South East Asia Travellers Organization

South East Asia Travellers Organization All the travellers from South East Asia countries can join the organization and represent your country to help the travellers, and organize budget trips.

အပြောင်းအလဲ တချို့တော့ ရှိမှာပါ :-)
06/11/2017

အပြောင်းအလဲ တချို့တော့ ရှိမှာပါ :-)

မြန်မာနိုင်ငံသားများအတွက်
•~•~•~•~•~•~•~•~•~•~•
Visa အကြောင်း သိမှတ်ဖွယ်
•~•~•~•~•~•~•~•~•~•~•

(1) ဗီဇာမလိုသော နိုင်ငံများ (Visa not required)
(2) ဆိုက်ရောက်ဗီဇာ (Visa on arrival)
(3) ဗီဇာလျှောက်ထားရန်လိုသော နိုင်ငံများ (Visa required) များကိုပါ ဖော်ပြပေးလိုက်ပါတယ်။

----------------------------------------
ဗီဇာမလိုသော (Visa not required) နိုင်ငံများ
----------------------------------------
1. ထိုင်း (Thailand) (14 Days)
2. လာအို (Laos) (14 Days)
3. ကမ္ဘောဒီးယား (Cambodia) (14 Days)
4. ဗီယက်နမ် (Vietnam) (14 Days)
5. ဘရုနိုင်း (Brunei) (14 Days)
6. ဖိလစ်ပိုင် (Philippine) (30 Days)
7. အင်ဒိုနီးရှား (Indonesia) (30 Days)
8. မောလ်ဒိုက်ဗ် (Maldives) (30 Days)
9. Dominica (21 Days)
10. Saint Vincent and the Grenadines (1 Month)
11. Micronesia (30 Days)
12. Ecuador (90 Days)
13. Haiti (90 Days)

--------------------------------
ဆိုက်ရောက်ဗီဇာ (Visa On Arrival)
လျှောက်ထားနိုင်သော နိုင်ငံများ
--------------------------------
1. Madagascar (90 Days)
2. Mauritania (60 Days)
3. Mauritius (14 Days)
4. Mozambique (30 Days)
5. Nepal (နီပေါ) (90 Days)
6. Nicaragua
7. Sri Lanka (သီရိလင်္ကာ)
8. Tanzania (3 Months)
9. Timor-Leste (အရှေ့တီမော) (30 Days)
10. Togo (7 Days)
11. Tuvalu (1 Month)
12. Uganda (3 Months)
13. Zambia (Up to 90 Days)
14. Bolivia (90 Days)
15. Cape Verde
16. Comoros
17. Djibouti
18. Guinea-Bissau (90 Days)
19. Iran (15 Days)
20. Armenia (120 Days)
21. Kuwait (3 Months)
22. Seychelles (1 Months)
23. Somalia

----------------------------------
ဗီဇာလိုသော (Visa required) နိုင်ငံများ
----------------------------------
1 အိန္ဒိယ (India) E-Visa
လျှောက်ထားနိုင်ပါသည်။

2 စင်ကာပူ (Singapore) E-Visa
လျှောက်ထားနိုင်ပါသည်။

3 Kenya E-Visa
လျှောက်ထားနိုင်ပါသည်။

4 Rwanda E-Visa
လျှောက်ထားနိုင်ပါသည်။

5 São Tomé and Príncipe E-Visa
လျှောက်ထားနိုင်ပါသည်။

6 တရုတ် (China)
7 ဟောင်ကောင် (Hong Kong)
8 ဂျပန် (Japan)
9 မလေးရှား (Malaysia)
10 Switzerland
11 Vatican City
12 Afghanistan
13 Albania
14 Algeria
15 Andorra
16 Angola
17 Antigua and Barbuda
18 Argentina
19 Australia and territories
20 Austria
21 Azerbaijan
22 Bahamas
23 Bahrain
24 Bangladesh
25 Barbados
26 Belarus
27 Belgium
28 Belize
29 Benin
30 Bhutan
31 Bosnia and Herzegovina
32 Botswana
33 Brazil
34 Bulgaria
35 Burkina Faso
36 Burundi
37 Cameroon
38 Canada
39 Central African Republic
40 Chad
41 Chile
42 Colombia
43 Costa Rica
44 Côte d'Ivoire
45 Croatia
46 Cuba
47 Cyprus
48 Czech Republic
49 Democratic Republic of the Congo
50 Denmark
51 Dominican Republic
52 Egypt
53 El Salvador
54 Equatorial Guinea
55 Eritrea
56 Estonia
57 Ethiopia
58 Fiji
59 Finland
60 France
61 Gabon
62 Gambia
63 Georgia
64 Germany
65 Ghana
66 Greece
67 Grenada
68 Guatemala
69 Guinea
70 Guyana
71 Honduras
72 Hungary
73 Iceland
74 Iraq
75 Ireland
76 Israel
77 Italy
78 Jamaica
79 Jordan
80 Kazakhstan
81 Kiribati
82 Kyrgyzstan
83 Latvia
84 Lebanon
85 Lesotho
86 Liberia
87 Libya
88 Liechtenstein
89 Lithuania
90 Luxembourg
91 Macedonia
92 Malawi
93 Mali
94 Malta
95 Marshall Islands
96 Mexico
97 Moldova
98 Monaco
99 Mongolia
100 Montenegro
101 Morocco
102 Namibia
103 Nauru
104 Netherlands
105 New Zealand and territories
106 Niger
107 Nigeria
108 North Korea
109 Norway
110 Oman
111 Pakistan
112 Palau
113 Panama
114 Papua New Guinea
115 Paraguay
116 Peru
117 Poland
118 Portugal
119 Qatar
120 Republic of the Congo
121 Romania
122 Russia
123 Saint Kitts and Nevis
124 Saint Lucia
125 Samoa
126 San Marino
127 Saudi Arabia
128 Senegal
129 Serbia
130 Sierra Leone
131 Slovakia
132 Slovenia
133 Solomon Islands
134 South Africa
135 South Korea
136 South Sudan
137 Spain
138 Sudan
139 Suriname
140 Swaziland
141 Sweden
142 Syria
143 Tajikistan
144 Tonga
145 Trinidad and Tobago
146 Tunisia
147 Turkey
148 Turkmenistan
149 Ukraine
150 United Arab Emirates
151 United Kingdom
152 United States and territories
153 Uruguay
154 Uzbekistan
155 Vanuatu
156 Venezuela
157 Yemen
158 Zimbabwe

မူရင်းပို့စ်အား Credit ပေးပါသည်။
Post တင်မက ပဲ Page ကိုလည်း
Like ပြီး Share ပေးကြပါဦးနော် ။

28/07/2017

မိုးတွင်းမှာ မိုးများတဲ့ ကျွန်တော်တို့ရဲ့နိုင်ငံရယ် အားနေခရီးထွက်ချင်နေတဲ့ ကျွန်တော်တို့နဲ့ အဲ့ဒီမှာ စတွေ့တော့တာပါပဲ။ ချစ်ဖို့ကောင်းတဲ့ ကျွန်တော့စာမျက်နှာပေါ်က မိတ်ဆွေတွေကလည်း နေ့တိုင်းလိုလို တစ်ယောက်တစ်မျိုး မိုးတွင်းဘယ်ခြေဆန့်ရမလဲချည်း လာမေးနေကြတယ်။ ကျွန်တော်ကတော့ ပုဂံ လို့ ဦးဆုံးဖြေမိတယ်။ ဒါကိုမှ သူတို့က နောက်တစ်မျိုးပြောပါဆိုရင်တော့ နည်းနည်းစဉ်းစားကြည့်ပြီး ဒီ စောင်နိုင်ကြီး ရေတံခွန် လို့ ဖြေလေ့ရှိပါတယ်။
စောင်နိုင်ကြီး ရေတံခွန် က ဘယ်နားမှာဆိုလား?
=================================
သိပ်ဝေးဝေး မဟုတ်ပါဘူး။ ရန်ကုန်မြို့ကနေ နေ့ချင်းတောင် ပြန်လို့ရတဲ့ နေရာမှာ ရှိပါတယ်။ ဒါပေမဲ့လည်း နေ့ချင်းပြန်ခရီးထက် တစ်ညလောက်တော့ အိပ်ပြီးပြန်ဖို့ ပိုပြီး အကြံပြုချင်ပါတယ်။ မြို့ပြရဲ့ မွန်းကြပ်မှုတွေ၊ ခက်ခဲမှုတွေ၊ စိတ်ဖိစီးမှုတွေကို တကယ်ဖြေဖျောက်နိုင်ဖို့ တစ်ညအိပ်လေးတော့ အနည်းဆုံး အချိန်ယူပြီး ခရီးစဉ်ကို ပြင်ဆင်သွားလာရင် ကိုယ်ရောစိတ်ရော အပန်းတကယ်ပြေပြီး နောက်လုပ်ရမဲ့အလုပ်တွေ၊ ရင်ဆိုင်ရမဲ့အခက်အခဲတွေကို သေချာစဉ်းစားကိုင်တွယ်လုပ်ဆောင်နိုင်သွားမှာပါ။
စောင်နိုင်ကြီးရေတံခွန် က မွန်ပြည်နယ်၊ ကျိုက်ထို၊ ကင်မွန်းစခန်း လက်မှတ်ဂိတ်ကနေ ဘယ်ဘက်လမ်းခွဲလေးအတိုင်း ၁၅ မိနစ်လောက် ကားမောင်းသွားရင် ရောက်မဲ့ စောင်နိုင်ကြီးရွာသစ်အလွန် ရာမညအပန်းဖြေစခန်းအတွင်းမှာ တည်ရှိပါတယ်။ တောင်ပေါ်ကနေ ရေစီးကြောင်းပြောင်းလဲပြီး ရေကျလာရာကနေ ရေတံခွန်ဖြစ်ပေါ်လာတာလို့ ဒေသခံတချို့ပြောဆိုနေတာ ကြားခဲ့ရပါတယ်။ အရင်က ရွာဟောင်းကို ဖြတ်ပြီးမှ ဒီနေရာကို ရောက်မှာပါ။
ရန်ကုန်ကနေ မနက် ၆ နာရီလောက်ထွက်ရင် ဒီ စောင်နိုင်ကြီး ရေတံခွန်ကို မနက် ၉ နာရီခွဲလောက်ဆို ရောက်နိုင်ပါတယ်။ ရန်ကုန် - မန္တလေးအမြန်လမ်းအတိုင်းသွားပြီး ၃၉ မိုင်မှာ ဘုရားကြီးဘက် လမ်းပြောင်း မောင်းနှင်ရင် ပိုခရီးတိုမယ်လို့ ယူဆလို့ အဲ့ဒီဘက်ကနေ သွားပါတယ်။ လမ်းလည်း အရမ်းကောင်းပါတယ်။
စောင်နိုင်ကြီး ရေတံခွန် က အန္တရာယ်ကင်းရဲ့လား?
==================================
ရေတံခွန်တိုင်းကတော့ သူ့နေရာနဲ့သူ သတိပြုရတာတွေ ရှိတာပေါ့နော်။ ဒီ စောင်နိုင်ကြီး ရေတံခွန်မှာ လာလည်သူတွေ ရေကူးနိုင်မဲ့ နေရာလေးတွေ သတ်သတ်မှတ်မှတ် ပြောပြပေးထားလို့ စိတ်ချရပါတယ်။ လိုအပ်တဲ့ အရံအတားလေးတွေလည်း စီစဉ်ထားတာ တွေ့မိတယ်။ တချို့လည်း လူသူရှင်းတဲ့ နေရာလေးမှာ သွားပြီး ရေကစားကြတာတွေ့တယ်။ အကြံပြုချင်တာကတော့ ကိုယ်ကလည်း ရေကူးမကျွမ်းရင် တတ်နိုင်သမျှ လူသူ နည်းပါးတဲ့အရပ်မှာ ရေကစားတာ ရှောင်ပါနော်။ လူသူရှိတဲ့ သတ်မှတ်နေရာမှာတော့ ရေအားပြင်းပြင်းကျတဲ့ နေရာမျိုးဆို အောက်မှာ ရေနက်နေတတ်လို့ ကြိုးတန်းလေးတွေ ကိုင်ပြီး သွားရ လာရပါတယ်။ မလိုအပ်ဘဲ စွန့်စားပြတာမျိုး ရှောင်ရင်တော့လည်း ပိုကောင်းတာပေါ့။ ဆိုလိုတာက ရေတံခွန်ထိပ်ကနေ ဒိုင်ဗင်ထိုးချတာတို့၊ ကျောက်ဆောင်ပေါ်ကနေ ဒိုင်ဗင်ထိုးချပြတာတို့ မလုပ်ရင်တော့ ပိုကောင်းတာပေါ့။ ကိုယ်က အရမ်းကျွမ်းကျင်သူဆိုရင်တော့လည်း အားပေးပါတယ်။ လာလည်တဲ့သူတွေအတွက် စတန့်ပြကွက်တစ်ခုလို ကြည့်စရာ ဖျော်ဖြေရေးတစ်ခု ဖြစ်သွားတာပေါ့လေ။
စောင်နိုင်ကြီး ရေတံခွန် မှာ လာလည်သူများနေပြီလား?
=====================================
ဒေသခံလူငယ်တွေ နဲ့ ကျိုက်ထီးရိုးဘုရားဖူးလာကြသူတွေ တဆင့်စကားနဲ့ ဘုရားဖူးပြီး ပြန်အဆင်းမှာ လာအပန်းဖြေနေကြပါပြီ။ ဒါကြောင့် မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်လောက်ဆို လူနည်းတတ်လို့ ရေကစားရတာရော၊ ဓါတ်ပုံရိုက်ရတာရော၊ အစားအသောက်မှာစားရတာပါ အဆင်ပြေပါတယ်။ နေ့လည်ပိုင်း ၁ နာရီလောက်ဆို လူတွေက ပြည့်ကျပ်သွားလောက်အောင်ဖြစ်တတ်တယ်။
စောင်နိုင်ကြီး ရေတံခွန် က ဘယ်လိုမျိုးလဲ?
=============================
ဒီကိုလာရင် ပထမဆုံးသတိရမိတာက မန္တလေးက ဒီးဒုတ် ရေပြာအိုင် ကိုပဲ။ အရမ်းတူပါတယ်။ ရေတံခွန် သိပ်မကြီးလှပေမဲ့ စီးဆင်းနေတဲ့ ချောင်းရဲ့ စီးဆင်းဟန်က သိပ်လှတယ်။ ရေအရောင်က ပြာလဲ့နေပြီး ကြည်လင်နေတယ်။ ရာမညအပန်းဖြေစခန်းကို ဝင်ဖို့ ဝင်ကြေးက တစ်ဦး ၅၀၀ ကျပ် ပေးရတယ်။ ကားကိုလည်း ၅၀၀ ကျပ် ကောက်တယ်။ အထဲမှာ ကားရပ်နားဖို့ နေရာကျယ်ကျယ်ကို ဦးဆုံးတွေ့ရမယ်။ ဆိုင်ခန်းတစ်ခန်းစ နှစ်ခန်းစ ရှိနေတယ်။ အဲဒီမှာ ရေတံခွန်ဆီ သွားဖို့ လူသွားကွန်ကရစ်လမ်းလေး လုပ်ပေးထားတယ်။ သက်တောင့်သက်သာနဲ့ သွားရုံပဲ။ ၅ မိနစ်လောက် လမ်းလျှောက်လိုက်တာနဲ့ လူအများဆုံးရှိတတ်တဲ့ ရေကူးရန်နေရာ ဆိုတာကိုရောက်မယ်။ ရေဆော့စရာ အိုင်ကျယ်ကျယ်ရယ်၊ ရေအားကောင်းကောင်းစီးနေတဲ့ ရေတံခွန်အသေးစားလေးတွေရယ် ရှိနေတယ်။ ထုံးစံအတိုင်း စားသောက်ဆိုင်တွေကလည်း ကပ်လျက်ဆိုတော့ ရေလေးထိပြီး ဘီယာလေးငုံမလား၊ အရက်ကြမ်းတွေ သောက်မလား၊ ကော်ဖီနဲ့ ပျော်မလား၊ ခေါက်ဆွဲချဉ်စပ်လေး ရှူးရှဲစားမလား၊ အားလုံး အဆင်ပြေတယ်။ တစ်ခုဆိုးတာက ဒီနေရာကို တက်လာတဲ့ ကွန်ကရစ်လမ်းတစ်လျှောက်က လူရော ဆိုင်ကယ်ရော လာနေကြလို့ လမ်းလျှောက်တက်သူတွေအတွက် အရမ်းစိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ယာဉ်တွေရပ်ဖို့ နေရာသတ်မှတ်ထားပြီးသားဆိုတော့ ဖြစ်နိုင်ရင် ကားရော ဆိုင်ကယ်ရော အောက်ဘက် ယာဉ်ရပ်နားရမဲ့ နေရာမှာပဲ ထားစေချင်မိတယ်။
ကိုယ်က ဒီ့ထက်လှတဲ့ ရေတံခွန်ကို မြင်ချင်ရင်တော့ နည်းနည်း အပင်ပန်းခံရမယ်။ အမြင့်ပိုင်းတစ်နေရာမှာလည်း ခုလို စားသောက်ဆိုင်လေးတွေနဲ့ လူတွေ အပန်းဖြေစရာနေရာလေးတစ်ခု ရှိသေးတယ်။ အဲ့ဒီမှာတော့ ရေတံခွန်က ပိုလှတယ်။ ပြင်ဦးလွင် ပွဲကောက်ရေတံခွန်လို အမြင့်မျိုးလောက်နဲ့ပါပဲ။ ကျယ်လည်းမကျယ်သလို၊ မြင့်လည်း အရမ်းမမြင့်ဘူး။ မိုးတွင်းမို့လားတော့ မသိဘူး ရေအားတော့ ကောင်းတယ်။ ထူးခြားတာက မိုးတွင်းပေမဲ့ ရေနောက်မနေဘူး။ ကြည်လင်စိမ်းပြာနေတာပဲ။ ဒီရေတံခွန်အမြင့်ပိုင်းကိုတော့ နည်းနည်းခက်ခက်ခဲခဲ တက်ရပါမယ်။ ဒီးဒုတ်ရေတံခွန်တက်ရတာလောက် မဆိုးပါဘူး။ အစဦးပိုင်းမှာ တက်ရတဲ့ ကွန်ကရစ်လမ်းမျိုးမရှိတော့ပေမဲ့ မြေလမ်းကောင်းကောင်းလေးပေါ် လျှောက်ရပါတယ်။ လမ်းလေး ကျဉ်းလာတယ်။ တစ်ခါတလေ ရေကျော်လေးတွေ ဖြတ်ရတယ်။ ဆိုင်ကယ်ရှောင်စရာ မလိုတော့ဘူး။ ကျောက်ခဲလေးတွေကို နင်းပြီး တောင်အမြင့် ကုန်းအမြင့်လေးတွေကို တက်ရမယ်။ ဒါပေမဲ့ ခုရာသီလေးက မိုးအုံ့အုံ့လေးနဲ့မို့ လမ်းလျှောက်ရလည်း မပင်ပန်းသလို၊ ဘေးဘီဝဲယာက ရှူခင်းလေးတွေက လှနေတော့ စိတ်ကို ကြည်နူးလန်းဆန်းနေစေတယ်။ ကိုယ်တက်နေတဲ့တောင်ဘေးလေးကို ကြည့်လိုက်တာနဲ့ စီးဆင်းနေတဲ့ ရေပြာပြာကွေ့ကောက်ကောက်လေးက ကျောက်တုံးတွေကြားတည်းမှာ ရေစီးအားသန်သန် စီးနေတာကို မြင်ရတယ်။ တောင်ကုန်းလေးတွေ စိမ်းစိုနေတာကို မြင်ရတာနဲ့တင် တောင်တက်ရတာ ပင်ပန်းတယ် မထင်မိတော့ဘူး။ ဒီရေတံခွန်ကို လာရတာ Trekking ရော Hiking ရော လုပ်ရသလို ခံစားရစေပါတယ်။
ထိပ်ဘက်ရောက်လာရင် ခုနလိုပဲ လူတွေ ရေချိုးနေကြတဲ့နေရာတစ်ခု တွေ့မယ်။ ရေတံခွန်က ပိုကြီးတော့ အားရစရာပိုကောင်းတယ်။ ဆိုင်ကတော့ အောက်ဘက်ကနေရာလောက် မများဘူး၊ မကြီးဘူး။ ရေလည်း နက်တဲ့အပိုင်း ပိုများလို့ သတိတော့ထားရပါမယ်။ ဓါတ်ပုံရိုက်ဖို့လည်း အရမ်းကောင်းတဲ့နေရာလေးတစ်ခုပါ။
စောင်နိုင်ကြီး ရေတံခွန်မှာ အစားအသောက် ဈေးကြီးလား?
========================================
မကြီးဘူးလို့ ပြောရမယ်။ ခေါက်ဆွဲပြုတ်စားတာ ကြက်ဥပါရင် ၇၀၀ ကျပ်၊ ကြက်ဥမပါရင် ၅၀၀ ကျပ် တောင်းတယ်။ ကြက်ဥပြုတ်တို့၊ တုတ်ထိုးအကြော်အကင်လေးတွေ ရှိတယ်။ ဘီယာဆိုလည်း ၁၀၀၀ ကျပ်၊ ၁၅၀၀ ကျပ်ပဲ ဆိုတော့ သိပ်မကွာလှဘူး ဆိုရမယ်။
တချို့လည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ထမင်းဘူးတွေ ချိုင့်တွေ သယ်လာကြတာ တွေ့တယ်။ ဒါလည်း ကောင်းတာပါပဲ။
စောင်နိုင်ကြီး ရေတံခွန်မှာ ညအိပ်လို့ရလား?
==============================
တည်းခိုဆောင်လိုလိုလေးတွေ နည်းနည်းတွေ့မိပေမဲ့ ညအိပ်ဖို့တော့ ဟုတ်ဟန်မတူဘူးဗျ။ နောက်ပိုင်းတော့ ဆောက်မလား မသိဘူး။ ခုထိတော့ ညအိပ်ဖို့ဆို အနီးဆုံးက ကင်မွန်းစခန်းဘက်ကို ထွက်အိပ်နိုင်တယ်။ မဟုတ်လည်း အနီးအပါးက ဥယျာဉ်ဟိုတယ်သစ်လေးတွေမှာ တည်းခိုနိုင်တယ်။ တည်းခိုခန်းခကတော့ သူ့အဆင့်အလိုက် သူ ကွာသွားနိုင်တာပေါ့လေ။ ကျွန်တော်တို့ကတော့ ဒီတလော နာမည်ရနေတဲ့ သုဝဏ္ဏဘူမိဟိုတယ်မှာ တည်းဖြစ်တော့ ဈေးနှုန်းက ၄၅၀၀၀၊ ၂၅၀၀၀၊ ၂၀၀၀၀ ကျပ် အမျိုးအစားပေါ် မူတည်ပြီး ကွာသွားတယ်။ ဟိုတယ်ရဲ့ နေရာလေးနဲ့ အခန်းတွေ ကောင်းပါတယ်။ ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးကိုတော့ သဘောအကျဆုံးပဲ။ ရေကူးကန်က တောင်တွေကို မြင်ရတဲ့ မြင်ကွင်းနဲ့ဆိုတော့ ရေကူးရတာ ခံစားမှုအသစ်တစ်မျိုးရတယ်။ ရေချိုးခန်းသုံးပစ္စည်းတွေ နည်းနည်းညံ့တယ်။ အစားအသောက် အရမ်းညံ့တယ်။ ခုရာသီတော့ မြွေတွေလည်း ဟိုတယ်ဝင်းထဲ ဖြတ်ပြေးနေတာ အသည်းတယားယားတွေ့ရတယ်။ အစိမ်းရောင်မြွေလေးတွေပေါ့။ သစ်ကိုင်းကျိုးနေတယ်ထင်ရတယ်။ အနီးရောက်မှ မြွေမှန်းသိတယ်။ အဲ့ဒီနေရာလေးမှာ တည်းမယ်ဆိုရင်တော့ ဒီဟာလေးတစ်ခုတော့ သတိထားပါ။ ခုရာသီချိန်မို့လည်း ဖြစ်နိုင်ပါတယ်။ အစားအသောက်ကတော့ သူတို့လည်း ပြင်ဆင်သွားမယ်ဆိုရင် ပိုကောင်းမှာပါ။ ဝန်ထမ်းတွေရဲ့ ဖောရွေပျူငှာမှုတွေကို သဘောကျတာရော၊ နေရာအနေအထားလေးကလည်း စိတ်ကို လန်းဆန်းစေတာရောကြောင့် နောက်တစ်ခါတော့ ထပ်သွားပြီး တည်းချင်ပါသေးတယ်။ အဲ့ဒီဟိုတယ်နဲ့ မနီးမဝေးဝန်းကျင်တွေမှာလည်း ခုလောက် မကြီးကျယ်ပေမဲ့ သန့်ရှင်း အဆင့်မြင့်တဲ့ ဥယျာဉ်ဟိုတယ်လေးတွေ ရှိသေးတာ သတိပြုမိပါတယ်။ စမ်းတည်းကြည့်ချင်လည်း ကြည့်လို့ရပါတယ်။
စောင်နိုင်ကြီး ရေတံခွန် အနီးအပါးမှာ ဘာရှိသေးလဲ?
====================================
ကျိုက်ထီးရိုးစေတီနဲ့ အနီးဆုံးမို့ တောင်ခြေရောက်တာနဲ့ ဘုရားဖူးတွေ ဒီဘက်ရောက်လာကြတယ်။ တောင်ပေါ်မှာ တင်းထားသမျှစိတ်တွေကို ဒီမှာ လာလျှော့ကြတယ်ပြောရမလားဘဲ။ အရက်နဲ့ ဘီယာတွေ အားပေးလိုက်ကြတာဆိုတာလေ၊ လူငယ်တွေ မနက် ၁၀ နာရီကျော်မှာ မူးပြီး အော်နေ ကနေကြပြီ။ ဒါလေးတွေကတော့လည်း ကိုယ်တွေမှာက အပန်းဖြေစရာ မပေါများတော့ ရှိနေဦးမှာပဲ ထင်ပါတယ်။ ဒေသခံလူငယ်လေးတွေ ဖြစ်ပုံပိုပေါ်ပါတယ်။
ဒီ စောင်နိုင်ကြီး ရေတံခွန်အထိ မလာဘဲ၊ ကင်မွန်းစခန်းနဲ့ မနီးမဝေးလေးမှာ ချောင်းကျယ်ကျယ်တစ်ခု ရှိသေးတယ်။ အဲ့ဒီမှာလည်း ဧည့်သည်တွေ ရေချိုး ရေကစားလုပ်ကြတယ်။ ရေတိမ်တော့ ကလေးငယ်ငယ် ပါတဲ့သူတွေ ဒီနေရာလောက်မှာ ပျော်ကြတာ များတယ်။ စားသောက်ဆိုင်တန်းလေးတွေလည်း တန်းစီနေတာပဲ။ ညောင်ချောင်းသာလို ပုံစံမျိုးပေါ့။
စောင်နိုင်ကြီး ရေတံခွန် က ပြန်ရင် ရာမညမြေကို အပီလည်မလား?
=============================================
တစ်ညအိပ်ခရီးသွားမယ်ဆိုရင် စနေမနက်လိုမျိုး ရန်ကုန်ကနေထွက်ပြီး စောင်နိုင်ကြီးရေတံခွန်ကို နေ့လည် ၁၁ နာရီလောက် ဝင်လည်၊ ပြီးရင် ညနေပိုင်းကို ဟိုတယ်မှာ အနားယူပြီး ညဘက် ရေကူးကန်ထဲ စိမ်ပေါ့။ နောက်တစ်နေ့ မနက်စောစော ကျိုက်ထီးရိုးစေတီ တက်ဖူးပြီး တစ်ခါတည်း ရန်ကုန် ပြန်လာလို့ရတယ်။ လမ်းမှာ ကျိုက်ပေါလောမှဲ့ရှင်ဘုရား၊ မဟာမုနိဘုရားကြီး၊ စိမ်းလဲ့တင်ပန်းခြံတွေကို ဝင်လည်လို့ရသေးတယ်။ ကိုယ်က ပဲခူးလမ်းဟောင်းဘက်က ပြန်မယ်ဆိုရင်တော့ ပဲခူးဘုရားစုံ ဝင်ဖူးနိုင်သလို၊ အမြန်လမ်းဘက်က ပြန်မယ်ဆိုရင် ဝင်္ကဘောဆင်စခန်းကို ဝင်လေ့လာလို့ ရသေးတယ်။ ပြောရရင် တစ်ညအိပ်ခရီးစဉ်ပေမဲ့ အတော်လေး စုံစုံလင်လင်ကို သက်တောင့်သက်သာ သွားနိုင်မှာပေါ့ဗျာ။ တစ်ခုပဲ ကျွန်တော်တို့ကတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားကြတာပါ။ သူငယ်ချင်း (၄) ယောက်က ကိုယ့်ကားနဲ့ကိုယ်ဆိုရင် သူမောင်း ကိုယ်မောင်း စိတ်ညစ်လို့ ကားငှားသွားလိုက်တယ်။ အပြီးအစီး ၂သိန်းခွဲဝန်းကျင် ကျတယ်။ တစ်လမ်းလုံး သူငယ်ချင်း အချင်းချင်း စလိုက်နောက်လိုက် စကားတွေပြောမပြီး စိတ်လွတ်ကိုယ်လွတ် သွားလိုက်နိုင်တယ်လေ။ Tour package တွေ ဆွဲပြီလားတော့ ကျွန်တော် သိပ်သတိမထားမိဘူး။ ကြော်ငြာနေတာတွေလည်း သိပ်မတွေ့မိသေးတော့ အကြံမပြုတတ်သေးပါဘူး။
ရာမညမြေကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ဖြစ်ခဲ့ပေမဲ့ ရာမညမြေမှာလည်း ခုလို လှပကြည်လင်ပြာလဲ့နေတဲ့ ရေတံခွန်ရှိမှန်းကို ခုမှ ကိုယ်တိုင် မြင်ရ ကြုံရခဲ့တာပါ။ တကယ်ကို စိတ်အပန်းပြေခဲ့တဲ့ လွတ်လပ်တဲ့ခရီးစဉ်ဖြစ်ခဲ့လို့ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ပြန်ပြီး ဝေမျှပေးလိုက်ရပါတယ်။
Thiha, the Traveller @ သီဟလုလင်
မြန်မာ့အလှအပတွေကို ရေရှည်ခံစား သွားလာလည်ပတ်နိုင်ဖို့ ခရီးသွားသူ ကျွန်တော်တို့အားလုံး -
• ကိုယ့်အမှိုက် ကိုယ်တာဝန်ယူပြီး အမှိုက်ပုံးမှာ စနစ်တကျ စွန့်ပစ်ကြပါစို့
• ပွင့်တဲ့ပန်းနဲ့ ရှင်သန်ဆဲသစ်ပင်တွေကို မခူး၊ မချိုးဖဲ့ဘဲ သူတို့ရှိတဲ့ သဘာဝအလှကို တန်ဖိုးထားကြပါစို့
• ယဉ်ကျေးမှုအမွေအနှစ်နဲ့ အဖိုးတန်သမိုင်းဝင် အဆောက်အဦးများကို တန်ဖိုးထား ဂရုစိုက်ကြပါစို့

28/07/2017

ထိုင်းနိုင်ငံရောက်တိုင်း ထိုင်းနိုင်ငံရဲ့ လမ်းဘေးစာလေးတွေက ကျွန်တော်တို့ကို အရမ်းစွဲဆောင်လွန်းပါတယ်။ လမ်းဘေးဈေးဆိုင်လေးပေမဲ့ သန့်မယ့်ပုံပေါ်နေတာကလည်း စားချင်စိတ်ကို ပိုပြီးနိုးဆွတယ်။ အစားအသောက်ရောင်းချတဲ့ အပြင်အဆင်ကလည်း ထူးခြားပြီး နောက်ထပ်စွဲဆောင်နေပြန်တော့ ထိုင်းနိုင်ငံက လမ်းတွေလျှောက်ကြည့်ပြီဆိုရင် ဗိုက်က အလိုလို ဟာလာတယ်။
တချို့အစားအစာတွေက ကျွန်တော်တို့နိုင်ငံနဲ့ တူတယ်ထင်ရတယ်။ ဘယ်သူက မူလရင်းမြစ် ဖြစ်မလဲတော့ အတပ်မပြောရဲပါဘူး။ ဒါပေမဲ့ သူတို့က သူတို့အစားအသောက်တွေကို ခေတ်နဲ့အညီ အသစ်ဖြစ်ပြီး စားချင်စိတ်ဖြစ်နေအောင် စွဲဆောင်ဈေးရောင်းတတ်တာက ကျွန်တော်တို့ထက် သာတယ်။ ဘာမဟုတ်တာလေးကို ခရီးသွားဧည့်သည်တွေဆီက ငွေသဲ့ယူဖို့ လုပ်တတ်ကြတယ်။ ဒါလေးကို ကျွန်တော်တို့က ပြန်အတုယူသင့်တယ်လို့ မြင်မိတယ်။ တချို့ဆိုင်တွေကျတော့လည်း ဧည့်သည်ဆိုရင် ဂျင်း ထည့်မယ်ပဲ စဉ်းစားနေတာမျိုးလည်း သူတို့မှာ ရှိပါတယ်။ ဒါလေးကိုတော့ ကိုယ့်ဉာဏ်နဲ့ ယှဉ်ဆင်ခြင်ကြရတာပေါ့။
မုန့်နာမည်လေးကို မြန်မာနာမည်အတင်းပေးထားပါတယ်။ တချို့မုန့်တွေ မြန်မာလို အဆင်ပြေအောင် ပေးလိုက်လို့ လွဲသွားတာ ရှိနိုင်ပါတယ်။ ခွင့်လွှတ်ပေးကြပါ။ ဒီတစ်ခါ အတတ်နိုင်ဆုံး အစုံလင်ဆုံး ဖြစ်အောင် ကျွန်တော် ထိုင်းနိုင်ငံရဲ့ လမ်းဘေးအစားအသောက်တွေကို စုစည်းဖော်ပြပေးလိုက်လို့ စာဖတ်သူတွေ သဘောတွေ့မယ်လို့ ယုံကြည်မိပါတယ်။
Thiha, the Traveller

Bago Ancient City
31/01/2017

Bago Ancient City

Shwedagon PagodaNational Landmark of MyanmarYangon City
11/01/2017

Shwedagon Pagoda
National Landmark of Myanmar
Yangon City

Downtown area of Yangon city, Myanmar
16/06/2016

Downtown area of Yangon city, Myanmar

King's brother natural cave and hot springKayin State, Myanmar.
16/06/2016

King's brother natural cave and hot spring
Kayin State, Myanmar.

Mrauk U Ancient City, Rakhine State, Myanmar.မြောက်ဦးရှေးဟောင်းမြို့တော်၊ ရခိုင်ပြည်နယ်။
04/11/2015

Mrauk U
Ancient City, Rakhine State, Myanmar.
မြောက်ဦးရှေးဟောင်းမြို့တော်၊ ရခိုင်ပြည်နယ်။

Bagan, the first empire of Myanmar.Heart of Myanmar.
14/10/2015

Bagan, the first empire of Myanmar.
Heart of Myanmar.

Address

Yezin, Naypyitaw, Yezin, Zayyarthiri Township
Naypyitaw

Telephone

09420727148

Website

Alerts

Be the first to know and let us send you an email when South East Asia Travellers Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category


Other Travel Companies in Naypyitaw

Show All