Cherry Queen Guest House Pyinoolwin

Cherry Queen Guest House Pyinoolwin Warmly welcome to our family guest house.

 #ချယ်ရီဟိုနားမှာ ၊ ဒီနားမှာ ၊ ရောက်လေရာရာမှာပန်းနုရောင်အဆင်းနဲ့ ချယ်ရီကမ္ဘာငယ်လေးဖြစ်နေပါပြီရှင်☎️09 440 24 24 24
28/01/2024

#ချယ်ရီ

ဟိုနားမှာ ၊ ဒီနားမှာ ၊ ရောက်လေရာရာမှာ

ပန်းနုရောင်အဆင်းနဲ့ ချယ်ရီကမ္ဘာငယ်လေး

ဖြစ်နေပါပြီရှင်

☎️09 440 24 24 24

Photo  ဟော့ဒီက မုန့်လေပွေ (ခေါ် )မုန့်ကြွပ်တွေ ရမယ်ရှင်...ဟိုးးးးငယ်ငယ်တုန်းကအခုလိုဆောင်းတွင်းချိန်ခါဘုရားပွဲ ကျင်းပချိန...
14/01/2024

Photo

ဟော့ဒီက မုန့်လေပွေ (ခေါ် )
မုန့်ကြွပ်တွေ ရမယ်ရှင်...

ဟိုးးးးငယ်ငယ်တုန်းက
အခုလိုဆောင်းတွင်းချိန်ခါ
ဘုရားပွဲ ကျင်းပချိန်ဆိုရင်
ဇာတ်ပွဲ ၊ အငြိမ့်ပွဲတို့နဲ့အတူ
၁၂ ပွဲစျေးသည်တွေ စုံစုံလင်လင်နဲ့
ပွဲဝင်ကြတဲ့အချိန်ပေါ့...

မင်မင်က ပွဲကြိုက်ခင်မဟုတ်ပေမယ့်
ပွဲခင်းထဲရောင်းတဲ့ မုန့်မှန်သမျှတော့
အကုန်ကြိုက်သရှင်.. 😁

#ဘူးသီးကြော် ဆိုတာနဲ့
နီရဲကြွပ်ရွနေတဲ့ အကြော်တွေနဲ့အတူ
ဇကာထဲရေစစ်ထားတဲ့
လတ်လတ်ဆတ်ဆတ် ဆလတ်ရွက်စိမ်းစိမ်းအပုံကြီးကို မန်ကျည်းချဉ်ပန်းကန်လေးနဲ့တွဲမြင်

#အာပူလျှာပူ ဆိုရင်တော့
ငါးနဲ့ ငပိနံ့သင်းနေတဲ့ အငွေ့တထောင်းထောင်းနဲ့
ဟင်းရည်အိုးကြီးကို ပြေးမြင်ပြီး
ပါးစပ်ထဲ လျှာရည်ယို

#မုန့်လင်မယား ဆိုတဲ့နာမည်ဆန်းနဲ့
မုန့်ကလည်း မစားမဖြစ်စားလိုက်ရမှ

အထက်ပါမုန့်တွေအပြင်
​အခြားသောမုန့်အမျိုးမျိုးကို ပွဲခင်းထဲမှာမဟုတ်ဘဲ
ပြင်ပမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပေမယ့်လည်း
ခုချိန်မှာ မည်သူကမှ တခုတ်တရနဲ့
ရှာဖွေဝယ်ယူဖို့ သတိမရတဲ့ ၊
ရောင်းချသူ မရှိသလောက်နည်းပါးလာပြီဖြစ်တဲ့
မုန့်တမျိုးရှိတယ်..

အဲ့ဒါကတော့....👉 #မုန့်လေပွေ ပါ

#ပွဲစျေးတိုင်းမှာရောင်းတယ်

#စားလို့လည်းကောင်းတယ်

#ဆန်နဲ့လုပ်ထားလို့
ကျန်းမာရေးနဲ့လည်းညီညွတ်တယ်

#စျေးလည်းသက်သာလို့ လူတန်းစားမရွေးလည်း
စားသုံးနိုင်ပါတယ်

မုန့်လေပွေကို
တချို့က ဆန်နဲ့လုပ်သလို
တချို့က ကောက်ညင်းနဲ့ပြုလုပ်ကြတယ်

ဆန်နဲ့လုပ်တဲ့မုန့်လေပွေခြောက်ကို
သဲပူထိုးလှော်စားရသလို ၊
ကောက်ညင်းနဲ့လုပ်တဲ့
မုန့်ကိုတော့ မီးမြှိုက်ပြီးစားရပါတယ်
(ဒါက ထူးခြားချက်တစ်ခု)

ရှမ်းပြည်နယ်ညောင်ရွှေမြို့၊
ကျေးပေါခုံကျေးရွာအုပ်စု၊
မန်ကျည်းပင်ရွာက ထွက်တဲ့
မုန့်လေပွေခြောက်က နာမည်ကျော်သလို

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်
ကင်းစံပြကျေးရွာကထွက်တဲ့ မုန့်ကလည်း
နာမည်ကြီးပါတယ်..

မုန်လေပွေလုပ်ဖို့
အရင်ဆုံး ဆေးကြောသန့်စင်ထားတဲ့ ဆန်
(သို့မဟုတ်) ကောက်ညင်းကို ကြိတ်ရပါတယ်..
"ဆန်ကောင်းမှ မုန့်ကောင်းတယ်"လို့လည်း
အဆိုရှိပါတယ်

ကြိတ်လို့ရလာတဲ့ဆန်မှုန့်ကို
ဆား ၊ဆော်ဒါ ၊ ရေတို့နဲ့အတူ
သူ့အချိုးအဆအတိုင်းထည့်မွှေပေးရပါတယ်..

မုန့်လေပွေပြုလုပ်နည်း
၂ နည်းရှိပါတယ်...
(ပထမနည်းကတော့ ရှမ်းပြည်မှာ
အသုံးများပါတယ်)
မီးဖိုပေါ် အောက်ခံအိုးတင်၊အိုးထဲ
ရေထည့်ထား ၊ ဆူလာရင်
အပေါ်ကဆင့်ထားတဲ့ပေါင်းချောင်ထဲကို
ပိတ်ပါးစတင်းတင်းအုပ်ချည်လို့ မုန့်နှစ်ရည်တွေပိတ်စပေါ်ကို လောင်းထည့်ရပါတယ်

အဲ့ဒီအခါ ရေတွေက ပိတ်စအောက်ကိုစီးသွားပြီး
မုန့်သားအလွှာပါးလေးပဲတင်ကျန်ခဲ့ပါတယ်(ဒီနည်းကအနည်းငယ် လက်ဝင်ပါတယ်)

နောက်တစ်နည်းကတော့
အညာဒေသမှာအသုံးများပါတယ်
မုန့်လုပ်ဒယ်ပြားပူပူပေါ်ကို
မုန့်နှစ်ရည်တွေဆမ်းချလိုက်တာပါပဲ (ဟိန္ဒူလူမျိုးတွေရဲ့ ရိုးရာတိုရှည်လုပ်သလိုပါပဲ အထူအပါးပဲကွာပါတယ်)
ဒီနည်းကတော့ အင်မတန်ရိုးရှင်း
လွယ်ကူပါတယ်

ရလာတဲ့မုန့်အလွှာပါးကို
"မုန့်လေပွေအစို" လို့ခေါ်ပါတယ်

သူ့ကို သက်ကယ်ပေါ်တချပ်ချင်းတင်ပြီး
၂ နာရီကြာအောင် အခြောက်ခံရပါတယ်..
အဲ့ဒါဆိုရင်တော့ မုန့်လေပွေခြောက်ရပါပြီ..
(သက်ကယ်ကိုအသုံးပြုရတာက
မုန့်တွေကပ်မနေအောင်လို့ပါ)

ရရှိလာတဲ့
ဆန်မုန့်လေပွေခြောက်ကိုတော့
အထပ်ထပ်သန့်စင်ထားတဲ့
သဲထဲကို ဆားနဲ့ ရှောက်သီးပုတ်ကိုရောထားတဲ့
သဲပူပူထဲထည့်လှော်ပြီးစားသုံးကြသလို

ကောက်ညင်းမုန့်လေပွေခြောက်ကိုတော့
ထင်းမီးကောင်းကောင်းဖိုပြီး
တုတ်ချောင်းနှစ်ချောင်းကို
ကျွမ်းကျွမ်းကျင်ကျင်ကိုင်ကာ
ဟိုဘက် ဒီဘက် လှန်ပေးရုံနဲ့တင်
ကြီးမားကြွပ်ရွတဲ့ အသင့်စားမုန့်လေပွေ
ကောင်းကောင်းရပါပြီနော်
(တော်ရုံစကေးနဲ့တော့
မရပါဘူး မုန့်တူးသွားပါလိမ့်မယ်)

အရင်ခေတ်ကတော့ မုန့်သည်က
နှီးကြိုးလေးတွေနဲ့မုန့်ကိုထိုးသီ
ပေးတတ်ကြပါတယ်

ပွဲခင်းထဲမုန့်ကိုင်ပြီး တပတ်ပတ်တဲ့အခါ
ဟိုလူတိုး ဒီလူတိုက်နဲ့
အထိမခံတဲ့မုန့်လေပွေလေးတွေကြွေပြီး နှီးကြိုးသာ လက်ထဲကျန်ရင်တော့ ပွဲခင်းထဲ
အာပြဲကြီးနဲ့ အော်ငိုရုံပါပဲနော်

မုန့်လေပွေကို
- တချို့ကရိုးရှင်းလွယ်ကူ
ဒီအတိုင်းစားကြသလို
- တချို့က နှမ်းဆီနဲ့တို့စားကြတယ်
- တချို့က ခရမ်းချဉ်သီးချက်နဲ့
တို့စားတတ်ကြပါတယ်

အချုပ်အချယ်မရှိ
ကန့်သတ်ချက်မရှိ
ကိုယ်နှစ်သက်ရာနဲ့
ကြိုက်သလို တွဲဖက်စားလို့ရတဲ့ မုန့်လေပွေနဲ့အတူ
ဆောင်းတွင်းပုံရိပ် ငယ်ဘဝကို လွမ်းမိပါရဲ့......😔

☎️09 440 24 24 24

မင်္ဂလာညချမ်းလေးပါရှင်....မေမြို့ကိုချစ်သောအနီး / အဝေးက ချစ်မိတ်ဆွေများအတွက်ရည်ရွယ်ပါတယ်ရှင်ခုရာသီချိန်က သော်ကပန်းတွေပွင...
11/01/2024

မင်္ဂလာညချမ်းလေးပါရှင်....

မေမြို့ကိုချစ်သော
အနီး / အဝေးက ချစ်မိတ်ဆွေများအတွက်
ရည်ရွယ်ပါတယ်ရှင်

ခုရာသီချိန်က သော်ကပန်းတွေပွင့်ချိန်ပါရှင်...

ခြံစည်းရိုးနွယ်အဖြစ် အလှစိုက်ထားတဲ့
သော်ကပန်းတွေကို မြို့လုံးအနှံ့ ဟိုမှာ ၊ ဒီမှာ
မြင်တွေ့ရချိန်ပေါ့

မေမြို့မှာ အလှဆုံးနဲ့ လူသိအများဆုံး
သော်ကပန်းရုံကြီးကတော့
တနှစ်မှတခါ အမှတ်တရဓါတ်ပုံလှလှလေးတွေ
ဖန်တီးနိုင်ဖို့ အစွမ်းကုန်ဖူးပွင့်ဝေဆာလို့နေပါပြီရှင်

သော်ကပန်းတွေနဲ့အတူ အမှတ်တရပုံရိပ်တွေ
သွားရောက်ဖန်တီးချင်တယ်ဆိုရင်တော့
မြို့ရှောင်လမ်းမကြီးမှတဆင့်
ကြီးကိုင်ရွာသို့ အသွား လမ်းပေါ်မှာ
သော်ကပန်းရုံကြီး တည်ရှိပါတယ်ရှင်

နှစ်ရှည်လများ ပြုစုစိုက်ပျိုးထားသူ
ခြံရှင်ကြောင့်သာ ဝင်ကြေးလည်းမကုန်ရဘဲ
မျက်စိပသာဒဖြစ်စရာ ပန်းရုံလှလှကြီးနဲ့
ဓါတ်ဖမ်းနိုင်တာမို့ ခြံပိုင်ရှင်ကိုလည်း
ကျေးဇူးတင်ရပါတယ်ရှင် ❤️

#သော်ကပန်းတွေမြင်တွေ့ရသူတိုင်း

သောကတွေ ကင်းဝေးနိုင်ကြပါစေရှင်...

☎️09 440 24 24 24
ုံးချင်းအိမ်အဌားဝန်ဆောင်မှု

၂၀၂၃ ခုနှစ် နှစ်ဟောင်းကုန်ဆုံးပြီး၂၀၂၄ ခုနှစ် နှစ်သစ်စတင်တော့မှာမို့နှစ်သစ်ရဲ့ ပထမဆုံးစာမျက်နှာမှသည်နှစ်ဆုံးသည့်တိုင်အော...
31/12/2023

၂၀၂၃ ခုနှစ် နှစ်ဟောင်းကုန်ဆုံးပြီး

၂၀၂၄ ခုနှစ် နှစ်သစ်စတင်တော့မှာမို့

နှစ်သစ်ရဲ့ ပထမဆုံးစာမျက်နှာမှသည်

နှစ်ဆုံးသည့်တိုင်အောင်

ကောင်းသောအရာများဖြင့်သာ

ရေးသားပုံဖော်နိုင်ကြပါစေလို့

ဆုမွန်ကောင်းတောင်းရင်း

အားလုံးပဲ ပါရှင် ❤️

မနက်ဖြန် နှစ်သစ်ကူးအကြိုနေ့ 31.12.2023 မှာမေမြို့ ကန်တော်ကြီးဥယျာဉ်တွင်   Festival ပွဲနှင့်အတူPURPLE, JOELY, BARNI, DIAR...
30/12/2023

မနက်ဖြန် နှစ်သစ်ကူးအကြိုနေ့ 31.12.2023 မှာ

မေမြို့ ကန်တော်ကြီးဥယျာဉ်တွင်

Festival ပွဲနှင့်အတူ

PURPLE, JOELY, BARNI, DIARY နဲ့ ACE တို့က

ဖျော်ဖြေပေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်ရှင်....

မေမြို့ရောက်လို့ ညအိပ်တည်းခိုမယ်ဆိုရင်တော့

#လူဦးရေ ၂၀ ဦးအထိ တည်းခိုနိုင်သော

နှစ်ထပ်လုံးချင်းအိမ်အဌားရှိတာမို့

ကြိုတင်ဆက်သွယ်ထားဖို့ လိုအပ်ပါတယ်ရှင်

👇🏻👇🏻

ုံးချင်းအိမ်အဌားဝန်ဆောင်မှု
☎️09 440 24 24 24

Photo  ဆောင်းတွင်းသွားရည်စာတမျိုးဖြစ်တဲ့  #ထန်းပင်မြစ် ကိုအညာဒေသတွေမှာတော့ ညဖက်မီးလှုံရင်း စားတတ်ကြပါတယ်....   ပြုတ်စားလ...
29/12/2023

Photo

ဆောင်းတွင်းသွားရည်စာတမျိုးဖြစ်တဲ့
#ထန်းပင်မြစ် ကို
အညာဒေသတွေမှာတော့
ညဖက်မီးလှုံရင်း စားတတ်ကြပါတယ်....

ပြုတ်စားလို့လည်းရသလို ၊
မီးဖုတ်စားရင်တော့
မီးကျွမ်းသွားတဲ့ ထန်းပင်မြစ်
အနံ့လေးက သွားရည်ကျချင်စရာပါ..

မြို့ပေါ်မှာ ၁၀ ပင်တစည်းကို ဈေးနှုန်းအမျိုးမျိုးနဲ့
ရောင်းတတ်ကြပေမယ့် အညာဒေသနဲ့ နီးလေလေ
ထန်းပင်မြစ်စျေးက ချိုလေလေပါပဲရှင်...

ငယ်စဉ် ကလေးအရွယ်က
ထန်းပင်မြစ်ရဲ့အလယ်အူတိုင်ကို
ယပ်တောင်ပုံစံယက်ပြီး ဆော့ကြတဲ့အခါ
သူငယ်ချင်းအချင်းချင်း
"နင့်ယပ်တောင်ကကြီးတယ်..
ငါ့ယပ်တောင်ကကြီးတယ်.."နဲ့
အပြိုင်အဆိုင် ငြင်းခုံခဲ့ကြတာကို လွမ်းမိပါသေးရဲ့...
(ခုခေတ်ကလေးတွေ ဒါမျိုး မသိနိုင်တော့...)

ထန်းမြစ် (ခေါ်) ထန်းပင်မြစ် (ခေါ်)
ထန်းပင်ငယ် 😋

သူ့နာမည်အခေါ်အဝေါ်ကြောင့် လူတော်တော်များများက ထန်းမြစ်ကို ထန်းပင်ကရတဲ့အမြစ်လို့
ထင်တတ်ကြတယ်

လုံး...ဝ မဟုတ်ပါဘူးနော်

ထန်းမြစ်ကိုရဖို့အတွက်
ပထမဆုံး မြေကျင်းတူး ၊ ပြီးရင် မြေကျင်းထဲကို
ထန်းသီးစေ့တစ်ထပ်ထည့်၊
သူ့အပေါ်ကသဲတစ်ထပ်ထည့်၊
အဲ့လိုနဲ့တစ်လှည့်စီ ၄ ၊ ၅ ထပ်ထည့်သွားရပါတယ်...

ထန်းသီးစေ့ကို မှောက်၍ ထည့်ရပြီး
သဲအစိုဓာတ်ရှိရုံသာ ရေလောင်းပေးရပါတယ်...

စိုက်ပြီး ၃ လ အကြာမှာတော့
အပင်ပေါက် ထန်းအစို့ထွက်လာရင်
ရောင်းတန်းဝင် ထန်းမြစ်တွေ
တူးဖော်ရောင်းချလို့ရပါပြီတဲ့ရှင်
( ဖတ်မိသမျှ ဗဟုသုတလေးပါရှင် )

#လူဦးရေ၂၀ဦးအထိတည်းခိုနိုင်သော
ုံးချင်းအိမ်အဌားဝန်ဆောင်မှု
☎️09 440 24 24 24

25.12.2023🎈Merry Christmas to You All.🎈🎄ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့လေးဖြစ်ပါစေရှင် ❤️( တောင်းသောဆုများနဲ့လည်း ပြည့်စုံကြပ...
25/12/2023

25.12.2023

🎈Merry Christmas to You All.🎈🎄

ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့လေးဖြစ်ပါစေရှင် ❤️

( တောင်းသောဆုများနဲ့လည်း ပြည့်စုံကြပါစေ )

 #ရှမ်းတိုဟူးနွေးCredit to - Tea Cup Diaries /မိုးကုတ် ဒေါ်ခေါင်လူအများနှစ်သက်ကြတဲ့ရှမ်းတိုင်းရင်းသားတို့ရဲ့ရိုးရာအစားအစ...
23/12/2023

#ရှမ်းတိုဟူးနွေး

Credit to - Tea Cup Diaries /မိုးကုတ် ဒေါ်ခေါင်

လူအများနှစ်သက်ကြတဲ့

ရှမ်းတိုင်းရင်းသားတို့ရဲ့

ရိုးရာအစားအစာ တခုဖြစ်တဲ့

#ရှမ်းတိုဟူးနွေးပြုလုပ်နည်းပါရှင်..

ဒီနည်းလမ်းဟာ အင်မတန်

ကရိကထများတာကြောင့်

အိမ်စားအတွက်ဆိုရင်ဖြင့် ဈေးကွက်မှာရောင်းချ

နေတဲ့ ကျိုချက်ရုံ အသင့်ပြုလုပ်ပြီးသား

တိုဟူးမှုန့်တွေနဲ့ လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်ရှင်

( တချို့ ဆိုင်သမားတွေလည်း တိုဟူးမှုန့်ကို

အသုံးပြုပြီး ပြုလုပ်ရောင်းချနေတာတွေရှိပါတယ် )

ကုလားပဲဈေးတွေ မြင့်တက်လာနေသလို

ယခုလို ဆောင်းတွင်းချိန်ခါဆို

အရိုးခိုက်အောင် အေးတဲ့ရေကြောင့်

လက်ဖဝါးတွေ အေးစက်ထုံကျင်နေတာတောင်

ကုလားပဲရေကြည်တဲ့ အထိရေဆေးရသလို ၊

ထင်းမီးပြင်းပြင်းထည့်ထားတဲ့ မီးဖိုရဲ့အပူဒဏ်နဲ့ ၊

မိုးဗြဲဒယ်အိုးထဲက ကုလားပဲရည်တွေကို

လက်မောင်းညောင်းတဲ့အထိ နာနာမွှေနိုင်မှသာ

မတူးမကပ်ဘဲ စားသုံးသူတွေအတွက်

အရသာနဲ့ အာဟာရပြည့်စုံတဲ့

တိုဟူးနွေးတခွက် ဖြစ်လာတာပါရှင်

ပြုလုပ်ရောင်းချသူရဲ့စေတနာကိုမြင်ရတဲ့

ရှမ်းတိုဟူးနွေးတခွက်ကို စားသုံးရင်း အားလုံးပဲ

အာဟာရပြည့်ဝကြပါစေရှင် ....❤️

#လူဦးရေ၂၀ဦးအထိတည်းခိုနိုင်သော
ုံးချင်းအိမ်အဌားဝန်ဆောင်မှု
☎️ 09 440 24 24 24

မင်္ဂလာရှိသော နံနက်ခင်းလေးဖြစ်ပါစေရှင်မေမြို့ရဲ့ လက်ရှိ ရာသီဥတုအခြေအနေကတော့မနက်ခင်းနဲ့ ညချမ်းတွေမှာ အပူချိန် 13*C နဲ့  1...
23/12/2023

မင်္ဂလာရှိသော နံနက်ခင်းလေးဖြစ်ပါစေရှင်

မေမြို့ရဲ့ လက်ရှိ ရာသီဥတုအခြေအနေကတော့

မနက်ခင်းနဲ့ ညချမ်းတွေမှာ အပူချိန် 13*C နဲ့ 14*C

ဝန်းကျင်ဖြစ်နေပြီး ယနေ့နံနက် ၁၀ နာရီရဲ့

အပူချိန်ကတော့ 19*C ဖြစ်လို့

အလွန်အေးနေပါပြီရှင်....

မြေပြန့်ဘက်က လာမယ့်သူများအဖို့

ဦးထုပ်၊ ခြေအိတ် ၊မာဖလာနဲ့ အနွေးထည်ထူထူများ

ယူဆောင်လာကြဖို့ လိုအပ်ပါတယ်နော်

ဒီနေ့ ၂၃.၁၂.၂၀၂၃ နေ့ မှာ

မေမြို့ ကန်တော်ကြီးဥယျာဉ်ရဲ့ ပန်းပွဲတော်မှာ

အနုပညာရှင်တဦးဖြစ်တဲ့ #အုပ်စိုးခန့် က

တေးသီချင်းများနဲ့ သီဆိုဖျော်ဖြေမှာဖြစ်ပါတယ်ရှင်

#ပန်းခြံဝင်ကြေး

လူတဦးလျှင် ၃၅၀၀ ကျပ်လို့ သိရှိရပါတယ်ရှင်

#လူဦးရေ၂၀ဦးအထိတည်းခိုနိုင်သော
ုံးချင်းအိမ်အဌားဝန်ဆောင်မှု
☎️ 09 440 24 24 24

မြန်မာလို ၈ ရက်ဥပုသ်နေ့လေးမှာကုသိုလ်စိတ်ကလေးနဲ့ နိုးထရင်းဈေးနေ့လည်းဖြစ်တာကြောင့်ဈေးတပတ် လည်ခဲ့ပါတယ်ရှင်.....ဈေးသွားတဲ့အခ...
20/12/2023

မြန်မာလို ၈ ရက်ဥပုသ်နေ့လေးမှာ

ကုသိုလ်စိတ်ကလေးနဲ့ နိုးထရင်း

ဈေးနေ့လည်းဖြစ်တာကြောင့်

ဈေးတပတ် လည်ခဲ့ပါတယ်ရှင်.....

ဈေးသွားတဲ့အခါတိုင်း ဒီဟင်းစားတွေသာ

တွေ့ရပေမယ့် ဈေးနေ့ဆို

ပေါ်ဦးပေါ်ဖျားရာသီစာတွေအပြင်

တခါတရံမှသာ လာရောက်ရောင်းချတဲ့

အညာဘက်က ဈေးသည်တွေကိုလည်း

တွေ့ရတတ်ပါသေးတယ်....

ပုံလေးတွေကိုကြည့်ရင်း ငွေမကုန်ဘဲ

မင်မင်နဲ့အတူ ဈေးလည်ကြရအောင်လားရှင် 😁

❤️ မေမြို့ကိုလာလည်ဖို့ အစီအစဉ်ရှိတယ်

❤️ ကြိုက်နှစ်သက်ရာရက်ကို ရွေးချယ်နိုင်တယ်

❤️ ဈေးလည်ရတာကို ဝါသနာပါတယ်

❤️ ဒေသထွက်ကုန်စိမ်းတွေကို

အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်ယူသွားဖို့

ဆန္ဒရှိမယ်ဆိုရင်တော့ ၈ ရက်ဥပုသ်ဈေးနေ့နဲ့

ချိန်ကိုက်ပြီး လာလည်ဖို့ အကြံပြုပါရစေရှင် )

#လူဦးရေ၂၀ဦးအထိတည်းခိုနိုင်သော
ုံးချင်းအိမ်အဌားဝန်ဆောင်မှု
☎️09 - 440 24 24 24

Photo # National Kandawgyi Gardens 17.12.2023 တနင်္ဂနွေနေ့တွင်မေမြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာကျင်းပပြုလုပ်ခဲ့သည့်​...
18/12/2023

Photo # National Kandawgyi Gardens

17.12.2023 တနင်္ဂနွေနေ့တွင်

မေမြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ

ကျင်းပပြုလုပ်ခဲ့သည့်

​၁၆ ကြိမ်မြောက်ပန်းပွဲတော် ဖွင့်ပွဲပုံရိပ်များပါရှင်

#လူဦးရေ၂၀ဦးအထိတည်းခိုနိုင်သော
ုံးချင်းအိမ်အဌားဝန်ဆောင်မှု
☎️09 440 24 24 24

Photo credit # Cherry Studioမေမြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ၁၆. ၁၂.၂၀၂၃ နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့၁၆ ကြိမ်မြောက် ပန်း...
17/12/2023

Photo credit # Cherry Studio

မေမြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ

၁၆. ၁၂.၂၀၂၃ နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့

၁၆ ကြိမ်မြောက် ပန်းပွဲတော် ပုံရိပ်များပါရှင် ..

၁ လပိုင်း ၁၄ ရက်နေ့အထိ ပန်းပွဲတော်ရှိနေမှာမို့

နေ့လယ်ခင်းတွေမှာ ပန်းပွဲတော်ကို ကြည့်ရှုရင်း

ခရစ္စမတ် နဲ့ New Year ညတွေကို

မေမြို့မှာ အချိန်တွေကုန်ဆုံးချင်တယ်ဆိုရင်တော့

ညအိပ်တည်းခိုဖို့ အခန်းတွေကို ကြိုတင်

Booking ယူထားမှ စိတ်ချရမှာပါရှင် ။

ပန်းပွဲတော်သို့ မလာရောက်နိုင်သော

ရပ်ဝေးရပ်နီးမှ ချစ်မိတ်ဆွေများ

ရှုမြင်ခံစားနိုင်စေဖို့ ပွဲတော်အလှပုံရိပ်များကို

တင်ပြပေးလိုက်ရပါတယ်ရှင်...

☎️09 440 24 24 24
#လူဦးရေ၂၀ဦးအထိတည်းခိုနိုင်သော
ုံးချင်းအိမ်အဌားဝန်ဆောင်မှု

၁၃.၁၂.၂၀၂၃🙏🏻 မိုင်ဆုန် ပီမိုင်တိုင်းခ 🙏🏻🙏🏻 ဟိုက်လိုက် ကာ့တ်ရင် ကူကော့ဆေကမ်းခ 🙏🏻ယနေ့ဟာဆိုရင်ဖြင့်ရှမ်းလူမျိုးတို့ မြတ်နို...
13/12/2023

၁၃.၁၂.၂၀၂၃

🙏🏻 မိုင်ဆုန် ပီမိုင်တိုင်းခ 🙏🏻
🙏🏻 ဟိုက်လိုက် ကာ့တ်ရင် ကူကော့ဆေကမ်းခ 🙏🏻

ယနေ့ဟာဆိုရင်ဖြင့်

ရှမ်းလူမျိုးတို့ မြတ်နိုးတန်ဖိုးထားရတဲ့

#ရှမ်းနှစ်သစ်ကူးနေ့လေးပါရှင်

သို့သော်ငြားလည်း
လောကဓံအကြောင်းတရားတွေကြောင့်
မိသားစုတွေအတူ နှစ်သစ်မကူးနိုင်ကြတဲ့
​အရပ်ဒေသအသီးသီးက
#ရှမ်းတိုင်းရင်းသားသွေးချင်းမောင်နှမများ ၊
ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့
နောင်လာမယ့်နှစ်တွေမှာ မိသားစုတွေအတူ
အေးချမ်းပျော်ရွှင်စွာနဲ့ နှစ်သစ်ကူးပွဲတော်ကို
ဆင်နွှဲနိုင်ကြဖို့ ဆုမွန်ကောင်းတောင်းလိုပါတယ်ရှင်

​ရှမ်းနှစ်သစ်ကူးနေ့မှာတော့ ရှမ်းလူမျိုးတို့ရဲ့
နာမည်ကျော် ရိုးရာအစားအစာတခုဖြစ်တဲ့
#ရှမ်းခေါပုတ် အကြောင်းကိုတင်ပြပေးပါရစေရှင်

ဆောင်းတွင်းအချိန်အခါမှာသာ
ပြုလုပ်ရောင်းချလေ့ရှိပြီး ရှမ်းပြည်ဆောင်းညရဲ့
အအေးဒဏ်ကို အံတုဖို့ မီးလင်းဖိုလေးမွှေးကာ
မိသားစုတွေ ဝိုင်းဖွဲ့မီးလှုံရင်း
အတူတကွခေါပုတ်ကင်စားကြတာဟာ
ဘာနဲ့မှ မလဲနိုင်တဲ့အရသာတခုပါ

ဒေသအလိုက် နာမည်အမျိုးမျိုးနဲ့

❤️ခေါပုတ်အချို
❤️ပဲခေါပုတ်
❤️ဆန်ခေါပုတ် နဲ့
❤️ငချိတ်နှမ်းထောင်းခေါပုတ် ရယ်လို့ရှိကြပါတယ်

#ခေါပုတ်အချို

သူကတော့ နပ်နေအောင်ပေါင်းပြီး
ထောင်းထားတဲ့ ကောက်ညင်းထဲကို
အလယ်မှာ ထန်းလျက်ရည်နဲ့နှမ်းထောင်းရောပြီး
ဌာပနာထားလို့ သူ့ချည်း ဒီတိုင်းစားရတဲ့
ခေါပုတ်အချိူတမျိုးပါရှင်

#ပဲခေါပုတ်
တောင်ပေါ်ဒေသမှာသာ စိုက်ပျိုးတဲ့ ခေါ်တွန်ပဲနဲ့
ကောက်ညင်းကို အချိုးကျရောစပ်ပြုလုပ်ထားတဲ့
ပျော့ပျောင်းပြီး ဆိမ့်နေတဲ့ ပဲခေါပုတ်ရယ် ၊
ကောက်ညင်းမွှေးလ္ဘက်ခြောက်
ခတ်ထားတဲ့ သင်းပျံ့တဲ့အခါးရည်တခွက်ဟာဆိုရင် ဆောင်းမနက်ခင်းရဲ့ ပြီးပြည့်စုံတဲ့ အာဟာရတခုပေါ့ရှင်

#ဆန်ခေါပုတ်

ရှမ်းဆန်နဲ့ပြုလုပ်ထားတဲ့ ခေါပုတ်အဖြူဟာ
ကြိုက်တတ်သူများအတွက် အဆိမ့်အရသာရှိပြီး
ကြော်လို့ပဲဖြစ်ဖြစ် ကင်ပြီးပဲဖြစ်ဖြစ်စားသုံးကြပါတယ်

ဆန်ခေါပုတ်ကို ဆီတိုဟူးနဲ့တို့လို့တနည်း ၊
ခရမ်းချဉ်သီးထောင်းနဲ့တွဲစားလို့တဖုံ
နှစ်သက်သလို တွဲဖက်စားသုံးတတ်ကြပါတယ်

#ငချိတ်နှမ်းထောင်းခေါပုတ်

တောင်ပေါ်ဒေသထွက်ငချိတ်ဆန်အကောင်းစားကို အိထွေးနေအောင် ပေါင်းခံထားတဲ့
ကောက်ညင်းရယ် ၊
အမှိုက်မပါအောင် ရွေးထုတ်သန့်စင်ထားတဲ့ နှမ်းလုံးကိုလှော်ပြီး ထောင်းထားတဲ့ နှမ်းလှော်ရယ်နဲ့
ရောပြီးညက်နေအောင်ထောင်းထားသော
နှမ်းထောင်းခေါပုတ်ဟာ
ဓါတုဆိုးဆေးမပါဝင်တာကြောင့် တာရှည်အထားမခံပါဘူး

ဝယ်ယူပြီးတာနဲ့ နှစ်ရက်အတွင်း ကြော်စားတာ
အကောင်းဆုံးပါရှင်
ခေါပုတ်ကြော်ကို တချို့က သကြားနဲ့တွဲဖက်စားသုံးကြသလို ကြံသကာနဲ့ နှမ်းရောထောင်းထားတဲ့
အထောင်းမှုန့်နဲ့လည်း စားသုံးတတ်ကြပါတယ်

ကောက်ညင်းငချိတ်ဟာ ဆေးဘက်ဝင်တာမို့
ဝမ်းချုပ်ခြင်းကို မဖြစ်စေနိုင်ပါဘူးရှင်

#နှမ်းထောင်းခေါပုတ်နောက်တမျိုး

ကောက်ညင်းနဲ့ ရှမ်းဆန်​ရောစပ်ပြီး နပ်နေအောင်
ပေါင်းထားတာကို ရိုးရာခြေနင်းမောင်းထောင်းဆုံ ၊
သစ်သားဆုံတို့နဲ့ ကြေညက်စေးကပ်နေအောင်ထောင်း မခိုမကပ်ထောင်းရတာပါ

ထောင်းထားတာ စိတ်တိုင်းကျပြီဆိုရင်တော့
နှမ်းထောင်းဖြူးထားတဲ့ ဇကောထဲကိုထည့်ပြီး
အနေတော် အလုံးလေးတွေဖြစ်လာအောင်
လက်နဲ့လှိမ့်ပြီးလုံးရပါတယ်

လုံးပြီးတာနဲ့ အနံ့လေးမွှေးလာအောင်နဲ့
ပူနွေးနေစေဖို့ ဌက်ပျောဖက်လေးထဲ ထည့်ပြီး
ထုပ်ထားတတ်ကြပါသေးတယ်
ဒါကိုတော့ ကြံသကာခဲ ၊ ကြံသကာရည် တို့နဲ့
စားသုံးတတ်ကြပါတယ်

ဒီတမျိုးကတော့ ပြုလုပ်ရောင်းချသူအိမ်မှာ
မနက်စောစောသွားရောက်ဝယ်ယူနိုင်မှသာ
စားခွင့်ရမှာပါ
ကြော်စားဖို့မလို ၊ ကင်စားဖို့မလိုတဲ့
နေ့ချင်းစားရတဲ့မုန့်ဖြစ်တာကြောင့်
ရပ်ဝေးကသူများ စားသုံးဘူးသူနည်းပါလိမ့်မယ်ရှင်

ချစ်သောမိတ်ဆွေများလည်း
ရှမ်းလူမျိုးတို့ရဲ့ ရိုးရာအစားအစာ
ရှမ်းခေါပုတ်ကို နှစ်သက်ကြသလို
တောင်ပေါ်ဒေသက စကားသံဝဲဝဲနဲ့
ဖြူစင်ရိုးသားတဲ့ #ရှမ်းတိုင်းရင်းသူ/တိုင်းရင်းသားများကိုလည်း စိတ်ရင်းနဲ့ ချစ်ခင်ကြလိမ့်မယ်လို့
ယုံကြည်မိပါတယ်ရှင် ❤️

Photo Credit #

မေမြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင်၁၆ ကြိမ်မြောက်  #ပန်းအလှပြပွဲကို #ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ #ဇန်နဝါရီလ ၁၄ ရက်န...
12/12/2023

မေမြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင်

၁၆ ကြိမ်မြောက် #ပန်းအလှပြပွဲကို

#ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်၍

#ဇန်နဝါရီလ ၁၄ ရက်နေ့ထိတိုင်အောင်

ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း

သိရှိရပါတယ်ရှင်

ယင်းပြပွဲတွင် ဒေသထွက်ကုန်ပစ္စည်းများနှင့်

လူသုံးကုန်ပစ္စည်းများကို ခင်းကျင်းရောင်းချပေး

သွားမည့်အပြင် မျက်လှည့်နှင့်ဆပ်ကပ်ဖျော်ဖြေရေး

များလည်း ပါဝင်မှာဖြစ်ကြောင်း

#အမျိုးသားကန်တော်ကြီးဥယျာဉ်ရဲ့

FB စာမျက်နှာမှာ ဖော်ပြထားတာကို

တွေ့ရှိရပါတယ်ရှင် ။

Photo credit #

( ယခင်နှစ်များက ကျင်းပပြုလုပ်ခဲ့သော

ပန်းပွဲတော် ပုံရိပ်များပါရှင် )

မေမြို့ရဲ့ ယနေ့မနက်ကဆီးနှင်းတဖြိုက် ၊ မိုးတလိုက်အချိန်အခါလေးပါရှင်...Photo # WinNeo Zaw
09/12/2023

မေမြို့ရဲ့ ယနေ့မနက်က

ဆီးနှင်းတဖြိုက် ၊ မိုးတလိုက်

အချိန်အခါလေးပါရှင်...

Photo # WinNeo Zaw

ဒီနေ့ကတော့ မြန်မာလို ၈ ရက် ဥပုသ်နေ့တိုင်းမှာကျရောက်တဲ့ မေမြို့က ဇရပ်ကတုံးဈေးနေ့လေးပါရှင် ။အရင်တုန်းကဆို ဈေးနေ့မှာမှလာရော...
05/12/2023

ဒီနေ့ကတော့ မြန်မာလို ၈ ရက် ဥပုသ်နေ့တိုင်းမှာ

ကျရောက်တဲ့ မေမြို့က ဇရပ်ကတုံးဈေးနေ့လေးပါရှင် ။

အရင်တုန်းကဆို ဈေးနေ့မှာမှ

လာရောက်ရောင်းချတဲ့ တောဈေးသည်တွေကြောင့်

လတ်ဆတ်တဲ့ အိမ်ထွက် ၊ ခြံထွက်သီးနှံတွေကို

ဈေးသက်သာစွာဝယ်ယူရရှိနိုင်တာကြောင့်

လူတွေကျိတ်ကျိတ်တိုး ဝယ်ကြ ၊ ခြမ်းကြ နဲ့

ဈေးလမ်းတခုလုံး

လူပင်လယ်ကြီးဖြစ်နေခဲ့တဲ့ ဒီဈေး ။

ဒီနေ့ကတော့ လက်ရှိ ကုန်ဈေးနှုန်းရဲ့အခြေအနေ

ကြောင့် "ဈေးသည်တရာ ၊ ဝယ်သူတယောက်"

ဖြစ်နေတဲ့ အခြေအနေပါရှင် ။

#လူဦးရေ၂၀ဦးအထိတည်းခိုနိုင်သော
ုံးချင်းအိမ်အဌားဝန်ဆောင်မှု
☎️ 09 440 24 24 24

  Cable Garden( မောင့် ကေဘယ် ပန်းခြံ )မေမြို့က ဒီပန်းခြံကို မရောက်ဘူးသေးသူများအတွက် ဓါတ်ပုံရိုက်စရာ ရှုခင်းလှလှလေးတွေကို...
03/12/2023

Cable Garden
( မောင့် ကေဘယ် ပန်းခြံ )

မေမြို့က ဒီပန်းခြံကို

မရောက်ဘူးသေးသူများအတွက်

ဓါတ်ပုံရိုက်စရာ ရှုခင်းလှလှလေးတွေကို

ဝေမျှပေးပါရစေရှင် ။

အနီးစခန်းမှာတည်ရှိတဲ့ ဒီပန်းခြံဟာ
မန္တလေး - မေမြို့ အတက်လမ်းရဲ့ညာဘက်အခြမ်း
"လျှော်ဖြူ ပျိုးဥယျာဉ်ခြံ " ဘေးလမ်းအတိုင်း
ဝင်လာခဲ့မယ်ဆိုရင် ဝင်လမ်းတလျှောက်
လမ်းညွှန်ဆိုင်းဘုတ်တွေ ထားရှိပေးထားတာမို့
မိတ်ဆွေများ လွယ်လင့်တကူရှာဖွေတွေ့ရှိနိုင်မှာပါ

လမ်းလည်းကောင်းတာကြောင့်
ဆိုင်ကယ် ၊ မီနီအိုးဝေ ၊
အိမ်စီးကားငယ်များ သက်တောင့်သက်သာ
သွားလာနိုင်ပါတယ်

ပန်းခြံဝင်ကြေးကတော့
လူတဦးလျှင် ၁၅၀၀
ကားတစီးလျှင် ၁၀၀၀ ကျသင့်မှာဖြစ်ပြီး

ပန်းခြံအတွင်း ဧပြီလကမှ စတင် ဖွင့်လှစ်ခဲ့တဲ့
ကောင်းကင်ကေဘယ်
စီးနင်းခကတော့ လူတဦးလျှင် ၂၅၀၀ ပါရှင်

ပန်းခြံအတွင်း စားသောက်ဆိုင်လေးတဆိုင် ရှိပြီး
နေသာတဲ့ နေ့လယ်ခင်းဆို နားခိုစရာ
အရိပ်မရှိတာကြောင့် မနက်စောစော ဒါမှမဟုတ်
နေ့လယ် ၃ နာရီနောက်ပိုင်းမှသွားမယ်ဆိုရင်
ဓါတ်ပုံရိုက်ဖို့အတွက်နဲ့၊ ကေဘယ်စီးဖို့အတွက်
အဆင်ပြေဆုံးအချိန်ပါပဲ ။

မင်မင်တို့က ညနေ ၃ နာရီခွဲမှာ ရောက်သွားတာမို့
လှပတဲ့ နေဝင်ဆည်းဆာရှုခင်းရယ် ၊
ရှမ်းတောင်တန်းကြီးတွေပေါ်မှာ
ဝေသီလာတဲ့ မြူခိုးဖြူဖြူလေးတွေရယ်ကိုကြည့်ပြီး
ဘယ်ကိုလွမ်းလို့ လွမ်းမှန်းမသိအောင်
ဖြစ်ခဲ့ရတဲ့အထိ ရှုမျှော်ခင်းကလှရက်လွန်း
နေတာပါ ။

အစားကောင်းစားရရင်
ကိုယ် ချစ်တဲ့သူတွေကိုသတိရကြသလို ၊

ရှုခင်းကောင်းကောင်း တွေ့ရင်လည်း
ချစ်တဲ့သူများကို ရောက်စေချင်တာကြောင့်

ချစ်သောမိတ်ဆွေများ
မေမြို့ကို ရောက်ဖြစ်တဲ့တနေ့
ဝင်ရောက်လည်ပတ်လို့ ရတာပေါ့ရှင် ။

#လူဦးရေ၂ဝဦးအထိတည်းခိုနိုင်သော
ုံးချင်းအိမ်အဌားဝန်ဆောင်မှု
☎️09 440 24 24 24

ဆောင်းရာသီရဲ့ အလှဘုရင်မတပါးဖြစ်တဲ့ပန်းချယ်ရီတွေလည်း ရွက်စိမ်းမှန်သမျှခြွေကာချလို့လှပစွာ ဖူးပွင့်ဖို့ အားယူနေပါပြီရှင် 🌸🌸...
03/12/2023

ဆောင်းရာသီရဲ့ အလှဘုရင်မတပါးဖြစ်တဲ့

ပန်းချယ်ရီတွေလည်း ရွက်စိမ်းမှန်သမျှခြွေကာချလို့

လှပစွာ ဖူးပွင့်ဖို့ အားယူနေပါပြီရှင် 🌸🌸

Queen Guest House Pol
☎️09 440 24 24 24

ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်နေ့( သာမညဖလ အခါတော်နေ့ ) မှာ ❤️နံနက်ခင်းနိုးထချိန်မှစပြီးညအိပ်စက်ချိန်အထိတစုံတရာသောအနှေ...
27/11/2023

ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်နေ့
( သာမညဖလ အခါတော်နေ့ ) မှာ

❤️နံနက်ခင်းနိုးထချိန်မှစပြီး
ညအိပ်စက်ချိန်အထိ
တစုံတရာသော
အနှောင့်အယှက် အတားအဆီး
မကြုံတွေ့ရဘဲ
ကိုယ် ၊ စိတ် နှစ်ဖြာ
ကျန်းမာ ၊ ချမ်းသာကြပါစေ ။

ကောင်းကျိုးလိုရာ ဆန္ဒမှန်သမျှလည်း
ပြည့်ဝကြပါစေကြောင်း
Cherry Queen မိသားစုများမှ
ဆုတောင်းမေတ္တာများ ပို့သအပ်ပါတယ်ရှင် ။

☎️ 09 440 24 24 24

 #တန်ဆောင်မုန်းလပြည့်ည ဆိုတာနဲ့ #မယ်ဇလီဖူးသုပ် ကိုပြေးမြင်ကြတဲ့အထိတကယ်ကို လိုက်ဖက်တဲ့ အတွဲအစပ်တမျိုး ။လူတိုင်းစားသုံးလို...
26/11/2023

#တန်ဆောင်မုန်းလပြည့်ည ဆိုတာနဲ့

#မယ်ဇလီဖူးသုပ် ကိုပြေးမြင်ကြတဲ့အထိ

တကယ်ကို လိုက်ဖက်တဲ့ အတွဲအစပ်တမျိုး ။

လူတိုင်းစားသုံးလို့ သင့်တော်ပေမယ့်

ကိုယ်ဝန်သည်တွေ ဆင်ခြင်စားသုံးသင့်တဲ့ "မယ်ဇလီ"

တန်ဆောင်မုန်းလတွင်
ဆေးပင်အပေါင်းတို့ကို စောင့်ရှောက်ကြကုန်သော
နတ်အပေါင်းတို့သည် မယ်ဇလီပင်စောင့်နတ်မင်းကြီးအား တစုတဝေးတည်း လာရောက်ခစားကြတာကြောင့် မယ်ဇလီဖူးကို စားသုံးခဲ့သော်
၉၆ ပါးရောဂါများကင်းရှင်းပြီး အသက်ရှည်နိုင်မည် လို့ " သာရကောမုဒိ "ဆေးကျမ်းက ညွှန်းဆိုထားပါတယ်ရှင်

တန်ဆောင်မုန်းလပြည့်ညမှာ
ကောင်းကင်က နက္ခတ် ၊ ကြယ်တာရာတို့ စုံညီစွာ
ပေါ်ထွန်းကြတာကြောင့် ထိုညမှာ ခူးဆွတ် ၊ တူးဖော်လျှင် ရရှိလာတဲ့ သစ်ဥသစ်ဖု ၊
ဆေးပင်ဆေးမြစ် ၊ ဆေးရွက် မျိုးစုံတို့ဟာလည်း
ဆေးအာနိသင်များ နိုးကြွချိန်ဖြစ်တာမို့
#ဆေးပေါင်းခတဲ့ည လို့လည်း ဆိုကြပါသေးတယ်

"ကြတ္တိကာနက္ခတ်" ဟာ တန်ဆောင်မုန်းလမှာမှ
ထွက်ပေါ်တတ်တာမို့ ထိုနက္ခတ်ထွက်ပေါ်ချိန်မှာ
မွေးဖွားလာသူများကို #စောရနက္ခတ်ဖွား (ခေါ်) သူခိုးနက္ခတ်ဖွား လို့
ရည်ညွှန်း ပြောဆိုတတ်ကြသလို ၊

ယခင်ခေတ်က ကာလသားတချို့ကဦးဆောင်ကာ
ညသန်းခေါင်ယံမှာ ရပ်ကွက်အတွင်းက ပန်းအိုးတွေရွှေ့ခြင်း၊ ဆိုင်းဘုတ်တွေဖြုတ်ပြီး
တခြားအိမ်ရှေ့ပြောင်းတပ်ခြင်း အစရှိတဲ့ အပျော်တမ်းအပြုအမူတွေကို ကျီးတွေမနိုးခင်
ပြုလုပ်တတ်ကြတာမို့
" ကျီးမနိုးပွဲ " လို့လည်းခေါ်ကြပါတယ်

ရှေးလူကြီးသူမများအဆိုအရ
လပြည့်နေ့ည ညဉ့်လယ်အချိန်တွင်
ရေတွင်း ရေကန်များအတွင်း
လအရိပ်ကျရောက်သည့်
"လမွန်းတည့်ရေ" ကို သောက်သုံးမိပါက
ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့
ဆိုပါတယ်

ယုံတမ်းစကားလို့ပဲဆိုဆို ၊
မည်သို့ပင်ဆိုစေကာမူ
တန်ဆောင်မုန်းလပြည့်ညရောက်တိုင်း
အဆာပလာစုံလင်စွာနဲ့ အရသာရှိစွာ
သုပ်ထားတဲ့ #မယ်ဇလီဖူးသုပ် ကို
မိသားစုဝင်တွေ နှစ်ခြိုက်စွာ စားသုံးကြရုံမက
ဆေးဝါးအဖြစ် အိမ်နီးချင်းတွေကို ဝေငှဒါနပြုကြတာကလည်း ချစ်စရာအစဉ်အလာတခုပါပဲရှင် ။

တန်ဆောင်မုန်းလရဲ့
ဆေးပေါင်းခခြင်းနှင့်အတူ
၇ ရက်သားသမီးအပေါင်းလည်း
#ကျန်းမာခြင်းသုခနဲ့ပြည့်စုံနိုင်ကြပါစေရှင် 🌸🌸

၁၉. ၁၁. ၂၀၂၃ (တနင်္ဂနွေနေ့)ယနေ့မှာတော့ဖြင့် မေမြို့ ညဈေးတန်းမိသားစုများရဲ့အယုတ် ၊ အလတ် ၊ အမြတ်မရွေးဝင်ရောက်သုံးဆောင်နိုင...
19/11/2023

၁၉. ၁၁. ၂၀၂၃ (တနင်္ဂနွေနေ့)

ယနေ့မှာတော့ဖြင့်

မေမြို့ ညဈေးတန်းမိသားစုများရဲ့

အယုတ် ၊ အလတ် ၊ အမြတ်မရွေး

ဝင်ရောက်သုံးဆောင်နိုင်သော

စတုဒိသာအလှူလေးကို

ညနေ ၃ နာရီမှာ စတင်ခဲ့ပြီး ၊

ညဈေးတန်းတွင်ဖွင့်လှစ်ထားသောဆိုင်များမှ

အစားအသောက်များကို မည်သူမဆို

#အခမဲ့လာရောက်သုံးဆောင်နိုင်ကြလို့

စည်ကားနေခဲ့တဲ့မြင်ကွင်းလေးပါရှင်။

( ညနေခင်း အလှူချိန်လေးမှာ

မိုးနတ်မင်းကြီးကလည်း မိုးကိုရပ်တန့်ပေးခဲ့လို့

အလှူ့ရှင်များအတွက် ဝမ်းမြောက်ပီတိဖြစ်ခဲ့ရတဲ့

သာဓုခေါ်စရာ အလှူလေးတခုပါရှင် ။ )

Photo # Credit

တန်ဆောင်မုန်းကာလရဲ့ဆောင်းနှင်းပွင့် နဲ့ မိုးပွင့်တို့ ဆုံကြစဉ်အခိုက်မြို့ငယ်လေးဟာအေးခဲအုံ့မှိုင်းလို့ပေါ့....Photo # ထူး...
19/11/2023

တန်ဆောင်မုန်းကာလရဲ့

ဆောင်းနှင်းပွင့် နဲ့ မိုးပွင့်တို့ ဆုံကြစဉ်အခိုက်

မြို့ငယ်လေးဟာ

အေးခဲအုံ့မှိုင်းလို့ပေါ့....

Photo # ထူးသူအောင် ( ပုဂံ )

မင်္ဂလာညချမ်းလေးဖြစ်ပါစေရှင်မေမြို့မှာတော့ ဒီရက်ပိုင်း မိုးမြူမစဲဘူးရှင်...အခုချိန်မှာတော့ မြို့လုံးအနှံ့ ဘယ်နေရာကိုပဲကြ...
17/11/2023

မင်္ဂလာညချမ်းလေးဖြစ်ပါစေရှင်

မေမြို့မှာတော့ ဒီရက်ပိုင်း မိုးမြူမစဲဘူးရှင်...

အခုချိန်မှာတော့ မြို့လုံးအနှံ့

ဘယ်နေရာကိုပဲကြည့်လိုက် ကြည့်လိုက် ၊

ရွှေဝါရောင်အဆင်းရှိတဲ့

#တောင်နေကြာလို့ အများခေါ်ကြတဲ့

#နေကြာရိုင်းတွေ ပွင့်ဝေ မင်းမူလို့နေချိန်ပေါ့ရှင် ။

တောင်နေကြာအဝါကိုသာ လူအများသိကြပြီး

နှစ်လိုဖွယ်အဆင်းရှိတဲ့

#ပန်းခရမ်းရောင်တောင်နေကြာ

နောက်တမျိုးကိုလည်း တင်ပြပေးလိုက်ရပါတယ်ရှင်...

အကြောင်းကြောင်းတွေကြောင့်

တောင်လှေကားမြို့လေးကို အရောက် လှမ်းမလာ

နိုင်ကြသေးတဲ့ ချစ်သောမိတ်​ဆွေများအတွက်

မေမြို့အလွမ်းပြေလေးဖြစ်ဖို့

ရည်ရွယ်ပါတယ်ရှင်...

၇ ရက် သားသမီးအပေါင်း

ဘေးဘယာဝေးကွာပြီး

လူလည်းကျန်းမာ ၊ စိတ်လည်းချမ်းသာကြပါစေရှ
င်

Photo # ထူးသူအောင်(ပုဂံ)

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နေ့လေး ဖြစ်ပါစေရှင်သင်္ကန်းမှာ " ကထိန် "ကျောင်းမှာ " သိမ် " လို့ ဆိုရိုးရှိကြတဲ့အတိုင်းတန...
11/11/2023

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော
နေ့လေး ဖြစ်ပါစေရှင်

သင်္ကန်းမှာ " ကထိန် "
ကျောင်းမှာ " သိမ် " လို့ ဆိုရိုးရှိကြတဲ့အတိုင်း
တနှစ်မှာ တလ ၊
တလမှာ တကြိမ် ၊
တကြိမ်မှာ တကျောင်းကိုသာ လှူခွင့်ရှိတဲ့
ကထိန်ရာသီချိန်ကို ရောက်ရှိလို့လာခဲ့ပြန်ပါပြီရှင်

#ကထိန ဆိုတဲ့ ပါဠိစကားကနေ
ဆင်းသက်လာတဲ့ #ကထိန် ဆိုတဲ့အဓိပ္ပါယ်ဟာ
မြဲမြံခြင်း ၊ ခိုင်ခံ့ခြင်း ၊ ခိုင်မြဲခြင်း လို့
ဖွင့်ဆိုထားပါတယ်

အရပ်ထဲမှာ အများသူငှာ ပြောဆိုနေကြတဲ့
" ဘယ်သူတွေကတော့ ကထိန်ခင်းကြမယ် "
ဆိုတဲ့ စကားဟာ အရပ်သုံးစကားသာဖြစ်ပြီး

ကထိန်ခင်းတာကို #မည်သည့်လူပုဂ္ဂိုလ်မျိုးကမှ
ခင်းကျင်းပေးလို့မရဘဲ
ပုရိမဝါ ( ပထမ ဝါ ) ဆိုတဲ့
ရဟန်းတော်များကသာ ခင်းလို့ရနိုင်တာမျိုးပါ

သင်္ကန်းလှူပေးသူ လူပုဂ္ဂိုလ်များကတော့
ကထိန့်ဒါယိကာ ၊ ဒါယိကာမအဖြစ်သာ
ခံယူခွင့်ရကြတာပါ

လူအများက " သံဃဿဒေမ " ဆိုပြီး
လှူဒါန်းလိုက်တဲ့ သင်္ကန်းကို
သံဃာတော်များက ယူဆောင်ကာ
ကထိန်ခင်းဖို့ ရွေးချယ်ထားတဲ့ရဟန်းထံကို
သိမ်ထဲမှာ ဥတ်ကမ္မဝါစာ နဲ့ အပ်နှင်းရပါတယ်
ဒါကြောင့်မို့ " ဥတ်သင်္ကန်း " လို့လည်း
ခေါ်ဆိုကြပါတယ်

ကထိန်တခု အထမြောက်ဖို့ရာမှာ
လှူဒါန်းတဲ့သင်္ကန်းဟာ
❤️ မိုးကျသင်္ကန်းဖြစ်ရပါမယ်
❤️ မသိုးသင်္ကန်းလည်းဖြစ်ရပါမယ်
❤️ သံဃိကသင်္ကန်းလည်း ဖြစ်ရပါမယ်

ကထိန်ခင်းရာမှာ
သင်္ကန်းကိုခင်းရခြင်းဖြစ်သော်လည်း
ရှေးဘိုးဘွား အလှူရှင်များလက်ထက်ကတည်းက
စေတနာ သဒ္ဒါတရားထက်သန်စွာဖြင့်
သံဃာတော်များ လိုအပ်ချက်မရှိ သုံးဆောင်နိုင်စေရန် ရည်ရွယ်ပြီး ပဒေသာပင်များကိုပါ
သီးပွင့်လှူဒါန်းလာခဲ့ကြတာ
ယနေ့ထက်တိုင်ပါပဲရှင်

ကထိန်သင်္ကန်းဟာ
#အတိဥက္ကဌ (အလွန်မြင့်မြတ်တဲ့ သင်္ကန်း )
ဖြစ်တာကြောင့်
ကထိန်သင်္ကန်းလှူဒါန်းသော
အလှူ့ရှင် ၊ အလှူ့အမ လူပုဂ္ဂိုလ်များအနေဖြင့်

" ကထိန်ဒါန လှူကြသူမှာ ကျိုးငါးဖြာကား
သွားလေရာဝယ် အန္တရာယ်ကင်း ၊
ပစ္စည်းရင်းမှာ မီးပြင်းမဖျက် ဆိပ်မတက်ဘဲ ၊
မေ့လျက်ဥစ္စာ မဆုံးပါရ ၊
ပြိုင်ရှာကြသော် ကိုယ်ကဦးစွာ
အရ ..သာသည် ၊
ငါးဖြာကထိန် လှူကျိုးတည်း ။ " ဆိုတဲ့

လင်္ကာလေးအတိုင်း ငါးဖြာသောချမ်းသာသုခနဲ့
ပြည့်စုံကြပါစေလို့
Cherry Queen ( POL ) မိသားစုများမှ
ဆုမွန်ကောင်းများတောင်းပေးလိုက်ရပါတယ်ရှင်

ကထိန်ရာသီမှာ
ဈေးနှုန်းအသင့်အတင့်နဲ့
လူဦးရေများများတည်းခိုနိုင်ပြီး
ရေပူရေအေးပါရှိသော
နှစ်ထပ် လုံးချင်းအဌားလိုအပ်ပါက
ကြိုတင်ဘွတ်ကင်လုပ်ထားနိုင်ပါပြီရှင်

photo

Queen Guest House Pyinoolwin
#လုံးချင်းအိမ်အဌားဝန်ဆောင်မှု
☎️ 09 440 24 24 24

သီတင်းကျွတ်လပြည့် အခါသမတွင်၇ ရက်သားသမီးအပေါင်းစိတ်၏ ချမ်းသာခြင်း ၊ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီးဘေးဘယာအပေါင်းမှ က...
29/10/2023

သီတင်းကျွတ်လပြည့် အခါသမတွင်

၇ ရက်သားသမီးအပေါင်း
စိတ်၏ ချမ်းသာခြင်း ၊
ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး
ဘေးဘယာအပေါင်းမှ ကင်းလွတ်
ငြိမ်းပါစေကြောင်း Queen မိသားစုများမှ
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🌸🌸

မေမြို့ (ပြင်ဦးလွင်) နဲ့ရထားလုံးဆိုတာခွဲခြားမရဘူးရယ်...❤မေမြို့ရောက်တုန်းမြင်းခွာသံတခွပ်ခွပ် ၊ခြူသံလွင်လွင်နဲ့(မြင်းလှည်...
26/10/2023

မေမြို့ (ပြင်ဦးလွင်) နဲ့
ရထားလုံးဆိုတာ
ခွဲခြားမရဘူးရယ်...❤

မေမြို့ရောက်တုန်း
မြင်းခွာသံတခွပ်ခွပ် ၊
ခြူသံလွင်လွင်နဲ့
(မြင်းလှည်း) ဒေသအခေါ် "ရထားလုံး" လှလှလေးတွေကိုမှ
မြို့တပတ်စီးချင်ပါတယ်ဆိုတဲ့
ချစ်ကာကာများအတွက်ပါရှင်

ခေတ်မီ တိုးတက်လာတာနဲ့အမျှ
တဖက်မှာလည်း တိမ်ကောလာတဲ့
အရာတွေထဲမှာ ရထားလုံး
စီးပွားရေးလည်း ပါပါတယ်ရှင်

မြင်းစာစျေးနှုန်းတွေ
ကြီးမြင့်လာပေမယ့် ဌားရမ်းစီးနင်းသူ နည်းပါးလာပြီမို့
နောင်တချိန်ဆိုရင် မေမြို့ရဲ့သင်္ကေတတခုဖြစ်တဲ့
ရထားလုံးဆိုတာ
ပျောက်ကွယ်သွားမှာကို စိုးရွံ့မိပါတယ်ရှင်...

ဒါကြောင့်မို့ ချစ်ရတဲ့မိတ်ဆွေများ
မေမြို့ရောက်တုန်းရောက်ခိုက်
ကြုံကြိုက်ခဲ့မယ်ဆိုရင်ဖြင့်
ဒေသခံတွေရဲ့ တပိုင်တနိုင်
စီးပွားရေးလေးဖြစ်တဲ့ ရထားလုံးကို ဌားရမ်းစီးနင်း
ကြခြင်းဖြင့် တဖက်တလမ်းက
ကူညီထောက်မပေးကြပါအုံးနော်..

ဧည့်များချိန်ဆို
ရထားလုံးတွေကို ဂန္ဓမာမြိုင်အဝိုင်းနဲ့
ပုလဲဖြူဆွယ်တာဆိုင်
(နာရီစင်အနီး) မှာ ဂိတ်ထိုးထားတတ်ပါတယ်ရှင်
🌸🌸🌸

မူရင်းဓာတ်ပုံပိုင်ရှင်များကို
Credit ပေးပါတယ်ရှင်

မေမြို့ရောက်လို့ စျေးနှုန်းလည်းသင့်ပြီး
မိသားစုတွေ တစုတစည်းတည်း
လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး
တည်းခိုလို့ရတဲ့နေရာ
ရှာနေတယ်ဆိုရင်တော့
တရက်တာ ကိုယ်ပိုင်အိမ်လေးဖြစ်စေမယ့်
Cherry Queen 2 ရှိတယ်နော်...
☎️ 09 - 440 24 24 24
👇👇👇

https://facebook.com/100063759342470/posts/525353479599959/

မင်္ဂလာ ညချမ်းလေးပါရှင်...မေမြို့မှာတော့ ဒီရက်ပိုင်း မိုးတွေစွေပြီး အေးစိမ့်နေပါရောရှင်သီတင်းကျွတ်ပိတ်ရက်မှာ လူကြီးမိဘဆရ...
24/10/2023

မင်္ဂလာ ညချမ်းလေးပါရှင်...

မေမြို့မှာတော့ ဒီရက်ပိုင်း မိုးတွေစွေပြီး

အေးစိမ့်နေပါရောရှင်

သီတင်းကျွတ်ပိတ်ရက်မှာ

လူကြီးမိဘဆရာသမားများကို ဂါရဝပြုဖို့ပဲဖြစ်ဖြစ် ၊

ဒေသန္တရဗဟုသုတတွေကို လေ့လာဖို့ပဲဖြစ်ဖြစ် ၊

ကျန်းမာရေးအတွက် အနားယူဖို့ပဲဖြစ်ဖြစ် ၊

မေမြို့ကိုလာရောက်ကြမယ့် မိတ်ဆွေများအတွက်

တွေ့မိ ၊ မြင်မိထားတဲ့ မေမြို့ မြို့ခံ

ကားအဌားဝန်ဆောင်မှုလုပ်ငန်းတွေကို

ဖော်ပြပေးလိုက်ရပါတယ်ရှင်....

မင်မင့်အနေနဲ့ #ဘယ်ကားဆရာနဲ့မှမသိကျွမ်းသလို

❤️တရက်တာဈေးနှုန်းနှင့်ပို့ဆောင်ပေးမည့်နေရာများ

❤️တင်ဆောင်နိုင်သည့် လူဦးရေ

❤️မနက်စတင်ထွက်ခွာချိန် ၊
ညနေပြန်ရောက်မည့်အချိန် အစရှိသည့်

ဝန်ဆောင်မှုပိုင်းအတွက်ကိုလည်း

ဧည့်သည်တော်များ မလာရောက်မီ ဖုံးဖြင့်

စိတ်တိုင်းကျ အားမနာတမ်း

ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ရန်အတွက်

တင်ပြပေးခြင်းဖြစ်ပြီး ဧည့်သည်တော်များ

စိတ်တိုင်းကျမည့်သူဟု ယူဆရသည့်ကားဆရာကို

ရွေးချယ်ဌားရမ်းနိုင်ပါတယ်ရှင်...

မြင့်တက်လာသော စက်သုံးဆီဈေးနှုန်းများ

ကြောင့် #ဧည့်သည်တော်များအနေဖြင့်လည်း

ကားဌားရမ်းခ ဈေးနှုန်းသင့်မည်ဆိုလျှင်

ဈေးအရမ်းမဆစ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်ရှင်

#ကားဆရာများအနေဖြင့်လည်း

မြို့ခံတဦးအနေဖြင့် မိမိတို့မြို့သို့

ရောက်ရှိလာသော ခရီးသွားများအပေါ်

သင့်တင့်မျှတသော နှုန်းထား အပြင်

ကျွမ်းကျင်မှု ၊ စိတ်ရှည်မှု ၊ စေတနာပါမှုတို့ကို

အရင်းခံ၍ ကူညီပို့ဆောင်ပေးခြင်းဖြင့်

ပြင်ဦးလွင်မြို့လေးရဲ့ ပုံရိပ်ကို မြှင့်တင်ပေးကြဖို့

Cherry Queen မှ ကြိုတင်

မေတ္တာရပ်ခံအပ်ပါတယ်ရှင် 🌸🌸

☎️ 09 440 24 24 24
Queen Guest House Pyinoolwin
#လုံးချင်းအိမ်အဌားဝန်ဆောင်မှု

သီတင်းကျွတ်ပိတ်ရက်ဖြစ်တဲ့ #အဖိတ်နေ့အတွက်လည်းလုံးချင်းအဌား Booking ပြည့်ပြီမို့ အခန်းမရနိုင်တော့ပါဘူးရှင်...( စရံငွေအရင်လ...
23/10/2023

သီတင်းကျွတ်ပိတ်ရက်ဖြစ်တဲ့

#အဖိတ်နေ့အတွက်လည်း

လုံးချင်းအဌား Booking ပြည့်ပြီမို့

အခန်းမရနိုင်တော့ပါဘူးရှင်...

( စရံငွေအရင်လွှဲသူသာ Booking Confirmed မို့
မိမိတို့ တည်းခိုလိုသောရက် ၊
မရလိုက်မရှိရလေအောင် ကျန်ရက်များအတွက် လုံးချင်းအဌားလိုအပ်ပါက
အမြန်ဆက်သွယ်မှ စိတ်ချရမှာပါရှင် )

☎️ 09 - 440 24 24 24
Queen Guest House Pyinoolwin
#လုံးချင်းအိမ်အဌားဝန်ဆောင်မှု

Photo

 #သီတင်းကျွတ်လပြည့်နေ့ အတွက်လုံးချင်းအဌား Booking ပြည့်ပြီမို့ အခန်းမရနိုင်တော့ပါဘူးရှင်...( စရံငွေအရင်လွှဲသူသာ Booking ...
22/10/2023

#သီတင်းကျွတ်လပြည့်နေ့ အတွက်

လုံးချင်းအဌား Booking ပြည့်ပြီမို့

အခန်းမရနိုင်တော့ပါဘူးရှင်...

( စရံငွေအရင်လွှဲသူသာ Booking Confirmed မို့
မိမိတို့ တည်းခိုလိုသောရက် ၊
မရလိုက်မရှိရလေအောင် ကျန်ရက်များအတွက် လုံးချင်းအဌားလိုအပ်ပါက
အမြန်ဆက်သွယ်မှ စိတ်ချရမှာပါရှင် )

☎️ 09 - 440 24 24 24
Queen Guest House Pyinoolwin
#လုံးချင်းအိမ်အဌားဝန်ဆောင်မှု

Photo

 #မှတ်ချက်Cherry Queen 2 လုံးချင်းအိမ်အဌားတည်ရှိရာနေရာသည်မြို့လယ်ကောင်မှာ မဟုတ်ပါရှင် #ဒီဇင်ဘာပန်းခြံအနီး မှာတည်ရှိပါတယ်...
22/10/2023

#မှတ်ချက်
Cherry Queen 2 လုံးချင်းအိမ်အဌား
တည်ရှိရာနေရာသည်
မြို့လယ်ကောင်မှာ မဟုတ်ပါရှင်
#ဒီဇင်ဘာပန်းခြံအနီး မှာတည်ရှိပါတယ်ရှင်

ရှာဖွေရလွယ်ကူတဲ့
မန္တလေး - လားရှိုး လမ်းမကြီးရဲ့နံဘေးမှာရှိပြီး
ရေ၊ မီးအစုံနှင့် နှစ်ထပ်လုံးချင်းဖြစ်တာမို့

အောက်ထပ်မှာ အိပ်ခန်း ၂ခန်း ၊
ဧည့်ခန်းကျယ်တခုနဲ့ မီးဖိုခန်း ပါရှိပြီး

အပေါ်ထပ်မှာတော့ အိပ်ခန်း ၂ခန်းနဲ့
Hall ခန်းကျယ်တခု ပါဝင်ပါတယ်

ရေချိုးခန်းအတွင်း ရေပူ ၊ ရေအေးလည်း
တပ်ဆင်ထားပြီး
ဘိုထိုင်အိမ်သာလည်း ပါရှိပါတယ်
( ရိုးရိုးအိမ်သာလည်း ရှိပါတယ်ရှင် )

ပြူတင်းပေါက်များများ တပ်ဆင်ထားတာကြောင့်
အလင်းရောင်နဲ့ လတ်ဆတ်တဲ့
လေကောင်းလေသန့်လည်း ကောင်းစွာရရှိပါတယ်

တနေရာတည်းမှာပဲ အဖွဲ့လိုက် တစုတစည်းတည်း
တည်းခိုလိုသူများ အတွက်လည်း
အဆင်ပြေစေမှာပါရှင်

ကြင်စဦး ဇနီးမောင်နှံများအတွက်လည်း
ဟိုတယ် ၊ တည်းခိုခန်းတွေထက်
ပိုမို တိတ်ဆိတ်အေးချမ်းတဲ့ ပတ်ဝန်းကျင်မို့
စိတ်အေးချမ်းသာစွာ အနားယူနိုင်မှာပါ..

အိမ်အောက်ထပ် သီးသန့်ပဲဌားမယ်ဆိုရင်တော့
#လူ ၄ ဦး စာအတွက် တရက်ကို
၄ သောင်း ကျပ်ပါ
#လူ၄ဦးထက်ပိုလျှင် လူတဦး ပိုတိုင်း
ငွေ ၅၀၀၀ ကျပ် ထပ်တိုးကောက်ခံပါတယ်ရှင်..

အိမ်တလုံးလုံး အဌားအတွက်ဆိုရင်တော့
#လူ ၁၀ ဦး အထိ တရက်ကို
၇ သောင်းခွဲ ကျပ်ပါ
#လူ၁၀ဦးထက်ပိုလျှင် လူတဦး ပိုတိုင်း
ငွေ ၅၀၀၀ ကျပ် ထပ်တိုးကောက်ခံပါတယ်ရှင်..

ဝန်ဆောင်မှုအနေဖြင့် တဦးချင်းစီအတွက်
- ရေသန့် ၊
- တခါသုံးသွားပွတ်တံ ၊
- ခေါင်းလျှော်ရည်ထုပ် ၊
- အသင့်ဖျော် နှပ်ကော်ဖီထုပ် တို့ ပါဝင်မှာပါ

၃ မိနစ် ရေနွေးအိုးနဲ့ ဓါတ်ဗူးလည်း
ထားရှိပေးပါတယ်ရှင်

လုံးချင်းအဌားဖြစ်တာမို့
နှစ်ယောက်ခန်း တခန်းတည်း
ဌားရမ်းလိုသူများအတွက် အဆင်မပြေနိုင်ပါဘူး ရှင်

Cherry Queen 2 တည်ရှိရာနေရာမှ
အနီးအနားရှိ လည်ပတ်စရာနေရာများသို့
#ကားဖြင့်သွားမည်ဆိုလျှင်

👉🏻 ပစ်တိုင်းထောင်ဘုရားသို့ ၁မိနစ်

👉🏻 မေမြို့နှင်းဆီဥယျာဉ်သို့ ၁ မိနစ်

👉🏻 ဒီဇင်ဘာပန်းခြံ သို့ ၃ မိနစ်

👉🏻 မီကိုဟေးလ်သို့ ၄ မိနစ်

👉🏻 ပွဲကောက်ရေတံခွန် ၊ ပြည်ချစ်ဘုရား နှင့်

👉🏻 မီးပုံးပျံကွင်းသို့ ၆ မိနစ် ခန့်သာကွာဝေးသလို ...

👉🏻 YGW garden

👉🏻 ပိတ်ချင်းမြောင်လိုဏ်ဂူ နှင့်

ဖိုးနေဒွန်းကျေးရွာမှ
👉🏻 တောင်ပုလစေတီ (view point )သို့ လည်း

အချိန်ပိုင်းအတွင်း သွားရောက်နိုင်တဲ့
"အမှတ် ၂၆ ၊ ရေသရောက်ကုန်း" မှာ
Cherry Queen 2 တည်ရှိပါတယ်ရှင်

အိမ်အနီးအနားဝန်းကျင်မှာလည်း
ရွှေမူဆယ် ရှမ်းခေါက်ဆွဲဆိုင် ၊
မြန်မာထမင်းဆိုင်
လ္ဘက်ရည်ဆိုင်
စတိုးဆိုင်နဲ့
BOC ဓါတ်ဆီဆိုင် လည်းရှိတာကြောင့်
ကားဆီဖြည့်ဖို့လည်း ဝေးဝေးရှာစရာမလိုတော့ဘူးပေါ့ရှင် 😁
( Google map အသုံးပြု၍လည်း
Cherry Queen 2 ရဲ့
တည်နေရာကို ရှာဖွေတွေ့ရှိနိုင်ပါတယ် )

မြင့်တက်လာတဲ့ ကုန်ကျစရိတ်များကြောင့်
မနှစ်ကထက် ဈေးနှုန်းအနည်းငယ်
ပြောင်းလဲထားမှုကို နားလည်ခွင့်လွှတ်ပေးစေလိုပါတယ်ရှင်

ခုရောက် ၊ ခု Check in ဝင်လို့မရသလို
အချိန်ပိုင်းအဌားလည်း မရပါဘူးရှင်

( ပုံတပုံချင်းစီမှာ
ဖွဲ့စည်းပုံလေးတွေ ရေးပေးထားပါတယ် )

သီတင်းကျွတ်ပိတ်ရက်အတွက်
ကြိုတင် Booking လုပ်ချင်သူများအနေဖြင့်
☎️ 09- 440 24 24 24 သို့ဆက်သွယ်
စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

Address

No. 26 , Mandalay/Lashio Road, , Yae Tha Yauk Kone , , (Near BOC Petrol Station)
Maymyo

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959440242424

Alerts

Be the first to know and let us send you an email when Cherry Queen Guest House Pyinoolwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other Vacation Home Rental in Maymyo

Show All