Global King - Travels & Car Rental

Global King  - Travels & Car Rental Our Tour Agency is giving the best tour services to our valuable Customers and make them satisfy wit
(6)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးရဲ့ အထွဋ်အထိပ် သမိုင်းမော်ကွန်း၀င် အာဇာနည်ကိုးဦး . . . . . . . . 1.  #ဗိုလ်ချုပ်အော...
19/07/2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးရဲ့ အထွဋ်အထိပ် သမိုင်းမော်ကွန်း၀င် အာဇာနည်ကိုးဦး . . . . . . . .

1. #ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇)
ကျည် ( 13 ) ချက်
အသက်(၃၂)နှစ်နဲ့ ကျဆုံးသည်

2. #ဒီးဒုတ်ဦးဘချို (၁၈၉၃-၁၉၄၇)
ကျည် (5) ချက်
အသက် (၅၄)နှစ် နဲ့ ကျဆုံးသည်

3. #သခင်မြ (၁၈၉၇-၁၉၄၇)
ကျည် (2) ချက်
အသက် (၅၀)နှစ် နဲ့ ကျဆုံးသည်

4. #မန်းဘခိုင် (၁၉၀၃-၁၉၄၇)
ကျည် ( 15 ) ချက်
အသက် (၄၄)နှစ် နဲ့ ကျဆုံးသည်

5. #ဦးဘဝင်း (၁၉၀၁-၁၉၄၇)
( ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုအကြီးဆုံး)
ကျည် (8) ထိမှန်ဒဏ်ရာ
အသက် (၄၆)နှစ် နဲ့ ကျဆုံးသည်

6. #ဦးရာဇတ် (၁၈၉၈-၁၉၄၇)
ကျည် (6) ချက်
အသက် (၄၉)နှစ် နဲ့ ကျဆုံးသည်

7. #မိုင်းပွန်စော်ဘွားကြီး_စဝ်စံထွန်း (၁၉၀၇-၁၉၄၇)
ကျည် (2) ချက်
သက်တော် (၄၀) နှစ်နဲ့ နတ်ရွာစံသည်

8. #အတွင်းဝန်_ဦးအုံးမောင် (၁၉၁၃-၁၉၄၇)
ကျည် (5) ချက်
အသက်(၃၄)နှစ် နဲ့ ကျဆုံးသည်

9. #သက်တော်စောင့်_ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇)
ကျည် (4) ချက်
အသက်(၁၈) နှစ် နဲ့ ကျဆုံးသည်


#စာ တွေရောကို ရိုသေစွာ credit ပေးပါတယ်

🔰ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ"🔰==================================မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက် ၀ါဆို လပြည့်နေ့သ...
12/07/2022

🔰ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ"🔰
==================================

မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက်
၀ါဆို လပြည့်နေ့သည် -

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း
တောထွက်တော် မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်၍
ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင်ကြားရသော နေ့ဖြစ်၍ ထူးခြားခြင်း
ဟူ၍ဖြစ်ပါသည် …။

* ဝါဆိုလပြည့်
* ဓမ္မစင်္ကြာအခါတော်နေ့နှင့်
* ထူးခြားချက်များ

❝ သန္ဓေ , တောထွက် , ဓမ္မစက် , တစ်ချက် ပြာဋိဟာ ❞
၀ါဆိုလပြည့် ထူးခြားနေ့ အောက်မေ့
ဤလေးဖြာ။

"ဓမ္မစင်္ကြာဟောကြားခြင်း"

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို
ဟူသော စကားနှင့်အညီ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
တုသိတာ နတ်ပြည်မှ နတ်သား အပေါင်းတို့မှ
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု
လာရောက်ကာ တောင်းပန်ကြသောကြောင့်
သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက်
မယ်တော် မာယာ၏ ဝမ်းတွင်ဝယ်
ဝါဆို လပြည့်နေ့တွင် ပဋိသန္ဓေ နေတော်မူပါသည်။

ဖွားမြင်မြောက်သော အခါ
❝ သိဒ်ဓတ်ထ ❞ ဟု အမညျရလေ၏။

ဆယ့်ခြောက်နှစ်ဝယ်
ယသော်ဓရာနှင့်
ထိန်းမြှား လက်ထပ်လေ၏။

ရာဟုလာ အမည်ရသော
သားတော်တစ်ပါး မွေးဖွားလေ၏။

ထိုနောက်
သူအို, သူနာ, သူသေ, ရဟန်း, ဟူသော
နိမိတ်ကြီး လေးပါးကို မြင်တော်မူကာ
အိုခြင်းသဘော, နာခြင်းသဘော,
သေခြင်းသဘော တရားတို့ကို ကြောက်လန့်ကာ
အိုခြင်းကင်းရာ, နာခြင်းကင်းရာ, သေခြင်းကင်းရာ
ရဟန်း တစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ
တောထွက်ရန် ကြံစည်တော်မူပြီး
ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင်
ဖွားဖက်တော် ဆန္ဒအမတ် ကဏ္ဍကမြင်း တို့နှင့်
ဥရုဝေလ တောသို့ ကိလေသာ ကုန်ခန်းပြီး
ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော် မူခဲ့ပါသည်။

မဂဓတိုင်း ဂယာမြို့အနီး
ဥရုဝေလတောဝယ် ( ၆ ) နှစ်တာ ကာလပတ်လုံး
ဒုက္ကရစရိယာ အကျင့်ကို ကျင့်ခဲ့ပါသည်။

အတ်တကိလမထာ
( ပင်းပန်းစွာ ခန္ဓာကိုယ် ညင်းဆဲကြောင်း )
အကျင့်တို့ကို့ ထိုတောဝယ် ( ၆ ) နှစ်တိုင်တိုင်
ပင်းပန်းစွာ ကျင့်ကြံသော်လည်း
တရားထူးကို မရရှိခဲ့ပေ။

အစွန်းလွတ်သော
မဂ္ဂင် ( ၈ )ပါး နည်းလမ်းသစ်ဖြင့်
၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်
သဗ္ဗညုတ ဉာဏ်တော်ကို ရရှိကာ
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။

ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက်
အားထုတ်ခဲ့သော တရားများနှင့်
လောကကို ဆင်ခြင်ကြည့်သော်
မိမိရရှိ ကျင့်ကြံထားသော တရားတို့သည်
အလွန်သိမ်မွေ့ နက်နဲ ခက်ခဲလွန်းနေ၏။

လောကလူသားတို့၏ အသိဥာဏ်ကား
ကိလေသာ အမှောင်တို့ဖြင့်သာ
ထာဝစဉ် ပိတ်ဖုံးနေ၏။

ပုထုဇဉ်တို့အား ဟောကြားရန်
မတန်တဆ ခက်ခဲပင်ပန်းလိမ့်မည်ဟု
ဆင်ခြင်နေစဉ်
သဟမပှတိ ဗှဟမှာမငှး၏
လျှောက်ထား တောင်းပန်ချက်အရ
အဘယ်သူ့ကို တရားဦး ဟောကြားအံ့နည်းဟု
ဆင်ခြင်တော်မူ၏။

အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော
"ပဉ္စဝဂ္ဂီ ငါးဦး"
( ပဉ္စ - ငါးခု ငါးယောက် ၊ ၀ဂ္ဂ - အစု အဖွဲ့ )တို့ကို
တရားဦးဟောကြားရန် ကြွချီတော်မူလေသည်။

အချိန်ကား
နေမင်းကြီး ဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏
ဆည်းဆာ ညချမ်း ဖြစ်သည်။

သူတော်မြတ် ဓာတ်ကြောင့်
သာယာဖွယ် ကောင်းလှပေ၏။

မိဂဒါဝုန်တောကား
ရွှင်ပျအေးမြနေ၏
ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏
ထိုအခိုက်တွင်
မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်။

ထို့နောက်
❝ ရဟန်းတို့ ❞ ဟု ခေါ်ဝေါ်ကာ
နှုတ်ခွန်း ဆက်တော်မူလိုက်၏။
ဤကား
တရားဦးဟောရန် ဖိတ်ခေါ်သံ အစတည်း။

ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများ
ဖြစ်ကြသည့် အပြင်
သဒ္ဓါ, ဆန္ဒ, ဝီရိယ စိတ်ထား
ပြည့်စုံနေပြီးသူများ ဖြစ်ကြလေရာ
မြတ်စွာဘုရား၏ စကားအစသည်
သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက
မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်တော်မူ၏။

တရား နာယူကြရန်လည်း
တစ်ဆက်တည်း တိုက်တွန်း၏။

သို့သော်
မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာ နေကြ၏။

မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း
ထပ်မံ သိစေပြန်၏

ပြီးမှ ❝ တရားဦး ❞ ခေါ်
❝ ဓမ္မစက္က ပဝတ္တန သုတ္တ ❞ ကိုဟောကြား တော်မူလေသည်။

"ဓမ်မစက်က_ပ၀တ်တန ၏ အဓိပ်ပါယျမှာ
တရား တည်းဟူသော
အသိစက်ကို ဖြစ်စေ, လည်စေတော်မူခြင်းဟု
အဓိပ္ပါယ်ရပါသည်
( ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ ၊
လည်စေခြင်း )

ဓမ္မစကြာ တရားတော်သည်
သစ္စာလေးပါး တရားကို
ညွှန်းဆို ဟောကြားသော ဒေသနာဖြစ်၍
ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု
ဆိုထိုက်ပါသည်။

ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ -

အစွန်း နှစ်ခု ကို ရှောင်ကြဉ်ရေး
မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ်ပါး လမ်းစဉ်မှန်ကို
ကျင့်သုံးရေးတို့ကို ညွှန်ကြားထားကာ
သစ္စာလေးပါး တရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ထိုတရားတော်၏ အဆုံးဝယ်
"အရှင်ကောဏ္ဍည" သည်
လူသားများ အနက် ပထမဦးဆုံး
သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုနေ့သည်
ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်
ဒေသနာကို ဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော်
( ၁ ) ရက်နေ့၌ အရှင်ဝပ။
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ။
( ၃ ) ရက်နေ့၌ အရှင်မဟာနာမ်။
( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည်
အသီးသီး သောတာပန် တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီ အားလုံးပင်
❝ ဧဟိဘိက္ခု ❞ ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် ( ၅ )ရက်နေ့တွင်
မြတ်စွာဘုရားသည် ❝ အနတ္တလက္ခဏသုတ္တ ❞ ကို
ဟောကြား တော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး
ရဟန္တာ ဖြစ်တော်မူကြလေသည်။

ထိုနေ့ကိုလည်း ❝ ရဟန္တာနေ့ ❞ ဟု
ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆို လပြည့်နေ့ကိုမူ
တရားဦး ဓမ္မစကြ်ာ ဟောကြားသောနေ့ ဖြစ်၍
❝ ဓမ္မစကြာနေ့ ❞ ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

"ဝါဆိုလပြည့် ထူးခြားချက်များ"

( ၁ )။ ပဋိသန္ဓေတည်သည့်နေ့
မဟာသက္ကရာဇ် ၆၇ ၊ ဝါဆိုလပြည့်
( ကြာသပတေးနေ့ )။

( ၂ )။ တောထွက်သည့်နေ့
မဟာသက္ကရာဇ် ၉၇ ၊ ဝါဆိုလပြည့်
( တနင်္လာနေ့ )။

( ၃ )။ ဓမ္မစကြာတရားဦးဟောသည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ )။

( ၄ )။ သောတာပန်လူသား စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့
စတင်ကူးပြောင်းခွင့် ကြုံသောနေ့။

( ၅ )။ သံဃာရတနာ စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်။

( ၆ )။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင် ကြားရသော နေ့။

( ၇ )။ ရေမီး အစုံစုံတို့ဖြင့်
တန်ခိုးပြာဋိဟာကို ပြတော်မူသော နေ့
( ၇ ဝါမြောက်တွင် )။

"လယ်တီဆရာတော်ကြီး၏ကဗျာများ"
~~~~~~~~~~~~~~~~~~~~~~~~

သန္ဓေယူတော်မူသောနေ့ ( ကြာသာပတေးနေ့ )

သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊
သောင်းခွင် စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့၊
ညီညာရုံးစု ၊ တောင်းပန်မူကြောင့်၊
ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်
ချမ်းမြေ့ကြည်ဖြူ သန္ဓေ ယူသည်
နတ်, လူ ငြိမ်းဖို့ ကိန်းပါကို...။
___________________________________________

တောထွက်တော်မူသောနေ့ ( တနင်္လာနေ့ )

ဖွားမြင်မြောက်သော်
ဆယ်ခြောက်နှစ် ရွယ် ပျိုမြစ်နုနယ်၌
သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်
ဆယ်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍
ရွယ်မူနုဖြိုး ၊ နှစ်ဆယ်ကိုး၀ယ်
လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့်
ရွှေစိတ်ငြင်ငြို ၊ သံဝေပိုက
၀ါဆိုလပြည့် ကျားမင်းနေ့၀ယ်
ချမ်းမြေ့ရဂုံ တော်ရပ်လှုံသည်
စုံမြိုင်ပင်ရိပ်ခမ်းမှာကို...။
___________________________________________

ဓမ္မစင်္ကြာဟောတော်မူသောနေ့ ( စနေနေ့ )

ဘုရားဖြစ်ကာ ၊ မိဂဒါသို့
စကြာရွှေဖဝါးဖြန့်ချီ သွား၍
ငါးပါး၀ဂ္ဂီစုံအညီိနှင့်
မဟီတစ်သောင်း တိုက်အပေါင်းမှ
ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား
၀ါဆိုလပြည့် ၊ စနေနေ့၀ယ် ၊ ကြွေ့ကြွေ့လျှံတက်
ဓမ္မစက်ကို မိန့်မြွတ်ထွေပြား
ဟောဖော်ကြားသည်
တရားနတ်စည်ရွှမ်းတယ်ကို...။
___________________________________________

အမှောင်ပျောက်၍ အလင်းရောက်ပါစေ...။

မူရင်းရေးတင်လှူသူအား လေးစားစွာဖြင့် Credi

Thi Ha Monywa ပြန်လည်မျှဝေပူဇော်ပါသည်🙏

01/07/2022
🌹  #မြန်မာနှစ်သစ်ဆုတောင်း 🌹မြန်မာသက္ကရာဇ်_၁၃၈၄ ခုနှစ်တန်ခူးလပြည့်ကျော်(၂)ရက်တနင်္ဂနွေနေ့ ။ { 17 - 4 - 2022 } ❤️ #မြန်မာန...
17/04/2022

🌹 #မြန်မာနှစ်သစ်ဆုတောင်း 🌹

မြန်မာသက္ကရာဇ်_၁၃၈၄ ခုနှစ်

တန်ခူးလပြည့်ကျော်(၂)ရက်

တနင်္ဂနွေနေ့ ။ { 17 - 4 - 2022 } ❤️

#မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍

မိတ်ဆွေများအားလုံး__

စိတ်၏ချမ်းသာခြင်း
ကိုယ်၏
ကျမ်းမာခြင်းများနှင့်
ပြည့်စုံနိုင်ကြပြီး__

အကြံအစည်
မှန်သမျှလည်း
အောင်မြင်နိုင်ကြပါစေ။

လိုရာဆန္ဒများပြည့်ဝကြပါစေ။

ဘေးရန်အန္တရာယ်
အပေါင်းမှလည်း
ကင်းဝေးနိုင်ကြပါစေကြောင်း
#ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
🌹🙏🙏🙏🌹

https://www.facebook.com/105607451830926/posts/157511333307204/
27/03/2022

https://www.facebook.com/105607451830926/posts/157511333307204/

" Train to Kalaw "

ရထားလေးနဲ့ကလောကိုသွားရတဲ့ခရီးက သိပ်မိုက်တာဗျ မြန်မာနိုင်ငံကြီးနေကောင်းလို့ အခွင့်သာရင် တစ်ခေါက်လောက်သွားကြည့်ရအောင်..

မြန်မာ့အလှ မြန်မာ့ဘ၀

ဝါဆိုလပြည့်ဓမ္မစကြာ အခါတော်နေ့~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝ...
23/07/2021

ဝါဆိုလပြည့်
ဓမ္မစကြာ အခါတော်နေ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့ နေ့ဝင်လထွက်အချိန်၌ “အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ ပဉ္စဝဂ္ဂီငါးဦးတို့ကို ဘုရားဖြစ်တော်မူကြောင်း ဝန်ခံ၍ စမ္မစကြာတရားတော်ကို အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တောဝယ် ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာ တရားတော်သည် ဝိနည်းမဟာဝါ ပါဠိတော်၌ “ပဉ္စဝဂ္ဂိယ ကထာအမည်ဖြင့် လာရှိပြီး ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တနဝါ” အမည်ဖြင့် လာရှိကာ မဟာဝဂ္ဂသံယုတ်ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တနသုတ္တ” အမည်ဖြင့် လာရှိပါသည်။ ဓမ္မစကြာတရားတော်သည် သစာ္စလေးပါး မြတ်တရားကိုညွှန်းဆိုသော ဒေသနာတော်ဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု အဌကထာဆရာကြီးများက ညွှန်းဆိုကြပါသည်။

ဓမ္မစက္ကပဝတ္တန၏ အဓိပ္ပာယ်မှာ “တရားတည်းဟူသော စက်ကို ဖြစ်စေခြင်း၊ လည်စေခြင်း” ဟု အဓိပ္ပါယ်ရပါသည်။ ( ဓမ္မစက္က= တရားတော်+ပတဝတ္တန=ဖြစ်စေခြင်း၊ လည်စေခြင်း)
ဂေါတမဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ခြောက်နှစ်တာ ကာလပတ်လုံး လူသာမန်တို့ ကျင့်ဖို့ရာ ခဲ့ယဉ်းလှသည့် ဒုက္ကရစရိယာအကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ရာ နောက်ဆုံး၌ မဇ္ဈိမပဋိပဒါခေါ် သည့် အလယ်အလတ် အကျင့်တရားလမ်းစဉ်ကို တွေ့မြင်ပြီး ကာမ အာရုံခံစားမှု လက်ယာအစွန်းနှင့် အတ္တဘော ပင်ပန်းစေသည့် လက်ဝဲအစွန်းတည်းဟူသော အစွန်းတရားနှစ်ပါးကို ရှောင်ကြည်ကာ သစ္စာလေးပါး တရားတော်ကို သိမြင်တော်မူပါသည်။ “ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ” ဟူသော ထိုသစ္စာလေးပါး မြတ်တရားတော်သည် “ဓမ္မစကြာတရားတော်”ပင် ဖြစ်ပါသည်။

ဓမ္မစကြာတရားတော်သည် မြတ်ဗုဒ္ဓ၏ တိကျခိုင်မာသော သဘောတရားကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ရှင်တော်မြတ်ဘုရားသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီတော် အဟုန်တို့ကြောင့် ရရှိခဲ့သည့် သဗ္ဗညုတ ရွှေဉာဏ်တော်စွမ်းအားဖြင့် ဓမ္မစကြာတရားတော်ကို ဟော်ဖော်ညွှန်ပြခဲ့ခြင်းဖြစ်ပါသည်။

ဘုရားရှင်ကိုယ်တော်မြတ်သည် ထိုးထွင်း၍ သိမြင်တော်မူအပ်သော သစ္စာလေးပါးကို မြင်တတ်သော၊ ပညာမျက်စိကို ပြုတတ်သော၊ သစ္စာလေးပါးကို သိခြင်းကို ပြုတတ်သော၊ အကြင်အလယ်အလတ်ဖြစ်သော ၊အကျင့်သည် ကိလေသာငြိမ်းခြင်းတည်းဟူသော သဥပါဒိသေသနိဗ္ဗာန် အကျိုးငှာ သစ္စာလေးပါးကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှာ၊ သစ္စာလေးပါကို ကောင်းစွာသိခြင်းငှာ၊ အနူပါဒိသေသ နိဗ္ဗာန်အကျိုးငှာ ဖြစ်၏။ ထိုအလယ်အလတ် အကျင့်သည် အဘယ်နည်းဟု သိသာထင်ရှားစွာ ဟောဖော်ညွှန်ပြတော်မူပါသည်။

• သမ္မာဒိဌိ = ကောင်းစွာ မြင်ခြင်း

• သမ္မာသင်္ကပ္ပ = ကောင်းစွာကြံခြင်း

• သမ္မဝါစာ = ကောင်းစွာဆိုခြင်း

• သမ္မကမ္မန္တ =ကောင်းစွာပြုခြင်း

• သမ္မာအာဇီဝ =ကောင်းစွာ အသက်မွေးခြင်း

• သမ္မဝါယမ =ကောင်းစွာအားထုတ်ခြင်း

• သမ္မာသတိ = ကောင်းစွာအောက်မေ့ခြင်း

• သမ္မာသမာဓိ = ကောင်းစွာတည်ကြည်ခြင်း

(ဒိဌ် သင် ဝါစာ၊ ကမ္မံ အာနှင့်၊ ဝါယာ သတိ၊ သမာဓိ၊ ရှစ် သိ သမ္မာ မဂ္ဂင်များ - ရွာမဆရာတော်)

ဤအကျင့်မြတ်သည်ကား အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် မဂ္ဂင်တရားမြတ်ဖြစ်ကြောင်း ဟောကြားတော်မူပါသည်။

ထိုမှတဖန် ရှင်တော်မြတ်ဘုရားသည် ဇာတိ ပဋိသန္ဓေနေရခြင်း ဆင်းရဲမှ၊ အိုမင်းရင့်ရောခြင်း ဆင်းရဲ၊ ဖျားနာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ မချစ်မနှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကင်းရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်လိုအပ်သော သတ္တဝါတို့နှင့် ကွေကင်းရခြင်း ဆင်းရဲ၊ ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊ ခန္ဓာငါးပါးတို့၏ ဆင်းရဲ စသော ဇာတိသဘောတရားသည် ဒုက္ခဖြစ်သော အရိယာတို့၏ သိအပ်သော သစ္စာမည်၏ဟူ၍ ဒုက္ခသစ္စာကို ဟောကြားတော်မူပါသည်။

ပဉ္စဝဂ္ဂီရဟန်းတို့အား တဏှာလောဘသည် တဖန်ဘဝသစ်ကို ဖြစ်စေတတ်၏။ နှစ်သက်ခြင်း၊တပ်မက်ခြင်းနှင့် တကွ ဖြစ်၏။ ထိုထိုဘဝ ထိုထိုအာရုံ၌ အလွန်နှစ်သက်တတ်၏။ ဤတဏှာဟူသည် အဘယ်နည်း။

• ကာမတဏှာ = ရူပါရုံစသော ဝတ္ထုကာမကို တပ်မက်သော တဏှာ။

• ဘဝတဏှာ = သဿတဒိဌိနှင့် တကွဖြစ်သော တဏှာ။

• ဝိဘဝတဏှာ = ဥစ္ဆေဒဒိဌိနှင့်တကွဖြစ်သော တဏှာ။ ဟူ၍ ဤတဏှာဟူသော သဘောတရားသည် ဒုက္ခအကြောင်းဖြစ်သော အရိယာတို သိအပ်သော သစ္စာမည်၏ဟု သမုဒယသစ္စာအကြောင်းကို ဟောကြားတော်မူပါသည်။

ထိုတဏှာလောဘ၏ အကြွင်းမဲ့ တပ်မက်ခြင်းကင်းရာ၊ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ စွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဝေးစွာစွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ လွတ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ကပ်ငြိခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။

ဤနိဗ္ဗာန်ဟူသော သဘောတရားသည် ဒုက္ခ၏ ချုပ်ငြိမ်းရာဖြစ်သော အရိယာတို့သည် သိအပ်သော သစ္စာမည်သော နိရောဓသစ္စာ ကို ဟောကြားတော်မူပါသည်။ မဂ္ဂသစ္စာနှင့်စပ်၍ မဂ္ဂင်ရှစ်ပါး အကျင့်တရားသည်သာလျှင် ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်၏ဟု ဟောကြားတော်မူပါသည်။

ဒုက္ခသစ္စာ၌ သစ္စဉာဏ်၊ ဒုက္ခသစ္စာ၏ ကိစ္စဉာဏ်၊ ဒုက္ခသစ္စာ၌ ကတဉာဏ် သမုဒယ သစ္စာ၌ သစ္စဉာဏ်၊ သမုဒယသစ္စာ၌ ကိစ္စဉာဏ်၊ သမုဒယသစ္စ၏ ကတဉာဏ် နိရောဓသစ္စာ၌ သစ္စဉာဏ်၊ နိရောဓသစ္စာ၏ ကိစ္စဉာဏ်၊ နိရောဓသစ္စာ၌ ကတဉာဏ် မဂ္ဂသစ္စာ၌ သစ္စဉာဏ်၊ မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်၊ မဂ္ဂသစ္စာ၌ ကတဉာဏ် စသည့် ဘုရားမဖြစ်မီ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရာ သစ္စာတရားတို့ကို ဟောကြားတော်မူပါသည်။

ဤသစ္စာလေးပါးတို့၌ ဤသို့သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်အားဖြင့် သုံးပါးသော အပြန်ရှိသော သုံးပါးလေးလီဖြစ်၍ တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော ဟုတ်မှန်တိုင်းဖြစ်သော ဉာဏ်အမြင်သည် ငါ့အားအလွန်သန့်ရှင်းစင်ကြယ်၏။ လူနှင့်တကွ သတ္တလောက၌ အတုမရှိသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်တော်မူပြီး၍ ဘုရားဖြစ်ကြောင်း ဝန်ခံတော်မူပါသည်။

ဝါဆိုလပြည့်နေ့သည် ထူခြားသည့် အကြောင်းအရာများ ရှိပါသည်။ ဂေါတမဘုရားအလောင်းတော် ပဋိသန္ဓေနေသောနေ့ဖြစ်ခြင်း၊ ဂေါတမ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်သော နေ့ဖြစ်ခြင်း။ ဓမ္မစကြာ တရားဦးကို စတင်ဟောတော်မူသော နေ့ဖြစ်ခြင်း ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်ခြင်း။ ဘုရားအဖြစ်ဝန်ခံတော်မူသော နေ့ဖြစ်ခြင်း။ တရားရတနာ စတင်ပေါ်ပေါက်သော နေ့ဖြစ်ခြင်း။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်ခြင်း။ “ဧဟိဘိက္ခု” ဟူသော စကားကို စတင်ကြားရသောနေ့ဖြစ်ခြင်းတို့ ဖြစ်ပါသည်။

ဂေါတမ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူသည့် ဓမ္မစကြာတရားတော်ကို ကြားနာရသည့် ပဉ္စဝဂ္ဂီငါးဦးတို့သည် ဝါဆိုလပြည့်နေ့တွင် အရှင်ကောဏ္ဍည၊ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ဝါဆိုလပြည့်ကျော် ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ဝါဆိုလပြည့်ကျော် ၃ ရက်နေ့တွင် အရှင်အဿဇိ မဟာထေရ်မြတ်ကြီးများ အသီးသီး သောတပန်ဖြစ်တော်မူပြီး တရားထူး၊ တရားမြတ်ကို ရရှိတော်မူကြပါသည်။

ထိုနေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့တွင် ရဟန်းရှင်လူ အများပြည်သူတို့သည် ဘုရားစေတီ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံစသည်တို့တွင် ဝတ်အသင်းများ၊ ဓမ္မာစကြာအသင်းများက ဓမ္မစကြာ တရားတော်ကို ပူဇော်ခြင်းဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားများကို ကျင်းပကြပါသည်။ [၁] ဓမ္မစကြာ တရားတော်ကို အစီအစဉ်ဖြင့် ရွှတ်ဆို ပူဇော်ကြကုန်၏။ ၎င်းအစီအစဉ်များမှာ

• နမောတဿ ၃ ကြိမ် ရွတ်ဆိုပူဇော်ရန်

• နတ်ဗြဟ္မာများအား ဖိတ်ကြားရန်

• ငါးပါးသီလ (အတိုကောက်) ပြိုင်တူ ခံယူကြရန်

• စုပေါင်း ဓမ္မစကြာ ရွတ်ဆိုပူဇော်ကြရန်

• အလုံးစုံသော သတ္တဝါ၊ သက်ရှိသက်မဲ့တို့အား မေတ္တာပြိုင်တူ ဖြန့်ဝေရန်

• စုပေါင်းအမျှဝေရန်

• ရတနာသုံးပါးအား ပူဇော်ခြင်းနှင့် ဆုတောင်းရန်

• ဗုဒ္ဓသာသနံ စိရံ တိဌတုဖြင့် နိဂုံးချုပ် ဆုတောင်းကြရန် တို့ဖြင့်ကြသည်။

ယနေ့ကျရောက်သော အာဇာနည်နေ့အား ဦးညွတ်အလေးပြုပါ၏။  ။
19/07/2021

ယနေ့ကျရောက်သော အာဇာနည်နေ့အား ဦးညွတ်အလေးပြုပါ၏။ ။

🇲🇲𝟩𝟥𝓇𝒹 𝐼𝓃𝒹𝑒𝓅𝑒𝓃𝒹𝑒𝓃𝓉 𝒟𝒶𝓎 𝑀𝓎𝒶𝓃𝓂𝒶𝓇  🇲🇲.......................၄-၁-၂၀၂၁ရက်နေ့တွင် ကျရောက်သော  (၇၃) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အ...
04/01/2021

🇲🇲𝟩𝟥𝓇𝒹 𝐼𝓃𝒹𝑒𝓅𝑒𝓃𝒹𝑒𝓃𝓉 𝒟𝒶𝓎 𝑀𝓎𝒶𝓃𝓂𝒶𝓇 🇲🇲
.......................၄-၁-၂၀၂၁ရက်နေ့တွင် ကျရောက်သော
(၇၃) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခါသမယကို Global King Travels မိသားစုမှဂုဏ်ယူဝမ်းမြောက်စွာ ​ကြိုဆိုအပ်ပါသည်။

🇲🇲 🇲🇲 🇲🇲

ဆွေးမိသည်တည့် ဆွေးမိသည်
မလေးမောင် သည်ယနေ့
ဆွေးမြည့်မိသည်။
သွေးစက်နှင့်ကျမျက်ရည် ပြည်နိုင်ငံအရေး
လူ့လမ်းစဉ်လူ့ခရီးမှာ
စီးရတယ်လေး။

ငေးမိသည်တည့် ငေးမိသည်
မလေးမောင် သည်ယနေ့
ငေးမေ့မိသည်။
ဝမ်းမဝ မျှမညီ ပြည်နိုင်ငံ့အရေး
လူ့လောကီ သည်ရှုပ်ထွေး
ရှင်းပါမှလေး။

ရေးမိသည်တည့် ရေးမိသည်
မလေးမောင် သည်ယနေ့
ရေးမွှေးမိသည်။
စီခဲ့တဲ့ သွေးမျက်ရည်ပြည်နိုင်ငံံ့အရေး
စာတေး သည်မြိုင်ချောင်က
သည်ကလောင် ရောင်ခြည်လွှတ်
ဦးညွှတ်တယ်လေး။

(၁၉၄၈ ခုနှစ် လွတ်လပ်ရေးနေ့ ဟံသာဝတီ အထူးစာစောင်တွင် ပါရှိသော ဆရာဇော်ဂျီ၏ ကဗျာ ဖြစ်ပါသည်။)

🙏 မဂ်လာပါ ခင်ဗျာ🙏 ⏩ Covid - 19 နဲ့ ပက်သက်ပြီး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ
02/01/2021

🙏 မဂ်လာပါ ခင်ဗျာ🙏

⏩ Covid - 19 နဲ့ ပက်သက်ပြီး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ

Happy New Year!  Welcome to 2021, 2021 နှစ်မှာ ရောဂါကြီး ကင်းပျောက်ပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ကမ္ဘာသူ ကမ္ဘာသားမ...
01/01/2021

Happy New Year! Welcome to 2021,
2021 နှစ်မှာ ရောဂါကြီး ကင်းပျောက်ပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ကမ္ဘာသူ ကမ္ဘာသားများ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လောကကြီးအကျိုးကို သယ်ပိုးနိုင်ပါစေ။
2021 မှာ မင်မင်နဲ့ ခရီးတွေ သွားကြရအောင်...😁😁😁

🙏 Merry Christmas🙏
25/12/2020

🙏 Merry Christmas🙏

✈️ပြည်တွင်းလေကြောင်းဖြင့် ခရီးသွားမည့်သူများအတွက် COVID-19 Test စစ်ဆေးရမည့်နေရာနှင့်လိုက်နာရမည့် စည်းမျဉ်းစည်းများ☃️🎄❄️
25/12/2020

✈️ပြည်တွင်းလေကြောင်းဖြင့် ခရီးသွားမည့်သူများအတွက် COVID-19 Test စစ်ဆေးရမည့်နေရာနှင့်
လိုက်နာရမည့် စည်းမျဉ်းစည်းများ☃️🎄❄️

✈️ပြည်တွင်း လေကြောင်း  ခရီးစဉ် အလိုက်  ဓာတ်ခွဲ စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေနေပြည်တ...
25/12/2020

✈️ပြည်တွင်း လေကြောင်း ခရီးစဉ် အလိုက် ဓာတ်ခွဲ စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေနေပြည်တော် တိုင်းဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ် ထားရှိသည့် ဓာတ်ခွဲစစ်ဆေးမည့် နေရာများမှာ အောက်ပါအတိုင်းဖြစ်သည်။

𝐌𝐍𝐀 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐫𝐞𝐬𝐮𝐦𝐞 𝐨𝐧 𝟏𝟔 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟎 ✈️🇲🇲 မြန်မာအမျိုးသားလေကြောင်း​၏ ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ ခုနှစ်၊ ဒီဇ...
15/12/2020

𝐌𝐍𝐀 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐫𝐞𝐬𝐮𝐦𝐞 𝐨𝐧 𝟏𝟔 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟎 ✈️🇲🇲

မြန်မာအမျိုးသားလေကြောင်း​၏ ပြည်တွင်းခရီးစဉ်များကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ....

https://www.facebook.com/1884584764920321/posts/3832615773450534/
15/12/2020

https://www.facebook.com/1884584764920321/posts/3832615773450534/

ပြည်တွင်းလေယာဥ်စီးနင်းမည့်ခရီးသွားများအတွက်ကျောက်တံတားမြို့နယ်နှင့် အောင်မင်္ဂလာအဝေးပြေးတို့တွင် ကိုဗစ်ရောဂါရှိ၊မရှိ စစ်ဆေးပေးမည်

journal

ပြည်တွင်းလေကြောင်း လိုင်းများတွင် စီးနင်းလိုက်ပါမည့်
ခရီးသွားများအတွက် ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ နေရာနှစ်ခုတွင် ကိုဗစ်ရောဂါရှိ၊မရှိ စစ်ဆေးပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ နှစ်နေရာမှာ ကျောက်တံတားမြို့နယ်ရှိ Tourist Burma အဆောက်အအုံနှင့် အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းရှိ ဒေသန္တရကျန်းမာရေးဌာနတို့တွင်
နေ့စဥ်နံနက်၉ နာရီမှ ညနေ ၃နာရီအတွင်း လက်ခံ စစ်ဆေးပေးမည်ဖြစ်ပြီး စစ်ဆေးသည့် သူတစ်ဦးသာ လာရောက်ရမည်ဖြစ်သည်။

journal
Brief

🏵 လေယာဥ်တွေ ပျံသန်းတော့မှာနော်🏵https://www.facebook.com/1884584764920321/posts/3826004424111669/
15/12/2020

🏵 လေယာဥ်တွေ ပျံသန်းတော့မှာနော်🏵

https://www.facebook.com/1884584764920321/posts/3826004424111669/

လေယာဥ်လက်မှတ် ဝယ်ပြီး ဆေးစစ်ချက်
အောင်မြင်မှသာ လေယာဥ် စီးနင်းခွင့် ရရှိမည်

journal

မကြာခင်ပြည်တွင်းလေကြောင်းလိုင်းများပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်သော်လည်း လေယာဥ် လက် မှတ်ဝယ်ယူပြီး ဆေးစစ်ချက် အောင်မြင်ပြီးမှသာ လေယာဥ် စီးနင်းခွင့်ကို ရရှိမည်ဖြစ်သည်ဟု လေကြောင်းလိုင်း
အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ
ဒီဇင်ဘာ ၁၂ ရက် ရက်စွဲ ဖြင့် ထုတ်ပြန်ချက်တွင်
ပြည်တွင်းပုံမှန်လေကြောင်းခရီးစဥ်များပျံသန်းပြေးဆွဲမှုကို စံလုပ်ထုံးလုပ်နည်းများ (SOP)နှင့်အညီ ဒီဇင်ဘာ ၁၆ရက်မှစ၍ စတင်ဆောင်ရွက်သွားရန် COVID 19
ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ ၏ လမ်းညွှန်မှုအရ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးလာပြီး ပြည်တွင်းလေကြောင်းလိုင်းများသိရှိရန် ဆက်လက်အသိပေးရန် အကြောင်းကြားစာထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

" လက်မှတ်ဝယ်ပြီးရင် သူတို့သတ်မှတ်ထားတဲ့စင်တာ မှာ သွားစစ်ရင် ဦးစားပေးစစ်ပေးမယ်။ ကျသင့်တဲ့အခကိုတော့ ပေးရမယ်။ စစ်ဆေးချက်အောင်ရင် လေယာဥ် စီးခွင့်ပြုမယ်။လတ်မှတ်ကကြိုဝယ်ရမယ်။ သွားမဲ့ ရက်ထက် အဲဒါမှ လက်မှတ် ပြပြီး ဆေးစစ်ရမှာ။ လောလော ဆယ် Stay at Home ဒေသတွေကနေ Stay at Home မဟုတ်တဲ့ ဒေသကို သွားရင် သက်ဆိုင်ရာ မြို့ရောက်တဲ့အချိန်ကျရင် Q ဝင်ရမယ်။ သုံးရက် သို့မဟုတ် ၇ ရက် ဝင်ရမယ်။ဒါပေမဲ့အဲဒါကိုလည်း ဖြေလျော့ပေးဖို့အတွက်ပြန်ညှိနှိုင်းနေတယ်"ဟု လေကြောင်းလိုင်းတစ်ခုမှ
အရောင်းကိုယ်စားလှယ် တစ်ဦးကလည်း Travelling journal သို့ပြောသည်။

ထို့ပြင်လေကြောင်းလိုင်းများကလည်းမြို့အားလုံးသို့
ခရီးစဥ်မဆွဲပဲ ခွဲပြီးဆွဲသွားရန်အတွက် ညှိနှိုင်းနေကြောင်းသိရသည်။

"ပြုံဆွဲရင်တော့ သူလည်းခရီးသည်မရ ကိုယ်လည်းခရီးသည်မရ ဖြစ်မှာစိုးတယ်။ ခရီးသည် ရရှိမှုပေါ်ကိုမူတည်​ပြီး ဆွဲသွားမှာပါ။ အဲဒီအတွက် ကြေညာချက်ထွက်လာပါအုံးမယ်။အခုတော့ လေကြောင်းလိုင်းတွေ ညှိနေကြပါတယ်"ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

လက်ရှိတွင် ဒီဇင်ဘာ ၁၅ရက်နေ့ထိ ခရီး စဥ်များ ပျံသန်းပြေးဆွဲခွင့်ကို ရပ်ဆိုင်းထားကြောင်း သိရသည်။

journal

Scheduled Flights

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့🙏🙏🙏ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြ...
29/11/2020

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့🙏🙏🙏

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်🙏

သာမညဖလ ၏ အဓိပ္ပာယ်အကျဥ်းချုပ်မှာရဟန်းပြုရခြင်း၏အကျိုး ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟုလည်း ခေါ်ဆိုကြပါသည်🙏

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များမှာ👉

🙏တန်ဆောင်တိုင် မီးထွန်းပွဲတော်🙏
🙏ကထိန်သင်္ကန်း အလှူပွဲတော်🙏
🙏မသိုးသင်္ကန်း ရက်လုပ်ပွဲတော်🙏
🙏မဲဇလီဖူးသုပ် ဝေငှသောပွဲတော်🙏
🙏ကျီးမနိုး ပွဲတော်🙏
🙏သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။

မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့၌သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါသည်။

(၁) သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပါယ်ရပါသည်🙏

(၂) ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုကြပါသည်🙏

(၃) သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ ပါရှိပါသည်🙏

(၄) သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့်ထင်ဟပ်စေနိုင်ပါသည်🙏

(၅) သာမညဖလသုတ်သည် လူဒါယကာများအဖို့ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်🙏

(၆) အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်🙏

(၇) ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံသွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး
(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သောအဖြေကို မရရှိခဲ့ပါ🙏

(၈) နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြုချက်အရ ရာဇဂြိဟ်မြို့အနီး ဆရာဇီဝကလှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံး
လျက်ရှိသောမြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်🙏

(၉) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်🙏

(၁၀) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော
မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်ပေါ့သောလေဟ ကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ ဝိဇိတာဝီ မည်သော ပစ်စကေဗုဒ်ဓါ
ဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်🙏

(၁၁) အဇာတသတ်မင်းတရားသည်
-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း
သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်
ကျေးဇူးကြီးလှပါပေသည်🙏

(၁၂) ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါပေသည်🙏

(၁၃) အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော် များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်🙏

(၁၄) ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်🙏

အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ အခါတော်နေ့များ-နှာ၁၇၅-မှကောက်နှုတ်ထားပါသည်
ပုံများမူရင်းရေးသားသူများကို အမှီပြုပြန်လည်ဖော်ပြပေးခြင်းပါ

#တန်ဆောင်မုန်းလပြည့် #ပံ့သကူ #ကိုယ်ပွား

🙏 မဂ်လာပါ ခင်ဗျာ🙏ယနေ့သည် တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ ဖြစ်ပါသည်။ ဗုဒ္ဓဘါသာဝင်တို့၏ နေ့ထူးနေမြတ်ဖြစ်ပါသည်။💢 "သာမည...
28/11/2020

🙏 မဂ်လာပါ ခင်ဗျာ🙏
ယနေ့သည် တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ ဖြစ်ပါသည်။
ဗုဒ္ဓဘါသာဝင်တို့၏ နေ့ထူးနေမြတ်ဖြစ်ပါသည်။

💢 "သာမညဖလ"အခါတော်နေ့ (တန်ဆောင်မုန်း လပြည့်နေ့)

တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား "သာမညဖလ" သုတ်တော် (ခေါ်) ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

◼️ "သာမညဖလ" အခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပခြင်း

အဇာတသတ်မင်းသည် ဒေဝဒတ်နှင့် ပေါင်းမိသဖြင့် ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိသော အချိန်မှစ၍ အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်ခဲ့သည်။ သူ၏ မျက်လုံးတို့ကို လှံချက်ပေါင်း အရာအထောင်တို့ဖြင့် ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့သည်။ ထိုဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေသည်။ ထိုအခါ ဝေဒနာကို ကုစားရန်အတွက် အမတ်များ၏ အကြံပေးချက်အရ တိတ္ထိဆရာကြီး (၆) ယောက်တို့ထံ ရှေးဦးစွာ ရောက်သွားသည်။

သို့ရာတွင် တိတ္ထိဆရာကြီး (၆) ဦးသည် အဇာတသတ်မင်း၏ ရောဂါဝေဒနာကို ပျောက်ကင်းရန် နည်းပေးလမ်းညွှန်မှု မပြုနိုင်ပေ။ ထိုမျှသာမက အဇာတသတ်မင်း စိတ်ချမ်းသာရာ ချမ်းသာကြောင်းလည်း မဟောပြောနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သမားတော်ကြီး ဇီဝက၏ အကူအညီဖြင့် အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ ရောက်သွားခဲ့သည်။ ဤတွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား "သာမညဖလ" တရားတော်ကို ဟောပြောတော်မူသည်။

သာမညဖလ တရားတော်ကို နာကြားလိုက်ရသည့်အတွက် အဇာတသတ်မင်းအဖို့ အိပ်မပျော်သော ရောဂါဝေဒနာလည်း ငြိမ်းအေးပျောက်ကွယ်သွားသည်။ ထိုမျှမက ခမည်းတော်ကို သတ်ခဲ့မိသော သူ၏အမှားကိုလည်း ကြီးစွာ နောင်တရခဲ့သည်၊ သတိတရားရခဲ့သည်။ ထိုမှတဆင့်တက်၍ ဗုဒ္ဓသာသနာတော်ကို အသက်ပေး ကြည်ညိုသူ ဖြစ်လာသည်။ ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင် ကူညီခဲ့သည်။ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်များအတွက် ဓာတ်တော် များကို စနစ်တကျ သိမ်းဆည်းထားခဲ့သည်။ ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့သည်။ ခမည်းတော်ကို သတ်ခဲ့သဖြင့် အပြစ်ကြီးလေးသော မဟာအဝီစီငရဲ၌ မခံရတော့ဘဲ အပြစ်ပေါ့သော လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းသာ ခံရတော့သည်။ ငရဲမှလွတ်ပြီး နောက်အနာဂတ်ကာလ၌ ဝိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်ပေမည်။ ဤကား သာမညဖလသုတ်ကို နာကြားရသဖြင့် အကျိုးကျေးဇူးကို ရရှိသော အဇာတသတ်မင်း၏ ဖြစ်ရပ်မှန်ပင် ဖြစ်သည်။

♦️ "သာမညဖလ" ဟူသည် ရဟန်းပြုခြင်း၏ အကျိုးများကို ဖော်ပြချက်ဖြစ်သည်။

◼️ ရဟန်းပြုခြင်းဖြင့်_

▪️မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်း။

▪️အခွန်ထမ်းဆောင်မှု ကင်းလွတ်ခြင်း။

▪️ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း။

▪️ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း။

▪️ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊ မကောင်းသော စကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ ပဉ္စမသီလနှင့် ပြည့်စုံခြင်း။

▪️နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း။

▪️ဣန္ဒြေ ခြောက်ပါး၌ အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း။

▪️သတိနှင့်ပြည့်စုံခြင်း။

▪️သမ္ပဇင် (ဆင်ခြင်တုံ) တရားနှင့် ပြည့်စုံခြင်း။

▪️သန္တောသ (ရောင့်ရဲခြင်း) ရှိခြင်း။

▪️နီဝရဏ_ဈာန်အစရှိသော ကုသိုလ်တရားများကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား_ငါးပါးမှ ကင်းလွတ်ခြင်း။

▪️ဈာန်တရား ရနိုင်ခြင်း။

▪️ဝိဇ္ဇာရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်း အကျိုးတရားတို့ ဖြစ်ပေသည်။

"သာမညဖလသုတ်" (ခေါ်) ရဟန်းပြုခြင်း၏ အကျိုးတရားကို မြတ်စွာဘုရားသည် အဇာတသတ်မင်းအား "တန်ဆောင်မုန်းလပြည့်"နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ "တန်ဆောင်မုန်းလပြည့်"နေ့ကို "သံဃာတော်များနေ့"ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်ပေသည်။

Wai Linn (ရွှေလက်)

🛑 Dec 15 ရက်နေ့အထိ ထပ်တိုးလိုက်ပါပြီ ခင်ဗျာ.   Covid ကြီးပြီးရင် ခရီးသွားကြမယ်နော်... .....😁😁😁
28/11/2020

🛑 Dec 15 ရက်နေ့အထိ ထပ်တိုးလိုက်ပါပြီ ခင်ဗျာ.
Covid ကြီးပြီးရင် ခရီးသွားကြမယ်နော်... .....😁😁😁

🙏 မဂ်လာပါ ခင်ဗျာ🙏 တန်ဆောင်မုန်းသည် ဗုဒ္ဓ ဘာသာဝင် တို့၏ လထူးလမြတ်ဖြစ်ပါသည်။ တန်ဆောင်မုန်းလတွင် အမြတ်ဆုံးသော ကထိန်သက်န်းကိ...
25/11/2020

🙏 မဂ်လာပါ ခင်ဗျာ🙏

တန်ဆောင်မုန်းသည် ဗုဒ္ဓ ဘာသာဝင် တို့၏ လထူးလမြတ်ဖြစ်ပါသည်။ တန်ဆောင်မုန်းလတွင် အမြတ်ဆုံးသော ကထိန်သက်န်းကို ဆက်ကပ်လှူးဒါန်းကြပါသည်။သို့ပါသောကြောင့် ကထိန်းအကြောင်းလေးကို ဖော်ပြပေးလိုက်ပါ၏။

♦️သိမှတ်ဖွယ်ရာ ကထိန်အကြောင်း အကျဉ်းချုပ်♦️

credit- Original

♦ပုပ္ပါးတောင်အကြောင်းသိကောင်းစရာ♦📚📖♦ပုပ္ပါးတောင်ကိုအနောက်တိုင်းသားတို့က နတ်တို့ပျော်စံရာ အိုလံပတ်စ်တောင်ဟု တင်စား ပြောဆိ...
17/11/2020

♦ပုပ္ပါးတောင်အကြောင်းသိကောင်းစရာ♦
📚📖
♦ပုပ္ပါးတောင်ကိုအနောက်တိုင်းသားတို့က နတ်တို့ပျော်စံရာ အိုလံပတ်စ်တောင်ဟု တင်စား ပြောဆိုကြသည်။
♦ယနေ့ခေတ်တွင်လည်း ပုပ္ပားဒေသသည် အပူပိုင်းဒေသဖြစ်နေ ပါလျက် စိန်းလန်းစိုပြေကာ ရာသီအလိုက် 🌺🌸🏵️🌼🌻ပန်းတို့ဖြင့် ဝေ၀ဆာဆာရှိနေသည်ကို တွေ့နိုင်ပါသည်။
♦ပုပ္ပားတောင်သည် မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း
ကျောက်ပန်းတောင်းမြို့ အရှေ့မြောက်ဖက် ၁၀-မိုင်ခန့်အကွာတွင် တည်ရှိပြီး ပဲခူးမြို့၏ မြောက်ဖက်ခြမ်းတွင် သီးခြားတည် ရှိနေသော တောင်တန်းကြီးဖြစ်သည်။
♦ရန်ကုန်နှင့်ပုပ္ပားမြို့သည် ၄၀၅-မိုင်ကွာဝေး၍ ကျောက်ပန်းတောင်းမြို့၊ မြင်းခြံမြို့၊ ပုဂံညောင်ဦးမြို့တို့မှ သွားရောက်နိုင်သော ပုပ္ပားတောင်မကြီး၏ အနောက်တောင်ခြေတွင်တည်ရှိသည့် ရှေးဟောင်းမြို့လေး တစ်မြို့ဖြစ်သည်။
♦ပုပ္ပားတောင်ကို အနောက်ဖက်မှကြည့်လျှင် တောင်ထွတ်နှစ်ခုကိုမြင်ရပြီး
မြောက်ဖက်မှကြည့်လျှင် ဂျပန်နိုင်ငံရှိ ဖူဂျီရာမ (Mt. Fuji) ကဲ့သို့ မီးတောင်တစ်ခုကိုသာ တွေ့ရပါမည်။ ပုပ္ပားဒေသ၏ အပူချိန်မှာ ၁၀၈ံ-ဖာရင်ဟိုက်ရှိပြီး အနိမ့်ဆုံးအပူချိန်မှာ ၅၅ံ-ဖာရင်ဟိုက်ရှိကာ နှစ်စဉ်ပျမ်းမျှမိုးရေချိန်မှာ ၄၅-လက် မဖြစ်သည်။ မိုးရာသီတွင် မုတ်သုန်လေသည် အနောက်အရပ်မှတိုက်လေ့ရှိ၍ နွေရာသီတွင် အရှေ့မြောက် အရပ်မှ တိုက်လေ့ရှိသည်။
♦ရှေးက သဘာဝဘေးအန္တရာယ် ကို ကြောက်ရွံ့မှုကြောင့်သစ်ပင်တောတောင်များကို ကိုးကွယ်ခြင်းအလေ့ရှိခဲ့သည်ကိုလည်း
သတိပြုရာပါသည်။

♦ပုပ္ပါးတောင်၏အံ့ဖွယ်များ♦
၁။သံသတ္ထုမထွက်ဟုဆိုသည်။
ပန်းပဲမောင်တင့်တယ်နှင့် နှမမင်းရာ(မင်းမြတ်လှ)သည် ပန်းပဲဖိုဖြင့် ဖိုကျင်ထိုးလုပ်ကြံစီရင်ခြင်း ခံခဲ့ရသူများဖြစ်၍ ၄င်းတို့ကတားမြစ်ထားသောကြောင့် ယင်းအလုပ်ဖြင့် အသက်မွေးသူများ မကြီးပွားနိုင်ဟုဆိုသည်။ သို့သော် ပုပ္ပားဒေသသည် သံသတ္ထုထွက်ရာအရပ်မဟုတ် သဖြင့်
မထွန်းကားခြင်း ဖြစ်နိုင်ပါသည်။
💫💫💫
၂။မြေအိုးမြေခွက်လုပ်၍ မကြီးပွားနိုင်ဟုဆိုသည်။
သို့သော် ပုပ္ပားဒေသသည် ရှေးကမီးတောင်ဖြစ်ခဲ့၍ အိုးလုပ်ရန် သင့်တော်သော ရွှံ့စေးမြေမျိုးမတွေ့ရသောကြောင့်လည်း ဖြစ်နိုင်သည်။
💫💫💫
၃။ပန်းပဲမောင်တင့်တယ်မောင်နှမတို့၏😭 ကြေကွဲဖွယ်ဇာတ်လမ်းကြောင့် ဇာတ်၊ရုပ်သေး၊ပွဲ သဘင်ထောင်ခြင်းဖြင့် မထွန်းကားနိုင်ဟုဆိုသည်။ သို့သော် ပုပ္ပားတောင်သည် သူတော်စင်တို့နှစ် သက်သော ဆိတ်ငြိမ်ရာအရပ်ဖြစ်သည်ကိုလည်းကောင်း ပုပ္ပားတောင်နှင့် ၁၁-မိုင်ခန့်မျှသာဝေးသော - ကျောက်ပန်းတောင်းတွင် ဇာတ်ထောင်သူများ၊ သဘင်ဂီတအနုပညာရှင်များ များစွာပေါ်ထွန်းခဲ့သည် ကိုလည်းကောင်း သတိပြုသင့်ပါသည်။
💫💫💫
၄။ဆေးဖက်၀င်အပင်တို့ ပေါများသည်။ သက်ရင်းကြီးခေါက်ကို အစဉ်သုံးသဖြင့် ဆရာတော်ဦးနန္ဒသည် သက်တော်၁၂၁-နှစ်ရှည်ခဲ့သည်။
💫💫💫
၅။ပန်းမျိုးစုံပေါသည်။ ပုပ္ဇ-ဟူသောစကားမှ ပုပ္ပားသို့ဖြစ်လာခဲ့ခြင်းဖြစ်၍ ပန်းမျိုးစုံပေါခြင်းသည် မဆန်းပါ၊ ဗျတ္တပန်းဆက်သမားနှင့် ပန်းစားဘီလူးမ မယ်ကု၀ဏ်တို့ဇာတ်လမ်းပင် ပေါ်ထွက်ခဲ့သေးသည်။
💫💫💫
၆။နတ်မြင်းရှိသည်ဟုဆိုသည်။
အထောက်ထားမတွေ့သော်ငြား မောင်တော်နတ်ကွန်းအနောက်ဆောင်နားဆီမှ အရှည် ၁၁-ပေ၊ အမြင့် ၆-ပေရှိသည့် သဘာဝကျောက်နွားတစ်ကောင်နှင့် အရှည် ၁၇-ပေ၊ အမြင့် ၁၀-ပေရှိသည့် သဘာဝကျောက်နွားတို့ကို ဆိုလိုခြင်းဖြစ်နိုင်ရာသည်။
💫💫💫
၇။သဘာ၀စိမ့်စမ်းရေ ပေါများသည်။
အစဉ်လာမှတ်သားချက်အရ ၉၉-ခုရှိ၍ ဘိုးတော်ဘုရား (၁၇၈၂- ၁၈၁၉) လက်ထက် ဆက်သသောရတုအရဆိုပါလျှင် အရှေ့အရပ်မျက်နှာတွင် ၈၇-ခု၊ အနောက်ဖက်တွင် ၄၆-ခု၊ တောင်ဖက်တွင် ၁၉-ခု၊ မြောက်ဖက်တွင် ၂၃-ခု၊ ပေါင်း=၁၇၅-ခု ရှိသည်။ လက်တွေ့ရှာဖွေသူတို့ အဆိုအရမူ ၁၃၂-ခုတွေ့ရပြီး ထပ်မံစစ်ဆေးသောအခါ ထို့ထက်ပင်နည်းသွားလေပြီဖြစ်သည်။
💫💫💫
၈။နတ်ကျားရှိသည်ဟုဆိုသည်။
မင်းမဟာဂီရိကို မရိုမသေပြုသူတို့ကို ပြသလေ့ရှိပြီး မင်းမဟာဂီရိမောင် -နှမကို မရိုမသေပြုသူတို့၏ ကျွဲ၊နွားတို့ကို ဖမ်းယူစားသောက်တတ်သည်ဟုဆိုသည်။ မြင်ဖူးသူမရှိသော် လည်း ခြေရာကို တွေ့ရတတ်သည်ဆို၏။ တောတွင်းရှိ သာမန်ကျားခြေရာလည်း ဖြစ်နိုင်ပါသည်။
💫💫💫
၉။မြွေဆိုးမရှိဟုဆိုသည်။
ရာသီဥတုနှင့် မီးတောင်မြေသဘာ၀အနေထားအရအဆိပ်ပြင်းမြွေ မရှိခြင်းလည်း ဖြစ်နိုင်ပါသည်။
စာရေးဆရာတင်နိုင်တိုး၏ ပုပ္ပားဟူသော
စာအုပ်မှထုတ်နှုတ်ရေးသားပါသည်။
Photo Crd:oriolin myanmar,mygypsygirlstravels,mescosenior

Address

No. 18, Phont Phyo Yay Street, Kyaik Khauk Pagoda Road, Near Aung Chan Thar Bus Stop, Yangon
Thanlyin
291

Telephone

+959779477285

Website

Alerts

Be the first to know and let us send you an email when Global King - Travels & Car Rental posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Global King - Travels & Car Rental:

Videos

Share


Other Thanlyin travel agencies

Show All