Golden Dragon Travels & Tours

Golden Dragon Travels & Tours ကျိုက်ထီးရိုး၊ ချောင်းသာ၊ ငွေဆောင်
? ကျိုက်ထီးရိုး၊ ချောင်းသာ၊ ငွေဆောင်
ကားလက်မှတ်များကို ဝယ်ယူနိုင်ပါတယ်။
(19)

နှစ်သစ်မရောက်ခင် စလုပ်လို့ရမယ့်ကံဇာတာမြင့်စေမယ့် အလှူ ( ၇ ) မျိုး⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️   မြတ်စွာဘုရား ရှိစဉ်အခါကသူဆင်...
02/12/2024

နှစ်သစ်မရောက်ခင် စလုပ်လို့ရမယ့်
ကံဇာတာမြင့်စေမယ့် အလှူ ( ၇ ) မျိုး
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

မြတ်စွာဘုရား ရှိစဉ်အခါက
သူဆင်းရဲတစ်ယောက်ကဘုရားရှင်အား
ဤသို့ လျောက်ထား၏။

"ဘုန်းတော်ကြီးသော မြတ်စွာဘုရား
တပည့်တော်သည်
လူမှုရေး၌ လည်းကောင်း၊
စီးပွားရေး၌ လည်းကောင်း၊
မိသားစုအရေး၌ လည်းကောင်း၊
ဘာလုပ်လုပ် အဆင်မပြေဖြစ်တာ
ကံနိမ့်နေပါတယ် ဘုရား။
အဘယ်အကြောင်းကြောင့်
ဤသို့ ကံနိမ့်နေရပါသလဲဘုရား။ 🙏🏻”

ဘုရားရှင်က

" ချစ်သားသည်
မပေး မလှူခဲ့လို့
အခုလို ဘာလုပ်လုပ်
အဆင်မပြေ ဖြစ်နေရခြင်း
ဖြစ်ပါတယ်။"

" တပည့်တော်က
ဆင်းရဲနွမ်းပါးသူ တစ်ယောက်ပါ ဘုရား။"

" သူဆင်းရဲတွေလည်း
လှူနိုင်တဲ့ အလှူရှိပါတယ်ချစ်သား"

"ဟောကြားပေးတော်မူပါ ဘုရား။"

" နားထောင်လော့ချစ်သား "

ချမ်းသာသူသာ မက
သူဆင်းရဲများပါ
လှူနိုင်တဲ့ အလှူ ( ၇ ) မျိုး ရှိပေသည်။

1️⃣ မျက်နှာ ဟန်အမူအရာဖြင့်
အလှူ ဒါနပြုခြင်း။
အပြုံးဖြင့် ဖော်ရွေစွာ ဆက်ဆံပါ။

2️⃣ နှုတ်ဖြင့် အလှူ ဒါနပြုခြင်း

အားပေးစကား၊ နှစ်သိမ့်စကား၊
ချီးကျူး စကား ၊ ညှာတာစကား၊
နွေးထွေးသော စကားများ
ပြောဆိုခြင်း ဟာ
နှုတ်ဖြင့် အလှူဒါန ပြုတာပါပဲ။


3️⃣ စိတ်ဖြင့် အလှူ ဒါနပြုခြင်း

စိတ်တံခါးကို ဖွင့်၍ ဖြူစင်သော
စိတ်ထားဖြင့် သူတစ်ပါးကို
ပွင့်လင်း ရိုးသားစွာ ဆက်ဆံပါ။

( ၃၁ )ဘုံ အတွင်းမှာ ရှိတဲ့ ဗြဟ္မာ နတ်
လူ သတ္တဝါတွေကို မေတ္တာပို့တာ
မေတ္တာသုတ် ရွတ်တာမျိုး။


4️⃣ အမြင်ဖြင့် အလှူ ဒါနပြုခြင်း
ကောင်းသောစေတနာ
ကောင်းသော အမြင်ဖြင့်
သူတပါး ၏ ကောင်းကွက် များကို
ကြည့်ပေးပါ။

5️⃣ ကာယ လုပ်အားဖြင့်
အလှူဒါန ပြုခြင်း

ကိုယ် နိုင်နင်းသော လုပ်ဆောင်
ပေးမှုဖြင့် သူတစ်ပါးကို ကူညီပါ။

6️⃣ နေရာထိုင်ခင်း အလှူ ဒါနပြုခြင်း

လှေစီး၊ ကားစီးသည့် အခါ
မိမိ ထိုင်ခုံ နေရာကို အိုမင်း မစွမ်းသူ၊
ကိုယ်ဝန်ရှိသူ နှင့် ကလေးငယ် တို့အား
မိမိ၏ ထိုင်ခုံ နေရာကို ထိုင်စေပါ။

7️⃣ နေအိမ် အလှူ ဒါနပြုခြင်း

မိမိ၏ အိမ်နေရာကို သူတပါးတို့
အနားယူရန် ပေးကမ်းပါ။

ထိုသို့လှူသော အကျင့်ကောင်းရှိသူ၏
နောက်သို့ အောင်မြင်ခြင်းသည်
ထပ်ကြပ်မကွာ လိုက်လာလိမ့်မည် ဟု
ဟောကြားတော် မူခဲ့လေသတည်း။

ကံဇာတာ မြင့်စေသော အလှူ ( ၇ ) မျိုး
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

1️⃣ ပြုံးရွှင်သော မျက်နှာ

2️⃣ ချိုသာသော စကား

3️⃣ ဖြူစင်သော စိတ်ထား

4️⃣ ကောင်းကွက်ကို ကြည့်ပေးခြင်း

5️⃣ ကာယဖြင့် ကူညီခြင်း

6️⃣ ကြုံလျှင် မိမိထိုင်ခုံနေရာ ပေးခြင်း

7️⃣ မိမိအိမ်၌ ခေတ္တတည်းခိုခွင့် ပေးခြင်း
ပြုပေးလျှင် ကံဇာတာ
မြင့်တက်လာပါမည်။

ဒါန ကုသိုလ်က သံသရာ အထိ
အကျိုး ပေးပါတယ်။

ဒီ (၇) ခုက နှစ်သစ််ကို ပြင်ဆင်ရင်း
ဘာအရင်းအနှီးမှ မရှိဘဲ စလုပ်နိုင်တဲ့ အလှူလေးတွေပါ။

Credit

နတ်ကောင်း နတ်မြတ်တွေက သာဓုခေါ်တဲ့ အချိန် ၃ ချိန်ရှိပါသတဲ့။၁။ လူတွေ တရားအားထုတ်ဖို့ စိတ်ကူးကြတဲ့၊ ပြင်ဆင်ကြတဲ့ အချိန်ရယ်၂...
01/12/2024

နတ်ကောင်း နတ်မြတ်တွေက
သာဓုခေါ်တဲ့ အချိန် ၃ ချိန်ရှိပါသတဲ့။

၁။ လူတွေ တရားအားထုတ်ဖို့
စိတ်ကူးကြတဲ့၊ ပြင်ဆင်ကြတဲ့ အချိန်ရယ်

၂။ တရားအားထုတ်တော့
ကိလေသာနဲ့ တိုက်နေကြတဲ့ အချိန်ရယ်

၃။ တရားရသွားလို့
အရိယာဖြစ်သွားတဲ့ အချိန်ရယ်ပါတဲ့ဗျာ

အဲသလို နတ်ကောင်း နတ်မြတ်တွေက
လူ့ပြည်ကို ကြည့်နေတာပါတဲ့နော်

ဒါပေမယ့် တရား အားမထုတ်မှီမှာ
လုပ်ရမယ့် ပုဗ္ဗကိစ္စ ၅ ပါး လုပ်ကြရပါမယ်။

(၁) မြတ်စွာဘုရားရှင်အား တရားအားထုတ်သူရဲ့
ခန္ဓာ ၅ ပါးကို အပ်နှင်း လှူဒါန်းခြင်း

(၂) ခင်ပွန်းကြီး ၁၀ ပါးတို့အပေါ်
ပြစ်မှားမိခဲ့သည်များကို ခင်ပွန်းကြီးတို့ရဲ့
အထွဋ်အထိပ်ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်ထံ
ဝန်ချတောင်းပန် ရှိခိုးကန်တော့ခြင်း

(၃) အမျှဝေခြင်း၊ မေတ္တာပို့သခြင်း

(၄) သံသရာတလျှောက်လုံး ပြုခဲ့သမျှ
ကုသိုလ်အပေါင်းတို့ကို မဂ်ဖိုလ်ရခြင်းအလို့ငှာသာ
အဓိဌာန်ပြုခြင်း

(၅) ငါသည် ဤဖောက်ပြန် ပျက်စီး စက်ဆုပ်
ရွံ့ရှာဖွယ် ခန္ဓာကြီး ပျက်သုန်းပြီး သေခြင်းသို့
မရောက်မှီ ဤတရားကို ရိုရိုသေသေ
လေးလေးစားစား မြတ်မြတ်နိုးနိုးဖြင့်
လေးနက် ယုံကြည်စွာ အားထုတ်ပါမည်ဟု
စိတ်အားထက်သန်မှုကို ပြုခြင်း

ဒီနေရာမှာ တရားအားထုတ်မယ့် နိဗ္ဗာန်သို့
သက်ဝင်မယ့်သူရဲ့ ရှိရမယ့်အကျင့်
မေတ္တာသုတ်လာ ကမ္မဌာ-နုပစာရဆိုတဲ့
ကမ္မဌာန်းရှေ့ပြေးအကျင့် (၁၅) ပါးဟာ
တရားအားထုတ်သူမှာ အမှန်တကယ်ရှိရမယ့်
အရည်အချင်း (၁၅) ပါးပါတဲ့ဗျာ

(၁) ဒီတရားကို အဟုတ်အားထုတ်နိုင်သူ ဖြစ်ရပါမယ်

(၂) ကိုယ်ရော စိတ်ပါ တရားနဲ့ပတ်သက်ပြီး
မလိမ်မညာဘဲ ဟန်မဆောင်ပဲ အမှန်အတိုင်း
အားထုတ်နိုင်သူ ဖြစ်ရပါမယ်

(၃) စိတ်ထဲမှာကိုက ရိုးသားဖြောင့်မတ်သူ
ဖြစ်ရပါမယ်

(၄) ပြောဆိုဆုံးမရင် နာခံလွယ်သူ
နားထောင်တတ်သူ ဖြစ်ရပါမယ်

(၅) ကိုယ်နှုတ်နှလုံး ၃ ပါးလုံး နူးညံ့ ပျော့ပျောင်း
သိမ်မွေ့ ယဉ်ကျေးသူ ဖြစ်ရပါမယ်

(၆) မာနမကြီး မောက်မာ ထောင်လွှား မရှိပဲ
နှိမ့်ချသူ ဖြစ်ရပါမယ်

(၇) ရသမျှ၊ ရှိသမျှနဲ့ ရောင့်ရဲ
တင်းတိမ်လွယ်သူ ဖြစ်ရပါမယ်

(၈) မွေးမြူရ လွယ်ကူသူ၊
စားဝတ်နေမှု ပြုစုစောင့်ရှောက်ရလွယ်သူ
ဇီဇာမကြောင်သူ ဖြစ်ရပါမယ်

(၉) ကြောင့်ကြ ဗျာပါရ တက်တဲ့
အလုပ်ပိုမရှိတဲ့ အမှုကိစ္စနည်းသူ ဖြစ်ရပါမယ်

(၁၀) အသုံးအဆောင် အဝတ်အထည် အပိုမရှိတဲ့
ပေါ့ပါးလွယ်ကူ မွေးမြူ နေထိုင်သူ ဖြစ်ရပါမယ်

(၁၁) ကောင်းဆိုး အာရုံတို့အပေါ်
အေးဆေးတည်ငြိမ်တဲ့ ကိုယ်နှုတ်အမူအရာ
ရှိသူ ဖြစ်ရပါမယ်

(၁၂) အရာရာ ချင့်ချိန် မြှော်မြင် ဆင်ခြင်
လုပ်ကိုင်နိုင်တဲ့ အသိဥာဏ် ရင့်ကျက်သူ ဖြစ်ရပါမယ်

(၁၃) ကိုယ်နှုတ်စိတ် ရိုင်းပျခြင်းမရှိပဲ
ယဉ်ကျေးလိမ်မာသူ ဖြစ်ရပါမယ်

(၁၄) မိသားစု ဆွေမျိုး မိတ်ဆွေတို့အပေါ်
အလွန်အမင်း မခင်တွယ်သူ၊
သံယောဇဉ် မကြီးသူ ဖြစ်ရပါမယ်

(၁၅) ပညာရှိ သူတော်ကောင်းတို့ ကဲ့ရဲ့
ရှုတ်ချစရာဆိုက မည်သို့ပင် သေးငယ်သော
မကောင်းမှုကိုမှ မကျူးလွန် မပြုလုပ်သောသူ
ဖြစ်ရပါမယ်တဲ့ဗျာ

နတ်တို့ရဲ့ ကြည့်ရှုစောင်မခြင်းကို ခံရပြီး
ဘေးရန်ကင်းစွာ တရားအားထုတ်နိုင်ကြပြီး
မဂ်ဖိုလ် ဆိုက်ကြပါစေဗျာ။

မောင်းထောင်မြေဇင်းတောရဆရာတော်ဘုရားကြီး

သူတော်ကောင်းနဲ့တွေ့ရင် ငါ သူ့လိုဖြစ်အောင် ...ကြိုးစားမယ်လို့ နှလုံးသွင်းပါ။သူယုတ်မာနဲ့တွေ့ရင် ငါ သူ့လိုမဖြစ်အောင် ...ကြိ...
29/11/2024

သူတော်ကောင်းနဲ့တွေ့ရင်
ငါ သူ့လိုဖြစ်အောင် ...
ကြိုးစားမယ်လို့ နှလုံးသွင်းပါ။

သူယုတ်မာနဲ့တွေ့ရင်
ငါ သူ့လိုမဖြစ်အောင် ...
ကြိုးစားမယ်လို့ နှလုံးသွင်းပါ။

အရှင်အဘယလင်္ကာရ
မဟာဝိဟာရကျောင်းတိုက်(လှည်းကူး)

ဆင်ခြင်တုံတရား မရှိသူတွေကစိတ်ထဲကစကားကို ...နှုတ်က တန်းထွက်တတ်တယ်။ဆင်ခြင်တုံတရားရှိသူကစိတ်ထဲကပြောချင်တဲ့စကားကိုနှုတ်ကတန်း...
27/11/2024

ဆင်ခြင်တုံတရား မရှိသူတွေက
စိတ်ထဲကစကားကို ...
နှုတ်က တန်းထွက်တတ်တယ်။

ဆင်ခြင်တုံတရားရှိသူက
စိတ်ထဲကပြောချင်တဲ့စကားကို
နှုတ်ကတန်းမထွက်ပဲ
ဦးနှောက်ဆီကို အရင်ပို့တယ်။

ဦးနှောက်ကနေမှ
ပြောသင့်တဲ့စကားလား
မပြောသင့်တဲ့စကားလား
ပြောလိုက်ရင် ဘယ်လိုအကျိုးရနိုင်လဲ
မပြောလိုက်ရင် ဘယ်လိုအကျိုးရနိုင်လဲ
သုံးသပ်ဝေဖန်ပိုင်းခြားတယ်။

အသိရှိသူ သတိရှိသူတွေဟာ
စကားကို လွယ်လွယ်မပြောတတ်ကြဘူး။

အသိနဲ့သတိ မရှိသူတွေကတော့
ရင်ထဲကစကားလုံးတွေကို
ဦးနှောက်နဲ့ မဆက်သွယ်ပဲ
ပြောချင်ရာတွေ စွတ်ပြောတော့တာပါပဲ။

စကားပြောတဲ့အခါ
စိတ် နဲ့ နှုတ် နှစ်ခုထဲ
ဆက်သွယ်နေတာမျိုးမဟုတ်ပဲ

စိတ်ရယ် ဦးနှောက်ရယ် နှုတ်ရယ်
သုံးမျိုးနဲ့ ဆက်သွယ်ပြီးမှပြောရင်
မပြောသင့်တာတွေ မပြောမိတော့ပဲ
ပြောသင့်တာတွေပဲ ပြောမိလာပါလိမ့်မယ်.

 #ငြင်းပယ်ခြင်း_အလှ  #သပ္ပုရိသ ဝဿယော(သူတော်ကောင်းကို မှီဝဲဆည်းကပ်ရခြင်း)လောာကမှာ သူတော်ကောင်းကို ဆည်းကပ်ရခြင်းသည် ကောင်း...
26/11/2024

#ငြင်းပယ်ခြင်း_အလှ

#သပ္ပုရိသ ဝဿယော
(သူတော်ကောင်းကို မှီဝဲဆည်းကပ်ရခြင်း)

လောာကမှာ သူတော်ကောင်းကို ဆည်းကပ်ရခြင်းသည် ကောင်းကျိုးချမ်းသာရနိုင်တဲ့ #သမ္ပတ္တိစက် တစ်မျိုးဖြစ်တယ်။ မင်္ဂလာတရားတော်မှာလည်း တစ်ခုအပါအဝင်ပါပဲ။ လောကီလောကုတ်နှစ်ဖြာ အကျိုးရစေတဲ့တရားပါပဲ။ ဒီအကြောင်းကိုတော့ အကျယ်ရှင်းပြဖို့မလိုပါ။

အရှင်အင်္ဂုလိမာလနဲ့ အဇာတသတ်

အရှင်အင်္ဂုလိမာလကတော့ အမိသတ်ကံကြီးကျူးလွန်ကာနီးမှ ဘုရားက လက်မတင်လေးကယ်တင်ခဲ့ရတယ်။ သူ့ဘဝ ဆိုးသွားရတာလည်း ဆရာဆိုးကြောင့်ပဲ ဆိုပါတော့။ အရင်က လူဆိုးမဟုတ်ဘူး။ ဘုရားနဲ့ အချိန်မီလေး တွေ့လိုက်ရတော့ ဒီဘဝနဲ့ သံသရာအတွက်ပါ အကျိုးရှိသွားတယ်ပေါ့။

အရှင်ဒေဝဒတ်လည်း အရင်ကတော့ လူဆိုးမဟုတ်ဘူး။ ရဟန်းစဝတ်လာတုန်းက ဘုရားစကားနားထောင်ပြီး သမထကျင့်စဉ်တွေကျင့်လို့ ဈာန်အဘိညာဉ်တွေတောင် ရထားသေးတာကိုး။ နောက်မှ မာနဝင်လာပြီး ဘုရားကို ပြိုင်ဆိုင်လာတာပါ။ သူ့ကြောင့် ဒုက္ခရောက်ရတာက အဇာတသတ်မင်း။

အဇာတသတ်မင်းဟာ ဆရာတင်မှားလို့
အဖသတ်ကံကြီး ကျူးလွန်မိပြီး
ဒီဘဝမှာ ဆုံးဆုံးမြုပ်နေပြီ။
အိပ်မပျော်စားမဝင် အခြေအနေနဲ့
စိတ်ဒုက္ခ အကြီးအကျယ် ခံစားနေရပြီ။

အဲဒီအခြေအနေမျိုးမှာ ဆရာဇီဝကရဲ့
အကျိုးဆောင်မှုနဲ့ ဗုဒ္ဓရဲ့တရားကိုနာရပြီး၊
စီတ်ဝေဒနာတွေ ပျောက်ကင်းချမ်းသာသွားတယ်။ သာမညဖလသုတ်ကို နာရတဲ့အကျိုးကြောင့် သရဏဂုံမှာ အလေးအနက်တည်တယ်ပေါ့။ ဘုရားကို အလေးအနက် ကြည်ညိုသဒ္ဓါရှိသွားတယ်။ ဒီအကျိုးကျေးဇူးတွေက သူ့ရဲ့အဖသတ်ကံဆိုးကြီးကို မချေဖျက်နိုင်ပေမယ့် အပြစ်ကိုတော့ လျော့သွားစေပါတယ်။ နောက်လာမယ့် ကမ္ဘာတစ်ခုမှာ ပစ္စေကဗုဒ္ဓဖြစ်မယ်ဆိုတဲ့ အာမခံချက် (ဗျာဒိတ်)ကို ရသွားသေးတယ်။

ဒါတွေဟာ သပုရိသ ဝဿယောရဲ့ ထင်ရှားတဲ့ဥပမာတွေကို ဖော်ပြတာပါ။ အများသိရှိပြီးသားတွေပဲ။ ဒီနေရာမှာ အလျဉ်းသင့်လို့ တိုက်တွန်းချင်တာက #သပုရိသ ဝဿယော ကို ဆရာကောင်းကို ဆည်းကပ်ရခြင်းဆိုတဲ့အပြင် မိတ်ဆွေကောင်းနဲ့ ပေါင်းဖော်ရခြင်းလို့လဲ ယူကြဖို့ပေါ့လေ။

ဗုဒ္ဓက မိတ်ဆွေကောင်း (ကလျာဏမိတ္တ) ဆိုတာ နိဗ္ဗာန်ရောက်ကြောင်းကို ရာနှုန်းပြည့် အကျိုးပြုတယ်လို့ ဟောထားပါတယ်။ ဆိုလိုတဲ့သဘောက မိတ်ကောင်းမရှိရင် မဂ္ဂင်လမ်းကို မလျှောက်နိုင်ဘူးလို့ ဆိုလိုတာပဲ။

အနှစ်ချုပ်ရရင် ဆရာကောင်းနဲ့ မိတ်ကောင်းကို ဘယ်လိုသိနိုင်မလဲပေါ့။ ဒါအရေးကြီးတယ်။ သိဖို့လည်း လွယ်ရမယ်။ ကိုယ့်ကိုချစ်တိုင်း၊ စေတနာထားတိုင်း ဆရာကောင်း/မိတ်ဆွေကောင်း မဆိုနိုင်သေးဘူး။

လိုရင်းပဲ မှတ်ကြဖို့ပေါ့။ အကုသိုလ်ဒုစရိုက်တရားတွေကို သူကိုယ်တိုင်လည်း မလုပ်။ ကိုယ့်ကိုလည်း #ငြင်းပယ်ဖို့ အမြဲတိုက်တွန်းတတ်တဲ့ သူမျိုးဟာ ဆရာကောင်း/မိတ်ဆွေကောင်းပဲလို့ တထစ်ချမှတ်ထားကြပေတော့။

#အရှင်တေဇနိယ (တောမှီရဟန်း)

⛰️🏔️⛰️👉တောင်ပေါ်မှာ ဘုရားဖူးမလား❓🙏ကျိုက်ထီးရိုးခရီးစဉ်🚌ကားခသီးသန့်ဆိုရင် ....☝️အသွားအပြန်တဦးကို - ၃၅၀၀၀⏰နေ့စဉ် မနက် ၅ နာ...
25/11/2024

⛰️🏔️⛰️
👉တောင်ပေါ်မှာ ဘုရားဖူးမလား❓

🙏ကျိုက်ထီးရိုးခရီးစဉ်

🚌ကားခသီးသန့်ဆိုရင် ....
☝️အသွားအပြန်တဦးကို - ၃၅၀၀၀
⏰နေ့စဉ် မနက် ၅ နာရီရှိပါတယ်‼️

🚌ကားခနဲ့ 🏡ဟိုတယ်ခ တွဲရက်ဆိုရင်
☝️၁-ညအိပ် - ၈၆၅၀၀
✌️၂-ညအိပ် - ၁၃၈၀၀၀

အပြန်ခရီးတွင် ကျိုက်ထိုမြို့ရှိ
ထိုင်တော်မူဘုရားနှင့် ကျိုက်ပေါလော
မှဲ့ရှင်ဘုရားတို့ကို ပို့ဆောင်ပေးပါတယ်။

👉ဘုရားဖူးမယ်ဆိုရင်တော့
📱09-456 456 530
📱09-456 456 540 ကို ဆက်လိုက်နော် ....

👉အောင်ဆန်းကွင်း၊ တာမွေ၊ ရွှေဂုံတိုင်
မြေနီကုန်း၊ လှည်းတန်း၊ သမိုင်း၊ ၈-မိုင်
စော်ဘွားကြီးကုန်း၊ ခရေပင်လမ်းခွဲစတဲ့
အနီးစပ်ဆုံးနေရာများမှ ကားစီးလို့ရပါတယ်။

#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

🍀 #စိတ်ရှင်းရင်_ဘဝရှင်းပါတယ်🍀ခုနောက်ပိုင်း ကျွန်မက minimalism ဆိုတဲ့ ဘဝနေနည်းလေးကို အတော်လေးသဘောကျလာပါတယ်။ အရင်ကဆို လိုတ...
23/11/2024

🍀 #စိတ်ရှင်းရင်_ဘဝရှင်းပါတယ်🍀

ခုနောက်ပိုင်း ကျွန်မက minimalism ဆိုတဲ့
ဘဝနေနည်းလေးကို အတော်လေးသဘောကျလာပါတယ်။ အရင်ကဆို လိုတာလည်းဝယ်၊ မလိုတာလည်းဝယ်၊ စျေးလျှော့တဲ့အခါဝယ်၊ တန်တယ်ထင်တဲ့အခါဝယ်၊ လက်ဆောင်ပေးဖို့ဝယ်..စသဖြင့် မလိုအပ်ဘဲဝယ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ တစ်အိမ်လုံးမှာ ရှုပ်ပွနေတတ်ပါတယ်။

အခုတော့ ပစ္စည်းတစ်ခု ဝယ်ခါနီးကျရင်
ဒီပစ္စည်းဟာ ကိုယ်တကယ်လိုအပ်ရဲ့လား.. တကယ်အသုံးဝင်မှာလား.. ဒီပစ္စည်းကို ဘယ်နေရာမှာထားမှာလဲ စသဖြင့် တွေးတောဆင်ခြင်ပြီးမှ တကယ်မလိုအပ်ရင် မဝယ်ဖြစ်တော့ပါဘူး။ အဲ့ဒိအတွက် ရလဒ်က ကိုယ့်အိမ်မှာ မလိုအပ်တဲ့ပစ္စည်းတွေ စုပုံမနေတော့သလို ကိုယ့်စိတ်ထဲလည်း သက်သောင့်သက်သာ ကျေနပ်ပေါ့ပါးလာပါတယ်။ စိတ်လည်း ရှင်းလာပါတယ်။ လိုချင်တောင့်တစိတ်တွေလည်း သိသိသာသာ လျော့ပါးလို့လာပါတယ်။ ဒီပစ္စည်းကို မရလို့လည်း ဘာမှဖြစ်မသွားပါဘူးဆိုတဲ့ အတွေးမျိုးနဲ့ ကြိုတင်လက်လွှတ်တတ်လာပါတယ်။

ကျွန်မက ကိုယ့်ရဲ့အိမ်ကလေးကို အတတ်နိုင်ဆုံး မလိုအပ်တဲ့အပိုပစ္စည်းတွေ ဘာမှမရှိစေဘဲ..ရှင်းရှင်းလင်းလင်းလေး ဖြစ်နေတာကို အလွန်သဘောကျပါတယ်။ အိမ်တစ်အိမ်မှာ တကယ်လိုအပ်ပြီး ရှိသင့်ရှိထိုက်တဲ့..ကိုယ့်ရဲ့စိတ်အကြည်ဓါတ်ကို ထိန်းသိမ်းပေးနိုင်တဲ့ မရှိမဖြစ် ပစ္စည်းကလေးတွေကလွဲလို့..မလိုအပ်တဲ့ ဘယ်အသုံးအဆောင်မျိုးကိုမှ အပိုမထားချင်တော့ပါဘူး။

အလားတူပါပဲ..ကျွန်မရဲ့စိတ်ကိုလည်း minimalistic ဖြစ်အောင် သတိလေးထားပြီး ကျင့်သုံးနေထိုင်ဖို့ ကြိုးစားလာပါတယ်။ ကိုယ့်ရဲ့စိတ်ထဲမှာ မလိုအပ်တဲ့အရာတွေ ဘာမှထည့်မထားဘဲ အပိုအတွေးတွေ၊ အပိုအပြောတွေ၊ အပိုအလုပ်တွေကို လွှတ်ချသင့်ရင် လွှတ်ချလိုက်ပါတယ်။ အဲ့ဒိအပိုတွေနေရာမှာ ကိုယ့်အတွက် တကယ်အကျိုးရှိစေမယ့် တန်ဖိုးရှိစေတဲ့အရာတွေနဲ့ အစားထိုးဖြည့်ဆည်းလိုက်ပါတယ်။
ကိုယ့်ရဲ့စိတ်ထဲမှာ မလိုအပ်တဲ့ ရှုပ်ထွေးလေးလံစေတဲ့အတွေး..အပြော..အလုပ်မှန်သမျှကို ရှင်းလင်းပစ်နိုင်လာတာနဲ့အမျှ ကိုယ့်ရဲ့စိတ်ဟာ အမှိုက်ကင်းမဲ့ဇုံ ဒရာမာကင်းမဲ့ဇုံလေး ဖြစ်လာပါတယ်။

ကျွန််မက အရင်ကဆို ဟိုအကြောင်းလည်းသိချင်၊ ဒီအကြောင်းလည်းသိချင်၊ ဟိုလူ့အကြောင်းလည်း စပ်စု၊ ဒီလူ့အကြောင်းလည်းစပ်စု၊ တစ်ခုခုဆို အကုန်သိချင်တတ်ပါတယ်။ သူများတွေက ကိုယ့်ကိုဘယ်လိုထင်မလဲ... ကိုယ့်အကြောင်း ဘာတွေပြောနေမလဲဆိုတာကိုလည်း အလွန်ဂရုစိုက်တတ်ပါတယ်။ အခုတော့ ကိုယ့်ရဲ့စိတ်ထဲကို အပိုတွေဘာမှမထည့်ဘဲ ရှင်းရှင်းလေးထားတဲ့အခါ မလိုအပ်တဲ့ အကြောင်းအရာပိုတွေ၊ လူပိုတွေ၊ ပြဿနာပိုတွေအတွက်လည်း နေရာပေးမနေတော့ပါဘူး။

ကိုယ့်ရဲ့အနားမှာ.. ကိုယ့်ကို တကယ်ချစ်ခင်တန်ဖိုးထားပြီး ကိုယ့်ရဲ့ကောင်းကျိုးကိုလိုလားတဲ့ မိတ်ဆွေသူငယ်ချင်းကောင်းလေးတွေကို တန်ဖိုးထားစွာ နေရာပေးထားပါတယ်။ ကိုယ့်အပေါ် မလိုလားတဲ့သူ၊ ကွယ်ရာမှာ အတင်းပြောတတ်သူ၊ အပြစ်ရှာဖွေနေတတ်သူမျိုးကိုတော့ ကိုယ့်အတွက်မလိုအပ်တဲ့ အသုံးမဝင်တဲ့အရာတွေလိုပဲ ကိုယ့်ဘဝထဲကနေ အပြီးတိုင်ရှင်းလင်း ဖယ်ထုတ်ထားလိုက်ပါတယ်။

တကယ်တော့ ကိုယ့်ကို လူတွေက ဘယ်လိုထင်မလဲ.. ဘာတွေပြောနေမလဲဆိုတာ.. ကိုယ့်အလုပ်မဟုတ်ပါဘူး။ ပြောနေတဲ့သူရဲ့ အလုပ်သာဖြစ်ပါတယ်။ အတင်းပြောခံရတာဟာ ကိုယ့်ရဲ့ပြဿနာ မဟုတ်ပါဘူး။ သူ့ရဲ့ပြဿနာသာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်မှာ မလိုအပ်တဲ့ အနှောင့်အယှက်တွေကို ဖယ်ရှားလိုက်တဲ့အခါ စိတ်ဟာရိုးရှင်းပြီး အကြည်ဓါတ်ကလေးနဲ့ အေးမြလို့လာပါတယ်။ ဘဝအတွက် သံသရာအတွက် ပိုပြီးအရေးကြီးတဲ့အလုပ်တွေကို စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ အာရုံစိုက်ပြီး လုပ်နိုင်လာပါတယ်။

ကိုယ့်ရဲ့စိတ်မှာ မလိုအပ်တဲ့အရှုပ်တွေ ရှင်းလင်းလာတာနဲ့အမျှ ကိုယ့်ရဲ့စိတ်နှလုံးအိမ်ကလေးဟာ ရိုးရှင်းပြီး ကြည်လင်သန့်စင်လာပါတယ်။ အိမ်ကလေး လှပရှင်းလင်းနေအောင် ထားသလိုမျိုး ကိုယ့်ရဲ့စိတ်နှလုံးကိုလည်း ကြည်လင်သန့်ရှင်းနေအောင် ထားဖို့လိုပါတယ်။ စိတ်ရှင်းလာတာနဲ့အမျှ ကိုယ့်ဘဝကလည်း ရှင်းလာမှာဖြစ်ပါတယ်..။

#လွန်းထားထား
#စိတ်ရှင်းရင်_ဘဝရှင်းပါတယ်

 #ဘဝပဲ့ကိုင်နိုင်ပါစေ_______________လူ့လောကကြီးမှာ အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာနှင့် တွေ့ရတတ်၏။ ထို့ကြောင့် လူတိုင်း...
21/11/2024

#ဘဝပဲ့ကိုင်နိုင်ပါစေ
_______________

လူ့လောကကြီးမှာ အသက်တစ်ရာ
မနေရသော်လည်း အမှုတစ်ရာနှင့်
တွေ့ရတတ်၏။ ထို့ကြောင့် လူတိုင်း
ပြဿနာ ရှိနေကြခြင်း ဖြစ်သည်။
လူတိုင်း ပြဿနာရှိကြသောကြောင့်
" ဘဝဆိုသည်ကား တိုက်ပွဲ" ဟု
ပြောကြခြင်း ဖြစ်သည်။

တချို့ပြဿနာက ကံကြမ္မာကြောင့်
ဖြစ်ရ၏။ တချို့ပြဿနာက အမှားကို
လုပ်မိသောကြောင့် ဖြစ်ရ၏။
စဉ်းစားကြည့်လျှင် ကံကြမ္မာကြောင့်
ပြဿနာဖြစ်ရသည်ထက် အမှားကို
လုပ်မိသောကြောင့် ပြဿနာ ဖြစ်ရသည်က
ပိုများ၏။ ဘာကြောင့် အမှားကို
လုပ်ကြသနည်း၊ ခံစားချက်ကို
မထိန်းနိုင်သောကြောင့်တည်း။

သွေးပုပ် ပြည်ပုပ်တို့ ရှိနေသော
အနာဆွေး အနာဟောင်းကို တစ်ခုခုနှင့်
ထိခိုက်မိသည့်အခါ သွေးပုပ်ပြည်ပုပ်တို့
ယိုထွက်လာ၏။

ထိုနည်းတူစွာ တချို့လူများသည်
အနည်းငယ်မျှသော စိတ်အလိုမကျမှုကြောင့်
စိတ်ဆိုး၏။ အမှတ်အစွဲ ကြီး၏။
နာကြည်း၏။ ခံစားချက် လွန်ကဲသည်ဟု
ဆိုရမည် ဖြစ်သည်။

"ခံစားချက်" ဆိုသည်မှာ လောဘ
ဒေါသတို့ကြောင့် ဖြစ်ပေါ်လာသည့်
အလိုမကျမှုပင် ဖြစ်သည်။ ထို့ကြောင့်
ခံစားချက်ဆိုသည်ကား အမှန်တရား
မဟုတ်ပေ။ ခံစားချက်သည်
အမှန်တရားမဟုတ်သောကြောင့်
ခံစားချက်ကို ထိန်းချုပ်ရမည် ဖြစ်သည်။

ဆင်ကို ချွန်းနှင့် အုပ်သကဲ့သို့
ခံစားချက်ကိုလည်း သတိ ပညာနှင့်
ထိန်းချုပ်ရမည် ဖြစ်သည်။ ထို့ကြောင့်
သတိပညာကို " ဘဝပဲ့ကိုင်" ဟု
ဆိုရမည် ဖြစ်ပါသည်။

သတိ ပညာ
-------------

သတိဆိုသည်ကား အရာရာ
ဂရုစိုက်သည့် သဘောတည်း။
ပညာဆိုသည်ကာ အရာရာ စဉ်းစားသည့်
သဘောတည်း။ သတိရှိလျှင်
ခံစားချက်ကို လျှက်တပြက်
ထိန်းချုပ်နိုင်သကဲ့သို့ ဉာဏ်ပညာ
ရှိလျှင်လည်း ခံစားချက်ကို
ထိန်းချုပ်နိုင်လေသည်။

ခံစားချက်ကို ထိန်းချုပ်နိုင်လျှင်
မည်သည့် ပြဿနာမှ မဖြစ်တော့ပေ။
ဖြစ်သည်ဆိုစေဦးတော့ ကြီးကြီးမားမား
မဖြစ်တော့ပေ။ ထို့ကြောင့်
ဘာပဲပြောပြော၊ ခံစားချက်နှင့်
မပြောရ၊ သတိပညာနှင့် ပြောရမည် ဖြစ်သည်။
ဘာပဲလုပ်လုပ်၊ ခံစားချက်နှင့် မလုပ်ရ၊
သတိပညာနှင့် လုပ်ရမည် ဖြစ်သည်။

တချို့ကား " ဖြစ်ချင်ရာ ဖြစ်ကွာ" ဆိုပြီး
တဇွတ်ထိုး လုပ်တတ်၏။ တဇွတ်ထိုး
လုပ်လို့ ပြဿနာပြေလည်သည်မှာ
ဘယ်တုန်းကမှ မရှိခဲ့ပေ။ ထို့ကြောင့်
သတိ ပညာကို လက်ကိုင်ပြုကာ
ဘဝခရီး လျှောက်လှမ်းရမည် ဖြစ်သည်။
သို့မှလည်း ပြဿနာ နည်းမည် ဖြစ်၏။
ပြဿနာ နည်းမှလည်း ဘဝခရီးကို
သာသာယာယာ လျှောက်လှမ်းနိုင်မှာ
မဟုတ်ပါလား။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊
အေးငြိမ်းချမ်းသာ ရှိပါစေ"
_____________________

#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

 #ကိုယ့်လမ်းကို_ကိုယ်မပိတ်စေနဲ့ မလုပ်သင့်တာတွေကို လုပ်နေတဲ့သူတွေဟာ သူတို့မှာ( guilt ) အပြစ်ရှိတဲ့ သူတယောက် ဖြစ်နေတဲ့အတွက...
20/11/2024

#ကိုယ့်လမ်းကို_ကိုယ်မပိတ်စေနဲ့

မလုပ်သင့်တာတွေကို လုပ်နေတဲ့သူတွေဟာ
သူတို့မှာ( guilt ) အပြစ်ရှိတဲ့ သူတယောက်
ဖြစ်နေတဲ့အတွက် ပူလောင်တဲ့ခံစားမှု၊
(shame) ရှက်တဲ့ခံစားမှု ရှိတယ်၊၊

ဒါကြောင့် စစ်မှန်တဲ့ စိတ်ချမ်းသာမှုကို
လိုချင်ရင် ပထမဦးဆုံး (self- respect)
မိမိကိုယ်ကို တကယ်လေးစားမှုရအောင်
လုပ်ရမယ်၊၊

သူများ ကိုယ့်ကို မလေးစားတာက
ကိုယ်မတတ်နိုင်တဲ့ကိစ္စ ဖြစ်တယ်၊၊
တချို့က ကောင်းတဲ့လူကိုတောင်
မလေးစားနိုင်တာ ရှိသေးတာပဲ၊၊

ဒါ သူတို့နဲ့ပဲ ဆိုင်တယ်လို့
ထားလိုက်လို့ ရသေးတယ်၊၊

ဒါ သူ့သဘောပေါ့၊၊
များသောအားဖြင့်တော့
ကောင်းကောင်းမွန်မွန် နေတဲ့လူကို
လေးစားကြပါတယ်၊၊

ကောင်းကောင်းမွန်မွန် နေတဲ့လူကို
မလေးစားတဲ့သူဟာ သူကိုယ်တိုင်က
မကောင်းတဲ့သူ၊ ကိုယ့်ကိုယ်ကို
မလေးစားနိုင်တဲ့သူ ဖြစ်နေလို့ပဲ၊၊

ကောင်းကောင်းနေတဲ့သူ၊
ကိုယ့်ကိုယ်ကို လေးစားတဲ့သူဟာ
ကောင်းကောင်းနေတဲ့လူကို
လေးစားနိုင်ပါတယ်၊၊
အင်မတန် လေးစားပါတယ်၊၊

စိတ်ကောင်းရှိတဲ့လူဟာ
စိတ်ကောင်းရှိတဲ့လူကို
သိပ်လေးစားပါတယ်၊၊
အကျင့်စာရိတ္တ ကောင်းတဲ့သူဟာ
အကျင့်စာရိတ္တ ကောင်းတဲ့သူကို
လေးစားပါတယ်။ စိတ်ကောင်းရှိတဲ့သူ၊
ကောင်းကောင်းမွန်မွန် နေတဲ့သူကို
မလေးစားနိုင်တဲ့လူဟာ သူ့ကိုယ်သူ
မလေးစားနိုင်လို့ ခံရခက်နေတာ၊ ရှက်နေတာကို
react လုပ်တာ၊ တုန့်ပြန်တာပဲ၊၊

သူကိုယ်တိုင်က မကောင်းတော့
ကောင်းတဲ့သူကို မြင်ရတဲ့အခါ
သူမကောင်းတာ ပိုပြီးတော့ထင်ရှားလာလို့
အဲဒီကောင်းတဲ့လူကိုပဲ မကျေမနပ်ဖြစ်တယ်။

တချို့တော့ ကိုယ်က
ကောင်းကောင်း မနေပေမယ့်
ကောင်းကောင်းနေတဲ့လူကို
လေးစားနိုင်တယ်။ အဲဒီလိုလူဟာ
တနေ့မှာ လူကောင်းတစ်ယောက်
ဖြစ်လာနိုင်သေးတယ်၊

ကောင်းတဲ့လူကို မလေးစားနိုင်တဲ့သူဟာ
သူကိုယ်တိုင် ကောင်းတဲ့လူ ဖြစ်မလာနိုင်ဘူး။သူများရဲ့ ကောင်းတဲ့ဂုဏ်
(quality) ကို မလေးစားရင်
ကိုယ့်မှာ အဲဒီကောင်းတဲ့ဂုဏ်
(quality) မျိုး မဖြစ်ပေါ်နိုင်ဘူး။

ဒါကြောင့် သူများမှာ ကောင်းတဲ့ဂုဏ်
တစ်ခုခုရှိရင် အဲဒါကို လှိုက်လှိုက်လှဲလှဲ
လေးစားနိုင်တဲ့သူ ဖြစ်ရမယ်၊၊

ဒါမှ အဲဒီဂုဏ် (quality) မျိုးကို
ကိုယ်လည်း ရလာမယ်။ သူများရဲ့
ကောင်းတဲ့ဂုဏ်ကို မလေးစားနိုင်ရင်
ကိုယ့်မှာ အဲဒီဂုဏ်မျိုး
မရနိုင်အောင် ၊ ဖြစ်နိုင်အောင်
လမ်းပိတ်လိုက်သလို ဖြစ်သွားတယ် . . . ။

ဆရာတော်ဦးဇောတိက🙏🙏🙏

ငွေဆောင် သွားမလို့လား⁉️ဒါဆို ဘယ်ကားနဲ့သွားပြီး ဘယ်ဟိုတယ်မှာ တည်းမှာလဲ ..❓စီစဉ်ပြီးပြီလား ..❓မစီစဉ်ရသေးဘူးဆိုရင် ...ရွှေန...
19/11/2024

ငွေဆောင် သွားမလို့လား⁉️

ဒါဆို ဘယ်ကားနဲ့သွားပြီး
ဘယ်ဟိုတယ်မှာ တည်းမှာလဲ ..❓
စီစဉ်ပြီးပြီလား ..❓
မစီစဉ်ရသေးဘူးဆိုရင် ...
ရွှေနဂါးကို ဆက်သွယ်လိုက်နော်‼️

🚌ကားခသီးသန့်ဆိုရင် ....
☝️အသွားအပြန် တဦးကို - ၃၅၀၀၀ ကျပ်
⏰နေ့စဉ်မနက် ၅ နာရီ ရှိပါတယ်‼️

[ ကားခ အသွားအပြန်၊ ဟိုတယ်ခနဲ့
မနက်စာ၊ နေ့လည်စာ၊ ညစာ အားလုံးပါတဲ့ ]
စားစရိတ်ငြိမ်းနဲ့ သွားချင်တယ်ဆိုရင်တော့...

❇️ကမ်းခြေဟိုတယ် (Garden View)
🏡သစ်သားဘန်ဂလို
☝️တစ်ညအိပ် - ၉၀၀၀၀
✌️နှစ်ညအိပ် - ၁၄၅၀၀၀

🏡 Rooftop ဘန်ဂလို
☝️တစ်ညအိပ် - ၁၀၀၀၀၀
✌️နှစ်ညအိပ် - ၁၆၅၀၀၀ ကျပ်ပါ

👉 အသေးစိတ်သိချင်တယ်ဆိုရင်...
📱09-456 456 570
📱09-456 456 580
📱09-456 456 590 ကို ဆက်လိုက်နော် ...

#ရွှေနဂါး_ခရီးသွားလုပ်ငန်း
#ကျိုက်ထီးရိုး_ချောင်းသာ_ငွေဆောင်

🪷ကုသိုလ်အားကြီးလာရင် ...အားလုံးက အဆင်ပြေသွားမှာပါ အမှန်ပါပဲ🪷ကုသိုလ် အမြဲလုပ်ပါဘဝမှာ အဆင်မပြေတာတွေ ကြုံတဲ့အခါတိုင်း ကုသို...
18/11/2024

🪷ကုသိုလ်အားကြီးလာရင် ...
အားလုံးက အဆင်ပြေသွားမှာပါ အမှန်ပါပဲ

🪷ကုသိုလ် အမြဲလုပ်ပါ
ဘဝမှာ အဆင်မပြေတာတွေ ကြုံတဲ့အခါတိုင်း
ကုသိုလ်ကောင်းမှုကို ပိုပြီးပြုလုပ်ပါ။

🪷အဆင်မပြေလို့ ဗေဒင်သွားမေးလည်း
ကုသိုလ်လုပ်ခိုင်းတာပဲ မဟုတ်လား။
သူတို့အပြောကတော့ ယတြာချေတာပေါ့။

🪷ဘယ်ဆရာမှ အကုသိုလ်လုပ်ခိုင်းပြီး
ယတြာမချေခိုင်းဘူး။
ကုသိုလ်ပဲ လုပ်ခိုင်းတာ။ အဲဒီလိုဆိုတော့
သူ့အားကိုးတာထက် ကိုယ့်အားကိုယ်ကိုးပြီး
ကုသိုလ်တရား ကြိုးစားပွားရုံပေါ့။

🪷အဆင်မပြေလည်း ကုသိုလ်လုပ်၊
အဆင်ပြေရင်လည်း ကုသိုလ်လုပ်၊
အတိုက်အခိုက် ကြုံရင်လည်း ကုသိုလ်လုပ်၊
အနှောက်အယှက် ရှိရင်လည်း ကုသိုလ်လုပ်၊
ပိုပြီးအဆင်မပြေရင် ပိုပြီးကုသိုလ်လုပ်၊
လုပ်နေရင်းနဲ့ကို ပိုဆိုးလာနေရင်လည်း
စိတ်ဓာတ်မကျနဲ့။

🪷ယုံကြည်မှုအပြည့်၊
ဇွဲကြီးကြီးနဲ့သာ ဆက်လုပ်။

🪷သေချာပေါက်ကို ကုသိုလ်က
ကိုယ့်ကို စောင့်ရှောက်ပါလိမ့်မယ်။
ယုံကြည်မှုနဲ့ ဇွဲရှိမှုကိုတော့ မလျော့စေနဲ့။

🪷ဘဝမှာ ကုသိုလ်တွေ အားကြီးလာရင်
အကုသိုလ်တွေ၊ အဆိုးတွေ
အားနည်းသွားမှာပဲလေ။

🪷သောက်ရေခွက်လောက်ရှိတဲ့ ရေထဲကို
ဆားတစ်ကုတ်လောက် ပစ်ထည့်ရင်
အဲဒီရေခွက် ငန်တူးသွားမှာပေါ့။

🪷ရေအပြည့်ရှိနေတဲ့ ရေကန်ကြီးထဲကို
ဆားတစ်ကုတ်လောက် ပစ်ထည့်ကြည့်ပါလား၊
ရေအရသာ ဘာမှပြောင်းမှာ မဟုတ်ဘူးလေ။

🪷ရေက များနေတာကိုး။
ဒီလိုပဲ ကုသိုလ်တွေ အားကြီးနေရင် အကုသိုလ်ဟာ အသေးအမွှားလေးပဲ ဖြစ်သွားမှာပေါ့။

🪷ဒါကြောင့် ကုသိုလ်ကောင်းမှုကို
လျော့မတွက်ပါနဲ့။
အဆင်တစ်ခါမပြေတိုင်း
ကုသိုလ်တစ်ခု တိုးလုပ်ပါ။
ပိုပြီးမပြေရင် ပိုပြီးလုပ်ပါ။

ကုသိုလ်အားကြီးလာရင် အားလုံးက
အဆင်ပြေသွားမှာပါ အမှန်ပါပဲ။

ပါချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ

👉ငြင်းပယ်ခြင်းအလှ👈ဦးဇင်းလေးကျောင်းကို ရောက်သည့်အခါ ဧည့်သည်တစ်ဦးရောက်နေသဖြင့် ကျွန်တော်က မဝင်သေးဘဲ အပြင်တွင် ရပ်နေမိသည်။“...
17/11/2024

👉ငြင်းပယ်ခြင်းအလှ👈

ဦးဇင်းလေးကျောင်းကို ရောက်သည့်အခါ ဧည့်သည်တစ်ဦးရောက်နေသဖြင့် ကျွန်တော်က မဝင်သေးဘဲ အပြင်တွင် ရပ်နေမိသည်။

“ဒကာကြီး ဝင်ခဲ့လေ ... ရပါတယ်”

ဦးဇင်းကခွင့်ပြုသဖြင့် အခန်းထဲကို ဝင်ခဲ့ပါသည်။ ဘုရားကိုဦးချ၊ တရားကိုဦးချ၊ သံဃာကိုဦးချပြီးနောက်

“တပည့်တော်က ဧည့်သည်ရှိလို့ မဝင်တာပါဘုရား”

“ဒါ ဧည့်သည်မဟုတ်ဘူး ... အိမ်ရှင်”

ထူးဆန်းသည့်စကားနောက်ကွယ်တွင်
တစ်ခုခုကတော့ ရှိမည်ဟု ယူဆလိုက်မိသည်။

“ဒကာ မြင့်နိုင် ... ဒါ စာရေးဆရာပဲ ...
ဦးဇင်းကျောင်းကိုလာပြီး စာရေးနေတာ”

“ဆရာကြီးကို တပည့်တော်ကောင်းကောင်း သိပါတယ် ... ဆရာကြီးစာတွေလည်း မပြတ်ဖတ်ပါတယ်ဘုရား”

“စောစောက ဦးဇင်းပြောတဲ့ အထဲမှာ အိမ်ရှင်ဆိုတဲ့ စကားလေးက ထူးဆန်းနေသလားလို့”

“အင်း ... အမှန်အတိုင်းပြောရရင်တော့
ကျောင်းရှင်လို့ ပြောရမှာ ... ဒီကျောင်းက သူလှူထားတာလေ”

“ကိုမြင့်နိုင် ရန်ကုန်ကပဲလား”

“နေတာတော့ ရန်ကုန်ပေါ့ဆရာ ... ဇာတိက လပွတ္တာကပါ”

“ဒကာကြီး သူက ဆန်ကုန်သည်ကြီးပဲ ...
အလွန်အောင်မြင်နေတဲ့ လုပ်ငန်းရှင်ကြီးပေါ့”

“တင်ပါ့ဘုရား”

“ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတော့ ဒကာမြင့်နိုင်ဟာ သူတောင်းစား အနေနဲ့ ဒီကျောင်းကို ရောက်လာခဲ့တာ”

“အို ... အရှင်ဘုရားကလည်း ပြောတော့မယ်”

“ဟုတ်ပါတယ် ဆရာ ... နာဂစ်ဖြစ်ပြီးတော့ နယ်ကနေ ရန်ကုန်ကို ပြေးလာခဲ့တာပါ။ မိဘတွေ ညီအစ်ကို မောင်နှမတွေ အားလုံး သေကုန်ကြတယ်။ ကျွန်တော် တစ်ဦးတည်း အသက်ရှင်ခဲ့တာ။ စားရမဲ့ဘဝနဲ့ ဦးလေးတစ်ယောက် ခေါ်လာလို့ ရန်ကုန်ကို ရောက်လာတာ။ ဒီရောက်တော့လည်း ဦးလေးနဲ့ ကွဲသွားပြီး တစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေခဲ့တယ်။ အဲဒီမှာ ဦးဇင်းနဲ့တွေ့တာပဲ”

“သူကျောင်းကိုရောက်လာတော့ ထုံးစံအတိုင်း စောင့်ရှောက်ရတာပေါ့။ သူက သာသနာ့ဘောင် ဝင်ချင်တယ်ပြောတော့ ဦးဇင်းက ငြင်းလိုက်တယ် ... ဒကာမြင့်နိုင် ဆက်ပြောလိုက်”

“ကျွန်တော်လည်း ကျောင်းမှာနေပြီး ဦးဇင်းစောင့်ရှောက်မှုကို ခံယူရာက သာသနာ့ဘောင်ဝင်ချင်တာနဲ့ ဦးဇင်းကို ပြောမိတယ်။ ဦးဇင်းက လက်မခံဘူးလေ။ ကျောင်းကနှင်ထုတ်တော့တာပဲ”

“အရှင်ဘုရား ဘာဖြစ်လို့ ကိုမြင့်နိုင်ကို
ကျောင်းကနှင်ထုတ်ရတာလဲ ဘုရား”

“သူ့အစွမ်းအစကို သိလို့ပေါ့ ... သူ့လို ရိုးသား၊ ကြိုးစားတဲ့ လူတစ်ယောက်ဟာ သာသနာ့ဘောင်မှာ ထာဝရ နေနိုင်မလားဆိုပြီး ပထမတွက်ရတယ်။ သူကြာကြာ နေနိုင်မယ် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရဟန်း အလုပ်နဲ့ သူတစ်သက်လုံး အားထုတ်မသွားနိုင်ဘူးဆိုတာ သိနေလို့။ သူ့စိတ်ကိုသိတော့ သာသနာ့ဘောင်မှာ ခိုနားနေတယ်ဆိုတာ အဖြစ်မခံနိုင်ဘူး။ ဒါကြောင့် ဦးဇင်း သူ့ကို ရဟန်းမဝတ်ပေးခဲ့ဘူး”

“ကိုမြင့်နိုင် ဦးဇင်းကနှင်ထုတ်တော့ စိတ်မဆိုးဘူးလား”

“ဟဲ ... ဟဲ ... ဘယ့်နှယ်ပြောလိုက်ပါလိမ့်ဆရာရယ် ... စိတ်ဆိုးလိုက်တာမှ ပြောပြလို့တောင်ရမှာ မဟုတ်ဘူး။ သူ့ကျောင်းမှာ ကျွေးထားရလို့ ငါ့ကို နှင်ထုတ်နိုင်တာပဲ၊ ဘာဖြစ်လဲ မနေဘူးဆိုပြီး အဲဒီနေ့ကပဲ ထွက်ခဲ့တာ”

“အရှင်ဘုရားက သူ့ကို နှင်ထုတ်တယ်ဆိုတာကတော့ တပည့်တော် မယုံနိုင်ပါဘူး”

“ဟုတ်တယ် ... တကယ့်ကို နှင်ထုတ်လိုက်တာ ... ဒကာ သွားတော့ ... ကျောင်းကထွက်သွားတော့ဆိုပြီး ပြောလိုက်တာ”

“ရက်စက်လိုက်တာဘုရား”

“ရက်စက်တာ မဟုတ်ဘူး ... ဦးဇင်း
ပုံပြင်လေးတစ်ခု ပြောပြမယ် နားထောင်”

ဦးဇင်းလေးက ပုံပြင်လေးတစ်ပုဒ်ကို ပြောပြသည်

ဟိုးရှေးရှေးက ငှက်တစ်ကောင်သည်
ဥချရန်အတွက် အသိုက်ဆောက်ရန်
သစ်ပင်တစ်ပင်ဆီကို ချဉ်းကပ်လာ သည်။

“သစ်ပင်ကြီး ဒီအပင်မှာ အသိုက်ဆောက်ပါရစေ”

“ဟဲ့ သွား ... သွား ... ငါ့အပင်မှာ လက်မခံနိုင်ဘူး ... သွား” ဟုနှင်ထုတ်လိုက်သည်။

ငှက်ကလေးက သူ့ဘေးမှ အပင်ကြီးပေါ်ပျံတက်ပြီး

“သစ်ပင်ကြီးရှင့် အကျွန့်ကို ငှက်သိုက်လေး ဆောက်ခွင့်ပြုပါ ... မိုးကျလာတော့မှာမို့ပါ”

“အေး ... အေး ... ဆောက်လေ”

ငှက်ကလေးက သစ်ပင်ပေါ်တွင် အသိုက်ဆောက်သည်။ ထို့နောက် ဥချကာ ဝပ်သည်။ အကောင်လေးများ ပေါက်လာချိန် မကြာမီ မိုးကျလာသည်။ လေတွေကထန်၊ မိုးတွေကကြီး ရေတွေကကြီးသည်။ ငှက်ကလေး ပထမ ခိုလှုံခွင့်တောင်းသော သစ်ပင်ကြီးမှာ ဝုန်းဆိုကာ ပြိုလဲသွားသည်။

ရေပြန်ကျသွားချိန်တွင် ငှက်ကလေးက

“ဘယ်လိုလဲ ... ခုတော့ သင်လည်း ပြိုလဲရပြီပေါ့ ... ဘာတတ်နိုင်သေးလဲ ... အကျွန့်ကို လက်မခံခဲ့တဲ့အပင် … ဘာတတ်နိုင်သေးလဲ”

“ဘာမှ မတတ်နိုင်တော့ပါဘူးကွယ် ... ဒါပေမဲ့ နင်လာပြီး တောင်းဆိုချိန်က ငါ နင့်ကို လက်ခံလိုက်ရင် ခုဆို နင်လည်း သားသမီးတွေနဲ့ ရေနစ်ပြီး သေပွဲဝင်ရတော့မှာပေါ့။ နင့်ကို လက်မခံတာ ငါ့စိတ်ရင်းကြောင့်မှ မဟုတ်တာ။ ငါ့မှာ အမြစ်တွေက မခိုင်တော့ဘူး။ အချိန်မရွေး ပြိုလဲနိုင်တယ်ဆိုတာ သိနေလို့ပဲ”

ဦးဇင်းလေးက စကားပြောရာမှ ရေနွေးကြမ်းတစ်ခွက်ကို မော့သောက်လိုက်သည်။ ထို့နောက်

“ဦးဇင်းက အဲဒီအချိန်မှာ ဒီလို ကျောင်းကြီးနဲ့ မဟုတ်သေးဘူး။ တဲလေးနဲ့။ ပြီးတော့ စာဆက်သင်ဖို့လည်း လိုသေးတယ်။ ဒကာမြင့်နိုင်က စာမှာစိတ်မဝင်စားဘူး။ သူက စာကျက်ချင်တာ မဟုတ်ဘူး။ သာသနာ့ဘောင် ထဲကို အနေအစားချောင်လို့ ဝင်တယ်ဆိုတာ အဖြစ်မခံနိုင်ဘူး ... ဒါကြောင့် ဦးဇင်းက နှင်ထုတ်လိုက်တာ"

“ကိုမြင့်နိုင်ကို မေးရဦးမယ် ... နှင်ထုတ်လိုက်တော့”

“ပထမ စိတ်ဆိုးတယ် ... ၂ နှစ်လောက် အတူတူနေခဲ့ပြီးမှ နှင်ထုတ်ခံရလို့ ဘဝပျက်သလို ခံစားရတယ်။ ကြံရာမရ လျှောက်သွားရာက ကျောင်းကိုလာဖူးတဲ့ ဆန်ကုန်သည်ကြီးတစ်ယောက်ကို သတိရလို့ သူ့ဆီမှာ အလုပ် သွားတောင်းတယ်။ ဆန်အိတ်ထမ်းတဲ့ဘဝကနေ ကြိုးစားတက်လာတာပဲဆရာ”

“တွေ့လား ... ဒကာကြီး ... သူ့ကို ဦးဇင်းလက်ခံထားလိုက်ရင် သာသနာ့ဘောင်မှာပဲ ဆက်ရှိနေမလား ... စိတ်ပျက်ပြီး လူထွက်သွားလို့ ဘာဖြစ်နေမှန်း သိမှာတောင် မဟုတ်ဘူး။ လူက လူအနေနဲ့ လူထဲထွက်သွားတာ အကောင်းဆုံးဘဲဒကာကြီး။ ရဟန်းဖြစ်ပြီးမှ လူထွက်သွားရင် ဒင်းဘာကြီးပွားစေနိုင်တဲ့ အကြံမှ ထုတ်မှာ မဟုတ်ဘူး”

“အရှင်ဘုရားကလည်း ပြောတော့မယ်”

“ဟုတ်ပါတယ်ဆရာ ... ကျွန်တော် ဒီဘဝရောက်အောင် အောက်ခြေကစပြီး တစ်ထစ်ချင်း တက်ခဲ့ရတာပါ။ ချမ်းသာခဲ့တယ်ဆိုတာ သူများအလုပ်မှာဝင်လုပ် ... ပေးတာယူ ... ကျွေးတာစား ... အားရင်အိပ် ... စိတ်ကူးပိတ် ထားတဲ့ဘဝနဲ့ နေခဲ့တာ မဟုတ်ပါဘူး။ တစ်ရက်မှမနား ကြိုးစားပြီး ဘဝကို တည်ဆောက်ခဲ့ရတာပါ”

“ဒကာကြီး သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားနိုင်တယ်တဲ့ ... လက်တွေ့ပဲ ... ဒကာမြင့်နိုင် ကောင်းတော့ ခုဆိုရင် သာသနာကို အထောက်အပံ့တွေပေးနိုင်လို့ သာသနာအတွက်လည်း ကောင်းတာပေါ့”

“ကိုမြင့်နိုင်”

“ဆရာ”

“ဦးဇင်းကိုစိတ်ဆိုးသေးလား”

“စောစောကပြောတဲ့ ပုံပြင်ထဲမှာ ပါပြီးသားလေဆရာ ... ဦးဇင်းက အနေအထားတစ်ခုကြောင့် ကျွန်တော့်ကို ငြင်းလိုက်တာပဲ။ ငြင်းလိုက်တိုင်း စိတ်ဆိုးစရာ မဟုတ်ဘူးဆိုတာ ကျွန်တော် ကောင်းကောင်းသိသွားပြီ။ ငြင်းလိုက်ရင် ပိုပြီး ကြိုးစားပြရမယ်။ ပိုပြီးတည်ဆောက်ပြရမယ်။ ပိုပြီး ရပ်တည်ပြရမယ်ဆိုတာ လက်တွေ့ပဲ ဆရာရယ်”

“ကောင်းလိုက်တာ ကိုမြင့်နိုင်ရယ် …
တကယ့်ဆရာနဲ့ တကယ့် ဒကာတွေ့ကြတာပဲ”

“ဆရာလည်း ဦးဇင်းလေးနဲ့ တွေ့တဲ့အကြောင်းတွေရေးတာ ဖတ်ကောင်းတယ်ဆရာ ... ရေးပေးပါဦး”

“ရေးမှာပါ ... ခုလည်း ဒီအကြောင်းတွေရေးဦးမှာ”

“ရေးပါဆရာ”

တင်ညွန့်👸
၁၅.၈.၂၀၂၀

 #ကုသိုလ်တွေအားလုံးရဲ့_တည်ရာမှီရာဆိုတာ သီလဆိုတာ ကိုယ်ကျင့်တရားပဲ။ စည်းကမ်းဘောင် အတွင်းက ပြောဆိုခြင်းနှင့် ပြုလုပ်ခြင်းလိ...
16/11/2024

#ကုသိုလ်တွေအားလုံးရဲ့_တည်ရာမှီရာဆိုတာ

သီလဆိုတာ ကိုယ်ကျင့်တရားပဲ။
စည်းကမ်းဘောင် အတွင်းက
ပြောဆိုခြင်းနှင့် ပြုလုပ်ခြင်းလို့ ဆိုရမယ်...

သဒ္ဓါရှိရင် သီလလည်း ရှိတတ်တာမို့လို့
မြတ်စွာဘုရားက ဆက်ဟောတာ...
ကိုယ်ကျင့်တရား ကောင်းလာရင်
ပစ္စည်းဥစ္စာလည်းပဲ ထိုပုဂ္ဂိုလ်ထံမှာမြဲလာမယ်။

ပစ္စည်းဥစ္စာ ချမ်းသာသော်လည်းပဲ
ကိုယ်ကျင့်တရား မကောင်းဘူးဆိုရင်တော့
ထိုပစ္စည်းဥစ္စာတွေဟာ
အဲဒီပုဂ္ဂိုလ်ထံမှာ မမြဲတတ်ဘူး။
ကိုယ်ကျင့် တရားပျက်ပြားတဲ့ပုဂ္ဂိုလ်ဟာ
စီးပွါးဥစ္စာ ပျက်ပြားသွားတယ်ဆိုတာ
လောကမှာ မြင်တွေ့ နိုင်တယ်။

ကိုယ်ကျင့်တရားဆိုတဲ့ နေရာမှာ
လူတွေမှာ ဘာအရေးကြီးသလဲဆိုရင်
ငါးပါးသီလပေါ့...။

တစ်ချို့က ငါးပါးသီလကို
တစ်ပါးလောက်စောင့်ရင် ပြီးတယ်၊
နှစ်ပါးလောက်စောင့်ရင် ပြီးတယ်။
ဒီလိုထင်ကြတယ်၊ မဟုတ်ဘူး။

ငါးပါးသီလဟာ
တစ်ပါးမှ လျှော့စရာမရှိဘူးနော်။

အားလုံးပြည့်စုံအောင် စောင့်နိုင်ရင်စောင့်၊
မစောင့်နိုင်ဘဲ တစ်ပါးသီလ
နှစ်ပါးသီလတို့ ဆိုရင်တော့
ကျန်တဲ့ဥစ္စာတွေက ဒုက္ခပေးမှာသေချာတယ်။

ငါးပါးသီလကို ဝါရိတ္တသီလလို့ ခေါ်တယ်။
ဝါရိတ္တသီလဆိုတာ တားမြစ်ထားတာ၊ မလုပ်ရဘူး။

ဘာဖြစ်လို့ မလုပ်ရတာလဲဆိုတော့ စဉ်းစားကြည့်ပေါ့...
မီးကိုကိုင်ရင် မပူဘူးလား...?
ပူမှာပေါ့၊ ဘယ်သူကိုင်ကိုင် ပူမှာဘဲ။

ထို့အတူဘဲ ငါးပါးသီလကို လွန်ကျူးရင်တော့
ဘယ်သီလကိုပဲ ကျူးလွန် ကျူးလွန်၊
ထိုသီလကို ကျူးလွန်တဲ့အပြစ်ကို ခံရမှာပဲ၊
ငါးပါးသီလနဲ့ပတ်သက်ပြီး လူတိုင်းသိကြပါတယ်။

ခုနကတင်ဘဲ ငါးပါးသီလ ဆောက်တည်ကြတယ်။
“ပါဏာတိပါတာ ဝရေမဏိ သိက်ခာပဒံ
သမာဒိယာမိ”ဆိုတာ သူများအသက်
သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏တဲ့။

သူများအသက်ကို သတ်ခြင်းမှ ရှောင်ရုံနဲ့
ပြီးရောလားဆိုတော့ မပြီးသေးဘူးနော်။

ရှောင်ရုံ ရှောင်တယ်ဆိုတာ
အဆင်မပြေရင် မရှောင်ဘူးဆိုတာ ရှိလာဦးမယ်။
ရှောင်ကြဉ်တယ်ဆိုတာ မလုပ်သင့်တာကို
မလုပ်ခြင်းဖြစ်တယ်။

လုပ်သင့်တာက ဘာလဲဆိုတော့
သတ္တဝါတွေကို သတ်ဖို့ဆိုတဲ့ ဓားတုတ်တွေ
ကိုယ့်အိမ်မှာ မထားရဘူးတဲ့။ ။

မြတ်စွာဘုရားကတော့…
သူတစ်ပါးကိုသတ်ဖို့ရာ လက်နက်ဆိုတာ
ထားကို မထားနဲ့တဲ့။
ဒါတင်မကဘူး မြတ်စွာဘုရားက
သတ္တဝါတွေကို သေစေလိုတဲ့စိတ်နဲ့
သတ်ဖြတ်မှုကို ရှက်တတ်ရမယ်။

ကိုယ့်လာသတ်ရင်လည်း သူ့ကိုပြန်မသတ်ရဘူး။
သတ္တဝါတွေရဲ့အသက်ကို သတ်ခြင်းဆိုတာကို
ရှက်စရာလို့ မြင်ရမယ်။

သတ္တဝါတွေအပေါ်မှာ
မေတ္တာတရား အကြင်နာတရား ထားရမယ်။
အေး...သီလလုံတယ်ဆိုတာ
အဲဒါတွေအကုန်လုံး ပြည့်စုံမှဖြစ်တာကို ပြောတာနော်။

ကဲ…နောက်တစ်ခု အဒိန္နာဒါန - ဆိုတာ
သူများပစ္စည်း မခိုးဘူး။
ဒါတင် မပြီးသေးဘူး။
သူများပေးတာနဲ့သာ ကျေနပ်တယ်။
ပေးတာကိုသာ ကြိုက်တယ်။
သူများပစ္စည်းကို သိ၍ဖြစ်စေ၊ မသိဘဲဖြစ်စေ
လုံးဝ မယူဘူး။
အဲဒါမှသာ အဒိန္နာဒါန လုံတယ်လို့ခေါ်တယ်။
လုံးဝကို သန့် ရှင်းရမယ်။

ကာမေသု မိစ္ဆာစာရ နဲ့ပတ်သက်ရင်
အမျိုးသားတွေ အတွက်ကတော့
အမျိုးသမီး (၂ဝ) နဲ့ လုံးဝမလွန်ကျူးရဘူး။

အမျိုးသမီးတွေ အတွက်ကတော့
ကိုယ့်ရဲ့ အိမ်ထောင်ဘက် ခင်ပွန်းကလွဲပြီး
မလွန်ကျူးရဘူး။
ဒါကတော့ ထင်ထင်ရှားရှား ရှိတယ်နော်။

စည်းကမ်းချက် သတ်မှတ်ထားတဲ့အတိုင်းဖြစ်တယ်။

အခြားသူဆိုရင် စိတ်နဲ့တောင်မှ
မပြစ်မှားရဘူး ဆိုတာအထိမှ လုံခြုံတယ်လို့
ခေါတယ်။

မုသာဝါဒဆိုတာ လိမ်မပြောဘူး။
ဒါပေမယ့် မှန်တာကို မပြောဘူး’ဆိုရင်တော့
မပြည့်စုံသေးဘူး။
မလိမ်ဘူး၊ မှန်တာကိုသာ ပြောတယ်ဆိုမှ ပြည့်စုံတယ်။

သစ္စဝါဒီ - မှန်တဲ့စကားကို ပြောရမယ်။
သစ္စသ - ရှေ့စကားလည်း မှန်ရမယ်။
နောက် စကား လည်း မှန်ရမယ်။
အေး ဒီနေ့တော့ မှန်တာ ပြောတယ်။

နောက်တစ်နေ့ကျတော့ လိမ်ပြောတယ်။
ဒါမျိုးကလည်း မဟုတ်သေးဘူးနော်...
အမြဲတမ်းအမှန်ချည်းဘဲ ပြောရမယ်။
စိတ်ချယုံကြည်ရတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်။

အသံဝါဒကော လောကဿ - လောကကြီးကို
ဘယ်တော့မှ လွဲချော်အောင် မလုပ်ရဘူး။
ပတ်ဝန်းကျင်က ဒီလူဟာ ဘယ်တော့မှ
မဟုတ်တာ မမှန်တာ မပြောဘူးဆိုပြီး
လုံးဝယုံကြည်ရတဲ့ သူမျိုးဖြစ်အောင်လုပ်ရမယ်။

အဲဒီတော့မှ မုသာဝါဒသိက္ခာပုဒ်ဟာ ပြည့်စုံတယ်။

“သုရာမရေယ မဇ်ဇပ်ပမာဒဌာနာ ဝရေမဏိ”
ဒီသိက္ခာပုဒ်ကို စောင့်ထိန်းတဲ့ နေရာမှာလည်း
ခြွင်းချက် မရှိစေရဘူး။
တစ်ချို့က ဆေးဖြစ်ဝါးဖြစ်လေး ဆိုပြီးတော့
သောက်ချင်ကြသေးတယ်။

ခန္ဓာကိုယ်နဲ့ဦးနှောက်ကို ထိခိုက်စေနိုင်တယ်တဲ့။

မူးယစ်ဆေးဝါးကို သုံးစွဲရာမှာ
မိမိရော၊ သူတစ်ပါးရော ၊ မိမိ သူတစ်ပါး
နှစ်ဦးစလုံးကိုရော ထိခိုက်စေမယ်ဆိုရင်
အပြစ်ရှိတယ်လို့ သတ်မှတ်ရမယ်။

တစ်ချို့က ပြောကြတယ်။
သူများကို မထိခိုက်ဘူးဆိုရင်
ဘာမှ မဖြစ်ပါဘူးတဲ့။
ကိုယ့်ကိုယ်ကို ထိခိုက်နေတာကို မသိလို့ပါ။

သေရည်သေရက်ဟာ သုံးစွဲသူတွေမှာ
သွေးမှတစ်ဆင့် ခန္ဓာကိုယ်ထဲရှိ
ဦးနှောက်စတဲ့ အစိတ်အပိုင်းတွေထဲကို
ရောက်သွားပြီဆိုရင် စိတ်တွေဟာထိုင်းမှိုင်းလာပြီး
ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ဖို့
မေ့လျော့လာမယ်။

ပညာ၊ ဥစ္စာ၊ စီးပွား ဆိုတဲ့ အကျိုးတွေကို
ဆုတ်ယုတ်လာစေတယ်။

ဒါကြောင့်မို့… သုရာမေရယဆိုတဲ့
မူးယစ်နဲ့ပတ်သက်တဲ့ အရာတွေကို
ရှောင်ကြဉ်တာဟာ အကောင်းဆုံးပါပဲ။

သောတာပန်တွေကျတော့
မူးယစ်ဆေးဝါး မှန်သမျှ အားလုံးကို
လုံးဝ ရှောင်ကြဉ်လိုက်နိုင်ပြီ။

အရက်နဲ့ရေ ရောတိုက်ရင်တောင်မှ ရေဘဲဝင်ပြီး
အရက်လုံးဝမဝင်ဘူးလို့ အဆိုရှိတယ်။

သောတာပန်ဖြစ်ရင် မူးယစ်ဆေးဝါးဆိုတာကို
လုံးဝ ရှောင်ကြဉ်နိုင်ကြပြီ။

အဲဒီလို ငါးပါးသီလနဲ့ပြည့်စုံရင်
မြတ်သောဥစ္စာ တစ်မျိုး
ကိုယ့်မှာ ပြည့်စုံတာဖြစ်တယ်။

လောကမှာ သီလကို
ဘာနဲ့ ဥပမာပေးထားသလဲ ဆိုရင်
သိင်္ဂီရွှေခွက်နဲ့ ဥပမာပေးထားတယ်။

တန်ဖိုးရှိတဲ့ ခြင်္သေ့ဆီဟာ
သိင်္ဂီ ရွှေခွက်ထဲမှာ တည်နိုင်သလို
လူတွေရဲ့ သန္တာန်မှာရှိတဲ့
ကုသိုလ်တရားတွေဟာ သီလလို့ဆိုတဲ့
ရွှေခွက်နဲ့ ခံထားမှသာလျှင် တည်နိုင်တယ်။

သီလပျက်တာနဲ့ တစ်ပြိုင်နက်
ကုသိုလ်တရားတွေ အားလုံးပျက်တာပါပဲ။

အေး...ဒါကြောင့်
ကုသိုလ်တွေ အားလုံးရဲ့ တည်ရာမှီရာဟာ
" သီလ "ဖြစ်တယ်လို့
စာပေကျမ်းဂန်တွေမှာ ဆိုထားတယ်နော်။

လူ့အရည်သွေးတွေ အားလုံးဟာ
သီလပေါ်မှာပဲ မှီတည်နေတယ်။
သီလပျက်တာနဲ့ တစ်ပြိုင်နက်
လူ့ရဲ့အရည်သွေးတွေအားလုံးဟာ သွားရောပါပဲ။

ဒါကြောင့်မို့…သီလဆိုတဲ့ ပစ္စည်းဥစ္စာဟာ
လူသားတွေရဲ့သန္တာန်မှာ ရှိထားရမယ့်
မြတ်သော ဥစ္စာတစ်ခု ဖြစ်တယ်...။
_______________

ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

🏝စရိတ်ငြိမ်းနဲ့ ငွေဆောင်သွားမလား❓ ပိတ်ရက်တွေများလို့ ခရီးသွားချင်ပေမယ့် ဘယ်သွားရမှန်းမသိဖြစ်နေတဲ့ ဧည့်သည်တော်တွေအတွက် ငွ...
15/11/2024

🏝စရိတ်ငြိမ်းနဲ့ ငွေဆောင်သွားမလား❓

ပိတ်ရက်တွေများလို့ ခရီးသွားချင်ပေမယ့်
ဘယ်သွားရမှန်းမသိဖြစ်နေတဲ့ ဧည့်သည်တော်တွေအတွက် ငွေဆောင်ကမ်းခြေကို ရွေးချယ်မယ်ဆိုရင် ရွှေနဂါးဟိုတယ် ရှိပါတယ်နော်🤔

ဘန်ဂလိုလေးတွေမှာ တည်းခိုအနားယူပြီး 🏡
အေးအေးဆေးဆေး အပန်းဖြေချင်တယ်ဆိုရင်
စိတ်ရှုပ်စရာမလိုတဲ့ အပြီးအစီး စားရိတ်ငြိမ်း (Package) အစီအစဉ်လေးလည်း ရှိပါတယ်🙆

Package မှာ ဘာတွေပါမလဲဆိုရင်...🙆
[ကားခ၊ ဟိုတယ်ခ၊ မနက်စာ၊ နေ့လည်စာ၊ ညစာ] ပါဝင်မှာဖြစ်ပြီး တရက်လျှင် ထမင်း ၃-နပ် / နှစ်ရက်ဆိုလျှင် ၆-နပ်ကို ( မနက်စာ ဘူဖေး၊ နေ့လည်စာ မြန်မာစာ (သို့) တရုတ်စာ၊ ညစာ ပင်လယ်စာ ) တို့ဖြင့် ဧည့်ခံကျွေးမွေးမှာဖြစ်ပါတယ်‼️

ဒီလိုသင့်တင့်တဲ့ဈေးနှုန်းနဲ့ ကမ်းခြေမှာ
သက်တောင့်သက်သာ အပန်းဖြေမယ်ဆိုရင်
ရွှေနဂါးကို အခုပဲဆက်သွယ်လိုက်တော့နော်...

❇️ကားခ၊ ဟိုတယ်ခ၊ စားစရိတ် အပါအဝင်
🏡သစ်သားဘန်ဂလို
☝️တစ်ညအိပ် - ၉၀၀၀၀
✌️နှစ်ညအိပ် - ၁၄၅၀၀၀

🏡 Rooftop ဘန်ဂလို
☝️တစ်ညအိပ် - ၁၀၀၀၀၀
✌️နှစ်ညအိပ် - ၁၆၅၀၀၀

👉အသေးစိတ်သိချင်တယ်ဆိုရင် ...
📲09 456 456 480
📲09 456 456 490 ကို ဆက်လိုက်နော်....

#ရွှေနဂါး_ဟိုတယ်


#ငွေဆောင်_ကမ်းခြေ

လောကမှာ - - -သူတော်ကောင်းလည်း ဖြစ်ချင်ဖြစ်ပါစေ..မသူတော်လည်း ဖြစ်ချင်ဖြစ်ပါစေ ..သီလရှိတဲ့ပုဂ္ဂိုလ်လည်း ဖြစ်ချင်ဖြစ်ပါစေ ....
14/11/2024

လောကမှာ - - -
သူတော်ကောင်းလည်း ဖြစ်ချင်ဖြစ်ပါစေ..
မသူတော်လည်း ဖြစ်ချင်ဖြစ်ပါစေ ..
သီလရှိတဲ့ပုဂ္ဂိုလ်လည်း ဖြစ်ချင်ဖြစ်ပါစေ ..
သီလမရှိတဲ့ပုဂ္ဂိုလ်လည်း ဖြစ်ချင်ဖြစ်ပါစေ..

အကြင် ပုဂ္ဂိုလ်တစ်ဦးကို
သွားပြီး ဆည်းကပ်ခဲ့မယ်ဆိုရင်
ထိုဆည်းကပ်တဲ့ ပုဂ္ဂိုလ်ဟာ
မိမိဆည်းကပ်နေတဲ့ ပုဂ္ဂိုလ်ရဲ့အလိုသို့
လိုက်ပါရတဲ့ သဘောရှိပါတယ် ... ။

သူတော်ကောင်းကို ဆည်းကပ်ခဲ့ရင်
သူတော်ကောင်းရဲ့ အလိုအတိုင်း
လိုက်နာ ပြုကျင့်ရတယ် ... ။
လူမိုက်လူယုတ်မာကို သွားပြီးဆည်းကပ်ခဲ့ရင်
လူမိုက်လူယုတ်မာရဲ့ အလိုအတိုင်း
လိုက်နာ ပြုကျင့်ရပါတယ် ... ။

ကိုယ်က ဒီဆရာကို သွားပြီးဆည်းကပ်ခဲ့ရင်
ဒီဆရာရဲ့အလိုအတိုင်း လိုက်နာပြုကျင့်ရတဲ့
သဘော လောကမှာရှိပါတယ် ... ။
ဒါ လူမိုက်လူယုတ်မာကို သွားမဆည်းကပ်မိဖို့
သတိထားဖို့ လိုအပ်ပါတယ် ..... ။

#ကျေးဇူးတော်ရှင်
#ဖားအောက်တောရ_ဆရာတော်ဘုရားကြီး
( မင်္ဂလသုတ္တံ )

Address

No-207, 1st Floor, Kyaikkasan Road
Tamwe
11211

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959456456540

Website

Alerts

Be the first to know and let us send you an email when Golden Dragon Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Dragon Travels & Tours:

Videos

Share

Category


Other Travel Agencies in Tamwe

Show All