Zillion Wings Travels

Zillion Wings Travels Your Reliable Travel Partner
(4)

24/12/2023

Siam Paragon ရဲ့ ခရစ်စမတ်မြင်ကွင်းများ 💙

ဒီဇင်ဘာ ၃၀ ရက်နေ့လေးမှာ မင်မင်တို့ ခေါင်ရိုင်ကို Day trip လေးထွက်ဖို့ရှိပါတယ်။ လိုက်ချင်တယ်ဆိုရင်တော့ဖြင့် စာရင်းလေးပေးထ...
22/12/2023

ဒီဇင်ဘာ ၃၀ ရက်နေ့လေးမှာ မင်မင်တို့ ခေါင်ရိုင်ကို Day trip လေးထွက်ဖို့ရှိပါတယ်။

လိုက်ချင်တယ်ဆိုရင်တော့ဖြင့် စာရင်းလေးပေးထားလို့ရပါပြီရှင်။ လူအရည်အတွက် ကန့်သတ်ထားလို့ပါ။

တစ်ဦးလျှင် - 1600 baht သာ ကျသင့်မှာပဲ ဖြစ်ပါတယ်။

22/12/2023

ဂျပန်ရောက်ရင် နာမည်ကြီး Ichiran Ramen မဖြစ်မနေ စားခဲ့ဖို့ မမေ့ပါနဲ့နော်။

မင်မင်ကတော့ နိုင်ငံတစ်နိုင်ငံရောက်တိုင်း သူတို့နိုင်ငံရဲ့ အထင်ကရ နေရာလေးတွေနဲ့ နာမည်ကြီး အစားအစာလေးတွေကို ရှာရှာဖွေဖွေ သွားစားလေ့ရှိပါတယ်။ ဒါဟာလဲ ခရီးသွားခြင်းရဲ့ အနှစ်သာရလေနော်။

မင်မင်တို့လိုမျိုး လွတ်လွတ်လပ်လပ် ခရီးသွားရတာ ကြိုက်တဲ့ ဝါသနာတူလေးတွေ ရှိရင် မင်မင်တို့နဲ့ အတူ တစ်ခါလောက် ဂျပန်ကို free & easy သွားလည်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်နော်။

စိတ်ဝင်စားတဲ့သူတွေများရင် မင်မင်တို့ စီစဉ်ပေးပါမယ်ရှင့်။ ဧည့်သည်တော်များအတွက် စိတ်ချယုံကြည်ရတဲ့ ခရီးသွားဖော်ကောင်းလေးတွေ ဖြစ်စေရမယ်လို့ Zillion Wings က အာမခံပါတယ်ရှင့် 💙🫶🏽

Zillion Wings - Your Reliable Travel Partner

အဆင်ပြေကြတယ်ဆိုလို့ မင်မင်တို့က ဝမ်းသာရပါတယ်ရှင့်။ Travel history ပြချင်တာဖြစ်စေ၊ တတိယနိုင်ငံမှာ appointment ဝင်ချင်တာဖြ...
22/12/2023

အဆင်ပြေကြတယ်ဆိုလို့ မင်မင်တို့က ဝမ်းသာရပါတယ်ရှင့်။

Travel history ပြချင်တာဖြစ်စေ၊ တတိယနိုင်ငံမှာ appointment ဝင်ချင်တာဖြစ်စေ Zillion Wings ကို သတိရလိုက်ပါရှင့်။

ဧည့်သည်တော် လူကြီးမင်းများက အင်တာဗျူးမှာ အကောင်းဆုံး ဖြေနိုင်အောင်ပဲ အာရုံစိုက်ပါ။ ကျန်တာအားလုံးကို ခေါင်းစားမခံပဲ စျေးအသက်သာဆုံးနဲ့ အဆင်အပြေဆုံးဖြစ်အောင် Zillion Wings က တာဝန်ယူစီစဉ်ပေးပါမယ် 💙🫶🏽

သွားမယ့်သူလေးတွေ ရှိတုန်းလေး group tour ဖွင့်ပေးဖြစ်တာပါနော်။ တစ်ယောက်ထဲဖြစ်နေလို့၊ immigration မဖြတ်ရဲလို့ စသဖြင့် မိမိ...
19/12/2023

သွားမယ့်သူလေးတွေ ရှိတုန်းလေး group tour ဖွင့်ပေးဖြစ်တာပါနော်။ တစ်ယောက်ထဲဖြစ်နေလို့၊ immigration မဖြတ်ရဲလို့ စသဖြင့် မိမိအစီအစဉ််
နဲ့ မသွားချင်ကြတဲ့ ဧည့်သည်တော်လူကြီးမင်းများ ဒီ ခရီးစဉ်လေးကို join လို့ရပါတယ်ရှင်။

✨Condo Pre-sale, Sale နဲ့ Condo Rental service for 6month/1 years✨ဘန်ကောက်ရုံး က ဝန်ဆောင်မှုတွေ တိုးချဲ့သွားဖို့ရှိတဲ့ အ...
18/12/2023

✨Condo Pre-sale, Sale နဲ့ Condo Rental service for 6month/1 years✨

ဘန်ကောက်ရုံး က ဝန်ဆောင်မှုတွေ တိုးချဲ့သွားဖို့ရှိတဲ့ အထဲမှာ ကွန်ဒို ကြိုပွိုင့် အရောင်း ဆောက်လုပ်ပြီးသား ကွန်ဒို အရောင်း အခန်းအငှါးတွေ လည်း ပါပါမယ်နော်

🎄ကွန်ဒို ကြိုပွိုင့် ဆိုလျှင်လည်း installment plan နဲ့ မြန်မာငွေ သိန်း ၁ထောင်ကျော်တန်ကစပြီး
🎄ဆောက်ပြီးသားဆိုလျှင်လည်း Free Hold, Foreign Quota project သိန်း ၂ထောင်ကျော်တန်က စတဲ့ Project တွေ
🎄Luxury short term Condo, 6months,1 year condo rental တွေပါပါမယ်နော်

လက်ရှိမှာတော့ 1လ 2လ နဲ့ Apartment rental တွေ မပါသေးပါဘူးနော်

မြန်မာငွေ မကိုင်ထားချင်ဘူး ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင်တော့ ကွန်ဒိုဝယ်တာကအသင့်တော်ဆုံးပါဘဲ ဒါ့အပြင် property consultation လည်း လုပ်ပေးတာမို့လို့ အချိန်မရွေး chat box မှာ လာရောက်စုံစမ်းဆွေးနွေးနိုင်ပါတယ်ရှင့် 💕

အသေးစိတ် သိလိုတာများရှိရင် 09799922726 ၊ 09 444646517
Bangkok office Line ID: nway_inspirt / (+66) 0980873721 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်

💕Zillion Wings - Your reliable travel partner💕

✨Retirement Visa + Krungthai Bank Account✨🇹🇭 အသက် ၅၀ကျော် လူကြီးမိဘတွေအနေနဲ့ ထိုင်းနိုင်ငံ မှာ နေထိုင်ခွင့်ဗီဇာကို စဉ်းစ...
18/12/2023

✨Retirement Visa + Krungthai Bank Account✨

🇹🇭 အသက် ၅၀ကျော် လူကြီးမိဘတွေအနေနဲ့ ထိုင်းနိုင်ငံ မှာ နေထိုင်ခွင့်ဗီဇာကို စဉ်းစားသင့်တာကတော့ Retirement Visa (15လ) ဘဲဖြစ်ပါတယ် ဗီဇာလျှောက်ရင်းနဲ့ တခါတည်း Krungthai ဘဏ်အကောင့်ပါဖွင့်လို့ ရမှာဖြစ်တဲ့ အတွက် ရွေးချယ် သင့်တဲ့ ဗီဇာအမျိုးအစား တခု လို့ ပြောလို့ရတယ်နော်

Zillion Wings မှာ ဗီဇာ နဲ့ ဘဏ်အကောင့်အပြီးအစီး ဝန်ဆောင်ခ 42,500 Baht ကစပြီး Package ရှိပါတယ်

Retirement Visa ရဲ့ အားသာချက်ကတော့
💕15လ ဗီဇာ တုံးကို တစ်နေ့ထဲရရှိမှာဖြစ်ပါတယ်
💕Passport သက်တမ်းကုန်လျှင်လည်း ဘန်ကောက်မြို့ မြန်မာသံရုံးမှာ သက်တမ်းတိုးလို့ရပါတယ်နော်
💕Krungthai Bank account လည်း ဖွင့်ပြီးသားဖြစ်မှာပါ

မင်မင်တို့ ဆောင်ရွက်ပြီးတဲ့ case တွေရှိလို့ စိတ်ချလို့ရပါတယ်နော် 😉

Show money/ document requirement ပေါ်မူတည်ပြီး စျေးနှုန်းအပြောင်းအလဲရှိလို့ အသေးစိတ်ကို Chat Box က တဆင့် ဒါမှမဟုတ် အသေးစိတ် သိလိုတာများရှိရင် 09799922726 ၊ 09 444646517
Bangkok office Line ID: nway_inspirt / (+66) 0980873721 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်

💕Zillion Wings - Your reliable travel partner💕

January လထဲမှာ ဗီယက်နမ်နိုင်ငံရဲ့ ဗီဇာတုံးလေး လိုချင်တယ်ဆိုရင်တော့ Zillion Wings ရဲ့ ဧည့်သည်တချို့အတွက် စီစဉ်ထားတဲ့ grou...
16/12/2023

January လထဲမှာ ဗီယက်နမ်နိုင်ငံရဲ့ ဗီဇာတုံးလေး လိုချင်တယ်ဆိုရင်တော့ Zillion Wings ရဲ့ ဧည့်သည်တချို့အတွက် စီစဉ်ထားတဲ့ group လေးနဲ့ Join လို့ရပါတယ်ရှင့်။

📍ဟိုချီမင်းမြို့
📍၂ညအိပ် ၃ ရက်
📍လေယာဉ်လက်မှတ် ၊ ဟိုတယ် နံနက်စာပါအပြီး၊ လည်ပတ်စရာနေရာများ ၊
📍မြန်မာစကားပြော tour leader
📍နေ့လည်စာ / ညစာမပါဝင်ပါ။

ဗီဇာတုံး လိုချင်သူများအတွက် သီးသန့်စီစဉ်ထားတဲ့ free & easy tour လေးမို့ စျေးသက်သက်သာသာ နဲ့ ပေါ့ပေါ့ပါးပါးသွားကြပါမယ်။

ခရီးစဉ်တစ်လျှောက်မှာလဲ လူကြီးမင်းများ စိတ်ဝင်စားတဲ့ နိုင်ငံကြီး ဗီဇာအကြောင်းတွေ
ကို အတွေ့အကြုံရှိတဲ့ tour leader က သေချာလေး ဆွေးနွေးပေးပါမယ်။

အသေးစိတ် သိရှိတာလေးများကို page ရဲ့ messenger လေးမှ ဆွေးနွေးစုံစမ်းနိုင်ပါတယ်ရှင့်။

14/12/2023

ဗီယက်နမ်ရဲ့ မြို့တော် ဟိုချီမင်းကို ရောက်လို့ ဘယ်တွေ သွားရမှန်းမသိရင် ဒီ cafe လေးကို သွားလည်ကြည့်ပါနော်။

တောအုပ်လေးထဲရောက်သွားသလိုပဲ ရေကြသံလေးတွေ တီးလုံးသံတွေနဲ့ ထိုင်လို့ သိပ်ကောင်းပါတယ်။ အခုဆို Christmas decorations လေးတွေဆင်ထားတာ အရမ်းကို လှတော့ ဓာတ်ပုံရိုက်လို့ သိပ်ကောင်းတာပဲ။

မင်မင်တစ်ယောက် သက်တမ်းတိုးထားတဲ့ ပတ်စပို့အသစ်နဲ့ ဂျပန်သွားလည်ရင်း ဗီဇာတုံးလေးတွေ ပြန်စုချင်လို့ ဟိုချီမင်းမြို့ထဲ ခနဝင်ဖြစ်တုန်းလေး ရိုက်လာတာလေးပါရှင်။

Location : Du Mien Garden Cafe

Zillion Wings နှင့်အတူ ဘန်ကောက် - ပတ္တရား ၂ညအိပ် ၃ ရက် ခရီးစဉ်လေး လည်ပတ်ခဲ့ကြတဲ့ ဧည့်သည်တော် လူကြီးမင်းများကို အထူးပဲ ကျ...
14/12/2023

Zillion Wings နှင့်အတူ ဘန်ကောက် - ပတ္တရား ၂ညအိပ် ၃ ရက် ခရီးစဉ်လေး လည်ပတ်ခဲ့ကြတဲ့ ဧည့်သည်တော် လူကြီးမင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင့်။

နောက်များမှာလဲ ပြန်လည်ဆုံတွေ့ကြရအောင်ပါနော် 💙

မင်မင်တို့ ဒီရက်ပိုင်းလေးထဲမှာ ခရီးစဉ်လေးတွေ ဆက်နေတာကြောင့် ဗီဇာရတဲ့ post လေးတွေ မတင်ဖြစ်တာပါရှင်။ဒါလေးတွေကတော့ လတ်တလော ...
12/12/2023

မင်မင်တို့ ဒီရက်ပိုင်းလေးထဲမှာ ခရီးစဉ်လေးတွေ ဆက်နေတာကြောင့် ဗီဇာရတဲ့ post လေးတွေ မတင်ဖြစ်တာပါရှင်။

ဒါလေးတွေကတော့ လတ်တလော ရထားပြီးတဲ့ ဗီဇာလေးတွေပါ။ ဘရူနိုင်းမှာ ၃ ဦးသွားဖြေတာ ၃ ဦးလုံး ဗီဇာရပါတယ်ရှင့်။

ဧည့်သည်တော် တစ်ဦးချင်းစီကို သေချာဆွေးနွေးတိုင်ပင် ၊ အသေးစိတ်ပြင်ဆင်ပြီး လျှောက်ပေးတာကြောင့် result ကောင်းလေးတွေ အမြဲကြားရတာမို့ ဝမ်းသာရပါတယ်ရှင့်။

ရန်ကုန်မှ ဗီယက်နမ်သို့ တိုက်ရိုက်ပျံသန်းသည့် လေယာဉ်ရက်များ ရန်ကုန်  ✈️ ဟိုချီမင်း အင်္ဂါ၊ ကြာသပတေး၊ စနေရန်ကုန် ✈️ ဟနွိုင...
09/12/2023

ရန်ကုန်မှ ဗီယက်နမ်သို့ တိုက်ရိုက်ပျံသန်းသည့် လေယာဉ်ရက်များ

ရန်ကုန် ✈️ ဟိုချီမင်း
အင်္ဂါ၊ ကြာသပတေး၊ စနေ

ရန်ကုန် ✈️ ဟနွိုင်း
တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေ

Zillion Wings Travels တွင် လေယာဉ်လက်မှတ်အပြင် ဟိုတယ်၊ လေဆိပ်အကြိုအပို့ ပါပါဝင်သော 3in1 Package ပါဝယ်ယူနိင်ပါတယ်ရှင့်။

ဧည့်သည်တော်လူကြီးမင်းများရဲ့ positive feedback လေးတွေဟာ Zillion Wings team အတွက်တော့ ခွန်အားတစ်ခုပါရှင်။Package ဝယ်သွားသ...
28/11/2023

ဧည့်သည်တော်လူကြီးမင်းများရဲ့ positive feedback လေးတွေဟာ Zillion Wings team အတွက်တော့ ခွန်အားတစ်ခုပါရှင်။

Package ဝယ်သွားသူတိုင်းက စိတ်ချမ်းသာရတယ် စျေးလေးအရမ်းတန်တယ်ဆိုတာပဲ ကြားရလို့ မင်မင်တို့ ဝမ်းသာရပါတယ်။

ဒီဇင်ဘာလထဲရောက်ပီမို့ ခရီးသွားဧည့်သည်တော်များအတွက် package လေးတွေ စီစဉ်နေရပြီမို့ messager မှာ reply ပြန်တာလေးတွေ နောက်ကျခဲ့သည်ရှိသော် Viber မှဖြစ်စေ၊ ရုံးဖုန်းလေးတွေကိုဖြစ်စေ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါတယ်ရှင့်။

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန်

📞 Yangon Office Phone 09 444646517 | 09 799922726
☎️ Viber +95 9 444646517 | +95 9 799922726

📍 ရန်ကုန်ရုံး လိပ်စာ။ အမှတ် ၁၆၊ ပန်းတနော်လမ်း၊ စမ်းချောင်းမြို့နယ်။

မှတ်ချက်။ ။ ရန်ကုန်ရုံးကိုဖြစ်စေ ၊ ဘန်ကောက်ရုံးကိုဖြစ်စေ ကိုယ်တိုင် လာရောက် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ မင်မင်တို့ကို ကြိုပြီး ဖုန်းလေးဆက်ပေးပါနော်။

ဘန်ကောက်မှာ ဘဏ်အကောင့်ဖွင့်တဲ့ service နဲ့ ပတ်သတ်ရင် Zillion Wings ကို ယုံကြည်တယ် ၊ Zillion Wings နဲ့ပဲ အပ်ချင်တယ်ဆိုတဲ့...
18/11/2023

ဘန်ကောက်မှာ ဘဏ်အကောင့်ဖွင့်တဲ့ service နဲ့ ပတ်သတ်ရင် Zillion Wings ကို ယုံကြည်တယ် ၊ Zillion Wings နဲ့ပဲ အပ်ချင်တယ်ဆိုတဲ့ ချစ်ဧည့်သည်တော် လူကြီးမင်းများအတွက် ….

✅ ရန်ကုန် - ဘန်ကောက် - ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ် (30 kg checked baggage)

✅ 3 stars hotel တွင် ၂ညအိပ် တည်းခိုခွင့် (နံနက်စာ ပါအပြီး)

✅ လေဆိပ် - ဟိုတယ် အသွားအပြန် အကြိုအပို့

✅ Bangkok bank တွင် အကောင့်ဖွင့်သည့် service

စတဲ့ ၄ မျိုးပေါင်း package လေး ပြန်ရပါပြီရှင့်။

📌 4 in 1 package စျေးလေးကတော့ 665 USD မှ စတင်ပါတယ်။

📌 Bank account မဖွင့်ဘူး အဖော်လိုက်လာချင်တယ်ဆိုရင်တော့ Flight + Hotel + Airport Picked Up (3 in 1 package) စျေးလေးက တစ်ဦးလျှင် 250 USD ပါရှင့်။

အနည်းဆုံး ၂ ဦးမှ စတင်ဝယ်ယူနိုင်ပါပြီရှင့်။

မိမိရဲ့ ပိုင်ဆိုင်မှုတွေကို အခြားဘဏ်မှာ ရွှေ့ပြောင်းအပ်နှံမယ်ဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ နေရာ၊ after sales service အဆင်ပြေတဲ့နေရာ၊ သိလိုတဲ့ မေးခွန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ စိတ်ရှည်လက်ရှည် ရှင်းပြပေးနိုင်တဲ့ နေရာလေးမှာ service ယူပြီး အပ်နှံတာက ရေရှည်အတွက် အဆင်ပြေမှာပါ။

Zillion Wings ရဲ့ Bangkok bank services လေးကို အပ်နှံချင်တယ်ဆိုရင်တော့ အနည်းဆုံး ၁ ပတ်ခန့် ကြိုပြောပေးဖို့လိုပါတယ်။

မင်မင်တို့ဘက်က လိုအပ်တဲ့ စာရွက်စာတန်းနဲ့ သံရုံးထောက်ခံစာတွေ ပြင်ပေးဖို့ လိုလို့ပါရှင့်။

‼️ ဧည့်သည်တော် လူကြီးမင်းများအနေနဲ့ ဘဏ်မှာ တစ်ရက်သာအချိန်ပေးဖို့ လိုပါတယ်ရှင့်။ မည်သည့် ဆေးရုံဆေးခန်း ဆေးစစ်ခမျှ ထပ်ပေးဆောင်ရန် မလိုပါ ‼️

လိုအပ်တဲ့ အချက်အလက်လေးတွေနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြပေးသွားပါမယ်ရှင့်။

Arrival Visa (Free Visa-14days)နဲ့Bangkok Bank ဖွင့်ရန် 2023 ထဲတွင် အနည်းဆုံး ဘန်ကောက်ကို အဝင်တုံး ၂ကြိမ် ရှိရပါမယ်။

Tourist Visa ပါရင်တော့ ရပါတယ်။

Bangkok Bank ဘဏ်မဖွင့်မှီ viber or email မှနေ၍ မင်မင်တို့ထံသို့ တပတ် ကြိုပို့ရမည့် စာရင်း။

✅ Passport မျက်နှာ
✅ Passport ဓာတ်ပုံ
✅ မှတ်ပုံတင် ရှေ့ နောက်
✅ ရန်ကုန်လိပ်စာ
✅ ဘန်ကောက်လိပ်စာ (မရှိလျှင် ထည့်ပေးပါသည်)
**********************

**********************
ဘဏ်ဖွင့်သည့်နေ့တွင် ယူလာရန်

(1)လက်ရှိpassport နှင့် ယခင်ရှိခဲ့ဖူးသော passportအဟောင်းများ

(2)မြန်မာယာဉ်မောင်း
လိုင်စင်မူရင်း (လိုင်စင်မရှိပါက မှတ်ပုံတင်မူရင်းနှင့် မှတ်ပုံတင် နိုတြီမူရင်း)

(3)မြန်မာဘဏ် statement ၃လစာ

(4)ထိုင်းဖုန်းနံပတ်(Tourist Simcard မဟုတ်သော Permanent Simcard ဝယ်ယူဖို့ အကြံပြုပါတယ်ရှင်)(Dtac or AIS)

*** ဝယ်ပေးဖို့ လိုရင်လည်း မင်မင်တို့ ထပ်မံ ဝန်ဆောင်မှုပေးပါတယ်ရှင့် ***

(5) အထက်ပါ စာရွက်စာတမ်းများ အကုန်စုံလင်မှသာ ဘဏ်အကောင့်ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။

(အထက်ပါ package လေးထဲတွင် သံရုံးထောက်ခံစာ+ဆေးရုံကုန်ကျစရိတ်+ ATM Card +Accident Insurance 5900Baht ပါဝင်ပါတယ်ရှင့်)

်မှဘဏ်တွင် Bank Deposit ဘတ် 500 မှ စ၍ စိတ်ကြိုက်ထည့်သွင်းနိုင်ပါတယ်ရှင့်။

မှန်ကန် ၊ မြန်ဆန် ၊ တိကျတဲ့အပြင် စေတနာအပြည့်အဝထားပြီး ဝန်ဆောင်မှုပေးလာခဲ့ရာမှာ Bangkok bank တွင် accounts ဖွင့်ပေးခဲ့တဲ့ ဧည့်သည်တော်များ တစ်နှစ်ခွဲအတွင်း ရာနဲ့ချီပြီး ရှိနေပြီဖြစ်တဲ့အတွက် feedback လေးတွေ သိချင်ရင်လည်း page ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်။

ဧည့်သည်တော်များ သိရှိပြီးတဲ့အတိုင်း Zillion Wings ဟာ တရားဝင် ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ရ tour company တစ်ခုဖြစ်တာမို့ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်တွေကို စိတ်ချလက်ချ အပ်နှံယုံကြည်လို့ရပါကြောင်း ထပ်လောင်းပြောပြပါရစေ။

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန်

📞 Yangon Office Phone 09 444646517 | 09 799922726
☎️ Viber +95 9 444646517 | +95 9 799922726

📍 ရန်ကုန်ရုံး လိပ်စာ။ အမှတ် ၁၆၊ ပန်းတနော်လမ်း၊ စမ်းချောင်းမြို့နယ်။

မှတ်ချက်။ ။ ရန်ကုန်ရုံးကိုဖြစ်စေ ၊ ဘန်ကောက်ရုံးကိုဖြစ်စေ ကိုယ်တိုင် လာရောက် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ မင်မင်တို့ကို ကြိုပြီး ဖုန်းဆက်ပေးဖို့ လိုပါတယ်ရှင့်။

17/11/2023

ချစ်ဧည့်သည်တော်လူကြီးမင်းများရှင့်။

Zillion Wings မှာ လေယာဉ်လက်မှတ်၊ ဟိုတယ်ဘိုကင်၊ လေဆိပ်အကြိုအပို့ service ၊ Visa service ၊ package အမျိုးမျိုး နှင့် Thai Bank Account service နဲ့ ပတ်သတ်တဲ့ ပေးချေစရာများကို mobile banking များမှ တစ်ဆင့် လက်ခံပါတယ်နော်။ % ပေးရန် မလိုပါရှင့် 💙

ထိုင်းဘဏ်အကောင့်ဖွင့်တဲ့ service လေးအပ်ချင်တယ်ဆိုရင်တော့ မင်မင်တို့ကို အနည်းဆုံး ၁ ပတ်ကျော်ခန့် ကြိုပြောပေးဖို့လိုပါတယ်ရှင့်။

Zillion Wings နဲ့ အတူ ၃ နိုင်ငံ ခရီးစဉ်လေးမှာ ပျော်ပျော်ပါးပါး ခရီးသွားခဲ့ကြတဲ့ ဧည့်သည်တော် လူကြီးမင်းတို့ရဲ့ ချစ်စရာ ပု...
15/11/2023

Zillion Wings နဲ့ အတူ ၃ နိုင်ငံ ခရီးစဉ်လေးမှာ ပျော်ပျော်ပါးပါး ခရီးသွားခဲ့ကြတဲ့ ဧည့်သည်တော် လူကြီးမင်းတို့ရဲ့ ချစ်စရာ ပုံရိပ်လေးများကို မျှဝေပေးလိုက်ရပါတယ်ရှင့်။

ရတဲ့ရက်ကလေးမှာ နေရာအနှံရောက်အောင်လို့ Tour Leade ခေါ်ရာနောက် စိတ်တူကိုယ်တူ တက်ညီလက်ညီ သွားလာလည်ပတ်ခဲ့ကြရင်း ပျော်လည်းပျော် မောလဲမောနဲ့ အတော်ကို အမှတ်ရစရာ ခရီးစဉ်လေးပါပဲရှင်။

နောက်များမှာလဲ ပြန်လည်ဆုံစည်းချင်ပါသေးတယ်နော်။

အခုလို စင်္ကာပူ - အင်ဒိုနီးရှား - မလေးရှား ခရီးစဉ်လေးကို Zillion Wings နဲ့ လိုက်ပါချင်တယ်ဆိုရင်တော့ January လထဲမှာ ခရီးစဉ်လေး ၂ ခု ဖွင့်ထားပါတယ်ရှင့်။ အောက်ပါ link မှာ အသေးစိတ် ကြည့်ရှူနိုင်ပါတယ်။

📌 https://www.facebook.com/100082981106364/posts/321930300583004/

ထုံးစံအတိုင်း Zillion Wings ရဲ့ အမြဲပုံမှန် ထွက်ဖြစ်နေကြ စင်္ကာပူ - အင်ဒိုနီးရှား - မလေးရှား ၃ နိုင်ငံ ခရီးစဉ်လေး Januar...
15/11/2023

ထုံးစံအတိုင်း Zillion Wings ရဲ့ အမြဲပုံမှန် ထွက်ဖြစ်နေကြ စင်္ကာပူ - အင်ဒိုနီးရှား - မလေးရှား ၃ နိုင်ငံ ခရီးစဉ်လေး January လထဲမှာ ရှိပါမယ်နော်။

January လထဲမှာပဲ ခရီးစဉ် ၂ခု ရှိတာမို့ ထွက်မယ့်ရက်လေးတွေက

📌 4 January 2024 - 11 January 2024
📌 12 January 2024 - 19 January 2024

📍၇ညအိပ် ၈ရက်

📍1849 USD per person

Travel History ပြချင်တဲ့ ဧည့်သည်တော် လူကြီးမင်းများအနေနဲ့ Join ဖို့ အသင့်တော်ဆုံး ခရီးစဉ်လေးပါ။

သေချာတွက်ကြည့်ရင် တစ်နိုင်ငံကို ဒေါ်လာ ၆၀၀ ဝန်းကျင်နဲ့ နေရာအနှံ့ရောက်မှာမို့ ဒီ့ထက်တန်တဲ့ ခရီးစဉ် မရှိတော့ပါဘူးနော်။

📱ဘန်ကောက်ကို ခနခနရောက်ပြီးပြီ မင်မင်ရေ

📱 South East Asia ထဲက နဲနဲလေး ပိုကောင်းတဲ့ နိုင်ငံကို သွားချင်တယ်

📱ကမ်းခြေလှလှလေးမှာလဲ အပန်းဖြေချင်တယ်

📱ဗီဇာလေး လျှောက်ရတဲ့ နိုင်ငံလေးလဲ ထည့်ပေးပါဦး

📱အချိန်လည်း အရမ်းမရလို့ တစ်ပတ်လောက်နဲ့ ၃ နိုင်ငံရအောင် စီစဉ်ပေးပါနော်

📱ကိုယ့်ဘာသာကိုယ်သွားလို့ immigration ဖြတ်ရင် အခက်အခဲလေးရှိမှာစိုးတယ်၊ ဟိုရောက်ရင် မလည်ပတ်တတ်မှာစိုးလို့ မင်မင်တို့ tour နဲ့ join ချင်တယ် …

ဆိုတဲ့ ဧည့်သည်တော် လူကြီးမင်းများအတွက် သတင်းကောင်းလေးပါးပါရစေ။

✈️ ဘယ်တွေသွားကြမလဲ ✈️

- Singapore နိုင်ငံရဲ့ အထင်ကရ landmark တစ်ခုဖြစ်တဲ့ Merlion Park နဲ့ Marina Bay

- ကမ္ဘာ့အဆင့်မှီ ကစားကွင်းတစ်ခုဖြစ်တဲ့ Universal Studio နဲ့ Sentosa ကျွန်း

- နာမည်ကျော် Shopping area တစ်ခုဖြစ်တဲ့ Orchard Road

- စင်္ကာပူနိုင်ငံရဲ့ အထင်ကရ Bugis Street & little india

-Gardens by The Bay ရဲ့ Super Tree တွေနဲ့လဲ ဓာတ်ပုံရိုက်ကြမယ်။

- အင်ဒိုနီးရှားနိုင်ငံ Bintan ကျွန်းလေးရဲ့ 4 stars အဆင့်ရှိ အဆင့်မြင့် resort ကြီးမှာ တည်းခိုရင်း ကမ်းခြေရဲ့ အလှအပကို အပြည့်အဝ ခံစားကြမယ်

-ဘင်တန်ကျွန်းလေးပေါ်က ပန်းချီကားတစ်ချပ်လို လှပတဲ့ Blue Lake ရေပြာအိုင်

-ရှေ့ခေတ်တရုတ်ကားတွေထဲ ရောက်သွားသလို ထင်ရစေမယ့် လူတစ်ရပ်ရှိ ရုပ်ထုပေါင်း ၅၀၀ တိတိရှိတဲ့ 500 lohan temple

- မလေးရှားနိုင်ငံရဲ့ Landmark ဖြစ်တဲ့ နာမည်ကျော် KLCC twin tower

- ကွာလာလန်ပူမြို့ရဲ့ အထင်ကရ နေရာလေးတွေကို Tour bus လေးနဲ့ လှည့်လည်ကြည့်ရှူရမယ့် Hop on - Hop off bus

- နာမည်ကြီး Genting highlands resort နဲ့ Batu cave
စတာတွေကို ပျော်ပျော်ပါးပါး လည်ပတ်ကြပါမယ်။

ဒါ့အပြင် လူနည်းနည်းနဲ့ သွားမယ့် free & easy private package လေးမို့ Tour Leader လေးတွေက အချ်ိန်ရရင် ရသလို itinerary ထဲမှာ မပါတဲ့ နေရာအသစ်လေးတွေကို ထပ်ထည့်ပြီး ခေါ်သွားပေးပါသေးတယ်။

📌 Package လေးထဲမှာ ပါဝင်တာလေးက

✔️ Singapore- Bintan - Malaysia အသွားအပြန် လေယာဉ်လက်မှတ်

✔️ ကြယ် ၃ လုံးအဆင့်ရှိ ဟိုတယ်များတွင် တည်းခိုခွင့်။

✔️ Bintan ကမ်းခြေတွင် ကြယ် ၄ လုံးအဆင့်ရှိ ဟိုတယ်မှာ အပန်းဖြေအနားယူခွင့်

✔️ Bintan island half day tour

✔️ မနက်စာပါအပြီး (နေ့လည်စာနှင့် ညစာ မပါဝင်ပါ)

✔️ လေဆိပ်အကြိုအပို့နှင့် အခြား လည်ပတ်သွားလာရန် transportation

✔️ လည်ပတ်စရာ နေရာများအတွက် ဝင်ကြေးများပါ အပြီး။

✔️ မလေးရှားနိုင်ငံ ဗီဇာကြေး

✔️ ခရီးလမ်းကြောင်း ကျွမ်းကျင်သော ဝါရင့်အတွေ့အကြုံရှိ Tour Leader

📌 Package ထဲမှာ မပါဝင်တာလေးတွေက

✖️ lunch & dinner

✖️ မိမိကိုယ်ပိုင် shopping အသုံးစရိတ်များ

✖️အထက်ဖော်ပြပါ package inclusions မှလွဲ၍ အခြားသော ကုန်ကြစရိတ်များ

‼️ ၇ညအိပ် ၈ရက် 3 နိုင်ငံ tour လေးဟာ နိုင်ငံကြီး ဗီဇာလျှောက်ချင်သူများအား travel history ပြရန်အတွက် သီးသန့်ဆွဲထားတဲ့ tour လေးတွေ ဖြစ်တာကြောင့် စရိတ်သက်သာဖို့ကို ဦးစားပေးထားပါတယ်။

‼️ Free & Easy tour ဖြစ်တာမို့ ဝါရင့်အတွေ့အကြုံရှိ လူငယ် Tour Leader နှစ်ဦးနဲ့အတူ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သွားကြမှာဖြစ်ပါတယ်။

‼️ Luxury Tour (လုံးဝ) လုံးဝ မဟုတ်တာကြောင့် tour bus လေးနဲ့ အေးအေးဆေးဆေး သက်တောင့်သက်သာ ခရီးထွက်ချင်တဲ့ လူကြီးမိဘများအနေနဲ့ join ဖို့ မသင့်တော်ကြောင်း ကြိုတင်အသိပေးထားပါရစေ။

‼️ ဒီခရီးစဉ်လေးပြီးဆုံးတာနဲ့ ဘယ်နိုင်ငံရဲ့ immigration ကိုရောက်ရောက် မိမိဘာသာ သွားတတ်စေရမယ်၊ ဘယ်နိုင်ငံရဲ့ Public Transportation ကို မဆို စီးတတ်စေရမယ်။ အနောက်နိုင်ငံတွေသွားရင် ဆောင်ရန်ရှောင်ရန်လေးတွေ ဆွေးနွေးမယ်။ Solo travelers တွေလည်း မိတ်ဆွေဖွဲ့တတ်သွားမယ်။ Night life တွေကို ပျော်ပျော်ပါးပါးကြီး enjoy ကြမယ်။

Public transportation စီးတတ်အောင်လို့ စင်္ကာပူရဲ့ အချို့နေရာလေးတွေမှာသာ MRT နဲ့ သွားလာကြမှာဖြစ်ပြီး နေရာအတော်များများကို private car စီစဉ်ပေးထားပါတယ်။ Public transportation လေးတွေ စီးရမှာမို့ လမ်းလျှောက်ရမယ့် နေရာလေးတွေ ပါပါမယ်။

ခရီးစဉ်တစ်ခုမှာ အများဆုံး လူအရည်အတွက် ၁၀ ဦးသာ လက်ခံတာမို့ အမြန်လေးတော့ စာရင်းပေးထားစေချင်ပါတယ်ရှင့်။ Zillion Wings ရဲ့ ထုံးစံအတိုင်း confirmed ကြေညာပြီးတာနဲ့ လူဘယ်နှစ်ဦးပဲရှိရှိ ထွက်တာမို့ ဧည့်သည်တော်လူကြီးမင်းများအနေနဲ့ စိတ်အေးချမ်းသာစွာ စာရင်းပေးထားလို့ရပါတယ်ရှင်။

ဧည့်သည်တော်များ သိရှိပြီးတဲ့အတိုင်း Zillion Wings ဟာ တရားဝင် ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ရ tour company တစ်ခုဖြစ်တာမို့ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်တွေကို စိတ်ချလက်ချ အပ်နှံယုံကြည်လို့ရပါကြောင်း ထပ်လောင်းပြောပြပါရစေ။

ဆက်သွယ်ရန်

📞 Yangon Office Phone 09 444646517 | 09 799922726
☎️ Viber +95 9 444646517 | +95 9 799922726

📍 ရန်ကုန်ရုံး လိပ်စာ။ အမှတ် ၁၆၊ ပန်းတနော်လမ်း၊ စမ်းချောင်းမြို့နယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ China town ထဲက စားချင်စဖွယ် street food လေးများ 💙Zillion Wings ရဲ့ ၃ နိုင်ငံ ခရီးစဉ်လေးမ...
13/11/2023

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ China town ထဲက စားချင်စဖွယ် street food လေးများ 💙

Zillion Wings ရဲ့ ၃ နိုင်ငံ ခရီးစဉ်လေးမှာ ရိုက်ခဲ့တဲ့ အမှတ်တရ ပုံရိပ်လေးများကို ဧည့်သည်တော်လူကြီးမင်းများ ကြည့်ရှုခံစားနိုင်ရန်အတွက် ဆက်လက် တင်ဆက်ပေးပါရစေနော်။

Zillion Wings အနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြိုနဲ့အခြားမြို့တွေမှာ ရနိုင်မယ့် service လေးတွေ ဒီအပတ်ထဲ မှာ အသေးစိတ် တင်ဆက...
12/11/2023

Zillion Wings အနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြိုနဲ့အခြားမြို့တွေမှာ ရနိုင်မယ့် service လေးတွေ ဒီအပတ်ထဲ မှာ အသေးစိတ် တင်ဆက်ပေးသွားပါမယ်ရှင့်။

☑️ e-Visa extension
☑️ Medical Check up/Medical service package
☑️ Event/Wedding Planning Service
☑️ အခုလတ်တလောမှ မြန်မာလူမျိုးတွေကြီးပဲ အသစ်ဖွင့်ထားတဲ့ Pattaya က Hostel Bar ကို enjoy လို့ရမယ့် Tour package
☑️ Property Consultation

ရန်ကုန် Founders နဲ့ ဘန်ကောက်က Zillion Wings အဖွဲ့သားတွေ ဒီရက်ပိုင်း ခရီးစဉ်လေးတွေ ဆက်နေတာကြောင့် နည်းနည်း ရှုပ်နေတာရယ် အစီအစဉ်တွေအသေးစိတ်ဆွဲနေရတာရယ်ကြောင့် အချိန်ယူလိုက်ရတာပါရှင့်။

တဖြည်းဖြည်းချင်း service တခုချင်းဆီကို Announcement လုပ်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လုပ်ပေးဖို့ မမေ့ကြပါနဲ့နော် 🫶🏼

💕Zillion Wings - Your Reliable Travel Partner 💕

အသေးစိတ် သိလိုတာများရှိရင် 09799922726 ၊ 09 444646517 ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

US Visa အောင်နိုင်ခြေများပြီး Appointment ရလွယ်တဲ့ ဗီယက်နမ်နိုင်ငံကို group လိုက် သွားဖြေကြမယ် 💙🙏🏼 တစ်ဖွဲ့လျင် အများဆုံး...
25/10/2023

US Visa အောင်နိုင်ခြေများပြီး Appointment ရလွယ်တဲ့ ဗီယက်နမ်နိုင်ငံကို group လိုက် သွားဖြေကြမယ် 💙

🙏🏼 တစ်ဖွဲ့လျင် အများဆုံး ၁၀ ဦးသာလက်ခံပါတယ် 🙏🏼

✅ Spring intake အမှီ student visa လိုချင်တဲ့ ကျောင်းသားများ

✅ Christmas, newyear အမှီ visit visa လိုချင်တဲ့ ဧည့်သည်တော် လူကြီးမင်းများ စာရင်းပေးလို့ရပါပြီရှင်။

Zillion Wings ဟာ ကုမ္ပဏီလိုင်စင်၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်ရ တရားဝင် travel company တစ်ခုဖြစ်တာကြောင့် ဧည့်သည်တော်များ ယုံကြည်စိတ်ချစွာ အပ်နှံလို့ရပါတယ်။ ရုံးခန်းကို လာရောက်ဆွေးနွေးမယ်ဆိုရင်တော့ ကြိုပြီး ဖုန်းဆက်ပေးရပါမယ်ရှင့်။

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန်

📞 Yangon Office Phone :
09 7999 227 26, 09 444 64 65 17
☎️ Viber +95 9 444646517 | +95 9 799922726

📍 ရန်ကုန်ရုံး လိပ်စာ။ အမှတ် ၁၆၊ ပန်းတနော်လမ်း၊ စမ်းချောင်းမြို့နယ်။

ချစ်ဧည့်သည်တော် လူကြီးမင်းများရဲ့ US အိပ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့အတွက် Zillion Wings ကနေပြီး နေ့စဉ်ရက်ဆက် ကြိုးစာ...
23/10/2023

ချစ်ဧည့်သည်တော် လူကြီးမင်းများရဲ့ US အိပ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့အတွက် Zillion Wings ကနေပြီး နေ့စဉ်ရက်ဆက် ကြိုးစားပေးနေပါတယ်နော်။

Appointment ရလွယ်ပြီး visa အောင်နှုန်းတွေများနေတဲ့ Brunei နိုင်ငံမှာ နောက်လထဲ အဖွဲ့လိုက် သံရုံးဝင်ဖို့ အားလုံးအဆင်သင့်ပြင်နေပါပြီရှင်။ ကြားထဲမှာလဲ အခြားနိုင်ငံလေးတွေမှာ သံရုံးဝင်မယ့် ဧည့်သည်တော်များအတွက် 3 in 1 package လေးတွေလဲ အမြဲမပျက် စီစဉ်ပေးပါတယ်ရှင့်။ မင်မင်တို့ ဒီရက်ပိုင်း US visa အတွက် အလုပ်လေးတွေ များနေတာကြောင့် page မှာ စာပြန်တာနောက်ကျရင် နားလည်ခွင့်လွှတ်ပေးပါရှင့်။

Nov လ နောက်ဆုံးအပတ်မှာလဲ ဗီဇာအောင်နိုင်ခြေများနေတဲ့ ဗီယက်နမ်နိုင်ငံကို အဖွဲ့လိုက် သံရုံးဝင်ဖို့ ရှိပါသေးတယ်။ Spring intake အမှီ student visa လိုချင်တဲ့ ကျောင်းသားများ၊ Christmas, newyear အမှီ visit visa လိုချင်တဲ့ ဧည့်သည်တော် လူကြီးမင်းများ အနေနဲ့ စိတ်ဝင်စားတယ်ဆိုရင်တော့ မင်မင်တို့ group နဲ့ join ဖို့ အမြန်လေး စာရင်းပေးပေးပါ။ အသေးစိတ်ကို သေချာလေးရှင်းပြပေးပါမယ်ရှင့်။

Zillion Wings ဟာ ကုမ္ပဏီလိုင်စင်၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်ရ တရားဝင် travel company တစ်ခုဖြစ်တာကြောင့် ဧည့်သည်တော်များ ယုံကြည်စိတ်ချစွာ အပ်နှံလို့ရပါတယ်။ ရုံးခန်းကို လာရောက်ဆွေးနွေးမယ်ဆိုရင်တော့ ကြိုပြီး ဖုန်းဆက်ပေးရပါမယ်ရှင့်။

ဆက်သွယ်ရန်

📞 Yangon Office Phone :
09 7999 227 26, 09 444 64 65 17
☎️ Viber +95 9 444646517 | +95 9 799922726

📍 ရန်ကုန်ရုံး လိပ်စာ။ အမှတ် ၁၆၊ ပန်းတနော်လမ်း၊ စမ်းချောင်းမြို့နယ်။

မန်းရွှေမြို့မှ   ခရီးသွားဧည့်သည်တော်များအတွက် မန္တလေးမှ တိုက်ရိုက်ပျံသန်းရောက်ရှိနိင်သော မြို့ကြီးများကို ဖော်ပြပေးလိုက...
21/10/2023

မန်းရွှေမြို့မှ ခရီးသွားဧည့်သည်တော်များအတွက်

မန္တလေးမှ တိုက်ရိုက်ပျံသန်းရောက်ရှိနိင်သော မြို့ကြီးများကို ဖော်ပြပေးလိုက်ပါတယ်ရှင်

ပြည်တွင်းပြည်ပ လေယာဥ်လက်မှတ်များ
Zillion Wings မှာဝယ်ယူရရှိနိုင်ပါတယ်ရှင့်

VIBER 09 444 646 517 09 7999 227 26

အခုတလော ဘန်ကောက်မှာ Concert လေးတွေ ဆက်တိုက်ဆိုသလို လုပ်လာကြပြီမို့လို့ ပွဲသွားကြည့်ကြမယ် ချစ်မမတို့ ၊ ညီမလေးတို့အတွက် Zi...
20/10/2023

အခုတလော ဘန်ကောက်မှာ Concert လေးတွေ ဆက်တိုက်ဆိုသလို လုပ်လာကြပြီမို့လို့ ပွဲသွားကြည့်ကြမယ် ချစ်မမတို့ ၊ ညီမလေးတို့အတွက် Zillion Wings ကနေပြီး Concert packages လေးတွေ စီစဉ်ပေးနေပါပြီရှင်။

၂ညအိပ် ၃ရက် - 205 USD မှ စတင်၍

🫶🏽 Concert ကြည့်ပြီးတာနဲ့ပြန်မယ်

🫶🏽 ဟိုတယ်မှာ တနေကုန်မနေတာကြောင့် စျေးအသက်သာဆုံးဖြစ်ရင်ပြီးရော

🫶🏽 Concert အသွားအပြန်တွေ ကားခေါ်ရတာခက်တာမို့ အကြိုအပို့လေး စီစဉ်ပေးပါ။

စတဲ့ စတဲ့ လိုအပ်ချက်တိုင်းအတွက် Zillion Wings မှာ package တစ်ခု ဝယ်လိုက်ယုံနဲ့ အကုန်ဆုံး စီစဉ်ပြီးသားဖြစ်မှာပါ။

မင်မင်တို့ကိုယ်တိုင်ကလဲ ဘန်ကောက်မှာတင်မဟုတ်ပဲ အခြားသောနိုင်ငံတွေမှာပါ concert တွေကို လှည့်ပတ်ကြည့်နေကြမို့ concert သွားကြည့်ဖို့ သီးသန့်ဆိုရင် စျေးသက်သာပြီး facility ကောင်းတဲ့ hostel လေးတွေမှာပဲ တည်းလေ့ရှိပါတယ်။

စရိတ်ကို အတတ်နိုင်ဆုံး ချွေတာမယ်လို့ စဉ်းစားထားရင်တော့ မင်မင်တို့ရဲ့ Concert package လေးကိုသာ ရွေးချယ်လိုက်ပါနော်။ အနည်းဆုံး ၂ ဦးမှစပြီး ဝယ်လို့ရပါတယ်။

Package လေးထဲမှာ ပါဝင်တာလေးတွေက

✈️ Yangon - Bangkok - Yangon အသွားအပြန် လေယာဉ်လက်မှတ်

✈️ Hostel တွင် ၂ညအိပ် တည်းခိုခွင့်

✈️ Concert အသွားအပြန် အကြိုအပို့

ဒါ့ အပြင် … Concert Ticket ကိုလိုချင်တဲ့ zone မရသေးဘူး မင်မင်ရေ .. မင်မင်တို့ ဝယ်ပေးပါ .. resell လိုက်ပေးပါဆိုရင်လဲ မင်မင်တို့ဆီမှာ concert အလိုက် zone အလိုက် resell ticket လေးတွေ ရှာပေးပြီးသားမို့ အဆင်သင့်လှမ်းပြောလိုက်ယုံပါပဲနော်။

🙏🏼 မိမိသွားမယ့် ရက်ကလေးတွေပေါ်မူတည်ပြီး အချို့သော အခါကြီးရက်ကြီး ပိတ်ရက်တွေမှာဆိုရင်တော့ package စျေးလေး အနည်းငယ် အပြောင်းအလဲရှိပါမယ်ရှင့်။

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန်

📞 Yangon Office Phone 09 444646517 | 09 799922726
☎️ Viber +95 9 444646517 | +95 9 799922726

📍 ရန်ကုန်ရုံး လိပ်စာ။ အမှတ် ၁၆၊ ပန်းတနော်လမ်း၊ စမ်းချောင်းမြို့နယ်။

ဧည့်သည်တော်လူကြီးမင်းများရှင့်page Messenger မှ စာပြန်မရဖြစ်နေပါသဖြင့် Zillion Wings ၏ Viber No များဖြစ်သော 09 ...
20/10/2023

ဧည့်သည်တော်လူကြီးမင်းများရှင့်

page Messenger မှ စာပြန်မရဖြစ်နေပါသဖြင့် Zillion Wings ၏ Viber No များဖြစ်သော

09 7999 227 26
09 444 646 517

သို့ဆက်သွယ်နိင်ပါတယ်ရှင်။

19/10/2023

မင်မင်တို့ရဲ့ 3 Nov - 10 Nov မှာထွက်မယ့် ၃ နိုင်ငံခရီးစဉ်လေး မကြာမီ စာရင်းပိတ်တော့မှာမို့ လိုက်ပါချင်တယ်ဆိုရင် အမြန်လေး လာပြောပေးပါနော်။ ရက် အရမ်းကပ်မှ လိုက်ပါလိုတယ်ဆိုရင် စျေးနှုန်းအပြောင်းအလဲလေးရှိသွားပါမယ်ရှင့်။

Singapore - Bintan - Malaysia ၃ နိုင်ငံခရီးစဉ်လေးနဲ့ပတ်သတ်ပြီး အသေးစိတ်သိလိုပါက အောက်ပါ link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်။

https://m.facebook.com/story.php?story_fbid=283594491083252&id=100082981106364

ခရီးသွားဖို့ ပြင်ဆင်နေတဲ့ ဧည့်တော်များအတွက် နိုင်ငံအလိုက် တိုက်ရိုက် လေယာဥ်ပျံသန်းတဲ့ ရက်လေးများကို ဖော်ပြပေးလိုက်ပါတယ်ရ...
17/10/2023

ခရီးသွားဖို့ ပြင်ဆင်နေတဲ့ ဧည့်တော်များအတွက် နိုင်ငံအလိုက် တိုက်ရိုက် လေယာဥ်ပျံသန်းတဲ့ ရက်လေးများကို ဖော်ပြပေးလိုက်ပါတယ်ရှင့်

ပြည်တွင်း ပြည်ပ လေယာဥ်လက်မှတ်ဝယ်ယူလိုပါက
ZILLION WINGS သို့ဆက်သွယ်လိုက်ပါ။

VIBER 09 444 646 517 | 09 7999 227 26

နိုင်ငံကြီး ဗီဇာတွေလျှောက်ဖို့ ဗီဇာတုံးလေးတွေ စုနေတဲ့ ဧည့်သည်တော် လူကြီးမင်းများအတွက်  အင်ဒိုနီးရှား နိုင်ငံရဲ့ ဘင်တန်ကျ...
15/10/2023

နိုင်ငံကြီး ဗီဇာတွေလျှောက်ဖို့ ဗီဇာတုံးလေးတွေ စုနေတဲ့ ဧည့်သည်တော် လူကြီးမင်းများအတွက် အင်ဒိုနီးရှား နိုင်ငံရဲ့ ဘင်တန်ကျွန်းလေးကို သွားကြည့်ဖို့ ဖိတ်ခေါ်ပါတယ်နော်။

သူ့ချည်းပဲ သီးသန့်သွားစရာမလိုပဲ စင်္ကာပူကနေ ၄၅ မိနစ်လောက် ferry boat လေး စီးလိုက်တာနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဗီဇာတုံးလေးလဲရမယ်၊ 4 stars အဆင့်ရှိတဲ့ private resort ကြီးမှာ ဇိမ်ရှိရှိ အပန်းဖြေအနားယူရင်း ပင်လယ်ကမ်းခြေ အလှအပကို ခံစားရစေမှာ အသေအချာပါပဲ။

မင်မင်တို့ ၃ နိုင်ငံခရီးစဉ်လေးတွေ စီစဉ်တိုင်းမှာ အဓိက highlights က ဘင်တန်ကျွန်းဆိုရင်လည်း မမှားပါဘူး။ ခရီးစဉ်တိုင်းမှာ မတူညီတဲ့ ကြယ် ၄ ပွင့် အဆင့်ရှိ private resorts ကြီးတွေကိုသာ ရွေးချယ်စီစဉ်ပေးလေ့ရှိတာမို့ ဘင်တန်ကျွန်းကိုရောက်တာနဲ့ ဧည့်သည်တော်များက တအားသဘောကြကျေနပ်ကြပါတယ်။

ကဲ … ဗီဇာတုံးလေးတွေ စုချင်တဲ့ ဧည့်သည်တော်လူကြီးမင်းများအနေနဲ့ ဘင်တန်ကျွန်းလေးကို အလည်ဝင်ပြီး ၂ နိုင်ငံ၊ ၃ နိုင်ငံ စတဲ့ ခရီးစဉ်လေးတွေကို သွားလို့ရပါပြီရှင်။ Zillion Wings မှာ ဧည့်သည်တော်လူကြီးမင်းများအတွက် customized tour လေးတွေ ဆွဲပေးပါတယ်။

ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပြီး မသွားချင်တဲ့ ဧည့်သည်တော်လူကြီးမင်းများအနေနဲ့ Nov 3-10 မှာထွက်မယ့် Zillion Wings ရဲ့ ၇ညအိပ် ၈ရက် Singapore - Bintan - Malaysia ၃ နိုင်ငံခရီးစဉ်လေးကို လိုက်ပါဖို့ ဖိတ်ခေါ်ပါရစေ။ travel history ပြချင်တဲ့ ချစ်ဧည့်သည်တော်များ မင်မင်တို့ tour လေးရှိတုန်း လာ join ကြပါနော် 💙

Singapore - Bintan - Malaysia ၃ နိုင်ငံခရီးစဉ်လေးနဲ့ပတ်သတ်ပြီး အသေးစိတ်သိလိုပါက အောက်ပါ link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်။

https://m.facebook.com/story.php?story_fbid=283594491083252&id=100082981106364

ဘန်ကောက်မှာ US သံရုံး visa appointment ရှိလို့ဖြစ်စေ၊ work shop, meeting တွေ ရှိလို့ဖြစ်စေ၊ ဆေးခန်းပြဖို့ဖြစ်စေ မိမိဘာသာ...
15/10/2023

ဘန်ကောက်မှာ US သံရုံး visa appointment ရှိလို့ဖြစ်စေ၊ work shop, meeting တွေ ရှိလို့ဖြစ်စေ၊ ဆေးခန်းပြဖို့ဖြစ်စေ မိမိဘာသာ သွားရောက်ရန် လိုအပ်နေတဲ့ ဧည့်သည်တော်လူကြီးမင်းများအတွက်

Zillion Wings မှာ …

လေယာဉ်လက်မှတ်၊ ဟိုတယ် အပြင် လေဆိပ်အကြိုအပို့ တွေပါ တစ်ခါထဲရနိုင်တဲ့ one stop service ရရှိနိင်ပါတယ်ရှင့်။ Package တစ်ခု ဝယ်ယူလိုက်တာနဲ့ အားလုံးစီစဉ်ပြီးသားဖြစ်သွားမှာမို့လို့ လူကြီးမင်းတို့ဘက်က ပတ်စပို့လေးကိုင်ပြီး သွားလိုက်ယုံပါပဲရှင်။

ဘန်ကောက်မှာရှိတဲ့ US သံရုံးနဲ့ အနီးဆုံး hotel ကို လိုချင်ပါသလား၊ ဆေးရုံဆေးခန်းနဲ့ နီးတဲ့ နေရာလေးလား၊ Shopping နဲ့ အစားအသောက်တွေပေါတဲ့ Pratunam လိုနေရာမျိုးလား လိုချင်တာလေးကို ပြောလိုက်တာနဲ့ package ထဲမှာ ပါပြီးသားပါရှင်။

✅️ လေယာဥ်လက်မှတ်
✅️ ဟိုတယ်
✅️ လေဆိပ်အကြိုအပို့

စတဲ့ ၃ မျိုးလုံးပါဝင်တဲ့ packge အပြင် မလေးရှားအတွက်ဆိုရင် e-visa service ပါ ပါဝင်တဲ့ 4 in 1 pacakge ရှိပါတယ်ရှင့်

📣 ဘယ်လို့ဝယ်ယူရမလဲ ?

မိမိသွားလိုတဲ့ နိုင်ငံ သွားလို့နေ့၊ ရက် နှင့် သွားလိုသည့်လူအရေအတွက် ပြောပေးယုံနဲ့ ဝယ်ယူလို့ရပါပြီ။

📍Package ဈေးများသည် လေယာဉ်ခုံ နှင့် ဟိုတယ်အခန်း ကျန်မကျန်ပေါ်မူတည်ပြီးစျေးနှုန်းအပြောင်းအလဲရှိပါတယ်ရှင့်။

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန် ...

ရန်ကုန်ရုံးဖုန်း - 09 799922726, 09 444646516
ဘန်ကောက်ဖုန်း - 0926061585

Viber Number များ
☎️ Viber +95 9 444646516

သီးသန့် ခရီးသွားလိုသည့် ဧည့်သည်တော်များအတွက် Zillion Wings မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင့် 🤗🤗မိသားစုလိုက် ဖြစ်ဖြစ်...
07/10/2023

သီးသန့် ခရီးသွားလိုသည့် ဧည့်သည်တော်များအတွက် Zillion Wings မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင့် 🤗🤗

မိသားစုလိုက် ဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေတွေနဲ့ပဲဖြစ်ဖြစ် သွားလိုတဲ့ နေရာများ အချိန်ရက် တို့ကို မိမိ စိတ်ကြိုက်ရွေးချယ်နိုင်ပြီး အသုံးပြုလိုသည့်စရိတ်အတိုင်း စီစဉ်ပေးမှာ ဖြစ်ပါတယ်။

ခရီးစဉ်လေး အဆင်ပြေချောမွေ့စေရန် အတွေ့အကြုံရှိတဲ့ သူများမှ အကြံပေးဆွေးနွေးပေးသွားမှာပါ။
ဧည့်သည်တော်တို့၏ စိတ်ကူးထဲက ခရီးစဉ်လေးတွေကို ပျော်ရွှင်ဖွယ်ရာအမှတ်တရ ခရီးစဉ်လေးများဖြစ်စေရန် Zillion Wings ကို ဆက်သွယ်လိုက်ပါရှင့် ❤️

📞 ရုံးဖုန်းနံပါတ် 09 444 646 517

📍 ရန်ကုန်ရုံး လိပ်စာ - အမှတ် ၁၆၊ ပန်းတနော်လမ်း၊ စမ်းချောင်းမြို့နယ်။
(ရုံးသို့လာရောက်လိုပါက တစ်နာရီခန့် ဖုန်းဆက် ကြိုချိန်းပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင့်)

ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ်များ ကိုZillion Wings ၏ Viber, Messenger တို့မှလွယ်ကူ၊ လျှင်မြန်စွာ မေးမြန်း ဝယ်ယူရရှိနိုင်...
01/10/2023

ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ်များ ကို

Zillion Wings ၏ Viber, Messenger တို့မှ

လွယ်ကူ၊ လျှင်မြန်စွာ မေးမြန်း ဝယ်ယူရရှိနိုင်ပါသည်။

30/09/2023

စင်္ကာပူ - အင်ဒိုနီးရှား - မလေးရှား (၃ နိုင်ငံ) ခရီးစဉ်လေး November လမှာ ထွက်ဖြစ်တာ confirmed ပါပြီရှင့်။

✅ 3 November 2023 to 10 November 2023
✅ 8Days / 7 Nights
✅ တစ်ဦးလျှင် 1799 USD

ယခုလို ၃ နိုင်ငံ ခရီးစဉ်လေးတွေဟာ လူစုဖို့လဲ ခက်တာကြောင့် လတိုင်းထွက်ဖို့မလွယ်တဲ့ ခရီးစဉ်လေးမို့ Confirmed ဖြစ်တုန်းလေး လိုက်ခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။

နိုင်ငံကြီး Visa လျှောက်ဖို့ Stamp စုမယ် ပျော်ပျော်ပါးပါးလည်ပတ်ချင်တယ် ဆိုသူများအတွက် အထူးသင့်လျှော်သော ခရီးစဥ်လေး ဖြစ်ပါတယ်ရှင့်။

ယခင်က သွားထားတဲ့ခရီးစဉ်လေးများကိုလဲ မင်မင်တို့ရဲ့ Zillion Wings page လေးမှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်ရှင့်။

https://m.facebook.com/story.php?story_fbid=283594491083252&id=100082981106364

ခရီးစဥ်ကို အသေးစိတ်လေးကိုတော့ အောက်ဖော်ပြပါ link လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်။ ဒါ့အပြင် 09 444 646 517 or Facebook Messenger မှ ဆက်သွယ်မေးမြန်းနိင်ပါတယ်။

သီတင်းကျွတ်ပိတ်ရက် မလေးရှားခရီးစဥ်📌 27 October - 30 October 📌 4 Days 3 Nights📌 660 USD per person မလေးရှား တစ်နိုင်ငံထဲ ...
21/09/2023

သီတင်းကျွတ်ပိတ်ရက် မလေးရှားခရီးစဥ်

📌 27 October - 30 October
📌 4 Days 3 Nights
📌 660 USD per person

မလေးရှား တစ်နိုင်ငံထဲ ခရီးစဉ်လေး ရှိလားလို့ မေးနေကြတဲ့ ဧည့်သည်တော် လူကြီးမင်းများအတွက်

အောက်တိုဘာလထဲမှာ ၃ညအိပ် ၄ရက် မလေးရှား (ကွာလာလမ်ပူ - မလက္ကာ) ခရီးစဉ်လေး ရှိပါမယ်။

ဘယ်တွေ လည်ကြမလဲ ?

💙 မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရဲ့ အထင်ကရ Landmark တစ်ခုဖြစ်တဲ့ Suria KLCC (Twin Tower)

💙 မလေးရှား တစ်မြို့လုံးကို လှည့်ပတ်ကြည့်ရှုနိုင်မယ့် Sightseeing Bus (Hop On- Hop Off Bus)

💙 Shopping အတွက် အထင်ကရ နေရာတစ်ခုဖြစ်တဲ့ Bukit Bintang

💙 ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သမိုင်းဝင် မြို့ငယ်လေး တစ်ခုဖြစ်တဲ့ မလက္ကာ မြို့လေးထဲက အထင်ကရ နေရာလေးတွေကို တနေကုန် အလည်သွားကြပါမယ်။

- ဒက်ချ်တွေ တည်ဆောက်ခဲ့တဲ့ မလက္ကာရဲ့ အထင်ကရ Christ Church ကို သွားရောက်ပြီး ထိုခေတ်ရဲ့ ဗိသုကာတွေကို လေ့လာကြပါမယ်။

- 1512 ခုနှစ် ကတည်ဆောက်ခဲ့ပြီး ရှေးဟောင်း ဥရောပလက်ရာ ပေါ်တူဂီ ခံတပ်ဖြစ်တဲ့ A’Famosa Fort

- မလက္ကာမြို့လည်ခေါင်က Dutch Square

- ရိုးရာပစ္စည်လေးတွေ၊ အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်တွေနဲ့ ရိုးရာအစားအသောက်တို့ရှိရာ Jonker Street နဲ့ Cheng Hoon Temple

💙 မလေးရှားရဲ့ အထင်ကရ Genting Highlands & Resort

💙 ရှေးဟောင်းဟိန္ဒူ ဘုရားကျောင်းတည်ရှိရာ Batu cave

စတာတွေကို သွားရောက်လည်ပတ်ကြမှာပဲ ဖြစ်ပါတယ်။

📌 Package လေးထဲမှာ ပါဝင်တာလေးက

✔️ ရန်ကုန်- ကွာလာလမ်ပူ - ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ်

✔️ ကြယ် ၃ လုံးအဆင့်ရှိ ဟိုတယ်တွင် တည်းခိုခွင့်။ (နံနက်စာ ပါအပြီး)

✔️ Day Tour ၂ ရက်စာအတွက် Lunch ပါအပြီး

✔️ လေဆိပ်အကြိုအပို့နှင့် အခြား လည်ပတ်သွားလာရန် transportation

✔️ လည်ပတ်စရာ နေရာများအတွက် ဝင်ကြေးများပါ အပြီး။

✔️ မလေးရှားနိုင်ငံ ဗီဇာကြေး

✔️ ခရီးလမ်းကြောင်း ကျွမ်းကျင်သော ဝါရင့်အတွေ့အကြုံရှိ Tour Leader

📌 Package ထဲမှာ မပါဝင်တာလေးတွေက

✖️ dinner

✖️ မိမိကိုယ်ပိုင် shopping အသုံးစရိတ်များ

✖️အထက်ဖော်ပြပါ package inclusions မှလွဲ၍ အခြားသော ကုန်ကြစရိတ်များ

‼️ ဒီခရီးစဉ်လေးဟာ Free & Easy tour ဖြစ်တာမို့ ဝါရင့်အတွေ့အကြုံရှိ လူငယ် Tour Leader အတူ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သွားကြမှာဖြစ်ပါတယ်။


‼️ Zillion Wings ရဲ့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး ခရီးသွားချင်တဲ့ ဧည့်သည်တော်လူကြီးမင်းများအတွက် Travel Partner ကောင်းတစ်ဦးအဖြစ် အကောင်းဆုံးသော ဝန်ဆောင်မှုများကို ပေးပါရစေ။

ခရီးစဉ်တစ်ခုမှာ အများဆုံး လူအရည်အတွက် ၁၀ ဦးသာ လက်ခံတာမို့ အမြန်လေးတော့ စာရင်းပေးထားစေချင်ပါတယ်ရှင့်။

ဧည့်သည်တော်များ သိရှိပြီးတဲ့အတိုင်း Zillion Wings ဟာ တရားဝင် ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ရ tour company တစ်ခုဖြစ်တာမို့ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်တွေကို စိတ်ချလက်ချ အပ်နှံယုံကြည်လို့ရပါကြောင်း ထပ်လောင်းပြောပြပါရစေ။

ဆက်သွယ်ရန်

📞 Yangon Office Phone 09 444646517 | 09 799922726
☎️ Viber +95 9 444646517 | +95 9 799922726

📍 ရန်ကုန်ရုံး လိပ်စာ။ အမှတ် ၁၆၊ ပန်းတနော်လမ်း၊ စမ်းချောင်းမြို့နယ်။ (ရုံးလာရန် ဖုန်းကြိုဆက်ချိန်းပေးပါရန်)

US visa အတွက် တတိယနိုင်ငံကနေ ဒီနှစ်ထဲ Appointment တင်ချင်သူများအတွက် November, December appointment date လေးတွေကို မျှဝေ...
20/09/2023

US visa အတွက် တတိယနိုင်ငံကနေ ဒီနှစ်ထဲ Appointment တင်ချင်သူများအတွက် November, December appointment date လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

ဒီနှစ်ထဲ ဆိုရင်တော့ appointment က ဘရူနိုင်းတစ်နိုင်ငံထဲကပဲ အဆင်ပြေတော့မှာမို့လို့ appointment လိုချင်ရင်တော့ဖြင့် အမြန်လေး လာပြောပေးပါရှင်။ 💙🫶🏽

မလေးရှား E visa ကို အမြန်တကာ့ အမြန်ဆုံး လျှောက်ချင်တယ်ဆိုရင်တော့ Zillion Wings ဆီမှာသာ service အပ်လိုက်ပါတော့နော်။ဘယ်လော...
20/09/2023

မလေးရှား E visa ကို အမြန်တကာ့ အမြန်ဆုံး လျှောက်ချင်တယ်ဆိုရင်တော့ Zillion Wings ဆီမှာသာ service အပ်လိုက်ပါတော့နော်။

ဘယ်လောက်ထိ မှန်ကန် - မြန်ဆန် - တိကျသလဲဆိုတာကတော့ လက်ရှိလျှောက်ထားဆဲနဲ့ ယခင်လျှောက်ဖူးခဲ့ကြတဲ့ ဧည့်သည်တော်လူကြီးမင်းများ အသိဆုံးပါရှင်။

မလေးရှား E visa အတွက်လိုအပ်ချက်များ

- ပတ်စပို့ဆိုဒ် ဓာတ်ပုံ Photo Soft Copy (အဖြူနောက်ခံ)
- ပတ်စပို့ အရှေ့စာမျက်နှာ (scan only)
- သန်းခေါင်စာရင်း (မူရင်း + နိုတြီ)
- ကိုဗစ်ဆေးထိုးပြီးကြောင်း စာရွက် (မူရင်း + နိုတြီ)
- မှတ်ပုံတင်
- Bank စာအုပ် (or) bank statement
- ဖုန်းနံပါတ်
- Email

စတာလေးတွေကို ပြည့်ပြည့်စုံစုံပေးလိုက်ယုံနဲ့ ၃ ရက်အတွင်း ဗီဇာကျနိုင်အောင် မင််မင်တို့က အစွမ်းကုန် ကူညီပေးမှာပါ။

ဒါ့အပြင် အသွားအပြန် လေယာဉ်လက်မှတ်၊ ဟိုတယ်နှင့် လေဆိပ်အကြိုအပို့တွေကိုလဲ အသက်သာဆုံး စျေးနှုန်းလေးတွေနဲ့ ဝန်ဆောင်မှုပေးနေပါပြီရှင်။

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန်

📞 Yangon Office Phone 09 444646517 | 09 799922726
☎️ Viber +95 9 444646517 | +95 9 799922726

📍 ရန်ကုန်ရုံး လိပ်စာ - အမှတ် ၁၆၊ ပန်းတနော်လမ်း၊ စမ်းချောင်းမြို့နယ်။
(ရုံးသို့လာရောက်လိုပါက တစ်နာရီခန့် ဖုန်းဆက် ကြိုချိန်းပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင့်)

Address

No 16, Pantanaw Street
Sanchaung Township

Telephone

+959444646517

Website

Alerts

Be the first to know and let us send you an email when Zillion Wings Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zillion Wings Travels:

Videos

Share


Other Sanchaung Township travel agencies

Show All