Royal Mogok ticketing & travels

  • Home
  • Royal Mogok ticketing & travels

Royal Mogok ticketing & travels Trip to MOGOK,Myanmar Hot line:+95940256854909402568549
(3)

မဂ်လာပါရှင်
Royal Mogok ခရီးသွားလုပ်ငန်းသည် မိုးကုတ်ပတ္တမြားမြေ အခြေစိုက် ခရီးသွားလုပ်ငန်း ဖြစ်ပါတယ်ရှင်
မိုးကုတ်နှစ်800ပွဲတော် မတိုင်မှီကရင်း Ticketing centre အဖြစ်ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသော ခရီးသွားလုပ်ငန်းဖြစ်ပြီး နှစ်800ပွဲတော်အပြီးမှာခရီးသွားလုပ်ငန်းလိုင်စင်ရရှိခဲ့ပါတယ်

မိုးကုတ်မြို့ ခရီးစဥ်ဒေသ များဖွံဖြိုး​ တိုးတက်ရန်၊ပတ္တမြားမြေရဲ့ အလှအပရေမြေတောတောင်ကိုအခြေခံ ​​ပြီးသဘာဝ ခရီးသွား ခြင်း

ကို မြင်တွေ့ခံစားနိုင်စေရန် နှင့် တိုင်းရင်းသားရိုးရာ ယဥ်ကျေးမှု အကများ လူနေထိုင်မှု ပုံစံများနှင့် ရိုးရာ အစားအစာ များကို ထိတွေ့ခံစားနိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်

ပတ္တမြားမြေ မိုးကုတ်မြို့ကကျေးလက်လူနေမှု life style တွေ ကို လေ့လာလိုတာပဲ​ဖြစ်​စေ
အလည်အပတ်ပဲ​ဖြစ်​စေ
ဒေသရိုးရာ အိမ်ချက်ထမင်းဟင်းလျာများ ကို မြည်းစမ်းလိုသည်ပဲ​ဖြစ်​စေ
ရင်သွေးလေးများကို သဘာဝကိုချစ်တတ်အောင်လေ့လာသင်ယူစေလိုပဲဖြစ်စေ
မိမိတို့ ကိုယ်တိုင် မိမိချစ်ရသူ မိတ်ဆွေများ မိသားစုဝင်များနှင့် လေး တွေ ဖန်တီးလိုရင်ဖြစ်စေ
ကျွန်မတို့ Royal Mogok ရဲ့ servicesတွေကိုသတိရပေးပါရှင်

Royal Mogok ရဲ့ ခရီးစဥ် အမျိုးမျိုးတို့မှ မိမိကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်ရှင်

��� Royal Mogok မှ မိုးကုတ်မြို့ ကို လာလည်မ့ဲ ဧည့်သည်တော်များအတွက် ခရီးစဥ်အမျိုးမျိုးမှာ


(overnight/day return)

Nature_relux_and_camping(overnight/day return)









မဂ်လာရှိသော နေ့ရက်ဖြစ်ပါစေ���
သင်၏အားလပ်ရက်များကို ကျွန်နိုပ်တို့၏ နှလုံးသားဖြင့် နွေးထွေးစွာ ဝန်ဆောင်မှုပေးပါရစေ
� We care your holidays with our heart.�

With love
Royal Mogok Teem.

RM မှ Visa ဝန်ဆောင်မှုပေးလျက်ရှိသောနိုင်ငံများမှာမြန်မာထိုင်းမလေးရှားဒူဘိုင်းကိုရီးယားအိန္ဒိယစုံစမ်းရန် +959402568549(vi...
20/08/2022

RM မှ Visa ဝန်ဆောင်မှုပေးလျက်ရှိသောနိုင်ငံများမှာ

မြန်မာ
ထိုင်း
မလေးရှား
ဒူဘိုင်း
ကိုရီးယား
အိန္ဒိယ

စုံစမ်းရန်
+959402568549(viber)

လက်ရှိ အခြေအနေ များအရ မြန်မာနိုင်ငံအတွင်း ခရီးသွားလာခွင့်များ ယာယီ ပိတ်ထားလျက် ရှိသော်လည်းပြည်ပ ကနေ အကြောင်းအမျိုးမျိုးက...
30/07/2021

လက်ရှိ အခြေအနေ များအရ မြန်မာနိုင်ငံအတွင်း ခရီးသွားလာခွင့်များ ယာယီ ပိတ်ထားလျက် ရှိသော်လည်း

ပြည်ပ ကနေ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံ အတွင်း ပြည်ဝင်ခွင့်ရ လိုသူ နိုင်ငံခြားသားများ အတွက်
ရရှိနိုင်ရန် လျှောက်ထား​ပေး​နေပါပြီ

Royal Mogok မှ လတ်တလောရရှိနိုင်သော services များမှာ

#ထိုင်းနိုင်ငံအတွင်းVisaမျိုးစုံလျှောက်ထားပေးခြင်း
#ဘန်ကောက်မြို့တွင်းကွန်ဒိုတိုက်ခန်းဝယ်ခြင်းနှင့်
#ဆေးရုံဆေးခန်းပြဝန်ဆောင်မှုများ



အစရှိသည်များကို ဝန်ဆောင်မှုပေးပါတယ်

အသေးစိတ်ကို မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်

+959402568549(hotline/ viber)

Dear clients,our travel company will proceed to  ,ticketings and flight bookings. for more informations,plz free feel to...
12/06/2021

Dear clients,
our travel company will proceed to
,ticketings and flight bookings.

for more informations,

plz free feel to contact to chat box or +959402568549(viber)

Regards,
Royal Mogok Travel company

03/04/2021

Royal Mogok မှ ရရှိနိုင်သော ကြိုတင်ကားလက်မှတ်များမှာ

🗣 စျေးနှုန်း
တစ်ကြောင်း /တစ်ဦးလျင်

✌ ရန်ကုန် မိုးကုတ် ရန်ကုန် ရှေ့ခန်း 70000
နောက်ခန်း60000
✌ မန်းလေး မိုးကုတ် မန်းလေး 40000/ 35000
✌ မန်းလေး ရန်ကုန် မန်းလေး 40000/35000
✌ မိုးမိတ် မန်းလေး မိုးမိတ် 40000/35000
✌ မိုးကုတ် မြဝတီ မိုးကုတ် 150000

ကားအမျိုးအစားများမှာ
Alphard,ADVan,Wish,စသည့် ကား​သေး
အမျိုးအစား များ ဖြစ်ပါသည်

Hotline:09402568549

03/02/2021

Air KBZ ၏ ပြည်တွင်းခရီးစဉ်များကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲသွားမည်
=========================================

မိဘပြည်သူများ၏ ခရီးသွားလာရေးလိုအပ်ချက်များအတွက် Air KBZ အနေဖြင့် ပြည်တွင်းခရီးစဉ်များကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပြီး MAI နှင့်အကျိုးတူပူးပေါင်း၍ Embraer E190 လေယာဉ်ဖြင့် ပြေးဆွဲသည့် ခရီးစဉ်များကိုလည်း တစ်ပြိုင်တည်း ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ခရီးသည်များအတွက် ဘေးကင်းလုံခြုံစိတ်ချရသော ခရီးစဉ်များဖြစ်စေရန် အကောင်းဆုံးကြိုတင်ကာကွယ်၍ ဆောင်ရွက်ပေးလျှက်ရှိသကဲ့သို့ ခရီးသည်များအနေဖြင့်လည်း ချမှတ်ထားသော ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအကြံပြုအပ်ပါသည်။

မကြာမီဆုံတွေ့ကြပါစို့!

Air KBZ Resumes Domestic Connectivity Effective From 04 Feb 2021
=========================================

Air KBZ will resume domestic flights effective from 04 Feb 2021 to ensure that we provide critically needed domestic connectivity to guests - this includes our codeshare flights with MAI’s Embraer E190 aircraft.

We encourage our guests to strictly adhere to the common prevention tips recommended, as we do our utmost best to ensure your flight is safe.

We'll see you onboard soon!




03/02/2021

𝟏𝟑𝐓𝐇 𝐘𝐀𝐍𝐆𝐎𝐍 – 𝐁𝐀𝐍𝐆𝐊𝐎𝐊 – 𝐘𝐀𝐍𝐆𝐎𝐍 𝐑𝐄𝐋𝐈𝐄𝐅 𝐅𝐋𝐈𝐆𝐇𝐓 𝐎𝐍 𝟏𝟐 𝐅𝐄𝐁𝐑𝐔𝐀𝐑𝐘 𝟐𝟎𝟐𝟏

မြန်မာအမျိုးသားလေကြောင်း (MNA) မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သံရုံးနှင့်ညှိနှိုင်း၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ တွင် ဘန်ကောက်သို့သွားရောက်မည့်ခရီးသည်များနှင့် နေရပ်သို့ပြန်မည့် မြန်မာနိုင်ငံသားများ နှင့် အတွက် Relief Flight ခရီးစဉ်အား ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပါသည်။

ထွက်ခွာချိန် ဆိုက်ရောက်ချိန်
ရန်ကုန် - ဘန်ကောက် 15:00 16:55
(UB - 2017)
ဘန်ကောက် - ရန်ကုန် 18:25 19:20
(UB - 2018)

ရန်ကုန် - ဘန်ကောက် ကယ်ဆယ်ရေး ခရီးစဉ်တွင် လိုက်ပါမည့်ခရီးသည်များအနေဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ စုံလင်စွာရှိရမည်ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များကို MNA Call Center +951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဘန်ကောက် - ရန်ကုန် ကယ်ဆယ်ရေး ခရီးစဉ်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သံရုံး မှ ထုတ်ပြန်ထားသော ခရီးသည်စာရင်း အတိုင်းပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်မေးမြန်းမှုများအား +66 981019505( English & Thai speaker) နှင့် +66 857233221( Myanmar/ မြန်မာ စကားနှင့် မေးမြန်းရန်) သို့ဆက်သွယ် ပြုလုပ်နိုင်ပါသည်။

[English]

Myanmar National Airlines (MNA) will operate Yangon – Bangkok - Yangon Relief Flight on 12 February 2021

Departure Arrival
Yangon – Bangkok 15:00 16:55
(UB-2017)
Bangkok – Yangon 18:25 19:20
(UB-2018)

Yangon - Bangkok
Passengers who are traveling from Yangon to Bangkok with the relief flight must have the necessary documents to enter Thailand. For detailed information, please contact MNA Call Center +951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42.

Bangkok – Yangon
Bangkok – Yangon relief flight will be operated for passengers listed by the embassy of the Republic of the union of Myanmar. For detailed information, please contact +66 981019505( English & Thai speaker) and +66 857233221( Myanmar Speaker).

𝑆𝑡𝑎𝑟𝑡 𝑦𝑜𝑢𝑟 𝐽𝑜𝑢𝑟𝑛𝑒𝑦 𝑜𝑓 𝑎 𝐿𝑖𝑓𝑒𝑡𝑖𝑚𝑒 𝑤𝑖𝑡ℎ 𝑢𝑠! ✈️🇲🇲

မိုးကုတ်မှာ အသစ်တွေ့ရှိခဲ့တဲ့ လိုဏ်ဂူက Gemologic သမားများအတွက် ရော သဘာဝကို ချစ်ခင်နှစ်သက်တဲ့ ခရီးသွားချစ်သူများတွက် အကြိ...
30/01/2021

မိုးကုတ်မှာ အသစ်တွေ့ရှိခဲ့တဲ့ လိုဏ်ဂူက
Gemologic သမားများအတွက် ရော သဘာဝကို ချစ်ခင်နှစ်သက်တဲ့ ခရီးသွားချစ်သူများတွက် အကြိုက်တွေ့စေမှာအမှန်ပါ

လိုဏ်ဂူရဲ့အရှည် 254ပေ ရှိပြီး အမြင့် ​​ပေ30နီးပါးနှင့် အကျယ် ပေ 60နီးပါး ရှိသော ဒေသအခေါ် ငုကျောက်အမျိုးအစားသဘာဝလိုဏ်ဂူဖြစ်ပါတယ်ရှင့်

သွားလာရလွယ်ကူ​အောင် လမ်းလေးကောင်းအောင် ပြုပြင်ပြီးရင် ဖေဖော်ဝါရီလအကုန် မတ်လမှာ စဖွင့်တော့မှာမို့ လာလည်ဖို့ဖိတ်ခေါ်ပါတယ်ရှင်





𝐘𝐚𝐧𝐠𝐨𝐧 - 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 - 𝐘𝐚𝐧𝐠𝐨𝐧 𝐑𝐞𝐥𝐢𝐞𝐟 𝐅𝐥𝐢𝐠𝐡𝐭 𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞 𝐟𝐨𝐫 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝟐𝟎𝟐𝟏မြန်မာအမျိုးသားလေကြောင်းမှ စင်ကာပူနိုင်ငံသို့သွားရော...
26/01/2021

𝐘𝐚𝐧𝐠𝐨𝐧 - 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 - 𝐘𝐚𝐧𝐠𝐨𝐧 𝐑𝐞𝐥𝐢𝐞𝐟 𝐅𝐥𝐢𝐠𝐡𝐭 𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞 𝐟𝐨𝐫 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝟐𝟎𝟐𝟏

မြန်မာအမျိုးသားလေကြောင်းမှ စင်ကာပူနိုင်ငံသို့သွားရောက်မည့် ခရီးသည်များ နှင့် နေရပ်သို့ပြန်မည့် ခရီးသည်များအတွက် အပတ်စဉ် သောကြာနေ့နှင့် စနေနေ့များတွင် ပျံသန်းပြေးဆွဲသော Yangon – Singapore – Yangon Relief Flight အတွက်လေယာဉ်လက်မှတ်များအား ယခင်ကဲ့သို့ Online Registration ပြုလုပ်ရန်မလိုအပ်တော့ပဲ ယခုတွင် MNA လက်မှတ်အရောင်းကောင်တာများ၊ MNA Website (www.flymna.com)၊ Application နှင့် နီးစပ်ရာ Travel Agent များမှ မည်သူမဆို ဉီးရာလူစနစ်ဖြင့် အလွယ်တကူ ဝယ်ယူနိုင်ရန်အတွက် စီစဉ်ထားရှိပါတယ်ရှင်။

သို့ရာတွင် လက်မှတ်ဝယ်ယူထားသူများအနက်မှ Covid-19 ရောဂါရှိ/မရှိစစ်ဆေးသော Test Result တွင် Covid-19 ရောဂါ Positive ပြပါက လေယာဉ်လက်မှတ်အတွက် Refund ပြန်လည်ပေးအပ်ပေးမည်ဖြစ်ကြောင်းအသိပေးအပ်ပါတယ်ရှင်။

ထွက်ခွာချိန် ဆိုက်ရောက်ချိန်
Yangon – Singapore 09:30 14:00
Singapore – Yangon 15:30 17:00

Fare:
Normal Relief Flight
Yangon - Singapore
Business Class: $409
Economy Class: $261

Singapore - Yangon
Business Class: S$450
Economy Class: S$250

Special Relief Flight
Yangon - Singapore
Business Class: $415
Economy Class: $265

Singapore - Yangon
Business Class: S$550
Economy Class: S$350

▪၃၈ကြိမ်မြောက် ကယ်ဆယ်ရေးခရီးစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့
(UB 1001 / UB 1002)
လက်မှတ်အရောင်းပိတ်ချိန် - ဖေဖော်ဝါရီလ ၁ ရက်နေ့ (၁၆:၀၀)
Facility Quarantine သို့ Hotel Quarantine

▪၉ကြိမ်မြောက် အထူးကယ်ဆယ်ရေးခရီးစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့
(UB 1003 / UB 1004)
လက်မှတ်အရောင်းပိတ်ချိန် - ဖေဖော်ဝါရီလ ၂ ရက်နေ့ (၁၆:၀၀)
Hotel Quarantine

▪၃၉ကြိမ်မြောက် ကယ်ဆယ်ရေးခရီးစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့
(UB 1001 / UB 1002)
လက်မှတ်အရောင်းပိတ်ချိန် - ဖေဖော်ဝါရီလ ၈ ရက်နေ့ (၁၆:၀၀)
Facility Quarantine သို့ Hotel Quarantine

▪၁၀ကြိမ်မြောက် အထူးကယ်ဆယ်ရေးခရီးစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့
(UB 1003 / UB 1004)
လက်မှတ်အရောင်းပိတ်ချိန် - ဖေဖော်ဝါရီလ ၉ ရက်နေ့ (၁၆:၀၀)
Hotel Quarantine

▪၄၀ကြိမ်မြောက် ကယ်ဆယ်ရေးခရီးစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့
(UB 1001 / UB 1002)
လက်မှတ်အရောင်းပိတ်ချိန် - ဖေဖော်ဝါရီလ ၁၅ ရက်နေ့ (၁၆:၀၀)
Facility Quarantine သို့ Hotel Quarantine

▪၁၁ကြိမ်မြောက် အထူးကယ်ဆယ်ရေးခရီးစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့
(UB 1003 / UB 1004)
လက်မှတ်အရောင်းပိတ်ချိန် - ဖေဖော်ဝါရီလ ၁၆ ရက်နေ့ (၁၆:၀၀)
Hotel Quarantine

▪၄၁ကြိမ်မြောက် ကယ်ဆယ်ရေးခရီးစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့
(UB 1001 / UB 1002)
လက်မှတ်အရောင်းပိတ်ချိန် - ဖေဖော်ဝါရီလ ၂၂ ရက်နေ့ (၁၆:၀၀)
Facility Quarantine သို့ Hotel Quarantine

▪၁၂ကြိမ်မြောက် အထူးကယ်ဆယ်ရေးခရီးစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့
(UB 1003 / UB 1004)
လက်မှတ်အရောင်းပိတ်ချိန် - ဖေဖော်ဝါရီလ ၂၃ ရက်နေ့ (၁၆:၀၀)
Hotel Quarantine

✈️ရန်ကုန် မှ စင်ကာပူ သို့လိုက်ပါမည့်ခရီးသည်များအနေဖြင့် စင်ကာပူနိုင်ငံသို့ ဝင်ရောက်ရန် အချက်အလက်စုံလင်စွာ ရှိရမည်ဖြစ်ပါသည်။ ၇၂နာရီအတွင်း စစ်ဆေးထားသော Covid - 19 Negative Test Result ပါရှိမှာသာ စင်ကာပူနိုင်ငံသို့ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။

✈️စင်ကာပူ မှ ရန်ကုန်သို့လိုက်ပါမည့်ခရီးသည်များအနေဖြင့် အောက်ပါအချက်အလက်များစုံလင်စွာပါရှိရမည်ဖြစ်ပါသည်။

နိုင်ငံခြားသား
- စင်္ကာပူနိုင်ငံရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သံရုံးမှ ထုတ်ပေးထားသော Visa
- သက်တမ်း (၆)လနှင့် အထက်ရှိသော Passport
- ၇၂ နာရီအတွင်း စစ်ဆေးထားသောCovid-19 ရောဂါကင်းရှင်းကြောင်း ထောက်ခံစာ
- ကျန်းမာရေးထောက်ခံစာ (Health Declaration Form) - လေယာဉ်ပေါ်တွင်ဖြည့်ရန်

သင်္ဘောသားများ
- ကျန်းမာရေးထောက်ခံစာ (Health Declaration Form) - လေယာဉ်ပေါ်တွင်ဖြည့်ရန်
- သင်္ဘောသားဖြစ်ကြောင်း ထောက်ခံချက်

မြန်မာနိုင်ငံသားများ
- ကျန်းမာရေးထောက်ခံစာ (Health Declaration Form) - လေယာဉ်ပေါ်တွင်ဖြည့်ရန်

သတိပြုရန် -
မြန်မာနိုင်ငံမှ အခြားနိုင်ငံသို့သွားရောက်မည့်ခရီးသည်များအနေဖြင့် သက်ဆိုင်ရာနိုင်ငံမှ လိုအပ်သော အထောက်အထားများ၊ COVID-19 Restriction သက်မှတ်ချက်များ ကိုအတိအကျလိုက်နာဆောင်ရွက်ရန် အသိပေးအပ်ပါသည်။

[English]

All passengers flying with Yangon – Singapore – Yangon Relief Flight (Every Friday & Saturday) can purchase tickets through MNA Ticketing Counters, MNA website (www.flymna.com), Application and Authorized Travel Agents starting now, instead of online registration. The flight tickets are first come first serve basis.

In the case of the passenger showing positive test result on Covid-19 test, we will offer full refund back to the passenger.

Departure Arrival
Yangon – Singapore 09:30 14:00
Singapore – Yangon 15:30 17:00

Fare:
Normal Relief Flight
Yangon - Singapore
Business Class: $409
Economy Class: $261

Singapore - Yangon
Business Class: S$450
Economy Class: S$250

Special Relief Flight
Yangon - Singapore
Business Class: $415
Economy Class: $265

Singapore - Yangon
Business Class: S$550
Economy Class: S$350

▪38th Normal Relief Flight: 5 Feb 2021
(UB 1001 / UB 1002)
Sales Closing Time - 1 Feb 2021 (16:00)
Normal Relief Flight Accommodation (By MOHS): Facility Quarantine or Hotel Quarantine

▪9th Special Relief Flight: 6 Feb 2021
(UB 1003 / UB 1004)
Sales Closing Time - 2 Feb 2021 (16:00)
Special Relief Flight Accommodation (By MOHS): Hotel Quarantine only

▪39th Normal Relief Flight: 12 Feb 2021
(UB 1001 / UB 1002)
Sales Closing Time - 8 Feb 2021 (16:00)
Normal Relief Flight Accommodation (By MOHS): Facility Quarantine or Hotel Quarantine

▪10th Special Relief Flight: 13 Feb 2021
(UB 1003 / UB 1004)
Sales Closing Time - 9 Feb 2021 (16:00)
Special Relief Flight Accommodation (By MOHS): Hotel Quarantine only

▪40th Normal Relief Flight: 19 Feb 2021
(UB 1001 / UB 1002)
Sales Closing Time - 15 Feb 2021 (16:00)
Normal Relief Flight Accommodation (By MOHS): Facility Quarantine or Hotel Quarantine

▪11th Special Relief Flight: 20 Feb 2021
(UB 1003 / UB 1004)
Sales Closing Time - 16 Feb 2021 (16:00)
Special Relief Flight Accommodation (By MOHS): Hotel Quarantine only

▪41st Normal Relief Flight: 26 Feb 2021
(UB 1001 / UB 1002)
Sales Closing Time - 22 Feb 2021 (16:00)
Normal Relief Flight Accommodation (By MOHS): Facility Quarantine or Hotel Quarantine

▪12th Special Relief Flight: 27 Feb 2021
(UB 1003 / UB 1004)
Sales Closing Time - 23 Feb 2021 (16:00)
Special Relief Flight Accommodation (By MOHS): Hotel Quarantine only

✈️Yangon - Singapore
Please note that the passengers are required to present necessary documents to enter Singapore. Passengers are required to present Covid-19 Negative Result, tested within 72 hours, upon entering Singapore.

✈️Singapore - Yangon
Person entering The Republic of the Union of Myanmar will need to fulfill the following requirements.

Foreigners
- Valid Visa issued by Myanmar Embassy in Singapore
- Minimum 6 months validity of passport
- Covid-19 Negative Result, tested within 72 hours
- Health Declaration Form (To be filled up on-board)

Seaman
- Health Declaration Form (To be filled up on-board)
- Seaman Identification

Myanmar Citizens
- Health Declaration Form (To be filled up on-board)

Note:
Passengers are required to provide the required documents and abide the Covid-19 Restrictions by the respective country.

For detailed information, please contact the following:

Royal Mogok Travels&Tours
No. 89
Htin chu chan Quarter
Mogok
Hot line:09402568549(viber/wechat)

Credit
Myanmar National Airlines
MNA

 .Please ask update prices for all package. Thank you. ♥🙏🌄🌄🌄🌄🌄Durations:2nights/3days Tour type:Sightseeing,hiking in ge...
17/01/2021

.
Please ask update prices for all package.
Thank you. ♥🙏

🌄🌄🌄🌄🌄

Durations:2nights/3days
Tour type:Sightseeing,hiking in gem mines and Trekking in nature

Hight light and activities of this trip:

-Sightseeing arround North Mogok
and East Mogok
-Enjoy and Testing withTraditional foods(Lisu,Shan)by home made
-Studying life style of local in gem markets
-Trekking in the nature of Bernerd village
-Hiking in Mogok Gem mines
-Stydying of Mogok religious beliefs in Pagodas and monestry

Price :
Mount Mogok hotel (City delux view room)
680$/per person (minimum 2pax /1room)

Mogok hill hotel (Delux room)
620$/per person (Minimum 2pax/1room)

Included :
-Entry permission
-Reliable car for transportations
-Hotel
-Breakfasts,Lunchs and Dinners in during trip
-English speaking Guide
-Local condactor

♥ We care your holidays with our heart♥

Contact:
Hotline:09402568549(viber/wechat)

https://www.facebook.com/royalmogokticketingandtravels/

https://www.facebook.com/RoyalMogokTravels/

Royalmogok.com

Ready for camping trip in new site and new beautiful place.ကလေးငယ် 5နှစ်ကစပြီး လူကြီးပိုင်းအထိ သွားလို့ရတဲ့နေရာလေးပါကဲ မ...
08/01/2021

Ready for camping trip in new site and new beautiful place.

ကလေးငယ် 5နှစ်ကစပြီး လူကြီးပိုင်းအထိ သွားလို့ရတဲ့နေရာလေးပါ
ကဲ မိမိတို့ရင်သွေးငယ်လေးတွေ နဲ့ မိသားစုအတူ သဘာဝနဲ့အနီးစပ်ဆုံး ရှိနေချင်ရင်တော့ ခုပဲ ဆက်သွယ်လိုက်တော့နော်
🌄🏕🏞🎉🎉🎉🤝🤝







#ကိုဗစ်အလွန်ခရီးသွားဖို့အကောင်းဆုံးနေရာ
#သဘာဝနဲ့အနီးစပ်ဆုံးနေချင်ရင်တော့RoyalMogokနဲ့ခရီးသွားပါ

.

Hotline:09402568549

31/12/2020

Happy new year ပါ
နှစ်ဟောင်းကအဆိုးတွေ
အကုန်လွှင့်ပြယ်ပြီး နှစ်သစ်မှာသောက
​ကင်းဝေးပျော်ရွှင်ကြပါစေ

  #ကိုဗစ်အလွန်ခရီးသွားဖို့အကောင်းဆုံးနေရာ #မိုးကုတ်        #သဘာဝနဲ့အနီးစပ်ဆုံးနေချင်ရင်တော့Royal_Mogokနဲ့ခရီးသွားပါ 🌄
30/12/2020


#ကိုဗစ်အလွန်ခရီးသွားဖို့အကောင်းဆုံးနေရာ
#မိုးကုတ်








#သဘာဝနဲ့အနီးစပ်ဆုံးနေချင်ရင်တော့Royal_Mogokနဲ့ခရီးသွားပါ 🌄

 By Royal Mogok Travels #ကိုဗစ်အလွန်ခရီးသွားဖို့အကောင်းဆုံးနေရာ #မိုးကုတ်    #သဘာဝနဲ့အနီးစပ်ဆုံးနေချင်ရင်တော့Royal_Mogok...
30/12/2020


By Royal Mogok Travels
#ကိုဗစ်အလွန်ခရီးသွားဖို့အကောင်းဆုံးနေရာ
#မိုးကုတ်




#သဘာဝနဲ့အနီးစပ်ဆုံးနေချင်ရင်တော့Royal_Mogokနဲ့ခရီးသွားပါ 🌄

Today 20.12.202013°ရေတွေခဲတဲ့ ရွာလေး မှာ မနှစ်က ဒီချိန်ဆို ဧည့်သည်တွေနဲ့ စည်ကားနေကြပါ🗻🏞⛰🌄 #ကိုဗစ်အလွန်ခရီးသွားဖို့အကောင်...
20/12/2020

Today 20.12.2020
13°
ရေတွေခဲတဲ့ ရွာလေး မှာ မနှစ်က ဒီချိန်ဆို ဧည့်သည်တွေနဲ့ စည်ကားနေကြပါ🗻🏞⛰🌄

#ကိုဗစ်အလွန်ခရီးသွားဖို့အကောင်းဆုံးနေရာ
#ရေခဲတဲ့ရွာလေး




#သဘာဝနဲ့အနီးစပ်ဆုံးနေချင်ရင်တော့Royal_Mogokနဲ့ခရီးသွားပါ 🌄

AIR KBZပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရာတွင် လေယာဉ်စီးခရီးသည်များလိုက်နာရမည့်ကျန်းမာရေးဆိုင်ရာ စံသတ...
14/12/2020

AIR KBZ
ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲရာတွင် လေယာဉ်စီးခရီးသည်များ
လိုက်နာရမည့်ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ

ခရီးသည်များအနေဖြင့် အောက်ပါ စံလုပ်ထုံးလုပ်နည်းများနှင့်အညီ လေကြောင်းလိုင်းများကို အသုံးပြုစီးနင်း
နိုင်သည်

(က) ပြည်တွင်း ပျံသန်းသည့် လေကြောင်းလိုင်းများ အသုံးပြုစီးနင်းရန် လေယာဉ်လက်မှတ်များကိုပြည်တွင်း Ticketing Agents များတွင်ဖြစ်စေ၊ Online စနစ်ဖြင့် ဖြစ်စေ မည်သည့် ထောက်ခံချက်မျှမလိုဘဲ ပုံမှန်ဝယ်ယူ၍ သက်ဆိုင်ရာလေကြောင်းခရီးစဉ်များကို ဤလုပ်ထုံးလုပ်နည်းများ နှင့်အညီ
စီးနင်းလိုက်ပါနိုင်သည်။

(ခ )ခရီးစဉ်အလိုက် လိုအပ်သော ဓာတ်ခွဲစစ်ဆေးမှုများဖြစ်သည့် Rapid Antigen Dia၉nostic Test Kit
(NDT) ဖြင့်စစ်ဆေးမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့်ပုဂ္ဂလိက သို့မဟုတ် အစိုးရ ဆေးရုံ/ ဆေးခန်း/ ဓာတ်ခွဲခန်းများတွင် စစ်ဆေးနိုင်သည်။ အစိုးရဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းများတွင်လေယာဉ်လက်မှတ်ပြ၍ဖြစ်စေ သက်ဆိုင်ရာလေယာဉ်ခရီးစဉ်အတွက် ကြိုတင်စာရင်းသွင်းထားကြောင်း အတည်ပြုချက်ပြ၍ ဖြစ်စေ
စစ်ဆေးနိုင်ပြီး ၄င်း စစ်ဆေးမှုစရိတ်များကို မိမိစရိတ်ဖြင့် ပေးချေရမည်။

(ဂ )ခရီးသည်များအနေဖြင့် covID-19 သံသယဖြစ်ဖွယ် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်း အစရှိသည့် ရောဂါလက္ခဏာများ အလုံးစုံကင်းစင်မှသာသတ်မှတ်ခရီးစဉ်တွင် လိုက်ပါရမည်။

(ဃ) လေယာဉ်ခရီးစဉ်မထွက်ခွာမီ ဖြည့်စွက်ရမည့် ကိုယ်ရေးအချက်အလက်များအား ပြည့်စုံ မှန်ကန်စွာဖြည့်စွက်ရမည်။ ခရီးသည်၏ အမည်း နိုင်ငံသား စီစစ်ရေးအမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်တို့ကို လေယာဉ်လက်မှတ်ဝယ်ယူသည့်အချိန်၊ Check in ပြုလုပ်သည့်အချိန်နှင့် ခရီးဆုံးလေဆိပ်သို့ရောက်ရှိချိန် များတွင် တာဝန်ရှိသူများအား တင်ပြရမည်။

(င) ကျန်းမာရေးဆိုင်ရာ ကြောငြာချက်စာရွက်အား မှန်ကန်ပြည့်စုံစွာဖြည့်စွက်၍ သက်ဆိုင်ရာ
ကျန်းမာရေး တာဝန်ရှိသူများသို့ မပျက်မကွက် ပေးအပ်ရမည်။

(စ) လေယာဉ်ခရီးစဉ်တစ်လျှောက်ခွဲစိတ်ခန်းသုံး ပါးစပ်၊ နှာခေါင်းစည်း (Surgical Mask), မျက်နှာကာ
(Face Shield) တို့အားသေချာစွာဝတ်ဆင်ထားရှိရန်နှင့် လေယာဉ် မောင်မယ် တို့၏ညွှန်ကြားချက်
များအား တိကျစွာ လိုက်နာဆောင်ရွက်ရမည်။

(ဆ) လေယာဉ်ခရီးစဉ်တလျှောက်သတ်မှတ်ထားသော ခုံအမှတ်တွင်သာလိုက်ပါ စီးနင်းရမည်။

(ဇ)လေယာဉ်ခရီးစဉ်အတွင်း နေမကောင်းဖြစ်ပါက လေယာဉ်မောင်မယ်တို့အား မဖြစ်မနေ ချက်ချင်း
သတင်းပေးပို့ရန်နှင့် လေယာဉ်မောင်မယ်တို့၏ ညွှန်ကြားချက်များအတိုင်း တိကျစွာလိုက်နာ
ဆောင်ရွက်ရမည်။

(စျ)သက်ဆိုင်ရာမြို့သို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသအာဏာပိုင်များ၏ ကျန်းမာရေးစစ်ဆေးမှုများ
နှင့် လိုအပ်သော အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်
ရမည်။

ပြည်တွင်းလေကြောင်းခရီးစဉ်များ လိုက်နာရန် အချက်များ

(က) ခရီးစတင်မထွက်ခွာမီ ၃၆ နာရီအတွင်း Rapid Antigen Diagnostic Test (RDT)ဖြင့်စစ်ဆေးထားသည့် COVID 19 ရောဂါပိုးမရှိကြောင်းဓါတ်ခွဲစမ်းသပ်ချက်ကို Check inဝင်သည့်အချိန်၌ တင်ပြနိုင်ရမည်။

(ခ)Check in ဝင်သည့်အချိန်တွင် မိမိနေရပ်လိပ်စာဖြည့်စွက်ရာတွင် ဆိုက်ရောက်သည့်မြို့၌တည်းခိုမည့်နေရာကိုတိကျမှန်ကန်စွာ ဖြည့်စွက်ရမည်။

(ဂ)Stay at Home ဒေသမှ လာသောခရီးသည်များအနေဖြင့် Non Stay at Homeဒေသသို့ရောက်ရှိပါက Facility Quartine (awupos) Hotel Quartine&ques
ရောက်ရှိသည့်နေ့၌ Facility Quartine မလုံလောက်ပါက Hotel Quartine ကိုမိမိစရိတ်ဖြင့်ဝင်ရောက်ရမည်။
Quartine ဝင်ရောက်ပြီး ၃ ရက်မြောက်နေ့တွင်RT-PCR Test ကိုမိမိစရိတ်ဖြင့်စစ်ဆေး၍ ရောဂါပိုးမတွေ့ရှိပါက Quartine မှထွက်နိုင်သည်။ RT-PCRTest ဖြင့်
စစ်ဆေးနိုင်ခြင်းမရှိဘဲ Rapid Antigen Diagnostic Test (RDT) ဖြင့်သာ စစ်ဆေးပါကQuarantine ကို (၇) ရက်အ​ကြာဝင်ရမည်။ စစ်ဆေးမှုစရိတ်များကို အောက်ပါအတိုင်းမိမိစရိတ်ဖြင့်ပေးချေရမည်။

(ဃ)Stay at Home cussycucamagitava$p:3264G¢ so 6: Stay at Home c33033gp:olm
ခရီးစဉ်စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း Rapid Diagnostic Test (RDT ဖြင့် စစ်ဆေးထားပြီး
ဖြစ်သဖြင့် Quarantine ၀င်ရန်မလို။

(င)Non Stay at Home ဒေသမှ လာသောခရီးသည်များအနေဖြင့် မည်သည့်ဒေသသို့ပင်သွားစေကာမူ
ခရီးစဉ်မထွက်ခွာမီ ၃၆ နာရီအတွင်း Rapid Antigen Diagnostic Test (RDT) ဖြင့်စစ်ဆေးထားပြီး
ဖြစ်သဖြင့် Quarantine ဝင်ရန်မလို၊

(စ)သက်ဆိုင်ရာမြို့သို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသအာဏာပိုင်များ၏ ကျန်းမာရေးစစ်ဆေးမှုများ
နှင့် လိုအပ်သော အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်
ရမည်။

(ဆ) ခရီးသည်များအနေဖြင့် COVID 19 သံသယဖြစ်ဖွယ် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်း အစရှိသည့် ရောဂါလက္ခဏာများ အလုံးစုံကင်းစင်မှသာသတ်မှတ်ခရီးစဉ်တွင် လိုက်ပါရမည်။

(ဇ)ခရီးသည်အနေဖြင့် အစိုးရဆေးရုံသို့ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူရန် သွားရောက်ခြင်း
ဖြစ်ပါက Check in ဝင်ချိန်တွင် လေကြောင်းလိုင်းတာဝန်ရှိသူထံသို့ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာနှင့် သက်ဆိုင်ရာဆေးရုံအုပ်ကြီးမှ လက်မှတ်ရေးထိုးထားသည့် ကျန်းမာရေးဆိုင်ရာ လွှဲပြောင်းခြင်းမှတ်တမ်း
(Medical Referral) အားပြသရမည်။.

(သက်ဆိုင်ရာမြို့သို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသအာဏာပိုင်များ၏ ကျန်းမာရေးစစ်ဆေးမှုများနှင့် လိုအပ်သော
အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရန်)

မှတ်ချက်။ ။ ခရီးစဉ်အလိုက် ဓာတ်ခွဲစစ်ဆေးမှုများဖြစ်သည့် RT-PCR Test (သို့မဟုတ်) Rapid Diagnostic
Antigen Kit ဖြင့်စစ်ဆေးမှုများကို ဆောင်ရွက်နိုင်ရန်အတွက် လေကြောင်းလိုင်းကုမ္ပဏီများ၊
သက်ဆိုင်ရာပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့်
လေကြောင်းလိုင်းဦးစီးဌာနမှ တာဝန်ရှိသူများညှိနှုန်း၍ ဓာတ်ခွဲစစ်ဆေးမည့် နေရာများကို ကြိုတင်သတ်မှတ်
ထားရှိရန်နှင့် လေယာဉ်လက်မှတ်ဝယ်ယူသူများအား အဆိုပါနေရာများသို့စေလွှတ်၍ ဓာတ်ခွနမူနာယူစေရန်
လိုအပ်ပါသည်။

Quarantine ဆိုင်ရာသတ်မှတ်ချက်များသည် ပြောင်းလဲလာသည့်အခြေအနေအချိန်အခါ (Changing
Epidemiological Situation) ပေါ်မူတည်၍ ပြောင်းလဲမှုများရှိနိုင်ပါသည်။

Ref: ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

03/12/2020

ခရီးသွားလုပ်ငန်းပြန်စတင်ရန် ဟိုတယ်/ခရီးဝန်ကြီးဌာနမှ ခရီးစဉ်အမျိုးအစားလေးမျိုးကို ကနဦး ကြိုးပမ်းဆောင်ရွက် သွား မည်

journal

Covid -19 ကပ်ရောဂါရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ လုံးဝရပ်ဆိုင်း ခဲ့ရပြီး ခရီးသွား လုပ်ငန်း ပြန်လည်စတင်နိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ကနဦးကြိုးပမ်း ဆေင်ရွက်သွားရန် စီစဉ်နေကြောင်း ဝန်ကြီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်း က Travelling Journal သို့ ပြောသည်။

’’ အခု စပြီး စီစဉ် လုပ်ဆောင်နေပါပြီ။ အသင်းတွေကို
ဒီလိုမျိုးတွေ ပြင်ဆင်ထားပေးဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ သဘောပါ’’ဟု ၎င်းက ပြောသည်။

ဝန်ကြီးဌာနမှ ကနဦး ဆောင်ရွက်သွားမည့် ခရီးစဉ်များမှာ အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseeing Flights Tour)ကို ယခုလ ဒီဇင်ဘာလဆန်းတွင် လည်ကောင်း၊မြစ်တွင်းသင်္ဘောခရီးစဉ်ကို ဒီဇင်ဘာ ဒုတိယပတ်တွင် လည်ကောင်း ၊ကုန်းတွင်းယာဉ်တန်းနှင့်အဏ္ဏဝါ ခရီးသွားလုပ်ငန်းကို ဒီဇင်ဘာနောက်ဆုံးပတ်တွင်လည်ကောင်း စီစဉ်ထားရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ သတ်မှတ်ထားသော စံ သတ်မှတ်များအပေါ် မူတည်ပြီး ဆောင်ရွက်သွားရန် ဝန်ကြီးဌာနမှ ဒီဇင်ဘာ၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

’’ခရီးစဉ်ဒေသတစ်ခုစီကို လူ ငါးဆယ်၊ ၁၀၀ ထက်မပိုပဲ သူ့ရက်နဲ့ သူ ဆိုရင်တော့ ဥပမာ ငွေဆောင်၊ချောင်းသာ၊ကလော၊ပုဂံ၊ ဘားအံ၊မေမြို့ ကို ခွဲထုတ်သွားမယ်။ အဲဒီလိုမျိုးလုပ်ရင်ဖြစ်နိုင် ချေရှိ ပါတယ်။ ဒီလိုပဲပိတ်ထားရင် မရနိုင်တော့ဘူး။ ကြာရင် ပိုဒုက္ခ ရောက်လာမယ်။ ဒီလထဲမှာ မစနိုင်ရင်လည်း ၂၀၂၁ ဇန်နဝါရီ လဆန်းနောက်ပိုင်းမှာ စနိုင်ရင် ကောင်းမယ်။ ဒါက ကျွန်တော့်အမြင်ပါ။ ထွေအုပ်၊တိုင်းကျန်း၊ တိုင်းဒေသကြီး၊ ဆေးရုံ၊ သက်ဆိုင်ရာဒေသလိုက် ညှိနှိုင်းရပါမယ်။ အခုတော့ ပြည်နယ်နဲ့ အလိုက် အသေးစိတ် တွေတော့ ပြောနေကြပါတယ်။ စီမံချက်ကို ရေပက် မဝင်အောင်ဆွဲရမယ်’’ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက Travelling Journal သို့ ပြောသည်။

ထို့ပြင် ခရီးသွားရောက်မည့်ခရီးသွားများကိုလည်း
ရန်ကုန်ပြင်ပမှ ထွက်ရှိပါက သွားရောက်သည့်ဒေသအဝင်တွင် Covid - 19 ရောဂါရှိမရှိ ကျန်းမာရေးစစ်ဆေးမှုကိုလည်း ပြုလုပ် ဆောင်ရွက် ပေးနိုင်ရန် လိုအပ်ကြောင်းလည်း ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက Travelling journal သို့ ပြောသည်။

ဝန်ကြီးဌာနမှ ခရီးစဉ်များ ဆောင်ရွက်သွားရန် မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ယင်း ခရီးစဉ်များ ဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးရန် ညှိနှိုင်း မေတ္တာ ရပ်ခံထားကြောင်း သိရသည်။

journal

🏕Camping နဲ့ Glamping ဘာတွေကွာခြားလဲ ⛺️မြန်မာလူငယ်တွေမှာ ခရီးသွားချင်စိတ်များလာတာ အရမ်းကောင်းပါတယ်။ Camping ဆိုတာကို စိတ...
29/11/2020

🏕Camping နဲ့ Glamping ဘာတွေကွာခြားလဲ ⛺️

မြန်မာလူငယ်တွေမှာ ခရီးသွားချင်စိတ်များလာတာ အရမ်းကောင်းပါတယ်။ Camping ဆိုတာကို စိတ်ဝင်စားလာကြတာလည်း ပိုကောင်းတယ်။ ဒါပေမဲ့ ကိုယ်တွေရဲ့ ရှေးရိုးစွဲ ခရီးဆိုတာ အပန်းဖြေဖို့ ထွက်တာ ဆိုတာကလည်း ဦးနှောက်ထဲ ကျန်နေသေးတော့ တခါတလေ Camping နဲ့ Glamping ကို မကွဲပြားတော့ဘူး။ ယာယီတဲလေးတွေနဲ့ ဓါတ်ပုံရိုက်ချင်စိတ်များပြီး အဲ့လိုနေထိုင်ဖို့ လှုပ်ရှားစွန့်စားရတယ်ဆိုတာကို သတိမမူမိတတ်တာ ဖြစ်သွားတတ်တယ်။ Adventure နဲ့ သဘာဝဆန်ဆန် နေထိုင်ခရီးသွားလိုသူတွေအတွက်ကတော့ Camping ဆိုတာနဲ့ ကိုက်တယ်။ ဓါတ်ပုံလေး ရိုက်မယ်၊ လှုပ်ရှားမှုတွေ သိပ်မလုပ်ရဘဲ ပေါ့ပေါ့ပါးပါးနားချင်တာမျိုးဆိုရင် Glamping နဲ့ ကိုက်တယ်လို့ ယေဘုယျ ပြောလို့တော့ ရနိုင်ပါတယ်။ ဘယ်လိုတွေ ကွဲပြားသလဲဆိုတာကိုတော့ ကျွန်တော် ဖတ်ရှုမှတ်သားထားသမျှပြန်ပြီး ဝေမျှပေးလျင်ပါတယ်။
====================
Camper လုပ်မလား Glamper လုပ်မလား
====================
ခရီးမသွားခင် ကိုယ်နှစ်သက်တဲ့ နေထိုင်မှုပုံစံကို သေချာစဉ်းစားပြီး ဆုံးဖြတ်ပါ။ Camping သွားတာ များသောအားဖြင့် တစ်ဦးချင်းထက် အဖွဲ့လိုက် သွားတာ ပိုစိတ်ချရပြီး ပျော်ရတာမို့ ဒီလို အဖွဲ့နဲ့ သွားဖို့ရာမှာက ကိုယ်နေထိုင်ချင်တဲ့ ပုံစံကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ခရီးကြမ်းမသွားချင် မလုပ်ချင်ရင်တော့ Camper အစား Glamper လုပ်သင့်ပါတယ်။ ဒါဆို ယာယီတဲလေးနဲ့လည်း နေလို့ရသလို ပေါ့ပေါ့ပါးပါး အသင့်သုံးလေးတွေနဲ့ ဓါတ်ပုံရိုက် စိတ်ကူးယဉ်လို့ ရတယ် ဆိုပါတော့လေ။ ခုခေတ်ကလည်း တိုက်တာတွေကြားက မွမ်းကျပ်တာတွေကို ဖျောက်ပစ်ဖို့ ခဏတဖြုတ် သဘာဝတောတောင်တွေကြားနေချင်လာကြတာကိုး။ Camp Site တွေမှာ ကိုယ်တိုင် တဲထိုးနေချင်တာလား၊ အသင့်ထိုးပြီးသား facilities စုံစုံနဲ့ Glamp Site တွေမှာ ဇိမ်ယူချင်တာလား ဆုံးဖြတ်ပြီးရင် ကိုယ့်ခရီးစဉ်မှာ အေးဆေး အသားတကျ ပျော်နေရတော့မှာပါ။ လွဲမှားရွေးချယ်မိရင်သာ စိတ်ညစ်နေရမှာကိုး။ ဒီတော့ ဘာတွေ ကွာခြားလည်း ကြည့်ကြရအောင်
(၁) ပစ္စည်းသယ်ယူရပုံ ကွာခြားတယ်
====================
Camping သွားတဲ့သူတွေက ကိုယ့်အထုပ်ကိုယ် Backpack နဲ့ သယ်ယူရပြီး ကိုယ့်ရဲ့ တဲ၊ ဖျာ၊ အိပ်ရာ စတဲ့ ကိုယ့်အသုံးအဆောင်အားလုံးကို ကိုယ်တိုင်ပဲ ထမ်းပိုး သယ်ယူရတာမျိုးပါ။
Glamping မှာတော့ Luggage ဆွဲပြီး သွားလည်း အဆင်ပြေပါတယ်။
(၂) နေထိုင်တဲ့ပုံစံ အဓိက ကွာခြားပါမယ်
====================
Camping က ယာယီတဲ သေးသေးလေးကို ကိုယ်တိုင်ပြင်ဆင်လို့ ရိုးရိုးရှင်းရှင်းလေးနေထိုင်တာမျိုးပါ။ ခပ်သေးသေး တစ်ယောက်အိပ်စာကနေ အကျယ်လှဆုံး ၄ - ၅ ယောက်နေစာလေးထိပါပဲ။ မြေကြီးပြန့်ပြန့်ပေါ်မှာပဲ တဲစိုက် အိပ်ကြနေကြရတာမျိုးပါ။
Glamping မှာကတော့ ခပ်ကြီးကြီးရွက်ဖျင်တဲပုံစံမျိုးတွေနဲ့ တဲကြီးကို မြေကြီးပေါ် ချစိုက်တာ မဟုတ်ဘဲ သစ်သားကွပ်ပျစ်လိုမျိုးကြီး အခြေခိုင်ခိုင်ပေါ်မှာမှ တခါတလေဆို အမိုးပါ ရှိနိုင်ပါသေးတယ်။ အတွင်းလည်း အတော်ကျယ်ဝန်းပြီး နှစ်ယောက်အိပ်ကုတင်ကြီးက စလို့ ရေခဲသေတ္တာ၊ တီဗီ အထိ ပါနိုင်ပါသေးတယ်။ တချို့လဲ မပါကြဘူး။
(၃) ရေအိမ်သုံးတဲ့ပုံစံ ကွာခြားပါမယ်။
====================
Camp Site တွေမှာတော့ အခြေအနေအရ သဘာဝနည်းနဲ့ ရေအိမ်ကိစ္စကို ခြုံတိုး ဖြေရှင်းရတာရှိသလို၊ အများသုံး ရေချိုးခန်း၊ အိမ်သာတွေမှာ သုံးစွဲကြရတတ်ပါတယ်။ တချို့မှာတော့ ရွှေ့ပြောင်းလို့ရတဲ့ လုံလုံခြုံခြုံ အိမ်သာလေးတွေလည်း ရှိတတ်သေးပြီး သဘာဝနည်းနဲ့ သန့်စင်ကြရတာ များပါတယ်။ Camper အများစုကတော့ ရေချိုးလေ့ သိပ်မရှိကြပါဘူး။ မြစ်ချောင်းပင်လယ်နဲ့ နီးရင်တော့ ဒီအတိုင်း သဘာဝဆန်ဆန် ရေချိုးတတ်ကြတယ်။ ရေချိုးခန်းသီးသန့် လိုမနေဘူး။
Glamping မှာတော့ ရေချိုးခန်းအိမ်သာက အနားသီးသန့် ဒါမှမဟုတ် တွဲလျက် ပါနိုင်တဲ့အပြင် ဘိုထိုင်လိုမျိုးနဲ့ စမတ်ကျကျ ဖြစ်နိုင်ပါသေးတယ်။ ရေချိုးခန်းမှာတောင် ရေပန်းလေးနဲ့ ဆပ်ပြာမွှေးမွှေး ရှိနိုင်ပါသေးတယ်။ ဟိုတယ်တွေကလုပ်ပေးတဲ့ Glamping တွေဆို ရေစိမ်ချိုးဖို့ Bathtub တောင် ရှိနိုင်သေးတယ်ဗျား။
(၄) အိပ်ရတဲ့ပုံစံ ကွာပါဦးမယ်။
==================
Camping မှာတော့ တဲထဲ Mattress ဆိုတဲ့ အောက်ခံအခန်းလေး ခင်း၊ အပေါ်ကနေ တစ်ယောက်အိပ် ရာသီဥတုဒါဏ်ခံနိုင်တဲ့ ခေါင်းဦး၊ စောင် တစ်ဆက်တည်းပါ Sleeping Bag အိပ်ရာလေးနဲ့ အိပ်ကြရမှာမျိုးပါ။
Glamping မှာတော့ ရှေ့မှာပြောခဲ့သလို မွေ့ရာ နှစ်ယောက်အိပ်အထိ ပြင်ဆင်ပေးထားတတ်ပါတယ်။ တဲအတွင်းက အခင်းကလည်း အစဉ်သန့်နေမှာမျိုးပေါ့ဗျာ။
(၅) ချက်ပြုတ်စားသောက်ရတဲ့ပုံ ကွာခြားပါတယ်။
====================
Camping မှာတော့ ကိုယ့်ထင်းကိုယ်ရှာ၊ ကိုယ့်မီးပုံ ကိုယ်မွှေးပြီး ကော်ဖီကအစ ရေနွေး ကို ခွက်နဲ့ ကိုယ်တိုင်ကြိုကြရမှာမျိုးပါ။ တကယ့်သဘာဝရဲ့ ပျော်ရွှင်မှုအရသာပေါ့လေ။
Glamping မှာတော့ ရေနွေးကြိုဖို့ အသင့်ပလပ်တပ် သုံးနိုင်မဲ့ လျှပ်စစ်ရေနွေးအိုးကအစ ဂတ်စ်မီးဖိုအလတ်စားအထိ အသင့်ပါဝင်နိုင်ပါတယ်။ အိမ်မှာ ချက်စားရတဲ့အတိုင်း ခံစားမှုမျိုး ပေးပါတယ်။ တချို့ဆို အစားအသောက် ဝန်ဆောင်မှုတွေပါကြတယ်။
(၆) ရာသီဥတုဒါဏ်ကို ခံစားပုံ ကွာခြားတယ်။
====================
Camping မှာတော့ အပူချိန်ကို ကာကွယ်တွန်းထိုးနိုင်တဲ့နည်းက နည်းပါးတယ်။ ပူရင် အဝတ်ချွတ်နေ၊ တဲကို ဖွင့်နေ၊ တဲအပြင်ထွက်နေပေါ့။ အေးရင် တဲထဲ အကုန်ပိတ်နေ၊ အနွေးထည်ဝတ်နေ၊ စောင်ခြုံနေ၊ မီးလှုံနေပေါ့လေ။
Glamping မှာတော့ Tent အကြီးတွေနဲ့ အမိုးအကာအောက်မှာဆိုတော့ အေးဆေးပါ့။
(၇) ဘယ်လိုလူတွေနဲ့ ဆုံစည်းမလဲဆိုတာ ကွာခြားတယ်။
====================
Camp Site တွေမှာတော့ ကိုယ်အရင် မသိမကျွမ်းဘူးခဲ့သူတွေနဲ့ အများဆုံး ဆုံစည်းနိုင်ပါတယ်။ အတော်လည်း ရင်းနှီးမှု ပိုရသွားနိုင်တယ်။
Glamping မှာတော့ ဟိုတယ်ပုံစံမျိုး ဖြစ်နေတာမျိုး အရမ်းကြီး ရင်းရင်းနှီးနှီး မရှိနိုင်ပေမဲ့ ကိုယ့်လိုအေးဆေးနေလိုသူ လူမျိုးတွေနဲ့ ဆုံစည်းရနိုင်ပါတယ်။ ကိုယ်က သူက တစ်ဦးဦးကတော့ စခေါ်ရမှာပေါ့လေ။ တစ်တဲနဲ့ တစ်တဲက ဝေးနိုင်တာကိုး။ တဲကလည်း ကြီးတော့လေ။
(၈) အစားအသောက် ပုံစံ ကွာခြားနိုင်တယ်။
====================
Camping မှာတော့ သဘာဝဆန်ဆန် ငါးဖမ်း ဟင်းရွက်ခူး မီးကင် ရေလုံပြုတ်စားတတ်ကြသလို၊ ထမင်းလည်း ကိုယ်တိုင်ချက်ပြုတ်စားသောက်ကြပါသေးတယ်။ ဒီမှာတော့ ထမင်းဗူးလေးတွေ အသင့် စီစဉ်ကြပါသေးတယ်။ ဒီလောက်ပါပဲ၊ အရမ်းကြီး မခမ်းနားဘူး။ ရေဆိုလည်း ဒီအတိုင်း မြစ်ချောင်းရေတံခွန်က ရေကို ကောက်သောက်ကြသလို၊ ကြိုချက်သောက်ကြရတယ်။
Glamping မှာတော့ အိမ်မှာ ချက်ပြုတ်စားသောက်သလို ဖြစ်နိုင်မဲ့ ရေခဲသေတ္တာ၊ မီးဖို၊ အသင့်စား အစားအသောက်အစုံအလင် နဲ့ အသား၊ ငါးက အစ ရှိနိုင်ပါတယ်။ ရေဆိုလည်း ရေသန့်ဗူးကို သောက်နိုင်သေးတယ်။ ရေသန့်ဗူးမဟုတ်တောင် သန့်စင်တဲ့ Filter တပ်ထားပြီးသား ရေပိုက်ခေါင်းထဲက သောက်ရုံပါပဲ။
Camping နဲ့ Glamping မှာ ကွဲပြားတဲ့ အနှစ်အရသာတွေ ရှိနေပါတယ်။ တကယ်တမ်း စွန့်စားခရီးကြိုက်သူတွေက Glamping ကို မကြိုက်ကြပါဘူး။ သိပ်ပြီး မကွဲမပြား ခံစားရတဲ့အပြင် စွန့်စားလှုပ်ရှားမှုမျိုးလည်း မရှိလို့ပါ။ ပုံမှန်နေထိုင်မှုပုံစံထက် အနည်းငယ်ပဲကွာပြားတာက သူတို့စိတ်ကို မစွဲဆောင်နိုင်ပါဘူး။ အဲ့ဒါကြောင့် Camping ကို ကြိုက်တဲ့သူတွေအတွက်ကတော့ Camping ဟာ ဘယ်လိုပဲ အနေစုတ်တယ်ဆိုဆို ရွှေထုပ်တဲ့ မြပုဝါစစ်စစ်ပါ။ တစ်ဘက်မှာလည်း ခရီးသွားတာ အပန်းဖြေဖို့ဆိုတဲ့ စကားလက်ကိုင်ထားတဲ့သူတွေကလည်း ဇိမ်နဲ့ နှပ်မယ်တွေးရင်တော့ Glamping ဟာ သက်တောင့်သက်သာနဲ့ ကိုယ့်ရဲ့ အာသီသကို ဖြည့်စွမ်းပေးနိုင်စေပါတယ်။ လူတိုင်း ကိုယ့်အကြိုက်နဲ့ ကိုယ်မို့ ဘယ်ဟာက ပိုကောင်းတယ်ဆိုရော၊ အမှားအမှန်ရော ဆုံးဖြတ်စရာတော့ မရှိပါဘူး။ ဗိုလ် ကျား သေနတ် ကိုယ်ကြိုက်တာ ကိုယ်လုပ်ပဲပေါ့။ ဒါပေမဲ့ လူငယ်တွေကို အကြံပြုချင်တာကတော့ ခရီးများများထွက်ပါ။ အပျော်ထက် ဗဟုသုတ ရစေမဲ့၊ ကိုယ့်စိတ်ကို မြှင့်တင်ပေမဲ့ ခရီးတွေ ဖြစ်ပါစေလို့။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။🙏🙏🙏

Credit and respect to original writer
Ko Tun lin maung

အုပ်ဆောင်းတောင်သို့ 🌻🌿🌻🌿🌻🌿🌻🌿Location:Oak Saung Taung,MogokPhoto: Moe Yar BeeTour type:Day return, short hikingအရမ်းလှတဲ့...
22/11/2020

အုပ်ဆောင်းတောင်သို့
🌻🌿🌻🌿🌻🌿🌻🌿
Location:Oak Saung Taung,Mogok
Photo: Moe Yar Bee
Tour type:Day return, short hiking

အရမ်းလှတဲ့ မိုးကုတ် အုပ်ဆောင်းတောင်က တောင်နေကြာအလှတွေ နဲ့ အတူ Royal Mogok ရဲ့ မိသားစု သူငယ်ချင်း မောင်နှမ တစုရဲ့ ပုံလေးတွေ ကို ဝေမျှပေးလိုက်ပါတယ်နော် 🌻

အုပ်ဆောင်းတောင်က မ်ုးကုတ်ကနေ တောင်ခြေထိ ဆိုင်ကယ် နဲ့ 30မိနစ် ကျော် ေလးပဲ မောင်းရတယ် 🌻

မပင်ပန်းတဲ့ short hiking trip လေးမို့ ဧည့်သည်တိုင်းကြိုက်တဲ့နေရာလေးပါ🌻

သူက ရာသီသုံးမျိုးလုံး လှပါတယ်
မိုးရာသီဆို လဲ ဘေးမှာ ​စိမ်းစိုနေသောတောင်တန်းကြီး နောက်ခံနဲ့ ရှေ့တည့်တည့်ကတော့ မိုးကုတ်မြို့မြင်ကွင်းလေး😊🌻

ခု ဆောင်းတွင်း နိုဝင်ဘာမှာတော့ သိပ်လှတဲ့ တောင်နေကြာတွေ အများဆုံး စုဝေး လှပနေရာ နေရာလေးပေါ့ 🌻

ခု နှစ်ထဲ မမှီလဲ နောင် နှစ်တိုင်း ပွင့်သော တောင်နေကြာတွေနဲ့တွေ့ဆုံ​​ကြရအောင် ဒီနှစ်တော့ ကျန်းမာစွာနေနိုင်ဖို့ ဂရုစိုက်ကြပါနော် 🌻

ဒီကပ်ကြီး ပြီးရင် ပျော်ပျော်ရွှင်ရွှင်ပြန်တွေ့ကြရအောင်ပါရှင့်🌻

With love
Royal Mogok Travels
🌻🌻🌻🌻🌻🌻🌻🌻

မဂ်လာပါရှင်အစားတလိုင်းဧည့်သည်တော်များအတွက်Royal Mogok ရဲ့ ဧည့်သည်တော်တွေ အတွက် ဧည့်ခံပေးခဲ့ဖူးသော  မိုးကုတ်ဒေသ ရိုးရာ အစ...
15/11/2020

မဂ်လာပါရှင်
အစားတလိုင်းဧည့်သည်တော်များအတွက်
Royal Mogok ရဲ့ ဧည့်သည်တော်တွေ အတွက် ဧည့်ခံပေးခဲ့ဖူးသော မိုးကုတ်ဒေသ ရိုးရာ အစားအစာနှင့်ဟင်းလျာများ ကို မိတ်ဆက်ပေးပါရစေ
🥘🌸🍲🏵🥘🌳 🍽🍹🍹🍹

မိုးကုတ်မှာ မိုးကုတ်အိမ်ရှင်မ လက်ရာတွေနဲ့ ထမင်းမြိန်စေတာ Royal Mogok ရဲ့စေတနာပါ 🤝♥

ပုံလေးတွေ မှာ အညွှန်းလေးတွေ သေချာ ရေးပေးထားတာမို့ တပုံချင်းစီ ကြည့်ပေးပါဦးလို့ ☺

With love ♥
Royal Mogok Travels
09402568549(viber/wechat)

Address


Telephone

+959402568549

Website

Alerts

Be the first to know and let us send you an email when Royal Mogok ticketing & travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share