Kalaw ခရီးသွားဝန်ဆောင်မှုနှင့် Tour Guide လုပ်ငန်း

  • Home
  • Kalaw ခရီးသွားဝန်ဆောင်မှုနှင့် Tour Guide လုပ်ငန်း

Kalaw ခရီးသွားဝန်ဆောင်မှုနှင့် Tour Guide လုပ်ငန်း Kalaw Tour Agent, Car Rental, Motor Bike, eBike, Tour Guide services

26/03/2024

Car Rental /Guide/Trekking/Ph photo Services (Ph-09400883375)

https://www.facebook.com/share/p/JoKU2FBZg53t2wQE/?mibextid=WC7FNeကလောသမိုင်းနှင့်ပတ်သက်ပြီးပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း...
29/02/2024

https://www.facebook.com/share/p/JoKU2FBZg53t2wQE/?mibextid=WC7FNe

ကလောသမိုင်းနှင့်ပတ်သက်ပြီး

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ ဒေသ သမိုင်းပြုစုရေးအဖွဲ့မှာ ပါဝင်ပြီး တာဝန်ယူခဲ့တဲ့အတွက် ကလောသမိုင်းဆိုင်ရာ လေ့လာရေးသားမှုများကို ခဏတာ ရပ်နားထားခဲ့ပါတယ်။ ယခုတော့ အဆိုပါ တာဝန်များပြီးဆုံးပြီဖြစ်လို့ ကလောသမိုင်း ရေးသားပြုစုရေးကို ပြန်လည်ဆောင်ရွက်ပါ တော့မယ်။

၂၀၂၄ ခုနှစ်ဟာ ကလောမြို့တည်ထောင်ခဲ့တာ
နှစ် ၁၁၀ ပြည့်မြောက်တဲ့နှစ်ဖြစ်လို့ ၂၀၂၄ ခုနှစ်
မကုန်ခင်မှာ ကလောသမိုင်းကို အပြီးသတ်ပြုစုဖို့
ရည်မှန်းထားပါတယ်။ ကလော သမိုင်းပြုစုဖို့ကို ၂၀၁၅ ခုနှစ်လောက် ကတည်းက စိတ်ကူး
ရှိခဲ့ပေမဲ့ တကယ် စလုပ်ဖြစ်တာက ၂၀၂၀ ခုနှစ်မှ ဖြစ်ပြီး ကိုဗစ်ကာလနဲ့ ကြုံနေလို့ စာဖတ်ချိန်
ပိုရခဲ့ပေမဲ့ လက်တွေ့မေးမြန်းရမဲ့ကိစ္စ တွေမှာ
တော့ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ခဲ့ရပါတယ်။

ကလောသမိုင်းကို တကယ်စူးစိုက် လေ့လာ
မိတဲ့အချိန်မှာတော့ ကျွန်တော်ငယ်စဥ်
ကတည်းက သိမှတ်ထားခဲ့တဲ့ ကလောနဲ့ပတ်
သက်တဲ့ သမိုင်းမှား အချို့ကို သိခွင့်ရလာ
ခဲ့ပါတယ်။ သိချင်တဲ့ သမိုင်းအချို့ကိုလည်း
သိခွင့်ရလာခဲ့ပါတယ်။ အခြားသိလိုသူများ
သိနိုင်ဖို့လည်း facebook က တဆင့်မျှဝေ
တင်ပြပေးခဲ့ပါတယ်။

ကျွန်တော်တို့ငယ်စဉ်က ပေတစ်ရာလမ်းလို့
ခေါ်ခဲ့တဲ့ ပြည်ထောင်စုလမ်းမကြီးနဲ့
ပတ်သက်လို့ ဘယ်တုန်းက စဖောက်ခဲ့တာလဲ။
ဘယ်အချိန်မှာ ကလောကို လမ်းမကြီး စတင်
ရောက်ရှိခဲ့သလဲ ဆိုတဲ့ ကိုယ်တိုင်သိချင်
နေတဲ့ မေးခွန်းရဲ့ အဖြေကိုလည်း ကလော
သမိုင်းရှာဖွေရင်းနဲ့ သိရှိခဲ့ရပါတယ်။
အဲဒီအကြောင်းကို "တောင်ပိုင်းရှမ်းပြည်
လမ်းမကြီး" အမည်နဲ့ အများသိအောင်
တင်ပြခဲ့ပြီးပါပြီ။ ၂၀၂၀ ခုနှစ်အထိ မသိရှိခဲ့
ကြတဲ့ ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့
ကလောစာတိုက်ရဲ့ သက်တမ်းကိုလည်း
ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဗြိတိသျှ ကိုလိုနီခေတ်ရောက်မှ တည်ထောင်
ခဲ့တဲ့ ကလောမြို့ သက်တမ်းဟာ နှစ် ၁၀၀ ကျော်
သာရှိသေးပေမဲ့ ကလောရွာ သို့မဟုတ် ကလော
ဒေသ တည်ရှိခဲ့တာဟာ အချို့သော စာအုပ်
များမှာ ဖော်ပြထားတာထက် အများကြီး
စောနေခဲ့တယ် ဆိုတာကိုလည်း တွေ့ရှိထား
ပြီးပါပြီ။ ကလောမြို့ အတွင်းမှာလည်း
အများမသိရှိသေးတဲ့ သမိုင်းဆိုင်ရာ
နေရာအချို့ကို တွေ့ရှိလေ့လာ နေဆဲ
ဖြစ်ပါတယ်။

ကလောမြို့ဟာ ယခုအချိန်မှာ လူမျိုးပေါင်းစုံ
နေထိုင်မေတဲ့ မြို့ဖြစ်ပေမဲ့ ကိုလိုနီခေတ်
မတိုင်မီက ဓနုလူမျိုး အများစု နေထိုင်ခဲ့ကြတဲ့
ဒေသ ဖြစ်တယ်ဆိုတာကို သိရှိသူ နည်းလှပါတယ်။
ကလောသမိုင်းနဲ့ ပတ်သက်ပြီး ထပ်မံလေ့လာ
စရာတွေ အတည်ပြုဖို့လိုနေတာလေးတွေ
ရှိနေလို့ ကလောသမိုင်းကို အပြီးမသတ်နိုင်
သေးတာဖြစ်ပါတယ်။

ယနေ့ခေတ်ဟာ နောင်နှစ်တစ်ရာကြာရင်
သမိုင်းဖြစ်လာမှာမို့ ယနေ့ခေတ်နဲ့ သက်ဆိုင်
တဲ့ အကြောင်းအရာ တချို့ကိုလည်း
ကလောသမိုင်းမှာ ထည့်သွင်းဖို့ ရည်မှန်းထား
ပါတယ်။

ကလောမြို့ဆိုတာ လက်ရှိကာလမှာ ပြည်တွင်း
ပြည်ပဧည့်သည်များ စိတ်ဝင်စားတဲ့ ဒေသ
ဖြစ်လို့ ကလောသမိုင်းနဲ့ ပတ်သက်ပြီး ဒေသခံ
များသာမက ကလောကို ချစ်ခင်နှစ်သက်
မြတ်နိုးတဲ့သူတိုင်း စိတ်ဝင်စားကြမယ်လို့
မျှော်လင့်မိပါတယ်။ အပြည့်စုံဆုံး မဟုတ်
ပေမဲ့ တတ်နိုင်သမျှ ခိုင်လုံတဲ့ အထောက်
အထားတွေကို ကိုးကားပြီး မရှိသေးတဲ့
ကလောသမိုင်း ကွက်လပ်ကို ဖြည့်ဆည်းဖို့
တတ်နိုင်သမျှ ဆက်လက်ကြိုးစားသွားမှာ
ဖြစ်ပါတယ်။

မှတ်ချက်။ ။ သမိုင်းဆိုင်ရာ ကိစ္စရပ်များ
လေ့လာရေးသားနေရခြင်းနှင့်အတူ မိသားစု
စီးပွားရေးကိစ္စရပ်များကိုလည်း မဖြစ်မနေ
လုပ်ဆောင်နေရပါသဖြင့် အချို့သော လူမှု
ရေးကိစ္စရပ်များမှာ ယခင်လို မပါဝင်နိုင်
တော့သည်ကို မိတ်ဆွေ သူငယ်ချင်းများ
နားလည်ကြလိမ့်မည်လို့ ယုံကြည်မိပါတယ်။

ခင်မောင်တင့် (ကလော)
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၂၆) ရက်

ကလောမှာချယ်ရီပန်းလေးတွေစပွင့်နေပါပြီ
18/01/2024

ကလောမှာချယ်ရီပန်းလေးတွေစပွင့်နေပါပြီ

ဆောင်းနေ့ခင်းမိုးသားပြာပြာအောက်က ကလောနာရီစင်
18/01/2024

ဆောင်းနေ့ခင်းမိုးသားပြာပြာအောက်က ကလောနာရီစင်

ကလောမြို့ကနေကားနဲ့ ၁နာရီပိုပိုလေးလောက်မောင်းရင် ဓနုကျေးရွာလေးဖြစ်တဲ့ မြိုင် စံပြကျေးရွာလေးမှာ မြန်မာနိုင်ငံရဲ့ အလှဆုံးထဲ...
18/05/2023

ကလောမြို့ကနေကားနဲ့ ၁နာရီပိုပိုလေးလောက်မောင်းရင် ဓနုကျေးရွာလေးဖြစ်တဲ့ မြိုင် စံပြကျေးရွာလေးမှာ မြန်မာနိုင်ငံရဲ့ အလှဆုံးထဲမှာပါတဲ့ ဂဏန်းကျ ရေတံခွန် လေးပါ

ပန်းခင်းသည့်အချစ်လမ်း အတူလှမ်းလို့လျှောက်ကြမယ်ချစ်သက်ဆယ်ပြန် အပ်နှံမခွဲ ကလောမြို့ဗျိုက်တောင်နဲ့ နေကြာ 🌻🌻ပန်းခင်း
12/05/2023

ပန်းခင်းသည့်အချစ်လမ်း အတူလှမ်းလို့လျှောက်ကြမယ်ချစ်သက်ဆယ်ပြန် အပ်နှံမခွဲ ကလောမြို့ဗျိုက်တောင်နဲ့ နေကြာ 🌻🌻ပန်းခင်း

နေညိုဝင်ချိန်နာရီ အကြင်နာသော်တာရောင်ခြည် တရွေ့ရွေ့ကုန်ဆုံးချိန် ကလောမြို့လေးရဲ့ပလောင်တောင် View Point ညနေဆည်းဆာအလှ
12/05/2023

နေညိုဝင်ချိန်နာရီ အကြင်နာသော်တာရောင်ခြည် တရွေ့ရွေ့ကုန်ဆုံးချိန် ကလောမြို့လေးရဲ့ပလောင်တောင် View Point ညနေဆည်းဆာအလှ

မီးရထားလေးကိုကိုယ်စီးကာ ကလောမြို့လေးကိုအလည်ရောက်လာ မိုးရာသီရဲ့တောင်နှစ်လုံးကြားကရထားလမ်းလေး
12/05/2023

မီးရထားလေးကိုကိုယ်စီးကာ ကလောမြို့လေးကိုအလည်ရောက်လာ မိုးရာသီရဲ့တောင်နှစ်လုံးကြားကရထားလမ်းလေး

ကလောမြို့ရဲ့ ဂန္တဝင်ဆန်လှတဲ့ Kalaw Heritageသမိုင်းဝင်တဲ့ နှစ်တစ်ရာဟိုတယ် ကြီးမှာပေါ့
12/05/2023

ကလောမြို့ရဲ့ ဂန္တဝင်ဆန်လှတဲ့ Kalaw Heritageသမိုင်းဝင်တဲ့ နှစ်တစ်ရာဟိုတယ် ကြီးမှာပေါ့

ထင်းရှူးပင်နဲ့ယူကလစ်ရနံ့လေးတွေသင်းပျံ့လို့ထုံသင်းတယ့် ကလောမြို့လေးရဲ့City Viewလေးမှာပေါ့
12/05/2023

ထင်းရှူးပင်နဲ့ယူကလစ်ရနံ့လေးတွေသင်းပျံ့လို့ထုံသင်းတယ့် ကလောမြို့လေးရဲ့City Viewလေးမှာပေါ့

တစ်ခုသောကောင်းကင်ပြာအောက်ကတစ်နေ့သောရက်မြတ်လေးထဲမှာတူနှစ်ကိုယ်ဆုံတွေ့ ခဲ့ရတဲ့ ကလောမြို့ ရှန်ဘဲလား View Point
12/05/2023

တစ်ခုသောကောင်းကင်ပြာအောက်ကတစ်နေ့သောရက်မြတ်လေးထဲမှာတူနှစ်ကိုယ်ဆုံတွေ့ ခဲ့ရတဲ့ ကလောမြို့ ရှန်ဘဲလား View Point

မှိုင်းညှို့ဆိုင်း တဲ့ အိုးစည်တောင် ကနေ မိုးနဲ့အတူ လွမ်းနေမိတယ် ကလော‌မြို့ရဲ့ မိုးဦးကျ အိုးစည်တောင်ရဲ့အလှရှုမျှော်ခင်း
12/05/2023

မှိုင်းညှို့ဆိုင်း တဲ့ အိုးစည်တောင် ကနေ မိုးနဲ့အတူ လွမ်းနေမိတယ် ကလော‌မြို့ရဲ့ မိုးဦးကျ အိုးစည်တောင်ရဲ့အလှရှုမျှော်ခင်း

Address

Kalaw

Telephone

+959977729314

Website

Alerts

Be the first to know and let us send you an email when Kalaw ခရီးသွားဝန်ဆောင်မှုနှင့် Tour Guide လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kalaw ခရီးသွားဝန်ဆောင်မှုနှင့် Tour Guide လုပ်ငန်း:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share