Belax Myanmar Travels & Tours

Belax Myanmar Travels & Tours Belax Myanmar Travel & Tours

We’re happy to announce the new route from Mandalay to Thandwe!! ✈️Just in time for Thadigyut Holiday Getaway!!! 😉🧳New R...
19/09/2019

We’re happy to announce the new route from Mandalay to Thandwe!! ✈️
Just in time for Thadigyut Holiday Getaway!!! 😉🧳
New Route, Mandalay – Thandwe – Mandalay, will start on 10th October 2019 with ATR 72-600 aircrafts every Tuesday, Thursday and Saturday!
Mandalay - Thandwe One Way ticket starts from MMK 75,000 or USD 133!

၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့ မှစ၍ မြန်မာအမျိုးသားလေကြောင်းမှ မန္တလေးမြို့ မှ သံတွဲမြို့ သို့  ATR 72-600 လေယာဉ်များဖြင့် ၁ ပတ်လျှင် (၃)ကြိမ် အဂါင်္နေ့ ၊ ကြာသပတေးနေ့ နှင့် စနေနေ့ များတွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် …

Unicode:
၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့မှစ၍ မြန်မာအမျိုးသားလေကြောင်းမှ မန္တလေးမြို့မှ သံတွဲမြို့သို့ ATR 72-600 လေယာဉ်များဖြင့် ၁ ပတ်လျှင် (၃)ကြိမ် အဂါၤနေ့၊ ကြာသပတေးနေ့နှင့် စနေနေ့များတွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် …
မန္တလေး - သံတွဲ ခရီးစဉ်ကို MNA လက်မှတ်အရောင်းကောင်တာများနှင့် နီးစပ်ရာ Authorized Travel Agent များတွင် ၇၅၀၀၀ ကျပ်ဖြင့်စတင်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်ရှင်

𝐓𝐇𝐀𝐃𝐈𝐍𝐆𝐘𝐔𝐓 & 𝐓𝐀𝐙𝐀𝐔𝐍𝐆𝐃𝐀𝐈𝐍𝐆 𝐒𝐏𝐄𝐂𝐈𝐀𝐋 𝐏𝐑𝐎𝐌𝐎𝐓𝐈𝐎𝐍မြန်မာအမျိုးသားလေကြောင်းရဲ့ ပြည်တွင်းပြည်ပ လက်မှတ်များကို ၁၀%လျော့ဈေးဖြင့် ဝ...
23/08/2019

𝐓𝐇𝐀𝐃𝐈𝐍𝐆𝐘𝐔𝐓 & 𝐓𝐀𝐙𝐀𝐔𝐍𝐆𝐃𝐀𝐈𝐍𝐆 𝐒𝐏𝐄𝐂𝐈𝐀𝐋 𝐏𝐑𝐎𝐌𝐎𝐓𝐈𝐎𝐍
မြန်မာအမျိုးသားလေကြောင်းရဲ့ ပြည်တွင်းပြည်ပ လက်မှတ်များကို ၁၀%လျော့ဈေးဖြင့် ဝယ်ယူနိုင်မည့် သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်အထူး Promotion ✈️
လက်မှတ်အရောင်းကာလကို ယနေ့ ၂၀၁၉ခုနှစ်၊ သြဂုတ်လ ၂၃ရက်မှ ၂၆ရက်နေ့ အထိသတ်မှတ်ပေးထားပြီး ခရီးသွားကာလကို ၂၀၁၉ခုနှစ် သြဂုတ်လ ၂၄ရက်နေ့ မှ ၂၀၂၀ ခုနှစ် မတ်လ ၃၁ရက်နေ့ အထိသတ်မှတ်ပေးထားလို့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် အားလပ်ရက်တွေမှာ ခရီးသွားဖို့ စီစဉ်နေသူတွေအနေနဲ့ Myanmar National Airlines ရဲ့ ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်များကို ၁၀% လျော့ဈေးဖြင့် အမြန်ဝယ်ယူလိုက်ကြရအောင်နော် ..

Belax Myanmar Travels & Tours
Ph-09444661442, 09777744799
No.235/1 , 81*82 between 28street
Mandalay.

MNA မှ ပြည်ပခရီးစဉ် တွေဖြစ်တဲ့ Singapore ၊ Bangkok ၊ Chiang Mai ၊ Hong Kong ၊ Chengdu အစရှိတဲ့ နေရာများ ကို Promo လေးတွေ...
30/07/2019

MNA မှ ပြည်ပခရီးစဉ် တွေဖြစ်တဲ့ Singapore ၊ Bangkok ၊ Chiang Mai ၊ Hong Kong ၊ Chengdu အစရှိတဲ့ နေရာများ ကို Promo လေးတွေနဲ့ ၀ယ်ယူလိုက်ပါနော်…..
ပြည်ပခရီးစဉ် Promotion လက်မှတ်တွေ အကုန်လုံး မှာ Baggage – 30KG နဲ့ Hand Carry – 7 KG ပါဝင်တဲ့ အပြင် Standard Meal လည်း ပါဝင်ပြီးသားဖြစ်ပါတယ်ရှင်..
အရောင်းကာလ - စက်တင်ဘာလ (၃၀)ရက်နေ့အထိ
ခရီးသွားကာလ - စက်တင်ဘာလ (၃၀)ရက်နေ့အထိ

All prices are inclusive of Baggage 30 Kg, Hand Carry 7 KG and Standard Meal!
Sales Period - On/Before 30th September 2019
Travel Period - On/Before 30th September 2019

Book Now: BELAX MYANMAR TRAVELS & TOURS
09-444661442 , 09777744799

25/07/2019
မင်းကွန်းဒေသ (သို့) ကြီးလေးကြီး တည်ရာအရပ်မောင်သိပ်ချစ်ရတဲ့ မေရေ ..........ဒီနေ့မောင့်ရဲ့ကုမ္ပဏီ အလုပ်ကိစ္စအတွက် စစ်ကိုင်းဘ...
25/07/2019

မင်းကွန်းဒေသ (သို့) ကြီးလေးကြီး တည်ရာအရပ်

မောင်သိပ်ချစ်ရတဲ့ မေရေ ..........
ဒီနေ့မောင့်ရဲ့ကုမ္ပဏီ အလုပ်ကိစ္စအတွက် စစ်ကိုင်းဘက်ကိုသွားခဲ့တယ်။မောင့်ရဲ့အလုပ်ကိစ္စဆိုတော့ ခရီးသွားတာနဲ့ပက်သက်မယ်ဆိုတာ မေသိပြီးသားဖြစ်မှာပါ။ ထုံးစံအတိုင်းမောင်စီးနေကျ တရုတ်ဆိုင်ကယ်လေးနဲ့ပေါ့။ ဆိုင်ကယ်ဆိုတာ မန္တလေးသူ/ သား တွေအတွက် အရေးပါအရာရောက်တဲ့ ယာဉ်တစ်ခုပဲလေ။မေက ဆိုင်ကယ်စီးရမှာသိပ်ကြောက်တယ်ဆိုတာမောင်သိပါတယ် ။
မန္တလေးမြို့ကနေ(၁၁)ကီလိုမီတာဝေးတဲ့
ဇေယျာရွှေမြေစစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ဘက်ကိုမောင်
ထွက်လာခဲ့တာပေါ့။စစ်ကိုင်းမြို့ထဲကိုမဝင်ဘဲ စစ်ကိုင်းတံတားကနေ ဆွမ်းဦးပုညရှင် သို့သွားရာလမ်းအတိုင်း
မောင်းလာခဲ့တာ လမ်းတစ်နေရာရောက်တော့
မင်းကွန်းဒေသသို့ ဆိုတဲ့ဆိုင်းဘုတ်တွေ့တာနဲ့မောင်
လည်း အဲ့ဒီလမ်းအတိုင်းမောင်းလာလိုက်တာ လမ်းမှာ
သမိုင်းတွေအပြည့် နဲ့ ချစ်စရာမြန်မာမှု မြန်မာပာန် ကျေးရွာတွေအများကြီးတွေ့ခဲ့ရသေးတယ်။ ရွာတွေရဲ့ အမည်
တွေက ဝါးချက်၊အာလောင်၊ပယ်ငါးဆယ်၊ထန်းတော၊ကြက်ထောင့်ကန်၊ချောင်းပေါက်၊ခိုတောင်၊လက်ပံရွာ၊တလိုင်းဆင်ရွာ၊ထန်းမြင့်ရွာ၊မင်းကွန်းတောင်ရွာ၊မင်းကွန်းမြောက်ရွာ စတဲ့ရွာတွေပေါ့။ လမ်းတစ်လျှောက်မှာလည်း
အနောက်ဖက်ကိုကြည့်လိုက်ရင် စိမ်းစိုနေတဲ့
မင်းကွန်းတောင်ရိုးနဲ့ အရှေ့ဘက်မှာလည်း အမြဲတမ်းစီးဆင်းနေတဲ့ဧရာဝတီမြစ်ကြီးက ရင်ထဲမှာ ခံစားမှုတစ်ခုကိုပေးနေသလိုမေရယ်။ ။
ဝါးချက် ဆိုလို့မောင်ပြောရအုံးမယ်။အဲ့ဒီမှာ ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံလည်းမောင်တွေ့ခဲ့ရတယ်။
အရင်ကဆို ရပာန်းသံဃာတွေ နာမကျန်းဖြစ်ရင်မန္တလေး
ပြည်သူ့ဆေးရုံထိလာကုရတာ။အခုတော့ သံဃာတော်
တွေ သီလရှင်တွေ အများဆုံးရှိတဲ့ သာသနာ့နယ်မြေမှာဆိုတော့ သာသနာအတွက် အထောက်အကူဖြစ်တာပေါ့။
မေသိပ်ကြိုက်တဲ့ ခိုတောင်မုန့်တီ ရှိတဲ့
ခိုတောင်ရွာရောက်တော့မောင်လေ မေ့ ကိုတောင်
အောက်မေ့နေမိသေးတယ်။ မေကခိုတောင်မုန့်တီ မစားဖူး ဘူးလို့ပြောဖူးတာ မောင်အမှတ်ရနေလို့ပေါ့။
မေရေ ကြက်ထောင့်ကန်ရောက်တော့ မြန်မာနှစ် (၁၁၇၉) မှာ ဘိုးတော်ဘုရားကောင်းမှုဖြစ်တဲ့
ကြက်ထောင့်ကန်ကိုလည်းတွေ့ခဲ့ရသေးတယ်။
အရမ်းကြီးမားတဲ့ကန်ကြီးပေါ့။ သူ့ခောတ်သူ့အခါကတော့ သောက်ရေသုံးရေလွယ်ခဲ့ပေမယ့် အခုတော့ခြုံနွယ်တွေနဲ့ ပောာင်းနွမ်းနေတော့ ပြန်လည်ပြီး ရှေးမူမပျက်ပြုပြင်ဖို့လိုနေပြီလေ ။
နေ့လည် ၃:၃၀ လောက် မောင် မင်းကွန်းပုထိုးတော်ကြီးကိုမောင်ရောက်တာပေါ့။ ဆိုင်ကယ်လေးအပ်ပြီး ပုထိုးတော်ကြီးကို အရိပ်တစ်နေရာကနေ ကြည့်နေမိတယ်။
ကြည့်နေရင်းတွေးနေမိတာက ဒီပုထိုးတော်ကြီးသာ ပြီးစီးအောင်မြင်ခဲ့ရင် အခုခေတ်မှာ သမိုင်းဝင် အကြီးဆုံးဘုရားပုထိုးဖြစ်မှာပဲလို့ တွေးနေမိတယ်မေရယ်။
အဲ့ဒီပုထိုးတော်ကြီးအကြောင်းမေ့ကိုပြောပြရအုံးမယ်။
မင်းကွန်းထိုးတော်ကြီး
မေရေ ဒီမင်းကွန်းပုထိုးတော်ကြီးကို ကုန်းဘောင်မင်း
ဆက် အလောင်းမင်းတရားကြီး၏ တတိယသားတော်လည်းဖြစ်တဲ့ အမရပူရ ပထမမြို့တည်နန်းတည် ဘိုးတော်ပဒုံမင်း တရားကြီးကတည်ထားခဲ့တာတဲ့။ မေရေ ဘိုးတော်မင်းတရားကြီးက ဒီမင်းကွန်းပုထိုးတော်ကြီးကို တည်ဆောက်ဖို့ဆိုပြီး ၁၁၅၂-ခုနှစ်မှာ ဒီမင်းကွန်းဒေသကိုခေတ္တထွက်ထွက်တော်မူခဲ့တယ်။ အဲ့ဒီလိုနဲ့ ၁၁၅၂-ခုနှစ် တပို့တွဲလ
ဆန်း(၅)ရက်နေ့မှာ မင်းကွန်းပုထိုးတော်ကြီးကို စတင်
အုတ်မြစ်ချတည်ဆောက်ခဲ့တာပေါ့မေရယ်။ (၆)နှစ်အကြာ ၁၁၅၈-ခုနှစ် ၊တပေါင်းလဆန်း(၁၅)ရက်နေ့မှာ ဌာပနာတွေ ထည့်သွင်းပူဇော်ခဲ့တာပေါ့။ဌာပနာတိုက်တွေ လုပ်တဲ့အခါမှာလည်း အလယ်ဌာပနာတိုက်မ၌ စတုရန်း
အချင်း(၁၀)တောင်၊အစောက်(၇)တောင်၊အထူ(၁)မိုက်ရှိ
ကာ ကြေးသလွဲမည်း(၄၁၄၈၃၄)ပိဿာ၊အရှေ့မျက်နှာဌာပနာတိုက်၌ ကြေးသလွဲမည်း(၅)တိုက်၊တောင်မျက်နှာ ဌာပနာတိုက်၌ ကြေးသလွဲမည်း(၅)တိုက်၊မြောက်မျက်နှာ ဌာပနာတိုက်၌ ကြေးသလွဲမည်း(၅)တိုက်၊အနောက်မျက်နှာ ဌာပနာတိုက်၌ ကြေးသလွဲမည်း(၅)တိုက်စီရှိပြီးအဲ့ဒီဌာပနာတိုက် တစ်တိုက်ကို အချင်းသုံးတောင်တစ်မိုက်၊အစောက်ခုနှစ်တောင်၊အထူတစ်မိုက်စီရှပြီးကြေးသလွဲမည်းပိဿာပေါင်း(၂၈၆၆၉၀၈)ပိဿာတို့နဲ့သွန်းလုပ်ပြီးဌာပနာစေခဲ့တယ်။ အဲ့ဒီဌာပနာတိုက်တွေရဲ့အပြင်လေးမျက်နှာကိုလည်းအုတ်တိုက်တစ်ထပ်၊သဲတိုက်တစ်ထပ်လုပ်
ပြီးအရပ်လေးမျက်နှာအရံအတာဖြစ်အောင်တည်ဆောက်စေခဲ့တယ်။ ပြီးတော့အလယ်တိုက်မကြီးရဲ့အရှေ့တည့်တည်မှာ အချင်း(၃)တောင်နှစ်မိုက်၊အစောက်(၄)တောင်ရှိတဲ့ ကြေးစင်(၂)တိုက်ကိုပြုလုပ်စေပြီး သာသနာစောင့်
နတ်တွေရဲ့ ကူညီစောင့်ရှောက်မှုကိုရစေဖို့ "သံ၊သ၊ပူ၊က"
လို့ခေါ်တဲ့လောကီအစီအရင်တွေလည်းလုပ်ခဲ့သေးတယ်
မေ။အဲ့ဒီလောက်ထိစေ့စပ်သေချာတဲ့ဌာပနာတိုက်လုပ်ပြီးတဲ့အခါမှပဲ ရာဇဂြိုပ်ာပြည်ကနေသယ်လာတဲ့ မြတ်စွာဘုရားရှင်ရဲ့ဓါတ်တော်၊ဂန္ဓာရတိုင်း(တရုတ်နိုင်ငံ) မှပင်
ဆောင်လာခဲ့တဲ့မြတ်ဘုရားရဲ့စွယ်တော်ပွားရယ်ပြီးတော့ ရွှေသားအတိနဲ့သွန်းလုပ်ထားတဲ့နှစ်ကျိပ်ရှစ်ဆူဘုရား
ဆင်းတုတော်၊ငွေသားနဲ့သွန်းလုပ်ထားတဲ့ ဘုရားလောင်းဆင်းတုတော်နဲ့ဗောဓိပင်များဗုဒ္ဓဝင်ခန်းများ၊သတ္တသတ္တာပာ စံနေတော်မူပုံများ၊ဝါဆိုတော်မူသည့်ပုံတော်၊ခမည်းတော် မယ်တော်တို့မှအစ မိဖုရား သားတော် သမီးတော်တို့ရဲ့ရွှေရုပ်တုတွေကို ထည့်သွင်းဌာနာပြီးဆောက်လုပ်
စေခဲ့တယ်။
မေရယ် ဒီလောက်ကြီးမားလှတဲ့ စေတီတော်ကြီးတည်တော်မူရာမှာ ဘိုးတော်ဗဒုံမင်းကြီးက အန္တရာယ်ကင်းစေဖို့ဆိုပြီး"ငြမ်းပျောက်စနစ်"နဲ့အတွင်းပိုင်းကနေစပြီးအုတ်စီပြီးတည်စေခဲ့တယ်။အဲ့ဒီလို အတွင်းအုတ်စီရာမှာလည်းစတုရန်းအချိုးများညီညွတ်နေစေဖို့ဆိုပြီးအဝန်း(၄၄)ပေရှိဗပိာုမဏ္ဍိုင်ကြီးကိုဦးစွာပြုလုပ်ပြီး အဲ့ဒီမဏ္ဍိုင်ကိုချိန်မျဉ်းထားပြုလုပ်စေတယ်။ ပြီးစီးသမျှကိုလည်းခိုင်မာတောင့်တင်းနေစေဖို့ ကြေးမိုးကြိုးသံကွင်းကြီးများပြုလုပ်ပြီးအရစ်လိုက် မြောင်းဖော်ကာ ရစ်ပတ်မြုတ်နှံစေခဲ့တယ် မေ။
ပြီးတော့ ပုထိုးတော်ကြီးတည်တဲ့အခါမှာလည်း ထုထည်ကြီးတစ်ခုလုံးကို အုတ်တွေနဲ့ပဲ တည်ဆောက်ထားတာမပာုတ်ပဲ အတွင်းထဲမှာ သဲတိုက်၊ သလွဲတိုက်တိုက်တွေနဲ့ တည်ဆောက်ထားစေခဲ့တယ်။ဒီလောက်ကြီးမားတဲ့သဲတိုက်ဆိုတော့ သာမန်အလုပ်သမားတွေနဲ့ ဖြည့်ဖို့မဖြစ်နိုင်တာကြောင့်တိုင်းသူပြည်သားတွေကို လုပ်အားပေးစေဖို့ လွှတ်တော်ကနေ အမိန့်ပြန်တာတွေတောင်လုပ်ခဲ့ရသေးတယ်တဲ့မေရေ။ဌာပနာတိုက်ကိုလည်း လှံ၊ဓား၊သံစူး၊
သံချွန် စသည့်လက်နက်တွေနဲ့မဖောက်နိုင်အောင်လည်း ကျောက်တစ်ထပ် သဲတစ်ထပ် သေချာပိတ်ပြီးမှ ကြေးသလဲမည်း ပိဿာ သုံးသိန်းကျော် သွန်းလောင်းပြီးပိတ်ဖုံးစေခဲ့တယ်။ မေရေ ဘိုးတော်ပဒုံမင်းက ဒီမင်းကွန်းပုထိုးတော်ကြီးကို ပေ(၅၀၀) အထိ တည်ဆောက်ဖို့ရည်ရွယ်ခဲ့တယ်လို့သိခဲ့ရတယ်။ဒါပေမဲ့ အနှစ်(၂၀)ကျော်ကြာ တည်ဆောက်ခဲ့ပေမယ့် ပုထိုးတော်ကြီးတည်ဆောက်မှုက အပြီးမသတ်နိုင်။တိုင်းသူပြည်သားတွေကလည်း နေ့စဉ်ရက်ဆက် လုပ်အားပေးရနဲ့ဆိုတော့ ပင်ပန်းဆင်းရဲမှုဒါဏ်ကိုခံကြရတာပေါ့။
ဪ ပြောပြဖို့မေ့နေတယ် မေရေ။ ဘုရင်ထီးဘုရားကြီးက ဒီပုထိုးတော်ကြီးကြီးတည်ဆောက်နေတုန်းမှာ ပုထိုး
တော်ကြီးရဲ့အရှေ့မျက်နှာမှာတည့်တည့်ရှိတဲ့ ရေလယ်က ရွာမှာ ခေတ္တနန်းစံပြီးကြီးကြပ်ခဲ့တာတဲ့။ ဒါကြောင့်
"သီးတွေးရယ်ဆာ ကြီးလေးဖြာတည်တုန်းခါက
ဧကဋာစံတဲ့ကွန်းကို ကျွန်းခေါ်ကြမြဲ" ဆိုပြီး အဲ့ဒီရွာလေးရဲ့အမည်ကို နန်းတော်ကျွန်းရွာ ဆိုပြီးခေါ်စေခဲ့တာတဲ့။
"ကြက်ထောင့်တောင်ဝပ် ဝါကျွတ်မှထ
ကြီးလေးကြီးအပြီးမသတ် မုဆိုးသုညကပ်
ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့ " စတဲ့
တဘောင်တွေပေါ်လာတာရယ် ပုထိုးတော်ကြီးက
ထုထည်ကြီးမားပြီး ကုန်ကျစရိတ်များလွန်းတာတွေ စတာတွေကြောင့် အပြီးမသတ်ပဲရပ်နားခဲ့တယ်လို့ သမိုင်းပညာရှင်တွေက ယူဆကြတယ်တဲ့။ မောင်လည်း စဉ်းစားမိတယ် အဲ့ဒီခေတ်အခါက တဘောင် စနည်းနဲ့ လောကီ ပညာရပ်တွေက အရမ်းထွန်းကားခဲ့တဲ့အချိန်ဆိုတော့ အဲ့ဒီတဘေညင်ကြောင့်များလာျးပါ့။ မောင်စဉ်းစားမိတာကိုပြောတာပါ။
မေ ရေ ဒီပုထိုးတော်ကြီးတည်ဆောက်ထားပုံက ဘိနပ်တော်ပစ္စယံ(၃) ဆင့် အထက်ပိုင်းထိမပါဘဲ စတုရန်းပုံလေးထောင့်စပ်စပ် တည်ထားတာမေ။ ပုထိုးတော်ကြီးကို တည်ဆောက်တဲ့အုတ်တွေကိုလည်း တလျားတနံ အုတ်အပြည့်စီစနစ်နဲ့တည်ဆောက်ထားပြီး သဲကျောက်တုံးတွေကိုလည်းထောင့်ချုပ်အဖြစ်နဲ့ခိုင်ခန့်အောင်ထိန်းချုပ်တည်ဆောက်ထားတယ်။ကြေးသံကွင်းချိန်းကြိုးတွေနဲ့လည်း လေးပတ်လေးတန်ပတ်ပြီးတည်ဆောက်ထားသေးတယ်။ ဘိနပိတေည်ပစ္စယာ(၃)ဆင့်မှာလည်း ကြာမှောက်ကြာလှန်ကို အုတ်တွေနဲ့ပုံဖော်ထားပြီးဒုတိယပစ္စယံမှာ စဥ့်ကွင်းများထည်းသွင်းဖို့ဆိုပြီး(၁၀)လက္မပတ်လည်မှန်ကုကွက်တွေက်ု အုတ်နဲ့ပြုလုပ်ထားတာကိုလည်းတွေ့ခဲ့ရသေးတယ်။
လေးမျက်နှာလုံးမှာလည်းမုခ်ပေါက်တွေထည့်သွင်းတည်ဆောက်ထားပြီး အရှေဘက်မုခ်ပေါက်ကို တံကဲ (၃)ဆင့်နဲ့တည်ဆောက်ထားပြီး ကျန်မုခ်ပေါက်(၃)ခုကိုတော့ မုခ်ကပ်(၂)ခုနဲ့သာတည်ဆောက်ထားတယ်။ မုခ်ပေါက်တွေရဲ့အတွင်းအလယ်ပိုင်းမှာရောင်ခြည်ဖြာခုံး ဝိုင်းပေါင်းကူးနဲ့ အုတ်တွေကိုထောင်လိုက်အနေအထားတည်ဆောက်ထားပြီးအဲ့ဒီမုခ်ပေါက်တွေမှာ စိုင်ပေါင်များ၊စုလစ်မွန်းချွန်ပုံစံနဲ့ ရာမလက်ညှိုးမပါဘဲအလယ်တည့်တည့်မှာကလပ်ပုံသဏ္ဍန်ပြုလုပ်ထားပြီးဘေးဘယ်ညာသို့ဖြာထွက်ကာကြေးကွေး။ချိတ်ကွေးများဖြင့်ကောက်ခါချိတ်ကာ တည်ဆောက်ထားပြီးအဲ့ဒီချိတ်ကွေးလေးတွေဆုံတဲ့နေရာတိုင်းအပေါက်ကလေးဖောက်ပြီးဇီးကွက်ပေါက်ပုံဖော်ထားတာကိုလည်းတွေ့ခဲ့ရသေးတယ်။ မုခ်ကပ်အုတ်တိုင်တွေကိုလည်းရိုးရှင်းစွာဆောက်လုပ်ထားတာကလည်း တမျိုး အောက်ခြေပတ်လည် ပစ္စယံအပေါ်ပိုင်းမှာကြာဖက်ပုံအကြီးအသေးအမျိုးမျိုးနဲ့လှပအောင်တည်ဆောက်ထားတာလည်းတွေ့ရသေးတယ်။
အောက်ခြေပစ္စယံ(၅)ဆင့်မှာလည်း မိုးရေမဝပ်အောင် သဲကျောက်တွေနဲ့ မကန်းခေါင်းပုံစံထုကာ အပေါက်ဖောက်လျှက် ရေထွက်ပေါက်တွေလုပ်ထားသေးတယ်။
ပုထိုးတော်ကြီးရဲ့အတိုင်းအတာတွေကို ပုထိုးတော်ကြီး
ကျောက်စာမှာ အခုလို ဖော်ပြထားသေးတယ်။လာရောက်လေ့လာသူတွေအတွက်ပိုပြီးအဆင်ပြေစေတာပေါ့။
အဲ့ဒီအတိုင်းတာတွေကတော့ ပထမအာလိန် ၃၂၀တောင်
၂ မိုက်၊ဒုတိယအာလိန် ၂၆၈တောင်၊တတိယအာလိန်၂၃၈တောင်၂မိုက်၊စတုတ္ထအာလိန်၂၁၀တောင်၁မိုက်၊ပဉ္စမအာလိန်၁၈၃တောင်၊ကုလားကျောင်းအချင်း၁၅၆တောင်
၂မိုက်၊ပထမအာလိန်အတွင်း(၂)တာ(၂)တောင်၊ဒုတိယအာလိန်အတွင်း(၂)တာ(၁)တောင်၊တတိယအာလိန်အတွင်း(၂)တာ(၁)မိုက်၊စတုတ္ထအာလိန်အတွင်း(၂)တာ(၆)တောင်၊ပဉ္စမအာလိန်အတွင်း(၂)တာ(၂)မိုက်ရှိကြောင်းဖော်ပြထားတယ်။ တစ်ကယ်လက်တွေ့မှာကတော့ပထမပစ္စယံ၄၇၇ပေ ၇ လက္မ၊ဒုတိယပစ္စယံ၄၇၃ပေ ၁ လက္မ၊တတိယပစ္စယံ ၄၀၀ ပေ၊စတုတ္ထပစ္စယံ၃၃၆ပေ၊ပဉ္စမပစ္စယံ
၂၉၂ပေနှင့်ကုလားကျောင်းအချင်း၂၇၃ပေရှိကာပထမပစ္စယံအတွင်းအကျယ်၂၀ ပေ၊ဒုတိယပစ္စယံအတွင်းအကျယ်
၁၈ ပေ၊တတိယပစ္စယံအတွင်းအကျယ်၁၆ ပေ၊စတုတ္ထပစ္စယံအတွင်းအကျယ်၁၄ ပေ၊ပဉ္စမပစ္စယံအတွင်းအကျယ်၁၂ ပေရှိတယ်လို့ မှတ်တမ်းမှာလေ့လာတွေ့ရှိခဲ့ရတယ်။
ရေထုပ်ပြွန်သဲကျောက် မကန်းခေါင်းများအရှည် ၅ ပေ၊အမြင့်၇ လက္မ၊အကျယ်၁ပေနဲ့ရေထုပ်ပေါက်အကျယ်၃ လက္မ ပြုလုပ်ထားပြီး သဲကျောက်မကန်းခေါင်းများကိုလည်း ပထမပစ္စယံတံတိုင်းတစ်ဘက်လျှင် ၂၀ ရုပ်စီရှိကာ လေးမျက်နှာတွင် ၈၀ ရုပ်၊ဒုတိယပစ္စယံတံတိုင်းတွင်လည်း တစ် ဘက်လျှင်၁၈ ရုပ်စီရှိကာ လေးမျက်နှာတွင် ၇၂ ရုပ်၊တတိယပစ္စယံတံတိုင်းတွင်လည်း တစ်ဘက်တွင် ၁၆ ရုပ်စီရှိကာလေးမျက်နှာတွင် ၆၄ ရုပ်၊စတုတ္ထပစ္စယံ တံတိုင်းတွင်တစ်ဘက်လျှင် ၁၄ ရုပ်စီရှိကာလေးမျက်နှာ၅၆ ရုပ်၊ပဉ္စမ
ပစ္စယံတံတိုင်းတွင် ၁၂ ရုပ်စီရှိကာ လေးမျက်နှာတွင်၄၈ ရုပ်ကို အသီးသီးထည့်သွင်းတည်ဆောက်ထားခြင်းကမိုးရေဝပ်ခြင်းကိုကာကွယ်စေခဲ့ပေမယ့်အခုအခါမှာတော့မကန်းခေါင်းများ ပျက်စီးချို့ယွင်းလာခြင်းကြောင့် ပစ္စယံများပေါ်မှာ မိုးရေဝပ်ခြင်း ရေညှိတတ်ခြင်းကြမ်းခင်းအုတ်များ ကျိုးပျက်ကျွံကျခြင်းတွေတောင်ဖြစ်နေပြီပေါ့မေရယ်။
ဒီမင်းကွန်းပုထိုးတော်ကြီးက စစ်ကိုင်းတိုင်းမှာတည်ရှိနေတာရယ် စစ်ကိုင်းဒေသက စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာတည်ရှိနေတာတွေရယ်ကြောင့် ငလျင်ဒဏ်မကြာခဏ ခံနေရတာပေါ့။ဒီလောက်ထိ ငလျင်ဒဏ်မကြာခဏ ခံနေရတောင်မှယနေ့တိုင် လက်ရှိအခြေအနေအတိုင်း မြင်တွေ့ဖူးမျှော်နိုင်ခြင်းကလည်း မင်းကွန်းပုထိုးတော်ကြီးရဲ့ တည်ဆောက်ပုံ မြန်မာမှုဗိသုကာစနစ်ကောင်းမွန်မှု
တွေကြောင့်ပဲလို့ပြောပြရင်း မေ ဒီတစ်ခေါက် မောင် တို့မန္တလေးကို အလည်လာတဲ့အခါကျရင် ဘိုးတော်
ဘုရားကောင်းမှုတော် မင်းကွန်းပုထိုးတော်ကြီးကို လိုက်ပို့မယ်လို့ ဆန္ဒပြုရင်း သတိတရ စာရေးလိုက်ပါတဲ့
မေ သိပ်ချစ်တဲ့ မောင်
Credit To >>
လင်းလင်းထွန်း(မောင်ကျောင်းသား)

ခရီးသွားမိတ်ဆွေများရှင့် 😍မေလ အတွက်Golden Myanmar Air lineမှ Promotion အ နေ နှင့်ရန်ကုန်-မန္တလေး ( Y5-566/567 )တစ်ကြောင်း...
03/05/2019

ခရီးသွားမိတ်ဆွေများရှင့် 😍
မေလ အတွက်Golden Myanmar Air lineမှ Promotion အ နေ နှင့်ရန်ကုန်-မန္တလေး ( Y5-566/567 )တစ်ကြောင်းစာ ကျပ် ၅၅၀၀၀/- (for local) နှင့် US$ 81 (for foreigner) မှ စတင်ကာ ဝယ်ယူနိင်ပါကြောင်းသတင်းကောင်းလေး ပါးအပ်ပါတယ်ရှင့်
BELAX MYANMAR TRAVELS & TOURS မှာ ဆက်သွယ် မှာ ယူနိုင်ပါသည်၊၊

NO.235/1 28street , Bet :81 & 82 , Mandalay
PH-09-444661442 , 09-777744799

မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်မှာ စိတ်၏ကျန်းမာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေလို့....Belax Myanmar Travels & Tou...
07/04/2019

မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်မှာ စိတ်၏ကျန်းမာခြင်း၊
ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေလို့....
Belax Myanmar Travels & Tours✈🚖✈🚖
မိသားစုမှ......
ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်ခင်ဗျာ...🚖✈🚖✈

မိတ်ဆွေတို့ ရေ....တကယ်ကို လက်မလွတ်သင့် တဲ့အခွင့် အရေးပါFree Seminer  (Revenue Management )အပြိုင်အဆိုင်များတဲ့ စီးပွားရေ...
30/03/2019

မိတ်ဆွေတို့ ရေ....

တကယ်ကို လက်မလွတ်သင့် တဲ့အခွင့် အရေးပါ

Free Seminer (Revenue Management )

အပြိုင်အဆိုင်များတဲ့ စီးပွားရေးလုပ်ငန်းထဲမှာ ကိုယ်ရဲ့အသားတင်အကျိုးမြတ်နည်းလာပါသလား

High Season တွေမှာ ဧည်သည်များသလောက် Low Season နဲ့ Shoulder Season တွေမှာ အရှုံးနှင့် ရင်ဆိုင်နေရပါသလား

သြစတြေးလျနိုင်ငံရဲ့ နံပါတ် ၁ ဟိုတယ်သင်တန်းကျောင်း
Torrens University ရဲ့ Blue Mountain Hospitality School တွင် Senior Lecturer အဖြစ် Management ဘာသာရပ်များ သင်ကြားနေတဲ့ သြစတြေးလျနိုင်ငံသား
မြန်မာလူမျိုး ဆရာ Philip Maw မှ စာတွေ့လက်တွေ့
theory အတွေ့အကြုံများ ပောာပြောပို့ချပေးသွားမည်။

Date- 6/4/2019
Time- နံနက် (၉)နာရီ မှ နေ့(၁၂)နာရီ
Venu- Sky Villa Event & Wedding Hall
လမ်း(၆၀) ၂၂-၂၃ လမ်းကြား ရေစစ်ကန်အနီး
အောင်မြေသာဇံမြို့နယ်၊မန္တလေးမြို့

Limited Seat ဖြစ်ပါသဖြင့် register လုပ်ရပါမည်

Register Now !!!!

09-404039950
09-962060464
[email protected]

မင်္ဂလာပါ....Belax Myanmar Travel & Tours မှကြိုဆိုပါတယ်...🙏🙏🙏သင်္ကြန်တွင်းရုံးပိတ်ရက်များ...မိမိဇာတိသို့ပြန်မည့်သူများအတွက်...
21/03/2019

မင်္ဂလာပါ....Belax Myanmar Travel & Tours မှကြိုဆိုပါတယ်...🙏🙏🙏
သင်္ကြန်တွင်းရုံးပိတ်ရက်များ...မိမိဇာတိသို့ပြန်မည့်သူများအတွက်
ယာဉ်လိုင်းပေါင်းစုံ..ကားလက်မှတ်🚆🚆🚆
လေယာဉ်လက်မှတ်...✈✈✈
ကြိုတင် booking များကို..လူကြီးမင်းတို့စိတ်တိုင်းကျ...ယခုချိန်မှစ၍..ဆောင်ရွက်ပေးနေပါပြီခင်မျာ.....😊😊😊
မင်္ဂလာပါရှင့် 
ရုံးသို့ လာ ရောက်ရန်ခက်ခဲသူများ အ နေဖြင့် ONLINE BANKING WAVE MONEY စနစ်များနဲ့ ငွေ ပေးချေ၍ ဆက်သွယ် စုံစမ်း မှာယူနိုင်ပါသည်။ Airport Taxi နှင့် မြို့တွင်း သုံး Taxi ၀န်ဆောင်မှု များကိုလဲ လုပ်ဆောင်ပေးလျက်ရှိပါသည်။

No.235/1 28Street , Bet; 81&82 MANDALAY
09 444661442 , 09 777744799 , 09 444661799
[email protected]

Dear AllHappy Women Day To All The Wonderful Women #2019 Belax Myanmar Travels Happy Women Day
08/03/2019

Dear All
Happy Women Day To All The Wonderful Women
#2019 Belax Myanmar Travels Happy Women Day

Summer Promo ☀️စာမေးပွဲတွေလည်း ပြီးတော့မယ်ဆိုတော့ မိသားစုတွေ အမှတ်တရ ခရီးစဉ်တွေ ဖန်တီးဖို့ အချိန်ရောက်ပြီနော်… MNA မှ ပြ...
02/03/2019

Summer Promo ☀️

စာမေးပွဲတွေလည်း ပြီးတော့မယ်ဆိုတော့ မိသားစုတွေ အမှတ်တရ ခရီးစဉ်တွေ ဖန်တီးဖို့ အချိန်ရောက်ပြီနော်… MNA မှ ပြည်တွင်းခရီးစဉ် တွေ ကို ပျံသန်း ပေးနေရုံသာ မက ပြည်ပ ခရီးစဉ်တွေ ဖြစ်ကြတဲ့ Singapore ၊ Bangkok ၊ Chaing Mai ၊ Phuket ၊ Hong Kong ၊ Chengdu အစရှိတဲ့ နိုင်ငံများ ကို ပျံသန်းနေပြီး အခု Summer Promo လေး နဲ့ ဝယ်ယူမယ်ဆိုရင်တော့ …..
Yangon – Singapore – Yangon – USD 251 (All in Fare)
Yangon – Bangkok – Yangon – USD 124 (All in Fare)
Yangon – Chaing Mai – Yangon – USD 149 (All in Fare)
Yangon – Phuket – Yangon – USD 229 (All in fare)
Yangon – Hong Kong – Yangon – USD 331 (All in Fare)
Yangon – Chengdu – Yangon – USD 330 (All in Fare)
ပြည်ပခရီးစဉ် Promotion လက်မှတ်တွေ အကုန်လုံး မှာ Baggage – 30KG နဲ့ Hand Carry – 7 KG ပါဝင်တဲ့ အပြင် Meal လည်း ပါဝင်ပြီးသားပါ…
Sales Period နှင့် Travel Period ကိုတော့ 30th September 2019 အထိ
သတ်မှတ်ပေးထားပါတယ်ရှင်…ဈေးနှုန်းအ ပြောင်းအလဲ ရှိပါသဖြင့်.ကြိုတင် မှာယူမှ စိတ်ချရမယ်နော်...
No.235/ 28Street , Bet; 81*82, Mandalay
PH NO .09444661442,09 777744799ဆက်သွယ် မှာယူနိုင် ပါတယ် ..

မန်မာအမျိုးသားလေကြောင်းမှ YANGON - MANDALAY - YANGON ကို နေ့စဉ်ပျံသန်းပြေးဆွဲနေပြီး ခရီးစဉ်တစ်ကြောင်း ကို MMK 69,000 မှစ...
22/05/2018

မန်မာအမျိုးသားလေကြောင်းမှ YANGON - MANDALAY - YANGON ကို နေ့စဉ်ပျံသန်းပြေးဆွဲနေပြီး ခရီးစဉ်တစ်ကြောင်း ကို MMK 69,000 မှစတင်ပြီး ၀ယ်ယူနိုင်ပါတယ်....
09444661799,09777744799,09444661442(Viber)phများတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

မင်္ဂလာပါ Belax Myanmar Travels&Tours မှ ခရီးသွားcustomerအတွက် လေယာဉ်လတ်မှတ်(Air Tickets)ပြည်တွင်း-ပြည်ပနှင့်ဂိတ်ပေါင်းစုံ...
21/05/2018

မင်္ဂလာပါ
Belax Myanmar Travels&Tours မှ ခရီးသွားcustomerအတွက် လေယာဉ်လတ်မှတ်(Air Tickets)ပြည်တွင်း-ပြည်ပနှင့်ဂိတ်ပေါင်းစုံကားလတ်မှတ် (Bus Tickets)များကို ဈေးနူန်းအထူးမှန်ကန်သက်သာစွာဖြင့်ဝယ်ယူအားပေးနိုင်ပါပြီဗျာ
ဆက်သွယ်ရန်-09444661799,09777744799,09444661442(Viber)phများတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ဝယ်ယူအားပေးသော customerများအားအထူးကျေးဇူးတင်ရှိပါသည်။

28/12/2017

မန္တလေး မှသည် ငပလီဆီသို့ …�မင်္ဂလာပါ …�မန္တလေးကမိတ်ဆွေတွေရဲ့ အကောင်းဆုံး အားလပ်ရက်ကမ်းခြေအိပ်မက်ကို အခုပဲ အကောင်ထည်ဖေါ်ပြီး ရှေ့လက်တစ်ကမ်းအလိုက ဒီဇင်ဘာအားလပ်ရက်တွေမှာ အပန်းဖြေအနားယူဖို့ မန္တလေးကနေ ငပလီကမ်းခြေ(သံတွဲလေဆိပ်)အရောက် နဲ့အတူ တိုက်​ရိုက်​ပျံသန်းလိုက်ရအောင်။�အသေးစိတ်သိလိုတာတွေကို ဖုန်း 09 763606544, 01 8500933 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

26/10/2017

"Travel Tip: Check-in Time"
မြန်မာအမျိုးသားလေကြောင်း၏ ခရီးသွားပြည်သူများ ခရီးစဉ်ချောမွေ့ စေရန် Check-in အချိန်များကို သတိပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ပြည်တွင်းခရီးစဉ် များအတွက် လေယာဉ်ထွက်ခွာချိန်မတိုင်မီ (၂)နာရီအလိုတွင် Check-in counter များစတင်ဖွင့်ပြီး လေယာဉ်မထွက်ခွာမီ မိနစ် (၃၀) အလို တွင် Check-in counter ပိတ်ပါသည်။ပြည်ပခရီးစဉ်များအတွက် လေယာဉ်ထွက်ခွာချိန်မတိုင်မီ (၃)နာရီအလိုတွင် Check-in counter များစတင်ဖွင့်ပြီး လေယာဉ်မထွက်ခွာမီ (၄၅) မိနစ် အလို တွင် Check-in counter ပိတ်မှာဖြစ်၍ လေဆိပ်သို့  အချိန်မီလာရောက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။
ဘန်ကောက်လေဆိပ် မှထွက်ခွာမည့်ခရီးသည်များအနေဖြင့် လေယာဉ်ထွက်ခွာချိန်မတိုင်မီ မိနစ် (၆၀) အလိုတွင် Check-in counter ပိတ်သောကြောင့် လေယာဉ်မထွက်ခွာမီ (၂)နာရီ အလို တွင်ဘန်ကောက် လေဆိပ်သို့ လာရောက် ပေးပါရန် အထူးသတိပေးအပ်ပါသည်။
Domestic flights open check-in 2 hours before departure, and close 30 mins before flight departure. International flights open check-in 3 hours before departure, and close 45 mins before flight departure.
NOTE: Bangkok airport check-in counters close 60 mins before flight departure. Travellers are encouraged to arrive at the BKK airport at least 2 hours prior to departure to allow sufficient time to check-in and complete security processes.

03/08/2017

ခရီးသွား မိဘပြည်သူများအား မေတ္တာရပ်ခံချက်

Happy Thingyan Everyone!We will be closed 13/4/17 to 17/4/17.Will be open on 18/4/17!
12/04/2017

Happy Thingyan Everyone!We will be closed 13/4/17 to 17/4/17.Will be open on 18/4/17!

16/03/2017
မင်္ဂလာပါရှင်ပြည်တွင်းပြည်ပလေကြောင်းလိုင်းမျိုး စုံမှအသက်သာဆုံးသောလေယာဉ်လက်မှတ်များကိုBelax Myanmar Travels&Tours မှတနေရာထ...
15/01/2017

မင်္ဂလာပါရှင်
ပြည်တွင်းပြည်ပလေကြောင်းလိုင်းမျိုး စုံမှအသက်သာဆုံးသောလေယာဉ်လက်မှတ်များကိုBelax Myanmar Travels&Tours မှတနေရာထဲ စုံလင်စွာရွေးချယ်ဝယ်ယူနိုင်ပါပြီ
Belax Myanmar Travels & Tours မှလေယာဉ်လက်မှတ်များကိုမှန်ကန်ချိုသာသော နှုန်းထားများဖြင့်လူကြီးမင်းများအတွက်အဆင်ပြေစွာဝယ်ယူရရှိနိုင်ရန်စီစဉ်ဆောင်ရွက်ပေးနေပါပြီရှင်။ လူကြီးမင်းများစီးနင်းလိုက်ပါမည့် လေကြောင်းလိုင်းနှင့်
ခရီးသွားမည် အချိန်နေ့ ရက်ပေါ်မူတည်ပြီးဈေးနှုန်း အပြောင်းအလဲရှိမည်ဖြစ်ပါသဖြင့် ဈေးနှုန်းချိုသာသက်သက်သာသာသွားချင်လျှင် မိမိလိုချင်သောနေ့ ရက်များအတွက်စောစောကြိုတင် bookingယူထားဖို့ ကိုတော့မမေ့ နဲ့ နော်။
ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်များကိုမှာယူနိုင်ရန်အတွက်
အောက်ပါဖုန်းနံ ပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်ရှင်။
# #09444661442
# #09444661799
No.235/1 28th street,Bet;81st& 82nd, Mandalay!

MNA Promotion 2017!
28/12/2016

MNA Promotion 2017!

Belax Myanmar Travels&Tours  _the various Air tickets are  aviable now! Welcome to my angent for traveller enjoys!
16/12/2016

Belax Myanmar Travels&Tours _the various Air tickets are aviable now! Welcome to my angent for traveller enjoys!

21/10/2016

Address

28thstreet, Bet;81st&82nd
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 15:00
Sunday 09:00 - 14:00

Telephone

+959954437676

Alerts

Be the first to know and let us send you an email when Belax Myanmar Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Belax Myanmar Travels & Tours:

Share

Category

BELAX MYANMAR TRAVEL & TOURS

Belax Myanmar Travel is founded on the vision of promoting travelling locally and outside the country.We believe in delighting guest.