Sincerity General Travels

Sincerity General Travels Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sincerity General Travels, Travel Company, 54/56, 53 Street, Pazundaung.
(1)

We are a team of "experienced entrepreneurs" with more than decade's experience in TOURISM and Hospitality industries.Sincerity General Travel Services, is able to address all the tour and travel-related requirements of our clients.

ရန်ကုန်လေဆိပ်အထွက်မှာPV နဲ့ထွက်မယ်ဆို - မှတ်ပုံတင်- UID card- လေယာဉ်လက်မှတ် ( အသွား + အပြန် )- ပိုက်ဆံ ဒေါ်လာ500ခန့်- ဟိ...
06/08/2024

ရန်ကုန်လေဆိပ်အထွက်မှာ

PV နဲ့ထွက်မယ်ဆို
- မှတ်ပုံတင်
- UID card
- လေယာဉ်လက်မှတ် ( အသွား + အပြန် )
- ပိုက်ဆံ ဒေါ်လာ500ခန့်
- ဟိုတယ် ဘိုကင် ( တခါတလေ ငွေချေထားတာပါပြခိုင်း၊ အသိအိမ်မှာနေမယ်ဆိုလည်း ကိုယ်နေမယ့်နေရာကို အသိငှါးထားတဲ့စာရွက်စာတမ်းတွေအဆင်သင့်ယူလာပြီး ရှင်းပြရင်ရနိုင် )

တွေကို စစ်တတ်ပါတယ်။ ပေါ့ပေါ့ပါးပါးပုံစံနဲ့ အချက်အလက်စုံအောင်ပြပြီး အေးဆေးဖြေပါ။ ထွက်လို့ရပါတယ်။

PJ နဲ့ထွက်မယ်ဆို
- OWIC card
- မှတ်ပုံတင် ပါရင်ရပါတယ်
( အသက် ၂၃ မှ ၃၁ ကြား PJ နဲ့ထွက်မရပါ )

တခြားနိုင်ငံအဝင်မှာတော့ PJ/PV ခွဲခြားမှုမရှိပါ

ဒါတွေက ရန်ကုန်လေဆိပ်ရဲ့ ဒီနေ့ ၆/၈/၂၀၂၄ ထိအခြေအနေပါ။ လွဲနေတာ၊ Update ပိုဖြစ်ပြီး ကိုယ်သိထားတဲ့ အချက်အလက်တွေကိုလည်း မျှဝေပေးခဲ့ပါဦးနော်

အချင်းချင်း ကူညီကြရအောင်ပါရှင် 🙏😍

(

ဒီနေ့ အမေးအများဆုံး မေးခွန်းPV (visitor passport)တွေ လေဆိပ်မှာ ထွက်ခွင့်ပိတ်လိုက်တာလား ဆိုတာ မဟုတ်ပါဘူးရှင်Visitor အဖြစ်...
03/08/2024

ဒီနေ့ အမေးအများဆုံး မေးခွန်း
PV (visitor passport)တွေ
လေဆိပ်မှာ ထွက်ခွင့်ပိတ်လိုက်တာလား ဆိုတာ
မဟုတ်ပါဘူးရှင်
Visitor အဖြစ်အလည်သွားတဲ့သူများ
#မှတ်ပုံတင်🪪
Booking 🏘️
ticket 🛫
Money $500 or ထိုင်း B20000 💸

နှစ်ခုလုံး cash in hand လက်ဝယ်ပြရပါမယ်

မပြည့်စုံရင် မရပါဘူးရှင် … ❌
Visitor passport များ
Job Visa ဖြင့်သွား၍မရပါ ❌
PJ (Job passport) များကတော့
OWIC ကဒ်ပါရင်ရပါတယ်… ✅
ငါတို့က ဟိုးအရင်ထဲက သွားဘူးတယ်
တသက်လုံးသွားနေတာ ဆိုတဲ့
ဆရာ့ ဆရာ့ကြီးများကိုလည်း
Show Money စစ်ပါတယ်နော် 💵
ကြောက်လို့ကြိုပြောထားပါတယ်ရှင့် .. 🤓

01/08/2024
01/08/2024

Anyone interested please knock us. 😍🤩
မြန်မာနိုင်ငံ သားအားလုံး အတွက် ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာ ဆွေးနွေး ခဲ့ပြီးသားမို့ update discount & scholarship အတွက် အသေးစိတ် မေးမြန်းစုံစမ်းနိုင်ပါတယ်နော်

WhatsApp; +971523703384

📌 **Schengen Visa လျှောက်ထားသူများအတွက် လိုအပ်ချက်များ 📌🛫 Schengen Visa နဲ့ သွားလို့ရတဲ့ ဥရောပနိုင်ငံတွေမှာ 26 နိုင်ငံရှ...
25/07/2024

📌 **Schengen Visa လျှောက်ထားသူများအတွက် လိုအပ်ချက်များ 📌

🛫 Schengen Visa နဲ့ သွားလို့ရတဲ့ ဥရောပနိုင်ငံတွေမှာ 26 နိုင်ငံရှိပါတယ်။ သွားလို့မရတဲ့နိုင်ငံတွေကတော့ Ireland, the UK, Albania, Belarus, Bosnia & Herzegovina, Cyprus, Kosovo, Moldova, Montenegro, North Macedonia, Serbia နဲ့ Turkey တို့ပဲဖြစ်ပါတယ်။

🛫 Schengen Visa လျှောက်ထားမယ်ဆိုရင် Visa Processing Time က ၂ပတ် ကနေ ၃ပတ် အထိရှိတာဖြစ်လို့ Travel Date မတိုင်ခင် ၁လ (သို့) ၁လခွဲ ကြိုတင်လျှောက်ထားသင့်ပါတယ်။

🍁လက်ရှိမှာတော့ Schengen Visa သတ်တမ်းက Travel Date အတိုင်း ရရှိနေတာပဲဖြစ်ပါတယ်...

🍁 Schengen Visa လျှောက်လွှာမှာ အဓိက Refused ဖြစ်လေ့ရှိတဲ့အချက် တွေကတော့...

🍁စာရွက်စာတမ်း လိုအပ်ချက်

အဓိကအနေနဲ့ စာရွက်စာတမ်းတွေကို ပြည့်စုံအောင် ပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်။ စာရွက်စာတမ်းမပြည့်စုံရင် Refused ဖြစ်နိုင်ချေ များပါတယ်။

နောက်ခံအဖြူဓါတ်ပုံ (၂) ပုံ, Passport (စာရွက်အလွတ် အနညါးဆံုး (၅) မျက်နှာကျန်ရပါမယ်), မှတ်ပုံတင် မူရင်း/မိတ္တူနှင့် နိုတြီ, သန်းခေါင်စာရင်း မိတ္တူနှင့် နိုတြီ
Bank statement အနည်းဆုံး ၆လခန့်
လုပ်ငန်းလုပ်ကိုင်ပါက အလုပ် ထောက်ခံစာ
Cover letter , ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ပါက Business License + Tax, Property စာရွက်စာတမ်းများ ကို ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

🍁Financial Background:

မြန်မာမှာရှိတဲ့ Home Tie Evidence Strong ဖြစ်ဖို့ လိုအပ်ပါတယ်။ Home Tie Evidence မပြည့်စုံရင်လည်း Refused ဖြစ်နိုင်ပါတယ်။

🍁 Schengen Visa ဝန်ဆောင်မှု ရယူလိုသူများအတွက်
Sincerity General Travels မှ ဗီဇာကျွမ်းကျင်ဝန်ထမ်းများမှ Visa စတင်လျှောက်ထားဖို့အတွက် ပြင်ဆင် ချိန်ကစပြီး Visa ရရှိ၍ ခရီးထွက်ခွါချိန်ထိ လိုအပ်တဲ့ အကြံပေးဝန်ဆောင်မှု အားလုံးကို တာဝန်ယူ ဆွေးနွေးပေးမှာမို့
စိတ်ချလက်ချ ဆက်သွယ်နိုင်ပါပြီရှင် 😍😍

Application Form ဖြည့်ပေးခြင်း
Trip plan ဆွဲ​ပေးခြင်း
Hotel Booking စီစဥ်​ပေးခြင်း
Appointment ယူပေးခြင်း
Appointment မယူခင် လိုအပ်တဲ့ စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း
လွယ်လင့်တကူ နိုတြီ service များ ရရှိနိုင်ခြင်း
Visa လျောက်ရာတွင် assistance တဦးလိုက်ပါပေးခြင်း တို့ကြောင့်

Schengen Visa ဝန်ဆောင်မှုရယူလိုပါက အမြန်ဆံုး ဆက်သွယ်လိုက်ပါနော် 🛎️

📞 Yangon office contact number ; +959795857154
24/7 Hotline visa Service: (Viber only): +959795914257

Dubai office number : +971523703384 / +971582100928

လူသိများတဲ့ ထိုင်းနိုင်ငံနှင့် ဗီဇာလိုအပ်ချက်လေး ဝေမျှပေးမယ်နော် 🤩✅ထိုင်းနိုင်ငံကိုသွားမလို့ ဗီဇာ ယူသွားသင့်လား?ထိုင်းနိ...
18/07/2024

လူသိများတဲ့ ထိုင်းနိုင်ငံနှင့် ဗီဇာလိုအပ်ချက်လေး ဝေမျှပေးမယ်နော် 🤩

✅ထိုင်းနိုင်ငံကိုသွားမလို့ ဗီဇာ ယူသွားသင့်လား?

ထိုင်းနိုင်ငံမှာ ၁၄ရက်ကျော်ကျော် နေဖို. စိတ်ကူးရှိတယ်ဆိုရင်တော. ရန်ကုန်က ထိုင်းသံရုံးမှာ ဗီဇာ ယူသွားတာ စိတ်အချရဆုံးပါ။

✅ဘာဗီဇာ ယူသွားရမလဲ။

အလည်အပတ်ဗီဇာ ဖြစ်တဲ. TR Visa လို. ခေါ်တဲ. Tourist Visa လျှောက်သွားသင်.ပါတယ်။

✅ဘာကြောင့် TR ဗီဇာ ယူသွားသင့် လဲ။

TR Visa ယူသွားတဲ့ အခါ ထိုင်းနိုင်ငံကို လေကြောင်းနဲ့ သွားနိုင်သလို နယ်စပ်တွေက တဆင့် လည်း ကားနဲ့ ဝင်ရောက်နိုင်ပါတယ်။

✅ TR Visa က ဘယ်လောက်နေထိုင်ခွင့် ရှိတာလဲ။

TR Visa က ထိုင်းနိုင်ငံမှာ ရက် ၆၀ နေထိုင်ခွင့် ရပါတယ်။ ဒါကြောင့် မြန်မာတွေက ရက် ၆၀ ဗီဇာ လို့လည်း ခေါ်ကြတယ်။

✅ ရက် ( ၆၀ ) ပြည့် သွားရင် ဆက်နေလို့ ရလား။

TR visa နဲ.ထိုင်းနိုင်ငံကိုရောက်တာ သက်တမ်းကုန်ဖို့ တပတ် လောက်အလိုမှာ နောက်ထပ် ရ က် ( ၃၀ ) Immigration မှာ သက်တမ်းတိုးလို့ ရပါတယ်။ သက်တမ်းတိုးခ ဘတ် ၁၉၀၀ တရားဝင် ပေးရပါမယ်။ ဆိုတော့TR Visa နဲ့ သွားရင် ရက် ( ၉၀ ) အထိ နေထိုင်ခွင်.ရတယ်လို့ ဆိုရပါမယ်။

✅ထိုင်းသံရုံးမှာ TR Visa ရပြီးရင် ဘယ်နှစ်ရက်အတွင်းသွားရတာလဲ။

၃လ အတွင်း အချိန်မရွေး သွားလို့ ရပါတယ်။ ထိုင်းသံရုံးက passport မှာ TR Visa စတစ်ကာ ကပ်ပေးပါမယ်။
ကိုယ်ဘယ်နေ့ ကနေ ဘယ်နေ့ အထိ ထိုင်းနိုင်ငံကို သွားရောက်ခွင့် ဆိုတာ ပါပါတယ်။ visa စတစ်ကာရဲ့ ညာဖက်မှာ Valid from …. Valid Until…. ဆိုတာ ပါပါတယ်။

✅ ဗီဇာရပြီး ထိုင်းနိုင်ငံကို ချက်ချင်းမသွားသေးရင် visa သက်တမ်းကုန်သွားမှာလား။

ဗီဇာရပြီး ၃လအတွင်း အချိန်မရွေးထွက်လို့ ရပါတယ်။ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ရက် ( ၆၀ ) က ထိုင်းနိုင်ငံကို စရောက်တဲ့နေ့မှ စတင်ပြီး တွက်တာပါ။ ရောက်တဲ့နေ့ကစ ရက် ( ၆၀ ) နေထိုင်ခွင့် ရပါမယ်။ မြန်မာပြည်မှာ သက်တမ်း ကုန် မသွားပါဖူး။

✅ TR Visa က ဘာအားသာချက်ရှိသေးလဲ။

Visa Category ဗီဇာအမျိုးအစားပြောင်းတဲ.အခါ TR Visa က recommended ပါ။ စိတ်ချလက်ချ ပြောင်းနိုင်ပါတယ်။ ဉပမာ -Student Visa ( Ed Visa ) / Retirement Visa ( Non-immigrant O-A Visa )/ Work Permit Visa ( Non-Immigrant B Visa ) စသည်. ဗီဇာအမျိုးအစားများကို လိုအပ်ချက်များနှင်.ပြည်.မှီလျှင် ဗီဇာ အမျိုးအစား ပြောင်းနိုင်ပါတယ်။ သတိပြုရမှာတော. ရှိတာပေါ.လေ။ ဉပမာ Student Via ( Ed Visa ) ဆိုရင် ဗီဇာပေးတဲ.ကျောင်းတွေက TR ဗီဇာသက်တမ်း ၆၀ ရက်မှာ ၄၅ ရက်ကျန်မှ ဗီဇာ လျှောက်ပေးပါတယ်။

နောက်တခါ ထိုင်းနိုင်ငံမှာ ဘဏ်စာအုပ်ဖွင့်မယ် ဆိုရင်လည်း TR Visa ပါမှ အဆင်ပြေပါမယ်။

✅သတိပြုရန်ပြောပါဉီး။

ထိုင်းနိုင်ငံမှာ အလည်အပတ်ဗီဇာ TR Visa ရဲ့ ဗီဇာစတစ်ကာမှာ Employment prohibited အလုပ်လုပ်ခွင်.တားမြစ်သည် လို. ရေးထားတာကို သိရှိထားရပါမယ် ။

✅ အလည်အပတ်ဗီဇာဖြစ်တဲ. TR Visa ( Tourist Visa ) လျှောက်ဖို. လိုအပ်ချက်တွေ သိပါရစေ။

( ၁ ) သက်တမ်း အနည်းဆုံး ခြောက်လ ပတ်စပို.
( ၂ ) ၁လက်မခွဲ ၂လက်မ ပတ်လည် နောက်ခံ အဖြူ ဓါတ်ပံု( ၂ ) ပုံ
( ၃ ) မှတ်ပုံတင် ( အသက် ၁၈ နှစ်အောက် မှတ်ပုံတင်မရသေးပါက မွေးစာရင်း )
( ၄ ) အိမ်ထောင်စုစာရင်း
( ၅ ) လျှောက်ထားသူအမည်ပေါက် ၊ အနည်းဆုံး သိန်း ၂၀ရှိ ဘဏ်စာအုပ် နှင်. Bank Statement
( ၆ ) ဟိုတယ် Booking ( ဝန်ဆောင်မှုတွင်ပါပြီး။ )
( ၇ ) လေယာဉ်လက်မှတ် Booking ( ဝန်ဆောင်မှုတွင်ပါပြီး။ )
( ၈ ) ထိုင်းသံရုံး၏ ဗီဇာလျှောက်လွှာတွင် ရေးဖြည်.ခြင်း ( ဝန်ဆောင်မှုတွင်ပါပြီး။ )
( ၉ ) ဗီဇာကြေး အမေရိကန်ဒေါ်လာ ၄၀ ( သံရုံးတွင် တိုက်ရိုက်ပေးသွင်းရပါမည်။ )

✅ TR Visa သံရုံးမှာ လျှောက်ဖို့ပထမဆုံး ဘာလုပ်ရမလဲ။

ပထမဆုံးလုပ်ရမှာက ထိုင်းသံရုံးမှာ အွန်လိုင်းအပွိုင်.မန်ယူရပါမယ်။ Mandalar Charm မှာ အလုပ်အပ်သူတွေကို အပွိုင်.မန်.ယူပေးပါတယ်။ ပြီးတော. စာရွက်စာတမ်းပြင်ဆင်ပေးပါတယ်။ အပွိုင်.မန်.ရက်ရတဲ.နေ.မှာ ထိုင်းသံရုံးကို ကိုယ်တိုင်သွားတင်ရုံပါဘဲ။
(ဝန်ဆောင်မှုပေးပါတယ်)

✅အပွိုင်.မန်.က ဘယ်နေ.လောက်ရမလဲ။

ပုံမှန်အားဖြင်. တပတ်လောက်ဆိုရင် စာရွက်စာတမ်းတင်ရမယ်.နေ. အပွိုင်.မန်.ရပါပြီ။
ထိုင်းနိုင်ငံကို အသွားအလာများတဲ.အချိန် Peak Season ဆိုရင် ဒီထက်ပိုကြာမှ appointment ရပါမယ်။

✅ ကိုယ်စားလည်း လျှောက်ပေးပါလား။

စာရွက်စာတမ်းအပြည်.အစုံကို သတ်မှတ်ထားတဲ.နေ.မှာ ကိုယ်တိုင်သွားတင်ရုံဘဲမို. ကိုယ်တိုင်တင်တာ အကောင်းဆုံး နဲ. အမြန်ဆုံးပါ။ (အားလံုးစီစဉ်ပေးပါတယ်)

ကိုယ်စားမှ လျှောက်ချင်တယ်ဆိုရင်လည်း စီစဉ်ပေးပါတယ်။

✅ TR Visa အတွက် ဝန်ဆောင်မှုအပ်ချင်ပါတယ်။ ဘယ်လိုဆက်သွယ်ရပါမလဲ။

ဝန်ဆောင်မှုယူချင်သူတွေ ထိုင်းသံရုံးမှာ appointment ယူဖို့
Passport စာမျက်နှာ ၊ အီးမေးလိပ်စာ၊ ဖုန်းနံပါတ်ကို Sincerity General Travels ရဲ့Viber ဖုန်း 09 795857154/ 09795293148 ကို ပို့ပြီး အလွယ်တကူ ဆက်သွယ်လို့ရပါတယ်
အစောဆုံး appointment date အရင်ယူပေးပါမယ်။

✅ဆက်သွယ်ရန်လိပ်စာမှာ -

Sincerity General Travels Co.,Ltd.
No. 54/56, Miba Yeik Mon condo
53 street, Pazundaung Township
Ph/viber. 09795857154/09795293148
Yangon
Myanmar

(အသေးစိတ်သိလိုသည်များကို ဗိုင်ဘာဖုန်းမှတဆင်. အလွယ်တကူ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ) 🙏

16/05/2024
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးမြန်မာ့ရိုးရာ မင်္ဂလာနှစ်သစ်မှာ စိတ်နှလုံး အေးချမ်းပြီးကျန်းမာသုခနှင့် ပြည့်စုံစွာ ကြို...
12/04/2024

မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး
မြန်မာ့ရိုးရာ မင်္ဂလာနှစ်သစ်မှာ စိတ်နှလုံး အေးချမ်းပြီးကျန်းမာသုခနှင့် ပြည့်စုံစွာ ကြိုဆိုနိုင်ပါစေလို့
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်ရှင် 🙏

Sincerity office Yangon office hour during water festival
🌟 10 am to 12:30 (13/14/15 April)
16/17/18 April closed for 3 days
Reopen on 19 April.

Sincerity in Dubai office hour
🌟 10 am to 10 pm ( Mon to thurs)
🌟 02 pm to 10 pm (Friday & Saturday)
🌟 Sunday closed

Sincerity BKK (Bangkok branch)
🌟 10 am to 5 pm (Thailand time)
🌟sat/sun closed

Golden Road-Air Cargo Please kindly contact me very urgent Kay Lin
04/03/2024

Golden Road-Air Cargo Please kindly contact me very urgent Kay Lin

အဝယ်တော်လုပ်ပေးမယ့် သတင်းကောင်းလေးတစ်ခု 🤩

ပြည်ပရောက်လူကြီးမင်းတို့အတွက် အဝယ်တော် လုပ်ပေးမှာပဲဖြစ်ပါတယ်ရှင် 🛒🛍️

နိုင်ငံရပ်ခြားသို့ရောက်နေသောသူများအနေဖြင့် မြန်မာနိုင်ငံမှ တစ်ခုခုလိုအပ်သည်ရှိပါက ကျွန်မတို့ cargo ကဝယ်ယူပို့ဆောင်ပေးမှာပဲဖြစ်ပါတယ်ရှင် 🥰🛍️

မြန်မာအစားအစာလေးတွေကိုလွမ်းနေလား ?
မြန်မာ့ချည်ထည် လေးတွေကိုလား ? စသဖြင့် ......

ဘာပဲလိုလို Golden road air cargo မှာ ယုံကြည်စိတ်ချစွာ အပ်နှံလိုက်ပါရှင် 😘

ဘယ် ခရီးပဲသွားသွား ခရီးသွားဖို့အတွက်ဘာလိုလိုအမြဲတမ်းလိုပဲSincerity General Travels ရှိပါတယ်နော် အစီစဉ်တကျ ခရီးသွားဖို့အတ...
16/02/2024

ဘယ် ခရီးပဲသွားသွား ခရီးသွားဖို့အတွက်ဘာလိုလို
အမြဲတမ်းလိုပဲ

Sincerity General Travels ရှိပါတယ်နော်

အစီစဉ်တကျ ခရီးသွားဖို့အတွက် လိုအပ်ချက်အားလုံး ကို ပြင်ဆင်ပေးထားတာမို့ စိတ်ချလက်ချဆက်သွယ်လိုက်ပါရှင်

*** မမှန်ကန်တဲ့ သတင်းမှားတွေနဲ့ အရမ်းကာရော ခရီးသွားဖို့ မဆုံးဖြတ်ကြပါနဲ့ရှင်

29/12/2023

Transit Flight လေယာဉ်အဆင့်ဆင့် စီးရာမှာသတိထားရမယ့်အချက်များ
✈✈✈✈✈
နိုင်ငံခြား သွားတဲ့အခါ ကိုယ်သွားမယ့်မြို့ကို တန်းရောက်မယ့် လေယာဉ် Direct Flight မရှိပါက လေယာဉ်ကို နှစ်ဆင့် (သို့) သုံးဆင့် စိးပြီးသွားရပါတယ်။ အဲဒါကို Transit Flight (သို့) Connecting Flight လို့ ခေါ်ပါတယ်။ ဥပမာအားဖြင့် - ရန်ကုန်ကနေ ပဲရစ်ကို တိုက်ရိုက်လေကြောင်းမရှိပါဘူး။ ကြားထဲမှာ ဘန်ကောက်ဖြစ်ဖြစ်၊ ဘန်ကောက်နဲ့ ဒိုဟာဖြစ်ဖြစ် ဝင်ရပြီး လေယာဉ် နှစ်ဆင့်/ သုံးဆင့်စီးမှ ရောက်ပါတယ်။

Transit Flight တွေစီးတဲ့အခါ ကြားလေဆိပ်မှာ ဒုက္ခမရောက်အောင်
လေယာဉ်အဆင့်ဆင့်ကို အဆင်ပြေချောမွေ့စွာ စီးနိုင်အောင်
သတိထားရမယ့် အချက်တွေကို ပြောပြလိုက်ပါတယ်။

(ဒီထဲမှာ လေယာဉ်နဲ့ လေဆိပ် English အသုံးအနှုန်းတွေပါပါတယ်။ ဒီစာလုံးတွေကို ရှင်းရှင်းလင်းလင်းနားလည်ချင်ရင် လေဆိပ်မှာသုံးတတ်တဲ့ English စကားလုံးတွေကို Video ရော ပို့စ်ပါ အရင်က တင်ပေးထားလို့ Comment မှာ ဝင်ကြည့်နိုင်ပါတယ်။)

-------------------------------------
လေယာဉ်လက်မှတ်ဝယ်တဲ့အခါ
-------------------------------------
လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Transit Flight တွေဆိုရင် ဒါတွေကို သိထားမှ ရပါမယ်။ ကိုယ်လက်မှတ် ဝယ်မယ့် Travel Agent ဆီမှာ သေချာမေးထားရပါမယ်။ ကိုယ့်ဟာကိုယ်ဝယ်မယ်ဆိုရင်လည်း သေချာစုံစမ်းပြီးမှ ဝယ်ရပါမယ်။ ဒါတွေ မသိထားရင် ကြားလေဆိပ်မှာ ဒုက္ခရောက်နိုင်ပါတယ်။

✈Checked through လား Self-Transfer လား သိထားရပါမယ်။❗

Checked through ဆိုတာ ကြားထဲကလေဆိပ်မှာ Immigration ဖြတ်စရာမလို၊ အိတ်ပြန်ရွေးမစရာမလိုဘဲ လေဆိပ်ထဲမှာတင် နောက်လေယာဉ်ဆီကိုကူးလို့ရတဲ့ အခြေအနေပါ။ Airline Protected Transfer လို့လည်း ခေါ်ပါတယ်။ ကိုယ်အပ်ထားတဲ့ Luggage တွေကို Airline က တာဝန်ယူပြီး နောက်လေယာဉ်ပေါ်တင်ပေးတာပါ။

Self-transfer ကတော့ ကိုယ့်အိတ်ကိုယ်တာဝန်ယူပြီး နောက်လေယာဉ်ပေါ် ပြန်အပ်ရတာပါ။ ကြားထဲကလေဆိပ်မှာ နိုင်ငံထဲဝင်ပြီးမှ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်မထွက်ဘူး။ နိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး။ အချိန်မရှိဘူးဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ လေဆိပ်ရဲ့ Departure အပိုင်းကနေ တစ်ခါ အဲဒီနိုင်ငံထဲကနေပြန်ထွက်ရမှာပါ။ Check-in ကောင်တာမှာအိတ်ပြန်အပ်ပြီး Immigration တစ်ခါပြန်ဝင်ရပါမယ်။ တချို့နိုင်ငံတွေမှာ Self Transfer လုပ်တဲ့အခါ Immigration ဝင်ဖို့ Visa ကလည်း လိုပြန်ပါတယ်။ အရမ်းကိုအလုပ်ရှုပ်ပါတယ်။

ဒါကြောင့် လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်သင့်ပါတယ်။ မဟုတ်ရင် အလုပ်တအားရှုပ်ပါတယ်။ ကြားနိုင်ငံထဲ တစ်ခါဝင်ပြီး တစ်ခါပြန်ထွက်ရတဲ့ အဆင့်တွေ အများကြီး ဖြတ်ကျော်ရမယ့်အပြင် အချိန်ကုန်ပါတယ်။

ကိုယ်စီးရမယ့် လေယာဉ်အဆင့်ဆင့်က လေကြောင်းလိုင်းတူရင် Checked through ဖြစ်တာများပါတယ်။ လေကြောင်းလိုင်း မတူရင်လည်း Code sharing လုပ်ထားတဲ့ လေကြောင်းလိုင်းတွေဆိုရင် Checked through သွားလို့ရပါတယ်။ လေယာဉ်လက်မှတ်ဝယ်တဲ့ Agent တွေမှာ ကိုယ်စီးမယ့်လေယာဉ်တွေက Checked Through ဟုတ်မဟုတ် တစ်ခါထဲမေးထားပါ။ အရမ်းကို အရေးကြီးပါတယ်။ ကိုယ့်ဟာကိုယ်ဝယ်မယ်ဆိုရင်လည်း Code Sharing လုပ်ထားမထားကို လေကြောင်းလိုင်းရဲ့ Website ထဲ ဝင်ကြည့်လို့ရပါတယ်။

လေကြောင်းလိုင်းမတူပေမဲ့ Code sharing လုပ်ထားတဲ့ လေကြောင်းလိုင်းတွေရဲ့ လေယာဉ်လက်မှတ်တွေဝယ်တဲ့အခါ လေယာဉ်လက်မှတ်တွေကို တစ်ခါထဲတူတူဖြတ်ရပါမယ်။ ခွဲဖြတ်ရင် Checked through မဖြစ်ဘဲ နေနေပါမယ်။

✈Transit Visa လို/မလို ကြည့်ပါ။ ❗

တချို့လေဆိပ်တွေ၊ နိုင်ငံတွေက Transit ဖြတ်ရုံပဲဆိုရင် Visa မလိုပေမဲ့ တချို့နိုင်ငံတွေကတော့ Visa လိုအပ်ပါတယ်။ ဥပမာ- တောင်ကိုရီးယားနိုင်ငံဆိုရင် Transit ဖြတ်ရုံလေးကိုတောင် Visa လိုတဲ့အတွက် တောင်ကိုရီးယား Transit ဆိုရင် Visa ကြိုလျှောက်သွားမှ ရမှာပါ။ တချို့က Transit Visa ဆိုတာလျှောက်ရုံနဲ့ရပေမဲ့ တချို့ကတော့ တကယ့် Visit Visa ရမှ Transit ဝင်လို့ရမှာပါ။ နုမြတ်တို့ဆိုရင်တော့ Transit ကို အဲဒီလိုနိုင်ငံတွေရှောင်ပြီးမှ လေယာဉ်လက်မှတ်ဝယ်ပါတယ်။ Checked through ရတဲ့ လေကြောင်းလိုင်းတွေဆိုရင်တော့ အများစုက Immigration ဖြတ်စရာမလိုတဲ့အတွက် Visa မလိုပါဘူး။

⌚Layover/Stopover Time
လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ ကြားထဲရပ်နားမယ့် မြို့ရဲ့လေဆိပ်မှာ အချိန်ဘယ်လောက်ရလဲဆိုတာ ကြည့်ရပါမယ်။ International Flight တွေဆို အနည်းဆုံး ၂ နာရီလောက်ရှိမှ အဆင်ပြေမှာပါ။ Transit လေဆိပ်တွေက အကျယ်ကြီးလား၊ ပထမလေယာဉ်ရဲ့ လေယာဉ်ထွက်ချိန် နောက်ကျမလား၊ Transit လေဆိပ်မှာ အိတ်ပြန်ရွေးစရာလိုလား စတာတွေလည်း ထည့်တွက်ရပါမယ်။ လေယာဉ်တွေက Checked through မဟုတ်ဘဲ အိတ်ပြန်ရွေးရမယ်။ Immigration ဝင်ရမယ် Check-in ပြန်ဝင်ရမယ်ဆိုရင်တော့ Layover Time က ၃ နာရီ အနည်းဆုံး ရှိမှရပါမယ်။

ဒါက ခရီးသွားလေ့ရှိသူတွေအတွက် အနည်းဆုံးလိုအပ်တဲ့အချိန်ပါ။ ကိုယ်က သွားလေ့မရှိသူ၊ စမ်းတဝါးဝါးနဲ့ သွားရမယ့်သူတွေဆိုရင်တော့ ဒီထက်အချိန်ပိုလိုပါမယ်။ ဖြစ်နိုင်ရင် Layover Time ကို ၄-၅ နာရီလောက် ခြားထားသင့်ပါတယ်။ Risk မယူသင့်ပါဘူး။

----------------------------------
လေဆိပ်မှာ Check-in ဝင်တဲ့အခါ
----------------------------------
💺ခုံနံပါတ်ကို ရှေ့နားတောင်းထိုင်ပါ။

ကိုယ်စတင်ထွက်ခွါမယ့် လေဆိပ်မှာ Check-in ဝင်တဲ့အခါ စောစောဝင်ပါ။ လေယာဉ်ထပ်စီးရမှာမလို့၊ Transit Flight မလို့ ရှေ့နားက ခုံကိုပေးဖို့ တောင်းဆိုပါ။ ဒါမှသာ ကြားထဲနားတဲ့လေဆိပ်မှာ အချိန်များများရပြီး Rush မဖြစ်တော့မှာပါ။

🧳Luggage ကို ကြားလေဆိပ်မှာ ရွေးဖို့လိုမလိုမေးပါ။

ကိုယ့်လေယာဉ်လက်မှတ်တွေက Checked through ဟုတ်ခဲ့ရင်တောင် Check-In ကောင်တာမှာ အိတ်တွေအပ်တဲ့အခါ ကိုယ့်အိတ်တွေက ကိုယ်သွားမယ့်မြို့ဆီ တန်းပို့ပေးမှာလား။ ကြားထဲက Transit လေဆိပ်တွေမှာ ရွေးစရာလိုသေးလားကို သေချာ Confirm ရပါမယ်။ မေးရပါမယ်။ အိတ်တွေရွေးစရာမလိုဘူး။ တစ်ခါထဲ နောက်လေယာဉ်ပေါ် တန်းတင်ပေးမယ်ဆိုရင် အိတ်မှာကပ်ပေးလိုက်တဲ့ Luggage tag မှာ ကိုယ်သွားမယ့်မြို့အထိ ရောက်မယ်ဆိုတာ ပါရပါမယ်။

✈ Boarding Pass ထပ်ထုတ်စရာလိုမလိုမေးပါ။

Boarding Pass ဆိုတာ လေယာဉ်ပေါ်တက်ရမယ့် လက်မှတ်ပါ။ လေယာဉ်လက်မှတ်ရှိရုံနဲ့ လေယာဉ်ပေါ်တက်လို့မရသေးပါဘူး။ Check-in ကောင်တာမှာ လေယာဉ်လက်မှတ်ပြပြီး Boarding Pass ထုတ်ပေးမှ တက်လို့ရမှာပါ။ Boarding Pass တစ်ခုက လေယာဉ်တစ်ခုကိုပဲ ကိုယ်စားပြုပါတယ်။ လေယာဉ်ကို နှစ်ဆင့်စီးရမယ်ဆိုရင် Boarding Pass နှစ်ခုလိုပါတယ်။ လေယာဉ် သုံးဆင့် စီးရမယ်ဆိုရင် Boarding Pass သုံးခုလိုပါတယ်။

တစ်ခါတလေ ကိုယ်စတင်ထွက်ခွါမယ့်လေဆိပ်ရဲ့ Check-in ကောင်တာကနေ လိုအပ်တဲ့ Boarding Pass အကုန်ထုတ်ပေးလိုက်တာမျိုးရှိပါတယ်။ Boarding Pass တစ်ခုပဲ ထုတ်ပေးလိုက်ရင်တော့ ကြားက Transit လေဆိပ်မှာ ကိုယ့်ဟာကိုယ် Boarding Pass ထပ်ထုတ်ရပါမယ်။

🧳 အိတ်တွေကို သေချာထည့်ပါ။

လေယာဉ်အဆင့်ဆင့်စီးတဲ့အခါ အိတ်တွေ ကြားထဲမှာပျောက်နိုင်လို့ Check-in မှာ အပ်မယ့် Luggage ကို သေချာ သော့ခတ်ထားပါ။ အိတ်ပေါ်မှာ အိတ်ကျန်ခဲ့တဲ့အခါ ဆက်သွယ်ရမယ့် နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ Email address တွေကို အင်္ဂလိပ်လို ရေးထားရပါမယ်။ ကိုယ့်အိတ်ကိုလည်း ဓာတ်ပုံရိုက်ထားပါ။

အရေးကြီးတဲ့ပစ္စည်းတွေ၊ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ၊ ကိုယ်သောက်ရမယ့်ဆေးဝါးတွေ၊ တစ်ကိုယ်ရည်အသုံးပစ္စည်းတွေကို ကိုယ်နဲ့တစ်ပါထဲဆောင်သွားပါ။ Layover Time ကြာတဲ့အချိန်တွေ၊ လေဆိပ်မှာ ညအိပ်ရမယ့် အခြေအနေတွေမှာ အဝတ်အစားအပိုနဲ့ ကိုယ်လက်သန့်စင်ဖို့ ပစ္စည်းတွေ၊ Skin Care တွေကို ဆောင်ထားပါ။ Hand-carry တွေမှာ အရည်တွေကို 100 ml အထက်ပိုယူလို့မရတော့ ဘူးသေးလေးတွေနဲ့သာ ခွဲသယ်ရမှာပါ။ လေဆိပ်တွေမှာ အရမ်းအေးတတ်တော့ အနွေးထည် Hoodie တွေလည်း ဆောင်သွားပါ။ သက်သောင့်သက်သာဖြစ်မယ့်အဝတ်အစားတွေ ဖိနပ်တွေပဲ ဝတ်ပါ။

---------------------------------
Transit လေဆိပ်ရောက်တဲ့အခါ
---------------------------------
⌚ ကိုယ်ရောက်တဲ့နိုင်ငံရဲ့ အချိန်ပြောင်းရပါမယ်။

တစ်နိုင်ငံနဲ့တစ်နိုင်ငံ အချိန်မတူပါဘူး။ တချို့ဖုန်းတွေက Location ပြောင်းတာနဲ့ ရောက်တဲ့နေရာရဲ့ ဒေသစံတော်ချိန်ကို အလိုလိုပြောင်းပေးပါတယ်။ ကိုယ့်ဖုန်းက အဲဒီလို မပြောင်းပေးဘူးဆိုရင် ရောက်တဲ့ဒေသရဲ့ စံတော်ချိန်ကို ကိုယ်တိုင်ပြောင်းရပါမယ်။ ကိုယ့်နာရီတွေကိုလည်း အချိန်ပြောင်းရပါမယ်။ လေဆိပ်တွေမှာ နာရီတွေရှိပြီး ဒေသစံတော်ချိန်ကို ဖော်ပြနေပါတယ်။ မပြောင်းမိဘူးဆိုရင် အချိန်မှားကြည့်ပြီး လေယာဉ်ထွက်ချိန်မမှီတာတို့ ဖြစ်တတ်ပါတယ်။

✈Transfer ဆိုတဲ့ ဆိုင်းဘုတ်နောက်ကိုလိုက်ပါ။

ကြားလေဆိပ်ကို လေယာဉ်ဆိုက်ကပ်တာနဲ့ ဘယ်မှမသွားဘဲ Transfer လို့ရေးထားတဲ့ ဆိုင်းဘုတ်နောက်ကိုသာလိုက်ပါ။ တချို့ Boarding Pass တွေမှာ ဂိတ်တွေကို ကြိုရေးပေးထားတော့ တချို့က အဲဒီဂိတ်တွေဆီကို တန်းသွားရမယ်ထင်နေကြတာပါ။ တချို့လေဆိပ်တွေမှာလည်း လေယာဉ်ပေါ်ကဆင်းတာနဲ့ ဂိတ်တွေကို တန်းမြင်နေရပေမဲ့ အဲဒီလို တန်းသွားလို့မရပါဘူး။ သွားရမယ့်အပေါက်လည်း မရှိပါဘူး။ ကြားထဲမှာ Security Check မှာ Hand Carry တွေကို စစ်ရပါဦးမယ်။ ဒါကြောင့် Transfer (သို့) Connecting Flight လို့ လမ်းညွှန်ထားတဲ့အတိုင်းသာ သွားရပါမယ်။

✈ Transfer Desk ကို သွားရမယ်။

ကိုယ်စထွက်တဲ့ လေဆိပ်ရဲ့ Check-in ကောင်တာမှာ ကိုယ်နောက်ထပ်ပြောင်းစီးရမယ့် လေယာဉ်အတွက် Boarding Pass တစ်ခါထဲ ထုတ်မပေးထားရင် ကြားလေဆိပ်မှာ Boarding Pass ထုတ်ဖို့ Transfer Desk ဆိုတာကို သွားရပါမယ်။ Transfer Desk (သို့) Transit Desk လို့ လမ်းညွှန်ထားတဲ့အတိုင်း သွားပြီး Boarding Pass ထပ်ထုတ်လိုက်ရုံပါပဲ။ ကိုယ်ထပ်စီးမယ့် လေကြောင်းလိုင်းရဲ့ Transfer Desk မှာ ထုတ်ရမှာပါ။ ရှာမတွေ့ရင် လေဆိပ်ဝန်ထမ်းတွေကို လေယာဉ်လက်မှတ်ပြပြီး မေးကြည့်ပါ။

✈ဘယ် Gate လဲဆိုတာ ကြည့်ရမယ်။

Boarding Pass ကို ရလာပြီဆိုရင် ကိုယ်သွားရမယ့် Boarding Gate နံပါတ်ဘယ်လောက်လဲ ကြည့်ရပါမယ်။ ဒါက အရေးကြီးပါတယ်။ တချို့ Boarding pass ထုတ်ပေးထားတဲ့ အချိန်စောတဲ့အခါ Boarding Gate မသိသေးတဲ့အတွက် Boarding Pass မှာ Gate နံပါတ်ကို မရေးထားဘဲ အလွတ်ကြီး ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ ဂိတ်ကြေငြာတဲ့ LED ဘုတ်တွေမှာ ကိုယ့်လေယာဉ်နံပါတ်၊ ကိုယ်သွားမယ့်မြို့၊ Boarding Time နဲ့တိုက်ကြည့်ပြီး ကိုယ်သွားရမယ့် Boarding Gate က ဘယ်လောက်လဲဆိုတာ ရှာရပါမယ်။ Boarding Pass မှာရေးထားတဲ့ Boarding Time အချိန်အတိုင်း Boarding Gate ကို အမှီ သွားရပါမယ်။

-----------------------------------------
❗Self-Transfer မှာ ဖြတ်ကျော်ရမယ့်အဆင့်များ
------------------------------------------
အပေါ်မှာ ဖော်ပြထားတာတွေက ကိုယ်စီးရမယ့် လေယာဉ်တွေက Checked through ဖြစ်တဲ့အခါ ဖြတ်ကျော်ရမယ့် အချက်တွေပါ။ များသောအားဖြင့် Travel agent တွေမှာ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ Checked through ဖြစ်တာကို ဝယ်ပေးတတ်ကြပါတယ်။ လေယာဉ်လက်မှတ်တွေက ဈေးပိုသက်သာလို့ပဲဖြစ်ဖြစ်၊ ကိုယ်သွားမယ့်မြို့ကို ရောက်မယ့် လေယာဉ်တွေက Checked Through မရရင်ဘဲဖြစ်ဖြစ်၊ Checked through ရမယ့် လေကြောင်းလိုင်းရဲ့ Layover Time က တအားကြာတာပဲဖြစ်ဖြစ် Self Transfer နဲ့ သွားရမယ့် အခြေအနေတွေလည်း ကြုံရတတ်ပါတယ်။

Self-Transfer ကတော့ အလုပ်ရှုပ်ပါတယ်။ လေယာဉ်တစ်ခါစီးရင်လုပ်ရတဲ့ Process တွေအတိုင်း အစအဆုံး ပြန်လုပ်ရမှာပါ။ ကြားထဲကလေဆိပ်ရဲ့ နိုင်ငံထဲဝင်ပြီးမှ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။ ကိုယ်က လေဆိပ်ကနေ အပြင်ထွက်ဖို့၊ အဲဒီနိုင်ငံထဲဝင်ဖို့ စိတ်ကူးမရှိဘူး ဆိုရင်တောင်မှ Immigration ဖြတ်ကိုဖြတ်ရမှာပါ။ အိတ်တွေကိုလည်း ရွေးရမှာပါ။ ပြီးတော့မှ Departure အပိုင်းကနေ တစ်ခါ အဲဒီနိုင်ငံထဲကနေ ပြန်ထွက်ရမှာပါ။

အဲဒီတော့ Self-Transfer ဆိုရင် Transit ဝင်ရမယ့် လေဆိပ်ထဲ လေယာဉ်ဆိုက်ကပ်တာနဲ့ အရင်ဆုံး Immigration ကောင်တာကိုရှာပြီး Immigration ဖြတ်ရပါမယ်။ Visa ပြစရာလိုရင် Visa ပြရပါမယ်။ ကိုယ်တည်းမယ့်ဟိုတယ်နာမည်မေးရင် လေယာဉ်လက်မှတ်ပြပြီး Transit ခဏဝင်တာဖြစ်ကြောင်း၊ ညအိပ်မှာ မဟုတ်ကြောင်း၊ အိတ်ရွေးပြီးရင် နိုင်ငံထဲက ပြန်ထွက်မှာဖြစ်တဲ့အကြောင်း ရှင်းပြရပါမယ်။ ပြီးရင် ကိုယ့်အိတ်တွေရွေးပြီး Custom ဖြတ်ပြီး Exit ကနေ ထွက်ပါ။

ပြီးတဲ့အခါ လေဆိပ်ရဲ့ Departure အပိုင်းကို ရောက်အောင်သွားပြီး နောက်ထပ်စီးရမယ့်လေယာဉ်ရဲ့ Check-in ကောင်တာမှာ Check-in ထပ်ဝင်ရပါမယ်။ လေယာဉ်ထွက်ချိန်ထက် အချိန်အရမ်းစောလွန်းရင် Check-in ကောင်တာ မဖွင့်သေးပါဘူး။ အဲဒီအခါ လေဆိပ်ထဲမှာ စောင့်နေရပါမယ်။

ကြားထဲအချိန်အများကြီးရှိနေရင် မြို့ထဲခဏ ဝင်လည်လို့ရပါတယ်။ လေဆိပ်တွေမှာ ကိုယ့်ရဲ့ Luggage တွေ အိတ်တွေ အပ်ထားလို့ရတဲ့ Luggage Storage ဆိုတဲ့နေရာရှိပါတယ်။ အဲဒီမှာ ကျသင့်ငွေပေးပြီး အိတ်တွေအပ်ကာ မြို့ထဲဝင်လည်လို့ရပါတယ်။

ကိုယ်စီးမယ့် လေယာဉ်ရဲ့ကောင်တာမှာ Check-in လုပ်ပြီးလို့ အိတ်အပ်ပြီးလို့ရှိရင် ပြည်ပထွက်ခွါရဲ့ Immigration ကောင်တာကို ဝင်ပြီး Security Pass တွေမှာ အစစ်အဆေးခံရပါမယ်။ Boarding pass မှာပါတဲ့ Gate အတိုင်း၊ အချိန်အတိုင်းအရောက်သွားပြီး နောက်လေယာဉ်စီးရမှာပဲ ဖြစ်ပါတယ်။

❗အချိန်နီးနေရင် Boarding pass ပြပြီး လိုင်းတွေကျော်လို့ရပါတယ်။ ❗

တစ်ခါတလေ ကြားလေဆိပ်က Security Pass ပစ္စည်းစစ်တဲ့နေရာတွေမှာ လူတွေအများကြီးတန်းစီနေတတ်ပါတယ်။ အကယ်လို့ ကိုယ့်ရဲ့ Layover Time က အရမ်းကို ကြပ်နေတယ်။ နောက်လေယာဉ်မမှီမှာ စိုးရင် Boarding Pass တွေ လေယာဉ်လက်မှတ်တွေ ပြကာ လေဆိပ်ဝန်ထမ်းတွေကို အကူအညီတောင်းပြီး တန်းစီနေသူတွေကို ကျော်သွားလို့ရပါတယ်။

ℹ တစ်ခုခုမသိပါက မရှာတွေ့ပါက Information မှာမေးပါ။ ℹ

လေဆိပ်မှာ မျက်စိလည်နေတာပဲဖြစ်ဖြစ် တစ်ခုခုရှာမတွေ့တာဘဲဖြစ်ဖြစ် Airport Information ကောင်တာမှာ မေးလို့ရပါတယ်။ “i” လို့ ရေးထားတဲ့ကောင်တာတွေပါ။

အားလုံးပဲ ရည်ရွယ်ထားတဲ့နေရာဆီကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပါစေ…
Video လည်း ရိုက်ထားသေးလို့ Edit လုပ်ပြီးတာနဲ့ တင်ပေးမယ်နော်

ချစ်ခင်လျှက်
Nu Myat

❗️မှတ်ချက်- ဗဟုသုတဝေမျှလိုပါက ဒီပို့စ်ကို Share နိုင်ပါတယ်။
❌စာများကို Copy ကူးယူကာ မိမိ Page များ Profile များတွင် ပြန်တင်ခြင်းကိုတော့ လုံးဝခွင့်မပြုပါရှင်။ ❌




28/12/2023
24/12/2023

To our beloved customers, friends and families🤩🙏

in Dubai





06/09/2023
04/08/2023
𝐀𝐛𝐮 𝐃𝐡𝐚𝐛𝐢 𝐂𝐢𝐭𝐲 𝐓𝐨𝐮𝐫  (From Dubai)Special Offer only 85 𝗔𝗘𝗗 / 𝗽𝗲𝗿𝘀𝗼𝗻 , 𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 hot line; 0507792585whatsapp; +97152370...
01/08/2023

𝐀𝐛𝐮 𝐃𝐡𝐚𝐛𝐢 𝐂𝐢𝐭𝐲 𝐓𝐨𝐮𝐫 (From Dubai)

Special Offer only 85 𝗔𝗘𝗗 / 𝗽𝗲𝗿𝘀𝗼𝗻 ,
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀
hot line; 0507792585
whatsapp; +971523703384

𝗕𝗼𝗼𝗸 𝗬𝗼𝘂𝗿 𝗦𝗲𝗮𝘁s 𝗡𝗼𝘄 ...!!!! 😊😊
Pick-Up : Deira / Bur Dubai / Sheikh Zayed Road (From Any Metro Station)
Pick up : 08:00AM - 09:00AM

𝗜𝗻𝗰𝗹𝘂𝘀𝗶𝗼𝗻𝘀 :-
𝗗𝗿𝗶𝘃𝗲 𝘃𝗶𝗮 𝗦𝗵𝗲𝗶𝗸𝗵 𝗭𝗮𝘆𝗲𝗱 𝗥𝗼𝗮𝗱 𝘁𝗼 𝗔𝗯𝘂 𝗗𝗵𝗮𝗯𝗶
Sheikh Zayed Mosque (𝟭 𝗛𝗼𝘂𝗿 𝟯𝟬 𝗠𝗶𝗻𝘂𝘁𝗲𝘀 𝗦𝘁𝗼𝗽)
National Exhibition Center (Drive Through)
Emirates Palace
Heritage Village (Visit)
Etihad Tower (Photo Stop)
Marina Mall Of Abu Dhabi ( photo Stop )
Abu Dhabi Corniche (Photo Stop)
Marjan Art Gallery (Visit)
Dates Market (Visit)
Ferrari World (Photo Stop)
YAS Island (Photo Stop)
Drop Off To Same Pick Up Location

*𝗠𝗘𝗚𝗔 𝗦𝗨𝗠𝗠𝗘𝗥 𝗢𝗙𝗙𝗘𝗥* (Summer Holidays ) CANAL DINNER CRUISE ONLY @ 35AED/ PERSONFOR BOOKING :- 0507792585WHATSAPP ; +9715...
01/08/2023

*𝗠𝗘𝗚𝗔 𝗦𝗨𝗠𝗠𝗘𝗥 𝗢𝗙𝗙𝗘𝗥* (Summer Holidays )

CANAL DINNER CRUISE ONLY @ 35AED/ PERSON
FOR BOOKING :- 0507792585
WHATSAPP ; +971523703384
𝐃𝐄𝐀𝐋 𝐈𝐍𝐂𝐋𝐔𝐃𝐄𝐒:
🛥 01:30 Hour Cruising
🍽 International Buffet Dinner with BBQ
🍴 Vegetarian and non-Vegetarian Dishes
🥂 Unlimited Soft-Beverages
🍹 Refreshments ( Soft Drinks )
𝗠𝗔𝗝𝗢𝗥 𝗙𝗔𝗖𝗜𝗟𝗜𝗧𝗜𝗘𝗦:
🅿️ Free Private Car Parking
🚻 Separate Amenities for Men & Women
🛥 Fully air-conditioned lower deck and open air upper deck.
🚉 Easy access through Dubai Metro
𝗧𝗜𝗠𝗜𝗡𝗚𝗦:
𝐎𝐏𝐓𝐈𝐎𝐍 1 @ 35 AED/-
Boarding Starts: 04:30 P.M
Departure: 05:00 P.M
Arrival: 06:30 P.M

𝐎𝐏𝐓𝐈𝐎𝐍 𝟐 @ 45 AED/-
Boarding Starts at: 06:30 P.M
Departure: 07:00 P.M
Arrival: 08:30 P.M

𝐎𝐏𝐓𝐈𝐎𝐍 3 @ 65 AED/-
Boarding Starts at: 08:30 P.M
Departure: 09:00 P.M
Arrival: 10:45 P.M
𝗔𝗧𝗧𝗥𝗔𝗖𝗧𝗜𝗢𝗡𝗦:
⭐ D1 Tower View (the tallest tower in the area)
⭐ Palazzo Versace 5 Star Hotel View (one of the best 5 Star hotel in Dubai)
⭐ Blue Orchid Bridge view
⭐ Business Bay crossing Bridge
⭐ Dubai Festival City Mall
⭐ Al Jaddaf Walk
⭐ New Creek Harbour view
⭐ Under construction New Tallest Tower in UAE
⭐ Ras Al Khor wildlife Sanctuary
⭐ Burj Khalifa View
⭐ Downtown
⭐ FLOATING VILLAS
⭐ Marasi Drive
⭐ Arch Bridge
⭐ Water Fountain Show in DFC
⭐ Laser Show in DFC
⭐ Fire Show in DFC

Address

54/56, 53 Street
Pazundaung
951

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959795914257

Alerts

Be the first to know and let us send you an email when Sincerity General Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

Nearby travel agencies


Other Travel Companies in Pazundaung

Show All