Anthony Vlogs

Anthony Vlogs Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Anthony Vlogs, Tour Agency, (No 124/1)Tatkone htoisan. Quarter, Myitkyina.

Bangkok & Pataya Trip 🌊🏝️🇲🇲🇹🇭
31/05/2024

Bangkok & Pataya Trip 🌊🏝️

🇲🇲🇹🇭

20/05/2024

⛰️🏔️

ကောင်းကင်မှာ တိမ်တွေမရှိတဲ့အခါတကယ်ကို စိတ်ထဲအဆင်မပြေသလိုပဲတိမ်တွေလည်း သူပျောက်ကွယ်ရတဲ့အကြောင်းတွေရှိလောက်မှာပါမိုးတွေရွာ...
19/05/2024

ကောင်းကင်မှာ တိမ်တွေမရှိတဲ့အခါ
တကယ်ကို စိတ်ထဲအဆင်မပြေသလိုပဲ
တိမ်တွေလည်း သူပျောက်ကွယ်ရတဲ့
အကြောင်းတွေရှိလောက်မှာပါ

မိုးတွေရွာချလို့လား
လေတွေတအားတိုက်လို့များ
အဝေးတစ်နေရာရောက်သွားတာလားပေါ့

တစ်ခါတလေ သူကောင်းကင်ကြီးကို
စိတ်ပျက်တဲ့အချိန်ဆိုတာလည်း ရှိနိုင်တာပဲ
တိမ်တွေက သိပ်ကိုလှသလို တခါတလေကျ
နားလည်ရခက်တယ်

တိမ်တွေမြင်နေရရင် ပျော်သလို
မမြင်ရတော့တဲ့အခါကျရင်လည်း မျှော်နေရမှာပဲလေ
ဒါတိမ်တွေကိုချစ်မိတဲ့ စိတ်တွေကြောင့်ပဲမဟုတ်လား

ကျွန်တော်ပြောချင်တာ တိမ်တွေအကြောင်းမဟုတ်ပါဘူး ။

💪💪
14/05/2024

💪💪

ဒီလိုလေးပဲ…..ဘဝဟာ ဒီလိုလေးပဲ…..🍀💙
09/05/2024

ဒီလိုလေးပဲ…..
ဘဝဟာ ဒီလိုလေးပဲ…..🍀💙

ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်တဲ့စိတ်ဓာတ် မွေးဖို့လိုတယ်။လောကမှာ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်ရတာ အခက်ဆုံးပဲ။လူအများစုက ...
05/05/2024

ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်တဲ့
စိတ်ဓာတ် မွေးဖို့လိုတယ်။

လောကမှာ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်ရတာ အခက်ဆုံးပဲ။

လူအများစုက လိုက်လုပ်နိုင်ကြမှာ မဟုတ်တဲ့အတွက်၊ နေ့စဉ် စိတ်ပါပါ၊ မပါပါ တိုးတက်နိုင်တာက ကိုယ့်ရဲ့ Superpower ဖြစ်လာလိမ့်မယ်။

ဘယ်သူနဲ့မှ ပြိုင်စရာမလိုဘူး၊ လူအထင်ကြီးလောက်အောင် လုပ်ပြစရာ မလိုဘူး။

အရေးကြီးတာ ဆင်ခြေတွေ ပေးမနေဘဲ အချိန်မှန်မှန်ပေါ်လာဖို့

ပင်ပန်းနေရင်တောင်၊ စိတ်ပျက်နေရင်တောင်၊ ဘယ်သူ့မှ ကိုယ့်ကို မချီးကျူးရင်တောင်၊ လောကကြီးကို နာကျည်းနေရင်တောင်

နေ့စဉ် လုပ်စရာရှိတာကို မပျက်မကွက် အားစိုက်ထုတ်နိုင်ဖို့ လိုတယ်။

ခိုင်မာတဲ့ အုတ်မြစ်‌ချပြီးရင် အမြင့်ဆုံးရောက်ဖို့ အရမ်းလွယ်တယ်၊ တစ်ခုခုကို စတင်လိုက်ရင် ရှေ့ဆက်တိုးတက်ဖို့ အရှိန်စရလာတယ်။

ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်နိုင်တဲ့အခါ
ကိုယ့်ကိုလည်း သူ့ အိပ်မက်တွေနဲ့ ထိုက်တန်တယ်ဆိုတာ သက်သေပြပြီးသား ဖြစ်စေပါလိမ့်မယ်။ ❤️💯

27/04/2024

တစ်ယောက်တည်း ခရီးထွက်ခြင်း က ဘာတွေရလိုက်လည်း....?🏔️

🏔️ကိုယ့်ရဲ့အားနည်းချက်က ဘာဆိုတာသိလာတယ်....

🏔️ကိုယ့်ကိုကိုယ် ပိုယုံကြည်လာပီး ပိုပီးသန်မာလာတယ်...(ဘာမဆို ရင်ဆိုင်မယ် ဆိုတဲ့အတွေးနဲ့)

🏔️အမြဲဘေးနားရှိနေတဲ့ သူတွေရဲ့တန်ဖိုး ကိုပိုနားလည်လာတယ်...

💪ဒါကြောင့် တယောက်တည်းဖြစ်ဖြစ် ,အဖွဲ့နဲ့ ဖြစ်ဖြစ် ခရီးသွားပါ ၊



🏔️ကိုယ်နေတဲ့ မြို့လေးတွေ ပြောခဲ့အုန်းနော် လာခဲ့မရ် 🫶🏿

မနေနိုင်လို့ ချစ်မိတဲ့အခါမျှော်လင့်ချက်နည်းပါစေ။မောင်လှမျိုး(ချင်းချောင်းခြံ)
19/04/2024

မနေနိုင်လို့ ချစ်မိတဲ့အခါ
မျှော်လင့်ချက်နည်းပါစေ။

မောင်လှမျိုး(ချင်းချောင်းခြံ)

 #နှစ်သစ်ဆုတောင်း နှစ်သစ်မှစပြီး တစ်နှစ်တာပတ်လုံး စိတ်ရောကိုယ်ပါ အေးချမ်းပျော်ရွှင်​​ကြပါစေ 🙏🏻ကျန်းမာချမ်းသာစွာဖြင့် မိမ...
18/04/2024

#နှစ်သစ်ဆုတောင်း

နှစ်သစ်မှစပြီး တစ်နှစ်တာပတ်လုံး စိတ်ရောကိုယ်ပါ အေးချမ်းပျော်ရွှင်​​ကြပါစေ 🙏🏻

ကျန်းမာချမ်းသာစွာဖြင့် မိမိအကျိုး၊ အများအကျိုးသယ်ပိုးရွက်ဆောင်နိုင်ကြပါစေ 🙏🏻

ဘေးရန်ကင်းကွာပြီး ကောင်းကျိုးလိုအင်ဆန္ဒမှန်သမျှ ပြည့်ဝနိုင်ကြပါစေ 🙏🏻

မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အခြေအနေဟာ ကမ္ဘာမှာ တကယ်မရှိဘူး။ မယုံရင် ဆက်ဆံရေးတစ်ခုကနေ ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ မင်းတိတ်တိတ်လ...
13/04/2024

မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အခြေအနေဟာ ကမ္ဘာမှာ တကယ်မရှိဘူး။
မယုံရင် ဆက်ဆံရေးတစ်ခုကနေ ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ

မင်းတိတ်တိတ်လေး စွန့်ခွာသွားကြည့်လိုက်။
မင်းထွက်သွားခါစမှာတော့
မင်းကိုသတိရတာတွေ ဘာတွေဖြစ်ကောင်းဖြစ်လိမ့်မယ်။

အချိန်ကာလတစ်ခုရောက်တဲ့အခါမှာတော့
အားလုံးက ပုံမှန်လိုပဲ။ မင်းမရှိလည်း သူတို့
အဆင်ပြေနေလိမ့်မယ်၊ ဒါမှမဟုတ်
မင်းနေရာမှာ အခြားတစ်ယောက်ရှိနေလိမ့်မယ်။

"မင်းမရှိလို့မဖြစ်ဘူး"ဆိုတာ
စကားလုံးသက်သက်ပဲ၊ တကယ်မရှိဘူး။
မင်းမရှိလည်း အရာရာဟာသူ့နည်းသူ့ဟန်နဲ့ ပုံမှန်လည်ပတ်နေမှာပဲ။

#အကြည်တော်

ပျော်ရွှင်မှုမှာ Expire Date ရှိတယ် အသက် 18 နှစ်မှာ ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့ ရီမုဒ် ကားလေး ဝယ်နိုင်ပြီ၊ ဒါပေမဲ့ မလိုချ...
05/04/2024

ပျော်ရွှင်မှုမှာ Expire Date ရှိတယ်

အသက် 18 နှစ်မှာ
ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့
ရီမုဒ် ကားလေး ဝယ်နိုင်ပြီ၊
ဒါပေမဲ့ မလိုချင်တော့ဘူး။

အသက် 20 နှစ်မှာ
လူကြီးတွေမပါဘဲ သူငယ်ချင်းတွေနဲ့
တိရစ္ဆာန်ရုံတို့ Happy World တို့ သွားခွင့်ရနေပြီ၊
ဒါပေမဲ့ မသွားချင်တော့ဘူး။

အသက် 25 နှစ်မှာ
ရည်စားကိုပေါ်တင်တွဲလို့ ရပြီ၊
ဒါပေမဲ့ အရင်လောက် ရင်မခုန်တော့ဘူး။

အသက် 30 နှစ်မှာ
အရက်ကို စိတ်ကြိုက်သောက်လို့ ရနေပြီ၊
ဒါပေမဲ့ ဆယ်ကျော်သက် ဘဝတုန်းကလောက် သောက်လို့ မကောင်းတော့ဘူး။

အသက် 45 နှစ်မှာ
ကိုယ်စားချင်တဲ့ အစားစာတွေကို ဝယ်စားနိုင်နေပြီ၊
ဒါပေမဲ့ စိတ်ကြိုက်စားလို့ မရတော့ဘူး။

အသက် 65 နှစ်မှာ
ခရီးသွားဖို့ အချိန်ရော ငွေရော ရှိနေပြီ၊
ဒါပေမဲ့ သွားချင်တဲ့ ခရီး သွားလို့မရတော့ဘူး။

အသက် 70 နှစ်မှာ
ကြိုက်ခဲ့တဲ့ ပစ္စည်းတွေ ဝယ်နိုင်ပြီ၊
ဒါပေမဲ့ မဝယ်ချင်တော့ဘူး။

ပျော်ရွှင်ခြင်းဆိုတာ
ကိတ်မုန့်လိုပဲ Expire Date ရှိတယ်
စားသင့်တဲ့အချိန်မှာ စားမှအရသာရှိတာ
အချိန်မှီ မစားသုံးရင် နောက်ပိုင်းမှာ
အရသာမရှိတော့ဘူး။

လက်ရှိအချိန်မှာ
လုပ်နိုင်သလောက်လုပ်ပြီး ပျော်နိုင်သလောက်
ကိုယ့်ကိုကိုယ် ပျော်အောင်ထားပါ
အရမ်းမတွေးပါနဲ့
စိတ်ဆင်းရဲမခံပါနဲ့
ဘဝကတိုတိုလေးပါ။ .....

ဘဝကို အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းချင်ရင်လူတိုင်းကို ပြင်ပေးချင်တဲ့ စိတ်ဖျောက်။​လူတိုင်းကို စိတ်ကျေနပ်စေချင်တဲ့စိတ်ဖျောက်...
02/04/2024

ဘဝကို အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းချင်ရင်
လူတိုင်းကို ပြင်ပေးချင်တဲ့ စိတ်ဖျောက်။​
လူတိုင်းကို စိတ်ကျေနပ်စေချင်တဲ့စိတ်ဖျောက်။

စတိဂျော့ပြောသလို လူတိုင်းကိုပျော်စေချင်ရင်
ice-cream ရောင်းတဲ့။

လူတိုင်းကိုယ့်ကို သဘောကျမှာမဟုတ်ဘူး။​
ကိုယ့်ဘယ်လောက် လုပ်ပေးလုပ်ပေး
လူတိုင်း ကိုယ့်ကို appreciate လုပ်မှာ မဟုတ်ဘူး။
ကျေးဇူးတင်တတ်မှာ မဟုတ်ဘူး။

ဒါကြောင့် ဘဝမှာ
လမ်းချင်းတူရင် လူချင်းတွေ့လိမ့်မယ်လို့ပဲ
အမြဲ ခံယူထားတယ်။

လူတွေကို ပြင်လဲ မပေးချင်ဘူး။
ကိုယ့်ကိုယ်ကိုတောင်
တော်တော်ပြင်ယူနေရတာ။ 😀
လူတိုင်းကိုလဲ​ စိတ်ကျေနပ်အောင်
အရမ်းကြိုးစားမနေတော့ဘူး။

ဘဝမှာ ကိုယ့်ကိုယ်ကို တန်ဖိုးတစ်ခုထားတဲ့အခါ
ကိုယ့်ကို ကိုယ့်လို တန်ဖိုးထားတဲ့သူတွေနဲ့ပဲ
တွေ့ချင်တော့တယ်။

အမြဲခံယူထားတာ ကိုယ်နဲ့သိလို့
မနစ်နာသွားစေရဘူး။

Phyo Paing @ Derek

ပေးလိုက် ကျွေးလိုက်လို့ကုန်သွားတယ်ဆိုတာမရှိဘူး တစ်ဖက်ကနေ ပြန်ပြည့်လာတယ် အဲဒါ ဒါနရဲ့အစွမ်းဘဲ 🙏
29/03/2024

ပေးလိုက် ကျွေးလိုက်လို့
ကုန်သွားတယ်ဆိုတာမရှိဘူး
တစ်ဖက်ကနေ ပြန်ပြည့်လာတယ်
အဲဒါ ဒါနရဲ့အစွမ်းဘဲ 🙏

🌅
20/03/2024

🌅

16/03/2024

အခုလို နွေရာသီ အားလပ်ရက်မှာ
ပင်လယ်အကျယ်ကြီး နဲ့ အတူ အပန်းဖြေကြမရ်ဗျာ 🌊
ဘယ်နေရာလေးဆိုတော့က ငွေဆောင်ကမ်း ဖြစ်ပါတရ်ခဗျ 🏝️
မနစ်ကvideo လေးပါ
စိတ်ခဏသာ အပန်းဖြေစေဖို့ video တင်လိုက်တာပါခဗျ 🫶🏿
Music Crd ပေးပါတရ် 🫡

အမျိူးသား အမျိူးသမီး များ အတွက် ညအိပ် ဝတ်စုံဒီဇိုင်း အမျိူးမျိူးက်ု ဝယ်လို့ ရနေပြီ မြစ်ကြီးနားမြို့ စီတာပူ KBC ဘုရားကျော...
15/03/2024

အမျိူးသား အမျိူးသမီး များ အတွက်
ညအိပ် ဝတ်စုံဒီဇိုင်း အမျိူးမျိူးက်ု ဝယ်လို့ ရနေပြီ

မြစ်ကြီးနားမြို့ စီတာပူ KBC ဘုရားကျောင်းနား 🍁

Cozy Lounge & Sleep Wears 🫶🏿

https://www.facebook.com/profile.php?id=61552196733295&mibextid=LQQJ4d

ကားဝယ်စီးနိုင်မှ သူ့ဆီသွားတော့မယ် ပိုက်ဆံ ဘယ်လောက်ရမှ ပျော်မယ် အိမ်ကောင်းကောင်းနေနိုင်မှ ခရီးသွားတော့မယ်လို့ကျွန်တော်တို...
14/03/2024

ကားဝယ်စီးနိုင်မှ သူ့ဆီသွားတော့မယ်
ပိုက်ဆံ ဘယ်လောက်ရမှ ပျော်မယ်
အိမ်ကောင်းကောင်းနေနိုင်မှ ခရီးသွားတော့မယ်လို့
ကျွန်တော်တို့တွေ အဲလိုတွေးတတ်ကြတယ်နော်..

တကယ် ပိုက်ဆံတွေရှိလာတော့ အသက်တွေကြီးလာ
ပျော်စရာလည်း သိပ်မကောင်းတော့ဘူး
အိမ်ကောင်းကောင်း ရှိလာတဲ့အခါ
နေမကောင်းလို့ ခရီးတွေမသွားနိုင်တော့ဘူး
ကားကောင်းကောင်း စီးလာနိုင်တဲ့အခါ သူမရှိတော့ဘူး..

အဲ့လိုမျိုးတွေ ဖြစ်လာတတ်ပါတယ် ။

ဒါကြောင့် ပိုက်ဆံရှိရှိ မရှိရှိ
ချမ်းသာဆင်းရဲ အရေးမကြီးဘူး ဖြစ်တည်မှုမှာ
ရှိနေတဲ့အချိန်တိုင်းက အဖိုးတန်ပါတယ်
တန်ဖိုးထားတတ်ဖို့ပါပဲ..
ဘဝကို ဘယ်လိုပဲ ဖြတ်သန်းရပါစေ
ကိုယ်ချစ်တဲ့သူတွေနဲ့ ပျော်သလို နေသွားပါ..

ရေစက်ကုန်သွားရင် ပြန်ဆုံဖို့ မလွယ်တော့ဘူး..

ℂ𝕣𝕕.

Happy Birthday To Me 🩵
07/03/2024

Happy Birthday To Me 🩵

အခက်အခဲက သင်ပေးတယ် ပို သန်မာ ရမယ်တဲ့။ ပြဿနာက ပြောတယ် သူ့ကို ပေါင်းတတ်ရင် အဖော် တဲ့။ အဲနှစ်မျိုးလုံးကို နားလည်သွားရင်တော့...
29/02/2024

အခက်အခဲက သင်ပေးတယ်
ပို သန်မာ ရမယ်တဲ့။

ပြဿနာက ပြောတယ် သူ့ကို
ပေါင်းတတ်ရင် အဖော် တဲ့။

အဲနှစ်မျိုးလုံးကို နားလည်သွားရင်တော့
ဘဝတွက် အာဟာရကောင်းတွေ ရသွားတာပေါ့။ ❤️

♥︎ဘဝမှာ ဆုံးရှုံးရတာတွေများခဲ့တော့ စွန့်လွှတ်ဖို့ထက် ခွင့်လွှတ်တက်ဖို့ကို ပိုသင်ယူခဲ့ရတယ်…♥︎လူသားတွေက မပြည့်စုံဘူးဆိုတာက...
28/02/2024

♥︎ဘဝမှာ ဆုံးရှုံးရတာတွေများခဲ့တော့ စွန့်လွှတ်ဖို့ထက်
ခွင့်လွှတ်တက်ဖို့ကို ပိုသင်ယူခဲ့ရတယ်…

♥︎လူသားတွေက မပြည့်စုံဘူးဆိုတာကိုလဲ လက်ခံနိုင်တဲ့အခါကြ အမှားဆိုတာ လူတိုင်းနဲ့မကင်းဘူးဆိုတာ
သိလာရတယ်..

♥︎ချစ်ခြင်းမေတ္တာဟာ ခွင့်လွှတ်ခြင်းနဲ့ နားလည်ပေးခြင်းတွေနဲ့ တည်ဆောက်နိုင်တဲ့အခါ ပိုတည်မြဲမယ်ထင်ပါတယ်..

♥︎များများချစ်မယ် များများခွင့်လွှတ်မယ်
ခွင့်လွှတ်နိုင်တဲ့အခါ ဆုံးရှုံးစရာတွေလဲနည်းလာမယ်
ဒါဆို ဒီကမ္ဘာဟာ ပျော်ရွှင်စရာကောင်းလာမှာပါပဲ

♡𝗕𝗮𝗯𝘆𝗸𝗶♡

❛ နှစ်တွေဟာ  သင်ခန်းစာနှစ်ခုကိုပဲ  သင်ကြားပေးခဲ့ပါတယ်။  အစဉ်တည်မြဲတဲ့သူမရှိဘူး ဆိုတာရယ်  ဆက်လက်ရွေ့လျားရမယ် ဆိုတာရယ်။ ။ ...
23/02/2024

❛ နှစ်တွေဟာ
သင်ခန်းစာနှစ်ခုကိုပဲ
သင်ကြားပေးခဲ့ပါတယ်။
အစဉ်တည်မြဲတဲ့သူမရှိဘူး ဆိုတာရယ်
ဆက်လက်ရွေ့လျားရမယ် ဆိုတာရယ်။ ။

▪️မိုဃ်းဇော်

🌱လွယ်လွယ်လေးနဲ့မရဘူး🌱အလုပ်လုပ်တော့မယ်ဆိုရင်အရေးအကြီးဆုံးကစိတ်ဓာတ်မကျဖို့ပဲ လိုပါတယ်။ပန်တိုင်းဆီကိုသွားတော့မယ်ဆိုရင်အရေးအ...
15/02/2024

🌱လွယ်လွယ်လေးနဲ့မရဘူး🌱

အလုပ်လုပ်တော့မယ်ဆိုရင်
အရေးအကြီးဆုံးက
စိတ်ဓာတ်မကျဖို့ပဲ လိုပါတယ်။

ပန်တိုင်းဆီကိုသွားတော့မယ်ဆိုရင်
အရေးအကြီးဆုံးက
အားမလျှော့လိုက်ဖို့ပဲ လိုပါတယ်။

ယှဉ်ပြိုင်တော့မယ်ဆိုရင်
အရေးအကြီးက
သူတစ်ပါးအထင်မသေးဖို့ပဲ လိုပါတယ်။

စကားပြောတော့မယ်ဆိုရင်
အရေးအကြီးဆုံးက
မှန်သောစကားတွေဖြစ်နေဖို့ပဲ လိုပါတယ်။

စစ်မှန်တဲ့ အောင်မြင်မှုကို
တကယ်ရယူပိုင်ဆိုင်ချင်တယ်ဆိုရင်
မှန်ကန်တဲ့ကြိုးစားမှုတွေနဲ့ ကြိုးစားမှပဲ
အမှန်တကယ် အောင်မြင်မှုတွေရနိုင်မယ်။

ဒီလိုမှမဟုတ်ပဲ
အောင်မြင်မှုကို လွယ်လွယ်လိုချင်ရင်တော့
တန်ဖိုးမရှိတဲ့ အောင်မြင်မှုတွေပဲ ရလိမ့်မယ်။

တန်ဖိုးရှိတဲ့အရာက
ဘယ်တော့မှလွယ်လွယ်လေးနဲ့ မရနိုင်ဘူး။🌼🌼🌼

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️

ဖြစ်ချင်တိုင်းလည်း ဖြစ်မလာတာ အများကြီးရှိတယ်။မဖြစ်ချင်တိုင်း ဖြစ်လာတာလည်း အများကြီးရှိတယ်။ရရှိလာတဲ့ ကိုယ့်ဖြစ်တည်မှုကို ...
03/02/2024

ဖြစ်ချင်တိုင်းလည်း ဖြစ်မလာတာ အများကြီးရှိတယ်။
မဖြစ်ချင်တိုင်း ဖြစ်လာတာလည်း အများကြီးရှိတယ်။

ရရှိလာတဲ့ ကိုယ့်ဖြစ်တည်မှုကို ကျေကျေနပ်နပ်နဲ့
နားလည်လက်ခံပြီး ကိုယ်ဖြစ်ချင်တာ လိုချင်တာ
ရအောင်တော့ ဆက်လက်ကြိုးစားနေဖို့ပဲ လိုပါတယ်။

🫶🏿🌅

ရွှေးချယ်မူက ကြိုးစားမူထက် ပို အရေးကြီးတယ် 🍓 #ချစ်သောမြေမြို့
28/01/2024

ရွှေးချယ်မူက ကြိုးစားမူထက်
ပို အရေးကြီးတယ် 🍓

#ချစ်သောမြေမြို့

ပွဲတတ် မြစ်ကြီးနားမြို့ 🌿Congratulations D & M Decorations Ah Brang Floral Service
22/01/2024

ပွဲတတ် မြစ်ကြီးနားမြို့ 🌿
Congratulations
D & M
Decorations Ah Brang Floral Service

(1)စိတ်ညစ်ပြီး ဘာမှမလုပ်ချင်တော့တဲ့အခါ ကောင်းကင်ကိုမော့ကြည့်ပြီးငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ထိန်းချ...
20/01/2024

(1)စိတ်ညစ်ပြီး
ဘာမှမလုပ်ချင်တော့တဲ့အခါ
ကောင်းကင်ကိုမော့ကြည့်ပြီး
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး
ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။

(2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ
အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ
သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။

(3)ကိုယ့်အားကိုယ်ကိုးပြီး
အရောက်လှမ်းသွားမယ့်
ပန်းတိုင်လေးတစ်ခု
အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။

(4)တခါတလေ ငိုစရာရှိရင်
လူမရှိတဲ့ တနေရာသွားပြီး
အော်ငိုပစ်လိုက်ပါ
ငိုသင့်ရင်လည်း ငိုလိုက်ပါ
မငိုတာကြာရင်
မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။

(5)တခါတလေ ဝမ်းနည်းနေရင်လည်း
အားရပါးရ ငိုချပစ်လိုက်ပါ
ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။

(6)အဆင်မပြေရင်လည်း
အဆင်ပြေသလိုနေပါ..
တချို့ကျတော့ ကြိုးစားပေမယ့်
အဆင်မပြေပြန်ဘူး...
မကြိုးစားပဲ ထိုင်နေရင်
ပိုအဆင်မပြေဖြစ်သွားကြတယ်။

(7)ထပ်ပြီး ကြိုးစားပါ
လူဆိုတာ ကြိုးစားချင်စိတ်ရှိရင်
ဘယ်လောက်ပဲအသက်တွေရရ
ဖြစ်လာနိုင်ပါတယ်။

(8)ဆုံးရှုံးမှုတွေရှိရင်လည်း စိတ်ကိုဖြေပြီး
နောက်တစ်ကြိမ် မမှားအောင်သတိထားပါ။

(9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ
ဘယ်တော့မှမရှိနိုင်သလို
လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့
အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။

(10)လောကမှာ နားမလည်တဲ့
အရာတွေ ရှိနိုင်ပါတယ်
အရေးကြီးတာက နားမလည်တာကို
နားလည်အောင် ကြိုးစားဖို့ပါ။

(11)အကောင်းစားရေမွှေးနံ့တွေ မလိုဘူး ...
ကိုယ်ကျင့်တရားကောင်းအောင်နေပါ
ကိုယ်ကျင့်တရားကောင်းရင်
စိတ်ထားကောင်းရင်
ကိုယ်သင်းနံ့မွှေးနေမှာပါ။

(12)ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့...
အမှန်တရားဆိုတာ တစ်နေ့နေ့
တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။

(13)အမှား ရှိခဲ့တိုင်းလည်း
အပြစ် မဟုတ်ပါဘူး...
တစ်ချို့အမှားတွေက သန့်ရှင်းပါတယ်
လူသားတိုင်း အမှားနဲ့ မကင်းနိုင်သလို
အမှားရှိမှ အမှန်ဆိုတာ ဖြစ်လာခဲ့ရတာပါ။

အဓိက အမှားတွေကို သင်ခန်းစာအဖြစ်
ရယူပြီး နောက်ထပ်တစ်ခါ ထပ်မမှားဖို့
အမှားထဲမှာ တဝဲဝဲလည်းမနေတတ်ဖို့ပဲလိုတယ်။

(14)လူလူချင်းစာနာတတ်သူ..
စိတ်ရှည်သူ ပညာဥာဏ်ကြီးမားသူ..
နားလည်းခွင့်လွတ်ပေးနိုင်သူ
တစ်ဦးဖြစ်အောင် ကြိုးစားပါ။

(15)ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ
အခြားမဟုတ်ဘူး အသက်ရှင်သန်နေတာပါ
အားလုံးမှာ တန်းဖိုးအရှိဆုံးအရာကို
ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။

(16)ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ...
ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ့်
ရင်ခွင်လေးတစ်စုံရှိနေဖို့တော့ လိုတယ်။

(17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တကယ့်စိတ်ရင်းနဲ့ပြောပါ။

(18)"ဆောရီး"ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။

(19)ချမ်းသာတဲ့သူငယ်ချင်း
အပေါင်းအသင်း ရှိဖို့မလို့ဘူး ...
နေပူမိုးရွာ လက်ချင်းတွဲလို့
ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ်
သူငယ်ချင်းကောင်းတစ်ယောက် ရှိဖို့လိုတယ်။

(20)သူငယ်ချင်းကောင်း
မိတ်ဆွေကောင်းလိုချင်ရင်...
သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကောင်း ဖို့ကတော့ အဓိကပဲ
သူတစ်ပါး အပေါ်ကို ကောင်းမှသာ
သူ့တစ်ပါးက ကိုယ်အပေါ်ကို ပြန်ကောင်းပါလိမ့်မယ်။

"ကိုယ်ကိုယ်ကိုဆုံးမခြင်း''✍~~~~~~~~~~~~~~~~~~~~~~~~~~~အချိန်သည်လည်း အကုန်မြန်၏။လူတို့သည်လည်း အပြောင်းအလဲမြန်၏။စိတ်တို့သည...
19/01/2024

"ကိုယ်ကိုယ်ကိုဆုံးမခြင်း''✍
~~~~~~~~~~~~~~~~~~~~~~~~~~~
အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!💪

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ်မင်းရှေ့မှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!

ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှမင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!! 💪

ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself.!!!✍

ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာတာ ကိုယ်ဆက်လုပ်ပါ။

Forget !!!✍

မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!✍

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!✍

လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!✍

မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကိုလက်ခံပါ

တခါတလေ ကိုယ်ညည်းတွားနေတဲ့ အလုပ်ဟာသူများတွေ မက်နေတဲ့ အိပ်မက်လည်း ဖြစ်တတ်တယ်။တခါတလေ ကိုယ်အားမရတဲ့ ဝင်ငွေဟာသူများတွေ အားကျန...
10/01/2024

တခါတလေ ကိုယ်ညည်းတွားနေတဲ့ အလုပ်ဟာ
သူများတွေ မက်နေတဲ့ အိပ်မက်လည်း ဖြစ်တတ်တယ်။

တခါတလေ ကိုယ်အားမရတဲ့ ဝင်ငွေဟာ
သူများတွေ အားကျနေတဲ့ ဝင်ငွေလည်း ဖြစ်တတ်တယ်။

တခါတလေ ကိုယ်စိတ်ရှုပ်နေရတဲ့ ပိုင်ဆိုင်မှုတွေဟာ
သူများတွေ လိုချင်လှတဲ့ ရည်မှန်းချက်တွေဖြစ်နေတတ်တယ်။

တခါတလေ ကိုယ့်ရဲ့မပြေလည်မှုဆိုတဲ့ အရာတွေဆိုတာ
သူများတွေ ရချင်လို့တောင် မရတဲ့ အရာမျိုးတွေ ဖြစ်နေတတ်ပါတယ်။

တခါတလေ ကိုယ်မလိုချင်လို့ စိတ်ပျက်နေတဲ့ အခြေအနေတွေဟာ ၊
သူများတွေ မျှော်လင့်တောင့်တနေတဲ့ အခြေအနေမျိုးတွေလည်း ဖြစ်နေတတ်ပါတယ်။

▪︎
19.12.2023
Phoo Kyaw Zin - FutureWave
Phoo Kyaw Zin

#တွေးမိတက်ရေး

ကမ်းခြေမှာ အသားမမဲချင်သောအခါ 😂🧜🏻‍♂️Posoe Longyi Village Thanks 2023 Welcome 2024 🌊🏝️
31/12/2023

ကမ်းခြေမှာ အသားမမဲချင်သောအခါ 😂🧜🏻‍♂️

Posoe Longyi Village

Thanks 2023 Welcome 2024 🌊🏝️

Address

(No 124/1)Tatkone Htoisan. Quarter
Myitkyina
0977

Telephone

+959787945870

Website

Alerts

Be the first to know and let us send you an email when Anthony Vlogs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Tour Agencies in Myitkyina

Show All