28/11/2022
#ကလောကို #ဘယ်လို #လာကြမလဲ
ဆောင်းဝင်နေပြီမို့ #ကလောနဲ့ ရှမ်းပြည်တောင်ပိုင်းကို လာလည်လိုသူတွေတွက် အကောင်းဆုံးအချိန်ပေါ့။
#ကလောလာပြီး ဘယ်သွား၊ဘယ်လာရမလဲဆိုပြီး မေးမြန်းနေသူတွေလည်း တွေ့ရတာမို့ သိတာလေးတွေ ပြောပြပေးပါမယ်။
#ကလော ကို လာမယ့်ဆိုရင် ကား၊ရထား နဲ့ လေယာဉ် ဆိုပြီး(၃)မျိုး လာလို့ရတယ်။
ရန်ကုန်ကနေ ကား(Express) နဲ့ လာမယ်ဆိုရင် မနတ်ကား နဲ့ ည ကားဆိုပြီး နှစ်မျိုး လာလို့ရတယ်။
မနတ်ကားဆိုရင် ရန်ကုန်မှာ မနတ်(၈)နာရီလောက် ထွက်ပါတယ်။ လမ်းတလျှောက် အေးဆေးလာလို့ ရပြီး ကားမောင်းသူပေါ် မူတည်ပြီး ညနေ(၅)နာရီကနေ ည(၇)နာရီအတွင်း ကလော ရောက်တယ်။
ကိုယ်တည်းမယ့် ဟိုတယ် သို့ ကားဌားသူကို ကြိုခိုင်းလို့ ရပါတယ်။
#ကလောမှာ ညဘက် (၉)နာရီလောက်ထိက အပြင်မှာ ကဲလို့ရတာမို့ ညစာ ငတ်မှာ မပူရပါဖူး။ ဟိုတယ်ဝင် ရေချိုး၊ခဏနားပြီး ည(၇)နာရီလောက်မှာ ကလောမြို့မဈေး အနီးအနားက ဆိုင်တွေမှာ အေးဆေးထိုင်လို့ ရတယ်။
နာမည်ကြီးဆိုင်တွေ၊သိပ်စားကောင်းတဲ့ ဆိုင်တွေ ရှိပါတယ်။ ကြော်ညာပေးသလို ဖြစ်နေမှာ စိုးတာကြောင့် မပြောတော့ပါ။
ရန်ကုန်ကနေ ညကားဆိုရင် ညနေ(၅)နာရီ(၆)နာရီလောက် ထွက်တယ်။
အေးဆေး အိပ်ပြီး လာလို့ ရပေမယ့် လမ်းမှာ စစ်ဆေးတာတွေနဲ့ဆို သိပ်တော့ မပြေလှဖူးပေါ့။ ပြီးတော့ မာရှယ်လောအရ ရှမ်းပြည်နယ်ကို မနတ်(၄)နာရီကျော်မှ ဝင်ခွင့် ပေးတာမို့ မန္တလေး-ရှမ်းနယ်စပ်မှာ ခဏ အိပ်ရပါမယ်။
ပုံမှန် ကားအနေအထားဆို ရေယား မရောက်ခင် တိုးဂိတ်အနီးကို မနတ်(၂)နာရီလောက်ဆို ရောက်နေပြီမို့ လမ်းမှာ (၂)နာရီလောက် အိပ်ရပါလိမ့်မယ်။
ကလောကို ပုံမှန်(၅)ခွဲ၊(၆)နာရီတော့ ရောက်ပါမယ်။
#ကလောကို ညကားနဲ့ လာမယ်ဆို ဝန်ထမ်းတွေ၊ ရောက်ရောက်ချင်း တန်းလည်နိုင်တဲ့ လူငယ်တွေ၊ဟိုတယ်ခ အပိုမကုန်လိုသူတွေ အဆင်ပြေတယ်။
လူကြီးတွေ၊အေးဆေးနားပြီး လည်လိုသူတွေ၊ငွေကြေးသုံးမယ်ဆိုရင် ရန်ကုန်ကနေ မနတ်ကားနဲ့ လာသင့်တယ်။
မန္တလေးကနေ ဆိုရင် #ကလောကို ပုံမှန်(၆)နာရီ ဝန်းကျင်သာ ရှိတာမို့ မနတ်ကားနဲ့ လာကြတာ ပိုကောင်းတယ်။
ကိုယ်ပိုင်ကားနဲ့ဆို ရန်ကုန်ကနေဆို (၁၀)နာရီဝန်းကျင် ကြာပါမယ်။ မောင်းသူပေါ် မူတည်ပြီးအနှေးအမြန် ကွာတာပေါ့။
ကိုယ်ပိုင်ကားနဲ့ Express ကား ဘာကွာလဲ
Express ကားဆို #ရန်ကုန်- #တောင်ကြီးကားခက အနည်းဆုံး ကျပ်(၂၅၀၀၀)ကနေ (၃၅၀၀၀)ကျပ် ကြားရှိကြတယ်။
ခရီးဝေးမို့ VIP ကားတွေ၊ ကားကောင်းစီးပါ လို့ အကြံပြုချင်တယ်။
ဘက်စ်ကားအများစုက တခြားပြည်နယ်၊တိုင်း ကို သွားတဲ့ ကားတွေထက် ပိုကောင်းပါတယ်။
ယာဉ်လိုင်းနာမည်တွေတော့ မပြောတာပါဗျာ။ရှာကြည့် ရပါတယ်။
ဆိုတော့ သူငယ်ချင်း(၄)ယောက် စုလာမယ်ဆို အနည်းဆုံး ကားခချည်း ကျပ်(၁၂၀၀၀၀)လောက် ကျနေတယ်။
ဆိုတော့ ကိုယ်ပိုင်ကားနဲ့ လာမယ်ဆို ပိုကောင်းတာပေါ့လေ။
လက်ရှိ ဆီဈေးနဲ့ဆို အိမ်စီးကား
ပွိင့်(၂.၀)ဝန်းကျင်ဆို ကျပ်(၁၂၀၀၀၀)လောက် ကုန်နိုင်တယ်။
မလာခင် ရေ၊ဆီ၊တာယာ စစ်ပြီးမှ လာသင့်တယ်။ ကိုယ်ပိုင်ကားရှိသူတွေ ကိုယ်အစီအစဉ်နဲ့ လာတာ ပိုကောင်း၊ပို Safe ဖြစ်ပါတယ်။
မန်းလေးကနေဆို ဆိုင်ကယ်နဲ့တောင် သွားလို့ ရပါတယ်။ရွှာငံ ဘက်လမ်းဆို ရှုခင်းတော်တော်လှပါတယ်။
လမ်းလည်း အရင်ကထက် ပိုကောင်းနေပါတယ်။လမ်းမှာ စစ်ဆေးရေးဂိတ်တွေတော့ များတယ်။
#ကလောကို #ရထားနဲ့ #လာချင်သူများ
ပျမ်းမျ ရန်ကုန်ကနေ ကလောကို ရထားနဲ့ လာမယ်ဆို မနတ်ရထားနဲ့ လာလို့ ရတယ်။
ရန်ကုန်-မန္တလေး အမြန်ရထားနဲ့ လာပြီး သာစည်မှာ တွဲချိန်းပြီး ကလောကို တက်ပါတယ်။
ပုံမှန် ရန်ကုန်ကနေ မနတ်ရထားနဲ့ လာတာ ပြေတယ်။သာစည်ကို ညမှ ရောက်တာမို့ တွဲချိန်းစောင့်တာနဲ့ဆို နှစ်ရက်လောက်တော့ အချိန်ပေးရပါမယ်။
သူငယ်ချင်းတွေ အုပ်စုလိုက်ဆို လာတာကောင်းတယ်။အမျိုးသမီးတွေ တစ်ယောက် နှစ်ယောက်ဆို ရထား အခုချိန် မစီးစေချင်ဘူး။ လုံခြုံရေး၊လက်ရှိ အနေအထားအရ ခရီးသွားတာ Safe မဖြစ်ပါ။
ရထားနဲ့ လာမည် ဆိုရင် အထူးတန်းစီးပြီး လာပါ။ရန်ကုန်မှာ လက်မှတ်က ကြိုဝယ်ရတာမျိုးပါ။ ရန်ကုန်ဘူတာကြီးမှာ သွားဝယ်ရတာမို့ ရှုပ်တော့ ရှုပ်ပေမယ့် သွားချင်သူတွေအတွက် အဆင်ပြေပါတယ်။
ကလောမရောက်ခင် ရထားလမ်းတလျှောက်ဟာ ရှုခင်းတော်တော်လှပါတယ်။ ကိုလိုနီခောတ်က ဖောက်ထားတဲ့ ဂူတွေ၊လမ်းတွေ မို့ မတူတဲ့ ခံစားမှု ရသ ရစေပါတယ်။
#လေယာဉ်နဲ့လာမယ်ဆိုရင်
ကလောကို ရန်ကုန်က ဖြစ်စေ၊မန္တလေးက ဖြစ်စေ လေယာဉ်နဲ့ လာမယ်ဆိုရင် ဟဲဟိုးလေဆိပ်ကို ရောက်ပါမယ်။
ရန်ကုန်ကနေ လာရင် ကြာချိန်(၄၅)မီနစ်ပါ။
လေယာဉ်ကတော့ အသင့်တော်ဆုံးက လူကြီးမိဘတွေ၊သက်တောင့်သက်သာနဲ့ လာလိုသူတွေအတွက် အကောင်းဆုံးပါ။
ဟဲဟိုးလေဆိပ်ကနေ ကလောကို ကားနဲ့ဆို မီနစ်(၃၀)၊ဆိုင်ကယ်ဆို (၂၅)မီနစ် ဝန်းကျင်နဲ့ ရောက်ပါတယ်။
ကလောကို အကြိုအပို့ကားတွေ ရှိသလို ကိုယ့်ခရီးစဉ်ကို လိုက်ပို့မယ့် ကားအဌားတွေကို လာကြိုခိုင်း ပြေပါတယ်။
လေယာဉ်နဲ့ဆို မနတ်ပိုင်းနဲ့ ညနေပိုင်း ရှိတယ်။ လက်မှတ်ခက တစ်ဦးကို ကျပ်(၁)သိန်း ဝန်းကျင်ရှိမယ်။
ကျွန်တော်အမြင်အရဆို ညနေဘက် လာစေချင်တယ်။ မနတ်အစောကြီး ရတယ်ဆိုရင်လည်း ခပ်စောစော လာစေချင်တယ်။
သီခေါင်တောင် ရှုခင်းကို တပါတည်း ကြည့်သွားလို့ ရတာပေါ့။
ဟဲဟိုး လေဆိပ် ကြိုပို့ကားခက ဌားမယ့် သူတွေကို မေးမြန်းပြီး သက်သာတာ ဌားပါ။ ဈေးနှုန်းတွေပြောရင် ဈေးကွက်ဖျက်သလို ဖြစ်မှာ စီုးလို့ပါ။ ကားအဌားနဲ့ Guide လုပ်သူတွေ အနေနဲ့လည်း သင့်တော်တဲ့ ဈေးနဲ့ လုပ်ကြပါလို့။
ရှမ်းပြည်တောင်ပိုင်းကို လာလည်ရင် ဘယ်မှာ တည်းသင့်လဲ။
ရှမ်းတောင် ကို လည်မယ်ဆိုရင် ကလော၊တောင်ကြီး၊ညောင်ရွှေ၊ပင်းတယ၊ရွှာငံ၊ဟိုပုန်း၊အောင်ပန်းနဲ့ ဟဲဟိုးဒေသ တွေကို လည်နိုင်တယ်။
လူကြီးတွေ အေးဆေး ဘုရားဖူး လာလည်မယ်ဆိုရင် တောင်ကြီးမှာ တည်းသင့်တယ်။
ဒါပေမယ့် အေးသာယာမှာ တခါတလေ ဆင်းရတက်တာမို့ #တောင်ကြီးကို လာရင်
နှစ်ဆင့် စီးရတက်တယ်။ဒါကြောင့် Express ကားတွေကို သေချာမေးမြန်းပါ။
#တောင်ကြီးအထိ ရောက်တဲ့ ကားတွေကိုသာ စီးပါ။ တောင်ကြီးမှာ ဟိုတယ်အထိ ပို့တာ မရှိတာကြောင့် ကားအဌားတော့ ခေါ်ထားရမယ်။ဟိုတယ်တွေက ကြိုပေးနိုင်ရင် ပိုကောင်းတယ်။
ထမ်ဆမ်းဂူ၊မွေတော် ကက္ကူ၊ရွှေဘုန်းပွင့်စတဲ့ ဘုရားတွေ ရှိတယ်။
#တောင်ကြီးမှာ မြို့မဈေးရှိတယ်။
အေးသာယာဝိုင်ခြံရှိတယ်။
မြို့ပေါ်ဟိုတယ်ခတွေက ကျပ်(၃၅၀၀၀)ကနေ သိန်းကဏန်းကြားရှိတယ်။ ကားဌားဖို့ ခတ်တယ်။
ဆိုင်ကယ်ကယ်ရီ ရှားတယ်။
ဈေးနည်းနည်းကြီးတယ်။
ကိုယ်ပိုင်ကားနဲ့ဆို ပိုပြေတယ်။
ညောင်ရွှေမှာ တည်းမယ်ဆို နိုင်ငံခြားသားအကြိုက်ပေါ့။အင်းလေး သွားလို့ရတယ်။ရက်ကန်းရုံတွေ လည်လို့ ရတယ်။
အင်းတိန်ရှေးဟောင်းဘုရားတွေ အထိ
သွားလို့ရတယ်။ မြင်းစီးခြံသွားလို့ ရတယ်။
စက်လှေ သီးသန့်ဌားခက ပျမ်းမျ ကျပ်(၆၅၀၀၀)ဝန်းကျင်မှာ ရှိတယ်လို့ ဆိုတယ်။တချို့ကြတော့လည်း ဈေးတအားများတယ်။ သိန်းကဏန်းတောင်းနေတာကြတော့ အဆင်မပြေပါ။ ဧည့်သည်များတဲ့ ကာလဆို ဈေးကြီးလေ့ရှိတယ်။
အချိန်အခါအရ ဈေးနှုန်း အပြောင်းအလဲရှိနိုင်တယ်။
လည်စရာ နေရာတချို့ ရှိပြီး အင်းရိုးရာအစားအသောက်ကောင်းကောင်းတွေ
စားနိုင်တယ်။ ဈေးသက်သာတယ်။
အသိရှိရင် ကလော-တောင်ကြီး ကား တောင်လေးလုံးနားက ရေပူစမ်းတွေ လည်လို့ရတယ်။
နယ်ခံတွေလောက်ကပဲ ရေပူစမ်းတွေ သွားလေ့ရှိကြပြီ ဧည့်သည်အများစုက ကပ်ကျော်သွားကြတာ များတယ်။
မနတ်စောစော သွားရေချိုးရင် ကောင်းတယ်။အစီအစဉ်ဆွဲပြီး သွားသင့်တယ်။
တောင်ကြီး -ညောင်ရွှေက လိုင်းကားလည်းရှိပါတယ်။ကြာချိန်(၄၅)မီနစ် ဝန်းကျင်ပါ။
တောင်ကြီး-ကလောကလည်း လိုင်းကားတွေ ရှိပါတယ်။ မနတ်(၇)နာရီကနေ ညနေ(၁)နာရီအထိ ကားတွေ ရှိတယ်။
နေ့ချင်းပြန်ကားတွေ ပေါပါတယ်။
ကလောမှာဆို ဆိုင်ကယ်ဌားပြီး ပတ်လို့ ရတယ်။ အဝေးမောင်းမယ်ဆိုရင် ယာဉ်မောင်းလိုင်စင်တော့ ရှိဖို့လိုတယ်။ ကလောမြို့ အနီးအနားပဲဆို မရှိလည်း ရတယ်။
လမ်းတလျှောက်မှာ ဘဝသံသရာတံတား၊သီခေါင်တောင်တွေကို သွားလည်လို့ ရပါတယ်။
ကလောမှာ တည်းမယ်ဆို ဟိုတယ်တွေအပြင် Guest Houseတွေလည်း ရှိတယ်။
ကိုယ့်အနေအထား၊သဘောကျတဲ့ ပုံစံအရ ဈေးအမျိုးအစား အမျိုးမျိုး ရှိတယ်။
အခုနောက်ပိုင်း မိသားစုလိုက်၊ သူငယ်ချင်းအုပ်စုလိုက် ဆို လုံးချင်းတိုက်တွေ ဌားလို့ရတယ်။ ဈေးကလည်း တစ်သိန်းဝန်းကျင်ကနေ သုံးလေးသိန်းအထိ ရှိပါတယ်။ လူ(၄)ယောက်ကနေ (၈)ယောက်ဝန်းကျင် နေနိုင်တယ်။
ဟိုတယ်အခန်းခတွေကတော့ ကျပ်(၂၅၀၀၀)ကနေ ကျပ်(၁)သိန်းအထိရှိတယ်။
ကလောမှာ မြို့ထဲ ဟိုတယ်တွေနဲ့ မြို့ပြင် ဟိုတယ်တွေ ဆိုပြီး ခွဲလို့ရတယ်။
ဈေးအနီးတဝိုက်တွေက အထပ်မြင့်ဟိုတယ်တွေ များတယ်။ ကိုယ်ပိုင်ကားနဲ့ မလာသူဆိုရင် အဲဟိုတယ်တွေ တည်းသင့်တယ်။
အေးအေးဆေးဆေး နေချင်သူဆိုရင် ဘန်ဂလိုတွေ ပါတဲ့ ဟိုတယ်တွေ တည်းသင့်တယ်။ လူတကိုယ် ကိုယ့်အကြိုက်ပေါ့။
ကလောတဝိုက်မှာတော့ လည်စရာတွေကို ကားအဌား သို့ Guide တွေကနေ တဆင့် မေးမြန်းပြီး လည်နိုင်တယ်။
နောက်မှ လည်စရာ နေရာတွေ ပြောပါမယ်။
ဟိုတယ်တွေကို လမ်းညွန်ခိုင်းနေကြတာ တွေ့ရတယ်။ သိမိ တည်းဖူးတဲ့ ဟိုတယ်တွေ ရှိပေမယ့် ကြော်ညာပေးသလို ဖြစ်မှာ စိုးလို့ မပြောတော့ပါ။
ရှာမယ်ဆို Google Map ကနေ ရှာပါ။
FBမှာလည်း တချို့က Reviewတွေ လုပ်ပေးနေတာ ရှိတယ်။ အခကြေးနဲ့ ကြော်ညာပေးနေတာတွေ လည်းရှိတယ်။
မည်သို့ဆိုစေ ကလောသွားမယ်ဆိုရင် အေးဆေး အနားယူဖို့၊ပုံရိုက်ဖို့က အဓိကပဲဆို ဗျူးကောင်းတဲ့ ဟိုတယ်တွေ၊ဈေး၊မြို့ထဲ သွားရလွယ်ကူတဲ့ နေရာတွေ၊ ဝန်ဆောင်မှု ကောင်းတဲ့ ဟိုတယ်တွေက အကောင်းဆုံးပါ။ ကလောဟိုတယ်တွေ အားနည်းချက်
မနတ်စာ မပါတာနဲ့ service နည်းနည်းညံကြတယ်။
ကလောအားနည်းချက် ပြောရရင် အစားအသောက်ပိုင်းတချို့ ညံတာပဲ။ ဧည့်သည်တွေ လာလို့လား မသိ။ဈေးအနည်းငယ် ကြီးတက်တယ်။
ဈေးထဲက အစားအသောက်တချို့က တခြားဒေသတွေထက် မကောင်းတာ သေချာတယ်။ တချို့ဆိုင်လေးတွေက ဈေးသက်သာတာ တွေ့ရတယ်။
လမ်းဘေးဆိုင်တချို့ ဈေးကြီးနေတာ တွေ့ရတယ်။
ညဘက် စားသောက်ဆိုင်တွေကတော့ မဆီုးဖူး။ ရန်ကုန်၊မန္တလေး အဆင့်မှီတယ်။
Covidကာလ နဲ့ လက်ရှိ အချိန်ထိ ကာလကြာရှည် ပိက်ထားရတာမို့ အဆင်မပြေတာ ဖြစ်နိုင်ပါတယ်။
ခရီးသွားတွေ အနေနဲ့ လိုအပ်ချက်လေးတွေကို ကိုယ်တည်းတဲ့ ဟိုတယ်တွေကို ပြောပြရင် သူတို့ နောက်ပိုင်း ပြင်ဆင်လာကြမယ် ထင်ပါတယ်။
ပင်းတယဘက်ကတော့ ကလောကနေ သီးသန့် သွားရတာမျိုးပါ။ကားအဌားတွေ ရှိပါတယ်။ ဥမင် ဘုရားဘက်ကို အဓိကလည်တာမို့ ကားဌား၊Guide တွေကို မေးမြန်းပါ။
ရွာငံလမ်းဘက်တွေ၊လည်စရာတွေ ပို့ပေးရင် အကောင်းဆုံးပေါ့။
တောင်ကြီး၊ကလော ဘယ်မှာတည်းသင့်လဲဆိုရင် အေးဆေး လည်မယ်ဆို ကလောမှာ တည်းပါ။
ဘုရားဖူးမယ်ဆို တောင်ကြီးမှာ တည်းပါ။ အနည်းဆုံး နှစ်ညအိပ် သုံးရက် ခရီးစဉ်က အကောင်းဆုံးပါ။
ခရီးသွားတာမို့ ငွေကတော့ သုံးရင် သုံးသလောက် ကုန်တယ်။ ဆိုတော့ လာမှာမို့ ဘက်ဂျက်ခြွေတာမယ်ဆိုရင် ဈေးသက်သာတဲ့ ဟိုတယ်တွေ ရှာပါ။
အခါကြီး ရက်ကြီး လပြည့်နေ့၊ ရုံးပိက်ရက်ရှည်တွေ ရှောင်ရင် အခန်းလွက်ပေါတယ်။
ကားဌားခ ဈေးကြီးရင် ဆိုင်ကယ်ဌားပြီး လည်ပါ။
ကလောမြို့မဈေးနားမှာ one way သတ်မှတ်ထားတာ ရှိတယ်။ သတိထား မေးမြန်းပါ။ ကလောမှာ မေးရင် သေသေချာချာ ဖြေပေးကြပါတယ်။
မသိတာ မေးတာ ရှက်စရာမဟုက်တာမို့ တလေးတစားမေးရင် ပြန်ဖြေတာ များပါတယ်။
မေးပြီးရင်လည်း ကျေးဇူးတင်ပါတယ် ဆိုတာလေး တရိုတသေပြောရင်တော့ ဧည့်သည်နဲ့နယ်ခံတွေကြား အဆင်မပြေတာ မကြုံရတော့ဖူးပေါ့။
ဆိုင်ကယ်ဌားခက ဈေးအများကြီး မကုန်ပါဖူး။တချို့က ဟိုတယ်တွေက စီစဉ်ပေးပါတယ်။ကိုယ်ဆီထည့်ပြီး ဌားတာ၊ ဆီအပြည့်နဲ့ ဌားတာမျိုးတွေပါ။
ဆိုင်ကယ်ဌားရင် နာရီနဲ့ မဌားပဲ တစ်နေ့တာ အပြီးဌားပါ။ဈေးအရမ်းများနေရင် တခြားမှာ ထပ်ရှာပါ။ ဆိုင်ကယ်ဌားတာကျပ်ငါးသောင်းအထက်ထိ ပေးရတယ်ဆိုတာ မဖြစ်သင့်ဖူး ထင်ပါတယ်။
ကားဌားခတွေကလည်း ဈေးတအားကြီးတက်တာမို့ သုံးလေးဦးစီမေးမြန်းတာ အကောင်းဆုံးပါ။ အခုကာလမှာ Recommend ပေးနေကြတဲ့ Guideတွေ တွေ့ရတာမို့ ဂျင်းထည့်တာတွေ ပျောက်မယ် ယူဆမိတာပဲ။
ခရီးသွားနဲ့ Guideဆိုတာ အပြန်အလှန်အကျိုးပြုနေပြီး Guideကောင်းလေလေ ကိုယ့်မြို့ ဒေသကို ကြော်ညာပြီးသား ဖြစ်လေလေ၊ဝင်ငွေ ပိုကောင်းလေလေပါ။
ဒါကြောင့် Serviceကောင်းကောင်းပေး၊သင့်တော်တဲ့ အခကြေးငွေနဲ့ ဝန်ဆောင်မှုပေးတာ ခရီးသွားဧည့်သည် တိုးလာစေပြီး ရေရှည် အလုပ်ဖြစ်တယ်။
ကလောဟာ အရင်က နိုင်ငံခြားသားဧည့်သည်တွေ အလာများတယ်။အခုကာလမှာတော့ ပြည်တွင်းဧည့်သည်တွေ အလာများတာမို့ မတူညီတာ တွေ့ရမယ်။ ငွေကြေးသုံးစွဲမှု၊သွားလာ စားသောက်မှုတို့မှာ ပြည်တွင်း သုံးတာ နည်းပါတယ်။ဒါကြောင့် ဝန်ဆောင်မှု အားနည်းတာ မဖြစ်သင့်ပါ။
ဒီကာလမှာ ပြည်တွင်းခရီးသွားက အသက်ပါ။သူတို့ ငွေထုက်လာအောင် ဆွဲဆောင်ရမှာ နယ်ခံတွေရဲ့ အလုပ်ပဲ။
ကလောက ပြည်တွင်းအလာများတာမို့ နောက်ပိုင်း ခောတ်ကောင်းရင် နိုင်ငံခြားသား အလာနည်းသွားနိုင်တယ်။ Type မတူတော့ ပြည်တွင်းအလာများရင် မလာကြတော့တာ သဘာဝပဲ။ဆိုတော့ ကလောက လူတွေ Service ကို ပြန်ကောင်းအောင် ကြိုးစားသင့်တယ်။
ပြည်တွင်းအလာများရင် မကောင်းတာ၊ကောင်းတာ ပိုထင်ပေါ်လာမှာမို့ ကိုယ့်ကြောင့် ကိုယ့်ဒေသ နာမည်ပျက်တာမျိုးလည်း ရှောင်ကြစေချင်တယ်။
Taunggyi thar