Pa.O Kham Hti

Pa.O Kham Hti ရက်ပအိုဝ်ႏ

 # # #ဆီဆိုင် နမ်းသြမှာPNO က အပုတ်ချစွတ်စွဲသလို PNLO က လုပ်ဆောင်သလား  စစ်ဦးစီးကျော်ထင် ပါအဖမ်းခံရသလား # #         ဆီဆို...
10/05/2023

# # #ဆီဆိုင် နမ်းသြမှာPNO က အပုတ်ချစွတ်စွဲသလို PNLO က လုပ်ဆောင်သလား စစ်ဦးစီးကျော်ထင် ပါအဖမ်းခံရသလား # #

ဆီဆိုင် နမ်းသြရွှာအနီး နိုင်ငံတကာသံတမန်တွေ ပါတဲ့ ယာဥ်တန်းကို PNLO က ပစ်ခတ်တယ်တယ်လို့ PNO ပြည်သူ့စစ်က အခြေအမြစ်မရှိ စွတ်စွဲ တာဟာ သူတို့လုပ်ရပ်သူတို့အပြစ်ကို ပြန်လည်ဖုံးဖိဖို့အတွက် လို့ဘဲမြင်ပါတယ်၊
၎င်းယာဥ်တန်းမှာ PNLO အတွင်းရေးမှူးလဲ ပါဝင်သလိုPNLO က စီစဥ်တဲ့ စစ်ဘေးရှောင် အကူအညီပေးရေးအတွက် PNLOရုံးကို လာတဲ့ယာဥ်တန်းဖြစ်တယ်၊၊ PNLOက ပြန်ပစ်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး၊၊
နောက်တချက် PNOက စွတ်စွဲသလို ကျော်ထင် လုပ်ဆောင်တယ်လို့ ဆိုပါတယ်၊၊ ကျော်ထင်ဆိုတာ PNLO ရဲ့ဒုက္ကဌ လဲဖြစ် စစ်ဦးစီး ချုပ်လဲ ဖြစ်ပါတယ်
စစ်ဦးစီးတစ်ဦးက သူ့အဆင့်နဲ့လမ်းဘေးမှာ ကိုယ့်အဖွဲ့က စီစဥ်ပြီး ကိုယ့်အဖွဲ့ပါတဲ့ ယာဥ်တန်းပစ်ခတ်တယ်လို့ စွတ်စွဲတာဟာ ချီးစားဦးနှောက်နဲ့ PNLOကို ရည်ရွယ်ချက်ရှိရှိ အပုတ်ချကာ မသိနားမလည်တဲ့ ပအိုဝ်းပြည်သူ တချို့ကို ဝါဒဖြန့်ခြင်းသာဖြစ်ပါတယ်၊၊
နောက်တစ်ခုက PNLA စစ်ဦးစီးချုပ် ကျော်ထင် နဲ့တပ်သား၅ယောက် အဖမ်းခံရတယ်လို့ PNA ဒုစစ်ဦးစီးမှုး ကိုယ်တိုင် မီဒီယာအင်တာဗျူး တခုမှာ ဖြေထားသလို့ PNO ပြန်ကြား‌ေရး ခွန်ဆန်း‌‌ေအာင် ကိုင်တဲ့PNA Page နဲ့ PNO လော်ဘီ‌ ‌ေတွကလဲ အရှက်မရှိ အခြေအမြစ်မရှိ စွတ်စွဲထားတာ တွေ့ရပါတယ်

တစ်ကယ်လို့သာ PNLA စစ်ဦးစီးချုပ် တစ်ကယ်အဖမ်းခံရရင် ဒီအချိန် PNLAတပ်ဖွဲ့တွေက ငြိမ်နေမှာမဟုတ်ဘဲ နောင်ထောဝ်၊ဆီဆိုင် စတဲ့နေရာတွေမှာ သေနတ်သံ ကြားနေရပြီဖြစ်တယ် ခွေးဦးနှောက်နဲ့မတွေးဘဲ လူဦးနှောက်နဲ့ တွေးရင်တော့ အမြင်သာကြီးဘဲဖြစ်ပါတယ်
မနာလိုသူ PNO တွေ အခြေအမြစ်မရှိ အရှက်မဲ့စွတ်စွဲထား တဲ့ PNLA စစ်ဦးစီး ကျော်ထင် အဖမ်းခံရခြင်းမရှိသလို့ ဘယ်တပ်သားမှ အဖမ်းခံရခြင်းမရှိပါဘူးလို့ စိုးရိမ်နေတဲ့ ပအိုဝ်းပြည်သူများကိုပြောပြလိုပါတယ်၊၊ ခုလောလောဆယ်မှ စစ်ဦးစီးဟာ ဌာနချုပ်မှာဘဲ အေးအေးဆေးဆေး ဆေးလိပ်ထိုင်သောက်နေပါကြောင်းပါ😁 သူတို့ အမှားကို ဖုံးဖိ ဖို့အတွက် တဖက်သားကို အခြေအမြစ်မရှိ မဟုတ်မမှန်စွတ်စွဲတာဟာ သူတို့လုပ်နေကြအလုပ် သူတို့ရဲဗျူဟာဖြစ်ပါကြောင်း 💥
# ဖြားကျော်ထင် အဝ်ႏတေ့ဒါႏ (၂ကိုယ်ခွဲ)မကောင်သေတဝ်း😁🤣

Crd # #ခွန်ကျော်ႏထူႏခမ်း # # #
.O Kham Hti #

09/05/2023

ကဟဲ့ꩻလွဥ်သားတဲ့ PNLO ၊ PNLO တွဲꩻဖက်အွဥ်အကိုရေꩻတွမ်ႏ PNLO ကိုယ်စလှယ်ႏဖုံႏတဲ့ပါ အီလွေꩻ PNLOရွမ်ꩻဒျာႏ ၊ဖေႏကလ့ꩻ ဖေႏကထောက်ပံ့လွေꩻဒုက္ခသည်ႏ သားနဲ့ PNLOမာꩻခါꩻ စီႏရင်ႏခါꩻဒျာႏနဝ်ꩻ ရိုꩻ‌ေတာPNLO ခ့ꩻချာꩻနဝ်ꩻ အီႏထွာနွောင်ꩻနေဟောင်း တွမ်ႏနမ်းကတူႏခီးတွော့ ယူႏချာစံဒျာႏဝင်ꩻသြ

08/05/2023
 # # # # မနေ့ ဆီဆိုင် နမ်းသြရွှာပစ်ခတ်မှု   # # #ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူတွေနဲ့တွေဆုံဖို့ အင်ဒိုနီးရှားသ...
08/05/2023

# # # # မနေ့ ဆီဆိုင် နမ်းသြရွှာပစ်ခတ်မှု # # #

ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူတွေနဲ့တွေဆုံဖို့ အင်ဒိုနီးရှားသံတမန်၊စင်္ဂပူသံတမန်၊
အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိိနှိုင်းရေး စင်တာ AHA တာဝန်ရှိသူ ၊ရှမ်းပြည်နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများနဲ့ PNLOမှ တွဲဖက်အတွင်းရေးမှူးအပါအဝင်PNLO အဖွဲ့မှကိုယ်စလှယ်တွေ ပါဝင်တဲ့ ယာဥ်တန်းကို မနေ့ ၇.၅.၂၀၂၃ရက်နေ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ရုံးကို သွားရောက် ချိန် မနက်ပိုင်း ၁၁.၃၀ဝန်းကျင်ခန့် နမ်းသြ ကျေးရွှာအနီး မသမာသူအဖွဲ့တစ်ခုမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်
ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတရာမရှိခဲ့ပေမဲ့ လုံခြုံရေးအခြေအနေကြောင့် နောက်ပြန်လှည့်ခဲ့ရပါတယ်
၎င်းဖြစ်စဥ်ကိုအကြောင်းပြုပြီး PNLO တွဲဖက်အထွေထွေအတွင်းရေးမှုးနှင့် ကိုယ်စလှယ်ပါဝင်သည့်PNLO ဆက်ဆံ ရေးရုံးကိုလာသော ယာဥ်တန်းကို PNLO တပ်ဖွဲ့ ဝင်များကပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း မနာလိုတဲ့ မသမာသူအဖွဲ့အစည်းတစ်ခုမှ၊ရုပ်တိမရှိ ၊အခြေအမြစ်မရှိ ရည်ရွယ်ချက်ရှိရှိ စွတ်စွဲကာ ပြည်သူများအား ဝါဒဖြန့်ခဲ့ခြင်းဖြစ်တယ်၊၊
ပစ်ခတ်မှု ဖြစ်စဥ်အသေးစိတ်ကို မကြာခင်မှာ တင်ပေးပါမယ်၊၊
Crd ခွန်သွီႏရုဲင်း PNLAရုဲင်းဖက်
# Pa.O Kham Hti #

စစ်ဘေးရှောင်တွေကို အကူအညီပေးဖို့ ဆီဆိုင်မြို့ PNLO ဆက်ဆံရေးရုံးသို့ လာတဲ့ နိုင်ငံတကာ သံတမန်ယာဉ်တန်း ပစ်ခတ်ခံရမဲခေါင်၊ မေ...
08/05/2023

စစ်ဘေးရှောင်တွေကို အကူအညီပေးဖို့ ဆီဆိုင်မြို့ PNLO ဆက်ဆံရေးရုံးသို့ လာတဲ့ နိုင်ငံတကာ သံတမန်ယာဉ်တန်း ပစ်ခတ်ခံရ

မဲခေါင်၊ မေ ၈

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဆက်ဆံရေးရုံးသို့ စစ်ဘေးရှောင်အကူအညီပေးရေး လာရောက်တဲ့ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံမှ သံတမန်များ၊ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးစင်တာ-AHA စင်တာ တာဝန်ရှိသူများ ပါဝင်တဲ့ ယာဉ်တန်း ဆီဆိုင်မြို့မရောက်ခင်မှာ လုပ်ကြံပစ်ခတ်ခံခဲ့ရတယ်လို့ မဲခေါင်းသတင်းဌာနက စုံစမ်းသိရှိရပါတယ်။

AHA စင်တာမှ တာဝန်ရှိသူ ၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံ သံတမန် ၂ ဦး၊ စင်ကာပူနိုင်ငံ သံတမန် ၂ ဦး ပါဝင်တဲ့ ယာဉ်တန်းဟာ မနေ့ မေလ ၇ ရက်နေ့မှာ တောင်ကြီးမြို့မှ ဆီဆိုင်မြို့ရှိ PNLO ရုံးသို့ လာရောက်စဉ် ဆီဆိုင်မြို့နယ် နန်းဩကျေးရွာမြောက်ဘက်၊ သရက်ပင်ကြီးအကွေ့အရောက်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

“ဆီဆိုင် PNLO ရုံးမှာ စစ်ဘေးရှောင်အကူအညီပေးဖို့လာတာပေါ့။ အဲ့ဒါ နန်းဩရွာနားအရောက်မှာ ယာဉ်တန်းမှာပါလာတဲ့ ရဲကားတစ်စီး လေးငါးချက်အပစ်ခံရလို့ ယာဉ်တန်းက ပြန်ဆုတ်သွားတယ်။ ဆီဆိုင်မှာက စစ်ဘေးရှောင်တွေ PNLO တာဝန်ရှိသူတွေက စောင့်နေပေမယ့် အဲ့ဒီသံတမန်တွေနဲ့ မတွေ့လိုက်ရဘူး” လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

အဲ့ဒီလို ယာဉ်တန်းအပစ်ခံရတဲ့အတွက် သံတမန်များဟာ ဆီဆိုင်မြို့သို့ ဆက်မသွားတော့ဘဲ နောက်ကြောင်းပြန်လှည့်ခဲ့ရပါတယ်။ ပစ်ခတ်ခံရတဲ့ ယာဉ်တန်းထဲမှာ PNLO ကိုယ်စားလှယ်လည်း ပါတယ်လို့ စုံစမ်းသိရှိရပါတယ်။

သံတမန်တွေက စစ်ဘေးရှောင်တွေကို အကူအညီပေးမယ့် အဲ့ဒီ အစီအစဉ်မှာ စစ်ဘေးရှောင်တွေကိုယ်တိုင်လည်း တက်ခွင့်ရတာမို့လို့ သံတမန်တွေနဲ့ စစ်ဘေးရှောင်တွေ တိုက်ရိုက်စကားပြောနိုင်ဖို့ အခွင့်အလမ်းလည်း ရနိုင်ပြီး အများကြီးမျှော်လင့်ချက်ထားခဲ့တယ်လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးကပြောပါတယ်။

“ကျွန်တော်တို့ကြုံရတဲ့အခက်အခဲတွေ အကူအညီတွေကို တင်ပြခွင့်ရရင် တင်ပြမယ်လို့ပဲ မျှော်မှန်းထားတာပါ။ ကျွန်တော်တို့နဲ့ နိုင်ငံခြားသားတွေကို မပေးတွေ့ချင်တဲ့လူက နှောက်ယှက်တယ်လို့ပဲ ပြောချင်ပါတယ်” လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးကလည်း ပြောပါတယ်။

ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေကို ဆီဆိုင်မြို့နယ်ကနေ ထွက်ခွါသွားကြဖို့ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီရဲ့ ထွေအုပ်က စာနဲ့မောင်းထုတ်ဖူးပါတယ်။

PNLO အဖွဲ့နဲ့ ချိတ်ဆက်ပြီး စစ်ဘေးရှောင်တွေကို ကူညီဖို့လာရောက်တဲ့ သံတမန်တွေကို ပစ်ခတ်တာဟာ နိုင်ငံခြားသံတမန်တွေက စစ်ဘေးရှောင်တွေကို တိုက်ရိုက်ကူညီတွေ့ဆုံတာကို မလိုလားသူတွေ နဲ့ PNLO ရုံးကို နိုင်ငံတကာ သံတမန် လာတာကို မလိုလားသူတွေက လုပ်ကြံပစ်ခတ်တာဖြစ်နိုင်တယ်လို့ ပအိုဝ်းအရေးကျွမ်းကျင်သူတစ်ဦးကပြောပါတယ်။

“စစ်ဘေးရှောင်ကို အကူအညီပေးဖို့လာတဲ့သူကို ပစ်တယ်ဆိုတာက အဲ့ဒီနိုင်ငံတကာသံတမန်နဲ့ စစ်ဘေးရှောင်တွေ တွေ့ဆုံစကားပြောမှာကို မလိုလားတဲ့သူရယ် ဒါမှမဟုတ် နိုင်ငံရေးအရ PNLO ကို ရန်ဘက်အဖြစ်မြင်တဲ့ သူတွေရယ် အဲ့ဒီနှစ်မျိုးထဲက တစ်မျိုးမျိုး အုပ်စုတစ်အုပ်စုက လုပ်တယ်လို့ ပြောလို့ရပါတယ်။ မည်သူမည်ဝါ လုပ်တယ်ဆိုတာကတော့ နာမည်နဲ့ပြောဖို့ခက်ပါတယ်” လို့ သူကပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် တစ်စုံတစ်ဦး ထိခိုက်တာ၊ ယာဉ်တွေ အကြီးအကျယ်ပျက်စီးတာတွေ မရှိတဲ့အတွက် အခုလုပ်ကြံမှုရည်ရွယ်ချက်ဟာ သေကြေစေဖို့ထက် နိုင်ငံတကာ သံတမန်တွေ နဲ့ စစ်ဘေးရှောင်တွေ တိုက်ရိုက်တွေ့ခွင့်ရမယ့် ပွဲပျက်ဖို့ကိုပဲ ဦးတည်လုပ်ကြံတယ်ဆိုတာ ပေါ်လွင်တယ်လို့လည်း သူကပြောပါတယ်။

အဲ့ဒီပစ်ခတ်လုပ်ကြံမှုဟာ စစ်ကောင်စီ နဲ့ PNO ပြည်သူ့စစ်က တမင်သက်သက် ပွဲဖျက်ချင်လို့ လုပ်ကြံမှုအတု ပြန်ဖန်တီးတာလို့လည်း ပအိုဝ်းဒေသတွင်းသတင်းတွေကို ဖော်ပြေနေတဲ့ လူမှုကွန်ယက်စာမျက်နှာတွေက ရေးသားနေကြတာလည်း တွေ့ရပါတယ်။

အဲ့ဒီပစ်ခတ်မှုကို စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာတွေမှာတော့ PDF တွေက လုပ်တာလို့ စွပ်စွဲထားပါတယ်။ ဒါပေမယ့် အဲ့ဒီယာဉ်တန်း ပစ်ခတ်ခံရတယ်ဆိုတဲ့ နန်းဩကျေးရွာမြောက်ဘက် သရက်ပင်ကြီးရှိတဲ့ အကွေ့ နေရာဟာ ကရင်နီပြည်နယ်စပ်နဲ့ ၅၈ မိုင်အထိ အကွာအဝေးရှိပါတယ်။

ဒါ့အပြင် အဲ့ဒီနေရာဟာ စစ်ကောင်စီ နဲ့ PNO ပြည်သူ့စစ်တို့ရဲ့ တပ်စခန်းနှစ်ခုကြားက အလယ်တည့်တည့်မှာရှိပါတယ်။ အဲ့ဒီပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာဟာ ဆီဆိုင်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ၄၂၃၊ ၄၂၄ တပ်ရင်းကနေ ၁၁ မိုင်ကျော်ကွာဝေးပြီး ဆိုက်ခေါင်မှာရှိတဲ့ PNO ပြည်သူ့စစ်ရဲ့ အောင်ဆုဗွေစခန်းနဲ့လည်း ၁၁ မိုင်ကွာဝေးပါတယ်။

CJ - 002

်ဆံရေးရုံး
#သံတမန်ယာဉ်တန်း

နစကနှင့် NUG တို့ ဖက်ဒရယ်ကို နိုင်ငံရေးအမြတ်သဘော ပြောနေဟုဆိုCNI News၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆နစက နှင့် NUG တို့သည် ဖက်ဒရယ်ပြည...
27/04/2023

နစကနှင့် NUG တို့ ဖက်ဒရယ်ကို နိုင်ငံရေးအမြတ်သဘော ပြောနေဟုဆို

CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆

နစက နှင့် NUG တို့သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟုဆိုကာ စည်းရုံးနေမှုသည် နိုင်ငံရေး အမြတ်သဘောဖြင့်သာ ပြောနေကြကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

နစက နှင့် NUG သည် ဖက်ဒရယ်ကို နိုင်ငံ‌ရေးအမြတ်သဘော ပြောနေကြသော်လည်း ဖက်ဒရယ်မူများကို လက်ခံ ထားပြီး ကျင့်သုံးမည်ဆိုသည်ကို မတွေ့ရှိရကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အဟန့်အတားကတော့ လက်ရှိ အကြမ်းဖက်တာပေါ့၊ အကြမ်းဖက်မှုတွေ ရှိနေသမျှ တော့ အဟန့်အတား ဖြစ်နေမှာပဲ၊ လက်နက်ကိုင်ပဋိပက္ခကို လျှော့ချပြီးတော့ တွေ့ဆုံ ဆွေးနွေးရေးတွေကို စမှ ဖက်ဒရယ် တည်ဆောက်တဲ့ လမ်းက ပေါ်မယ်၊ နောက်ပြီးတော့ တွေ့ဆုံဆွေးနွေးရေး စတယ်ဆိုတာတောင် ဖက်ဒရယ်တစ်ခါတည်း ပေါ်သေးတာ မဟုတ်သေးပါဘူး။ ဖက်ဒရယ်ပေါ်ဖို့အတွက် အခြေခံမူချတာတို့ သဘော တူညီချက် ယူတာတို့ နိုင်ငံရေးအရ Political solution လို့ခေါ်တာပေါ့။ နိုင်ငံရေး အဆုံးအဖြတ်တွေကို အရင်ယူ ပြီးမှ ဖက်ဒရယ်ကို သွားလို့ရမှာ၊ အခု အင်အားပြိုင်ဆိုင်နေတဲ့ အကြိတ်အနယ် သူနိုင်၊ ကိုယ်နိုင် အားပြိုင်နေတဲ့ အဖွဲ့တွေကတော့ ဖက်ဒရယ်ကို စည်းရုံးရေးသဘော နိုင်ငံရေးအမြတ်သဘော ပြောနေကြပေမဲ့ လက်တွေ့ ဖက်ဒရယ် အခြေခံမူတွေကို လက်ခံထားပြီး သူတို့ကိုယ်တိုင် ကျင့်သုံးမယ်ဆိုတာ မတွေ့သေးဘူး၊ အဲဒါကြောင့် အဲဒီ ဖက်ဒရယ် အခြေခံမူတွေကို ရတဲ့အထိ သဘောတူထားမှ ဒါက ကျနော်တို့ ဖက်ဒရယ်ကို သွားနိုင်မှာ ဖြစ် တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

နစကနှင့် NUG တို့သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်မည်ဟု အသီးသီး ပြောနေကြ သော်လည်း မည်ကဲ့သို့သော ဖက်ဒရယ်မျိုး တည်ဆောက်မည်ဆိုသည်ကိုတော့ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ထို့အတူ နစကနှင့် NUG တို့သည့် ကျဉ်းထဲကျပ်ထဲရောက်မှ ဖက်ဒရယ်ကို အကြောင်းပြပြီး အပြိုင်အဆိုင် မဲဆွယ် သလို ဖြစ်နေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စစ်တပ်ပဲနေနေ၊ ဒီ NLD ပဲနေနေ၊ ဒီ NUG ပဲ နေနေ သူတို့က ကျဉ်းထဲကျပ်ထဲရောက်မှ ဒီဟာကြီး (ဖက်ဒရယ်)ကို အပြိုင်အဆိုင်ပြပြီး မဲဆွယ်သလို ဖြစ်တယ်၊ အဲဒီဟာတော့ တော်တော်လေး နိုင်ငံတည်ဆောက် ရေးလား၊ တိုင်းပြည် တည်ဆောက်ရေးလား ဘာလုပ်မှာလဲဆိုတဲ့ အဓိက ဗမာနှစ်စုရဲ့ အမျှော်အမြင် အားနည်းမှု ပေါ့နော်၊ အဲဒီ weak point ကို ကွင်းကွင်းကွက်ကွက် မြင်ရတာပေါ့၊ နဂိုကတည်းက ကျနော်ဆိုလိုတာ ပရိုအက်တစ် ပေါ့ဗျာ၊ ဖြစ်လာမှ တုံ့ပြန်တာထက် ကြိုတင်ပြီး လုပ်ထားနိုင်တယ်ဆိုရင် ဒီအခြေအနေမျိုး မရောက်ဘူးပေါ့လေ၊ ဒါကတော့ ဘယ်ဖက်ပါမလဲဆိုပြီးမှ အနိုင်ကစားတဲ့ ပွဲမှာ မဲဆွယ်ကြတဲ့ဟာ တစ်ခုပါပဲ၊ တကယ်တမ်းကြတော့ သူတို့ရဲ့ မက်လုံးတွေက ကျနော်မြင်တဲ့အမြင်မှာ သိပ်ပြီး ဆွဲဆောင်မှု မရှိဘူး။ အဲဒီသဘောမျိုး ဖြစ်နေတယ်၊ ဒါပေမဲ့ တချို့ကတော့ အခြေအနေ အရဆိုတဲ့ဟာမျိုး ဖြစ်တာပေါ့လေ” ဟု ပြောသည်။

ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသလို NUG ကလည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအား တည်ဆောက်မည်ဟု ပြောကြား ထားသည်။
သို့သော်လည်း လက်ရှိအချိန်ထိ ဖက်ဒရယ်မူများကို ချပြနိုင်ခြင်း မရှိသေးပေ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တောင်းဆိုနေသော် လည်း ULA/AA ကမူ ဖက်ဒရယ်ထက် မြင့်မားသည့် အခွင့်အာဏာရှိသော ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်) အဆင့်အတန်း ရလိုကြောင်း တောင်းဆိုလျက်ရှိသည်။

ထို့နောက် “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)ကမူ ဖက်ဒရယ်ဟု မပြောသလို ကွန်ဖက်ဒရေး ရှင်းဟုလည်း မပြောဘဲ တရုတ်နိုင်ငံကဲ့သို့ တစ်နိုင်ငံတည်း မူဝါဒ ၂ ခုဖြင့် အုပ်ချုပ်နိုင်သော အခြေအနေကို ဖန်တီးရယူထားသလို ဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

#ဖက်ဒရယ် #နစက #နိုင်ငံရေးအမြတ်ထုတ် #ဗိုလ်မှူးကြီးခွန်ဥက္ကာ #နိုင်ငံရေး #နိုင်ငံတကာ

ပုံ - ၁၀+၁၀ ထိပ်သီး ဆွေးနွေးပွဲကိုတွေ့ရစဉ်

တော်လှန်ရေးအင်အားစုတွေအတွက် စံပြဖြစ်လာတဲ့ ရက္ခိုင့်တပ်တော် (AA)DMG (ဆောင်းပါး)မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလက်နက်ကို...
24/04/2023

တော်လှန်ရေးအင်အားစုတွေအတွက် စံပြဖြစ်လာတဲ့ ရက္ခိုင့်တပ်တော် (AA)

DMG (ဆောင်းပါး)

မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ ရက္ခိုင့်တပ်တော် (AA) ဟာ တိုက်ခိုက်ရေးစွမ်းအား အပြင်းထန်ဆုံးနဲ့ သတ္တိအပြောင်မြောက်ဆုံး လက်နက်ကိုင် အဖွဲ့အစည်းတွေထဲက တစ်ဖွဲ့အဖြစ်နဲ့ ပါဝင်နေပါတယ်။ ရက္ခိုင့်တပ်တော်သက်တမ်းဟာ ပြီးခဲ့တဲ့ဧပြီ ၁၀ ရက်နေ့မှာ ၁၄ နှစ်ပြည့်မြောက်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဘက်ပေါင်းစုံကနေ စစ်ကောင်စီကို အပြင်းထန်ဆုံး ခုခံတော်လှန်နေကြပြီး ‘ပန်းတိုင်ကိုရောက်ဖို့ လိုအပ်ချက်ကဘာလဲ’ ဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး အလေးထားဖြေကြားစရာ အဖြေကလည်း ရက္ခိုင့်တပ်တော်မှာ အဆင်သင့်ရှိနေပါလိမ့်မယ်။

မြန်မာ့တော်လှန်ရေးအင်အားစုတွေရဲ့ အထိမ်းအမှတ်လိုနေ့မျိုးတွေမှာ သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ခေါင်းဆောင်အသီးသီးက “ဝမ်းမြောက်ကြောင်းသဝဏ်လွှာ” ပေးပို့လေ့ရှိပြီး တစ်ဘက်နဲ့တစ်ဘက် ဖက်လှဲတကင်းနှုတ်ဆက် လေ့ရှိကြသလို ဧပြီ ၁၀ ရက်နေ့မှာကျရောက်ခဲ့တဲ့ ရက္ခိုင့်တပ်တော် နှစ်ပတ်လည်အခမ်းအနားမှာလည်း အဖွဲ့အသီးသီးနဲ့ ခေါင်းဆောင်တွေက မေတ္တာစကားပေးပို့ခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့ကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်၊ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF) နဲ့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) စတဲ့ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးက ရက္ခိုင့်တပ်တော်နှစ်ပတ်လည် အခမ်းအနားအတွက် “ဝမ်းမြောက်ကြောင်းသဝဏ်လွှာ” တွေ ပေးပို့ခဲ့ကြပါတယ်။

စစ်ကောင်စီကတော့ ဖော်ပြခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအပြင် အေအေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့ကို ဖေ့ဘုတ်လို ဆိုရှယ်မီဒီယာတွေမှာ ပိုစ့်မတင်နိုင်အောင် နည်းလမ်းမျိုးစုံနဲ့ တားမြစ်နေပါတယ်။ အဖွဲ့အစည်းအပြင် တော်လှန်ရေးနဲ့ပတ်သက်သူတွေရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေ အားလုံးကို ပြည်သူတွေအသုံးပြုလို့မရအောင် စစ်ကောင်စီက ပိတ်ပင်တားမြစ်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီရဲ့ ဆင်ဆာဖြတ်တောက် တားမြစ်မှုတွေက ရက္ခိုင့်တပ်တော်ရဲ့ ကျော်ကြားမှုဂုဏ်သတင်းကို ကျော်ဖြတ်နိုင်ပုံ မပေါ်ပါဘူး။

NUG ယာယီသမ္မတ ဒူဝါလရှီးလ ကလည်း “ရခိုင်အမျိုးသားတစ်ရပ်လုံး အားကိုးယုံကြည်ရတဲ့ ရက္ခိုင့်တပ်တော် အဖြစ် ရပ်တည်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း” လက်ရေးနဲ့ ရေးသားထားတဲ့စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ သမ္မတရဲ့သဘောထားမှတ်ချက်နဲ့ ပတ်သက်ပြီး အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကလည်း အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုမျိုး ပြန်ပြီး ဖော်ပြခဲ့ပါတယ်။

အခုလိုတစ်ဘက်နဲ့တစ်ဘက် အပြန်အလှန်တုံ့ပြန်ခဲ့မှုတွေက ဘာကိုဖော်ပြနေသလဲဆိုရင် မြန်မာ့တော်လှန်ရေး အခန်းကဏ္ဍမှာ ထိပ်ဆုံးအနီးအနားဝန်းကျင်က နေရပ်တည်နေတဲ့ AA ရဲ့ရပ်တည်မှုကို လေးစားအသိအမှတ်ပြုကြောင်း ဖော်ပြရာ ရောက်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီကိုဆန့်ကျင်ရာမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပိုပြီး ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဆီ ရောက်အောင် မတူကွဲပြားတဲ့ PDF အဖွဲ့အသီးသီးကို စုစည်းနိုင်ဖို့ ရုန်းကန်နေရတဲ့ NUG ရဲ့ ကြိုးပမ်းမှုတွေကိုလည်း အသိအမှတ်ပြုကြောင်း ဖော်ပြချက်တွေပါပဲ။

စစ်ကောင်စီကိုဆန့်ကျင်နေကြတဲ့ တက်သစ်စတော်လှန်ရေး အဖွဲ့အစည်းအများစုအတွက် အေအေရဲ့သန္နိဋ္ဌာန်၊ အေအေရဲ့တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ပုံစံ၊ အေအေရဲ့ဆုံးဖြတ်ချက်၊ အောင်မြင်မှု စတာတွေက အတုယူစရာ စံပြနမူနာတွေဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင် အချိန်ကတည်းက လက်နက်ကိုင်အဖွဲ့အစည်းသစ်တွေ ပေါ်ပေါက် ထွန်းကားဖို့ရာ ရေခံမြေခံကောင်း ဖြစ်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်က ကချင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်ကို စတင်ဖွဲ့စည်းခဲ့ပြီးနောက်မှာတော့ အေအေက မြန်မာစစ်တပ်အတွက် ခေါင်းခဲစရာပုစ္ဆာတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ AA နဲ့ တခြား ရခိုင်လက်နက်ကိုင်အဖွဲ့အစည်း တွေအတွက်လည်း KIO က လက်ဦးဆရာဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ရဲ့ ၁၇ နှစ်ကြာမြင့်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြိုလဲခဲ့ပါတယ်။

၂၀၀၉ ခုနှစ်ကစပြီး KIO က AA ၊ TNLA ၊ MNDAA တို့ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၃ ခုနဲ့ ပူးပေါင်းပြီး လက်ရှိနာမည်ကြီးနေတဲ့ ညီနောင်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

AA က အစီအစဉ်ကျတဲ့ ထောက်ပံ့ပို့ဆောင်ရေး နည်းလမ်းတွေနဲ့အတူ ချင်းပြည်နယ်ထဲက ပလက်ဝမြို့မှာ AA ရဲ့ အခြေစိုက်စခန်းကို တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၈ နဲ့ ၂၀၂၀ ကြား မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေ အပြင်းထန်ဆုံးဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်က ခန့်မှန်းခြေဦးရေ ၂,၀၀၀ သေဆုံးခဲ့ပါတယ်။ ရခိုင်ပြည်ရဲ့ မြို့နယ်အများအပြားမှာဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် လူပေါင်း ၂၀၀,၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ရခိုင်ပြည်နယ်က တိုက်ပွဲတွေဟာ အခုဖြစ်နေတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးဆီက တိုက်ပွဲတွေရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုလောက်ပါပဲ။

၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ အပြီးမှာတော့ အံ့အားသင့်ဖွယ် နှစ်ဘက်အပစ်အခတ်ရပ်စဲရေး ပေါ်ပေါက်လာခဲ့ပြီး တည်ငြိမ်အေးချမ်းမှုတွေ ပြန်ပြီးရရှိခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဘက်ပွဲစားအဖြစ် ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ နိပွန် ဖောင်ဒေးရှင်း ဂျပန်သံအမတ် ဆာဆာကာဝါရဲ့ အငြင်းပွားဖွယ် အပစ်အခတ်ရပ်စဲရေးကလည်း ၂၀၂၀ နိုဝင်ဘာလ မတိုင်ခင်မှာဘဲ နှစ်ဘက်အပစ်အခတ် ပြန်ပြီးစတင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးကို AA က ဦးစားပေးဆောင်ရွက်နေပေမယ့် မြန်မာစစ်တပ်ရဲ့ နောက်ထပ်တစ်ဖန် ရန်စလိုတဲ့သဘောထား တွေကိုတော့ ရှောင်လွှဲလို့မရခဲ့ပါဘူး။

AA ရဲ့နိုင်ငံရေးပါတီ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) နဲ့ AA က ရခိုင်ပြည်သူတွေကြား ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားနေပေမယ့် ရခိုင်ပြည်နယ်ရဲ့ သက်တမ်းရင့်နိုင်ငံရေးပါတီနဲ့ တပ်မတော်ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ - ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) ကတော့ လူထုကြား ရေပန်းသိပ်မစားတော့ပါဘူး။ ALP/ALA က ထိုင်း-မြန်မာနယ်စပ်မှာ ဆယ်စုနှစ်များစွာကြာ ရုံးစိုက်ခဲ့ပြီး ၂၀၁၂ ခုနှစ်ကစလို့ အရင်အရပ်သားတစ်ပိုင်း အစိုးရတွေ နဲ့ နှစ်ဘက်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ (AA က KIA အကူအညီနဲ့ ကချင်ပြည်နယ်မှာ ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့က ထူထောင်ခဲ့ပါတယ်။ ALP/ALA ကိုတော့ KNU အကူအညီနဲ့ ၁၉၆၇ ခုနှစ် ဧပြီ ၉ ရက်နေ့မှာ ထူထောင်ခဲ့ပါတယ်။)

ALP က AA အတွက် ပြင်းထန်တဲ့ပြိုင်ဘက် မဟုတ်ခဲ့တာကလည်း နှစ်ပေါင်းအတော်ကြာခဲ့တဲ့အပြင် AA က ရခိုင်ပြည်မှာ နှစ်အတော်ကြာကတည်းက လွှမ်းမိုးထားနိုင်ခဲ့တဲ့အတွက် ALP အနေနဲ့ နက်ရှိုင်းမှုတွင်းနက်ထဲ ဝရုန်းသုန်းကား ထိုးကျသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၄ ရက်၊ ရခိုင်ပြည်နယ် စစ်တွေမြို့မှာကျင်းပခဲ့တဲ့ လွတ်လပ်ရေးနေ့အခမ်းအနား အပြန်မှာပဲ ALA စစ်ဦးစီးချုပ် ခိုင်စိုးမြနဲ့ အရာရှိ ၂ ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီလုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး AA အပေါ် ကြီးမားတဲ့သံသယတွေ ရှိခဲ့ကြပေမယ့် ဘယ်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့တယ်ဆိုတာ ခုချိန်ထိ ထုတ်ဖော်ပြော ဆိုလာတာမျိုး မရှိသေးပါဘူး။

ALP ရဲ့ခေါင်းဆောင်ပိုင်းအတွင်း သဘောထားကွဲလွဲမှုတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ပေါ်ပေါက်ခဲ့ပါတယ်။ ပါတီခေါင်းဆောင်တွေက တစ်ယောက်နဲ့တစ်ယောက် ပါတီတွင်းက ထုတ်ပယ်ကြောင်း ကြေညာချက်တွေ လူသိရှင် ကြားထုတ်ပြန်ခဲ့ပြီး မတ်လ ၂၀ ရက်နေ့မှာတော့ စောမြရာဇာလင်းက ခိုင်ရဲခိုင်နဲ့ ဗဟိုကော်မတီဝင်အများစုကို ထုတ်ပယ်ပြီး ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာတဲ့ဖြစ်စဉ် ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။

နောက်တစ်ရက်မှာပဲ ပါတီရဲ့ အဓိကခေါင်းဆောင်တွေက စောမြရာဇာလင်းရဲ့ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ပါတီက တရားမဝင်ကြောင်းနဲ့ မတ်လနှောင်းပိုင်း စကစနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) ဆွေးနွေးပွဲ မတက်ရောက်ဖို့ သူမကိုတားမြစ်ခဲ့ပြန်ပါတယ်။ သူမအနေနဲ့က သူမကိုယ်ပိုင်လမ်းကြောင်းအတိုင်း သွားနေခဲ့တယ် ဆိုပေမယ့် ပိုပြီးအဓိပ္ပါယ်မရှိတဲ့ လမ်းကြောင်းပေါ် လျှောက်နေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့တော်လှန်ရေး လှုပ်ရှားမှုတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ ဦးတည်နေပေမယ့် သူမကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးလို့ကောင်းနေတုန်းပါပဲ။

AA အနေနဲ့ကတော့ အခွန်ကောက်ဖို့ကိစ္စ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင် အရေအတွက် တိုးချဲ့နိုင်ဖို့ကိစ္စတွေ အပါအဝင် ရခိုင်ပြည်နယ်မှာ AA အုပ်ချုပ်ရေးခိုင်မာဖို့ ကိုယ့်လမ်းကြောင်းပေါ် ကိုယ်လျှောက်နေရပါတယ်။ လက်ရှိအချိန်ထိ တော့ AA တပ်ဖွဲ့ဝင်ပေါင်း ၂၅,၀၀၀ ကနေ ၃၀,၀၀၀ ကြားရှိနိုင်ပါတယ်။

စစ်ကောင်စီက ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း ရခိုင်နိုင်ငံရေးပါတီတချို့ နိုင်ငံရေးပါတီမှတ်ပုံတင်တွေ ပြန်တင်ခဲ့ကြတဲ့အတွက် ဝေဖန်သံတွေ ကျယ်လောင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြည်သူ့စစ်တမ်း ကောက်ယူခဲ့ရာမှာတော့ ပါတီတွေရဲ့ပါဝင်နိုင်ခြေ အလားအလာကို ULA/AA ရဲ့ခေါင်းဆောင်မှုနဲ့ ဆုံးဖြတ်နိုင်ဖွယ်ရှိနေတာ တွေ့ရှိခဲ့ပါတယ်။

ULA/AA ရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေနဲ့ဆက်ဆံရေးက အနောက်နိုင်ငံတွေထက် ပိုပြီးအရေးကြီးတယ် ဆိုတာကိုလည်း ULA/AA က သဘောပေါက်ထားပါတယ်။ AA အနေနဲ့ သူ့ရဲ့မြောက်ဘက်ပိုင်းမဟာမိတ်တွေအဖြစ် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ထူထောင်ခဲ့တာကလည်း အံ့ဩစရာတော့မဟုတ်ပါဘူး။

ULA/AA ရဲ့ ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ကလည်း ပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းက အွန်လိုင်းက နေပြုလုပ်တဲ့ "လွတ်မြောက်နယ်မြေအကြောင်း အမေးအဖြေ" အစီအစဉ်မှာ "ကျနော်တို့ညီအစ်ကိုတွေ (AA ၊ TNLA နဲ့ MNDAA) KNDF ကို စစ်ရေးအကူအညီပေးထားပြီး မဟာမိတ်အဖြစ် အသိအမှတ်ပြုပါတယ်။ ဒီတော်လှန်ရေးမှာလည်း အတူတကွ လက်တွဲဆင်နွှဲနေပါတယ်။ ရှေ့ဆက်ပြီးလည်း ဒီထက် နိုင်ငံရဲ့အခြေအနေပေါ် မူတည်ပြီးတော့ တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်မှုတွေ ၊ ကိုယ့်အဖွဲ့ရဲ့စစ်ရေးလှုပ်ရှားမှုအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ကဗျာဆရာမောင်ဆောင်းခ ဦးဆောင်နေတဲ့ BPLA နဲ့ AA ကလည်း နီးကပ်တဲ့ဆက်ဆံရေး ရှိနေပြီး BPLA ရဲ့ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်တွေကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က တတ်နိုင်သလောက် ကူညီသွားမယ်လို့ ဧပြီ ၁၇ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ BPLA ထူထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုထားပါတယ်။

တချို့သော လေ့လာသူတွေကတော့ မကွေးဒေသက PDF တွေကိုလည်း AA က လျှို့ဝှက်ကူညီနေပုံ ပေါ်တယ်လို့ ပြောဆိုနေကြပါတယ်။

သေချာတာကတော့ AA ဟာ NUG ကိုယုံပြီး ပုံအပ်ပစ်မှာတော့ မဟုတ်ပါဘူး။ ဒီအတွက်လည်း အကြောင်းပြချက်တွေက အများကြီးပါပဲ။ ပထမတစ်ချက်ကိုပြောရရင် ULA ရဲ့ “ရက္ခိုင့်အိပ်မက် ၂၀၂၀" နဲ့ “ရက္ခိတလမ်းစဉ်” ဖြစ်ပြီး ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ အာဏာမသိမ်းခင်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ပြတ်ပြတ်သားသား သတ်မှတ်ခဲ့ပြီးသား ဖြစ်တဲ့အတွက်ကြောင့်ပါ။

NLD ရဲ့အုပ်ချုပ်ရေးကာလတွေတုန်းက တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလိုပဲ AA ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ တောင်းဆိုချက်တွေအပေါ် လစ်လျူရှုခဲ့တာကို မေ့နိုင်ဦးမယ် မဟုတ်သေးပါ။

နောက်တစ်ချက်က ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ AA မှာ ရခိုင်တော်လှန်ရေးအတွက် ပြတ်သားတဲ့အမြင်မျိုး ရှိပေမယ့် NUG ရဲ့ခေါင်းဆောင်ပိုင်းတွေကတော့ ထုံထိုင်းမှုန်မှိုင်းနေတုန်းပါ။ ဒါတွေကြောင့်လည်း AA အနေနဲ့ NUG ကိုယုံပြီး ဆူးပုံကိုနင်းမယ့် အလုပ်မျိုး လုပ်လိမ့်မှာမဟုတ်ပါကြောင်း...။

■ ဘုန်းမောင်
Ref: Asia Times

ပုံစာ - အေအေက ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည့် တပ်ဖွဲ့ဝင်များ။

ကွန်ဟိန်းမြို့နယ်၊ နမ့်တွတ် ဒေသတွင် အင်အား၁၃၀ကျော် ဝန်းကျင်ရှိ စိုင်းလှိုင်(စောယ)ဦးဆောင်သည့် RCSS တပ်ဖွဲ့မှ  SSPP၏ ထိုး...
23/04/2023

ကွန်ဟိန်းမြို့နယ်၊ နမ့်တွတ် ဒေသတွင် အင်အား၁၃၀ကျော် ဝန်းကျင်ရှိ စိုင်းလှိုင်(စောယ)ဦးဆောင်သည့် RCSS တပ်ဖွဲ့မှ SSPP၏ ထိုးစစ်ကို မခုခံနိုင်တော့ဘဲ ထိုဒေသ၏ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့ပြီး ယခုအခါတွင် ၎င်းဒေသကို SSPP မှ အပြည့်အဝ ထိန်းချုပ်ထားခဲ့ပြီးဖြစ်သည်၊၊
23.4.2023

ပင်လောင်း နှစ်လကျော်တိုက်ပွဲအတွင်း ဘုန်းကြီးကျောင်း သုံးလုံးထိခိုက်ပျက်စီး--------------------------ခမ်းသားငေါဝ်းဧပြီ ၂၃...
23/04/2023

ပင်လောင်း နှစ်လကျော်တိုက်ပွဲအတွင်း ဘုန်းကြီးကျောင်း သုံးလုံးထိခိုက်ပျက်စီး
--------------------------
ခမ်းသားငေါဝ်း
ဧပြီ ၂၃၊ ၂၀၂၃

https://www.facebook.com/612819968887929/posts/2318266205009955/?sfnsn=mo&mibextid=RUbZ1f

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသ ဖေဖော်ဝါရီလ ၂၄ရက်က စပြီး ဖြစ်ပွားခဲ့သောတိုက်ပွဲသည် ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စ်ဖက် လက်နက်ကြီးအပြင် လေကြောင်းဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ‌ ဒေသတွင်းရှိ ဘာသာရေး ဘုန်းကြီးကျောင်း ၃ လုံးထိခိုက်ပျက်စီးခဲ့ရကြောင်း ဧပြီလ ၂၃ ရက်နေ့တွင် သိရသည်။

တောင်စလုံး၊တောက်မဲသင်း၊နမ့်နိန်း ကျေးရွာရှိဘုန်းကြီးကျောင်းများသည် လက်နက်ကြီး၊လက်နက်ငယ်ထိပြီး မီးလောင်ပျက်စီးခဲ့ရသလို ကျောင်းပရဝုဏ် အတွင်းရှိ ဆွမ်းစားဆောင်၊ သိမ်ကျောင်းနှင့် သံဃာများနေသည့်အဆောင် စသည့် ဘာသာရေးအဆောက်အဦးများ ထိမှန်ပျက်စီးခဲ့ရကြောင်းသိရသည်။

" ဘုန်ကြီးကျောင်းတွေ ပျက်စီးတာက မတ်လတုန်းကတည်းက တိုက်ပွဲစတင်ဖြစ်ပွားတဲ့အချိန်ပေါ့ စစ်ကောင်စီက PDFတွေရှိတယ်ဆိုတဲ့အထင်နဲ့ ပစ်တာလား။ တမင်သက်သက်ဘဲ ပစ်တာလားမသိဘူး ဘုန်းကြီးကျောင်းတွေ လူနေကျေးရွာဖက်ကိုဘဲ ဦးတည်တာများတယ် "ဟု တော်လှန်ရေးအင်အားစုမှ ရဲဘော်တစ်ဦးကပြောသည်။

ပင်လောင်းတွင် ဖေဖော်ဝါရီ ၂၄ရက်ကစပြီး တိုက်ပွဲစတင်ပြင်းထန်ခဲ့ပြီး ၂လကျော်ကြားတိုက်ပွဲအတွင်းသံဃာတော်၃ပါး အပါအဝင်အရပ်သားပြည်သူ ၃၀ကျော် သေဆုံးခဲ့ရသည့်အပြင် အရပ်သား နေအိမ် ၂၀၀ ကျော်လည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်းသိရသည်။

ယခုတွင် ပင်လောင်းမြို့ကနေ ကရင်နီပြည်ကို စစ်ကြောင်းထိုးနိုင်ဖို့ ကြိုးစားနေသော စစ်ကောင်စီနှင့် အပေါင်းအပါတပ်ကို ကရင်နီတော်လှန်ရေးအင်အားစုများက တွန်လှန်တိုက်ခိုက်နေပြီး ယနေထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်းသိရသည်။


#စစ်ကောင်စီ
#တိုက်ပွဲ
Crd the people voice

✍️စွိုးခွိုꩻ သွီးဖြွီ.လိတ်လုဲင်.။21.4.2023.   ပဲခူးတိုင်းဒေသကြီး ၊ရေတာရှည်မြို့နယ် ၊ ဆီမီးကံကျေးရွာ တွင်နွေရာသီ ပအိုဝ်းစ...
23/04/2023

✍️စွိုးခွိုꩻ သွီးဖြွီ.
လိတ်လုဲင်.။

21.4.2023. ပဲခူးတိုင်းဒေသကြီး ၊ရေတာရှည်မြို့နယ် ၊ ဆီမီးကံကျေးရွာ တွင်
နွေရာသီ ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှု
သင်တန်းဖွင့်ပွဲ ပုံရိပ်များ

ပအိုဝ်းတပ် PNLAနှင့် RCSS စစ်ရေးတင်းမာမှု          မောက်မယ်မြို့နယ်၊ နမ်းပတဲပ် ‌ေမြာက်ဘက်ဒုံပုံ ကျေးရွှာ အနီး ပအိုဝ်းတပ်...
19/04/2023

ပအိုဝ်းတပ် PNLAနှင့် RCSS စစ်ရေးတင်းမာမှု

မောက်မယ်မြို့နယ်၊ နမ်းပတဲပ် ‌ေမြာက်ဘက်ဒုံပုံ ကျေးရွှာ အနီး ပအိုဝ်းတပ် PNLA နှင့် RCSS တပ်ဖွဲများ အင်အား ရာချီ အပြိုင်ဖြည့်တင်းနေကြပြီး နီးနီးကပ်ကပ် ရှိ‌ေနကာအချိန် မရွှေး တိုက်ပွဲ ပြင်းထန်လာနိုင်ကြောင်း
ဒေသခံ ပြည်သူတစ်ဦးမှ ယနေ့ ဧပြီလ ၁၉ရက်နေ့ တွင် Pa.O Kham Hti ကို သတင်းပေးပို့လာပါတယ်၊၊

ဒေသခံပြည်သူများ ထိခိုက်မှု မရှိအောင် သက်ဆိုင်သူ အဖွဲ့အစည်းများမှ ‌ကြိုတင် စီစဥ်‌ေပးခြင်းနှင့် ကျေးရွှာသူ/သားများအတွက် နေရာ ၊ထိုင်ခင်း နှင့်အစားအသောက်များ ကြိုတင်ပြင်ဆင် မှုပြုရန် လိုအပ်ပါတယ်
.O Kham Hti #

************+++***********ပအိုဝ်ႏနယ်ႏ ဟိုနမ်း အခဝ်ꩻထင်ꩻ ဗ့ꩻလွေ မွိုင်ꩻပွဥ်ꩻ လုံးအောင်ꩻယို PNO  ဖေႏအပ်လဲဥ်း RCSS  တဲင်ꩻ R...
19/04/2023

************+++***********
ပအိုဝ်ႏနယ်ႏ ဟိုနမ်း အခဝ်ꩻထင်ꩻ ဗ့ꩻလွေ မွိုင်ꩻပွဥ်ꩻ လုံးအောင်ꩻယို PNO ဖေႏအပ်လဲဥ်း RCSS တဲင်ꩻ RCSS အုံသွော့ အဝ်သွော့လို့လဲဥ်းသေထွꩻ ဗာႏနဲုင်းနဝ်ꩻတဲင်ꩻ ပအိုဝ်ႏတဖြာꩻအ‌ေနႏကဲဥ်းသ့ꩻငါႏမရေႏမရာႏနဝ်ꩻသွူ၊၊

PNO ကဖေႏအပ်ႏဒါႏ ပအိုဝ်ႏနယ်ႏ RCSSထျ ဖုံႏယို
ပအိုဝ်ႏအစွိုꩻ တစွိုꩻမိဥ်ႏထွူႏချာယင်းနဝ်ꩻ တရာꩻဒျာႏနဝ်ꩻသွူꩻ ပအိုဝ်ႏနယ်ႏယို အစွိုꩻတစွိုꩻပဲင်ႏမွေးတဝ်း ပအိုဝ်ႏခမ်းသားလိုꩻထု ပဲင်ႏဒျာႏတဲင်ꩻ နေးတွမ်ႏအစွိုꩻဖေႏအပ်တော (စာအံႏ‌ေတာ)ပါလင်ꩻအစွိုꩻထျနဝ်ꩻ တရာꩻတဝ်း ဟွဥ်သဆာꩻငါႏနဝ်ꩻသွူ၊၊
.O Kham Hti #

ပင်လောင်းမြို့ ပြည်သူများ မှတ်ပုံတင်ပြုလုပ်ရာတွင်  လဝကမှ   မတန်တဆငွေကြေး ကောက်ခံလျှက်ရှိနေ              *18.4.2023*     ...
18/04/2023

ပင်လောင်းမြို့ ပြည်သူများ မှတ်ပုံတင်ပြုလုပ်ရာတွင် လဝကမှ မတန်တဆငွေကြေး ကောက်ခံလျှက်ရှိနေ

*18.4.2023*

ပင်လောင်းမြို့ လဝကရုံးမှ ပြည်သူများ မှတ်ပုံတင်လဲလှယ်၊ပြုလုပ်ရာတွင် ငွေကြေးများမတန်တဆ ကောက်ခံလျက်ရှိ‌ေနကြောင်း ဧပြီလ ၁၈ရက်နေ့တွင် သိရသည်၊၊
လဝက မှ ငွေကြေးမတရားကောက်ခံရာတွင် ၁သိန်းထိကောက်ခံမှုလဲ ရှိခဲ့ကြောင်း ပင်လောင်းဒေသခံ ပြည်သူများထံမှ သိရသည်၊၊

ဟုတ်တယ်ဗျ မနေ့က ၁၈နှစ်ပြည့်လို့ သွားလဲတာ ၅၀၀၀၀ကောက်တယ်၊စောက်ရမ်းလုပ်စားတာ ဒီကောင်တွေ၊ငတ်နေလို့ ထင်တယ် ခု အမည်မဖော်လိုတဲ့ မှတ်ပုံတင် ပြုလုပ်သူ ဒေသခံ တစ်ဦးမှ ပြေသည်၊၊

အမည်မဖော်လိုတဲ့ ပင်လောင်းဒေသခံတစ်ဦးမှ လဲ သူတို့မတရားတောင်းနေတာ ကြာပြီ ကျွန်တော်တို့ရွှာက အမျိုးတစ်ယောက် ဆို မှတ်ပုံတင်ပျောက်လို့ သွားပြန်လျှောက်တာ ၁သိန်းတောင်းတယ်ဗျ ရွှာထဲမှာ အသက်ပြည့်လို့ မှတ်ပုံတင်လဲတာတွေလဲ သူတို့ ၅သောင်း၊၆သောင်း ဆိုပြီးတောင်းတာ ပေးရတယ်ဟု ပြေသည်၊၊

ယင်သို့ မတရားကောက်ခံမှုများကို သက်ဆိုင်သူများတားဆီးပေးရန် ဒေသခံပြည်သူများ လိုလားလျက်ရှိကြောင်းသိရသည်၊၊
.O Kham Hti #

RCSS က ပအိုဝ်းဒေသခံ၏ တောင်ယာအတွင်း မိုင်းထောင်သဖြင့် ပြည်သူသုံးဦး မိုင်းနင်းမိRCSS က တောင်ယာအတွင်း ထောင်ထားသည့် မိုင်းကိ...
18/04/2023

RCSS က ပအိုဝ်းဒေသခံ၏ တောင်ယာအတွင်း မိုင်းထောင်သဖြင့် ပြည်သူသုံးဦး မိုင်းနင်းမိ

RCSS က တောင်ယာအတွင်း ထောင်ထားသည့် မိုင်းကို တောင်ယာသွားသည့် ပအိုဝ်းဒေသခံ သုံးဦး နင်းမိသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိသည်ဟု သတင်းရရှိသည်။

ယနေ့ နံနက် ၉ နာရီခန့်တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ရန်ကင်းကျေးရွာနေ ပအိုဝ်းဒေသခံသုံးဦးသည် နမ့်ပါတဲက်ကျေးရွာ အနောက်ဘက်ရှိ တောင်ယာသို့ သွားစဉ် တောင်ယာအတွင်း RCSS တပ်က ထောင်ထားသည့် မိုင်းကို နင်းမိခဲ့သည်။

ယင်းသို့ မိုင်းနင်းမိမှုကြောင့် နန်းကော အသက် ၃၁ နှစ် ၊ နန်းချော အသက် ၂၃ နှစ်နှင့် နန်းအိမ်ခမ်း ( နန်းချောသမီး) အသက် ၈ လတို့သည် ခြေထောက် ၊ တင်ပါး နှင့် ဦးခေါင်းတို့တွင် ဒဏ်ရာများရရှိခဲ့ကြသည်။

ယင်းသို့ ဒေသခံများ RCSS က ထောင်ထားသည့် မိုင်းကို နင်းမိသည်ဟု သတင်းရရှိသောကြောင့် PNLO တပ်ဖွဲ့ဝင်များက မိုင်းနင်းမိသည့် နေရာသို့ သွားရောက်ကာ ပအိုဝ်းဒေသခံ လူနာ ၃ ဦးအား ကယ်ထုတ်လာခဲ့သည်။ မိုင်းနင်းမိသည့် ပြည်သူသုံးဦးအား PNLO ဆေးတပ်ဖွဲ့များက ဆေးဝါးကုသမှုကို ဆက်လက်ပြုလုပ်နေလျက်ရှိသည်။

“RCSS က ကျွန်တော်တို့ နယ်မြေထဲကို ကျူးကျော်လာတယ် ။ ကျွန်တော်တို့ကို လာပစ်တာတွေတင်မကဘူး ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းတွေမှာလည်း တပ်စွဲခဲ့တယ်။ အခု ကျွန်တော်တို့ ပအိုဝ်းလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတွေရဲ့ တောင်ယာတွေထဲမှာပါ မိုင်းထောင်းထားတာက တမင်သက်သက် ပြည်သူကို ဒုက္ခပေးတာပဲဗျ။ ဒေသခံတွေ မိုင်းနင်းမိတဲ့နေရာက ကျွန်တော်တို့ စခန်းလည်းမရှိသလို စစ်ရေးပစ်မှတ်လည်း မဟုတ်ဘူး။ လူထုတွေရဲ့ တောင်ယာလုပ်ကိုင်တဲ့နေရာဖြစ်တယ်” လို့ PNLO တပ်မှူးတစ်ဦးက ပြောသည်။

RCSS တပ်ဖွဲ့မှ စစ်ရေးနှင့်မသက်ဆိုင်သည့် နေရာများတွင် ပြည်သူလူထု အခက်တွေ့စေရန် ရည်ရွယ်ပြီး ယခုကဲ့သို့မိုင်းထောင်းခြင်းသည် ငြိမ်းချမ်းနေသည့် ပအိုဝ်းဒေသအား အဖျက်လုပ်ငန်းများ လုပ်နေခြင်းဖြစ်သည်ဟု သတင်းရရှိပါသည်။
.O Kham Hti #
Crd. & Information Department #


#မောက်မယ်
#ကဒူးကြီး

ဟိုက်ပါရေတံခွန် ( Hai Pha Waterfall ) 💦 💦ဟိုက်ပါရေတံခွန်ဟာ မိုင်းရှူးမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာတည်ရှိပါတယ်။ ဟိ...
17/04/2023

ဟိုက်ပါရေတံခွန် ( Hai Pha Waterfall ) 💦 💦

ဟိုက်ပါရေတံခွန်ဟာ မိုင်းရှူးမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာတည်ရှိပါတယ်။ ဟိုက်ပါရေတံခွန်ဟာ နမ့်ပန်မြစ်ထဲမှာရှိတဲ့ရေတံခွန်ဖြစ်ပြီးတော့ အဆင့်ပေါင်းများစွာနဲ့လှပစွာစီးဆင်းနေတဲ့ရေတံခွန်ပဲဖြစ်ပါတယ်။

ရေတံခွန်က ဟိုက်ပါကျေးရွာနားမှာတည်ရှိတဲ့အတွက် ကြောင့် ဟိုက်ပါရေတံခွန်လို့ခေါ်ကြပါတယ်။ ဟိုက်ပါရေတံခွန်နဲ့ နမ့်ပန်မြစ်ရဲ့ရေအရောင်ဟာ November ကနေ May လလောက်အထိ အစိမ်းရောင်သမ်းနေပြီးတော့ ရေဟာလည်းတော်တော်ကိုကြည်လင်နေပါတယ်။

နိုဝင်ဘာကနေ မေလအထိတော့ဟိုက်ပါရေတံခွန်ကို သွား ရောက်လည်ပတ်ဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။

ဟိုက်ပါရေတံခွန်ဆီကိုတောင်ကြီးမြို့ကနေလာရောက်နိုင်တဲ့လမ်းတွေကတော့ -

တောင်ကြီး-ပင်လုံ-လဲချားလမ်း
တောင်ကြီး-နမ့်စန်-ခိုလမ်-ဝမ်စိမ်းလမ်း
တောင်ကြီး-နမ့်စန်-ကွန်ဟိန်း-ကာလိလမ်းတွေကနေသွားရောက်လည်ပတ်နိုင်ပါတယ်။

📷 Sai Swan

15/04/2023

PNLA. /PNA
ပအိုဝ်ႏချင်ꩻချင်ꩻ ထွာတဝ်းတွိုက်ပွဲ ထွာတဝ်းပြသာနာႏ တမုဲင်ꩻမုဲင်ꩻလဲ့ နေးတွမ်ႏ ပါꩻ ထွဥ်ႏအတွိုင်ꩻPNA ကမာꩻသီချာꩻဒါႏ နီပအိုဝ်ႏချင်ꩻချင်ꩻ PNLA ရုဲင်းဖက် (၅)ဖြာꩻယို ၇လာꩻ ခွပ်လဲဥ်းနဝ်ꩻသွူ
ထဲင်းယင်းတဗာႏနဝ်ꩻ ပအိုဝ်ႏချင်ꩻချင်ꩻရိုꩻကီလဲ့ သည်ႏခံႏမှုနဝ်ꩻ ထွာ အဆုဲင်ꩻသွတ် နဝ်ꩻသွူ၊၊
Crd PNLA
#အီႏဖြေႏသ့ꩻဗာႏနုဲင်းမုဲင်ꩻ #
Pa.O Kham Hti

13/04/2023

နမ်းနိန့်ရွှာ ပအိုဝ်း လူမျိုး အရပ်သားတွေကိုသတ်ဖြတ်ခဲ့ကြောင်း ဖမ်းဆီးခံ စစ်ကောင်စီတပ်သားဝန်ခံ (ရုပ်/သံ)

နောင်နောင်

(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်က အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီတပ်က အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခဲ့တာလို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တစ်ခုဆီမှာ ဖမ်းဆီးခံလိုက်ရတဲ့ ခလရ (၂၄၇)က တပ်သား မောင်စည်သူလှိုင်က မဇ္ဈိမကို ပြောပါတယ်။

စစ်သားစုဆောင်းရေးမှာ ပါသွားပြီး လားရှိုးက စစ်သင်တန်း အပတ်စဉ် (၃/၂၀၂၂) တေဇတပ်ခွဲမှာ ငါးလခွဲကြာသင်တန်းတက်ခဲ့တဲ့ တပ်သား မောင်စည်သူလှိုင်၊ ကိုယ်ပိုင်နံပါတ် (တ-၅၇၇၃၃၃) ဟာ နမ်းနိန့်ရွာက အရပ်သားတွေကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေမလုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တားမြစ်နေတဲ့ကြားက ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ်က ပဇီကြီး ကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၅၀ ထက် မနည်း သေဆုံးခဲ့ပါ သေးတယ်။

ရိုက်ကူး = သူရ/မဇ္ဈိမ
တည်းဖြတ်/တင်ဆက် = နောင်နောင်

#နမ်းနိန့်
#ပင်လောင်း
#စစ်ရာဇဝတ်မှု


------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
.O Kham Hti #

🟢လဲချားမှာ SSPP နဲ့ RCSS တိုက်ပွဲပြင်းထန်၊ ဒေသခံတစ်ဦး ဒဏ်ရာရပြီး ကျေးရွာတွေထွက်ပြေးနေရ၊ဧပြီ ၁၂ရက်၊ လဲချားရှမ်းတောင် လဲချ...
12/04/2023

🟢လဲချားမှာ SSPP နဲ့ RCSS တိုက်ပွဲပြင်းထန်၊ ဒေသခံတစ်ဦး ဒဏ်ရာရပြီး ကျေးရွာတွေထွက်ပြေးနေရ
၊ဧပြီ ၁၂ရက်၊ လဲချား

ရှမ်းတောင် လဲချားမြို့နယ် နောင်လိုင်ကျေးရွာ အနီးအနားမှာ ယနေ့မနက် ၇နာရီခွဲကတည်းကနေ ညနေပိုင်းထိ တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ RCSSနဲ့ SSPPတို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နောင်လိုင်ရွာခံတစ်ဦး လက်နက်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ညာဘက် ‌ပေါင်မှာ လက်နက်ထိမှန်ခဲ့ပြီး လဲချားဆေးရုံးကိုသွားဖို့ လမ်းမှာတိုက်ပွဲတွေဖြစ်တာကြောင့် SSPP တပ်သားတွေကပဲ ဆေးကုသပေးတယ်လို့ နောင်လိုင်ဒေသခံတစ်ဦးကပြောပါတယ်။

" မနေ့ကတည်းက တိုက်ပွဲပြင်းထန်နေတာ ဟိုနေ့က ခဏပဲဖြစ်တာ ဒီနေ့ကျတာ မနက်ကတည်းက နေ့လည်ထိပဲ။ ဒီညနေ့ထိပဲ တိုက်ပွဲက တောင်ယာမှာ အိပ်နေတဲ့သူတွေ ကရွာထဲအကုန်ထွက်ပြေးလာကြတယ်။" လို့ရွှေဖီမြေကိုပြောပါတယ်။

ထိုအလားတူ ဒီနေ့မနက်ပိုင်းနဲ့ ညနေထိ ၅နာရီ ခွဲကျော်ထိ မိုင်းနောင်မြို့နယ် စွမ်း‌တောင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တာကြောင့် ကျေးရွာသားတွေ အကုန်လုံးထွက်ပြေးနေတယ်လို့ နောင်တောင်းဒေသခံတစ်ဦးကပြောပါတယ်။

" တနေ့ကုန်ပဲ တိုက်ပွဲက ခဏရပ်လိုက် အသံကြားရလိုက်နဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတဲ့သူတွေ တချို့လည်းရောက်လာပြီး ထွက်လာလို့မရတဲ့သူတွေလဲ ရှိသေးတယ်" လို့ ပြေပါတယ်။

စွမ်းတောင်ကျေးရွာ ဒေသခံတွေဟာ ဝမ်းကျောင်းကျေးရွာမှာ ထွက်ပြေးတိမ်းရှောင်နေပါတယ်။

ဒီတိုက်ပွဲဟာ ဆက်လက်ဖြစ်ပွါးနိုင်ပြီး ထွက်ပြေးလာကြတဲ့ ဒေသခံတွေအတွက် စားနပ်ရိက္ခာလိုအပ်မှု ရှိလာနိုင်တယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ဓာတ်ပုံ - CJ
#တိုက်ပွဲ #တိုင်းရင်းသားလက်နက်ကိုင်
Crd ကာမ်ဇာရ်၊ ရွှေဖီမြေ
# Pa.O Kham Hti #

ပဇီကြီးကျေးရွာအပါအဝင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စု၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာအသ...
12/04/2023

ပဇီကြီးကျေးရွာအပါအဝင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စု၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းသို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)မှ သတိပေးတိုက်တွန်းပန်ကြားချက်

.O Kham Hti #

ခမ်းဒွမ်ꩻ ပအိုဝ်ႏဒေႏသ(အလံတရာ) .O Kham Hti #
12/04/2023

ခမ်းဒွမ်ꩻ ပအိုဝ်ႏဒေႏသ(အလံတရာ)
.O Kham Hti #

ဝေင်ꩻနယ်ႏဟိုပုံꩻ ဒုံထီတခုꩻပွယ်ꩻနာႏကျောင်ꩻကျိုꩻ အွဉ်ႏဗုဲင်ပါသျင်ႏ  Cr khun nay nayPa.O Kham Hti
12/04/2023

ဝေင်ꩻနယ်ႏဟိုပုံꩻ ဒုံထီတခုꩻ
ပွယ်ꩻနာႏကျောင်ꩻကျိုꩻ အွဉ်ႏဗုဲင်ပါသျင်ႏ
Cr khun nay nay
Pa.O Kham Hti

Address

Taunggyi
Taunggyi

Website

Alerts

Be the first to know and let us send you an email when Pa.O Kham Hti posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share