Areo Link Travel

Areo Link Travel Myanmar နိုင်ငံတဝန်း all in one trips package လေးတွေတနေရာတည်းမှာစုံစုံလင်လင်ရရှိနိုင်ပါတယ်

လွမ်းစရာလေးတွေကျန်နေခဲ့စေတဲ့ ''ပုဂံရှေးဟောင်းမြို့တော်ကြီး'' ဆီကို ဘယ်သူနဲ့သွားချင်ကြလဲ ချစ်တို့ရေ....🤗🤗🤗
20/12/2024

လွမ်းစရာလေးတွေကျန်နေခဲ့စေတဲ့
''ပုဂံရှေးဟောင်းမြို့တော်ကြီး'' ဆီကို ဘယ်သူနဲ့သွားချင်ကြလဲ ချစ်တို့ရေ....🤗🤗🤗




တန်ဆောင်တိုင် ရုံးပိတ်ရက်အတွင်းမှာ တောင်ကြီး ဒါမှမဟုတ် ပုဂံကိုခရီးထွက်ဖို့အတွက် အစီစဉ်တွေရှိနေပြီလား ဒါဆိုရင်တော့ ကျနော်...
04/11/2024

တန်ဆောင်တိုင် ရုံးပိတ်ရက်အတွင်းမှာ တောင်ကြီး ဒါမှမဟုတ် ပုဂံကိုခရီးထွက်ဖို့အတွက် အစီစဉ်တွေရှိနေပြီလား ဒါဆိုရင်တော့ ကျနော်ရဲ့ ဒီ post လေးကို ဆုံးအောင်ဖတ်ကြည့်ပေးပါဦးနော်

“ရောမရဲ့ နေထွက်ချိန်က အစ ပုဂံရဲ့ နေဝင်ချိန်အဆုံး လား “

“တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲနဲ့ အတူ
ရွာငံက ရေပြာအိုင် / ကလောက တိမ်ပင်လယ် ဆီလား”

တန်ဆောင်တိုင် ရုံးပိတ်ရက်တွေဖြစ်ကျတဲ့ (14/15/16/17/) ဒါမှမဟုတ် (15/16/17)မှာ တောင်ကြီး ဒါမှမဟုတ် ပုဂံကိုခရီးထွက်ဖို့အတွက် စီစဉ်နေကျတဲ့ ချစ်သူစုံတွဲတွေအတွက်ကော ချစ်ရတဲ့မိသားစုဝင်တွေအတွက်ကော ခရီးစဉ်အစအဆုံး အဆင်ပြေစေမယ့် ၂ ညအိပ် ၃ ရက်တာ (ပုဂံ ခရီးစဉ်) / ၃ ညအိပ် ၄ ရက်တာ (တောင်ကြီးခရီးစဉ်)တွေ အတွက်အတန်ဆုံး packageစျေးနှုန်းလေးတွေကို ကျနော်တို့ရဲ့ Travel Tales and Memories မိသားစုမှမိတ်ဆတ်ပေးလိုက်ပါတယ်။ 😍🥰

Package တွေထဲမှာဆိုရင်တော့
Bagan Premium Package နှစ်ယောက်စာနဲ့
Taunggyi Package တယောက်စာ ဆိုပြီး Package ( 2 )မျိုးရှိပြီးတော့ စျေးနှုန်းလေးတွေနဲ့ Packages ထဲမှာဘာတွေ ပါဝင်မလဲဆိုတာအသေးစိတ်ကိုတော့ ပုံတပုံချင်းစီရဲ့အောက်မှာ အသေးစိတ်ရေးပြပေးထားပါတယ်👇🏻

🚎 Express အသွား၊အပြန်ကား လက်မှတ်
🚐 ယာဉ်ရပ်နားစခန်းမှ ဟိုတယ်သို့ ကြို/ပို့
🏩 ရေကူးကန်ပါဝင်တဲ့ hotelများ
🍱 Hotel နံနက်စာ စီစဉ်ပေးခြင်းများ
🛺 လည်ပတ်ဖို့ transportation များ
📸 ဓာတ်ပုံရိုက်ကူးခွင့် တို့ကတော့

Package တိုင်းမှာ ပါဝင်ပီးသာဖြစ်ပါတယ်နော်

Package လေးတွေထဲကမှ တခြားမတူညီတဲ့ဘယ်လိုဝန်ဆောင်မှု လေးတွေပါဝင်သွားမလည်းဆိုတာကိုတော့ပုံတပုံချင်းစီရဲ့အောက်မှာ အသေးစိတ်ဖတ်ကြည့်ပေးပါအုံးနော်

ရက်ရှည်ရုံးပိတ်ရက်ဖြစ်တာမို့ Hotel အခန်းပြည့်မြန်တာ / ကားလက်မှတ်ဖြတ်မရ တော့တာတွေမဖြစ်စေရန်အတွက် အမြန်ဆုံး Bookingတင်ထားဖို့ တော့လိုမယ်နော်🤗😍

ဆက်သွယ်ရန်
Ph No 📞 - 09 797 971 121 / 09 757 71 91 71

Viber No - 09 797 971 121 / 09 757 71 91 71

#ပုဂံ
#အင်းဝ
#တောင်ကြီး
#ကလော
#ရေပြာအိုင်
#တိမ်ပင်လယ်
#တောင်ကြီးတန်ဆောင်တိုင်
#တောင်ကြီးမီးပုံးပျံပွဲ








ပုဂံဟာ အချစ်တို့သတ်သေပြုကြတဲ့ပြယုဂ်တစ်ခုရယ်လို့ ဆိုကြတယ် 💞 #ပုဂံ
09/10/2024

ပုဂံဟာ အချစ်တို့သတ်သေပြုကြတဲ့

ပြယုဂ်တစ်ခုရယ်လို့ ဆိုကြတယ် 💞

#ပုဂံ



ပုဂံမှာ ဘောလုံးစီးခ ဘာလို့စျေးကြီးနေရလည်းဆိုတာ Travel Tales & Memories မှရှင်းပြပေးပါရစေရှင့်💕သူ့ရဲ့သဘောက အတက်အဆင်းကိုသာ...
08/10/2024

ပုဂံမှာ ဘောလုံးစီးခ ဘာလို့စျေးကြီးနေရလည်းဆိုတာ Travel Tales & Memories မှရှင်းပြပေးပါရစေရှင့်💕

သူ့ရဲ့သဘောက အတက်အဆင်းကိုသာထိမ်းချုပ်လို့ရပါတယ် လိုရာကို မောင်းနှင် / ဆင်းသက် လို့မရပါဘူး။

လေကြောင်းသင့်ရာကိုသာအလိုက်သင့်စီးမျောရတာမို့ ကိုယ် သွားချင်တဲ့နေရာ ဆင်းသက်ချင်တဲ့နေရာကို သွားလို့မရ ဆင်းလို့မရပါ။

ဒါ့ကြောင့် လေဆိပ် မှ လေကြောင်းဆိုင်ရာအချက်အလက်တွေကို အရင် ရယူရပါမယ်။

မြေပြင်မှာ လေဖိအား နဲ့ လေတိုက်နူံး က ပုံမှန်ဆိုပေမယ့် အမြင့်ပေဘယ်၍ဘယ်မျှ မှာ ပြောင်းလွဲပြင်းထန်နေရင် { ၎င်းနေ့ } မှာ ခရီးစဥ်ကိုပယ်ဖျက်ရပါတယ်။

ပုဂံ ရဲ့ ရာသီဥတု / လေတိုက်နှုံးအရ တစ်နှစ်မှာ Nov Dec Jan Feb လေးလပဲစိတ်ချလက်ချ စီးနင်းလို့ရပါသတဲ့။

မုန်တိုင်းဖြစ်နေတဲ့အချိန်သာမဟုတ် မိုးဦးလေဦး နဲ့ လေရူးမွှေတဲ့အချိန်တွေမှာလည်းရပ်နားထားရပါတယ်။

ကောင်းကင်ပေါ်တက်သွားပြီဆိုပေမယ့် မြေပြင်မှာကျန်ခဲ့တဲ့ ဝန်ထမ်းအဖွဲ့သားတွေ ရဲ့တာဝန်က အရမ်းကြီးလေးလှပါတယ်။

ဘယ်နေရာ ဘယ်နားမှာ ဆင်းသက်မယ်ဆိုတာကြိုမသိရတဲ့အတွက် ဘောလုံးပျံသန်းရာနောက်ကို ထပ်ချက်မကွာ လိုက်နေရပါတယ်။

လေကြောင်းပြောင်းလွဲတိုက်ခတ်တဲ့အခါတွေမှာ ဧရာဝတီမြစ်လယ် { ရေလယ်ကျွန်း } ထဲဆင်းသက်ရတာတွေရှိလို့ ခရီးသည်တွေကို စက်လှေ / ကားနဲ့ ပြန်ကြိုရတာတွေ မလွှဲသာလို့ စိုက်ခင်းထဲဆင်းသက်ရတဲ့အခါလျှော်ကြေးပေးရတာတွေ ရှိပါသတဲ့{ ဘောလုံးရွက်ဖျင်သားတွေမထိခိုက်အောင် အခင်းလိုက်ရှင်းပြစ်ရတာတွေ ရှိ }

အဓိက ကတော့ စီးနင်းသူတွေ အန္တရာယ်မဖြစ်အောင် တာဝန်ယူစောင့်ရှောက်ရတာပါတဲ့။

စီးနင်းသူတွေ ဦးရေ ရဲ့ ဝိတ်ချိန်ပေါင်းကသတ်မှတ်အလေးချိန်မပြည့်မှီပါရင်လည်းပြည့်မှီအောင် လုပ်ဆောင်ရပါသတဲ့။

အလွယ်ဆုံးနည်းကတော့ ထိမ်းချုပ်မယ့် ပိုင်းလော့သင်တန်းသားကို တင်ခေါ်သွားခြင်းပေါ့

တက်သွားတာကတော့ဟုတ်ပြီ ဘုရားဉာဏ်တော်အမြင့် နဲ့ မလွတ်တာ သစ်ပင်အမြင့် နဲ့ မလွတ်တာမျိုးကြုံလာရင်ဂက်စ်ပါဝါကို တိုးပြီး ဒါ့ထက်မြှင့်တက်အောင် လုပ်ဆောင်ရပါသတဲ့။

ကဲ ဒီလောက်ပါပဲ ချစ် customer တို့ရေ။

မူရင်းရေးသားသူ_Than Wai Myint

“ရောမရဲ့ နေထွက်ချိန်က အစ ပုဂံရဲ့ နေဝင်ချိန်အဆုံး မင်းနဲ့အတူကြည့်ချင်တယ်”သင်ဟာယခုဒီpost ကိုဖတ်နေတဲ့သူတယောက်ဆိုရင် သေချာပါ...
05/10/2024

“ရောမရဲ့ နေထွက်ချိန်က အစ ပုဂံရဲ့ နေဝင်ချိန်အဆုံး မင်းနဲ့အတူကြည့်ချင်တယ်”

သင်ဟာယခုဒီpost ကိုဖတ်နေတဲ့သူတယောက်ဆိုရင် သေချာပါတယ်သင့်မှာ သီတင်းကျွတ်ရုံးပိတ်အတွင်း ပုဂံကိုခရီးထွက်ဖို့အတွက် အစီစဉ်တွေရှိနေပါပြီ။

သတင်းကျွတ် ရုံးပိတ်ရက်တွေဖြစ်ကျတဲ့ (16/17/18) ဒါမှမဟုတ် (18/19/20)မှာ ပုဂံကိုခရီးထွက်ဖို့အတွက် စီစဉ်နေကျတဲ့ ချစ်သူစုံတွဲတွေအတွက်ကော ချစ်ရတဲ့မိသားစုဝင်တွေအတွက်ကော ခရီးစဉ်အစအဆုံး အဆင်ပြေစေမယ့် ၂ ညအိပ် ၃ရက်တာ အတန်ဆုံး packageစျေးနှုန်းလေးတွေကို ကျနော်တို့ရဲ့ Travel Tales and Memories မိသားစုမှမိတ်ဆတ်ပေးလိုက်ပါတယ်။ 😍🥰

နှစ်တိုင်း နှစ်တိုင်း လူအကြိုက်အများဆုံးဖြစ်တဲ့ Balloon Over Bagan Package လေးလည်းပြန်လည်ပါဝင်လာပါပြီနော်။ 🥰😍

Package တွေထဲမှာဆိုရင်တော့
Balloon Over Bagan / Premium / Medium / Standard ဆိုပြီး Package 4 မျိုးရှိပြီး စျေးနှုန်းလေးတွေနဲ့ ဘယ်လိုPackage တွေ ပါဝင်မလဲဆိုတာအသေးစိတ်ကိုတော့ ပုံတပုံချင်းစီရဲ့အောက်မှာ ရေးပြပေးထားပါတယ်👇🏻

🚎 Express အသွား၊အပြန်ကား လက်မှတ်
🚐 ယာဉ်ရပ်နားစခန်းမှ ဟိုတယ်သို့ ကြို/ပို့
🏩 ရေကူးကန်ပါဝင်တဲ့ 4 star / 3 star hotelများ
🍱 Hotel နံနက်စာ စီစဉ်ပေးခြင်းများ
🛺 ပုဂံမှာလည်ပတ်ဖို့ transportation များ
📸 ဓာတ်ပုံရိုက်ကူးခွင့် တို့ကတော့

Package တိုင်းမှာ ပါဝင်ပီးသာဖြစ်ပါတယ်နော်

တခြားမတူညီတဲ့ဘယ်လို Package လေးတွေပါဝင်သွားမလည်းဆိုတာကိုတော့ပုံတပုံချင်းစီရဲ့အောက်မှာ အသေးစိတ်ဖတ်ကြည့်ပေးပါအုံးနော်

ရက်ရှည်ရုံးပိတ်ရက်ဖြစ်တာမို့ Hotel အခန်းပြည့်မြန်တာ / ကားလက်မှတ်ဖြတ်မရတော့ တာတွေမဖြစ်စေရန်အတွက် အမြန်ဆုံး Bookingတင်ထားဖို့ တော့လိုမယ်နော်🤗😍

ဆက်သွယ်ရန် Ph No 📞 - 09 797 971 121

Viber No - 09 797 971 121

#ပုဂံ







 #ပုဂံ-ညောင်ဦးကို လာလည်ရင် သူရဲကောင်း ပုဂံဗိုလ်ချိုရဲ့ ဇာတိမြို့လေး ငါ့သရောက်ကိုလည်း သွားရောက်လည်ပတ်သင့်ပါတယ်။ညောင်ဦးမ...
05/10/2024

#ပုဂံ-ညောင်ဦးကို လာလည်ရင် သူရဲကောင်း ပုဂံဗိုလ်ချိုရဲ့ ဇာတိမြို့လေး ငါ့သရောက်ကိုလည်း သွားရောက်လည်ပတ်သင့်ပါတယ်။

ညောင်ဦးမှ အရှေ့ဘက်သို့ ဆိုင်ကယ်ဖြင့် မိနစ်30-40ဝန်းကျင်စီးရပြီး ထန်းရည် မြေပဲ ပုန်းရည်ကြီး အများပြားထွက်ရှိရာ မြို့ငယ်လေးလည်းဖြစ်ပါတယ်။

ပုဂံဗိုလ်ချို ကြိုးစင်မတက်မီနောက်ဆုံး မှာကြားမှုဖြင့်တည်ထားခဲ့သော ကျောက်ထီးမြနန္ဒာဘုရားနှင့် မြနန္ဒာကန်တော်ကြီးလည်းတည်ရှိပါတယ်။
Crd






ရောမရဲ့ နေထွက်ချိန်ကအစ ပုဂံ ပြည်ရဲ့နေဝင်ချိန်အဆုံး မင်းနဲ့ အတူတူကြည့်ခြင်တယ် ........မတတ်မက်မိအောင်နေရင်းနဲ့ သဘောကျနေရတဲ...
05/10/2024

ရောမရဲ့ နေထွက်ချိန်ကအစ ပုဂံ ပြည်ရဲ့
နေဝင်ချိန်အဆုံး မင်းနဲ့ အတူတူကြည့်ခြင်တယ် ........

မတတ်မက်မိအောင်နေရင်းနဲ့
သဘောကျနေရတဲ့ .......

ပင်မြင့်ထက်က သဇင်ပန်း​​လေးလို့
တင်စားရတဲ့ ခင်လေး ရေ .........

မပိုင်ဆိုင်ရရင်တောင်
ချစ်တာလေးတော့ အချစ်ကို သိစေခြင်ပါတယ်........

ဒီနေရာလေးကို သိရင် သေချာပီ ခင်ဗျား ပုဂံ မှာ နေရာအနှံ့ကိုရောက်ခဲ့တာပဲ...📸
05/10/2024

ဒီနေရာလေးကို သိရင် သေချာပီ ခင်ဗျား ပုဂံ မှာ နေရာအနှံ့ကိုရောက်ခဲ့တာပဲ...

📸






ကမ္ဘာကြီးရဲ့ ကဗျာအငိုနဲ့ဆက် အငိုနဲ့ခွဲ ဒီလောကထဲရေတပွက်မှာ မီးလာထဲ့ကြတဲ့ အထဲဉာဏ်မီးထဲ့နိုင်ခဲ့ကြသူများရဲ့ ကမ္ဘာကြီးရဲ့ကဗျ...
05/10/2024

ကမ္ဘာကြီးရဲ့ ကဗျာ

အငိုနဲ့ဆက် အငိုနဲ့ခွဲ ဒီလောကထဲ
ရေတပွက်မှာ မီးလာထဲ့ကြတဲ့ အထဲ
ဉာဏ်မီးထဲ့နိုင်ခဲ့ကြသူများရဲ့
ကမ္ဘာကြီးရဲ့ကဗျာ
ပုဂံမှာရှိတယ်။

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိတယ်အမြဲသွားချင်နေတဲ့မြို့ပေါ့ 🍂Bagan Lover
05/10/2024

လူတစ်ယောက်ဆီမှာ မြို့တစ်မြို့တော့ရှိတယ်
အမြဲသွားချင်နေတဲ့မြို့ပေါ့ 🍂

Bagan Lover

⛰ပေ​ပေါင်း ၅၀၀၀ ပုပ္ပါး​တောင်⛰သိုးကလေ ... ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျားစုံတောပြား၌ 🎼🎼ငယ်ငယ်​လေးက ရင်းနှီးခဲ့တဲ့ ပုပ္ပါ...
05/10/2024

⛰ပေ​ပေါင်း ၅၀၀၀ ပုပ္ပါး​တောင်⛰

သိုးကလေ ... ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား
စုံတောပြား၌ 🎼🎼

ငယ်ငယ်​လေးက ရင်းနှီးခဲ့တဲ့ ပုပ္ပါး​​တောင်အ​ကြောင်း ကဗျာ​လေးပါပဲ။ ရင်းနှီးဖူးခဲ့တဲ့ ဒီတောင်​လေးကို ​ခြေလျင်​တောင်တက်ဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။

တောက်တက်ရတာကြိုက်တယ်။ ​တောင်ထိပ်​​ရောက်သွားရင် ငါလုပ်နိုင်ပီဆိုပြီး ခံစားရတဲ့ ခံစားချက်။ ဒါကိုကြိုက်လို့ ​တောင်​တွေပတ်တက်​နေ​တော့တာပါပဲ။ တက်ဖူးခဲ့သမျှ​တောင်​တွေထဲမှာ အကြိုက်ဆုံးဆိုရင်​တော့ ဒီပုပ္ပါး​တောင်ပါ။ ပေ​ပေါင်း ၅၀၀၀ ​နီးပါးတက်လိုက်ရတာကို ပင်ပန်းတယ်လို့ မခံစားမိလိုက်ရတာကို ​တော်​တော်​ကျေနပ်ပါတယ်။ ပထမတစ်ချက်က သူ့ရဲ့ရာသီဥတု၊ မြူ​တွေဆိုင်းပြီး ​တောင်ခိုး​တောင်​ငွေ့​တွေနဲ့ သူ့ကိုတက်တဲ့သူ​တွေကို မပင်ပန်း​စေတဲ့​တောင်၊ ​တောလမ်း​လေး​တွေက ​​ပြေ​ပြေ​လေး​တွေနဲ့ လူကိုသက်သာ​စေတဲ့​တောင်၊ မြင်မြင်သမျှ စိမ်းစိုစိုနဲ့ စိတ်နှလုံးချမ်းငြိမ်း​စေတဲ့​တောင် ... ဒါ​ကြောင့်လဲ ကျ​နော်အကြိုက်ဆုံး​တောင်လို့​ပြောရတာ​ပေါ့။

ပုပ္ပါး​တောင်တက်ဖို့ ဘာ​တွေပြင်ဆင်ဖို့လိုလဲ။ ဘယ်လိုသွားရင် အ​ကောင်းဆုံးဖြစ်မလဲဆိုတာ ကျ​နော်တို့ကြည့်လိုက်ရ​အောင်။ ဒီမှာနည်းနည်း Information ​လေး​ပေးမယ်​ပေါ့​နော်။ 👇👇

1️⃣🕐နံပါတ် ၁ - ပုပ္ပါး​တောင်ကို ဘယ်​လောက်ကြာကြာတက်ရလဲ။

ဒါက​တော့ လူ​ပေါ်မှာ မူတည်ပါတယ်ခင်ဗျာ။ ကျ​နော်တို့လို တက်လိုက် ဓါတ်ပုံရိုက်ဖို့ နားလိုက် လုပ်​နေသူ​တွေအတွက်က​တော့ အတက်အဆင်းကို ၆ နာရီကြာခဲ့ပါတယ်။ ပုံမှန်တက်လိုက်နားလိုက် လုပ်မယ်ဆို ၄ နာရီ​​လောက်နဲ့ အတက်အဆင်းလုပ်လို့ရပါတယ်။

2️⃣🚗နံပါတ် ၂ - ဘယ်ကတက်မလဲ။

ကျ​နော်တို့အဖွဲက ပုဂံက​နေ ပုပ္ပါး​ကို ကားနဲ့လာလိုက်ပါတယ်။ ပုဂံက ၆ နာရီ​လောက်စထွက်တယ်။ ​တောင်တက်လမ်း​ဖောက်ထားတဲ့ Popa Mountain Resort ကို ၇ ခွဲ​လောက်​ရောက်ပါတယ်။ အဲ့က​နေ စတက်ကြပါတယ်။ ပုဂံက​နေ ပုပ္ပါးကို ကားခက အသွားအပြန်ကို ၄ သောင်းခွဲ​​ပေးခဲ့ရတယ်။ ၁၀ ယောက်​လောက်စီးလို့ရပါတယ်။

​နောက်တစ်မျိုးအ​နေနဲ့ ​တောင်တက်လမ်း​ဖောက်ထားတဲ့ Popa Mountain Resort မှာ တည်းခိုပြီး မနက်ပိုင်း​တောင်တက်တာမျိုးပြုလုပ်လို့ရပါတယ်။ Popa Mountain Resort ကလဲ ​​တော်​တော်လှတဲ့ ဟိုတယ်တစ်လုံးပါပဲ။ အနိမ့်ဆုံးအခန်းက ၅​သောင်းက​နေ အမြင့် ၁ သိန်းအထိပဲရှိတဲ့ ဟိုတယ်ဖြစ်ပါတယ်။

3️⃣🥾နံပါတ် ၃ - ဘာ​တွေပြင်ဆင်ဖို့လိုလဲ။

ဖိနပ်​ကောင်းဖို့လိုပါမယ်။ ​လမ်းက​ပြေ​​ပြေ​လေး​ဆို​တော့ ဘာနဲ့တက်တက် ​ရောက်​ပေမယ့်။ Running shoe ​တွေ ​တောင်တက်ဖိနပ်​တွေက လူကိုသက်သာ​စေပါလိမ့်မယ်။ ​

ပြီး​တော့ တောင်ထိပ်မှာပဲ အိမ်သာရှိပါတယ်။ ​တောင်​မတက်ခင် ကိစ္စ​တွေမရှင်းခဲ့ရင် ​တောတိုးဖို့ tissue ယူလာဖို့လိုပါမယ်။

4️⃣🥖နံပါတ် ၄ - ​ရေနဲ့ အစားအစာလွယ်လား။

မလွယ်ပါဘူး။ ကိုယ့်​ရေဘူးကိုယ်သယ်ပါ။ အမှိုက်မပစ်ပါနဲ့။ ​တောင်ထိပ်မှာ​​တော့ ထမင်းဆီစမ်း​ရောင်းပါတယ်။ ကုန်တာမြန်ပါတယ်။ Limited နဲ့ပဲရပါမယ်။ အဲ့​တော့ ကိုယ့်ရိက္ခာနဲ့ ကိုယ်သယ်လာတာ​အ​ကောင်းဆုံးပါပဲ။

တောင်တက်လမ်းတစ်​လျောက် လူလုံးဝမပြတ်ပါဘူး။ အမှိုက်နည်းနည်း​လေးရှိ​​ပေမယ့် အများကြီးမ​တွေ့ရ​သေးတာမြင်​တော့ အရမ်းဝမ်းသာရပါတယ်။ ကျ​နော်တို့ကိုယ်တိုင်လဲ တတ်နိုင်တဲ့ အမှိုက်​လေး​တွေ ​ကောက်ခဲ့ပါ​သေးတယ်။

👍👍အရမ်းလှတဲ့​နေရာ​လေးမို့ ငယ်တုံးရွယ်တုံးတက်ထား​စေချင်ပါတယ်။ တကယ်ကို recommend ​ပေးပါတယ်။

📌ပုဂံပြည်ရဲ့ နေဝင်ချိန်ကို     ချစ်ရသူနဲ့ ကြည့်ရတာလည်း ကြည်နူးမှု့တစ်ခုပဲလေ♥️♥️
05/10/2024

📌ပုဂံပြည်ရဲ့ နေဝင်ချိန်ကို
ချစ်ရသူနဲ့ ကြည့်ရတာလည်း
ကြည်နူးမှု့တစ်ခုပဲလေ♥️♥️






ပုဂံမှာ နတ်သမီးကမ်းပါးဆိုတာရှိတယ်ပုဂံရောက်တဲ့သူ အတော်တော်များများက မြို့သစ်နဲ့ မြို့ဟောင်းကို စုံအောင်လည်ကြပေမယ့် တကူးတက...
05/10/2024

ပုဂံမှာ နတ်သမီးကမ်းပါးဆိုတာရှိတယ်
ပုဂံရောက်တဲ့သူ အတော်တော်များများက မြို့သစ်နဲ့ မြို့ဟောင်းကို စုံအောင်လည်ကြပေမယ့် တကူးတကသွားရတဲ့ ဧရာဝတီမြစ်ဘေးက သဲသောင်ကုန်းတွေ မြစ်ရေတိုက်စားထားတဲ့ လျှိုတွေပတ်ပတ်လည်ဝိုင်းနေတဲ့ နတ်သမီးကမ်းပါးဆိုတဲ့ နေရာလေးကိုမေ့နေကြတယ်။ နတ်သမီးကမ်းပါးရဲ့အပေါ်က တောင်ကုန်းလေးမှာ ကုန်းတော်ကြီးဘုရားဆိုတာရှိပြီး ပတ်ပတ်လည်မှာကြည့်လိုက်ရင် သူကအမြင့်ဆုံးပါပဲ အမြင့်ဆုံးနေရာကနေ ဧရာဝတီရဲ့အလှ၊ ပုဂံမှာမြင်နေကြမဟုတ်တဲ့ သဲသောင်ကုန်းနဲ့ လျှိုတွေရဲ့အလှ ရေတိုက်စားထားတဲ့ကမ်းပါးပဲ့ကြီးရဲ့အလှက နေဝင်ချိန်မှာ ဘာနဲ့မှမတူအောင်ကိုလှနေတာ။ ဝေးပြီးလူတွေအလာနည်းကြလို့လည်းမသိဘူး ညနေစောင်းလေးကို နားအေးပါးအေးနဲ့ လူတွေနဲ့ဝေးတဲ့နေရာကြီးကနေ ဟိုးခပ်ဝေးဝေးက ပုဂံကိုကြည့်ရတာကိုက ဘာနဲ့မှကိုမတူတာ။ လူတွေမလာကြဆိုရအောင်သူ့ဆီသွားတဲ့လမ်းကလည်း သီးသန့်ဖြစ်နေတာကိုး . . .

အကယ်၍များဗျာ အညာပုဂံရဲ့ အရသာလေးကို လွမ်းဆွေးဆွေးလေးလိုချင်တယ်ဆိုရင် ညနေစောင်းကို သွားကြည့်စေချင်တယ် ဖုန်တက်နေတဲ့လမ်းဖြူဖြူလေးတွေ ပုဂံမှာလိုမဟုတ်ပဲ လမ်းတွေက တောင်ကုန်းလေးတွေလိုဖြစ်နေတာ၊ မွဲခြောက်ခြောက်အညာရဲ့ အထာဖြစ်တဲ့ သစ်ပင်တွေကလည်း ညနေစောင်းရဲ့ အကျနေမှာ နေရောင်ကကျိုးတိုးကျဲတဲ နဲ့ ဒီကြားထဲ နွားသိမ်းတဲ့သူနဲ့ ဆိတ်သိမ်းတဲ့သူနဲ့ တခါတခါ နွားသိမ်းတာနဲ့ကြုံရင် ယာဥ်ကြောပိတ်လို့ထိုင်စောင့်ပေးရသေးတာဗျာ . . . . ကဲဗျာ စကားတွေရှည်မနေတော့ပါဘူး . . . . ပုံလေးတွေကြည့်ပြီး နတ်သမီးကမ်းပါးကို တခေါက်အတူသွားရအောင်

“ မိုးနဲ့အတူ ပုဂံလမ်းကစောင့်နေမယ် “ ဆိုတဲ့သီချင်းလေးအတိုင်း မိုးရာသီမှာ ပုဂံကိုသွားရတာဟာ 🍃စိမ်းလန်းစိုပြေပြီး လှပတဲ့ မြင...
05/10/2024

“ မိုးနဲ့အတူ ပုဂံလမ်းကစောင့်နေမယ် “ ဆိုတဲ့သီချင်းလေးအတိုင်း မိုးရာသီမှာ ပုဂံကိုသွားရတာဟာ 🍃စိမ်းလန်းစိုပြေပြီး လှပတဲ့ မြင်ကွင်းတွေကိုကြည့်ရှုခံစားနိုင်မယ့်အပြင် မြေသင်းနံ့လေးရယ် မိုးရဲ့အငွေ့အသက်တွေနဲ့ လည်ပတ်ရတာ ပျော်စရာအကောင်းဆုံး အချိန်တစ်ခုဖြစ်ပါတယ် 💭

ပုဂံကိုလာရောက်လည်ပတ်တဲ့အခါ ▪▪▪
✔ ပန်းတော့လက်ရာများ
✔ နံရံဆေးရေးပန်းချီများ
✔ ပန်းတမော့လက်ရာများနှင့် အခြားသော သမိုင်းဝင်ပန်းချီလက်ရာများကို လေ့လာချင်တယ်ဆိုရင်တော့ ဂူပြောက်ငယ်(ဝက်ကြီးအင်း)ဘုရားမှာ တွေ့နိုင်ပါတယ်

ဂူပြောက်ငယ် (ဝက်ကြီးအင်း)ဘုရားဆိုတာ▪▪▪ မဟာဗောဓိပုံ ကွမ်းတောင်ပေါက် လိုဏ် နှစ်ဆင့် ဂူဘုရားဖြစ်ပါတယ် ။ မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိပြီး
စေတီပုထိုးအမှတ်မှာ ၂၈၅/၁၉၃−က ဟုသတ်မှတ်ခေါ်ဆိုကြပါတယ် ။ နံရံဆေးရေးပန်းချီနဲ့ ပန်းတမော့လက်ရာတွေကြောင့် နာမည်ကြီးထင်ရှားပါတယ် ✨

ဂူပြောက်ငယ် (ဝက်ကြီးအင်း)ဘုရားရဲ့ အတွင်းနံရံတွေမှာ
၅၅၀ ဇာတ်တော်တွေထဲက ရွေးနှုတ် ရေးချယ်ထားတဲ့ နံရံဆေးရေးပန်းချီတွေကြောင့် စိတ်ဝင်စားကြပြီး ဘုရားဆောင် အပြင်ပတ်လမ်း ဆင်းတုတော်များထားရာ နံရံမုခ်ပေါက်များတွင် ▪▪▪▪
✅ ရှေးမွန်ကမ္ဗည်းစာ
✅ နံရံဆေးရေး ပန်းချီကား လက်ရာများ
✅ နှစ်ကျိပ်ရှစ်ဆူ ဘုရားများ
✅ ပန်းခက်ပန်းနွယ်များ
✅ ဗုဒ္ဓဝင် အကြောင်းအရာများ နှင့် ဂူပြောက်ကြီးဘုရားရဲ့ အဝင်ခန်းမပေါင်းကူးမျက်နှာကြက်တွင်
အလင်းရောင်ရသဖြင့် ပန်းချီများကို ကောင်းစွာလေ့လာကြည့်ရှုခံစားနိုင်ပါတယ်

◼ ဒါ့အပြင် ဘုရားရဲ့ အဝင်ခန်းမမှာ ဘုရား၏ခြေတော်ရာကွက်နှင့်တကွ အလွန်လှပသော ပန်းချီကွက်များရှိပြီး ငါးရာ့ငါးဆယ် ဇာတ်ကွက်များကို ကမ္ပည်းမင်စာနှင့်တကွ လေ့လာနိုင်ပါတယ်

◼ အာရုံခံခန်းမ ပေါင်းကူးမျက်နှာကြက်တွင် ပန်းခက်ပန်းနွယ်ပုံ အလှပန်းများ နံရံတွင် တွဲလွဲဆွဲထားသော
ငှက်ရုပ်ပုံများနှင့် ပန်းများသစ်ရွက်ပုံ ပန်းတန်းများနှင့် ပန်းဘောင်များ ရှိပါတယ်

◼ စင်္ကြံပေါင်းကူး မျက်နှာကြက်တွင် ကျက်တငိုပုံများ၊ သစ်ရွက်ပုံ ပန်းတန်းများရှိပြီး
ဂူပြောက်ကြီး (ဝက်ကြီးအင်း)ဘုရား အပြင်ရှိ အင်္ဂတေ ပန်းတော့လက်ရာများနှင့် အဝင်မုခ်ရှိ စုလစ်ပန်း၊ ရာမလက်ညှိုး၊ မုခ်တံကဲပန်းနှင့် တိုင်ဖုံးပန်းများကို လေ့လာနိုင်ပါတယ်

မြန်မာလူမျိုးများရဲ့ ပန်းဆယ်မျိုးထဲက (အမွေအနှစ် )များစွာရှိတဲ့ ပန်းတော့/ပန်းတမော့……စသဖြင့် သမိုင်းဝင် ပန်းချီလက်ရာများ လေ့လာချင်သူများဝင်ရောက်ဖူးမျှော်နိုင်ရန် တင်ပေးလိုက်ပါတယ် ခင်ဗျာ▪▪▪▪🙌


#𝐇𝐨𝐭𝐞𝐥 #𝐑𝐞𝐬𝐨𝐫𝐭 #𝐋𝐮𝐱𝐮𝐫𝐲
#𝐁𝐚𝐠𝐚𝐧 #𝐔𝐧𝐞𝐬𝐜𝐨𝐖𝐨𝐫𝐥𝐝𝐇𝐞𝐫𝐢𝐭𝐚𝐠𝐞
#ပုဂံ #𝐓𝐫𝐚𝐯𝐞𝐥𝐢𝐧𝐠 #𝐒𝐰𝐢𝐦𝐦𝐢𝐧𝐠𝐏𝐨𝐨𝐥 #𝐑𝐞𝐥𝐚𝐱 #ပန်းဆယ်မျိုး #ဂူပြောက်ငယ်(ဝက်ကြီးအင်း)ဘုရား #

ပုဂံရဲ့ မိုးကောင်းကင် အလှမှာ စက္ကူပန်းလေးတွေလဲ မညှိုးပဲရဲဝင့်စွာပွင့်လေပြီလေ … 🥰နွေဦးကိုအလှပဆုံးဖူးပွင့်ရင်းကြိုဆိုနေတဲ...
05/10/2024

ပုဂံရဲ့ မိုးကောင်းကင် အလှမှာ စက္ကူပန်းလေးတွေလဲ မညှိုးပဲရဲဝင့်စွာပွင့်လေပြီလေ … 🥰

နွေဦးကို
အလှပဆုံးဖူးပွင့်ရင်း
ကြိုဆိုနေတဲ့ ပန်းကလေးတွေပါ

ဒီပန်းကလေးတွေရဲ့ထူးခြားချက်က
နေပူပြင်းတဲ့အချိန်လေးမှာတောင်
တစ်ချက်လေးမညှိုးပဲ ရဲဝံ့စွာဖူးပွင့်တတ်ခြင်းပေါ့

ရနံ့မရှိပေမယ့်လေ
သူ့ရဲ့ရှင်သန်တတ်ခြင်းလေးကြောင့်
ကြည်နူးရင်းချစ်ခဲ့မိပါတယ်

တချို့အချိန်တွေမှာလေ
စက္ကူပန်းလေးလို အလှဆုံးဖူးပွင့်ရှင်သန်နိုင်ရမယ်
ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ပေါ့
မသိနိုင်ဘူးလေ...
ကိုယ့်အတွက်ဂုဏ်ယူရင်း ချစ်ပေးနေမယ့်သူတွေ
အနားမှာရှိနေနိုင်မယ်လို့...

ဓမ္မရံကြီးဘုရား ၏  ရှူ့ထောင့်အဖုံဖုံ၊Crd photo
05/10/2024

ဓမ္မရံကြီးဘုရား ၏ ရှူ့ထောင့်အဖုံဖုံ၊
Crd photo






လက်ကျန်လရောင်ထဲကနေကြာဖူးခေါ်တဲ့တဇောင်းဖူးတွေပေါ့...အခုတော့ ပုဂံမှာ မိုးကောင်းတော့ တဇောင်းဖူးတွေလည်း ပွင့်နေပီ..ချက်စားလိ...
05/10/2024

လက်ကျန်လရောင်ထဲကနေကြာဖူးခေါ်တဲ့တဇောင်းဖူးတွေပေါ့...အခုတော့ ပုဂံမှာ မိုးကောင်းတော့ တဇောင်းဖူးတွေလည်း ပွင့်နေပီ..ချက်စားလို့အရမ်းကောင်းတာဗျ.....စားဖူးကြလား..?

ပုဂံ-လွမ်းစရာဌာနေ






Address

Khayay Road, Anawrahta Ward
Nyaung-U
05231

Telephone

+959797971121

Website

Alerts

Be the first to know and let us send you an email when Areo Link Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Areo Link Travel:

Videos

Share

Category