05/09/2022
ကုန်စျေးနှုန်းတက်တာနဲ့
လစာတိုးတာသက်ဆိုင်မှုရှိလား?
𝐄𝐦𝐩𝐥𝐨𝐲𝐞𝐞 𝐏𝐨𝐢𝐧𝐭 𝐨𝐟 𝐕𝐢𝐞𝐰
ငွေကြေးဖောင်းဖွမှုကြောင့်
စရိတ်စကတွေတက်လာတော့
ပုံမှန်ရနေကြလစာနဲ့
မလောက်မငှတွေဖြစ်လာတယ်။
ငွေပိုငွေလျှံလေးတွေမရှိတော့
အရင်လို စုမိဆောင်းမိလည်းမရှိတော့ဘူး။
တခါတလေ အကြွေးတွေပါတင်လာတယ်။
အစားအသောက်၊ အနေအထိုင်လည်း
အရင်ထက်ခြိုးခြံချွေတာလာရတယ်။
"ဖောင်စီးရင်း ရေငတ်" သလိုမျိုး
အလုပ်တွေလုပ်၊ လစာတွေရနေတာတောင်
မပြေလည်တဲ့အခြေနေဖြစ်လာတယ်။
စရိတ်စက နည်းတုန်းက
လောက်ငှခဲ့တဲ့အခြေအနေကနေ
ငွေရေးကြေးရေးအကြပ်ရိုက်တာတွေဖြစ်လာတော့
ကုန်စျေးနှုန်းတွေကျလာဖို့မျှော်လင့်နေသလို
တစ်ဖက်မှာလည်း ဝင်ငွေတိုးလာရင်ခုသာခံသာရှိမယ်ဆိုတာမျိုး
တွေးလာတော့တယ်။
ဒါကြောင့် အလုပ်မှာ လစာ၊ ရာထူး
တစ်ခုခုများတိုးမလားဆိုတဲ့ မျှော်လင့်ချက်မျိုး
ရှိလာတယ်။
ဒီလိုတွေးတာ မှားတယ်လို့ပြောလို့မရပြန်ဘူး။
Income မတိုးဘဲ
Expense တိုးလာရင်
ရေရှည်ရပ်တည်ဖို့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်လို့ပဲ။
𝐄𝐦𝐩𝐥𝐨𝐲𝐞𝐫 𝐏𝐨𝐢𝐧𝐭 𝐨𝐟 𝐕𝐢𝐞𝐰
စရိတ်တွေတက်လာတာကြောင့်
အရင်းကိုက များလာတယ်။
အရင်းများလို့
ရောင်းစျေးများလာရင်လည်း
ဝယ်သူတွေမဝယ်နိုင်တဲ့အခြေအနေကြုံရပြန်။
တချို့လုပ်ငန်းတွေဆို
အရင်းနည်းတုန်းကရောင်းစျေးထက်တောင်
ပိုလျှော့ပြီး ရောင်းရတဲ့အခြေအနေတွေနဲ့
ရင်ဆိုင်နေရသေးတယ်။
လူတွေရဲ့ ဖြုန်းအား (ဝယ်နိုင်အား)
Purchasing Power က
ကျလာတော့ လုပ်ငန်းတွေရဲ့
Sales ရောင်းအားတွေလည်း
ကျလာတယ်။ Target တွေလည်းမမီတော့။
ရောင်းအားကောင်းကောင်းမကောင်းကောင်း
ပုံသေကုန်နေတဲ့ စရိတ်သေ Fixed Cost တွေက
များနေတော့ "အိပ်ရေးပျက် နှပ်ချေးထွက်"
အခြေအနေနဲ့ကြုံနေကြတယ်။
တချို့တွေဆို ထိုင်နေအကောင်းသား
ထမှကျိုးမှန်းသိတယ်ဖြစ်မှာဆိုးလို့
ဆိုင်တွေ၊ လုပ်ငန်းတွေခဏပိတ်တာမျိုး
တွေ့ရတယ်။
အဲတော့ လုပ်ငန်းတွေကလည်း
Income (Revenue) အဝင်နည်းလာတော့
Expense အသုံးစရိတ်တွေကို
နည်းနိုင်သမျှနည်းအောင် ကြိုးစားလာကြတယ်။
ဒါကြောင့်လည်း
ငွေကြေးဖောင်းဖွမှုဒဏ်ကို
လုပ်ငန်းတွေက ပိုခံရတယ်။
ဝန်ထမ်းတွေပဲခံရတာမဟုတ်ဘူး။
လစာ/ ရာထူး တိုးပေးဖို့မဖြစ်နိုင်ဘူးလို့
လုပ်ငန်းတွေက မြင်ကြတယ်။
ဒီလိုတွေးတာ မှားတယ်လို့ပြောလို့မရပြန်ဘူး။
Income မတိုးဘဲ
Expense တိုးလာရင်
ရေရှည်ရပ်တည်ဖို့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်လို့ပဲ။
𝐌𝐲 𝐍𝐨𝐭𝐞𝐬
- လုပ်ငန်းတွေအနေနဲ့ လူနေမှုစရိတ်ထောက်ပံ့တာမျိုး လုပ်ပေးသင့်တယ်။
- ငွေကြေးဖောင်းပွတာ လုပ်ငန်းနဲ့မဆိုင်ဘူးလေလို့ပြောရင် တဝက်မှန်တယ်။ ကျန်တဲ့တဝက်က ကိုယ့်ဝန်ထမ်းတွေ မလောက်ငှတာတော့ ကိုယ်နဲ့ဆိုင်တယ်ဆိုတာမျိုး တွေးတတ်ဖို့လိုတယ်။
- မပေးနိုင်တဲ့လုပ်ငန်းမှာရှိတဲ့ ဝန်ထမ်းတွေအနေနဲ့လည်း
အခြားလုပ်ငန်းက ပေးတယ်၊ ငါတို့လုပ်ငန်းကမပေးဘူး၊ မကောင်းတဲ့လုပ်ငန်းရှင်လို့ မမြင်သင့်ဘူး။ လုပ်ငန်းတိုင်းရဲ့ ပေးထားချက်ကမတူဘူး။
- လစာတိုးတာက ကျွမ်းကျင်မှုနဲ့၊ စွမ်းဆောင်ရည်ပေါ်ပဲအခြေခံရတယ်။
- လူနေမှုစရိတ်မြင့်မားတာကြောင့်စရိတ်ကာမိအောင် ထောက်ပံ့တာကို
ရှားပါးစရိတ် (သို့မဟုတ်) လူနေမှုစရိတ်ထောက်ပံ့တယ်လို့ သုံးသင့်တယ်။
လေးစားစွာဖြင့်
ပိုင်စိုး (Management)
BBA, MBA, SPHRi, STMP, C-KPI
Internationally Certified HR Professional
Managing Director
PSM International College