Thu Kha Travel

Thu Kha Travel Hello!

Welcome from Thu Kha Travel. ရေပေါ်အိမ်လေးတွေနဲ့ တမူထူးခြားတဲ့ အင်းလေးကန်ကြီးရဲ့အလှ , ကမ္ဘာကျော် တန်ခိုးကြီး ဘုရားများနဲ့ အင်းသားဓလေ့ထုံးစံတို့ကို လေ့လာအပန်းဖြေချင်တဲ့သူများအတွက် လမ်းခရီး ဖြောင့်ဖြူးရန် လူကြီးမင်းတို့စိတ်ကြိုက် ကျွန်တော်တို့ရဲ့ Thu Kha Travel မှ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်ခင်ဗျာ �

ညောင်ရွှေမြို့တွင် ရှိနေကြတဲ့ ကယားစစ်ရှောင်များတွက် ရန်ကုန် / ရွှေညောင် / ရပ်စောက် မှ လှူဒါန်းပေးကြသော အလှူပစ္စည်းများ ဖ...
24/11/2023

ညောင်ရွှေမြို့တွင် ရှိနေကြတဲ့ ကယားစစ်ရှောင်များတွက် ရန်ကုန် / ရွှေညောင် / ရပ်စောက် မှ လှူဒါန်းပေးကြသော အလှူပစ္စည်းများ ဖြစ်ပါတယ်ရှင့် 🙏🏻

မင်မင်တို့ Thu Kha Travel ကိုဆက်သွယ်ပြီး လှူဒါန်းပေးကြတဲ့ အလှူရှင် တစ်ယောက်ချင်းစီတ်ိုင်း ဒီထက်မက လှူဒါန်းပေးကမ်းန်ိုင်သော လက်များဖြစ်ပါစေရှင့် 🙏🏻

လှူပေးတဲ့တွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်

လှူဒါန်းလိုပါက 095212266 / 09441157502 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်

🤍🤍🤍 Lovely customers 😘
23/11/2023

🤍🤍🤍

Lovely customers 😘

ကျွန်မတို့ thu kha travel admin တွေရဲ့ personal acc ကိုဆက်သွယ်ပြီး လွိုင်ကော်စစ်ရှောင်ပြည်သူတွေတွက် အင်္ကျီ / စောင် / အန...
20/11/2023

ကျွန်မတို့ thu kha travel admin တွေရဲ့ personal acc ကိုဆက်သွယ်ပြီး လွိုင်ကော်စစ်ရှောင်ပြည်သူတွေတွက် အင်္ကျီ / စောင် / အနွေးထည်တွေ လှူဒါန်းပေးကြတာပါအကုန်ရောက်တာနဲ့ ခွဲဝေပြီး လိုအပ်တဲ့နေရာတွေက ဆက်သွယ်လာလို့ ညတွင်းချင်း လှူပေးလိုက်ပါပြီရှင့် 🙏🏻

လှူပေးကြတဲ့ အမတို့ ညီမတို့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးများကြီးတင်ပါတယ်ရှင့်

​ဒီထက်မက ပိုပြီး ပေးကမ်းလှူဒါန်းနိုင်တဲ့ လက်များ ဖြစ်ကြပါစေရှင် 🙏🏻🙏🏻

အနွေးထည်တွေဆိုလဲလေ အကောင်းတွေအများကြီး တကယ်ကျေးဇူးတင်တယ်နော် 🥺 အကုန်လုံးနွေး"ထွေး"အိပ်ရတော့မယ် တကယ်ကျေးဇူးတင်ပါတယ်ရှင့်

လှူချင်သူများ 09441157502 ကိုဆက်သွယ်ပါရှင့်

ညောင်ရွှေမြို့ကိုစစ်ရှောင်လာကြတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့မှ စစ်ရှောင်ပြည်သူတွေအတွက် ကျွန်တော်တို့ Thu Kha Travel မှ ...
19/11/2023

ညောင်ရွှေမြို့ကိုစစ်ရှောင်လာကြတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့မှ စစ်ရှောင်ပြည်သူတွေအတွက် ကျွန်တော်တို့ Thu Kha Travel မှ ဆန်အိတ်များ လှူဒါန်းခြင်းဖြစ်ပါတယ်ဗျ

ဟင်းသီးဟင်းရွက်တွေလဲ လိုသလောက် ဒီညနေစာလေး လှူဖြစ်ပါတယ် နောက်နေ့တွေအတွက်လဲ လှူပါအုံးမယ်ဗျ

ပြည်သူများ အမြန်ဆုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကိုယ်ချစ်ရတဲ့မြို့လေးတွေမှာ ပျော်ရွှင်စွာ ပြန်နေရပါစေ 🙏🏻

Ps. ကျွန်တော်တို့ဆီ စက်လှေငှား / အိမ်ခန်းငှားတာတွေကို စုဘူးနဲ့ သက်"စုပြီး လိုအပ်တဲ့နေရာတွေမှာ ပြန်လှူခြင်းဖြစ်တဲ့တွက် စက်လှေငှားသော customer များ နှင့် အိမ်ငှားသောသူများလဲ ကုသိုလ် ထပ်ယူရကြပါစေဗျာ ..

လှူဒါန်းလိုပါက ဆက်သွယ်ရန် : 095212266 / 09441157502 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ဗျ

Thu Kha Travel ရဲ့ bussiness card အသစ် design လေးပါရှင် 🥰
10/11/2023

Thu Kha Travel ရဲ့ bussiness card အသစ် design လေးပါရှင် 🥰

ဘုရားပွဲတွေပြီးသွားတော့ မေ့သွားကြပြီလားရှင် 🤭ဘုရားပွဲပြီးပေမဲ့ မင်မင်တို့ ညအိပ်ရေးပျက်ခံပြီး မနက် ၂ နာရီခွဲ ၃ နာရီလောက် ...
05/11/2023

ဘုရားပွဲတွေပြီးသွားတော့ မေ့သွားကြပြီလားရှင် 🤭

ဘုရားပွဲပြီးပေမဲ့ မင်မင်တို့ ညအိပ်ရေးပျက်ခံပြီး မနက် ၂ နာရီခွဲ ၃ နာရီလောက် ရိုက်ထားတဲ့ ညဆွဲလှေအလှလေးတွေတင်ဖို့ ကျန်သေးပါတယ်လို့ 🫶

မအားသေးတာနဲ့ မတင်ရသေးတာ 🥰

Ps . အိပ်ရေးပျက်ခံပြီး ဘယ်သူမှ သိပ်မသွားကြတဲ့ချိန်ကို ရိုက်ထားတာမို့ ပုံလေးကို ကူးယူဖော်ပြခြင်းသည်းခံပါနော်

01/11/2023

ဒီနေ့ကတော့ ကျောင်းတော်ဝင်ရက်ပါရှင်

ရွာအသီးသီးမှ ဆွဲလှေ / ရေယဉ်တို့ ဘုရားကြွရာ နေရာထိ စီတန်းလှည့်လည်ပြီး ဖောင်တော်ဦးဘုရားကို မူလကျောင်းတော်သို့ ပြန်လည်ပင့်ဆောင်ကြတော့မှာဖြစ်ပါတယ်ရှင့် 🙏🏻

နေ့လည်ကျရင်တော့ မင်မင်တို့ လှေပြိုင်ပွဲ တင်ပေးပါ့မယ်ရှင့်

ဘယ်နှကြိမ်ရောက်ဖူးကြပြီလဲ 🥰
29/10/2023

ဘယ်နှကြိမ်ရောက်ဖူးကြပြီလဲ 🥰

တောင်ပိုင်းရှမ်းပြည်နယ်မိုင်းသောက်တံတား🍀

ဘယ်နှစ်ကြိမ်ရောက်ဖူးလဲ🥰

ln lnfinity
📷-Tin Htay(Magway)(ဓာတ်ပုံ)

ဒီနေ့အတွက် စက်လှေအငှားကုန်ပါပြီရှင့် ငှားဖို့မရှိတော့ပါရှင့် 🤍လပြည့်နေ့ ဘုရားဖူးရန်တွက် Thu Kha Travel ကို စိတ်ချယုံကြည်...
28/10/2023

ဒီနေ့အတွက် စက်လှေအငှားကုန်ပါပြီရှင့် ငှားဖို့မရှိတော့ပါရှင့် 🤍

လပြည့်နေ့ ဘုရားဖူးရန်တွက် Thu Kha Travel ကို စိတ်ချယုံကြည်စွာ စက်လှေငှားရမ်းကြတဲ့ ပြည်တွင်း / ပြည်ပ ဧည့်သည်များကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 🥰

“ We promise to give the best service for you”

- ThuKha Travel Family

Ps. ပုံလေးတွေကတော့ booking ယူထားတဲ့ ဧည့်သည်များကို စက်လှေအသင့်လုပ်ပြီး စောင့်ဆိုင်းနေကြတာပါရှင့်

ဘယ်လောက်သွား" မရိုးတဲ့ အရမ်းလှသောနေရာလေးပေါ့
26/10/2023

ဘယ်လောက်သွား" မရိုးတဲ့ အရမ်းလှသောနေရာလေးပေါ့

ညောင်ရွှေမြို့တွင်း ဘုရားကြွတဲ့ပုံရိပ်လေးပဲ ဖြစ်ပါတယ်ရှင် 🙏🏻
22/10/2023

ညောင်ရွှေမြို့တွင်း ဘုရားကြွတဲ့ပုံရိပ်လေးပဲ ဖြစ်ပါတယ်ရှင် 🙏🏻

အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား လင်းကင်းမှ ညောင်ရွှေအဝင် ဒေသစာရီ ကြွချီရာ အစီအစဉ် နှင့် လှေပြိုင်ပွဲ အမှတ်တရပုံများ 🤍🙏🏻...
21/10/2023

အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား လင်းကင်းမှ ညောင်ရွှေအဝင် ဒေသစာရီ ကြွချီရာ အစီအစဉ် နှင့် လှေပြိုင်ပွဲ အမှတ်တရပုံများ 🤍🙏🏻

Thu Kha Travel မှ page logo တပ်ထားသောပုံများကို မည်သူ တစ်ဦးတစ်ယောက်ကိုမှ ကူးယူ သုံးစွဲခွင့်မပြုပါရှင် 😇 လွတ်လပ်စွာ share လုပ်နိုင်ပါတယ်ရှင့်

#အင်းလေးဖောင်တော်ဦးပွဲတော် #အင်းလေး
#ဘုရားပွဲအမှတ်တရပုံများ

#ညောင်ရွှေမြို့ #ဖောင်တော်ဦးဘုရား

Coming soon……
21/10/2023

Coming soon……

21/10/2023

အင်းလေး ဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေသို့ကြွချီ အပူဇော်ခံတဲ့ အစီအစဉ်ဖြစ်ပါတယ်ရှင် 🙏🏻

21/10/2023

အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ဒီနေ့ ညောင်ရွှေဝင်ပါမယ်ရှင် 🙏🏻

မင်မင်တို့ video ရော ဓာတ်ပုံရော မှတ်တမ်းတင်ဖို့တွက် ရောက်ရှိနေပါပြီရှင့်

မင်မင်တို့ရဲ့ ညောင်ရွှေမြို့လေးပါရှင် 🤍🥰
20/10/2023

မင်မင်တို့ရဲ့ ညောင်ရွှေမြို့လေးပါရှင် 🤍🥰

"တိမ်ညိုတွေကြားကနေ ထိုးထွက်နေတဲ့      နေအလင်းရောင်ရယ်          အင်းလေးကန်ရေပြင်ကျယ်ကြီးရယ်               အင်းလေးကန်ထဲသွာ...
20/10/2023

"တိမ်ညိုတွေကြားကနေ ထိုးထွက်နေတဲ့
နေအလင်းရောင်ရယ်
အင်းလေးကန်ရေပြင်ကျယ်ကြီးရယ်
အင်းလေးကန်ထဲသွားဖို့ရာ အရေးပါတဲ့
စက်လှေလေးရယ်ပေါ့
ဒီလိုအလှတွေ ခံစားဖို့
အချစ်ရယ် မင်းနဲ့ တူတူသွားချင်တယ်...."

တူတူသွားချင်တဲ့သူလေးတွေကို mention ခေါ်ကြပါလားလို့ 🤭

Ps: စာနဲ့ပုံလေးကိုတော့ ကူးယူဖော်ပြခြင်းသည်းခံပါရှင့်
မင်မင်ရိုက်ထားတဲ့ပုံနဲ့ လက်တမ်းရေးထားတဲ့ စာလေးမလို့ပါရှင်

ဗဟုသုတ ရစရာလေး တဖြတ်ပါရှင် 🤍
19/10/2023

ဗဟုသုတ ရစရာလေး တဖြတ်ပါရှင် 🤍

ငါးဖယ်ချောင်း မှ ကြေးစားကုန်း သို့ ဘုရားကြွချီတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်ရှင်ဘုရားဆွဲလှေတွေကတော့ ကြိုးပြတ်သွားတဲ့တွက် အရင်က...
19/10/2023

ငါးဖယ်ချောင်း မှ ကြေးစားကုန်း သို့ ဘုရားကြွချီတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်ရှင်

ဘုရားဆွဲလှေတွေကတော့ ကြိုးပြတ်သွားတဲ့တွက် အရင်ကလို တစီတတန်းမဟုတ်တော့ပဲ အဆင်ပြေသလိုသွားရတဲ့တွက် ပုံတွေ video တွေ ရိုက်ရတာ အဆင်မပြေခဲ့ပါဘူးရှင့်

Ps: page မှ ပုံများကို ကူးယူဖော်ပြခြင်းမပြုပါရှင့်

18/10/2023

မနက်စောစော အင်းလယ်သွားကြသူများ 🤍

ဧည့်သည်စီးဖို့ booking လှေအပြည့် 🥰

ဟဲယာရွာမသို့ ကြချီတဲ့ ပုံလေးတွေပါရှင် 🙏🏻
17/10/2023

ဟဲယာရွာမသို့ ကြချီတဲ့ ပုံလေးတွေပါရှင် 🙏🏻

16/10/2023

မင်မင်တို့ thu kha travel ရုံးမှာ စက်လှေမောင်းပေးတဲ့ အကိုရဲ့ ကလေးလေးပါ 🤍 အသက်ငယ်ပေမဲ့ ပညာမငယ်သောပါ 🥰

15/10/2023

ဖောင်တော်ဦးဘုရားမှ ကရဝိတ်ဖောင်အကြီးကို ဟဲယာရွာမသို့ ရွှေ့ပြောင်းနေချိန် ရိုက်ထားခြင်းဖြစ်ပါတယ်ရှင် ☺️ဖောင်သီးသန့် ရွှေ့ပြောင်းတာပါရှင်

15/10/2023

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်မှ ရွှေအင်းတိန်သို့ ဒေသစာရီကြွချီတော်မူသည့် ခရီးစဉ်ဖြစ်ပါတယ်ရှင့် 🤍🙏🏻

အဝေးမှ ဘုရားဖူးချင်သူများတွက် ဖူးမျှော်နိုင်စေရန် ရည်ရွယ်ပါတယ်ရှင့်

Ps.Thu kha travel admin တစ်ယောက် ဆွဲလှေဝင်လှော်ပါတယ်ရှင် အဲ့ video လေးကို နောက်ဆုံးမှာထည့်ထားပေးပါတယ်ရှင့် ☺️ ကနေတဲ့ တစ်ယောက်ပါလို့

Video အားကူးယူဖော်ပြခြင်းမပြုပါရှင်

DISCLAIMER: No Copyright Infringement caption intended. I do not own the music in this video. Music belongs to the rightful owner.

( video တွင် အင်းတိမ် အစား အင်းတိန် သို့ ပြောင်းလဲဖတ်ရှုပေးပါရှင့် ပြင်မရတော့လို့ပါရှင်)

15/10/2023

6:00 am

အချိန်နဲ့တပြေးညီတင်ချင်ပေမဲ့ လိုင်းမကောင်းတဲ့တွက် နောက်ကျသွားခြင်းပါရှင်

ဘုရားလှေဆွဲရန်အတွက် ဆွဲလှေများ ဖောင်တော်ဦးဘုရားအနီး တန်းစီနေရာယူနေကြတာပဲဖြစ်ပါတယ်ရှင်

ဝတ်စုံဆင်တူများနဲ့အရမ်းကို ကျက်သရေရှိပါသောရှင် 😍

ဒါအကုန်မဟုတ်သေးဘူးနော် ကျန်သေးတယ်

ဘုရားကြွတဲ့ video ကိုတော့ ခဏနေတင်ပေးပါ့မယ်ရှင့်

14/10/2023

မနက်စောစော ဘုရားဆွဲရန်တွက် ဆွဲလှေများ ဖောင်တော်ဦးဘုရားမှာ တန်းစီနေရာယူရန် လာရောက်စုဝေးကြတဲ့အထဲမှ တစ်စီးကို ရိုက်ထားခြင်းဖြစ်ပါတယ်ရှင် 🥰 တွေ့ရခဲတဲ့ မြင်ကွင်းပါရှင့် ဘာလ်ို့လဲဆိုတော့ မနက်စော" ဆွဲလှေမီးအလှဆင်ထားတာကို တွေ့နိုင်ဖို့က ဒီအချိန်ပဲရှိတာပါရှင် နေ့လည်ပိုင်းဆို မမြင်ရတော့ပါဘူးရှင့်

🙏🏻🙏🏻
14/10/2023

🙏🏻🙏🏻

မနက်ဖြန် အင်းတိမ်ကို ဘုရားကြွရန်အတွက် ကရဝိတ်ဖောင် ချပါပြီရှင် 🙏🏻ဖောင်အကြီးကိုတော့ အင်းတိမ်ဖက် ရေလမ်းကြောင်းကျဉ်းတဲ့အတွက်...
14/10/2023

မနက်ဖြန် အင်းတိမ်ကို ဘုရားကြွရန်အတွက် ကရဝိတ်ဖောင် ချပါပြီရှင် 🙏🏻

ဖောင်အကြီးကိုတော့ အင်းတိမ်ဖက် ရေလမ်းကြောင်းကျဉ်းတဲ့အတွက် အသုံးမပြုသေးပဲ ဟဲယာရွာမသို့ရောက်တဲ့ချိန်မှသာ ဖောင်အကြီးနှင့် ပြန်လည် လဲလှယ်ပြီး ပင့်ဆောင်ပါတယ်ရှင်

ပုံများကူးယူဖော်ပြခွင့်မပြုပါရှင့် 🤍

🤍 Price list 🤍အင်းလေး ဖောင်တော်ဦးပွဲကို လာရင်း စက်လှေငှားရမ်းလိုပါက ဆက်သွယ်နိုင်ပါတယ်ရှင်095212266 / 09-795212266 ကိုဆက်...
10/10/2023

🤍 Price list 🤍

အင်းလေး ဖောင်တော်ဦးပွဲကို လာရင်း စက်လှေငှားရမ်းလိုပါက ဆက်သွယ်နိုင်ပါတယ်ရှင်

095212266 / 09-795212266 ကိုဆက်သွယ်နိုင်ပါတယ်ရှင့်

စက်လှေ တစ်စီးတွင် ခုံနှင့် စီးလိုပါက ခရီးသည် ၅ / ၆ ယောက်
ဖျာနှင့်စီးလိုပါက ခရီးသည် ၁၀ ယောက် / ၁၁ ယောက်ထိရပါတယ်ရှင်

စက်လှေတိုင်းမှာ ထီး / life jacket ထည့်ထားပေးပါတယ်ရှင့် 🤍

အင်းလေး ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ အပူဇော်ခံမည့် အစီအစဉ် စာရင်းလေးတင်လိုက်ပါတယ်ရှင်ဖူးမျှော်ချင်သူများ ရက်လေးသိရအောင...
10/10/2023

အင်းလေး ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ အပူဇော်ခံမည့် အစီအစဉ် စာရင်းလေးတင်လိုက်ပါတယ်ရှင်

ဖူးမျှော်ချင်သူများ ရက်လေးသိရအောင်ပါရှင့် 🥰

ယခုလ (၁၅) ရက်နေ့မှစပြီး အင်းလေး ဖောင်တော်ဦး ဘုရား ဒေသစာရီ ကြွချီအပူဇော်ခံမှာဖြစ်ပါတယ်ဗျတစ်နှစ်မှ တစ်ခါသာရှိပြီး အင်းလေးက...
06/10/2023

ယခုလ (၁၅) ရက်နေ့မှစပြီး အင်းလေး ဖောင်တော်ဦး ဘုရား ဒေသစာရီ ကြွချီအပူဇော်ခံမှာဖြစ်ပါတယ်ဗျ

တစ်နှစ်မှ တစ်ခါသာရှိပြီး အင်းလေးကန်အလှနဲ့အတူ ဖောင်တော်ဦးဘုရားနှင့်ဆွဲလှေ အလှတို့ကို မြင်တွေ့ရမှာဖြစ်ပါတယ်

အဲ့တွက်ကြောင့် တစ်နှစ်မှ တစ်ခါသာရှိတဲ့ ပွဲဖြစ်တဲ့တွက် ရပ်ဝေး ရပ်နီး ဧည့်သည်များ လာရောက်ရန် ဖိတ်ခေါ်အပ်ပါတယ်ဗျ

အင်းလေးကို အလည်တစ်ခေါက် လာရောက်ချင်တဲ့အခါ စက်လှေငှားရမ်းဖို့အတွက် ကျွန်တော်တို့ "Thu Kha Travel” ကို ဆက်သွယ်နိုင်ပါတယ်ဗျ

ကျယ်ဝန်းလှတဲ့ ခြံနေရာ , လုံခြုံစိတ်ချရပြီး သီးသန့်ဖြစ်တဲ့ private car parking နဲ့ စက်လှေနေရာအတက်အဆင်း ရှိပါတယ်ဗျ

‼️Reminder‼️

ကျွန်တော်တို့ Thu Kha Travel ကိုဆက်သွယ်ချင်ရင် 095212266 , 09458040229 , 09795212266 ကိုပဲ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်ဗျ

ကျွန်တော်တို့ ဒီ Thu Kha Travel တခုနဲ့ပဲ အလုပ်လုပ်ပါတယ် တခြား page / လမ်းတွင် ပွဲစားမရှိပါဗျ

အဲ့ဒါလေး သတိပြုပေးပါနော် ကျွန်တော်တို့ကို တိုက်ရိုက်ဆက်သွယ်လာတဲ့အချိန်မှ ကျွန်တော်တို့ ဧည့်သည်များကို လာမဲ့အချိန်နဲ့ချိန်းပြီး ကြိုပေးပါတယ်

Ps. လမ်းမှာ ပွဲစားတွေလဲ မထားပါဘူးဗျ မဟုတ်ရင် ကျွန်တော်တို့နာမည်သုံးပြီး လုပ်စားတာတွေ ရှိလို့ပါခင်ဗျာ

ကျေးဇူးတင်ပါတယ်ခင်ဗျာ

ခရီးလမ်းသာယာဖြောင့်ဖြူးကြပါစေဗျာ 🤍

#အင်းလေး #စက်လှေ #စက်လှေအငှား #ညောင်ရွှေ #ဘုရားပွဲ #ဖောင်တော်ဦး #အင်းလေးရိုးရာ #သီတင်းကျွတ်ဘုရားပွဲ #အင်းလေးပွဲတော်

ရေတွေတက်နေပေမဲ့လဲ ကျွန်တော်တို့ရဲ့ စက်လှေဆရာတွေက ခရီးသွားများ စိတ်ချစွာ စီးနိုင်ဖို့တွက် စက်လှေတွေကို အစဉ်မပြတ် စစ်ဆေးပြ...
16/09/2023

ရေတွေတက်နေပေမဲ့လဲ ကျွန်တော်တို့ရဲ့ စက်လှေဆရာတွေက ခရီးသွားများ စိတ်ချစွာ စီးနိုင်ဖို့တွက် စက်လှေတွေကို အစဉ်မပြတ် စစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းနေဆဲပါဗျာ...

15/09/2023

Welcome to inlay festival နောက် လ စ ပါပြီဗျ🖤

Address

Nyaungshwe

Telephone

+9595212266

Website

Alerts

Be the first to know and let us send you an email when Thu Kha Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Travel Services in Nyaungshwe

Show All