Secret Diary Travels & Tours - Nay Pyi Taw

Secret Diary Travels & Tours - Nay Pyi Taw Refresh ur soul and find ur escape with travel.....�

ခရီးသွားမယ်ဆိုရင် Secret Diary Travels and Tours ကို သတိရလိုက်ပါနော်….🥰လူကြီးမင်းတို့ ဘယ်ခရီးသွားမလဲ သွားချင်တဲ့ ခရီးစဉ်...
17/01/2023

ခရီးသွားမယ်ဆိုရင် Secret Diary Travels and Tours ကို သတိရလိုက်ပါနော်….🥰
လူကြီးမင်းတို့ ဘယ်ခရီးသွားမလဲ သွားချင်တဲ့ ခရီးစဉ်အတွက် ယာဉ်လိုင်းပေါင်း (၄၀)ကျော်နဲ့ ချိတ်ဆက်ထားတဲ့အတွက် Express car tickets ဝယ်ယူနိုင်တဲ့အပြင် ကားစင်းလုံးငှါးရန်ခြင်း၊ ကလော / ပြင်ဦးလွင် package ခရီးစဉ်များနှင့် Hotel Booking များအတွက်လည်း ဝန်ဆောင်မှုပေးလျက်ရှိတဲ့အပြင် နိုင်ငံခြားသွားမည့်သူတွေအတွက် Air tickets နှင့် Visa ဝန်ဆောင်မှုများလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဝန်ဆောင်မှုတိုင်းအတွက် လူကိုယ်တိုင် လာစရာမလိုပဲ လူကြီးမင်းတို့ Page messenger မှာ မေးမြန်းလို့ရပါတယ်ရှင့် …. Digital payment များဖြင့်လည်း ငွေပေးချေလို့ရပါတယ်ရှင့်….. 🥰

မြန်မာ့နှစ်သစ်ကူး အချိန်အခါသမယမှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့်အတူ စိတ်လိုအင်ဆန္ဒများ ပြည့်စုံကြပါစေလ...
17/04/2022

မြန်မာ့နှစ်သစ်ကူး အချိန်အခါသမယမှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့်အတူ စိတ်လိုအင်ဆန္ဒများ ပြည့်စုံကြပါစေလို့ Secret Diary Travels and Tours - Nay Pyi Taw မှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်…. 🙏🏻🙏🏻

🌟နှစ်သစ်မှာ🌟💕စိတ်၏ချမ်းသာခြင်း.....💕ကိုယ်၏ကျန်းမာခြင်း.....💕ရန်သူမျိုး ငါးပါးအန္တရာယ်မှ ကင်းလွတ်ပြီး .....💕စနစ်ဆိုးကြီးမ...
31/12/2021

🌟နှစ်သစ်မှာ🌟

💕စိတ်၏ချမ်းသာခြင်း.....
💕ကိုယ်၏ကျန်းမာခြင်း.....
💕ရန်သူမျိုး ငါးပါးအန္တရာယ်မှ ကင်းလွတ်ပြီး .....
💕စနစ်ဆိုးကြီးမှလဲ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့....
Secret Diary Travel & Tours မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🙏

ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးဖြစ်ပါစေလို့ Secret Diary Travels and Tours မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်......❤️...
13/01/2021

ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးဖြစ်ပါစေလို့ Secret Diary Travels and Tours မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်......❤️💙

💙Happy Karen New Year ❤️

Secret Diary Travels and Tours ရဲ့ အပျော်တမ်း Christmas မုန့်ဖိုးလေးပါ ..... 🎁Merry Christmas to you all🎄
25/12/2020

Secret Diary Travels and Tours ရဲ့ အပျော်တမ်း Christmas မုန့်ဖိုးလေးပါ ..... 🎁

Merry Christmas to you all🎄

KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

“Today in the town of David a Savior has been born to you; he is the Messiah, the Lord.”‭‭Luke‬ ‭2:11‬ ‭NIV‬‬🎄အေးချမ်းတဲ...
24/12/2020

“Today in the town of David a Savior has been born to you; he is the Messiah, the Lord.”
‭‭Luke‬ ‭2:11‬ ‭NIV‬‬

🎄အေးချမ်းတဲ့ ခရစ်စမတ် ☃️ အချိန်ကာလလေး မှာ
စိတ်၏ ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်းနှစ်ဖြာသော မင်္ဂလာ အပေါင်းနှင့်ပြည့်စုံ၍ ကပ်ဆိုးပေါင်းစုံမှလွတ်မြောက်ပြီး ချစ်ခင်သူအပေါင်းနဲ့ သက်ဆုံးတိုင် ပျော်ရွှင်စွာနေထိုင်နိုင်ပါစေလို့ Secret Diary Travel &Tours မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်......

Merry Christmas to you all ! 🎄🎁
God Bless You all ❤️

Photo Crd:

တန်းဆောင်မုန့်လပြည့်ကျော် ၁၀ရက်နေ့၌ ကျရောက်သော (၁၀၀)ကြိမ်မြောက်အမျိုးသားနေ့ကို Secret Diary မိသားစုမှ ဝမ်းမြောက်စွာဂုဏ်ပ...
09/12/2020

တန်းဆောင်မုန့်လပြည့်ကျော် ၁၀ရက်နေ့၌ ကျရောက်သော (၁၀၀)ကြိမ်မြောက်အမျိုးသားနေ့ကို Secret Diary မိသားစုမှ ဝမ်းမြောက်စွာဂုဏ်ပြုအပ်ပါတယ်ရှင်💕💕💕

🍁အမျိုးသားနေ့ကို ဘာအတွက်ကျင်းပကြတယ်?
🍁ဘယ်သူတွေကိုဂုဏ်ပြုကြတာလဲ?
🍁ဘယ်လိုဖြစ်ပေါ်လာတာလဲ?
သိချင်သူတွေအတွက် ဗဟုသုတအနေနဲ့ (ပန်းချီးမျိုးမာန်၊နောက်ခံစကားပြော မြင့်မိုရ်မေမေအဖွဲ့သားများ )တင်ဆက်ထားတဲ့ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ(အသံထွက်ရုပ်ပြ)လေးကို sharing လေးလုပ်ပေးထားပါတယ်နော်...👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
https://youtu.be/9iA96Rwwel0

ဇာတ်တော်ကြီးဆယ်ဘွဲ့ပန်းချီ - မျိုးမာန်နောက်ခံစကားပြော မြင့်မိုရ်မေမေအဖွဲ့သားများSong Name - Artist - Composer - Music Band - Studio - P...

Hello Sweet December ! ☃️🎄
30/11/2020

Hello Sweet December ! ☃️🎄

🎀လ တကာတို့ထက် အမြတ်ဆုံးလ🎀တန်ဆောင်းမုန့်🌝လပြည့်ညဟာ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်လေးတစ်ရက်လေးဘဲ ဖြစ်ပါတယ်။တစ်လတစ်ခါပြည့်...
27/11/2020

🎀လ တကာတို့ထက် အမြတ်ဆုံးလ🎀

တန်ဆောင်းမုန့်🌝လပြည့်ညဟာ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်လေးတစ်ရက်လေးဘဲ ဖြစ်ပါတယ်။တစ်လတစ်ခါပြည့်တတ်တဲ့လပြည့်ညတွေထဲမှာ တန်ဆောင်မုန်း🌝လပြည့်ညရဲ့အလင်းရောင်ဟာ အလင်းဆုံး၊အတောက်ပဆုံးဘဲလို့ ပြောစမတ်ရှိကြတယ်။(ဟုတ်မဟုတ် သိချင်ရင် တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ကြရင် အိမ်ပြင်လေးထွက်ပြီး လကိုရှုစားကြည့်ပေါ့နော် လရဲ့ အလင်းရောင် ဘယ်လိုတွေတောက်ပနေလဲဆိုတာတွေ့လိမ့်မယ်နော်😱)တန်ဆောင်မုန်းလပြည့်နေ့ရဲ့လဟာ ကြယ်တာယာနက္ခတ် အစုံလင်ဆုံးထွန်းလင်းကာ ကွန့်မြူးပြီး မဲဇလီပင်မှာ ဆေးပေါင်းခါးကြသည်ဟု အယူရှိကြတယ်....ရှေးဆရာများညွှန်းကြသောကြောင့်ဆေးပေါင်းခါးတဲ့ မဲဇလီဖူးကို လပြည့်ညမှာ အန္တရာယ်ကင်းအဖြစ် ပြုတ်သုပ်ကာ ပျော်ပျော်ပါးပါးစားသောက်တတ်တဲ့ အစဉ်အလာတစ်ရပ်ဖြစ်လာပါတော့တယ်🥰

တန်ဆောင်မုန်းလဟာဆိုရင် 12လရာသီထဲမှာ ပွဲတော်အများဆုံးလတစ်ခုပါ......
တန်ဆောင်းမုန်းလရဲ့ ‌ပွဲတော်တွေထဲကမှ ဒီဘက်ခေတ် လူငယ်တွေ တော်တော်များများ ✖️မကြားဖူး ✖️မဆော့ဖူးတော့တဲ့ တန်ဆောင်မုန်းလရဲ့ ချစ်စရာဓလေ့တစ်ခုဖြစ်တဲ့ ကျီးမနိုးပွဲ‌လေးအကြောင်းပြောပြမယ်နော်💕

❤️ ကျီးမနိုးပွဲ❤️
-------------------------

ကျီးမနိုးပွဲ ဆိုသည်မှာ ဟိုးရှေးယခင်ခေတ်ကတည်းက အပျော်တမ်းကစားကြတဲ့ ကစားနည်းတစ်ခုပါဘဲ။ရှေးယခင်က ယောက်ျားသားများဟာ ဆေးမှင်ကြောင်ထိုးသည့်ဓလေ့သည် အထင်အရှားရှိခဲ့ပါတယ်။ရှင်ဘုရင်မှ အစချီကာ မင်းညီ၊မင်းသား၊မှူးမတ်၊သူကြွယ်၊ ကုန်သည်၊လယ်လုပ် စသည့်ယောက်ျားသားတို့သည် ဆေးမှင်ကြောင်ထိုးတတ်ကြသည်။ဆေးမှင်ထိုးရာတွင်လဲ အခုခေတ်လို ကြုံသလို ကြိုက်တဲ့ပုံထိုးကြသည်မဟုတ်ပါ။အချိန်အခါကို တွက်ချက်ကာ အခါ‌ကောင်းကို စောင့်ဆိုင်းကာ မှောင်ခန်း(ခေါ်)မှင်ထိုးသည့်အခန်းတွင် ပွဲပေးပြီးထိုးကြခြင်းဖြစ်ပါသည်။ထိုသို့ထိုးခဲ့ပြီးသော ယောကျာ်းတို့သည် တန်ဆောင်မုန်းလပြည့်🌝နက္ခတ်စုံချိန်တွင် ကြောင်တတ် ကြောင်ဆင်းဆေး အစောင့်တို့သည် တန်ခိုးပြကြသည်ဟု အယူရှိသောကြောင့် အရှင် မသိသော ပစ္စည်းကို ကျီးငှက်မနိုးခင်အမှီ ခိုးယူကာ ခိုးကွင်း၌ထားမြဲဖြစ်၏။ခိုးကွင်းဆိုသည်မှာ ခိုးရာပါပစ္စည်းအား ဘယ်သူဘယ်ဝါ၏ အိမ်မှပစ္စည်းဖြစ်ကြောင်း ခိုးကွင်းတွင်စာကပ်၍ထားကြသည်။ထိုသို့ခိုးရာတွင် ရိုးရိုးအရာဝတ္ထုကို ခိုးတာထက် အသက်ရှိသောအရာကို ခိုးယူနိုင်စွမ်းရှိသောသူက 🥷လူစွမ်းကောင်းဖြစ်၏။(ယခုခေတ် စကားနဲ့ပြောရင်ပိုပြီးဆရာကျတယ်ပေါ့နော်😁)ရှေးအခါက နွားများနှင့် လူအိပ်နေသော ကုတင်ကို လူမနိုးအောင်ထမ်း၍ ခိုးကွင်းသို့ လာထားကြသည်။ မနက်မိုးလင်းသောအခါ ပစ္စည်းရှင်များက သင်္ကန်းအစုံဖြင့် မိမိတို့၏ပစ္စည်းများကို လာရွေးယူရပြီး ထိုငွေများကို ကထိန်ပွဲကို ဆင်နွဲတဲ့အခါမှထည့်သွင်းလှူဒါန်းကြသည်။အကယ်၍ ပစ္စည်းခိုးလို့ လူမိသောအခါတွင် ထိုသူကို ဖမ်း၍ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ထားကြသည်။ ကထိန်ပွဲတွင် 🥷ထိုခိုးသားကို ရွာသူကြီးက တရားသူကြီး လုပ်ကာ တရားတိုင်ခန်းဖြင့် ဟာသလုပ်ကြပြီး ရဟန်း ဝတ်စေမြဲဖြစ်သည်။နှောင်းပိုင်းမှာတော့ တချို့ကျေးရွာတွေမှာတော့ ယခင်လို ခိုးကွင်းယူသွားတာ၊ အပြစ်ပေးတဲ့အနေနဲ့ ကတုံးတုံး သင်္ကန်းစည်းတာလိုမျိုး မလုပ်ကြတော့ပေမယ့် ကျီးမနိုးညများတွင် ကာလသားများ စုကာ သူများအိမ်က ကြက်🐓တွေခိုး ၊ဘူးသီး🍐တွေခိုးပြီး ကာလသားဟင်းချက်စားတတ်ကြတယ်(ရှလွတ်🤤)၊ ချက်ထားတဲ့ ကာလသားဟင်းများကိုလဲ ကြက်ပိုင်ရှင် ဘူးသီးပိုင်ရှင်များထံသို့ မျက်နှာပြောင်တိုက်ကာ ပြန်ပေးတတ်ကြသည်။ထိုညများတွင် ကာလသားတစ်သိုက်က 👀အမှောင်ရိပ်ခိုကာ ဒီအိမ်က ပစ္စည်းတွေ ဟိုဘက်အိမ်ကိုပြောင်းရွေ့ကြ၊ ဆိုင်းဘုတ်တွေပြောင်းတပ်ကြ၊ ဟာသစာတွေရေးကာ အိမ်ရှေ့တွေမှာ လျှောက်ကပ်ကြနဲ့ အပျော်တမ်းစနောက်ကာ ဆော့ကစားကြသည်။မိုးလင်းရင် ကိုယ့်အိမ်က ပစ္စည်း သူများအိမ်ရောက် သူများဆီက ပစ္စည်း ကိုယ်ဆီရောက် ပြန်ရှာပြီးလဲကြ၊ မကျေနပ်တဲ့သူတွေက ပွစိပွစိလုပ်ကြ၊ တချို့ကြတော့ ပြုံးစိစိနဲ့ ကိုယ်ပစ္စည်းကိုယ်ရှာကြနဲ့ တကယ်ကို ပျော်စရာဓလေ့တစ်ခုပါဘဲ။ယခင်ကတော့ အပျာ်သဘောမျိုးနဲ့ ဆော့ကစားကြတာပါ။တကယ့်တန်ဖိုးကြီး ပစ္စည်းတွေကိုလဲ ✖️မခိုးသလို၊အိမ်တွေထဲထိလဲ လိုက်✖️မခိုးပါဘူး အိမ်ပြင်မှရှိတဲ့ ပစ္စည်းတွေကိုသာ ပြောင်းရွေ့ကြတာပါ။ဒီဘက်ခေတ် ရောက်လာတော့ ဒီချစ်စရာအလေ့အထကို အခွင့်ကောင်းယူပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို တကယ်😔ခိုးလာကြတယ်။သူများအိမ်ရှေ့‌တွေ လမ်းတွေမှာလဲ ရုပ်ပျက်ဆင်းပျက် ဖြစ် ပြောင်းရွေ့ထားတာ ‌ပေါက်ကရစာတွေလျှောက်ကပ်ကြတာ လမ်းတွေ သွားလာမရအောင်ပိတ်စို့ထားတတ်ကြတယ်။အပျော်ကနေ အပျက်ဘက်ကို ဦးတည်လာကြတယ်။ ချစ်စရာဓလေ့ကို အကျဉ်းတန်လာအောင် ပြုလုပ်လာကြတယ်။နှောင်းလူတွေလဲ ဒါမျိုးတွေမဖြစ်အောင် ချစ်စရာဓလေ့အတိုင်း ကစားကြပါနော်👌

အထက်ပါအချက်များသည် ဖတ်မိသမျှ စာအုပ်၊စာစောင်၊ကြားဖူးနားဝတို့ကို ပေါင်းကာ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။အရင် ကျီးမနိုးအကြောင်းရေးဖူးတဲ့သူတွေ များကိုလဲ Credit ပေးပါတယ်။Photo လဲ Credit ပေးပါတယ်။



300 ks ကနေ 10000 Ks ထိ 150000 ဖိုးမဲဖောက်ပြီး မင်မင် မှ မုန့်ဖိုးထည့်ပေးလိုက်ပါတယ်ရှင် Ygn Page ရော NPT Page မှာပါ မုန့်...
01/11/2020

300 ks ကနေ 10000 Ks ထိ 150000 ဖိုးမဲဖောက်ပြီး မင်မင် မှ မုန့်ဖိုးထည့်ပေးလိုက်ပါတယ်ရှင် Ygn Page ရော NPT Page မှာပါ မုန့်ဖိုးရသွားတဲ့သူတွေ comment မှာ ပြောခဲ့ပေးပါနော်.... 💞

🏮 Secret Diary Travels and Tours မှ သီတင်းကျွတ် မုန့်ဖိုးလေး ပေးချင်ပါတယ်ရှင့် 🏮🍁 Admin ကိုယ်တိုင် KBZ Pay နဲ့ မုန်ဖိုးလ...
01/11/2020

🏮 Secret Diary Travels and Tours မှ သီတင်းကျွတ် မုန့်ဖိုးလေး ပေးချင်ပါတယ်ရှင့် 🏮

🍁 Admin ကိုယ်တိုင် KBZ Pay နဲ့ မုန်ဖိုးလိုက်ထည့်ပေးမှာပါ‌နော် 💕

🦋 Page ကို Likeလုပ်ထားပေးပြီး
🦋 ဒီ Post ကို Like & Public Share လုပ်ထားရပါမယ်နော် ပြီးရင်
🦋 Kpay QR code လေးကို Comment မှာမန့်ပေးပါ ရှင်

💕ကံထူးရှင်များကို Admin ကိုယ်တိုင် ဒီည ၁၂နာရီမှာ မုန့်ဖိုးလေးတွေ လိုက်ထည့်ပေးပါ့မယ်ရှင် 💕

ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေလို့ Secret Diary Travels and Tours မှ ဆုမွန်တောင်းပေးလိုက်ပါတယ်ရှင် 🏮

🪔သီတင်းကျွတ်🪔 အချိန်အခါ မှာစိတ်၏ ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်းနှစ်ဖြာသော မင်္ဂလာ အပေါင်းနှင့်ပြည့်စုံ၍ ကပ်ဆိုးပေါင်းစ...
31/10/2020

🪔သီတင်းကျွတ်🪔 အချိန်အခါ မှာ
စိတ်၏ ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်းနှစ်ဖြာသော မင်္ဂလာ အပေါင်းနှင့်ပြည့်စုံ၍ ကပ်ဆိုးပေါင်းစုံမှလွတ်မြောက်ပြီး ချစ်ခင်သူအပေါင်းနဲ့ သက်ဆုံးတိုင် ပျော်ရွှင်စွာနေထိုင်နိုင်ပါစေလို့ Secret Diary Travel &Tours မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🙏🙏🙏

Photo Crd:

🚗အိမ်က အုပ်ထိန်းသူတွေမပါဘဲနဲ့ ပထမဆုံးသွားဖူးတဲ့ ခရီးစဉ်က ဘယ်ခရီးများလဲ? 🤷မှတ်မိသေးရဲ့လား?
14/10/2020

🚗အိမ်က အုပ်ထိန်းသူတွေမပါဘဲနဲ့ ပထမဆုံးသွားဖူးတဲ့ ခရီးစဉ်က ဘယ်ခရီးများလဲ? 🤷မှတ်မိသေးရဲ့လား?

10/10/2020

ကျောက်ဆည်မြို့လေးရဲ့အစည်းကားဆုံး သီတင်းကျွတ်လ ရိုးရာဆင်ပွဲတော် 💕

ဟိုးအတိတ်ကိုဘဲ ကြည့်မလား?လက်ရှိ ပစ္စုန်ပ္ပန်ကိုဘဲ ကြည့်မလား?သဗ္ဗညုဘုရားကြီးကတော့ ခန်းနားစွာတည်ရှိနေတုန်းဘဲ💕💕💕Photo Credi...
01/10/2020

ဟိုးအတိတ်ကိုဘဲ ကြည့်မလား?
လက်ရှိ ပစ္စုန်ပ္ပန်ကိုဘဲ ကြည့်မလား?
သဗ္ဗညုဘုရားကြီးကတော့ ခန်းနားစွာတည်ရှိနေတုန်းဘဲ💕💕💕

Photo Credit:

💕မိုလိုပိုလီ နဲ့ ဖူးစာရှင်နေတဲ့အရပ်ကိုရှာကြမယ်💕🏁ကဲကဲ ဒီတစ်ခါ Secret Diary နဲ့အတူ အပျော်တမ်းဂိမ်းလေးတစ်ခုလောက်ဆော့ကြမယ်နေ...
21/09/2020

💕မိုလိုပိုလီ နဲ့ ဖူးစာရှင်နေတဲ့အရပ်ကိုရှာကြမယ်💕

🏁ကဲကဲ ဒီတစ်ခါ Secret Diary နဲ့အတူ အပျော်တမ်းဂိမ်းလေးတစ်ခုလောက်ဆော့ကြမယ်နော်💕

🎮ဂိမ်းကစားနည်း🎮

အောက်မှာပေးထားတဲ့ တိရိစ္ဆာန်တွေထဲက ကိုယ်နှစ်သက်တဲ့ တိရိစ္ဆာန်လေးတစ်ခုကို ရွေးပေးပါ
🐩🐁🐈🐇🐉🐑🐅🐍🦊🙊🐺🐻🐷🐮🐈🐻🐸🐁🐖🐎🐒🐐🐆🐫🐘🕊️🦜🐣🐤🐔🐥🐬🦈🦐🐌🐝

🐼ဝက်ဝံ
🐈ကြောင်
🐀 ကြွက်ဖြူ
🐯ကျား
🕊️စင်ယော်
🦒သစ်ကုလားအုတ်
🐍မြွေ
🐆ကျားသစ်
🐇ယုန်
🐕ခွေး
🦡ပူး
🦌သမင်
🐎မြင်း
🐖ဝက်
🐄နွား
🐬 လင်းပိုင်
🦜ကြက်တူရွေး
🦅သိမ်းငှက်
🐳 ဝေလငါး
🦓မြင်းကျား
🐩သိုး
🦭ဖျံ
🦆ဘဲ
🐔ကြက်
🐉နဂါး
🦘သားပိုက်ကောင်
🙉မျောက်
🦝မြေခွေး
🐐ဆိတ်
🐘ဆင်
🐝ပိုးစုန်းကြူး
🐢လိပ်
🦋လိပ်ပြာ
🦚ဒေါင်း
🦁ခြင်္သေ့
🐺ဝံပုလွေ
🦛ရေမြင်း
🦉ဇီးကွက်
🐪ငှက်ကုလားအုတ်

ရွေးပြီးပြီဆိုရင် ကိုယ်ရွေးထားတဲ့ အကောင်လေးတွေရဲ့ နံမှတ်ကို အောက်မှာရှာပေးနော်😍

ဝက်ဝံ = 34
ကြောင် = 31
ကြွက်ဖြူ = 6
ကျား = 37
စင်ယော် = 15
သစ်ကုလားအုတ် = 1
မြွေ = 22
ကျားသစ် = 27
ယုန် = 21
ခွေး = 39
ပူး = 38
သမင် = 12
မြင်း = 9
ဝက် = 23
နွား = 10
လင်းပိုင် = 3
ကြက်တူရွေး = 14
သိမ်းငှက် = 19
ဝေလငါး = 18
မြင်းကျား = 26
သိုး = 33
ဖျံ = 17
ဘဲ = 4
ကြက် = 20
နဂါး = 24
သားပိုက်ကောင် = 30
မျောက် = 32
မြေခွေး = 25
ဆိတ် = 28
ဆင် = 8
ပိုးစုန်းကြူး = 2
လိပ် = 13
လိပ်ပြာ = 11
ဒေါင်း = 29
ခြင်္သေ့ = 16
ဝံပုလွေ = 7
ရေမြင်း = 35
ဇီးကွက် = 36
ငှက်ကုလားအုတ် = 5

နံမှတ်လေးရပြီဆိုရင်တော့
👇အောက်က မိုလိုပိုလီ ပုံလေးထဲမှာ
👉 စထွက်ကနေ ကိုယ့် နံမှတ်လေး ရေတွက်သွားပေးပါ ။ကိုယ်နံမှတ်လေးရောက်သွားတဲ့မြို့က ကိုယ်ဖူးစာရှင်ရှိတဲ့🌇မြို့လေးပါဘဲနော်။

ဥပမာ -ကိုယ့်နံမှတ်က-6 ဖြစ်ခဲ့ရင် ကိုယ့်ဖူးစားရှင်က ငပလီ မှာပါ။

🚩အကယ်၍ ကိုယ့်နံမှတ်ကိုရေတွက်ကြည့်လို့ ကံ /ပဟေဠိ ❓ကျခဲ့ရင် နောက်ထပ် ကိုယ်ကြိုက်တဲ့ အကောင်တစ်ကောင်ကိုထပ်ရွေးပြီး ပြန်ဆော့ပေးပါ 🎲🎮🧩🪀🎰

🚩ထောင်/ထောင်ကျစေ ကြခဲ့ရင်တော့ ဒီတစ်သက် လူပျို အပျိုကြီး🙅ဖြစ်မဲ့သူတွေပါဘဲ

🚩အခမဲ့တည်ခိုးခန်းကြခဲ့ရင်တော့ ခရီးတွေသွားရင်း🧳နဲ့ ကိုယ့်တည်းမဲ့ 🏩ဟိုတယ်မှာ ဖူးစာရှင်တွေ့ပါလိမ့်မယ်

🚩 ရန်ကုန် ဘူတာ🛤️ ကြခဲ့ရင် ကိုယ့်ဖူးစားရှင် နှင့်ဘူတာရုံမှာ အမှတ်မထင် တွေ့ဆုံလိမ့်မယ်

🚩အမြတ်ခွန် ကြခဲ့ရင် ကိုယ့်ဖူးစားရှင်က အမြတ်ခွန်ရုံး🏬မှာပါ

🚩မင်္ဂလာဒုံလေဆိပ်✈️ ကြခဲ့ရင်တော့ ကိုယ့်ဖူးစာရှင်က နိုင်ငံခြားသား နိုင်ငံခြားသူလေးတွေ ဖြစ်နေလိမ့်မယ်🥰

🚩လျှပ်စစ် ဆိုရင်တော့ လျှပ်စစ်ရုံးက ကိုကို၊မမတွေပေါ့🏭

🚩 ဧရာဝတီ ဆိုရင် ဧရာဝတီ ဆိပ်ကမ်းကို လာမယ့် သင်္ဘောသား ချောချောလေးတွေ ဖြစ်လိမ့်မယ်🚢

🚩ဟီးနိုးကား ဆိုရင် ကိုယ်နေတဲ့မြို့ရဲ့ အဝေးပြေးကားဂိတ်🚌 မှာ ခရီးသွား တွေနဲ့ ဖူးစာဆုံနိုင်တယ်နော်

🚩ဂျိုးဖြူပိုက်ဆိုရင် ရေအားလျှပ်စစ်ငှာန 🌉မှာရှိပါလိမ့်မယ်

ဒီလိုဆိုရင် ဒီအပျော်တမ်းဂိမ်းလေး ဘယ်လိုဆော့ရမလဲ ဆိုတာ သိပြီပေါ့နော်😍😍

ကဲ မိုလိုပိုလီထဲကနေ ကိုယ့်ဖူးစာရှင်😍ရှိမယ့်နေရာကို ရှာကြည့်လိုက်ပါအုံးနော်👣

🏔️တောင်တွေပတ်လည်ဝိုင်းနေတဲ့မြို့🏞️ဂူတွေ‌မြောက်များစွာဖြစ်တည်နေတဲ့မြို့🌅ကန်တွေရေတံခွန်တွေ ရှိနေတဲ့မြို့🏝️တောင်တိုင်း ဂူတိ...
17/09/2020

🏔️တောင်တွေပတ်လည်ဝိုင်းနေတဲ့မြို့
🏞️ဂူတွေ‌မြောက်များစွာဖြစ်တည်နေတဲ့မြို့
🌅ကန်တွေရေတံခွန်တွေ ရှိနေတဲ့မြို့
🏝️တောင်တိုင်း ဂူတိုင်းမှာ ဘုရားစေတီတွေ ရှိတဲ့မြို့
🥗လည်ပတ်စရာတွေများပြီး အစားအသောက်ပေါတဲ့မြို့

💜ဟုတ်ပါတယ် အဲ့ဒါ ဟိုး ...တိုင်းတပါးပြည်ဖြစ်တဲ့တရုတ်ပြည်ကိုဖြတ်ပြီးမြန်မာပြည်ကမြို့များစွာကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်ကြီးပေါ် မေးတင်ထားတဲ့ ကရင်ပြည်နယ်ရဲ့မြို့တော် ဘားအံမြို့လေးပါဘဲ💜

💜ဘားအံလို့ပြောလိုက်ရင် ကျဉ်းကျဉ်းလေးလို့ထင်တတ်ကြတယ် လည်ပတ်စရာတွေအများကြီးမရှိဘူးလို့လဲ ထင်ကြတယ်။ တကယ်ဆိုရင် ဘားအံမြို့ကို စုံစိအောင် လည်မယ်ဆိုရင် 2ညအိပ် 3ရက်လောက်မှ လည်စရာတွေကုန်ပါလိမ့်မယ်💜

🛺ဘားအံက လည်ပတ်စရာနေရာတွေကို ပြောပြပေးမယ်နော်
ကိုယ် ဘယ်နှခုရောက်ပြီးပြီလဲဆိုတာ ကြည့်ကြည့်ပေါ့နော်👌

1.‌ရွှေယဉ်မျှော်ဘုရား
2.ဘုရင့်ညီဂူ
3.ရသေ့ပျံဂူ
4.ကော့ဂွန်းဂူ
5.ဆဒ္ဒန်ဂူ
6.ကော့ကသောင်ဂူ
7.လင်းနို့ဂူ
8.သဘာဝရေလိုဏ်ဂူ
9.ဣစ္ဆာသယလိုဏ်ဂူ
10.ဇွဲကပင်တောင်
11.တောင်ဝိုင်းတောင်
12.ကြာအင်းတောင်
13.ဖားပုတောင်
14.ဖားပြတောင်
15.မိဇံတောင်
16.ကျောက်ကလပ်
17.ချစ်သူမြိုင်
18.သံဝေဇနိယဗုဒ္ဓဂါယာ
19.လုမ္မနီဥယျာဉ်
20.ထွန့်ပတိုင်
21.ကျုံထော်ရေတံခွန်
22.ကန်သာယာကန်
23.လွန်းညရေပြာအိုင်
24.ဘားအံညဈေး

🏞️ဒါ့အပြင် တခြားတောင်တွေ ဂူတွေရှိပါသေးတယ်
(ဥပမာ -မိကရင်တောင်၊ဖားကပ်တောင်၊ဖားမဲတောင်၊ထောင်ဝိတောင်၊ထမင်းဆုတ်တောင် စသည့်ဖြင့်ရှိပါသေးတယ် ။ဒါပေမဲ့အဲ့တောင်တွေက လူအရောက်အပေါက်အလွန်း‌နည်းပါတယ်)
💕ကဲကဲ ကိုယ့်ကိုကိုယ် မေးကြည့်ပါအုံး ကိုယ် ဘယ်နှခုရောက်ဖူးပြီးပြီလဲလို့💕

Address

Naypyidaw

Telephone

+959788634556

Website

Alerts

Be the first to know and let us send you an email when Secret Diary Travels & Tours - Nay Pyi Taw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Secret Diary Travels & Tours - Nay Pyi Taw:

Share

Category


Other Travel Companies in Naypyidaw

Show All