20/01/2017
တစ်နေ့တာလုံး ဇိမ်ရှိရှိနဲ့ အဆင့်တန်းမြင့်မြင့် ဖြတ်သန်းရင်း ဘ၀အမောတွေကို ပန်းမြို့တော်ကြီးမှာ ဖြေဖျောက်လိုက်ကြရအောင် ဘော်ဒါတို့ ... 😇😇😇
အဲ့ဒီခရီးစဉ်မှာကတော့ ...
သူငယ်ချင်း တစ်ဖွဲ့ 5 ယောက် ( max ) ဒါမှမဟုတ် မိသားစု 5 ယောက် ( max ) .. 👨👩👦👦👩👩👦👦👨👩👧
စုံတွဲ 2 တွဲ ( max ) ဒါမှမဟုတ် 1 တွဲ .. တွေ အတွက် 👫👫👫
တစ်နေကုန်လုံးစာအတွက်မှ 225,000 kyats ပဲ ကျသင့်မှာ ဖြစ်ပြီး .. (တစ်ဦးချင်းစီတွက်ကြည့်မှ 45,000 kyats သာ ကျသင့်မှာပါ ) 👌🏻👌🏻👌🏻
ဒီခရီးစဉ်မှာက တစ်ယောက်ကို 45,000 ကျပ်မို့ ဈေးများ တယ်လို့ ထင်ရပေမယ့် တကယ့်တကယ် လည်ပတ်တဲ့အခါရမယ့် စိတ်ကျေနပ်မှုတွေရယ် .. The View ဆိုတဲ့ Restaurant ကြီးမှာ ညနေစာ စားရင်း Sunset ရဲ့ အလှကို ခံစားရတဲ့အခါ 45,000 ဟာ တကယ်ကို တန်ပါလားလို့ လက်ခံသွားစေရပါမယ် .. ညနေစာကလည်း set menu ဆိုတော့ စုံစုံလင်လင်လေး စားရမှာပါ .. appetizer,salad,soup,main course and desert စတဲ့ 5 မျိုးတောင် ပါမှာဆိုတော့ အရသာရှိရှိ အဆင့်အတန်းမှီမှီ သုံးဆောင်ရမှာနော့ .
ပုံမှန်အတိုင်း မနက် 8:00 နာရီမှာ မန္တလေးကနေ စထွက်ပါမယ် .. 🚐🚐🚐
၂၁ မိုင်မှာ ခန အပေါ့အပါးအတွက် ခနနားပြီးတာနဲ့ ပိတ်ချင်းမြောင်ကို တောက်လျှောက်ခရီးဆက်မှာပါ .. 🚱🚱🚱
ပိတ်ချင်းမြောင်မှာ လည်ပတ်ပီးတာနဲ့ နေ့လည်စာကို အဲ့ဒီမှာပဲ Gold Yadanar Hotel ရဲ့ အရသာရှိတဲ့ Lunch-box တွေနဲ့ ဖျာလေးခင်းပီး Picnic ဆန်ဆန်လေး စားကြမှာပါ .. 🍱🍱🍱
အဲဒီကနေမှ တန်ခိုးကြီး မဟာအံ့ထူးကံသာဘုရား ကြီးကို သွားပြီး ဖူးမျှော်ပါမယ် .. 🙏🏻🙏🏻🙏🏻
ဘုရားကနေတစ်ဆင့် ပွဲဂေါက် ( B.E fall ) ရေတံခွန်ကို ဆင်းပါမယ် .. အဲ့ဒီမှာ 2 နာရီလောက် လည်ပတ် ရေကစားချင်သူ ကစား ( အ၀တ်လေးတော့ အပိုထည့်ခဲ့ပေါ့နော့ ) နားချင်သူနား ဈေးဝယ်ချင်သူဝယ် လည်ချင်သူလည်ကြမယ်ပေါ့ .. 🏊🏻♀️🏊🏻♀️🏊🏻♀️
အဲ့ဒီကပြီးတာနဲ့ နေ့လည် 15:00 နာရီမှာတော့ တိုင်းရင်းသားကျေးရွာလို့ခေါ်တဲ့ National Landmark Garden ကို သွားပါမယ် .. ⛩⛩⛩
အဲ့ဒီမှာ မြန်မာတစ်ပြည်လုံးကို လည်ပတ်ပြီးတာနဲ့ အလွန်အင်မတန် လှပတဲ့ အပန်းဖြေလို့လည်းကောင်း ဓါတ်ပုံရိုက်လို့လည်းကောင်းတဲ့ .. အမျိုးသားကန်တော်ကြီးဥယျာဉ်ကို သွားရောက်လည်ပတ်မှာပါ .. 🌹🌷🌺
အဲဒီမှာ 1 နာရီလောက် လည်ပတ်ပီးတာနဲ့ ... ဒီခရီးစဉ်ရဲ့ Special ဖြစ်တဲ့ ညစာစားဖို့ The View Restaurant ကို ထွက်ခွာမှာပါ .. 👌🏻👌🏻👌🏻
ကဲ ဒီခရီးစဉ်ရဲ့ နောက်ဆုံးနဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံးအပိုင်းကို ရောက်လာပီနော့ .. 😉😉😉
The View Restaurant ရောက်တဲ့အခါ နေ၀င်ဆည်းဆာနဲ့ သဘာဝ ရှုခင်းအလှကို ပြီးပြည့်စုံစွာ ခံစားရမှာပါ .. ဓါတ်တော်ချိုင့်ရေတံခွန်ရဲ့ အစအဆုံး ရှုခင်းလေးနဲ့ ဓါတ်ပုံလေးရိုက် .. နေ၀င်ဆည်းဆာကို တောင်ထိပ်ကနေငေးရင်း ဓါတ်ပုံရိုက် .. အရသာရှိတဲ့ Appetizer လေးစား .. သူငယ်ချင်းတွေ စကားလေးပြောရင်း Salad လေး မြည်း .. မိသားစု စုံစုံလင်လင်နဲ့ Soup လေးသောက် .. ချစ်သူနှစ်ဦး ကြည်ကြည်နူးနူး Main Course လေးစား .. Beautiful Sunset လေးကို Desert လေးနဲ့ အချိုတည်းရင်း နတ်စည်းစိမ်တမျှ ကောင်းမွန်တဲ့ ညနေစာလေးကို မြည်းစမ်းလိုက်ရရင်တော့ ဒီ Package လေးမှာ 45,000 ဆိုတဲ့ တစ်ဦးချင်း ဈေးနှုန်းက တန်လွန်းပါတယ်ဆိုတာ လက်ခံသွားစေရပါမယ် .. 👏🏻👏🏻👏🏻
ဒီတစ်နေ့တာ ခရီးမှာ ပါဝင်မယ့် Service Included တွေကတော့ ..
Transportation - Toyota Alphard ( အဲကွန်းနဲ့ဗျ 😄😄😄 ) 🚐🚐🚐
Meals - Gold Yadanar Lunch-box 5 pax, dinner at The View Restaurant ( Set Menu .. appetizer, salad, soup, main course & desert )
Service Excluded 🚫🚫🚫
Entrance Fees, Commercial tax, Camera fees & Additional tours Services are not mentioned in “Service Included”
ပြီးရင် ညနေ 19:00 ( 7 နာရီ ) Gold Yadanar Hotel ရှေ့မှာ ခရီးစဉ်ပြီးဆုံးပါမယ် .. ဒီနေရာကလည်း မြို့ရဲ့ အချက်အချာ 34 bet ( 77-78 ) st မှာဖြစ်လို့ ပြန်ဖို့ ပူရမယ် မထင်ပါဘူး ( ဝါသနာပါရင် ညဈေးတန်းမှာ တိုဟူးနွေးနွေးလေးနဲ့ ညစာပါ ဆွဲလို့ရသေးတယ်ဗျာ )
ကဲ .. သွားပြီး မြည်းစမ်းခံစားကြည့်ဖို့က လူကြီးမင်းတို့ ဆန္ဒပါ 😇😇😇
အကောင်းဆုံး ဝန်ဆောင်မှုနဲ့ စိတ်ကျေနပ်စေမှာက ကျွုန်တော်တို့ စေတနာပါ 🙏🏻🙏🏻🙏🏻
အသစ်အသစ်တွေ ခံစားဖို့ အမြန်ဆုံး ဆက်သွယ်လိုက်ပါ 👌🏻👌🏻👌🏻
Your Satisfaction is our Success 🙏🏻🙏🏻🙏🏻
Ko Aung Kyaw Sein
Tour Operation Manager
Myanmar Sunset Travels & Tour
09-976735745
Gold Yadanar Hotel; 34st, bet:77-78st,In front of Sky Walk Shopping Mall.