/posts/1549556728789358/?mibextid=cr9u03

👉 https://fb.watch/miWIyfDdjp/?mibextid=cr9u03

🌿 ခရီးစဥ်နဲ့ပါတ်သက်ပြီးအသေးစိတ်အချက်အလက်များကို Page Chat Box သို့မဟုတ် ဖုန်း ၀၉ ၇၉၅၅၃၅၁၂၄ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

👉 Kalaw Trekking ၏ ဓာတ်ပုံနှင့်စာသားများကိုတစ်ဆင့်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။ လွတ်လပ်စွာ Share နိုင်သည်။

ကျေးဇူးတင်စွာဖြင့်
Kalaw Trekking
Email - [email protected]
Website - kalawtrekking.weebly.com
Ph - +95 9 795535124

🌿 ဘဝရဲ့ခက်ခဲမှုတွေကြားမှာ ခဏတာ အေးချမ်းမှုကိုလိုနေပါသလား ........... ?  ဟေဇီတောင်ထိပ်ရဲ့အလှပဆုံးအခိုက်အတန့် က သိပ်လှတဲ့က...
16/11/2024

🌿 ဘဝရဲ့ခက်ခဲမှုတွေကြားမှာ ခဏတာ အေးချမ်းမှုကိုလိုနေပါသလား ........... ? ဟေဇီတောင်ထိပ်ရဲ့အလှပဆုံးအခိုက်အတန့် က သိပ်လှတဲ့ကမ္ဘာကြီးကို မတူညီတဲ့ ရှုထောင့်ကနေ ကြည့်ရှုခံစားပြီးတော့ သင့်ရဲ့ စိတ်ဖျားနာမူ့တွေကို ပြေပျောက်နိုင်ဖို့အတွက်အကောင်းဆုံး ခိုလှုံစရာနေရာတစ်ခုပါ။

🌿 ပထမရက် - စွန့်စားခန်းအပြည့်နဲ့ Trekking ခရီး

🌿 Trekking အရသာ အပြည့်အဝရချင်တဲ့ သူတွေ အတွက်အထူးသင့်လျော်တဲ့ ခရီးစဉ်တစ်ခုပါလို့ ပြောရပါမယ်။ ပထမရက် ကို Kalaw Trekking အဖွဲ့ကနေ ကားဖြင့်ဧည့်သည်တော်များတည်းခိုတဲ့ ဟိုတယ်ကို ခရီးမစတင်ခင် လာရောက်ကြိုပေးပါတယ်။ ခရီးစတင်ဖို့ သတ်မှတ်ထားတဲ့ အချိန်ရောက်တာနဲ့ ကလော ကနေ Trekking စတင်မဲ့နေရာကို ပို့ဆောင်ပေးပါတယ်။ Trekking မနက်ပိုင်း ၃ နာရီ စွန့်စားခန်းကိုတော့ သဘာဝမြေနီ တောလမ်း ကနေ ထင်းရှူးတော တောင်ကမ်းဘား များကနေသွားရမှာဆို့တော့ ရင်ခုန်စိတ်လှုပ်ရှားစေမဲ့ ခရီးတစ်ခုပေါ့ဗျာ။ ခရီးလမ်းတစ်လျှောက်မှာလည်း ဒေသခံတွေရဲ့ နေ့စဉ် ဖြတ်သန်းနေတဲ့ ဘဝ ကိုတွေ့မြင်ခံစားရမှာဆိုတော့ ရိုးသားကြိုးစားနေတဲ့ သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ကြည့်ရင်း ဒေသတစ်ခုရဲ့ လိုအပ်ချက်များကို လေ့လာနိုင်မှာပါ။ ဒါမှသာ Trekking , Camping ခရီးကိုလာရကျိုးနပ်မှာပေါ့ဗျာ။

🌿 Trekking ခရီးရဲ့ နေ့လယ်စာကို Kalaw Trekking အဖွဲ့ရဲ့ ဒေသခံ စားဖိုမူးကနေ ရွာ က ( အိမ် ) မှာ ရိုးရာ ထမင်း ဟင်းတွေ ချက်ကျွေးမယ်ဆိုတော့ ပူပူ နွေးနွေးစားရမယ်လေနော်။ နေ့လယ်စာစားပြီးရင် နာရီဝက် ခဏနားမယ် ပြီးရင်တော့ Camp ချမဲ့ ဟေဇီတောင်ထိကို ၂ နာရီပဲသွားရမဲ့ ခရီးစတင်ကြတာပေါ့ ။ နေ့ခင်းဘက် ခရီးလမ်းတစ်လျောက် က မနက်ပိုင်းကလာခဲ့တဲ့ မြင်ကွင်းနဲ့ မတူတဲ့ ရှုခင်းတွေ ၊ တောင်ယာစိတ်ခင်းတွေအများကြီး မြင်တွေ့ရမယ် ။ အေးစိမ့်နေတဲ့ လေနုအေးတွေ ထိတွေ့ ခံစားရမယ် ဆိုတော့ မမော်မပန်းပဲဟေဇီတောင်ကို ရောက်သွားမှန်းတောင် မသိလိုက်ပဲနေမယ်ဗျာ။ ဟေဇီတောင်ပေါ်ကို‌ ရောက်တဲ့အခါ Tent တွေကအဆင်သင့် ပြင်ဆင်ထားပြီးသားမို့ သက်တောင့် သက်သာနဲ့ အနားယူ သာယာတဲ့ သဘာဝပတ်ဝန်းကျင်ကို ကြည့်ရှုခံစားရင်း ဓါတ်ပုံရိုက် အနားယူပြီး ညနေစောင်းအချိန်လေးမှာတော့ အရမ်းလှပပြီး လွမ်းမောစရာကောင်းလှတဲ့ နေဝင်ချိန်ကို ကြည့်ရှုခံစားကြတာပေါ့ဗျာ ။ နေဝင်ချိန်ကို ကြည့်ရှုခံစားပြီးရင်တော့ ကြယ်ရောင်စုံလင်းထိုးနေတဲ့ ညကောင်းကင်ကြီးအောက်မှာ ခမ်းနားတဲ့ မီးပုံပွဲနှင့်အတူ ညစာကို သုံးဆောင်ကြမယ်။ ညစာစားပြီးတော့ မီးလှုံရင်း ဂစ်တာတီး သီချင်းတွေအော်ဆိုကြတာပါ့ဗျာ။



🌿 ဒုတိယရက် - မနက်ခင်း နေထွက်အလှတရားနှင့် တိမ်ပင်လယ်

🌿 မနက်ခင်း ရာသီဥတုကောင်းရင်တော့ တိမ်ပင်လယ်နဲ့ နှိုးထခွင့်ရမဲ့အပြင် နေထွက်ချိန် အလှကိုတဝကြီးခံစားရမယ်။ မနက်ခင်း တစ်ခုရဲ့ ပြီးပြည့်စုံတဲ့ အလှကို ခံစားရင်း Coffee ပူပူတစ်ခွက်လေးသောက်ပြီးရင်တော့ မနက်ခင်း သွေးပူ နာရီဝက် Trekking ခရီးဖြင့် မနက်စာ စားမဲ့ ရွာ လေးကိုသွားကြတာပေါ့ ။ မနက်စာကိုတော့ ဒေသစာလေးတွေစား Trekking & Camping အတွေ့အကြုံ အမှတ်တရဓာတ်ပုံတွေ အပြန်အလှန် ရှယ်ကြမယ် ပြောကြမယ်။ ပြီးသွားရင်တော့ Trekking ခရီးအနေနဲ့ ( ၂ ) နာရီလောက်သာလျှောက်ရမဲ့ ခရီးလမ်းတစ်လျှောက်မှာ သိပ်လှတဲ့ ရွာတွေ ဝင်လည်ကြမယ် ။ Trekking ခရီးစဉ်ဆုံးတဲ့ နေရာရောက်တာနဲ့ လာကြိုမဲ့ကားနဲ့ ကလောကို ပြန်ကြတာပေါ့ဗျာ။ ဒီခရီးစဉ် ရဲ့ အဓိက ရည်ရွယ်ချက်လေးက သဘာဝအတိုင်းတည်ရှိနေတဲ့ လူသားတွေ ဖန်တီးမူတွေ မရှိတဲ့အရပ် ၊ မြို့ပြနဲ့ ဝေးတဲ့ နေရာ နည်းပညာတွေ နဲ့ ဝေးတဲ့ အဝေးဆုံးဆိုတဲ့ ကမ္ဘာသစ်ကို သွားရောက်ချင်တဲ့သူတွေအတွက် အကောင်းဆုံး ခရီးတစ်ခုအနေနဲ့ Kalaw Trekking အဖွဲ့ကနေ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။

🌿 Kalaw Trekking ခရီးစဉ်များနှင့်ပတ်သက်ပြီး Instagram , TikTok , YouTube , Threads , Telegram Channel , Viber Channel အစရှိသည့် Social Media များတွင်ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

https://instagram.com/kalawtrekking

https://www.tiktok.com/

https://youtube.com/

https://www.threads.net/

https://t.me/kalawtrekking

Join Kalaw Trekking on Telegram Group https://t.me/kalawtrekking

https://invite.viber.com/?g2=AQAFFdtyctDvzFB0Fkv7DcZ3gOczncJl4WiPtoqdQ9nAJ4EbhMBkbX1OliN%2Feec2

🌿 ခရီးစဥ်များနှင့် ပါတ်သက်ပြီးအသေးစိတ်အချက်အလက်များကို Page Chat Box သို့မဟုတ် ဖုန်း ၀၉ ၇၉၅၅၃၅၁၂၄ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

👉 Kalaw Trekking ၏ ဓာတ်ပုံ ၊ ဗီဒီယိုနှင့်စာသားများကိုတစ်ဆင့်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။ လွတ်လပ်စွာ Share နိုင်သည်။

ဖိတ်ခေါ်လျက်
Kalaw Trekking
Email - [email protected]
Website - kalawtrekking.weebly.com
Ph - +95 9 795535124



.weebly.com .com

🌿 ဟေဇီတောင်မှာ အနားယူပြီး သဘာဝနှင့် ချစ်ခြင်းမေတ္တာကို ရယူကြရအောင် ............. ။🌿 ရိုးရှင်းတဲ့ ဘဝ နေထိုင်သူတွေဟာ ပိုပျ...
01/11/2024

🌿 ဟေဇီတောင်မှာ အနားယူပြီး သဘာဝနှင့် ချစ်ခြင်းမေတ္တာကို ရယူကြရအောင် ............. ။

🌿 ရိုးရှင်းတဲ့ ဘဝ နေထိုင်သူတွေဟာ ပိုပျော်ရွှင်တယ်လို့ ဆိုကြပါတယ်။ ဟေဇီတောင်ရဲ့ ရိုးရှင်းတဲ့ သဘာဝတောလမ်းခရီးတွေဟာ စိတ်လှုပ်ရှားစရာကောင်းသလို ထင်းရှူးတော ၊ တောင်ကမ်းပါးယံတွေကနေ သိပ်လှတဲ့ ရှုခင်း‌တွေကိုကြည့်ရင်း လမ်းတလျှောက်မှာ ဒေသန္တရ သစ်ပင်ပန်းမန်တွေကိုခံစားကြမယ် ............. ။ တောင်ပေါ်ရွာတွေ ဝင်လည်ရင်း ဒေသခံတွေနဲ့တွေ့ဆုံကြမယ်။ ဒီခရီးစဉ်အတွင်း လတ်ဆတ်သော လေကိုရယူပြီး သဘာဝနှင့် ချိတ်ဆက်ပါ ။ ဟေဇီတောင်ကို‌ ရောက်တဲ့အခါ ( Authentic Camping ) အနှစ်သာရကို အပြည့်အဝ ခံစားကြမယ်ဗျာ။

🌿 Kalaw Trekking ခရီးစဉ်များနှင့်ပတ်သက်ပြီး Instagram , TikTok , YouTube , Threads , Telegram Channel , Viber Channel အစရှိသည့် Social Media များတွင်ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

https://instagram.com/kalawtrekking

https://www.tiktok.com/

https://youtube.com/

https://www.threads.net/

https://t.me/kalawtrekking

Join Kalaw Trekking on Telegram Group https://t.me/kalawtrekking

https://invite.viber.com/?g2=AQAFFdtyctDvzFB0Fkv7DcZ3gOczncJl4WiPtoqdQ9nAJ4EbhMBkbX1OliN%2Feec2

🌿 ခရီးစဥ်များနှင့် ပါတ်သက်ပြီးအသေးစိတ်အချက်အလက်များကို Page Chat Box သို့မဟုတ် ဖုန်း ၀၉ ၇၉၅၅၃၅၁၂၄ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

👉 Kalaw Trekking ၏ ဓာတ်ပုံ ၊ ဗီဒီယိုနှင့်စာသားများကိုတစ်ဆင့်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။ လွတ်လပ်စွာ Share နိုင်သည်။

ဖိတ်ခေါ်လျက်
Kalaw Trekking
Email - [email protected]
Website - kalawtrekking.weebly.com
Ph - +95 9 795535124



.weebly.com .com

🌿 စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ပြန်လည်မွေးဖွားလာစေမယ့် ဟေဇီတောင်ခရီး ........... ။🌿 သင့်ဘဝအတွက် စိတ်ဓာတ် ခွန်အားအပြည့်နဲ့အသစ...
20/10/2024

🌿 စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ပြန်လည်မွေးဖွားလာစေမယ့် ဟေဇီတောင်ခရီး ........... ။

🌿 သင့်ဘဝအတွက် စိတ်ဓာတ် ခွန်အားအပြည့်နဲ့
အသစ်ပြန်စချင်တယ် ၊ ဆုံးရှုံးသွားတဲ့ ခွန်အားတွေ ပြန်ရဖို့နဲ့ ဘဝရဲ့ ကမောက်ကမတွေကြားမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်လည်ရရှိရန်နှင့် အသစ်တစ်ဖန် ပြန်လည်ဆန်းသစ်စေမဲ့ ကမ္ဘာသစ်တစ်ခုထဲ သို့ ဝင်ရောက်လှမ်းကြည့်လိုက်ပါ။

🌿 Mount Hazy Trekking & Camping ခရီးစဉ်ဟာ ဘယ်လို သာယာလှပပြီး ဆွဲဆောင်မှုရှိတယ် ဆိုတာမျိုးထက် ဒီခရီးစဉ်ပြီးရင် သင်ဘဝအတွက် အတွေးသစ် ၊ အမြင်သစ်များကို ရာနှုန်းပြည့် ရရှိသွားစေမယ်လို့ Kalaw Trekking ကနေပြောလိုက်ပါရစေ။

🌿 Kalaw Trekking ခရီးစဉ်များနှင့်ပတ်သက်ပြီး Instagram , TikTok , YouTube , Threads , Telegram Channel , Viber Channel အစရှိသည့် Social Media များတွင်ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

https://instagram.com/kalawtrekking

https://www.tiktok.com/

https://youtube.com/

https://www.threads.net/

https://t.me/kalawtrekking

Join Kalaw Trekking on Telegram Group https://t.me/kalawtrekking

https://invite.viber.com/?g2=AQAFFdtyctDvzFB0Fkv7DcZ3gOczncJl4WiPtoqdQ9nAJ4EbhMBkbX1OliN%2Feec2

🌿 လတ်ဆတ်သော သဘာဝလေပြေ လေညှင်းလေးကိုရှူရှိုက် ခံစားလိုသူများအတွက် လှမ်းလာခဲ့ပါလို့ Kalaw Trekking ကနေဖိတ်ခေါ်ပါရစေခင်ဗျာ။

🌿 ခရီးစဥ်များနှင့် ပါတ်သက်ပြီးအသေးစိတ်အချက်အလက်များကို Page Chat Box သို့မဟုတ် ဖုန်း ၀၉ ၇၉၅၅၃၅၁၂၄ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

👉 Kalaw Trekking ၏ ဓာတ်ပုံ ၊ ဗီဒီယိုနှင့်စာသားများကိုတစ်ဆင့်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။ လွတ်လပ်စွာ Share နိုင်သည်။

ဖိတ်ခေါ်လျက်
Kalaw Trekking
Email - [email protected]
Website - kalawtrekking.weebly.com
Ph - +95 9 795535124



.weebly.com .com

Address

7 Quarter, Seiktathukha, Street
Kalaw
06021

Alerts

Be the first to know and let us send you an email when Kalaw Trekking posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kalaw Trekking:

Videos

Share