Rudraksha Tour & Travel

Rudraksha Tour & Travel ပြည်တွင်း /ပြည်ပ /ပြည်ဝင် /မြိတ်ကျွန်းစု ပင်လယ်ပြင်

ခရီးသွားဝန်ဆောင်မှု
(3)

ကမ်းခြေလှလှတွေနဲ့အတူ ဘုရားကျောင်းများတည်ရှိရာ Gokarna, Karnataka မြို့ကလည်း စိတ်ဝင်စားဖွယ်ကောင်းပါတယ်။🕍ရာဇဝင်ထဲက ဟိန္ဒူဘ...
23/11/2024

ကမ်းခြေလှလှတွေနဲ့အတူ ဘုရားကျောင်းများတည်ရှိရာ Gokarna, Karnataka မြို့ကလည်း စိတ်ဝင်စားဖွယ်ကောင်းပါတယ်။🕍

ရာဇဝင်ထဲက ဟိန္ဒူဘုရားဖူးနေရာ ဖြစ်တဲ့ Gokarna မှာ Mahabaleshwar ဘုရားကျောင်းဟာ ဟိန္ဒူဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ကျောင်းတစ်ခုဖြစ်ပြီး Shiva ဘုရားကျောင်းလို့လည်း ခေါ်ဆိုကြပါတယ်။✨

Shiva ရုပ်တု၊ ဗိမာန်တော်များနဲ့အတူ အခြား လေ့လာဖွယ် ရှေးဟောင်းရုပ်တုများလည်း တည်ရှိတာကြောင့် ကမ်းခြေသွားရင်း ဘုရားဖူးချင်သူများအတွက် Gokarna, Karnataka ဟာ ဒဏ္ဍာရီ ဆန်ဆန်သမိုင်းများကို လေ့လာနိုင်မယ့် အကောင်းဆုံးနေရာတစ်ခုပါပဲ✅

☎️ 09777880108,09777880801




သမိုင်းဝင်နေရာများနဲ့ ရင်သပ်ရှုမောဖွယ်အလှတရားများကိုခံစားလိုသူတိုင်းအတွက် မိုင်ဆိုး , ဟမပြီ နဲ့ မဒူရိုင်မြို့များ🌁◾️Myso...
22/11/2024

သမိုင်းဝင်နေရာများနဲ့ ရင်သပ်ရှုမောဖွယ်အလှတရားများကိုခံစားလိုသူတိုင်းအတွက် မိုင်ဆိုး , ဟမပြီ နဲ့ မဒူရိုင်မြို့များ🌁

◾️Mysorel
ရောင်စုံ ပန်း​စျေးကြီးရှိရာ အိန္ဒိယ​တောင်ပိုင်းက မိုင်ဆိုးမြို့ဟာ အရောင်တွေ၊ ပန်းတွေ ချစ်တတ်သူတွေအဖို့ သဘောကျမိစေမယ့် နေရာတစ်ခုပေါ့။💐

အရမ်းခမ်းနားတဲ့ Mysore Palace၊ ပန်းနံ့တွေထုံလွှမ်းမွှေးကြိုင်နေတဲ့ Devraja Market၊ အေးဆေးအပန်းဖြေနိုင်မယ့် Karanji Lake အပြင်အခြားလည်ပတ်စရာများစွာနဲ့အတူ သဘာဝအလှအပတွေကိုခံစားနိုင်မှာဖြစ်ပါတယ်။💐

◾️Hampi

သမိုင်းဝင်ကျောက်တောင်တွေနဲ့ နာမည်ကြီးတဲ့ Hampi မှာတော့ ရှေးဟောင်းအမွေအနှစ်နယ်မြေ Group Of Monuments at Hampi, ဟိန္ဒူဘုရားကျောင်း Virupaksha Temple, နေဝင်ချိန်ကို အလှဆုံးခံစားနိုင်မယ့် Hemakuta Hill, မြစ်ချောင်းတွေအနေနဲ့ Tungabhadra River နဲ့ Sanapur Lake တို့မှာလည်း ရွက်လွှင့်လည်ပတ်နိုင်ပါသေးတယ်။🗿⛵️

◾️Madurai

Meenakshi ဟိန္ဒူဘုရားကျောင်းနဲ့အတူ နာမည်ကျော်ကြားတဲ့ Madurai မြို့ကတော့ ဘုရားသမိုင်းလေ့လာချင်သူတွေအတွက် အကောင်းဆုံးဖြစ်ပြီး ရှေးကျတဲ့ ဘုရားကျောင်းဝန်းကြီးကို လေ့လာနိုင်မှာဖြစ်ပါတယ်။🛕

☎️ 09777880108,09777880801




ရိုးရာအိမ်လှေကိုစီးရင်း ရေလမ်းတစ်လျှောက် သာယာလှပမှုနဲ့ အေးမြမှုတို့ကို ထိတွေ့လိုက်ပါ✨Kerala မှာတော့ ရေပေါ်ကျေးလက်ဘဝနဲ့ ရ...
21/11/2024

ရိုးရာအိမ်လှေကိုစီးရင်း ရေလမ်းတစ်လျှောက် သာယာလှပမှုနဲ့ အေးမြမှုတို့ကို ထိတွေ့လိုက်ပါ✨

Kerala မှာတော့ ရေပေါ်ကျေးလက်ဘဝနဲ့ ရင်သပ်ရှုမောဖွယ် သဘာဝအလှတရားများကို အနီးကပ် ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။⛵️

စိတ်အေးချမ်းမှုနဲ့အတူ ရေပေါ်စွန့်စားခရီးထွက်ချင်သူများအတွက် Kerala အိမ်လှေက ကောင်းမွန်တဲ့ အတွေ့အကြုံတွေ အများကြီး ပေးစွမ်းနိုင်မှာပါ။✨

☎️ 09777880108,09777880801



#မြိတ်ကျွန်းစုခရီးစဉ် #အိမ်လှေ

ဟိန္ဒူဘာသာဝင်တို့ရဲ့ ဓလေ့ကို ထင်ဟပ်နေတဲ့ Puja အနုပညာများကို လေ့လာချင်တယ်ဆိုရင်တော့ တောင်အိန္ဒိယဘုရားကျောင်းများကို သွားရ...
20/11/2024

ဟိန္ဒူဘာသာဝင်တို့ရဲ့ ဓလေ့ကို ထင်ဟပ်နေတဲ့ Puja အနုပညာများကို လေ့လာချင်တယ်ဆိုရင်တော့ တောင်အိန္ဒိယဘုရားကျောင်းများကို သွားရောက်လည်ပတ်သင့်ပါတယ်။🛕

လက်ရာမြောက်တဲ့ ဆေးရေးပန်းချီတွေ၊ ရုပ်ထုတွေနဲ့အတူ အံ့ဖွယ်ဗိသုကာလက်ရာများကို လေ့လာရင်းမှတ်တမ်းတင်နိုင်ပါတယ်။📸

Puja အနုလက်များကို တစ်နေရာတည်းမှာပဲ လေ့လာချင်သူများအတွက် တောင်အိန္ဒိယဘုရားကျောင်းတွေကို လေ့လာရေးခရီးထွက်သင့်ပါတယ်နော် 🙌

☎️ 09777880108,09777880801



#မြိတ်ကျွန်းစုခရီးစဉ်

တန်ဆောင်တိုင်လပြည့်နေ့ ဆေးပေါင်းခတဲ့ညလေးမှာ ကျန်းမာပျော်ရွှင်ပြီး မိသားစုနဲ့အတူပျော်ပျော်ရွှင်ဖြတ်သန်းနိုင်ပါစေလို့ 𝐑𝐮𝐝𝐫...
15/11/2024

တန်ဆောင်တိုင်လပြည့်နေ့ ဆေးပေါင်းခတဲ့ညလေးမှာ ကျန်းမာပျော်ရွှင်ပြီး မိသားစုနဲ့အတူပျော်ပျော်ရွှင်ဖြတ်သန်းနိုင်ပါစေလို့
𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡𝐚 𝐓𝐨𝐮𝐫 & 𝐓𝐫𝐚𝐯𝐞𝐥 မှ ချစ်ခြင်းမေတ္တာများဖြင့် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်….

မြိတ်ကျွန်းစုဆိုတာ မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ အလှဆုံးသဘာဝကျွန်းစုဖြစ်ပြီးတော့ အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ နာမည်ကြီ...
26/10/2024

မြိတ်ကျွန်းစုဆိုတာ မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ အလှဆုံးသဘာဝကျွန်းစုဖြစ်ပြီးတော့ အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ နာမည်ကြီးကျွန်းစုလည်းဖြစ်ပါတယ် 🏝️

အခုလိုပွင့်လင်းရာသီလေးမှာဆိုရင် ပင်လယ်ပြင်ကြီးကို ထိတွေ့ခံစားခွင့်ရပြီး ရှားပါးရေသတ္တဝါတွေနဲ့ သဘာဝအလှတွေပြည့်နက်နေတဲ့ မြိတ်ကျွန်းစုတွေဆီ ခရီးထွက်လိုက်ရင်ဖြင့် စိတ်ရောကိုယ်ပါ အေးချမ်းမှုအတိရရှိစေမှာနော် 🌊

မြိန်ကျွန်းစုထဲမှာဆိုရင် ကျွန်းပေါင်း ၈၀၀ ကျော်ပါဝင်ပြီး ကျွန်းတိုင်းမှာလည်း မတူညီတဲ့သဘာဝရဲ့ ဖြစ်တည်မှုတွေ ၊ ကြည်ပြာရောင်သမ်းပြီး လှိုင်းသံလေးတွေနဲ့လှပနေတဲ့ ပင်လယ်ကမ်းခြေတွေ ၊ စိမ်းလန်းတဲ့သစ်တောတွေအပြင် ပင်လယ်ပြင်ထဲက တောင်တန်းကြီးတွေကြောင့်ပဲ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ အာရုံကိုဆွဲဆောင်နိုင်တဲ့ ကျွန်းတွေအပြည့်ရှိနေပါတယ်ရှင့် 🏖️

ရေအောက်အလှတရားတွေကိုလည်း ခံစားကြည့်ရှုနိုင်မှာဖြစ်ပြီး ရှားပါးပင်လယ်သတ္တဝါတွေကိုပါ အနီးကပ်မြင်တွေ့နိုင်မယ့် အလှဆုံးနေရာတစ်ခုဖြစ်တဲ့အပြင် နယ်ခံတွေရဲ့သဘာဝအလျောက် နေထိုင်လှုပ်ရှားရတဲ့ အသက်မွေးမှုပုံစံတွေကိုပါ ဗဟုသုတတစ်ရပ်အဖြစ် သိရှိနိုင်ဦးမှာဖြစ်တာကြောင့် ရင်သပ်ရှုမောရစေမယ့် သဘာဝအလှကိုခံစားဖို့ မြိတ်ကျွန်းစုဆီ အပန်းဖြေခရီး ထွက်လိုက်ရအောင် ✈️

မြိတ်ကျွန်းစုတွေဆီ ခရီးသွားဖို့အတွက် စရိတ်ငြိမ်းဝန်ဆောင်မှုတွေနဲ့ အစအဆုံးစီစဉ်ပေးနေတဲ့ Travel & Tour ကိုရှာနေပါတယ်ဆိုရင်တော့ Rudraksha Tour & Travel နဲ့သာ ချိတ်ဆက်လိုက်ပါရှင့်။ Rudraksha မှာဆိုရင် မြိတ်ကျွန်းစုခရီးစဉ်များအတွက် အတန်ဆုံး Package တွေကို ချိုသာတဲ့ဈေးနှုန်းနဲ့ ပြင်ဆင်ပေးနေပြီဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာနဲ့ ခရီးသွားနိုင်ဖို့ Page Messenger မှာ စုံစမ်းမေးမြန်းနိုင်ပါတယ် 💁🏻‍♀️

☎️SalesHotline:09265225178,09422191486,09254598382



ပွင့်လင်းသာယာ နိုဝင်ဘာမှာ အရမ်းလှတဲ့မြိတ်ကျွန်းစုဆီသို့ Rudraksha Travel & Tour နဲ့အတူ ရွက်လွှင့်ကြစို့⛵️Rudraksha ရဲ့Oc...
22/10/2024

ပွင့်လင်းသာယာ နိုဝင်ဘာမှာ အရမ်းလှတဲ့မြိတ်ကျွန်းစုဆီသို့ Rudraksha Travel & Tour နဲ့အတူ ရွက်လွှင့်ကြစို့⛵️

Rudraksha ရဲ့October (25-28) ထိ (3) ညအိပ် (4) ရက် မြိတ်ကျွန်းစုခရီးစဉ်မှာ မြိတ်ရဲ့နာမည်ကြီး အလှဆုံးနေရာတွေဖြစ်တဲ့ -

🏝️ဒုံးရေတံခွန်
🏝️ဘာရှန်းကျွန်း
🏝️ညောင်မှိုင်းရွာ
🏝️စမတ်ကျွန်း
🏝️ဘေလီကျွန်း တွေကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။

တည်းခိုမယ့်နေရာအနေနဲ့ တောတောင်သဘာဝအလှတွေကို အပြည့်အဝခံစားနိုင်မယ့် (ဘာရှမ်းကျွန်းMera Resort မှာ အနားယူအပန်းဖြေရမှာဖြစ်ပြီး ထူးခြားစွာလှပတဲ့ ဘန်ဂလိုများနဲ့အတူ သန့်ရှင်းသပ်ရပ်ပြီး Luxury ဆန်တဲ့အခန်းများက စိတ်ကိုကြည်နူးပျော်ံရွှင်စေမှာပါ…✨

သွားရောက်လည်ပတ်မယ့် ကျွန်းစုများရဲ့ နေရာတိုင်းဟာ ရင်သပ်ရှုမောဖွယ်အလှတရားများနဲ့ ပြည့်စုံနေပြီး မတူညီတဲ့နေရာတိုင်းရဲ့ လေ့လာစရာနေရာများနဲ့အတူ ကျွန်းအရသာကိုအပြည့်အဝခံစားရရှိနိုင်မှာမို့ အတွေ့အကြုံကောင်းတွေလည်း ရရှိနိုင်မှာ အသေအချာပါပဲ…💯🍃

ဒါကြောင့် မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ကျွန်းခရီးစဉ်တစ်ခုသွားဖို့ စီစဉ်ထားတယ်ဆိုရင် အတွေ့အကြုံတွေရော အလှအပတွေရောပါ အကောင်းဆုံးရရှိခံစားနိုင်မယ့် မြိတ်ကျွန်းစုခရီးစဉ်အတွက် Rudraksha Travel & Tour ကိုသာ နိုဝင်ဘာခရီးစဉ်အမီ ဆက်သွယ်လိုက်တော့နော်…📲

Package များအကြောင်း အသေးစိတ်လေ့လာရန်👇
https://www.facebook.com/share/p/2fd3ABS57YsucHFd/?mibextid=WC7FNe

☎️ 09422191486



#မြိတ်ကျွန်းစုခရီးစဉ် #နိုဝင်ဘာခရီးစဉ်

ဘိတ်ကျွန်းစုမှ ကြိုဆိုပါ၏ ✈️🐟🪸
18/10/2024

ဘိတ်ကျွန်းစုမှ ကြိုဆိုပါ၏ ✈️🐟🪸

ယနေ့ကျရောက်တဲ့ "သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) " မှာ 🌕🪔မြန်မာပြည်သူ၊ပြည်သားများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိ...
17/10/2024

ယနေ့ကျရောက်တဲ့ "သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) " မှာ 🌕🪔

မြန်မာပြည်သူ၊ပြည်သားများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံကြပြီး ဘေးဘယာဝေးကွာ၍ ကောင်းမှုကုသိုလ်တရားများ ပွါးများနိုင်ကြပါစေကြောင်း 𝐑𝐮𝐝𝐚𝐫𝐤𝐬𝐡𝐚 𝐓𝐨𝐮𝐫 𝐚𝐧𝐝 𝐓𝐫𝐚𝐯𝐞𝐥 မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်နော် 🙏

#သီတင်းကျွတ်လပြည့်နေ့ #အဘိဓမ္မာအခါတော်နေ့

Rudraksha  ဆိုတဲ့ နာမည်လေးကို ဘာကြောင့်ပေးဖြစ်ခဲ့တာလဲ ❓Rudraksha  ဆိုတဲ့ အဓိပ္ပါယ်လေးကတော့ Rudra ( Shiva ) နဲ့ သူ့ရဲ့မျက...
16/10/2024

Rudraksha ဆိုတဲ့ နာမည်လေးကို ဘာကြောင့်ပေးဖြစ်ခဲ့တာလဲ ❓

Rudraksha ဆိုတဲ့ အဓိပ္ပါယ်လေးကတော့ Rudra ( Shiva ) နဲ့ သူ့ရဲ့မျက်ရည် ( Aksha ) ဆိုတာကို ရည်ညွှန်းတာပဲဖြစ်ပါတယ် ✨

Rudraksha သစ်သီးဟာဆိုရင် Rudraksha သစ်ပင်မှာပေါက်ရောက်တဲ့ ခြောက်သွေ့တဲ့သစ်သီးလေးတွေဖြစ်ပြီးတော့ Hindu လူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာ အရှင် Rudra ရဲ့ ကောင်းချီးတစ်ခုလည်းဖြစ်ပါတယ်နော် ⚜️

မဟာသီဝရဲ့ မျက်ရည်ဖြစ်တဲ့ စွမ်းအားကြီး Rudraksha လေးတွေမှာဆိုရင် ကံဆိုးခြင်းအညံ့တွေကို ဖယ်ရှားပေးနိုင်တဲ့အစွမ်းနဲ့ ကောင်းသောကံတရားတွေကို ဆင့်ခေါ်နိုင်တဲ့အစွမ်းတွေ ကိန်းအောင်းနေတာကြောင့် Hindu လူမျိုးတွေရဲ့ မြတ်နိုးတန်ဖိုးထားရတဲ့ အစေ့လေးတွေဆိုလည်းမမှားပါဘူးရှင် 😍

Rudraksha Travel & Tour အနေနဲ့လည်း Hindu လူမျိုးတွေရဲ့ အထွတ်အမြတ် ကောင်းချီးမင်္ဂလာနဲ့ပြည့်စုံတဲ့ Rudraksha လေးကို ကိုယ်စားပြုပြီး မိမိတို့နဲ့လက်တွဲလိုတဲ့ ခရီးသွားတွေကို ကံကောင်းခြင်းတွေ ဆောင်ကြဉ်းပေးနေတယ်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေးနဲ့ အခုလိုနာမည်လေးပေးခဲ့တာပါ 💁🏻‍♀️

ဒါကြောင့်သာယာလှပပြီး ကံကောင်းခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးစဉ်လေးတစ်ခုကို ဖန်တီးတော့မယ်ဆိုရင် Rudraksha Travel & Tour နဲ့သာ စတင်လိုက်ရအောင်လားရှင့် 🥰

☎️ 09777880108,09777880801



မိုးအကုန်ဆောင်းအကူး ဥတုအေးအေးလေးက ကျွန်းစုတွေဆီခရီးထွက်ဖို့ အကောင်းဆုံးအချိန်လေးပဲ 🏖️ပြည်ပသွားချင်တာမဟုတ်ဘဲ မြန်မာနိုင်င...
07/10/2024

မိုးအကုန်ဆောင်းအကူး ဥတုအေးအေးလေးက ကျွန်းစုတွေဆီခရီးထွက်ဖို့ အကောင်းဆုံးအချိန်လေးပဲ 🏖️

ပြည်ပသွားချင်တာမဟုတ်ဘဲ မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်းစုလေးတွေဆီ အပန်းဖြေသွားမယ်ဆိုရင် သဘာဝရှုမျှော်ခင်းတွေနဲ့ လှပစွာတည်ရှိနေတဲ့ မြိတ်ကျွန်းစုကိုသာ အလည်အပတ်သွားလိုက်ပါ 😍

မြိတ်ကျွန်းစုမှာရှိတဲ့ အလှတရားတွေကို လွတ်လွတ်လပ်လပ် ခံစားနိုင်ဖို့အတွက် ရေမီးအစုံနဲ့လေထီးခုန်လို့ရမယ့် အပြီးအစီးဝန်ဆောင်မှုတွေပေးမယ့် Rudraksha Travel & Tour နဲ့အတူ မကြာသေးမှီကမှဖွင့်လှစ်ထားတဲ့ Mera Resort မှာ Relax လုပ်ကြမယ်နော် ✈️

The Mera Resort ဟာဆိုရင် သဘာဝတရားကြီးကို အငြိမ့်သားခံစားဖို့အတွက် Facilities အပြည့်နဲ့ စီစဉ်ပေးထားတဲ့ သီးသန့်ဆန်ဆန်ဘန်ဂလိုလေးတွေရှိလို့ မိသားစုတွေနဲ့ဖြစ်ဖြစ်သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ချစ်ရသူနဲပဲဖြစ်ဖြစ် အေးချမ်းသာယာစွာနဲ့ အပန်းဖြေနိုင်မှာဖြစ်ပါတယ် 🌅

ပင်လယ်ပျော်လေးတွေရဲ့ ဝါသနာတွေဖြစ်တဲ့ ရေကူး ၊ လှေစီး ၊ ငါးမျှား ၊ ရေငုပ်စတဲ့ Activities တွေကိုလည်း လွတ်လွတ်လပ်လပ် ပြုလုပ်ခွင့်ရမယ့် Resort တစ်ခုဖြစ်ပြီး ဘရှမ်းကျွန်းပတ်လည်က ညောင်မှိုင်း ၊ ဒုံးပလဲအော် နဲ့ ဘေလီကျွန်းတွေရဲ့ အလှအပတွေကိုလည်း သွားရောက်ခံစားရဦးမှာပါရှင့် 🚣🏻‍♀️

လှိုင်းသံလေးတွေကိုစီးမျှောနားဆင်ရင်း ပင်လယ်ပြင်ရဲ့နေဝင်ဆည်းဆာအလှကို မိန်းမောခံစားချင်တယ်ဆိုရင်တော့ Chill Vibe အပြည့်နဲ့ The Mera Resort မှာ အပန်းဖြေရင်း သဘာဝနဲ့ထိတွေ့ခွင့်ရမယ့် Rudraksha Travel & Tour ရဲ့ Package လေးတွေနဲ့ ခရီးသွားလိုက်ရအောင် 💁🏻‍♀️

🔹 2 𝐍𝐢𝐠𝐡𝐭𝐬 3𝐃𝐚𝐲𝐬 𝐏𝐚𝐜𝐤𝐚𝐠𝐞
💸 2,200,000𝐦𝐦𝐤 𝐩𝐞𝐫 𝐩𝐞𝐫𝐬𝐨𝐧

✅ Package includes - အသွားအပြန်လေယာဉ်လက်မှတ်,Speedboat and Car Transportation, ခရီးစဉ်တခုလုံးအတွက် မနက်စာ/နေ့လယ်စာ/ညစာ/ရေသန့်/life jackets,guide,zone ဝင်ကြေးများ/အသက်အာမခံတွေ အပြီးအစီးပါဝင်ပါတယ်။

✅ Island hopping- မြိတ် -ဒုံးရေတံခွန်-Mera resort (Barshan )ကျွန်း-ညောင်မှိုင်းရွာ - စမတ်ကျွန်း(သို့မဟုတ်)ဘေလီကျွန်းတွေကိုသွားရောက် လည်ပတ်နိုင်မှာဖြစ်ပါတယ်။

🔹 3𝐍𝐢𝐠𝐡𝐭𝐬 4𝐃𝐚𝐲𝐬 𝐏𝐚𝐜𝐤𝐚𝐠𝐞
💸 2,650,000𝐦𝐦𝐤 𝐩𝐞𝐫 𝐩𝐞𝐫𝐬𝐨𝐧

✅ Package includes - အသွားအပြန်လေယာဉ်လက်မှတ်,SpeedboatandCarTransportation,
ခရီးစဉ်တခုလုံးအတွက် မနက်စာ/နေ့လယ်စာ/ညစာ/ရေသန့်/life jackets,guide,zone ဝင်ကြေးများ/အသက်အာမခံတွေ အပြီးအစီးပါဝင်ပါတယ်။

✅ Island hopping- မြိတ် -ဒုံးရေတံခွန်-Mera resort (Barshan )ကျွန်း-ညောင်မှိုင်းရွာ - စမတ်ကျွန်း- ဘေလီကျွန်းတွေကိုသွားရောက် လည်ပတ်နိုင်မှာဖြစ်ပါတယ်။

Rudraksha Travel & Tour က စီစဉ်ပေးထားတဲ့ Package လေးတွေထဲကမှ မိမိတို့စိတ်ကြိုက်ရွေးချယ်ပြီး အားလပ်ရက်လေးမှာ စိတ်ရောကိုယ်ပါ Relax ဖြစ်စေဖို့ မြိတ်ကျွန်းစုလေးဆီ အရောက်သွားကြမယ်နော်။ Package နဲ့ပတ်သက်ပြီး အသေးစိတ်မေးမြန်းချင်တယ်ဆိုရင် Rudraksha ဆီ ဖုန်းလေးသာဆက်လိုက်ပါရှင့်

Ph☎️ 09777880108,09777880801


#မြိတ်ကျွန်းစု

တခါရောက်ပြီးရင် မပြန်ချင်ချင်တော့လောက်အောင် ကြွေရတဲ့ ညောင်ဦးဖီးကျွန်းလေး…🏖🏖🏮🧧တရုတ်နှစ်ကူးကို Luxury ဆန်ဆန် Private ကမ်းခ...
22/01/2024

တခါရောက်ပြီးရင် မပြန်ချင်ချင်တော့လောက်အောင် ကြွေရတဲ့ ညောင်ဦးဖီးကျွန်းလေး…🏖🏖
🏮🧧တရုတ်နှစ်ကူးကို Luxury ဆန်ဆန် Private ကမ်းခြေမှာ အနားယူဖို့….
✈️✈️လေယာဉ်လက်မှတ်များရနိုင်သေးသော ရက်လေးအတွက်...
အထူးစီစဉ်ထားသော ခရီးစဉ်လေးများရှိနေသေးကြောင်း အသိပေးပါရစေခင်ဗျား

11~14 (ခုံအနည်းငယ်သာကျန်)
18~21 (ခုံအနည်းငယ်သာကျန်)

အထက်ပါခရီးစဉ် ၂ ခုစလုံးသည် ပုံမှန် ညောင်ဦးဖီးကျွန်း ၂ ည နှင့် ကော့သောင်းတွင် ၁ ည အိပ်ဖြစ်ပါသည်)

🤩အထူးခရီးစဉ်အနေဖြင့်...
10 ~ 14
(ညောင်ဦးဖီးကျွန်း ၂ ည + Victoria Cliff Hotel & Resort Kawthaung ၂ ည)
Forest Tent - 1530000 Ks / Pax
Superior Type A - 1650000 Ks / Pax
Superior Type B - 1780000 Ks / Pax
Beach / Seaview Forest Villa - 2155000 Ks / Pax

Feb 10 အထူးခရီးစဉ်မှာ ပုံမှန်ခရီးစဥ်​တွေနဲ့မတူဘဲ ဘာ​တွေ ထပ်ပါဝင်သွားဦးမှာလဲ❓❓

​ကော့​သောင်းမြို့တွင်း ရိုးရာအမှတ်တရ လက်​ဆောင်​တွေဝယ်ဖို့ရယ်.... 🪆🛍
အထင်ကရ​နေရာ​တွေကို​လေ့လာမှတ်တမ်းတင်နိုင်ဖို့အတွက် City Tour ​လေးလည်း ပါဦးမှာပါ...🚐🚐

ဒါတင်ဘဲလား... ဘာထပ်လုပ်လို့ရ​သေးလဲ❓❓
သိပ်ရတာ​ပေါ့ဗျာ... ​ကော့​သောင်းမြို့ကို လည်ရတာမဝ​သေးတဲ့သူ​တွေအဖို့
ထိုင်းနိုင်ငံရဲ့ နယ်စပ်မြို့​လေး ရ​နောင်းကိုလည်း ​နောက်တရက်မှာ ထပ်မံစီစဥ်ပြီး သွားလည်လို့ရ​သေးတယ်​နော်... ✨✨
🏮ပျော်ရွှင်စရာနှစ်သစ်ကူးလေးအဖြစ် အမြဲတမ်းအမှတ်တရဖြစ်နေနိုင်ဖို့အတွက် ညောင်ဦးဖီးကျွန်းမှ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျား🏮

☎️SalesHotline:09265225178,09422191486,09254598382


🌊 #ကော့သောာင်းကျွန်းခရီးစဉ် #ညောင်ဦးဖီးကျွန်း

The ocean is your front yard, the primary forest, and ĀALUA's service are your neighbors. What will you need more?🏝️🎉🌊🌌🎁...
20/01/2024

The ocean is your front yard, the primary forest, and ĀALUA's service are your neighbors. What will you need more?🏝️🎉🌊🌌🎁✨🌅🍹🏖️🌺🐚🐠🐟🦑🐡🦐🎣🍡

မြန်မာနိုင်ငံရဲ့ တခုထဲသော အရှေ့အရပ်မှ ပင်လယ်ပြင်ကိုကျော်ဖြတ်လာတဲ့ နေထွက်ချိန်အလှကို အခန်းထဲမှပင် ရှုမြင်ခံစားနိုင်ပြီး ရေပေါ်ရေအောက် အလှတရားများလည်း ပြည့်စုံ၊ သဲဖြူဖြူ ပင်လယ်ရေကြည်ကြည်၊ မိုးသစ်တောစိမ်းစိမ်းတွေကို နောက်ခံထားကာ၊ အခန်းအမျိုးအစားတမျိုးထဲပဲရှိပြီး အခန်းအားလုံးဟာလည်း Luxury Bungalow, Beach Side Front Role တွေပဲဖြစ်လို့ ရွေးချယ်မှုမှားမှာလည်းမစိုးရိမ်ရ၊ အခန်း ၂၀ပဲရှိလို့ Privacy လည်းကောင်းစွာရှိပြီး ဝန်ဆောင်မှုဖြင့်နာမည်ကြီးတဲ့ ĀALUA မှာပဲ ကုန်ဆုံးဖို့အတွက် Booking တင်နိုင်ပြီဖြစ်ကြောင်း အသိပေးလိုက်ပါရစေခင်ဗျာ 🐚

2Nights/3days Package - 820USD per person
3Nights/4days Package - 1100USD per person
(ငွေလဲဈေးနှုန်း - 1USD = 2100Kyats)

🌟 Package Highlights 🌟
#နေ့စဉ် မနက်စာ၊ နေ့လည်စာ၊ Pool Party နှင့် ညစာ+မီးအက ပါဝင်ပြီး ပင်လယ်ပြင်ကြီးကို ၁၈၀ ဒီဂရီမြင်ရတဲ့ ĀALUA ရဲ့ Restaurant မှာသုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။

** မြန်မာနိုင်ငံရဲ့ အလှပဆုံးကျွန်းများဖြစ်ကြတဲ့ 115ကျွန်း၊ ဟန်းနီးမွန်းကြီးကျွန်း၊ ငါးမန်းကျွန်း၊ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်၊ တာရာကျွန်းများကဲ့သို့သော တမူထူးခြားပြီး ရေပေါ်ရေအောက်လှပလွန်းလှတဲ့ ကျွန်းများသို့ အလည်သွားရောက်တဲ့ ခရီးစဉ်များအပြင် Pulo Baluကျွန်းရဲ့ ကမ်းခြေများတွင်လည်း Kayak လှေလှော်ခြင်း ရေကူးခြင်း Snorkelling ပြုလုပ်ခြင်းများကိုပါ ပြုလုပ်နိုင်အုံးမှာဖြစ်လို့ ĀALUA ရဲ့ Package များဟာ All-in-one Exclusive Package လို့တောင်ပြောလို့ရပါတယ်။

** ကောင်းကင်ကြီးကို လိမ္မော်ရောင်နဲ့ ပန်းရောင်ခြယ်ထားတဲ့ ရင်သပ်ရှုမောဖွယ် နေဝင်ချိန်တွေနဲ့ အနားယူပြီး အံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ရင်သပ်ရှုမောဖွယ် နေထွက်ချိန်တွေမှာ နိုးထရမှာဖြစ်လို့ အချိန်တိုင်းဟာ အဓိပ္ပါယ်ရှိနေမှာပဲဖြစ်ပါတယ်။

**
ĀALUA ရဲ့ Package မှာ ပါဝင်တဲ့ Marine Guide များဟာ အတွေ့အကြုံ ကြွယ်ဝပြီး ကျွန်းနှင့် ပင်လယ်ပြင်ဗဟုသုတများ ပြည့်စုံကာ ဧည်သည်များ၏ ကောင်းမွန်သော Recommendation များစွာရရှိထားတာကြောင့် လူကြီးမင်းတို့ရဲ့ ပင်လယ်ပြင်ခရီးစဉ်များဟာ ပိုမို ပြီးပြည့်စုံနေစေမှာပဲဖြစ်ပါတယ်

**
ĀALUA ရဲ့ Package များဟာ ကော့သောင်းလေဆိပ်မှစတင်ပြီး ကော့သောင်းလေဆိပ်သို အပြန်ခရီးစဉ်ကြိုပို့များ အထိ ပါဝင်သည့် အပြင် Exclusive Island Hopping Trip များပါဝင်ပြီးသားဖြစ်သောကြောင့် လူကြီးမင်းတို့ ခရီးစဉ်ကို စိတ်အေးချမ်းသာ ပူပင်မှုကင်းမဲ့စွာဖြင့် အကောင်းဆုံး ခံစား အနားယူနိုင်မှာပဲဖြစ်ပါတယ်။

(လိုအပ်ပါကလေယာဉ်ပျံလက်မှတ်များ အတွက်ပါ ကြိုတင်စီစဉ်ပေးတဲ့ ဝန်ဆောင်မှုကိုလည်း ရရှိနိုင်ပါတယ်)

ယခုပဲ ကြိုတင် Booking ပြုလုပ်ပြီး နှလုံးသားထဲအထိ မမေ့နိုင်သော အမှတ်တရများကို ဖန်တီးလိုက်ပါ။ 🌞🌴

𝓢𝓮𝓮 𝔂𝓸𝓾 @ 𝓟𝓾𝓵𝓸 𝓑𝓪𝓵𝓾
အကောင်းဆုံး ကျွန်းခရီးစဉ်များနှင့်ပက်သက်ပြီး အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်
- 09 265225178,09422191486

❄️နှစ်သစ်ကူး ပိတ်ရက်ရှည် ညောင်ဦးဖီးကျွန်းရဲ့ ✈️လေယာဉ်လက်မှတ်ပါအပါ အထူး ဈေးနှုန်းဖြင့်ရရှိမည့် Special ခရီးစဉ်... . 👉ခရီး...
06/12/2023

❄️နှစ်သစ်ကူး ပိတ်ရက်ရှည် ညောင်ဦးဖီးကျွန်းရဲ့ ✈️လေယာဉ်လက်မှတ်ပါအပါ အထူး ဈေးနှုန်းဖြင့်ရရှိမည့် Special ခရီးစဉ်... .

👉ခရီးစဉ် တခုချင်းစီရဲ့ ပထမဆုံးသော အယောက် ၃၀ စီသာ ရရှိမည့်အခွင့်အရေ👈

New Year မှာ Happy ဖို့
ခရီးစဉ် ထွက်ခွါမည့် ရက်များမှာ....
❄️Dec ~ 30 ~ Jan 2
❄️Dec ~ 31 ~ Jan 3
ခရီးစဉ်များဘဲဖြစ်ပါတယ်...

ခရီးစဉ်များအတွက် ဈေးလေးတွေကလည်း....
🏕️ Forest Tent - 2,385,000 Ks
🌅Superior Type A - 2,490,000 Ks
🏖️Superior Type B - 2,635,000 Ks
❄️Beach Villa - 3,010,000 Ks
🏝Seaview Forest Villa - 3,010,000 Ks

ပုံမှန်ခရီးစဉ်တွေနဲ့မတူ ပါဝင်သော ဝန်ဆောင်မှုများ...
🍽️အထူးပြင်ဆင်ထားတဲ့ စုံလင်လှသော စားသောက်ဖွယ်ရာများ
🍹အကြိုက်သောက် အကြိုက်မှောက်လို့ရမည့် Beer & Wine Free Flow
🦐လတ်ဆက်တဲ့ Seafood BBQ Station
❄️ပုံမှန်ထက် ပိုမိုက်တဲ့ မီးအကအလှများ
🦐Lobster Station များ
🦐Sashimi Station နှင့် စုံလင်လှတဲ့ ပင်လယ်စာများ
❄️သိန်း ၃၀ နီးပါးတန်ဖိုးရှိသည့် First Prize နှင့် Lucky Draw အစီစဉ်များ
အစရှိတာတွေပါဝင်မှာဖြစ်တဲ့အပြင်....

👉ပုံမှန် ခရီးစဉ်များအတိုင်း..
🌷ရန်ကုန်-ကော့သောင်း-ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ်များ
🌷ညောင်ဦးဖီးကျွန်းပေါ်မှာ နေ့စဉ် Dinner တွင် Cocktail Free Flow
🌷ကျွန်းပေါ်တွင် အထူးအထူး စီစဉ်ထားသော ပျော်စရာအစီစဉ်များနှင့်အတူ Seafood BBQ Buffet Dinner (၃၁ ရက်နေ့ နှစ်သစ်ကူးညအတွက်)
🌷ကော့သောင်းလေဆိပ် အသွား-အပြန် အကြို/အပို့
🌷ခရီးစဉ် တစ်ခုလုံးအတွက် နေ့စဉ် မနက်စာ၊ နေ့လည်စာ၊ ညစာ များ
🌷ညောင်ဦးဖီးကျွန်းပေါ်တွင် ၂ ည အိပ်တည်းခိုခ
🌷Victoria Cliff Hotel Kawthaung ရဲ့ Ocean View Wing တွင် ၁ ည အိပ် တည်းခိုခ
🌷အများနှင့်အတူ ကော့သောင်းမြို့မှ ကျွန်းသို့သွားသည့် အသွား-အပြန် Speed Boat ဖိုးများ
🌷သစ်သားဒန်းကြီးနဲ့ ဓါတ်ပုံရိုက်လို့ သိပ်လှတဲ့ အပြင် table coralအလှတွေနဲ့ ကြည့်မဝတဲ့ သူဌေးမကမ်းခြေ၊ ဟန်းနီးမွန်းဘေး၊ နီမိုငါးလေးတွေ ပေါ်များလှတဲ့ နီမိုအော်၊ ရေအောက်ပန်းပွင့် ခရမ်းရောင်ပွင့်ကြီးတွေသိပ်လှတဲ့ ရဲမက်ကျွန်း၊ Fire Coral တွေနဲ့ လှလွန်းလှတဲ့ မီးတိုင်ကျွန်းတို့ကို speed boatဖြင့် သွားရောက်ပြီး Snorkeling လုပ်မယ့်ခရီးစဉ်များ..
🌷ရေသန့်၊ အသီးများနှင့် Life Jacket များ
🌷ရေငုပ်ကျွမ်းကျင်သည့် ရေငုပ်လမ်းပြ Guide များ
🌷Snorkeling Set များ
🌷ဖိုင်ဘာ Kayak လှေလှော်ခြင်းများ

နှစ်ဟောင်းက ပျော်စရာတွေကို နှစ်သစ်အထိ ဆက်လက်ယူဆောင်သွားနိုင်ဖို့ ညောင်ဦးဖီးကျွန်းကြီးက ချစ်ဧည့်သည်တော်ကြီးများအဖို့ ရှိနေပေးမှာပါ...

အားလုံးနဲ့ အဝေးဆုံး သီသန့်တည်ရှိနေတဲ့ ကျွန်းကြီးပေါ်မှာ...
လူအရေအတွက် အကန့်သတ်နဲ့ စိတ်လွတ်လက်လွတ် အကန့်သတ်မဲ့ ပျော်ရွှင်ဖို့ ...
ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ...

ယခုခရီးစဉ်အပြင်ကိုမှ စောပြီး လာလည်ချင်သူများအဖို့လည်း ဒီဇင်ဘာလအတွင်း ကျွန်တော်တို့ထံမှာ လက်မှတ်လေးတွေနဲ့ အတူ ခရီးစဉ်လေးတွေ ကျန်ရှိနေသေးကြောင်း အသိပေးပါရစေခင်ဗျာ....

🌟 Welcome the New Year in Paradise on Nyaung Oo Phee Island! 🌴🎉

Embark on an extraordinary journey to Nyaung Oo Phee Island and bid farewell to the old year in style. Join us for an exclusive New Year's trip from

December 30 to January 2
or
December 31 to January 3.

Package Rate are as below :
🏕️ Forest Tent - 2,385,000 Ks
🌅 Superior Type A - 2,490,000 Ks
🏖️ Superior Type B - 2,635,000 Ks
Beach Villa - 3,010,000 Ks
Seaview Forest Villa - 3,010,000 Ks

What's Included:
Your journey to paradise comes with a plethora of delights:

✈️ Round-trip Flights: Rangoon-Kawthaung-Rangoon flights.
🍹 Free Flow Cocktails: Enjoy daily cocktail sessions during dinner on Nyaung Oo Phee Island.
🦐 Seafood BBQ Buffet: Special Gala Dinner with entertainment.
🏝️ Island Excursions: Explore Yemat Island, Mitai Island, and other hidden gems by speed boat.
🚤 Speed Boat Transfers: Effortlessly travel from Kawthaung town to the island and back.
🍽️ Daily Meals: daily breakfast, lunch, and dinner throughout your stay... and much more!

For more information and reservations, contact us at
☎️- 09265225178,09254598382

Dive into the serenity of Nyaung Oo Phe Island Island and let the waves of celebration carry you into a joyous New Year!

#ညောင်ဦးဖီးကျွန်း း

Address

Shwe Min Won 3rd Street
Kawthaung
14071

Opening Hours

Monday 08:00 - 06:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 09:00 - 17:00

Telephone

+959265225178

Website

Alerts

Be the first to know and let us send you an email when Rudraksha Tour & Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rudraksha Tour & Travel:

Videos

Share

Category