TNH Mandalay Car Rental & Taxi Service

TNH Mandalay Car Rental & Taxi Service Dear Sir / Madam,
We warmly welcome to Myanmar! We provide car rental service for travellers.
(11)

Besides , we also provide other services such as Package Tours and FIT Tours, Special Request Tour Arrangements, Hotel Reservation

31/07/2023

30/7/23 ရက်နေ့ TNH မှ စီစဉ်ပေးခွင့်ရတဲ့ ခရီးစဉ်များ
1. Sedan - MDY FullDay SS & Dinner.
2.Sedan - SGG Business Tour
3.Sedan - Taunggyi 1N2D
4.Sedan - Naypyidaw 1N2D

ကျွန်ုပ်တို့၏ ကားအငှားဝန်ဆောင်မှုကို အားပေးကြတဲ့ မိတ်ဆွေများကို အစဉ်လေးစား ကျေးဇူးတင်လျက် စီပွားလာဘ်လာဘများ ဆထက်တပိုးတိုးတက်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်🙏🙏🙏🙏🙏

TNH Mandalay Car Rental
Line, Viber, WhatsApp+9592210382, 09772210382

29/7/23 အတွက် TNH က စီစဉ်ပေးခွင့်ရတဲ့ ဝန်ဆောင်မှုလေးတွေကတော့ 1.Anza အင်းဝ မန်းလေး အင်းဝ။2. Sedan2စီး စစ်ကိုင်း၊မင်းကွန်း...
29/07/2023

29/7/23 အတွက် TNH က စီစဉ်ပေးခွင့်ရတဲ့ ဝန်ဆောင်မှုလေးတွေကတော့
1.Anza အင်းဝ မန်းလေး အင်းဝ။
2. Sedan2စီး စစ်ကိုင်း၊မင်းကွန်း၊အင်းဝ၊အမရ။
3.Sedan ပြင်ဦးလွင် 2N 3D တို့ဖြစ်ပါတယ်။

ချိတ်ဆက်ဖုန်းခေါ်အားပေးကြတဲ့ မိတ်ဆွေများကို ကျေးဇူးအထူးတင်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ၊ စီးပွားဥစ္စာ ဒီရေအလားတိုးပွားကြပါစေ၊ ရန်သူမျိုးငါးပါးကလွတ်ကင်းလို့ စိတ်သွားရာကိုယ်ပါ လိုရာဆန္ဒ တလုံးတဝပြည့်စုံကြပါစေ 🙏🙏🙏🙏🙏🙏
TNH Mandalay Car Rental
09772210382
Line, Viber, WhatsApp 092210382.

14/05/2023

ပြင်ဦးလွင် Day Return Trip လေူရပပါတယ်။ မိုခါလာနမ်းထားလို့ အပြိုပြိုအလဲလဲ မြင်ကွင်းနဲ့ကြုံခဲ့ရတယ်

29/30/1 ကာလိ၊ ဟိုက်ပါ 2N3D Saloon3/5/23 3Miles အပန်းဖြေစခန်း FullDay AlphardTNH Mandalay Car RentalViber, WhatsApp, Line...
03/05/2023

29/30/1 ကာလိ၊ ဟိုက်ပါ 2N3D Saloon
3/5/23 3Miles အပန်းဖြေစခန်း FullDay Alphard

TNH Mandalay Car Rental
Viber, WhatsApp, Line +9592210382, 09772210382

02/05/2023

ဟိုက်ပါရေတံခွန်သို့ တစ်ခေါက်...

TNH Mandalay Car Rental

TNH က Provide လုပ်ပေးရတဲ့ ကားအော်ဒါလေးများ။ ဧည့်သည်ရဲ့တောင်းဆိုမှုအရ  Alphard Vehicle လေးစီစဉ်ပေးထားပါတယ်။ အေးချမ်းပျော်...
28/04/2023

TNH က Provide လုပ်ပေးရတဲ့ ကားအော်ဒါလေးများ။ ဧည့်သည်ရဲ့တောင်းဆိုမှုအရ Alphard Vehicle လေးစီစဉ်ပေးထားပါတယ်။ အေးချမ်းပျော်ရွှင်ကြပါစေ စီးပွားဥစ္စာဒီရေအလား တိုးပွားကြပါစေ....

27/4/23
မြို့တွင်း နေ့ဝက်သုံး

28/29/4/23
လေဆိပ်ကြို မြို့တွင်းသုံး 2ရက်

28/04/2023

TNH က Provide လုပ်ပေးရတဲ့ ကားအော်ဒါလေးများ။ ဧည့်သည်ရဲ့တောင်းဆိုမှုအရ Alphard Vehicle လေးစီစဉ်ပေးထားပါတယ်။ အေးချမ်းပျော်ရွှင်ကြပါစေ စီးပွားဥစ္စာဒီရေအလား တိုးပွားကြပါစေ....

27/4/23
မြို့တွင်း နေ့ဝက်သုံး

28/29/4/23
လေဆိပ်ကကြို မြို့တွင်းသုံး 2ရက်

23/2/23 to 4/3/23 Yangon 9N10D Trip5/3/23 Mandalay Full Day Trip7/3/23 Apt Transfer Round Trip8/3/23 Pyinoolwin Day Retu...
10/03/2023

23/2/23 to 4/3/23 Yangon 9N10D Trip

5/3/23 Mandalay Full Day Trip

7/3/23 Apt Transfer Round Trip

8/3/23 Pyinoolwin Day Return Trip

9/3/23 to 10/3/23 Wundwin 1N 2D Trip

11/3/23 Apt pick up, MDY FD, Apt Drop Trip များ အသီးသီး ငှားရမ်းအသုံးပြုပေးကြသော မိတ်ဆွေ Customers များအား TNH Travel Service မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။

မန္တလေးမြို့နဲ့ အနီး/အဝေး ခရီးစဉ်များအတွက် စင်းလုံးငှားကားလေးဝန်ဆောင်မှုများ အတွက် TNH Mandalay Car Rental Service ကို ဆက်သွယ်ငှားရမ်းနိုင်ပါတယ်....။

TNH Mandalay Car Rental Service
Line, Viber, WhatsApp+9592210382

03/03/2023

ရန်ကုန်မြို့မှာလည်း Service ပေးနေပါတယ်....

I drived service to University of Technology Yatanarpon Cyber City, POL, University of Pharmacy Mandalay, Mandalay Techn...
01/02/2023

I drived service to University of Technology Yatanarpon Cyber City, POL, University of Pharmacy Mandalay, Mandalay Technology University, Technology University Mandalay, University of Computer Study Mandalay.

မန္တလေးမြို့တွင်းနဲ့ ပြင်ဦးလွင်ခရီးစဉ်တွေ 28/1/23 to 2/2/23ရက်အထိ ၆ရက်တာငှားရမ်းအသုံးပြုပေးတဲ့ U-Book က ညီမငယ်လေး ဆုရတီ ကို အထူးကျေးဇူးတင်ရှိပါတယ်...။

First, Feb 23.

TNH Mandalay Car Rental & Taxi Service

ဒီနေ့ ကလော Sightseeing ဒုတိယနေ့...ပထမဆုံး အိပ်ယာက မနက် 5:30 ထပြီး ကလောမြို့တစ်ပါတ် 6km Jogging ပြေးတယ်။ ပြေးပြီးပြန်လာတေ...
27/01/2023

ဒီနေ့ ကလော Sightseeing ဒုတိယနေ့...

ပထမဆုံး အိပ်ယာက မနက် 5:30 ထပြီး ကလောမြို့တစ်ပါတ် 6km Jogging ပြေးတယ်။ ပြေးပြီးပြန်လာတော့ အကြောလျှော့ ရေမိုးချိုးပြီး ကလောဈေးထဲမှာ မနက်စာ ရှမ်းတို့ဟူးနွေးသွားစားတယ်။

ဧည့်သည်လေးတွေက ၁၀နာရီမှ လာကြိုဖို့ ပြောလို့ ကားသန့်ရှင်းရေးလုပ်ပြီး Hotel Check out လုပ်ပြီးမှ Heritage Hotel ကိုသွားကြိုတယ်။

နှီးဘုရားကိုပို့တယ်။ View Point ကိုပို့တယ်။ Kalaw CafeYard ကိုပို့တယ်။ မင်မင်ကားဆရာ ကာပချီနို ၂ခွက် ဆင့်သောက်ခဲ့တယ်။

တောင်မင်းကြီးခုံပြာကို ဆက်ပို့တယ်။ ဧည့်သည်လေးတွေကို မင်မင်ကိုယ်တိုင် ဂစ်တာတီးပြီး‌ေဖျာ်‌ေြဖခဲ့တယ်။

City View ဆက်သွားခဲ့တယ်။ နေ့လည်စာ သုမောင်မှာ အတူစားကြတယ်။ သူတို့ပင်ပန်းသွားကြပြီ။

Heritage Hotel ကိုပြန်ပို့တယ်။
ဒီနေ့အဖို့ ဒါပါပဲ...

ကလောက HI Bar ဆိုတဲ့ ဆိုင်လေးကိုကြားဖူးတာကြာပြီ...။ တခါမှ မရောက်ဖူးသေးလို့ သွားချင်နေခဲ့တာလည်း ကြာပြီ..။အကြောင်းအကျိုးတို...
27/01/2023

ကလောက HI Bar ဆိုတဲ့ ဆိုင်လေးကိုကြားဖူးတာကြာပြီ...။ တခါမှ မရောက်ဖူးသေးလို့ သွားချင်နေခဲ့တာလည်း ကြာပြီ..။

အကြောင်းအကျိုးတိုက်ဆိုင်စွာပဲ ဒီညနေတော့ ရောက်ဖြစ်သွားတယ်..။

သူ့ဆိုင်က သက်တမ်း ၂၈နှစ်တောင်ပြည့်တော့မယ်တဲ့..။ သူ့ Bar ဆိုင်က ဘာ ပကာသနတွေမှလည်းမပါဘူး။ နေရာကျဉ်းကျဉ်းလေးမှာ လူအများကြီးထိုင်လို့ရအောင် လုပ်ထားတယ်..။

ပြီးတော့ County Music လေးတွေလည်း တိုးတိုးငြိမ့်ငြိမ့်လေးဖွင့်ထားပေးတယ်...။

လာထိုင်သမျှ လူအများကြီးကလည်း တခါမှ မသိဖူး မမြင်ဖူးကြပေမယ့် ငယ်ကျွမ်းဆွေများအလား..။ တရင်းတနှီး မိတ်တွေဆက်ကြ၊ စကားတွေပြောကြ၊ ခွက်တွေတိုက်ကြနဲ့...။

အထူးခြားဆုံးက ဒီအရက်ဆိုင်မှာ မိန်းကလေးတွေအများကြီး လာထိုင်တာကို ပထမဆုံးမြင်ဖူးခြင်းပဲ..။

သူ့ဆိုင်မှာ Option Sour အနေနဲ့ Rum, Whisky, Gin ၃မျိုးထဲက ကြိုက်ရာတမျိုး ရွေးလို့ရမယ်။ တခွက် 2000ks ပဲ၊ မြေပဲလှော်တစ်ခွက်၊ ဂျင်းသုပ်တစ်ခွက်၊လဘက်သုပ်တစ်ခွက်၊ ဖက်ကြမ်းတစ်လိပ် Complementary ရမယ်။ မကျေနပ်လို့အသားစားချင်ရင် အမည်းသားကြော်တစ်ခွက် 2000ks နဲ့မှာစားလို့ရမယ်..။

ဒီနေ့ မင်မင်ကတော့ Rum Sour 4cup နဲ့ အမဲသားကြော်တစ်ပွဲ အားပေးခဲ့တယ်။ Candle Light နဲ့ သောက်ဖော်သောက်ဖက်တွေကို ဖြစ်သလိုရိုက်လာခဲ့တယ်..။

ဆိုင်ရှင်ဆိုတဲ့ ဘဲကြီးကလည်း တရင်းတနှီး နဲ့ ပျူငှာတယ်။
နောက်ဆုံး မှတ်ချက်ချမိတာက အတော်အောင်မြင်တဲ့ လုပ်ငန်းပါ့လားပေါ့.....အားကျပါတယ်ဗျာ

TNH Mandalay Car Rental Service
Line, Viber, WhatsApp+9592210382

23/01/2023

My Idol လေး Mary လာစဉ်က TNH ရဲ့ဝန်ဆောင်မှုနဲ့အတူ

၁၉/၁/၂၃ ရက်နေ့ ရန်ကုန်လေဆိပ်အပို့ ခရီးစဉ် စီစဉ်ပေးသူ ဦးအောင်ကျော်မြင့်နှင့်၂၁/၁/၂၃ ရက်နေ့ ရန်ကုန် မန္တလေး ခရီးစဉ် အတွက် ...
21/01/2023

၁၉/၁/၂၃ ရက်နေ့ ရန်ကုန်လေဆိပ်အပို့ ခရီးစဉ် စီစဉ်ပေးသူ ဦးအောင်ကျော်မြင့်နှင့်
၂၁/၁/၂၃ ရက်နေ့ ရန်ကုန် မန္တလေး ခရီးစဉ် အတွက် အပြန်ခရီးသည် စီစဉ်ပေးသူ ကိုနိုင်တို့အား အထူးကျေးဇူးတင်ရှိပါတယ်...။
အောင်မြင်ကြီးပွား တိုးတက်ကြပါစေ

မန္တလေးမြို့တွင်း၊မြို့ပြင် ကားလေးစင်းလုံးငှား ဝန်ဆောင်မှုများအတွက်
TNH Mandalay Car Rental
Line, Viber, WhatsApp+9592210382 ကိုဆက်သွယ်ပေးပါ...။

မင်္ဂလာပါ....POL Drop Trip လေးရရှိပါတယ်။ အော္ဒါပေးတဲ့သူများ၊ တိုက်ရိုက်ချိတ်ဆက် ငှားရမ်းသူ My Customer များ စိတ်ချမ်းသာ၊...
16/01/2023

မင်္ဂလာပါ....

POL Drop Trip လေးရရှိပါတယ်။

အော္ဒါပေးတဲ့သူများ၊ တိုက်ရိုက်ချိတ်ဆက် ငှားရမ်းသူ My Customer များ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ၍ စီးပွားဥစ္စာဒီရေအလား တိုးပွားကြပါစေ...။ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ကြပါစေ....🙏🙏🙏🙏🙏

TNH Mandalay Car Rental
Line, Viber, WhatsApp +9592210382

16/1/23

January 4,5,7 လေဆိပ်ကြို၊ အင်းဝ၊ အမရပူရ၊ မန္တလေးမြို့တွင်း၊ ပြင်ဦးလွင် Sightseeing ခရီးစဉ်များအတွက် တစ်လကြိုတင်၍ Booking...
05/01/2023

January 4,5,7 လေဆိပ်ကြို၊ အင်းဝ၊ အမရပူရ၊ မန္တလေးမြို့တွင်း၊ ပြင်ဦးလွင် Sightseeing ခရီးစဉ်များအတွက် တစ်လကြိုတင်၍ Bookingဖြင့် အားပေးခဲ့သော ရခိုင်တိုင်းရင်းသား ညီနဲ့ညီမ ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။
ကျန်းမာကြပါစေ၊စီးပွားဥစ္စာဒီရေအလားတိုးပွားကြပါစေ🙏🙏🙏

အနီးအ‌ေဝး ခရီးစဉ်ကားလေးစင်းလုံးငှားအတွက် လိုအပ်ပါက
TNH Mandalay Car Rental
Line,Viber, WhatsApp +9592210382

ပြင်ဦးလွင် ပန်းပွဲတော် (Blooming Fantasy) သို့ TNH ရဲ့ ဝန်ဆောင်မှုဖြင့်သွားရောက်ခဲ့ကြသော မွန်တိုင်းရင်းသားလေးများအား အထူ...
25/12/2022

ပြင်ဦးလွင် ပန်းပွဲတော် (Blooming Fantasy) သို့ TNH ရဲ့ ဝန်ဆောင်မှုဖြင့်သွားရောက်ခဲ့ကြသော မွန်တိုင်းရင်းသားလေးများအား အထူးပဲကျေးဇူးတင်ရှိပါတယ်...။
ကပ်ကြီးသုံးပါးကျော်လွှားနိုင်ကြပါစေ..စီးပွားဥစ္စာဒီရေအလားတိုးပွားကြပါစေ...🙏🙏🙏

TNH Mandalay Car Rental
Line, Viber, WhatsApp)+9592210382

ဒီနေ့ ကရင်နှစ်သစ်ကူးနေ့မှာ စစ်ကိုင်း၊မင်းကွန်း၊အင်းဝ၊အမရပူရ မြို့ဟောင်းလေးမြို့ Sightseeing ကို TNH ရဲ့ဝန်ဆောင်မှုဖြင့် ...
22/12/2022

ဒီနေ့ ကရင်နှစ်သစ်ကူးနေ့မှာ စစ်ကိုင်း၊မင်းကွန်း၊အင်းဝ၊အမရပူရ မြို့ဟောင်းလေးမြို့ Sightseeing ကို TNH ရဲ့ဝန်ဆောင်မှုဖြင့် သွားရောက်လည်ပါတ်ခဲ့သော မော်လမြိုင်မြို့မှ ညီလေးနဲ့ညီမလေးတို့ကို အထူးပဲကျေးဇူးတင်ပါတယ်...။ ကပ်ကြီးသုံးပါးကျော်လွှားနိုင်ကြပါစေ၊စီးပွားဥစ္စာဒီရေအလား တိုးပွားကြပါစေ🙏🙏🙏

TNH Mandalay Car Rental
Line, Viber, WhatsApp+9592210382

ကလော Sightseeing ၂ညအိပ် ၃ရက် ခရီးစဉ်လေးဖြစ်ပါတယ်။ လေဆိပ်ကြို ရွာငံ၊ ရေပြာအိုင်၊ တောကျယ်ရေပြာစမ်းရေတခွန်၊ ပင်းတယ၊ ကလော ခရ...
07/12/2022

ကလော Sightseeing ၂ညအိပ် ၃ရက် ခရီးစဉ်လေးဖြစ်ပါတယ်။ လေဆိပ်ကြို ရွာငံ၊ ရေပြာအိုင်၊ တောကျယ်ရေပြာစမ်းရေတခွန်၊ ပင်းတယ၊ ကလော ခရီးစဉ်ကို ကြိုတင် Booking လုပ်၍ အားပေးခဲ့သော ရန်ကုန်က ညီလေး Austin ကို အထူးကျေးဇူးတင်ရှိပါတယ်။ အောင်မြင်ကြီးပွားတိုးတက်ပါစေ..

TNH Mandalay Car Rental
Line, Viber, WhatsApp+9592210382

Day 3Sgg, Ava 2 Ancient City Sightseeing & Drop Aptသင့်ရဲ့ အပန်းဖြေခရီးစဉ်သော်လည်းကောင်း၊ ကျန်းမာရေး လူမှုရေး အစရှိတဲ့ ခ...
11/03/2022

Day 3

Sgg, Ava 2 Ancient City Sightseeing & Drop Apt

သင့်ရဲ့ အပန်းဖြေခရီးစဉ်သော်လည်းကောင်း၊ ကျန်းမာရေး လူမှုရေး အစရှိတဲ့ ခရီးစဉ်များအတွက်သော်လည်းကောင်း TNH ကသင့်တင့် မျှတသော ဈေးနှုန်းများြဖင့် စင်းလုံးငှား ကားဝန်ဆောင်မှုပေးပါရစေ။

TNH Mandalay Car Rental & Taxi Service

Sightseeing with KoreansAs Day1 MDL Hill, U Bein Bridge, Golden Palace Monastery...9 Mar 2022
09/03/2022

Sightseeing with Koreans
As Day1 MDL Hill, U Bein Bridge, Golden Palace Monastery...

9 Mar 2022

မင်္ဂလာပါ....။ခရီးသွားပြည်သူများ မန္တလေး နွားထိုးကြီးနဲ့အနီးတဝိုက် စင်းလုံးငှားခရီးစဉ်များကိုဝန်ဆောင်မှု ဈေးနှုန်းသက်သာစ...
24/02/2022

မင်္ဂလာပါ....။

ခရီးသွားပြည်သူများ မန္တလေး နွားထိုးကြီးနဲ့အနီးတဝိုက် စင်းလုံးငှားခရီးစဉ်များကိုဝန်ဆောင်မှု ဈေးနှုန်းသက်သာစွာ စီစဉ်ပေးနေပါသည်။

TNH
WhatsApp, Viber, Line
+9592210382.
+959772210382

ပြည်ထောင်စုနေ့အမှတ်တရ ခရီးစဉ်အဖြစ် မြောက်ပိုင်းရှမ်းတိုင်းရင်းသား အရှေ့ပိုင်း ရှမ်းတိုင်းရင်းသူတို့နဲ့အတူ ပုဂံ ပုပ္ပါးခရ...
14/02/2022

ပြည်ထောင်စုနေ့အမှတ်တရ ခရီးစဉ်အဖြစ် မြောက်ပိုင်းရှမ်းတိုင်းရင်းသား အရှေ့ပိုင်း ရှမ်းတိုင်းရင်းသူတို့နဲ့အတူ ပုဂံ ပုပ္ပါးခရီးစဉ် အား စီစဉ်ချိတ်ဆက်ပေးသော ကို KoZawkokoHtet အားကျေးဇူး အထူးတင်ရှိပါကြောင်း

Feb 9/10 Bagan ခရီးစဉ် ၁ညအိပ်၂ရက် ခရီးစဉ်အား ချိတ်ဆက် စီစဉ်ပေးပါသော ညီလေး Win Nyi Nyi Alphard Car Rental အား အထူး ကျေးဇူ...
11/02/2022

Feb 9/10 Bagan ခရီးစဉ် ၁ညအိပ်၂ရက် ခရီးစဉ်အား ချိတ်ဆက် စီစဉ်ပေးပါသော ညီလေး Win Nyi Nyi Alphard Car Rental အား အထူး ကျေးဇူးတင်ရှိပါသည်။

မင်္ဂလာပါ
20/01/2022

မင်္ဂလာပါ

2022 ရဲ့ ဈေးဦးပေါက်ခရီးစဉ်လေးကို ငှားရမ်းအသုံးပြုပေးပါသော အမ မသွဲ့သွဲ့ဝင်းအား အထူးကျေးဇူးတင်ရှိပါကြောင်း...။TNH Mandalay...
06/01/2022

2022 ရဲ့ ဈေးဦးပေါက်ခရီးစဉ်လေးကို ငှားရမ်းအသုံးပြုပေးပါသော အမ မသွဲ့သွဲ့ဝင်းအား အထူးကျေးဇူးတင်ရှိပါကြောင်း...။

TNH Mandalay Car Rental & Taxi Service

မန္တလေးလေဆိပ်မှ အစပြု၍ ရှမ်းမြောက်လားရှိုး၊ ချင်းရွှေဟော်၊ မန္တလေး မှ တဖန် မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ် ကျောက်ဖြ...
12/09/2021

မန္တလေးလေဆိပ်မှ အစပြု၍ ရှမ်းမြောက်လားရှိုး၊ ချင်းရွှေဟော်၊ မန္တလေး မှ တဖန် မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ထိုမှ တဖန် မန္တလေးသို့ ရက်ရှည် ခရီးရှည် ခရီးစဉ် အကြီးကြီးအတွက် TNH MANDALAY Car Rental Service အား ငှားရမ်း အသုံးပြုပေးသွားပါသော ရန်ကုန်မြို့မှ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီပိုင်ရှင် ညီမလေးနှင့်သူ၏ ကိုယ်ရေးအရာရှိ ညီလေးတို့အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
အန္တရာယ်ကင်းဘေးရှင်း၊ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ
စီးပွားဥစ္စာ ဒီရေအလားတိုးတက်ကြပါစေ။
ကပ်ကြီးသုံးပါး ကျော်နင်းနိုင်ကြပါစေ။






TNH Mandalay Car Rental & Taxi Service

သာလီစွပါ အမျိုးရို့တရုတ်နယ်စပ် ချင်းရွှေဟော်မှသည် ရခိုင်ပြည်သို့ ရောက်ရှိ....ရက်ရှည် ခရီးစဉ်အားပေးပါသော ကျွန်ုပ်၏ ရွှေဧည...
06/09/2021

သာလီစွပါ အမျိုးရို့

တရုတ်နယ်စပ် ချင်းရွှေဟော်မှသည် ရခိုင်ပြည်သို့ ရောက်ရှိ....

ရက်ရှည် ခရီးစဉ်အားပေးပါသော ကျွန်ုပ်၏ ရွှေဧည့်သည် ပေါက်ဖော်လေးနဲ့ အတူ😘😘😘

TNH Mandalay Car Rental & Taxi Service

31/08/2021

06/01/2021

Thiha, the Traveller

ပြင်ဦးလွင် မှာ ရေတံခွန်အတော်များပြီး နာမည်ကျော်ရေတံခွန်အများအပြားရှိတဲ့ဒေသဆိုတာ အားလုံးက အသိအမှတ်ပြုကြပြီးသား။ ပြင်ဦးလွင်မြို့တွင်းအနီးအပါးတင်မကဘူး၊ မြို့ပြင်ဝန်းကျင်မှာပါ ရေတံခွန်တွေအများအပြား ရှိနေတာမျိုးပါ။ သဘောကျတဲ့ ပြင်ဦးလွင်က ရေတံခွန်တွေထဲမှာ မီးစက်ကြီး လို့ သိကြတဲ့ ဝက်ဝံ ရေတံခွန် နဲ့ မြင်းဇင်း ရေတံခွန် တွေက အတော် သဘာဝဆန်ပြီး ဝန်းကျင်မှာ ညအိပ်ညနေ Camping လာလုပ်ကြတဲ့အထိပါပဲ။
ကျွန်တော်တို့တွေက ရေတံခွန်လှလှလေးတွေဆိုရင် သိပ်ချစ်တတ်ကြတယ်။ သဘာဝရေတံခွန်တွေရဲ့ အလှကို ခံစားနှစ်သက်ကြသလို၊ ရေစိမ် ရေချိုးလုပ်ချင်ကြတယ်။ တချို့ရေတံခွန်တွေကျတော့ လူအရမ်းစည်ကားလွန်းလို့ လူကြပ်ပြီး ပျော်စရာ မကောင်းတော့သလို တချို့ကျတော့လည်း အရမ်းဝေးလံပြီး ခက်ခက်ခဲခဲ အဆင်းအတက် လုပ်ရတယ်။ ဒီဝက်ဝံ နဲ့ မြင်းဇင်းရေတံခွန်တွေကတော့ အဲ့လောက် မခက်ခဲဘဲ လည်ပတ်လို့ ကောင်းတယ်။ ရေတွေက စိမ်းဖန့် ပြာလဲ့နေတယ်။ ပြီးတော့ အဆင်းအတက်လုပ်ရတာလည်း အခက်ခဲကြီးထဲ မပါတဲ့ ရေတံခွန်လေးတွေမို့ ပြင်ဦးလွင် ရောက်မယ်ဆိုရင် တစ်ရက်အချိန်ပေးပြီး သွားသင့်တယ်လို့ ဆိုချင်ပါတယ်။
==========================
ဝက်ဝံ နဲ့ မြင်းဇင်း ရေတံခွန်တွေဆီ ခရီးစဉ်
==========================
မေမြို့ သို့မဟုတ် ပြင်ဦးလွင် မှာ သွားလည်ချင်စရာတွေက အခေါက်တိုင်း ထပ်တိုးလာတယ်။ ခုလည်း ပြင်ဦးလွင် ရဲ့ တောလေးထဲက ရေတံခွန်လှလှလေးတွေဆီ တစ်နေ့ခရီးသွားလို့ရတယ်ဆိုတာနဲ့ ချက်ချင်း ထ အကောင်အထည်ဖော်ပစ်လိုက်တယ်။ ဒီခရီးစဉ်ကို စီစဉ်ပေးနေကျ ပြင်ဦးလွင်က Nature Traveler အဖွဲ့နဲ့ချိတ်ဆက်လိုက်ပါလေရောပေါ့။
ပြင်ဦးလွင် ကနေ ဝက်ဝံရွာဘက်ကို သွားရတာပါ။ ပိတ်ချင်းမြောင် ရေတံခွန်နဲ့ မဝေးတဲ့ ဓါတ်အားပေးစက်ကြီးရှိရာဘက်ကို သွားကြရမှာမို့ ပိတ်ချင်းမြောင်က ကားအပ်ဖို့ နေရာမှာ ကားအပ်ထားပြီး Soft Trekking လုပ်ဖို့ ပြင်ဆင်ရပါတယ်။ အရင်ဆုံး ဝက်ဝံ ရေတံခွန်ဘက်ကို သွားလည်ကြတယ်။ ဝက်ဝံရေတံခွန်ကိုလည်း မိနစ် (၃၀) လောက် တောင်ဆင်း လမ်းလျှောက်ပြီး သွားရပါတယ်။ သွားတဲ့လမ်းတစ်လျှောက်က အဆင်းလမ်းလိုဖြစ်နေတော့ မြန်မြန်နဲ့ မမောပန်းဘဲ ရောက်နိုင်တယ်။ တောလမ်းလေးကို စမ်းချောင်းလေးတွေ ဖြတ်၊ ခြုံနွယ်လေးတွေကြားက တိုးဝှေ့ပြီး သွားရတာ ရင်ခုန်ရတယ်။ အဲ့ဒီကနေမှာ ရေကျသံလေးတွေ ကြားရတော့ ပိုပျော်လာတယ်။ သွားရင်းနဲ့ ကိုယ့်မြင်ကွင်းထဲကို ရေစီးသန်သန် ဆင်းကျနေတဲ့ ရေတံခွန်တစ်ခု ဘွားခနဲ ပေါ်လာတယ်။ ရေတံခွန်နာမည်မေးကြည့်တော့ မရှိဘူးလို့ ပြောတယ်။ ရေတွေက ပြာလဲ့နေပြီး နွယ်ပင်လေးတွေ ဘေးမှာ ကျနေတာလေးက သဘာဝ ပန်းချီကားလိုပဲ။ ရေကျတာ သန်တယ်။ အဲ့ဒီရေတံခွန်လေးမှာ ခဏ အမောဖြေ ဓါတ်ပုံရိုက်လုပ်ပြီး စမ်းချောင်းလေး ဖြတ်လို့ ဝက်ဝံ ရေတံခွန်ဆီ သွားကြတယ်။
ဝက်ဝံ ရေတံခွန်ကိုရောက်တော့ ရေစိမ် ရေကူးလုပ်ချင်စိတ်ချက်ချင်းဖြစ်သွားအောင်ပါပဲ။ ရေကစားဖို့တော့ ဝက်ဝံရေတံခွန်ထက် မြင်းဇင်းရေတံခွန်ကျမှ ပိုစိတ်ချရတယ်လို့ ဆိုပါတယ်။ ဝက်ဝံရေတံခွန်က မြင့်တယ်။ လှတယ်။ ရေတွေ ကျနေပုံက နို့တွေ စီးနေသလိုမျိုးလေး။ တစ်ဘက်က ဂူလေးနဲ့ ရေတံခွန်အောက် ရေချိုးချင်စိတ်တွေ ပေါ်နေတာကို မနည်းထိန်းရတယ်။ သဘာဝရဲ့ အလှက အံ့မခန်းပဲ။ ဒီမှာလည်း ရေတွေ ကြည်လင်ပြာလဲ့နေပါတယ်။ အထပ် ၅ ထပ်လောက်ရှိတဲ့ ရေတံခွန်အဆင့်ဆင့်ကိုတော့ Drone နဲ့ကြည့်မှပဲ မြင်ရပေမဲ့ ဒီမှာတင် အတော်လှနေပါပြီ။
ဝက်ဝံရေတံခွန်မှာနားပြီးတော့ မြင်းဇင်းရေတံခွန်ဘက်ကို ဆက်ထွက်ကြတယ်။ မြင်းဇင်းရေတံခွန်ကို လည်း မိနစ် (၃၀) လောက် ဆက်သွားရပါတယ်။ ဒီတစ်ခါတော့ နည်းနည်းစွန့်စားခန်းလေးတွေလည်း ပါလာတယ်ပေါ့။ ဝါးတံတားလေးတွေကို ကူးရတာလည်း ခဏခဏ။ ဒါပေမဲ့လည်း ရေတံခွန်ရဲ့ အလှနဲ့ ရေချိုးရေစိမ် ဓါတ်ပုံရိုက်ချင်တော့လည်း လူက ပေါ့ပါးပျော်ရွှင်နေတယ်။ အတက်အဆင်းလေး နည်းနည်းသွားလိုက်ပြီးတော့ နောက်ထပ် သိပ်လှတဲ့ မြင်းဇင်းရေတံခွန်ဆိုတာကို ထိတွေ့ခွင့်ရခဲ့တယ်။ နေ့လည်စာ ကို ဒီ မြင်းဇင်းရေတံခွန် နားမှာပဲ တောတွင်းဆန်ဆန် စားကြတယ်။ အဲ့ဒီရေတံခွန်မှာ ရေတံခွန်က ထွက်လာတဲ့ ရေမှုံရေမွှားလေးတွေကြောင့် လူက ပင်ပန်းခဲ့သမျှ မေ့ပြီး ပျော်ရွှင်တက်ကြွလာတယ်။ နေ့လည်စာလေးစားပြီးတော့ ရေချိုး ရေကူးလိုက်၊ သူငယ်ချင်းတွေနဲ့ စလိုက်နောက်လိုက်။ ရေပြန်စိမ်လိုက်နဲ့ တကယ်ကို သဘာဝတောလေးထဲ ရေတံခွန်အသစ်တွေ့ရတဲ့ ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်မှုမျိုး ခံစားရတယ်။ ရေအောက်မှာက ရွှံ့အနယ်များတော့ သူ့သဘာဝအလျောက် ရေက ကြည်လင်ပြာလဲ့နေပေမဲ့ ကိုယ်က သွားဆွလိုက်သလိုဖြစ်ပြီး ရေနောက်တောက်တောက် ဖြစ်သွားတတ်တယ်။
ညနေစောင်းတော့ ရေတံခွန်လေးကို နှုတ်ဆက်ရပြီ။ အသွားခရီးတုန်းက ပေါ့ပေါ့ပါးပါး ရှိပေမဲ့ အပြန်ခရီးတော့ ကြိုးစားရပြီလေ။ တောင်တက်ခရီးလေးကို နည်းနည်း မောပေမဲ့ ကြိုးစားတက်ခဲ့တယ်။ လမ်းက အတော်ပြေတော့ မောတယ်လည်း သိပ်မခံစားရဘူး။ တစ်လမ်းလုံးလည်း သစ်ပင်လေးတွေ အုပ်အုပ်ဆိုင်းဆိုင်းဆိုတော့ အေးမြနေတယ်။ ဘာပဲဖြစ်ဖြစ် ဒီခရီးဟာလည်း ဒီရေတံခွန်လေးတွေရဲ့ အလှကြောင့် သွားရတာ သိပ်တန်တဲ့ခရီးစဉ် ဖြစ်သွားပြန်ပါတယ်။
======================
ရေတံခွန်သွားရင် သတိပြုစရာ
======================
• တောလမ်းခရီးလျှောက်၊ ရေထဲတွေဆင်းရတာဖြစ်လို့ Walking Shoe, Sports Shoe တွေ သေချာစီးလာသင့်ပါတယ်။ ရေထဲ နင်းလျှောက်တဲ့အခါ မတော်တဆ ရှမိတာ မဖြစ်အောင် ဖိနပ်မချွတ်ဘဲ သွားသင့်ပါတယ်။ ရေထဲလျှောက်တဲ့ဖိနပ်မျိုး ဆိုလည်း အဆင်ပြေပါတယ်။
• အဝတ်အစားကတော့ ရေကူးရမှာရော၊ တောလမ်းလျှောက်ရမှာရောမို့ နှစ်ခုစလုံးနဲ့အဆင်ပြေအောင် ပေါ့ပေါ့ပါးပါး တီရှပ် နဲ့ ဘောင်းဘီပွပွချောင်ချောင်တွေ ယူဆောင်သင့်ပါတယ်။ ဘောင်းဘီတိုရင်လည်း အပင်တွေနဲ့ ရှတတ်လို့ သတိထားရပါတယ်။ ရေလဲအဝတ်၊ လုံခြည်တွေလည်း ယူသွားပါ။ ဟိုမှာ အကာအကွယ် မရှိပါဘူး။
• ကိုယ်က ဆာတတ်ရင် မုန့်တွေ ယူဆောင်သွားသင့်ပါတယ်။ အအေးလည်း သောက်တတ်ရင် အပို ယူဆောင်သင့်ပါတယ်။
• နေလောင်ခံ ကာကွယ်တဲ့ ခရင်မ် နဲ့ SPF Spray တွေလည်း ဆောင်သင့်ပါတယ်။
• Local Guide တွေရဲ့ ညွှန်ကြားချက်တွေကိုလည်း တသွေမတိမ်းလိုက်နာသင့်ပါတယ်။
• အမှိုက်မချမိအောင် ကိုယ်ကိုယ်တိုင်ရော ကိုယ့်မိတ်ဆွေတွေကိုပါ သတိထား သိမ်းဆည်းပေးသင့်ပါတယ်။
ပြင်ဦးလွင် က သွားနေကျရေတံခွန်တွေ မသွားချင်ဘူး။ ပြင်ဦးလွင် အပြင်ခပ်ဝေးဝေးလည်း မသွားချင်ဘူး၊ သဘာဝဆန်ဆန်လေးလည်း မြင်ချင်တွေ့ချင်ဆိုရင်တော့ ဒီ ဝက်ဝံ နဲ့ မြင်းဇင်း ရေတံခွန်တွေခရီးက အဆင်အတော်ပြေပါတယ်။ ဒါကြောင့် ဘယ်ခရီးတွေ ဘယ်လိုပဲ ဆန်းကြယ် ဆန်းကြယ်... သဘာဝအလှတွေ ပေါများတဲ့ တောင်လှေကားမြို့တော် လို့တင်စားကြတဲ့ ပန်းကမ္ဘာမျှော်စင်ကြီး မေမြို့ သို့မဟုတ် ပြင်ဦးလွင် ကို ပြန်ပြန်လာလည်ချင်စိတ် ဖြစ်ရတာက မြန်မာ တိုင်းရဲ့ရင်ထဲက ဆန္ဒပေါ့။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin, Saw Kyaw Zin, Kyaw Lay
Camera :: SONY Alpha 7II with 16 - 35mm Lens & other Camera
Photos are modified in Lightroom by Thiha Lu Lin.

04/01/2021

Cloudy Villa

လာလို့ရပြီလား ပဲ ​မေး​နေကြလို့
တစ်​ဦးချင်းစီကို ပြန်​မ​ဖြေ​ပေး​တော့ဘူး​နော်
ရှမ်းပြည်​နယ်​အတွင်းကမြို့မှာ​နေထိုင်​တဲ့ ဧည့်​သည်​​တွေ ကိုယ်​​နေထိုင်​ရာမြို့နယ်​​ထောက်​ခံစာနဲ့အတူ လာလည်​လို့ရပါတယ်

အခြားတိုင်း​ဒေသကြီးနဲ့ ပြည်​နယ်​များမှ ဧည့်​သည်​​တွေက​တော့ လာလည်​လို့မရ​သေးပါဘူးရှင်

ကျေးဇူးတင်​ပါတယ်
09779212827

24/11/2020

အလှထိပ်ခေါင် တောင်သာတောင်....

တောင်သာမြို့၊ မြင်းခြံ-မိတ္ထီလာ ကားလမ်းမမှ တစ်ဆင့် တောင်သာမြို့ ရုက္ခဗေဒ ဥယျာဉ်လမ်းခွဲမှတစ်ဆင့် ကွန်ကရစ်ကားလမ်းအတိုင်း တောင်သာတောင်ထိပ်အရောက် တက်ရောက်ပြီး တိမ်ပင်လယ်အလှနှင့် နေထွက်ချိန်အလှကို ခံစားကြည့်ရှုနိုင်ပါသည်...



ဦးပြည့်

20/11/2020

Wandering SAI HTET

ပျောက်ဆုံးနေသောမြို့(သို့) သာမိုင်းခမ်း
အောင်ပန်း-ကလောစတင်ရာ.....

တောင်တန်းတွေနဲ့ ပတ်လည်ဝန်းရံပြီး ချိုင့်ဝမ်းလိျှုမြောင်တွေနဲ ၊စိမ်းညှိ့ညှိ့ထင်းရှူးတွေနဲ့ Pinelandလို့ ကမ္ဘာရော မြန်မာပါကျော်တဲ့ ကလောကိုလူတိုင်းသိကြတယ်။ စီးပွါးမြို့အောင်ပန်းကိုလည်း သိကြပါရဲ့။ သို့ပေမဲ့ ကလောနဲ့အောင်ပန်းရဲ့အစဖြစ်တည်ရာ ရှေးမြို့ဟောင်းမြို့ဖြစ်တဲ့ သာမိုင်းခမ်းကိုတော့ မသိကြတော့ဘူး။ သာမိုင်းခမ်းဟာ ပျောက်ဆုံးနေတဲ့မြို့ရယ်လို့ ပြောရင်လွန်မယ်မထင်ဘူး။

🌸သာမိုင်းခမ်း

သာမိုင်းခမ်း (အရပ်အခေါ် -သာမခမ်)ဟာ စော်ဘွားမြို့ဖြစ်ခဲ့ပေမဲ့ အခုတော့ ရွာဆင့်ကို လျောကျသွားပါပြီ။ အခုကလော-အောင်ပန်းနေရာဟာ သာမိုင်းခမ်းနယ်ထဲမှာပါခဲ့တာပါတဲ့။ ဒီကနေ့မှာတော့ သာမိုင်းခမ်းနှစ်ရွာ (တောင်နဲ့မြောက်) အဖြစ်သာတည်ရှိတော့တာပါ။ ရှေးဟောင်းမြို့ရဲ့ အမှတ်အသား အဖြစ် ရှေးဟောင်းစေတီတွေကိုပဲ တွေ့ရတော့တာ။ ရှေးဟောင်းစေတီဟာလည်း အပြိုအပျက်များစွာနဲ့ပဲ။

သာမိုင်းခမ်းကို အောင်ပန်း-တောင်ကြီးလမ်းမကြီးလမ်းအတိုင်း အောင်ပန်းမြို့ရဲ့ ၄မိုင်လောက်အကွာ ဘယ်ဘက်က လမ်းခွဲလေးအတိုင်းအတွင်းကို ၁မိုင်ကျော်လောက် ဝင်တာနဲ့ရောက်ပါမယ်။ သာမိုင်းခမ်းမှာ လေ့လာစရာဆိုလို့ သာမိုင်းခမ်းမွေတော်ကျောင်းမှာတည်ရှိနေတဲ့ ရှေးစေတီများနဲ့ ကျောင်းမရောက်ခင်မှာ ခြုံနွယ်ပိတ်ပေါင်းများအတွင်း ဌာပနာတော်တွေဖောက်ခံထားရလို့ ထုတ်ခြင်းပေါက်ဖြစ်နေတဲ့ စေတီအစုတွေပါ။ ရှိခဲ့တဲ့မြို့ရိုးကလည်း မြို့ရိုးကနေအုတ်ပုံ၊ အုတ်ပုံကနေ ခြံတွေအိမ်တွေအတွက်မြေညှိရင်း မရှိတော့ပါဘူးတဲ့။

မြို့ဟောင်းဖြစ်ခဲ့ဖူးတာနဲ့အညီ မြို့ကွက်က လေးထောင့်ကွက်အကွက်နဲ့ပါ။ လမ်းနာမည်တွေလည်း မြင်းပြိုင်လမ်း၊ စော်ဘွားလမ်း စသဖြင့်မှည့်ထားတယ်။ စော်ဘွားဟော်လည်း မရှိတော့ပါဘူး။ ဟော်ရဲ့ဂတ်တဲတောင် အောင်ပန်းဆီ ရွေ့ခဲ့တယ်လို့ မှီခဲ့တဲ့လူကြီးသူမတွေက ပြောပြခဲ့တာပါ။ အခုအခါ သာမိုင်းခမ်းမှာအများစုနေတဲ့လူမျိုးက ဓနုလူမျိုးပါ။

သာမိုင်းခမ်းမွေတော်မှာ ရှေးလက်ရာစေတီအစုအဝေး၊ ပြုပြင်ထားတဲ့ ဆင်းတုတော်အများအပြားဖူးတွေ့ရမှာပါ။ စေတီတွေလည်း ဘွဲ့တော်ကိုယ်စီရှိကြတယ်လို့လည်းသိရပါတယ်။ မူလဂန္ဓကုဋိနေရာမှာတော့ ကြည်ညိုဖွယ် ဗုဒ္ဓဆင်းတုတော်ကြီးတစ်ဆူ လှိုဏ်အတွင်း ကိန်းဝပ်နေပါတယ်။ ဘုရားမှာပန်းတွေလှဲဖို့ ရွာကလုံမငယ်လေးတွေ အလှည့်ကျတာဝန်ထားတာပါတဲ့။

စေတီအစုစုတွေနဲ့ ဆင်းတုတော်ရှိရာနေရာမှာ ကျောက်စာနှစ်ချပ်တွေ့ရပြီး တစ်ချပ်ကတော့ မြန်မာသက္ကရာဇ် ၁၂၁၅ ခုနှစ်၊ ခရစ်နှစ် ၁၈၅၁မှာ အမရပူရ ပုဂံမင်းလက်ထက် ရေးထိုးခဲ့တဲ့ ကျောက်စာချပ်ငယ် ဖြစ်တယ်လို့ မှတ်သားရပါတယ်။ ရုပ်ပွားတော်ကိန်းဝပ်ရာ မူလဂန္ဓကုဋိရှေ့မျက်နှာဖက်မှာ ဗုဒ္ဓနဲ့ ရှင်သာရိပုတ္တရာ ရှင်မဟာမောဂ္ဂလန် ရုပ်ပွားတော်များကို ဂန္ဓကုဋိအငယ်တစ်ဆောင်နဲ့တကွ လှူဒါန်းခဲ့ကြောင်း ရေးထိုးထားခြင်းပဲဖြစ်ပါတယ်။

စေတီcompoundရဲ့ဘေးမှာ တွေ့ရတာက မန္တလေးက စန္ဒာမုနိဘုရားက ရေတွင်းလို လှေကားအဆင့်ဆင့်နဲ့ရေတွင်း။ ရေတွင်းသာပြောပေမဲ့ ရေတွေကိုမသုံးပါဘူးတဲ့။ ဒါပေမဲ့စိုင်းထက်သွားချိန်မှာတော့ ကိုရင်ရေချိုးတာတော့တွေ့ခဲ့ရတယ်။ နောက်ရှေးဟောင်းရေးတွငါးတစ်ခုဆိုရင် အလျားအနံတစ်တောင်စီပဲရှိပေမဲ့ အနက်က ဝါးသုံးပြန်ရှိသတဲ့။

သာမိုင်းခမ်းရွာတွေရဲ့လူကြီးသူမအဆင့်ဆင့်ပြောကြားလာမှုအရ သာမိုင်းခမ်းလူတွေဟာ ချမ်းလည်းမချမ်းသာ ဆင်းလဲမဆင်းရဲပါဘူးတဲ့။ အကြောင်းရင်းက သာမိုင်းခမ်းအနီးက ပုန်းအင်းဟောင်းတစ်ခု အလောင်းစည်သူမင်းဖောင်ကပ်စဉ် ဖောင်ဆွဲဖို့ သာမိုင်းခမ်းရွာကလူတွေကိုဆင့်ခေါ်တာမလာကြလို့ အလောင်းစည်သူမင်းက မချမ်းသာပါစေနဲ့လို့ ကျိန်ခဲ့တာလို့ဖြစ်တယ်။ ဒါတွေက အချက်အလက်နဲ့သမိုင်းဆိုတာထက် ယုံကြည်မှုပဲဖြစ်ပါလိမ့်မယ်။

🌸ကလောအိုးစည်တောင်

ဘာမှမမြဲဘူးဆိုတဲ့ အမှန်တရားရှိပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ ပြန်လာခဲ့ပြီး အချိန်ရှိနေသေးလို့ ကလောဝင်ခါနီး အိုးစည်တောင်ဆီ သွားခဲ့သေးတယ်။ တောင်က အိုးစည်လိုဖြစ်နေလို့ အိုးစည်တောင်လို့ နာမည်ပေးခဲ့ပါသတဲ့။အိုးစည်တောင်ပေါ်အတက်လမ်းဟာ မတ်ပေမဲ့ ကတ္တရာလမ်းဖြစ်တာကြောင့် အဆင်ပြေပါတယ်။ တောင်ပေါ်ရောက်တော့ မိုးဖွဲဖွဲချနေလို့ ရှုခင်းလေးက ပွင့်လန်မထွက်ပေမဲ့ မိုးတွေ တိမ်ညှိတွေနဲ့ မြူဆိုင်းဆိုင်းရှုခင်းလေးက တမျိုးလှနေတာပဲ။

တောင်ရဲ့အနောက်တောင်ကိုကြည့်ရင် ကလောမြို့၊ မြင်းမထိတောင်။ စိုင်းထက်တည်းတဲ့ Dream Mountain Resortတောင်တွေ့ရသေး။ အရှေ့ဘက်ကြည့်ရင် တောင်ကြီးကိုတောင်တွေ့နိုင်တယ်လို့ စိုင်းထက်ကိုလိုက်ပို့ပေးတဲ့ ကလောlocal guideစည်သူက ပြောပြတာပါ။ သူကလိုက်ပို့ပေးတဲ့အပြင် ဓါတ်ပုံပါလိုက်ရိုက်ပေးတော့ အဆင်ပြေတယ်ဆိုတာထက်ကို ပိုပါတယ်။

🌸သာမိုင်းခမ်း၊ အောင်ပန်း၊ ကလော

ကိုလိုနီခေတ် ၁၈၉၇ ခုနှစ် မှတ်တမ်း အရ သာမိုင်းခမ်းနယ် ဟာ ၂၉၆.၆ Square Mileရှိပါတယ်။ မီးတင်းနေထိုင်တဲ့ တိုင်းရင်းသားတွေနဲ့အရေအတွက်ကတော့ -
တောင်ရိုး - ၅၀၁၇
ပအိုဝ်း- ၄၄၈၃
ဓနု - ၂၀၄၆
ရှမ်း - ၁၅၃
အင်းသား - ၁၁၆
ပလောင် - ၁၀၄
ဗမာ - ၆၂ ယောက်ရှိပါတယ်တဲ့ ။

၁၉၁၅ ခုနှစ် အောင်ပန်းဘူတာ ဖွင့်လှစ်ပြီးတဲ့နောက် ရောင်းဝယ် ဖောက်ကားအခြေချ နေထိုင်သူတွေ များလာတာနဲ့အတူ အောင်ပန်း လည်း စည်ပင်လာခဲ့တာပါ။ အခုဆိုရင် အောင်ပန်းဟာ ကုန်သွယ်ဗဟို ( Trading Centre ) ဖြစ်လာတာ အားလုံးအသိ။
စဝ်ထွန်းအေး စော်ဘွားအဖြစ်တက်လာတော့ ဟော်ကို အောင်ပန်း မှာဆောက်ပြီး အခြေစိုက် ပါတယ် ။

PS.

စိုင်းထက်က သမိုင်းပညာရှင်မဟုတ်သလို သုတေသီသမားလည်း မဟုတ်ပါဘူး။ ခရီးသွားရင်း အကြောင်းအချက်အလက်တချို့ကို ကိုယ်သိသလောက်ဝေမျှတာပါ။ အဲဒီအချက်အလက်လွဲမှားရင်လည်း သီးခံပေးစေလိုပါတယ်။ ပြင်လည်းပြင်ပေးနိုင်ပါတယ်ဗျာ။

နောက်တစ်ခုက ဒီပို့စ်ဖတ်မိပြီးခရီးသွားဖြစ်ရင်လည်းဘဲ ကိုယ့်အမှိုက်ကိုသိမ်းခြင်းနဲ့ လောကကြီးကို ကူညီကြရအောင်လားဗျာ။

ကျေးဇူးတင်ပါတယ်။

စိုင်းထက်

20/11/2020

ပိတ်သွားပြန်ပြီ

နောင်ချိုတိမ်ပင်လယ် စခန်းများ (ယာယီ)ပိတ်ခြင်း..

နောင်ချိုတိမ်ပင်လယ်စခန်းများ အထက်မှ ညွှန်ကြားလာ၍ မနက်ဖြနိ(၂၁-၁၁-၂၀) မှ စတင်၍ ( ယာယီ) ပိတ်ထားရပါမည်။

19/11/2020

Cloudy Villa

Hello.....
Cloudy Villa မှာ အမိုက်​စား ​တွေရှိတယ်​​ဆိုတာ မ​မေ့နဲ့​နော်

Booking now 👇👇👇

📞📞📞 09779212827

17/11/2020

Thiha, the Traveller

ရှမ်းပြည်နယ် ညောင်ရွှေဘက် ကို ခရီးထွက်ရင် အင်းလေး ကနေ ဆက်သွားလို့ရသေးတဲ့ စံကားအင်း ဘက်ကို ကျွန်တော် ရောက်ခဲ့တုန်းက သိပ်သဘောကျတဲ့နေရာလေး တစ်ခုရှိခဲ့တယ်။ အဲ့ဒီနေရာက တာခေါင်မွေတော် ရှိရာနေရာလေးပါ။ ညောင်ရွှေ ကနေ တာခေါင်ထိဆို ရေမိုင် အားဖြင့် (၃၇) မိုင်ခန့် သွားရတယ်လို့ မှတ်သားဖူးပါတယ်။ အင်းလေး ကနေ လှေနဲ့ သွားကြသလို၊ ကျွန်တော်ကတော့ ကားလမ်းနဲ့ စံကားမြို့ဟောင်း ရှိရာဆီကို သွားခဲ့ပါတယ်။ အဲ့ဒီက လှေဆိပ်ကနေမှ တစ်ခါ လှေပြန်စီးလိုက်တယ်ပေါ့။ စံကားဒေသတစ်ဝိုက် မှာ ရေမြုပ်နေတဲ့၊ ရေမြုပ်လေ့ရှိတဲ့ ရှေးစေတီတွေ အများအပြားရှိတတ်ပါတယ်။ အဲ့ဒီနေရာလေးတွေကို လည်ပတ်ကြည့်ရင်း တာခေါင်မွေတော် ရောက်လာတော့ ဒီလို ခမ်းနားသပ္ပါယ်တဲ့ စေတီတွေ အများအပြားရှိနေတဲ့ နေရာ ရှိပါသေးလားလို့ သိလိုက်ရတော့ သဘောကျမိသွားတာပါ။
=================
စံကားအင်းကြီး ပေါ်လာခဲ့တယ်ဆိုရာဝယ်…
=================
ကမ္ဘာမှာ တချို့ရေကန်အင်းအိုင်ကြီးတွေဟာ သဘာဝအလျောက်ဖြစ်ပေါ်လာတာလည်း ရှိသလို၊ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ချက်တွေကြောင့် ဖြစ်ပေါ်လာရတာတွေလည်း ရှိတတ်ပါတယ်။ စံကားအင်း ဟာ ဒုတိယအမျိုးအစားကြောင့် ဖြစ်လာတာပါ။ လောပိတရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် ၁၉၇၂ ခုနှစ်က မိုးဗြဲရေလှောင်ကန် ဆည်တမံ ပြုလုပ်တဲ့အခါမှာ ဘီလူးချောင်း ရေတွေကို လှောင်ရတာဖြစ်လို့ ရေတွေ မြင့်တက်လာရာကနေ ဘီလူးချောင်းတကြောမှာ ရှိတဲ့ ရွာတွေ၊ လယ်ယာမြေတွေ ဟာ နစ်မြုပ်ခံရာဖို့ ဖြစ်လာပါတယ်။ အဲ့ဒီမှာ စံကားဒေသဟာလည်း ပါဝင်ခဲ့ပါတယ်။ ၁၉၇၁ - ၇၂ တွေမှာ ရေတွေ စ ဝင်လာခဲ့ပြီး ၁၉၇၃ ခုနှစ်မှာတော့ လူနေထိုင်ဖို့ မဖြစ်နိုင်တော့လို့ မြင့်တဲ့အရပ်တွေကို အသီးသီးပြောင်းရွှေ့ခဲ့ကြရတယ်လို့ သိရပါတယ်။ တာခေါင်ရွာ ဟာ အရင်က အလွန်စည်ကားတဲ့ရွာကြီးအဖြစ် ဘီလူးချောင်းအရှေ့ဘက်ကမ်းမှာ တည်ရှိခဲ့တယ်လို့လည်း ဒေသခံတွေက လွမ်းမောဖွယ်ပြောပြလေ့ရှိပါတယ်။
=================
တာခေါင်မွေတော် အစ အလောင်းစည်သူမင်းကြီး က
=================
သမိုင်းကြောင်းစိတ်ဝင်စားသူတွေအတွက် တာခေါင်မွေတော် သမိုင်းကိုလည်း ဝေမျှပါရစေ။ တာခေါင်မွေတော် ကို အလောင်းစည်သူမင်းကြီး တည်တယ်လို့ ဖတ်မှတ်ခဲ့ရပါတယ်။ မြန်မာသက္ကရာဇ် ၄၇၄ ခုနှစ်မှာ ဘီလူးချောင်းထဲ စုန်ဆင်းသွားချိန် ဒီနေရာအရောက်မှာ ဖောင်တော်လှေထိုးသားတစ်ယောက်က သူ့လှော်တက် လွတ်ကျခဲ့ရာမှာ အလောင်းစည်သူမင်းကြီးက ဘုရားတစ်ဆူတည်ခဲ့တာ ဖြစ်တယ် ဆိုပါတယ်။ လှော်တက် ကျခဲ့တဲ့ နေရာမှာ တည်လို့ ဘုရားဘွဲ့ကိုလည်း တကျ၊ တက်ကျ ဘုရားလို့ မှည့်ပါသေးတယ်။ တစ်ခါ ဘုရားတည်ပြီးချိန် ဖောင်သားတွေ လှော်တက်ထောင်ပြီး အောင်ပြီ လို့ အော်ဟစ်ကြွေးကြော်ကြလို့ တက်ထောင် ဘုရားလို့လည်း ခေါ်ကြပြန်ပါသေးတယ်။ အဲ့မှာတင် တကျ၊ တက်ကျ၊ တက်ထောင် ဆိုပြီး အမည်နာမ တွင်ခဲ့ပြီး အချိန်ကာလကြာတော့ တက်ထောင် ကနေ တာခေါင် ဖြစ်လာတယ်လို့ ရှေးလူကြီးစကားအမွေ ကြားခဲ့ရပါတယ်။ ဒီစေတီမှာ အလောင်းစည်သူမင်းကြီး ဟာ စိန်ပတ္တမြားကျောက်မျက်ရတနာတွေအပြင် မြတ်စွာဘုရား ရဲ့ သရီရဓါတ်တော်တွေပါ ထည့်သွင်းပူဇော်ခဲ့တယ်လို့ ဖတ်ရပြန်ပါသေးတယ်။ ဒီနေရာမှာ ကျွန်တော့် အတွေးက အလောင်းစည်သူမင်းကြီး ဟာ ရှမ်းစေတီဟန်ကိုပဲ အစကတည်းက တည်ထားခဲ့သလား၊ ဗမာဟန် တည်ခဲ့သလား သိချင်မိပါသေးတယ်။ အခု မျက်မြင်မှာတော့ စေတီအကြီးအသေးတွေဟာ ရှမ်းဟန်ထီးနဲ့စေတီအသွင်အပြင်တွေကိုပဲ အများစု ဖူးကြရပါတယ်။ ကြားတည်းမှာ အသောကမင်းကြီး တည်တဲ့ ဆိုတဲ့ စေတီတစ်ဆူ ကိုလည်း ဖူးမြင်ကြရသေးတော့ အတွေးကတော့ ပိုရှည်သွားပါတယ်။ ဒါက ကျွန်တော်ကိုယ်တိုင်လည်း ထပ်လေ့လာဖို့ လိုနေသေးတဲ့ အပိုင်းတွေပါ။ ထပ်လေ့လာသလောက် သိရသမျှက အလောင်းစည်သူမင်းကြီး နောက်ပိုင်းမှာ စော်ဘွားတွေ၊ ဆရာတော်ကြီးတွေ နဲ့ ဒေသခံတွေ အသီးသီး ပြုပြင်တိုးချဲ့မှုတွေ လုပ်ခဲ့သေးတယ်ဆိုတာကြောင့် အတိုင်းအတာတစ်ခုထိတော့ ပြန်သုံးသပ်ဆင်ခြင်ဖို့ အဆင်ပြေသွားပါတယ်။
=================
ဘေးဒါဏ်ကြီးအမျိုးမျိုးကို ကြံ့ကြံ့ခံခဲ့တဲ့ တာခေါင်မွေတော်
=================
၁၉၃၉ ခုနှစ်တုန်းက တောမီးလောင်ရာကနေ ဘုရားထိ ကူးစက်မှုဖြစ်ခဲ့သေးတယ်လို့လည်း သိရပါသေးတယ်။ အဲ့ဒီတုန်းကတော့ ဇရပ်တွေ၊ တန်းလျားကြီးတွေ၊ ဘုရားဝတ်ဆောင် ၆ ဆောင် နဲ့ ဘုံ ၁၅ ဆင့် ပါ စောင်းတန်း ၂ ခု မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီတုန်းကလည်း ရှေးဟောင်းအမွေအနှစ်တွေ အတော် ဆုံးရှုံးခဲ့ပါလိမ့်ဦးမယ်။ အဲ့ဒီနောက် ၁၁ နှစ်ခန့် ပြုပြင်သူမရှိ နေလာခဲ့ရာကနေ မြို့ဟောင်းကျောင်း ဆရာတော် ဦးပဒုမ္မာ က ဦးဆောင်ပြုပြင်နေဆဲကာလ ၁၉၅၀ ခုနှစ်မှာ နိုင်ငံရေးမငြိမ်မသက်ဖြစ်ပြန်တော့ ဆက်ပြီး မပြင်နိုင်တော့ဘဲ နောက်ထပ် ၂၉ နှစ်ခန့် သေချာမပြုပြင်နိုင်ပဲ ရှိနေပြန်ပါတယ်။ ၁၉၆၈ ခုနှစ်မှာတော့ စပြီး ပြုပြင်မှုတွေ ပြုလုပ်ဖို့ တကာတွေ ပေါ်လာခဲ့ပါပြီ။ ဒါပေမဲ့လည်း ၁၉၇၈ မှာ တစ်ခါ ရှေးဟောင်းရတနာဖောက်ထွင်းခိုးယူသူတွေကြောင့် ဌာပနာပစ္စည်းတွေ ယူဖို့ ဘုရားဆင်းတု မျက်နှာတော်တွေကို ဖျက်ဆီးထွင်းဖောက်ခံရပြန်ပါတယ်။ သံတံခါးတွေကိုလည်း ဖျက်ဆီးပစ်ကြသလို၊ နံရံတွေမှာလည်း ရွှေယူဖို့ ပွတ်ခွာခံခဲ့ကြပါသေးတယ်။ ၁၉၈၅ မှ သေချာပြုပြင်မှုတွေ လုပ်လာခဲ့သလို ထီးလည်း တင်နိုင်ခဲ့တယ် ဆိုပါတယ်။
================
ဒီနေ့ တာခေါင်မွေတော်
================
ကျွန်တော် ရောက်သွားချိန် တာခေါင်မွေတော် ဟာ တမူထူးခြားသပ္ပါယ်မှုတွေနဲ့ ဖူးမြင်ခဲ့ရပါတယ်။ စေတီအဆူဆူ ကို ထိန်းသိမ်းပြုပြင်မှုတွေ ပြုလုပ်ထားတာလည်း ခံစားရပါတယ်။ မူလလက်ကျန်မရှိသလောက်ဖြစ်မယ်လို့ တွက်ဆမိပါတယ်။ စေတီတွေရဲ့ အလှူရှင်ကမ္ဗည်းတွေမှာ ထူးခြားစွာ နိုင်ငံခြားက အလှူရှင်နာမည်တွေ နေရာယူများနေတာ တွေ့ရပြန်ပါတယ်။ အာရှနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ ကိုးရီးယား တို့လိုမျိုးဘက်က အလှူရှင်တွေ ဖြစ်ကြပြီး ခန့်မှန်းမိသလောက် ရွှေကျောင်းဆရာတော် ရဲ့ အဆက် တကာ တကာမ တွေ လှူဒါန်းနေကြတာကြောင့် ဖြစ်မယ် သုံးသပ်ကြပါတယ်။ တာခေါင်မွေတော်မှာ မဖြစ်မနေ ဝင်ဖူးကြတာက အလောင်းစည်သူမင်းကြီး တည်ခဲ့တဲ့ ဘုရားကြီး ပါပဲ။ ကျွန်တော် သဘောကျတာကတော့ အသောကမင်းကြီး ကောင်းမှုလို့ ဆိုတဲ့ စေတီပါ။ အပြင်ကနေလည်း ဓါတ်ပုံရိုက်ဖို့လည်း အတော် သပ္ပါယ်သလို အတွင်းမှာ အလွန်ကြီးမားတဲ့ ထိုင်တော်မူကြီးတစ်ဆူရှိပြီး အတွင်းမှာ အသက်ရှူကြပ်ချင်စရာ ရုပ်ပွားတော်နဲ့ အမိုး၊ နံရံ တို့ဟာ ထိလု ပြည့်ကျပ်နေတာ ဖူးမြင်ကြရပါတယ်။ အဲ့ဒါအပြင် နံရံတွေမှာ အရံရုပ်ပွားတော် အဆူဆူ ကိုလည်း အပြည့် ထည့်သွင်းထားသေးတာမို့ နည်းနည်းတော့ မွမ်းကြပ်သလို ခံစားရစေပါတယ်။ တာခေါင်မွေတော် ဘုရားပုရဝုဏ်ကြီးက ကျယ်တာမို့ အေးအေးလူလူ လေ့လာ ဘုရားဖူးလို့ကောင်းတာကတော့ အမှန်ပါ။ နောက်ဘက်ခြမ်းမှာလည်း ယာခင်းတွေရဲ့ အလှကို တောင်တန်းကြီးနောက်ခံနဲ့ သဘာဝကျကျ ခံစားရပါသေးတယ်။ ဘေးမှာလည်း ရွာရဲ့ အလှ ကို မြင်တွေ့ရပါဦးမယ်။ သမိုင်းလေ့လာသူတွေအတွက်လည်း အရမ်းကောင်းသလို၊ ဓါတ်ပုံရိုက်လိုသူတွေအတွက်လည်း အတော် အဆင်ပြေလှပါတယ်။
=================
တာခေါင်မွေတော်မှာ မဖြစ်မနေ လုပ်စရာ
=================
တာခေါင်မွေတော်တစ်ခုလုံးမှာ စေတီကြီး ၇၆ ဆူ၊ စေတီငယ် ၅၄ ဆူ၊ ဘုရားငုတ်တို ၁၀၆ ဆူ ရှိနေလို့ စုစုပေါင်း ၂၃၆ ဆူ ဖူးစရာ ရှိပါမယ်။ အဲ့အထဲကမှ အချိန်များများ မရှိသူတွေအတွက် ဒီကို ရောက်ရင် မဖြစ်မနေ လုပ်ဆောင်စရာအနေနဲ့ ပြောပြချင်ပါတယ်။ အဲ့ဒါတွေက -
(၁) အလောင်းစည်သူမင်းကြီး တည်တဲ့ ဘုရားကြီး ကို ဖူးဖြစ်အောင် ဖူးကြည့်ပါ။
(၂) ဆုတောင်းပြည့် ဘုရား ကို ဝင်ဖူးပါ။ အနောက်ဘက်ခြမ်းမှာ ရှိပါတယ်။ ဘုရားကြွလာချိန် မိမိကိုယ်ကို တံတားအဖြစ် လမ်းခင်းပေးတဲ့ ရသေ့ကြီးနဲ့တကွ ပုံဖော်ပေးထားပါတယ်။
(၃) အသောကမင်းကြီးကောင်းမှု စေတီ ကို ဝင်လေ့လာဖူးမြှော်ပါ။
(၄) လေးကျွန်းသူ တွေကို ရှာကြည့်ခဲ့ပါ။
(၅) သော့ခတ်ထားတဲ့ ရှေးခေါင်းလောင်းကြီးတွေကို လေ့လာခဲ့ပါ။ ဝင်ပေါက်မုခ်ဦး တောင်ဘက်မှာ ကြေးပိဿချိန် ၆၄၀ ရှိတဲ့ ခေါင်းလောင်းကြီးကို ၁၃၃၉ ခုနှစ်မှာ သွန်းလုပ်ခဲ့တယ်ဆိုပါတယ်။ မြောက်ဘက် ခေါင်းလောင်းငယ် နှစ်ခု ကတော့ နှစ်ပေါင်း ၂၂၀ ကျော် ရှိပြီ လို့ သိရပါတယ်။ ခေါင်းလောင်းစာတွေလည်း ပါဝင်ပါတယ်။
=================
တာခေါင်မွေတော် ကို ဘယ်လိုလာမလဲ
=================
ညောင်ရွှေ ကနေ ရေလမ်းနဲ့ဖြစ်စေ၊ ကုန်းလမ်းနဲ့ ဖြစ်စေ စံကားမြို့ဟောင်းထိ လာလို့ ရပါတယ်။ ရေလမ်းနဲ့ကတော့ တန်းသွားရုံပါပဲ။ ကုန်းလမ်းနဲ့ဆိုရင်တော့ စံကားမြို့ဟောင်းလှေဆိပ်ကနေ လှေငှားပြီး သွားကြရမှာပါ။ တာခေါင်မွေတော် ဟာ အင်းတန်းကျေးရွာအုပ်စု၊ သာယာကုန်းရွာ နဲ့ ကျောက်တန်းရွာ ကြားမှာ တည်ရှိနေပါတယ်။ လာတဲ့လမ်းတလျှောက်လည်း ရေမြှုပ်နေတဲ့ ဘုရားပုထိုးတွေကို ဖူးမြင်ကြရဦးမှာ ဖြစ်သလို၊ စံကားမွေတော် နဲ့ နတ်တာရိုး တို့ကိုလည်း အလည်သွားနိုင်ဦးမှာပါ။
ရှေ့မှာလည်း ပြောခဲ့သလို ကျွန်တော် စံကားနယ်ကိုရောက်တော့ တာခေါင်မွေတော် ကို လည်ပတ်လေ့လာရတာ အတော် သဘောကျမိပါတယ်။ လှေစီးရင်း လူမှုဘဝကို လေ့လာရတာလည်း သဘောကျသလို၊ ကျွန်းမျောတွေပေါ်က ခရမ်းချဉ်းသီးစိုက်တောင်သူတွေရဲ့ နေ့စဉ်ဘဝတွေကို မြင်တွေ့လေ့လာရတာလည်း ကျေနပ်မိစေတယ်။ ဘုရားသမိုင်းနဲ့ စေတီတွေရဲ့ ဟန်ပန်တွေကို လေ့လာရတာလည်း အတော်အားရမိတော့ ဒီခရီးမျိုး နောက်ထပ် မြန်မြန်ကြုံပါစေလို့တောင် ဆုတောင်းနေမိပါတော့တယ်။ ဒီစာလေးရေးနိုင်ဖို့ အထောက်အမပေးပါတဲ့ ကိုတည်ငြိမ် (အင်းလေး Trekking Service) ကိုလည်း ကျေးဇူးအထူးပါ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Min Hsann, Thiha Lu Lin
Drone :: Si Thu Zaw Win
Camera :: SONY Alpha 7II with 16 - 35mm Lens
Photos are modified in Lightroom by Thiha Lu Lin.

18/09/2020

Traveller Chan

ပတ္တမြားမြေ မိုးကုတ်ရောက်ရင် သွားရောက်သင့်သော နေရာ (၃၀)

➖➖➖➖➖
ဘယ်မှာတည်းမလဲ
➖➖➖➖➖

ချမ်း မိုးကုတ်မှာ (၂)ညအိပ် (၃)ရက် လည်ခဲ့တာဖြစ်ပြီး Mogok Hill Hotel (ဖုန်း - 09 777222205, 09 458888205) နဲ့ စခန်းသာ Guesthouse (ဖုန်း - 09 779555771, 09 444676067) မှာ တစ်ရက်တစ်နေရာစီ တည်းခဲ့ပါတယ်။

➖➖➖➖➖
ဘယ်လိုသွားမလဲ
➖➖➖➖➖

မိုးကုတ်မြို့ကိုတက်ဖို့ မန္တလေး - မိုးကုတ် လမ်းဟောင်းရယ်၊ ပြင်ဦးလွင် - မိုးကုတ် လမ်းသစ်ရယ် ဆိုပြီး လမ်းကြောင်းနှစ်ခု ရှိပါတယ်။ လမ်းဟောင်းက ကိုလိုနီခေတ်တုန်းက ဖောက်ထားတာဖြစ်ပြီး ကွေ့ပေါင်း (၉၉၉)ကွေ့ ရှိတယ်။ ဗြိတိသျှတွေက ကားလမ်းဖောက်ရာမှာ သစ်တောကို မပျက်ဆီးအောင် အသားပေး ဖောက်တာဖြစ်တဲ့အတွက် လမ်းကြောင်းက ရှည်နေတတ်တယ်။ လမ်းသစ်ကတော့ ခုနောက်ပိုင်းမှာ ဖောက်ထားတာဖြစ်ပြီး လမ်းကြောင်းပိုတိုတယ်။ ဒါပေမယ့် တစ်ခါတရံ မငြိမ်သက်မှုလေးတွေ ရှိတဲ့အတွက်ကြောင့် လမ်းဟောင်းကပဲ သွားကြတာများတယ်။

➖➖➖➖➖➖
ခြောက်မည်ရ မိုးကုတ်
➖➖➖➖➖➖

မိုးကုတ်မြို့ကို မြန်မာသက္ကရာဇ် (၅၇၉)ခု မှာ တည်ထားတာလို့ မှတ်သားရတယ်။ မြို့တည်နှစ် စာချိုးကတော့ နည်းနည်းရှည်တယ်။ “ကိတ်၊ နဂါး၊ ကြွက် သုံးဖော်ယှက်၊ ကျောက်မျက်ရတနာ ပေါ်ထွက်လာ၊ ဂန္ဓာလတိုင်း သမိုင်းပွင့်ဆန်း ပင်သဖန်းဟု၊ မော်ကွန်းထိုးထုတ် မြို့မိုးကုတ်” ဆိုပြီး မှတ်သားကြတယ်။ မိုးကုတ်မြို့ကို မိန်းကွတ် (ကွေ့ကွေ့ကောက်ကောက်မြို့)၊ မိန်းကု (ခမောက်မြို့)၊ မိန်းကတ် (ချမ်းအေးသောမြို့)၊ ခေါင်ငေါက် (ခေါင်ငေါက်တောကို ရှင်းပြီး တည်ခဲ့သောမြို့) နှင့် ကံဝမ်ခမ်ဆောက်မိန်း (မိုးစောစောချုပ်သောမြို့) လို့လဲ ခေါ်ခဲ့ပါသေးတယ်။

➖➖➖➖➖
ရွှေညောင်ပင်ဈေး
➖➖➖➖➖

ရွှေညောင်ပင်ဈေးဟာ မိုးကုတ်မြို့အဝင် ကားလမ်းမနဘေးမှာ ရှိပါတယ်။ ဒေသထွက် သစ်သီးဝလံ၊ မုန့်ပဲသွားရေစာ၊ အစားအသောက်တွေ ဝယ်ယူရန်အတွက် ခရီးသွား အများစုဟာ သည်နေရာမှာ ခရီးတထောက် နားတတ်ကြတယ်။ အနားမှာ ရွှေညောင်ပင်ဘိုးဘိုးနတ်နန်း ရှိတဲ့ ညောင်ပင်ကြီးတစ်ပင်ရှိတာကို အကြောင်းပြုပြီး ရွှေညောင်ပင်ဈေးလို့ ခေါ်ဟန်တူတယ်။ ဈေးတန်းမှာ မဖြစ်မနေ ဝယ်ဖို့ အကြံပေးချင်တာကတော့ အာတာလွတ်အစပ်ကြော်၊ ခေါပုပ် နဲ့ ချဉ်စော်ခါးသီယိုပါ။

➖➖➖➖➖➖➖➖➖➖➖ ➖
ဂွေးပင်ရှေးဟောင်းဘုရားများနှင့် လှိုဏ်ဂူ
➖➖➖➖➖➖➖➖➖➖➖ ➖

ရွှေညောင်ပင်ဈေးကနေ အရှေ့ဘက်သို့ ဆက်သွားရင် ဂွေးပင်ရွာကို ရောက်တယ်။ ဂွေးပင်ရွာမှာ ရှေးဟောင်းဘုရားများ နဲ့ လှိုဏ်ဂူတော်တစ်ခု ရှိပါတယ်။ ဖျက်လိုဖျက်ဆီးတွေ ရှိတဲ့အတွက် လုံခြုံရေးအရ လှိုဏ်ဂူတော်ကို တံခါးတပ်ပြီး သော့ခတ်ထားရတယ်။ အတွင်းထဲ ဝင်ဖူးချင်ရင် ဆရာတော်ထံ ခွင့်တောင်းပြီး ဝင်လို့ရတယ်။ မြန်မာသက္ကရာဇ် ၁၂၃၃ခု၊ ဝါဆိုလဆန်း (၁၄)ရက် မှာ ဘုရားတည်တယ်။ ၁၂၈၃ခု၊ ကဆုန်လပြည့်နေ့မှာ ဂူအထက် တောင်ထိပ်ပေါ်၌ ညောင်ပင်စိုက်ခဲ့တယ်။ ၁၃၅၃၅ခု မှာတော့ ဂူချဲ့ခဲ့ပါတယ်။ ဘုရားဖူးရုံကလွဲပြီး ထူးထူးခြားခြားတော့ ဘာမှမရှိပါဘူး။

➖➖➖➖➖➖
ကျောက်ပြဿဒ်စေတီ
➖➖➖➖➖➖

ကျောက်ပြဿဒ်စေတီဟာ မိုးကုတ်မြို့ရဲ့ အနောက်ဘက်အခြမ်း၊ ဂွေးပင်ရှေးဟောင်းဘုရားများရဲ့ မြောက်ဘက်အရပ်မှာ ရှိပါတယ်။ တန်ဆောင်းပြဿဒ်နဲ့ ဆင်တူတဲ့ ကျောက်တောင်ပေါ်မှာ ဘုရားစေတီပုထိုးများ တည်ထားတဲ့အတွက် ကျောက်ပြဿဒ်စေတီလို့ ဘွဲ့အမည်ပေးထားတယ်။ ကျောက်ပြဿဒ်တောင်ကို အစွဲပြုပြီး အနီးအပါးမှရွာကို ကျောက်ပြဿဒ်ရွာလို့ပဲ ခေါ်ကြတယ်။

ကျောက်ပြဿဒ်စေတီကို မည်သည့်အချိန်က စတည်ခဲ့မှန်း မသိရပေမယ့် စေတီဟောင်းရဲ့ ဉာဏ်တော်က (၁၀)ပေ မြင့်တယ်။ လက်ရှိအချိန်မှာ ဉာဏ်တော် (၂၇)ပေ အမြင့်ရှိတဲ့စေတီအဖြစ် ဖူးမျှော်နိုင်ပါတယ်။ စေတီဆီသွားရန် ကားလမ်းကိုတော့ ၁၃၄၃ခု၊ နတ်တော်လဆန်း (၁၅)ရက် မှာ ဆရာတော်ဦးလာဘ ဦးဆောင်ပြီး ရွာသူရွာသားများကောင်းမှုဖြင့် ဖောက်လုပ်လှူဒါန်းခဲ့တယ်။ ကျောက်ပြဿဒ်တောင်ပေါ်ကနေ မြင်ရတဲ့ ရှုခင်းက လှပပြီးအေးချမ်းလွန်းတာကြောင့် မဖြစ်မနေသွားဖို့ တိုက်တွန်းချင်ပါတယ်။

➖➖➖➖➖➖➖
အောင်မိသားစု ကော်ဖီခြံ
➖➖➖➖➖➖➖

ကျောက်ပြဿဒ်စေတီကနေ အရှေ့မြောက်အရပ်သို့ ဆက်သွားမယ်ဆိုရင် ဆင်ခွါရွာမှာရှိတဲ့ အောင်မိသားစု ကော်ဖီခြံကို ရောက်ပါတယ်။ မိုးကုတ်ရဲ့ ရာသီဥတု အနေအထားအရ ကော်ဖီပင်တွေ အရည်အသွေးမြင့်မာစွာ ဖြစ်ထွန်းတယ်။ အောင်မိသားစု ကော်ဖီခြံကထွက်တဲ့ ကော်ဖီမှုန့်တွေရဲ့ အရည်အသွေးဟာဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာ အဆင့်နံပါတ် (၄) အကောင်းဆုံး ကော်ဖီမှုန့်အဖြစ် သတ်မှတ်ခံထားရတယ်။ အောင်မိသားစုကော်ဖီမှုန့်ကို မိုးကုတ်မြို့ပေါ်မှာ ဝယ်လို့ရပေမယ့် ကော်ဖီထုတ်လုပ်ပုံ အဆင့်ဆင့်ကို ကိုယ်တိုင်လေ့လာပြီး မြည်းစမ်းကြည့်ချင်တဲ့ အတွက်ကြောင့် ချမ်းကတော့ ခြံထဲအထိ သွားလေ့လာခဲ့ပါတယ်။

➖➖➖➖
ပင့်ကူတောင်
➖➖➖➖

ပင့်ကူတောင်ဟာ ကျောက်ပြဿဒ်စေတီရဲ့ အရှေ့ဘက်ရှိ ကျက်ပြင်ရပ်မှာ ရှိပါတယ်။ မိုးကုတ်မှာတော့ ပင့်ကူတောင် နဲ့ ဒေါ်နန်းကြည်တောင်ကို တစ်ရက်တည်း မသွားကောင်းဘူးလို့ အချို့က ပြောကြတယ်။ ဒါပေမယ့် ချမ်းတို့အဖွဲ့ သွားတာတော့ ဘာအနှောင့်အယှက်မှ မဖြစ်ခဲ့ပါဘူး။ တစ်ခုတော့ ဆင်ခြင်ခဲ့တာရှိတယ်။ အဲ့ဒါက ဒေါ်နန်းကြည်တောင်ပေါ် ရောက်နေချိန်မှာ ပင့်ကူတောင်အကြောင်း လုံးဝမပြောသလို၊ ပင့်ကူတောင်ပေါ် ရောက်နေချိန်မှာ ဒေါ်နန်းကြည်တောင်အကြောင်း လုံးဝမပြောဘဲ နေခဲ့ပါတယ်။

ကိုလိုနီခေတ်တုန်းက ပင့်ကူတောင်မှာ ကျောက်မျက်ရတနာများ ထွက်တယ်လို့ သတင်းကြီးတဲ့အတွက် ဂျော့စထရီးတား ကုမ္ပဏီက ကျောက်မျက်တူးဖော်ရေးကို အကြီးအကျယ် လုပ်ကိုင်ခဲ့ပါတယ်။ လက်တွေ့မှာ ထင်သလောက် ကျောက်မျက်ရတနာတွေ မထွက်ရှိတဲ့အတွက် အရှုံးပေါ်ခဲ့ရတယ်။ ဒါ့ကြောင့်မို့လို့ ပင့်ကူတောင်မှာ ခဲတွင်း၊ လူးတွင်းပေါင်းများစွာ ရှိနေပါတယ်။

ပင့်ကူတောင်ကိုရောက်ရင် တောင်ထိပ်ထိ ရောက်အောင်ဆက်ဆက် တက်စေချင်ပါတယ်။ တောင်ကမြင့်မားပြီး မောလောက်အောင်တက်ရပေမယ့် လှိုင်းလုံးများသဖွယ် ဖြစ်နေတဲ့ တောင်စဉ်တောင်တန်း အသွယ်သွယ် ဝန်းရံထားတဲ့ မိုးကုတ်မြို့ကို အနီးကပ် စီးမြင်ရတဲ့ရှုခင်းက တအံ့တသြငေးမောဖွယ် ကောင်းလှတာကြောင့် ပင်ပန်းရကျိုးနပ်မှာ အမှန်ပါပဲ။

➖➖➖ ➖
နွားကျလူးဂူ
➖➖➖ ➖

ပင့်ကူတောင်ရဲ့ တဝက်လောက်မှာ နွားကျလူးဂူ ဆိုတာ ရှိပါတယ်။ လူးတွင်းထဲသို့ နွားတစ်ကောင် ပြုတ်ကျပြီး သေသွားတဲ့အတွက် နွားကျလူးဂူလို့ နာမည်တွင်သွားတာပါ။ ဂူက မတ်စောက်ပြီး လမ်းကချောနေတယ်။ အဲ့ဒါကြောင့် ဂူပေါက်ဝ အနည်းငယ်လောက်အထိပဲ ဆင်းကြည့်ပြီး ကြောက်တာနဲ့ ပြန်တက်လာခဲ့ရတယ်။

➖➖➖➖➖➖
ဒေါ်နန်းကြည့်တောင်
➖➖➖➖➖➖

ဒေါ်နန်းကြည့်တောင်ဟာ ပင့်ကူတောင်ရဲ့ တောင်ဘက်အရပ်မှာ ရှိတယ်။ တစ်တောင်ပေါ်ရောက်ရင် အခြားတစ်တောင်အကြောင်း မပြောနဲ့လို့သာ ဆိုတယ်။ မျက်နှာချင်းဆိုင် မြင်နေရတာဆိုတော့ လွှတ်ခနဲ ပြောမိမတတ်ပါပဲ။

သည်တောင်ပေါ်မှာ ဒေါ်နန်းလို့ခေါ်တဲ့ အမျိုးသမီးတစ်ဦး ရင်ကွဲနာကျပြီး ကွယ်လွန်ခဲ့တာကို အစွဲပြုပြီး ဒေါ်နန်းကြည့်တောင်လို့ ခေါ်ရခြင်းဖြစ်တယ်။ ငါးထပ်ကြီးဒါယိကာ ပင်းတလဲမင်းလက်ထက်တုန်းက ငမောက်ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ဆွေမျိုးများနှင့်အတူ မိုးကုတ်သို့ ပြောင်းရွှေ့ကာ တောင်ယာစိုက်ပျိုး လုပ်ကိုင်စားသောက်ကြတယ်။ တစ်ခါတော့ ငမောက်ဟာ ပတ္တမြားကြီးတစ်လုံး ကောက်ရတယ်။ ကောက်ရတဲ့ ပတ္တမြားကြီးကို နှစ်ပိုင်းပိုင်းလိုက်ပြီး တစ်ပိုင်းကို ပင်းတလဲမင်းထံ ဆက်သတယ်။ နောက်တစ်ပိုင်းကို ယောက်ဖမောင်ရွှေအားအပ်ပြီး တရုတ်ပြည်သို့ သွားရောက်ရောင်းချစေတယ်။

တရုတ်ပြည်မှာ “မင်” မင်းဆက်ပျက်ဆီးတော့ ပတ္တမြားတစ်ခြမ်း ပိုင်ဆိုင်ထားတဲ့ တရုတ်ကုန်သည်ဟာ မြန်မာပြည်သို့ ခိုလှုံလာတယ်။ ကုန်သည်ဟာ ပင်းတလဲမင်းထံ အခစားဝင်ပြီး ပတ္တမြားကို ဆက်သတယ်။ မင်းကြီးက သူ့မှာရှိတဲ့ ပတ္တမြားနဲ့ ဆင်တူနေတာကြောင့် ဆက်ကြည့်လိုက်တဲ့အခါ ကျောက်တစ်လုံးတည်း ဖြစ်နေတာ သိသွားတယ်။ မင်းကြီးဟာ သူ့အား ပတ္တမြားတစ်လုံးလုံး မဆက်ရကောင်းလားဆိုပြီး ငမောက်ကို အမျက်တော်ရှကာ ဆွေမျိုး (၇)ဆက် မီးမြှိုက်ကွပ်မျက်စေတယ်။ ငမောက်ရဲ့ အမဖြစ်တဲ့ ဒေါ်နန်းက ခရီးလွန်နေတဲ့အတွက် လွတ်မြောက်သွားတယ်။ ဒါပေမယ့် သူပုန်းခိုရာ တောင်ပေါ်ကနေ ဆွေမျိုးများအားလုံး မီးမြှိုက်ခံနေရတာကို လှမ်းမြင်နေရတဲ့အတွက် ရင်ကွဲနာကျ သေပွဲဝင်ရလေတယ်။

➖➖➖➖
မြို့ဦးလွင်စေတီ
➖➖➖➖

မြို့ဦးလွင်စေတီဟာ ပင့်ကူတောင်ရဲ့ အရှေ့ဘက်အရပ်မှာ ရှိပါတယ်။ ပင့်ကူတောင်ကနေ ကြည်ညိုဖွယ် ဖူးမျှော်နိုင်တယ်။ စေတီရင်ပြင် အတက်လမ်းမှာရှိတဲ့ ထုထည်ကြီးမားလှတဲ့ ရှေးဟောင်းအုတ်တံတိုင်းကြီးကို သွားရောက်လေ့လာကြည့်သင့်တယ်။ တံတိုင်းအတွင်းမှာရှိတဲ့ အုတ်လှေကားတွေလည်း အကြီးကြီးပဲ။

➖➖➖➖➖
ဘော်ဗဒါန်းလှိုဏ်ဂူ
➖➖➖➖➖

ဘော်ဗဒါန်းလှိုဏ်ဂူဟာ မြို့ဦးလွင်စေတီရဲ့ အရှေ့မြောက်ဘက်ရှိ ဘော်ဗဒါန်းရွာမှာ ရှိပါတယ်။ လှိုဏ်ဂူက ကျောက်တောင်ရဲ့အလယ် ပေ(၂၀ဝ) အမြင့်မှာ ရှိတယ်။ ဂူအပြင် တောင်အစွန်းကနေကြည့်ရင် လှပတဲ့ ဘော်ဗဒါန်းရွာရှုခင်းကို ခံစားနိုင်တယ်။ ဘော်ဗဒါန်းဂူက သေးငယ်ကျဉ်းမြောင်းပေမယ့် မိုးကုတ်ဆရာတော်ဘုရားကြီး ကာလရှည်ကြာစွာ သီတင်းသုံး အားထုတ်ခဲ့ရာဂူ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေအဖို့ ထူးခြားတဲ့အောင်မြေနေရာလို့ ပြောရပါမယ်။

မိုးကုတ်ဆရာတော် ဦးဝိမလဟာ ဘော်ဗဒါန်းရွာကို သက္ကရာဇ် ၁၃၀၄ခု၊ နယုန်လဆုတ်မှာ ရောက်ရှိခဲ့ပါတယ်။ ထိုအချိန်တုန်းက ဒုတိယကမ္ဘာစစ်မီးဟာ မြန်မာပြည်သို့ ရိုက်ခတ်နေချိန် ဖြစ်တယ်။ ဆရာတော်ဟာ ဘော်ဗဒါန်းဂူအတွင်းမှာ လေးဝါတိုင်အောင် သီတင်းသုံးရင်း ရုပ်နာမ်နှစ်ပါးအတွင်း ဖြစ်ပျက်နေသော အတွင်းစစ်မီးကို တိုက်ထုတ်နိုင်ခဲ့ပါတယ်။

➖➖➖➖➖➖
ဖောင်တော်ဦးဘုရား
➖➖➖➖➖➖

ဖောင်တော်ဦးဘုရားဟာ မြို့ဦးလွင်စေတီရဲ့ အရှေ့ဘက်အရပ် မိုးကုတ်မြို့အတွင်းမှာ ရှိပါတယ်။ ဖောင်တော်ဦးဘုရားကို ရောက်တဲ့အခါ ဖောင်တော်ဦးရုပ်ပွားတော် နှစ်ဆူ၊ ရွှေပလ္လင် ငွေပလ္လင်၊ မကုဋ်နှစ်ခု နဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ မီးမခဘဲ ကျွင်းကျန်ရစ်ခဲ့တဲ့ ဓာတ်တော်မွေတော်များကို ဖူးမျှော်လေ့လာသင့်ပါတယ်။ ပလ္လင် နဲ့ မကုဋ် က ဖောင်တော်ဦးရုပ်ပွားတော်နှစ်ဆူရဲ့ အနောက်ဘက်မှာ ထိမ်းသိမ်းထားတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ မျက်လုံးတော်နှင့်အရိုးအသွေးအသား ဓာတ်တော်တွေကတော့ မင်္ဂလာကျောင်းတိုက် အတွင်းမှာ ရှိပါတယ်။

မူလဖောင်တော်ဦးရုပ်ပွားတော်ရဲ့ ဒါယိကာက ပုဂံပြည့်ရှင် အလောင်းစည်သူမင်းလို့ သိရတယ်။ ရုပ်ပွားတော်ကို သရက္ခန်အနှစ်သားဖြင့် ထုလုပ်ထားပြီး ဉာဏ်တော်က လက်လေးသစ်ခန့် မြင့်တယ်။ အလောင်းစည်သူမင်းက ရုပ်ပွားတော်ကို နောင်ချိုမြို့ အနီးမှာရှိတဲ့ သုံးဆယ်မြို့မှာ တည်ထားကိုးကွယ်စေတယ်။ မြန်မာသက္ကရာဇ် ၁၂၅၂ခုမှာ သုံးဆယ်မြို့မှ ဆရာတော်ဦးကဝိ နဲ့ နောင်ချိုမြို့မှ ဆရာတော်ဦးမင်းနောင် တို့ ဦးဆောင်ကာ သာသနာပြန့်သွားစေရန် ရည်ရွယ်ပြီး မိုးကုတ်မြို့သို့ ပင့်ဆောင်ခဲ့ကြတယ်။ သုံးဆယ်သားတို့ လက်မခံသဖြင့် အနောက်မှလိုက်ရာ မန္တလေးမြို့မှာ မှီပါတယ်။ မန္တလေးသာသနာပိုင်ဆရာတော်နှင့် အရေးပိုင်ရုံးသို့ အမှုဖွင့် တိုင်ကြားပါသော်လည်း ဆရာတော်ဦးကဝိတို့ဘက်မှ နိုင်သွားသဖြင့် မိုးကုတ်မြို့၊ ပိတ်စွယ်တောင်တောင်ခြေသို့ ဆက်လက်ပင့်ဆောင် ခဲ့ကြတယ်။

ဘုရားဒါယိကာ ဦးရွှေလှိုင်းဟာ ဖောင်တော်ဦးရုပ်ပွားတော်နှင့် ပုံစံတူ ဉာဏ်တော် (၁၈)လက်မ မြင့်တဲ့ ရုပ်ပွားတော်တစ်ဆူကို သွန်းလုပ်လှူဒါန်းခဲ့တယ်။ ရုပ်ပွားတော်နှစ်ဆူက ပုံစံတူပြီး အရွယ်အစား ကွဲပြားနေတဲ့ အတွက်ကြောင့် ဦးမှိုင်းမှ မူလဖောင်တော်ဦးရုပ်ပွားတော်ကို ဌာပနာပြီး ဉာဏ်တော် (၁၈)လက်မ မြင့်တဲ့ ရုပ်ပွားတော်တစ်ဆူကို ထပ်မံသွန်းလုပ် လှူဒါန်းပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၃၀၆ခု၊ တပေါင်းလဆန်း (၁၅)ရက် မှာ မဟာမိတ်တို့ ဗုံးကြဲသဖြင့် ရုပ်ပွားတော်နှစ်ဆူအား မီးဝိုင်းနေစဉ် မိုးကုတ်မြို့အရှေ့ရပ်နေ ဦးလေးတာ၊ ဦးမူ၊ ဦးအောင်လှကြီးနှင့် ဦးစိန်ထွန်းတို့သည် မီးအတွင်းမှ မရရအောင် ပင့်ဆောင်ခဲ့ကြတယ်။ စစ်ကြီးပြီးနောက် မြန်မာသက္ကရာဇ် ၁၃၀၉ခုမှာ ထင်းရှူးခြံ တောင်တော်ပေါ်သို့ ပြောင်းရွှေ့အပူဇော်ခံထားရှိသည်မှာ ယနေ့ထိပင် ဖြစ်ပါတယ်။

➖➖➖➖
မိုးကုတ်ထောင်
➖➖➖➖

ဖောင်တော်ဦးဘုရားရဲ့ အရှေ့ဘက်အခြမ်းမှာ မိုးကုတ်ထောင် ရှိပါတယ်။ ကားမောင်းသွားရင် ငါးမိနစ်လောက်ပဲ ကြာမယ်။ ထောင်ဖြစ်တဲ့အတွက် အတွင်းတော့ ဝင်ကြည့်လို့ မရပါဘူး။ ဒါပေမယ့် ကိုလိုနီခေတ်တုန်းက ဒေါက်တာဘမော် ထောင်ဖောက်ပြေးခဲ့တဲ့နေရာ ဖြစ်တဲ့အတွက်ကြောင့် သမိုင်းမှတ်တမ်း တစ်ခုအနေနဲ့ သွားရောက်လေ့လာဖြစ်ခဲ့တာပါ။

ဒေါက်တာဘမော်ဆိုတာ တောင်သူလယ်သမား အရေးတော်ပုံမှာ ပုန်ကန်မှုဖြင့် အဖမ်းခံခဲ့ရတဲ့ ဆရာစံရဲ့ ဝတ်လုံတော်အဖြစ် လျောက်လဲပေးခဲ့သူပေါ့။ ဒါ့ကြောင့်မို့လို့ အင်္ဂလိပ်အစိုးရရဲ့ ငြိုငြင်မှုကို ခံရတယ်။ ကိုဘမော် နာမည်ရှေ့မှာ ဒေါက်တာတပ်ခေါ်ရတာကတော့ ပြင်သစ်နိုင်ငံ ဘောဒိုးတက္ကသိုလ်ကနေပြီး PHD ပါရဂူဘွဲ့ ရခဲ့လို့ပါ။ B.A ဘွဲ့ကို ရန်ကုန်တက္ကသိုလ်၊ M.A ဘွဲ့ကို ကာလကတ္တားတက္ကသိုလ်၊ ဝတ်လုံတော်ဘွဲ့ကို အင်္ဂလန်နိုင်ငံ ဂရေးအင်တက္ကသိုလ် တို့ကနေ ရရှိခဲ့တယ်။

၁၉၃၂ခု ကစပြီး နိုင်ငံရေးတွေ တောက်လျှောက်လုပ်လာခဲ့တဲ့ အတွက်ကြောင့် ၁၉၄၀ခု၊ သြဂုတ်လမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် အဖမ်းခံခဲ့ရတယ်။ အစက မန္တလေးထောင်မှာ အကျဉ်းကျခဲ့ပြီး နောက်ပိုင်းမှ မိုးကုတ်ထောင်သို့ ပြောင်းရွှေ့ခံရခြင်း ဖြစ်တယ်။ မိုးကုတ်ထောင်မှာ အကျဉ်းကျနေစဉ်အတွင်း ၁၉၄၂ခု၊ ဧပြီလမှာ ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖
ဘုရားတစ်ထောင် တရုတ်သီလရှင်ကျောင်း
➖➖➖➖➖➖➖➖➖➖➖➖

ဘုရားတစ်ထောင် တရုတ်သီလရှင်ကျောင်းဟာ မိုးကုတ်မြို့ထဲမှာတင် ရှိပါတယ်။ ကျောင်းဝန်းထဲမှာ ပန်းတွေ စိုက်ထားတာ လှနေရောပဲ။ ပြီးတော့ ကျောက်ဂူကြီးတစ်ခု ရှိသေးတယ်။ ဂူအတွင်းမှာ ကွယ်ရင်မယ်တော် ရုပ်ပွားတော် စံပယ်တယ်။ ဂူအပြင်တောင်နံရံမှာ ဗုဒ္ဓရုပ်ပွားတော်ငယ်ပေါင်းများစွာ ထွင်းထုထားပါတယ်။

➖➖➖➖➖➖➖➖➖➖
ဒေါ်ရှန် မြီးရှည်၊ ဂျုံဆီချက်ခေါက်ဆွဲ
➖➖➖➖➖➖➖➖➖➖

ဒေါ်ရှန်ခေါက်ဆွဲဆိုင်က မိုးကုတ်ထောင်ရဲ့ မြောက်ဘက်အရပ်မှာ ရှိတယ်။ မိုးကုတ်ရောက်ရင် ဒေါ်ရှန်မှာ တစ်ခေါက်လောက်တော့ စားဖြစ်အောင် သွားစားကြည့်သင့်တယ်။ ဆိုင်မှာရှိတဲ့ အစားအစာတွေထဲက ဝက်သားမျှစ်ချဉ်ခေါက်ဆွဲ နဲ့ ဖက်ထုပ်အပျော့ကြော်ကို Recommend ပေးချင်ပါတယ်။

➖➖➖➖
ပတ်တမွားစတေီ
➖➖➖➖

ပတ္တမြားစေတီဟာ ဒေါ်ရှန်စားသောက်ဆိုင်ရဲ့ အရှေ့ဘက်အရပ်၊ မိုးကုတ်အင်းရဲ့ တောင်ဘက်အရပ်မှာ ရှိပါတယ်။ ပတ္တမြားစေတီကို ဘီးတောင်ဘုရားများ၊ လေးမျက်နှာဘုရား၊ ဦးခန္ဓီစေတီ လို့လည်း ခေါ်ကြပါသေးတယ်။ ဒေသခံတွေရဲ့ အဆိုအရ ပတ္တမြားစေတီကို ၁၂၉၂ခုမှာ ရသေ့ကြီးဦးခန္ဓီက တည်ခဲ့တာလို့ သိရတယ်။ တောင်ပေါ်မှာ စေတီပုထိုးတွေ အများကြီး ရှိတယ်။ တောင်လယ်မှာရှိတဲ့ စေတီကတော့ စစ်ကိုင်းကောင်းမှုတော်နဲ့ ဆင်တူတယ်။ တောင်ခြေက စူဠာမဏိဆုတောင်းပြည့်စေတီကိုတော့ အသောကမင်းကြီး တည်ခဲ့တာလို့ မှတ်သားရပါတယ်။

➖➖➖➖➖➖➖
ညောင်လေးပင် Church
➖➖➖➖➖➖➖

ပတ္တမြားစေတီရှိရာ တောင်ပေါ်တက်တဲ့လမ်းမှာ ညောင်လေးပင် Church ကျောင်း ရှိပါတယ်။ Church ကျာင်း ရှေ့မှာရှိတဲ့ ညောင်ပင်ကြီးလေးပင်ကို အစွဲပြုပြီး ညောင်လေးပင် Church ကျောင်းလို့ ခေါ်ကြတယ်။ ဆေးသားအပြာနုရောင် လိမ်းခြယ်ထားတဲ့ Church ကျောင်း၊ Church ကျောင်းရဲ့ ညာဘက်မှာရှိတဲ့ ချယ်ရီပင်၊ ကြီးမားလှတဲ့ ညောင်ပင်ကြီးလေးပင်နဲ့ဆိုတော့ အတော်လေး ကဗျာဆန်ပါတယ်။

➖➖➖➖
မြို့လယ်အင်း
➖➖➖➖

မြို့လယ်အင်းဟာ ပတ္တမြားစေတီရဲ့ မြောက်ဘက်အရပ်မှာ ရှိပါတယ်။ ကိုလိုနီခေတ်တုန်းက ကျောက်တူးဖော်ရေး လုပ်ရာကနေ ပေါ်ပေါက်လာတဲ့ အင်းကြီးလို့ သိရတယ်။

ဂျော့စထရီးတားဆိုတဲ့ ကျောက်တူးဖော်ရေး ကုမ္ပဏီတစ်ခုဟာ ချိုင့်ဝှမ်းတွေ တူးဖော်ပြီး ကျောက်ရှာကြတယ်။ မြေအောက်ကနေ ရေများထွက်လာတဲ့အတွက် ကျောက်ရှာမရ ဖြစ်လို့နေတယ်။ ဒါ့ကြောင့် မစ္စတာမော်ဂန်အား အင်ဂျင်နီယာချုပ်အဖြစ် ခန့်အပ်ပြီး ရေထွက်ပြဿနာကို ဖြေရှင်းစေတယ်။ မော်ဂန်ဟာ ချိုင့်ဝှမ်းကြီးရဲ့ မြေအောက်ပေတစ်ရာအနက်မှာ တစ်မိုင်ရှည်တဲ့ ဥမင်လှိုဏ်ခေါင်းကြီးတစ်ခု တူးဖော်စေတယ်။ ဥမင်ရဲ့ အမြင့်နဲ့ အကျယ်က (၇)ပေစီ အသီးသီး ရှိကြတယ်။ ဥမင်တူးဖော်ခြင်း စီမံကိန်း ပြီးစီးပြီးနောက်မှာ ရေထွက်တဲ့ပြဿနာဟာ ပြေလည်သွားပါတယ်။ ဒါပေမယ့် ၁၉၂၅ခု နှောင်းပိုင်းမှာ ဥမင်ပြိုကျခဲ့တဲ့အတွက် ကြီးမားလှတဲ့ အင်းကြီးတစ်ခု ဖြစ်သွားတယ်လို့ မှတ်သားရပါတယ်။

➖➖➖➖➖
မဏိမင်္ဂလာထာပွဲ
➖➖➖➖➖

မိုးကုတ်အင်းရဲ့ အရှေ့ဘက်အခြမ်းမှာ မဏိမင်္ဂလာထာပွဲ လို့ခေါ်တဲ့ ကျောက်အရောင်းအဝယ်လုပ်တဲ့ဈေး ရှိပါတယ်။ ဈေးထဲမှာ ကျောက်ကြည့်မီးတစ်လက်နဲ့ ကျောက်တွေကိုကြည့်လိုက် ဈေးစကားပြောလိုက်နဲ့ လုပ်နေတဲ့လူတွေ တွေ့ခဲ့ရတယ်။ ချမ်းကတော့ ကျောက်အကြောင်း နားမလည်ဘူးရယ်။ ရောက်လက်စနဲ့ မထူးပါဘူးဆိုပြီး ဓာတ်ပုံရိုက်ပြီး ပြန်လာလိုက်တယ်။

➖➖➖➖➖➖➖➖➖
ပွင့်သစ်စအိန္ဒိယစားသောက်ဆိုင်
➖➖➖➖➖➖➖➖➖

မဏိမင်္ဂလာထာပွဲရဲ့ အရှေ့မြောက်ဘက်အရပ်မှာ ရှိတဲ့ စခန်းသာ Guest House ရဲ့ အရှေ့မှာ ပွင့်သစ်စအိန္ဒိယစားသောက်ဆိုင် ရှိပါတယ်။ မိုးကုတ်မှာ နံပါတ်တစ် အကြိုက်ဆုံးဆိုင်ပါ။ ထောပတ်ချာပါတီ နဲ့ ဆိတ်ဆွပ်နံပြား ပူပူလေးကို လျှာအလည်ဆုံးပဲ။ ပြောရင်းနဲ့တောင် သတိရပြီး သွားရည်ကျလာပြီ။

➖➖➖➖
ညဈေးတန်း
➖➖➖➖

ညဈေးတန်းဟာ ပွင့်သစ်စအိန္ဒိယစားသောက်ဆိုင် အနီးကလေးမှာတင် ရှိပါတယ်။ လမ်းတလျှောက် မိုးကုတ်မြို့ရဲ့ အစားအစာမျိုးစုံကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် မြည်းစမ်းပြီးနောက်မှာ မိုးကုတ်ကို တန်းတန်းစွဲ ဖြစ်သွားတော့တာပဲ။ OK က ဝက်သားတုတ်ထိုး၊ ဒေါ်ပေါင်းရဲ့ မှိုပေါင်းနဲ့ မုန့်ညင်းပေါင်း၊ ကိုကိုညီညီဆိုင်မှ မာလာဟင်းနဲ့ ဝက်စတူး၊ ဆိုင်နာမည် မမှတ်မိတော့တဲ့ လမ်းသရဲမုန့် … ၂ညပတ်စားတာတောင် လုံးဝမတင်းတိမ်ခဲ့ဘူး။ မိုးကုတ်ကို Food Tour ချည်း သီးသန့် သွားလည်ချင်လိုက်တာ။

➖➖➖➖➖
ချမ်းသာကြီးစေတီ
➖➖➖➖➖

မြို့လယ်အင်းရဲ့ မြောက်ဘက်အခြမ်းရှိ ရှမ်းစုရပ်၊ မင်းဘုရားတောင်မှာ ချမ်းသာကြီးစေတီ ရှိပါတယ်။ ချမ်းသာကြီးစေတီကို သက္ကရာဇ် ၉၀ဝခု မှာ ပြည်ဘုရင်မင်းခေါင်မှ မိုးမိတ်မြို့သို့ တိုင်းခန်းလှည့်လည်လာရင်း လမ်းမှာ ခရီးတထောက်နားပြီး တည်ခဲ့တာလို့ မှတ်သားရတယ်။ စေတီတော် အတွင်းမှာ ဂေါတမမြတ်စွာဘုရားရဲ့ ဓာတ်တော်အဆူ (၃၀)ကို ဌာပနာထားတယ်လို့ သိရတယ်။ ငလျင်ဒဏ်ကြောင့် စေတီဟာ အကြိမ်ကြိမ် မြေခခဲ့ဖူးပေမယ့် ဒေသခံများဟာ သဒ္ဒါတရား ထက်သန်စွာဖြင့် လှူဒါန်းမွမ်းမံ ကြပါတယ်။ စေတီဝန်းထဲမှာ ရှိတဲ့ ရွှေစေတီ နဲ့ ငွေစေတီကိုတော့ ချမ်းသားကြီးစေတီ နှစ်တစ်ရာပြည့်မှာ တည်ထားတာပါ။

➖➖➖➖
ရွှေဂူကြီးစေတီ
➖➖➖➖

ရွှေဂူကြီးစေတီဟာ ချမ်းသာကြီးစေတီရဲ့ အရှေ့မြောက်ဘက်အရပ်မှာ ရှိပါတယ်။ စေတီရဲ့ မူလဒါယိကာက သီရိဓမ္မာသောကမင်းလို့ သိရပြီး သာသနာသက္ကရာဇ် ၂၃၆ခု မှာ တည်ထားတာလို့ ဆိုကြတယ်။ အင်းဝပထမမင်းခေါင် လက်ထက်မှာ အမတ်ကြီးဗညားဒလမှ မူလစေတီနေရာမှာ ဉာဏ်တော် (၇)တောင် မြင့်တဲ့စေတီတစ်ဆူကို ပြန်လည် တည်ထားကိုးကွယ်ပါတယ်။ နောက်ပိုင်း ဖူးမျှော်သူကင်းမဲ့လာသဖြင့် ချုံအတိလွှမ်းကာ စေတီပျက်တစ်ဆူအဖြစ် ရှိနေခဲ့ရတယ်။ နှောင်းပိုင်းကာလရောက်မှ စေတီပျက်ကို တွေ့ရှိပြီး အသစ်ပြန်လည် မွမ်းမံတည်ထား ကိုးကွယ်လာကြပါတယ်။ လက်ရှိစေတီရဲ့ ဉာဏ်တော်အမြင့်က (၂၅)တောင် ရှိပါတယ်။

➖➖➖➖➖
မဟာမုနိဘုရားကြီး
➖➖➖➖➖

ရွှေဂူကြီးစေတီရဲ့ အရှေ့ဘက်အရပ်မှာ မဟာမုနိဘုရားကြီး စံပယ်ပါတယ်။ ရုပ်ပွားတော်ရဲ့ အလှူ့ရှင်တွေက မိုးကုတ်မြို့ ရှမ်းစုရပ်နေ ဒါယကာ ဦးသိန်းမောင်နှင့် ဒါယိကာမ ဒေါ်ခင်ကြည်တို့ မိသားစုလို့ သိရတယ်။ ၁၃၅၂ခု၊ သီတင်းကျွတ်လပြည့်ကျော် (၄)ရက် နဲ့ (၅)ရက် မှာ မိုးကုတ်မဟာမုနိရုပ်ပွားတော်ဟာ မန္တလေးမဟာမုနိရုပ်ပွားတော်ထံမှ ရင်ငွေ့တော် ခိုလှုံခဲ့ပါတယ်။

➖➖➖➖➖➖➖
နော်လုလူး Restaurant
➖➖➖➖➖➖➖

နော်လုလူး Restaurant ဟာ မိုးကုတ်မြို့ အနောက်ပိုင်း၊ သဲအောက်ပိုင်းရပ်မှာ ရှိပါတယ်။ မှာရောင်းတဲ့ ရေခဲမုန့်ကြော်က နာမည်ကြီးတဲ့အတွက် ညနေပိုင်းမှာ အေးအေးလူလူ သွားစားဖြစ်ခဲ့တယ်။ အပြင်က ပူပူမွမွမုန့်သားကြော် နဲ့ အထဲက အေးအေးမွှေးမွှေး ရေခဲမုန့် အရသာက ဆန်းပြားလိုက်ဖက်ပြီး စားလို့ကောင်းတယ်။

➖➖➖➖➖➖➖
ရှုခင်းသာ View Point
➖➖➖➖➖➖➖

ရှုခင်းသာ View Point ဟာ မိုးကုတ်မြို့ရဲ့ အရှေ့ဘက်အရပ် မန္တလေး - မြစ်ကြီးနား ကားလမ်းမနဘေးမှာ ရှိပါတယ်။ View Point သို့ သွားတဲ့လမ်းမှာ မီးသွေးမီးဖိုနဲ့ ကင်စားရတဲ့ Hot Pot & BBQ Buffet ဆိုင် ရှိတယ်။ ဆိုင်နာမည်တော့ မေ့သွားပြီ။ ဆိုင်ကျဉ်းပေမယ့် ဈေးချိုပြီး အတော်လေး စားကောင်းတာတော့ မှတ်မိတယ်။ View Point ရှုခင်းက ပင့်ကူးတောင်ရှုခင်းလောက် မလှပေမယ့် မိုးကုတ်မြို့နဲ့ ကျောက်ကွက်တွေကို စီးမိုးမြင်ရပါတယ်။

➖➖➖➖➖
လွယ်ဦးသဘာဝဂူ
➖➖➖➖➖

View Point နားမှာ သဘာဝလှိုဏ်ဂူဆီသို့ ဆိုတဲ့ လမ်းညွှန်တစ်ခု တွေ့ပါလိမ့်မယ်။ အဲ့သည့်ကနေ လှေကားထစ်တွေအတိုင်း ဆင်းသွားရမှာပါ။ အဆင်းက ဘာမှမဖြစ်ပေမယ့် အတက်ကတော့ မောနေအောင်တက်လိုက်ရတယ်။ ချိုင့်ဝှမ်းထဲမှာ ဂူအကြီးနဲ့ ဂူအသေးဆိုပြီး နှစ်ဂူရှိတယ်။ ဂူပေါက်ဝတွေအားလုံး သော့ခတ်ထားတယ်။ အနားမှာ ဘုန်းကြီးကျောင်းရှိပြီး ဆရာတော်ဆီ လျောက်ထားတော့ သော့ပေးလိုက်လို့ အထဲဝင်လေ့လာခွင့် ရခဲ့ပါတယ်။ ဂူထဲမှာ တည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို ရိုက်ခွဲဖျက်ဆီးတာတွေ ရှိကြတဲ့အတွက် သော့ခတ်ထားရတာလို့ သိရတယ်။ ဂူကြီးအဆုံးထိတော့ ယခုအချိန်ထိ ရောက်ဖူးတဲ့သူ မရှိသေးဘူး။ ချမ်းတို့အဖွဲ့က ဂူထဲမှာ စေတီရှိတဲ့နေရာအထိပဲ သွားခဲ့တယ်။ အထဲမှာ ဖုန်းမီးက တိုးမပေါက်တော့ ဆက်မသွားဝံ့တာနဲ့ ပြန်ထွက်ခဲ့ကြတယ်။ ဂူအသေးထဲကိုတော့ အချိန်မရတော့တာနဲ့ ဝင်မလေ့ဖြစ်ခဲ့ပါဘူး။

➖➖➖➖➖
အုပ်ဆောင်းတောင်
➖➖➖➖➖

အုပ်ဆောင်းတောင်က View Point ရဲ့ အရှေ့ဘက်ယွန်းယွန်းမှာ ရှိပြီး ညနေဆည်းဆာနဲ့ အာရုဏ်ဦးနေထွက် အလှက နာမည်ကြီးတယ်။ ကားလမ်းက တောင်ထိပ်ထိ မပေါက်တဲ့အတွက် မိနစ်ငါးဆယ်လောက်တော့ လမ်းလျှောက် တက်ရပါမယ်။ တောင်တက်လမ်းက ခပ်ပြေပြေပဲလို့တော့ ပြောကြတယ်။ ချမ်းတို့အဖွဲ့က နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့က လွယ်ဦးသဘာဝဂူထဲ ဝင်တယ်။ အခြားတစ်ဖွဲ့က အုတ်ဆောင်းတောင်ပေါ် တက်ကြတယ်။ ချမ်းက ဂူထဲဝင်တဲ့ အဖွဲ့မှာ ပါတဲ့အတွက်ကြောင့် အုပ်ဆောင်းတောင်ကိုတော့ မတက်ဖြစ်လိုက်ပါဘူး။

➖➖➖➖➖➖➖
ဘားနာ့ဒ်ရွာ ငါးရက်ဈေး
➖➖➖➖➖➖➖

ဘားနာ့ဒ်ရွာက မိုးကုတ်မြို့ရဲ့ မြောက်ဘက် (၁၂)မိုင် အကွာမှာ ရှိပါတယ်။ ဘားနာ့ဒ်ရွာက ရေခဲနေချိန်ဆိုရင် တအားလှတာ။ Social Media မှာ အတော်လေး နာမည်ကြီးခဲ့သလို လာလည်သူတွေလည်း တအားများတယ်။ ရေခဲတာ မြင်ရဖို့က ကံနဲ့လည်း ဆိုင်သေးတယ်။ ရှေ့ရက်က ရေခဲပြီး ကိုယ်သွားမှာ မြူဆိုင်းပြီး ရေမခဲတာမျိုး ကြုံနိုင်ပါတယ်။ ချမ်းကတော့ ကံကောင်းခြင်းတစ်ဝက် ကံဆိုးခြင်းတစ်ဝက် ရောနေတယ်လို့ ပြောရမလားပဲ။ ရေခဲတာ မကြုံပေမယ့် ငါးရက်ဈေးကိုတော့ ကြုံခဲ့ရပါတယ်။

➖➖➖➖➖➖➖➖
ဘားနာ့ဒ်ရွာ လက်နက်တိုက်
➖➖➖➖➖➖➖➖

ငါးရက်ဈေးရဲ့ မြောက်ဘက်အရပ်မှာ ဘားနာ့ဒ်ရွာ လက်နက်တိုက် ရှိပါတယ်။ လက်နက်တိုက် အကြောင်းပြောဖို့ဆိုရင် ဘားနာ့ဒ်ရွာ အကြောင်းကနေစပြီ ပြောဖို့လိုလာပါပြီ။ ဘားနာ့ဒ်ရွာရဲ့ မူလနာမည်က ပြောင်ခေါင်းရွာပါ။ ရွာပတ်ဝန်းကျင်ကနေ ပြောင်ခေါင်းကျောက်တွေ များစွာထွက်တယ်လို့ သိရတယ်။

တတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲ အပြီး ၁၈၈၅ခု၊ နိုဝင်ဘာလ (၂၉)ရက် မှာ မြန်မာနိုင်ငံဘက်မှ လက်နက်ချခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး ဗြိတိသျှအုပ်ချုပ်မှုအောက်သို့ ရုတ်ချည်းရောက်သွားတာတော့ မဟုတ်သေးပါဘူး။ ဗြိတိသျှစစ်တပ်ဟာ မိုးကုတ်မြို့ကို သိမ်းဖို့အတွက် ပြောင်ခေါင်းရွာမှာ တပ်စွဲခဲ့ကြပါတယ်။ ၁၈၈၆ခု၊ ဒီဇင်ဘာလ (၁၉)ရက် မှာ စစ်ချီထွက်ခဲ့ပြီး ဒီဇင်ဘာလ (၂၉)ရက် မှာ မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါ့ကြောင့်မို့လို့ ပြောင်ခေါင်းရွာမှာ ဗြိတိသျှစစ်တပ်ရဲ့ လက်နက်တိုက် ရှိနေတာပါ။ နောက်တော့ အင်္ဂလိပ်တွေဟာ မြန်မာနိုင်ငံဆိုင်ရာ မဟာမင်းကြီး ဘားနာ့ဒ်ကို ဂုဏ်ပြုသောအားဖြင့် ပြောင်ခေါင်းရွာကို ဘားနာ့ဒ်ရွာလို့ နာမည်ပြောင်းလိုက်ပါတယ်။

➖➖➖➖➖➖➖
ဘားနာ့ဒ်ရွာ စစ်သင်္ချိုင်း
➖➖➖➖➖➖➖

လက်နက်တိုက်ရဲ့ မြောက်စူးစူးမှာ စစ်သင်္ချိုင်း ရှိပါတယ်။ ဗြိတိသျှစစ်တပ်ဟာ မိုးကုတ်မြို့ကို စစ်ချီတဲ့အခါ အမှတ် (၅၁) ဘုရင့်ယော့ရှိုင်းယား ခြေမြန်တပ်၊ အမှတ် (၄၃) ဂေါ်ရခါးတပ်၊ တောင်တက်အမြှောက်တပ် နှင့် အင်ဂျင်နီယာတပ်တွေ ပါဝင်ခဲ့တယ်။ စစ်ပွဲမှာ ကျဆုံးခဲ့တဲ့ ဗြိတိသျှတပ်သားတွေအတွက် ယခုနေရာမှာ စစ်သင်္ချိုင်း ဆောက်ပေးခဲ့ပါတယ်။

Ref: မိုးကုတ်ဓာတ်ပုံများကပြောသောသမိုင်း - ထက်နိုင် (တလုပ်မြို့)

မှတ်ချက်။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပုံ နှင့် စာများအား ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

ချစ်ခင်စွာဖြင့်
ချမ်း -

Address

Bet 34 Street & 35 St, 83 St & 35 St
Mandalay
05022

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9592210382

Alerts

Be the first to know and let us send you an email when TNH Mandalay Car Rental & Taxi Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TNH Mandalay Car Rental & Taxi Service:

Videos

Share

Category


Other Tour Agencies in Mandalay

Show All

You may also like