9Generation Force Travel & Tours

9Generation Force Travel & Tours Benefit for Community and country

29/01/2020
9Generation Force ကုမ္ပဏီ မှနောက်ထပ်ဖော်ဆောင်မည့် ရှမ်းတောင် ဖယ်ခုံအင်း လွယ်ပန်းစုံကျွန်းပေါ်ရှိ အပျော်စီးလှေလုပ်ငန်းကျွန်...
14/07/2019

9Generation Force ကုမ္ပဏီ မှနောက်ထပ်ဖော်ဆောင်မည့်
ရှမ်းတောင် ဖယ်ခုံအင်း လွယ်ပန်းစုံကျွန်းပေါ်ရှိ အပျော်စီးလှေလုပ်ငန်း

ကျွန်တော်များ 9Generation Force ကုမ္ပဏီအနေဖြင့် ဆွဲ
ဆောင်မှု ရှိသော ခရီးစဉ်ဒေသ များပိုမို ဖြစ်ပေါ်လာစေရန်နှင့် ဒေသခံ
များခရီးသွား လုပ်ငန်းမှ ဝင်ငွေ ရရှိစေရန် ရည်ရွယ်ပြီး ဒေသခံအစု
အဖွဲ့လုပ်ငန်းရှင်များ ပါဝင်သော ဖယ်ခုံအင်းအတွင်း အိပ်ခန်း ၂ခန်းပါ အပျော်စီးလှေ ၂ စီးနှင့် လူ ၃၀ ဦးဆန့် ကျွန်းပတ် အပျော်စီးလှေ ၁စီးကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။
ယခုအပျော်စီးလှေ လုပ်ငန်းစီမံချက်ကို စတင်အကောင်အထည်ဖော်
ဖြစ်လာခဲ့စေခြင်းမှာ အခြားအိမ်နီးချင်း နိုင်ငံများရှိ အပျော်စီးလှေလုပ်
ငန်းမှ ဒေသခံများအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မှု နှင့် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာပြီး တစ်ဦးချင်းဝင်ငွေ ပိုမိုရရှိစေရန် ရည်
ရွယ်ပါသည်။
မလေးရှားနိုင်ငံ တဆစ်ကန်ညာ လျပ်စစ်ဓာတ်အားပေး ရေလှောင်တမံတွင် မလေးရှား အစိုးရမှ အပျော်စီးလှေလုပ်ငန်းကို စတင်ပျိုးထောင်
လုပ်ကိုင်စေခဲ့ပြီး ယခုအခါ တစ်နှစ်လျင် ပြည်ပခရီးသည် ၃သိန်း နှင့် ပြည်တွင်း ခရီးသည် ၅သိန်းကျော် ဝင်ရောက်လည်ပတ်လျက် ရှိပါ
သည်။ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ
ပေါ်ပေါက်ခဲ့ပြီး တစ်ဦးချင်း ပျမ်းပျ ဝင်ငွေ ၃ဆအထိ မြင့်တက်ခဲ့ပါ
သည်။
ထိုင်းနိုင်ငံတွင်လည်း ကန်ချနာဘူရီ ရှိ စရီနာကီရင် တွင်အပျော်စီးလှေ လုပ်ငန်းဖြင့် ပြည်တွင်း ပြည်ပ ခရီးသည်များဖြင့် စည်ကားလျက် ရှိပြီး
ဒေသခံများကို အလုပ်အကိုင်နှင့် ဝင်ငွေများစွာ ရရှိစေနိုင်ခဲ့ပါသည်။

🏝ယခု အပျော်စီးလှေ လုပ်ငန်းကို လွယ်ပန်းစုံ CBT အဖွဲ့ဦး
ဆောင်မှု အတွင်းတွင် စိတိဝင်စားပြီး ဒေသတိုးတက်စေချင်သော
ဖယ်ခုံ လွယ်ပန်းစုံ မိုးဗြဲ လွိုင်ကော် နှင့် ရှမ်းတောင်မှ လုပ်ငန်းရှင်များ နှင့် White Swan Boating ကုမ္ပဏီမှ နိုင်ငံတစ်ကာ
ရေယာဉ်တည်ဆောက်ရေးလုပ်ကိုင်ခဲ့သော ရေကြောင်းတက္ကသိုလ်
ဆင်း ရေယာဉ် ဗိသုကာပညာရှငိများ ၊ရေကြောင်း အင်ဂျင်နီယာ များ စသောဘက်ပေါင်းစုံ မှလူများကို ကျွန်တော်များ 9Generation Force မှ ဖိတ်ခေါ် ဆွေးနွေး အတူပေါင်းစပ်ပြီး ဒီဒေသခရီးသွားလာရေး မြင့်မားလာစေရန် ရည်ရွယ် အကောင်ထည်ဖော်ခဲ့ပါသည်။
အစုရှယ်ယာ ၁၀စုတွင် ကုမ္ပဏီများမှ ၃စုသာ ပါဝင်ခွင့်ပေးထားပြီး
ကျန်၇စုမှာ ဒေသခံ အစုအဖွဲကများပိုင်အဖြစ် သတ်မှတ်ထားပြီး
ဒေသခံ ပါဝင်မှု ၊ ဒေသခံ အခွင့်အရေး ၊ဒေသခံ အကျိုးအမြတ်ကို အဓိကထား စီစဉ်ခဲ့ပါသည်။
ကနဦး စတင်အကောင်အထည် ဖော်ရန် စတင်စဉ်ထဲက လွယ်ပန်းစုံ CBT အဖွဲ့သားများ ရွာလူကြီးနှင့် ရွာသားများ ၊သက်ဆိုင်ရာ လှေအသင်း ၊ အနီးပတ်ဝန်းကျင် ရှိရွာအုပ်စု တာဝန်ရှိသူများ ၊ကယန်းဝန်ကြီး
လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူများ CSO အဖွဲ့များနှင့် ဆွေးနွေး
တိုင်ပင် အကြံပြုချက် သဘောတူညီမှု ရယူကာ သက်ဆိုင်ရာ ထွေ
အုပ်နှင့် ရေကြောင်း ဌာန များနှင့် ပေါင်းစပ် အကြံပြုချက် ဘောတူညီ
မှုများ ရယူထားခဲ့ပြီး စာရွက်စာတမ်း များအဆင်သင့်ဖြစ်နေလျက်
လုပ်ငန်းစဉ် အဆင့်အလိုက် အကောင်ထည်ပေါ်သွားမည် ဖြစ်ပါ
သည်။
Company Based Tourism မဖြစ်စေပဲ Community Based Tourism ဖြစ်စေရန်အတွက် ဒေသခံ အစုအဖွဲ့ပိုင်
ရှယ်ယာ ၇စုတွင် ၁စုချင်းစီအလိုက် ၁၀ ဦးဖြစ်ဖြစ် ၅ဦးဖြစ်ဖြစ် အစုအလိုက် ဒေသခံဦးဆောင်သူ တစ်ယောက်စီထားပြီး စီမံဆောင်ရွက်သွားပါမည်။
လွယ်ပန်းစုံ ကျွန်းသို့ လာရောက်စီးနင်းမည့် ဧည့်သည်တိုင်းအား
ဒေသခံ စက်လှေသမားများ ကသာ ပို့ဆောင်ပေးစေခြင်း အပျော်စီး
လှေ ဝန်ထမ်းများအား ဒေသခံများကို သာခန့်အပ်စေခြင်း စသဖြင့်
လည်း စီမံဆောင်ရွက်ထားပါသည်။
အပျော်စီးလှေ သွားနှုန်းမှာလည်း ၁နာရီ ရေမိုင်၅မိုင်နှုန်းသာ ဖြစ်စေပြီး
အန္တရာယ် မဖြစ်စေပဲ ပတ်ဝန်းကျင်သဘာဝအလှ ကိုခံစားစေနိုင်
အောင် စီစဉ်ဆောင်ရွက်ထားပါသည်။စက်လှေပေါ်ရှိ စွန့်ပစ်ပစ္စည်း နှင့် ရေများအတွက်လည်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော
ခေတ်မီစနစ်များ စီစဉ်ဆောင်ရွက်ထားပါသည်။
လူဦးရေ ၃၀ ဦးဆန့်သော အပျော်စီး ကျွန်းပတ်လှေခရီးသည်များကိုလည်း လွယ်ပန်းစုံ CBT တွင်သက်တောင့် သက်သာ တည်းခိုနိုင်ပြီး ဖယ်ခုံအနီးဒေသများ ၊အနောက် ကယန်းဒေသသို့ Trekking
လျှောက်ခရီးစဉ်များ ပန်ပက် ကန်ခုနှစ်ဆင့် ထီးပွင့်ကန် စသော နေရာများသို့ ပါလည်ပတ်နိုင်စေရန် တွက်ပါ စီစဉ်ထားပြီး
ဒီ Package များ နှင့် စိတ်ဝင်စားဖွယ် ခရီးစဉ်များ ကိုလည်း
ဈေးကွက်တွင်းသို့ ကျွန်တော်များ 9Generation Force ခရီးသွားကုမ္ပဏီမှ ပြည်တွင်း ပြည်ပ ကုမ္ပဏီများကို ချိတ်ဆက်ပြီး
စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေး မျှဝေလိုက်ပါတယ်ဗျ။

🏞 ရှမ်းတောင် နှင့် ကယားဒေသ အတွင်းရှိ ဒေသခံများ ခရီးသွား
လုပ်ငန်းကို ဦးဆောင် ပါဝင်နိုင်စေပြီး ခရီးသွားလုပ်ငန်းမှ ဒေသကို
အကျိုးအမြတ်ရရှိစေနိုင်သော ရေရှည်တည်တံ့ သောခရီးသွားလုပ်ငန်း
ဖြစ်လာစေရန် ကြိုးစား ဆောင်ရွက်ရင်း

နေမိုးအောင်
9Generation Force

9Generation Force Travel ၏ သဘာဝခရီးစဉ်တွေကို သီးသန့် စီစဉ်နေတဲ့ မြို့ပြနဲ့ဝေးရာ Page လေးပါဗျ။မြို့ပြအငွေ့အသက်တွေကို ခနမေ...
04/05/2019

9Generation Force Travel ၏ သဘာဝခရီးစဉ်တွေကို သီးသန့် စီစဉ်နေတဲ့ မြို့ပြနဲ့ဝေးရာ Page လေးပါဗျ။

မြို့ပြအငွေ့အသက်တွေကို ခနမေ့ပြီး သဘာဝနဲ့ တိုင်းရင်းသားလူမျိုးစုတွေ နဲ့ အတူ ပျော်ရွှင်စွာ ခနတာအတူ ဖြတ်သန်းနိုင်မယ့် ခရီးစဉ် တစ်ခုကို အသက်သာဆုံးဈေးနဲ့ စတင်မိတ်ဆက်လိုက်ပါတယ်ဗျ။
ဒီ ခရီးစဉ်သစ်လေးကို Like & Share လုပ်ပြီး Like အများဆုံး ၆ဦးကို ရွေးချယ်ပြီး ယခုမေလ နောက်ဆုံးအပတ်တွင် ကြေငြာ၍ ယခုခရီးစဉ်လေးကို အခမဲ့ သွားလာခွင့်ရအောင် Like & Share
လုပ်ဖို့ မမေ့နဲ့နော် ။

9Generation Force Co.,ltd နှင့် ကယား ကယန်း ကယော အဘိုး အဘွားများနှင့် ကန်ခုနှစ်ဆင့် အမှတ်တရ
25/11/2018

9Generation Force Co.,ltd နှင့်
ကယား ကယန်း ကယော အဘိုး အဘွားများနှင့် ကန်ခုနှစ်ဆင့်
အမှတ်တရ

မြန်မာတို့ ရဲ့ နှစ်သစ်ကူးအခါသမယ မှာ မိဘ ဘိုးဘွား ဆရာသမားများနှင့် ခုနှစ်ရက်သားသမီးအပေါင်း ကျွန်တော်တို့ရဲ့ ပါတနာ ကုမ္ပဏီမ...
14/04/2018

မြန်မာတို့ ရဲ့ နှစ်သစ်ကူးအခါသမယ မှာ မိဘ ဘိုးဘွား ဆရာသမားများနှင့် ခုနှစ်ရက်သားသမီးအပေါင်း ကျွန်တော်တို့ရဲ့ ပါတနာ ကုမ္ပဏီများ ဒေသခံလုပ်ဖော်ကိုင်ဖက်များ ဒီတစ်နှစ်လုံး လာရောက်လည်ပတ် ခဲ့သော မိတ်ဆွေများ ၏ ကျေးဇူးကို ဦးထိပ်မှာ ပန်ဆင်ပြီးတော့ အားလုံးသောမိတ်ဆွေများကို ကုသိုလ်ရစေရန် ရည်ရွယ်ပြီး ကယားပြည်
နယ် လွိုင်ကော်မြို့ တောင်တန်းသာသနာပြု ဗဟို တပ်ဦးကျောင်းမှာ
သံဃာတော်များနှင့် တရာစခန်းဝင် သူတော်ကောင်းများအား
အာရုံဆွမ်း နှင့် နေ့ဆွမ်း ကို လှူဒါန်း ကုသိုလ်ယူခဲ့ ပါသည်။
နောင်နှစ်များစွာမှာလည်း ကျွန်တော်များ၏ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများအားလုံး ယခုထက်မက သော အောင်မြင်ခြင်း ကျန်မာခြင်းများဖြင့် နှစ်သစ်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ကျွန်တော်များ
9Generation Force Travel & Tours မိသားစုမှ
ှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

မြန်မာတို့ရဲ့ မင်္ဂလာရှိလှတဲ့ နှစ်သစ်ကူးနဲ့ သင်္ကြန်ပွဲတော်ကို ကြိုဆိုသောအားဖြင့် မိတ်ဆွေသူငယ်ချင်းများအတွက် ဧပရယ်လအတွင်း အထ...
31/03/2018

မြန်မာတို့ရဲ့ မင်္ဂလာရှိလှတဲ့ နှစ်သစ်ကူးနဲ့ သင်္ကြန်ပွဲတော်ကို ကြိုဆို
သောအားဖြင့် မိတ်ဆွေသူငယ်ချင်းများအတွက် ဧပရယ်လအတွင်း
အထူးဈေးနှုန်းဖြင့် ဘီလူးချောင်း ပျော်စီးရေယာဉ် ပြေးဆွဲပေးနေပါတယ်ဗျ
* ယခင်နာရီဝက် ၃၀၀၀၀ကျပ်မှ ထက်ဝက်လျှော့ပေထားပါတယ်ဗျ
..နာရီဝက်စီးလျင် ၁၅၀၀၀ကျပ် (၁၀ဦးစီးလျင် တစ်ဦး ၁၅၀၀ကျပ်)..၁နာရီ စီးလျင် ၃၀၀၀၀ကျပ် (၁၀ဦးစီးလျင် တစ်ဦး ၃၀၀၀ကျပ်)..၃နာရီ စီးလျင် ၅၀၀၀၀ ကျပ် (၁၀ဦးစီးလျင် တစ်ဦး ၅၀၀၀ကျပ်)

*** သူငယ်ချင်းတွေ စုပြီး သေချာမယ်ဆိုရင်တော့ ကြိုတင်ဘိုကင် ယူထား ဖို့ မမေ့နဲ့နော်။ရုံးပိတ်ရက် အတွင်းမှာ ကိုယ်စီးချင်တဲ့ အချိန် စက် လှေ မအားဘူး မဖြစ်ရလေအောင်

ဆက်သွယ်ရန် -09428002763
-09256502908
-0941008080

တစ်ယောက် ၃၀၀၀ကျပ် ရှိယုံနဲ့ သူငယ်ချင်းတွေ ရှာစရာမလိုပဲ စီးနိုင်မယ့် အခွင့်အရေးလေးပါ။ကျွန်တော်တို့ ဒီစက်လှေကို ရန်ကုန် က ...
12/01/2018

တစ်ယောက် ၃၀၀၀ကျပ် ရှိယုံနဲ့ သူငယ်ချင်းတွေ ရှာစရာမလိုပဲ စီးနိုင်
မယ့် အခွင့်အရေးလေးပါ။

ကျွန်တော်တို့ ဒီစက်လှေကို ရန်ကုန် က သင်္ဘောကျင်း မှာ White Swan Boating မှ အော်ဒါမှာ တည်ဆောက်ပြီး ကယားကို သယ်လာရတာပါ။
ဒီလှေ မှာ မောင်းသူ အပြင် အကူ တစ်ယောက်ပါရပါတယ်။
ဒါကြောင့် ဈေး တစ်ခု သတ်မှတ်ထားရတာပါ။
ပြည်ပ ခရီးသွားတွေ အတွက် ရည်ရွယ်သလို ပြည်တွင်းခရီးသွားတွေကို စီးစေချင်လို့ လည်းဈေးတွေကို အတတ်နိုင်ဆုံး လျှော့ ထားပေးတာပါ။
အခု ရောက်ရောက်ချင်း လည်း ၆၆နှစ်မြောက် ကယားပြည်နယ်နေ့ကို ဂုဏ်ပြုသော အားဖြင့် အထူးဈေးနဲ့ ပြေးဆွဲနေတာပါ။

ဒီတစ်လောမှာ အချို့တွေက အရမ်းစီးချင်ကြတယ်။၃၀၀၀၀ ဆိုတော့ လည်း မတတ်နိုင်သူတွေ ရှိလို့ စိတ်မကောင်းဖြစ်ရပါတယ်။
ကျွန်တော်တို့ အတွက် ကျတော့ ဈေးလည်း ဒီထက်လျှော့ လို့မရတော့ အကောင်းဆုံးအစီအစဉ်တ်ခုကို ကျွန်တော်တို့ ကုမ္ပဏီ ၃ခုက တိုင်ပင်လိုက်ပါတယ်ဗျ။ နှစ်ဦးနှစ်ဖက် အစဉ်ပြေအောင် လူတိုင်းလည်း စီးနိုင်
အောင်ပါ။

ဒီတော့ သူငယ်ချင်း ၁၀ ယောက်မရှိလည်း သွားလို့ရအောင် တစ်
ယောက်သုံးထောင်ကျပ်နဲ့ စီးချင်သူတိုင်း စက်လှေဂိတ်မှာ နာမည်နဲ့
ဖုန်းနံပါတ်လေး ပေးထားခဲ့ပါဗျ။
လူ ၁၀ ဦးပြည့်တာနဲ့ အဆင်ပြေနိုင်မဲ့ အချိန်ကို ဖုန်းဆက်ပေးပါမယ်ဗျ။ကိုယ်မအားလို့ ဒီတစ်ခေါက် မလိုက်နိုင်လည်း နောက်တစ်ခေါက် ထွက်တာနဲ့ ထပ်ဖုန်းဆက် အကြောင်းကြားပေးပါမယ်ဗျ။
ကဲ စီးချင်သူတွေ ရှိရင် အမည်နဲ့ ဖုန်းနံပါတ်လေး လှေဆိုပ်မှာ
ထားခဲ့ပြီး စီးကြရအောင်ပါဗျ။

ခရီးစဉ်တွေ စနေပါပြီဒီလိုပုံလှလှလေးတွေ ရိုက်လို့ရတယ် မနက်စောစောဆို ကော်ဖီလေးသောက်ရင်း မြူ တွေကြားမှာ လတ်ဆတ်တဲ့လေ ရှုရင်း ...
11/01/2018

ခရီးစဉ်တွေ စနေပါပြီ
ဒီလိုပုံလှလှလေးတွေ ရိုက်လို့ရတယ်
မနက်စောစောဆို ကော်ဖီလေးသောက်ရင်း မြူ တွေကြားမှာ
လတ်ဆတ်တဲ့လေ ရှုရင်း လွိုင်ကော် အလှကို ခံစားရင်း
ညနေ ဆည်းဆာ အလှခံစားမလား
ညဖက် သီချင်းလေး နားထောင်ပြီး ဝိုင်လေးသောက်လို့ သူငယ်ချင်း တွေ မိသားစုတွေ ချစ်သူတွေ အတွက် ပျော်ရွှင်စရာ အချိန်လေးတွေ
ဖန်တီးဖို့ အတွက်

ကယားပြည်နယ်ရဲ့ အထင်ကရ ပွဲတော် တစ်ခုဖြစ်တဲ့ ကယားပြည်နယ်နေ့ မှာ ကျွန်တော်တို့ တွေအခြားနိုင်ငံ ကိုသွားစရာ မလိုပဲ ကိုယ့်နိုင...
09/01/2018

ကယားပြည်နယ်ရဲ့ အထင်ကရ ပွဲတော် တစ်ခုဖြစ်တဲ့ ကယားပြည်
နယ်နေ့ မှာ ကျွန်တော်တို့ တွေအခြားနိုင်ငံ ကိုသွားစရာ မလိုပဲ ကိုယ့်နိုင်ငံမှာ ကိုယ့်ပြည်နယ်မှာတင် အပျော်စီးလှေ စီးရင်း ကျွန်တော်တို့
မြို့ရဲ့အလှအပကို လူတိုင်း ခံစားစေချင်ပါတယ်ဗျ။
ဒါကြောင့် ပြည်ပခရီးသွားတွေ မစီးခင် ကိုယ့်လူတွေ အရင်စီးစေချင်တဲ့ စေတနာနဲ့ ကယားဒေး ရက်တွေ အတွင်း ၁၀ရက်နေ့ကစလို့ မည်သူမဆို လွိုင်ကော်မြို့ တစ်ပတ် နာရီဝက်ကို ၃၀၀၀၀ ကျပ်ဖြင့် ပြေးဆွဲပါမည်။
လူ ၁၀ဦးအထိ စီးနိုင်ပြီး သူငယ်ချင်း ၁၀ယောက်ဆို တစ်ယောက် ၃၀၀၀ကျပ် အကယ်၍သူငယ်ချင်း ၆ ဦးပဲ ဆိုလျင် တစ်ယောက် ၅၀၀၀ကျပ် ကျသင့်ပါမည်။
၁နာရီစီးလျင် ၅၀၀၀၀ကျပ် ဖြင့် ၁သောင်းလျှော့ပေးပါမည်။
သူငယ်ချင်းတွေ စုပြီး စက်လှေလေးစီး ရင်း ဘီလူးချောင်းအလှကို ခံစားရင်း ပေါ့ဗျာ။
ကယားခရီးသွား လုပ်ငန်းရှင် ကုမ္ပဏီလေခုမှ ပူးပေါင်းပြီး ကယားပြည်နယ် ခရီးစဉ်သစ်တစ်ခုဖြစ်လာစေရန် သက်ဆိုင်ရာ ပြည်နယ်အစိုးရ
နှင့် ဟိုတယ်ခရီး၏ ကူညီလမ်းညွန်မှူဖြင့် လွိုင်ကော်မြို့လယ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ ဘီလူးချောင်းရဲ့ အလှကို ခံစားရင်း ပြည်တွင်း ပြည်ပ
ခရီးသွား တွေအတွက် ကယားပြည်နယ်မှာ လည်စရာ ခရီးစဉ် တစ်ခုတိုးလာအောင် ကြိုးစားထားမှုလေးပါ။ရရှိမည့် အခငွေထဲ မှရာခိုင်နှုန်း တစ်ခုကိုလည်း ဘီလူးချောင် ထိန်းသိမ်းမှူအတွက် ပြန်လည်သုံးစွဲမှာ
ဖြစ်ပါတယ်ဗျ။
ညဘက် ခရီးစဉ်များအတွက်လည်း ဘီလူးချောင်းရဲ့ ညအလှနဲ့ အတူ
စပါယ်ရှယ် package လေးတွေကို လည်း စုံစမ်းမေးမြန်းနိုင်ပါ
တယ်။
လှေဆိပ်ကတော့ ဟိုတယ်ခရီးရုံး အနောက်ဘက်က ကျွန်းတော
ကားရေဆေးဝင်းနား မှာပါဗျ။
ကျေးဇူးပြု၍ ကြိုတင်ပြီး လည်းဘိုကင်လုပ်ပေးပါလို့ အစားအသောက် ယူလာမည်ဆိုပါက လည်း ကြိုတင် ပြေပြပြီး ၎င်းအတွက်ဝန်ဆောင်ခ ရှိပါမယ်ဗျ။
အကောင်းဆုံး ဝန်ဆောင်မှူတွေနဲ့ အတူ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျ။
ကျွန်တော့် ပါတနာ ခရီးသွား ကုမ္ပဏီတွေ အတွက်လည်း အကောင်းဆုံး ခရီးစဉ်လေးတွေကို ကယားဒေးပြီးရင်ပို့ပေးပါမယ် လို့
ဓါတ်ဆရာ တွေအတွက်တော့ ရပ်ထားစဉ် လာရိုက်မည် ဆိုပါက အခမဲ့ စီစဉ်ပေးပါမယ်ဗျ။

ဆက်သွယ်ရန်- ၀၉၄၂၈၀၀၂၇၆၃
- ၀၉၇၈၀၄၉၆၇၇၃
- ၀၉၂၅၆၅၀၂၉၀၈

9Generation Force ၏ စက်ဘီးလေးနှင့် လောပိတသို့ အလည်တစ်ခေါက်ကယားမှာ ရှူ ခင်းလည်းကြည့် ကျန်းမာရေးအတွက်လည်းသင့်လျေ် ကုန်ကျစရ...
06/12/2017

9Generation Force ၏ စက်ဘီးလေးနှင့် လောပိတသို့ အလည်တစ်ခေါက်

ကယားမှာ ရှူ ခင်းလည်းကြည့် ကျန်းမာရေးအတွက်လည်းသင့်လျေ် ကုန်ကျစရိတ်လည်း နည်းတဲ့ စက်ဘီးစီးခရီးစဉ်လေးကို 9Generation Force ခရီးသွားကုမ္ပဏီ မှ ဒေသခံ Guide များနဲ့ အတူ
လွိုင်ကော်မှ အထင်ကရနေရာ တစ်ခု ဖြစ်သလို နိုင်ငံ အတွက်လည်း
အကျိုးများစွာ ရှိနေတဲ့ လောပိတရေအားလျပ်စစ် စက်ရုံ View Point အထိ စီးခဲ့ကြပါတယ်။
နားလိုက် နင်းလိုက် ဓာတ်ပုံရိုက်လိုက်နဲ့ View Point လည်း
ရောက်ရော အရမ်းကို သာယာလှပတဲ့ မြင်ကွင်းဟာ အားလုံးအတွက် မင်တက်သွားစေပါတယ်။အမောပြေစရာ မြင်ကွင်းကို ခံစားရင်း
ကျွန်တော်တို့ ပန်းတိုင်တစ်ခုကို အောင်မြင်စွာ
ရောက်ရှိသွားတဲ့ ခံစားမှု ဟာလည်း ကိုယ့်ကို ယုံကြည်မှုကို မြင့်တက်လာစေပါတယ်။
တိုးတက်နေတဲ့ ယနေ့ခေတ်ထဲမှာ တောင်တက်ခြင်း ၊လမ်းလျှောက်
ခြင်း၊စက်ဘီးစီးခြင်း တွေဟာ မိမိအတွက် ဘာရလဲဆိုတာတော့ ကိုယ်တိုင် လုပ်ဖူးမှ ပဲ သိစေတာပါ။
ငယ်ငယ်က စက်ဘီးစီးပြီး ကျောင်းတက်ခဲ့တာ၊ ဒီးကူပွဲ ကြားတာနဲ့
ဘယ်လောက်ဝေးဝေး သူငယ်ချင်းတွေနဲ့ စက်ဘီးနင်းပြီး ရောက်အောင်သွားခဲ့တာ ၊မိုးဗြဲပွဲဆိုလည်း လာထားစက်ဘီးနဲ့ ပဲ
ဲရောက်အောင်သွားတာ ၊ အဲဒီလို ကျွန်တော်တို့ရဲ့ ငယ်ဘဝတွေ ကိုပြန်အမှတ်ရစေခဲ့ပါတယ်။
ကယားပြည်နယ်မှာ အသစ်အသစ်သော ခရီးစဉ် ဝန်ဆောင်မှုလေးတွေ ကြိုးစားဖန်တီးရင်း၊ ပြည်တွင်း ပြည်ပဧည့်သည်များ အားလည်း
အားလပ်ရက်မှာ ပျော်ရွှင်စရာ ခရီးစဉ်လေး ဖြစ်
လာစေရန် ရည်ရွယ်ရင်း

နေမိုးအောင်

Visit to Kayah State .Experience about Community Based Tourism in Kayah State.Responsible Tourism.Trekking & Hikking.Mak...
06/11/2017

Visit to Kayah State .
Experience about Community Based Tourism in Kayah State.
Responsible Tourism.
Trekking & Hikking.
Make a friend with local people.
Learning local caltural and their home make product.
Visit Local home ,Sharing knowledge and conversation.
Traditional Lunch .
Benefit to Community .

ကယားပြည်​နယ် မှာ ကျွန်​​တော်​တို့ ကြိုးစား​နေတဲ့ Community Based Tourism ဆိုတာ ​ဒေသခံ ​တွေကို ဘယ်​လို အကျိုးပြုပြီး Su...
14/10/2017

ကယားပြည်​နယ် မှာ ကျွန်​​တော်​တို့ ကြိုးစား​နေတဲ့ Community Based Tourism ဆိုတာ ​ဒေသခံ ​တွေကို ဘယ်​လို အကျိုးပြုပြီး Substainable Tourism ဖြစ်​​အောင်​ All Inclusive Tourism ဖြစ်​လာ​အောင်​ အရင်းအမြစ်​​တွေကို ဘယ်​လို အကျိုးပြု နိုင်​မလဲ ဘယ်​​လောက်​ အတိုင်း အတာ ​ရောက်​​နေပြီလဲ ဆိုတာ​လေးကို
ကျွန်​​တော်​ သိသ​လောက်​ လက်​ရှိအ​ခြေအ​နေ​လေးမျှ​ဝေချင်​ပါတယ်​ဗျ။

ခရီးသွား လုပ်​ငန်းဟာ မတူညီတဲ့ ဝန်​​ဆောင်​မှု ​တွေ ကြားက​နေ ကိုယ်​ကျွမ်းကျင်​ရာ ကိုယ့်​ ​ဈေးကွက်​ အလိုက်​ ယှဉ်​ပြိုင်​ ကြိုးစား​နေရတာပါ။
လာလည်​တဲ့ ပြည်​တွင်း ပြည်​ပ ဧည့်​သည်​​တွေ ဟာ ​နေရာစုံ အလွှာ စုံက​နေပြီး ပုံစံ အမျိုးမျိုး နဲ့ လာ​ရောက်​လည်​ပတ်​ ကြတာပါ။ငွေကို သုံးနိုင်​သူ ရှိသလို ​ငွေကို စုပြီးမှ လာသူ​တွေလည်း ရှိကြပါတယ်​။

ကယားကို လာ​ရောက်​လည်​ပတ်​ သူ​တွေအများကြီးထဲကမှ ကုမ္ပဏီ နဲ့
ဲ့ ချိတ်​ပြီးလာ သလို ၊ ကားအငှါး သို့မဟုတ်​ ဂိုက်​​တွေ ဟိုတယ်​​တွေ ကို
ချိတ်​ဆက်​ပြီး လာကြတာလည်း ရှိပါတယ်ဗျ။ဒီလိုနဲ့ ဆက်​နွယ်​လုပ်​ငန်း
တွေအားလုံး ဆီကို လည်း အကျိုးရလဒ်​​တွေ ဟာ စီးဆင်းသွားကြပါ
တယ်​ဗျ။ဒါ​ပေမယ့်​ မတူညီတဲ့ ဝန်​​ဆောင်​မှု​ မတူညီတဲ့ စိတ်​ကူး တွေနဲ့ ပြိုင်​ဆိုင်​ရင်း အရာအားလုံးဟာ မျှတစွာနဲ့ မိမိနှစ်​သက်​ရာ ဝန်​​ဆောင်​မှုကို ​ရွေးချယ်​​စေရင်း တိုးတက်​လာမှုကို ကြိုးစားကြရမှာပါ။

ကယားက လုပ်​ငန်းရှင်​​တွေဟာ ခရီးသွားလုပ်​ငန်းကို စိတ်​ဝင်​စားလာပြီး လုပ်​ကိုင်​လာသူ​တွေ အ​တော်​များလာပါတယ်​။ဒါ​ပေမယ့်​ ခရီးသွားလုပ်​ငန်းက အခုမှ အစပြု​လေ​တော့ မိမိနီးစပ်​ရာ လုပ်​ငန်းကိုပဲ ​ရွေးချယ်​ကြပါတယ်​။ဥပမာ ကား​တွေ အငှါးများလာ​တော့ ကား​တွေကိုပဲ ဝယ်​ကြပါ
တော့တယ်​။တိုးတက်​စ​လုပ်​ငန်းဖြစ်​​တော့ ကား​တွေကများပြီး ငှါးတဲ့
သူနည်း​တော့ ​ဈေး​တွေ​လျော့ရင်း ​လျော့ရင်း ​ဈေးကွက်​က ပျက်​လာပါ​တော့တယ်​။ဟိုတယ်​ဆိုလည်း ​လေး​ထောင့်​ နှစ်​ထပ်​သုံးထပ်​​ဆောက်​ အလမ်​မှာ ​လျှောက်​လမ်း ​ဘေးနှစ်​ဖက်​အခန်း စတဲ့ပုံ​တွေနဲ့ပဲ အများကြီး
ဆောက်​လာပါတယ်​။ပုံစံတူ ဝန်​​ဆောင်​မှုတူဆို ​တော့ ကိုယ့်​ဆီဧည့်​သည်​လာ​အောင်​ အခြားဝန်​​ဆောင်​မှု​တွေ ဖြစ်​တဲ့ Tour Package ​တွေ လက်​ခံ စီစဉ်​ ​ပေးလာကြပါတယ်​။ဒီ​တော့ ကိုယ်​က ဟိုတယ်​ ဝန်​​ဆောင်​မှု မှာ အားနည်းလာတာပြင်​ အခြားဝန်​​ဆောင်​မှုအတွက်​လည်း ​ခေါင်း​တွေရှုပ်​လာရပြီး ဟိုတယ်​ပိုင်းမှာ ဧည့်​သည်​က ကြိုက်​​ပေမယ့်​ အခြားဝန်
ဆောင်​မှု ဘက်​က လိုအပ်​မှု အချို့​ကြောင့်​ မိတ်​ပါပျက်​သွား နိုင်​ပါတယ်​။

ကျွန်​​တော်​ ​ပြောချင်​တာက ဟိုတယ်​​ဆောက်​ရင်​​တောင်​ အခြားဟိုတယ်​နဲ့ မတူတဲ့ အားသာချက်​ ဥပမာ ရှုခင်းလား ၊ရိုးရာ အပြင်​အဆင်​လား
၊​ချောင်း​ဘေးလား ၊သစ်​နဲ​ဆောက်​တဲ့ ဘန်​ဂလိုလား စသဖြင့်​​ပေါ့ဗျာ။ကား​တွေ
သိန်း​ထောင်​ချီ ရင်းမလား ကယားမှာ စား​သောက်​ဆိုင်​ ​ကောင်း​ကောင်း
လုပ်​မလား၊ရိုးရာ ဘန်​ဂလို​တွေ​ဆောက်​မလား​ပေါ့၊
ခရီးသွား ဖွံ့ဖြိုး ဖို့ဆိုတာ မတူတဲ့ ဆွဲ​ဆောင်​မှု ​တွေက​နေပြီး မတူတဲ့ ဧည့်​သည်​​တွေကို ဝန်​​ဆောင်​မှု​ပေးတာပါ။ခုဆို ကယားမှာ ဟိုတယ်​​တွေ များလာပြီး အချို့ ​ဟိုတယ်​မှာ အခန်း​တွေကို အလုအယက်​ ဘိုကင်​တင်​တာ​တောင်​ မရဘဲ အချို့ ဟိုတယ်​​တွေမှာ လစဉ်​ မရှုံး ဖို့​တောင်​ မနည်း
ကြိုးစား​နေကြရတယ်​။ဒါ​တောင်​ ကယားခရီးသွားက ခုမှ စတာပါ။ဖြစ်​​စေချင်​တာက ပိုက်​ဆံရှိလို့ ထလုပ်​တာထက်​ တစ်​ကယ်​ ကို ဝါသနာပါပြီး
လုပ်​​စေချင်​တယ်​ဗျ ။တိုး ကုမ္ပဏီ ​တွေလည်း မတူတဲ့ ဝန်​​ဆောင်​မှု​တေ
ွ ဖြစ်​တဲ့ CBT လား ၊ စက်​ဘီးတိုးလား၊ Trekking လား ၊ကယက်
လှေလား၊ adventure လား၊ ကိုယ့်​ အ​ကောင်းဆုံးအလိုက်​ ​ကျွမ်း
ကျင်​ရာ ကို အဓိက လုပ်​သင့်​တယ်​ဗျ ။အဲဒီက​နေ နာမည်​ရလာလို့ အခြားတစ်​ခု ထပ်​လုပ်​လည်း သူ့အတွက်​က ​အေး​ဆေးလုပ်​နိုင်​ပြီ​လေ။ဂိုက်​လည်း ဒီလိုပါပဲ သူက စက်​ဘီးတိုး ကျွမ်းကျင်​လား ၊လမ်း​လျှောက်​လား ၊ ဘာသာစကားက တစ်​မျိုးလား နှစ်​မျိုးလား သုံးမျိုးတတ်​လား ဒီလို ပြင်​ဆင်​ထားရ​တော့မှာပါ။

ကျွန်​​တော်​တို့ ရင်​ဆိုင်​​နေရတာက အခုမှ ကယားက ခရီးသွားလုပ်​ငန်းတိုးတက်​စပဲ ရှိ​သေးတယ်​ ပြသနာ​လေး​တွေက စလာ​နေပါပြီ၊မညီညွတ်​တာ​တွေ မနာလိုတာ​တွေ မဖြစ်​လာ​အောင်​ ​တော့ ကြိုးစားသွားရ​တော့မှာပါ။ဒီ​တော့ ကိုယ့်​ Service သာထိန်းပါ ။ကိုယ့်​ service အလိုက်
ကိုယ့်​ဆီ အလုပ်​​တွေ လာမှာပါ။

အခု CBT လက်​ရှိလုပ်​​နေတဲ့ ပန်​ပက်​ဆိုရင်​လည်း CBT ဆိုပြီး လာတဲ့သူရှိတယ်​။အချိန်​ ခန​လေး ​ပေးနိုင်​လို့ ဆိုင်​​တွေနဲ့ ထိပ်​ရွာက​နေ ပြန်​သွားသူ​တွေ လည်းရှိတယ်​။ဈေးဝယ်​ အမှတ်​တရ ပုံရိုက်​ ပြန်​သွားသူ​တွေလည်း ရှိတယ်​ ။ပြောချင်​တာက လူအမျိုးမျိုးက မတူတဲ့ အ​ခြေအ​နေ ကြားမှာ ကိုယ်​နှစ်​သက်​ရာကို ​ရွေးချယ်​ လုပ်​​ဆောင်​ သွားကြတာပါပဲ။ဈေး
ရောင်းပြီး ​ငွေရတယ်​ အိမ်​မှာ​နေပြီး ​ငွေရတယ်​ ဂိုက်​လုပ်​လို့ ​ငွေရတယ်​ ထမင်းချက်​လို့ ၊လက်​မှု ပစ္စည်း လုပ်​​ရောင်းလို့ စတဲ့ အလိုက်​ ရကြမှာပါပဲ။ မလုပ်​ရင်​​တော့ မရဘူး​ပေါ့။ငါမရလို့ ထိပ်​က​နေ ပိတ်​ပြီး ပိုက်​ဆံ
တောင်းမယ်​ဆိုလည်း စဉ်းစား​ပေါ့ဗျာ။ဖြစ်​သင့်​လားလို့ ။တ​နေ့ကဆို
ကျွန်​​တော်​ ပန်​ပက်​က ရိုးရာ ဂစ်​တာ ဝယ်​လာတယ်​ ငါး​သောင်း​ပေးရ
တယ်​ ၊နိုင်​ငံခြားသား​တွေလည်း သ​ဘောကျလို့ အမှတ်​တရ ​တောင်းဝယ်​တယ်​ မရှိလို့ တ​ယောကို သုံး​သောင်းခွဲနဲ့ ဝယ်​သွားတယ်​။အခုဆို သူတို့ အား
ရင်​ လက်​မှု ပစ္စည်း လုပ်​​နေပြီ၊အရုပ်​​တွေ လုပ်​တယ်​ အရင်​က ထိုင်း​က​နေ ဝယ်​​ရောင်းတယ်​ အခုဆို သူတို့ဘာသာ လုပ်​တယ်​ ​ဈေးလည်း 
ကောင်း​ကောင်းရတယ်​ ၊လုပ်​သူ​ရော ​ရောင်းသူ​ရောရတယ်​​လေ။
ကျွန်​​တော့်​ ဧည့်​သည်​​တွေလာရင်​ သူတို့ အလုပ်​သူတို့ လုပ်​​နေရင်း ဧည့်​ခံတယ်​ ဘယ်​လိုလုပ်​လဲ သင်​​ပေးတယ်​ လူလာမှ လုပ်​ပြတာမျိုး မဟုတ်​ဘူး၊ဒါ​ကြောင့်​ သ​ဘောကျကြတယ်​။သွားပြီးလည်း အလကားကြည့်​တာ မဟုတ်​ဘူး ​ပစ္စည်းမဝယ်​လည်း တစ်​အိမ်​ကို သတ်​မှတ်​ဝန်​​ဆောင်​ခ​ပေးတယ်​။မုန့်​ဖိုး မဟုတ်​ဘူး ဝန်​​ဆောင်​ခ သင်​​ပေးခ ​လေ့လာခ​ပေးတာ။သူ့ ​ပေးရတဲ့ အချိန်​တစ်​ခု အတွက်​ ထိုက်​သင့်​တာ ​ပေးရတာ။ဧည့်​သည်
လည်း​ကျေနပ်​တယ်​​လေ။ရွာ​တွေ ဖြတ်​ပြီး လမ်း​လျှောက်​ အိမ်​လည်​ ရိုးရာထမင်းစား ရွာသား လမ်းပြရဲ့ ဦး​ဆောင်​မှုနဲ့​လေ။

ကျွန်​​တော်​ နဲ့ လက်​ရှိလုပ်​​နေတာ ကုမ္ပဏီ အခု၂၀ ​လောက်​ပဲ ရှိတယ်​ဗျ။
မြန်​မာမှာ ခရီးသွား ကုမ္ပဏီ သုံး​ထောင်​​လောက်​ ရှိ​နေပြီ။ကယား
ကိုလာလည်​ တာလည်း အများကြီးပါ။မတူညီတဲ့ ဝန်​​ဆောင်​မှု​တွေ
အတွက်​ ​ပြောစရာမရှိ​ပေမယ့်​ CBT ဆိုပြီး ​ရောင်းပြီး ရင်​​တော့ သူ့​ပေးရမယ့်​ ဝန်​​ဆောင်​ခ​တွေ ရွာဂိုက်​​တွေကို သုံး​ပေးပါလို့ ။

ပြီး​တော့ ကြားမိတာ တစ်​ခုက ကယားက CBT ဆုကို permission ​ကြောင့်​ မရဘူးတဲ့။ပြောချင်​တာက တမြန်​နှစ်​က အမြင့်​ဆုံးဆုရခဲ့ပြီးပါပြီ။ အခု၂နှစ်​ မှာ​ရော ကိုယ်​က တာဝန်​သိသိ သုံးလို့လား။ဆုထက်​ တာဝန်​သိဖို့က ပိုအ​ရေးကြီးတာပါဗျာ။ကယားမှာ CBT ဆိုပြီးသာ နာမည်​ကြီး​နေတာ သုံးတဲ့သူက ဘယ်​နှစ်​​ယောက်​ရှိလို့လည်း ရွာက CBT အဖွဲ့​တွေ ​မေးကြည့်​ရင်​ သိပါတယ်​ဗျာ။စာရင်း ဇယား​တွေ ​သေချာ သိမ်းထားပါတယ်​ဗျ။ကိုယ်​က​တော့ ​ပြော​ပြော​နေလို့ မုန်းလည်း မတတ်
်​နိုင်​ဘူး။permission ကလည်း တရားဝင်​ ဒီ​နေရာ​တွေ မလို​အောင်​ လုပ်​​ပေးလိုက်​​ဖို့ ကြိုးစားရမှာပဲ။တင်​ပြီးသွားတဲ့ သူကသွား မတင်​ပဲသွားတဲ့သူက သွားဆို ၊တင်​တဲ့သူက အရူးလား။ပြသနာ ဖြစ်​ရင်​ permission လိုရဲ့သားနဲ့ မယူဘဲသွားပြီးဖြစ်​တာ ကိုယ့်​တာဝန်​ပဲဖြစ်​မှာ​လေ။ပြသနာက ပိုကြီးမှာ။ခွင့်​ပြုတဲ့ သူကလည်း ဘာလို့ permission လိုသားနဲ့ ​ပေးသွားလည်း တာဝန်​ခံရမှာ။ဒီ​တော့ တစ်​ကယ်​ တိုးတက်​​စေချင်​ permission မလိုပဲသွားရ​အောင်​ ကြိုးစားကြရမှာဗျ။ဒါက သက်​ဆိုင်​ရာက ပဲ​ဖြေရှင်း​ပေးလို့ရမှာ။မဟုတ်​ရင်​​တော့ ယူ
နေရမှာပါပဲ။လော​လော ဆယ်​​တော့ ချက်​ချင်း​ရောက်​လို့ တင်​တာ မကျ
သေးရင်​​တောင်​ သက်​ဆိုင်​ရာ ဌာနက​နေ တင်​ထားတဲ့ အ​ပေါ်စာ မိတ္တူ ပြ
ပြီး သွားလို့ ရပြီလို့​တော့ လက်​ရှိကြားသိရပါတယ်​။သက်​ဆိုင်​ရာ ဌာန​တွေ တိုင်​ပင်​ပြီး လတ်​​တ​လော အဆင်​​ပြေ​အောင်​ ​ဆောင်​ရွက်​ထားတယ်​လို့ကြားရပါတယ်​ဗျ။ဝမ်းသာ စရာ ​ကျေးဇူးတင်​စရာပါဗျ။

ပြသနာ​လေး​တွေ ​​ဖြေ
ရှင်းစရာတ​တွေ ကိုလည်း ဘယ်​သူ့​ကြောင့်​ ဆိုပြီး အထင်​မလွဲကြပဲ လက်​ညိုးမထိုးကြပဲ အဓိက​ပြေလည်​​အောင်​ ဘယ်​လို​​ဖြေရှင်းရမလဲ ဆိုတာ အ​ဖြေရှာ ကြိုးစားကြရင်း

ကယားမှာ CBT လက်​ရှိ ၃ရွာရဲ့ နမူနာ ​ဘောက်ချာ​​တွေ ပြရင်း သိရှိ
စေရန်​ မျှ​ဝေရင်း​ Local Benefit ကို ကူညီမြင့်တင်​ ​ပေးပါလို့ အ
ကြံပြုရင်း

အမှန်​တစ်​ကယ်​ Local ကို မြင်​တ့င်​ ကူညီ​ပေး​သူများနှင့်​ မိတ်​ဆွေများအား ​ ​ကျေးဇူးတင်​ စွာဖြင့်

နေမိုး​အောင်
9Generation Force Travel & Tours

30/09/2017

နားလည်​မှု မိုးခါး​ရေ

ကျေးဇူးပြု ၍စာရှည်​​သော်​​လည်း လက်​ရှိ ခရီးသွား လုပ်​ငန်း​၏ အခြအ​နေ
အခက်အခဲ ကို သိမြင်​ ​စေရန်​ ၊လက်​ရှိ ခရီးသွား လုပ်​ငန်းမှာ ဖြစ်​​ပျက်​​နေတဲ့ ခံစား​နေရတာ​လေး ​ဖြေရှင်းဖို့ လို​နေတာ​လေး​တွေကို မျှ​ဝေ​ပေးလိုက်​ပါတယ်​။

မည်​သူမှ ထိခိုက်​​စေရန်​ မရည်​ရွယ်​​ပေမဲ့ လိုအပ်​​နေတာ​လေး ​တွေ သိရှိ
ပြီး ခံစားနားလည်​​ပေးဖို့​​မျော်​လင့်​သလို အချိန်​ခန​လေး ​ပေးပြီး ဆုံး​အောင်​လည်း ဖတ်​​စေချင်​ပါတယ်​ဗျ

ခနခန ကြုံ​နေရ​ပေမယ့်​ အနီးစပ်​ဆုံး ဟိုးတစ်​​လောက အ​ကြောင်းအရာ
လေးက​နေ အစပြုချင်​ပါတယ်​ဗျ
တစ်​​လောက ကုမ္ပဏီ ကြီးတစ်​ခုက​နေ ခရီးစဉ်​​လေး​တွေ စအပ်​ပါတယ်​ဗျ။ကိုယ်​​တွေက Station Company တစ်​ခုဖြစ်​​တော့ အခြား ကုမ္ပဏီ​တွေရ​နေ​ပေမယ့်​ ကုမ္ပဏီ ကြီးတစ်​ခုက အလုပ်​အပ်​ရင်​ ​ပျော်​​နေရတာပါပဲ။ဒါ​ပေမယ့်​ ခရီးစဉ်​ ​နောက်
်​ဆုံးရက်​မှာ​တော့ ​ရေးထားတာက လွိုင်​​ကော်​ ကက္ကူ ​တောင်​ကြီးတဲ့​လေ၊
သိ​နေ​ပေမယ်​လည်း ထပ်​​သေချာ​အောင်​ သက်​ဆိုင်​ရာဌာန ​တွေကို ဒီ
လမ်း​ကြောင်း နိုင်​ငံခြားသား သွားလို့ ရမရ ဖုန်းဆက်​​မေးပါတယ်​။ ကိုယ်​​တွေက ကုမ္ပဏီ တစ်​ခုဖြစ်​​နေတယ်​​လေ။အ​ဖြေက​တော့ ဆီဆိုင်​က permission လိုအပ်​တဲ့ နယ်​​မြေ ဖြစ်​​နေ​တော့ ခွင့်​ပြုချက်​မရရင်​ သွားလို့ မရဘူး ​ပါတဲ့။ခက်​ပြီ​လေ သူများ​တွေ က​တော့ ​တောက်​​လျှောက်​ သွား​နေကြတာ ကိုယ်​သိ​နေတာပဲ​လေ ၊ သွားလို့ ဖမ်းလားဆို​တော့လည်း မဖမ်းပါဘူး လာ​နေကြ သွား​နေကြတာပဲ။ဒါ​ပေမယ့်​ ကိုယ်​​တွေက Safety အရ စဉ်းစားရင်​ ကုမ္ပဏီ ​လေ ၊ဖြစ်​လာရင်​ တာဝန်​ယူရမယ်​ ၊ရတာက ၂သိန်းမှ ၂​သောင်း​လေ တစ်​ခုခု ဖြစ်​ရင်​ တာဝန်​ယူရပြီ။ဒီ​တော့ ကိုယ့်​ Safety Policy အရ သွားမရဘူး ၊ဒီလမ်းက သွားရင်​ ၃နာရီခွဲ ၊အခြားလမ်းက သွားရင်​ ၇နာရီ​လောက်​ ၊တစ်​ခုပဲ လုပ်​​ပေးနိုင်​တယ်​ ခွင့်​ပြုချက်​မလိုတဲ့ လမ်းက​နေ ​စော​စောသွား ​တောင်​ကြီး​ရောက်​၊ အဲဒီက​နေ ကက္ကူ ပြီး ​ညောင်​​ရွှေ ပြန်​လာ​ပေါ့၊​ဈေးကို အတတ်​နိုင်​ဆုံး​လျှော့​ပေး ​ပြော
ပြတယ်​။ဒီခရီးစဉ်​ ပြီးရင်​ တိုးထပ်​ရမယ်​ ဆိုတာလည်း သိတယ်​၊ဒါ​ပေ
မယ့်​ ကိုယ်​က ကုမ္ပ္ပ​ဏီ​လေ ၊နားလည်​မှုနဲ့ လုပ်​ရတာမျိုးမဟုတ်​ ၊ ဒါ​ပေ
မယ့်​ အချို့ ​ရွှေကိုယ်​​တော်​​တွေက ရပါတယ်​ ဘာမှမဖြစ်​ဘူး သွား​နေကြ ဒီကုမ္ပဏီ က ​သောက်​ကြီးကျယ်​ ​ပြော​နေတာ ၊ကိုယ့်​ကို ကန်​ဆယ်​ လုပ်​ သူတို့နဲ့သွား ဘာမှမဖြစ်​ ​ရောက်​သွားတာပါပဲ။ကိုယ်​မှာသာ ​ဖောက်​သည်​ပျက်​တာ ဒါ​ပေမယ့်​ Safety Policy အရ ကိုယ်​က လုပ်​မှမရတာ​လေ၊​ဖောက်​သည်​ပျက်​​ပေါ့ တစ်​ခါမကပါဘူး
ပြောချင်​တာက နားလည်​မှု ​ပေးထားတယ်​ မဖမ်းဘူး တရားဝင်​လည်း သွားမရဘူး ဆိုတဲ့ ​နောက်​မှာ စည်းကမ်းတစ်​ကျ လုပ်​​နေသူအတွက်​ နစ်​နာမှု​လေး တစ်​ခုပါ၊
ကျွန်​​တော်​​ပြောချင်​တာက သွားလို့ရ​နေရင်​ သက်​ဆိုင်​ရာက ခွင့်​ပြုပေး
နိုင်​​အောင်​ ကျွန်​​နော်​တို့ ဘယ်​လို ကြိုးစားရမလဲ ၊ သွားမရရင်​လည်း သွားရ​အောင်​ ဘယ်​လို ​ဆောင်​ရွက်​ရမလဲ​ပေါ့ ၊ခုက တရားဝင်​ဆို သွားမရဘူး ၊ဖမ်းလားဆိုလည်းမဖမ်းဘူး ၊တာဝန်​ယူမှု တာဝန်​ခံမှု မရှိဘူး​ပေါ့ ရှင်း​နေတာပဲ ၊ တစ်​ကယ်​ ခရီးသွားလုပ်​ငန်း တိုးတက်​​စေချင်​ရင်​ ဒီ​နေရာ ကသွားလာ​နေကြတာ လုံခြုံရင်​ တရားဝင်​ ခွင့်​ပြုလိုက်​​ပေါ့ဗျာ ။သူတို့အလုပ်​ပဲ မဖြစ်​နိုင်​ရင်​လည်း စည်းကမ်းတစ်​ကျ ​ဆောင်​ရွက်​​ပေါ့။တစ်​​လောက လဝက က​နေ​စစ်​ပြီး permission မပါလို့ ပြန်​လွှတ်​တာ ကြိက်​တယ်​ဗျာ။အ​စောထဲက စစ်​မယ်​ ​ပြော​နေတာ ၂နှစ်​ရှိပြီ
နားလည်​မှုဆိုတာ တာဝန်​ယူမှု တာဝန်​ခံမှု မဟုတ်​ဘူးဗျ။
အခု ကိုယ်​​တွေမှာ ကုမ္ပဏီ ​ထောင်​တယ် ၊ လိုင်​စင်​​ကြေး ၊စည်းကြပ်​ခွန်​ ၊
ကုန်​သွယ်​ခွန်​ ၊ဝင်​​ငွေခွန် ရုံးခန်း အလုပ်​သမားခ နဲတာမဟုတ်​ဘူး၊
ဒါ​တောင်​ ပွင့်​ပွင့်​လင်းလင်း​ပြောရရင်​ ကယားမှာ ခရီးသွားကို နယ်​ခံ
ကုမ္ပဏီ အ​နေနဲ့ စည်းကမ်းတစ်​ကျ ကိုယ်​​တွေ စခဲ့တယ်​ ​၊လုပ်​စက ကား​တောင်​ ကိုယ်​ပိုင်​မရှိဘူး၊ လုပ်​ငန်း​ကောင်းလာ​တော့ ဘဏ်​က​နေ ​ချေး​ငွေယူတယ်​ တစ်​နှစ်​ကို အတိုးက သိန်း၅၀​နီးနီး ၊အလုပ်​​ကောင်းလို့သာ​ပေါ့
အဲလို အချိန်​မှာ ကိုယ့်​ထက်​ချမ်းသာသူ​တွေက ကား ​လေးငါးစီး ဝယ်
တိုး​တွေ ဘာဝန်​​ဆောင်​မှု လိုင်​စင်​မှ မယူဘူး ၊အပြာဆိုလို့သာ ၂နှစ်​ ၇
သောင်းခွဲ​ပေး ပြာတာ ၊လိုင်​စင်​မရှိ​တော့ အခွန်​လည်းမလို ကားအငှါး
လိုက်​သည်​​ပေါ့ ၊ ရှင်း​နေတာပဲ ဒါ​တောင်​ ကားနံပါတ်​ အနက်​နဲ့ လိုက်​သူက အများကြီး ရှိသလို ကယားမှာ လိုင်​စင်​မဲ့ကားနဲ့​တောင်​ ​ဈေးဖျက်​ပို့ ​နေသူက အများကြီးရှိ​သေး အစည်း​ဝေး​တွေ မှာ တရားဝင်​ လုပ်​သူ​တွေ နစ်​နာလို့ တင်​ပြရင်​ ခရီးသွားက အခုမှတိုးတက်​လို့ နားလည်​မှု​ပေးပါ ဒါပဲ​ပြောတယ်​ ​ပြောချင်​တာက အဲ့လူ​တွေက ကိုယ့်​ထက်​ချမ်းသာသူ​တွေ
အများကြီးသိန်းနှစ်​ရာတန်​ ကား၅စီး​လောက်​ပိုင်​ပြီး သိန်း၂၀ တန်​လိုင်​စင်​ မလုပ်​ချင်​သူ အခွန်​​ရှောင်​ချင်​သူ​တွေ တာဝန်​ယူမှု တာဝန်​ခံမှု ကိုသင်​​ပေးရမယ့်​သူ​တွေ​လေ ​၊​ပေါက်​ကွဲတာ​ပေါ့ ကိုယ်​​တွေမှာသာ ​သေ​လောက်
အောင်​ ကြိုးစား​နေရတာ
ဒီကြားထဲ ကိုယ်​​တွေက အရင်းအမြစ်​​နေရာ​တွေဖြစ်​တဲ့ ရွာ​တွေကိုလည်း အကျိုးအမြတ်​ရ​အောင်​ သူတို့ပါဝင်​ခွင့်​ရ​အောင်​ ကြိုးစား​နေရတာ
ဥပမာ ပန်​ပက်​ရွာက CBT လုပ်​​နေတဲ့ ရွာသား​တွေ​မေးလိုက်​ ကိုယ့်
့်​ ကုမ္ပဏီ က မနှစ်​ကသိန်းတစ်​ရာ ​ကျော်​ ​ပေးပြီး အလုပ်​အကိုင်​ ရ​အောင်​ ဖန်​တီး​ပေးနိုင်​ခဲ့တယ်​၊ရွာထိပ်​မှာ ဝါးလုံးတားပြီး တစ်​​ယောက်​ ၅​ထောင်​ 
ကောက်​​နေတာကိုလည်း လူမိုက်​လုပ်​ပြီး ပိုက်​ဆံ​ကောက်​ပြီး ပြစားတယ်​မဖြစ်​​စေနဲ့ အလုပ်​လုပ်​ပြီး ပိုက်​ဆံရှာမယ်​ အလကား​နေပိုက်​ဆံမ​ပေးဘူး ရန်​ဖြစ်​ခဲ့ရ​သေးတယ်​။ပေးနိုင်​​အောင်​လည်း ကြိုးစားတယ်​​လေ။
တနီးလာလဲဆို သိန်း၇၀နီးနီး ဖယ်​ခုံ စက်​​လှေ အဖွဲ့ဆို မ
နှစ်​က ၆၅သိန်း ​ခွဲ​ဝေ​ပေးခဲ့နိုင်​တယ်​။ကိုယ်​​ပြောတာ မဟုတ်​ဘူးငြင်းရင်​ အချိန်​မ​ရွေး သွား​မေးနိုင်​တယ်​။ဒါ​​ပြောချင်​တာက ဘဏ်​​ကြွေးနဲ့ လုပ်​တဲ့ သူ​တောင်​ ကိုယ့်​​ဒေသကို အကျိုးပြုနိုင်​​သေးတယ်​။ကိုယ့်​လိုမျှ​ဝေတဲ့လူ ၁၀​ယောက်​ရှိရင်​​တောင်​ ပန်​ပက်​လိုရွာမျိုး သိန်းတစ်​​ထောင်​​လောက်​ ရ
မယ်​။ကယားကို ​ရောင်​​နေတဲ့ ကုမ္ပဏီ ​တွေထဲက ၃၀ရာခိုင်​နှုန်းက တာ
ဝန်​သိ​နေရင်​​တောင်​ ရွာသား​တွေ ဝင်​​ငွေ ဒီ​လောက်​ရမယ်​။ဟိုတယ်​ခ၊ ကားခ ၊စား​သောက်​ခ ၊ဂိုက်​ခ ​တွေကျ ​ပေးနိုင်​ပြီး ဒီရွာသား ကို တစ်​ရက်​ ၈​ထောင်​​ပေးရမှာ ၊​ကြေးပတ်အဘွားအိမ်​လည်​ စကား​ပြော ၊သူတို့ လက်​မှုလုပ်​ငန်းကြည့်​ ၊ဓာတ်​ပုံရိုက်​ပြီး ၃​ထောင်​​လောက်​​ပေးရမှာ ကို ပိုက်​ဆံမရှိဘူးဆိုရင်​ စဉ်းစားစရာ​ပေါ့။ကိုယ်​​တောင်​ ဒီ​နေရာမှီခိုပြီး ပိုက်​ဆံရ
နေတာပဲ​လေ ၊
ကိုယ့်​အ​တွေ့ အကြုံ အရ​တော့ နိုင်​ငံ
ခြားသား ​တွေက သူတို့​ငွေက အဲဒီ​ဒေသကို အကျိုးအမြတ်​ဖြစ်​ရင်​ ပို
တောင်​ကြိုက်​​သေး၊ market မှာပို​တောင်​ သ​ဘောကျ​သေး၊ခု​တော့ CBT ဆိုပြီး​ရောင်း ၊လည်​​တော့ ရွာသားမသုံး အိမ်​ဝင်​လည်​ပြီး​ ပိုက်​ဆံမ​ပေး ဧည့်​သည်​ကရတာကျ ကိုယ့်​အိတ်​ထဲထည့်​ ကိုယ့်​​ဒေသက လူ​တွေကိုယ်​တိုငက်​ လုပ်​​နေ​ကြတော့ ကိုယ်​ထ ထ ဆဲလို့ မကြိုက်​လည်း မယတတ်​နိုင်​၊
ကိုယ်​​တွေပဲ ခရီးသွားလုပ်​ငန်း ထိခိုက်​​အောင်​​လုပ်​တယ်​​ပြောပြီး မ
ကောင်း​ပြော​နေ​သေးတယ်​၊မိုးခါး​ရေကလည်း ​သောက်​သူများ​တော့ ခက်​တယ်​​လေ။
တစ်​​လောကလည်း ဒီ​နေရာ​တွေသွားရင်​ permission ယူရတာ သိ​နေတာပဲ အစည်း​ဝေးတိုင်း​ပြော​နေတာပဲ ၊ကိုယ့်​အလုပ်​အပ်​​စေချင်​တာနဲ့ မလိုဘူးရတယ်​ ပိုင်​တယ်​ ​ပြောပြီး မယူဘူး ၊Safety ကဘာလဲ​တောင်​ နားမလည်​ပဲ သက်​ဆိုင်​ရာက ထစစ်​ မပါသူ​တွေ ပြန်​လွှတ်​​တော့မှ စိတ်​ဆိုး၊ကိုယ်​​တွေက အရင်​ထဲက ယူ​နေပြီး အဲဒီ​နေ့လဲ ယူထားလို့ သွားလို့ရတာ​တောင်​ ဒီ​ကောင်​ သက်​ဆိုင်​ရာနဲ့ တိုင်​တယ်​ ​ပြောပြီး ရန်​တိုက်​​ပေး ၊ကိုယ်​​သောက်​သုံးမကျ တာကျ မ​ပြောဘူး ​ပြောချင်​တာက အကယ်​၍တိုင်​ရင်​​တောင်​ ကိုယ်​က စည်းကမ်းတကျ လုပ်​​နေရင်​ ဘာအ​ရေးလဲ၊
ဒါ​တောင်​ ကယားမှာ ပိတ်​တယ်​ သတင်း အမှား​​ပြောလို​ပြော ကိုယ်​က သတင်း အမှန်​တင်​​ပေးလို့ သက်​ဆိုင်​ရာနဲ့​ပေါင်းစားတယ်​က ​ပြော​သေးတယ်​ဗျာ။
တာဝန်​သိ ခရီးသွားလုပ်​ငန်း ၊​ရေရှည်​တည်​တံ့ခိုင်​မြဲပြီး ​ဒေသအကျိုး အ
မြတ်​ရ​စေမယ့်​ ခရီးသွားလုပ်​ငန်း ဆိုတာ ဘာလဲ
သက်​ဆိုင်​ရာ ကလည်း ခင်​ဗျားတို့​ပြောတဲ့ နားလည်​မှု​အောက်​မှာ အမှန်​တစ်​ကယ်​ လုပ်​​နေသူ​တွေ ဘယ်​​လောက်​နစ်​နာလည်း၊ တစ်​​လောကဆို ​ဒေါတမကြီးသွားမရဘူး ကိုယ်​​တွေက ​ဒေသခံ​တွေ ကိုယ့်​ ပါတနာ​တွေ
ကိုသွားမရဘူး
ပြောပြတယ်​ ဒါ​ပေမယ်​ ပွဲ​တော်​လိုပဲ သွား​နေကြတယ်​ အ​ရေးမယူဘူး
ကိုယ်​​တွေက ​သောက်​​ပေါ​ပေါ့ ၊ ရွာ​တွေကလည်း တစ်​ခုခုဆိုကိုယ့်​ အ
ရင်​ ​ပြောပြကြတယ်​ ​ရောက်​လာလို့ မလာနဲ့လို့ လည်း ​ပြောမ​ကောင်း
အ​ရေးယူမှုလည်းမရှိ​တော့ ​ပြောသူကပဲ မလိုဘူးဖြစ်​ပြီး ကိုယ်​​တွေ မိတ်
်​ပျက်​​ရော ၊​ပြောရင်​လည်း ကယားကခုမှစ​နေလို့
ဒါဆို ကိုယ်​​တွေ ဘာလို့ လိုင်​စင်​​တွေ အခွန်​​တွေ​ပေးပြီး လုပ်​​နေမှာလဲ
ခက်​တာက ကိုယ်​က မိုးခါး​ရေ မကြိုက်​ ​ပြောချင်​တာက စည်းစည်းလုံးလုံးနဲ့ စည်းကမ်းတကျ ဘယ်​လိုသွားကြမလဲ ၊နားလည်​မှုဆိုတာထက်​ တရားဝင်​ဖြစ်​​အောင်​ ဘယ်​လိုလုပ်​မလဲ ၊
ဒီမှာ​တော့ ဟိုတယ်​အ​တော်​များများ ကလည်း တိုး​တွေ​ရောင်း ဂိုက်​၊ကား
စီစဉ်​​ပေး ဝန်​​ဆောင်​ခ​တွေယူ အခွန်​ကျ မ​ပေးရ 
ပြောချင်​တာက Tourism For All ကိုယ့်​အပိုင်းကို အ​ကောင်းဆုံး
ဖြစ်​​အောင်​ လုပ်​ကြပြီး တစ်​​ယောက်​ထဲထက်​ သက်​ဆိုင်​သူအလိုက်
အကျိုးအမြတ်​ရကြရင်​ ပိုမ​ကောင်းဘူးလား
ပြော​နေတာက တိုးလုပ်​ချင်​ တိုးလိုင်​စင်​ ပါယူလိုက်​ပါလား
ကားအချို့ကလည်း တိုးစီစဉ်​​ပေး လိုင်​စင်​မရှိ လုပ်​ငန်းလိုင်​စင်​ မရှိ အခွန်​မ​ပေးရ
ဂိုက်​အချို့ကလည်း Tour Package ​တွေ​ရောင်း ဂိုက်​အခွန်​ကလွဲပြီးဘာအခွန်​မှမရှိ
အဲလို​ပြောလို့ ကိုယ်​​တွေ အလုပ်​မရှိဘူးလား မ​မေးနဲ့ low Season မှာ​တောင်​ အ​ယောက်​ ၇၀ ရှိတယ်​ တိုးရာသီဆို ၂ရာ ​ကျော်​တယ်
ကယားမှာ ကိုယ့်​​လောက်​ဘယ်​သူမှမများဘူး ၊ကုမ္ပ္ပဏီကြီး​တွေက ကိုယ်
တွေကို တစ်​နှစ်​စာ ကြို​ပေးထားတာ ၊ကိုယ့်​ အတွက်​က ​အေး​​ဆေး
ဒါ​ပေမယ့်​ ခရီးသွား လုပ်​ငန်းဆိုတာ ထိလွယ်​ရှလွယ်​ ၊ခု​တောင်​ ရခိုင်
ကိစ္စနဲ့ ပျက်​တာတစ်​ပုံကြီး ၊ခုကိုယ်​နဲ့ မဆိုင်​​သေး​ပေမယ့်​ ​နောက်​ဆို
ထိခိုက်​လာမှာပဲ ၊ခု​တောင်​ ကိုယ့်​လုပ်​ငန်းတူ​ အခြားတိုးကုမ္ပဏီ​တွေ
ထိခိုက်​​နေကြပြီ
ကိုယ်​တာဝန်​ယူထားတဲ့ အပိုင်းမှာတင်​ ကိုယ့်​ဘာသာ တာဝန်​​ကျေ​အောင်​ လုပ်​ရင်​ ပြီးပြီ​လေ၊သူများ ကိုလည်းခွဲ​ဝေ​ပေး၊ သူများအလုပ်​ကိုလည်း
လေးစား​ပေါ့၊ကိုယ်​သူများ လိုလုပ်​မယ်​ဆိုလည်း တရားဝင်​လုပ်​​ပေါ့
သက်​ဆိုင်​ရာ တာဝန်​ယူထားတဲ့ ဌာန​တွေကလည်း သူတို့​ပြော​ပြော​နေတဲ့ SME ​တွေကို အမှန်​တိုးတက်​​စေချင်​ရင်​ တစ်​ကယ့်​ ​အောက်​​ခြေကို နားလည်
်​နိုင်​ပါ​စေလို့ ၊​ဘေးက​ပြောတာ​လောက်​ နား​ယောင်​ပြီး မိုးခါး​ရေ လိုက်​မ
သောက်​ပဲ ကမှန်​တစ်​ကယ်​ ကူညီ​ပေးပါလို့
Policy တစ်​ခုထုတ်​ရင်​လည်း တစ်​ကယ်​နားလည်​ လုပ်​ကိုင်​​နေသူ​တွေနဲ့ ​ဆွေး​နွေးပြီးမှသား တိုင်​ပင်​ပြီးမှသား မူဝါဒ တစ်​ခု ချမှတ်​​စေလိုပါ
ကြောင်း မဟုတ်​ရင်​ တစ်​ခုတိုင်​လို့ မူတစ်​ခုချမှတ်​ရင်​ ​ဘေးကလူ​ပြောတာသာ နား​ယောင်​ပြီး မူချမှတ်​ရင်​ အများနစ်​နာပြီးရင်း ထပ်​နစ်​နာတဲ့
မိ​အေးနှစ်​ခါနာ မူသာ
ဖြစ်​သွားမှာ ဖြစ်​​ကြောင်း အကြံပြုလိုပါတယ်​ဗျ။
ဒီ​ရေးသားမှု အကြာင်းအရာမျာကိုလည်း ကျွန်​​တော်​၏ 9Generation Force ကုမ္ပဏီ ​စာမျက်​နှာတွင်​ တရားဝင်​​ဖော်​ပြသလို Managing Director တစ်​​ယောက်​အ​နေနှင့်​ တာဝန်​ယူပါ​ကြောင်း
အမှန်​တစ်​ကယ်​ နစ်​နာသူ များလာပြီး အစည်း​ဝေးများ တွင်​ တင်​ပြပါ
ါ​သော်​လည်း မည်​သည့်​ ​ဆောင်​ရွက်​မှုများ မရှိ၍ လူကြီးမင်းများ သိရှိ​စေ
ရန်​ ၊ယခုကိစ္စနှင့်​ပတ်​သက်​၍ မ​ကျေနပ်​ပါက ၊သိလိုပါကလည်း
ကျွန်​​တော့်​အား အချိန်​မ​ရွေး ​မေးနိုင်​ပါ​ကြောင်း ၊မ​ကျေနပ်​၍ ​နောက်
ကွယ်​က အပြစ်​ရှာ ယုတ်​မာပါကလည်း ​သောက်​ဂရုမစိုက်​သည့်​ အပြင်​ ၎င်းတို့ကို ပြန်​လည်​ရင်​ဆိုင်​ မှာဖြစ်​​ကြောင်း
ခရီးသွာလုပ်​ငန်းတိုးတက်​လာပြီး ​​ဒေသခံအရင်း အမြစ်​မှ လုပ်​ငန်း​ ရှင်​အထိ အကျိုး အမြတ်​ ရ​စေရန်​ ရည်​ရွယ်​ရင်း

ကျေးဇူးတင်​ စွာဖြင့်
နေမိုး​အောင်

ကယား ခရီးစဉ်​​တွေ မှာ နိုင်​ငံခြားသား ခရီးသွားများကို ပိတ်​တယ်​လို့ ​ပြော​နေကြလို့ စိုးရိမ်​​နေကြလို့ ကယား​ဒေသခံ ကုမ္ပ​ဏီ...
28/09/2017

ကယား ခရီးစဉ်​​တွေ မှာ နိုင်​ငံခြားသား ခရီးသွားများကို ပိတ်​တယ်​လို့ 
ပြော​နေကြလို့ စိုးရိမ်​​နေကြလို့ ကယား​ဒေသခံ ကုမ္ပ​ဏီ တစ်​ခုအ​နေဖြင့်​ သတင်းအမှန်​တင်​​ပေး လိုက်​ပါတယ်​ဗျ။

ကျေးဇူးပြု၍ ဆုံး​အောင်​ဖတ်​​​ပေးပြီး သတင်းအမှန်​​လေးကို မျှ​ဝေ​ပေးပါလို့

ကယားပြည်​နယ်​ မှာ ယခင်​ထဲက ခုချိန်​ထိ လွိုင်​​ကော်​ ဧရိယာ​ ၊ဒီ​မောဆို
မြို့​ပေါ် ၊ဖရူဆိုမြို့​ပေါ်က လွဲပြီး ကျန်​​နေရာများကို ခွင့်​ပြုမိန့်​ ယူရပါတယ်​။
ယခင်​ နှစ်​များစွာက ကယားခရီးသွား အစည်း​ဝေး​တွေမှာ​​​ရော ရန်​ကုန်​မှာပါ အမြဲယူကြဖို့ တင်​ပြထားပါတယ်​။မယူ ကြပဲ သွား​နေကြလို့လည်း
ပြည်​နယ်​ခရီးသွားဖွံ့ ဖြိုးဖို့ မည်​သည့်​ အ​ရေးယူမှုမှ မလုပ်​ခဲ့ပါဘူး။ကန့်​သတ်​ နယ်​​မြေ​တွေကို ပြည်​​ထောင်​စုကသာ ဖြည်​​လျော့​ပေးလို့ ရပါတယ်။

ပြည်​နယ်​က ​တော့ ​တာဝန်​ခံပြီး ခွင့်​ပြုမိန့်​ တင်​​ပေးလျင်​အမြန်​​ဆောင်
ရွက်​​ပေးပါတယ်​။ယခင်​ကဆို ယခုနိုင်​ငံခြားသားများ လည်​ပတ်​​နေသည့်​ ​ဒေသများသည်​ local ​တောင်​သွားဖို့ ခက်​ခဲပြီး ငြိမ်းချမ်​​ရေးဖြစ်​စဉ်​များ တိုးတက်​​ကောင်းမွန်​ လာသည်​နှင့်​အမျှ တစ်​ဆင့်​ခြင်း ​ဖြေ​လျော့​ပေး​နေ
လျက်​ ယခုဆို ပြည်းတွင်း​ရော ပြည်​ပပါ သွားလာ​နေကြပါပြီ။
ခရီးသွား​ဒေသ​ ​တွေကို နိုင်​ငံခြားသားများ သွားလာဖို့ မိမိသွားလို့သည့်​ ခရီးမတိုင်​ခင်​ ၃ရက်​ ကြိုတင်​ပြီး သက်​ဆိုင်​ရာ ကယားပြည်​နယ်
လဝက နှင့်​ ​ဟော်​တယ်​ခရီးမှ တစ်​ဆင့်
့်​ ပြည်​နယ်​အစိုးရကို တင်​ပြ ၊သက်​ဆိုင်​ရာမှ ခွင့်​ပြုချက်​​ပေး ပြီး ​ဖြေ​လျော့
ပေးထားပါတယ်​။
ကယားပြည်​နယ်​မှာ ဇုံ​ကြေး​ကောက်​ခံမှု မရှိ​သေးသလို ဧည့်​သည်​ အ​ရေအတွက်​ အမှန်​ သိဖို့ အတွက်​လည်း ခွင့်​ပြုချက်​​တောင်းရန်​ လိုအပ်​ပါ
တယ်​။
ယခုအခါ အချို့​သောခရီးသွားလုပ်​ငန်း လုပ်​သူများဟာ သိ၍​သော်​၎င်း မသိ၍​သော်​၎င်း ခွင့်​ပြုချက်​ ပိတ်​ထား​သော ​နေရာများသို့ပါ သွားလာ​နေ
ကြသည့်​ အပြင်​ လိုင်​စင်​မဲ့ယာဉ်​များဖြင့်​ နိုင်​ငံခြားသား ခရီးသည်​များအား အခ​ကြေး​ငွေယူကာ ပို့​ဆောင်
နေသူများ လည်း များပြားလာ​သော​ကြောင့်​ အမှန်​တစ်​ကယ်​ လုပ်​ကိုင်​​နေသူများ အတွက်​ နစ်​နာမှုများလည်း ရှိ​နေပါသည်​။

ကယားပြည်​နယ်​သည်​ အခြား​ဒေသများ နှင့်​မတူ​သော ယဉ်​​ကျေးမှုများ ရိုးရာ ယုံကြည်​မှုများ ​ဆောင်​ရန်​ ​ရှောင်​ရန်​များစွာ ရှိပြီး ဧည့်​သည်​ လိုက်​နာရမည့်​ ရိုးရာများကို သိ၍ ဖြစ်​​စေ မသိ၍ ဖြစ်​​စေ ​ဒေသခံများ နှင့်​ ခရီးသွားများ အကြား နားလည်​မှု မလွဲ​စေရန်​ အတွက်​၎င်း ၊ ​ဒေသခံများ သ​ဘောတူထားသည့်​ ခရီးသွား​နေရာများသို့ သာ ခွင့်​ပြု သတ်​မှတ်​​ပေးထားပါ
သည်​။
၎င်း ခွင့်​ပြုချက်​ ​တောင်းခံရာ တွင်​လည်း ​ငွေ​ကြေး သတ်​မှတ်​ထားခြင်း
လည်း မရှိသလို သက်​တိုင်​၇ာဌာနများမှအခမဲ့ အမြန်​ဆုံး ​ဆောင်​ရွက်​​ပေး​ရန်​ ညွန်​ကြားထားပြီးဖြစ်​ပါသည်​ ။ နယ်​ခံမဟုတ်​​သောကုမ္ပဏီ များမှလည်း တိုက်​ရိုက်
တောင်းခံ၍​သော်​ ၎င်း၊ မိမိတို့ ဆက်​သွယ်​ထား​သော ​ဒေသခံ ကုမ္ပဏီ ၊ဧည့်​လမ်းညွန်​၊ကားအငှါး ဝန်​​ဆောင်​သူ များကို ​ဆောင်​၇ွက်​​​စေခြင်းဖြင့်​၎င်း လွယ်​ကူစွာ ​ လုပ်​​ဆောင်​​နိုင်​ပါသည်​။
ခရီးသွား လုပ်​ငန်းသည်​ ထိလွယ်​ ရှလွယ်​ သည့်​ အတိုင်း​ သတင်းအမှန်​မသိပဲ ကယားကို ပိတ်​ထားသည်​ဟု နားလည်​မှု လွဲမှားစွာ ​ပြောဆို​နေသူများမှလည်း သက်​ဆိုင်​ရာ အသင်းအဖွဲ့ သို့မဟုတ်​ ဌာန သို့ ​မေးမြန်းပြီးမှ
အခြားသူများကို သတင်း​ပေးသင့်​ပါသည်​လို့ အကြံပြုပါသည်​ဗျ ။

ယခင်​ နှစ်​များထဲက ဥပ​ဒေ ရှိ​သော်​လည်း မည်​သည့်​ စစ်​​ဆေးမှုမှ မလုပ်​ခဲ့ပဲ ယခုတွင်​ စည်းကမ်းတကျ လိုက်​နာမှု မရှိသူများလာသည့်​ အတွက် ပညာ​ပေးအဖြစ်​ ခွင့်​ပြုချက်​ မ​တောင်းသူများကို ပြန်​လွှတ်​​စေခြင်းမျိုးသာ
ဆောင်​ရွက်​ခြင်းဖြစ်​ပါသည်​။

ကယားပြည်​နယ်​ ​ဒေသခံ ကုမ္ပဏီ တစ်​ခုအ​နေဖြင့်​ သိရှိထား​သော
သတင်းအမှန်​ကို မျှ​ဝေ​ပေးခြင်း ဖြစ်​ပါသည်​။

ကျွန်​​တော်​များ 9Generation Force ကုမ္ပဏီ သည်​လည်း ယခင်​​ရော ယခုပါ အမြဲ ကြိုတင်​ကာ ခွင့်​ပြုချက်​​တောင်းခံခဲ့ သည်​ကို မိမိနှင့်​ တွဲလုပ်​​နေ​သော ကုမ္ပဏီ များမှလည်း သိရှိပြီးဖြစ်​ပါသည်​။အစည်း​ဝေးများ တွင်​လည်း အမြဲ တင်​ပြ ပြီးမျှ​ဝေခဲ့ပါသည်​။
ကယားပြည်​နယ်​အား ​ရေရှည်​တည်​တံ့​သော တာဝန်​သိပြီး ​ဒေသခံများ အကျိုးအမြတ်​နှင့်​ ပါဝင်​ခွင့်​အတွက်​ တတ်​နိုင်​သ​လောက်​ ကူညီကြရင်း
အချို့ သတင်းအချက်​အလက်​များ ၊ခရီးသွားနှင့်​ ပတ်​သက်​​သော
အချက်​အလက်​များ သိရှိလိုသည်​များ ရှိပါကလည်း အချိန်​မ​ရွေး
မေးမြန်းနိုင်​ပါ​ကြောင်း
ကြိုတင်​ခွင့်​ပြုချက်​ မိတ္တူ ကိုလည်း ​လေ့လာကြည့်​လို့ရ​အောင်​ တင်​ပြ​ပေးထားပါတယ်​ဗျ

ကျေးဇူးတင်​စွာဖြင့်
နေမိုး​အောင်

Address

No. 185, Thiha Street, Dawtama Qtr, Kayah State
Loikaw

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959428002763

Website

Alerts

Be the first to know and let us send you an email when 9Generation Force Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 9Generation Force Travel & Tours:

Share


Other Loikaw travel agencies

Show All