Travelog Ah Lum

  • Home
  • Travelog Ah Lum

Travelog Ah Lum travel

အမှန်ပဲအိမ်တစ်အိမ်မှာ မိသားစုကို ပိုချစ်တဲ့ သားသမီးတွေက မောင်နှမတွေထဲမှာ အပင်ပန်းဆုံးပါပဲ။                          အကြီ...
27/08/2021

အမှန်ပဲ
အိမ်တစ်အိမ်မှာ
မိသားစုကို ပိုချစ်တဲ့ သားသမီးတွေက
မောင်နှမတွေထဲမှာ အပင်ပန်းဆုံးပါပဲ။

အကြီးပဲဖြစ်ဖြစ်၊
အလတ်ပဲဖြစ်ဖြစ်၊
အငယ်ဆုံးပဲဖြစ်ဖြစ်
မိသားစုကို ပိုချစ်တဲ့သူက ပိုပင်ပန်းနေရတယ်။

မိသားစုအဆင်မပြေတဲ့အခါ
တွေးပူပေးနေရတာမျိုးရှိတယ်။

မိသားစုအခြေမဟန်တော့တဲ့အခါ
ကြိုးစားပေးရတာတွေရှိတယ်။

မိသားစုခက်ခဲကြပ်တည်နေတဲ့အခါ
အပင်ပန်းခံရတာမျိုးတွေရှိတယ်။

ဒါတွေဟာ
မိသားစုကိုပိုချစ်တဲ့စိတ်ရှိတဲ့သူကသာ
လုပ်တတ်တဲ့အကျင့်တွေပါ။

သို့သော်လည်းပဲ အိမ်နဲ့အဆင်မပြေတာတွေတော့ရှိတတ်တယ်။

အမြင်မတော်တာတွေ့ရင် စကားတွေများရင် များနေမယ်။

အိမ်မှာ ဆူပူနေရင် ဒေါ်သထွက်ဟန်ဖြင့် အော်ပြောရင် အော်ပြောလိမ့်မယ်။

မောင်နှမတွေလမ်းမှားရောက်ရင် အမုန်းခံပြီး
ဆုံးမချင်ရင် ဆုံးမလိမ့်မယ်။

ဒီလိုအပြုအမူတွေဟာ မိသားစုအပေါ်အနစ်နာခံတတ်တဲ့ သားသမီးမျိုးတွေသာရှိတဲ့ အမူအကျင့်တွေပါပဲ။

မိဘတွေအနေဖြင့်
ဒီလိုသားသမီးမျိုးတွေရှိရင်
စိတ်ဓာတ်ကျအောင်မလုပ်ပါနဲ့။
စိတ်အားတက်အောင် ဂရုစိုက်ပြီး
ကြင်နာပြပါ။

ညီကိုမောင်နှမတွေအနေဖြင့်လည်း
ဒီလိုမောင်နှမမျိုးရှိခဲ့လည်း
မထီမျက်မြင်ပြုပြီး
ခံပြောတာမျိုးမဖြစ်စေနဲ့။
ညီကိုမောင်နှမအချင်းချင်းအားပေး
နှစ်သိမ့်ပါ။

သူတို့လိုချင်နေတဲ့အရာက မိသားစုတစ်ခုမှာ နွေးနွေးထွေးထွေးနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ လောက်သာ တပ်မက်လိုချင်ရုံကလွဲရင်
မိသားစုအပေါ် ဘာရယူခြင်းမှ မရှိ
မမက်မောကြပါ။

Credit ✍️✍️✍️

📖📖ဒီစာလေးဟာ ဘဝကိုတစ်ကိုယ်တည်းရုန်းကန်နေရတဲ့သူတွေအားလုံးအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေပါမယ်။(၁) စိတ်မလျှော့လိုက်ပါနဲ့။🖐️🖐️တစ...
17/08/2021

📖📖ဒီစာလေးဟာ ဘဝကိုတစ်ကိုယ်တည်းရုန်းကန်နေရတဲ့သူတွေအားလုံးအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေပါမယ်။

(၁) စိတ်မလျှော့လိုက်ပါနဲ့။🖐️🖐️

တစ်ခါတလေ ဘဝမှာအရှုံးတွေချည်းပဲ ဆက်တိုက်ကြုံရတဲ့အချိန်တွေရှိတတ်ပါတယ်။ဒါပေမယ့် အဲလိုအချိန်တွေမှာ လုံးဝစိတ်မလျှော့လိုက်ပါနဲ့။ဒုက္ခတွေဆိုတာ ခဏလေးဆိုမှ ခဏလေးပါပဲ။ဒီတစ်ခါကျော်လွှားနိုင်လိုက်တာနဲ့ အောင်မြင်မှုတွေလာတော့မှာဖြစ်တာကြောင့် စိတ်လျှော့ဖို့ လုံးဝမစဉ်းစားလိုက်ပါနဲ့။ အောင်မြင်မှုဆိုတာ ဆုံးရှုံးမှုနဲ့ လက်တစ်ကမ်းမှာပဲ
ရှိတာကြောင့် လက်တစ်ကမ်းအလိုမှာ ခဲလေသမျှ သဲရေကျဖြစ်သွားမှာစိုးလို့ပါ။

(၂) လဲရင်ပြန်ထပါ။✌️✌️

ဘဝဆိုတာ အကြိမ်ကြိမ်လဲပြီး အကြိမ်ကြိမ်ပြန်ထမှ
ပိုပြီး အဓိပ္ပါယ်ရှိသွားတာပါ။
မလဲဖူးတဲ့သူ တစ်ယောက်မှ မရှိပါဘူး။
အခုမြင်တွေ့နေရတဲ့ အောင်မြင်နေတဲ့၊ ထိပ်ကိုရောက်နေတဲ့သူတွေအားလုံးဟာ လောကဓံရဲ့ အရိုက်အပုတ်၊ အထုအထောင်းတွေကို လှိမ့်နေအောင်ခံရပြီးမှ အဲလိုနေရာကို ရောက်သွားကြတာပါ။လဲကျတိုင်းသာသူတို့ ပြန်မထခဲ့ဘူးဆိုရင် အဲလိုနေရာရောက်မှာ မဟုတ်ဘူးဆိုတာ သင်သိမှာပါ။

(၃) အရှုံးထဲကအမြတ်ယူပါ💪💪

ဘဝမှာ ခက်ခဲကြမ်းတမ်းပြီး ခါးသီးမှုတွေအများကြီးကို ရင်ဆိုင်ကြုံတွေ့ရမှာပါ။ဒါပေမယ့် အဲလို အချိန်မျိုးမှာ သင်သိထားရမှာက အဆိုးတိုင်းမှာ အကောင်းတစ်ခုခု အမြဲဒွန်တွဲလျက်ရှိတယ်။အနည်းဆုံးတော့ သင့်ကို အတွေ့အကြုံသစ်တစ်ခုရစေသလို၊ ခံနိုင်ရည်စွမ်းကိုလည်း ပိုမြင့်လာစေပါတယ်။ဒါကိုက မြတ်နေပြီမဟုတ်လား။တခြားအမြတ်တွေလည်း အများကြီးရှိပါသေးတယ်။ယူတတ်အောင်ယူပါ။

(၄) ဝေမျှပါ။🌻🌻

သင့်ဘဝဟာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊
သင့်ထက် ပိုခက်ခဲတဲ့သူတွေ အများကြီးရှိပါတယ်။
ဒါကြောင့် သူတစ်ပါးကို ကူညီဖို့၊ ဝေမျှဖို့ အမြဲတမ်းစဉ်းစားပါ။နည်းတာများတာ အသာထား၊ သူတစ်ပါးကို သင်တတ်နိုင်သလောက်လေး ကူညီကြည့်ပါ။ သူတစ်ပါးအတွက် စဉ်းစားကြည့်ပါ။ဒါဆိုရင် သင့်ကို ကြိုးစားချင်စိတ်တွေ ပိုဖြစ်လာစေပြီး သူတစ်ပါးကို စိတ်ကြိုက်ပေးနိုင်ကမ်းနိုင်လာတဲ့အခါ မျှဝေလိုက်လို့ ရလာတဲ့ ပီတိရဲ့အရသာကို သင်ကောင်းကောင်း နားလည်သွားမှာပါ။စိတ်လှုပ်ရှား၊ဒေါသထွက်တဲ့အချိန်မျိုးမှာ တည်ငြိမ်အောင်လုပ်သင့်တဲ့အရာပါ။

(၅) စာဖတ်ပါ။

ဘဝကို တစ်ယောက်တည်း ကြိုးစားရုန်းကန်ပြီး
ကိုယ့်ထူးကိုယ်ချွန်ရတဲ့သူတွေကို အကောင်းဆုံး
ပဲ့ကိုင်ပေးနိုင်တာကတော့ စာအုပ်စာပေတွေပါပဲ။
ဒါကြောင့် သင့်ကို အသိအလိမ္မာတိုးစေမယ့်စာတွေ ခွန်အားရှိစေမယ့်စာတွေ၊ လမ်းမှန်ကို ညွှန်ပြပေးနိုင်
မယ့်စာတွေကို အမြဲတမ်းဖတ်ပါ။အချိန်ပေးပြီးဖတ်ပါ။
ဒါဆိုရင် ကျိန်းသေပေါက် သင်အောင်မြင်လာမှာပါ။

Credit_Original_Writer✍️✍️✍️

HPKSL(10:00 AM🕙)
17.8.202 Tuesday
WM🏠

"ကိုယ်ကိုယ်ကိုဆုံးမခြင်း''📖📖📖📖📖📖📖အချိန်သည်လည်း အကုန်မြန်၏။လူတို့သည်လည်း အ့ပြောင်းအလဲမြန်၏။စိတ်တို့သည်လည်း အပြောင်းအလဲမြန...
15/06/2021

"ကိုယ်ကိုယ်ကိုဆုံးမခြင်း''
📖📖📖📖📖📖📖

အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အ့ပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့ မှာ လူတစ်ယောက်
အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!

ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!!

ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself.!!!

ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာရှိတာ ကိုယ်ဆက်လုပ်ပါ။

Forget !!!

မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဥ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!

လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!

မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကို လက်ခံပါ။
မင်းဘေးနားက လူတွေကို အရှိကိုအရှိတိုင်းလက်ခံပါ။

Reject !!!

ငြင်းပါ။
မလုပ်နိုင်တဲ့အရာတစ်ခုအတွက် ငြင်းပါ။
မဖြစ်နိုင်တဲ့ အရာတစ်ခုအတွက် ငြင်းပါ။
စိတ်မပါတဲ့အရာတစ်ခုအတွက် ငြင်းပါ။

Prepare !!!

ပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပါ။
ဘဝထဲက ဘယ်အရာမဆို စွန့်လွှတ်ဖို့ ပြင်ဆင်ပါ။
ကောင်းတဲ့အရာတွေအတွက် ပြောင်းလဲဖို့ ပြင်ဆင်ပါ။
အခြေအနေပေးရင် ကူညီတတ်ဖို့ ပြင်ဆင်ပါ။

Don't feel so much !!!

တစ်ချိန်ကျရင် ​ပြောင်းလဲသွားမယ့်အရာတွေချည်းပဲ။
ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံပါနဲ့။
ကိုယ့်အကြောင်းသိတာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုသနားမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ (အတ္တကို မဆိုလို) ။
ကိုယ့်အကြောင်းကိုယ့် စိတ်ဝင်စားပါ။
တစ်ယောက်တည်းနဲ့လည်း အားအင်တွေရှိပါစေ။
Only one....but lion ဆိုတဲ့စကားအတိုင်းလေး....။

Credit မူရင်း
===================================

⛳''မင်းထက်တော်တဲ့သူ မရှိဘူး''⛳

📖လောကကြီးမှာ~~~
မင်းထက်တော်တဲ့ သူဆိုတာ မရှိဘူး။
မင်းထက်ကြိုးစားနေတဲ့သူတွေပဲ ရှိတယ်။

📖မင်းထက် အရည်အချင်းပြည့်စုံသူဆိုတာမရှိဘူး။
မင်းလိုပဲ အရည်အချင်းပြည့်စုံအောင်
ကြိုးစားနေသူတွေပဲရှိတယ်။

📖မင်းတစ်ယောက်တည်း
စိတ်ညစ်စရာ၊ ပျော်စရာရှိတာမဟုတ်ဘူး။
မင်းလိုပဲ စိတ်ညစ်စရာ၊
ပျော်စရာတွေကြားမှာ
အဆင်ပြေအောင် နေနေရသူတွေချည်းပဲရှိတယ်။

📖မင်းတစ်ယောက်တည်း
မျက်ရည်ကျဖူးတာ မဟုတ်ဘူး
လူဆိုတာ မွေးလာကတည်းက
အငိုနဲ့ စပြီး အငိုနဲ့ အဆုံးသတ်ကြတာ
သဘာဝပဲ။

📖မင်း တစ်ယောက်တည်း
ကျရှုံးဖူးတာ မဟုတ်ဘူး
ဘဝမှာ ရှုံးနိမ့်ခြင်းဆိုတာ ကို
လူသားတိုင်း ခံစားဖူးကြတာချည်းပဲ။

📖မင်း တစ်ယောက်တည်း ဖြစ်ချင်တာတွေ
မဖြစ်ခဲ့ရတာ မဟုတ်ဘူး လူသားတိုင်း
ဖြစ်ချင်တာတွေ သေဆုံးချိန်အထိ
မဖြစ်ခဲ့ရတာတွေ အများကြီး ရှိတယ်။

👉မင်းဘာကြောင့် အားငယ်နေမှာလဲ~~~
👉မင်းဘာကြောင့်တွေဝေနေမှာလဲ~~~
👉မင်းဘာကြောင့် စိတ်ညစ်နေမှာလဲ~~~
👉မင်းဘာကြောင့် စိတ်ဓာတ်ကျနေမှာလဲ~~~
👉မင်းဘာကြောင့် ကြောက်ရွံ့နေရတာလဲ~~~
👉ဘဝရဲ့ စိန်ခေါ်သံတွေကို ဘယ်တော့မှ
အရှုံးမပေးနဲ့

📖မင်းအမေကမင်းကို ဘဝကို
လွယ်လွယ်မယနဲ့ အရှုံးပေးဖို့
အသက်နဲ့ရင်းပြီးမွေးလာခဲ့တာမဟုတ်ဘူး။

📖ခုချက်ခြင်း မင်းမျက်ရည်တွေသုတ်လိုက်။
မနက်ဖန်တိုင်းမှာ မင်းအတွက်
ကံကောင်းခြင်းတွေစီးကြိုနေတယ်
မင်းကြိုးစားလိုက်စမ်းပါ။

📖မင်း လည်း လူ ပဲ
အခြားသူတွေလည်း လူတွေပဲ။

📖လူဆိုတာ မျှော်လင့်ချက်နဲ့
အသက်ရှင်သန်နေတာဆိုရင်
မျှော်လင့်ခြင်း အိပ်မက်ကို
တကယ်လက်တွေ ဖြစ်အောင်
လုပ်နိုင်သူရယ်....
မလုပ်နိုင်သူရယ်ပဲရှိတယ်။

📖အိပ်မက်ကြားမှာ နိုးမထနိူင်ပဲ
သံသရာလည်နေတဲ့သူတော့
မင်း''' မဖြစ်စေနဲံ။

👉''မိတ်ဆွေ''👈

👉သင့်အတွက် စိတ်ခွန်အား၊
အားဆေး🍶တစ်ခွက် ဖြစ်ခဲလျှင်
ပြန်လည်၊ ဝေမျှပေးပါ။

to Original✍️✍️✍️✍️✍️

စကားသုံးခွန်း                         ⛳⛳⛳                             တန်ဖိုးကြီးသောစကားများ...1️⃣ နွယ်ပင် မဖြစ်စေနဲ့။သူ...
30/05/2021

စကားသုံးခွန်း

⛳⛳⛳

တန်ဖိုးကြီးသောစကားများ...

1️⃣ နွယ်ပင် မဖြစ်စေနဲ့။

သူများကို အားကိုးတယ်ဆိုတာ ခဏပဲ ကောင်းတယ်။
အမြဲတမ်း မှီဖို့မကြိုးစားနဲ့။
မှီလွန်းအားကြီးရင် နွယ်ပင် ဖြစ်သွားတယ်။

နွယ်ပင်ဆိုတာ အမှီမရှိရင် အပေါ်မတက်နိုင်ဘူး။
အမှီရှိလို့ အပေါ် ရောက်ခဲ့ပြန်လည်း အမှီလဲတာနဲ့
ပြုတ်ကျမှာပဲ။ ဒါကြောင့် ကိုယ့်လမ်း ကိုယ်ဖောက်၊
ကိုယ့်အိမ် ကိုယ်ဆောက်တာ အကောင်းဆုံးပဲ။

2️⃣ ထမင်းပူကို မစားနဲ့။

သူများကို ဒုက္ခပေးပြီးမှ ကိုယ်နေရာ ရအောင် ယူရင်
အဲဒါ ထမင်းပူစားတာနှင့်တူတယ်။

ဒါကြောင့် မတရားတဲ့အလုပ်တွေ နည်းနည်းမှ မလုပ်ကြနဲ့။
အကယ်၍ လုပ်ခဲ့ရင် လျှာအပူလောင်မှာပဲ။

3️⃣ ရောက်ရာဒေသ ခြေရာချခဲ့ပါ။

ဖြစ်တည်မှုနောက်မှာ ပျောက်ကွယ်မှု လာမှာပဲ။
ဒီတော့ ကိုယ်လည်း တနေ့ လောကကြီးကနေ
ထွက်ခွာရဦးမှာဆိုတာကို ဘယ်တော့မှ မမေ့ကြနဲ့။

ကိုယ် မပျောက်ကွယ်ခင် အချိန်လေးမှာ ကောင်းမှုလေး တစ်ခုခုတော့ လုပ်သင့်ပါတယ်။
ကောင်းမှုလုပ်ခြင်းသည် ကိုယ့်နေရာ ကိုယ့်ဒေသကို
ခြေရာချခြင်းပဲ ဖြစ်ပါတယ်။✍️✍️✍️

.                      ဂျပန်လူမျိုးတွေဟာ                  ငါးကို အလွန်ကြိုက်ကြတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံနားက ပင်လယ်မှာ ငါ...
23/05/2021

. ဂျပန်လူမျိုးတွေဟာ
ငါးကို အလွန်ကြိုက်ကြတယ်။
ဒါပေမဲ့ ဂျပန်နိုင်ငံနားက ပင်လယ်မှာ ငါးမရှိဘူး။

ဒါကြောင့် ဂျပန်တံငါသည်ဟာ နိုင်ငံနဲ့
အတော်ဝေးဝေးက ပင်လယ်ပြင်မှာ ငါးတွေကို
ပိုက်ကွန်နဲ့ သွားဖမ်းကြတယ်။

ဖမ်းမိတဲ့ ငါးတွေကို လှေတွေရဲ့ ဝမ်းဗိုက်တွေမှာ
ထည့်ထားကြတယ်။ ငါးဖမ်းလှေတွေ ရက်အတန်
ကြာမှာ ဂျပန်နိုင်ငံကို ပြန်ရောက်တော့ ဖမ်းလာတဲ့
ငါးတွေအားလုံး သေကုန်ကြပြီ။

ဂျပန်လူမျိုးတွေဟာ သေနေတဲ့ ငါးတွေကို
မစားကွဘူး။

ဒီပြဿနာကို ဖြေရှင်းဖို့ ဂျပန်ငါးဖမ်းသမား
တွေဟာ ရေခဲတွေထည့်ထားတဲ့ သေတ္တာတွေကို
လှေတွေပေါ်မှာ တင်ပြီး ပင်လယ်ပြင်မှာ ငါးသွား
ဖမ်းကြပြန်တယ်။

ဖမ်းလို့ ရတဲ့ ငါးတွေကို သေတ္တာတွေထဲမှာ
ရေခဲစိမ်ထားလိုက်ကြတယ်။

ဂျပန်လူမျိုးတွေဟာ လတ်လတ်ဆတ်တတ်
မဟုတ်တဲ့ ရေခဲစိမ်ငါးတွေရဲ့ အရသာကို
မကြိုက်ကြဘူး။

ရေခဲစိမ်ငါးတွေဟာ လတ်လတ်ဆတ်ဆတ်
ငါးတွေလောက် စျေးမရကြဘူး။

ဒီတစ်ခါမှာ ဂျပန်ငါးဖမ်းကုမ္ပဏီတွေဟာ
သူတို့ စက်လှေကြီးတွေပေါ်မှာ ငါးတွေ
ထည့်ဖို့ ရေတိုင်ကီကြီးတွေ တင်ပြီး ပင်လယ်
ပြင်ကို ငါးဖမ်းထွက်ကြပြန်တယ်။

ဖမ်းမိတဲ့ ငါးအရှင်တွေကို ရေဖြည့်ထားတဲ့
တိုင်ကီတွေထဲမှာ ထည့်ထားလိုက်ကြတယ်။

ငါးတွေဟာ ရေတိုင်ကီတွေထဲမှာ ရေကူးခတ်
နေကြပေမယ့် ရက်အနည်းငယ်ကြာတော့
မောပန်းပြီး ရေမကူးကြတော့ဘဲ တိုင်ကီထဲမှာ
ငြိမ်နေကြတယ်။

ဂျပန်နိုင်ငံရောက်တော့ ငါးတွေ မသေကြပါဘူး။

ဒါပေမဲ့ ဂျပန်လူမျိုးတွေဟာ ရက်အတန်ကြာ
မလှုပ်မရှက် ငြိမ်နေကြတဲ့ ငါးတွေရဲ့ အရသာကို
သိကြတယ်။ အဲဒီငါးတွေကို လူတွေ မကြိုက်
ကြလို့ စျေးကောင်းကောင်းမရဘူး။

ရေခဲစိမ်ငါး၊ ရေထဲမှာ မလှုပ်မယှက် ငြိမ်နေတဲ့
ငါးတွေကို မကြိုက်ကြတဲ့ ဂျပန်လူမျိုးတွေအတွက်
ဂျပန်ငါးဖမ်းကုမ္ပဏီတွေဟာ ဘယ်လိုလုပ်ရမလဲ
တွေးတောကြံဆကြရင်း နောက်ဆုံးမှာ အဖြေကို
ရှာတွေ့လိုက်ကြတယ်။

ငါးဖမ်းကုမ္ပဏီတွေဟာ သူတို့ စက်လှေတွေပေါ်မှာ
အရင်လိုပဲ ရေတိုင်ကီကြီးတွေ တင်ဆောင်ပြီး
ပင်လယ်ပြင်ကို ငါးဖမ်းထွက်ကြပြန်တယ်။

ဖမ်းမိတဲ့ ငါးတွေကို အရင်လိုပဲ ရေတိုင်ကီကြီး
တွေထဲမှာ ထည့်ထားလိုက်ကြတယ်။

ဒီတစ်ခါတော့ ရေတိုင်ကီထဲက ငါးတွေဟာ
ရက်အတော်ကြာအထိ မရပ်နား ကူးခတ်နေကြ
ပါတော့တယ်။ ဘာဖြစ်လို့လဲ။

ရေတိုင်ကီတိုင်းမှာ ငါးမန်းအသေးစားလေး
တစ်ကောင်စီ ထည့်ထားပေးတယ်။ ငါးမန်းဟာ
တိုင်ကီထဲ ရောက်လာတဲ့ ငါးလေးတွေ အနည်း
ငယ်စားသောက်ပြီး ဗိုက်ဝလို့ တိုင်ကီထဲမှာ
လှည့်ပတ်ကူးခတ်နေတယ်။

တိုင်ကီထဲက ငါးတွေဟာ ငါးမန်းကို ကြောက်လို့
တိုင်ကီတွေထဲမှာ မရပ်မနား ကူးခတ်နေကြတယ်။

စက်လှေတွေ ဂျပန်နိုင်ငံကို ပြန်ရောက်တော့
လတ်ဆတ်ပြီး လှုပ်ရှားကူးခတ်နေကြတဲ့
ငါးတွေရဲ့ အရသာကို ဂျပန်တွေ အလွန်ကြိုက်လို့
စျေးကောင်းရကြတယ်။

ကျွန်တော်တို့လည်း ရက်အတန်ကြာမှာ
မကူးခတ် မလှုပ်ရှားကြတဲ့ ရေတိုင်ကီထဲက
ငါးတွေလို ဖြစ်လာတတ်ကြပါတယ်။

ဘဝမှာ ကြိုးစားမှုမလုပ်ကြတော့ဘဲ ရှိတာ
လေးနဲ့ တင်းတိမ်ကျေနပ်ပြီး နေနေကြတယ်။
ဒါကြောင့်လည်း ဘဝမှာ တိုးတက်အောင်မြင်မှု
မရကြတော့ဘူး။

အသက်ကြီးလာတော့ နေစရာ စားစရာမရှိတဲ့
ဘဝရောက်မှ ငါ ငယ်ငယ်က မကြိုးစားခဲ့လို့ပဲ
ဆိုပြီး နောင်တရတတ်ကြတယ်။

အဲဒီလို မဖြစ်ဖို့ ကျွန်တော်တို့ စိတ်ထဲမှာ
ငါးမန်းတစ်ကောင် ထည့်ထားပေးသင့်ပါတယ်။

အဲဒီငါးမန်းဆိုတာ ဥပမာပါ။ သင့်ကို ပျင်းရိ
ငြီးငွေ့ပြီး သက်သာသလို နေတတ်တဲ့ စိတ်ကို
ကြိုးစားရုန်းကန်စေမယ့် လှုံဆော်မှု ပေးခြင်းကို
ပြောတာပါ။

စိတ်ကို ဘယ်လို လှုံ့ဆော်ပေးရမလဲ။

သင့်ကိုယ်သင် ဒီမေးခွန်းတွေ မေးပါ။
- ငါ ဘာအတွက် လူဖြစ်လာတာလဲ။
လောကကြီးကို ကောင်းကျိုးပြုဖို့လား။
ဆိုးကျိုးပေးဖို့လား။

- ငါ လောကကြီးနဲ့ လူသားတွေအတွက်
ဘာလုပ်ပေးရမလဲ။ ငါ့နိုင်ငံ ငါ့လူမျိုးတွေ
အတွက် ငါ ဘာတွေ လုပ်ပေးနိုင်သလဲ။

- ငါသေသွားရင် ငါ့ပတ်ဝန်းကျင်က
ငါ့အကြောင်း ဘာပြောကြမလဲ။ အကောင်း
ပြောကြမလား။ အဆိုးပြောကြမလား။

ဒါမှမဟုတ် မွေးဖွားလာစဉ်ကနေ သေဆုံး
သွားချိန်အထိ ဘယ်သူမှ သတိမထားမိတဲ့
လူတစ်ယောက်လား။
မူရင်းရေးသားသူအား လေးစားစွာ Crd ပေးပါသည်။
✍️✍️✍️✍️👍👍👍
Copy from ThitLwin

26/01/2021

ယေရှုကြောင့်သာအသက်ရှင်သည်။

When can we travel again ✈️🚎🚌🏝️🏖️🛣️
25/01/2021

When can we travel again ✈️🚎🚌🏝️🏖️🛣️

“လီကွမ်ယု နှင့် Singapore"🇸🇬🇸🇬🇸🇬၁၉၅၉ ခုနှစ်မှာ သူ ၀န်ကြီးချုပ်ဖြစ်လာတဲ့အခါ စင်ကာပူဟာ ခြင်ပေါတဲ့ နွံတောကြီး အဆင့်ပဲ ရှိပါ...
06/01/2021

“လီကွမ်ယု နှင့် Singapore"🇸🇬🇸🇬🇸🇬

၁၉၅၉ ခုနှစ်မှာ သူ ၀န်ကြီးချုပ်ဖြစ်လာတဲ့အခါ စင်ကာပူဟာ ခြင်ပေါတဲ့ နွံတောကြီး အဆင့်ပဲ ရှိပါတယ်။

လူတွေဟာ လယ်တောအိမ်မှာ
၀က်တွေ၊ ကြက်တွေနဲ့ ဖြစ်သလို
နေထိုင်နေတုန်းပဲ ရှိပါတယ်။ သဘာ၀သယံဇာတ မရှိတဲ့ တိုင်းပြည်၊ အခြေခံအဆောက်အဦး
ဘာမှ မတည်ဆောက်ရသေးတဲ့ တိုင်းပြည်၊
ပညာရေးစနစ် အားမကောင်းတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ မြို့တမြို့စာ နိုင်ငံလေး ဖြစ်လို့ တခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေ လမ်းကြောင်းကို လိုက်လို့ မဖြစ်၊
တခြား စက်မှုနိုင်ငံတွေကို အတုယူအောင်ကလည်း သူတို့လို စက်မှုကုန်ကြမ်းလည်း မရှိ၊
ပြည်တွင်း ဈေးကွက်ကလည်း သေးငယ်။
စက်မှုလက်မှု ကျွမ်းကျင်မှုလည်းမရှိ။
ဘယ်က စကိုင်ရမယ်မှန်း မသိအောင် ခက်ခဲခဲ့ပါတယ်။

ဒါပေမယ့် ၀န်ကြီးချုပ် လီက ပြည်သူတွေဟာ တိုင်းပြည်အတွက် အကောင်းဆုံး သယံဇာတတွေ ဆိုတာကို နားလည်ခဲ့တယ်။ အပြောင်းအလဲကို အားသန်နေကြတဲ့ ပြည်သူလူထုကို ယုံကြည်တယ်။

၁၉၆၁ ခုနှစ်မှာ စင်ကာပူ အစိုးရရဲ့ ရည်မှန်းချက်က လူတိုင်းအလုပ်အကိုင်ရရှိရေး ဖြစ်ပါတယ်။
ပညာလည်း ဟုတ်ဟုတ်ငြားငြား မရှိသေးလို့ အခြေခံကျကျက စက်ရုံအလုပ်ရုံတွေမှာ
ဈေးပေါတဲ့ အလုပ်သမားတွေ ဖြစ်ဖို့ပါပဲ။
ဒီကြားထဲမှာ မလေးရှားက စွန့်ပစ်လိုက်တဲ့
နိုင်ငံသစ်မှာ အင်္ဂလိပ်တွေကလည်း ရေတပ်စခန်းတွေကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကျိုးဆက်က စင်ကာပူ စီးပွားရေးမှာ လေးပုံတပုံလောက် ကျသွားခဲ့ပါတယ်။
၁၉၆၅ လောက်ကျတော့မှ စင်ကာပူ စီးပွားရေး နလံထစပြုလာပါတယ်။

အဲဒီအချိန်လောက်မှာပဲ စင်ကာပူနဲ့ အပြိုင်
မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကလည်း ဈေးပေါတဲ့ လုပ်သားတွေနဲ့ ဆွဲဆောင်လာတယ်။ အဲဒီအချိန်က စင်ကာပူမှာ အမေရိကန်၊ ဂျပန်၊ ဥရောပကတို့က
စက်ရုံ အလုပ်ရုံတွေ ရှိနေကြပါတယ်။ ဈေးပေါတဲ့လုပ်သားတွေ အိမ်နီးချင်းတွေက အပြိုင်ဆွယ်လာတဲ့ အခါ စင်ကာပူက
နောက်တဆင့်ကို တက်လှမ်းဖို့ ဆုံးဖြတ်လိုက်တယ်။

လုပ်အားကဲတဲ့ စက်ရုံ အလုပ်ရုံတွေကနေ အရင်းအနှီးကဲပြီး နည်းပညာအဆင့်မြင့်တဲ့ လုပ်ငန်းတွေ၊ တန်ဖိုးမြှင့် ၀န်ဆောင်မှုတွေ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

၁၉၈၀ ပြည်လွန်နှစ်တွေ အရောက်မှာတော့ စင်ကာပူဟာ နိုင်ငံတကာ စီးပွားရေးလောကမှာ ဖန်တီးသူ ဖြစ်လာတယ်။
နိုင်ငံတကာ ကုမ္ပဏီကြီးတွေဟာ ကျွမ်းကျင်လုပ်သားတွေရှိရာ၊
လာဘ်ပေး လာဘ်ယူကင်းရာ အလုပ်လုပ်ရတာ တွင်ကျယ်တဲ့ စင်ကာပူမှာ ဌာနချုပ်တွေ၊ သုတေသန ဌာနတွေကို ပြောင်းရွှေ့လာကြတယ်။

ဒါပေမယ့် စင်ကာပူက ဒီအဆင့်လောက်နဲ့ မရပ်ဘဲ နောက်တဆင့်ကို ရည်မှန်းပြန်ပါတယ်၊
ပညာအခြေခံတဲ့ စီးပွားရေး (Knowledge Economy) အဆင့်ကို တက်လှမ်းဖို့ ကြိုးစားပါတယ်။
ဒီနေ့ စင်ကာပူဟာ ကွန်ပြူတာ Hardware အဓိက တင်ပို့တဲ့ နိုင်ငံ၊ ကမ္ဘာက အားထားရတဲ့ ဇီ၀နည်းပညာရဲ့ ဗဟိုချက်ဖြစ်နေပါပြီ။့

၁၉၆၅ ခုနှစ်လောက်က စင်ကာပူရဲ့
တဦးချင်း ဂျီဒီပီဟာ ဒေါ်လာ ၅၀၀ ပဲ ရှိခဲ့ရာက
ဒီနေ့ ၆၅၀၀၀ ဖြစ်လို့ အဆပေါင်း ၁၀၀ ကျော် တိုးတက်သွားပြီ ဖြစ်ပါတယ်။ စီးပွားရေး တိုးတက်မှု တခုတည်းကို တဘက်စောင်းနင်းလည်း မဟုတ်ပါဘူး။ ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးကို ထည့်သွင်း စဉ်းစားတွက်ချက်တဲ့ ကုလသမဂ္ဂ လူသားဖွံ့ဖြိုးရေး အညွန်းကိန်းမှာ စင်ကာပူဟာ ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းမှာ ပါ၀င်ပါတယ်၊ အာရှမှာ ဒီလို ထိပ်ဆုံးက ပါ၀င်တာ စင်ကာပူ တနိုင်ငံပဲ ရှိပါတယ်။ စင်ကာပူု ပညာရေးဟာလည်း တကမ္ဘာလုံးက လေးစားရတဲ့ အဆင့်မှာ ရှိပါတယ်။

စင်ကာပူ ကလေးတွေ သင်နေတဲ့ သင်္ချာသင်ရိုးကို ကယ်လီဖိုးနီးယား၊ တောင်အာဖရိက၊ နယ်သာလန်တို့က ကျောင်းသားတွေလည်း သင်နေကြတယ်။ စင်ကာပူမှာ ရှိတဲ့ နေရှင်နယ် ယူနီဗာစတီဟာ အာရှမှာ ထိပ်ဆုံးတက္ကသိုလ် ဖြစ်ပါတယ်။ စင်ကာပူ အမျိုးသားတက္ကသိုလ် လူထုရေးရာမူဝါဒ လီကွမ်ယုကျောင်းက
အာရှထိပ်တန်းတွေးခေါ်ပညာရှင် ပါမောက္ခ
Kishore Mahbubani က စင်ကာပူ အောင်မြင်ရခြင်း အကြောင်း ၇ ချက်ရှိတယ်လို့ ဆိုတယ်။

အဲဒါတွေကတော့

(၁) ဈေးကွက်စီးပွားရေး
(၂) သိပ္ပံနှင့် နည်းပညာ၊
(၃) လူတော်လူကောင်းကို နေရာပေးခြင်း
(၄) လက်တွေ့ကျခြင်း
(၅) ငြိမ်းချမ်းရေး ယဉ်ကျေးမှု၊
(၆) တရားဥပဒေ စိုးမိုးမှု
(၇) ပညာရေးတို့ ဖြစ်ပါတယ်။

တကယ်က လီကွမ်ယုဟာ သူ ၀န်ကြီးချုပ် ဖြစ်လာတဲ့ အချိန်ကစလို့ စင်ကာပူမှာ ပညာရေးစနစ်ကို အားသွန်ခွန်စိုက် အားထုတ်ခဲ့ပါတယ်။

တိုင်းပြည် ဆင်းရဲတွင်းကနေ ကင်းလွတ်ဖို့ ဆိုရင် ပြည်သူတွေ ပညာတတ်မှ ဖြစ်မယ်လို့ သူက နားလည်ခဲ့တယ်။

“တိုင်းပြည်ရဲ့ ကံကြမ္မာဆိုတာ တိုင်းသူပြည်သားတွေရဲ့ အရည်အချင်းအပေါ် မူတည်တယ်။
လူတွေကို ဘယ်လိုရွေးချယ်မလဲ၊ ဘယ်လိုလေ့ကျင့်မလဲ၊ ဘယ်လို စုဖွဲ့မလဲ၊
ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့ အပေါ်မှာ
မတူတဲ့ ရလဒ်တွေ ပေါ်ထွက်လာတာပါပဲ” လို့ လီကွမ်ယု ပြောခဲ့ဖူးတယ်။ တိုင်းပြည်အနာဂတ်ကို တည်ဆောက်တဲ့အခါမှာ

ဖွံ့ဖြိုးရေး အခြေခံ အချက်သုံးချက်ဟာ အရေးကြီးတယ်လို့ လီကွမ်ယုက မြင်တယ်။

(၁) ကမ္ဘာကြီးနဲ့ အပြန်အလှန်ဆက်သွယ်၊

(၂) ပညာရေးကို မြှင့်တင်
(အထူးသဖြင့် အင်္ဂလိပ်ဘာသာ)၊

(၃) သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်၊

ဒီအချက် သုံးချက်ပါပဲ။
လီကွမ်ယုဟာ စင်ကာပူကို အနှစ် ၃၀ အုပ်ချုပ်ခဲ့ပါတယ်။ ဒီမိုကရေစီ စံနှုန်းနဲ့ တိုင်းတာရင် အပြစ်ပြောစရာတွေ ရှိပေမယ့် ကင်းဘရစ်တက္ကသိုလ်က ဥပဒေပညာနဲ့ ဘွဲ့ရခဲ့တဲ့ လီကွမ်ယုကို “အကြင်နာရှိပြီး ဉာဏ်ရည်မြင့်တဲ့” အာဏာရှင်အဖြစ် နိုင်ငံရေး သိပ္ပံပညာရှင်တွေက သတ်မှတ်ကြပါတယ်။

သူ့ အစိုးရဟာ ပြည်သူတွေရဲ့ အကျိုးကို ဦးစားပေးတာ၊ တရားဥပဒေ စိုးမိုးရေးကို လေးစားတာတွေ၊ လာဘ်ပေးလာဘ်ယူ ကင်းတာတွေဟာ တခြား အာဏာရှင် နိုင်ငံတွေနဲ့ မိုးနဲ့ မြေလို ကွာခြားပါတယ်။

သမ္မတ နိုင်ငံတော်ကျမ်းမှာ ပလေတိုက“ ဖီလော်ဆိုဖာက တိုင်းပြည်ကို အုပ်ချုပ်၊ သတ္တိ ဗျတ္တိနဲ့ တိုက်ချင်ခိုက်ချင်စိတ် ရှိသူက စစ်တပ်ထဲကိုသွား၊ စည်းစိမ်ဥစ္စာနဲ့ လောဘ ကာမဂုဏ်မှာ ခုံမင်သူကတော့ ကုန်သည် လယ်လုပ် အလုပ်တွေနဲ့ စီးပွားရှာ” သင့်တယ်လို့ လမ်းညွန်ထားပါတယ်။

Credit:✍️✍️✍️ ညီစောလွင်

Reading 📖📖📖 Ah Lum Hpakawn
January 4,2021(11:00AM)
Sanchaung, Yangon.

👉👉👉👉တန်းဖိုးရှိသောစာ 📝📒🗒️📜✍️၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ💪💪၂။ လူတိုင်းမှာ ကိုယ်စီကိ...
27/12/2020

👉👉👉👉တန်းဖိုးရှိသောစာ 📝📒🗒️📜✍️

၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ💪💪

၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။

၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ

၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။

၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။

၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။

၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတက်အောင် ကြိုးစားပါ။

၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါ
ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့
ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာ မလုံလောက်သေးဘူး။

၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့။

၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ်

၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်

၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။

၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။

၁၄။ အားနာရင် ခါးပါတတ်တယ်။
မဖြစ်နိုင်ရင် လိမ်မားပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။

၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့
မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်။

၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။

၁၇။ ပေးကမ်းပါ စွန့်ကျဲပါ တစုံတခုပြန်ရဖို့ မမျှော်လင့်ပါနဲ့။

၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။

၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။

၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။

၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။

၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။

၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်။

၂၄။ ချွေတာသင့်တာ ချွေတာပြီ စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။

၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပဲ။

၂၆။ တနေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ပျိုးထောင်ပါ။

၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ။

၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ်က လက်မထောင်နိုင်အောင် ကြိုးစားပါ။

၂၉။ အချိန်မီကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်းပန်စကားပြောဖို့လည်း ဝန်မလေးမိပါစေနဲ့။

၃၀။ လူအချို့က ဝေဖန်လာရင် လက်ခံနိုင်ဖို့ ကြိုးစားပါ။
အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။

.....✍️✍️✍️

စင်ကာပူရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ တားမြစ်ကန့်သတ်ချက်များ ဖြေလျှော့တော့မည့် အစီအစဥ်ကို ဝန်ကြီးချုပ်လီရှိန်လွန်းမှ ဒီကနေ့ ...
14/12/2020

စင်ကာပူရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ တားမြစ်ကန့်သတ်ချက်များ ဖြေလျှော့တော့မည့် အစီအစဥ်ကို ဝန်ကြီးချုပ်လီရှိန်လွန်းမှ ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ပြည်သူလူထုသို့ ရုပ်မြင်သံကြားမှတဆင့် အသိပေးပြောကြားခဲ့ပါတယ်။

Phase 3 ကို နောက်နှစ်ပတ်အကြာ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင် ဖွင့်လှစ်မှာဖြစ်ပြီး လူ ၈ ဦးအထိ စုဝေးနိုင်ပါလိမ့်မယ်။

စင်ကာပူ ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့က Pfizer-BioNTech ကာကွယ်ဆေးကို အသုံးပြုဖို့ အတည်ပြုခဲ့ပါတယ်။ ကာကွယ်ဆေးပထမအသုတ်ကို ဒီဇင်ဘာလကုန်မှာ ရရှိနိုင်မှာဖြစ်ပြီး စင်ကာပူဟာ ကမ္ဘာမှာ ကာကွယ်ဆေးရရှိမယ့် ပထမဆုံးသောနိုင်ငံများထဲမှ တစ်ခုဖြစ်လာမှာ ဖြစ်ကြောင်း သိရပါတယ်။

နောက်လများမှာ အခြားသော ကာကွယ်ဆေးများလည်း ရရှိနိုင်မယ်လို့ မျှော်လင့်ထားပြီး အစီအစဥ်အတိုင်း ဖြစ်လာခဲ့မယ် ဆိုရင်တော့ ၂၀၂၁ ခုနှစ် တတိယသုံးလပတ်မှာ တစ်နိုင်ငံလုံးအတွက် လုံလောက်တဲ့ ကာကွယ်ဆေးများ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးရရှိတာနဲ့ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေတဲ့ စေတနာ့ဝန်ထမ်းများကို ဦးစွာ ကာကွယ်ဆေးထိုးပေးပါလိမ့်မယ်။ သက်ပြီးရွယ်အိုဖြစ်တဲ့ နိုင်ငံ့ ဝန်ကြီးချုပ်လည်း ဦးစွာဆေးထိုးမှု ခံယူမှာဖြစ်ကြောင်း သိရပါတယ်။

စင်ကာပူနိုင်ငံသားများနှင့် စင်ကာပူမှာ လက်ရှိနေထိုင်နေကြသူများအားလုံး (long-term residents) ကို အခမဲ့ ဆေးထိုးပေးမှာ ဖြစ်ပါတယ်။ ဒါဆို ဒီမှာအလုပ်လုပ်နေတဲ့ နိုင်ငံခြားသားများ အားလုံးလည်း ပြုံးပျော်နိုင်ကြပြီပေါ့။

Pfizer ကာကွယ်ဆေးဟာ အနုတ် ၇၀ ဒီဂရီ ဆဲလ်ဆီးယပ်အောက်မှာ သိုလှောင်ထားရမှာဖြစ်ပြီး လိုအပ်တဲ့ ပစ္စည်းများအတွက် စင်ကာပူဟာ အရန်သင့် အနေအထားဖြစ်နေပြီး စင်ကာပူမှတဆင့် တခြားသောနိုင်ငံများသို့လည်း ကာကွယ်ဆေး ဖြန့်ဖြူးပေးသွားဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က အများပြည်သူကို ပြောကြားသွားခဲ့ပါတယ်။

စင်ကာပူဟာ ကာကွယ်ဆေးများ တဆင့်ခံ သိမ်းဆည်းသိုလှောင်၊ ကုန်သွယ်မှုပြုရာနေရာတစ်ခုဖြစ်လာမှာဖြစ်ပြီး စီးပွားရေး အမြန်ဆုံး ပြန်လည် ဦးမော့လာနိုင်လိမ့်မယ်လို့ သုံးသပ်မိပါတယ်။

ဒီသတင်းကြားရတာ အားလုံးလည်း ပျော်ရွှင်နေကြမယ်လို့ မျှော်လင့်ပါတယ်။

ကိုးကား - စီအန်အေ

14/12/2020

✈️✈️✈️✈️

👉👉ပြည်တွင်းလေကြောင်းခရီးစဉ်များတွင် လေယာဉ်စီး ခရီးသည်များ လိုက်နာဆောင်ရွက်ရန်

လေယာဉ်ထွက်ခွာ/ ဆိုက်ရောက်မည့် မြို့နယ်များ၏ Stay at Home သတ်မှတ်ချက်ပေါ် မူတည်ကာ လိုက်ပါမည့် ခရီးသည်များလိုက်နာဆောင်ရွက်ရမည့် COVID- 19 ရောဂါ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုနှင့် အသွားအလာ ကန့်သတ်ခြင်း

(က) ခရီးစဉ်စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း Rapid Antigen Diagnostic Test (NDT)ဖြင့်စစ်ဆေးထားသည့် coVID-19 ရောဂါပိုးမရှိကြောင်းဓါတ်ခွဲစမ်းသပ်ချက်ကို Check-inဝင်သည့်အချိန်၌ တင်ပြနိုင်ရမည်။

(ခ) Check-in ဝင်သည့်အချိန်တွင် မိမိနေရပ်လိပ်စာဖြည့်စွက် ရာတွင် ဆိုက်ရောက်သည့်မြို့၌ တည်းခိုမည့်နေရာကို တိကျမှန်ကန်စွာ ဖြည့်စွက်ရမည်။

(ဂ) Stay-at-Home ဒေသမှ လာသောခရီးသည်များအနေဖြင့် Non-Stay-at-Home ဒေသသို့ရောက်ရှိပါက Facility Quarantine(သို့မဟုတ်)Hotel Quarantine ဝင်ရမည်။ ရောက်ရှိသည့်နေ့၌ Facility Quarantine မလုံလောက်ပါက Hotel Quarantine ကိုမိမိစရိတ်ဖြင့်ဝင်ရောက်ရမည်။ Quarantine ဝင်ရောက်ပြီး ၃ ရက်မြောက်နေ့တွင် RT-PCR Testကိုမိမိစရိတ်ဖြင့်စစ်ဆေး၍ ရောဂါပိုးမတွေ့ရှိပါက Quarantine မှထွက်နိုင်သည်။ RT.PCR Test ဖြင့် စစ်ဆေးနိုင်ခြင်းမရှိဘဲ Rapid Antigen Diagnostic Test (NDT) ဖြင့်သာစစ်ဆေးပါက Quarantine ကို (၇) ရက်အကြာဝင်ရမည်။

စစ်ဆေးမှုစရိတ်များကိုအောက်ပါအတိုင်း မိမိစရိတ်ဖြင့်ပေးချေရမည်။

စစ်ဆေးမှုအမျိုးအစား

Reverse Transcriptase Polymerase Chain Reaction
Test (RT-PCR)တစ်ကြိမ်ဈေးနှုန်း ၃၅,၀၀၀ ကျပ်

Rapid Antigen Diagnostic Test
(RDT)တစ်ကြိမ်ဈေးနှုန်း ၁၀,၀၀၀ ကျပ်

(ဃ) Stay-at-Home ဒေသမှလာသောခရီးသည်များအနေဖြင့် အခြား Stay-at-Homeဒေသသို့ သွားပါက ခရီးစဉ် စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း Rapid Antigen Diagnostic Test (NDT) ဖြင့်စစ်ဆေးထားပြီးဖြစ်သဖြင့် Quarantine ဝင်ရန်မလို။

(c) Non-Stay-at-Homeဒေသမှ လာသောခရီးသည်
များအနေဖြင့် မည်သည့်ဒေသသို့ပင်သွား စေကာမူခရီးစဉ် စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း Rapid AntigenDiagnostic Test (RDT)ဖြင့်စစ်ဆေးထားပြီးဖြစ်သဖြင့် Quarantine ဝင်ရန်မလို။

(စ) သက်ဆိုင်ရာမြို့သို့ လေယာဉ်ဆိုက်ရောက်ပါက
ဒေသအာဏာပိုင်များ၏ ကျန်းမာရေးစစ်ဆေးမှုများနှင့် လိုအပ်သော အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ်
များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်။

(ဆ) ခရီးသည်များ အနေဖြင့် COVID-19 သံသယဖြစ်
ဖွယ် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ရုတ်တရက် အနံ့ အရသာပျောက်ဆုံးခြင်း အစရှိသည့် ရောဂါလက္ခဏာများ အလုံးစုံကင်းစင်မှသာ သတ်မှတ် ခရီးစဉ်တွင်လိုက်ပါရမည်။

(သက်ဆိုင်ရာမြို့သို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသအာဏာပိုင် များ၏ ကျန်းမာရေးစစ်ဆေးမှုများနှင့် လိုအပ်သော အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ်များအား မဖြစ်မနေ လိုက်နာ ဆောင်ရွက်ရန်၊)

မှတ်ချက်။ ။Quarantine ဆိုင်ရာသတ်မှတ်ချက်များသည် ပြောင်းလဲလာသည့်အခြေအနေအချိန်အခါ
(Changing Epidemiological Situation) ပေါ်မူတည်၍ပြောင်းလဲမှုများရှိနိုင်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

𝐌𝐍𝐀 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐫𝐞𝐬𝐮𝐦𝐞 𝐨𝐧 𝟏𝟔 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟎 ✈️🇲🇲 မြန်မာအမျိုးသားလေကြောင်း​၏ ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ ခုနှစ်၊ ဒီဇ...
13/12/2020

𝐌𝐍𝐀 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐫𝐞𝐬𝐮𝐦𝐞 𝐨𝐧 𝟏𝟔 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟎 ✈️🇲🇲

မြန်မာအမျိုးသားလေကြောင်း​၏ ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

ဒီဇင်ဘာလအတွင်း ပျံသန်းပြေးဆွဲမည့် ခရီးစဉ်နှင့် ရက်များကိုပုံတွင် ဇယားနှင့်ဖော်ပြပေးထားပြီး မိမိသွားလိုသော ခရီးစဉ်​၏ အချိန်ဇယားများ

[English]

We are happy to announce that our domestic flights will resume on 16 December 2020!

The routes, in accordance with their dates, are listed in the image below, and you may find available flight time here:

𝑆𝑡𝑎𝑟𝑡 𝑦𝑜𝑢𝑟 𝐽𝑜𝑢𝑟𝑛𝑒𝑦 𝑜𝑓 𝑎 𝐿𝑖𝑓𝑒𝑡𝑖𝑚𝑒 𝑤𝑖𝑡ℎ 𝑢𝑠! ✈️🇲🇲

"ကြိုးစားနေတဲ့ "  🙇    အချိန်မှာ သည်းခံပါ။🙇 "ကျရူံးနေတဲ့ "      👷    အချိန်မှာ ရဲရင့်ပါ။🧑‍🏫 "အောင်မြင်နေတဲ့ " 🙋 အချိန်မှ...
01/12/2020

"ကြိုးစားနေတဲ့ " 🙇 အချိန်မှာ သည်းခံပါ။🙇

"ကျရူံးနေတဲ့ " 👷 အချိန်မှာ ရဲရင့်ပါ။🧑‍🏫

"အောင်မြင်နေတဲ့ " 🙋 အချိန်မှာ တည်ငြိမ်ပါ။🙋

🧑‍🏫🧑‍🎓သင်ကြိုးစားနေတာလား🧑‍🎓👷🧑‍🏫

ဒါဆို သည်းခံလိုက်ပါ။
ကြိုးစားနေတဲ့သူတွေကို တိုက်ခိုက်နေတဲ့
မကောင်းဆိုးဝါးဆိုတာ နေရာတိုင်းမှာ ရှိကြတယ်။

ထိုသူတွေနဲ့ ယှဉ်ပြီး မတိုက်ခိုက်ပါနဲ့
ကိုယ်သွားမယ့် လမ်းကြောင်းတွေ
လွဲသွားတတ်ပါတယ်။

မကောင်းတဲ့ သူတွေက မကောင်းတဲ့
လမ်းကြောင်းအတိုင်း ဆက်သွားပါလိမ့်မယ်။

ဒါသင်သွားမယ့် လမ်းကြောင်းက အမှိုက်တွေပါ
အမှိုက်ကောက်ရမှာ သင့်အလုပ်မဟုတ်ဘူး။

သည်းခံခြင်းသည် အောင်မြင်ခြင်းရဲ့ နိဒါန်းပါ
သင့် အခက်ခဲတွေကို အလှဆုံး
အပြုံးနဲ့ ရင်ဆိုင်ပြီး ဆက်ကြိုးစားပါ။
အောင်မြင်မှုက ကြိုးစားနေသူတွေအတွက်
လက်တကမ်းမှာပါ။

လောကဓံကို ရင်ဆိုင်နေရတဲ့ လူသားခြင်း
စာနာစိတ်နဲ့ အကောင်းမြင်ပေးပါ။

နေရာတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။
စိတ်ထားကောင်းကောင်းထားပြီး သည်းခံရင်း ကြိုးစားပါ။

🙇🤦သင် ကျရူံးနေလား🙇🤦

ဒါဆို ရဲရင့်ပြလိုက်စမ်းပါ
လှောင်ပြောင်ရယ်မော တိုက်ခိုက်နေတဲ့
အတုအယောင်တွေ ကြားထဲမှာ
ခြင်္သေ့ တစ်ကောင်အသွင်နဲ့
ရဲရင့်ပြလိုက်စမ်းပါ။

လူဆိုတာ ကိုယ်ထက်သာ
မနာလို တာ သဘာဝပါ။
သူတို့ထက် ညံ့ခဲ့ရင်တော့
ကဲ့ရဲ့ ပြီပေါ့။

ဒါပေမယ့် သူတို့ထက် အဆပေါင်းများစွာ
သာတဲ့သူတွေကိုတော့ အားကျ အတုယူတက်ကြတယ်။
ဒီသဘာဝလည်း သင်နားလည်ထားပါ။

နေပူပြီးရင် နေရိပ်လာတဲ့ အချိန်ရှိသလို
မုန်တိုင်းပြီးလဲ လေပြေလာစမြဲပါ။
ဒါဆို သေချာတယ်။

ကျရူံးချိန်တွေ ပြီးရင်
မလွဲမသွေ လာမှာ အောင်မြင်မှုပါ။
ဒီအောင်မြင်မှုကို သင့်ရဲ့ ရဲရင့်တဲ့
အပြုံးတစ်ပွင့်နဲ့ ကြိုဆိုရမှာပါ။

"ဆင်" ဖမ်းဖို့သွားတဲ့ လူတစ်ယောက်က
လမ်းမှာ ဟောင်နေတဲ့ "ခွေး" တွေကို ခဲနဲ့ပစ်နေရင်
"ဆင်" ရဖို့အချိန် နှောက်နှေးသွားပါလိမ့်မယ်။

ဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို
အောင်မြင်မှုအတွက်ပဲ အချိန်ကုန်ခံပါ။

အရည်အသွေး နိမ့်တဲ့သူတွေကြောင့် ခေါင်းကိုက်မခံနဲ့။

သင့်ရဲ့ ကျရူံးမှုတွေကို ရဲရင့်မှုတွေနဲ့ စိန်ခေါ်ပါ။
ဒါဆို စိန်ခေါ်မှုတွေများတဲ့ လောကကြီးကို
သင် ကောင်းကောင်း ရင်ဆိုင်သွားနိုင်မှာပါ။

🙋🏌️သင် အောင်မြင်နေပြီလား🗼🏫

ဒါဆို တည်ငြိမ်နေလိုက်ပါ။
လုံလောက်တဲ့ ရင်ကျက်မှုရှိတဲ့ လူတိုင်းက
ကိစ္စတိုင်းကို ထည့်တွက်မနေတော့ပါဘူး။

Credit ✍️✍️✍️
ရေးသားသူအားလေးစားလျက်

Ah Lum Hpakawn
Yangon, Sanchaung
December 1,2020(11:00 AM)

🌐 🌐🌐🌐🌐🌐🌐အိုင်ဖုန်းတီထွင်သူ Steve Jobs ဆုံးတော့ ဒေါ်လာသန်းပေါင်း ၇၀၀၀ လောက်အမွေကျန်ခဲ့တယ်သူက 56 နှစ်မှာ ပန်ကရိယ ကင်ဆာနဲ့ ...
15/11/2020

🌐 🌐🌐🌐🌐🌐🌐

အိုင်ဖုန်းတီထွင်သူ Steve Jobs ဆုံးတော့ ဒေါ်လာသန်းပေါင်း ၇၀၀၀ လောက်အမွေကျန်ခဲ့တယ်
သူက 56 နှစ်မှာ ပန်ကရိယ ကင်ဆာနဲ့ ဆုံးခဲ့တယ်

သူမဆုံးခင်မှာ ပြောခဲ့တဲ့ စကားတချို့က တော်တော်ကောင်းတယ်

"အခုချိန်မှာ ဖျားနာလို့ အိပ်ယာထဲလဲနေချိန် ငါ့ဘ၀ကို ပြန်လည်တွေးမိပြီး သဘောပေါက်ခဲ့တဲ့အရာတွေက
ငါ့မှာ ရှိတဲ့ အောင်မြင်မှုတွေ ချမ်းသာကြွယ်၀မှုတွေက ငါအသက်မရှိတော့တဲ့အခါ အဓိပ္ပါယ်မဲ့သွားမှာပဲ"
"မင်းအတွက် car မောင်းပေးဖို့ car driver ငှားပေးလို့ရပေမယ့်
ရောဂါကျတော့ ဝေဒနာအစားထိုးခံပေးဖို့ လူငှားလို့မရဘူး
အရာဝတ္ထု ပစ္စည်းဥစ္စာတွေကပျောက်သွားရင် ပြန်ရှာလို့ ရနိုင်ပေမယ့်
အသက်ပျောက်သွားတဲ့အခါ ဘယ်တော့မှ ရှာမတွေ့တော့ဘူး"

"ဒါကြောင့် ကိုယ့်ကျန်းမာရေး ကိုယ်ကိုတိုင် ကရုစိုက်ပါ
မင်းကိုချစ်တဲ့လူတွေကို အလေးထားဆက်ဆံပါ
$30 တန်နာရီပဲဖြစ်ဖြစ် ၊ $300 တန်နာရီပဲဖြစ်ဖြစ် အဲ့နာရီ ၂ ခုလုံးက မင်းသိချင်တဲ့ အချိန်တစ်ခုတည်းကိုပဲ တူညီစွာပြသပေးမှာပါ"

"$150,000 တန်ကားကိုပဲမောင်းမောင်း ၊ $3000တန် ကားကိုပဲမောင်းမောင်း တူညီတဲ့လမ်း တူညီတဲ့ခရီးအကွာအဝေးနဲ့ သင်သွားချင်‌တဲ့နေရာကို အတူတူပဲပို့ပေးမှာပါ"

"$300 တန် wine ပဲသောက်သောက် $10 တန် wine ပဲသောက်‌သောက် မူးတာကတော့ အတူတူပဲဖြစ်နေမှာ"

" $300 တန် ပိုက်ဆံအိတ်ပဲကိုင်ကိုင် $30 တန် ပိုက်ဆံအိတ်ပဲကိုင်ကိုင် အိတ်ထဲက ပိုက်ဆံ amount က ပြောင်းသွားမှာမဟုတ်ဘူး"

"300 sqm ကျယ်တဲ့အိမ်မှာပဲနေနေ 3000 sqm လောက်ကျယ်တဲ့အိမ်မှာပဲနေနေ အထီးကျန်တဲ့လူက အထီးကျန်နေမှာပဲ"

"First class မှာပဲ လေယာဉ်စီးစီး
Eco class မှာပဲ လေယာဉ်စီးစီး လေယာဉ်ပျက်ကျရင်တော့ မင်းလည်းသေရမှာပဲ"

"မင်းနားလည်ဖို့ ငါမျှော်လင့်တာက ပျော်ရွှင်မှုအစစ်ဆိုတာကို ကမ္ဘာပေါ်မှာရှိတဲ့ အရာဝတ္ထု ပစ္စည်းဥစ္စာ တွေကနေ ရှာလို့ မရနိုင်ဘူးဆိုတာပဲ
ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ
မင်းချစ်တဲ့ တစ်စုံတစ်ယောက်နဲ့ ဒါမှမဟုတ် ညီအစ်ကို မောင်နှမနဲ့ ဒါမှမဟုတ် သူငယ်ချင်းနဲ့ သီချင်းတွေဆိုမယ် ရယ်မောပျော်ရွှင်ပြီး စကားတွေ ပြောနေရတာကို ဆိုလိုတာပါ"

နောက်ပြောချင်တာက
"ကလေးတွေကို ဘယ်လို ချမ်းသာအောင်လုပ်မလဲလို့ မသင်ပါနဲ့
ဘယ်လို ပျော်ရွှင်အောင်နေထိုင်ရမလဲဆိုတာကို သင်ပါ
ဒါဆို သူတို့အရွယ်ရောက်ရင် အရာဝတ္ထု ပစ္စည်းဥစ္စာ‌တွေရဲ့ တန်ဖိုးကို နားလည်လာလိမ့်မယ် တန်ဖိုးထားတတ်လာလိမ့်မယ်
တန်ဖိုးဆိုတာ price ဆိုတဲ့ ဈေးနှုန်းကို ဆိုလိုတာမဟုတ်ဘူးနော်"

"အစား‌အသောက်ကို ဆေးလိုစားပါ မဟုတ်ရင်တော့
ဆေးကို အစားအသောက်လို စားနေရလိမ့်မယ်"
🍓🍒🍎🍉🍊🥭🍍🥕🥝🍅🌽🥦🥒🍇🍌

လူဖြစ်တာ(human being)နဲ့ လူသားဆန်ဆန်ပြုမှုနေထိုင်တာ(being human) က အများကြီးကွာခြားမှုရှိတယ် အဲ့ဒါကို လူအနည်းငယ်လောက်ပဲနားလည်ကြတယ်

မင်းကို မွေးတုန်းက လူတွေက ချစ်ကြတယ်
မင်းသေသွားတဲ့အခါမှာလည်း လူတွေချစ်အောင်လုပ်ရမယ်
အဲ့ 2 ခုကို မသေခင် အကောင်းဆုံး ထိန်းထားနိုင်ရမယ်

"မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားပါ🧑‍🦯🧑‍🦯

ဝေးဝေးကို သွားချင်ရင်တော့ ၂ ယောက်အတူတကွသွားပါ"👬👭

"ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆရာ၀န် ၆ ယောက်ကတော့
၁၊၊ နေရောင်ခြည်🌅☀️🌅☀️
၂၊၊ အနားယူခြင်း🧑‍🦼🧑‍🦼🧑‍🦼
၃၊၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း🤸🏋️⛹️🏌️
၄၊၊ အစားအသောက်ကို ချင့်ချိန်စားသောက်ခြင်း🥤🍜
၅၊၊ မိမိကိုယ်ကို ယုံကြည်မှု🙋💁
၆၊၊ အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း👬👪🧑‍🤝‍🧑💑

အဲ့ဆရာ၀န်တွေကို အသက်ရှိစဉ် ခေါင်းထဲမှာအမြဲထည့်ထားပြီး ကျန်းမာအောင်နေထိုင်ပါ"

"အချိန်ကျရင်တော့ ငါတို့ဟာ ကန့်လန့်ကာချပြီး နှုတ်ဆက်ထွက်ခွာရမှာပါ
အဲ့ဒါကြောင့် အသက်ရှိနေစဉ် သင့်မိသားစုကို ချစ်ပါ
သူငယ်ချင်းတွေကို ချစ်ပါ သင့်ရဲ့ ဘ၀လက်တွဲဖော်ကိုချစ်ပါ သင့်‌အပေါ်ကောင်းဖူးတဲ့လူတွေကို ချစ်ပါ"

Credit : Steve Jobs
Translated by Joymaker

Reading 📖📖📖 2:15 PM
November 15,2020.(Sunday)
Sanchung,Yangon.
Ah Lum.

အနာဂတ်အတွက်....ဘယ်လိုလုပ်မလဲ⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳လူတယောက်အနေနဲ့ ခနွာကိုယ်တခုရလာရင် မျက်ရည်တွေ အပြုံးတွေ အမုန်းတွေ အချစ်တွေအလွမ်းတ...
05/11/2020

အနာဂတ်အတွက်....ဘယ်လိုလုပ်မလဲ
⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳⛳

လူတယောက်အနေနဲ့ ခနွာကိုယ်တခုရလာရင် မျက်ရည်တွေ အပြုံးတွေ အမုန်းတွေ အချစ်တွေအလွမ်းတွေ ရလာကြတယ်...။
လူတယောက်အနေနဲ့ခနွာကိုယ် တခုရလာရင်လောဘတွေ(အလိုရမက်) ဒေါသတွေ(သည်းခံနိုင်ခြင်းမရှိ) မောဟတွေ
(အမှားအမှန်ခွဲခြားမူမရှိ) ဖြစ်လာကြတယ် လူရယ်ဖြစ်လာရင် တွေးတောဆင်ခြင်မူတွေ ဝေဖန်ထောက်ဆမူတွေရှိသင့်တယ်

ဒါကြောင့်အသက်နဲ့ခနွာကိုယ်တည်သရွေ့ အောက်မကျ နောက်မကျ ပဲမျော်လင့်ချက်ရောင်ခြည်ကိုတူးဖေါ်နေရမယ်။

⛳"အနိုင်ယူဖို့ပါ" အသက်နဲ့ခန္ဓာတည်နေသရွေ့ မျော်လင့်ချက်ရှိနေရမယ် ... ဘဝဆိုတာ အရှုံးပေးဖို့ မဟုတ်ဘူး အနိုင်ယူဖို့ပါ။..........။

⛳"သိက္ခာကျတယ်" မရှိရင်တောင်းစားပါ ခိုးမစားပါနဲ့ ... တောင်းစားတာက သိက္ခာမကျဘူး ခိုးစားတာက သိက္ခာကျတယ်.............။

⛳"စဉ်းစားပါ" သူတစ်ပါးတွေက ကိုယ်အတွက် ဘာလုပ်ပေးနိုင်မယ်ဆိုတာကိုမျှော်မနေပါနဲ့ ... ကိုယ်ကသာသူများတွေအတွက်------
ဘာလုပ်ပေးနိုင်မယ်ဆိုတာကိုသာ စဉ်းစားထားပါ ....

⛳ရှိပါစေ'သဘာဝကပေးလာတဲ့ အကောင်းအဆိုးလက်ဆောင်တွေကို------မမှိတ်မသုန် လက်ခံနိုင်တဲ့ နှလုံးသားရှိပါစေ ....

⛳"ကောင်းအောင်နေ သညာခေတ်ကြီးလား တဏှာခေတ်ကြီးလား .?ဘာခေတ်ကြီးပဲဖြစ်ဖြစ် အရေးကြီးတာကမင်းကောင်းအောင်နေပါ

⛳"ရပ်တည်ပါ" လူယုတ်မာတွေများတဲ့ လောကမှာလူကောင်း---တစ်ယောက်အဖြစ် ရပ်တည်ပါ ...သူတစ်ပါးသားမယားစော်ကားမှ လူယုတ်မာ မဟုတ်ဘူး. ကျေးဇူးတရားကို မသိတတ်သူကျေးဇူးကန်းသူတွေဟာလည်း လူယုတ်မာပဲ ။

⛳"ငြိမ်းချမ်းသူ" မေတ္တာဆိုတာ ယူသွားတဲ့လူတော့မသိဘူး ပေးနေတဲ့ လူကတော့အင်မတန်ကိုငြိမ်းချမ်းတယ် ...

⛳"ပညာမဲ့သူ" လောကမှာ ပညာမဲ့သူတွေဟာ အင်မတန် အငြင်းအခုန် သန်ကြတယ် ... တယူသန် .တဇွတ် ထိုးငြင်းခုန်နေတဲ့ သူဆိုရင် ပညာမဲ့သူလို့လွယ်လင့်တကူ သိနိုင်တယ်..။

⛳. "ရှာဖွေပါ" စစ်မှန်တဲ့ ပျော်ရွှင်မူနဲ့ ငြိမ်းချမ်း.......သာယာမူဆိုတာ ငွေနဲ့ဝယ်ယူလို့မရပါဘူး မွန်မြတ်တဲ့အသိပညာတွေနဲ့ပဲ ရှာဖွေယူရတာပါ ....။

(လိုအပ်ချက်) လျှမ်းလျှမ်းတောက်အောင်မြင်လို့ ဟိုးလေးတကျော်ကျော် ဖြစ်နေတဲ့ သူတွေကိုလည်းတဆိတ်လောက် မေးကြည့်ပါ လိုအပ်ချက်တစ်ခုတော့ရှိနေတယ်လိုချင်တောင်းတမူ တွေရှိနေသေးသရွေ့ လိုအပ်ချက်ဆိုတာရှိနေအုံးမှာပါ ..။

(ပညာမဲ့နဲ့ပညာရှိ) ပညာမဲ့တဲ့ သူတွေဟာ အချိန်ပြည့်ရုပ်လှဖို့ပဲကြိုးစားနေကြတယ် ပညာအသင့်တင့်ရှိတဲ့သူက တော့
စိတ်လှဖို့ပဲ အချိန်ပြည့်ကြိုးစားတယ် ပညာအရှိဆုံးလူကတော့စိတ်ရော ရုပ်ရောဖြစ်တည်စေတဲ့ အကြောင်းတရားတွေကို အဆုံးသတ်ပစ်ဖို့ပဲ အချိန်ပြည့် ကြိုးစားနေတော့တယ် ..................။

❤️(မေတ္တာတရား)သူတစ်ပါးအကျိုးကိုအလိုမရှိရင် ကိုယ့်ဘဝအတွက်လည်း မွန်မြတ်တဲ့ကောင်းကျိုး ချမ်းသာမူတွေ
ရှိလာမှာမဟုတ်ဘူးဒါကြောင့် ...တစ်ဦးအပေါ်တစ်ဦး အကျိုးလိုလားတဲ့ မေတ္တာတရားနဲ့ဆက်ဆံပါ။

🙏(ကျေးဇူးတင်ပါ) အပေါ်ကိုမြောက်မတက်သွားအောင်ဆွဲထားပေးတဲ့ ကမ္ဘာမြေကြီးရဲ့ဆွဲအားကိုကျေးဇူးတင်ပါ " ကျေးဇူးသိတတ်မှသာ အောက်ခြေမလွတ်မှာလေ။

(များခဲ့ပြီ) သဘာဝတရားရဲ့မပြည်စုံတဲ့ ရုပ်ပြ တစ်ခုအဖြစ်ရှင်သန်နေခဲ့ရတဲ့ ဘဝတွေက များခဲ့ပြီ"လေ။

(ဖြတ်သန်းလိုက်) ဘဝဆိုတာ မျော်လင့်ထားတဲ့အရာတွေထက်မမျော်လင့်ထားတဲ့အရာတွေက ပိုပြီးဖြစ်လာ
တတ်ပါတယ် .. သဘာဝကျကျဖြတ်သန်းလိုက်ပါ...

(သိအောင်လုပ်) ဘဝက အဉာဏ(ညာဏ်မရှိသူ)တွေများလေလေဆင်းရဲလေလေပဲ .. ချမ်းသာချင်လား...သိအောင်လုပ်ပါ.. သဘာဝအရှိကိုအရှိအတိုင်းလက်ခံနိုင်ဖို့ အမှန်တရားကို အမှန်တိုင်းသိမြင်နိုင်ဖို့ပါ

🙋(ရိုးသားမူနဲ့စတိုင်ထုတ်ပါ တန်ဖိုးကြီးတဲ့အကောင်းစား အဝတ်တွေ ဖိနပ်တွေ ဝယ်စီးနိုင်မှ ဂုဏ်မြင့်သွားမှာမဟုတ်ဘူး.သင့်တင့်တဲ့ အဝတ်အစားနဲ့ပဲ ရိုးရိုးသားသားနေတတ်မယ်ဆိုရင် ဂုဏ်ကမြင့်နေပါပြီ။

Credit to✍️✍️: Original Writer

Address


Telephone

+959400020326

Website

Alerts

Be the first to know and let us send you an email when Travelog Ah Lum posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share