Travels Nira

Travels Nira Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Travels Nira, Tourist Information Center, Mandalay.

နှစ်သစ်ဆုတောင်း 🍀🍀ငြိမ်းချမ်းသောအရပ်မှာနေထိုင်ခွင့်ရ၍ပိုကောင်းတဲ့အနာဂတ်ကိုသာပိုင်ဆိုင်ခွင့်ရပါစေ🍀အပူအပင်ကင်းကင်းအိပ်စက်ပ...
16/04/2024

နှစ်သစ်ဆုတောင်း 🍀

🍀ငြိမ်းချမ်းသောအရပ်မှာနေထိုင်ခွင့်ရ၍

ပိုကောင်းတဲ့အနာဂတ်ကိုသာပိုင်ဆိုင်ခွင့်ရပါစေ

🍀အပူအပင်ကင်းကင်းအိပ်စက်ပြီး အေးချမ်းစွာနိုးထနိုင်ပါစေ

🍀ရင်တွင်းတေးသံကြည်လင်၍ အမုန်းတရားများလည်းကင်းပါစေ

🍀ရရှိသောမေတ္တာချိုမြိန်၍ စိတ်နေမြင့်သူနဲ့သာ ဆုံတွေ့ပါစေ

🍀ထပ်တူမျှတဲ့ချစ်ခြင်းတွေနဲ့ ချစ်သူများလည်းပျော်ရွှင်ပါစေ

🍀ပန်းကလေးများမွှေး စမ်းကလေးများအေးသလို သာယာတဲ့ဘဝကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ

Wher is my Home💔🥺
03/04/2024

Wher is my Home💔🥺

ပြည့်စုံတဲ့လှပချင်ဆိုတာ ❤️❤️❤️❤️
12/03/2024

ပြည့်စုံတဲ့လှပချင်ဆိုတာ ❤️❤️❤️❤️

👑vietnam👑 နိုင်ငံလေလွမ်းနေရော🤝🏳️‍🌈
04/03/2024

👑vietnam👑 နိုင်ငံလေ
လွမ်းနေရော🤝🏳️‍🌈

Cambodia  Night market 🥰🏳️‍🌈 Is I so really happy
10/02/2024

Cambodia Night market 🥰🏳️‍🌈 Is I so really happy

26/01/2024

ဆွစ်ဇာလန် ( Switzerland ) ဆိုတဲ့ ဥရောပနိုင်ငံလေးဟာ နိုင်ငံက သေးသလောက် အင်မတန်ကို ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာကျော် နိုင်ငံလေးပါ။ ဒါပေမဲ့ ဘာကြောင့် ဒီနိုင်ငံလေးက ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေစာရင်းထဲ ဝင်တဲ့အထိ ချမ်းသာနေတာပါပဲ။ အ ကြောင်းရင်းတွေကို ကြည့်လိုက်ကြရအောင်ပါ။

ဒီနေ့ခေတ်မှာတော့ လူအများစုဟာ ဆွစ်ဇာလန်ဆိုတဲ့နာ မည်ကို ကြားလိုက်တာနဲ့ ဘဏ်လုပ်ငန်းရယ်၊ သက် သာလှတဲ့ အခွန်စနစ်ရယ်ကိုပဲ ပြေးမြင်မိကြမှာပါ။ ဒါပေမဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုဟာ တီထွင်ဖန်တီးမှုအပေါ်မှာ အဓိက အခြေတည်ထားတာပါ။ ဒါပေမဲ့ ဒီနိုင်ငံသေးသေးလေးမှာ ဒိတ်ဒိတ် ကြဲ သူဋ္ဌေးကြီးတွေ ဘာလို့အများကြီး ဖြစ်နေတာလဲ ဆိုတာကိုလည်း သိချင်ကြဦးမှာပါ။ ကမ္ဘာပေါ်မှာရှိရှိသမျှ ဘီလျံနာသူဋ္ဌေးကြီးတွေထဲမှာ အယောက် ၄ဝ က ဆွစ်ဇာလန်နိုင်ငံသားတွေလေ။ ဒါကြောင့် ဆွစ်ဇာလန်နိုင်ငံ ဘယ်လောက်အထိ ချမ်းသာသလဲ၊ ဘယ်လိုနည်းတွေနဲ့ ချမ်းသာလာသလဲ စတာတွေကို ပြောပြသွားပါမယ်။ ဆွစ်ဇာလန်နိုင်ငံဟာ အေးချမ်းသာယာလှပတဲ့ သူဋ္ဌေးနိုင်ငံရယ်လို့ နာမည်ကြီးသ လောက် နေထိုင်မှုစရိတ်စကလည်း အင်မတန်မြင့်မားပါတယ်။ အဲဒီလို နေထိုင်မှုစရိတ်စက ကြီးရတဲ့ အကြောင်းရင်းကလည်း ရှိပါတယ်။ ဆွစ်ဇာလန်နိုင် ငံသားတွေဟာ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ပျမ်းမျှအားဖြင့် ငါးသိန်းနီးပါး ကြွယ်ဝကြတယ်လို့ ဆွစ်ဇာလန်နိုင်ငံလုံးဆိုင်ရာဘဏ်က ထုတ်ပြန်တဲ့ ကိန်းဂ ဏာန်းအချက်အလက်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ၂ဝ ဟာ ဆွစ်ဇာလန်က ထိပ်သီးသူဋ္ဌေးကြီးတွေအတွက် စီးပွားရေးတဟုန်ထိုးကောင်းတဲ့ ကာလတွေပါပဲ။ ၂ဝဝဝ ခုနှစ်ကနေ ၂ဝ၁၉ ခုနှစ်အတွင်းမှာ ဆွစ်ဇာလန်က အရွယ်ရောက်ပြီးသား လူတစ်ယောက် စီတိုင်းရဲ့ ကြွယ်ဝမှုဟာ ၅၃ ရာခိုင်နှုန်း တိုးလာခဲ့ပါသတဲ့။ ဒါကြောင့် ကမ္ဘာပေါ်က လူတစ်ယောက်ချင်းစီရဲ့ ကြွယ်ဝမှုတွေကို နှိုင်းယှဉ်ကြည့် လိုက်မယ်ဆိုရင် တောင် ဆွစ်ဇာလန်က လူတွေက အချမ်းသာဆုံး ဖြစ်နေပါတယ်။ လူဦးရေ ကိုးသန်းလျော့လျော့ပဲ ရှိတဲ့ နိုင်ငံလေးမှာ သန်းကြွယ်သူဋ္ဌေးဦးရေက ၈ဝဝဝဝဝ ရှိနေတယ်လေ။ လုပ်ခလစာ များတာ၊ စီးပွားရေးတည် ငြိမ်တာ၊ အခွန်အခနှုန်းထား သက်သာတာတို့ကြောင့် လူချမ်းသာ နိုင်ငံခြားသားတွေ ဆွစ်ဇာလန်ကို အရမ်းသွားနေကြတာ နှစ်ပေါင်း မနည်းတော့ပါဘူး။

နိုင်ငံခြားသားတွေ အများကြီးလာပြီး အခြေချနေထိုင်တာကြောင့် ဆွစ်ဇာလန်လူဦးရေထဲမှာ ၂၅ ရာခိုင်နှုန်းကျော်က နိုင်ငံခြားသွေး နှောကြပါတယ်။ သန်းပေါင်းများစွာကြွယ်ဝတဲ့ ဆွစ်ဇာလန်က သူဌေးကြီးတွေထဲမှာလည်း ထက်ဝက်လောက်က နိုင်ငံခြားက လာကြတာပါ။ ဆွစ်ဇာလန်မှာ လူချမ်းသာတွေ နေထိုင်ကြတော့ စရိတ်စကတွေကလည်း လိုက်မြင့်လာတော့တာပေါ့။ ဒါကြောင့်မို့လို့ ဆွစ်ဇာလန်မှာ နေထိုင်မှုစရိတ်စက မြင့်မားတာပါ။ ဆွစ်ဇာလန်ဟာ ကမ္ဘာပေါ်မှာ ကုန်ကျစရိတ် အကြီးဆုံးနေရာလို့ ၂ဝ၂ဝ ခုနှစ် စစ်တမ်းတစ်ခုက ဆိုထားပါတယ်။ ကဲ..ဆွစ်ဇာလန်နိုင်ငံ ချမ်းသာကြွယ်ဝရတဲ့အကြောင်းရင်းတွေ အကြောင်းကို ပြန်သွားကြရအောင်ပါ။

ဆွစ်ဇာလန်နိုင်ငံ ချမ်းသာကြွယ်ဝရတဲ့ အကြောင်း ရင်းက တစ်ခုတည်းမဟုတ်ဘဲ အများကြီး ရှိပါတယ်။ ဆွစ်ဇာလန်ဟာ ဘဏ်လုပ်ငန်းကြောင့် ဒီလောက်အ ထိ ချမ်းသာနေတာလို့ လူတွေကထင်လေ့ရှိကြပေမယ့် အဲဒီလောက်အထိ မရိုးရှင်းပါဘူး။

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Travels Nira posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Tourist Information Centers in Mandalay

Show All