12/08/2024
မြန်မာ အပါအဝင် ၁၄ နိုင်ငံကို အိန္ဒိယနိုင်ငံ ပြည်ဝင်ခွင့် Free Visa ပေးလိုက်ပြီလို့ သိရပါတယ်…
အရင်ကတော့ မြန်မာက အိန္ဒိယသံရုံးကို လူကိုယ်တိုင် သွားလျှောက်တာဖြစ်ဖြစ်၊ eVisa ဖြစ်ဖြစ် လျှောက်ထားရပါတယ်။ ကိုယ်တိုင်လျှောက်ရင်တော့ ၃ လ သက်တမ်း နဲ့ single or double တစ်ခုခုရရှိတတ်ပြီး eVisa ဆိုရင်တော့ တစ်နှစ်ကို Multi-entry ရပါတယ်။ ၃ လပဲတော့ နေလို့ရပါမယ်။
အခု Free Visa ဖြစ်သွားချိန်မှာတော့ ဘယ်လောက်ထိ နေခွင့်ပေးမလဲ စိတ်ဝင်စားစရာပါပဲ။
ဘူတန်၊ နီပေါ၊ ဂျပန်၊ မော်ဒိဗ်စ်၊ ဖင်လန်၊ လူဇန်ဘတ်၊ နယူးဇီလန်၊ စင်ကာပူ၊ ကမ္ဗောဒီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအို၊ အင်ဒိုနီးရှား နဲ့ မြန်မာနိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့် ဒီဩဂုတ်လမှာ စတင်ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။
တောင်ကိုးရီးယား နဲ့ ယူအေအီးနိုင်ငံတွေကလည်း ဆိုက်ရောက်ဗီဇာနဲ့ ဝင်ခွင့်ရသွားပြီ ဖြစ်ပါတယ်။
သီဟလုလင် | Thiha, the Traveller