19/12/2020
ရင်ထဲက အလှဆုံး ဟိုက်ပါရေတံခွန်
ဘယ်ပန်းချီရေးလိုမမှီစွာ လှပနေသော ဟိုက်ပါရေတံခွန် 💦
အရမ်းလှပတဲ့ ရှမ်းပြည်နယ်၏ ရတနာ
မြန်မာနိုင်ငံ ၏ အလှတရား မှော်ဆန်လွန်းတဲ့ သူ့အလှတွေက သဘာဝကိုချစ်တဲ့သူများ အတွက်အတိုင်းမသိ ပျော်ရွှင်ကြည်နူးစရာလေးပါ.....😊
#ဟိုက်ပါရေတံခွန် 💦
ရေတံခွန်တွေထဲမှာအလှဆုံးဖြစ်တဲ့ ဟိုက်ပါရေတံခွန်က ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့ အနောက်ဘက်မှာတည်ရှိတဲ့ ဟိုက်ပါကျေးရွာမှာတည်ရှိတာမို့ ဟိုက်ပါရေတံခွန်လို့ခေါ်ဆိုတာဖြစ်ပါတယ်။ "ပန်ချောင်း" ပေါ်မှာတည်ရှိပြီးအဆင့်ဆင့်အသွယ်သွယ်ရေတံခွန်တွေဖျာကျနေတာမို့ တချို့က အရှေ့တောင်အာရှမှာအလှပဆုံးရေတံခွန်လို့ပြောကြတယ်။ယခင်ကရှမ်းငြိမ်းချမ်းရေအဖွဲ့တွေထိမ်းချုပ်တာဖြစ်တာမို့လူအရောက်ပေါက်နည်းလို့လူသိသိပ်မများခဲ့တာဖြစ်ပါတယ် ခုချိန်မှာတော့လူတော်တော်များများလာရောက်လည်ပတ်ရင်း လူမှုကွန်ယက်တွေတင်ကြတဲ့အတွက်လူသိများလာပြီးအလွန်စည်ကားတဲ့ နေရာလေးလဲဖြစ်ပါတယ်။ ကျွန်တော်ရဲ့မွေးရာဇာတိမြို့လေးပေါ့🥰
ဟိုက်ပါရေတံခွန်ကိုဘယ်လိုလာလို့ရမလဲ?
တောင်ကြီးကနေကားဖြင့် (၆) နာရီကျော်လောက်သွားရပါတယ်
🚌တောင်ကြီး➡️ မိုင်းပွန် ➡️လိွုင်လင်➡️ ပင်လုံ➡️ လဲချား ➡️မိုင်းနောင် ➡️လမ်းခွဲ ➡️၀မ်ဆော့➡️မိုင်းရှူး မြို့မရောက်မီှဟိုက်ပါရွာကို ၆မိုင်ခန့်ဝင်ပြီးသွားရပါတယ်။
နောက်လမ်းကြောင်းတစ်ခုတာ့🛣️
🚌တောင်ကြီး ➡️မိုင်းပွန်➡️ လွိုင်လင် ➡️နမ့်စန်➡️ ခိုလမ် ➡️၀မ်စိမ်း ➡️မိုင်းနောင် ➡️လမ်းခွဲ
၀မ်ဆော့➡️ မိုင်းရှူးမြို့မရောက်မီှ ဟိုက်ပါရွာကို ၆ မိုင်ခန့်၀င်ပြီး သွားရပါတယ်။
🏫ရန်ကုန်ကနေလာမယ်ဆိုရင်တော့ အရင်ဆုံး တောင်ကြီးကိုအရင်လာပြီးမှအပေါ်မှာပြထားတဲ့လမ်းကြောင်း အတိုင်းပဲနော်👌
🏢မန္တလေးကနေ လာမယ်ဆိုရင်လဲ တောင်ကြီးဘက်လာရင် အပေါ်မှာပြထားတဲ့လမ်းကြောင်းအတိုင်းပါပဲနော် 👌
မန္တလေး ကနေနောက်လမ်းတစ်ကြောင်း တစ်ကြောင်းတော့ ခန့်မှန်းခြေ မောင်းချိန် ၆/၇ နာရီလောက်မောင်းရမယ်🛣️
🚌မန္တလေး ➡️နောင်ချို ➡️ကျောက်မဲ ➡️သီပေါ့ ( သီပေါ့ လာရှိူးလမ်းအတိုင်းပဲ ဆက်မောင်းပြီးရင် ညာဖက်ခြမ်းမှာ နမ့်လန်ဖက် ခွဲွသွားတဲ့ လမ်းခွဲတံတားလေးရှိပါတယ် အဲ့လမ်းကိုချိုးရမှာ )➡️ဆောင်ကြဲ ➡️ဆင်ကျော့ ➡️မိုင်းရယ်မြို့ရောက်ရင်တော့ နောက်ထပ် လမ်းကြောင်း နှစ်ခုရှိတယ်
၁➡️မိုင်းရယ်➡️ကောင်းလန်းရွာ ➡️၀မ်ဟိုင်း ➡️၀မ်ဆော့➡️ မိုင်းရှူးမြို့မရောက်မှီဟိုက်ပါရွာကို ၆မိုင်ခန့်ဝင်ပြီးသွားရပါတယ်။
၂➡️မိုင်းရယ်➡️ ကျေးသီး➡️မိုင်းနောင် ➡️လမ်းခွဲ➡️၀မ်ဆော့➡️ မိုင်းရှူးမြို့မရောက်မီှ ဟိုက်ပါရွာကို ၆ မိုင်ခန့်၀င်ပြီး သွားရပါတယ်။မိမိ
အဆင်ပြေတဲ့လမ်းကြောင်းရွေးလို့ရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း
လာရှိူးမြို့ ကနေလာမယ်ဆိုရင်တော့
လမ်းကြောင်း ၁
🚌လာရှိူး ➡️နမ့်ပေါင် ➡️မိုင်းရယ် ➡️ကောင်းလန်းရွာ ➡️၀မ်ဟိုင်း ➡️၀မ်ဆော့ ➡️ မိုင်းရှူးမြို့မရောက်မှီဟိုက်ပါရွာကို ၆မိုင်ခန့်ဝင်ပြီးသွားရပါတယ်။
လမ်းကြောင်း ၂
🚌လာရှိုး ➡️နမ့်ပေါင် ➡️ဟိုယ➡️တန့်ယန်း ➡️မိုင်းကောင် ➡️မိုင်းအော့➡️ မိုင်းရှူး ( မိုင်းရှူးမြို့ကိုရောက်ရင် ဟိုက်ပါရွာကို နောက်ထပ် ၄၅ မိနစ်လောက်မောင်းရမယ်နော် လမ်းမှာ လမ်းပြလေးတွေရေးထားပါတယ်။)
ရှမ်းပြည်ရှေ့ပိုင်းကနေလာမယ်ဆိုရင်
🚌တာချီလိတ် ➡️ကျိုင်းတုံ➡️ မိုင်းပျဥ္း ➡️တာကော် ➡️ကာလိ ➡️မိုင်းရှူး ( မိုင်းရှူးမြို့ကိုရောက်ရင် ဟိုက်ပါရွာကို နောက်ထပ် ၄၅ မိနစ်လောက်မောင်းရမယ်နော် လမ်းမှာ လမ်းပြလေးတွေရေးထားပါတယ်။) တာချီလိတ်မြို့ကနေမနက်စောစော ထွက်လာရင်တော့ တစ်ရက်ထဲရောက်နိုင်ပါတယ်)
ဟိုက်ပါရေတံခွန်မှာတော့ ခုယာယီတည်းခိုခန်းလေးတွေတော့ ဆောက်ထားပါတယ် စားသောက်ဆိုင်လေးတွေရော ဖွင့်ထားပါတယ်
တစ်ကယ်လို့ လာလည်တော့မယ်ဆိုရင် ကြိုပြီးတော့ ဖုန်းဆက်Booking အရင်လုပ်ထားမှစိတ်ချရမယ် နော် ဟိုက်ပါရေတံခွန်မှာ ကိုယ်ပိုင်တဲလေးထိုးပြီးတော့လဲ တည်းလို့ရပါတယ် ။
မိုင်းရှူးမြို့ထဲမှာလဲ အဆင်မြင့်တည်းခိုရိပ်သာတွေ ဖွင့်ထားပါတယ်။
Moe Ma Kha Special Guest House
Ph.09687996868
ကြယ်စင်ဟိန်း အဆင့်မြင့်ဧည့်ရိပ်မွန်
Ph.09779299188
ဟိုက်ပါ ရေတံခွန်ရဲ့သဘာဝအလှလေးတွေနဲ့အမှတ်တရဓါတ်ဖမ်းရင်းလာရောက်လည်ပတ်
နိုင်စေရန်ဖော်ပြပေးလိုက်ပါတယ်ဗျာပုံလေးကိုကြည့်ပြီး အလှအပတွေအတူတူခံစားကြည့်ကြရအောင်...
ရောက်ဖူးတဲ့သူတွေရှိရင်လဲ Comment မှာအမှတ်တရပုံလေးတွေနဲ့ လာမန့်လို့ရပါတယ်နော် အဆင်မပြေတာမှုများရှိရင် ကြိုပြီးတောင်းပန်ချင်ပါတယ် လိုအပ်တာလေးရှိရင်လဲ ေ၀ဖန်အကြံပေးနိုင်ပါတယ်ဗျာ။
Photo: Credit Photographer 📸
🇲🇲