PYAE - Travel Service

PYAE - Travel Service ပြည့် - ခရီးသွား ဝန်ဆောင်မှု
နေပြည်တော်။
09 949 154 556
09 787 177 061

ကျွန်တော်တို့သည် နေပြည်တော် အခြေပြုခရီးသွားလုပ်ငန်း အေဂျင်စီ ဖြစ်ပါသည်။
နေပြည်တော်မှ
(က) တောင်ကြီးခရီးစဉ် ( အောင်ပန်း-ကလော-အင်းလေး-ရွာငံ-ပင်းတယ-တောင်ကြီး)
(ခ) ပုဂံ-ပုပ္ပါး ခရီးစဉ်
(ဂ) ငွေဆောင်/ချောင်းသာ ခရီးစဉ်
(ဃ) ငပလီ ခရီးစဉ်
စသည့်တို့ကို
တရားဝင် ရုံးပိတ်ရက်များနှင့် ချိန်ညှိ၍ ပြေးဆွဲသွားမည်ဖြစ်ပါသည်။

06/05/2024

မပေါင်းသင်းထိုက်သော ပုဂ္ဂိုလ် (၄)မျိုး
(၁) ကုန်းတိုက်စကား ပြောတတ်တဲ့ ပုဂ္ဂိုလ်
(၂) အမျက် ထွတ်လေ့ ရှိတဲ့ ပုဂ္ဂိုလ်
(၃) သဝန်တို ၊ မနာလိုစိတ် ရှိတဲ့ ပုဂ္ဂိုလ်
(၄) သူတပါး အကျိုးစီးပွား ဖျက်ဆီးတဲ့ ပုဂ္ဂိုလ်
ပေါင်းသင်းထိုက်သော ပုဂ္ဂိုလ် ( ၄ ) မျိုး
(၁) ကံ အကျိုးကို ယုံကြည်တဲ့ ပုဂ္ဂိုလ်
(၂) ချစ်အပ်တဲ့ သီလနဲ့ ပြည့်စုံသော ပုဂ္ဂိုလ်
(၃) ပညာနဲ့ ပြည့်စုံသော ပုဂ္ဂိုလ်
(၄) အကြားအမြင်ဗဟုသုတ များတဲ့ ပုဂ္ဂိုလ်
အာနန္ဒတ္ထေရ ဂါထာ
Phyo Wae
2:03
6/5/2024

20/11/2023
19/11/2023
19/11/2023
18/11/2023
17/11/2023
15/11/2023
15/11/2023
15/11/2023
13/11/2023

ြမန်မာြပည်မှာေနြပီး တောင်ကြီး ပွဲ ( မီးပုံပျံပွဲ) မရောက်ဖူးရင်
မြန်မာပြည်သား မဟုတ်သေးဘူးလို့ ပြောရမှာပဲ ....
ဒီနှစ်ရဲ့ ထူးခြားချက်က
အစမ်းပွဲတိုးတွေ မပါဝင်ပဲ တကယ့်နာမည်ကြီးအသင်းတွေ
ပညာရှင် အသင်းတွေကိုပဲ ပါဝင်ယှဉ်ပြိုင်ခွင့်ပေးထားတဲ့အတွက်
ပို ထူးခြားမယ် ... ပိုလှမယ် .... အပျက်အဆီး နည်းမယ် ...
ဒါကြောင့် ဒီနှစ်ကိုတော့ လာကြည့်စေချင်ပါတယ် ....
ဦးတင့်ဆွေ (ယမ်းချိန် တာဝန်ခံ)
နေပြည်တော်ကနေ သွားချင်ရင် ကျွန်တော်တို့ကို ဆက်သွယ်ပါ ...။

 #တောင်ကြီးတန်ဆောင်တိုင်ညလည်ပတ်မည့် ဧည့်သည်များ အတွက်သတိပြုရန် (***ဧည့်သည်) #ဒီနှစ်ပွဲတော်ရက် စောပါတယ်Nov 21 ရက်ကနေ 27 ရ...
12/11/2023

#တောင်ကြီးတန်ဆောင်တိုင်ညလည်ပတ်မည့် ဧည့်သည်များ အတွက်သတိပြုရန် (***ဧည့်သည်)
#ဒီနှစ်ပွဲတော်ရက် စောပါတယ်
Nov 21 ရက်ကနေ 27 ရက်အထိ
(1) ဘွတ်ဖိနပ် မဖြစ်မနေ စီးစေချင်ပါတယ်။ ပြီးတော့ တချို့နှစ်တွေ တော်တော်အေးလို့ မာဖလာ(သို့) ခြုံသဘက်များ ဆောင်ပေးပါ။ ပွဲခင်းထဲ ထိုင်ရန် ယိုးဒယားဖျာ များယူသွားနိုင်ပါသည်။ ပွဲခင်းထဲတွင် ဇာလာအိတ်များ ရောင်းသည်။
(2)ပွဲတော်ထဲတွင်း ရောင်းသောဆိုင်များတွင်ဖြစ်နိုင်ရင် မဝယ်စားပါနဲစျေးအရမ်းကြီးလွန်းပါတယ် ဆိုင်ခန်းခ စျေးကြီးသောကြောင့်ဖြစ်ပါတယ် ပွဲလည်ပြီးတာနဲ ညစျေးမှာ ဝင်စားလိုက်ပါညလုံးပေါက်ဖွင့်ပါတယ်
(2) မိန်းကလေးများ ကုတ်အကျီအရှည်ဖြင့် လည်ပတ်လျှင်ပို၍သင့်တော်ပါမည်။ မိမိ မိန်းကလေးအဖွဲ့မှာ အနည်းဆုံး ယောက်ကျားလေး နှစ်ယောက် (သို့) အဒေါ်အရွယ် များပါ လျှင် ပိုကောင်းပါမည်။ ခါးပတ်နိူက် သတိပြုပါ။ မီးပုံးပျံ လွှတ်တင်ခြင်း အချိန်ဇယားယူထားပါ။ တည ပျမ်းမျှ 12 လုံးခန့်လွှတ်တင်သည်။ စိန်နပန်း (မီးပုံးဖြင့်အလှဆင်) နှင့် ညမီးကြီး(မီးရူးမီးပန်း) အမြိုးအစားတှကေ ညလွှတ်များဖြစ်သည်။
(3) လမ်းပိတ်သောကြောင့် ကားနှင့်သွားသော ဧည့်သည်များ စောစော ပွဲခင်းသို့ သွားသင့်သည်။ ၆ နာရီ ၇ နာရီခန့် ။ ဖွင့်ပွဲနေ့တွင် 3 နာရီ ခန့်အရောက်သွားမှ အဆင်ပြေပါလိမ့်မယ်နော်။အဖိတ်နေ့နဲလပြည့်နေ့ကားနဲသွားမယ်ဆို နေ့လည် ၁၂နာရီလောက်ကတည်းကသွားမှ အဆင်ပြေပါ့မယ်(နောက်ကျရင်မိုးလင်းသွားမယ် ကွင်းထဲမရောက်ဘူးဖြစ်မယ်) ။တောင်ပေါ်ဒေသ၏ ယဉ်ကျေးမှု ရိုးရာအလှ အကများမြင်တွေ့နိုင်တဲ့ အရမ်းလှတဲ့ဖွင့်ပွဲကို မလွတ်ပါစေနှင့်။(တကယ်လှ လွန်းလို့ပါ) လူကွဲသွားပါက ပြန်ဆုံရန် ပွဲခင်းထဲတွင် ဆုံမှတ် တခုသတ်မှတ်ပါ။
(4) ပွဲစျေးလမ်းတလျောက် သိပ်မငေးဖို့ အကြံပေးပါရစေ။ ကိုယ့် အဖော်လက်ကို တွဲထား၊ ပခုံးဖက်ပြီး သွားပါ။ လူကြပ်သောနေရာများတွင် မီးရထားလို ပုံစံ လုပ်ပြီးသွားကြသည်။သွားမှရသည်။
(5) ညမီးကြီး မီးပုံးပျံ လွတ်တင်ရန်အနေအထားတခုတွင် သင်က လေလမ်းကြောင်း၏ ဆန့်ကျင်ဘက်တွင် နေပါ။( လေလမ်းကြောင်းအား မီးစာ၊ မီးဇော် အငွေ့များ မြူနှင်းအားများ ကြည့်ခြင်းဖြင့်သိနိုင်သည်။) အိပ်နေသူများအား နိုးပါ သတိရှိပါ။ ညမီးကြီး ၏မီးရူးမီးပန်းများ ကိုယ့်ဆီအနီးကပ်လာဝှန်းပါက အပေါ်ကြည့်၊ အောက်ကြည့်၊ လှည့်ကြည့်လျက် ပြေးပါ။ ကျောပေးပြီး လျှောက်မပြေးပါနှင့်။(ကျနော် ကျောပေးပြီး ပြေးခဲ့တုန်းက အနွေးထည် အင်ကျီ မီးရူးမှန်ပေါက်ပြဲပြီး အပေါ်မကြည်ဘဲ ပြေးသောကြောင့် မီးပုံးပျံက ကိုယ့်ခေါင်းပေါ်တည့်တည့်ရောက်နေတာမျိုး:D)။ မရယ်နှင့် တကယ်ကြုံလာရင် သွေးရူးတမ်းရူးလျောက်ပြေးကြတာ။ စိန်နပန်းမီးပုံးပျံက တော့ အန္တရယ်နည်းပြီး အနီးကပ်ကြည့်နိုင်ပါတယ်။
(6) လောင်းကစားဝိုင်းရှိတယ် အပျော်တမ်းလောက်တာကောင်းသည်။ လောင်းကစား အစား ဒေသ အစားအစာများ၊ အဝတ်အထည်များ၊ စျေးသည်လေးများအား အားပေးဝယ်ယူသုံးဆောင်ခြင်းဖြင့် သင့်လာရောက်လည်ပတ်သောဒေသအား အထောက်အကူပြုပါစေ။
(7) အဖိတ်နေ့နှင့် လပြည့်နေသည် လူများသောကြောင့် ကြုံဖူးမှ သိလိမ့်မယ် တညတည လူပျောက်ကြေငြာတွေ ရာချီ ပြန်ကြားရေးအဖွဲ့မှ အော်ပေးနေရသည်။ လူများပါက ဦးဆောင်သူ လူတလောက်အား မိုးပျံပူပေါင်းကိုင်စေခြင်းဖြင့် လူမပျောက်အောင် လုပ်ပါ (သို့) တယောက်နှင့် တယောက် လက်တွဲခြင်း နောက်ဖက်မှ ပခုံးတွဲခြင်းများလုပ်ပါ။ ( ဖုန်းလိုင်းကြပ်သောကြောင့် လူပျောက်လျှင်ရှာရခက်သည်။ ပြန်ကြားရေးတို့ အကူအညီတောင်းနိုင်သည်၊)
(😎 တတ်နိုင်သလောက် သူများခြေထောက်မနင်းမိပါစေနှင့်။ ပခုံးမတိုက်မိပါစေနှင့် ။အထူးတဖြင့် ယောက်ကျားလေးများ ပခုံးတိုက်မိလျှင်လဲ နောက်ပြန်လှည့်မကြည့်ပါနှင့်။ပြဿနာ လာရှာပါက ရှောင်ပါ။ သင်ငေးလျှင် သင့်နောက်လူ က သင့်ဖိနပ် ဖွေးဖွေးအား နင်းလိမ့်မည်။
(9) အစားလျော့စားပါ။ ရေလျော့သောက်ပါ။မိန်းကလေးများ အပေါ့အလေး သွားဖို့ ခက်ခဲပါသည်။ ဝေးလံသည်။ယောက်ကျားလေးများ လျော့သောက်ပါ အမူးမလွန်စေနှင့်။ မသောက်လျှင်အကောင်းဆုံးပေါ့။
(10) မီးပုံးပျံ အဖွဲ့များအားမသိလျှင် ဝင်မရောပါနှင့်။ လမ်းမှာတွေ့ပါစေ ပွဲခင်းထဲတွေ့ပါစေ ယမ်းခွေကား အနီး မကပ်ပါနှင့်။မီးပုံပျံ အဖွဲ့များ ကြိုးကွင်း၍သွားလေ့ရှိသည်။ ကြိုးကွင်းထဲ မဝင်ပါနှင့် ၄င်းတို့အနီးဆေးဆိပ် မသောက်ပါနှင့်။ တောင်ပေါ်သားများ၏ ဖော်ရွှေမူသည် ကြိုးကွင်းအထဲတွင် ခြွင်းချက်ဖြစ်သည်။ စပ်စုနိုင်သည် လေ့လာနိုင်သည်။ အိုးစည်ဗုံးမောင်းများကြား ပျော်ရွှင်စွာ သင် နွဲပျော်နိုင်သည်။ကြိုးစည်းဝိုင်းထဲတော့ မဝင်ပါနှင့်။(အရိုက်ခံရမယ်)
(11) မီးပုံပျံ တလုံးကို လူအယောက်နှစ်ဆယ်ခန့် ၄ လ၅လ ခန့်အချိန်ယူရသည်။ ပင်တိုင် အဖွဲ့ဝင်များသည် နေ့မနား ညမအိပ် လုပ်ရသည်။ လူကော စိတ်ပါပင်ပန်းရပြီ အသက်အန္တရယ်များလှသည်။ စည်းနှင့်ကမ်းနှင့် လုပ်ကြရပြီ အမှားမခံ ကြပါဘူး။ တခုခုဖြစ်ခဲ့သော် ၄င်းတို့သည် စိတ်အလွန်ထိခိုက်ပြီး ဒေါသထွက်နေသောကြောင့် ဝေးဝေးနေပါ။
(13)သူတို့မီး တစ်ခုခု ဖြစ်လို့ ဝမ်းနည်းပူဆွေးနေတဲ့အချိန် က တာတို့ စောင့်းမြောင်းပြောတာတို့ မြောက်ကြွ မြောက်ကြွ လုပ်တာတို့ သွားမလုပ်ပါနဲ ပျားအုပ်ကို တုတ်နဲထိုးသလိုဖြစ်ပြီး ဆွမ်းအကြီးကြီးအလောင်းခံရပါမယ်(လွှတ်အောင်ပြေးပေတော့)
တန်ဆောင်တိုင်ပွဲက အရမ်းကိုပျော်ရွှင်ဖို့ကောင်းတဲ့ ပွဲပါ။ မြေပြန့့်က ဧည့်သည်များအတွက် အန္တရယ်မဖြစ် စေလိုသောကြောင့် သတိပိုသည်မရှိဆိုသည့်အတိုင်း ရေးရခြင်းသာဖြစ်ကာ အရမ်းလဲ မစိုးရျိမျကွပါနှငျ့။ ပွဲလည်ဖို့ စည်းကမ်းမလိုပါဘူး။ လုပ်သင့်တာ မလုပ်သင့်တာတော့ သိထားတော့ လည်လို့ကောင်းတာပေါ့။
# # #

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော် ခရီးစဉ်(နေပြည်တော် - ကလော - အင်းလေး - ရွာငံ - ပင်းတယ - တောင်ကြီး) ===========...
11/11/2023

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော် ခရီးစဉ်
(နေပြည်တော် - ကလော - အင်းလေး - ရွာငံ - ပင်းတယ - တောင်ကြီး)
============================
(၁၂)လရာသီပွဲတော်တွေထဲက နာမည်ကြီးပွဲတော်တစ်ခု ဖြစ်ပြီး
တစ်နိုင်ငံလုံး စိတ်ဝင်တစား စောင့်ကြည့်ကြလေ့ရှိတဲ့
လှပအေးချမ်းသော တောင်ကြီးမြို့ရဲ့ ညအလှကို ...၊
ခမ်းနားကြီးကျယ်တဲ့ မီးပုံပျံ ပွဲတော်ကို ...၊
အလှလွှတ်၊ညမီးကြီး၊စိန်နားပန် စတဲ့ မီးပုံးပျံအလှတွေကို
ကိုယ်တိုင်သွားရောက်ပြီး ….
မျက်ဝါးထင်ထင် ခံစားကြည့်ရှုချင်ပါသလား..
ကျွန်တော်တို့နဲ့ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါရစေ ....။....
နေပြည်တော်မှ
25 ရက်နေ့ မနက်ထွတ်
27 ရက်နေ့ ညပြန်ရောက်
( ၂ ညအိပ် - ၃ ရက် )......
ရောက်ရှိမည့် နေရာများကတော့
(၁) စူဌ္ၓာမဏိ
(၂) ရွှေမုတ်ဓော
(၃) ရွှေဘုန်းပွင့် ပတ္တမြားလိုဏ်ဂူ
(၄) တောင်ကြီး မြို့မဈေး
(၅) ထမ်းဆမ်းဂူ
( ၆) မွေတော်ကက္ကူ
(၇) အိုးစည်တောင်
(၈) နှီးဘုရား
(၉) ကလောဘူတာ
(၁၀) ကလော နာရီစင်
(၁၁) ဗျိုက်တောင်
(၁၂) မြင်းမထိဂူ
(၁၃) ကလော အမှတ်တရ ဈေးတန်း
(၁၄) ဘဝသံသရာ တံတား/ရထားလမ်း
(၁၅) သီခေါင်တောင် View Point
(၁၆) ဖောင်တော်ဦး
(၁၇) အလိုတော်ပေါက်
(၁၈) ငါးဖယ်ချောင်း ကျောင်း
(၁၉) ယက်ကန်းရုံ
(၂၀) ရွှေဥမင်
(၂၁) ကုံလုံဆရာတော်ကြီးကျောင်း
(၂၂) မိန်းမရဲ သခင်မတောင်
(၂၃) ရေပြာအိုင်
(၂၄) ဂဏန်းကျရေတံခွန်............................
လက်မှတ်ခထဲမှ အပြီးအစီးရမယ့် ၀န်ဆောင်မှုများက
(က) အစားအသောက်စရိတ်
25 ရက်နေ _____+ နေ့လည်+ညစာ
26 ရက်နေ့ မနက်+ နေ့လည် + ညစာ
27 ရက်နေ့ မနက် + နေ့လည်
စုစုပေါင်း အစားအသောက် (၇) ကြိမ်
( နာမည်ကြီး ထမင်းဆိုင် နှင့်
ဟိုတယ် ဘူဖေး အပါ )
(ခ) တည်းခိုစရိတ်
ဟိုတယ် ( ၂ ) ည အိပ်
(ဂ) တဆင့်သွား ခရီးစရိတ်များ နှင့် ဝင်ကြေးများ
အင်းလေးစက်လှေခ ၊
ဂဏန်းကျရေတံခွန် ဝင်ကြေး
ပင်းတယ/အိုးစည်တောင်/တောင်ကြီး တောင်ပေါ်
တောင်တတ်ခများ
စတဲ့ စားစရိတ်၊ နေစရိတ်၊ တဆင့်စရိတ်တွေ
ပါဝင်ပြီး ဖြစ်ပါတယ် ...။
၄င်းအပြင် ရေသန့်၊ တာဝါ၊ ဆေးဝါး၊ အဆာပြေမုန့်
အစရှိသည်တို့လည်း လက်မှတ်ခတွင် ပါဝင်ပြီး ဖြစ်ပါတယ် ....။....
လူတစ်ဦးလျှင်
ငွေကျပ် နှစ်သိန်းခွဲ ( 249,999/- ကျပ် )
ကျသင့်မှာ ဖြစ်ပါတယ် ...။
အသက် (၅) နှစ်အောက် ကလေး ငယ်များအတွက်
လက်မှတ်ဖြတ်စရာ မလို့ပါဘူး ခင်ဗျာ့ ....။ ........
လက်မှတ်ခတွင် မပါဝင်သော စရိတ်များ
25.11.2023 အသွားလမ်း ခတ္တနား မနက်စာ
27.11.2023 အပြန်လမ်း ခတ္တနား ညစာ
ဟိုတယ်အခန်းတွင်းရှိ - အစားအသောက်များ၊
ဟိုတယ်မှ ရယူနိုင်သော အခြားဝန်ဆောင်မှုများနှင့်
အလှူအတန်းပြုလုပ်ရန်၊ လက်ဆောင်ဝယ်ရန် စတဲ့
တစ်ကိုယ်ရေသုံး အသုံးစရိတ်များ မပါဝင်ပါဘူး ခင်ဗျာ့
ခရီးစဉ် ကို
အတွေ့အကြုံရင့် ကားဆရာနှင့် အကူ တစ်ဦး တို့က
ဘေးမသီ ရန်မခအောင် လိုက်လံ ပို့ဆောင်ပေးမှာ ဖြစ်ပြီး
ကျွမ်းကျင် Tour Guide ခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦးတို့က
ဘုရားသမိုင်းကြောင်းများ၊ ဒေသန္တရ ဗဟုသုတများကို ပြောပြရင်း
ဧည့်သည်တော် လူကြီးများ အစစ အရာရာ
အဆင်ပြေစေရန် ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ် ....။....
ကျွန်တော်တို့၏ ခရီးစဉ်တွင် လိုက်ပါဖို့ ဆိုရင်
( တန်ဆောင်တိုင် ပွဲတော်ရက် ဖြစ်နေသည့်အတွက် )
ကြိုတင်လက်မှတ် ဖြတ်ထားမှ သာလျှင်
ထိုင်ခုံနေရာအတွက် စိတ်ချရမှာ ဖြစ်ပါတယ် ....။
လက်မှတ် ကြိုတင် မှာယူလိုပါက 50% ပေးချေရမှာြဖစ်ပြီး
ကျန် 50% ကို ခရီးထွတ်မည့်
၂၅ ရက်နေ့ မနက်(ကားပေါ်ရောက်)တွင်
ပေးချေရမှာ ဖြစ်ပါတယ် ...။....
[ ခရီးစဉ်ကို စိတ်ဝင်စားမှု ရှိပါက ...
မိသားစု၊ ချစ်ခင်သူ သူငယ်ချင်း မိတ်ဆွေ တွေကို ပြသရန်နှင့်
ကိုယ်တိုင် ပြန်ကြည့်ရန်အတွက် ဒီပို့စ်လေးကို ss ရိုက်ပြီး
သိမ်းထားသင့်ပါတယ် ....။ ] ..
လက်မှတ်ခကို K-pay, WaveMoney, Bank Account တို့ဖြင့်
ပေးချေနိုင်ပါတယ် ....။
ခရီးစဉ် အသေးစိတ် စုံစမ်းရန်နှင့် လက်မှတ်ဖြတ်ရန်အတွက်
09 787 177 061 ( Viber )
09 949 154 556
Facebook Messenger (CB)
တို့တွင် ဆက်သွယ် စုံစမ်းနိုင်ပါတယ် ....။

ခရီးသွားသင့်ခြင်းအကြောင်းခရီးသွားတာ ပိုက်ဆံဖြုန်းတာပဲ ။ အပိုတွေကုန်အောင် လုပ်နေတာ လို့ ဝေဖန်ကြတဲ့သူတွေရှိတယ် ။ အဲဒါကြောင...
10/11/2023

ခရီးသွားသင့်ခြင်းအကြောင်း
ခရီးသွားတာ ပိုက်ဆံဖြုန်းတာပဲ ။ အပိုတွေကုန်အောင် လုပ်နေတာ လို့ ဝေဖန်ကြတဲ့သူတွေရှိတယ် ။ အဲဒါကြောင့် အပြစ်တင်မှုတွေက လွတ်အောင် မြန်မာပြည်မှာဆို ခရီးသွားချင်ရင် ဘုရားဖူးလို့ ခေါင်းစဉ် တပ်လိုက်တာပဲ ထင်တယ် ။ အဲဒီတော့ ဘာမှ ပြောလို့မရတော့ဘူးလေ ။

ကျွန်မကတော့ ခရီးသွားတယ် ဆိုတာ ကိုယ့်ကိုယ်ကိုယ် ညှာတာတဲ့အနေနဲ့ ပျော်ရွှင်ခွင့်ပေးရခြင်းပဲ ။

ကျွန်မ စင်ကာပူမှာ အလုပ်လုပ်တယ် ။ ထိုက်သင့်သလောက် လစာလေးရတယ် ။ သူလိုကိုယ်လိုပါ ။ အရမ်းကြီး များမြောင်နေတာတော့လည်း မဟုတ်ဘူး ။ ရတဲ့ လစာက အိမ်ကို ပေးသင့်သလောက်ပေး၊ ကိုယ့်ဘဝရှေ့ရေးအတွက် စုတန်တာလေး စု ။ အဲဒါတွေက မြန်မာပြည်ကို ပြန်လွှဲရတာ ။ စင်ကာပူမှာကျတော့လည်း လကုန်ရင် အိမ်လခပေး၊ ဖုန်းဘေလ်၊ အာမခံကြေး၊ အခွန်အခတွေပေးရပြန်တယ် ။

တစ်လလုံး အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ပြီး တစ်ခါတလေ စိတ်ဖိစီးလို့ အလုပ်ထွက်ချင်သလိုလို ၊ တောရွာလေးမှာပဲ ပြန်နေချင်တော့သလိုလို ဖြစ်ပေမဲ့ လကုန်လို့ လစာလေးမြင်ရင် စိတ်ပြန်ပျော်လာပြန်ရော ။ ပျော်မယ် မကြံသေးဘူး ။ ခုနကပြောတဲ့ ပိုက်ဆံတွေကို ဟိုလွှဲဒီလွှဲ လွှဲလိုက်တာ ကိုယ့်လက်ထဲ တစ်လသုံးစရာ အနည်းအကျဉ်းလောက် ကျန်တယ် ။ ကိုယ်မြင်လိုက်ရတာက ကိုယ့်ဘဏ်ထဲကို ဝင်လာတဲ့ ကိန်းဂဏန်းလေး တစ်ခုသာပဲ ။ ကိုယ်အကုန်မစားရ ။ ဝင်လာတယ် ၊ ထွက်သွားတယ် တရားမှတ်နေရုံပဲ ။

သုံးတော့လည်း မကုန်သင့်တာမကုန်အောင် သုံးတယ် ။ ခြိုးခြံလွန်းတာတော့မဟုတ်ပေမဲ့ စိတ်ရှိတိုင်း ထင်တိုင်း သုံးနိုင်တာတော့မဟုတ်ဘူးပေါ့ ။

"သြော်.. ငါ့ခမျာ ပိုက်ဆံတွေ ဘယ်လောက်ရရ ၊ ချွေတာရတုန်းပါလား " လို့ တွေးမိရင်

"အခုချွေတာပေမဲ့ နောင်ရေးအတွက်လည်း စုဆောင်းနေတာပဲ ။ အခု ငါ့လက်ထဲမှာသာ မရှိတာ ။ တစ်နေရာရာမှာတော့ ရှိနေပါတယ်လေ" ပေါ့ ... ။ စိတ်ပြန်ဖြေရတာ ။

အဲသည်လိုနဲ့ တစ်ချက်တစ်ချက်မှာ အတွေးဝင်လာတယ် ။

"မသေသေးလို့ ရှင်ရရင် ဆိုတဲ့ အတွေးနဲ့ အနာဂတ်ရေးကိုသာ ပူပင်တွေးတော စီမံနေတာ။ ငါများ ခုနေ ဗြုန်းခနဲ သေသွားရင် ရော .... ဘဝမှာ ကိုယ်ရှာပြီး ကိုယ်မသုံးရတာလောက် ဝဋ်ကြီးတာ မရှိဘူး "

လို့ တွေးမိတော့ ကိုယ့်ဘ၀မှာ ဘာတွေ မလုပ်ရရင် နောင်တရနေမှာလဲလို့ စပြီး တွေးတောမိလာတယ် ။ ။

ရှင်ရေးအတွက်ဆို အနာဂတ်အတွက်တင်မဟုတ် ။ ပစ္စုပ္ပန်အတွက်လည်းတွေးရမယ် ။

ပိုက်ဆံရှာတာ သုံးဖို့ပဲ ။

သုံးဖို့ဆိုလို့ သုံးလိုက်ကြစမ်း ၊ ဖြုန်းလိုက်ကြစမ်း၊ သေရင် ကိုယ့်နောက်ပါတာမဟုတ်ဘူး ... ဆိုပြီး မြှောက်ပေးတာတော့မဟုတ်ပါဘူး ။ အဲလိုလည်း မလုပ်သင့်ပါဘူး ။ မလုပ်ရပါဘူး ။ မသေလို့ နေရရင် ရှင်ရေးဆိုတာကလည်း တွေးရသေးတာပဲ မဟုတ်လား ။

စုတန်တာစု၊ သုံးတာသုံး ။ မျှမျှတတ နေထိုင် ရှင်သန်သင့်တယ် လို့ ဆိုလိုတာ ။

ဒီကြားထဲ ပတ်ဝန်းကျင်ကနေ

"ပိုက်ဆံတွေ ဘယ်လောက်များ စုမိနေပြီလဲ ၊ ဘာစီးပွားရေးတွေ စနေပြီလဲ ၊ အိမ်ဘယ်နှလုံး၊ ကားဘယ်နှစီး ပိုင်နေပြီလဲ" ဆိုတဲ့ မေးခွန်းတွေကြားမှာလည်း ယိုင်လဲ မသွားပါနဲ့ ။

အဲလောက်ကလေးပဲလား ဆိုတဲ့ အကြည့်မျိုးတွေ အောက်မှာလဲ သေးသိမ် မသွားလိုက်ပါနဲ့ ။

ကိုယ်လုပ်နေတာ ခွင်စီးပွားရေးမဟုတ်ဘူး ။ ပေါ်ပင် စီးပွားရေးမဟုတ်ဘူး ။ လာဘ်ပေး လာဘ်ယူ လုပ်နေတာ မဟုတ်ဘူး ဆိုရင် လူအများ ပါးစပ်အဟောင်းသား ဖြစ်စေမယ့် စည်းစိမ်တွေကို ပြနိုင်ဖို့လည်း လွယ်တာမှ မဟုတ်တာ ။ ထီဆယ်ခါလောက် ပေါက်ထားတာလည်း မဟုတ်တော့ သူများတွေ မျှော်လင့်သလောက် ရှိမှာတော့ မဟုတ်ဘူးလေ ။

ကိုယ့်လုပ်အား၊ ကိုယ့်ဉာဏ၊ ကိုယ့်သမာအာဇီဝနဲ့ မှန်မှန်ကန်ကန် ရလာတဲ့ငွေဟာ ဘယ်လောက်ပင် ဖြစ်ပါစေ ။ တန်ဖိုးမဖြတ်နိုင်ပါဘူး ။

ပြီးတော့ လူတွေဆိုတာ သူများကို စပ်စုချင်တာသာ ရှိတာပါ ။ ရှိရင်လည်း ရှိလို့ ပြောကြဦးမယ် ၊ မရှိတော့လည်း မရှိလို့ ပြောနေကြဦးမယ် ။ သူတို့တွေက အားကြတယ်လေ ။ ကိုယ့်မှာက အားတာမဟုတ်ဘူး ။

ဒါကြောင့် ကိုယ့်ဘဝမှာကိုယ် ပျော်အောင်နေပါ ။

ကိုယ့်အနာဂတ် ကိုယ့်အိပ်မက်နဲ့ကိုယ် လျှောက်လှမ်းပါ ။

ပိုက်ဆံရှာပါ ။

စုဆောင်းပါ ။

သုံးစွဲပါ ။

ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားပါ ။

ခရီးသွားပါ ။
May's Travelogue

ခရီးသွားခြင်းဒီတစ်ခေါက် သွားရမယ့်ခရီးအတွက် ကျွန်တော့်မှာ အတော်လေး ရင်ခုန်စိတ်လှုပ်ရှားနေမိပါတယ်။ တစ်ခါမှ မရောက်ဖူးတဲ့ နေ...
10/11/2023

ခရီးသွားခြင်း
ဒီတစ်ခေါက် သွားရမယ့်ခရီးအတွက် ကျွန်တော့်မှာ အတော်လေး ရင်ခုန်စိတ်လှုပ်ရှားနေမိပါတယ်။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာဖြစ်သလို အခုသွားရမယ့် နေရာကိုလည်း ဒီတစ်သက် ရောက်နိုင်လိမ့်မယ်လို့ တောင်ထင်မထားခဲ့ဖူးတဲ့ နေရာပါ။ ဟိုးအရင်ကတည်းက သွားချင်နေတဲ့နေရာပါ။ သွားရမယ်ဆိုပြီး အစစအရာရာ သေချာတဲ့အချိန်မှာ အိပ်မက်လိုလို ဘာလိုလိုနဲ့ ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်အောင်ပါပဲ။ သွားရဖို့ ရက်တဖြည်းဖြည်း နီးကပ်လာချိန်မှာ အမှားအယွင်းမဖြစ်စေဖို့၊ လိုအပ်ချက်မရှိစေဖို့နဲ့ တစ်ခုခု မလွဲချော်စေဖို့အတွက် အရာအားလုံး ကြိုတင်ပြင်ဆင်ရပါတယ်။ ဟိုရောက်ရင် ဘယ်လိုနေမလဲ၊ အချိန်ဘယ်လောက်ကြာကြာနေမလဲ၊ ဘာတွေလုပ်မလဲ၊ ဘယ်သူတွေနဲ့ တွေ့မလဲဆိုတာတွေကအစ အကုန်လုံးကို လိုက်ပြီးစဉ်းစားရပါတယ်။

ခရီးသွားရတာကိုကြိုက်တဲ့ ကျွန်တော့်အတွက် ခရီးရှည်တစ်ခုသွားရတေ့ာမယ်ဆိုတဲ့စိတ်က ပျော်ရွှင်မှုကို ဖြစ်ပေါ်စေပါတယ်။ ဆောင်းရာသီကလည်း ရောက်တော့မယ်ဆိုတော့ အနွေးထည်လိုနေမလား၊ ဖိနပ်ကဘယ် လိုပုံစံမျိုးနဲ့ ပိုသင့်တော်မလဲ၊ အင်္ကျီလက်တို လက်ရှည်နဲ့ ကိုယ်ကျပ်ဘောင်းဘီ စတာတွေ လိုနေမလားဆိုတာတွေကို ကိုယ့်ထက်အရင် ကြိုရောက်နှင့်နေတဲ့ သူငယ်ချင်းတွေကို လှမ်းမေးပြီး ကြိုတင်ပြင်ဆင်ရပါတယ်။ လူကြုံပါးတဲ့ ပစ္စည်းတွေ လက်ခံလိုက်၊ ကိုယ့်ပစ္စည်းတွေ ပြန်စစ်လိုက်၊ အိတ်ထဲထည့်လိုက် ပြန်ထုတ်လိုက်နဲ့ပဲ သွားဖို့ရက် နီးကပ်လာလေ အလုပ်များလေပါပဲ။ ခရီးတစ်ခုသွားရတာဟာ အနုပညာဆန်နေပါလားလို့တောင် စိတ်ထဲထင်မိလာပါတယ်။ စဉ်းစားလိုက်၊ ရင်ခုန်စိတ်လှုပ်ရှားလိုက်၊ ကြိုတင်ပြင်ဆင်လိုက်နဲ့ပဲ နေ့တွေ အချိန်တွေဟာ စိတ်ဝင်စားစရာတွေနဲ့ စိတ်လှုပ်ရှားစရာတွေ ဖြစ်လာနေပါတယ်။

ငယ်ငယ်လေးကတည်းက အဝတ်အစားတွေကို သိပ်မမက်မောခဲ့ဖူးတဲ့ ကျွန်တော့်အတွက် အဝတ်အထည်တွေကို လိုအပ်သလောက် အနည်းအကျဉ်းလောက်ပဲ ဝယ်ဖြစ်ခဲ့ပါတယ်။ အခြားအစားအသောက်၊ အသုံးအဆောင် စတာတွေလည်းအဲဒီလိုပါပဲ၊ သိပ်မယူဖြစ်ပါဘူး။ ကျွန်တော့်စိတ်ထဲရှိတာက စာအုပ်တွေပါပဲ။ ရန်ကုန်မှာရှိနေတဲ့အချိန်မှာတော့ စာအုပ်တွေဝယ်ယူဖို့နဲ့ ဖတ်ဖို့အတွက် သိပ်မပူပင်ခဲ့ရပါဘူး။ မိတ်ဆွေ ကဗျာဆရာ၊ စာရေးဆရာများနဲ့ စာအုပ်ထုတ်ဝေသူများက သူတို့နဲ့ ကြုံဆုံတဲ့အခါ သူတို့ရဲ့ စာအုပ်တွေ ပေးတတ်ကြသလို ကိုယ်တိုင်ကလည်း စာအုပ်ဆိုင်တွေကို မကြာခဏရောက်ပြီး ဝယ်ယူဖြစ်တာများပါတယ်။

အွန်လိုင်းပေါ်က ကြော်ငြာ၊ သတင်းစာ၊ ဂျာနယ်နဲ့ မဂ္ဂဇင်းစာမျက်နှာတွေပေါ်က စာအုပ်အသစ်ထွက်တဲ့ သတင်းတွေ တွေ့ပြီဆိုရင်လည်း ကိုယ်ကြိုက်တဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေဆိုရင် ရှာဖွေဝယ်ယူထားလေ့ ရှိပါတယ်။ အချို့စာအုပ်တွေကျ ကိုယ်ဖတ်ပြီးပေမဲ့ လက်ထဲမရှိတော့လို့၊ အချို့ကျတော့ လက်ထဲရှိထားသင့်တယ်ထင်လို့၊ နောင်တစ်ချိန် ကိုယ်အသက်ကြီးသွားတဲ့အချိန်မှာ ကိုယ့်စာအုပ်စင်ပေါ်မှာရှိပြီး အမြဲဖတ်နေသင့်တဲ့ စာအုပ်ရယ်လို့ထင်လို့ စသဖြင့်အမျိုးမျိုးစဉ်းစားပြီး ဝယ်ထားတဲ့စာအုပ်တွေဟာ မနည်းမနောပါပဲ။ စာအုပ်စင်မှာ စာအုပ်တွေများနေပေမဲ့ အခုအချိန်အထိ ကိုယ်တိုင်မဖတ်ရသေးတဲ့ စာအုပ်တွေဟာလည်း အများအပြား ရှိနေပါသေးတယ်။ အခုတော့ အချိန်အတော်ကြာကြာနေရမယ့် ဒေသဖြစ်နေတော့ ကိုယ့်အကြိုက်ဆုံးလည်းဖြစ်၊ အချိန်မရွေး ပြန်ဖတ်လို့ရမယ့် စာအုပ်များကိုပဲ ဦးစားပေး ရွေးချယ်ရပါတယ်။

လက်ထဲမရှိသေးတဲ့ စာအုပ်ဆိုရင် မြို့ထဲမှာပြေးဝယ်၊ စာအုပ်ဆိုင်မှာမရှိတော့တဲ့ စာအုပ်တွေဆိုရင် ရင်းနှီးတဲ့သူငယ်ချင်းတွေ ဆီကနေ လက်ဆောင်အဖြစ် တောင်းယူရပါတယ်။ စာအုပ်တွေ ပြည့်စုံသွားပြီဆိုတော့ ကျန်တဲ့ကိစ္စတွေအတွက်က သိပ်ပြီးပူပင်စရာ မရှိပါဘူး။ ကျန်တာတွေအတွက်က လိုအပ်တာကို ဟိုရောက်မှ အဆင်ပြေသလိုဖြေရှင်း လိုက်ဖို့ပဲ စိတ်ကူးမိပါတယ်။ ခရီးသွားရတော့ မယ်ဆိုတော့ လူရောစိတ်ပါ လန်းဆန်းတက်ကြွနေပါတယ်။ ဘဝတစ်လျှောက်လုံး ခရီးတို၊ ခရီးရှည် အမျိုးမျိုးသွားခဲ့ဖူးပေမဲ့ ဒီတစ်ခေါက်သွားရမယ့် ခရီးကိုတော့ စိတ်ထဲလှုပ်ရှားနေမိပါတယ်။ အရင်က တစ်ခါမှမရောက် ခဲ့ဖူးသေးတဲ့ နေရာဒေသ၊ မထိတွေ့ မဆက်ဆံဖူးတဲ့လူများ၊ မကြုံဆုံဖူးသေးတဲ့ အေးလွန်းတဲ့ရာသီဥတု၊ အစားအသောက်၊ အဝတ်အစား၊ အသုံးအဆောင် စတာတွေအားလုံးဟာ မသွားရသေးခင်ကတည်းက စိတ်ကူးအိပ်မက်ထဲမှာ အမြဲနေရာယူနေတတ်တဲ့ အကြောင်းအရာများ ဖြစ်နေပါတယ်။

ကျောင်းသားတစ်ယောက်ရဲ့ အောင်စာရင်းထွက်မယ့်နေ့လို၊ မိဘတွေ အလုပ်ကပြန် လာတာကိုမြင်ရဖို့ စောင့်မျှော်နေတဲ့ကလေးငယ်လို မသွားရသေးတဲ့ခရီးရှည်ဟာ ကျွန်တော့်စိတ်အတွေးထဲ တွန်းထိုးလှုပ်ရှားနေပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကတော့ ခရီးသွားပုံချင်း တူချင်မှတူမှာပါ။ ခရီးသွားရတဲ့ ရည်ရွယ်ချက်ချင်းလည်း မတူနိုင်သလိုသွားတဲ့ နေရာဒေသချင်းလည်း မတူညီနိုင်ပါဘူး။ အချိန်ကြာမြင့်ပုံချင်းလည်း မတူညီနိုင်သလို သက်ဆိုင်ရာဒေသရဲ့ ရာသီဥတု၊ အစားအစာ၊ အနေအထိုင် စတာတွေလည်း မတူညီကြဖို့ များပါတယ်။ တမင်သက်သက် အပန်းဖြေဖို့နဲ့ ပျော်ချင်လို့ သွားကြတဲ့ခရီးတွေလည်းရှိသလို မဖြစ်မနေ အလုပ်ကိစ္စကြောင့် သွားကြရတဲ့ ခရီးသည်တွေလည်း ရှိနေနိုင်ပါတယ်။ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်သွားရတာကို ကြိုက်နှစ်သက်တဲ့ လူတွေရှိသလို အပေါင်းအသင်း အစုအဖဲွဲ့နဲ့ သွားရတာကို ပိုကြိုက်တဲ့သူတွေလည်း အများအပြား ရှိနေနိုင်ပါတယ်။ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး သွားလာလည်ပတ်ရတာကို သဘောကျတဲ့လူတွေလည်း အမြောက်အမြား ရှိနေကြပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးဟာ တစ်ချိန်မဟုတ်တစ်ချိန်၊ တစ်နှစ်မဟုတ် တစ်နှစ်တော့ နေရာဒေသတစ်ခုခုဆီကို ခရီးသွားနေကြရပါတယ်။ ကျွန်တော့်မှာ ခရီးထွက်ရတာ ဝါသနာကြီးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့လည်း ခင်မင်ခဲ့ဖူးပါတယ်။ သူက ဘယ်မြို့ရောက်ရောက် အဲဒီနေရာမှာ အချိန်အကြာကြီး နေထိုင်လေ့မရှိဘဲ အခြားနောက်ထပ် တစ်နေရာဆီ အရေးတကြီး ထွက်သွားတတ်ပါတယ်။ ဘာလုပ်စရာကိစ္စရယ်လို့ အထွေအထူးမရှိပါပဲ ဒီလိုပဲ တစ်နေရာပြီးတစ်နေရာ လျှောက်သွားနေလေ့ ရှိပါတယ်။ သူ့ကြည့် လိုက်ရင်လည်း အမြဲတမ်း အရေးတကြီး လုပ်စရာ ကိစ္စတစ်ခုခု ရှိနေတဲ့အတိုင်းပါပဲ။ အပေါင်းအသင်းလည်းများပြီး လူချစ်လူခင်လည်းများတော့ သူရောက်လာတဲ့အခါတိုင်း မိတ်ဆွေ သူငယ်ချင်းများက ကောင်းကောင်းမွန်မွန် ဆက်ဆံလေ့ရှိပါတယ်။ မြန်မာပြည်တစ်နံတလျား သူမရောက်ဖူးတဲ့မြို့က ခပ်ရှားရှားပါပဲ။ သူ့နောက်လိုက်ရင်းနဲ့ အချို့သူငယ်ချင်းတွေတောင် ခရီးသွားရတာ ဝါသနာပါကုန် ကြပါတော့တယ်။

ခရီးသွားခြင်းဟာ ဗဟုသုတများစွာကို ရရှိစေသလို စိတ်ကို ရွှင်လန်းစေတယ်လို့ ထင်ပါတယ်။ အချို့အကြောင်းအရာတွေက တစ်စုံတစ်ယောက် ပြန်ပြောပြတာပဲဖြစ်ဖြစ် စာအုပ်တွေထဲမှာ ဖတ်မှတ်ခဲ့ရတာပဲဖြစ်ဖြစ် အပြင်မှာ ကိုယ်တိုင်တွေ့မြင်ခဲ့ရတာလောက်တော့ မပြည့်စုံဘူးလို့ ထင်ပါတယ်။ ကိုယ်လေ့လာရင် လေ့လာနိုင်သလောက်၊ ကိုယ်ဗဟုသုတ ရှိရင်ရှိသလောက်၊ ကိုယ်ယူနိုင်ရင် မှတ်သားယူနိုင်သလောက် သက်ဆိုင်ရာနေရာ ဒေသနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို သိရှိစေနိုင်တယ်လို့ မြင်မိပါတယ်။ ကိုယ့်အခန်းထဲမှာ၊ ကိုယ့်အိမ်မှာ၊ အလုပ်ထဲမှာ၊ စာသင်ခန်းထဲမှာ အမြဲနေထိုင်နေရတာနဲ့စာရင် အချိန်ရတဲ့အခါနဲ့ အားလပ်တဲ့အခါမျိုးတွေမှာ ဒီလိုခရီးသွားပေးခြင်းဟာ လူရဲ့စိတ်ကို လန်းဆန်းတက်ကြွမှုကို ဖြစ်စေတယ်လို့ ထင်မြင်မိပါတယ်။

ဆရာမြသန်းတင့်ကတော့ သူခရီးထွက်တဲ့အခါ ဘယ်နေရာ၊ ဘယ်ဒေသရောက်ရောက် အငြိမ်နေလေ့မရှိဘဲ လမ်းလျှောက်ရင်းဖြင့် လိုက်လံလေ့လာလေ့ရှိတဲ့အကြောင်း သူ့စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ရဖူးပါတယ်။ မြို့တစ်မြို့ဆီရောက်သွားတဲ့အခါမျိုးမှာ သူအဓိကသွားတတ်တဲ့နေရာက လူအများစု ရောက်တတ်တဲ့ ဈေးလို့ဆိုပါတယ်။ ဈေးဆိုတာ ငွေကြေးလည်ပတ်မှု၊ ကုန်ရောင်းကုန်ဝယ်၊ ဆင်းရဲချမ်းသာမရွေး လာရောက်ဆုံတွေ့ကြတဲ့ နေရာဖြစ်လေတော့ အဲဒီမြို့ရဲ့ လူနေမှုအဆင့်အတန်းနဲ့ စီးပွားရေးအနေအထားကို အကြမ်းဖျင်း ခန့်မှန်းလို့ရတယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဆရာက သူရောက်တဲ့နေရာတိုင်းမှာ မှတ်စုစာအုပ် အမြဲဆောင်သွားတတ်ပြီး သူကြားသိမြင်ခဲ့ရသမျှကို မှတ်စုစာအုပ်ထဲမှာ အတိုကောက် ရေးမှတ်ထားလေ့ရှိကာ အိမ်ပြန်ရောက်မှ သူရေးချင်တာကို အကျယ်ချဲ့ ရေးလေ့ရှိတာကို သူ့ရဲ့စာအုပ်တစ်အုပ်ထဲမှာ ပြန်လည်ဖောက်သည်ချခဲ့ပါတယ်။ ခရီးသွားခြင်းကြောင့် အခြားအကျိုးကျေးဇူးတွေ မရရှိဘူးဆိုရင်တောင်မှ သက်ဆိုင်ရာနယ်မြေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကတော့ ကျိန်းသေရရှိနိုင်ပါတယ်။ ခရီးသွားကြသူတွေနဲ့ ခရီးကနေ အိမ်ပြန်လာနေကြသူများကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကြာခဏ မြင်တွေ့ရလေ့ရှိပါတယ်။

အချို့ဆိုရင် ခရီးမသွားရသေးခင်မှာ ကိုယ်သွားရမယ့်ခရီး၊ နယ်မြေဒေသနဲ့ ပတ်သက်ပြီး ကြိုတင်စိတ်ကူးယဉ်ကာ ပျော်ရွှင်တက်ကြွနေသူများလည်း ရှိကြပါသေးတယ်။ ခရီးတစ်ခုသွားပြီဆိုရင် ငွေကြေး အနည်းနဲ့အများ ရင်းနှီးရသော်လည်း ကျွန်တော်တို့ ပြန်ရတဲ့အရာတွေလည်း ရှိပါတယ်။ ခရီးသွား ဆောင်းပါးများနဲ့ စာအုပ်စာတမ်းတွေကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ တီဗွီအစီအစဉ်တွေမှာ ခရီးသွားအတွေ့အကြုံအကြောင်း ရိုက်ကူးပြသနေကြတာတွေကို ဒီနေ့ခေတ်မှာ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။ အရင်ခေတ်တုန်းကနဲ့စာရင် ခရီးတစ်ခုထွက်ဖို့အတွက် ကား၊ ရထား၊ လေယာဉ် စတာတွေနဲ့အတူ တစ်နေရာမှ တစ်နေရာဆီ အလွယ်တကူ သွားလာကူးသန်းလို့ရနေပါပြီ။ လူတစ်ယောက်အတွက် ဘဝတစ်ခုလုံး တစ်နေရာတည်းမှာ ဘယ်မှမသွားဘဲ အမြဲနေထိုင်လို့ မဖြစ်နိုင်လေတော့ ခရီးသွားမှုဆိုတာဟာလည်း အခြားသော စားဝတ်နေရေးတွေလို လိုအပ်တဲ့အရာလို့ မြင်ပါတယ်။ ဒီဘဝမှာ နေရာဒေသတစ်ခုခုဆီ ခရီးသွားနေကြသလိုပင် သံသရာမှာလည်း တစ်ဘဝမှနေ နောက်ထပ်ဘဝတစ်ခုဆီ ကျွန်တော်တို့အားလုံး သွားနေကြရပါတယ်။

ကျွန်တော်တို့ဟာ သံသရာခရီးသွားတွေလည်း ဖြစ်နေကြပါသေးတယ်။ သံသရာအနေနဲ့ပြောရင် ကျွန်တော်တို့ဟာ နာရီစက္ကန့်မလပ် ရပ်နားခြင်းမရှိတဲ့ ခရီးသွားတွေလည်း ဖြစ်နေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ခရီးသွားရတာကို သဘောကျတဲ့သူ ဖြစ်ပါတယ်။ အလုပ်အခြေအနေနဲ့ အားလပ်ချိန်တွေသာ ထပ်ရဦးမယ်ဆိုရင် အရင်က မရောက်ဖူးသေးတဲ့ နေရာတွေ၊ စိတ်ကူးထဲမှာ သွားချင်ခဲ့ဖူးတဲ့နေရာတွေ၊ သမိုင်းဝင် အမှတ်တရနေရာတွေ၊ လူသိများပြီး နာမည်ကျော်နေရာ ဒေသတွေဆီ သွားချင်ပါသေးတယ်။ crd eleven

အခုရက်ပိုင်းမှာလည်း ကျွန်တော် ခရီးရှည်တစ်ခု သွားဖို့အတွက် ပြင်ဆင်နေရပါတယ်။ အဲဒီအတွက်လည်း ကြိုတင်ရင်ခုန်နေရပြီး စိတ်လှုပ်ရှားနေမိပါတယ်။ တကယ်လက်တွေ့ မသွားရသေးခင်မှာ စိတ်ကူးနဲ့ အရင်ခရီးသွားနေရသလိုလည်း ခံစားနေရပါတယ်။ ဘဝရဲ့ ပျော်ရွှင်ကြည်နူးစရာတွေနဲ့ စိတ်ကျေနပ်မှုရစေတဲ့ အရာတွေထဲမှာ ခရီးသွားခြင်းဟာလည်း တစ်ခုအပါအဝင်ဖြစ်တယ်လို့ ထင်ပါတယ်။

ခရီးသွားရင် အချိန်မေးလို့ မရဘူးတဲ့လားရန်ကုန်မှ နေပြည်တော်အသွား Express ကားကြီးပေါ်တွင်ဖြစ်သည်။ နေပြည်တော်ရောက်လျှင်လာကြိ...
10/11/2023

ခရီးသွားရင် အချိန်မေးလို့ မရဘူးတဲ့လား
ရန်ကုန်မှ နေပြည်တော်အသွား Express ကားကြီးပေါ်တွင်ဖြစ်သည်။ နေပြည်တော်ရောက်လျှင်လာကြိုမည့် သူငယ်ချင်း ကဖုန်းဆက်ပြီးမေးသည်။
” မင်းတို့ကား ဘယ်အချိန် နေပြည်တော်ကိုရောက်မလဲ “
တစ်ခါမှ မသွားဘူးသေးသဖြင့် အနားရှိ စပယ်ယာကို လှမ်းမေးလိုက်ဖြစ်သည်။
“ ညီလေး နေပြည်တော်ကို ဘယ်အချိန် ရောက်မလဲကွ “
ကျွန်တော့်မေးခွန်းကို စပယ်ယာပြန်မဖြေပါ။ မကြားလို့များလားထင်ပြီး နောက်တစ်ခွန်းထပ်မေးလိုက်သည်။
“ ဟေ့ ညီလေး နေပြည်တော်ကို ဘယ်အချိန် ရောက်မလဲကွ “
စပယ်ယာပြန်ပြောလိုက်သည်မှာ “ ခင်ဗျား ကားနဲ့ ခရီးမသွားဘူးဘူးထင်တယ် “ ဟူ၍ ဖြစ်ပါသည်။ မျက်နာကလည်း သိတ်ကြည်ပုံမရပါ။ ကျွန်တော် နားလည်လိုက်ပါသည်။ ခရီးသွားလျှင် အချိန်မမေးကောင်းဘူး ဆိုသည့် မြန်မာတို့ဧ၊၊် အရိုးစွဲနေသော အယူအဆဟောင်းကြီးကိုလည်း သတိရလိုက်ပါသည်။ ထို့ကြောင့် သူငယ်ချင်းလုပ်သူအား နေပြည်တော် ဝင်ရင်ဖုန်းဆက်လိုက်မယ် ဟုပြောပြီး စကားဖြတ်လိုက်ပါသည်။
ကျွန်တော်စဉ်းစားမိပါသည်။ အန္တရာယ်ပိုများသော လေယဉ်ခရီးများတွင်တောင်မှ ပျံသန်းချိန် တစ်နာရီခန့် ကြာမြင့် မည်ဖြစ်ပါသည် ဟု ကြိုပြောရဲသေးလျှင် မြေပြင်ပေါ်တွင် မောင်းနှင်သော ကားများပေါ်တွင် ကားမောင်းချိန် ဘယ်နှစ်နာရီ
ခန့်ကြာမြင့်မည် ဆိုသည့်အကြောင်းအား ပြောသင့်သည်ထင်ပါသည်။
နေပြည်တော်ရောက်၍ သူငယ်ချင်းကို ထိုအကြောင်းပြောပြသောအခါ သူငယ်ချင်းက ဒေါသထွက်သည့်အသံဖြင့် ကျွန်တော့်ကိုပြန်ပြောပါသည်။
“ မြန်မာတွေ Change လုပ်ရမယ့် သောက်တလွဲကိစ္စတွေထဲမှာ အဲဒီ ယဉ်မောင်းချိန်မမေးရတာက ထိပ်ဆုံးကပါမယ်ကွ “
မိတ်ဆွေတို့ကော ဘယ်လိုတွေးသလဲ သိချင်မိပါသည်။
pyaephyomaung

ခရီးသွားရင် ခရီးမပန်းဘဲ ကျန်းမာကြံ့ခိုင်စေဖို့ နည်းလမ်းများ၁။ ရေရေဓါတ်ဆုံးရှုံးမှုက မူးဝေအော့အန်ခြင်း၊ ထိုင်းမှိုင်းခြင်...
10/11/2023

ခရီးသွားရင် ခရီးမပန်းဘဲ ကျန်းမာကြံ့ခိုင်စေဖို့ နည်းလမ်းများ
၁။ ရေ
ရေဓါတ်ဆုံးရှုံးမှုက မူးဝေအော့အန်ခြင်း၊ ထိုင်းမှိုင်းခြင်းတွေဖြစ်နိုင်တာမို့ အချိန်မရွေးရေသောက်နိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လေယာဉ်နဲ့ခရီးသွားတဲ့ အခါမျိုးတွေမှာ ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် ခရီးထွက်တဲ့အခါတိုင်း အိိတ်ဆောင်ရေဗူး တစ်ဗူး သယ်ဆောင်သွားသင့်ပါတယ်။
၂။ Essential Oils
Essential Oils တော်တော်များများမှာ ဘက်တီးရီးယားတွေကို ခုခံကာကွယ်နိုုင်တဲ့ အစွမ်းသတ္တိတွေရှိတတ်တဲ့အပြင် ခရီးသွားတဲ့အခါမှာလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အကူအညီပေးပါတယ်။
၃။ လက်သန့်စင်ဆေးရည်
ခရီးစဉ်တစ်လျှောက်ကိုင်ခဲ့တဲ့ တံခါးလက်ကိုင်တွေ၊ ငွေထုတ်စက်တွေက မှာ ရောဂါပိုးမွှားတွေရှိနေနိုင်တယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ? ဒီတော့ ရေလည်းမလိုတဲ့ လက်သန့်စင်ဆေးရည်လေးတစ်ဗူးကတော့ ဆောင်ထားသင့်တာပေါ့။
၄။ တစ်ရေးတစ်မော အိပ်စက်ပါ
ခရီးသွားတဲ့အခါ မတူညီတဲ့နေရာဒေသတွေ အများကြီးကိုု သွားရတတ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားခရီးစဉ်တွေ သွားတဲ့အခါ အချိန်ကွာဟချက်ရှိတတ်ပါတယ်။ ဒါကြောင့် လေယာဉ်နဲ့ဖြစ်စေ၊ ကားနဲ့ဖြစ်စေ အချိန်ရသလောက် အိပ်စက်အနားယူပြီး ခရီးသွားသင့်ပါတယ်။

Healthcare[.]com [.]mm

ခရီးသွားရင် ဘာလို့ တင်းနစ်ဘောလုံးကို သယ်သွားသင့်တာလဲခရီးသွားရင် ဘာလို့ အိတ်ထဲမှာ တင်းနစ်ဘောလုံးကို ထည့်သယ်သွားသင့်တာလဲ သ...
10/11/2023

ခရီးသွားရင် ဘာလို့ တင်းနစ်ဘောလုံးကို သယ်သွားသင့်တာလဲ
ခရီးသွားရင် ဘာလို့ အိတ်ထဲမှာ တင်းနစ်ဘောလုံးကို ထည့်သယ်သွားသင့်တာလဲ သိကြလား။ ခရီးသွားတဲ့အခါ ကားနဲ့ပဲဖြစ်ဖြစ် လေယာဉ်နဲ့ပဲဖြစ်ဖြစ် ရထားပဲဖြစ်ဖြစ် သွားတဲ့အခါ သက်သောင့်သက်တာမရှိတာမျိုးတွေ နေရထိုင်ရအဆင်မပြေတာမျိုးတွေဖြစ်လေ့ရှိကြပါတယ်။ အထူးသဖြင့် ခရီးစဉ်က ကြာတဲ့အခါမျိုးတွေမှာ ပိုလို့တောင် သိသာပါတယ်။ ဒါကြောင့် ခုပြောပြပေးသွားမယ့်အချက်တွေကတော့ ခရီးထွက်လေ့ရှိတဲ့သူတွေအတွက် အကျိုးရှိစေပြီး သင်တို့ရဲ့ ခရီးစဉ်ကိုလည်း လေပြည်လေးလို ဖျောင့်ဖြူးနေစေမှာပဲဖြစ်ပါတယ်။
ပီကေ ဝါးစရာယူသွားပါ
ခုပြောပြချင်တာက ခရီးသွားတာ သွားတိုက်တံမယူသွားမိလို့ ပီကေဝါးခိုင်းတာကို ပြောနေတာမဟုတ်ပါဘူးနော်။ ခုလို ပီကေဝါးပေးတာက လေယာဉ်အဆင်းနဲ့ အတက်မှာ သင်တို့ရဲ့ နားအူသွားခြင်းမှ ကာကွယ်ပေးပါတယ်။ တကယ်တော့ အဲ့တာ ပီကေရဲ့ အစွမ်းကြောင့်တော့ မဟုတ်ပါဘူး။ ပီကာဝါးတာကနေ ထွက်လာတဲ့ တံတွေးတွေကို မြိုချတာကြောင့် ခုလို နားမအူတော့တာပဲဖြစ်ပါတယ်။ ချိုချဉ်တုတ်ချောင်းတွေ စုတ်တာကလည်း ထိုနည်းတူပဲဖြစ်ပါတယ်။
ခေါင်းအုံးဖုံး
သင်တို့ စီးတဲ့လေယာဉ်က အချိန်နောက်ကျလို့ အကြာကြီး စောင့်ရတော့မယ့်အခါမျိုးမှာ သင်သာ ခေါင်းအုံးဖုံးကို သယ်လာမယ်ဆိုရင် အဝတ်တွေကို အဲ့ခေါင်းအုံးဖုံးထဲ ထိုးထည့်ပြီးတော့ အိပ်စရာအဖြစ် အသုံးပြုလို့ ရပါတယ်။ မဟုတ်ဘူးလားလို့။ အဆင်ပြေတာပေ့ါနော်။ ဒါဆို ခေါင်းအုံးလေးပေါ် အိပ်ပြီး အေးဆေးစောင့်နေလို့ ရပါတယ်။ ခေါင်းအုံတစ်ခုလုံး သယ်သွားစရာမလိုတာကြောင့် သင့်အိတ်ထဲမှာလည်း နေရာသိပ်ယူမှာ မဟုတ်ပါဘူး။
အမှိုက်အိတ်
ခုပြောပြမယ့် အမှိုက်အိတ်ကတော့ ဘယ်နေရာမှာ အသုံးဝင်လာမလဲဆိုတော့ သင်သာ လေယာဉ်ကွင်းကနေထွက်တဲ့အချိန် ရုတ်တရက် မိုးရွာချလာတဲ့အချိန်မျိုးတွေမှာပဲဖြစ်ပါတယ်။ ခုလို အမှိုက်အိတ်ထဲ ခရီးဆောင်အိတ်တွေကို ထည့်ထားလိုက်မယ်ဆိုရင် မိုးရေစိုစွတ်ခြင်းမှ ကာကွယ်ပေးပါလိမ့်မယ်။
ခရီးဆောင် မှာ ကွဲတတ်ကြောင်း စာကပ်ထားပါ
သင့်ရဲ့ ခရီးဆောင်အိတ်သာ ကွဲတတ်တယ်လို့ စာကပ်ခိုင်းထားလိုက်မယ်ဆိုရင် လေဆိပ်က ဝန်ထမ်းတွေက သင့်အိတ်ကို သေချာကိုင်တွယ်ပေးမှာပဲဖြစ်ပါတယ်။ နောက်ပြီး သင့်အိတ်ကိုလည်း အခြားသူတွေရဲ့ အိတ်အပေါ်မှာ တင်ထားခံရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် အိတ်သွားရွေးတဲ့နေရာမှာလည်း သင့်အိတ်က အပေါ်မှာ တင်ထားခံရတာဆိုတော့ အရင်ဆုံးအပြင်ထွက်လာဖို့ရှိနေပါတယ်နော်။ ခုပြောတာက အိတ်ထဲမှာ ကွဲစရာပါမှ ကပ်ခိုင်းတာမဟုတ်ပါဘူး။ မပါလည်း အိတ်အလေးချိန် စချိန်တဲ့နေရာမှာ ဝန်ထမ်းတွေကို ကပ်ခိုင်းလို့ရပါတယ်။
သင့်အိတ်ကို သူများတွေနဲ့ မတူအောင်လုပ်ပါ
သူများအိတ်တွေနဲ့ မတူတဲ့ အိတ်တွေကို ဈေးကြီးပေးဝယ်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ Luggage ရဲ့ လက်ဆွဲတဲ့နေရာမှာဖြစ်ဖြစ် ကြိုးချီထားတာမျိုးတို့ ဒါမှမဟုတ် Luggage ပေါ်မှာ စတစ်ကာလေးတွေ ကပ်ထားမျိုးတို့ လုပ်ထားလိုက်မယ်ဆိုရင်တော့ အိတ်ရွေးတဲ့အခါမှာ ချက်ချင်းမြင်သာထင်သာရှိစေမှာပဲဖြစ်ပါတယ်။
ရေးဘူးအခွံ
တော်သေးလို့။ တစ်ခုပြောဖို့ မေ့နေတာ။ ရေဘူးအခွံတစ်ဗူးကိုလည်း လေယာဉ်ပေါ်သယ်သွားရမယ့် အိတ်ထဲ ထည့်ဆောင်သွားပါ။ ဒါဆို လုံခြုံရေးစစ်တဲ့အခါကျရင်လည်း ရေမပါတဲ့အတွက် ပြသနာမရှိတော့ပါဘူး။ လေယာဉ်ကွင်းထဲရောက်မှ ရေဖြည့်လိုက်လို့ ရပါတယ်။ လေဆိပ်တော်တော်များများက ရေသောက်ဖို့ ရေပန်းတွေပေးထားတာကြောင့် သင့်အတွက် ပိုက်ဆံကုန်သက်သာစေမှာပဲဖြစ်ပါတယ်။
ရေသောက်ပါ
ဒါနဲ့ အဲ့ရေထည့်ထားတဲ့ ရေဘူးကလည်း လေယာဉ်ပေါ်မှာ အသုံးဝင်လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လေယာဉ်ပေါ်မှာက လေက ခြောက်သွေ့နေတတ်ပါတယ်။ ဒါကြောင့် ရေသောက်ပေးတာက ရေဓာတ်ဖြည့်ပေးတဲ့အပြင်ကို ခေါင်းကိုက်တာတို့ ကြွက်တက်တာတို့ကိုလည်း သက်သာစေပါတယ်။ လေယာဉ်ပေါ်မှာ ပေးတဲ့ အချိုရည်တို့ ကော်ဖီတို့က သောက်ချင်စရာကောင်းပေမယ့် လေယာဉ်ပေါ်မှာ သင်တို့ရဲ့ ခန္ဓာကိုယ်က တကယ်လိုအပ်တာက ရေပဲဖြစ်ပါတယ်။ ဒါကြောင့် နောက်ခါ ခရီးသွားရင် လေယာဉ်မယ်တွေက ဘာသောက်မလဲလို့ မေးလာတဲ့အခါကျရင် ရေကိုတောင်းသောက်ပြီး အကျင့်လုပ်ယူကြည့်လိုက်ပါ။ သင့်ခန္ဓာကိုယ်ရဲ့ ရေလိုအပ်မှုကို ဖြည့်စည်းပေးမှာ အမှန်ပါပဲ။
အိတ်ထဲမှာ တင်းနစ်ဘောလုံးတွေ ထည့်သွားပါ
ခရီးသွားတဲ့အခါ အိတ်ထဲမှာ တင်းနစ်ဘောလုံး နှစ်လုံးလောက်ဖြစ်ဖြစ် သယ်သွားပေးပါ။ လေယာဉ်နဲ့သွားရင်တော့ လေယာဉ်ပေါ်ယူသွားရမယ့် အိတ်ထဲမှာ ထည့်သွားပေးလိုက်ပါ။ ခရီးသွားရင် နေရာကျဉ်းလေးထဲမှာ အချိန်ကြာထိုင်နေရမယ်ဆိုရင် သွေးလည်ပတ်မှုကို နှေးကွေစေပြီး ကြွက်သားတွေကလည်း လှုပ်ရှားမှုမရှိတာကြောင့် ခန္ဓာကိုယ်ညောင်းကိုက်တာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် သင်တို့သာ တင်းနစ်ဘောလုံး ၂ လုံးလောက်ပါသွားမယ်ဆိုရင် အဲ့ဘောလုံးတွေကို ခန္ဓာကိုယ်နှိပ်နယ်ပေးတဲ့နေရာမှာ အသုံးပြုလို့ရပါတယ်။ အဲ့ဘောလုံးတွေကို သင့်ခြေထောက်တို့ ကျောတို့ ပုခုံးတို့နောက်မှာထားပြီး လိမ့်ပေးလိုက်မယ်ဆိုရင် အပေါ်က ပြောခဲ့တဲ့ ပြသနာတွေကို ဖြေရှင်းပေးပါလိမ့်မယ်။
အရမ်းစောတဲ့လေယာဉ် ဒါမှမဟုတ် နောက်ကျတဲ့လေယာဉ်ချိန်ကို ရွေးဝယ်ပါ
လေယာဉ်လက်မှတ်ဝယ်ကြတဲ့အခါ လူတော်တော်များများကတော့ ဈေးသက်သာကတော့ ဈေးသက်တာတွေကို ရွေးဝယ်ကြလေ့ရှိကြပါတယ်။ လေယာဉ်လက်မှတ်တွေက ဈေးကြီးကြလို့လည်း ခုလိုရွေးဝယ်ကြတာ မဆန်းပါဘူး။ ဒါကြောင့် ဈေးသက်သာတာ ရချင်တယ်ဆိုရင် ခုပြောပြမယ့် အချိန်တွေကို ရွေးဝယ်လိုက်ပါ။ လူတော်တော်များများက အစောကြီးထသွားရတာတို့ နောက်ကျထိစောင့်ပြီးသွားရတာကို မလုပ်ချင်ကြပါဘူး။ ဒါကြောင့် အဲ့လိုအချိန်တွေက လူဝယ်နည်းကြပြီး ဈေးလည်း သက်သာနေတတ်ပါတယ်။
ခါးကို တစ်ခုခုနဲ့ ခံထားပါ
လေကြောင်းလိုင်းတွေက ခရီးသည်တွေကို ခေါင်းအုံးနဲ့ စောင်တွေ ထောက်ပံ့ပေးကြပါတယ်။ အဲ့တာမှလည်း ခရီးသည်တွေက လေယာဉ်စီးနေစဉ်အတွင်း အိပ်ချင်တဲ့သူက အိပ်စက်အနားယူနိုင်မှာပဲဖြစ်ပါတယ်။ သူတို့ပေးတဲ့ ခေါင်းအုံးကို ခါးနောက်ဘက်မှာ ထားလိုက်ပါ။ အဲ့လိုထားလိုက်လို့ ရလာတဲ့အကျိုးကျေးဇူးတွေက သင့်အတွက် လုံးဝအကျိုးရှိစေမှာပဲဖြစ်ပါတယ်။ ဖြစ်နိုင်ရင် လည်ပင်းနေရာမှာ ခံဖို့ ခေါင်းအုံးကိုလည်း သယ်သွားပေးလိုက်ပါ။
အဝတ်တွေကို သပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ရှင်းရှင်း ထုပ်ပိုးကြမယ်
သင်တို့တွေ အဝတ်တွေကို ထုပ်ပိုးတဲ့အခါကျရင် အကုန်လုံးကို ရောထွေးပြီးတော့ ထုပ်ပိုးလိုက်တယ်ဆိုရင် ပြန်ထုတ်ဝတ်တဲ့အခါကျရင်တော့ ပြသနာတက်လာပါလိမ့်မယ်။ ဥပမာ ရှူးဖိနပ်တွေနဲ့ အင်္ကျ ီတွေကို တူတူထုပ်ပိုးကြတဲ့အခါမျိုးတွေမှာဆိုရင် အင်္ကျ ီတွေကို ညစ်ပတ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ရှူးဖိနပ်တွေကို ရေချိုးရင်ဝတ်တဲ့ ခေါင်းစွပ်ဖြစ်ဖြစ် ဒါမှမဟုတ် ကျွတ်ကျွတ်အိတ်နဲ့ဖြစ်ဖြစ် စွပ်ပြီး ထည့်သိမ်းဖို့က အရေးကြီးပါတယ်။ ဒါမှလည်း ခရီးတစ်ခုရောက်လို့ အဝတ်တွေကို ထုတ်ဝတ်တဲ့အခါ ညစ်ပတ်ပေပွ မနေမှာပဲဖြစ်ပါတယ်။
ပစ္စည်းအသေးအမွှားလေးတွေကို စနစ်တကျသိမ်းဆည်းပါ
သင်တို့အနေနဲ့ ခရီးသွားရင် အားသွင်းကြိုးတွေ နားကြပ်တွေကို မဖြစ်မနေ သယ်သွားကြရပါတယ်။ ဒါပေမယ့် ခရီးဆောင်အိတ်ထဲ ဖြစ်သလို ပစ်ထည့်လိုက်ပြန်တော့လည်း လိုချင်လို့ ပြန်ထုတ်တဲ့အခါကျရင် ကြိုးတွေက ရှုပ်ပွနေတဲ့အခါမှာတော့ သင်တို့ကို ခေါင်းစားစေပါလိ့မ်မယ်။ တစ်ခါတစ်လေကျရင်လည်း အဝတ်အစားတွေကြားထဲ ညှပ်နေပြီး ပျောက်နေတတ်ပြန်ပါတယ်။ ဒါကြောင့် ခုလို မျက်မှန်ဘူးလို ဘူးသေးသေးလေးထဲ ထည့်သွားမယ်ဆိုရင်တော့ သင်တို့ကို အဆင်ပြေစေမှာ အမှန်ပါပဲ။ နောက်တစ်ခုကတော့ လက်ဝတ်ရတနာတွေသယ်သွားတဲ့အခါ အဆင်ပြေစေမယ့် နည်းလမ်းလေးကို ပြောပြပေးသွားပါမယ်။

ဆေးတွေကို အမျိုးအစားအလိုက် ခွဲပြီး ထည့်ထားတဲ့ ဘူးလေးတွေကို သင်တို့ တွေ့ဖူးကြတယ်မလား။ ဟုတ်ပါပြီး။ ခုလိုနေရာမှာ အဲ့လိုဘူးလေးတွေက လက်ဝတ်ရတနာအပြင် အခြား အရာသေးသေးလေးတွေဖြစ်တဲ့ ကလစ်တို့ ဆင်းကတ်တွေကိုပါ ထည့်သယ်သွားလို့ရပါတယ်။ တစ်ခုတော့ သတိပေးပါရစေ။ တန်ဖိုးကြီးတဲ့ လက်ဝတ်ရတနာတွေကို အများအပြားသယ်ဆောင်လာတာမျိုးကိုတော့ ရှောင်သင့်ပါတယ်။ တန်ဖိုးကြီးအရာတွေ ခဏခဏပျောက်ဆုံးတာတို့က ခရီးသွားရင် ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေပဲ ဖြစ်နေလို့ပါပဲ။
အင်္ကျီကော်လန်တွေကို မာမာတောင့်တောင့်ဖြစ်နေအောင်ထားပါ
သင့်အနေနဲ့ ခရီးက ရောက်ရောက်ချင်း အလုပ်ကိစ္စသွားတွေ့ရမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် အရေးကြီးဧည့်သည်နဲ့ သွားတွေ့ရမှာပဲဖြစ်ဖြစ် ရှိလာခဲ့ရင် သင့်ရှပ်အင်္ကျ ီကော်လန်က တောင့်တောင့်တင်းတင်းနဲ့ ဖြစ်နေဖို့လိုနေတာ မဟုတ်ဘူးလား။ ဒါဆိုရင်တော့ သင့်ကော်လန်ကို ခါးပတ်နဲ့ ပတ်ထားလိုက်ပါ။ အားလုံးကို အဆင်ပြေသွားစေပါလိမ့်မယ်။ နောက်ပြီး ခါးပတ်ရချင်တဲ့အခါမှာလည်း အဝတ်တွေထဲ ရှာစရာမလိုတော့ဘူးလေ။ မဟုတ်ဘူးလား။
နောက်ဆုံးအနေနဲ့ ခရီးသွားခါနီးဆိုရင် ပဲတွေကို မစားသွားဖို့ တောင်းဆိုချင်ပါတယ်။ မဟုတ်ရင်တော့ သင်သိတဲ့အတိုင်း လေလည်ခဲ့ရင် ဘေးက ခရီးသည်အတွက် အားနာစရာကောင်းလှပါတယ်။

ခုပြောပြသွားတဲ့ အချက်တွေထဲက အကုန်လုံးမဟုတ်တောင် တချို့အချက်တွေက ပရိသတ်တို့အတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
cd Shwe Nyan Shin

လေဒီတို့ ခရီးသွားရင် ဘယ်လိုအလှပြင်ပစ္စည်းတွေ ယူသွားသင့်လဲရုံးပိတ်ရက်တွေမှာ တောင်တက်ခရီးစဉ် ဒါမှမဟုတ် ကမ်းခြေခရီးထွက်ဖို့...
10/11/2023

လေဒီတို့ ခရီးသွားရင် ဘယ်လိုအလှပြင်ပစ္စည်းတွေ ယူသွားသင့်လဲ
ရုံးပိတ်ရက်တွေမှာ တောင်တက်ခရီးစဉ် ဒါမှမဟုတ် ကမ်းခြေခရီးထွက်ဖို့ စိတ်ကူးထားကြလား။ အခုဆို tour trips တွေက ပြည်တွင်းတင်မက ပြည်ပအထိပါ စားရိတ်ငြိမ်း အပြီးအစီးတွေစီစဉ်ပေးလာပြီဆိုတော့ မိသားစုနဲ့ပဲဖြစ်ဖြစ်၊၊ ချစ်သူ ဒါမှမဟုတ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ဖြစ်ဖြစ် မကြာခဏ အပန်းဖြေခရီးထွက်လာကြပြီလေ။ ခရီးသွားရတာကို ပျော်တဲ့သူတွေရှိသလို အလုပ်ကိစ္စကြောင့် မဖြစ်မနေ ခရီးမကြာခဏသွားရသူတွေရှိပါတယ်။ ဒါပေမယ့် နွေ၊မိုး၊ဆောင်းဘယ်ရာသီမှာပဲဖြစ်ဖြစ် ခရီးသွားတဲ့အခါ မိန်းကလေးတွေက ကိုယ့်ခန္ဓာကိုယ်ကျန်းမာရေးနဲ့ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှ ပျော်စရာကောင်းမှာပါ။ ကျန်းမာရေးနဲ့ညီအောင်နေထိုင်၊ ထိန်းသိမ်းမှ ဓာတ်ပုံလှလှလေးတွေလည်း အမှတ်တရ ရနိုင်မှာပေါ့နော်။ ခရီးသွားနေတဲ့အချိန်မှာ လူက နွမ်းလျနေမယ်၊ အမှုမဲ့အမှတ်မဲ့နေမယ်၊ စားသောက်ချိန်မမှန်ဘူး၊ အလောတကြီးအစီအစဉ်တွေဆွဲမယ် ဆိုတာတွေ ရှိပါတယ်။ ဒါတွေအပြင် နေရာဒေသအပြောင်းအလဲ၊ရာသီဥတုအပြောင်းအလဲတွေကြောင့်လည်း အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ တစ်နေရာကနေ တစ်နေရာကို အဝေးကြီးဖြတ်သန်းသွားလာနေမှတော့ အပူချိန်အပြောင်းအလဲတွေကြောင့် ခရီးသွားတိုင်း အသားအရေကို ထိခိုက်တာများပါတယ်(အနည်းဆုံးတော့ အသားမည်းသွားတာမျိုး)။ ဒါ့ကြောင့်ခရီးသွားနေတဲ့အချိန်မှာရော ပြန်ရောက်လာတဲ့အချိန်မှာရော အသားအရေကိုထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ ခရီးမသွားခင် ပြင်ဆင်ရမယ့်အရာတွေထဲမှာ အသားအရေထိန်းသိမ်းရေးနဲ့အလှကုန်ပစ္စည်းတွေက မပါမဖြစ်အရေးပါပါတယ်။ လုပ်ဆောင်သင့်တဲ့ အချက်တွေကိုမလုပ်ရင် ပြန်လာတဲ့အခါ အသားအရေပျက်စီးပြီး ပြန်ကောင်းနိုင်ဖို့ အချိန်အတော်ယူရပါလိမ့်မယ်။ ခရီးသွားတော့မယ့် လေဒီလေးတွေ ကိုယ့်အသားအရေကို ထိန်းသိမ်းနိုင်ဖို့ ဒီအချက်တွေကို သတိထားလိုက်နာသင့်ပါတယ်။
အထုပ်အပိုးပြင်တဲ့အခါ
ခရီးတစ်ခုမသွားခင်မှာ အလှကုန်ပစ္စည်းအိတ်ကို သေချာပြင်ဆင်ပါ။ ခရီးသွားတဲ့အခါသုံးဖို့ ကိုယ်ပုံမှန်နေ့စဉ်သုံးနေကျ အခြေခံ skin care ပစ္စည်းတွေကို မမေ့မလျော့ထည့်သွားပါ။ များနေမှာစိုးရင် အမျိုးအစားတူတဲ့ beauty-kit လေးတွေဝယ်တာ ဒါမှမဟုတ် ခရီးသွားမယ့်ရက်ကိုတွက်ပြီး ဘူးအသေးလေးတွေနဲ့ ခွဲထည့်သွားတာမျိုး လုပ်နိုင်ပါတယ်။
မျက်နှာသစ်ဆေးက မပါမဖြစ်
ခရီးစဉ်တလျှောက် သင့်အသားအရေမှာ ဖုန်မှုန့်တွေ၊အမှုန်တွေကပ်ငြိနေမှာပါ။ မျက်နှာသစ်ဆေးနဲ့မှ အသားအရေကို သန့်စင်စေပြီး နေထိုင်ရလန်းဆန်းစေမှာဖြစ်ပါတယ်။ skin care ပစ္စည်းတွေဆိုတာ နည်းနည်းလေးပြောင်းလဲလိုက်တာနဲ့ အရေပြားမှာ ချက်ချင်းသက်ရောက်မှုရှိစေတတ်လို့ သုံးနေကျမျက်နှာသစ်ဆေးကိုမပါမဖြစ်ယူရပါမယ်။
အစိုဓာတ်ထိန်းခရင်မ်နဲ့နေလောင်ခံခရင်မ်
ခရီးစဉ်မှာ moisturizer ကိုနည်းနည်းပိုသုံးဖို့လိုမယ်ဆိုပေမယ့် sunscreen ကိုလည်း ချန်မထားသင့်ပါဘူး။ ခရီးထွက်မှတော့ လူကအမြဲ အပြင်ရောက်နေမှာဖြစ်လို့ ဒီရက်တွေအတွင်း အသားအရေကို နေမလောင်စေဖို့ ကာကွယ်ရပါမယ်။ ပတ်ဝန်းကျင်အသစ်ကိုရောက်တဲ့အခါ အသားအရေကပိုခြောက်သွေ့လွယ်တာကြောင့် အရင်ကသုံးလေ့မရှိရင်တောင် moisturizer နဲ့ sunscreen ကို ယူဖြစ်အောင်ယူပါ။ L’Oreal Paris ရဲ့ UV Perfect Spray Mist ကတော့ အချိန်မရွေး နေရာမရွေး ဖျန်းပြီး သုံးရုံမို့လို့ Traveller စိတ်ကြိုက် Sun Protection Spray ပစ္စည်း တစ်ခုပါ။
လေယာဉ်မစီးခင်နဲ့ လေယာဉ်စီးပြီးအချိန် Moisturizer သုံးပါ
အမြင့်ပေများစွာကနေ ပျံသန်းတဲ့အခါ အသားအရေကခြောက်သွေ့ပြီး ပျက်စီးနိုင်ပါတယ်။ ဒါ့ကြောင့် လေယာဉ်ပေါ်မတက်ခင်နဲ့ ပြန်ဆင်းသက်ပြီးနောက်ပိုင်း အသားအရေကို ပြန်ထိန်းသိမ်းပါ။
အသားအရေထိန်းသိမ်းမှုကို ပုံမှန်အတိုင်းလုပ်ပါ
ခရီးသွားပြီဆိုရင် အိမ်မှာနဲ့မတူတာရယ်၊ သွားရလာရအာရုံများနေတာရယ်၊ ပင်ပန်းပြီးနားချင်နေတာရယ်ကြောင့် လုပ်နေကျအရာတွေကို ပစ်ထားလိုက်တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် မတူညီတဲ့လေထုအရည်အသွေး၊မတူညီတဲ့စားသောက်ပုံအာဟာရ၊ မတူညီတဲ့စိတ်ဖိစီးမှု စတဲ့ အသစ် အသစ်တွေ အများကြီးကြုံလာရတာဖြစ်လို့ အရေပြားကိုထိခိုက်မှုရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် ပုံမှန်သုံးနေကျ skin care ထိန်းသိမ်းမှုနဲ့ အသားအရေကို အတတ်နိုင်ဆုံး စောင့်ရှောက်ပေးပါ။
သက်တောင့် သက်သာဖြစ်မယ့် အဝတ်ကို ဦးစားပေး ရွေးပါ
အပြင်ကိုသွားတဲ့အခါ ခြေလျင်တောင်တက်တာ၊ဂိမ်းကစားတာ၊ လျှောက်လည်ပတ်တာ၊ စူးစမ်းလေ့လာတာလို လှုပ်ရှားသွားလာမှုတွေမှာ ပါဝင်မိမှာပါ။ လှပဖို့အဓိကဖြစ်တဲ့ ကျပ်နေတဲ့၊သက်တောင့်သက်သာမရှိတဲ့အဝတ်အစားတွေဝတ်လာရင် ချွေးတွေနဲ့ ယားယံတာ။အနီကွက်ထွက်တာတွေဖြစ်လာမှာကို မကြောက်ရအောင် ချည်သားပါတဲ့ သက်တောင့်သက်သာအဝတ်အစားကို ရွေးဝတ်ပါ။
ခရီးတလျှောက်မှာ ရေများများသောက်ပါ
ရေဓာတ်ခမ်းခြောက်ခြင်းက အသားအရေအတွက် တကယ်အရေးကြီးတဲ့အရာပါ။ အသားလှချင်ရင် ရေပုံမှန်သောက်တဲ့အကျင့်ကို လုပ်ပါ။ ခရီးသွားရင် ရေဘူးအမြဲဆောင် ထားပါ။
မိတ်ကပ်ထူထူမလိမ်းပါနဲ့
မိတ်ကပ်တွေကချွေးပေါက်ကိုပိတ်စေပြီး အရေပြားပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ခရီးသွားချိန်အတွင်း အသားအရေက sensitive ပိုဖြစ်လာတယ်ဆိုရင် လမ်းမှာအရေပြားပြဿနာတွေထပ်မဖြစ်စေဖို့ မိတ်ကပ်ကိုပုံမှန်ထက်လျှော့လိမ်းပါ။
အိပ်ရေးဝအောင်အိပ်ပါ
အိပ်ရေးပျက်ခြင်းက အသားအရေအတွက်မကောင်းပါဘူး။ ခရီးသွားလို့၊ အိပ်ရာပြောင်းလို့ ညမအိပ်ရင် အသားအရေမှာပြဿနာတွေဖြစ်လာနိုင်ပါတယ်။
မျက်လုံးကို ရေခဲကပ်ပါ
မျက်ကွင်းညိုတာ၊မျက်တွင်းကျတာတွေက မကြာခဏခရီးသွားတတ်သူတွေမှာအဖြစ်များပါတယ်။မျက်လုံးကို ရေခဲအိတ်လေးကပ်ပေးထားရင် နေလို့ကောင်းပြီး စိတ်ဖိစီးမှုကိုလည်းသက်သာလျောပါးစေနိုင်ပါတယ်။ ခရီးဆောင်အိတ်မှာ မပါမဖြစ်ထည့်သွားသင့်တဲ့ အလှကုန်နဲ့အသားအရေထိန်းသိမ်းရေးပစ္စည်းတွေထဲမှာ နှုတ်ခမ်းသားအစိုဓာတ်ထိန်းပေးမယ့်နှုတ်ခမ်းနီ၊နေလောင်ကာခရင်မ်၊ မျက်နှာသစ်ဆေး၊ မျက်ခုံးဆွဲတံ၊moisturizer တို့ပါဝင်ပါတယ်။ လှလဲလှချင် မိတ်ကပ်လိမ်းရမှာလဲ အလုပ်ရှုပ်တဲ့သူတွေအတွက် အချိန်ကုန်သက်သာပြီး တစ်ခုထဲနဲ့ ပြီးပြည့်စုံတဲ့ L’Oreal Paris ရဲ့ True Match Cushion ကို သုံးနိုင်ပါတယ်။ လိမ်းရတာ ပေါ့ပါးပြီး Tap Tap လုပ်ရုံနဲ့ အပြစ်အနာဆာတွေလဲ ဖုံးပေးနိုင်တဲ့ အပြင် နေရောင်ဒဏ်လဲ ကာကွယ်ပေးလို့ အရမ်း အဆင်ပြေတဲ့ All in One Cushion ဖြစ်ပါတယ်။ မျက်လုံးအလှအတွက်ကတော့ အချိန်တိုအတွင်းမှာ ဆွဲရလွယ်ကူတဲ့ L’Oreal Paris ရဲ့ Brow Artist Designer လေး တစ်ခု ပါရင် အဆင်ပြေပါလိမ့်မယ်။ ခဲတံလေးနဲ့ ပုံဖော်ပြီး ပေါင်ဒါလေးနဲ့ မျက်ခုံးအလယ်ဖြည့်ရုံဘဲမို့ အချိန်ကုန် အရမ်းသက်သာပါတယ်။ နှုတ်ခမ်းနီအခြောက်တွေဆိုရင် နှုတ်ခမ်းကိုခြောက်သွေ့ကွဲအက်စေမှာဖြစ်လို့ နှုတ်ခမ်းကိုအစိုဓာတ်ထိန်းပေးတဲ့ Moisturizing Lipstick တွေယူသွားတာအကောင်းဆုံးပါ။ဥပမာ- L’Oréal Paris ရဲ့ Color Riche Moisturizing Lip Stick လို Vitamin E ပါဝင်လို့ နှုတ်ခမ်းသားကို နူးညံ့ပေါ့ပါးပြီး တာရှည်ခံတဲ့နှုတ်ခမ်းနီမျိုးဆို အားလုံးနဲ့ အသင့်တော်ဆုံးဘဲပေါ့။ အထက်ဖော်ပြပါဆောင်းပါးအား hellosayarwon.com အင်တာနက် စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

Address

Nay Pyi Taw
Naypyidaw
15014

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959949154566

Website

Alerts

Be the first to know and let us send you an email when PYAE - Travel Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category



You may also like