SMT Thai & Myanmar News

SMT Thai & Myanmar News ထိုင်း မှ မြန်မာ 🔁 မြန်မာ မှ ထိုင်း ခရီးသည် နှင့် ကုန်စည်ပို့ဆောင်ရေး 🚌
(1)

ဘဝမှာ- ကိုယ်မမှားပေမယ့် ရှင်းပြခွင့်မရလို့- ဖွင့်မပြောဖြစ်ခဲ့တဲ့ -အမှန်တရားတွေ ရှိဖူးခဲ့တယ်။ဘဝမှာ- တစ်ခါတစ်လေ ငေးကြည့်နေ...
02/10/2023

ဘဝမှာ
- ကိုယ်မမှားပေမယ့် ရှင်းပြခွင့်မရလို့
- ဖွင့်မပြောဖြစ်ခဲ့တဲ့
-အမှန်တရားတွေ ရှိဖူးခဲ့တယ်။

ဘဝမှာ
- တစ်ခါတစ်လေ ငေးကြည့်နေရုံကလွဲပြီး
- ဘာဆို ဘာမှမတတ်နိုင်ခဲ့တဲ့
- အရာတွေ ရှိခဲ့ဖူးတယ်။

ဘဝမှာ
- နှိမ်ချတတ်သူတွေရဲ့ စကားလုံးကြောင့်
- ဆွဲနှုတ်ရခက်တဲ့ မြှားတစ်စင်း စိုက်ဝင် သလိုမျိုး
- ဒဏ်ရာတွေရခဲ့ဖူးတယ်။

ဒါကြောင့်...

ကိုယ့်အနား မနေချင်လို့ ထွက်သွား သူတွေကို
- တစ်ချက်လောက်တော့ ငဲ့ကြည့် သင့်တယ်လို့
- ပြန်မတမ်းတတော့ဘူး။

အပြုံးနဲ့ ကြည့်နေသူတွေရဲ့
- လက်ထဲကဓါးနောက်ကျောကို ထိုးဖို့လား
- ရင်ဘက် ထဲထိုးဖို့လား
- ပြန်လှည့် မကြည့်တော့ဘူး။

လက်ကမ်းမလိုနဲ့ လက်ကာသွားသူတွေရဲ့
- အရောင်ပြောင်းတတ်တဲ့ စိတ်ထဲမှာ
- ကိုယ်ချင်းစာတရား အစအနလေးများ ရှိလေမလားလို့
- ဝင်ချောင်းမကြည့်တော့ဘူး။

တစ်ကယ်တော့...
- တစ်ချို့ မျက်လုံးနဲ့ ကြည့်လည်း
- မမြင်နိုင်တဲ့ အရာတွေကို
- ကိုယ့်နှလုံးသားနဲ့ မြင်ခဲ့ရပြီးပြီပဲ။

Credit
#မေတ္တာဖြင့်တဆင့်ပြန်လည်မျှဝေပေးပါသည် #စာအုပ်စာပေလူ့မိတ်ဆွေ #ဗဟုသုတ #စာပေ

''ဂျက်မား '' ကပြောတယ်…ဆင်းရဲပါစေ ငွေချေးပြီး သွားမဖြုန်းနဲ့။ခက်ခဲပါစေ ကတိမတည်ဘဲ မဖြစ်စေနဲ့။အကြွေးတင်ရင် အသက်ကိုရင်းပြီး ...
26/09/2023

''ဂျက်မား '' ကပြောတယ်…

ဆင်းရဲပါစေ ငွေချေးပြီး သွားမဖြုန်းနဲ့။

ခက်ခဲပါစေ ကတိမတည်ဘဲ မဖြစ်စေနဲ့။

အကြွေးတင်ရင် အသက်ကိုရင်းပြီး ပြန်ဆပ်ရမယ်။
ပြန်မဆပ်နိုင်သေးရင် ဖုန်းဆက်ပြီးပြော။သင် မမေ့ဘူးဆိုတာကို သူများသိအောင်ပြ။

ရိုးရိုး သားသားနဲ့ လူလုပ်။
ဘယ်တော့မှ သူများ သင့်အပေါ် ထားရှိတဲ့ ယုံကြည်မှုကို မပျက်စေနဲ့။

သူများ သင့် ကိုယုံကြည်တာဟာ သင် သူများရဲ့ရင်ထဲမှာ တည်ရှိနေတဲ့တန်ဖိုးပါ။

ဘဝခရီးကရှည်တယ်။
လမ်းကျဉ်းအောင်တော့မလုပ်နဲ့။

လူကောင်းအောင်သာ အရင်လုပ်။
ဘာမဆိုရှိလာနိုင်တယ် ဖြစ်လာနိုင်တယ်။

ဘယ်တော့မှ သင့်ပတ်ဝန်းကျင်ကလူတွေကို ယုံကြည်မှုမပျက်သွားစေနဲ့။

ယုံကြည်မှုပျက် = တစ်သက်ပြိုလဲ

Credit:
ကောင်းကင်ထက်က ကြယ်စင် {kalay}

ထိုင်းနိုင်ငံမှ Visa Free 14 ရက်သာပေးတော့မည်။ထိုင်းနိုင်ငံသို့လာရောက်ရန် ဗီဇာ ကြိုတင်လျောက်ထားစရာမလိုပဲ ဝင်ရောက်ခွင့် 45...
16/04/2023

ထိုင်းနိုင်ငံမှ Visa Free 14 ရက်သာပေးတော့မည်။

ထိုင်းနိုင်ငံသို့လာရောက်ရန် ဗီဇာ ကြိုတင်လျောက်ထားစရာမလိုပဲ ဝင်ရောက်ခွင့် 45 ရက်ကို 2022 ခုနှစ် အောက်တို ဘာလကနေ 2023 ခုနှစ်မတ်လ ၃၁ ရက်နေ့ အထိ နိုင်ငံတကာ ခရီးသွားများအတွက် ခွင့်ပြုခဲ့တာ ဒီကနေ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။

ဒါကြောင့် ဧပြီလ ၁ ရက်နေ့ကနေစတင်ဝင်ရောက်လာတဲ့ မြန်မာခရီးသွားများ နဲ့ နိုင်ငံတကာ ခရီးသွားများဟာ ဗီဇာဖရီး ဖြင့် ဝင်ရောက်လာပါက ၁၄ ရက်သာ ဗီဇာရရှိတော့မှာပါ။မြန်မာနိုင်ငံသားဆိုရာဝယ် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံကို တိုက်ရိုက်လာရောက်သူများ အပြင် အခြားနိုင်ငံတစ်ခုခုမှနေပြီး မြန်မာပတ်စပို့ကိုင်ဆောင်ကာ ထိုင်းနိုင်ငံတွင်းကို ဝင်ရောက်လာသူများလည်း တန်းတူ အနေနဲ့ ၁၄ရက်ပဲ ဗီဇာရမှာဖြစ်ပါတယ်။
ဗီဇာရက်ပိုလိုချင်ရင်တော့ မိမိနေထိုင်ရာ နိုင်ငံတိုင်းရဲ့ ထိုင်းသံရုံးမှာ တိုးရစ်ဗီဇာ 2 လ လျောက်ထားပြီး ဝင်ရောက်လို့တော့ရပါတယ်။


ဘန်ကောက်လမ်းညွှန်ကိုစိုင်း

16 ရက် 4 လ 2023 ခုနှစ်ထိုင်းထီပေါက်စဉ်လာပါပြီမြန်မာပြည်သူပြည်သား အားလုံးပဲထိုင်းထီဆုကြီး ကံထူးနိုင်ကြပါစေ ဗျာ့ 🙏
16/04/2023

16 ရက် 4 လ 2023 ခုနှစ်

ထိုင်းထီပေါက်စဉ်လာပါပြီ

မြန်မာပြည်သူပြည်သား အားလုံးပဲ

ထိုင်းထီဆုကြီး ကံထူးနိုင်ကြပါစေ ဗျာ့ 🙏

"ထပ် မမှားမိစေနဲ့🔳 လူရယ်လို့ ဖြစ်လာရင်ဘယ်သူမှ အမှားမကင်းနိူင်ပါဘူး။အမှားကြီးနဲ့ အမှားသေးပဲ ကွာခြားတာပါ.....🔳 သူတစ်ပါးကို...
31/03/2023

"ထပ် မမှားမိစေနဲ့

🔳 လူရယ်လို့ ဖြစ်လာရင်
ဘယ်သူမှ အမှားမကင်းနိူင်ပါဘူး။
အမှားကြီးနဲ့ အမှားသေးပဲ ကွာခြားတာပါ.....

🔳 သူတစ်ပါးကို အပြစ်ပြောတော့မယ်ဆိုရင်
ကိုယ် ကိုယ်တိုင်က အမှားကင်းရဲ့လားဆိုတာ အရင်ပြန်တွေးပါ....

🔳 မမှားသော ရှေ့နေ ၊ မသေသော ဆေးသမားဆိုတာ ရှိရဲ့လား
သူတစ်ဖက်သား အမှားကို ဝေဖန် ထုတ်ဖော်ခြင်းဆိုတာ
အောက်တန်းအကျဆုံး လုပ်ရပ်တစ်ခုပါ....

🔳 အမှားကို အမှားမှန်း သိပြီး
အမှန်ဖြစ်အောင် ပြုပြင်တတ်ဖို့ပဲ လိုတယ်.....

🔳 အမှား ကျူးလွန်မိတိုင်း လူညံ့မဟုတ်သလို
သူများအပြစ်တွေကို တိုက်ခိုက် တာ၊ ဝေဖန်တာကလဲ
လူတော် လူကောင်း တွေရဲ့ လူရပ် မဟုတ်ပါဘူး....

🔳 ကိုယ့်အမှားကို ကိုယ်ပြန်မြင်နိူင်ပြီး
အမှားကို အမှန်ဖြစ်အောင်
ပြုပြင်ပြောင်းလဲ တတ်သူက လူတော် ပါ....

🔳 တစိကြိမ်တစ်ခါ မှားခဲ့ဖူးတာကို
အချို့က အခွင့်ကောင်းယူပြီး ဝေဖန် တိုက်ခိုက် ပြစ်တင်ကျလိမ့်မယ်။
ဂရုစိုက်နေဖို့ မလိုဘူး
လက်ရှိမှာ ကိုယ်က မှန်နေဖို့ပဲ လိုတာပါ.....

🔳 လူဆိုတဲ့ အမျိုးက ကိုယ့်မျက်ချေး ကိုယ်မမြင်ကြဘူး
သူများ မျက်ချေးကိုပဲ မြင်တတ်ကျတာ သဘာဝ.....
ဝေဖန် တိုက်ခိုက်တိုင်း စိတ်ဓာတ်ကျ သိမ်ငယ်နေဖို့ မလိုပါဘူး။
ကိုယ့်ရဲ့ အမှားတစ်ခုကို ဝေဖန်တိုက်ခိုက်နေသူမှာလဲ
အမှားတွေ ကျူးလွန်းဖူးကြပါတယ်။
ဘာမှ အားမငယ်လိုက်ပါနဲ့.....

🔳 ဝေဖန်တိုက်ခိုက်သူကို မကျေနပ်လို့
အရွဲ့တိုက်ပြီး ထပ်မမိုက်မိပါစေနဲ့.....
သူတို့ကို အရွဲ့တိုက်လိုက်လို့ ကိုယ်ဘာမှ ပြန်မရဘူး
ကိုယ်ပဲ အမှားပေါ် အမှားဆင့်ပြီး ပြင်မရအပြစ်တွေနဲ့
ဘဝပျက်သွားလိမ့်မယ်နော်.....
သတိလေး ထားပါ။

🔳 ကိုယ့်ကို လာတိုက်ခိုက်နေလဲ မျက်ကွယ်ပြု လျစ်လျူရှူ့ထားလိုက်ပါ
လူတစ်ယောက်ကို အကောင်းဆုံး လက်စားချေမှု့က ဥပေက္ခာ ပြုခြင်းပါ။
မတူလို့ မတုဘူး ဆိုတဲ့ သဘောပေါ့.....
ကိုယ့်ကို လာကိုက်တဲ့ ခွေးနဲ့ ပြိုင်ကိုက်နေရင်
ကိုယ်ပါ ခွေးဖြစ်သွားတတ်တယ်.....

🔳 အမှားကျူးလွန်ခဲ့မိခြင်းဟာ
အမှန်တရားအတွက် ရင်းနှီး မြှပ်နှံခြင်းမျိုးပဲ ဖြစ်ပါစေ။
ထပ်ဆင့် အမှားကျူးလွန်ဖို့ တွန်းအားမဖြစ်ပါစေနဲ့.....
မှားခဲ့တဲ့ အမှားထဲက သင်ခန်းစာ ယူပါ။
နောက်ထပ် မမှားအောင် သတိထားပါ .....✍✍✍

🔳 သင်ခန်းစာ ဆိုတာ
ယူတတ်မှ ရတာမို့
လက်တွေ့ ကြုံခဲ့သမျှကို သင်ခန်းစာ ယူပြီး
ဘဝကို အမှားနည်းအောင် နေထိုင်ရှင်သန်လိုက်ပါ..

credit

ထိုင်းနိုင်ငံမှာပေါ့ကွယ်ဘန်ခွန်းထီယန်လမ်းမှာ အစေ့မရှိ အရသာချိုတယ်ဆိုပြီး အော်ရောင်းတဲ့လိမ္မော်သီးသည်ကားတစ်စီး ရဲတိုင်ခံရ...
21/02/2023

ထိုင်းနိုင်ငံမှာပေါ့ကွယ်

ဘန်ခွန်းထီယန်လမ်းမှာ အစေ့မရှိ အရသာချိုတယ်ဆိုပြီး အော်ရောင်းတဲ့လိမ္မော်သီးသည်ကားတစ်စီး ရဲတိုင်ခံရလို့ နယ်မြေခံရဲတွေကလာရောက် စစ်ဆေးသွားပါတယ်။
လိမ္မော်သီးအရသာမှာချဉ်နေပြီး အစေ့ပါရှိနေတဲ့အတွက် ဝယ်စားတဲ့သူတွေက ရဲတိုင်လိုက်တာ ဖြစ်ပါတယ်။
Crd
Photo : Cj
#လိမ္မော်သီး

မယ်ဆိုင်-တာချီလိတ်နယ်စပ်ကို ဒီက​နေ့မှာပြန်လည်ဖွင့်လှစ်​ပေး​နေပြီဖြစ်ပါတယ်။ ​ဖေ​ဖော်ဝါရီလ ၂၀ ရက်​နေ့ ၂၀၂၃ မနက်ပိုင်းမှာ န...
21/02/2023

မယ်ဆိုင်-တာချီလိတ်နယ်စပ်ကို ဒီက​နေ့မှာပြန်လည်ဖွင့်လှစ်​ပေး​နေပြီဖြစ်ပါတယ်။ ​ဖေ​ဖော်ဝါရီလ ၂၀ ရက်​နေ့ ၂၀၂၃ မနက်ပိုင်းမှာ နှစ်ဖက်အာဏာပိုင်များဖွင့်ပွဲကို အတူတကွ​ရောက်ဖွင့်လှစ်​တာဖြစ်ပါတယ်။
Crd
ကိုချစ် ဇွဲကပင်​မြေ]

ရင့်ကျက်ခြင်းလူသေအလောင်းမီးရှို့နေတဲ့ ဝန်ထမ်းတွေ၊ သုဘရာဇာတွေဟာ လူသေအလောင်းကို မကြောက်တော့ဘူး။ မကြောက်တော့ လူသေအလောင်းနဲ့...
20/02/2023

ရင့်ကျက်ခြင်း

လူသေအလောင်းမီးရှို့နေတဲ့
ဝန်ထမ်းတွေ၊ သုဘရာဇာတွေဟာ
လူသေအလောင်းကို မကြောက်တော့ဘူး။
မကြောက်တော့ လူသေအလောင်းနဲ့ ပတ်သက်ပြီး
ထူးတဲ့ အသိအမြင် ၊အတွေးအခေါ်မရနိုင်တော့ဘူး
သုဘရာဇာ ဝန်ထမ်းကို
လူသေအလောင်းနဲ့ ခြောက် လို့ မရဘူး။
ဒီနေ့ အလောင်း ဘယ်နှစ်လောင်း
သင်္ဂြိုဟ်စရာ ရှိတယ်လို့ပဲ တွက်ကြတာ။
အရေအတွက်ပဲ သိတော့တယ်။
ဒါဟာ လူသေအလောင်း
သင်္ဂြိုဟ်ခြင်းမှာ ရင့်ကျက်သွားတာ လေ။

အမြဲတမ်းတောင်းစား နေတဲ့
ဝါရင့် သူတောင်းစားတွေဟာ တောင်းစားရလို့
ရှက်ရမယ့် လူ့ဂုဏ်သိက္ခာ မရှိတော့ဘူး။
ဝါရင့် သူတောင်းစားကို
တောင်းစားတဲ့အလုပ်ဟာ
ရွံစရာ ကောင်းတယ် လို့ တရားဟောမနေနဲ့
မျက်တောင်မခတ် ပင် ပြန်ကြည့်နေလိမ့်မယ်။
ကိုယ်က ခပ်တည်တည်
ပြန်ကြည့်ရင်တောင် ရှက်ရမှန်းမသိတော့ဘူး။
တောင်းစားခြင်းအလုပ်မှာ ရင့်ကျက်သွားတာလေ။

လမ်းပြင်နေတဲ့
အလုပ်သမားတွေ တွေ့ဖူးကြမှာပါ။
သေချာစေ့စေ့ ကြည့်ပါအုံး။
အဲဒီအလုပ်သမား
အများစုက လမ်းကို မထီဘူး ဗျ။
တနည်းဖြင့် လမ်းပြင်လျှက် ကားလာတယ်၊
ဆိုင်ကယ်လာတယ်
ဒါကို သူတို့ တွေ့နေတယ်။
ဘာလုပ်သလဲ ။ကပ်ရှောင်တာပဲ။
လမ်းကို လမ်းလို့မထင်ကြဘူးဗျ။
လမ်းကို သူတို့အလုပ်ခွင်လို့ပြောင်း မြင်တယ်။
အဲတော့ ကားတွေ၊ ဆိုင်ကယ်တွေ
သွားလာခြင်းဟာ ဧည့်သည်အဖြစ်
ခနလာသွားတယ်လို့ထင်နေကြတာ။
သူတို့ ကြတော့ ထာဝရ
သမားတွေလို့မြင်နေတယ်ဆိုတာက
လမ်းပြင်နေတဲ့လူဟာလမ်းကို
မထီဘူးမထီတာက လမ်းနဲ့ ပတ်သက်ပြီး
ရင်းနှီးကျွမ်းဝင်သွားတာ။
ဒါကို ရင့်ကျက်သွားတယ်လို့ ပြောလို့ရတယ်။
အစိမ်း သက်သက် မဟုတ်တော့ဘူး။

ဝါရင့်ပြည့်တန်ဆာမဟာ
လူထီးနဲ့ အတူနေရခြင်း
အတွက် တုန်လှုပ်ခြောက်ခြားမှု မရှိတော့ဘူး။
လူထီးနဲ့ နေရတာ အရေအတွက် များလာတော့
လူလို့ တောင်မမြင်တော့ဘူး။ ကိန်းဂဏန်းတိုးတာပဲ။
လုပ်ငန်းပဲ လို့ မြင်တော့တယ်။
အဲဒီမှာ အစိမ်းသက်သက်
ငပိန်းကလေးက ညီမလေးကို သနားလိုက်တာ။
ဒီအလုပ်ကို မလုပ်ပါနဲ့တော့။
တို့ အခြားနေရာ ပြောင်းပြီး
ဘဝသစ်ထူထောင်ရအောင်ပါလို့ အကြင်နာစကား ပြောလာရင်တောင် ဝါရင့်ပြည့်တန်ဆာဟာ
ကြည်နူးကျေနပ်စိတ် ပေါ်မလာတော့ဘူး။
သူ့ဘဝမှာ ခနခန ကြားခဲ့ရတာပဲလေ။
ဒီတော့
သူ့အတွက် ဒီစကားတွေဟာ တုံးသွားတဲ့
စကားတွေ၊ စကားသေတွေ။
ထိုသို့ မဟုတ်
အကြင်နာကင်းလို့
ရက်စက်တဲ့ လူနဲ့တွေ့ပြီး
အယုတ္တအနတ္တတွေ ဆဲဆို ကျိန်တွယ်
နှိပ်စက်သွားရင်လည်း
ကြီးကြီးကျယ်ကျယ်
ဝမ်းနည်းနေမှာ မဟုတ်ဘူး။
ဒါမျိုးတွေက ရိုးနေပြီ။

ကျွဲသတ်၊နွားသတ်၊ဝက်သတ်
အလုပ်တွေမှာလည်း
ဒီအတိုင်းပါပဲ။
ခနခန လုပ်ကိုင်လာတော့
အသက်ရှိတဲ့ သတ္တဝါ တို့လိုပဲ အာရုံခံစားတတ်တဲ့
သတ္တဝါလို့ မမြင်တော့ဘူး။ ငွေပဲ၊ အလုပ်ပဲ လို့
မြင်တော့တယ်။ ရင့်ကျက်သွားတာ။

ဆိုချင်တာက အချို့ လူတွေက
ရင့်ကျက်သွားကြပြီ။
ပုံစံပြောင်းလို့ မရေတာ့ဘူး။
ရွံ့ပျော့လေးတွေ မဟုတ်တော့ဘူး။
ဖုတ်ပြီးသား အိုးတွေ ဖြစ်ကုန်ပြီ။
ပြင်လိုက်တာနဲ့ ကွဲမယ်။ပျက်မယ် ဒါပဲ ရှိတယ်။
လိုချင်တဲ့ ပုံစံတော့ မရနိုင်တော့ဘူး။

ပြုပြင်ရေးသမားတွေ
သိစေချင်ပါတယ်။
အချို့ လူတွေက ဆေးယဉ်နေတဲ့
ရောဂါသည်တွေနဲ့တူတယ်။
ကုစားမရတော့ဘူး။
သာမန်စကားလုံးတွေ မတိုးတော့ဘူး။
ပြု့ပြင်ပြောင်းလဲလို့ မရေတာ့ဘူး။
သန်ရာ သန်ရာအခြေအနေအတိုင်း
သူတို့ရဲ့ နှလုံးသားတွေဟာမာကျော သွားကြတယ်။
ရင့်ကျက်လွန်းသွားတာပေါ့ဗျာ။

အင်း...
ရင့်ကျက်တယ် ဆိုတာမှာ
သောက်တလွဲအလုပ်တွေမှာရင့်ကျက်နေရင်
ဘယ်ကောင်းတော့မလဲ။
လူသတ်ခြင်း၌ ရင့်ကျက်နေတာ၊
လာဘ်စားခြင်း၌ ရင့်ကျက်နေတာမျိုးဆို
ထို ရင့်ကျက်သူ ပါဝင်နေတဲ့ လူ့အဖွဲ့အစည်းဟာ
အနှေးနဲ့ အမြန်ဆိုသလိုပျက်စီးခြင်းငါးပါး
ဆိုက်ဖို့ရာသာ ရှိတယ်။
ကောင်းစားလာဖို့က မရှိဘူး။

#ဆရာကြီးဦးအောင်သင်း

ထိုင်းရောက်မြန်မာများ၏ ရောင်စုံထမင်းဝိုင်း 😑
29/01/2023

ထိုင်းရောက်မြန်မာများ၏ ရောင်စုံထမင်းဝိုင်း 😑

27/12/2022
ဒီနိုင်ငံမှာ ပိုက်ဆံရှိအောင်သာလုပ်❣️💰
25/12/2022

ဒီနိုင်ငံမှာ ပိုက်ဆံရှိအောင်သာလုပ်❣️💰

ထီပထမဆုကံထူးလျှင် ကျောင်းပျက်တစ်ခုကိုပြန်လည်မွမ်းမံပြီး ခုတ်ထွင်ရှင်းလင်းမည့်လူငှားမည်ဟု ပို့စ်တင်သည့်အမျိုးသမီး အမှန်တက...
17/11/2022

ထီပထမဆုကံထူးလျှင် ကျောင်းပျက်တစ်ခုကိုပြန်လည်မွမ်းမံပြီး ခုတ်ထွင်ရှင်းလင်းမည့်လူငှားမည်ဟု ပို့စ်တင်သည့်အမျိုးသမီး အမှန်တကယ် ဘတ် ၆ သန်းကံထူး
နိုဝင်ဘာ ၁၇၊ ၂၀၂၂
ထီပထမဆု ဘတ် ၆ သန်းကံထူးလျှင် ကျောင်းပျက်တစ်ခုကိုပြန်လည်မွမ်းမံပြီး ခုတ်ထွင်ရှင်းလင်းမည့်လူ ငှားမည်ဟု Nuttawan အကောင့်ပိုင်ရှင် ထိုင်းအမျိုးသမီးတစ်ဦးက ပို့စ်တင်ခဲ့ပြီးနောက် ထီဆုကြေညာ သည့် ၁၇-၁၁-၂၀၂၂ ရက်နေ့တွင် 121789 ဂဏန်းကို အမှန်တကယ် ကံထူးခဲ့ကာ ဘတ် ၆ သန်းကံထူးခဲ့ သည်ဟု အီကျန်ပေ့ချ်ကဖော်ြပထားသည်။
အဆိုပါ ကျောင်းပျက်သည် ထိုင်းနိုင်ငံတောင်ပိုင်း ချွမ်ဖော်ခရိုင်မြို့နယ်တွင်တည်ရှိပြီး ချုံနွယ်ပိတ်ပေါင်း များဖြင့်ပြည့်နှက်နေ၍ မြင်တွေ့သူများက နှမျောစိတ်ဖြစ်ပြီး ပြန်လည်ပြုပြင်မွမ်းမံစေလိုကြသည်ဟု ဖော်ြပထားသည်။
သူမ အမှန်တကယ်ထီကံထူးသည်ကို သိရှိလိုက်ရသည့်နောက်တွင် အွန်လိုင်းလောကသားများက အဆိုပါကျောင်းဟောင်း၏တန်းခိုးကြီးပုံကို အံအားသင့်ကြသည်ဟု ရေးသားထားသည်။
ပလာတူး

လမ်းမပေါ်ပြန့်ကြဲသွားတဲ့ ဘတ် ၁ သိန်းတန်ဖိုးရှိ ငွေစက္ကူတွေကို ခရီးသွားပြည်သူတွေကောက်ပေးပြီး ပိုင်ရှင်ထံပြန်ပေးခဲ့ထိုင်းန...
07/11/2022

လမ်းမပေါ်ပြန့်ကြဲသွားတဲ့ ဘတ် ၁ သိန်းတန်ဖိုးရှိ ငွေစက္ကူတွေကို ခရီးသွားပြည်သူတွေကောက်ပေးပြီး ပိုင်ရှင်ထံပြန်ပေးခဲ့

ထိုင်းနိုင်ငံက ခရီးသွားပြည်သူတွေရဲ့ ရိုးသားမှုက အင်တာနက်စာမျက်နှာပေါ် ချီးကျူးမှုတွေခံနေ ရပါတယ်။ အစ်ဆန်ပြည်နယ်၊ ခေါက်ကန့်မှာ မော်တော်ကားလမ်းမပေါ် ပြန့်ကြဲသွားခဲ့တဲ့ ဘတ်ငွေ ၁ သိန်းနီးပါး နီးပါးတန်ဖိုးရှိတဲ့ ငွေစက္ကူအရွက်တွေကို ကားဒရိုင်ဘာတွေ၊ လမ်းသွားပြည်သူခရီးသွားတွေ က လိုက်လံကူညီ ကောက်ပေးခဲ့ကြ ပြီးပိုင်ရှင်ထံ ပြန်လည်ပေးခဲ့ကြတဲ့ အဖြစ်အပျက်က အင်တာနက် စာမျက်နှာပေါ် အများသူငါချီးကျူးခြင်းတွေခံခဲ့ရပါတယ်။

ထိုင်းက Tik Tok အသုံးပြုသူ ဆူတာ ဆင်နီ ဘွာချာဘန် ဆိုသူ တင်ထားတဲ့ ဗွီဒီယိုဖိုင်ထဲ ထရပ်ကား တစ်စီး ပေါ်ကနေ လွင့်ကျလာပြီး ကားလမ်းမပေါ်လေထဲ ပြန့်ကြဲသွားတဲ့ ဘတ် ၁၀၀၀ တန်ငွေစက္ကူ တွေကို ဖြတ်သွားဖြတ်လာခရီးသွားပြည်သူတွေက ကားရပ်တန့်ပြီးတော့ လိုက်လံကောက်ယူပေးတဲ့ မြင်ကွင်းကို တွေ့ရတာဖြစ်ပါတယ်။ “ ဒီလို လူကောင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ကို ဆက်သွယ်ပြီး ပိုင်ရှင်ဆီ ပြန်ပေးခဲ့ပါတယ်” လို့ ဗွီဒီယိုဖိုင်ထဲမှာ ရေးသားထားပါတယ်။

Khaosod သတင်းရဲ့ အဆိုအရ အဲ့ဒီအဖြစ်အပျက်ဟာ နန်ပေါင် ခရိုင်က နေ ခေါင်ကန့်၊ အူဘွန် နရက်ခရိုင် ကိုသွားတဲ့ လမ်းမမှာဖြစ်ခဲ့တာဖြစ်ပြီး ဒါဇင်နဲ့ ချီတဲ့ ဘတ် ၁၀၀၀ တန်ငွေတွေက လမ်းတစ် လျှောက် ပြန့်ကြဲသွားခဲ့တာဖြစ်ပါတယ်။ ဒါကို ယာဉ်မောင်း၊ ခရီးသည်တွေနဲ့ အနီးအနားနေထိုင်သူတွေ က ကောက်ယူစုဆောင်းပေးပြီး ရဲတပ်ဖွဲ့ထံ ပေးအပ်ခဲ့ကြပါတယ်။ ဗွီဒီယိုဖိုင်တင်ထားခဲ့တဲ့ ဆူတာ ဆင်နီက ပြောပြရာမှာ ထရပ်ကားဒရိုင်ဘာမှာ ပိုက်ဆံတွေကို ကားရဲ့ ခြေနင်းခုံတင်ထားခဲ့တာကို စိတ်နဲ့ ကိုယ်မကပ်ပဲ သတိမေ့သွားခဲ့ပြီး ကားကိုမောင်းထွက်သွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကားမောင်းသမားဟာ ဆူပွန်သစ် ပက်ခ်ဒီလို့ အမည်ရတဲ့ အမျိုးသမီးရဲ့ယာဉ်မောင်းဖြစ်ပြီး ဘဏ်ကနေ ငွေ ၁ သိန်းထုတ်ပြီးနောက် ဟင်းသီးဟင်းရွက်ဝယ်ယူဖို့ သူမရဲ့ဝန်ထမ်းအား ပေးခဲ့တဲ့ အကြောင်းကို နောက်ပိုင်းမှာ ထုတ်ဖော်ပြောပြခဲ့ပါတယ်။ အခုလိုအဖြစ်အပျက်နဲ့ ငွေပမာဏ ဘတ် ၉ သောင်းကျော် ပြန်ရခဲ့တာနဲ့ ပတ်သက်ပြီး စေတနာကောင်းတဲ့ သူတွေ၊ ရိုးသားတဲ့ ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေကို ကျေးဇူးတင်ကာ သူမရဲ့ ဝန်ထမ်းကိုလည်း အပြစ်မတင်ဘူးလို့ ပြောခဲ့ပါတယ်။ အင်တာနက်စာမျက်နှာပေါ်မှာတော့ ဗွီဒီယိုထဲကရိုးသားပြီး ကူညီပေးတဲ့ သူတွေအားလုံးကို ဝိုင်းဝန်း ချီးကျူးဂုဏ်ပြုပေးနေကြပါတယ်။

Crd
Ref:thethaiger
ကိုစိုင်းခရီးသည်ပို့ဆောင်ရေး

အစစ်အမှန်ကရှားပါတယ်အတုအယောင်ကတော့နေရာတိုင်းမှာရှိပါတယ်ဒါကြောင့် ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ။
07/11/2022

အစစ်အမှန်ကရှားပါတယ်
အတုအယောင်ကတော့
နေရာတိုင်းမှာရှိပါတယ်
ဒါကြောင့် ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ။

ဘဝမှာ အပြုံးပျက်စရာတွေကြုံလာရင်တောင်အံကြိတ်ပြီး ခေါင်းမာပြရတယ်မပြလို့လည်း မရဘူးကိုယ့်ဘက်က ပျော့ညံ့ရင် ချနင်းချင်တဲ့လူတွေ...
07/11/2022

ဘဝမှာ အပြုံးပျက်စရာတွေ

ကြုံလာရင်တောင်

အံကြိတ်ပြီး ခေါင်းမာပြရတယ်

မပြလို့လည်း မရဘူး

ကိုယ့်ဘက်က ပျော့ညံ့ရင်

ချနင်းချင်တဲ့လူတွေက အများကြီး !!

#ပုရစ်

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်က လမ်းခွဲနေရာများ🚧 ၃၉မိုင် (ဘုရားကြီးလမ်းခွဲ)🚧 ၇၂မိုင် ၂ဖာလုံ (ဒိုက်ဦးလမ်းခွဲ)🚧 ၈၃မိ...
25/10/2022

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်က လမ်းခွဲနေရာများ

🚧 ၃၉မိုင် (ဘုရားကြီးလမ်းခွဲ)

🚧 ၇၂မိုင် ၂ဖာလုံ (ဒိုက်ဦးလမ်းခွဲ)

🚧 ၈၃မိုင် ၃ဖာလုံ (မင်းလှလမ်းခွဲ)

🚧 ၈၃မိုင် ၆ဖာလုံ (ကျောက်တံခါးလမ်းခွဲ)

🚧 ၁၁၅မိုင် (ဖြူးလမ်းခွဲ)

🚧 ၁၃၈မိုင် ၁ဖာလုံ (အုတ်တွင်း ၊ ပေါက်ခေါင်းလမ်းခွဲ)

🚧 ၁၄၅မိုင် (ခပေါင်းတံတား)

🚧 ၁၄၆မိုင် ၇ဖာလုံ (တောင်ငူလမ်းခွဲ)

🚧 ၁၅၄မိုင် (ကေတုမတီမြို့သစ်လမ်းခွဲ)

🚧 ၁၇၃မိုင် ၂ဖာလုံ (သာဂရလမ်းခွဲ)

🚧 ၂၂၀မိုင် ၄ဖာလုံ (တောင်တွင်းကြီးလမ်းခွဲ)

🚧 ၂၃၃မိုင် ၄ဖာလုံ (တပ်ကုန်းလမ်းခွဲ)

🚧 ၂၆၂မိုင် ၁ဖာလုံ (ပျော်ဘွယ်လမ်းခွဲ)

🚧 ၂၈၄မိုင် ၆ဖာလုံ(မိတ္ထီလာလမ်းခွဲ)

🚧 ၃၂၅မိုင် ၆ဖာလုံ (မြင်းခြံလမ်းခွဲ)

မှတ်ချက်။ ။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ စုစုပေါင်း မိုင်အရှည်မှာ( ၃၆၆မိုင် ၃ဖာလုံ ) ဖြစ်ပါသည်။ အမြန်လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ထက်ပို၍ မမောင်းသင့်ပါ။ မိုင်တိုင် ၁၆၅ နှင့် ၁၇၁ အကြားတွင် လမ်းကွေ့များရှိပါသဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၈၀ ထက်ပို၍ မမောင်းသင့်ပါ။ ။

Credit

ခရီးမိုင်အကွားဝေးများ
ရန်ကုန်မှ (ရိုးမအရှေ့လမ်းပိုင်း)
ရန်ကုန် - ဒိုက်ဦး 86 မိုင်
ရန်ကုန် - ညောင်လေးပင် 98 မိုင်
ရန်ကုန် - ဖဒို 115 မိုင်
ရန်ကုန် - မဒေါက် 110 မိုင်
ရန်ကုန် - ရွှေကျင် 114 မိုင်
ရန်ကုန် - ပဲနွယ်ကုန်း 122 မိုင်
ရန်ကုန် - ဖြူး 142 မိုင်
ရန်ကုန် - ဇေယျ၀တီ 144 မိုင်
ရန်ကုန် - တောင်ငူ 175 မိုင်
ရန်ကုန် - ရေတာရှည် 192 မိုင်
ရန်ကုန် - ဆွာ 201 မိုင်
ရန်ကုန် - နေပြည်တော်(လမ်းသစ်) 240 မိုင်
ရန်ကုန် - နေပြည်တော်(လမ်းဟောင်း) 250 မိုင်
ရန်ကုန် - ပျော်ဘွယ် 312 မိုင်
ရန်ကုန် - မိတ္ထီလာ 338 မိုင်
ရန်ကုန် - တောင်သာ 381 မိုင်
ရန်ကုန် - မြင်းခြံ 396 မိုင်
ရန်ကုန် - စစ်ကိုင်း 425 မိုင်
ရန်ကုန် - မန္တလေး 430 မိုင်
ရန်ကုန် - မုံရွာ 495 မိုင်
ရန်ကုန် - ပြင်ဦးလွင် 472 မိုင်
ရန်ကုန် - ရွှေဘို 500 မိုင်
ရန်ကုန် - တန့်ဆည် 560 မိုင်
ရန်ကုန် -လားရှိုး 605 မိုင်
ရန်ကုန် - တောင်ကြီး 424 မိုင်
ရန်ကုန် - လွိုင်ကော် 377 မိုင်
ရန်ကုန် - ရမ်းဗြဲကျွန်း 400 မိုင်
ရန်ကုန် - တမူး 725 မိုင်
ရန်ကုန်မှ (ရိုးမအနောက်လမ်းပိုင်း)
ရန်ကုန် -လက်ပံတန်း 85 မိုင်
ရန်ကုန် - ပြည် 179 မိုင်
ရန်ကုန် - ပေါက်ခေါင်း 203 မိုင်
ရန်ကုန် - အောင်လံ 223 မိုင်
ရန်ကုန် - ကြံခင်း 245 မိုင်
ရန်ကုန် - မြန်အောင် 250 မိုင်
ရန်ကုန် - တောင်တွင်းကြီး 280 မိုင်
ရန်ကုန် - မကွေး 331 မိုင်
ရန်ကုန် - မင်းဘူး 332 မိုင်
ရန်ကုန် - အထက်မင်းလှ 350 မိုင်
ရန်ကုန် - ရေနံချောင်းဆင်ဖြူကျွန်း 363 မိုင်
ရန်ကုန် - ကျောက်ပန်းတောင်း 397 မိုင်
ရန်ကုန် - ချောက် 408 မိုင်
ရန်ကုန် - ပုဂံ-ညောင်ဦး 431 မိုင်
ရန်ကုန် - ပခုက္ကူ 445 မိုင်
ရန်ကုန် - မြင်းခြံ 456 မိုင်
ရန်ကုန် - နွားထိုးကြီး 476 မိုင်
ရန်ကုန် - တောင်ကုတ် 279 မိုင်
ရန်ကုန် - သံတွဲ 323 မိုင်
ရန်ကုန် - ကျောက်ဖြူ 400 မိုင်
ရန်ကုန် - စစ်တွေ 634 မိုင်
ရန်ကုန်မှ (ဧရာ၀တီတိုင်းဒေသကြီးလမ်းပိုင်း)
ရန်ကုန် - မအူပင် 51 မိုင်
ရန်ကုန် - အိမ်မဲ 75 မိုင်
ရန်ကုန် - မြောင်းမြ 102 မိုင်
ရန်ကုန် - လပွတ္တာ 150 မိုင်
ရန်ကုန် - ဂွ 146 မိုင်
ရန်ကုန် - ဆပ်သွား 182 မိုင်
ရန်ကုန် - ရေကြည် 90 မိုင်
ရန်ကုန် - ငသိုင်းချောင်း 93 မိုင်
ရန်ကုန် - ဟင်္သာတ 96 မိုင်
ရန်ကုန် - ထူးကြီး 133 မိုင်
ရန်ကုန် - ပုသိမ် 115 မိုင်
ရန်ကုန် - ချောင်းသာ 150 မိုင်
ရန်ကုန် - ငွေဆောင် 145 မိုင်
ရန်ကုန် - ဖျာပုံ 60 မိုင်/85 မိုင်
ရန်ကုန် - ဘိုကလေး 85 မိုင်/105 မိုင်
ရန်ကုန် - ညောင်တုန်း 35 မိုင်
ရန်ကုန် - ကျောင်းကုန်း 74 မိုင်
ရန်ကုန် - ဇလွန် 86 မိုင်
ရန်ကုန် - ကျိုက်လတ် 74 မိုင်
ရန်ကုန် - ဝါးခယ်မ 93 မိုင်
ရန်ကုန် - ကျုံပျော် 96 မိုင်
ရန်ကုန် - ရွှေလောင်း 78 မိုင်
ရန်ကုန် - ရုံးဒေါင့် 80 မိုင်
ရန်ကုန် - ကျိုက်ပိ 85 မိုင်
ရန်ကုန် - လေးမျက်နှာ 110 မိုင်
ရန်ကုန် - သာပေါင်း 142 မိုင်
ရန်ကုန်-မော်လမြိုင်-ထား၀ယ်-မြိတ်လမ်းပိုင်း
ရန်ကုန်-ကျိုက်ထို 110 မိုင်
ရန်ကုန်-ကျိုက်ထီးရိုး 119 မိုင်
ရန်ကုန် - တောင်စွန်း 120 မိုင်
ရန်ကုန် - ဘီးလင်း 128 မိုင်
ရန်ကုန် - သထုံ 152 မိုင်
ရန်ကုန် - မုတ္တမ 190 မိုင်
ရန်ကုန် - မော်လမြိုင် 194 မိုင်
ရန်ကုန် - မုဒုံ 208 မိုင်
ရန်ကုန် - သံဖြူဇရပ် 230 မိုင်
ရန်ကုန် - ကျိုက္ခမီ 245 မိုင်
ရန်ကုန် - ဘားအံ 180 မိုင်
ရန်ကုန် - သာမည 200 မိုင်
ရန်ကုန် - ကော့ကရိတ် 235 မိုင်
ရန်ကုန် - မြ၀တီ 279 မိုင်
ရန်ကုန် - ရေး 287 မိုင်
ရန်ကုန် - ထား၀ယ် 397 မိုင်
ရန်ကုန် - မြိတ် 550 မိုင်
ရန်ကုန် - ကော့သောင်း 745 မိုင်
နေပြည်တော်လမ်းပိုင်း
နေပြည်တော် - ရန်ကုန် 240 မိုင်/250 မိုင်
နေပြည်တော် - မကွေး 160 မိုင်
နေပြည်တော် - မန္တလေး 180 မိုင်
နေပြည်တော် - ညောင်ဦး 183 မိုင်
နေပြည်တော် - တောင်ကြီး 174 မိုင်
နေပြည်တော် - မုံရွာ 260 မိုင်
နေပြည်တော် - တောင်ငူ 75 မိုင်
နေပြည်တော် - လွိုင်ကော် 250 မိုင်
နေပြည်တော် - ပြည် 150 မိုင်
မန္တလေး လမ်းပိုင်း
မန္တလေး - တောင်ကြီး 204 မိုင်
မန္တလေး - လားရှိုး 175 မိုင်
မန္တလေး - မူဆယ် 288 မိုင်
မန္တလေး - မိုးကုတ် 115 မိုင်
မန္တလေး - မင်းလှ 250 မိုင်
မန္တလေး - ပြည် 373 မိုင်
မန္တလေး - တောင်ငူ 255 မိုင်
မန္တလေး - ကျောက်ပန်းတောင်း 155 မိုင်
မန္တလေး - မြင်းခြံ 96 မိုင်
မန္တလေး - ပြင်ဦးလွင် 42 မိုင်
မန္တလေး - ရွှေဘို 70 မိုင်
မန္တလေး - ရေဦး 95 မိုင်
မန္တလေး - တန့်ဆည် 110 မိုင်
မန္တလေး - တမူး 295 မိုင်
မန္တလေး - ပုလဲ 110 မိုင်
မန္တလေး - စဉ့်ကူ 60 မိုင်
မန္တလေး - မတ္တရာ 20 မိုင်
မန္တလေး - ရွေကူ 245 မိုင်
မန္တလေး - ဗန်းမော် 270 မိုင်
မန္တလေး - ထီးချိုင့် 170 မိုင်
မန္တလေး - ကသာ 230 မိုင်
မန္တလေး - ကလေး 210 မိုင်
မန္တလေး - တကောင်း 130 မိုင်
မန္တလေး - သပိတ်ကျင်း 90 မိုင်
မန္တလေး - ငါးအိုး 200 မိုင်
မန္တလေး - ပခုက္ကူ 125 မိုင်
မန္တလေး - ဆည်တော် 30 မိုင်
မန္တလေး - မုံရွာ 80 မိုင်

Credit ကားလောကရဲ့မှန်ကြေးမှုံ

မြဝတီ - ကော့ကရိတ် အာရှလမ်းပိုင်းမှာ ထိုင်းကိုလာတဲ့ MoU လုပ်သား ၇၀၀ကျော် ပိတ်မိနေမြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးလမ်းပိုင်...
22/10/2022

မြဝတီ - ကော့ကရိတ် အာရှလမ်းပိုင်းမှာ ထိုင်းကိုလာတဲ့ MoU လုပ်သား ၇၀၀ကျော် ပိတ်မိနေ

မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ထိုင်းနိုင်ငံကို လာတဲ့ MoU မြန်မာလုပ်သား ၇၀၀ ကျော် ပိတ်မိနေတယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)ဆီက သိရပါတယ်။

နှစ်နိုင်ငံသဘောတူစာချုပ်(MoU)စနစ်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်မယ့် မြန်မာ လုပ်သား ၇၀၀ကျော်ဟာ
အောက်တိုဘာလ ၁၈ ရက်ကနေ ဒီကနေ့အထိ မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးလမ်းပိုင်းမှာ ပိတ်မိနေတာလို့ ဆိုပါတယ်။

အဲဒီမြန်မာလုပ်သားတွေထဲက တစ်ဦးဖြစ်တဲ့ ကိုစိုးဝင်းက “ ဒုက္ခကတော့‌ ရောက်တာပေါ့ဗျာ။ ဘယ်အချိန် လမ်းဖွင့်မှာလဲမသိတော့ အဝေးကြီး မသွားရဲဘူး။ စားတာသောက်တာတော့ ကျွန်တော်တို့ကို ခေါ်လာတဲ့သူက စီစဉ်ပေးတယ်ဆိုပေမယ့် စားစရာရှိရုံနဲ့ အဆင်ပြေနေတာမျိုးတာ့ မဟုတ်ဘူးပေါ့ဗျာ။ ပြန်ရမှာလား၊ တိုက်ပွဲက ဒီနားကိုရောက်လာနိုင်လားနဲ့ စိုးရိမ်နေရတာပေါ့ ”လို့ Migrant Times ကို ပြောပါတယ်။

အာရှလမ်းမကြီးတစ်လျှောက် ဘားအံ၊ ကျုံဒိုး၊ ကော့ကရိတ်မြို့တွေမှာ အလုပ်သမားတွေ စောင့်ဆိုင်းနေရတာကြောင့် အောက်တိုဘာလ ၁၉ ရက်ကနေ ၂၁ ရက်အတွင်း MoU လုပ်သားတွေကို စေလွှတ်ရာမှာ မြေပြင်အခြေအနေကို စိစစ်ပြီးမှ စေလွှတ်ဖို့ MOEAF က တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ကုန်ပစ္စည်းပို့မယ့် ကုန်တင်ကားတွေလည်း အဲဒီလမ်းမှာ ပိတ်မိနေပါတယ်။

(မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးလမ်းပိုင်းတွင် တိုက်ပွဲကြောင့် ပိတ်မိနေသည့် မြန်မာလုပ်သားများကို တွေ့ရစဥ်၊ ဓာတ်ပုံ - ဘဝမ်း)

Thai Fight လက်ဝှေ့ပွဲမှာ ကယန်းတိုင်းရင်းသူ Vero Nika အနိုင်ရအောက်တိုဘာ ၁၇ ရက်၊ Migrant Timesထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့...
18/10/2022

Thai Fight လက်ဝှေ့ပွဲမှာ ကယန်းတိုင်းရင်းသူ Vero Nika အနိုင်ရ

အောက်တိုဘာ ၁၇ ရက်၊ Migrant Times

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မနေ့က ကျင်းပတဲ့ Thai Fight (Wachirawut) လက်ဝှေ့ပွဲမှာ ကယန်းတိုင်းရင်းသူ
Vero Nika က အနိုင်ရရှိခဲ့ပါတယ်။

Vero Nika ဟာ ပြိုင်ဘက် ဘရာဇီးလက်ဝှေ့မယ် Mariana Bernades ကို ဒုတိယအချီမှာ အလဲထိုးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

Vero Nika ဟာ Thai Fight လက်ဝှေ့ပွဲ ၆ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။

မြန်မာနိုင်ငံ၊ ကယားပြည်နယ်ဇာတိဖြစ်ပြီး လက်ရှိ ထိုင်းလက်ဝှေ့လောကမှာ အောင်မြင်ကျော်ကြားလာသူ ဖြစ်ပါတယ်။

Vero Nika ဟာ နိုင်ငံတကာလက်ဝှေ့ပွဲတွေ ယှဥ်ပြိုင်ထိုးသတ်ဖို့ Tiger Muay Thai & MMA Training Camp မှာ
စနစ်တကျလေ့ကျင့်နေတယ်လို့ သိရပါတယ်။

အရာရာကို အကောင်းမြင်ခြင်းဖြင့် ကျေးဇူး တရားကို မမေ့နှင့်... #မင်းအမြင့်ကိုရောက်လို့နေရာတစ်ခုကို ရောက်ခဲ့ရင်...မင်းကိုအား...
17/10/2022

အရာရာကို အကောင်းမြင်ခြင်းဖြင့်
ကျေးဇူး တရားကို မမေ့နှင့်...

#မင်းအမြင့်ကိုရောက်လို့

နေရာတစ်ခုကို ရောက်ခဲ့ရင်...

မင်းကိုအားပေး တွန်းတင်ခဲ့တဲ့
လက်အစုံတိုင်းကို ကျေးဇူးဆပ်ဖို့
မမေ့ပါနဲ့...

မထီမဲ့မြင် မလေးမစား
ကျေးဇူးကန်းစကား မဆိုမိစေနဲ့...

မင်းဒုက္ခရောက်ချိန်မှာ
ကူညီခဲ့ဖူးတဲ့ လက်တစုံကို
မှတ်ထားပေးပါ..

သူတို့ကမိသားစု အပြင်က
မိသားစုတွေပဲ မို့ပါ...

ကျေးဇူးကန်းတတ်တဲ့ သူပေါတဲ့
ခေတ်ကြီးထဲမှာ မင်းဘယ်တော့မှ
ကျေးဇူး ရှိသူကို
ကျေးဇူးဆပ်ဖို့ မမေ့နဲ့....

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်က လမ်းခွဲနေရာများ🚧 ၃၉မိုင် (ဘုရားကြီးလမ်းခွဲ)🚧 ၇၂မိုင် ၂ဖာလုံ (ဒိုက်ဦးလမ်းခွဲ)🚧 ၈၃မိ...
17/10/2022

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်က လမ်းခွဲနေရာများ

🚧 ၃၉မိုင် (ဘုရားကြီးလမ်းခွဲ)

🚧 ၇၂မိုင် ၂ဖာလုံ (ဒိုက်ဦးလမ်းခွဲ)

🚧 ၈၃မိုင် ၃ဖာလုံ (မင်းလှလမ်းခွဲ)

🚧 ၈၃မိုင် ၆ဖာလုံ (ကျောက်တံခါးလမ်းခွဲ)

🚧 ၁၁၅မိုင် (ဖြူးလမ်းခွဲ)

🚧 ၁၃၈မိုင် ၁ဖာလုံ (အုတ်တွင်း ၊ ပေါက်ခေါင်းလမ်းခွဲ)

🚧 ၁၄၅မိုင် (ခပေါင်းတံတား)

🚧 ၁၄၆မိုင် ၇ဖာလုံ (တောင်ငူလမ်းခွဲ)

🚧 ၁၅၄မိုင် (ကေတုမတီမြို့သစ်လမ်းခွဲ)

🚧 ၁၇၃မိုင် ၂ဖာလုံ (သာဂရလမ်းခွဲ)

🚧 ၂၂၀မိုင် ၄ဖာလုံ (တောင်တွင်းကြီးလမ်းခွဲ)

🚧 ၂၃၃မိုင် ၄ဖာလုံ (တပ်ကုန်းလမ်းခွဲ)

🚧 ၂၅၉မိုင် ၀ဖာလုံ (ရမည်းသင်းလမ်းခွဲ)

🚧 ၂၆၂မိုင် ၁ဖာလုံ (ပျော်ဘွယ်လမ်းခွဲ)

🚧 ၂၈၄မိုင် ၆ဖာလုံ(မိတ္ထီလာလမ်းခွဲ)

🚧 ၃၂၅မိုင် ၆ဖာလုံ (မြင်းခြံလမ်းခွဲ)

မှတ်ချက်။ ။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ စုစုပေါင်း မိုင်အရှည်မှာ( ၃၆၆မိုင် ၃ဖာလုံ ) ဖြစ်ပါသည်။ အမြန်လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ထက်ပို၍ မမောင်းသင့်ပါ။ မိုင်တိုင် ၁၆၅ နှင့် ၁၇၁ အကြားတွင် လမ်းကွေ့များရှိပါသဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၈၀ ထက်ပို၍ မမောင်းသင့်ပါ။ ။

Credit

ခရီးမိုင်အကွားဝေးများ
ရန်ကုန်မှ (ရိုးမအရှေ့လမ်းပိုင်း)
ရန်ကုန် - ဒိုက်ဦး 86 မိုင်
ရန်ကုန် - ညောင်လေးပင် 98 မိုင်
ရန်ကုန် - ဖဒို 115 မိုင်
ရန်ကုန် - မဒေါက် 110 မိုင်
ရန်ကုန် - ရွှေကျင် 114 မိုင်
ရန်ကုန် - ပဲနွယ်ကုန်း 122 မိုင်
ရန်ကုန် - ဖြူး 142 မိုင်
ရန်ကုန် - ဇေယျ၀တီ 144 မိုင်
ရန်ကုန် - တောင်ငူ 175 မိုင်
ရန်ကုန် - ရေတာရှည် 192 မိုင်
ရန်ကုန် - ဆွာ 201 မိုင်
ရန်ကုန် - နေပြည်တော်(လမ်းသစ်) 240 မိုင်
ရန်ကုန် - နေပြည်တော်(လမ်းဟောင်း) 250 မိုင်
ရန်ကုန် - ပျော်ဘွယ် 312 မိုင်
ရန်ကုန် - မိတ္ထီလာ 338 မိုင်
ရန်ကုန် - တောင်သာ 381 မိုင်
ရန်ကုန် - မြင်းခြံ 396 မိုင်
ရန်ကုန် - စစ်ကိုင်း 425 မိုင်
ရန်ကုန် - မန္တလေး 430 မိုင်
ရန်ကုန် - မုံရွာ 495 မိုင်
ရန်ကုန် - ပြင်ဦးလွင် 472 မိုင်
ရန်ကုန် - ရွှေဘို 500 မိုင်
ရန်ကုန် - တန့်ဆည် 560 မိုင်
ရန်ကုန် -လားရှိုး 605 မိုင်
ရန်ကုန် - တောင်ကြီး 424 မိုင်
ရန်ကုန် - လွိုင်ကော် 377 မိုင်
ရန်ကုန် - ရမ်းဗြဲကျွန်း 400 မိုင်
ရန်ကုန် - တမူး 725 မိုင်
ရန်ကုန်မှ (ရိုးမအနောက်လမ်းပိုင်း)
ရန်ကုန် -လက်ပံတန်း 85 မိုင်
ရန်ကုန် - ပြည် 179 မိုင်
ရန်ကုန် - ပေါက်ခေါင်း 203 မိုင်
ရန်ကုန် - အောင်လံ 223 မိုင်
ရန်ကုန် - ကြံခင်း 245 မိုင်
ရန်ကုန် - မြန်အောင် 250 မိုင်
ရန်ကုန် - တောင်တွင်းကြီး 280 မိုင်
ရန်ကုန် - မကွေး 331 မိုင်
ရန်ကုန် - မင်းဘူး 332 မိုင်
ရန်ကုန် - အထက်မင်းလှ 350 မိုင်
ရန်ကုန် - ရေနံချောင်းဆင်ဖြူကျွန်း 363 မိုင်
ရန်ကုန် - ကျောက်ပန်းတောင်း 397 မိုင်
ရန်ကုန် - ချောက် 408 မိုင်
ရန်ကုန် - ပုဂံ-ညောင်ဦး 431 မိုင်
ရန်ကုန် - ပခုက္ကူ 445 မိုင်
ရန်ကုန် - မြင်းခြံ 456 မိုင်
ရန်ကုန် - နွားထိုးကြီး 476 မိုင်
ရန်ကုန် - တောင်ကုတ် 279 မိုင်
ရန်ကုန် - သံတွဲ 323 မိုင်
ရန်ကုန် - ကျောက်ဖြူ 400 မိုင်
ရန်ကုန် - စစ်တွေ 634 မိုင်
ရန်ကုန်မှ (ဧရာ၀တီတိုင်းဒေသကြီးလမ်းပိုင်း)
ရန်ကုန် - မအူပင် 51 မိုင်
ရန်ကုန် - အိမ်မဲ 75 မိုင်
ရန်ကုန် - မြောင်းမြ 102 မိုင်
ရန်ကုန် - လပွတ္တာ 150 မိုင်
ရန်ကုန် - ဂွ 146 မိုင်
ရန်ကုန် - ဆပ်သွား 182 မိုင်
ရန်ကုန် - ရေကြည် 90 မိုင်
ရန်ကုန် - ငသိုင်းချောင်း 93 မိုင်
ရန်ကုန် - ဟင်္သာတ 96 မိုင်
ရန်ကုန် - ထူးကြီး 133 မိုင်
ရန်ကုန် - ပုသိမ် 115 မိုင်
ရန်ကုန် - ချောင်းသာ 150 မိုင်
ရန်ကုန် - ငွေဆောင် 145 မိုင်
ရန်ကုန် - ဖျာပုံ 60 မိုင်/85 မိုင်
ရန်ကုန် - ဘိုကလေး 85 မိုင်/105 မိုင်
ရန်ကုန် - ညောင်တုန်း 35 မိုင်
ရန်ကုန် - ကျောင်းကုန်း 74 မိုင်
ရန်ကုန် - ဇလွန် 86 မိုင်
ရန်ကုန် - ကျိုက်လတ် 74 မိုင်
ရန်ကုန် - ဝါးခယ်မ 93 မိုင်
ရန်ကုန် - ကျုံပျော် 96 မိုင်
ရန်ကုန် - ရွှေလောင်း 78 မိုင်
ရန်ကုန် - ရုံးဒေါင့် 80 မိုင်
ရန်ကုန် - ကျိုက်ပိ 85 မိုင်
ရန်ကုန် - လေးမျက်နှာ 110 မိုင်
ရန်ကုန် - သာပေါင်း 142 မိုင်
ရန်ကုန်-မော်လမြိုင်-ထား၀ယ်-မြိတ်လမ်းပိုင်း
ရန်ကုန်-ကျိုက်ထို 110 မိုင်
ရန်ကုန်-ကျိုက်ထီးရိုး 119 မိုင်
ရန်ကုန် - တောင်စွန်း 120 မိုင်
ရန်ကုန် - ဘီးလင်း 128 မိုင်
ရန်ကုန် - သထုံ 152 မိုင်
ရန်ကုန် - မုတ္တမ 190 မိုင်
ရန်ကုန် - မော်လမြိုင် 194 မိုင်
ရန်ကုန် - မုဒုံ 208 မိုင်
ရန်ကုန် - သံဖြူဇရပ် 230 မိုင်
ရန်ကုန် - ကျိုက္ခမီ 245 မိုင်
ရန်ကုန် - ဘားအံ 180 မိုင်
ရန်ကုန် - သာမည 200 မိုင်
ရန်ကုန် - ကော့ကရိတ် 235 မိုင်
ရန်ကုန် - မြ၀တီ 279 မိုင်
ရန်ကုန် - ရေး 287 မိုင်
ရန်ကုန် - ထား၀ယ် 397 မိုင်
ရန်ကုန် - မြိတ် 550 မိုင်
ရန်ကုန် - ကော့သောင်း 745 မိုင်
နေပြည်တော်လမ်းပိုင်း
နေပြည်တော် - ရန်ကုန် 240 မိုင်/250 မိုင်
နေပြည်တော် - မကွေး 160 မိုင်
နေပြည်တော် - မန္တလေး 180 မိုင်
နေပြည်တော် - ညောင်ဦး 183 မိုင်
နေပြည်တော် - တောင်ကြီး 174 မိုင်
နေပြည်တော် - မုံရွာ 260 မိုင်
နေပြည်တော် - တောင်ငူ 75 မိုင်
နေပြည်တော် - လွိုင်ကော် 250 မိုင်
နေပြည်တော် - ပြည် 150 မိုင်
မန္တလေး လမ်းပိုင်း
မန္တလေး - တောင်ကြီး 204 မိုင်
မန္တလေး - လားရှိုး 175 မိုင်
မန္တလေး - မူဆယ် 288 မိုင်
မန္တလေး - မိုးကုတ် 115 မိုင်
မန္တလေး - မင်းလှ 250 မိုင်
မန္တလေး - ပြည် 373 မိုင်
မန္တလေး - တောင်ငူ 255 မိုင်
မန္တလေး - ကျောက်ပန်းတောင်း 155 မိုင်
မန္တလေး - မြင်းခြံ 96 မိုင်
မန္တလေး - ပြင်ဦးလွင် 42 မိုင်
မန္တလေး - ရွှေဘို 70 မိုင်
မန္တလေး - ရေဦး 95 မိုင်
မန္တလေး - တန့်ဆည် 110 မိုင်
မန္တလေး - တမူး 295 မိုင်
မန္တလေး - ပုလဲ 110 မိုင်
မန္တလေး - စဉ့်ကူ 60 မိုင်
မန္တလေး - မတ္တရာ 20 မိုင်
မန္တလေး - ရွေကူ 245 မိုင်
မန္တလေး - ဗန်းမော် 270 မိုင်
မန္တလေး - ထီးချိုင့် 170 မိုင်
မန္တလေး - ကသာ 230 မိုင်
မန္တလေး - ကလေး 210 မိုင်
မန္တလေး - တကောင်း 130 မိုင်
မန္တလေး - သပိတ်ကျင်း 90 မိုင်
မန္တလေး - ငါးအိုး 200 မိုင်
မန္တလေး - ပခုက္ကူ 125 မိုင်
မန္တလေး - ဆည်တော် 30 မိုင်
မန္တလေး - မုံရွာ 80 မိုင်

Credit ကားလောကရဲ့မှန်ကြေးမှုံ

Address

Maesod
Myawadi
63110

Website

Alerts

Be the first to know and let us send you an email when SMT Thai & Myanmar News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SMT Thai & Myanmar News:

Share

Category


Other Travel Agencies in Myawadi

Show All