Ticket Online Shopping

Ticket Online Shopping Are you looking for promotion or cheap ticket of domestic or international? Please like and buy from

အသိပေးကြေညာခြင်း၁။ မြန်မာသံရုံးမှ ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပေးစာများ၊ နိုင်ငံကူး လက်မှတ်အသစ်/ ပ...
24/10/2024

အသိပေးကြေညာခြင်း
၁။ မြန်မာသံရုံးမှ ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပေးစာများ၊ နိုင်ငံကူး လက်မှတ်အသစ်/ ပျောက်ဆုံးလျှောက်သူများ ခွင့်ပြုချက်စာရင်းနှင့် C of I ကိစ္စရပ်များကို မြန်မာနိုင်ငံသား များ သိရှိစေရန် သံရုံး၏ page “Myanmar Embassy in Kuala Lumpur, Malaysia” နှင့် Website: https://myanmarembassykl.org များတွင် ဖော်ပြပေးလျက်ရှိပါသည်။
၂။ မြန်မာနိုင်ငံသားများကို လိမ်လည်လှည့်ဖျားနေသူများက လူမှုကွန်ယက်စာမျက်နှာ (Facebook) နှင့် Tik Tok များတွင် မြန်မာသံရုံးအမည်ဖြင့် ဖွင့်လှစ်ထားသော အကောင့်အတုကို အသုံးပြု၍ နိုင်ငံကူး လက်မှတ်ကိစ္စရပ်များ ဆောင်ရွက်ပေးသည်ဟုဆိုကာ မမှန်ကန်သည့် ရေးသား/ပြောကြားချက်များ ဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။ (ပူးတွဲ)

၃။ အဆိုပါလူမှုကွန်ယက်စာမျက်နှာများသည် ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးနှင့် လုံးဝ (လုံးဝ) သက်ဆိုင်ခြင်း မရှိပါကြောင်းနှင့် ၎င်းတို့နှင့်ပတ်သက်သည့် ကိစ္စအဝဝအား မြန်မာသံရုံးမှ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ် (မဟုတ်) ပါကြောင်းနှင့် မြန်မာနိုင်ငံသားများအား လိမ်လည်လှည့်ဖျားနေသည့် ပုဂ္ဂိုလ်များ၊ Facebook/ Tik Tok အကောင့်ပိုင်ရှင်များကို ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိစေအပ်ပါသည်။

၄။ မြန်မာနိုင်ငံသားများအနေဖြင့်လည်း မိမိတို့တင်ထားသည့် QR Code ရက်ချိန်းများကို www.mekl.org ရှိ “ရက်ချိန်းအခြေအနေစုံစမ်းရန်” နေရာတွင် ဝင်ရောက်စစ်ဆေးကြပါရန်နှင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များနှင့်ပတ်သက်၍ စုံစမ်းမေးမြန််းလိုပါက မြန်မာသံရုံး၏ WhatsApp No. +6011 2510 5774 သို့ စာဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်

သုဝဏ္ဏဘူမိလေဆိပ်မှာ မိမိကိုယ်တိုင် Chek In လုပ်လို့ရတဲ့စက်တွေမှာ ဘယ် Airlines တွေလုပ်လို့ရလဲ?ဘယ်လိုအခြေအနေမှာ လုပ်သင့်လဲ...
24/10/2024

သုဝဏ္ဏဘူမိလေဆိပ်မှာ မိမိကိုယ်တိုင် Chek In လုပ်လို့ရတဲ့စက်တွေမှာ ဘယ် Airlines တွေလုပ်လို့ရလဲ?ဘယ်လိုအခြေအနေမှာ လုပ်သင့်လဲ?
လေဆိပ်က Check In ကောင်တာ မှာ တန်းစီတဲ့သူတွေများတဲ့အခါ Self Service Check In လုပ်တဲ့ စက်တွေမှာ မိမိကိုယ်တိုင် Check In လုပ်လို့ရပါတယ်။
မိမိကိုယ်တိုင် Check In လုပ်တဲ့အခါ မသိတာ မေးလို့ရတဲ့ လေဆိပ်က ဝန်ထမ်းတွေလည်းရှိတဲ့အတွက် အဆင်ပြေပါတယ်။
📌MAI Airline ကတော့ သုဝဏ္ဏဘူမိလေဆိပ်က မိမိကိုယ်တိုင် Check In လုပ်လို့ရတဲ့ စက်ရဲ့ Airline List ထဲမှာမပါသေးပါဘူး။
Check In လုပ်လို့ရတဲ့ Airline တွေကတော့
🔸ENROLL
🔸THAI
🔸Bangkok Airways
🔸Air Asia
🔸Vietjet Air
🔸Austrian
🔸Lufthansa
🔸SWISS
🔸TURKISH AIRLINES တို့ပဲ ဖြစ်ပါတယ်။
📌ဒီစက်တွေကို Japan မှာ လည်း သုံးဖူးပါတယ်၊ Japan မှာတော့ Singapore Airline ပါ Check In လုပ်လို့ရပါတယ်။
📌Passport ကို Scan ဖတ်လိုက်တာနဲ့ ဘယ်လေယာဉ်နဲ့ ဘယ်ကို၊ဘယ်အချိန် သွားမယ်ဆိုတာကအစ Auto ပေါ်ပြီးသားပါ။မိမိ အပ်မည့် Luggage အိတ်မှာကပ်တဲ့ Sticker စာရွက်အရှည်ကြီးကအစ ထုတ်ပြီးကပ်လို့ရပါတယ်။ထိုင်ခုံလည်း ရွေးလို့ရပါသေးတယ်။
"အားလုံးအဆင်ပြေကြပါစေ"

24/10/2024
ဝင်ငွေကောင်းပြီးအောင်မြင်နေတဲ့ ထိပ်တန်း Youtuber များ.Chan၊ အောင်စုပိုင်၊Jimmy၊ Dee Dee (Burmese)၊ ဗညားအကြိုက်ဆုံး Youtu...
24/10/2024

ဝင်ငွေကောင်းပြီးအောင်မြင်နေတဲ့ ထိပ်တန်း Youtuber များ.
Chan၊ အောင်စုပိုင်၊Jimmy၊ Dee Dee (Burmese)၊ ဗညား
အကြိုက်ဆုံး Youtuber ကဘယ်သူဖြစ်မလဲ...

ရေကျပြီဖြစ်၍ အင်းလေးသို့ လာရောက် လည်ပတ်ရန် ဒေသခံများ ဖိတ်ခေါ် ဂျူချန်းမဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့န...
17/10/2024

ရေကျပြီဖြစ်၍ အင်းလေးသို့ လာရောက် လည်ပတ်ရန် ဒေသခံများ ဖိတ်ခေါ်

ဂျူချန်း

မဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသသည် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း လက်ရှိတွင် ရေကျပြီဖြစ်၍ အလည်အပတ်လာရောက်နိုင်ပြီဖြစ်ကြောင်း ဒေသခံများက ဖိတ်ခေါ်သည်။

မကြာမီကျရောက်တော့မည့် သီတင်းကျွတ်ကာလသည် မြန်မာနိုင်ငံအတွင်း ခရီးသွားအလည်အပတ်သွားလာကြသည့် ကာလဖြစ်ပြီး ခရီးသွားဧည့်သည်များ ဝင်ရောက်လာပါက ဒေသခံများ စီးပွားရေးအဆင်ပြေမည်ဖြစ်ရာ အင်းလေးဒေသရှိရေဘေးသင့်နေရာများ ပြန်လည်ထူထောင်ရေးပြုလုပ်ရာတွင် အဆင်ပြေမည်ဟု ဒေသခံတဦးကဆိုသည်။

ခရီးသွားများ အဓိက သွားရောက်လည်ပတ်ကြသည့် အင်းလေးဖောင်တော်ဦးဘုရားရင်ပြင်၌ ရေကျသွားသည်မှာ တပတ်ခန့်ရှိပြီဖြစ်ပြီး အောက်တိုဘာလ ၁၃ ရက်က ဘုရားဖူးနိုင်ရန် ပြန်လည်ဖွင့်လှစ်ထားကာ စျေးဆိုင်ခန်းများလည် ဖွင့်နေပြီဖြစ်ကြောင်း ကနူးလှေဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်နေသည့် ဒေသခံက ပြောသည်။

“ခရီးသည်တွေလည်မယ့်နေရာတလျှောက်ကတော့ ရေပြန်ကျသွားပြီ။ ကမ်းစပ်က ဟိုတယ်တွေလည်းပြန်ဖွင့်နေပြီ။ ဈေးဆိုင်တွေလည်း ပုံမှန်နီးပါး ပြန်ဖွင့်နေကြပြီ။ ခရီးသည်တွေတော့ လာတော့လာပေမယ့် နည်းနေသေးတယ်” ဟု ဒေသခံက ပြောသည်။

အင်းလေးဒေသသို့ အလည်အပတ်လာရောက်သူများအနေဖြင့် လက်ရှိတွင် အင်းလေးဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ရှေးဟောင်းဘုန်းကြီးကျောင်းများ၊ အင်းလေးယက်ကန်းစင်၊ ပဒေါင်ရိုးရာလုပ်ငန်း၊ ရွှေပန်းထိမ်လုပ်ငန်း စသည့် နေရာများသို့ ကနူးလှေဖြင့် လည်ပတ်နိုင်ကြောင်း ဒေသခံက ပြောသည်။

“ သွားလာလည်ပတ်နေကြတဲ့ ကိစ္စပြောရင် ဒီကာလ ဒီအချိန်ကြီးမှာဆိုပြီး ကဲ့ရဲ့တဲ့ ပိုစ့်တွေ မြင်မြင်နေရတယ်။ ဒီကာလကြီးဆိုပြီး အမြဲထိုင်စိတ်ညစ်နေစေချင်တာလား။ လူပဲလေ စိတ်ထွက်ပေါက်အနေနဲ့ သွားလာလည်ပတ်တာလည်းရှိဦးမှာပေါ့။ ကျွန်တော်ကတော့ ခရီးသွားဖို့ စီစဥ်ထားတယ်။ အင်းလေးနဲ့ ပုဂံဘက် တခုခုပဲ။ အခြေအနေတွေတော့ စုံစမ်းနေတုန်း၊ လမ်းကြောင်း လုံခြုံမှုနဲ့ ကုန်ကျစရိတ်တွက်နေတာပေါ့ ” ဟု ရန်ကုန်မြို့၊ မြောက်ဥက္ကလာပနေသူ တဦးကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယအပတ်အတွင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး ယင်းရေများသည် အင်းလေးကန်တွင်းသို့ စီးဝင်သဖြင့် အင်းလေးဖောင်တော်ဦးဘုရား ရင်ပြင်သည် နှစ်ပေကျော် သုံးပေနီးပါးအထိ ရေနှစ်မြှုပ်ခဲ့ပြီး အင်းလေးဒေသရှိ ကျေးရွာပေါင်း ၁၇၀ ကျော် ရေကြီးနစ်မြှုပ်ခဲ့ရသည်။

ကုန်းမြင့်နေရာအချို့တွင် ရေပြန်လည်ကျသွားဦးသော်လည်း ကျေးရွာအများစု ရေကြီးနစ်မြှုပ်ဆဲဖြစ်ကာ သောက်သုံးရေအဓိက လိုအပ်နေကြောင်း အခြားဒေသခံက ဆိုသည်။ ယင်းအပြင် အချို့ကျေးရွာတွင် ရေကြီးမှုကြောင့် ပြတ်တောက်သွားသည့် လျှပ်စစ်မီးသည်လည်း ယနေ့ထိ ပြန်လည် မရသေးကြောင်း သိရသည်။

“ရေမြှုပ်တဲ့ရွာတွေတော့ အများကြီးရှိသေးတယ်ဗျ။ လိုအပ်ချက်တွေအရမ်းများနေသေးတယ်ဗျ ။ အဓိက သောက်ရေပြသာနာဗျ ။ ရေအားလုံးက ညစ်ပတ်ကုန် နံကုန်တယ်။ ရေသန့်စက်တွေရရင် အရမ်းကောင်းမှာဗျ။ ဒါဆို ရေသန့်အတွက်က မပူရတော့ဘူး။ ရေသန့်စက်က ပေါက်စျေး သိန်း ၄၀ ဝန်းကျင်ကျနေတော့ ဘယ်လိုမှကို မဝယ်နိုင်ဘူးဖြစ်နေကြတယ်။ မီးကလည်း ရွာတော်တော်များများ မရသေးဘူးဗျ ။ အနည်းအကျဥ်း တောင်ခြေနားကရွာတွေပဲ ရသေးတယ်ဗျ ။ အင်းရေပြင်မှာရှိတဲ့ရွာတွေက မရသေးပါဗျ” ဟု ဟဲယာရွာမ ဒေသခံက ပြောသည်။

ရေကြီးခြင်းကြောင့် အင်းလေးဒေသရှိ စိုးက်ပျိုးသီးနှံစိုက်ခင်းများလည်း ရေမြှုပ်ပျက်စီးသွားရာ ကုန်ဈေးနှုန်း ကြီးမြင့်နေကြောင်း ဒေသခံက ပြောသည်။

ကမ္ဘာလှည့်ခရီးသွားများကို စွဲဆောင်နိုင်သည့် အင်းလေးဒေသ၌ ယခင်နှစ်များတွင် သီးတင်းကျွတ်ကာလ ခရီးသွားဧည့်သည်များဖြင့် စည်ကားနေခဲ့သော်လည်း ယခုနှစ်တွင် ရေကြီးမှုကြောင့် လတ်တလောတွင် ခရီးသွားအနည်းငယ်ပါးနေကြောင်း ဒေသခံများထံက သိရသည်။

သီတင်းကျွတ်လဆန်းတွင် ကျင်းပလေ့ရှိသည့် အင်းလေး ဖောင်တော်ဦးဘုရားပွဲ ဒေသစာရီကြွချီခြင်းကိုလည်း ယခုနှစ်တွင် ရေကြီးမှုကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ အင်းလေးဖောင်တော်ဦး ဘုရားပွဲကို COVID နှင့် စစ်အာဏာသိမ်းမှုကြောင့် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ သုံးနှစ်တာ ကျင်းပနိုင်ခဲ့ခြင်းမရှိသော်လည်း ယခင် ၂၀၂၃ ခုနှစ်တွင် အင်းလေးဖောင်တော်ဦးဘုရားပွဲကို စစ်ကောင်စီမှ လုံခြုံရေးတင်းကျပ်ကာ ဘုရားပွဲနှင့် ရိုးရာလှေလှော်ပြိုင်ပွဲကို ကျင်းပခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း- အောက်တိုဘာ ၁၂ ရက်နေ့ အင်းလေးဖောင်တော်ဦးဘုရား
ဓါတ်ပုံ- အင်းလေး စက်လှေဝန်ဆောင်မှု


#အင်းလေးဒေသ
#ရေကြီးရေလျှံ

Website Link >> https://bur.mizzima.com/2024/10/15/36017
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

သီတင်းကျွတ်လပြည့်နေမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ ဆု...
17/10/2024

သီတင်းကျွတ်လပြည့်နေမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ ဆုတောင်းပေးပါတယ်......


#သီတင်းကျွတ်
#လပြည့်နေ့


**ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်တွင် တက်နေထွန်း လူမှုကယ်ဆယ်ရေး အသင်းမှ ဆက်လက် ကူညီလှူဒါန်းရေး လုပ်ကိုင် လျှက်ရှိပါသည်...
24/09/2024

**ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်တွင် တက်နေထွန်း လူမှုကယ်ဆယ်ရေး အသင်းမှ ဆက်လက် ကူညီလှူဒါန်းရေး လုပ်ကိုင် လျှက်ရှိပါသည်။**
20.9.2024 အုတ်တွင်းမြို့နယ်ရေဘေးအလှူတော်ပုံရိပ်များ

**ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်တွင် တက်နေထွန်း လူမှုကယ်ဆယ်ရေး အသင်းမှဆက်လက် ကူညီလှူဒါန်းရေး လုပ်ကိုင်လျှက်ရှိပါသည်**...
24/09/2024

**ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်တွင် တက်နေထွန်း လူမှုကယ်ဆယ်ရေး အသင်းမှဆက်လက် ကူညီလှူဒါန်းရေး လုပ်ကိုင်လျှက်ရှိပါသည်**

20.9.2024 အုတ်တွင်းမြို့နယ်ရေဘေးအလှူတော်ပုံရိပ်များ

**ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်တွင်တက်နေထွန်း လူမှုကယ်ဆယ်ရေးအသင်း မှဆက်လက်ကူညီလှူဒါန်းရေးလုပ်ကိုင်လျှက်ရှိပါသည်။**၂၁....
24/09/2024

**ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်တွင်
တက်နေထွန်း လူမှုကယ်ဆယ်ရေးအသင်း မှ
ဆက်လက်ကူညီလှူဒါန်းရေးလုပ်ကိုင်လျှက်ရှိပါသည်။**
၂၁.၉.၂၀၂၄ တွင် ကျွန်တော်တို့ တက်နေထွန်း
လူမှုကယ်ဆယ်ရေးအသင်း (TNT RESCUE) မှ
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊တောင်ငူမြို့နယ် စစ်တောင်းမြစ်ဘေးရှိ ရေဘေးဒုက္ခခံစားနေရသော မိုးကောင်း ကျေးရွာ အုပ်စု၊ မိုးကောင်းရွာသစ်တွင် ရေတွင်း ၊ရေကန်များ၊ ရေတုံကင်များ ရေနစ်မြုတ်ပြီးပျက်စီး ဆုံးရှုံးမှုကြောင့် သောက်သုံးရေအခက်အခဲ ဖြစ်နေသော ကျေးရွာတွင် ကျန်ရှိ အိမ်ထောင်စု (၁၂၀)စာအတွက် ဒုတိယအကြိမ်အဖြစ် ရေသန့်နှင့် ခေါက်ဆွဲခြောက်တို့ အားကူညီ လှူဒါန်းပေးခဲ့ပါသည်။
ရေဘေးဒုက္ခခံစားနေရသော(၇)ရက်သား၊သမီး
များအတွက်ကျွန်တော်တို့ တက်နေထွန်း လူမှုကယ်ဆယ်ရေးအသင်းနှင့်ပူးပေါင်းပါဝင် လှူဒါန်းပေးကြသော အလှူရှင်များအား သာဓု ခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်ခင်ဗျာ။
***မနက်ဖြန်တွင်လည်းတောင်ငူခရိုင်အတွင်း
ရှိလိုအပ်သောနေရာဒေသများသို့ ဆက်လက်လှူဒါန်းသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်ခင်ဗျာ***
***ပူးပေါင်းပါဝင်လှူဒါန်းလိုပါက***
Kpay-09260360768 Myo Min Zaw
Wave pay-09459521586 Zin May Lae

**ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊တောင်ငူမြို့နယ်တွင် တက်နေထွန်းလူမှုကယ်ဆယ်ရေးအသင်းမှဆက်လက်ကူညီလှူဒါန်းရေးလုပ်ကိုင်လျှက...
24/09/2024

**ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊တောင်ငူမြို့နယ်တွင် တက်နေထွန်းလူမှုကယ်ဆယ်ရေးအသင်းမှဆက်လက်ကူညီလှူဒါန်းရေးလုပ်ကိုင်လျှက်ရှိပါသည်။**
19.9.2024 တောင်ငူရေဘေးအလှူတော်ပုံရိပ်များ

**ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊တောင်ငူမြို့တွင်တက်နေထွန်း လူမှုကယ်ဆယ်ရေးအသင်း မှဆက်လက်ကူညီလှူဒါန်းရေးလုပ်ကိုင်လျှက်ရ...
24/09/2024

**ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊တောင်ငူမြို့တွင်
တက်နေထွန်း လူမှုကယ်ဆယ်ရေးအသင်း မှ
ဆက်လက်ကူညီလှူဒါန်းရေးလုပ်ကိုင်လျှက်ရှိပါသည်။**
၁၉.၉.၂၀၂၄ တွင် ကျွန်တော်တို့ တက်နေထွန်း လူမှုကယ်ဆယ်ရေးအသင်း (TNT RESCUE) မှ
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊တောင်ငူမြို့နယ်
စစ်တောင်းမြစ်ဘေးရှိ ရေဘေးဒုက္ခခံစားနေရသော
မိုးကောင်းကျေးရွာအုပ်စုရှိ ရွာသစ်ကျေးရွာမှ
အိမ်ထောင်စု( ၁၂၀)စာ အတွက် ရေသန့်၊
ခေါက်ဆွဲခြောက်၊ရွှေကျီးမုန့်ကြွပ်၊
ဓာတ်ဆားမှုန့်၊Biogesic ဖျားနာပျောက်ဆေးတို့အား
သွားရောက်ကူညီလှူဒါန်းပေးခဲ့ပါသည်။
ရေဘေးဒုက္ခခံစားနေရသော(၇)ရက်သား၊သမီး
များအတွက်ကျွန်တော်တို့
တက်နေထွန်းလူမှုကယ်ဆယ်ရေးအသင်းနှင့်ပူးပေါင်း
ပါဝင်လှူဒါန်းပေးကြသောအလှူရှင်များအား
သာဓု ခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည် ခင်ဗျာ။
လိုအပ်သောနေရာများအား ကူညီလှူဒါန်းနိုင်ရန်
အတွက် လိုက်လံလမ်းပြပေးပါသော နယ်မြေခံ
ပြည်ငြိမ်းအေး အရေးပေါ်ကယ်ဆယ်ရေး
အဖွဲ့(တောင်ငူ)အားလည်း ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်ခင်ဗျာ။
***မနက်ဖြန်တွင်လည်းတောင်ငူမြို့နယ်အတွင်း
ရှိလိုအပ်သောနေရာဒေသများသို့ ဆက်လက်လှူဒါန်းသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်ခင်ဗျာ***

***ပူးပေါင်းပါဝင်လှူဒါန်းလိုပါက***
Kpay-09260360768 Myo Min Zaw
Wave pay-09459521586 Zin May Lae

18.9.2024 တောင်ငူရေဘေးအလှူတော်ပုံရိပ်များ
24/09/2024

18.9.2024 တောင်ငူရေဘေးအလှူတော်ပုံရိပ်များ

၁၈.၉.၂၀၂၄ တွင် ကျွန်တော်တို့ တက်နေထွန်း လူမှုကယ်ဆယ်ရေးအသင်း (TNT RESCUE) မှ ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊တောင်ငူမြို...
24/09/2024

၁၈.၉.၂၀၂၄ တွင် ကျွန်တော်တို့ တက်နေထွန်း လူမှုကယ်ဆယ်ရေးအသင်း (TNT RESCUE) မှ
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊တောင်ငူမြို့နယ်
စစ်တောင်းမြစ်ဘေးရှိ ရေဘေးဒုက္ခခံစားနေရသော
(၂၃)ရပ်ကွက်၊ကသည်းစုကျေးရွာနှင့်မိုးကောင်း
ကျေးရွာအုပ်စု၊ကချောင်ကျေးရွာများတွင်
အိမ်ထောင်စု( ၂၆၀)စာ အတွက် ရေသန့်၊
ခေါက်ဆွဲခြောက်၊ရွှေကျီးမုန့်ကြွပ်၊
ဓာတ်ဆားမှုန့်၊Biogesic ဖျားနာပျောက်ဆေးတို့အား
သွားရောက်ကူညီလှူဒါန်းပေးခဲ့ပါသည်။
ရေဘေးဒုက္ခခံစားနေကြသော(၇)ရက်သား၊သမီး
များအတွက်ကျွန်တော်တို့
တက်နေထွန်းလူမှုကယ်ဆယ်ရေးအသင်းနှင့်ပူးပေါင်း
ပါဝင်လှူဒါန်းပေးကြသောအလှူရှင်များအား
သာဓုခေါ်ဆိုနိုင်ရန်တင်ပြသည်ခင်ဗျာ။
လိုအပ်သောနေရာများအားကူညီလှူဒါန်းနိုင်ရန်
အတွက်လိုက်လံလမ်းပြပေးပါသောနယ်မြေခံ
ပြည်ငြိမ်းအေး အရေးပေါ်ကယ်ဆယ်ရေး
အဖွဲ့(တောင်ငူ)အားလည်းကျေးဇူးတင်ဂုဏ်ပြုအပ်ပါ
သည်ခင်ဗျာ။
***မနက်ဖြန်တွင်လည်းတောင်ငူမြို့နယ်အတွင်း
ရှိလိုအပ်သောနေရာဒေသများသို့ ဆက်လက်လှူဒါန်း
သွားမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်ခင်ဗျာ***
***ပူးပေါင်းပါဝင်လှူဒါန်းလိုပါက***
Kpay-09260360768 Myo Min Zaw
Wave pay-09459521586 Zin May Lae

24/09/2024

တက်နေထွန်းလူမှုကယ်ဆယ်ရေးအသင်း
မှတ်ပုံတင်အမှတ် - ၂/ပြည်တွင်း/၀၀၀၉

၂၀၂၄ ခုနှစ် ရေဘေးကူညီကယ်ဆယ်ရေးတွင်
ပါဝင်လှူဒါန်းကြသော အလှူရှင်များစာရင်း

Best Home Employment
Agency Pte Ltd
🙏🏻🙏🏻🙏🏻(၁၁၂၀၀၀၀/-ကျပ်)

ဦးတင်ထွန်း+ဒေါ်ခင်နီလာထွန်း
ရွှေမျက်ဝန်း Beauty Salon
(Crystal Palace Hotel)
🙏🏻🙏🏻🙏🏻(၃၀၀၀၀၀/-ကျပ်)
ဦးညီညီထွန်း+ဒေါ်မိုးမိုးသူ
(Mala Town Restaurant)မိသားစု
🙏🏻🙏🏻🙏🏻(၃၀၀၀၀၀/-ကျပ်)
Mr Shambhu Kumar+ ဒေါ်နွေးနွေးဦး
(NNO English & Housekeeping Training)သင်တန်းကျောင်းမိသားစု
🙏🏻🙏🏻🙏🏻(၃၀၀၀၀၀/-ကျပ်)
ဦးထွန်းလင်းစိုး+ဒေါ်မိုးယုသွယ် မိသားစု
🙏🏻🙏🏻🙏🏻(၅၀၀၀၀/-ကျပ်)
ဒေါ်အေးမိစံ
သား မောင်အားမာန်ဘုန်းမြတ် မိသားစု
🙏🏻🙏🏻🙏🏻(၂၀၀၀၀/-ကျပ်)
ကိုမိုးမြတ်ဇော်+မချယ်ရီမေ မိသားစု
🙏🏻🙏🏻🙏🏻(၃၀၀၀၀/-ကျပ်)
ဒေါ်မော်မော်ခိုင်
🙏🏻🙏🏻🙏🏻(၅၀၀၀၀/-ကျပ်)
ကိုလင်းအောင်+မနွေးနွေးနိုင် မိသားစု
🙏🏻🙏🏻🙏🏻(၁၀၀၀၀၀/-ကျပ်)
ဒေါ်သူဇာဝင်း
သမီး ဖူးမြတ်ကြယ်စင်
(TZKZ Language & Cooking Training School) မိသားစု
🙏🏻🙏🏻🙏🏻(၅၀၀၀၀/-ကျပ်)
ဦးဇော်ပြည့်ထွန်း+ဒေါ်စုဝင်းမွန်
သား ဟိန်းထွဋ်ကျော်၊ ဘုန်းသီဟကျော် မိသားစု
(ရွှေပြည်ဦးရေခဲစက်)
🙏🏻🙏🏻🙏🏻(၁၀၀၀၀၀/-ကျပ်)
စေတနာရှင် မိသားစု
🙏🏻🙏🏻🙏🏻(၂၀၀၀၀၀/-ကျပ်)
ဒေါ်နန်းစောဝတ်ရည် မိသားစု
🙏🏻🙏🏻🙏🏻(၅၀၀၀၀/-ကျပ်)
ကိုမောင်မောင်ထွန်း+မသန်းသန်းမြင့်
သမီး မြင့်တင်ဇာမောင်၊ ချောတင်ဇာမောင် မိသားစု
🙏🏻🙏🏻🙏🏻(၃၀၀၀၀၀/-ကျပ်)
Mr Ram Muni+Ms Soni Kumari
(Myanmar Confident Group Co..Ltd)
🙏🏻🙏🏻🙏🏻(၁၀၀၀၀၀/-ကျပ်)
ဦးထွန်းတင်+ဒေါ်ဝင်းကျင်ပါ မိသားစု
🙏🏻🙏🏻🙏🏻(၅၀၀၀၀၀/-ကျပ်)
မမော်မော်ခိုင်
🙏🏻🙏🏻🙏🏻(၅၀၀၀၀/-ကျပ်)
ဒေါ်လှထွေး မိသားစု
🙏🏻🙏🏻🙏🏻(၃၀၀၀၀/-ကျပ်)

အလှူရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာ၍ ကပ်ဆိုးဘေးဆိုးအပေါင်းမှ
ကျော်လွှားနိုင်ပါစေကြောင်း ကျွန်တော်တို့
တက်နေထွန်းလူမှုကယ်ဆယ်ရေးအသင်းမှ
ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ရေဘေးကူညီကယ်ဆယ်ရေးတွင် ပါဝင်လှူဒါန်းလိုပါက
Kpay - 09260360768 Myo Min Zaw
Wave pay - 09459521586 Zin May Lae

24/09/2024

တက်နေထွန်းလူမှုကယ်ဆယ်ရေးအသင်း
မှတ်ပုံတင်အမှတ် - ၂/ပြည်တွင်း/၀၀၀၉

၂၀၂၄ ခုနှစ် ရေဘေးကူညီကယ်ဆယ်ရေးတွင်
ပါဝင်လှူဒါန်းကြသော အလှူရှင်များစာရင်း

တားရော့ ဗေဒင်ဆရာမ ဒေါ်သန့်သန့်သိန်းမှ
ရေဘေးအလှူတော်ငွေ
🙏🏻🙏🏻🙏🏻(၆၆၀၀၀၀/-ကျပ်)

မောင်သူရိန်စိုး(၁၇)နှစ်ပြည့်မွေးနေ့အလှူ
🙏🏻🙏🏻🙏🏻(၁၇၀၀၀၀/-ကျပ်)
ဦးသိန်းတန်+မဌေး မိသားစု
🙏🏻🙏🏻🙏🏻(၂၀၀၀၀/-ကျပ်)
မောင်လင်းသန့်ရှင်း (G-9 အ.လ.က ၁၁)
🙏🏻🙏🏻🙏🏻(၁၀၀၀၀/-ကျပ်)
မောင်ဆိုင်းမင်းမြတ်ဇေယျာကို (G-9 အ.လ.က ၁၁)
🙏🏻🙏🏻🙏🏻(၁၀၀၀၀/-ကျပ်)
CB Bank Warehouse & Logistics
မိသားစု
🙏🏻🙏🏻🙏🏻(၅၀၀၀၀/-ကျပ်)
Ric မိသားစု
🙏🏻🙏🏻🙏🏻(၅၀၀၀၀/-ကျပ်)
ကိုခန့်မင်းသူနှင့်သူငယ်ချင်းများမှ ရေဘေးအလှူတော်
🙏🏻🙏🏻🙏🏻(၈၀၀၀၀/-ကျပ်)
မဇင်မာလင်း
🙏🏻🙏🏻🙏🏻(၁၀၀၀၀/-ကျပ်)
ဦးအေးသန်း မိသားစု
🙏🏻🙏🏻🙏🏻(၁၀၀၀၀/-ကျပ်)
ကိုကျော်လေး မိသားစု
🙏🏻🙏🏻🙏🏻(၁၅၀၀၀/-ကျပ်)
မမေစုစံ (ခေတ္တစင်္ကာပူ)
🙏🏻🙏🏻🙏🏻(၃၀၀၀၀/-ကျပ်)
School of GED. PRE GED may batch မှ မသက်မြတ်စိုး
🙏🏻🙏🏻🙏🏻(၁၅၀၀၀/-ကျပ်)

အလှူရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာ၍ ကပ်ဆိုးဘေးဆိုးအပေါင်းမှ
ကျော်လွှားနိုင်ပါစေကြောင်း ကျွန်တော်တို့
တက်နေထွန်းလူမှုကယ်ဆယ်ရေးအသင်းမှ
ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ရေဘေးကူညီကယ်ဆယ်ရေးတွင် ပါဝင်လှူဒါန်းလိုပါက
Kpay - 09260360768 Myo Min Zaw
Wave pay - 09459521586 Zin May Lae

Address

No. 86, 49 Street
Pazundaung
11171

Telephone

+959791295458

Website

Alerts

Be the first to know and let us send you an email when Ticket Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ticket Online Shopping:

Videos

Share

Category


Other Tour Agencies in Pazundaung

Show All