ခရီးသွားခြင်းအနုပညာ

ခရီးသွားခြင်းအနုပညာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ခရီးသွားခြင်းအနုပညာ, Travel Agency, Mandalay.

🤩ရွှေမန္တလေးမှ 👉🏝တနင်္သာရီတိုင်းဆီသို့ (၆)ရက်ခရီးစဉ်လေးပါ😇🏝ပင်လယ်ပြင်နဲ့ ကမ်းရိုးတန်းများရဲ့အလှအပတရား🏞စိမ်းစိုလှပသော တော...
21/03/2022

🤩ရွှေမန္တလေးမှ 👉🏝တနင်္သာရီတိုင်းဆီသို့ (၆)ရက်ခရီးစဉ်လေးပါ😇🏝ပင်လယ်ပြင်နဲ့ ကမ်းရိုးတန်းများရဲ့အလှအပတရား🏞စိမ်းစိုလှပသော တောင်တန်းများ၏ သဘာဝပန်းချီကားများနဲ့အတူ တန်ခိုးကြီးဘုရားများကိုဖူးမျှော်ရင်း ရင်သပ်ရှုမောဖွယ် ရှုခင်းများကို ကြည်နူးစွာခံစားနိုင်ဖို့ တနင်္သာရီတိုင်း သို့သွားကြစို့🚎

⛰"တောင်"သုံးတောင်၊ 🏞"တော"သုံးတော၊ 🌇"မြို့"သုံးဆူ၊ ဟုထင်ရှားသည့် #ထားဝယ်ရှင်ကိုးရှင် သမိုင်းဝင် ဘုရားများဖြစ်သော-
♦️ #ရှင်ဆံတော်(ကလိန်အောင်ဆံတော်ရှင်)
♦️ #ရှင်ဓာတ်ဝဲ (မောင်မယ်ရှောင်ရွာ)
♦️ #ရှင်ပင်ခရု (မြို့တွင်းဘုရား)
♦️ #ရှင်ဥသြ (မြို့တည်နန်းတည်ဘုရား)
♦️ #ရှင်တောင့်ပုံ (ထားဝယ်ခရိုင်)
♦️ #ရှင်မုတ္ထီး (မုတ္ထီးမြို့ဟောင်း)
♦️ #ရှင်တောက်ထိန်(ပေါ်တော်မူဘုရား)
♦️ #ရှင်ဇလွန် (သာဂရမြို့ဟောင်း)
♦️ #ရှင်မော် (မြတ်ရှင်မော်) စသည့် ဘုရားများအပြင်

ပင်လယ်ကျောက်ဆောင်များဖြင့် လှပသောရှုခင်းများရှိရာ #မျှော်ရစ်ဆံတော်ရှင်🏝

🙏ထားဝယ်မြို့ရဲ့ အထင်ကရ #ရွှေတောင်စားဘုရားကြီး နှင့်

🙏တနင်္သာရီတိုင်းရဲ့ အကြီးဆုံး လျောင်းတော်မူဘုရားကြီး ကိုလည်းဖူးမျှော်ကြပါမည်😇

👉ထားဝယ်ဒေသထွက် အမှတ်တရလက်ဆောင်များဝယ်ယူနိုင်ရန် နေရာများသို့လည်း သွားရောက်နိုင်ပါသည်။

🏝ကမ်းခြေအလျားကျယ်ပြန့်လှသော ထားဝယ် ၏ အထင်ကရ မောင်းမကန်ကမ်းခြေ အပြင် သာယာလှပသော
🏝 #မြင်းခွါအော်ကမ်းခြေ “နှင့်
သဲဖြူဖြူမွမွလေးများနဲ့အတူ ရေများအင်မတန်ကြည်လင်စိမ်းမြလှပသော
"🏝 #ဖိုးဖိုးကျောက် " ကမ်းခြေများကိုပါ ပို့ဆောင်ပေးပါမည်။

♦️ကြီးကျယ်ခမ်းနားသော သာသနာ့အဆောက်အဦများနှင့် ဘုရားစေတီများ တည်ရှိရာ ရေး-ကိုရင်လေးကျောင်း သို့လည်း သွားရောက်ဖူးမျှော်ပါမည်🙏🙏🙏

🏝တနင်္သာရီတိုင်း-ထားဝယ်ရှင်ကိုးရှင်(ဘုရားစုံ)နှင့် မောင်းမကန်
ကမ်းခြေ၊ ဖိုးဖိုးကျောက်ကမ်းခြေ၊ မြင်းခွါအော်ကမ်းခြေ၊
မျှော်ရစ်ဆံတော်ရှင်-ရေး-ထားဝယ်-ဘုရားစုံ(၆)ရက်ခရီး။(12-4-2022) နံနက် (၅)နာရီ။

တစ်ဦး👉 (၁၈၅၀၀ဝိ/-)

👉ခရီးစဉ်အတွက်လိုအပ်သောဝန်ဆောင်မှုများနဲ့အတူ (အထူးခရီးသွားအာမခံ) ပါဝင်ပြီး👍

🚌ခရီးစဉ်တစ်လျှောက်သက်တောင့်သက်သာလိုက်ပါနိုင်သော အဆင့်မြင့် Bus ကားကြီးများဖြင့်ပို့ဆောင်ပေးပါမည်။)(စားသောက်/တည်းခိုမှု)များအတွက် အဆင်ပြေသက်သာစေရန် စီစဉ်လမ်းညွှန်ပေးပါမည်။

👉(2022)April သင်္ကြန်တွင်ပို့ဆောင်ပေးမည့် အခြားခရီးစဉ်များ သိရှိလိုပါက အောက်ပါ ကိုနှိပ်ပါ⬇️⬇️⬇️

https://www.facebook.com/631863686961315/posts/2114261935388142/

🏠WAI PHYO TRAVELS & TOURS (MANDALAY)
No.6(A), 14th Street, Bet 80th x 81th Street, Aung Myay Thar Zan Township, Mandalay, Myanmar.
Email✉️[email protected]
Facebook - ⬇️
💻 Wai Phyo Travels & Tours
📞Phone Numbers - ⬇️
09-442039648, 09-782039648, 09-402039648

Photo Credit -High Fly

💁‍♂️လူကြီးမင်းတို့၏ ခရီးစဉ်တိုင်း အောင်မြင်ပြီး အဆင်ပြေချောမွေ့စေဖို့ တာဝန်ယူပေးပါရစေ🤩 🙏မင်္ဂလာပါ 🙏 Wai Phyo Mandalay Ca...
08/02/2022

💁‍♂️လူကြီးမင်းတို့၏ ခရီးစဉ်တိုင်း အောင်မြင်ပြီး အဆင်ပြေချောမွေ့စေဖို့ တာဝန်ယူပေးပါရစေ🤩


🙏မင်္ဂလာပါ 🙏 Wai Phyo Mandalay Car Rental မှ
လူကြီးမင်းတို့ မဖြစ်မနေ သွားရောက်လိုသော (မြို့တွင်း/နယ်ဝေး)ခရီးစဉ်များအတွက် လမ်းကြောအခြေအနေပေါ်မူတည်ပြီး စီစဉ်ပေးပါတယ်။

👨‍👩‍👧‍👦 သန့်ရှင်းသပ်ရပ်၍ (Air-Con)အထူးကောင်းမွန်ပြီး မိသားစုဝင်များ သက်တောင့်သက်သာလိုက်ပါနိုင်သော ကားကောင်း/ကားသန့် များ နဲ့အတူ ကျွမ်းကျင်ပြီးစိတ်ချရသော ယာဉ်မောင်းများဖြင့် စိတ်ချမ်းမြေ့စွာ ပို့ဆောင်ပေးပါတယ်👨‍✈️

♦️ခရီးသည်( ၆ / ၇ )ယောက်စီး အဆင့်မြင့် အိမ်စီးကားများအပြင်💁‍♂️

♦️ခရီးသည်( ၆ / ၇ ) စီး အိမ်စီးကားများ။

♦️ခရီးသည်( ၃ / ၄ )ယောက်စီး 🔸 🔸 🔸 အိမ်စီးကားများ။

♦️ခရီးသည် ( ၁၀ / ၁၃ / ၁၄ )ယောက်စီး
🔸 #အန်စာတုန်း 🔸 ကားများ။

♦️ခရီးသည် ( ၂၄ /၃၂ / ၄၅ / ၄၇ / ၄၉ )ယောက်စီး အဆင့်မြင့် မှန်လုံ ကားများကိုခရီးစဉ် (စ/ဆုံး)အကောင်းဆုံးဝန်ဆောင်မှုများဖြင့် စီစဉ်ပေးလျက်ရှိပါတယ် 👍

💁‍♂️ #မန္တလေး 🔁 #ရန်ကုန် 🔁 #မန္တလေး သို့ တစ်ဦးချင်း (သို့) အဖွဲ့လိုက် သွားရောက်လိုသူများအတွက်လည်း(အထူးသီးသန့်)ကားများဖြင့် စီစဉ်ပေးနေပါတယ်🚙🚗🚐

🏠WAI PHYO TRAVELS & TOURS (MANDALAY)
No.6(A), 14th Street, Bet 80th x 81th Street, Aung Myay Thar Zan Township, Mandalay, Myanmar.
Email✉️[email protected]
Facebook - ⬇️
💻 Wai Phyo Mandalay Car Rental
📞Phone Numbers - ⬇️
09-442039648, 09-782039648, 09-402039648

ဧရာဝတီမြစ်ကူးတံတားကြီး(၁၅)စင်း(၁)   ဗလမင်းထင်တံတား              (၂၆၈၈) ပေ(၂)   ဧရာဝတီတံတား စင်းခန်း       (၄၆၃၀ ) ပေ(၃) ...
04/02/2022

ဧရာဝတီမြစ်ကူးတံတားကြီး(၁၅)စင်း

(၁) ဗလမင်းထင်တံတား (၂၆၈၈) ပေ
(၂) ဧရာဝတီတံတား စင်းခန်း (၄၆၃၀ ) ပေ
(၃) ဧရာဝတီတံတား ထီးချိုင့် (၇၇၃၀ ) ပေ
(၄) ရတနာသိင်္ခတံတား ( ၂၄၈၀ ) ပေ
(၅) ရတနာပုံတံတား ( ၅၆၄၁ ) ပေ
(၆) အင်းဝတံတား ( ၃၉၄၈ ) ပေ
(၇) ဧရာဝတီတံတား ပခုက္ကူ (၁၃၅၃၇ )ပေ
(၈) အနော်ရထာတံတား ( ၅၁၉၂ ) ပေ
(၉) ဧရာဝတီတံတား မကွေး ( ၈၉၈၉ ) ပေ
(၁၀) ဧရာဝတီတံတား မလွန် ( ၅၈၃၉ ) ပေ
(၁၁) ဧရာဝတီတံတား နဝဒေး ( ၄၁၈၃ ) ပေ
(၁၂) ဧရာဝတီတံတား ညောင်တုန်း ( ၁၀၈၁၄)ပေ
(၁၃) ဗိုလ်မြတ်ထွန်းတံတား ( ၈၅၄၄ ) ပေ
(၁၄) ဧရာဝတီတံတား မအူပင် ( ၂၃၆၂ ) ပေ
(၁၅) ဒေးဒရဲတံတား ( ၄၀၈၈ ) ပေ

စသည်တံတားကြီးများသည်ဧရာဝတီမြစ်ကြီးအားဖြတ်၍တည်ဆောက်ထားသောတံတားကြီးများဖြစ်ကြပါသည်။

#ဧရာဝတီမြစ်ကူးတံတား
Credit-ဆရာ ဦးရွှေစင်

❤️လားရှိုးမြို့နှင့် မနီးမဝေးနေရာလေးမှာ ဖွင့်လှစ်နိုင်ဖို့ အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ Shwe Kit Rose Water Fall 👇...
18/08/2021

❤️လားရှိုးမြို့နှင့် မနီးမဝေးနေရာလေးမှာ ဖွင့်လှစ်နိုင်ဖို့ အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ Shwe Kit Rose Water Fall 👇👇👇

😊Covid ကာလ အလွန်မှာ Myanmar Yadanar Shwe Khit Group မှထပ်မံဖွင့်လှစ်တော့မယ့် "ရွှေခေတ်နှင်းဆီရေတံခွန်နှင့် အပန်းဖြေစခန်း" လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်

🚗လားရှိုးမြို့ကနေ (၁) နာရီခန့် သွားရတဲ့ "မန်ဆန်ရေကျရွာ"ရဲ့ထိပ်မှာ တည်ရှိတာဖြစ်ပါတယ်။ သွားရောက်လည်ပတ်မယ်ဆိုရင် လမ်း (၂ ) ခုကို ရွေးချယ်လို့ရပါတယ်။

👉နောင်မွန် - မန်ဆန်ရေကျ လမ်းအတိုင်းသွားမယ်ဆိုရင် မိနစ် ၂၀ ခန့်ကြာမှာဖြစ်ပါတယ်။ လမ်းပိုင်းဆိုင်ရာ ပြုပြင်မှုတွေ ပြုလုပ်နေတဲ့အတွက် လက်တလောမှာ ကားအနိမ့်များ သွားဖို့ အဆင်မပြေသေးပါဘူးခင်ဗျာ။

👉ဒုတိယလမ်းအနေနဲ့ကတော့ "ရှန်ခိုက်ဘုရားကျောင်း" အနောက်ဖက် "ကုန်းညောင်ရွာ"အကျော် က စစ်တပ်ကို ဖြတ်သန်းရတဲ့ လမ်းကနေသွားရောက်မယ်ဆိုရင် (၄၅) မိနစ်ခန့် ကြာမြင့်မှာဖြစ်ပါတယ်

🏖️လာရောက်လည်ပတ်သူများ ရေကစားနိုင်ရန်အတွက် Water Boom, ရာဘာလှေများ, ညအိပ် Camping ပြုလုပ်နိုင်ဖို့ အဆောက်အဦးများကို ဆောက်လုပ်နေဆဲဖြစ်ပါတယ်⛺️

နဲ့ မူရင်းတင်သူ ကို လေးစားစွာ ပေးပါတယ်ခင်ဗျာ🙏

ကပ်ဘေးအန္တရာယ်တွေအမြန်ဆုံးကင်းစင်ပါစေဘုရား🙏🙏🙏
13/08/2021

ကပ်ဘေးအန္တရာယ်တွေအမြန်ဆုံးကင်းစင်ပါစေဘုရား🙏🙏🙏

🐉မန်းရွှေစက်တော် အခြေအနေ⛈
08/08/2021

🐉မန်းရွှေစက်တော် အခြေအနေ⛈

🏞 ☘️မြင်ရတာနဲ့တောင် စိတ်ကိုအေးချမ်းစေတယ်😌ချင်းတွင်းမြစ်အထက်ပိုင်း "ဟုမ္မလင်းမြို့"နား က သာယာလှသောတရားရိပ်သာလေးအကြောင်း😊😊...
07/08/2021

🏞 ☘️မြင်ရတာနဲ့တောင် စိတ်ကိုအေးချမ်းစေတယ်😌
ချင်းတွင်းမြစ်အထက်ပိုင်း "ဟုမ္မလင်းမြို့"နား က သာယာလှသောတရားရိပ်သာလေးအကြောင်း😊😊😊

🍀အောင်ပန်း ရွာငံ ဝန်းကျင်က အကြည်ဓါတ်ရ​စေတဲ့ မြင်ကွင်း​လေး​တွေ🤩Photo Credit- Minko Ko
25/07/2021

🍀အောင်ပန်း ရွာငံ ဝန်းကျင်က အကြည်ဓါတ်ရ​စေတဲ့ မြင်ကွင်း​လေး​တွေ🤩
Photo Credit- Minko Ko

🤩စိတ်တူကိုယ်တူ ခရီးသွားမိတ်ဆွေတွေနဲ့ အတူသွားပြီးလေ့လာချင်လိုက်တာ🚌🚌🚌
24/07/2021

🤩စိတ်တူကိုယ်တူ ခရီးသွားမိတ်ဆွေတွေနဲ့ အတူသွားပြီးလေ့လာချင်လိုက်တာ🚌🚌🚌

🏞မွေ​တော်​တောင်​ပေါ်မှ မိုးဦးကာလမြင်ကွင်းများ . . . . . 🌲ရှမ်းပြည်​တောင်ပိုင်း​ရောက်လျှင် သွားလည်သင့်တဲ့​နေရာ​လေးတစ်ခုပ...
04/07/2021

🏞မွေ​တော်​တောင်​ပေါ်မှ မိုးဦးကာလမြင်ကွင်းများ . . . . .

🌲ရှမ်းပြည်​တောင်ပိုင်း​ရောက်လျှင် သွားလည်သင့်တဲ့​နေရာ​လေးတစ်ခုပါခင်ဗျ☘️ ​အောင်ပန်းမြို့မှ ကားဖြင့်မိနစ်နှစ်ဆယ်ခန့်သွားလျှင် ​မွေ​တော်ရွာသို့​ရောက်ပါမည်... မွေ​တော်ရွာမှ ​တောင်​ပေါ်သို့ ​ခြေကျင် မိနစ်နှစ်ဆယ်ခန့်တက်ပြီးလျှင် အဲ့လိုရှုခင်း​လေး​တွေ တစ်ဝကြီးထိုင်ကြည့်လို့ရပြီ​လေ... 😊😊😊

-Minko Ko

" မိုးဦးကာလ စိမ်းမြမြနှင့် ရှမ်း​တောင်အလှ သာ​ပေစွ​နော် . . . ."                      🌳🌾🍀🌿🍁🌿🍀🌾🌳   ➡️ Location-အောင်ပန်း ...
02/07/2021

" မိုးဦးကာလ စိမ်းမြမြနှင့် ရှမ်း​တောင်အလှ သာ​ပေစွ​နော် . . . ."
🌳🌾🍀🌿🍁🌿🍀🌾🌳
➡️ Location-အောင်ပန်း - ရွာငံလမ်း... ယကြီးရွာအနီး။

📷Photo Credit- Minko

 #ရေကူးသင်တန်း အတူတက်ချင်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိရင် ကျွန်တော်တို့နဲ့ အတူတက်ရအောင်ဖိတ်ခေါ်ပါတယ်။🏖ရေကူးနည်းကိုစနစ်တက...
18/06/2021

#ရေကူးသင်တန်း အတူတက်ချင်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိရင် ကျွန်တော်တို့နဲ့ အတူတက်ရအောင်ဖိတ်ခေါ်ပါတယ်။

🏖ရေကူးနည်းကိုစနစ်တကျတတ်မြောက်ပြီး ရေလမ်းရှိတဲ့ ပင်လယ်၊ ကျွန်းစု၊မြစ်ကြောင်း ဘယ်ခရီးပဲသွားသွား၊ ရေကူးကန်ပါတဲ့ ဘယ် ဟိုတယ်မှာပဲတည်းတည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ Smart ကျကျ ကူးတတ်အောင်လို့ပါ။ ခရီးမကြာခဏသွားတတ်သူတွေအတွက် အဆင်ပြေပါတယ်။

👉ဒီသင်တန်းမှာ (၁၀)ယောက်ဝန်းကျင် ပဲလက်ခံပြီး (အထူးသီးသန့်)သင်ပေးမှာပါ။ ကလေး၊ လူကြီး၊ ကျား/မ မရွေးတတ်ရောက်လို့ရပါတယ်။

👤တစ်ဦး➡️ ၁၅၀၀၀၀
(ရေကူးကန်ခ/ သင်တန်းကြေးအပြီးအစီး-တစ်လသင်တန်းပါ)📱09-442039648

🗓သင်တန်းစမယ့်ရက်➡️ (23-6-2021)

🕰အချိန် ➡️ ညနေပိုင်းရုံးဆင်းချိန် (5:30) to (6:30)

🏡နေရာ ➡️ " Triumph Hotel "၂၆ လမ်း၊ (၅၅-၅၆)ကြား ၊ မန္တလေးမြို့။

15/06/2021

❤️အင်မတန်လှပပြီး လည်ချင်စရာကောင်းတဲ့ ပူတာအိုမြို့လေးဆီကို အေးချမ်းတည်ငြိမ်တဲ့အခါ ခရီးသွားမိတ်ဆွေများနဲ့အတူ အရောက်လှမ်းလာခဲ့မယ်👍👍👍

#ပူတာအိုခရီးစဉ်
Wai Phyo Travels & Tours

မြန်မာနိုင်ငံအကြောင်း♻️မြန်မာနိုင်ငံအကြောင်း သိကောင်းစရာ♻️🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲မြန်မာနိုင်ငံသည် အာရှတိုက်၏အရှေ့တေ...
12/06/2021

မြန်မာနိုင်ငံအကြောင်း
♻️မြန်မာနိုင်ငံအကြောင်း သိကောင်းစရာ♻️
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

မြန်မာနိုင်ငံသည် အာရှတိုက်၏
အရှေ့တောင်ဘက် ဒေသတွင် တည်ရှိသည် ။

ဧရိယာ စတုရန်းမိုင် (၂၆၁၂၂၈) ကျယ်၀န်းပြီး
ကမ္ဘာပေါ်ရှိနိုင်ငံများထဲတွင် ဧရိယာ အကျယ်ဆုံး
အဆင့် ၄၀ - မြောက် နိင်ငံ ဖြစ်သည် ။

နိူင်ငံဧရိယာ၏ ၉၆.၉၄% မှာ
ကုန်းမြေများဖြစ်ပြီး ၊
မြစ်ချောင်း အင်းအိုင် ထဲမှ
ရေပြင်ဧရိယာ များမှာ
နိင်ငံဧရိယာ၏ ၃.၀၆% သာ ရှိ သည် ။

🔰နယ်နိမိတ်🔰
🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိင်ငံများ ထိစပ်နေသည့် နယ်နိမိတ် ကုန်းမြေများမှ အရှည်မိုင် ၄၀၅၃ - မိုင် အထိရှိသည် ။

ထိုအထဲတွင်
ဘင်္ဂလားဒေရှ် နိင်ငံ နှင့် ၁၆၈ -မိုင် ၊
အိန္ဒိယ နိင်ငံ နှင့် ၉၁၂ - မိုင် ၊
တရုတ်နိင်ငံ နှင့် ၁၃၂၃ -မိုင် ၊
လာအိုနိင်ငံ နှင့် ၁၄၈ - မိုင် ၊
ထိုင်းနိင်ငံ နှင့် ၁၅၀၂ - မိုင် တည်ရှိသည် ။

ကမ်းရိုးတမ်း အရှည်မိုင် ၁၂၀၀ ရှိ ပြီး
အိန္ဒိယ သမုဒ္ဒရာ၏ ဆက်စပ်
ပင်လယ်များဖြစ်သည့်
ဘင်္ဂလားပင်လယ် ၊
ကပ္ပလီပင်လယ် (Adaman sea ) တို့တည်
မြန်မာနိင်ငံ၏ ဆက်စပ် ပင်လယ်များ ဖြစ်သည် ။

🔰တောင်တန်းများ🔰
🚥🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသ
အများစု သည်မြေပြန့်လွင်ပြင်ဒေသဖြစ်ပြီး ၊
ထိုမြေပြန့်လွင်ပြင် များကို တောင်တန်းများမှ
ကာဆီးထားသည် ။

မြန်မာနိုင်ငံ အနောက်ဖက်ရှိ
ရခိုင်ရိုးမ တောင်တန်းသည်
အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်မှ စတင်ကာ ၊
မော်တင်စွန်း အငူနားအထိ တည်ရှိသည် ။

ရခိုင်ရိုးမ ထဲတွင်
ရခိုင်ရိုးမတောင်တန်း နှင့်အတူ
နာဂ တောင်တန်းများ ၊
ချင်းတောင်တန်းများလဲ ပါ၀င်သည် ။

မြန်မာနိုင်ငံမြောက်ဖက်
ကချင်ပြည်နယ်တွင် မြန်မာနိုင်ငံ၏
အမြင့်မားဆုံး တောင်တန်းများ တည်ရှိသည် ။

ဟိမ၀န္တာတောင်တန်း၏
ဆက်စပ်တောင်တန်း များ ၊
Kumon range ( ကချင်တောင်တန်း ) နှင့်
တရုတ်နိင်ငံ တိဘက်ကုန်းမြေမြင့် နှင့်
ဆက်စပ်နေသည့် Hengduan တောင်တန်းများသည်
ကချင်ပြည်နယ်ထဲတွင်တည်ရှိသည် ။

မြန်မာနိုင်ငံအလယ်ပိုင်း
ချင်းတွင်းမြစ်ဝှမ်းနှင့် စစ်တောင်းမြစ်ဝှမ်း
ဒေသများ တွင် ဇီးဖြူတောင်တန်း ၊
မင်းဝံတောင်တန်း ၊ မှန်ကင်းတောင်တန်း နှင့်
ဂန့်ဂေါတောင်တန်း စသည့်
တောင်တန်းငယ်များ တည်ရှိသည် ။

မြန်မာနိုင်ငံ အလယ်ပိုင်း ရှိ
ပဲခူးရိုးမတောင်တန်းသည်
ဧရာ၀တီမြစ်နှင့် စစ်တောင်းမြစ်ကြားရှိ
တောင်တန်း နိမ့် ဖြစ်ကာ
မြောက်မှ တောင်သို့မိုင် ၂၀၀ - ကျော် ရှည်လျှားသည် ။

ပုပ္ပားတောင်သည်
ပဲခူးရိုးမတောင်တန်း၏ မြောက်ဖက်
အစွန်ဆုံးဒေသမှ တောင်ထွတ်ဖြစ်ပြီး
တောင်ဘက် အစွန်ဆုံးသည်
ရန်ကုန်မြို့မြောက်ဖက်အနီးထိ တည်ရှိကာ
ရန်ကုန်မြို့တွင် တောင်ပူစာ
ကလေးများ အဖြစ် ဖြာဆင်း လာခဲ့သည် ။

မြန်မာနိုင်ငံ အရှေ့ဖက်တွင်
ရှမ်းကုန်းမြေမြင့်တည်ရှိသည် ။

ရှမ်းကုန်းမြေမြင့် ဒေသတွင်
တရုတ် ယူနန်ဒေသ ၊
မြန်မာနိုင်ငံ အရှေ့ဖျားဒေသ နှင့်
ထိုင်း နိုင်ငံ အနောက်မြောက်ဒေသ များ
ပါ၀င်သည် ။

ရှမ်းကုန်းမြေမြင့်သည်
ပင်လယ်ရေ မျက်နှာပြင်မှ
အမြင့်ပေ ၃၀၀၀ မှ ၄၀၀၀ အတွင်း တည်ရှိသည် ။

ရှမ်းကုန်းမြေမြင့်ဒေသတွင်
တောင်တန်း ၊ တောင်စွယ်များစွာ နှင့်
ကျဉ်းမြောင်းသည့် တောင်ကြား valleys ဒေသ
များစွာ တည်ရှိသည် ။

ဧရာ၀တီ ၊ စစ်တောင်း ၊ သံလွင် နှင့်
Chao Phraya မြစ် များ၏
မြစ်သွယ် ၊ မြစ်လက်တက်များသည်
ရှမ်းကုန်းမြေမြင့် အား ဖြတ်ကျော်
စီးဆင်းသွားကြသဖြင့် နေရာ အနှံ့တွင်
တောင်ကြား ဒေသ များကို တွေ့ရှိနိင်သည် ။

မြန်မာနိင်ငံတောင်ဖက်ဒေသများတွင်
ရှမ်းကုန်းမြေမြင့် နှင့် ဆက်စပ်နေသည့်
ကရင်တောင်တန်း ၊ ဒေါနတောင်တန်း နှင့်
တနင်္သာရီ တောင်တန်းများတည်ရှိသည် ။

🔰ထင်ရှားသည့် တောင်ထိပ်များ🔰
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

🗣️ခါကာဘိုရာဇီ

မြန်မာနိင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်သည် ။
ပေပေါင်း ၁၉၂၉၆ - ပေ ရှိပြီး
မြန်မာနိင်ငံမြောက်ဖက်
ဟိမ၀န္တာတောင်တန်း၏
ဆက်စပ်တောင်တန်းပေါ် တွင်တည်ရှိသည် ။

🗣️ဂန်လန်ရာဇီ

ဒုတိယ အမြင့်ဆုံးတောင်ဖြစ်ပြီး
အမြင့်ပေ ၁၉၂၆၀ ရှိကာ
မြန်မာနိင်ငံမြောက်ဖက်
ဟိမ၀န္တာ တောင်တန်း၏
ဆက်စပ် တောင်တန်းပေါ်တွင်တည်ရှိသည် ။

🗣️စာရာမေတိတောင်

အမြင့် ၁၂၅၅၂ - ပေ ရှိပြီး
နာဂ တောင်တန်းပေါ်တွင်တည်ရှိသည် ။

🗣️နတ်မတောင်

အမြင့်ပေ ၁၀၀၇၀ ရှိပြီး ချင်းပြည်နယ်
ကန်ပက်လက်မြို့အနီးတွင်တည်ရှိသည် ။
ထိုတောင်အား တချိန်က ဝိတိုရိယ တောင်ဟုခေါ်သည် ။

🗣️နတ်တောင်

အမြင့်ပေ ၈၆၀၆ ရှိပြီး
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် တည်ရှိသည် ။

🗣️မယ်လတောင်

အမြင့်ပေ ၆၈၂၀ ရှိပြီး
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွင် တည်ရှိသည် ။

🗣️မြင့်မိုလက်ခတ်တောင်

အမြင့် ပေ ၆၇၉၈ ရှိပြီး
တနင်္သာရီ တောင်တန်းပေါ်တွင် တည်ရှိသည် ။

🗣️ပုပွါးတောင်

အမြင့်ပေ ၄၉၈၀ ရှိပြီး
မန္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊
ကျောက်ပန်းတောင်းမြို့နယ်တွင် တည်ရှိသည် ။

ထိုတောင်သည် ပဲခူးရိုးမ၏
မြောက်ဖက်အစွန်းတွင်
သီးခြားထိုးထွက်နေသည့်
မီးတောင်ဟောင်း ဖြစ်သည် ။

🔰မြစ်များ🔰
🚥🚥🚥🚥🚥

✅ဧရာ၀တီမြစ်သည် မြန်မာနိင်ငံ၏ အဓိက မြစ်ကြီး
တစင်းဖြစ်ပြီး ၊ မြန်မာနိင်ငံမြောက်ဖက်မှ
စတင်စီးဆင်းကာ ၊ အလယ်ပိုင်း ဒေသကို
ဖြတ်ကျော်ပြီး မုတ္တမ ပင်လယ်ကွေ့ထဲသို့စီး၀င်သည် ။

✅ချင်းတွင်းမြစ်သည် မြန်မာနိင်ငံမြောက်ပိုင်း
ဟူးကောင်းတောင်တန်း ပေါ်တွင်
မြစ်ဖျားခံကာ ၊ ဟူးကောင်းတောင်ကြားကို
ဖြတ်ကျော်ပြီး မြန်မာနိင်ငံ အလယ်ပိုင်း
မြင်းခြံမြို့ အနီးတွင် ဧရာ၀တီမြစ်နှင့်
လာရောက် ပေါင်းဆုံသည့်
အကြီးဆုံးမြစ်လက်တက် ဖြစ်သည် ။

✅မူးမြစ် ၊ မြစ်ငယ်မြစ်များသည်
ဧရာ၀တီမြစ်နှင့် လာဆုံသည့်
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ
မြစ်ငယ် များ ဖြစ်ကြသည် ။

✅သံလွင်မြစ်သည်
တရုတ်နိုင်ငံ တိဖက်ကုန်းမြေမြင့်မှ
မြစ်ဖြားခံကာ ရှမ်းကုန်းမြေမြင့် ဒေသကို
ဖြတ်ကျော်ပြီး မုတ္တမပင်လယ်ကွေ့သို့စီး၀င်သည်။

✅မဲခေါင်မြစ်သည်
မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအကြား
နယ်နမိတ်အဖြစ် တည်ရှိသည် ။

✅စစ်တောင်းမြစ်သည် ရှမ်းကုန်းမြေမြင့်
တော်ဖက် အစွန်ဒေသမှမြစ်ဖျားခံကာ
ပဲခူးတိုင်းကိုဖြတ်ကျော်ပြီး
မုတ္တမ ပင်လယ် ကွေ့ထဲသို့စီးဝင်သည် ။

✅ရေးမြစ် ၊ Heinze မြစ် ၊ ထား၀ယ်မြစ် ၊
တနင်္သာရီမြစ် နှင့် လေညာမြစ်များသည်
မြန်မာနိင်ငံ၏ တောင်ဖက်ပိုင်းတွင်တည်ရှိပြီး
တောင်တန်းများမှ မြစ်ဖျားခံကာ
ကပ္ပလီပင်လယ်ထဲသို့စီး၀င်သည် ။

✅Kraburi မြစ်သည်
ထိုင်းနှင့် မြန်မာနိင်ငံအကြား
နယ်နမိတ်အဖြစ်စတင်စီးဆင်းသည် ။

🔰ရေအိုင်များ🔰
🚥🚥🚥🚥🚥🚥

🗺️အင်းတော်ကြီး ရေအိုင်သည်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင်တည်ရှိပြီး
ဧရိယာ စတုရန်းမိုင် ၃၁၄ .၆၇ ကျယ်၀န်းကာ
မြန်မာနိုင်ငံရှိ အကြီးဆုံးရေ ကန်ဖြစ်သည် ။

🗺️အင်းလေးကန်သည်
ရှမ်းကုန်းမြေမြင့်ဒေသတွင်တည်ရှိသည့်
မြန်မာနိင်ငံ၏ ထင်ရှားသည့်
ရေကန်တခု ဖြစ်သည် ။

🔰ကျွန်းများ🔰
🚥🚥🚥🚥🚥🚥

🏝️ရမ်းဗြဲကျွန်းသည် မြန်မာနိင်ငံ၏
အကြီးဆုံးကျွန်းဖြစ်ပြီး ရခိုင်ကမ်းရိုးတမ်း
ဒေသတွင်တည်ရှိသည် ။

🏝️မာန်အောင်ကျွန်းသည်
ရမ်းဗြဲကျွန်းနှင့် နီးကပ်စွာတည်ရှိသည့်
ရခိုင်ကမ်းရိုးတမ်းဒေသမှ ထင်ရှားသည့်
ကျွန်းတကျွန်းဖြစ်သည် ။

🏝️ကိုကိုးကျွန်းသည်
ဘင်္ဂလားပင်လယ် နှင့်
ကပ္ပလီပင်လယ်အကြားတည်ရှိသည့်
မြန်မာအပိုင် ကျွန်းတကျွန်းဖြစ်သည် ။

🏝️မြိတ်ကျွန်းစုသည်
တနင်္သာရီတိုင်းဒေသကြီးတွင်ပါ၀င်ကာ
မြန်မာနိုင်ငံ၏တောင်ဖက်
ဘင်္ဂလားပင်လယ်ထဲမှ
ကျွန်းအစုအဝေးဖြစ်သည် ။

တခါတရံ ပသျှူးကျွန်းစု များဟုလဲ ခေါ်ဆို ကြသည် ။

အရွယ်အစား အမျိုးမျိုးရှိသည့်
ကျွန်းငယ်ပေါင်း ၈၀၀ - ကျော်ရှိပြီး
ထိုအထဲတွင် ကတန်းကျွန်းမှာ
အကြီးဆုံးဖြစ်သည်။

🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံအကြောင်းသိကောင်းစရာအချို့
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ဦးရေ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[က ] ထေရဝါဒ ။ ၅၃၄၂၅၈၀၃
[ ခ ] ခရစ်ယာန် ။ ၂၉၈၁၂၉၁
[ ဂ ] အစ္ဓလာမ် ။ ၂၂၇၆၈၈၀
[ဃ ] ဟိန္ဓူ ။ ၃၀၅၇၆၅
[ င ] နတ် နဲ့ ဘာသာမဲ့ ။ ၇၉၀၅၈၀

။မြန်မာနိုင်ငံ၏ အလယ်ဗဟို ။
🚥🚥🚥🚥🚥🚥🚥🚥🚥
ကျောက်ဆည်ခရိုင် မြစ်သားမြိုနယ်
မြသုခ ကျေးရွာ ပြက္ခရွှေတောင်ပေါ်
တိုင်းတာသူ 👉 ဘိုးတော် ဦးဝိုင်း👈


မြန်မာနိုင်ငံ၏ ရေမိုင်
🚥🚥🚥🚥🚥🚥
မြန်မာနိုင်ငံ၏ ရေမိုင် 1247.77 ကျွန်စုပေါင်း 1212

မြန်မာတိုင်ငံတွင်း တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုး
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ရခိုင်. ၇ မျိုး
ရှမ်း ၃၃ မျိုး
ကချင် ၁၂ မျိုး
ကယား ၉ မျိုး
ကရင်. ၁၁ မျိုး
ချင်း ၅၃ မျိုး
ဗမာ ၉ မျိုး
မွန် ၁ မျိုး
မြန်မာ နိူင်ငံတစ်ဝန်းကျေး ရွာပေါင်း … ( ၆၄၉၁၇ )
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံတစ်ဝန်း မြို့ ပေါင်း … ( ၃၆၆ )
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံတစ်ဝန်းဘုန်ကြီးကျောင်းပေါင်း… ( ၆၁၃၀၂ )
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံတစ်ဝန်းသီလရှင်ကျောင်းပေါင်း…[ ၃၈၈၁ ]
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံတစ်ဝန်း ရဟန်းပေါင်း … [ ၂၇၂၉၂၇ ]
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံတစ်ဝန်းရှင်သာမဏေ ပေါင်း …[ ၂၈၇၈၁၈ ]
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာနိုင်ငံတစ်ဝန်းသီလရှင် ပေါင်း …[ ၅၀၅၅၃ ]
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာထီ့ (1938) ခုနှစ်တွင် အိန္ဒိယရူးပီးဖြင့်စတင်
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာပထမဆုံးလေကြောင်းတိုက်ပွဲ့
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
( 1961-Feb-13) ရွှေတြိဂံ နယ်မြေမှာဖြစ်

ရန်ကုန်မြိုလယ်ကောင်ဆူးလေစေတီကို ဖြိုဖျက်ရန်စီစဉ်သောအခါကာကွယ်သူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
( ဦးချန်ထွန်း )

ပြည်လမ်း၏ အဆုံးသတ်နေရာ ( ဗဟိုစာတိုက်ကြီး)
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥

မြန်မာ့ဆိုက်ကားကို စွန့်ဦးတီထွင်သူ …
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
မန္တလေးမြို့မှ ကားဘော်ဒီဆရာ
ဆရာညို (1938) တွင်စတင်တီထွင်

မြန်မာပထမဦးဆုံး ရုပ်မြင်သံကြားထုတ်လွှင့်ရက်စွဲ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
(1980-June -3)

မြန်မာ့ ပထမဆုံး Robbot တီထွင်သူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
( ဦးကြည် )

မြန်မာနိုင်ငံတွင်း ပထမဦးဆုံး ဗုဒ္ဓသာသနာကိုထွန်းကားစေသူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
…(အနော်ရထာ )

ကိုလိုနီခတ် စေတီကျောင်းကန် သာသနာနယ်မြေအတွင်း
မျက်နှာဖြူအပါအဝငိ မည်သူမျှ ဖိနပ်မစီးရ ဆိုင်းဘုတ်ထောင်ခဲ့သူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
… ဦးသိမ်းမောင် (1890-1975)

မြန်မာပထမ ဦးဆုံး အမျိုးသမီးသတင်းစာ ဆရာမ …
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
အင်ဒီပင့်ဒန့် ဒေါ်စန်း [ 1886-1950)

ကိုလိုနီခေတ် တက္ကသိုလ်မှာ မြန်မာစာ ပြဋ္ဌာန်းခွင့်သင်ကြားခွင့်ရအောင်
ဆောင်ရွက်ခဲ့သူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်
ဦးဖေမောင်တင် [1888 မှ 1973 ]

မြန်မာ့ပထမဆုံး ဥပဒေပညာ ရှင် အမျိုးသမီး
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
မဖွားအုန်း (1927)

မြန်မာပထမဆုံးလေတပ်ဦးစီးချုပ်…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
စောဆင်မြူရယ်ရီရှီး

မြန်မာပထမဆုံး သတင်းထောက်ဟူသော ဝေါဟာရအားစတင်တီထွင်အသုံးပြု
ခဲ့သောသူ…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
သတင်းစာဆရာ လွယ်အိတ်ကြီး ဦးဘလှိူင် [1930) ဝန်းကျင်

မြန်မာပထမဦးဆုံး နိူင်ငံရေးအစ…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥
YMBA [1906]

မြန်မာနိူင်ငံတော် သီချင်းကိုရေးစပ်သူ …
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ဝိုင်အမ်ဘီ ဆရာတင် (1930-July-20]
ရွှေတိဂုံဘုရားရာဟုထောင့်တွင် ပထမဆုံးသီဆို

မြို့တော်ခန်းမ၏ ဗီသုကာပညာရှင်
🚥🚥🚥🚥🚥🚥🚥🚥🚥🚥
… စည်သူဦးတင်

ဝဏ္ဏကျော်ထင်ဘွဲရ သရုပ်ဆောင်…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ဖိုးပါကြီး

မြန်မာပထမဦးဆုံး အင်္ဂလန်သိုသွားရောက်ခဲ့သည် သံအဖွဲ့
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
(က) ဦးဘဖေ
(ခ)ဦးပု
(ဂ)ဦးထွန်းရှိန်

မြန်မာ့ ဗုဒ္ဓဝင် အဋ္ဌာကထါ ကို မြန်မာလို ပထမဦးဆုံးဘာသာပြန်ရေးသား
သော ပုဂ္ဂိုလ် ……
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
အရှင်ဗုဒ္ဓဒ္ဒတ္တ သီဟိုဠ် ရဟန်းတော်

အဋ္ဌကထါ အား ပထမဆုံး ကျမ်းအဖြစ်ပြုစုခဲ့သူ့
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ကျီးသဲလေးထပ်ဆရား (ဇိနတ္တပကာသနီကျမ်း)

ပုဂံ ပြည်၏ နောက်ဆုံးသောမင်း
🚥🚥🚥🚥🚥🚥🚥🚥🚥🚥
(စောမွန်နစ်)

တောင်ငူနောက်ဆုံးမင်းဆက်……
🚥🚥🚥🚥🚥🚥🚥🚥🚥
[ နတ်သျှင်နောင် ]

ကုန်းဘောင်နောက်ဆုံးမင်းဆက်
🚥🚥🚥🚥🚥🚥🚥🚥🚥🚥
… [သီပေါမင်း ]

ပုဂံပထမဆုံးမင်း …
🚥🚥🚥🚥🚥
[ သမုဒရာဇ် ]

တောင်ငူပထမဆုံးမင်း
🚥🚥🚥🚥🚥🚥🚥
…[ မင်းကြီးညို ]

ကုန်းဘောင်ပထမဆုံးမင်း…
🚥🚥🚥🚥🚥🚥🚥🚥
… [အလောင်းဘုရား]

မြန်မာ့ပထမဆုံး သတင်းစာ…
🚥🚥🚥🚥🚥🚥🚥🚥🚥
[ မြန်မာအဆွေ ]

မြန်မာပထမဆုံးသော အဂ်လိပ်ဘုရင်ခံ…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[လော့ဒပ်ဖရင်]

ဒုတိယဘုရင်ခံ
🚥🚥🚥🚥
… [ ဂရက်ဒေါက် ]

နောက်ဆုံးဘုရင်ခံ
🚥🚥🚥🚥🚥🚥
…[ ဆာဟူးဘတ်ရင့်စ်]

ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ အစ…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
စစ်ကိုင်းမင်းလက်ထက် (1824) ကုန်းဘောင်ခေတ်

။ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ အစ…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ပုဂံမင်းလက်ထက် [ 1852 ]

တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအစ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[၁၈၈၅] နိုဝင်ဘာ 14 သီပေါဘုရင်လက်ထက်
သူကျွန်လုံးလုံးဖြစ်…

မြန်မာ့ အကြီးဆုံး ကျွန်း…
🚥🚥🚥🚥🚥🚥🚥🚥
[ ရမ်းဗြဲကျွန်း ]

မြန်မာ့ ပထမဆုံး ကမ္ဘာအသိအမှတ်ပြု သိပ္ပံပညာရှင်…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ ဘိုးတော်ဘုရားသားတော် မက္ခရာမင်းသား]

မြန်မာ့ပထမဦးဆုံး ထိုးကွင်းမှင်ကြောင်ကိုစတင်သူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက်
[ထောင်မင်းကြီးသား မောင်ကံ ]

Burma ဟူသော English အမည်မှMyanmar ဟူသော English အမည်ကို
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[1998-June -18] မှာစတင်ပြောင်းလဲခေါ်ဆို

ပုဂံခေတ် တရုတ်ပြည်ကိုဦးဆောင်သွားခဲ့တဲ့သံအဖွဲ့ခေါင်းဆောင် …
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ ရှင်ဒိသာပါမောက် ]

ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ဦးဖေမောင်တင်

မြန်မာ့ ပထမဆုံး စတန့်မင်းသား
🚥🚥🚥🚥🚥🚥🚥🚥🚥🚥
စာရေးဆရာ ပန်းချီငို [1923-May] လ မှာ
နဖူးစာရွာလည် အမည်ရှိတဲ့ ဇတ်ကားနှင့်
ယခုစကော့စျေး(ဗိုလ်ချုပ်အောင်ဆန်းစျေး) နေရာတွင်ရှိသော
စီနီမာဒီပဲရစ် ရုံတွင် ပြသခဲ့ ……

[27-1-1947] မှာချုပ်ဆိုခဲ့တဲ့အောင်ဆန်းအက်တလီ စာချုပ်မှာ လက်မှတ်ထိုး
ဖို့ငြင်းဆိုခဲ့သူ နှစ်ဦး
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
… …(ဂဠုန်ဦးစော နှင့် သခင်ဗစိန် )

ကမ္ဘာကျော်နိုဗယ်ဆုရှင် ကဗျာဆရာ ရော်ဘင်ဒြာနတ်တဂိုး မြန်မာနိုင်ငံကို
လာရောက်ခဲ့တဲ့ခုနှစ်များ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ 1916-May-7မှ9] ထိတစ်ကြိမ်
[1923-March-23မှ27] ထိတစ်ကြိမ်

မြန်မာ့ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓါန်ပြုစုသူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ မက္ခရာမင်းသား ]

မြန်မာ ပထမဆုံး အင်္ဂလိပ် Dictionary ကို
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
1755 မှာ စရေးခဲ့

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ကိုလိုနီခေတ် မြန်မာနိုင်ငံသား ဘုရင်ခံ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ဆာဂျေအေမောင်ကြီး]

မြန်မာ ပထမဦးဆုံး ရေနက်ဆိပ်ကမ်းရုံးစိုက်ရာမြို့…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ထားဝယ် မြို့ ]

မြန်မာနိုင်ငံ၏ အထင်ရှားဆုံးဘုရင်မ…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
(ရှင်စောပု)

မြန်မာနိုင်ငံ၏ ရှင်ဘုရင်လက်ထက် မင်းဆက်သုံးဆက်တိုင်အောင် မိဖုရား
မြောက်ခံရသူ့
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ မိဖုရား ဖွာစော ]

မင်းငါးဆက် မိဖုရားမြောက်ခံရသူ…
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
{ရှင်ဘို့မယ် )


မြန်မာနိုင်ငံတွင်းရှိ မြို့အရေအတွက် ……
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
2010ပြည့်နှစ်စစ်တမ်းအရ မြန်မာနိုင်ငံအတွင်းတွင်မြို့ပေါင်း [ 366 ]မြို့
Capital (မြို့တော်အဆင့် ) သုံးမြို့
ရုံးစိုက်ရာ [ 282] မြို့
အထွေထွေရုံးစိုက်ရာ [ 81] မြို့

ကမ္ဘာက သတ်မှတ်ထားတဲ့ အတော်ဆုံးသိပ္ပံပညာရှင်
အယောက် (100) စာရင်းဝင် မြန်မာနိုင်ငံသား နာနိုပညာရှင်
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ဒေါက်တာစောလှဝေလည်း

ဟစ်တလာ လာ ကြည့်ခဲ့သည့် ပွဲ၌ယှဉ်ပြိုင်ခဲ့ရသော မြန်မာနိုင်ငံသား …
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ကိုလိုနီခေတ် အိန္ဒိယ နိုင်ငံ ကိုယ်စားပြု အနေနဲ
ဂျာမနီ နိုင်ငံမှာကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ
ပါဝင်ယှဉ်ပြိုင်ခဲ့ရတဲ့ လူသန်ကြီးဦးဇော်ဝိတ်

ကိုလိုနီခေတ် အင်္ဂလိပ်လက်ဝှေ့သမားကို အင်္ဂလန်မှာအသေထိုပြီး အနိူင်ယူခဲ့
သည့် မြန်မာနိုင်ငံသား
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
မောင်သောင်း [1917-Dec-16]

၁၃၀၀ ပြည့် ရေနံမြေသပိတ်ကို ဦးဆောင်ခဲသူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ အာဠာဝက သခင်ဖိုးလှကြီး ]


တက္ကသိုလ် ဟူသော စကားလုံးအပြင် ကျောင်းတော် ။
သိပ္ပံ ။ ဓါတု ။ ဇီဝ ။ ရူပ ။ ဝီဇ္စာ ဆိုတဲ့ စကားလုံးများနဲ
တိရိစ္ဆာန် အမည်အတော်များများကိုပင် မြန်မာ စကားအဖြစ် တီထွင်ဖန်တီးပေးသွားခဲ့သူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့အပြင်
ပထမဆုံးသော မြန်မာပါမောက္ခ ဖြစ်တဲ့
[ ဆရာကြီး ဦးဖေမောင်]

မြန်မာနိုင်ငံ၏ ပထမဆုံးသော ပြည်ပတွင်သွားရောက်ဖျော်ဖြေခဲ့ရသည့် ဆိုင်းပညာရှင်
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ နေမျိုးဗလကျော်သူဘွဲရ စိန်ဗေဒါ ]

မြန်မာ ပထမ ဦးဆုံးသော သက်ကြီးရွယ်အို လူအိုရုံများကို စတင်ဖွင့်လှစ်ကာ ဘိုးဘွားရိပ်သာ မျိုးစေ့ကိုစတင်စိုက်ပျိုးခဲ့သူ
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
[ ဒေါ်ဦးဇွန် ]

၁၃၀၀ ပြည့်အရေးတော်ပုံတွင်ကျဆုံးခဲ့သည် ကျောင်းသားခေါင်းဆောင်
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
………[ ဗိုလ်အောင်ကျော် ]

ရွှေတိဂုံဘုရားရှိ သိဂုင်္တ္တရ ပန်းခြံနေရာအား လှူဒါနိးခဲ့သော အမျိုးသမီး …
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
စမ်းချောင်းမြိုနယ် ယခု မကြီးကြီးလမ်း
အမည်ပိုင်ရှင် ဒေါ်ကြီးကြီး

ဂျူဗလီဟော ဘယ်မှာ …………¿
🚥🚥🚥🚥🚥🚥🚥🚥🚥🚥
အာဇာနည် ကိုးဦးရဲ့ စျာပနကိုကျင်းပခဲ့တဲ့ ဂျူဗလီဟော ဆိုတာ
ဝိတိုရိယ ဘုရင်မ ကြီးနန်းသက် (60) ပြည့် အထိမ်းအမှတ်နဲ
မဟာဝန်ရှင်တော်မင်းကြီးမက်ကင်ဇီက အုတ်မြစ်ချကာ
1895 မှာ တည်ဆောက်ကာ 1897 မှာပြီးစီးခဲ့တဲ့
အဆောက်အဦးပဲဖြစ်ပါတယ့်
ဂျူဗလီဟော ဟာ အလံပြဘုရားလမ်းနဲ
ဦးဝိစာရ လမ်းကြား စိန်ရောင်ခြည် ဘုရားနဲ မျက်နှာချင်းဆိုင်
ယခု စစ်သမိုင်းပြတိုက် တည်ဆောက်ထားတဲ့
နေရာမှာရှိခဲ့ပါ၏

ကိုးကား🚥 မြန်မာစွယ်စုံဝီကီပီးဒီးယား
မှီငြမ်း🚥အထွေထွေ ဗဟုသုတ
♻️♻️♻️♻️♻️♻️♻️♻️♻️♻️♻️♻️♻️♻️♻️♻️

# Credit_to_original_Uploader
# General_Knowledge

❤️❤️❤️
08/06/2021

❤️❤️❤️

 #အမြန်လမ်းညဖြတ်သန်းချိန်များသိရှိရန်🚙🚍🚎 #ဘောနတ်ကြီး ပဲခူး (၄၁)မိုင်ဂိတ်👉🕖ည(၈)နာရီ - မနက်(၄)နာရီ (၂၀.၅.၂၀၂၁)တွင် ပြောင်း...
24/05/2021

#အမြန်လမ်းညဖြတ်သန်းချိန်များသိရှိရန်🚙🚍🚎
#ဘောနတ်ကြီး ပဲခူး (၄၁)မိုင်ဂိတ်
👉🕖ည(၈)နာရီ - မနက်(၄)နာရီ
(၂၀.၅.၂၀၂၁)တွင် ပြောင်းလဲသတ်မှတ်

#ဖြူး (၁၁၅)မိုင်ဂိတ်

👉🕖ည(၁၀)နာရီ - မနက် (၄)နာရီ (‌အချိန်ပြောင်းလဲမှုမရှိ)

(c)လမ်းဆုံ #နေပြည်တော် (၂၀၀)မိုင်

👉🕖ည(၁၀)နာရီ - မနက်(၄)နာရီ
(‌အချိန်ပြောင်းလဲမှုမရှိ)

#သီးကုန်း မိတ္ထီလာ (၂၈၅)မိုင်
နေပြည်တော် - မန္တလေး
👉🕖ည(၈)နာရီ - မနက်(၄)နာရီ
မန္တလေး - နေပြည်တော်
👉🕖ည(၁၀)နာရီ - မနက်(၄)နာရီ
(‌အချိန်ပြောင်းလဲမှုမရှိ)

#မန္တလေး (၃၄၄/၅ )မိုင်ဂိတ်
👉🕖ည(၁၀)နာရီ - မနက်(၄)နာရီ

(‌အချိန်ပြောင်းလဲမှုမရှိ)

#အမြန်လမ်း

လာမည့်ဇန်နဝါရီလဆန်းမှ စတင်ကာ ခရီးသွားလုပ်ငန်းတွေ ပြန်ဖွင့်မည်~~~~~~~~~~~~~~~~~~~~~~~~~~~~~ဒီဇင်ဘာ ၂၂ကိုဗစ်ကြောင့် ခရီးသွ...
22/12/2020

လာမည့်ဇန်နဝါရီလဆန်းမှ စတင်ကာ ခရီးသွားလုပ်ငန်းတွေ ပြန်ဖွင့်မည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီဇင်ဘာ ၂၂

ကိုဗစ်ကြောင့် ခရီးသွားလုပ်ငန်းများ ရပ်တန့်နေသော်လည်း လာမည့် ဇန်နဝါရီလဆန်း တွင်ပြန်ဖွင့်နိုင်ရန် ဆောင်ရွက် နေတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ဝန်ကြီးဌာန၏COVID-19 Safe Service ဆင့်ပွား သင်တန်းကို မန္တလေးတွင် စတင်ဖွင့်လှစ်ရာ ဒုတိယဝန်ကြီး တက်ရောက်ကာ Online System ဖြင့် တက်ရောက်အဖွင့်အမှာစကားပြောကြားစဉ်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီးက “ဒုတိယအကြိမ် COVID ကူးစက်မှုနှုန်းမြင့်မားလာချိန်မှ ယခုထိ ခရီးသွားလုပ်ငန်းများ ရပ်တန့်နေပြီး မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလဆန်း ပြန်ဖွင့်နိုင်ရန် ဆောင်ရွက် နေပါတယ်”လို့ ဆိုပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန်
https://www.myanmaplatform.com/a/52498.html

14/10/2020

ခရီးသွားသူတိုင်း ရောက်သင့်တဲ့နေရာလေး❤️❤️❤️

06/10/2020

ဝေဖြိုး(ခရီးသွား)ရဲ့" မန္တလေးအရှေ့ဘက်ကအမြင့်ဆုံးတောင်ထိပ်(သို့)မြခနောက်တောင်" ဆောင်းပါးလေးကို Bookworm's Vitamin Page မှာ Audio Book အဖြစ်နားဆင်ရင်း ပုံလေးတွေပါ ကြည့်ရှုနိုင်ပါပြီ။

 , 2016   မှာရွေးချယ်ဖော်ပြခြင်းခံခဲ့ရတဲ့ ကျွန်တော့်ရဲ့ ခရီးသွားဆောင်းပါးနဲ့  Photo လေးတွေပြန်တွေ့မိလို့ တင်လိုက်ပါတယ်။ ...
03/10/2020

, 2016 မှာရွေးချယ်ဖော်ပြခြင်းခံခဲ့ရတဲ့ ကျွန်တော့်ရဲ့ ခရီးသွားဆောင်းပါးနဲ့ Photo လေးတွေပြန်တွေ့မိလို့ တင်လိုက်ပါတယ်။ အချိန်ရရင် အားပေးဖတ်ရှုပေးပါဦးနော်😊🙏🏻
“မန္တလေးအရှေ့ဘက်ကအမြင့်ဆုံးတောင်ထိပ်..(သို့)မြခနောက်တောင်…”

“မန္တလေးမြို့” ဆိုတာ မင်းနေပြည်တော်ဖြစ်ခဲ့တဲ့မြို့၊ သမိုင်းအစဉ်အလာကြီးမြတ်ခဲ့တဲ့မြို့၊ ယဉ်ကျေးမှုအနုပညာမြောက်လုပ်ငန်းတွေ ပွင့်လင်းရာမြို့၊ စေတီပုထိုး၊ ကျောင်းကန်၊ မြစ်ချောင်းတွေ သဘာဝတောတောင်တွေနဲ့ နီးနီးကပ်ကပ်ရှိနေတဲ့မြို့ဆိုတာ ပြောဖို့မလိုလောက်အောင်သိကြပါတယ်။ ဒီလိုယဉ်ကျေးမှုမြို့တော်မှာနေထိုင်ကြတဲ့ လူတွေရဲ့နှလုံးသားမှာလည်း သဘာဝတောတောင်တွေကိုချစ်မြတ်နိုးတဲ့စိတ်တွေ…ဘာသာသာသနာကိုကြည်ညိုလေးစားပြီးတိုးတက်စေလိုတဲ့စေတနာသဒ္ဓါတရားတွေ…စည်းလုံးညီညွတ်မှုတွေ အစရှိသဖြင့်ကိန်း၀ပ်နေကြပါတယ်။ ဒီမြို့မှာရှိတဲ့ များလှစွာသော ဘုရားစေတီနဲ့ကျောင်းတွေ၊ ၀တ်ရွတ်အသင်း၊ ကထိန်အသင်း၊ဆွမ်းလောင်းအသင်း၊ ပရဟိတ၊ လူမှုရေး၊ သာရေး၊ နာရေးအသင်းတွေနဲ့ မြို့၀န်းကျင်ရှိ တောင်စဉ်တောင်တန်းတွေရဲ့ထိပ်မှာမြင့်တွေ့နေရတဲ့ ထုံးဖြူဖြူစေတီလေးတွေ ဒါမှမဟုတ် ရွှေရောင်လွှမ်းပြီး ကျက်သရေရှိစွာ စံပါယ်နေကြတဲ့ စေတီပုထိုးလေးများက သက်သေထူလျက်ရှိပါတယ်။
“နွေ၊ မိုး၊ ဆောင်း” ဥတုသုံးပါးကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းမှာရှိတဲ့ မန္တလေးမြို့ရဲ့ ရာသီဥတုဟာ နွေရာသီမှာအလွန်ပြင်းထန်ပါတယ်။ မန္တလေးသူ/သား တွေဟာ နေ့စဉ်မဖြစ်မနေ လှုပ်ရှားသွားလာနေရပေမယ့် ကျောင်း/ရုံး ပိတ်ရက်တွေ/ အားလပ်ရက်တွေမှာ အနီးအနား၀န်းကျင်မှာရှိတဲ့ ရေတံခွန် စိမ့် စမ်းလေးများတည်ရှိရာ၊ သစ်ပင်တောတောင်၊ စမ်းချောင်းလေးများနဲ့ အရိပ်အာဝါသကောင်းရာနေရာများကိုသွားရောက်အပန်းဖြေ လည်ပတ်ကြရင်း “ခရီးသွားဝါသနာ” ဆိုတဲ့ အမြစ် တွယ်လာကြပါတယ်။ “ခရီးသွားခြင်းဟာ စိတ်ရဲ့မွန်းကြပ်မှုတွေ..နေ့စဉ်ဘ၀မှာကြုံတွေ့နေရတဲ့ အခက်အခဲတွေကနေ ခေတ္တရုန်းထွက်နိုင်ပြီး စိတ်အပန်းပြေစေတဲ့အတွက် ဘ၀အတွက်အင်အားသစ်တွေဖြစ်စေပါတယ်” လို့ ခရီးသွားမိတ်ဆွေတစ်ဦးက ရင်ဖွင့်ခဲ့ဖူးပါတယ်။ မန္တလေးသားစင်စစ်ဖြစ်တဲ့ ကျွန်တော်ဟာလည်း တောင်တက်လည်းဝါသနာပါ၊ ကျေးလက်တောရွာတွေရဲ့သဘာ၀(Ways of Life) ကိုလည်း လေ့လာချင်တဲ့ဆန္ဒ ပြင်းပြတာကြောင့် နေ့ချင်းပြန်ခရီးသွားရောက်နိုင်တဲ့ “မန္တလေးအရှေ့ဘက်က အမြင့်ဆုံးတောင်ထိပ်(သို့) မြခနောက်တောင်” ဆီသို့ ခြေဦးလှည့်ခဲ့မိပါတော့တယ်။
“မြခနောက်တောင်” ဆိုတာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲအုပ်စုအတွင်း၊ ပင်လယ်ရေမျက်နှာပြင်အထက်(၃၀၁၁-ပေ) အမြင့်မှာတည်ရှိပါတယ်။ မန္တလေးမြို့အရှေ့ဘက် လယ်ကွင်းတွေရဲ့အလွန်၊ ရှမ်းရိုးမတောင်တန်းများရဲ့အစ၊ စေတီပုထိုး၊လှိုဏ်ဂူ၊တရားရိပ်သာများပေါများလှတဲ့ ရေတံခွန်တောင်တန်းကြီးရဲ့ အရှေ့မြောက်ဘက်တစ်ဆက်တည်းမှာတည်ရှိပါတယ်။ ဒီတောင်ကြောကြီးတစ်လျှောက်မှာ “မြခနောက်တောင်” ဟာအမြင့်ဆုံးဖြစ်နေတော့ ခပ်ဝေးဝေးကတည်းက တောင်ထိပ် တောင်ချွန်းလေးကို အထင်းသားမြင်နေရပါတယ်။ အချွန်လေးရဲ့ထိပ်မှာရှိတဲ့ အဖြူရောင် အပြောက်ကလေးတွေကတော့ စေတီနဲ့ အဆောက်အဦးတွေပေါ့…၊ ဒီတောင်ကို မန္တလေးမြို့ပေါ်က ခပ်မြင့်မြင့်အဆောက်အဦးတွေပေါ်ကပဲကြည့်ကြည့်၊ ဧရာ၀တီမြစ်ကြောင်းကနေပဲကြည့်ကြည့်၊ မန္တလေးမြို့ပြင် အနီးအနား၀န်းကျင်နဲ့ ကန်တော်ကြီး၊တောင်သမန်အင်း ဘက်ကနေပဲကြည့်ကြည့် မြင်တွေ့နိုင်ပါတယ်။ ညညဆိုရင် မီးရောင်စိမ်းစိမ်းလေးတွေစုပြီး ကြယ်လေးတွေအလား တောက်ပထွန်းလင်းနေတာ ဒီတောင်ပေါ့…။
မိုးခပ်အုံ့အုံ့နဲ့ အေးချမ်းတဲ့ နံနက်ခင်းတစ်ခုမှာ အဲ့ဒီတောင်ကိုသွားဖို့ ခရီးသွားဝါသနာတူ သူငယ်ချင်းတွေစုပြီး ထိုင်နေကျ ၃၅လမ်း “ရွှေပြည်မိုး-ကဖေး” ရှေ့ကနေထွက်ဖို့ တာစူလိုက်တယ်။ ဆိုင်ကယ်တွေကိုယ်စီနဲ့ပေါ့။ မထွက်မီညကတည်းက လိုအပ်တဲ့ပစ္စည်း၊ ခိုင်ခံ့တဲ့ဖိနပ်၊ မိုးကာ စတာတွေကိုယူခဲ့ကြဖို့ မှာခဲ့ပြီးပြီဆိုတော့ အားလုံးအဆင်သင့်ပေါ့။ (၇)နာရီလည်းထိုးရော ခရီးစဖြစ်တယ်။ ၃၅လမ်းအတိုင်း အရှေ့ဘက်တည့်တည့်မောင်း၊ လမ်းဆုံးတော့ညာဘက်ကွေ့ပြီး ရေတံခွန်တောင်ဂေါက်ကွင်းသို့ဆိုတဲ့လမ်းအတိုင်းဘယ်ချိုး၀င်လာခဲ့တယ်။ နံနက်ခင်းအစမှာ လေပြည်နဲ့အတူပါလာတဲ့ စပါးပင်လေးတွေရဲ့ အနံ့အသက်လေးတွေဟာ စိတ်ကိုကြည်နူးစေပါတယ်။ အစိမ်းရောင်ကတ္တီပါစနုကလေးတွေလိုဖြစ်နေတဲ့ လယ်ကွင်းတွေနဲ့ ဂွေးကြီးကုန်းကျေးရွာလေးရဲ့အလွန် ပိုမိုကျယ်ပြန့်တဲ့ စပါးစိုက်ခင်း၊ ငှက်ပျောပင်၊ သပြေပင် စိုက်ခင်းတွေကိုတွေ့ရပြီး၊ မြောက်ဘက်မှာတော့ ရန်ကင်းတောင်၊ အရှေ့ဘက်ဆီမှာတော့ သွယ်တန်းနေတဲ့ ရေတံခွန်တောင်နဲ့ မြခနောက်တောင်ကို ခဲပန်းချီကားချပ်သဖွယ် မြင်နေရပါတယ်။ ရေကြည်စံပြကျေးရွာလေးကိုမရောက်ခင် လမ်းခွဲလေးနဲ့ မြောင်းဘောင်လေးကိုတွေ့တော့ဘယ်ကွေ့ပြီး မြောင်းဘောင်လေးအတိုင်းသွား၊ မြောင်းမကြီးရောက်တော့ဘယ်ထပ်ကွေ့ပြီး မြင်နေရတဲ့တံတားကြီးပေါ်ဖြတ်လိုက်တယ်။ “နည်းပညာတက္ကသိုလ်(MIT)” ကျောင်းဂိတ်ပေါက်၀ကနေ၀င်ပြီးလမ်းဆုံးအောင်မောင်းကြပါတယ်။ လမ်းဆုံးမှာ “မြခနောက်တောင်သို့”ဆိုတဲ့လမ်းညွှန်ဆိုင်းဘုတ်ကလေးက ဆီးကြိုလို့နေပါတယ်။ မြေနီလမ်းကြမ်းလေးအတိုင်းဆိုင်ကယ်တွေနဲ့ဆက်မောင်းကြရင်း မြခနောက်တောင်စတက်မယ့် တောင်ခြေကရွာငယ်လေးဆီကိုရောက်တော့(၇)နာရီခွဲ၀န်းကျင်ရှိနေပါပြီ။ ဒေါ်သန်းရီ ရဲ့ “မိုးသီတာ” လက်ဖက်ရည်ဆိုင်လေးမှာ ဆိုင်ကယ်တွေအပ်၊ လိုအပ်တဲ့ ရေသန့်၊ အအေးတွေကို ၀ယ်ယူပြီး (၈)နာရီ၀န်းကျင်မှာတောင်တက်ခရီးစတင်ကြပါတော့တယ်။မိုးရာသီဆိုတော့ တောင်ခြေအစမှာတင် မြူခိုးလေးတွေဆိုင်းလို့ပေါ့။ ဆိုင်ကယ်နဲ့သွားသာရုံလုပ်ထားတဲ့ ခပ်ကြမ်းကြမ်း ကွန်ကရစ်လမ်းအတိုင်းခြေကျင်တက်ခဲ့ကြပါတယ်။ သူငယ်ချင်းတစ်စု စလိုက်/နောက်လိုက်နဲ့ မောရကောင်းမှန်းမသိကြပဲ စေတီလေးတစ်ဆူစံပါယ်နေတဲ့ ဘုရားကုန်းလေးအရောက်မှာ ခေတ္တနားပြီး ဓာတ်ပုံရိုက်ကြတယ်။အဲဒီနောက်တောင်တက်လမ်းအတိုင်းဆက်တက်လာတော့ တဲအိမ်လေး တစ်အိမ်စ၊ နှစ်အိမ်စတွေ့လာရပြီး “ရွှေကျင်ရေ” ဆိုတဲ့ရွာလေးကိုရောက်ပါတယ်။ရွာလယ်ရေတွင်းလေးနဲ့ နတ်စင်လေးကျော်တော့ ညာဘက်ကကုန်းထက်မှာ ဘုန်းတော်ကြီးကျောင်းနဲ့တွဲထားတဲ့ ဘ/က စာသင်ကျောင်းလေးကိုတွေ့ပြီး ကျွန်တော်တို့အဖွဲ့၀င်လေ့လာဖြစ်ကြပါတယ်။ ဒီ(ရွှေကျင်ရေ) ရွာမှာ အိမ်ခြေ(၁၂၀)ခန့်ရှိကြောင်း၊ဆက်သွားရင်လည်း ရေတော် ရွာနဲ့ တခြားရွာလေးတွေရှိကြောင်း၊သီးနှံစိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြပြီး ထင်းခွေ၊ ဝါးခုတ်၊ တောင်ယာအလုပ်များအပြင်၊စျေးကောင်းရသော သစ်မွှေး များလည်းစိုက်ကြကြောင်း၊ မိုးရာသီတွင် “မျှစ်”များပါရရှိပြီး တောင်ပေါ်ထွက်သီးနှံကုန်များကို ဆိုင်ကယ်(သို့)အထမ်းဖြင့် တောင်ခြေ၊ထိုမှတစ်ဆင့် မန္တလေးမြို့ပေါ်ရှိ ပွဲရုံ၊ စျေးများသို့တင်ပို့ကြကြောင်း သိရှိခဲ့ရပါတယ်။ ရွှေကျင်ရေ ဘ/က အလယ်တန်းကျောင်းလေးမှာတော့ ရေတော်ရွာနဲ့အနီးအနား၀န်းကျင်ရွာများမှ ကျောင်းသား/သူ ဦးရေ(၂၀၀)ခန့်ကိုသင်ကြားပေးလျက်ရှိကြောင်း၊ကျောင်းဆောင်ဆောက်လုပ်မှုများနဲ့ပညာသင်ထောက်ပံ့မှုများကိုတော့ မြခနောက်တောင်တက်ခရီးသွားများ၊ ပရဟိတလူငယ်အသင်းများ၊ ဆရာတော်ဦးဇောတိကနှင့် ရွာသူရွာသားများမှ ပူးပေါင်းဆောင်ရွက်ကြကြောင်းကို ကျောင်းဆရာ ကိုအေးမင်း+မ၀င်း၀င်းမြတ် (ဇနီးမောင်နှံ)မှရှင်းပြခဲ့ပါတယ်။ကျွန်တော်တို့အဖွဲ့လည်းတတ်အားသရွေ့ လှူဒါန်းခဲ့ကြပြီးဆက်လက်ထွက်ခွာလာခဲ့ကြပါတယ်။ အေးမြတဲ့တောင်ကျစမ်းချောင်းလေးတစ်ခုကိုကျော်ပြီးတော့ မြေပြန့်ကိုပဲ ခပ်ကြာကြာလျှောက်ရပါတယ်။ ဘေးဝဲ/ယာမှာတော့ ငှက်ပျော၊ သြဇာ၊ သရက်၊ ပိန္နဲ၊ သစ်မွှေး၊ သပြေ၊ သံပုရာ စတဲ့ စိုက်ခင်းတွေကိုကျော်ပြီး အိမ်ခြေ(၈၀)ခန့်ရှိတဲ့ ရေတော်ရွာကိုရောက်လာခဲ့ကြပါတယ်။ ရေတော်ရွာဒေသခံ အန်တီဖြူ ဧည့်ခံတဲ့ ရေနွေးကြမ်း၊ လက်ဖက်၊ ငှက်ပျောသီးတွေကိုသုံးဆောင်ကြပြီး အရှေ့ဘက်ဆီကမြူခိုးဝေနေတဲ့ ခပ်မတ်မတ်တောင်ကြီးကို တက်ရောက်ရပါတော့တယ်။ တောလမ်းကလေးကတော့ လူတစ်ဦးသွားသာရုံဖြစ်ပြီးအနည်းငယ်မတ်ပါတယ်။ ကမ်းပါးနီကြီးကလည်းဘေးမှာရှိနေပြီးအင်မတန်လှတဲ့ရှုခင်းပါ။ မောလိုက်၊ နားလိုက်၊ သွားလိုက်နဲ့ လျိုမြောင်ကြီးတစ်ခုကြားကဖြတ်ပြီးတာနဲ့ “မြခနောက်တောင်မှ ကြိုဆိုပါ၏” ဆိုတဲ့ မုခ်ဦးဆိုင်းဘုတ်ကိုမြင်တော့မှ အမောပြေသွားကြပါတော့တယ်။ ကျောက်တုံးလေးတွေစီထားတဲ့ လှေကားလေးအတိုင်းတက်သွားရင်ပဲ ဥာဏ်တော်(၁၈)တောင်ရှိတဲ့ မြဘုရားရုပ်ပွားတော်၊ အနီးနားမှာ တရားကျင့်တဲ့လှိုဏ်ဂူတစ်ခုနဲ့ တောင်စွန်းလေးတစ်ခုထိပ်မှာ ရွှေရောင်တ၀င်း၀င်းနဲ့ ကျိုက်ထီးရိုးစေတီလေးကို အင်မတန်ကြည်ညိုဖွယ်ကောင်းစွာ ဖူးတွေ့ရပါတယ်။ ဘုန်းကြီးကျောင်းပေါ်ရောက်တော့ ဆရာတော်ဦးစန္ဒိမာ တည်ခင်းဧည့်ခံတဲ့ ရေနွေးကြမ်း လက်ဖက်နဲ့ ထန်းလျက်ကိုဗိုက်ဆာဆာနဲ့ စားကြပြီး အမောဖြေကြပါတယ်။ နာရီကြည့်တော့ (၁၁)နာရီကျော်ပြီ။ ဆရာတော်က “မြခနောက်” ဟုခေါ်ရခြင်းမှာ ရှေးစကားအရ “မြသုံးလုံး” ဖိုခနောက်ဆိုင်ပုံစံတည်ရှိသည်ဟုကြားခဲ့ဖူးကြောင်း၊ မိမိကျောင်းထိုင်သည်မှာ (၇)နှစ်ခန့်ရှိပြီဖြစ်ပြီး၊ပထမဆရာတော် ဦးဇယျဒိဿ လက်ထက်ကတည်းကသာသနာပြုခဲ့ကြောင်း၊ ဦးဇယျဒိဿ သက်တော်ကြီးလာသောကြောင့်တောင်ခြေသို့ပြောင်းရွှေ့သီတင်းသုံးကတည်းက မိမိတာ၀န်ယူထိန်းသိမ်းခဲ့ကြောင်းရှင်းပြပါတယ်။ ဆက်လက်ပြီးတောင်တော်သာသနာဖွံ့ဖြိုးတိုးတက်အောင် ဘုရားစေတီများတည်ခြင်း၊ ဓမ္မာရုံတည်ဆောက်ခြင်းနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းခြင်းများကိုပါဆောက်ရွက်သွားမည်ဖြစ်ကြောင်း မိန့်ကြားသဖြင့် ဆရာတော်လိုအပ်သောနေရာတွင်သုံးစွဲနိုင်ရန် န၀ကမ္မအလှူငွေများလှူဒါန်းခဲ့ကြပြီး ခရီးသွားမှတ်တမ်းစာအုပ်တွင်ပါ လက်မှတ်ရေးထိုးကြကာအမြင့်ဆုံးတောင်ကလပ်ထိပ်သို့(၅)မိနစ်ခန့်တက်ရောက်ခဲ့ကြပါတယ်။ တောင်ထိပ်မှာ မိုးလုံလေလုံအဆောက်အဦးတစ်ခုနဲ့ “ကံထူးမြင့်”ဘွဲ့အမည်ရှိ ရွှေရောင်လွှမ်းသောစေတီလေးတစ်ဆူအထင်အရှားရှိနေပါတယ်။ ပတ်၀န်းကျင်မှာတော့ စေတီငယ်များနှင့် ရုပ်ပွားတော်များပါဖူးတွေ့ရပြီး ရင်ပြင်တော်ပေါ်တွင် ခေါင်းလောင်းလေးတစ်ခုချိတ်ဆွဲထားသည်ကိုလည်း ကြည်နူးဖွယ်တွေ့ရပါတယ်။ ပတ်၀န်းကျင်တွင် အဆီးအတားမရှိပဲ အမြင့်ဆုံးသို့ ရောက်နေသောခံစားမှုနှင့်အတူ အရှေ့ဘက်နှင့်တောင်ဘက်ဆီတွင် ရှမ်းရိုးမတောင်တန်းများ၊ မြောက်ဘက်မှာ စိန်ခနောက်တောင်နဲ့ “လပို့” လို့ခေါ်သည့်ရွာကလေး၊ အနောက်ဘက်မှာတော့ မန္တလေးမြို့နဲ့ မန္တလေးတောင်၊ရန်ကင်းတောင်၊ ဧရာ၀တီမြစ်၊ တောင်သမန်အင်း တို့ကို ဝဲပျံနေသော တိမ်မြူခိုးများကြားမှာ မြင်နေရပါတယ်။ အဖွဲ့လိုက် ဘုရားရှိခိုး၊ ခေါင်းလောင်းထိုးအမျှဝေပီး ဆုတောင်းကြပါတယ်။ တောင်ကလပ်ထိပ်သို့လိုက်ပါပို့ဆောင်ပေးတဲ့ ဆရာတော်ရဲ့ကပ္ပိယဖြစ်သူ ကိုတင်မောင်ဆန်းက- “ ညဆိုရင် ဒီတောင်ပေါ်ကနေ မန္တလေးမြို့ကိုကြည့်လိုက်ရင် မဟူရာရောင် ကတ္တီပါစကြီးပေါ်မှာ ရွှေမှုန်၊ ငွေမှုန်၊ ကလေးတွေ ကြဲဖြန့်ထားသလိုပဲ…ကြယ်တွေဆိုရင်လည်း ရေလို့တောင်မဆုံးနိုင်ဘူး…” လို့ဆိုတယ်။ ဒေသခံရွာသားရဲ့ ကဗျာဆန်ဆန်အပြောကြောင့် အားလုံးသဘောကျ ရယ်မောမိကြပြီး နောက်တစ်ခါတက်ဖြစ်ရင် ညအိပ်ကြဖို့ ပြိုင်တူစိတ်၀င်စားသွားကြတယ်။ ကော်ဖီသောက်ကြ၊ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြပြီး ကိုတင်မောင်ဆန်းရဲ့ထပ်မံပို့ဆောင်မှုကြောင့် သဘာဝကျောက်ခက်ပန်းဆွဲတွေနဲ့ အလှမပျက်သေးတဲ့ “အောင်သိဒ္ဓိလှိုဏ်ဂူ” ကိုရောက်ခဲ့ကြပြန်တယ်။ ဘုန်းကြီးကျောင်းနဲ့ ငါးမိနစ်သာသာပဲဝေးတဲ့ ဒီလှိုဏ်ဂူဟာ တွေ့ရှိတာနှစ်နှစ် ၀န်းကျင်လောက်ပဲရှိသေးတယ်လို့ဆိုပါတယ်။ လှိုဏ်ဂူ၀ကနေ အောက်ကို ၂၅-ပေ လောက် သစ်သားလှေကားနဲ့ဆင်းရပြီး အတန်အသင့်သာ ကျယ်ပေမယ့် အတွင်းမှာကြီးမားလှပတဲ့ ကျောက်ခက်ပန်းဆွဲတွေ၊ ငွေရောင်တဖိတ်ဖိတ်လက်တောက်ပနေတဲ့ကျောက်သားတွေ၊ စေတီပုံစံဖြစ်နေတာလေးတွေကို တွေ့ခဲ့ရပါတယ်။ ခပ်မြင့်မြင့်အုတ်ခုံနဲ့ ရွှေရောင် အုတ်ပလ္လင်ပေါ်မှာ မုဒြာဟန်(၉)မျိုးနဲ့ ဗုဒ္ဓရုပ်ပွားတော်(၉)ဆူတို့ကို ကြည်ညိုဖွယ် ဖူးတွေ့ခဲ့ရပါတယ်။လှိုဏ်ဂူကအပြန် ကျွန်းပင်တွေခြံရံထားတဲ့ ဧရာမကျောက်တုံးကြီးပေါ်မှာတည်ထားတဲ့ “အဓိပတိ” ဆိုတဲ့ ဆုတောင်းပြည့်စေတီတော်လေးကိုလည်း ၀င်ရောက်ဖူးမျှော်ကြပါသေးတယ်။ပတ်၀န်းကျင်ကတော့ အင်မတန်တိတ်ဆိတ်ငြိမ်သက်နေပြီး ကျေးငှက်သာရကာလေးတွေရဲ့ ကြည်နူးဖွယ်ရာ မြည်တွန်တောက်တီးသံ သဲ့သဲ့တို့ကိုသာကြားခဲ့ရပါတယ်။ အဲ့ဒီနောက် နာရီကြည့်မိတော့ (၃)နာရီစွန်းနေတော့ လိုက်ပါပို့ဆောင်သူကြီးကိုနှုတ်ဆက်လို့ စုပေါင်းစေတနာတုန့်ပြန်ခဲ့ကြပြီး မန္တလေးအပြန် မိုးမချုပ်အောင် ခြေလှမ်းခဲ့ကြပါတော့တယ်။ တစ်ခါတစ်ခေါက်ရောက်ခဲ့ပေမယ့် ကျွန်တော်တို့လိုခရီးသွားဝါသနာရှင်လူငယ်လေးတွေအတွက် အမြဲထာ၀ရအမှတ်တရရှိနေမယ့်ခရီးစဉ်လေးတစ်ခုပါ။
“နှုတ်ဆက်ခဲ့ပါတယ်…မြခနောက်တောင်ကြီးရယ်….”လို့သာ……။
ဝေ​ဖြိုး(ခရီးသွား)

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when ခရီးသွားခြင်းအနုပညာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category


Other Travel Agencies in Mandalay

Show All