Mogok Hiker

Mogok Hiker Start your dream world with Mogok Hiker.

Mandalay Saturday Camping Trip မှာHiker တို့ ဘာလုပ်ကြလဲ??ရောက်ရောက်ချင်းပဲ မနေနိုင်ကြဘူးအင်္ကျီချွတ်ပြီး ရေစကူးကြတော့တာပ...
18/12/2023

Mandalay Saturday Camping Trip မှာ
Hiker တို့ ဘာလုပ်ကြလဲ??
ရောက်ရောက်ချင်းပဲ မနေနိုင်ကြဘူး
အင်္ကျီချွတ်ပြီး ရေစကူးကြတော့တာပဲ🏊
ရေကူးပြီးတော့ ညနေ မှောရီစပျိုးနေပြီ🌅
မီးလေးတွေဖိုပြီး မီးလှုံတဲ့သူက လှုံကြ🔥
စားစရာတွေချက်တဲ့သူကချက်ကြ
Sound box ဖွင့်ပြီးကတဲ့သူက ကကြနဲ့
နောက်ဆုံးမှာတော့
သီချင်းလေးတွေတူတူဆိုကြတော့တာပဲ
ဒီကြားထဲ truth or dare ကလည်းဆော့​သေးတယ်
ညသန်းခေါင်ရောက်တော့ ကြယ်တွေသိပ်မစုံပေမယ့်
မြစ်ဘေးကမ်းစပ်နားလေးကနေ
ကြယ်လေးတွေကို ကြည့်ရတဲ့ feeling ကလည်း
သိပ်ကိုမိုက်တာပဲ

မနက်ပိုင်းရောက်တော့ sunrise ☀️ လေးနဲ့
ပုံလေးတွေရိုက်ကြရင်း
Memories လေးတွေချန်ခဲ့တာပေါ့
စက်လှေကို group လိုက်စီးရတဲ့
feeling ကလည်း သိပ်မိုက်…
ရှိသမျှအမှတ်တရလေးတွေအကုန်ချရေးလိုက်ရင်
အမှတ်တရတွေကို လွမ်းရလွန်းလို့
ဒီမှာပဲ ဖြတ်လိုက်ပြီး အဆုံးသိတ်လိုက်တော့မယ်နော်🥹

အမှတ်တရတွေအများကြီးရတဲ့ camping trip လေးကို
နောက်တစ်ပတ်မှာ join ချင်တဲ့သူများရှိရင်
Page messenger မှာ လာဆက်သွယ်ပေးပါနော်




12 hours happy Glamping လာမယ့် စနေ တနင်္ဂနွေနေ (16.12.2023-17.12.2023)မှာ Glamping ထွက်ဖို့ အစီစဉ်လေးရှိပါတယ်နော်😍Glampi...
12/12/2023

12 hours happy Glamping
လာမယ့် စနေ တနင်္ဂနွေနေ (16.12.2023-17.12.2023)မှာ Glamping ထွက်ဖို့ အစီစဉ်လေးရှိပါတယ်နော်😍
Glamping က လူတိုင်းသွားနိုင်ပေမယ့်…..
ကျွန်တော်တို့စီစဉ်ထားတာက
လူတွေအများကြီးနဲ့ မိတ်ဖွဲ့ဖို့
တူတူပျော်ကြဖို့အတွက်ကို အဓိက ရည်ရွယ်ပြီး
စီစဉ်ထားတာဖြစ်ပါတယ်ဗျာ✌🏻

တစ်ဦးတစ်ယောက်ကစ သူငယ်ချင်းအဖွဲ့လိုက်လည်း
လာ join လို့ရပါတယ်

Glamping ထွက်ပြီး ဘာတွေရမလဲ
⛺️မိတ်ဆွေသစ်တွေရမယ်
⛺️Camping vibe ကိုခံစားရမယ်
⛺️အရမ်းလှတဲ့ Group Photo လေးတွေရမယ်
⛺️ကြယ်လေးတွေကို ကိုယ့် tent အပြင်ကနေ
တဝကြီးခံစားရမယ်

ဘာ activities တွေပါမှာလဲ

⛺️အချင်းချင်းမိတ်ဆက်ကြမယ်
⛺️ရေဆော့ကြမယ်
⛺️ညရောက်ရင် မီးပုံပွဲလေးတွေပါမယ်
⛺️အဖွဲ့လိုက် ဂစ်တာတီးပြီး သီချင်းဆိုကြမယ်
⛺️သီချင်းတွေတောင်းကြမယ်
⛺️ဂိမ်းတွေဆော့ကြမယ်

-Dinner
အသားတစ်မျိုးနှင့် အရံဟင်းများ
-Breakfast
အသားတစ်မျိုးနှင့်အရံဟင်းများ
-Tent
စောင်၊အိပ်ယာခင်းနှင့် ခေါင်းအုံးပါပြီး
-Transportation အသွားအပြန် ကားပါမယ်
သတ်မှတ်ထားသည့်စုရပ်ကိုတော့လာပေးရပါမည်

စားဖို့ အိပ်ဖို့ နှင့် သွားဖို့လာဖို့ကို
အချိုးကျ ပေါင်းစပ်ပြီး သွားတာဖြစ်လို့
တစ်ခုခု စားသောက်ချင်လျှင်ဖြစ်စေ၊ တစ်ခုခုအလိုရှိသည်ဖြစ်စေ မိမိစရိတ်ဖြင့်သာ သုံးစွဲရပါမည်
အတူတူ ဝိုင်းလုပ်ဝိုင်းစား ကူညီဖေးမ,ကြမယ့်သူများကိုသာ လက်ခံပါမယ်နော်

Dinner, Breakfast, transportation အသွားအပြန်, ညအိပ်ဖို့ tent, ရေကူးခ, ဝင်ကြေး အားလုံးအပြီးအစီးကို
တစ်ယောက် ၄၅၀၀၀ ကျပါတယ်ဗျ

ဒီညလေးမှာ
ကလေး၊ လူကြီးလူငယ် ဘာသာမရွေး လာ join လို့ရပါတယ်နော်

စိတ်ဝင်စားသူများ messenger or 09981900981 ကို ဆက်သွယ်နိုင်ပါတယ်

Location-Mandalay

Restoring Mountain Ecosystems



အပျိုစင်ရေတံခွန် Camping Trip⛺️တောင်တန်းတွေပေါ်မှာ camp ချရတာ ပျော်ရွှင်ဖို့ကောင်းသလိုရေတံခွန်မှာ camp ချရတာလဲ သာယာလှပါတ...
10/12/2023

အပျိုစင်ရေတံခွန် Camping Trip⛺️

တောင်တန်းတွေပေါ်မှာ camp ချရတာ ပျော်ရွှင်ဖို့ကောင်းသလို
ရေတံခွန်မှာ camp ချရတာလဲ သာယာလှပါတယ်
ရေကျသံလေးတွေကစ နားဝင်ချိုလှတယ်
စိတ်ကိုအပန်းပြေစေတယ်

တောင်တက်ရင်းနဲ့ အချင်းချင်း
စကားစမြည်လေးတွေပြောကြရင်း ...
တစ်ချို့ကလဲ အဆွေးသီချင်းလေးတွေနဲ့ အမောဖြေရင်း

မောလို့မောမှန်းကို မသိဘဲ
အပျိုစင်ရေတံခွန်ကို အရင်ဆုံး
ရောက်သွားကြပါတယ်

ရေတံခွန်ဆီကို ညနေပိုင်းလောက်မှသွားကြတော့
ရောက်တဲ့အချိန်က မှောင်ရီစပျိုးနေပြီ
မီးမွေးသူကမွေး
Tent ထိုးတဲ့သူကထိုး
ရေကူးတဲ့သူကကူးကြရင်း
နောက်ဆုံးတော့ ရေတံခွန်ရေစီးကျသံလေးနဲ့အတူ သီချင်းလေးတွေအပြိုင် ဆိုခဲ့ကြပါသေးတယ်

တောင်ပေါ်ကို ကိုယ်စီတာဝန်နဲ့
အထုပ်တွေသယ်ယူခဲ့ကြတာတောင်
မောပန်းခြင်းလည်းမရှိပဲ truth or dare လေးဆော့ကြရင်း
ညသန်းခေါင်ရောက်တော့ မန္တလေးဆောင်းကိုအံ့တုပြီး
ည၁၂ နာရီထိုးခါနီးတောင်မှ
ရေတံခွန်ကငါးလေးတွေနဲ့အတူ ရေထပ်ကူးလိုက်သေးတယ်😜

မနက်ရောက်တော့
အလှအပကို ကိုယ်စီ ခံစားချက်နဲ့ ခံစားကြရင်း
ဓာတ်ပုံတွေ အတူတူရိုက်ကြတာပေါ့

ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ဒီတစ်ပတ်
ရေတံခွန်camping ခရီးစဥ်လေးဟာ
အမှတ်ရစရာတွေ
ပျော်ရွှင်စရာလေးတွေ နဲ့ ပြည့်နက်နေခဲ့ပါတယ်

Mogok Hiker အဖွဲ့မှ
လာရောက် ပူးပေါင်း ပါဝင်လိုသူများကို
နွေးထွေးစွာ ကြိုဆိုရင်း....
ဆက်လက်ကြိုးစားပါအုံးမည်။

မိမိသုံးခဲ့တဲ့အမှိုက်များကို မီးရှို့ဖျက်စီးခဲ့ပါ
မီးရှို့ဖျက်စီး၍မရသောအမှိုက်များကို
ပြန်လည်ယူဆောင်သွားပေးပါ
သဘာဝကိုချစ်မြတ်နိုးပေးပါ




#အပျိုစင်ရေတံခွန်

နှင်းဝေတဲ့ဆောင်းမှာ သိပ်လွမ်းတယ်❄️❄️
02/12/2023

နှင်းဝေတဲ့ဆောင်းမှာ သိပ်လွမ်းတယ်❄️❄️




မီးမလောင်ချောင်ရေတံခွန် (အပျိုစင်ရေတံခွန်) ချောင်းရေသံတွေကိုလည်းကြားချင်တယ်🏞️သဘာဝဆန်ဆန် ရေတံခွန်နဲ့ photoshoot ချင်တယ်💦အ...
30/11/2023

မီးမလောင်ချောင်ရေတံခွန် (အပျိုစင်ရေတံခွန်)

ချောင်းရေသံတွေကိုလည်းကြားချင်တယ်🏞️
သဘာဝဆန်ဆန် ရေတံခွန်နဲ့ photoshoot ချင်တယ်💦
အဖွဲ့လိုက်ပျော်ပျော်ပါးပါးသွားရတာလည်းသဘောကျတယ်✌🏻
မြို့ပြမှာ မွန်းကြပ်နေတဲ့သူတစ်ယောက်လည်း ဖြစ်နေတယ်ဆိုရင်🌆
လူသူအရောက်ပေါက်နည်းတဲ့ရေတံခွန်လေးဆီကို
လာမယ့် Sunday (3.12.2023) မှာ
Mogok Hiker ကနေပြီး သွားရောက်မှာဖြစ်ပါတယ်

လိုက်ပါလိုသူများက Mogok Hiker ရဲ့
page messenger ကို ခုပဲလာခဲ့လိုက်နော်

လူဦးရေကန့်သတ်ထားတာမို့
လိုက်ပါမယ့် လူဦးရေ အတိအကျကိုပြောပြီး
စရင်းလာသွင်းပေးပါနော်😍

ခုလက်ရှိ trending ဖြစ်နေတဲ့နေရာလေးဆီကို
တူတူသွားကြမယ်နော်

မိုးကုတ်သူ/သားတွေလည်း
မန္တလာမြေမှာရှိနေရင်
ဒီခရီးစဉ်လေးမှာတူတူဆုံချင်ပါတယ်နော်✌🏻

#ပုံများယူသုံးခွင့်မပြုပါ










လူတစ်ယောက်ဆီမှာမြို့တစ်မြို့တော့ရှိလိမ့်မယ်အမြဲသွားချင်နေတဲ့မြို့ပေါ့ ။ဒီမြို့လေးနဲ့ ပတ်သက်တဲ့အမှတ်တရတွေလည်း အများကြီးရှ...
04/08/2023

လူတစ်ယောက်ဆီမှာ
မြို့တစ်မြို့တော့ရှိလိမ့်မယ်
အမြဲသွားချင်နေတဲ့မြို့ပေါ့ ။
ဒီမြို့လေးနဲ့ ပတ်သက်တဲ့
အမှတ်တရတွေလည်း အများကြီးရှိတယ်
ပြီးတော့အမြဲလွမ်းနေရတဲ့ မြို့လေးပေါ့ ။
ဒီမြို့လေးရဲ့ တောင်တန်းလေးတွေကိုလည်း သဘောကျတယ် ။
🌻M o g o k🌻
credit to origingal writer

လာလည်ပါကွယ် ဖိတ်ခေါ်တယ် တို့မြို့ငယ်လေးဆီကို🤍🏔️M O G O K🏔️ဓာတ်ပုံပညာရှင်များအားလေးစားစွာဖြင့်
22/07/2023

လာလည်ပါကွယ် ဖိတ်ခေါ်တယ်
တို့မြို့ငယ်လေးဆီကို🤍

🏔️M O G O K🏔️

ဓာတ်ပုံပညာရှင်များအားလေးစားစွာဖြင့်

ဥတု ၃ပါးလုံးအအေးလှိုင်းနဲ့ ယက်ထားတဲ့မြို့လေး။​”ဖြည်းဖြည်းနော်”ဆိုပြီးနူတ်ဆက်အပြုံးလေးဆိုတဲ့ မြို့လေး။မုန့်ညင်းပေါင်းကအစ ...
28/04/2023

ဥတု ၃ပါးလုံး
အအေးလှိုင်းနဲ့ ယက်ထားတဲ့မြို့လေး။

​”ဖြည်းဖြည်းနော်”ဆိုပြီး
နူတ်ဆက်အပြုံးလေးဆိုတဲ့ မြို့လေး။

မုန့်ညင်းပေါင်းကအစ ဆန်ဖွယ်လေးအလယ်
တို့ဟူးပျော့လေးအဆုံး
အလုံးစုံ စားကောင်းတဲ့ မြို့လေး။

အကွေ့အကောက် အတက်အဆင်းလမ်းတွေများပေမယ့်
ရိုးဖြောင့်ဖြူစင် ခင်မင်ကူညီတတ်သူပေါတဲ့မြို့လေး။

ဝန်းရံထားတဲ့ တောင်ကုန်းတောင်တန်းတွေကိုကြည့်ရင်း
အလွမ်းဓာတ်ခံရှိသူတွေအဖို့ လွမ်းမောစရာကောင်းတဲ့မြို့လေး။

ရိုးရာဓလေ့တွေနဲ့ တိုင်းရင်းသား/သူတွေများသလို
ဘုရားစေတီအဆူဆူနဲ့ အလှူအတန်းတွေလည်း ရက်ရောကြတဲ့မြို့လေး။

ဘယ်နေရာကြည့်ကြည့် စိမ်းစိုနေတဲ့ ရှုမျှော်ခင်းနဲ့...
ကမ္ဘာကျော် ပတ္တမြားထွက်ရာ မြို့လေး။

တစ်ခါတစ်ခေါက် ရောက်ဖူးခဲ့ရင်ပဲ
အခါခါ အခေါက်ခေါက် ပြန်ရောက်ချင်တဲ့ မြို့လေး။
မိုးကုတ်


လက်ညိုးလက်မတောင်ထိပ်ပေါ်မှာ အလွမ်းဓာတ်တွေ သွန်ချခဲ့သည်...🖤 မန်းသူလေးတွေလည်း Mogok Hiker နဲ့အတူ ခြေချခဲ့ပြီ🥾မန္တလေးမြို့န...
29/01/2023

လက်ညိုးလက်မတောင်ထိပ်ပေါ်မှာ
အလွမ်းဓာတ်တွေ သွန်ချခဲ့သည်...🖤
မန်းသူလေးတွေလည်း
Mogok Hiker နဲ့အတူ ခြေချခဲ့ပြီ🥾
မန္တလေးမြို့နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ မိုးကုတ်မြို့လေးမှာ
အပန်းဖြေပြီး သာယာတဲ့ ရှုခင်းလေးတွေရော
မိုးကုတ်မြို့ရဲ့ အရမ်းကို လှပတဲ့
မင်္ဂလာကန်တော် ပါဝင်တဲ့ city view လေးရော
တဝကြီးခံစားခဲပြီး
သာယာတဲ့ မိုးကုတ်မြို့လေးကို
မန်းသူ/သားလေးတွေက
Mogok Hiker နဲ့အတူ ကြိုဆိုခဲ့ပါတယ်

တောင်တက်ဝါသနာပါသူ
အကိုကြီးနဲ့ မကြီးချောတို့ နှစ်ယောက်ရဲ့
တောင်းဆိုမှုကြောင့်
​ဒီလအတွင်းမှာ ဒုတိယအကြိမ်မြောက်
လက်ညိုးလက်မတောင်ပေါ်ဆီကို ​သွားရောက်ခဲ့ကြပါတယ်

ကိုကြီးတို့သူငယ်ချင်းသုံးယောက်ဟာ
ဆိုရင်ဖြင့် မိုးကုတ်မြို့ရဲ့ တောင်တွေဆီကို
အထူးတက်ရောက်ဖို့လာကြတာဖြစ်ပြီး
တောင်တွေကို
နှစ်သက် သဘောကျသူတွေ ဖြစ်တဲ့အတွက်
မိုးကုတ်မြို့က တောင်တွေနဲ့
အံဝင်ခွင်ကျ အဖြစ်ဆုံး သူတွေပါပဲ
ပျော်ပျော်ပါးပါးနေတတ်သူတွေလဲ ဖြစ်လို့
သိပ်ကိုခင်ဖို့ကောင်းကြတယ် သိလား😍

တောင်ပေါ်မှာ ဂစ်တာတီးပြီး အလွမ်းသီချင်းတွေ
ဆိုကြ ၊ ဓာတ်ပုံတွေရိုက်ကြ ၊
မိုးကုတ်မြို့ရဲ့ ဒေသထွက်အစားအစာတွေနဲ့အတူ သဘာဝနှပ်ကော်ဖီလေးသောက်ရင်း အားရပါးရ Chill ခဲ့ကြတာပေါ့နော် ဟာသတွေပြောပြီး အလွမ်းသင့်နေတဲ့ မကြီးလဲ အလွမ်းဓာတ်တွေ တောင်ပေါ်မှာ အကုန်ပစ်ချခဲ့ပြီးတာမို့ နောက်တစ်ကြိမ် ပြန်လာခဲ့အခါ အချစ်နဲ့ အတူ လာပြီး တောင်ပေါ်မှာ လာရိုနိုင်ပါစေနော် မကြီးရေ...☺👻

မိုးကုတ်မြို့ တောင်တန်းတွေက မကြီးတို့ သူငယ်ချင်းသုံးယောက်ကို အမြဲမျှော်နေတာမို့
နောက်ထပ် နောက်ထပ်တွေ လာခဲ့ပါနော်
Mogok Hiker Team တစ်ခုလုံးကလဲ သတိရနေတာမို့ ပြန်ဆုံကြမယ်နော်

ခရီးစဉ်အသေးစိတ်တွေနဲ့
နောက်ထပ်ခရီးစဉ်တွေကိုတော့
Mogok Hiker ရဲ့Telegram channel ဖြစ်တဲ့
ဒီ link လေးမှာ တင်ပေးသွားပါမယ်နော်✌🏻

https://t.me/mogokhiker/3






ချယ်ရီတွေတောင်လှနေပြီ🌸🌸
27/01/2023

ချယ်ရီတွေတောင်လှနေပြီ🌸🌸

တောင်မင်းတောင်မှတောင်မင်းတောင်ဆိုတဲ့ဘော်ဘော်တို့အတွက်⛰️Mogok Hikerရဲ့နောက်ထပ်ရင်ခုန်စရာ ရှု့ခင်းတွေကို ခံစားဖို့ဒီတစ်ပတ်...
25/01/2023

တောင်မင်းတောင်မှတောင်မင်းတောင်ဆိုတဲ့
ဘော်ဘော်တို့အတွက်⛰️

Mogok Hikerရဲ့
နောက်ထပ်ရင်ခုန်စရာ ရှု့ခင်းတွေကို ခံစားဖို့
ဒီတစ်ပတ် trekking တက်ရမယ့်နေရာက
ဘယ်နေရာလေးဖြစ်မလဲ????🤔🤔

ဒီတစ်ပတ် စနေမှာတော့ မန္တလေးတိုင်းမှာအမြင့်ဆုံးလို့နာမည်ကြီးတဲ့ တောင်မင်းတောင်ဆီကို
သွားရောက်ခြေချဖို့ စီစဉ်ထားပါတယ်🥳

အရမ်းစားတဲ့ view‌ လေးတွေနဲ့မှ
ဓာတ်ဖမ်းချင်ပါတယ်ဆိုတဲ့
ဘော်ဒါတို့ လာ Join လို့ ရပါပြီနော် 👏👏

သောကြာနေ့မနက်၁၀နာရီစာရင်းပိတ်မှာဖြစ်လို့
အတူသွားကြမယ့် hiker‌တို့
page messenger မှာ
လာရောက်ဆက်သွယ်နိုင်ပါတယ်။

ပျော်စရာလေးတွေဖန်တီးဖို့
တောင်မင်းတောင်ကို တက်ကြစို့💥💪

လိုက်ပါချင်တဲ့သူများ
Page messenger ကိုသာ မြန်မြန်လာခဲ့နော်
လူဦးရေကန့်သတ်ထားလို့
နောက်ကျရင်တော့ အပေါက်ဝပါ😌

ခရီးစဉ်အသေးစိတ်တွေနဲ့
နောက်ထပ်ခရီးစဉ်တွေကိုတော့
Mogok Hiker ရဲ့Telegram channel ဖြစ်တဲ့
ဒီ link လေးမှာ တင်ပေးသွားပါမယ်နော်✌🏻

https://t.me/mogokhiker/3









နတ်သမီးတောင် နဲ့အတူ...🦋🦋🦋မဂ်လာပါ ဒီအပတ်မှာတော့ နတ်သမီးတောင်ဆီကိုအရောက်လှမ်းခဲ့ကြသည်ပေါ့နော်...🤗မနက် ၇ နာရီ ၄၅ မိနစ်မှာ က...
22/01/2023

နတ်သမီးတောင် နဲ့အတူ...🦋🦋🦋

မဂ်လာပါ ဒီအပတ်မှာတော့ နတ်သမီးတောင်ဆီကို
အရောက်လှမ်းခဲ့ကြသည်ပေါ့နော်...🤗

မနက် ၇ နာရီ ၄၅ မိနစ်မှာ ကန်ဘောင်မှာ လူစုကြပါတယ် မတက်ခင်ကတည်းက စောစောစီးစီး တက်တက်ကြွကြွနဲ့ တွေ့ကြ ဆုံကြ နှုတ်ဆက်ကြနဲ့ စိတ်လှုပ်ရှားနေကြပါပြီ✌

၈ နာရီ ၁၅ လောက်မှာ ဆိုင်ကယ်ကိုယ်စီနဲ့ တောင်ခြေရွာဖြစ်တဲ့ လီဆူကုန်းစံ ရွာဆီကို တန်းစီသွားကြပါတယ် လမ်းတစ်လျှောက်
လေတဖြူးဖြူး နှင်းငွေ့အေးအေးလေးနဲ့
ဆိုင်ကယ်မောင်းရင်း ဆိုင်ကယ် ထားရာနေရာကို ၉ နာရီ မထိုးခင်မှာပဲ ရောက်ရှိသွားပါတယ်

ကဲ ဆိုင်ကယ်ထားပြီးတာနဲ့ တက်ညီလက်ညီ နတ်သမီးတောင်ဆီကို ချီတက်ကြပါပြီ...

တောင်က နဲနဲမြင့်ပြီး အတက်တွေချည်းမို့ မတက်နိုင်ကြမှာ စိတ်ပူနေပေမဲ့ အမလေး Hiker ကြီးတွေက အေးအေးဆေးဆေး ကပြီးတောင် တက်ကြပါသေးတယ်...

တက်လမ်း တစ်လျှောက် တောပင် ပန်းပင်အမျိုးမျိုးကလဲ စိမ်းလန်းစွာနဲ့ အရင်လို ကြိုဆိုဆဲ ကြိုဆိုမြဲ...🌳🌿☘🌱🍀

နတ်သမီးတောင် ဆိုတဲ့ နာမည်အတိုင်းပဲ
တောင်ပေါ်ရောက်ခါနီးလေလေ နတ်သမီးတွေနေတဲ့ နတ်ပြည်ရောက်သွားသလို ခံစားရလေပဲ...
တိမ်တွေ တောင်တွေ မြူခိုးတွေ တိမ်ငွေ့တွေ ပတ်လည်ဝိုင်းနေတဲ့ နေရာလေးထဲ ရောက်သွားတာနဲ့ မြင်ကွင်းတဆုံး စိတ်တွေ နှစ်ဝင်သွားရော
သိပ်လှတာပဲ သိလား✨

View ကို မျက်စိတစ်ဆုံး ခံစားရင်း Tent ရောင်စုံလေးတွေနဲ့အတူ ဓာတ်ပုံတွေ ရိုက်ကြ သီချင်းတွေ အော်ဆိုကြ စားသောက်ပျော်​ပါးကြရင်း နတ်သမီးတောင်ပေါ်မှာ အချိန်တွေ ကုန်မှန်းမသိ ကုန်ဆုံးခဲ့ကြပါတယ်

ညနေ ၂ နာရီ ၃၀ မိနစ်မှာ တောင်ပေါ်ကနေပြန်ဆင်းကြဖို့ အမှိုက်တွေ မီးရှို့ ပစ္စည်းတွေ သိမ်းပြီး
​အပြန်လမ်းအတွက် ပြင်ဆင်ကြပါတော့တယ်

ဒီလိုနဲ့ အပြန်လမ်းတစ်လျှောက် ပျော်ပျော်ပါးပါး တန်းစီ ဆင်းကြရင်း တောင်ခြေကို ၁ နာရီအတွင်းရောက်လာပါတယ်

နတ်သမီးတွေ နေတဲ့ တောင်ပေါ်ဆီမှာ ခတ္တပျော်ပါးခဲ့ကြပါသည်ပေါ့နော် 👻

ကဲ နောက်ထပ်တောင်တွေဆီကို အရောက်လှမ်းနိုင်ဖို့ Mogok Hiker နဲ့ လာ Join ကြနော်

ခရီးစဉ်အသေးစိတ်တွေနဲ့
နောက်ထပ်ခရီးစဉ်တွေကိုတော့
Mogok Hiker ရဲ့Telegram channel ဖြစ်တဲ့
ဒီ link လေးမှာ တင်ပေးသွားပါမယ်နော်✌🏻

https://t.me/mogokhiker/3

နောက်အပတ်ဘယ်တောင်ပါလိမ့်🤔






နောက်တစ်ပတ်မှာ သွားမယ့်… အချစ်ခံရရုံတာမက အရမ်းခမ်းနားလှတဲ့နတ်သမီးတောင် နေ့ချင်းပြန် trip လေး🏔နေ့ချင်းပြန်လည်းသွားရမယ်Ten...
15/01/2023

နောက်တစ်ပတ်မှာ သွားမယ့်…
အချစ်ခံရရုံတာမက အရမ်းခမ်းနားလှတဲ့
နတ်သမီးတောင် နေ့ချင်းပြန် trip လေး🏔

နေ့ချင်းပြန်လည်းသွားရမယ်
Tent လှလှလေးတွေနဲ့ camping
ထွက်နေတဲ့ ပုံစံလေးနဲ့ ပုံရိုက်ရမယ်ဆိုတော့
သွားဖို့ အဆင်သင့်ပဲလား
အိမ်မှာနေတာလည်း ကြာပြီဆိုတော့
အားလုံးလဲငြီးငွေ့နေကြရောပေါ့

ဒါဆိုရင်တော့ Mogok Hikerနဲ့အတူ
ဒီတစ်ခါတက်မယ့် Hiking အစီစဉ်မှာ
ပါဝင်လိုက်ကြပါအုံး🥰🥰

မိုးကုတ်မြို့ကို ဝန်းရံထားတဲ့တောင်တန်းလေးတွေကို
မြင်နေရတဲ့ ဒီနတ်သမီးတောင် ခရီးစဉ်မှာ
ပါဝင်ချင်တယ်ဆိုရင်တော့ Mogok Hiker page cbမှာ
စာရင်းသာမြန်မြန်လာပေးထားတော့နော်🥰

စာရင်ပေးပြီးရင်တော့ ဒီတစ်ပတ် စနေနေ့မှာ
နတ်သမီးတောင်ကို တူတူသွားကြရအောင်နော်

Hiking စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေရှိရင်လည်း
Postလေးတွေ့သွားအောင် mention
ပေးလိုက်ကြပါအုံးနော်✌🏻✌🏻

တောင်လှလှလေးပေါ်မှာ
tent လေးတွေနဲ့ပုံလှလှလေးရိုက်ရမယ်နော်
Are you ready for Saturday!!

အရင်တစ်ခေါက်လို လူပြည့်သွားလို့
မလိုက်ရဘူးဖြစ်နေမယ်နော်🥹

နတ်သမီးတောင် camping ထွက်ထားတဲ့
video လေးကို
မကြည့်ရသေးဘူးဆိုရင်လည်း
အောက်က link ကိုနှိပ်ပြီး
ဝင်ရောက်ကြည့်ရှုလိုက်ပါအုံးနော်🥰🥰

https://www.facebook.com/635165303780875/posts/701878523776219/

ခရီးစဉ်အသေးစိတ်တွေနဲ့
နောက်ထပ်ခရီးစဉ်တွေကိုတော့
Mogok Hiker ရဲ့Telegram channel ဖြစ်တဲ့
ဒီ link လေးမှာ တင်ပေးသွားပါမယ်နော်✌🏻

https://t.me/mogokhiker/3





တောင်တက်ခြင်းတွေနဲ့ အတူစိတ်တွေ သိပ်ပျော်ခဲ့တယ်....🤍မဂ်လာပါ ကျွန်တော်တို့ Mogok Hiker ဟာတောင်တွေနဲ့အတူ ပြန်လည်ရောက်ရှိလာပ...
14/01/2023

တောင်တက်ခြင်းတွေနဲ့ အတူ
စိတ်တွေ သိပ်ပျော်ခဲ့တယ်....🤍

မဂ်လာပါ ကျွန်တော်တို့ Mogok Hiker ဟာ
တောင်တွေနဲ့အတူ ပြန်လည်ရောက်ရှိလာပါပြီ...✨

ဒီနေ့ ကျွန်တော်တို့ သွားရောက် စိတ်အပန်းဖြေခဲ့တဲ့ တောင်တွေကတော့ ကျောက်သင်္ဘောတောင်နဲ့ လက်ညိုးလက်မတောင် တွေပဲ ဖြစ်ပါတယ်

တစ်နေ့တည်းမှာ တောင်နှစ်တောင်ဆီကို သွားရောက်ခဲ့တာပေါ့နော် ပျော်စရာကြီး သိလား☺

မနက်တောင်ခြေကနေ
ကျောက်သင်္ဘောတောင်ဆီကို
အရင်တက်လှမ်းကြတယ်
မကြာပါဘူး ၄၅ မိနစ်အတွင်း
ကျောက်သင်္ဘောတောင်ပေါ်ကိုရောက်တယ် ကျောက်ဖျာကြီးက သိပ်ကိုကြီးတာပဲ
အရမ်းလည်းလှတာ
မြင်မြင်သမျှ မြင်ကွင်းတွေ
တောင်အထပ်ထပ် တိမ်အထပ်ထပ်တွေနဲ့ တိုက်ခတ်လာတဲ့ လေလှိုင်းတွေက
အမည်မသိခံစားမှုပေါင်းစုံကို ခံစားမိစေတယ်
ဒါဟာ ဒီကျောက်သင်္ဘောဆိုတဲ့
ကျောက်ဖျာတောင်ကြီးရဲ့ ဆွဲဆောင်မှုလားနော် သိပ်သဘောကျတာပဲ…

ကျောက်သင်္ဘောတောင်ပေါ်မှာ
သီချင်းတွေဆိုကြ ဓာတ်ပုံတွေရိုက်ကြ
ပျော်ကြ ပါးကြရင်းနဲ့
နေ့လယ်စာ စားကြပြီး မွန်းလွှဲချိန်ကျော်လာနဲ့ လက်ညိုးလက်မတောင်ဆီကို ချီတက်ကြတယ်

လမ်းတစ်လျှောက် ကလိုက်ခုန်လိုက် သီချင်းတွေ အော်ဆိုလိုက် ဟာသတွေပြောလိုက်နဲ့ ခနလေးအတွင်းမှာပဲ လက်ညိုးလက်မတောင် ဆီကို ရောက်လာတော့တယ်

လက်ညိုး လက်မတောင်ဆိုတဲ့ အတိုင်း
လက်မပုံစံ တောင်ထိပ်လေးနဲ့ လက်ညိုးပုံစံတောင်ထိပ်လေးနှစ်ခု တည်ရှိနေတာပေါ့ တောင်ထိပ်မှာ စေတီတစ်ဆူစီ တည်ထားတယ်
အဲ့ကနေ မြင်ရတဲ့ View ကတော့
မိုးကုတ်မြို့ အရှေ့ပိုင်းတစ်ခုလုံးကို
လှလှပပ ဖော်ပြထားတဲ့
ပန်းချီကားချပ်လေးတစ်ချပ်လိုပဲ
မြို့လယ်အင်းနဲ့အတူ မြို့ရဲ့နေရာတိုင်းကို သေသေချာချာ လှမ်းမြင်နေရတယ်
မြို့ပတ်ပတ်လည်က
တောင်တန်းသွယ်သွယ်တွေကိုလည်း
သေချာငေးမောလို့ရတယ်
ဓာတ်ပုံရိုက်လို့လဲ အကောင်းဆုံး တောင်ဖြစ်တယ် တကယ့် စိတ်ပျော်ရာ နေရာလေး💗

တောင်ပေါ်မှာ ဂိမ်းတွေလဲ အမျိုးမျိုးဆော့၊ ဂစ်တာတွေတီးခဲ့ကြပြီး သီချင်းတွေလည်း ဆိုကြရင်း ပျော်ပါးခဲ့ကြတယ် တောင်တူတူတက်ခွင့်ရတဲ့ ဘော်ဒါတွေကလဲ အရမ်းဖော်ရွေပြီး ချောချောလေးတွေနဲ့ ချစ်စရာလေးတွေ ဟီး🤗

ညနေ ၃ နာရီ ၁၅ လောက်မှာ တောင်ပေါ်ကနေ ပြန်ဆင်းကြပြီး တစ်လမ်းလုံး ဟီးဟီးဟားဟား ဘလာ ဘလာပေါ့နော်😜

ဒီိလိုနဲ့ တောင်နှစ်တောင် နဲ့ အတူ Mogok Hiker တောင်တက်အဖွဲ့ကြီးဟာ ပြန်လည် Come Back လာခဲ့ပါပြီနော်❣

နောက်အပတ်တွေမှာလည်း
တောင်တက်အစီအစဥ်တွေရှိတာမို့
တောင်တက်ဝါသနာပါသူတိုင်း
တူတူလာ Join နိုင်ပါတယ်...
See u in next week😍

ခရီးစဉ်အသေးစိတ်တွေနဲ့
နောက်ထပ်ခရီးစဉ်တွေကိုတော့
Mogok Hiker ရဲ့Telegram channel ဖြစ်တဲ့
ဒီ link လေးမှာ တင်ပေးသွားပါမယ်နော်✌🏻

https://t.me/mogokhiker/3







#ကျောက်သင်္ဘောတောင်

အားလုံးစောင့်မျှော်နေကြတဲ့တောင်တက်အစီစဉ်လေး…မတူညီတဲ့ View နှစ်ခုရဲ့အလှတရားတွေကို တစ်နေ့တည်းမှာ Mogok Hiker နဲ့အတူသွားခံစ...
06/01/2023

အားလုံးစောင့်မျှော်နေကြတဲ့
တောင်တက်အစီစဉ်လေး…

မတူညီတဲ့ View နှစ်ခုရဲ့အလှတရားတွေကို
တစ်နေ့တည်းမှာ Mogok Hiker နဲ့အတူ
သွားခံစားကြရအောင်🌺🌺

နောက်ပြီး သင်္ဘောလောက်ရှိတဲ့ ကျောက်ဆောင်ကြီးပေါ်မှာ ခြေသွားချကြမယ်🏁🧗🏿

အားလုံးပဲမင်္ဂလာပါ
(13.1.2023)သောကြာနေ့မှာ
Mogok Hiker သွားမယ့်တောင်လေးကတော့
ခုပုံမှာပြထားတဲ့ တောင်လေးကို
သွားရောက်လည်ပါတ်ကြမှာဖြစ်ပါတယ်✌🏻
တစ်နေ့တည်းကို
ပုံလေးတွေ ရိုက်လို့မကုန်နိုင်အောင်
လှပနေတဲ့ အလှတရားလေးတွေရှိနေတဲ့
တောင်လေးဖြစ်လို့
လိုက်ပါချင်ရင်တော့
page messenger ကိုသာ
မြန်မြန်လာhiလိုက်တော့နော်
လူဦးရေကန်းထားထားတာမို့
အရင်ဆုံးလာjoin တဲ့သူတွေကိုသာ
လက်ခံတော့မှာဖြစ်ပါတယ်နော်😘

သူငယ်ချင်းတွေကိုလည်း လက်တို့ပြီး
Cb ကိုသာမြန်မြန်လာခဲ့နော်

လမ်းခရီးအရမ်းမဝေးပဲ
တောင်တက်လမ်းပြေပြစ်တာကြောင့်
လူကြီးမိဘတွေ လိုက်မယ်ဆိုလည်း
အဆင်ပြေပါတယ်နော်

ခရီးစဉ်အသေးစိတ်တွေနဲ့
နောက်ထပ်ခရီးစဉ်တွေကိုတော့
Mogok Hiker ရဲ့Telegram channel ဖြစ်တဲ့
ဒီ link လေးမှာ တင်ပေးသွားပါမယ်နော်✌🏻

https://t.me/mogokhiker/3






နှစ်သစ် ရောက်ပြီဆိုပေမယ့်ကျန်ခဲ့တဲ့ memories လေးတွေကိုတော့မထားခဲ့နိုင်ပါဘူး💛
01/01/2023

နှစ်သစ် ရောက်ပြီဆိုပေမယ့်
ကျန်ခဲ့တဲ့ memories လေးတွေကိုတော့
မထားခဲ့နိုင်ပါဘူး💛

မိုးကုတ်ညစျေး    #ည​စျေး
26/12/2022

မိုးကုတ်ညစျေး




#ည​စျေး

🌻
15/11/2022

🌻

5သိန်းကျပ် ဦးသူယူPassword 244390
07/11/2022

5သိန်းကျပ် ဦးသူယူ
Password 244390

၈နာရီ ၄၅ ကျရင် comment မှာPassword လေးမန့်ပေးမယ်နော်
07/11/2022

၈နာရီ ၄၅ ကျရင်
comment မှာ
Password လေးမန့်ပေးမယ်နော်

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

ခုချိန်ထိလည်းနားနေရတုန်းပဲ🥹
04/11/2022

ခုချိန်ထိလည်းနားနေရတုန်းပဲ🥹

2 years ago မနေ့တနေ့ကလိုပဲအရင်လို လူလေးတွေစုပြီးတူတူပြန်သွားချင်နေပြီအရမ်းလဲလွမ်းမိနေပါပြီ အရင်အချိန်တွေကို😩
13/10/2022

2 years ago မနေ့တနေ့ကလိုပဲ
အရင်လို လူလေးတွေစုပြီး
တူတူပြန်သွားချင်နေပြီ
အရမ်းလဲလွမ်းမိနေပါပြီ အရင်အချိန်တွေကို😩

2 years agoမနေ့တနေ့ကလိုပဲ💝
29/08/2022

2 years ago
မနေ့တနေ့ကလိုပဲ💝

Address

Mogok

Website

Alerts

Be the first to know and let us send you an email when Mogok Hiker posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Travel Services in Mogok

Show All