ဇေယျာမြိုင်ကြီး - ZYMG Express

ဇေယျာမြိုင်ကြီး - ZYMG Express Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဇေယျာမြိုင်ကြီး - ZYMG Express, Tour Agency, ပုဂံလမ္း, Mingaladon.

-ခရီးသွားမိဘပြည်သူမိတ်ဟောင်းမိတ်သစ်များ မင်္ဂလာပါခင်ဗျာ😊🚌 ရန်ကုန်  ကျောက်ပန်းတောင်း  ပုဂံ-ညောင်ဦး  ပခုက္ကူ ခရီးစဉ်ကို ရန...
16/08/2024

-ခရီးသွားမိဘပြည်သူမိတ်ဟောင်းမိတ်သစ်များ မင်္ဂလာပါခင်ဗျာ😊

🚌 ရန်ကုန် ကျောက်ပန်းတောင်း ပုဂံ-ညောင်ဦး ပခုက္ကူ ခရီးစဉ်ကို ရန်ကုန်မှ နံနက် ၇:၃၀ နာရီ၊ညနေ ၆:၀၀ နာရီ နေ့စဥ်ကားထွက်ပါတယ်ခင်ဗျာ
‼️မှတ်ပုံတင်၊ရပ်ကွက်ထောက်ခံစာ(တစ်ပါတ်အတွင်း)ယူဆောင်လာပါရန်

🚌 ရန်ကုန် ကျောက်ပန်းတောင်း ပုဂံ-ညောင်ဦး ပခုက္ကူရေစကြို ခရီးစဉ်ကို ရန်ကုန်မှ ညနေ ၆:၀၀ နာရီ နေ့စဉ်ကားထွက်ပါတယ်ခင်ဗျာ
‼️မှတ်ပုံတင်၊ရပ်ကွက်ထောက်ခံစာ၊ရဲစခန်းထောက်ခံစာ (တစ်ပါတ်အတွင်း)ယူဆောင်လာပါရန်

🚌ရန်ကုန် ကျောက်ပန်းတောင်း ပုပ္ပါး စိတ္ထိန်း ကမ်းဖြူ ငါ့သရောက် ခရီးစဉ်ကို ရန်ကုန်မှ ညနေ ၅:၀၀ နာရီ နေ့စဉ်ကားထွက်ပါတယ်ခင်ဗျာ
‼️ မှတ်ပုံတင် ယူဆောင်လာပါရန်

☎️ ရန်ကုန် >> 09780444425 , 09457779700

☎️ရန်ကုန်(ကုန်ဂိတ်)>> 09443105455

☎️ကျောက်ပန်းတောင်း >> 09402500938 ,
09796311107

☎️ငါ့သရောက် >> 09780444408

☎️ပုဂံ-ညောင်ဦး >> 09780444415 , 0930666631

☎️ပခုက္ကူ >> 09780444416

☎️ရေစကြို >> 09401645161 , 09790169765

24/03/2023

-ခရီးသွားမိဘပြည်သူမိတ်ဟောင်းမိတ်သစ်များ မင်္ဂလာပါခင်ဗျာ😊

-သကြ်န်လက်မှတ်ဖြတ်ရန် ဖုန်းခေါ်မရခြင်း၊စကားမှားခြင်း အခြားကိစ္စအဝဝအတွက်အဆင်မပြေမှုများရှိရင် အထူးတောင်းပန်အပ်ပါတယ်ခင်ဗျာ

-သကြ်န်အချိန်ခါလက်မှတ်များအတွက် ခရီးသည်များအတွက်ဦးစားပေးထားပါတယ်
ဂိတ်ပိုင်ရှင်သူဌေးနှင့်အသိမိတ်ဆွေများပင် သူဌေးနဲ့လက်မှတ်ဖြတ်လို့မရပါဘူးခင်ဗျာ
ဂိတ်ဝန်ထမ်းများမှသာ booking လက်ခံပေးတာပါခင်ဗျ

အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ🙏🙏🙏

24/03/2023

✅သကြ်န်လက်မှတ်များအတွက် ဖုန်း booking only သာ လက်ခံပါတယ်ခင်ဗျာ✅

❌Facebook messenger မှ booking လုံးဝမပေးပါဘူးခင်ဗျာ❌

☎️ 09780444425 , 09457779700

-ခရီးသွားမိဘပြည်သူမိတ်ဟောင်းမိတ်သစ်များ မင်္ဂလာပါခင်ဗျာ😊🌸 မြန်မာ့ရိုးရာ သင်္ကြန် အချိန်အခါ နှစ်သစ်ကူး ရုံးပိတ်ရက်များတွင...
18/03/2023

-ခရီးသွားမိဘပြည်သူမိတ်ဟောင်းမိတ်သစ်များ မင်္ဂလာပါခင်ဗျာ😊

🌸 မြန်မာ့ရိုးရာ သင်္ကြန် အချိန်အခါ နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် မိမိမွေးရပ်ဇာတိမြေကို ပြန်ကြမည့်သူများ ၊ ဘုရားဖူးခရီးထွက်ကြမည့်သူများအတွက်_

🚌 ရန်ကုန် ကျောက်ပန်းတောင်း ပုဂံ-ညောင်ဦး ပခုက္ကူ ရေစကြို

🚌ရန်ကုန် ကျောက်ပန်းတောင်း ပုပ္ပါး စိတ္ထိန်း ကမ်းဖြူ ငါ့သရောက်

📝 ၈.၄.၂၀၂၃ မှ ၁၂.၄.၂၀၂၃ ရက်နေ့ထိ ခရီးစဉ်များကို
🗓️၂၄.၃.၂၀၂၃ 🕕 နံနက် ၆ နာရီ တိတိအချိန်မှစ၍
ဖုန်း booking လက်ခံပေးသွားမည်ဖြစ်ပါသည်။

‼️Booking ရရှိသွားသူများက (၅)ရက်အတွင်း ဇေယျာမြိုင်ကြီးကားဂိတ်၊ပုဂံလမ်း၊အောင်မဂ်လာကားဝင်းတွင် လက်မှတ်များလာရောက်ဖြတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်

‼️(၅)ရက်အတွင်းလက်မှတ်လာမဖြတ်ပါက booking cancel မည်ဖြစ်ပါတယ်ခင်ဗျာ

☎️ 09780444425 , 09457779700

❗️ယာဉ်ပေါ်လိုက်ပါမည့်ခရီးသည်များ မှတ်ပုံတင်ယူဆောင်လာခဲ့ပါရန်

ပုဂံနွေဦးအလှ🍂🍂🍂
09/03/2023

ပုဂံနွေဦးအလှ🍂🍂🍂

စားကောင်းတဲ့ သရပါ (၃) မင်မင့်အကြိုက်😋😋😋
26/01/2023

စားကောင်းတဲ့ သရပါ (၃) မင်မင့်အကြိုက်😋😋😋

ဇေယျာမြိုင်ကြီး Express 🚌🚌🚌နဲ့ ပုဂံသွားပြီး သီရိပစ္စယာ ၄ လမ်းထဲက မုန့်ပျားသလက်နဲ့ ထန်းမြစ်လေး သွားစားကြမလား သူငယ်ချင်းတိ...
10/01/2023

ဇေယျာမြိုင်ကြီး Express 🚌🚌🚌နဲ့ ပုဂံသွားပြီး သီရိပစ္စယာ ၄ လမ်းထဲက မုန့်ပျားသလက်နဲ့ ထန်းမြစ်လေး သွားစားကြမလား သူငယ်ချင်းတို့ရေ😋🤭😜

ဓမ္မအမြင်နဲ့ နှစ်သစ်ကူး▪▪▪▪▪▪▪- နှစ်သစ်ကူးတာသက်သက်နဲ့တော့ ကောင်းကျိုး ချမ်းသာတွေ ရလာမှာ မဟုတ်ဘူး တဲ့၊လောကမှာ "အသစ်အသစ်" ...
31/12/2022

ဓမ္မအမြင်နဲ့ နှစ်သစ်ကူး
▪▪▪▪▪▪▪
- နှစ်သစ်ကူးတာသက်သက်နဲ့တော့ ကောင်းကျိုး ချမ်းသာတွေ ရလာမှာ မဟုတ်ဘူး တဲ့၊

လောကမှာ "အသစ်အသစ်" ဆိုတာ
ရှည်တဲ့ကာလ အပိုင်းကလေးတစ်ခုကို
ကြည့်ပြီးတော့
အဟောင်းကုန်ပြီးရင် အသစ်ကူးတယ် လို့
ဒီလို ပြောကြတာ။

#ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုလို့ရှိရင်
စက္ကန့်ပိုင်းအတိုင်း အသစ်ကူးနေတာပါ ၊
အဟောင်းကုန်ပြီးရင် အသစ်ကို ပြောင်းနေတာပါ၊
ဒီလကုန်ရင် နောက်လရောက်တာလည်း
လအသစ် ကူးနေတာပါပဲ၊
ဒီနေ့ကုန်လို့ နောက်တစ်ရက် ရောက်လာတာဟာ
ရက်အသစ် ကူးနေတာပါ၊
ဒီနာရီကုန်လို့ နောင်နာရီဆိုတာလည်း
အသစ် ကူးနေတာပါ၊
နောက်ဆုံး ဒီစက္ကန့်လေးကုန်သွားလို့ နောက်စက္ကန့်လေး ဆိုတာလည်း ကူးနေတာပါ။
နေ့စဉ်နဲ့အမျှ "အသစ်၊အသစ်"တွေချည်းပါပဲ
အဲသလို အဟောင်းအဟောင်းတွေ ချုပ်သွားပြီး
အသစ်၊အသစ်တွေ ပေါ်လာနေတယ် ဆိုတာ
လောကရဲ့ မတည်မြဲတဲ့၊ ရပ်တည်မနေတဲ့
အစဉ်ထာဝရ ရွှေ့ပြောင်းနေတဲ့ သဘာဝတရားကြီးမျှသာ ဖြစ်ပါတယ်။

တကယ်စဉ်းစားကြည့်မယ် ဆိုလို့ရှိရင်
အသစ်ကို မျှော်တာဟာ * တဏှာလောဘရဲ့
သွေးဆောင်မှုတစ်ခုသာ ဖြစ်တယ်။

အသစ်ကို မျှော်ခြင်းသည် တဏှာမကင်းသူတို့ရဲ့
အတွေး တစ်ခုမျှသာ ဖြစ်တယ်။

နေ့စဉ်နဲ့အမျှ ကြည့်လေ

နေကြီးထွက်လာပြီးတော့ ဝင်သွားလို့ရှိရင် မနက်ဖြန်ခါ နေအသစ် ပေါ့
အဲဒီလို နေ့တွေ၊ လတွေ အသစ်အသစ် ပြောင်းနေတဲ့ အချိန်ကိုတော့ အသစ်လို့ * မထင်ဘူး။ နဲနဲလေး ကြာလာတဲ့အခါ ကျတော့ လပေါင်း ၁၂ လ၊ ရက်ပေါင်း ၃၆၅ ရက် ကြာညောင်းလာတဲ့အခါ ကျတော့ နှစ်ဟောင်း ကုန်လို့ နှစ်သစ် ရောက်လာပြီ လို့ လူတွေက သတိထား မိလာတာပါ။

ဝိပဿနာဉာဏ်နဲ့ ဆက်စပ်သုံးမယ် ဆိုလို့ရှိရင် ...
စက္ကန့်ပိုင်းတိုင်းမှာ အသစ်အသစ် ပြောင်းနေတယ်လို့
သိလာနိုင်တယ်။

အဲဒီတော့ အသစ်ပြောင်းတာတွေကို မျှော်လင့်နေမယ် ဆိုရင် #တဏှာလောဘရဲ့အမြင်နဲ့
မျှော်လင့်နေတာသာ ဖြစ်တယ်၊
ကောင်းကျိုးတရားတွေ ဖြစ်မလာနိုင်ပါဘူး။

ဒါကြောင့် အသစ်ကိုမျှော်တာကို ရုတ်သိမ်းလိုက်တယ်၊
တရားအမြင်နဲ့ကြည့်လိုက်မယ်ဆိုရင်
* အသစ်ရော၊ အဟောင်းရော * အတူတူပါပဲ။
အသစ် မမျှော်တော့ဘူး။

ဒါကြောင့် မြတ်စွာဘုရားက ...
"အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ"
ငါ့ဘဝဟာ ဒါ နောက်ဆုံးပဲ ၊ နောက်ထပ် မရှိတော့ဘူး
လို့ မိန့်တော်မူပါတယ်။

အသစ်ကို မမျှော်တော့ဘူး ဆိုလို့ရှိရင် ဒါဟာ သံသရာမှာ ဒုက္ခတွေ ချုပ်ငြိမ်းသွားခြင်းသာ ဖြစ်ပါတယ်။ အသစ်မျှော်နေသေးသမျှ သံသရာထဲမှာဒုက္ခတွေနဲ့ ဆုံကြ၊ ကြုံကြရဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် * တဏှာရဲ့မျှော်လင့်ချက်မျိုး မဖြစ်ပဲနဲ့
မိမိတို့ရရှိလာတဲ့ နှစ်သစ်ကာလအခါသမယမှာ..

* မဖြစ်သေးတဲ့ သဒ္ဓါတရားတွေ
ဖြစ်လာအောင်..

* မဖြစ်သေးတဲ့ ကိုယ်ကျင့်တရားတွေ
ကြီးထွားလာအောင်..

* မဖြစ်သေးတဲ့ စာဂတရားတွေ
များပြားလာအောင်..

* မဖြစ်သေးတဲ့ ပညာတရားတွေ
အသစ်ဖြစ်လာအောင်..
ကြိုးစားခြင်းသည်သာလျှင် ...

တကယ့်အစစ်အမှန် ဖြစ်တယ် ဆိုတာ ယုံကြည်ပြီး အားလုံးသော တရားချစ်ခင် သူတော်စင် ပရိတ်သတ်တိ်ု့သည် နှစ်သစ်ကူးပြီးစ နှစ်ဦးအခါသမယမှာ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားဓမ္မကို လိုက်နာကျင့်သုံးနိုင်ကြပါစေ လို့ ဓမ္မလက်ဆောင် ပေးတဲ့အနေနဲ့ ဒီတရားကို ဟောကြားအပ်ပါတယ်။

နှစ်သစ် ကူးတိုင်းကူးတိုင်း
လူတွေဟာ နှစ်ဟောင်းထက် လာမယ့်နှစ်က
ပိုကောင်းလာလိမ့်မယ်လို့ စိတ်ထဲ မျှော်လင့်ကြတယ်။

သို့သော် ....
သဒ္ဓါ ၊ သီလ၊ သုတ၊ စာဂ၊ ပညာ တို့ ဆိုတဲ့
အရေးပါတဲ့အခြေအနေကောင်းတွေ မဖန်တီးနိုင်ဘူး
ဆိုရင် လူတွေရဲ့မျှော်လင့်ချက်ဟာ ဖြစ်လာမှာ
မဟုတ်ဘူး။ * ပိုကောင်းလာဖို့ဆိုတာ
မဖြစ်နိုင်ဘူး ။

နှစ်သစ်အခါ သမယမှာ ပိုပြီးကောင်းလာစေချင်လို့ရှိရင်
* ပိုပြီး သဒ္ဓါတရားတွေ ကောင်းလာအောင်..

* ပိုပြီး ကိုယ်ကျင့်တရားတွေ လုံခြုံလာအောင်..

* ပိုပြီး စွန့်လွတ်မှုတွေ ခိုင်မာလာအောင်...

* ပိုပြီး အသိဉာဏ်တွေ ကြွယ်ဝလာအောင် ....
လုပ်ဖို့လိုတယ်။

အဲဒီအကြောင်းတရားတွေ ပြည့်စုံမှသာလျှင် ..
မိမိတို့ရဲ့ မျှော်လင့်ချက်နဲ့ ချမ်းသာသုခတွေ
မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ ဆိုတဲ့ဆုတောင်းတွေ
တောင်းဆိုမှုတွေဟာ တစ်လုံးတစ်ဝကြီး ဖြစ်လာမှာပါ။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
[ နှစ်ဦးကာလ ဓမ္မလက်ဆောင်၊ စာ-၄၀- ၄၅ ]မှ
ကောက်နုတ်ပူဇော်ဓမ္မဒါနပြုပါသည်။

ဆရာတော်ကြီး၏ ခြေအစုံအား
ရိုသေစွာ ရှိခိုး ဦးထိပ်ထားလျက် -
မူလ ရေးသားပူဇော်သူအား လေးစားစွာ
ကျေးဇူးတင် မှတ်တမ်းပြုလျှက် -

အမှတ်တရ ဓမ္မဒါန ➠𝓓ʰ⍺⫙⫙⍺ ╤ʰ𝗨╤⍺

🙏သဗဗှဒါနံ ဓမမှဒါနံ ဇိနာတိ🙏

ဇေယျာမြိုင်ကြီးအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်.....🙏🙏🙏
17/04/2022

ဇေယျာမြိုင်ကြီးအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်.....🙏🙏🙏

မင်္ဂလာပါခင်ဗျာဇေယျာမြိုင်ကြီးအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းမှ မိဘပြည်သူညီအစ်ကိုမောင်နှမများ၏ အရေးကြီးကုန်ပစ္စည...
20/08/2021

မင်္ဂလာပါခင်ဗျာ

ဇေယျာမြိုင်ကြီးအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းမှ မိဘပြည်သူညီအစ်ကိုမောင်နှမများ၏ အရေးကြီးကုန်ပစ္စည်းများ၊စားသောက်ကုန်များ၊လက်ဆောင်ပစ္စည်းများ၊ online shopping မှ ပါဆယ်ပစ္စည်းများ စသည့်တန်ဆာပစ္စည်းအမျိုးမျိုးကို သက်သာသောစျေးနှုန်းများဖြင့် ရန်ကုန်-ကျောက်ပန်းတောင်း-ပုဂံ/ညောင်ဦး-ပခုက္ကူ-ရေစကြို ပို့ဆောင်၍ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ် ခင်ဗျာ

ခရီးသွားမိဘပြည်သူညီအစ်က်ုမောင်နှများလိုက်ပါစီးနင်းနိုင်ရန် ရန်ကုန်မှ နံနက် ၈ နာရီ ၊ ညနေ ၄ နာရီ အချိန်များတွင် နေ့စဥ်ပြေးဆွဲလျက်ရှိပါတယ်ခင်ဗျာ

ရန်ကုန် >> 09780444425 , 09457779700 ,
0973105455
ကျောက်ပန်းတောင်း >> 09402500938 ,
09796311107
ပုဂံ-ညောင်ဦး >> 09780444415 , 0930666631

ပခုက္ကူ >> 09780444416 ,09780444413

ရေစကြို >> 09401645161 , 09790169765

29/06/2021
19/06/2021
11/03/2021

ရှင်မတောင်
အပွေးတွေကြားမှာ
သွေးတွေချည်းပါလား မြိုင်ရေ !!
တကယ်တော့ မင်းဆီက သနပ်ခါး
တို့များငယ်ငယ်
အမေလိမ်းပေးလို့
အေးစေခဲ့ဘူးတယ်

တကယ်တော့ မင်းဆီက သနပ်ခါး

မြန်မာပြည်တလွှား
ပြည်သူများ
အေးချမ်းစေခဲ့တယ်
ခုများတော့ မြိုင်ရယ်
မသမာလူတစုက
အကျည်းတန်စွာ ဖြိုခွဲလို့

ရက်စက်အကျည်းတန်
ရင်ကွဲရပါပေါ့လားကွယ်

ခုများတော့ကွယ်
တို့ပြည်သူ ပါးပေါ်မှာ
မင်းအတွက်ကျတဲ့
မျက်ရည်တွေက
မင်းသနပ်ခါးပေါ်က စီးလို့ တသွင်သွင်ကြပြီကွယ်
ဪ မြိုင်ရယ်
ဒီအကြွေး မမေ့ပါဘူး
တို့ပြည်သူတွေ ဆပ်ပါ့မယ်
ဒီအကြွေး မမေ့ပါဘူး
စာရင်းတို့ထားတယ်
ဒီအကြွေး ဆပ်ကို ဆပ်ရမည်
ချစ်စရာကောင်းသော မြိုင်မြို့လေး

ဆရာကြီးမြသန်းတင့်
ဇာတိမြေ
Credit

လူကြီးမင်းတို့၏ကုန်စည်ပစ္စည်းများကို ရန်ကုန်-ကျောက်ပန်းတောင်း-ငါ့သရောက်-ပုဂံ/ညောင်ဦး-ပခုက္ကူ-ရေစကြိုမြို့များသို့ နေ့စဥ်...
20/01/2021

လူကြီးမင်းတို့၏ကုန်စည်ပစ္စည်းများကို ရန်ကုန်-ကျောက်ပန်းတောင်း-ငါ့သရောက်-ပုဂံ/ညောင်ဦး-ပခုက္ကူ-ရေစကြိုမြို့များသို့ နေ့စဥ်ပို့ဆောင်၍ သက်သာသောဈေးနှုန်းများဖြင့်ဝန်ဆောင်မှုပေးနေပါတယ် ခင်ဗျာ...

ရန်ကုန် >> 09780444425 , 09457779700 ,
0973105455

ကျောက်ပန်းတောင်း >> 09402500938 ,
09796311107

ငါ့သရောက် >> 09780444408

ပုဂံ-ညောင်ဦး >> 09780444415 , 0930666631

ပခုက္ကူ >> 09780444416 , 09401648259

ရေစကြို >> 09401645161 , 09790169765

11/01/2021

ဇေယျာမြိုင်ကြီးမိသားစု ဓမ္မပူဇာတရားအလှူတော်🙏🙏🙏

၁၁-၁-၂၀၂၁ (တနင်္လာနေ့) ည (၇:၀၀)နာရီ အချိန်တွင် နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ အတူတကွ နာယူကြည်ညိုရန် ဖိတ်ကြားအပ်ပါသည်🙏🙏...
08/01/2021

၁၁-၁-၂၀၂၁ (တနင်္လာနေ့) ည (၇:၀၀)နာရီ အချိန်တွင် နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ အတူတကွ နာယူကြည်ညိုရန် ဖိတ်ကြားအပ်ပါသည်🙏🙏🙏

08/01/2021

ဇေယျာမြိုင်ကြီးမိသားစု ဓမ္မပူဇာတရားအလှူတော်🙏🙏🙏

၈-၁-၂၀၂၁(သောကြာနေ့) ည (၇:၀၀)နာရီ အချိန်တွင် နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ အတူတကွ နာယူကြည်ညိုရန် ဖိတ်ကြားအပ်ပါသည်🙏🙏🙏
06/01/2021

၈-၁-၂၀၂၁(သောကြာနေ့) ည (၇:၀၀)နာရီ အချိန်တွင် နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ အတူတကွ နာယူကြည်ညိုရန် ဖိတ်ကြားအပ်ပါသည်🙏🙏🙏

Address

ပုဂံလမ္း
Mingaladon

Telephone

09780444425

Website

Alerts

Be the first to know and let us send you an email when ဇေယျာမြိုင်ကြီး - ZYMG Express posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category