Kalaw225

Kalaw225 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kalaw225, Vacation Home Rental, No 225. 9 Quarter, Yay Htwat Oo Street, Kalaw.

ကလောမြို့ရဲ့နှလုံးသားထဲက Kalaw225 Vacation Homes! 🌲🏡✨❤️ ကလောက ဟိုတယ်တွေမှာနေရတာ ငြီးငွေ့နေပြီဆိုရင် Kalaw225 မှာ ကျွန်မတ...
08/05/2025

ကလောမြို့ရဲ့နှလုံးသားထဲက Kalaw225 Vacation Homes! 🌲🏡✨

❤️ ကလောက ဟိုတယ်တွေမှာနေရတာ ငြီးငွေ့နေပြီဆိုရင် Kalaw225 မှာ ကျွန်မတို့က လုံးခြင်းအိမ်လေး ၇ လုံးနဲ့ မတူကွဲပြားတဲ့ အတွေ့အကြုံကို ပေးမှာဖြစ်လို့ ..

"ကလောမှာ ကိုယ်ပိုင်အိမ်လေးတစ်အိမ်ရှိသလို သဘောထားပြီး လာလည်ပါနော်..." 🙆

🌟 ကျွန်မတို့ဆီမှာလာတည်းတဲ့ ဧည့်သည်တွေ ပြန်တဲ့အခါ မျက်ရည်တောင် ဝဲတတ်ကြပါတယ်..၊ ပြန်တောင်မပြန်ချင်တော့ဘူးဆိုတဲ့စကားတွေက ကျွန်မတို့ ပုံမှန်ကြားနေရတဲ့စကားလေးတွေပါ..။

၂၀၁၇ ခုနှစ်တုန်းက ကျွန်မတို့အနေနဲ့ ကလောမြို့မှာ အစောဆုံး Vacation Home တည်ထောင်ခဲ့ပါတယ်။ တစ်အိမ်ချင်းစီကို ကျွန်မအမျိုးသားကိုယ်တိုင် ဒီဇိုင်းဆွဲထားတာမို့ Unique ဖြစ်ပြီး အမှတ်ရစရာကောင်းပါတယ်..။

🏡 Kalaw225 မှာက အခန်းတစ်ခုနဲ့တစ်ခု ကပ်နေတာမဟုတ်ဘဲ ကိုယ်ပိုင်နေအိမ်လေးသဖွယ်ဖြစ်နေတော့.. ကော်ဖီလေးသောက်၊ စာအုပ်လေးဖတ်၊ ပတ်ဝန်းကျင်ရဲ့အလှကို ကြည့်ရင်း အနားယူနိုင်တာပေါ့..။

💕 အိမ်လေးတိုင်းက တမူထူးခြားပါတယ် !

ကျွန်မတို့ဆီမှာ လုံးခြင်းအိမ်လေး ၇ လုံးရှိတယ်။ ဘာလို့အထူးထူးခြားခြားလဲဆိုတော့ သင့်ရဲ့ Privacy ကို အပြည့်အဝရစေမှာပါ - သင့်ရဲ့ ကိုယ်ပိုင်အိမ်လေးတစ်လုံးလိုပါပဲ!

9 ရပ်ကွက်ဘက်က Vacation 1 မှာ -
✨"Royal225" - 8 ယောက်အထိ နေလို့ရတယ်၊ ဒါက ကျွန်မတို့ 2017 ကတည်းက စဖွင့်ခဲ့တာပါ။

ပြီးတော့ "ထင်းရှူး225"၊ "စိန်ပန်းပြာ225"၊ "ချယ်ရီ225" ဆိုတဲ့ အိမ်လေး 3လုံးလည်းရှိတယ်၊ ဒါတွေက 4ယောက်စီ နေလို့ရတာပေါ့

8 ရပ်ကွက်ဘက်က Vacation 2 မှာတော့ -
✨"Vivid" နဲ့ "Vista" - ဒါတွေက 2ယောက်စီ နေလို့ရတယ်
"Wonderland" - ဒါက 4ယောက်နေလို့ရတယ်၊ Master bedroom 2ခန်း သီးခြားစီ ရှိပါတယ်။

🏡 Kalaw 225 ရဲ့ဝန်ဆောင်မှုတွေကတော့ ..

✅ 24-hour Solar System
"မီးပြတ်ခဲ့ရင် စိုးရိမ်စရာမလိုပါဘူး! ကျွန်မတို့ဆီက အိမ်တိုင်းမှာ solar system တပ်ဆင်ထားတော့ မီးပြတ်နေချိန်မှာတောင် အလင်းရောင်အပြည့်အဝရှိနေမှာပါ! တခြံလုံးကို solar မီးတွေနဲ့ ထွန်းလင်းထားတော့ ညဘက်ဆို မြင်ရတဲ့ မြင်ကွင်းက အံ့မခန်းပါပဲ!

✅ ခြံဝန်းကျယ်ကျယ် - BBQ, Hot Pot ၊ မီးပုံပွဲလုပ်ရန်
"ကလောမှာ BBQ လုပ်စားရင်း မီးပုံပွဲလုပ်ချင်လား?" ကျွန်မတို့ဆီမှာ ခြံဝန်းကျယ်ကျယ်ရှိတော့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ပျော်ရွှင်ဆုံးဖြတ်သန်းနိုင်ပါတယ်။ BBQ ကင်မယ်၊ Hot Pot ချက်မယ်၊ ညဘက် မီးပုံနားမှာ စကားတဝကြီးပြောရင်း ထိုင်မယ်ဆိုရင် စိတ်ကြိုက်ပါပဲ။

✅ လုံခြုံရေးအပြည့်အဝရှိတယ်
ညစောင့်ဝန်ထမ်းရှိတဲ့အတွက် ဘယ်အချိန်မဆို စိတ်ချလက်ချနေနိုင်ပါတယ်။ တည်းခိုရင်း လုံခြုံရေးစိုးရိမ်မှုမရှိစေဖို့ ကျွန်မတို့က အာမခံပါတယ်။

✅ သွားရေးလာရေးလွယ်တဲ့ တည်နေရာ
ကျွန်မတို့ Kalaw225 က ကလောမြို့ ၈ နဲ့ ၉ ရပ်ကွက်၊ နှီးဘုရားအနီးမှာရှိပါတယ်။ မြို့ပေါ်မှာရှိပေမယ့် ဆူညံတဲ့မြို့ထဲမဟုတ်တဲ့အတွက် ရှူခင်းက အမိုက်စား၊ လေကောင်းလေသန့်ကလည်း ရနေတာပေါ့။ တကယ်က ကျွန်မတို့ဆီက မြို့ထဲနဲ့ Google Map အရ ၁၁ မိနစ်ပဲ ကွာတဲ့အတွက် ဘယ်ကိုမဆို အရမ်းအဆင်ပြေပါတယ်။

📌 ကဲ - စိတ်ဝင်စားရင် ကျွန်မတို့ဆီ 09444788802 ကို ဆက်သွယ်လို့ရပါတယ်။ ဒီဖုန်းနံပါတ်တစ်ခုတည်းနဲ့ KPay ကိုပဲ စရံငွေလွှဲလို့ရတယ်နော်။ ဝန်ထမ်းတွေဆီ ဖုန်းဆက်တာ၊ ငွေလွှဲတာမျိုး လုံးဝမလုပ်ပါနဲ့နော်။

သတိထားရမှာက Booking တင်တဲ့အခါ စရံတဝက်လွှဲမှ confirm ဖြစ်မှာပါ။ အကြောင်းကြောင်းကြောင့် cancel လုပ်မယ်ဆိုရင်တော့ စရံငွေ ပြန်မအမ်းပါဘူး။ ဒါပေမယ့် ရက်ပြောင်းမယ်ဆိုရင်တော့ ပြောင်းလို့ရတယ်။ အချိန်မီကြိုပြောရုံပါပဲ!

ကျွန်မတို့ Kalaw225 မှာ ကိုယ်ပိုင်အိမ်လေးမှာလို နေထိုင်ပြီး ကလောရဲ့ အလှတရားတွေကို အပြည့်အဝခံစားဖို့ ခုပဲ ဆက်သွယ်လိုက်ပါနော်! 🏡🌲💕


အခုတလောတွေ့နေရတဲ့ " အပူ‌ေ ရှာင်" ဖို့ ဆိုပြီး တနေရာ ရာသွားကြ တာတွေ့ရတော့ "‌ေ ရှ ာင် "တယ်ဆိုတဲ့စကားလုံးကိုတော်တော်လေးသဘော...
08/05/2025

အခုတလောတွေ့နေရတဲ့ " အပူ‌ေ ရှာင်" ဖို့ ဆိုပြီး တနေရာ ရာသွားကြ တာတွေ့ရတော့ "‌ေ ရှ ာင် "တယ်ဆိုတဲ့စကားလုံးကိုတော်တော်လေးသဘောမကျလှပါဘူး။ ရှောင်တဲ့သူတွေကိုအပြစ်တင်တာမဟုတ်ပဲ စကားလုံးကိုသဘောမကျတာပါ။

‌ေ ရှာင် တယ်ဆိုတာခဏပဲရမယ်။ နင်ပြောမှလား သိတာပေါ့လို့ ဖတ်နေတဲ့သူတွေလဲတွေးမှာပဲ။

တခါတလေ မှာ ကိုယ့်အတွက် နေထိုင်ရတာ ခံစားရတာ ခက်ခဲတာကြောင့် ‌ေ ရှာင်ပြေးချင်စိတ်တွေကို နားလည်ပေမယ့် ကိုယ်ကတော့ ‌ေ ရှာင်မပြေးချင်ခဲ့ဘူး။

အမြဲလှပပြီး အေးချမ်းနေတဲ့ ဘဝ တွေ နေရာ တွေ ဆိုတာ ကိုယ့်စိတ်ထဲက လွဲပြီး တကယ်လက်တွေ့ အပြင်မှာ အမြဲ ဆိုတာ ဘယ်အရာမှ မရှိပါဘူး။

အရမ်းပူနေကျတယ် နောင်လဲပိုပူမှာ သိတဲ့သူတွေအနေနဲ့ လက်တွေ့ ဘာတွေများလုပ်ဖြစ်ကြလဲ။

ပူတာကိုရင်ဆိုင်လိုက်တော့တယ်။ အိမ်မှာ တပ်သင့်တာ တပ်တယ်။ ပတ်၀န်းကျင်ထိန်းသိမ်းဖို့ plasticလျော့တဲ့အနေနဲ့city mart ရော wet marketရောသွားရင် အ၀တ်အိတ်သုံးတယ်။သူတို့ပေးသလောက်plastic မယူခဲ့ဘူး။

ရေမလိုပဲအများကြီးမဖွင့်ထားဘူး။ ကလောအိမ်ဘက်မှာအပင်ပိုစိုက်ဖြစ်တယ် ။

ပတ်၀န်းကျင်မှာပူနေတာတွေ့ရင် လမ်းမှာ ကားသွားရင်းတွေ့ရင် အပူသက်သာစေတာလေးတွေလှူဖြစ်တယ်။

ဘယ်သူမှ စပြီး မလုပ်ဘူးမပြောပဲ ကိုယ်ကပဲ စ လုပ်လိုက်ပါ။ ခရီးအရှည်ကြီးဆိုတာ ခြေတလှမ်းက စ ရတာပဲမဟုတ်လား။

အသက်အရွယ်လေးရလာတော့ ရင်ဆိုင်မှဖြစ်မယ့်အရာတွေကို excuse တွေမပေးပဲ ရင်ဆိုင်လိုက်တော့တယ်။

တရားသဘောအရဆိုရင်တော့ အကောင်းလောကဓံပဲကြုံကြုံ အဆိုးလောကဓံပဲကြုံကြုံ အရှိကို အရှိအတိုင်းလက်ခံနိုင်အောင်ကြိုးစားနေပါတယ်ပေါ့


ချစ်ခြင်းဆိုတာ အချင်းချင်းနွေးထွေးစေတာ အပြန်အလှန်ပျော်ရွှင်စေချင်တာ ဖြစ်တယ်။ တချို့ချစ်ခြင်းက တဖွဖွ ဖွင့်ပြောတဲ့ချစ်ခြင်...
05/05/2025

ချစ်ခြင်းဆိုတာ အချင်းချင်းနွေးထွေးစေတာ
အပြန်အလှန်ပျော်ရွှင်စေချင်တာ ဖြစ်တယ်။

တချို့ချစ်ခြင်းက
တဖွဖွ ဖွင့်ပြောတဲ့ချစ်ခြင်းဖြစ်ပြီး
တချို့က အပြုအမူနဲ့ ပြတဲ့ ချစ်ခြင်းဖြစ်တယ်။

ဘယ်လိုချစ်ခြင်းမျိုးဖြစ်ဖြစ် အချင်းချင်းရဲ့ရင်ကိုနွေးထွေးစေပါတယ်✨✨✨✨

ဖတ်မိသော post‌ေလးတခုမှာ စာရေးသူနာမည် မပါလို့ပါ။ မူလစာရေးသူကိုcreditပေးပါတယ်။

Kalaw225 ✨
Vacation 1 & 2 ✨
09444788802 ✨

၀န်ထမ်း(2) ဉီးအလိုရှိပါတယ် 🍂🍀Hotel သို့မဟုတ် တည်းခိုခန်းတွင် bed making အတွေ့အကြုံရှိသူ 1ဉီး 🍀ပန်းပင်များကိုပြုစုနိုင်ပြ...
28/04/2025

၀န်ထမ်း(2) ဉီးအလိုရှိပါတယ် 🍂

🍀Hotel သို့မဟုတ် တည်းခိုခန်းတွင် bed making အတွေ့အကြုံရှိသူ 1ဉီး

🍀ပန်းပင်များကိုပြုစုနိုင်ပြီး အပင်အကြောင်းနားလည်သူ 1ဉီး

🍀9ရပ်ကွက် တွင်ရှိသော Kalaw225 မှာ ပါ ။

interview ၀င်သည့်အခါ လစာညှိနှိုင်းပြီးလိုအပ်သည့်အချက်များနှင့်လုပ်ရမည့်တာ၀န်ရှင်းပြပေးပါမယ် ။

CB က မမေးပဲ ph ဖြင့်သာ ဆက်သွယ်ပေးပါရန်။

interview မလာခင် ဖုန်းကြိုတင်ဆက်ပေးပါရန်။

09444788802 👈
ကိုဆက်သွယ်ပေးပါ🍀

23/03/2025

Kalaw225 Vacation 2
09444788802
သကြန်အတွက် အိမ်လေး အားလုံး booking ပြည့်နေပါပြီရှင် ✨✨✨

Thank you✨✨✨✨   #09444788802
18/03/2025

Thank you✨✨✨✨


#09444788802

16/03/2025

ဝေးနေတုန်းစကန့်တွေရယ် ဘာကြောင့်မို့ သိပ်နှေးတာလဲ မေးနေမိတယ်

07/03/2025

စိန်ပန်းပြာ225

2023 ဒီအချိန်လာသွားဖူးတဲ့ ရင်ထဲမှာ ကျန်ခဲ့တဲ့ဧည့်သည်အမ 🩷Feb first week မှာလာခဲ့တယ်။ Feb last weekအတွက်ထပ် bookingလှမ်းတင...
04/03/2025

2023 ဒီအချိန်လာသွားဖူးတဲ့ ရင်ထဲမှာ ကျန်ခဲ့တဲ့ဧည့်သည်အမ 🩷

Feb first week မှာလာခဲ့တယ်။ Feb last weekအတွက်ထပ် bookingလှမ်းတင်တော့ကျမကချက်ချင်းဧည့်သည်အသံကိုမှတ်မိနေတယ်☺️

အသံကဘာမှမထူးခြားနေပါဘူး။ ဧည့်သည်ရဲ့အသံကိုမှတ်မိနေစေတာက ဘုရားပေးတဲ့presentထင်ပါတယ်။

ကိုယ်ကပဲဧည့်သည်တွေကိုပန်း‌ေတွစည်းပေးနေတာ ဒီတခါတော့ ဧည့်သည်အမက သူကိုယ်တိုင်စည်းပြီး presentပေးသွားတယ် 💐

2017 ကနေ 2025 အထိ Kalaw225 ရပ်တည်နေခဲ့တာက Business management ကောင်းလို့လဲမဟုတ် Time management တွေလဲမဟုတ်

Energy management ကြောင့်ပါ။

ဒီ ph တလုံးထဲသာ booking လက်ခံပါတယ်။ ဝန်ထမ်း ph က kpay လွှဲခြင်းများ မပြုလုပ်ခိုင်းထားတာမို့ ဂရုစိုက်ပေးပါရှင်။

နွေရာသီကျောင်းပိတ်မယ့်သားသားမီးမီးတွေထံသို့ ✨✨✨ကျောင်းပိတ်ရက် သားသားမီးမီးတို့ မိဘတွေက အန်တီ့ဆီအများကြီးbookingတင်ထားကြပ...
26/02/2025

နွေရာသီကျောင်းပိတ်မယ့်သားသားမီးမီးတွေထံသို့ ✨✨✨

ကျောင်းပိတ်ရက် သားသားမီးမီးတို့ မိဘတွေက အန်တီ့ဆီအများကြီးbookingတင်ထားကြပါတယ်။

✨အိမ်လေးကိုရောက်ရင် အရာရာ‌ဈေးကြီးနေတဲ့ကြားက လိုက်ပို့ပေးတဲ့ဖေဖေနဲ့မေမေကို ကျေးဇူးတင်ကြောင်းအရင်ပြောပေးပါ။ ‌Thank youလို့ပြောရတာရှက်စရာမဟုတ်ပါဘူးနော်

✨phလေးကိုင်ပြီးgameပဲဆော့နေတာ သားသားမီးမီးတို့အတွက်smart မဖြစ်စေပါဘူး။ ခြံ 3ခြံလံုး ထဲမှာ မြက်ခင်းအကျယ်ကြီးကို နေ့တိုင်း‌ေရလောင်းပြုစုထားတာ သားသားမီးမီးတို့အတွက်မို့ စိတ်ကြိုက်ပြေးပါ။ ဆော့ပါ ။

✨ဒါန်းလေးပေါ်မှာ စာလေးဖတ် ညဘက်မှာ ကောင်းကင်ပေါ်က ကြယ်တွေကို ရေတွက် ကြည့်ပါ ။

✨အန်တီကစာအုပ်အသစ်‌တွေ အများကြီး ထားထားပေးတာ ဖတ်ကြည့်ပါ။ ဂီတာ မတီးတတ်လဲတီးကြည့်ပါ။

✨ အနီးအနား လမ်းလေးတွေ ဖေဖေ မေမေတို့နဲ့အတူ လျှောက်ကြည့်ပါ။ လမ်းတလျှောက်မှာ မပြုစုပဲ သဘာဝအတိုင်း အင်းအင်ရှိသမျှနဲ့ဖူးပွင့်နေတဲ့ ပန်း လေးတွေမြင်ရင် မခူးပစ်ပဲ သူ့ဆီက အင်အားကိုယူပါ။

✨အသင့်စားခေါက်ဆွဲ အသင့်သောက် coffee တွေကဈေးပေါသလို brand တွေမှာလဲအတုက ဈေးသိပ်ပေါတော့ လူတွေက အတုအယောင်တွေ ကို အစစ်ထက် ပိုမက်မောလာကြပေမယ့် အခုမှ လူ ဘဝကို လျှောက်မယ့် အန်တီ့ကလေး လေးတွေက အစစ်ကို ပိုတန်ဖိုးထားတတ်ပါစေ။

✨ပန်းတွေတခြံလုံးစိုက်ထားလို့ ပန်းလေးတွေကို လိုက်ကြည့်ပါနော်။

✨ vacation 1&2 အိမ်လေး 7လုံး လုံးကို အနားယူလို့မယ့် မြက်ခင်းကျယ် space အကျယ်ကြီးထားထားပေးပြီး အိမ်လေးတွေကို ကိုယ်ပိုင် idea designနဲ့ ကိုယ်တိုင်တည်ဆောက်ထားတဲ့ ဉီးဉီးက ဟိုးအဝေးကြီး သဘော်ပေါ်မှာ အင်ဂျင်နီယာ အလုပ်တွေလုပ်နေရပါတယ်။
သူလိုချင်တာက ကလေးလေးတွေ နွေရာသီမှာပျော်ရွှင်ဖို့ပါတဲ့

✨အန်တီကတော့လေ ဒီနွေမှာသုံးမယ့် အိပ်ယာခင်းအရောင်လေးတွေ ပန်းလေးတွေကအစ ရွေးပေးပြီး reception phတောင် ဝန်ထမ်းကို မခိုင်းပဲ ကိုယ်တိုင် ကိုင်တာ က သားသားမီးမီးတို့ မိဘတွေ ပိုကိဆံကုန်ရကျိုးနပ်အောင် အရာရာ အဆင်ပြေစေချင်လို့ပါ။

အသေးစိတ်က အစ အန်တီ ကိုယ်တိုင် လုပ်တာ အစစ်အမှန်တွေကိုပဲ ပေးချင်သလို သားသားမီးမီးတို့ကို ပျော်စေချင်လို့ပါ။

အိမ်7လံုး လုံးရဲ့ ပဲ့ကိုင်ရှင်ဦးဉီးနဲ့အန်တီရဲ့ တခုထဲသော hopeက ပိုက်ဆံနဲ့ဝယ်လို့မရ တဲ့ ပျော်ရွှင်မှုကို ကလေးတွေကိုပေးချင်တာပါပဲ။

✨အိမ်ကဝန်ထမ်းတွေ အားလုံး ကလဲ ဒီမျှော်လင့်ချက်လေးနဲ့လုပ်တာမို့ သူတို့ကို ကျေးဇူးတင်ကြောင်း ပြောပေးရင် သူတို့ အမောတွေ အကုန်ပြေစေမှာပါ

အန်တီတို့သေသွားတဲ့အခါ ပိုက်ဆံတွေက နောက်ဘဝကို သယ်သွားလို့မရပါဘူး။ သယ်သွားလို့ရတာက လူတွေကို ဘယ်လို ပျော်ရွှင်စေခဲ့လဲ ။ လိုအပ်သူတွေ ကို ဘယ်လောက်ကူညီနိုင်ခဲ့လဲဆိုတာတွေပါပဲ

တနှစ်ပတ်လုံးစာ‌ေတွနဲ့ပင်ပန်းနေခဲ့တဲ့ အန်တီ့ကလေး လေးရေ Kalaw225 မှာ ပျော်ရွှင်ပါစေကွယ်

မီးမှောင်ရင်ကြောက်တတ်တဲ့ကလေး တွေအတွက် solar တက်ထားလို့ 24 hours lightingရသလို wifi လဲရတယ်နော်။

Bookingတင်ရင် 09444788802 ဒီph နဲ့ ဒီpage တခုထဲbooking လက်ခံပါတယ်။

ဧည့်သည် ချစ်မွှေးလေး အသဲယားလိုက်တာ ၊😗😗😗
23/02/2025

ဧည့်သည် ချစ်မွှေးလေး အသဲယားလိုက်တာ ၊😗😗😗

Address

No 225. 9 Quarter, Yay Htwat Oo Street
Kalaw
06021

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09444788802

Website

Alerts

Be the first to know and let us send you an email when Kalaw225 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share