27/12/2023
❝ မြိတ်ကိုရောက်ပြီးမှ ဒါတွေမစားရင် မတန်ဘူး ဗျို့ ❞🤩🤚🏻
တနသ်ာရီတိုင်း ကိုခရီးထွက်ပြီဆိုရင် ဘုရားဖူးအနေနဲ့ပဲလည်လည် ၊ Maren - Travel နဲ့တူတူ မြိတ်ကျွန်းစုတွေပဲပတ်ပတ် မြိတ်မြို့ကိုတော့ ဝင်ဖြစ်၊ ရောက်ဖြစ်ကြတာပဲဟုတ် ။ ဒီလိုရောက်တယ် ဆိုတာနဲ့ ဒေသထွက်အစားအစာစစ်စစ်တွေကိုမှမစားကြည့်ခဲ့ဘူးဆိုရင်တော့ မတန်ဘူးနော် ။ ဒါဆို ဘယ်အစားအစာလေးတွေကို အဓိကထားပြီးဝါးတီးဆွဲရမလဲဆိုတာကို သိအောင် ဒီက ပြောပြပေးသွားမယ်နော် ။ 💁🏻♀️
✅ မြိတ်(ဘိတ်)ကတ်ကြေးကိုက်
ကတ်ကြေးကိုက်ဆိုရင် ညှပ်ခေါက်ဆွဲ ၊ ပဲပင်ပေါက် ၊ အရွက် ၊ ပင်လယ်စာ လေးတွေနဲ့ နာမည်ကြီး မြိတ်ဒေသရိုးရာအစားအစာဆိုတာလူတိုင်းသိကြပါတယ် ။ ဒါပေမဲ့ဒေသထွက်လက်ရာစစ်စစ်ဆိုတာကတော့အဲ့မြို့ကိုရောက်မှသာစားနိုင်တာမလား ။ ဒါကြောင့် တလုတ်ဆိုတလုတ် အရသာရှိလှတဲ့မြိတ်ကပ်ကြေးကိုက်လေးကို သေချာစားခဲ့ကြနော် ။ 🍲
✅ဝါးပလုတ်
သဘာဝ ဝါးကနေတဆင့်လုပ်ထားတဲ့အိအိတုန်တုန်နဲ့ ဂျယ်လီလိုမျိုး လေးဖြစ်ပါတယ် ။ သူက အရည်လည်းပါတာမလို့ ဝါးစိမ်းနံ့သင်းသင်းလေးနဲ့ ဝါးပလုပ်အအေးလို့ခေါ်ပါတယ်။အဓိက ရင်အေး/ဝမ်းအေး/အမောပြေပြီး ၊အသားအရည်လည်းကြည်လင်စေတာမလို့ဝါးပလုပ်ဖျော်ရည်လေးတော့သောက်ဖို့မမေ့နဲ့နော်။ 🥛
✅ ဘောင်းထုပ်
သူကတော့ ပေါင်းထုပ် / ဘောင်းထုပ် မျိုးစုံခေါ်ကြပေမဲ့ အဓိကကတော့ ငါး / ပုစွန် / ငှက်ပျောဖူး / ရဲယိုရွက် / ဘူးသီး စသည်ဖြင့် အခြားသောအသီးအရွက်တွေ / အရသာမှုန့်ပစ္စည်းတွေနဲ့ရောပြီး ရေနွေးငွေ့နဲ့ပေါင်းခံထားတဲ့ ဟင်းထုတ်လိုမျိုးလေးတွေပဲဖြစ်ပါတယ် ။ (ဆိုင်အလိုက်ပါဝင်ပစ္စည်းမတူညီကြတာလည်းရှိပါတယ်) ထမင်းနဲ့ပဲစားမလား ဒီတိုင်းပဲစားမလား အကုန်လုံးကြိုက်ကြတဲ့ ဘောင်းထုပ်လေးနော် ။
✅ရှပ်သီကင် (ရှပ်ကင်)
ဒါကတော့ ပင်လယ်ကမ်းခြေနားကိုရောက်မှသာစားနိုင်တဲ့ ရှပ်ကို ကင်ပြီးတုတ်လေးထိုးပြီးသီပြီး ရောင်းချတဲ့ အစားအစာပါပဲ ။ မြိတ်မြို့ရဲ့ ရှပ်သီကင် (ရှပ်ကင်) ကတော့ အခြားမြို့နဲ့မတူပဲ လတ်လတ်ဆတ်ဆတ်အကောင်ကြီးကြီးတွေမလို့ အချဉ်နဲ့တို့စားတိုင်း ရှလွတ်ရှလွတ်နဲ့ ဝါးလို့ကောင်းစားလို့ကောင်း ဖြစ်နေမှာပါနော် ။ 🤪
✅ စမတ်ကင်+ပအုန်းရည်ပိဖျော်
စမတ်ကောင်ကိုအရသာရှိရှိကင်ထားပြီး ၊ မြိတ်ငပိ ကောင်းကောင်းကိုမှ ပအုန်းရည်နဲ့ဖျော်ထားပြီး တို့စားရတဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ် ။ ထမင်းနဲ့စားစား ဒီတိုင်းစားစား အရသာရှိလွန်းပြီး ရန်ကုန်မှာလည်း အစစ်အရသာကိုရဖို့ အတော်လေးရှားတာမလို့ ပင်လယ်စာအရသာစစ်စစ်ကိုရချင်ရင်တော့မြိတ်မှာ ကျိန်းသေပေါက်စားခဲ့နော် ။ 🥰
ဒီအစားအစာတွေအပြင်အခြားသော ဒေသထွက်အစားအစာလေးတွေလည်းရှိသေးတာမလို့ ဘာတွေစားချင်ကြသေးလဲ ၊ ဘာတွေစားဖို့ရော Recommended လုပ်ပေးချင်ကြလဲ Comment ment ခဲ့ကြပါအုံးရှင့် ။ 💁🏻♀️
မြိတ်မြို့ကိုရောက်လို့ ကျွန်းစုတွေဆီထိပါပတ်ပြီး လည်မယ် စားမယ် ဟေ့ ဆိုရင်တော့ 𝐌𝐚𝐫𝐞𝐧 𝐓𝐫𝐚𝐯𝐞𝐥 ရဲ့ ခရီးသွား 𝐏𝐚𝐜𝐤𝐚𝐠𝐞 လေးတွေရှိပါတယ်နော် ။
✔️ခရီးစဉ်တွေနဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက်တွေစုံစမ်းချင်တာပဲဖြစ်ဖြစ်၊ ခရီးစဉ်အတွက်ဘိုကင် တင်ချင်လို့ပဲဖြစ်ဖြစ် -
☎️ +95 9 42876 0429 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် ။