EZ Trip

EZ Trip Let Easy EZ Trip help you travel easily from a small town to rest of Myanmar & from a country to res

International & Domestic Flight ticket available now!Book online, Pay online & get E ticket! ပြည်​တွင်​း၊ ပြည်​ပ ​လေယာဉ်...
13/05/2021

International & Domestic Flight ticket available now!

Book online, Pay online & get E ticket!

ပြည်​တွင်​း၊ ပြည်​ပ ​လေယာဉ်​လက်​မှတ်​ မျိုးစုံရရှိနိုင်​ပါပြီ
👉Messengers or viber ကတစ်​ဆင်​့ Booking တင်​
👉Mobile banking က​နေ ​ငွေ​ချေ လိုက်​ရုံနဲ့
👉E ticket ရယူနိုင်​ပါပြီ

Viber - 09255292062

Passport office is reopening on May 13th"ပတ်စပို့သက်တမ်းတိုးလိုသူများအတွက်သတင်းကောင်း"မနက်ဖြန် ၁၃ မေ ၂၀၂၁ တွင် passport ...
12/05/2021

Passport office is reopening on May 13th
"ပတ်စပို့သက်တမ်းတိုးလိုသူများအတွက်သတင်းကောင်း"

မနက်ဖြန် ၁၃ မေ ၂၀၂၁ တွင် passport ရုံးပြန်ဖွင့်ပါမည် လို့ ကြားသိရပါတယ်။

အားလုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေ။

Dear citizens of Myanmar,Please stay indoors !Also PLEASE DO NOT START PANIC BUYING !မြန်မာပြည်သူတွေ အိမ်ထဲမှာပဲနေကြပါအာ...
01/02/2021

Dear citizens of Myanmar,
Please stay indoors !
Also PLEASE DO NOT START PANIC BUYING !
မြန်မာပြည်သူတွေ အိမ်ထဲမှာပဲနေကြပါ
အားလုံးပဲဂရုစိုက်ကြပါ






ထိုးပြီးတာနဲ့လစ်ကြမလား ပြော ?😁😙🧐
30/01/2021

ထိုးပြီးတာနဲ့လစ်ကြမလား ပြော ?😁😙🧐



ခရီးသွားဖို့ အထုတ်ပြင်ကြတော့နော် 😎😛 ကာကွယ်ဆေးလေယာဉ်ဆိုက်ပြီဆိုတော့ 😍    🥰
24/01/2021

ခရီးသွားဖို့ အထုတ်ပြင်ကြတော့နော် 😎😛
ကာကွယ်ဆေးလေယာဉ်ဆိုက်ပြီဆိုတော့ 😍



🥰

🏠 အိမ်မှာပဲဘူနေတာကြာပြီလား? 😫ရန်ကုန်မြို့တွင်းမှာပဲ စပါယ်ရှယ် relax လို့ ရအောင် staycation သွားလိုက်တော့ Spa မှာဇိမ်ခံမလ...
21/01/2021

🏠 အိမ်မှာပဲဘူနေတာကြာပြီလား? 😫

ရန်ကုန်မြို့တွင်းမှာပဲ စပါယ်ရှယ် relax လို့ ရအောင် staycation သွားလိုက်တော့

Spa မှာဇိမ်ခံမလား... bar မှာဘိလိယက်ထိုးကြမလား... pool မှာသာယာကြမလား 🧖‍♀️🏊🎱

သူငယ်ချင်းဘော်ဒါတွေနဲ့လား ချစ်ချစ်နဲ့လား မိသားစုနဲ့လား

ရှိတဲ့သူခေါ်ပြီးချက်ချင်းသွားလိုက်ကြစို့🏃🏃‍♀️💨

📩 Special prices လေးတွေ အတွက် Chat box ကို လာခဲ့ပေးနော်..

📍No.113, D-1, Yangon-Insein Road, Kamayut Township.
📱09255292062, 09962018010




Let's go camping 😍
19/01/2021

Let's go camping 😍

အရေးကြီးကိစ္စများအတွက် EZ Trip မှာလက်မှတ်ဖြတ်ပါ 🎫✈️ ✨ အလုပ်ကိစ္စပေါ်လာလို့ လေယာဉ်လက်မှတ်ဖြတ်လိုလျှင် EZ Trip မှမိနစ်ပိုင...
15/01/2021

အရေးကြီးကိစ္စများအတွက် EZ Trip မှာလက်မှတ်ဖြတ်ပါ 🎫✈️

✨ အလုပ်ကိစ္စပေါ်လာလို့ လေယာဉ်လက်မှတ်ဖြတ်လိုလျှင် EZ Trip မှမိနစ်ပိုင်းအတွင်းဆောင်ရွက်ပေးနေပါပြီ

✨အိမ်မှာနေရင်း E-Ticket နဲ့လုံခြုံစိတ်ချစွာခရီးသွားနိုင်ပါပြီ

🔺ခရီးသွားမယ့်သူများအနေနဲ့လက်မှတ်ဝယ်ပြီး ကိုဗစ်စစ်ဆေးပြီးသွားနိုင်ပါပြီ

📱အသေးစိတ်သိရှိလိုပါက 09255292062 ကိုဖုန်းဆက်မေးနိုင်သလို messenger မှလည်းမေးနိုင်ပါတယ်ရှင့်

No.113, D-1, Yangon-Insein Road, Kamayut Township, Yangon.
09255292062, 09962018010



🔹မြို့ပြမွန်းကြပ်မှုတွေရဲ့အဝေး နီးနီးနားနား Road Trip သွားဖို့ Car Rental Service လေး ရပါတယ်ရှင် 🔹 Camp Ground တွေပဲသွား...
09/01/2021

🔹မြို့ပြမွန်းကြပ်မှုတွေရဲ့အဝေး နီးနီးနားနား Road Trip သွားဖို့ Car Rental Service လေး ရပါတယ်ရှင်

🔹 Camp Ground တွေပဲသွားမလား ? ရန်ကုန်မြို့နဲ့မနီးမဝေး အပန်းဖြေနေရာတွေပဲသွားမလား ?
(၂ )ယောက်စီး ( ၅ ) ယောက်စီး ( ၁၀ ) ယောက်စီး ကားအမျိုးမျိုးကို လူကြီးမင်းတို့ စိတ်တိုင်းကျ ငှါးရမ်းနိုင်ပါတယ်ရှင် 😍

🔹အသေးစိတ်သိရှိလိုပါက 09255292062 ကိုဖုန်းဆက်မေးနိုင်သလို Page Messenger မှလဲစုံစမ်းနိုင်ပါတယ်

🏬 No.113, D-1, Yangon-Insein Road, Kamayut Township, Yangon.

📱 09962018010, 09255292062.




အားလုံးကျန်းမာကြပါစေလို့ ဆုတောင်းရင်းးးးးးးးး
08/01/2021

အားလုံးကျန်းမာကြပါစေလို့ ဆုတောင်းရင်းးးးးးးးး


Amazing Ngapali Resort ကို အမြဲယုံကြည်အားပေးကြတဲ့ ဧည့်သည်တော်များရှင် ... စစ်ဆေးချက်ခံယူပြီး ၂၆ ဒီဇင်ဘာမှာ ဟိုတယ်ကို တရားဝင်ပြန်လည်ဖွင့်လှစ်ထားရှိပါတယ်ရှင့် ။

၇ ရက်နေ့ ဇန်နဝါရီ ၊ ညနေ ၆:၃၂ မိနစ်အချိန်တွင် Amazing Ngapali Resort ၌ တည်းခိုနေသော ဧည့်သည်တစ်ယောက်သည် မနက်ဖြန် ရန်ကုန်သို့ပြန်မည်ဖြစ်၍ ဆေးစစ်ရာ Covid-19 Positive ဖြစ်နေပါတယ်ရှင့်။ ထိုဧည့်သည်သည် ဇန်နဝါရီ ၅ ရက်နေ့တွင် UB လေကြောင်းလိုင်းနဲ့ Negative Test Result ဖြင့် Walk In ရောက်ရှိလာသူဖြစ်ပြီး တည်းခိုစဉ်ကာလတွင်လည်း ထိုဧည့်သည်သည် သံတွဲ ငပလီမြို့တွင်းသို့ သွားရောက်လည်ပတ်ခြင်းများလည်း ရှိတယ်လို့ သိရပါတယ်ရှင့်။

Positive test result ဖြစ်တာကြောင့် ကျွန်တော် ကျွန်မတို့ Amazing Ngapali Resort အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များအရ ဇန်နဝါရီ ၈ ရက် နေ့တွင် ခေတ္တခဏပြန် ပိတ်ထားမှာဖြစ်ပါတယ်ရှင့် ။ 🥲

ထိုကာလအတွင်းရှိ Booking များအားလည်း ဧည့်သည်တော်များ စိတ်တိုင်းကျ Full refund များပြန်ထုတ်ပေးခြင်း ၊ booking ရက်ရွှေ့ပေးခြင်း ၊ အခြား တရားဝင်ဖွင့်ထားသည့် ဟိုတယ်များသို့ ကူညီရွှေ့ပြောင်းခြင်းများကို အတတ်နိုင်ဆုံး ပူးပေါင်းလုပ်ဆောင်ပေးသွားနေပါတယ်ရှင့်။

ယခုလို ဧည့်သည်၏ Positive result ကြောင့် ဟိုတယ် Lock down ချိန်တွင် အဆင်မပြေဖြစ်သွားသော ဧည့်သည်တော်များအားလုံးကို ကျွန်တော် ကျွန်မတို့အား နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင် 😇

Positive ဧည့်သည်နှင့် ဧည့်သည်၏ အခန်းဖော်တို့အား ငပလီ Q Center သို့ခေါ်ဆောင်သွားပြီဖြစ်ပါတယ်ရှင့်။ အထဲမှာရှိနေတဲ့ ဧည့်သည်များနဲ့ Amazingners များကိုလည်း ဆေးစစ်သွားမှာမို့လို့ ကျန်းမာဖို့ ဝိုင်းဝန်း ဆုတောင်းပေးကြပါဦးနော် 🙏🏻🙏🏻🙏🏻

ချစ်ရတဲ့ ဧည့်သည်တော်များ ဘေးကင်းဖို့ရန် Amazing Ngapali Resort အနေနဲ့ Safety Protocols များအား သေချာချမှတ်ထားပြီး လုပ်ဆောင်လျက်ရှိပါတယ် ။ ဟိုတယ်အား ဆေးဖျန်းခြင်း ၊ ဝန်ထမ်းများဆေးစစ်ခြင်းအားလည်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်ရှင် ။

ပြန်ဖွင့်တဲ့အခါ ယုံယုံကြည်ကြည် တည်းခိုဖို့တော့ ဖိတ်ခေါ်ပါရစေနော် 💙💛 ဝန်ကြီးဌာနများရဲ့ လမ်းညွှန်ချက်ကိုခံယူပြီး ဖွင့်မယ့်ရက်ကိုတော့ ပြန်ပြီးပြောပြပေးသွားပါမယ်နော် 💪

ဟိုတယ်လုပ်ငန်းတွေ ပြန်လည်ဦးမော့လည်ပတ်နိုင်ဖို့ ကိုဗစ်နဲ့အတူယဉ်တွဲနေထိုင်ရမယ့် လမ်းစဉ်လေးတွေချမှတ်ပြီး တူတူဝိုင်းဝန်းဆောင်ရွက်သွားကြရအောင် 😇😇😇

ငပလီသွားလို့ရနေပြီ !!! 📣🙋🏻‍♀️🙋🏻‍♂️ကမ်းခြေလွမ်းနေသူတွေ အပြေးလေးလှမ်းစုံစမ်းလိုက်ကြနော် ဈေးနှုန်းတွေကတော့ပုံမှန်ထက်အများကြ...
06/01/2021

ငပလီသွားလို့ရနေပြီ !!! 📣🙋🏻‍♀️🙋🏻‍♂️
ကမ်းခြေလွမ်းနေသူတွေ အပြေးလေးလှမ်းစုံစမ်းလိုက်ကြနော် ဈေးနှုန်းတွေကတော့ပုံမှန်ထက်အများကြီးတန်တဲ့ဈေးတွေနဲ့ဆိုတော့ ခုချိန်သွားဖို့အချိန်ကိုက်ပဲနော်

🏨 Amazing Ngapali Resort
Sea View Deluxe - 140,000 MMK
Direct Sea View - 180,000 MMK
Beach Front Suite - 240,000 MMK
Amazing Suite - 350,000 MMK

🏨 Amata Ngapali Resort starting from 100,000 MMK

booking တင်ချင်သူများအနေနဲ့ messenger မှာစုံစမ်းနိုင်သလို 09255292062 ကိုလည်းဆက်သွယ်နိုင်ပါတယ်
လေယာဉ်လက်မှတ်ပါတခါတည်းစီစဉ်ပေးမှာမို့တခါတည်းသွားလိုက်ကြရအောင် !!!
COVID swab test တော့စစ်ပေးရပါမယ်ခင်ဗျာ 😳



04/01/2021

- သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိရပါမည်။
- Product Knowledge ပိုင်းကို လျင်မြန်စွာသင်ယူနိုင်ပြီး ဧည့်သည်များအား စနစ်တကျ ရှင်းပြပေးနိုင်ရပါမည်။
- သတ်မှတ်ရောင်းအား ပြည့်မှီရေးနှင့် တိုးတက်ရေးကို လက်တွေ့ကျကျ ဖန်တီးအကောင်အထည် ဖော်နိုင်ရပါမည်။
- ကျန်းမာသန်စွမ်းပြီး သွက်လက်ချက်ချာရမည်။
- သင်ယူချင်ပြီး နာခံလွယ်သူ ဖြစ်ရမည်။
အလုပ်ကို အမှန်တကယ် စိတ်ပါဝင်စားပြီး ရေရှည်လုပ်ကိုင်နိုင်သူ၊ ရိုးသားကြိုးစားပြီး စာရိတ္တကောင်းသူ ဦးစားပေးပါမည်။
**

We are looking for a salesperson to be responsible for meeting sales goals, negotiating contracts with potential clients, and maintaining positive relationships between customers and company.

လျှောက်ထားသူသည် CV ၊ လိုင်စင်ဓာတ်ပုံ(၁)ပုံ၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ ပညာအရည်အချင်း မိတ္တူများ၊ လက်ရှိနေထိုင်ရာ ရပ်ကွက်မှ အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံစာ များကို Scan ဖတ်၍ သော်လည်းကောင်း၊ ကြည်လင်စွာ ဓာတ်ပုံရိုက်၍ သော်လည်းကောင်း Email မှ တစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။
လစာ - ညှိနှိုင်း။
contact - [Email hidden]
+95 9 255292062
Address - Easy EZ Trip Co.,Ltd.
113(D1),Yangon, Insein Rd, Yangon 11041
09 255 292 062
https://maps.app.goo.gl/WFHn3vixm3xSnygs7

 #ဦးပိန်တံတားနားမှာ လည်ပတ်စရာနေရာ တစ်ခုတိုးလာတော့မယ့် စက္ကူပန်းနန်းတော်မန္တလေး၊ ဒီဇင်ဘာ- ၃၀- ၂၀၂၀ရှိုင်းအောင်(VOM)အမရပူရ...
03/01/2021

#ဦးပိန်တံတားနားမှာ လည်ပတ်စရာနေရာ တစ်ခုတိုးလာတော့မယ့် စက္ကူပန်းနန်းတော်

မန္တလေး၊ ဒီဇင်ဘာ- ၃၀- ၂၀၂၀
ရှိုင်းအောင်(VOM)

အမရပူရ တောင်သမန်အင်းဘေး ဦးပိန်တံတားနား ရတနာပုံတက္ကသိုလ်ရှိတဲ့ဘက်ခြမ်းမှာ ဖန်တီးထားတဲ့ စက္ကူပန်းနန်းတော်ဟာ ကိုဗစ်ကာလအလွန်မှာ လည်ပတ်စရာနေရာတစ်ခု ဖြစ်လာမှာမို့ လမ်းညွန်ပါရစေ။

အဲဒီနေရာမှာ စက္ကူပန်း မျိုးစိတ် ၇၀ ကျော်၊ အရောင် ၃၀ ကျော် နဲ့ ပန်းပင်ပေါင်း ၁ သိန်းကျော်ပါဝင်တဲ့ ဥယျာဉ်တစ်ခုအဖြစ် စီစဉ်ထားတာကို တွေ့ရပါတယ်။

"စက္ကူပန်း မျိုးစိတ်တွေကို လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်ကနေ စုဆောင်းခဲ့တာပါ၊ LAND SCAPE တွေထက်ကို စက္ကူပန်းတွေက အရမ်းပိုနေတဲ့အတွက် ကျနော်တို့ကို ဒီနားမှာ စက္ကူပန်းကို အထူးပြုတဲ့ ပန်းဥယျာဉ်တစ်ခု တည်ဆောက်မယ်ပေါ့နော်၊ အဓိကကတော့ ဒီနားမှာရှိတဲ့ နယ်ခံတွေနဲ့ မန္တလေးမြို့သူ မြို့သားတွေ အပန်းဖြေလို့ရအောင်နဲ့ သူများနိုင်ငံတွေမှာလည်း Landscape တွေကို လူသွားလူလာများတဲ့နေရာမျိုးတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတော့ ကျနော်တို့ မြန်မာလူမျိုးတွေလည်း အဲ့ဒီခံစားချက်ကို ရရှိအောင် အဲ့ဒီရည်ရွယ်ချက်နဲ့ ဒီပန်းခြံကို လုပ်တာပါ" လို့ စက္ကူပန်းနန်းတော် ပန်းခြံ မန်နေဂျာ ဦးစိုးဝင်းအောင်က ပြောပါတယ်။

ဒီစက္ကူပန်းနန်းတော်ကို ၂၀၂၀ သင်္ကြန်မှာ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပေမယ့် မတ်လအကုန်ပိုင်းလောက်မှာ ကိုဗစ်ရောဂါစတင်ဝင်ရောက်လာတဲ့အတွက် အသွားအလာတွေကန့်သတ်ထားတာကြောင့် မဖွင့်လှစ်ရသေးတာ ဖြစ်ပေမယ့် ကိုဗစ်ကာလအပြီးမှာ အသွားအလာနဲ့ အနားယူတဲ့ နေရာတွေကို လည်ပတ်ခွင့်ပြုပြီဆိုရင် ကျန်းမာရေးစည်းကမ်းချက်တွေနဲ့ အညီ ဖွင့်လှစ်သွားမယ်လို့ ဦးစိုးဝင်းအောင်က ပြောပါတယ်။

မိတ်ဆွေတို့ သွားမယ်ဆိုရင် စက္ကူပန်းနန်းတော်ကနေ ဦးပိန်တံတားအလှ၊ စစ်ကိုင်းတောင် အလှ နဲ့ တောင်သမန်ရဲ့ အလှတွေ ၊ ပတ်ဝန်းကျင်က စေတီပုထိုးတွေနဲ့ ရှုခင်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Crd:VOM #စက္ကူနန်းတော် #တောင်သမန်သစ္စာ #ဦးပိန်တံတား




ဒီရက်ထဲခရီးတွေအများကြီးမသွားရတော့ camping လုပ်တာလေးတွေအများကြားထဲခေတ်စားလာတယ်လို့မြင်မိပါတယ် အဲ့ဒါကြောင့် camping လုပ်ရင...
26/12/2020

ဒီရက်ထဲခရီးတွေအများကြီးမသွားရတော့ camping လုပ်တာလေးတွေအများကြားထဲခေတ်စားလာတယ်လို့မြင်မိပါတယ်
အဲ့ဒါကြောင့် camping လုပ်ရင်း ဘယ်လိုအတွေ့အကြုံ အကျိုးကျေးဇူးတွေရနိုင်လဲပြောပြပေးချင်ပါတယ်

1️⃣ လေကောင်းလေသန့်ရမယ်
ပထမအချက်အနေနဲ့ကတော့ပြောစရာမလိုပါဘူး လေကောင်းလေသန့်ရမှာပါပဲ မြို့ပြကြီးနဲ့ဝေးရာ လူထူထပ်နည်းတဲ့ သစ်ပင်တောမြိုင်ထဲဆိုတော့မြို့ထဲကနဲ့မတူဘဲ လန်းဆန်းတဲ့အရသာမျိုးဆိုတော့ သွေးလည်ပတ်မှုကောင်းစေပြီး အစာချေဖျက်မှုကောင်းစေပါတယ် ရက်များများသာနေမယ်ဆို ကျန်းမာရေးပိုမိုကောင်းလာမှာဖြစ်ပါတယ်

2️⃣ သူငယ်ချင်းတွေနဲ့ပိုရင်းနှီးလာမယ်
camping ထွက်ပြီဆိုရင် ဖုန်းတွေလက်ပ်တော့ပ်တွေပိတ်ပြီး သွားတဲ့သူငယ်ချင်းတွေချည်းပဲ စကားတွေပြော ဂိမ်းတွေဆော့ရင်းတယောက်အကြောင်း တယောက်ပိုသိလာနိုင်ပါတယ် ခရီးသွားရင်လူအကြောင်းပိုသိတယ်ဆိုသလိုပေါ့ camping သွားရင်ပိုသိနိုင်ပါတယ်

3️⃣ စိတ်ညစ်မှုတွေလျော့ပြီး ပိုပျော်လာပါမယ်
အလုပ်တွေလုပ်ရင်း stress တွေပိလာရင် camping သွားခြင်းကသက်သာစေပါတယ် လတ်ဆတ်တဲ့လေရှူပြီး နေရောင်အောက်မှာအချိန်ကုန်ခြင်းက stress လျော့စေပါတယ် camping ကပြန်လာတဲ့သူတော်တော်များများကတော့ ပိုစိတ်ရွှင်လန်းလာတယ်ပြောလို့ရပါတယ်

4️⃣ Exercise လုပ်ဖြစ်တယ်
အိမ်မှာပဲပိတ်မိနေပြီး အညောင်းမိနေတာတွေကို camping လုပ်ရင်းဖြေဖျောက်နိုင်ပါတယ် ကိုယ်လက်လှုပ်ရှားမှုရှိပြီး သွားလာနေရတော့လေ့ကျင့်ခန်းလုပ်ဖြစ်သလိုဖြစ်ပါတယ် hiking သို့မဟုတ် camping လုပ်ခြင်းက အဆုတ်နဲ့နှလုံးကိုပိုကျန်းမာစေပါတယ်

5️⃣ challenge အသစ်တွေကြုံရပါတယ်
camping လုပ်တယ်ဆိုတော့တခါမှမလုပ်ဖူးတဲ့သူအတွက်ဆိုရင် challenge တခုပါပဲ အစအဆုံးစီစဉ်ပြီး ညဘက် tent လေးတွေနဲ့အိပ်ပြီး ကုန်ဆုံးရမှာဆိုတော့ မကြုံဖူးတဲ့အရာနဲ့ပျော်စရာ စိတ်လှုပ်ရှားစရာပါပဲ

ဒါ့ပြင် မြို့ထဲမှာဆိုမမြင်ရတဲ့ ကြယ်တွေလည်းညဘက်ဆိုကြည့်လို့ရပါတယ် ဒါ့ပြင်တနေကုန် လှုပ်ရှားသွားလာထားတဲ့အတွက်ညဘက်ဆိုလည်းကောင်းကောင်းအိပ်ပျော်မယ်ထင်ပါတယ် မနက်ဆိုလည်းစောစောထပြီး နေထွက်တာကိုရှုစားနိုင်ပါတယ်

အခုဆိုရင်ခရီးသွားပြီး camping အစစ်အမှန်လိုက်ကြီးမခံစားနိုင်သေးတောင်မှ ရန်ကုန်ထဲမှာသွားလို့ရတဲ့ camping ground လေးတွေရှိနေပါပြီ အားလုံးကရန်ကုန်နဲ့နီးနီးနားနားမှာရှိတော့ နေ့ချင်းပြန်အပျော်လေး camping အရသာအမြည်းလေးသွားကြည့်လို့ရပါတယ်

Tha Ba Wa Camp Ground - သဘာဝ
Mother's Village - အမေ့ရွာ
Rubber Village
In the Farm



ခရီးသွားရာသီဆိုတော့ အရင်ကခရီးသွားခဲ့တာတွေလွမ်းတာပေါ့ 😩 ခရီးသွားချစ်သူတွေအနေနဲ့ ဘယ်တွေကိုအများဆုံးသွားဖြစ်တာများကြလဲဗျ သီ...
19/12/2020

ခရီးသွားရာသီဆိုတော့ အရင်ကခရီးသွားခဲ့တာတွေလွမ်းတာပေါ့ 😩

ခရီးသွားချစ်သူတွေအနေနဲ့ ဘယ်တွေကိုအများဆုံးသွားဖြစ်တာများကြလဲဗျ
သီးသန့်သတ်မှတ်ချက်တွေတော့မရှိပေမယ့်ဘယ်ရာသီဆိုဘယ်ကိုသွားရင်ကောင်းမလဲရောတွေးမိကြလား ကျနော့်အနေနဲ့ကတော့ဒီလိုလေးစဉ်းစားမိတယ်ဗျာ

နွေရာသီဆိုဘယ်သွားမလဲ ☀️🌞
နွေရာသီဆိုရင်တော့ ကလေးတွေလည်းကျောင်းပိတ်တော့ အပူဒဏ်လေးလျော့အောင် ကမ်းခြေသွားပြီးရေစိမ် အုန်းရေလေးသောက် ပြည်တွင်းမသွားချင်ဘူးဆိုလည်း ဘာလီလေးသွား တခြားသိပ်မပူတဲ့နိုင်ငံတွေသွားပြီး အပူရှောင်လို့ရတာပေါ့

မိုးရာသီဆိုရင်ရော ? 🌧
ကျနော်ကတော့မိုးရာသီဆိုရင် ဘားအံဘက် သို့မဟုတ် ပုဂံဘက်တော့သွားချင်သားပဲ မိုးအေးအေးနဲ့ တောင်တက်ရတာလည်းမဆိုးဘူး သတိတော့ထားရတာပေါ့ မဟုတ်ရင်ဟုတ်ပေ့ဖြစ်နေမှာကိုး ပုဂံကတော့ပြောမနေနဲ့ ဘယ်ချိန်သွားသွားကို လှနေတာ မိုးအုံ့အုံ့လေးနဲ့ဘုရားတွေဖူး နေအရမ်းမပူတော့ သိပ်မပင်ပန်းဘူးပေါ့

ဆောင်းရာသီ ☃️❄️
ဒါကတော့ခရီးသွားလို့အကောင်းဆုံးအချိန်ပဲပေါ့ အမှန်ခုချိန်ခရီးတွေသွားနေရမှာကွာ ကမ်းခြေသွားမလား ပြင်ဦးလွင်သွားမလား ကလောသွားမလား အစုံသွား ဒီရာသီနဲ့ကွက်တိ ပုဂံသွားပြီး အညာဘက်ဆောင်းလေလေးခံစားမလား ကလော ချင်းပြည်နယ်သွား hiking တက်ပြီး ရန်ကုန်မှာမရှိတဲ့အေးချမ်းမှုရှာမလား အကုန်ရ ပြီးတော့ နိုင်ငံခြားတွေမှာဆိုလည်း ဈေးဝယ်လို့ဇွတ်ကောင်း chritmas လည်းရှိတော့ chritmas vibe လေးပါရတော့အရမ်းမိုက်ပေါ့ဗျာ

ခုတော့အိမ်မှာပဲငုတ်တုတ်ထိုင်ပြီး လွမ်းဆွတ်နေရပြီမလား အရင်နှစ်ကဆိုဘယ်သွားခဲ့တာ ဘယ်တုန်းကဘယ်တွေသွားထားတာဆိုပြီး ဓာတ်ပုံတွေကြည့်ပြီးအလွမ်းတည်နေရပြီပေါ့ ခရီးသွားခဲ့တဲ့အမှတ်တရတွေရှိရင်ပြောပြသွားကြဦးဗျာ

ခရီးတွေပြန်သွားလို့ရရင်တော့ ကျနော်တို့ EZ Trip ကိုဆက်သွယ်ဖို့မမေ့ကြနဲ့နော်
ရန်ကုန်မှာ Staycation အတွက်လဲ promotion တွေရှိလို့သွားချင်ဆက်သွယ်လိုက်ကြပါဦး




Air KBZ နဲ့သွားမယ့်ခရီးသည်များအနေနှင့် လိုက်နာပေးရမယ့်အချက်လေးတွေပါခင်ဗျာ အားလုံးပဲသတိလေးနဲ့သွားလာပြီး ဂရုစိုက်ကြပြီး လိ...
16/12/2020

Air KBZ နဲ့သွားမယ့်ခရီးသည်များအနေနှင့် လိုက်နာပေးရမယ့်အချက်လေးတွေပါခင်ဗျာ
အားလုံးပဲသတိလေးနဲ့သွားလာပြီး ဂရုစိုက်ကြပြီး လိုက်နာရမယ့်အချက်လေးတွေလိုက်နာပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်

လေယာဉ်လက်မှတ် booking တင်လိုပါက EZ Trip ကိုဖုန်းဆက်နိုင်သလို chatbox မှလည်းမေးမြန်းနိုင်ပါတယ် လွယ်ကူလျင်မြန်စွာဆောင်ရွက်ပေးနေပါတယ်နော် ...

EZ Trip - 09962018010, 09255292062
No.113(D-1), Yangon-Insein Road, Kamayut Township, Yangon.


Air KBZ Local Flight Announcement ‼️Air KBZ လေကြောင်းလိုင်းမှ ဒီဇင်ဘာလအတွင်းပြေးဆွဲသွားမယ့် ခရီးစဉ်များပဲဖြစ်ပါတယ် ခရီးသ...
16/12/2020

Air KBZ Local Flight Announcement ‼️
Air KBZ လေကြောင်းလိုင်းမှ ဒီဇင်ဘာလအတွင်းပြေးဆွဲသွားမယ့် ခရီးစဉ်များပဲဖြစ်ပါတယ်
ခရီးသွားပြည်သူများအနေနဲ့ ဒီဇင်ဘာ ၁၆ရက်နေ့မှစပြီး ပြည်တွင်းခရီးစဉ်များက်ို MOHS မှလမ်းညွှန်ချက်များလိုက်နာပြီး သွားနိုင်ပါပြီ
လက်မှတ်ဝယ်ယူပြီး Covid Positive Result ထွက်သောသူများအနေနဲ့ တစ်ကြိမ်အခမဲ့ရက်ပြောင်းလဲနိုင်ပါတယ် (သို့မဟုတ်) refund အပြည့်ပြန်ထုတ်ယူနိုင်ပါတယ်

Booking နှင့်အသေးစိတ်အချက်အလက်များကို EZ trip ကိုဖုန်းဆက်မေးမြန်းနိုင်သလို chatbox မှလည်းမေးမြန်းပြီး booking ပြုလုပ်နိုင်ပါတယ်ခင်ဗျာ ...

Address: No.113(D-1), Yangon-Insein Road, Kamayut Township, Yangon.
Phone: 09255292062, 09962018010


ပင်လယ်ကြီးကိုလွမ်းနေကြပြီလား ပုံမှန် ဒီဇင်ဘာဆိုပိတ်ရက်လေးတွေတွက် christmas နဲ့ new year ကိုကမ်းခြေတခုခုမှာသွားနေကြတဲ့သူတ...
15/12/2020

ပင်လယ်ကြီးကိုလွမ်းနေကြပြီလား

ပုံမှန် ဒီဇင်ဘာဆိုပိတ်ရက်လေးတွေတွက် christmas နဲ့ new year ကိုကမ်းခြေတခုခုမှာသွားနေကြတဲ့သူတွေရှိမှာပေါ့နော် အဲ့တော့ခုဆိုဘယ်တော့များသွားရမလဲ ပင်လယ်ကြီးကိုလွမ်းနေပြီ ကမ်းခြေအရသာလေးသတိရနေကြပြီပေါ့နော် 😩 ဒီနှစ်ကုန်မဟုတ်ရင်တောင် နောက်နှစ်စလောက်သွားဖို့မျှော်လင့်ရင်း 🥺 သွားလို့ရပြီဆိုဘယ်အရင်သွားကြမလဲ
ချောင်းသာလား ငပလီလား ငွေဆောင်လား
ကမ်းခြေအမှတ်တရလေးတွေရှိလဲပြောသွားပေးကြပါဦး
ပြန်ဖွင့်လို့သွားကြမယ်ဆိုရင်လည်း EZ Trip ကိုမမေ့ကြနဲ့ဦးနော်
photo resource: pinterest


13/12/2020

ပြည်တွင်းလေကြောင်းခရီးစဉ်များတွင် လေယာဉ်စီး ခရီးသည်များ လိုက်နာဆောင်ရွက်ရန်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လေယာဉ်ထွက်ခွာ/ ဆိုက်ရောက်မည့် မြို့နယ်များ၏ Stay at Home သတ်မှတ်ချက်ပေါ် မူတည်ကာ လိုက်ပါမည့် ခရီးသည်များလိုက်နာဆောင်ရွက်ရမည့် COVID- 19 ရောဂါ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုနှင့် အသွားအလာ ကန့်သတ်ခြင်း

(က) ခရီးစဉ်စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း
Rapid Antigen Diagnostic Test (NDT)ဖြင့်
စစ်ဆေးထားသည့် Covid-19 ရောဂါပိုးမရှိကြောင်းဓါတ်ခွဲစမ်းသပ်ချက်ကို Check-inဝင်သည့်အချိန်၌ တင်ပြနိုင်ရမည်။

(ခ) Check-in ဝင်သည့်အချိန်တွင် မိမိနေရပ်လိပ်စာဖြည့်စွက်ရာတွင် ဆိုက်ရောက်သည့်မြို့၌တည်းခိုမည့်နေရာကို တိကျမှန်ကန်စွာ ဖြည့်စွက်ရမည်။

(ဂ) Stay-at-Home ဒေသမှ လာသောခရီးသည်များအနေဖြင့် Non-Stay-at-Home ဒေသသို့ရောက်ရှိပါက Facility Quarantine(သို့မဟုတ်)
Hotel Quarantine ဝင်ရမည်။ ရောက်ရှိသည့်နေ့၌ Facility Quarantine မလုံလောက်ပါကHotel Quarantine ကိုမိမိစရိတ်ဖြင့်ဝင်ရောက်ရမည်။ Quarantine ဝင်ရောက်ပြီး ၃ ရက်မြောက်နေ့တွင် RT-PCR Testကိုမိမိစရိတ်ဖြင့်စစ်ဆေး၍ ရောဂါပိုးမတွေ့ရှိပါက Quarantine မှထွက်နိုင်သည်။ RT.PCR Test ဖြင့် စစ်ဆေးနိုင်ခြင်းမရှိဘဲ Rapid Antigen Diagnostic Test (NDT)ဖြင့်သာစစ်ဆေးပါက Quarantine ကို (၇) ရက်အကြာဝင်ရမည်။ စစ်ဆေးမှုစရိတ်များကိုအောက်ပါအတိုင်း မိမိစရိတ်ဖြင့်ပေးချေရမည်။
စစ်ဆေးမှုအမျိုးအစား
~~~~~~~~~~~~~~~~~~
Reverse Transcriptase Polymerase Chain ReactionTest (RT-PCR)တစ်ကြိမ်ဈေးနှုန်း ၃၅,၀၀၀ ကျပ်

Rapid Antigen Diagnostic Test
(RDT)တစ်ကြိမ်ဈေးနှုန်း ၁၀,၀၀၀ ကျပ်

(ဃ) Stay-at-Home ဒေသမှလာသောခရီးသည်များအနေဖြင့် အခြား Stay-at-Homeဒေသသို့ သွားပါက ခရီးစဉ်စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း Rapid Antigen Diagnostic Test (NDT) ဖြင့်စစ်ဆေးထားပြီးဖြစ်သဖြင့် Quarantine ဝင်ရန်မလို။

(c) Non-Stay-at-Homeဒေသမှ လာသောခရီးသည်များအနေဖြင့် မည်သည့်ဒေသသို့ပင်သွားစေကာမူခရီးစဉ်စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း Rapid AntigenDiagnostic Test (RDT)ဖြင့်စစ်ဆေးထားပြီးဖြစ်သဖြင့် Quarantine ဝင်ရန်မလို။

(စ) သက်ဆိုင်ရာမြို့သို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသအာဏာပိုင်များ၏ ကျန်းမာရေးစစ်ဆေးမှုများနှင့် လိုအပ်သော အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်။

(ဆ) ခရီးသည်များ အနေဖြင့် COVID-19 သံသယဖြစ်ဖွယ် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း အစရှိသည့် ရောဂါလက္ခဏာများ အလုံးစုံကင်းစင်မှသာ သတ်မှတ် ခရီးစဉ်တွင်လိုက်ပါရမည်။

(သက်ဆိုင်ရာမြို့သို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသအာဏာပိုင်များ၏ ကျန်းမာရေးစစ်ဆေးမှုများနှင့်လိုအပ်သော အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ် များအား မဖြစ်မနေ လိုက်နာ ဆောင်ရွက်ရန်၊)

မှတ်ချက်။ ။Quarantine ဆိုင်ရာသတ်မှတ်ချက်များသည် ပြောင်းလဲလာသည့်အခြေအနေအချိန်အခါ(Changing Epidemiological Situation) ပေါ်မူတည်၍ပြောင်းလဲမှုများရှိနိုင်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
(၅.၁၂..၂၀၂၀)

Ma Yangon
Myint Maw




နှစ်ယောက်တည်း ခရီးထွက်ပြီး တစ်ယောက်တစ်လှည့်စီဓာတ်ဖမ်းကြမယ် 😁    🖤
13/12/2020

နှစ်ယောက်တည်း ခရီးထွက်ပြီး

တစ်ယောက်တစ်လှည့်စီဓာတ်ဖမ်းကြမယ် 😁




🖤

𝐌𝐍𝐀 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐫𝐞𝐬𝐮𝐦𝐞 𝐨𝐧 𝟏𝟔 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟎 ✈️🇲🇲 မြန်မာအမျိုးသားလေကြောင်း​၏ ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ ခုနှစ်၊ ဒီဇ...
13/12/2020

𝐌𝐍𝐀 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐫𝐞𝐬𝐮𝐦𝐞 𝐨𝐧 𝟏𝟔 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟎 ✈️🇲🇲
မြန်မာအမျိုးသားလေကြောင်း​၏ ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။
ဒီဇင်ဘာလအတွင်း ပျံသန်းပြေးဆွဲမည့် ခရီးစဉ်နှင့် ရက်များကိုပုံတွင် ဇယားနှင့်ဖော်ပြပေးထားပြီး မိမိသွားလိုသော ခရီးစဉ်​၏ အချိန်ဇယားများကို (https://www.flymna.com/plan-a-trip/flight-schedule) တွင်အချိန်နှင့်တပြေးညီဝင်ရောက် ကြည့်ရှုနိုင်ပါတယ်ရှင်။
Booking အတွက် Easy EZ Trip ရှိတယ်နော်....

အသေးစိတ်အချက်အလက်များကို ☎️Easy EZ Trip Call Center +95 9 255 292 062 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

[English]
We are happy to announce that our domestic flights will resume on 16 December 2020!
The routes, in accordance with their dates, are listed in the image below, and you may find available flight time here: https://www.flymna.com/plan-a-trip/flight-schedule
Booking: Easy EZ Trip

For detailed information, please contact ☎️Easy EZ Trip Call Center +95 9 255 292 062.
𝑆𝑡𝑎𝑟𝑡 𝑦𝑜𝑢𝑟 𝐽𝑜𝑢𝑟𝑛𝑒𝑦 𝑜𝑓 𝑎 𝐿𝑖𝑓𝑒𝑡𝑖𝑚𝑒 𝑤𝑖𝑡ℎ 𝑢𝑠! ✈️🇲🇲




၁၆ရက်​​နေ့တဲ့​နော်​.. အထုပ်​ပြင်​ထား​တော့ 😁
12/12/2020

၁၆ရက်​​နေ့တဲ့​နော်​.. အထုပ်​ပြင်​ထား​တော့ 😁

Satycation လေးသွားကြမလား? 🥺ကိုဗစ်ကြီးကြောင့်အိမ်မှာပဲနေနေရတာ ငြီးငွေ့နေပြီလား? အိမ်မှာပဲနေရင်းခေါင်းတွေခြောက်ပြီး စိတ်တွ...
11/12/2020

Satycation လေးသွားကြမလား? 🥺

ကိုဗစ်ကြီးကြောင့်အိမ်မှာပဲနေနေရတာ ငြီးငွေ့နေပြီလား? အိမ်မှာပဲနေရင်းခေါင်းတွေခြောက်ပြီး စိတ်တွေညည်းညူနေပြီပေါ့ 😢 ဒီဇင်ဘာလကအမှန်ဆို ခရီးတွေရှယ်သွားပစ်နေရမယ့်အချိန်နော် ခုတော့အိမ်တွင်းအောင်းနေရတာနဲ့ စိတ်ညစ်နေပြီ ဘော်ဒါတွေနဲ့ခရီးလဲထွက်လို့မရတဲ့အဆုံးတော့ staycation လေးတရက်ဖြစ်ဖြစ် နှစ်ရက်ဖြစ်ဖြစ် အေးဆေးလေးသွားအနားယူကြရင်မကောင်းဘူးလား? ဒါဆိုရင်တော့ဒီဟိုတယ်တွေမှာ ငြိမ့်ငြိမ့်လေးသွားအနားယူလိုက်ကြရအောင် ....
luxury ဆန်ဆန်သွားချင်သူတွေအတွက်ရော budget သမားတွေအတွက်ပါအဆင်ပြေအောင် တမျိုးကို ၂ခုစီတင်ပေးလိုက်ပါတယ် 🥰
အတန်ဆုံး staycation package တွေလည်းပေးထားတာတွေရှိတယ်ဆိုတော့ သွားလိုက်ကြရအောင်နော် ...
အသေးစိတ်ကို EZ trip ရဲ့ chatbox ကိုလာမေးနိုင်ပါတယ်နော် ဒါ့ပြင် EZ Trip ကနေသွားမယ်ဆိုရင်တော့ promotion တွေလည်းထပ်ပေးသွားဖို့ရှိလို့အမြန်ဆုံးဆက်သွယ်လိုက်တော့နော်
EZ Trip- 09962018010, 09255292062



ဒီလောက်လှတဲ့ဓာတ်ပုံကောင်းကောင်းလေးတွေရိုက်နိုင်တဲ့နေရာက မြန်မာနိုင်ငံရဲ့ဘယ်မြို့မှာရှိလဲသိကြားလား? သိရင်ဖြေသွားပေးဦးနော်...
09/12/2020

ဒီလောက်လှတဲ့ဓာတ်ပုံကောင်းကောင်းလေးတွေရိုက်နိုင်တဲ့နေရာက မြန်မာနိုင်ငံရဲ့ဘယ်မြို့မှာရှိလဲသိကြားလား?
သိရင်ဖြေသွားပေးဦးနော် 🥰
1. ပြည်
2. စစ်ကိုင်း
3. အင်းဝ
4. မုံရွာ

ဖြေသွားပြီးဘယ်သူမှန်လဲ cmt မှာဖြေပေးသွားမယ်နော် 🎉


ကိုဗစ်​ကြီးသာ မရှိရင်​ အခုချိန်​ ဘယ်​​ရောက်​​နေမလဲ??
06/12/2020

ကိုဗစ်​ကြီးသာ မရှိရင်​ အခုချိန်​ ဘယ်​​ရောက်​​နေမလဲ??


ဆောင်းတွင်း ဝင်လာပီးဆိုတော့ ဘယ်ခရီးကို လွမ်းမိပြီလဲ.. Admin က တော့ ပုဂံကို လွမ်းနေပီ.. 🙁ဘာလို့ဆို အထူးတလည် မစီစဉ်ထားပဲ D...
30/11/2020

ဆောင်းတွင်း ဝင်လာပီးဆိုတော့ ဘယ်ခရီးကို လွမ်းမိပြီလဲ..
Admin က တော့ ပုဂံကို လွမ်းနေပီ.. 🙁

ဘာလို့ဆို အထူးတလည် မစီစဉ်ထားပဲ Dec ဆို ပုဂံဘက်သွားဖို့ အကြောင်းဖန်လာတတ်လို့... New Year တိုင်း ပုဂံမဟုတ်ရင် beach တခုခုပဲ....

အအေးကြောက်ပေမဲ့ ပုဂံမြေရဲ့ ဆောင်းလေကို တော့ တအားချစ်မိတယ်...😍😍
ပုဂံရောက်ပီဆို ဘယ်သွားသွား Tuk tuk နဲ့ပေါ့..
ညနေခင်းနေဝင်ပီဆို tuk tuk ပေါ်မှာ လေတဖြူးဖြူးနဲ့ သွားခိုက်ခိုက်တုန်ချိန်ပေါ့... 😍

မကြာခင် ၅ရက်နေ့မှာ ပြန်ဖွင့်မယ် ဆိုတဲ့ သတင်းကြောင့် ပျော်ပေမဲ့ 🤗🤗🤗 ဘဝသမားပီပီ.. express လေးတွေလဲ လွမ်းမိသား...
ဒါမှမဟုတ်.. admin တို့ ကားလေး စီစဉ်ပြီး new year တူတူချမ်းကြမလား.. 🤔🤔🤔

admin နှင့် ပုဂံ အကြောင်း👇👇👇
https://www.facebook.com/EasyEZTrip/posts/190560075754739

ပုဂံရောက်ရင် ဘာနဲ့လည်သင့်လဲ👇👇👇
https://www.facebook.com/EasyEZTrip/posts/149547499855997

ပုဂံ သွား ရင် ဘယ်ဆိုင်တွေမှာ စားကြ သောက်ကြမလဲ👇👇👇
https://www.facebook.com/EasyEZTrip/posts/190980065712740

ပုဂံ နှင့် UNESCO အကြောင်း👇👇👇
https://www.facebook.com/EasyEZTrip/photos/a.170893064388107/171203071023773/


" ပံ့သကူ"- ဒီဘက်ခေတ်မှာ လူငယ်တော်တော်များများ မကြားဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်လာနေပြီ ဖြစ်တဲ့ ဓလေ့တစ်ခုပါ။- ကိုယ် လှူ...
29/11/2020

" ပံ့သကူ"
- ဒီဘက်ခေတ်မှာ လူငယ်တော်တော်များများ မကြားဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်လာနေပြီ ဖြစ်တဲ့ ဓလေ့တစ်ခုပါ။
- ကိုယ် လှူချင်၊ တန်းချင်တဲ့ ပစ္စည်း၊ ငွေကြေး၊ အသုံးအဆောင် ပစ္စည်း တစ်ခုခုကို အိတ်တစ်လုံးထဲမှာ ထည့်။
- ပြီးရင် လူသူကင်းတဲ့ အချိန်မှာ လမ်းနေရာ တစ်ခုခုမှာ သွားပြီး ချထားကြတာပါ။
- ခြွင်းချက်တော့ ရှိပါတယ်။
အဲဒီလို ချထားတဲ့အခါမှာ ဘယ်သူမှ မသိစေရပါဘူး။ ကိုယ် တစ်ယောက်သာ သိရပါမယ်။
လူသွားလမ်းလို လူတွေ တွေ့မြင်လွယ်တဲ့ နေရမျိုးလည်း ဖြစ်ရပါမယ်။ အလှူဆိုပြီး ရေထဲ ပစ်ချလိုက်သလို မျိုးတော့လည်း မဖြစ်ရပါဘူး။
နောက် တစ်ရက်မှာ ကိုယ်လှူလိုက်တဲ့ ပစ္စည်းကို ရသွားတဲ့ လူက ကောင်းချီးမင်္ဂလာ ပေးတဲ့အခါမှာ ကုသိုလ်လည်း ရတာပေါ့။
ရှေးအခါက ရဟန်းတွေဟာ အမှိုက်ပုံ၊ သချႋုင်း စတဲ့ နေရာတွေကနေ အဝတ်စုတ်တွေကို ကောက်ယူပြီး သင်္ကန်းတစ်ထည်ဖြစ်အောင် ပေါင်းစပ် ချုပ်ဝတ်ကြလေ့ ရှိတယ်။ အဲ့ဒီသင်္ကန်းကို ပံ့သကူသင်္ကန်းလို့ ခေါ်တယ်။ သင်္ကန်းကာင်းကောင်းလေး ရတဲ့အခါ အဲဒီ ရဟန်းအဖို့ တစ်နွေစာ တရားကောင်းကောင်း အားထုတ်လို့ ရနိုင်တာပေါ့။ ရဟန်းတစ်ပါး သင်္ကန်းချုပ်ဖို့ ပံ့သကူလိုက်ကောက်ရာမှာ အဝတ်ကောင်းကောင်း တစ်ခု ရသွားရင် ဖြစ်တဲ့ ပီတိနဲ့ အလားတူပါတယ်။ ကုသိုလ်ရပုံချင်းလည်း တူပါတယ်။
- ဒါကြောင့် " ပံ့သကူ ပစ်တယ်" ဆိုတဲ့ စကား ပေါ်ပေါက်လာတာပါ။

Credit to - https://www.facebook.com/EdoArtSchool/

ဒီအပတ် quiz ရဲ့အဖြေမှန်လေးကတော့ (B) 689 metres ပဲဖြစ်ပါတယ် အဖြေမှန်တဲ့သူကတော့အားလုံးပဲဖြစ်ပါတယ် ဒါ့ကြောင့် random မဲနှို...
29/11/2020

ဒီအပတ် quiz ရဲ့အဖြေမှန်လေးကတော့ (B) 689 metres ပဲဖြစ်ပါတယ်
အဖြေမှန်တဲ့သူကတော့အားလုံးပဲဖြစ်ပါတယ် ဒါ့ကြောင့် random မဲနှိုက်ပြီးနှစ်ယောက်ရွေးထားပါတယ်နော်

ဂုတ်ထိပ်တံတားကတော့ နောင်ချိုမြို့မှာရှိပြီး ပြင်ဦးလွင်မြို့နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းလားရှိုးမြို့ကိုဆက်သွယ်ထားတာပဲဖြစ်ပါတယ်
မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတံတားတစ်ခုဖြစ်ပြီး ကမ္ဘာမှာအကြီးဆုံးတံတားပဲဖြစ်ပါတယ်

အဖြေမှန်သူတွေကတော့ပုံပါအတိုင်းဖြစ်ပြီး နောက်အပတ်တွေမှာလည်းစောင့်မျှော်ဖြေပေးကြပါဦးနော် .....


Address

113(D1), Yangon, Insein Road, Yangon Https://maps. App. Goo. Gl/WFHn3vixm3xSnygs 7
Kamayut
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when EZ Trip posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EZ Trip:

Videos

Share

Category

Nearby travel agencies


Other Travel Agencies in Kamayut

Show All