13/01/2020
ကဲမုံရွာကို ဘွဲ့ယူလာကြတဲ့ ညီလေး၊ညီမလေးတို့အတွက် ကလောအထူးခရီးစဉ်လေးလာပါပြီဗျာ🙂🙂
ကားခ+Hotel(တစ်ညတည်းခ)+(အင်းလေး)စက်လှေခ+ထမင်းဖိုး အားလုံးအပါမှ တစ်ဦး(၇၀၀၀၀)ဘဲနော်😯😯
မုံရွာ - ကလော - အင်းလေး - ပင်းတယ - ရွာငံ ခရီးစဉ်(စရိတ်ငြိမ်း)
လေးလာပါပြီဗျာ (၂၀/၂၁/၂၂).၁. ၂၀၂၀
ပထမနေ့
(၂၀)ရက်နေ့ည (၇)နာရီဆိုရင် စထွက်ပါမယ်ဗျာ☺️
ဒုတိယနေ့
(၂၁)ရက်နေ့ မနက်စောစော ☀️နေမထွက်ခင်လေးမှာ တောင်လှေကားထင်းရှုးမြို့တော်လို့ တင်စားခေါ်ကြတဲ့ "ကလော"မြို့တော်ကို ရောက်ပါမယ် ခင်ဗျာ☺️။
မနက်ကိုတည်းခိုမယ့်Hotelမှာ ခဏနားပြီးကြလို့ မနက်(၇)နာရီခွဲရင်တော့ ကလောမြို့မဈေးထဲကို့ လေ့လာရေးခရီးဆင်းရင်း မနက်စာကို ရှမ်းရိုးရာအစားအစာတွေ မြည်းစမ်းကြည့်ကြမယ်😊၀က်သားချဉ်စားမလား၊ငါးထမင်းနယ်စားမလား အစုံဆို အစုံ ရတယ်နော်။စားလို့ပြီးကြရင်တော့ ကလောမြို့ကနာမည်ကြီးဘုရား နှီးဘုရားကို ဝင်ဖူးကြမယ်။ဘုရားဖူးရင်းလည်း ဆရာလေးတွေကကျွေးတဲ့ ဒေသထွက်လက်ဖက်တွေစားလို့ရတယ်နော်။ပြီးရင်တော့ တောင်တန်းတွေဆင့်နေတဲ့🌄ရှုခင်းကိုကလောView Pointကနေ သွားကြည့်ကြမယ်😊 ဓါတ်ပုံ📸လှလှရိုက်ချင်သူတွေ အကြိုက်တွေ့မယ်နေရာလေးပါ။ရှုခင်းပုံရိုက်ချင်သူတွေကိုပါ အကြိုက်တွေ့စေမယ် အလွန်သာယာတဲ့နေရာလေးပါ ကံကောင်းရင်တော့မိုးကုတ်စက်ဝိုင်းကြီးကိုပါမြင်တွေ့ရမှာနော်😊View pointကိုလည်ပြီးရင်တော့ နေ့လည်စာမစားခင် ကလောရွှေဥမင်ဘုရား ၀င်ဖူးမယ်။နေ့လည်စာ စားပြီးရင်တော့ Hotel ကိုနေ့လည်ရေချိုးဖို့🛀 ခဏနားပါမယ်☺️
ပြန်မနားချင်ဘူးဆိုရင်တော့ ကလော နှင့် အောင်ပန်းကြားက မြင်းမထိဂူကို ဆက်ဒိုးလို့ရပါတယ်။လမ်းမှာဆိုလည်း ရုပ်ရှင်ထဲခဏခဏပါတဲ့ ကျောက်ဆောင်ကြီးနောက်ခံထားပြီးတော့ ပန်းခင်းတွေဘေးကနေ 📸ဓါတ်ဖမ်းလို့ရပါသေးတယ်။သူငယ်ချင်းတွေကလည်း 👬👫အမှတ်တရမှတ်တမ်းတင်လို့ရသလို၊စုံတွဲတွေကလည်း Ro💏လို့ရပါတယ်နော်☺️
ကလောအပြန်လမ်းမှာတော့ အောပန်းမြို့ နဲ့ ကလောမြို့ နှစ်ခုလုံးမြင်ရတဲ့ တိမ်တွေပေါ်က အိုးစည်တောင်ကို ၀င်တက်ကြမယ်☺️ တောင်ပေါ်ကမြင်ရတဲ့ရှုခင်းတွေကတော့ ပြောမပြတက်အောင်လှလို့ ရောက်မှကြည့်ကြတော့နော်☺️ အိုးစည်တောင်ပေါ်ကပြန်ရင် ကလောဘူတာမှာ ရောက်ရှိကြောင်းအမှတ်တရ 📸ဓါတ်ဖမ်းကြပါမယ်😁 ပြီးရင်တော့ကလောက ဝိုင်🍷နဲ့လက်ဆောင်ဈေးတန်း ၀င်ပေးပါမယ်။ပြီးရင်တော့ ညစာစားကြမယ် Hot Potစားချင်တဲ့လူတွေရှိရင်လည်း အဆင်ပြေအောင်လုပ်ပေးမယ်နော်☺️ပြီးရင်တော့ Hotel ပြန်နားပါမယ်။ညပိုင်းအစီအစဉ်ကတော့ စိတ်၀င်စားသူတွေအတွက် 🔥မီးပုံပွဲ ပြင်ဆင်ပေးပါ့မယ်😊😁
တတိယနေ့
မနက်စောစော(၄)နာရီ🕓လောက်မှာ ကလောကနေပြီးတော့ အောင်ပန်းမြိုနဲ့ ဟဲဟိုးမြို့ကို ဖြတ်ပြီးအင်းလေးကို သွားကြမယ်။အင်းလေးမှာ မနက်စာစားပါမယ်။ပြီးရင်တော့ အသက်ကယ်Jacketတွေ၀တ်🚤စက်လှေစီးပြီး🏞️ ဖောင်တော်ဦးဘုရားသွားဖူးကြမယ်။ဘုရားဖူးပြီးရင် အင်းသူတွေ💁ရောင်းတဲ့ ရိုးရာ၀တ်စုံရောင်းတဲ့ဆိုင်ကိုသွားကြမယ်☺️ ကြာချည်နဲ့ရက်ထားတဲ့ ကြာသဘက်တွေလည်း ၀ယ်လို့ရတဲ့ ရက်ကန်းဆိုင်ကိုလည်းသွားကြမယ်☺️ပြီးရင်တော့ အင်းလေးထဲက ငါးဖယ်ချောင်ရွာမှာရှိတဲ့ ကြောင်ခုံကျောင်းကိုသွားကြမယ် ကြောင်ခုံကျောင်းတည်ဆောက်ထားတာက မန္တလေးရတနာပုံနန်းတွင်းထက်ကို (၁၀)နှစ်တောင်စောတယ်နော် နောက်အချိန်ရှိသေးရင်တော့ မိုင်းသောက်ရွာမှာရှိတဲ့ အင်းလေးဦးပိန်တံတားကို 📸ဓါတ်ဖမ်းဖို့ပို့ပေးပါဦးမယ်နော်☺️
အင်းလေးထဲ လည်ပြီးရင်တော့ နေ့လည်စာကို ပင်းတယမြို့ထဲက ပုန်းတလုတ်ကန်ဘေးမှာ 🍽️စားကြမယ်☺️
စားပြီးရင်တော့ ပင်းတယရွှေဥမင်လိုဏ်ဂူတော်ကိုသွားကြမယ် ရွှေဥမင်တောင်ထိပ်ပေါ်ကရှုခင်းကလည်း 📸ဓါတ်ဖမ်းလို့ကောင်းတယ်နော်☺️
ဘုရားဖူးပြီးရင်တော့ ရွာငံမြို့နယ်ထဲက သမိုင်းနဲ့ဖြစ်တည်လာတဲ့ မိန်းမရဲသခင်မတောင်ကို ဆက်သွားကြပါမယ်။မိန်းမရဲသခင်မတောင်ပေါ်က စေတီဖွေးဖွေးလေးတွေနဲ့ ရှု့ခင်းကဓါတ်ပုံနဲ့တောင်ဖော်ပြလို့မရပါဘူးနော်😊
မိန်းမရဲသခင်မတောင်ပြီးရင်တော့ တောကျယ်ရေပြာအိုင်နဲ့၊တောကျယ်သုံးဆင့်ရေတံခွန်ကိုလိုက်ပို့ပေးပါမယ်☺️ရေတံခွန်က ရေချိုး🏊လို့လည်းရတယ်နော်☺️
ဒါပြီးရင်တော့ခရီးစဉ်က ပြီးဆုံးလို့ ရွာငံ ကျောက်ဆည် မန္တလေး မုံရွာ လမ်းအတိုင်းပြန်လာပါမယ်ခင်ဗျာ☺️အော်မေ့လို့ 😁
ကျောက်ဆည်မှာ နာမည်ကြီးတဲ့ ပေါက်ကျော်မ ထမင်းကျော်ဆိုင်မှာလည်း ညစာကျွေးဦးမှာပါနော်☺️
လည်ပတ်စရာနေရာများမှာ
ကလောမြို့
• ကလောမြို့မဈေး
• ကလောနှီးဘုရား
• ကလော View Point
• ရွှေဥမင်ဂူ
• မြင်းမထိဂူ
• ကလောဘူတာနှင့် လက်ဆောင်ဈေးတန်း
• အိုးစည်တောင်
အင်းလေး
• အင်းလေး ဖောင်တော်ဦးဘရား
• ရိုးရာယက်ကန်းဆိုင်
• ကြောင်ခုံကျောင်းနှင့်
• မိုင်းသောက်တံတား
ပင်းတယမြို့
• ပင်းတယရွှေဥမင်လိုဏ်ဂူ
• ရွာငံ မိန်းမရဲသခင်မတောင်
ရွာငံမြို့
• တောကျယ်ရေပြာအိုင်နှင့်
• တောကျယ်သုံးဆင့်ရေတံခွန်
ကဲ ရှမ်းပြည်ကပြန်ခဲ့ရင် ရှမ်းပြည်မှာဘဲ တစ်ခုခုကျန်ခဲ့သလို ခံစားချက်မျိုးကလည်း ရဦးမှာနော်😊
ဒီလိုတန်တဲ့ ခရီးစဉ်မျိုးနော် အတွေးမမှားကြနဲ့😁
လည်စရာတွေကများလွန်းလို့ စုံအောင်လည်နိုင်ဖို့ဆိုရင်တော့ သွက်လက်နေမှရမယ်နော်😊
ဈေးနှုန်းကတော့ တစ်ဦးကို ၇၀၀၀၀ ကျပ်ပါ
ပါ၀င်သည့် ၀န်ဆောင်မှုတွေကတော့
• တစ်ညစာ Hotelတည်းခ
• အသွားအပြန် air conပါ ကားခ၊ဆီဖိုး၊လမ်းကြေး
• စားသောက်စရိတ်ငြိမ်း(စထွက်သည့် ညစာမပါ)
• အင်းလေးတွင်လည်ပတ်မည့် စက်လှေခ၊၀င်လည်မည့်နေရာအားလုံး၏ ၀င်ကြေး
• ခရီးသွား အာမခံ
• Medical Box
• သွားတိုက်ဆေး၊သွားတိုက်တံ၊စနိုးတာဝါ နှင့် ရေသန့်
• သဘောကောင်းပြီး ၀န်ဆောင်မှုအကောင်းဆုံးပေးမယ် Guide
ခရီးစဉ်အားလုံး မုံရွာမှ စထွက်ပါမယ်နော်😊
ခရီးသည်(၁၀)ဦးပြည့်သည်နှင့် ထွက်ပေးပါပြီ😊
ကိုယ့်လူ၊ကိုယ့်အဖွဲ့၊ကိုယ့်ချစ်သူ နှင့်သွားချင်သူများကိုလည်း အစီအစဉ်တွေ ရှိပါသေးတယ်နော်😊
စိတ်၀င်စား၍ ဆက်သွယ်လိုပါက
မြန်မာပြည်တွင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်း နှင့်
ကားစင်းလုံးဌားဝန်ဆောင်မှုလုပ်ငန်း
ဆက်သွယ်ရန်လိပ်စာကတော့
ဗိုလ်ချုပ်လမ်း၊ မုံရွာတောင် ညောင်ရိပ်သာရပ်၊ မုံရွာမြို့။
Ph 09;400005429 , 09;952100101