Lake Pekhon Houseboats

  • Home
  • Lake Pekhon Houseboats

Lake Pekhon Houseboats Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lake Pekhon Houseboats, Travel Company, .

01/01/2022

၂၀၂၂ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ဘေးရန်ကင်းကွာပြီး ပူပင်သောက ဗျာပါဒတွေလည်း ကင်းဝေးကြပါစေ။

20/04/2021

မြန်မာနှစ်သစ်ကူး
အခါသမယမှာ
မြန်မာပြည်သူပြည်သားအ​ပေါင်း ​ဘေးရန်ကင်းကွာလို့
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါ​စေ​ကြောင်း
Lake Pekhon Houseboats မှ
ဆုမွန်​ကောင်း ​တောင်းလိုက်ပါတယ်။

Merry Christmas to You All!
25/12/2020

Merry Christmas to You All!

ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယမှာ ဖယ်ခုံအင်းထဲမှာ မကြာသေးခင်ကမှ တည်ထားကိုးကွယ်ခဲ့တဲ့ ရေလယ် မိုင်းခုံဘုရားကို ဆီမီး ...
29/11/2020

ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယမှာ ဖယ်ခုံအင်းထဲမှာ မကြာသေးခင်ကမှ တည်ထားကိုးကွယ်ခဲ့တဲ့ ရေလယ် မိုင်းခုံဘုရားကို ဆီမီး ပူဇော် ၊ ဓမ္မစင်္ကြာရွတ်ဖတ်တဲ့ အစီအစဥ်မှာ LPH ရဲ့လှေနှစ်စီးစလုံး ပါဝင်အားဖြည့် ကုသိုလ်ယူခဲ့ပါတယ်။

(ကိုဗစ်ရောဂါကြောင့် အကျဥ်းရုံးကျင်းပခြင်းသာဖြစ်ပြီးတော့ နောင်နှစ် တန်ဆောင်တိုင် လပြည့်တိုင်းမှာ ရေပေါ်တန်ဆောင်တိုင် မီးထွန်းပွဲတွေကို အစဥ်အလာပြုလုပ် ကျင်းပသွားမှာဖြစ်တဲ့ အကြောင်းလည်း သိရပါတယ်)

မြန်မာပြည်သူပြည်သားအပေါင်း ဘေးရန်ကင်းရှင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေကြောင်း LPH မိသားစုမှ ဆုတောင်းလိုက်ပါတယ်။ 🙏🙏

11/10/2020

Travel Blogger မနော်ထိုက် (Travel by Naw Htike) ရဲ့Lake Pekhon Houseboats ကို ခရီးသွားလာမှုတွေ မပိတ်သေးခင်ကာလက လာလည်ခဲ့တဲ့ Vlog လေးပါ။

တောင်ပေါ်ပင်လယ်လို့ တင်စားကြတဲ့ ဖယ်ခုံအင်းရဲ့ သဘာဝရှုမျှော်ခင်းတွေကို အိမ်တွင်းအောင်းရင်းနဲ့ Video ထဲကနေ ကြည့်ရှုခံစားလိုက်ကြရအောင်.....

27/09/2020

⛄❄Winter is around the corner⚓🌅


May all being be safe and sound. 🙏🙏

LPH ကို💦🌾 အရင်လတွေက လာရောက်လည်ပတ်ခဲ့တဲ့ ဧည့်သည်တဖွဲ့က Youtube ပေါ်မှာ တင်ထားတဲ့ Video Clip လေးပါ။⚓🚩 ဘယ်မှသွားလို့မရသေးချ...
13/09/2020

LPH ကို💦🌾 အရင်လတွေက လာရောက်လည်ပတ်ခဲ့တဲ့ ဧည့်သည်တဖွဲ့က Youtube ပေါ်မှာ တင်ထားတဲ့ Video Clip လေးပါ။⚓🚩 ဘယ်မှသွားလို့မရသေးချိန်မှာ🎈🎈 Video 📺💻 ခရီးထွက်လို့ရအောင် Share ပေးလိုက်ပါတယ်။

🌈🌊 ဖယ်ခုံအင်း ၊ ကယား ၊ ပင်လောင်း ၊ စံကား (တာခေါင်)ဒေသတွေကို သွားရောက်လည်ပတ်ရင်း သေချာရိုက်ကူးခဲ့ပြီး စိတ်ရှည်လက်ရှည် တည်းဖြတ်ထားတာကို တွေ့ရပါတယ်။🌌📼🎥

အိမ်တွင်းအောင်း ကာလတွေပြီးရင်📈😷😷📉 ဒီဗီဒီယိုထဲကလို🎏🎉 လွတ်လပ်ပျော်ရွှင်မှုတွေ🚤🚣🌅🏊🍷🎣 ရရှိနိုင်အောင် တောင်ပေါ်ပင်လယ်မြို့လေး ဖယ်ခုံကို🌴🐋✈ လာလည်မယ့် စာရင်းထဲ📌📝 ထည့်ထားလိုက်တော့နော်။🔌🔋

📅 နောက် တလ နှစ်လနေရင် 🗻🌄 ရှမ်းပြည်တောင်ကြောတွေပေါ်မှာ မျက်စိတဆုံး ပွင့်လန်းကြတော့မယ့် နေကြာရိုင်းဝါဝါလေးနဲ့အတူ🌻🌻🌾🍀 LPH က မြန်မာပြည်တဝှမ်းမှ ဧည့်သည်တွေကို စောင့်မျှော်နေပါ့မယ်နော်။🙏🙏








https://youtu.be/N4p3KI_12nU

Sometimes all you need is a great friend and thirst for adventure.This is our adventure to Lake Phekhon. Music - Khalid - Young Dumb &...

ဖယ်ခုံအင်း ရေအောက်မှာ နှစ်ငါးဆယ်ကျော်ကြာ နစ်မြုပ်နေခဲ့တဲ့ စကွယ်မြို့ဟောင်းက သမိုင်းဝင်မိုင်းခွန်ဘုရားဟာ ဒီနှစ် စံချိန်တင...
20/08/2020

ဖယ်ခုံအင်း ရေအောက်မှာ နှစ်ငါးဆယ်ကျော်ကြာ နစ်မြုပ်နေခဲ့တဲ့ စကွယ်မြို့ဟောင်းက သမိုင်းဝင်မိုင်းခွန်ဘုရားဟာ ဒီနှစ် စံချိန်တင် ရေကျဆင်းတဲ့အချိန် ပြန်လည် ပေါ်ထွန်းလာခဲ့ပါတယ်။ စံကားအင်းထဲက စံကားမြို့နဲ့ ခေတ်ပြိုင်တည်ရှိခဲ့တဲ့ ဘီလူးချောင်းနံဘေးက မြို့ဟောင်းလည်း ဖြစ်ပါတယ်။

ပျက်စီးသွားတဲ့ စေတီဟောင်းနေရာမှာ လွယ်ပန်းစုံရွာ ဆရာတော်နဲ့ ရွာမိရွာဖတွေက ဦးဆောင်ပြီး အထိမ်းအမှတ်တခုအဖြစ် ရေပေါ်ကျောင်းဆောင်ကို တည်ဆောက်ခဲ့ပြီး ရပ်တော်မူ ရုပ်ပွားတော်ကို တည်ထားကိုးကွယ်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြီးစီးသွားပြီဖြစ်လို့ ရပ်တော်မူဘုရားကို ရွာမှ ရေလယ်ကို ပင့်ဆောင်ခြင်းနဲ့ ဘုရားကျောင်းဆောင် ရေစက်ချအလှူတွေမှာ LPH ရဲ့ လှေတွေနဲ့ လိုအပ်တဲ့နေရာတွေက တတပ်တအား ပါဝင် ကုသိုလ်ယူခဲ့ပါတယ်။

LPH စဖွင့်ကတည်းက ဖယ်ခုံ နဲ့ ကယားလွိုင်ကော် ၊ ပင်လောင်းတကြောကို Private Trip လေးတွေ စီစဥ်ကြော်ငြာပြီး ခဏခဏ ဧည့်သည်တွေ ပို...
18/08/2020

LPH စဖွင့်ကတည်းက ဖယ်ခုံ နဲ့ ကယားလွိုင်ကော် ၊ ပင်လောင်းတကြောကို Private Trip လေးတွေ စီစဥ်ကြော်ငြာပြီး ခဏခဏ ဧည့်သည်တွေ ပို့ပို့ပေးနေတဲ့ Myanmar Venture Car Rental ကို အထူးကျေးဇူးတင်ရှိပါတယ်။

LPH ကို ခရီးသည်တွေ ဆက်တိုက် ပို့ပေးနေတဲ့ Milano Tour ကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ :)
18/08/2020

LPH ကို ခရီးသည်တွေ ဆက်တိုက် ပို့ပေးနေတဲ့ Milano Tour ကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ :)

Thanks M-Ride for integrating LPH´s packages in some of its bike tour. :)
16/08/2020

Thanks M-Ride for integrating LPH´s packages in some of its bike tour. :)

ပြီးခဲ့တဲ့ ပိတ်ရက်က LPH ကို လာလည်ပေးခဲ့တဲ့ MyanStay Booking Platform က အဖွဲ့ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
12/08/2020

ပြီးခဲ့တဲ့ ပိတ်ရက်က LPH ကို လာလည်ပေးခဲ့တဲ့ MyanStay Booking Platform က အဖွဲ့ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

🎏🌈⛅ဒီရက်ပိုင်း ဖယ်ခုံမှာ ကွက်ကြားမိုးရွာတာတွေ စိပ်လာတာမို့ LPH ရဲ့ Outdoor Concept နဲ့ Open Deck ဖြစ်တဲ့ (၆) ယောက်စီးလှေ...
07/08/2020

🎏🌈⛅ဒီရက်ပိုင်း ဖယ်ခုံမှာ ကွက်ကြားမိုးရွာတာတွေ စိပ်လာတာမို့ LPH ရဲ့ Outdoor Concept နဲ့ Open Deck ဖြစ်တဲ့ (၆) ယောက်စီးလှေ MV LPH LILY ရဲ့ Booking သစ် လက်ခံတာကို ခေတ္တခဏ ရပ်နားထားပါ့မယ်။☔⚡🌾

အမိုးအပြည့်ပါဝင်တဲ့ (၁၅) ယောက်စီးလှေ MV LPH CHERRY ကတော့ မိုးရွာရွာ နေပူပူ အဆင်ပြေတာမို့ ပြေးဆွဲမြဲ ပြေးဆွဲနေမှာပါ။☀☁

Houseboat ရဲ့ ထပ်တိုး Activity အနေနဲ့ စင်းလုံးငှားခရီးစဥ်တွေမှာ ညဖက်🎉🎉 👏👏Mini-Karaoke💃💃🎊🔊 သီဆိုဖို့ စီစဥ်ပေးနေပြီဖြစ်ပါတယ်။ စားမယ် ၊ သောက်မယ် ၊ ပျော်ပါးမယ် ဆိုတဲ့ သူငယ်ချင်း မိတ်ဆွေ အဖွဲ့တွေအတွက်တော့ One-Stop ပဲပေါ့နော်။

LPH ခရီးစဥ်တွေကို လည်ပတ်ခဲ့ကြသူတွေကော ၊ စိတ်ဝင်တစား မေးမြန်းကြသူတွေအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ 🙏🙏

MV LPH Cherry ကို စင်းလုံးငှား လာလည်ပေးခဲ့တဲ့ Let´s Travel Easily Tour အား အထူးကျေးဇူးတင်ရှိပါတယ်။ဧည့်သည်တွေ အဆင်ပြေ ပျေ...
07/08/2020

MV LPH Cherry ကို စင်းလုံးငှား လာလည်ပေးခဲ့တဲ့ Let´s Travel Easily Tour အား အထူးကျေးဇူးတင်ရှိပါတယ်။

ဧည့်သည်တွေ အဆင်ပြေ ပျော်ရွှင်ခဲ့တယ် သိရလို့ LPH မှ ဝမ်းမြောက်ရပါတယ်။

Jul 31 - 3 Aug 2020 တွင် LTE Tour နှင့်အတူ Houseboat Trip (ကလော - ဖယ်ခုံ - လွိုင်ကော် ခရီးစဥ်) တွင် လိုက်ပါကြသော အမျိုးတစ်ယောက်ဆီတိုင်းအား ကျေးဇူးအထူးတင်ရှိရင်း မှတ်တမ်းတင်အပ်ပါသည် 😍
နောက်ခရီးစဥ်များတွင်လည်း ပြည်လည်ဆုံတွေ့ချင်ပါသေးတယ် ခင်ဗျာ 😊


We Value Your Travel Experience

လာမယ့် ၃၁/၁/၂/၃ ပိတ်ရက်တွေအတွက် MV LPH Lily ကော ၊ MV LPH Cherry ကော ခရီးစဥ်အားလုံး Booking ပြည့်သွားပါပြီ။အားပေးစုံစမ်းမ...
28/07/2020

လာမယ့် ၃၁/၁/၂/၃ ပိတ်ရက်တွေအတွက် MV LPH Lily ကော ၊ MV LPH Cherry ကော ခရီးစဥ်အားလုံး Booking ပြည့်သွားပါပြီ။

အားပေးစုံစမ်းမှုများအတွက် LPH မှ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

လာလည်ကြမယ့် ပိတ်ရက်တွေမှာ ဧည့်သည်တွေ ဖယ်ခုံမိုးတွင်းရဲ့ အလှဆုံး မြင်ကွင်းတွေ မြင်နိုင်ဖို့ ၊ တောင်ပေါ်ပင်လယ်က ကျွန်းလေးရဲ့ သောင်ပြင်မှာ ခရုကောက် လမ်းလျှောက်နိုင်ဖို့ ၊ ဖယ်ခုံအင်းရဲ့ လပြည့်ည မြင်ကွင်းကို ခံစားနိုင်ဖို့ အတွက် ရာသီဥတု မျှတ သာယာပါစေကြောင်းကိုလည်း ဆုတောင်းလိုက်ပါတယ်။

မန္တလေးက နာမည်ကျော် Travel Blogger ညီမလေး HEEW ဖယ်ခုံအင်း LPH Cherry ကို လာရောက်လည်ပတ်ခဲ့တဲ့ ခရီးသွားမှတ်တမ်းလေးပါ။ လာရေ...
25/07/2020

မန္တလေးက နာမည်ကျော် Travel Blogger ညီမလေး HEEW ဖယ်ခုံအင်း LPH Cherry ကို လာရောက်လည်ပတ်ခဲ့တဲ့ ခရီးသွားမှတ်တမ်းလေးပါ။

လာရောက်တဲ့အချိန်က မိုးတွင်းဖြစ်နေတာရယ် ၊ ဖယ်ခုံအင်းရဲ့ ရေအကျဆင်းဆုံးကာလဖြစ်လို့ ရေလမ်းကြောင်း အကန့်အသတ်ရှိနေတာတွေရယ်ကြောင့် အင်းရဲ့ အလှပဆုံးနေရာတွေ ၊ မြင်ကွင်းအစုံဆုံး လမ်းကြောင်းတွေကို မလည်ပတ်လိုက်ရဘူး ဖြစ်သွားပါတယ်။

မိုးကုန်သွားရင် ဖယ်ခုံအင်း မြောက်ဖက်ခြမ်းက Wetlands တွေကို ရောက်လာကြမယ့် ဆောင်းခိုငှက်တွေ ၊ ပြန်ပြည့်လာတဲ့ မိုးကုတ်စက်ဝိုင်းထိ ကျယ်တဲ့ ရေပြင်ကျယ်ကြီးတွေ၊ ဆောင်းလေမှာ ယိမ်းနွဲ့နေမယ့် ကမ်းစပ်က ပန်းစိုက်ခင်းတွေ ကို လာကြည့်ဖို့ နောက်တခေါက် လာလည်ဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။

အချိန်ပေးရေးသားမျှဝေပေးတဲ့အတွက် LPH က အထူးကျေးဇူးတင်ရှိပါတယ်။

22/07/2020
🌈✨ဖယ်ခုံအင်း မိုးရာသီ အထူးခရီးစဥ်များ✨🌈🍀 မိုးရာသီဖြစ်ပေမယ့် အခုကာလမှာ ဖယ်ခုံအင်းတဝိုက် မိုးနည်းပါးလို့နေပြီး ကွက်ကျားမို...
13/07/2020

🌈✨ဖယ်ခုံအင်း မိုးရာသီ အထူးခရီးစဥ်များ✨🌈

🍀 မိုးရာသီဖြစ်ပေမယ့် အခုကာလမှာ ဖယ်ခုံအင်းတဝိုက် မိုးနည်းပါးလို့နေပြီး ကွက်ကျားမိုးတွေသာ ရွာသွန်းလျက်ရှိပါတယ်။ ပတ်ဝန်းကျင်အားလုံး စိမ်းစိုနေပြီး တိမ်တွေကြားက နေရောင်တွေဟာ အင်းရေပေါ် ၊ ပတ်ပတ်လည်ဝိုင်းတဲ့ တောင်တန်းကြီးတွေပေါ် ဆလိုက်မီးထိုးသလို ဖြာဆင်းနေတဲ့ မြင်ကွင်းတွေက လာလည်ပတ်သူတွေကို အံ့သြမင်သက် ကြည်နူးမိစေမှာပါ။

🍀 မိုးတွင်းကောင်းကင်က နဂိုထက်ပိုမို ကြည်လင်တာမို့ တိမ်မရှိတဲ့ ညဖက်ဆိုရင် ကြယ်တွေပြည့်နေတဲ့ ကောင်းကင်နဲ့ နဂါးငွေ့တန်း ဂလက်ဆီကြီးကို ရှုစားနိုင်မှာပါ။

🍀 ခုလို မိုးရာသီကာလမှာ Houseboat ကို လာရောက်လည်ပတ်ချင်သူတွေ စုံစမ်းမှု များပြားလာတာကြောင့် မိုးရာသီ ခရီးစဥ် Package ၂ ခုကို ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

- - - - - - - - - - - - - - - - - - - - - - - - - - -

💖 Package 1 : မိုးရာသီ အင်းပတ်ခရီးစဥ် (Monsoon Lake Trip) 💖

အဖွဲ့လိုက် ပျော်ပျော်ပါးပါး စားကြသောက်ကြ ရေကူးကြရင်း၊ သဘာဝရှု့ခင်းတွေ ကြည့်ရှု့ရင်း ရေလည်ကျွန်း Houseboat ပေါ်မှာ လွတ်လွတ်လပ်လပ် အနားယူချင်တဲ့ သူငယ်ချင်းအဖွဲ့တွေ၊ မိသားစုတွေအတွက် အသင့်တော်ဆုံး LPH ရဲ့ မိုးရာသီ အင်းပတ်ခရီးစဥ် ဖြစ်ပါတယ်။

⛴ ခရီးစဥ်အတွက် ထွက်ခွာမည့် Houseboat - CHERRY (လူ ၁၅ ဦး ညအိပ်လိုက်ပါနိုင်သည်)

⏰ စတင်ထွက်ခွာမည့်အချိန် - နေ့လည် ၁ နာရီ (ပထမနေ့)

🏖 စတင်ထွက်ခွာမည့်နေရာ - Bamboo House စားသောက်ဆိုင် (ဖယ်ခုံမြို့)

⏰ ခရီးစဥ် ပြီးဆုံးမည့်အချိန် - မနက် ၁၀ နာရီ (ဒုတိယနေ့)

🏖 ခရီးစဥ် ပြီးဆုံးမည့်နေရာ - Bamboo House စားသောက်ဆိုင် (ဖယ်ခုံမြို့)

(ပထမနေ့)

🍀 နေ့လည် ၁ နာရီ - ဖယ်ခုံမြို့ Bamboo House စားသောက်ဆိုင်ကနေ စတင် ထွက်ခွာပြီး မြောက်ဖက်ကို ခရီးနှင်မှာပါ။ လမ်းတလျှောက်မှာ ဖယ်ခုံမြို့ရှုခင်းနဲ့ စိုက်ခင်းပျိုးခင်းမှာ အလုပ်လုပ်ကိုင်နေသူတွေ ၊ ငါးမျှားနေသူတွေ ၊ ရေအောက်မြုပ်နေခဲ့တဲ့ စေတီတွေ ပြန်ပေါ်လာတာကြောင့် ပြန်လည်ပြုပြင် ကုသိုလ်ယူနေကြသူတွေကို တွေ့ရမှာပါ။

🍀 လွယ်ပန်းစုံ ကျွန်းအနီးကို ရောက်တဲ့အခါ ရေအောက် နစ်မြုပ်သွားခဲ့တဲ့ စကွယ်မြို့ဟောင်း နဲ့ ဘုရားစေတီ တချို့ကို လွမ်းမောဖွယ်ရာ တွေ့မြင်နိုင်ပါတယ်။

🍀 ရေကြည်လင်ပြီး တိမ်တဲ့နေရာရောက်တဲ့အခါ ဧည့်သည်တွေ Life Jacket ဝတ်ပြီး ရေဆင်းကူးနိုင်ဖို့ Houseboat ကိုခေတ္တ ရပ်နားပေးမှာပါ။

🍀 အဲဒီနောက် အနီးအနားက ရေလယ်ကျွန်းနဲ့ အင်း အရှေ့ဖက်ခြမ်းတဝိုက်ကို မောင်းနှင်မှာဖြစ်ပြီး ညနေဆည်းဆာအလှ နဲ့ နေဝင်ချိန်ကို လှေပေါ်ကနေ ရှုစားနိုင်မှာပါ။

🍀 ညနေအချိန်မှာ လွယ်ပန်းစုံကျွန်းကို ရောက်ရှိမှာဖြစ်ပြီး ကျွန်းပေါ်တက်ပြီး လွယ်ပန်းစုံကျေးရွာ ၊ စိုက်ခင်း ၊ တံခွန်တိုင် ၊ စေတီ စတာတွေကို သွားရောက် လည်ပတ်နိုင်ပါတယ်။

🍀 ရွာမှာ ပူပူနွေးနွေးချက်ပြုတ်ပြီး လှေဆီကို လာရောက်ပို့ဆောင်မယ့် ဒေသချက်ဟင်းလျာတွေနဲ့ ညစာကိုတည်ခင်း ဧည့်ခံမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ရွာနဲ့ မလှမ်းမကမ်း ကမ်းစပ်မှာ လှေကို ရပ်နားပြီး တစ်ညတာ အိပ်စက်ကြမှာ ဖြစ်ပါတယ်။

(ဒုတိယနေ့)

🍀 မနက် ၈:၃၀ - ဖယ်ခုံမြို့ဆီသို့ Houseboat ပြန်လည်ထွက်ခွာမှာဖြစ်ပြီး မနက် ၁၀ နာရီ မှာ ဖယ်ခုံမြို့ Bamboo House စားသောက်ဆိုင်မှာ ခရီးစဥ်ပြီးဆုံးမှာပါ။

✅ အထက်ပါခရီးစဥ်အတွက် အိပ်ခန်း တစ်ခန်းစာ (လူ ၂ ဦး) အတွက် - ၉၀,၀၀၀ ကျပ် - နဲ့ လိုက်ပါနိုင်ပြီး အနည်းဆုံး အိပ်ခန်း ၂ ခန်းပြည့်ရင် ခရီးစဥ် ထွက်ခွာမှာပါ။ ပထမနေ့ ညစာ ၊ ဒုတိယနေ့ မနက်စာ စသည်တို့ အပါအဝင် ဖြစ်ပါတယ်။

- - - - - - - - - - - - - - - - - - - - - - - - - - -

💖 Package 2 : ကျွန်းအနီးမှာ သီးသန့်အနားယူနိုင်မည့် ခရီးစဥ် (Island Getaway Private Trip) 💖

🍀လူတွေနဲ့ ဝေးဝေး ဝေးတဲ့နယ်မြေလေးမှာ သီးသီးသန့်သန့် အေးအေးဆေးဆေး အပန်းဖြေ အနားယူချင်တဲ့ မိသားစုတွေ ၊ သူငယ်ချင်းတွေ အတွက် Houseboat ရေပေါ် အိမ်ကလေးရဲ့ အရသာကို ခံစားနိုင်အောင် ရေးဆွဲထားတဲ့ LPH ရဲ့ (၆) ယောက်စီးလှေ Lily ရဲ့လွယ်ပန်းစုံကျွန်း အခြေပြုခရီးစဥ်ပါ။

⛴ ခရီးစဥ်အတွက် ထွက်ခွာမည့် Houseboat - LILY (လူ ၆ ဦး ညအိပ်လိုက်ပါနိုင်သည်)

⏰ စတင်ထွက်ခွာမည့်အချိန် - နေ့လည် ၁ နာရီ (ပထမနေ့)

🏖 စတင်ထွက်ခွာမည့်နေရာ - လွယ်ပန်းစုံကျွန်း (Bamboo House စားသောက်ဆိုင်မှ တဆင့် လှေငယ်ဖြင့် ကျွန်းသို့ပို့ဆောင်ပေးပါသည်)

⏰ ခရီးစဥ် ပြီးဆုံးမည့်အချိန် - မနက် ၁၀ နာရီ (ဒုတိယနေ့)

🏖 ခရီးစဥ် ပြီးဆုံးမည့်နေရာ - လွယ်ပန်းစုံကျွန်း (Bamboo House စားသောက်ဆိုင်သို့ လှေငယ်ဖြင့် ပြန်လည်ပို့ဆောင်ပေးပါသည်)

(ပထမနေ့)

🍀 နေ့လည် ၁ နာရီ အချိန်မှာ ဖယ်ခုံမြို့ Bamboo House စားသောက်ဆိုင်ကနေ ဒေသစက်လှေလေးနဲ့ Houseboat ဆိုက်ကပ်ထားရာ လွယ်ပန်းစုံ ကျွန်းကလေးကို သွားရောက်မှာပါ။

🍀 Houseboat ပေါ် ရောက်ရှိ နေရာချပြီးတာနဲ့ ဖယ်ခုံအင်း မြောက်ပိုင်းနဲ့ ရေလမ်းကြောင်း အဆင်ပြေတဲ့ အင်းအရှေ့ပိုင်း နေရာလေးတွေကို Houseboat နဲ့ သွားရောက်လည်ပတ်မှာပါ။

🍀 ပြီးရင်တော့ ရေကြည်လင်ပြီး တိမ်တဲ့ အင်းတစ်နေရာမှာ Life Jacket တွေနဲ့ ရေကူးဆော့ကစား နိုင်အောင် ရပ်နားပေးသွားမှာပါ။

🍀 ညနေအချိန်မှာ လွယ်ပန်းစုံကျွန်းကို ရောက်ရှိမှာဖြစ်ပြီး ကျွန်းပေါ်တက်ပြီး လွယ်ပန်းစုံကျေးရွာ ၊ စိုက်ခင်း ၊ တံခွန်တိုင် ၊ စေတီ စတာတွေကို သွားရောက် လည်ပတ်နိုင်ပါတယ်။

🍀 ရွာမှာ ပူပူနွေးနွေးချက်ပြုတ်ပြီး လှေဆီကို လာရောက်ပို့ဆောင်မယ့် ဒေသချက်ဟင်းလျာတွေနဲ့ ညစာကိုတည်ခင်း ဧည့်ခံမှာ ဖြစ်ပါတယ်။

🍀 အဲ့ဒီနောက် ရွာနဲ့ မလှမ်းမကမ်း ကမ်းစပ်မှာ လှေကို ရပ်နားပြီး တစ်ညတာ အိပ်စက်ကြမှာ ဖြစ်ပါတယ်။

(ဒုတိယနေ့)

🍀 နောက်တစ်နေ့ မနက်စာစားသောက်ပြီး လှေပေါ်မှာ အေးအေးဆေးဆေး အနားယူနိုင်ပါတယ်။

🍀 မနက် ၁၀ နာရီအချိန်မှာတော့ ဖယ်ခုံမြို့ကို ပြန်လည်ထွက်ခွာဖို့ ဒေသစက်လှေက လာကြိုမှာ ဖြစ်ပြီး ၁၀ နာရီခွဲဝန်းကျင်မှာ Bamboo House စားသောက်ဆိုင်မှာ ခရီးစဥ်ပြီးဆုံးမှာပါ။

✅ အထက်ပါခရီးစဥ်အတွက် Houseboat Lily ကိုလှေ စင်းလုံးငှားရမ်းနိုင်ပြီး ခရီးသည် (၆) ဦးလိုက်ပါနိုင်ပါတယ်။ Houseboat မှာ (၂) ယောက်အိပ်ကုတင်နဲ့ အခန်း (၂) ခန်း ၊ (၂) ထပ်ကုတင်နဲ့ အခန်း (၁) ခန်း ပါဝင်ပါတယ်။ စျေးနှုန်းကတော့ -၂၇၀၀၀၀ - ကျပ်ဖြစ်ပြီး ဖယ်ခုံနဲ့ အကြိုအပို့ ဒေသစက်လှေ ၊ မနက်စာ ၊ ညစာ ပါဝင်အပြီး ဖြစ်ပါတယ်။

✅ Package 2 ပြေးဆွဲမယ့် Houseboat Lily က Sundeck နဲ့ ဖြစ်တာမို့ ရာသီဥတုအခြေအနေကြောင့် Houseboat မမောင်းနှင်လိုက်ရတာမျိုး ၊ မိုးရွာလို့ အိပ်ခန်းထဲပဲ နားနေလိုက်ရတာမျိုးဖြစ်ရင် အချိန်ပိုထပ်ဆောင်းပေးတာပဲ ဖြစ်ဖြစ်၊ စျေးနှုန်းပြန်လည်လျော့ချပေးတာဖြစ်ဖြစ် ပြုလုပ်ပေးသွားမှာပါ။ (Package 2 : Houseboat Lily ခရီးစဥ်တစ်ခုတည်းအတွက်သာ)

အသေးစိတ်ကို

📬 Messenger ကနေ မေးမြန်းနိုင်သလို

☎️ 09262668976
09262668972 တို့ကိုလည်း ဖုန်းဆက်စုံစမ်းနိုင်ပါတယ်။

🌅Lake Pekhon Houseboats🌄 ရဲ့ 🌿 July လ ☔  Promotion အစီအစဥ်ကိုဗစ်ကြောင့် အိမ်တွင်းအောင်းနေခဲ့ရသူတွေအတွက်💦 စိတ်လက်ရွှင်လန်...
30/06/2020

🌅Lake Pekhon Houseboats🌄 ရဲ့ 🌿 July လ ☔ Promotion အစီအစဥ်

ကိုဗစ်ကြောင့် အိမ်တွင်းအောင်းနေခဲ့ရသူတွေအတွက်💦 စိတ်လက်ရွှင်လန်းမှု🏃💪 ရရှိနိုင်မယ့်အပြင် ရေ ၊ မြေ ၊ တော ၊ တောင် သဘာဝတွေကို🎑🎏 တနေရာထဲ အပြည့်အဝ ခံစားလို့ရနိုင်မယ့် ဖယ်ခုံအင်းအတွင်း ရှုခင်းကြည့် ခရီးတို အစီအစဥ်တွေကို လာမယ့် July ထဲမှာ အထူးစျေးနှုန်းနဲ့ ပြေးဆွဲပေးသွားမှာပါ။

အချိန်⌚၂ နာရီခွဲ ၃ နာရီနီးပါး ကြာမြင့်မယ့် ဖယ်ခုံ-လွယ်ပန်းစုံကျွန်း အသွားအပြန် ခရီးစဥ်တစ်ခေါက်ကို🎉 အထူးလျှော့စျေး🎊 👏 ၁၀၀၀၀၀ကျပ်👏 နှုန်းနဲ့ပြေးဆွဲပေးသွားမှာပါ။

ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ ဖယ်ခုံအင်းရေ ဆယ်စုနှစ်အတွင်း စံချိန်တင်ကျဆင်းနေတာပဲဖြစ်ပါတယ်။ မိုးဗြဲဆည် မတည်ဆောက်ခင် လွန်ခဲ့တဲ့ ရာစုနှစ် တစ်ဝက်ကျော် ကာလက ရှိခဲ့တဲ့ စေတီ ၊ စကွယ်မြို့ဟောင်း စတာတွေကို အခုချိန်မှာ လွမ်းမောဖွယ် ပြန်လည် မြင်တွေ့လို့ ရနိုင်ပါတယ်။

ရေကျသွားတဲ့ကမ်းစပ်🍃🍁 ဆင်ခြေလျှောနေရာမှာ စိုက်ပျိုးလုပ်ကိုင်နေကြတာတွေဟာလည်း🌾🌾 ခါတိုင်းနှစ်တွေမှာ သိပ်မတွေ့ရတဲ့ မြင်ကွင်းတွေပါ။

မိုးတွင်းဆိုပေမယ့်⛅🌈 ဒီနှစ်ခုချိန်အထိတော့ ဖယ်ခုံအင်းတဝိုက်မှာ မိုးနည်းပါးလို့ နေပါသေးတယ်။⚡☁
အခုပြေးဆွဲမယ့် ခရီးစဥ်တွေအတွက် အမိုးပြည့်ပါဝင်တဲ့ LPH Cherry Houseboat ကိုပဲ အသုံးပြုသွားမှာ ဖြစ်တာကြောင့် မိုးရွာခဲ့မယ်ဆိုရင်တောင် အဆင်ပြေမှာ ဖြစ်ပါတယ်။ 😊😊👍👍

⭐ အထူးအစီအစဥ်အတွက် သတ်မှတ်ချက်တွေကတော့

🌼ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း Mask တွေ တပ်ဆင်လာရပါမယ်။ ဖျားနာနေသူတွေ စီးနင်းလို့ မရပါဘူး။ အစိုးရထုတ်ပြန်ထားတဲ့ Stay Home သတ်မှတ်ထားရာနေရာက လာရောက်သူ မဖြစ်ရပါဘူး။ တခြားကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်အထွေထွေ တွေကိုလည်း လိုက်နာဖို့လိုအပ်ပါမယ်။

🌼ဒီ page Messenger ကနေ ဖြစ်ဖြစ် ၊ Phone နဲ့ပဲဖြစ်ဖြစ် ခရီးစဥ်ကို ဖုန်းဆက်ကြိုတင် အကြောင်းကြားပေးရပါမယ်။
HOTLINE
📱 09262668976
📱 09262668972

🌼လူဦးရေ ၁၂ ဦးပဲ တင်ဆောင်မှာဖြစ်ပါတယ်။

🌼ရက်ဝေး Booking တွေ ကြိုလက်ခံနိုင်ခြင်း မရှိသေးပါဘူး။ ညအိပ်ခရီးစဥ် ဦးစားပေးစနစ် ဖြစ်ပါတယ်။

🌼ရာသီဥတုက ပြေးဆွဲဖို့ မသင့်လျော်ခဲ့ရင် ခရီးစဥ် ရွှေ့ဆိုင်း ဒါမှမဟုတ် ပျက်ပြယ်မှာ ဖြစ်ပါတယ်။

🌼မနက် ၉ နာရီ ခရီးစဥ် ၊ နေ့လည် ၁ နာရီခရီးစဥ်ဆိုပြီး ၂ မျိုးရှိပြီး ကြိုက်နှစ်သက်ရာ အချိန် ရွေးချယ်နိုင်ပါတယ်။ အချိန်မီလာရောက်ပေးဖို့ လိုအပ်ပါမယ်။

လှေပေါ်ပါ ထိုင်ခုံ ၊ လက်ရန်း ၊ အိမ်သာ စတာတွေ ပိုးသတ်ခြင်းကို LPH ဝန်ထမ်းများမှ အချိန်မှန် ပြုလုပ်လျက်ရှိပြီး လှေပေါ်မှာ လက်ဆေးလို့ရတဲ့ နေရာ ၊ Hand Gel တို့ ပါဝင်ပါတယ်။ လှေက နှစ်ထပ်ဖြစ်တဲ့အပြင် အတော်ကျယ်ဝန်းတာကြောင့် Social Distancing လည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ မြို့နယ်တွေကို ခရီးသွားလာခွင့်ပြုလိုက်ပါပြီ။ Lake Pekhon Houseboats အနေနဲ့ ကိုဗစ်ရောဂါ ...
01/06/2020

ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ မြို့နယ်တွေကို ခရီးသွားလာခွင့်ပြုလိုက်ပါပြီ။
Lake Pekhon Houseboats အနေနဲ့ ကိုဗစ်ရောဂါ သတိထားကာကွယ်နေရဆဲကာလဖြစ်တာကြောင့် လတ်တလောအချိန်မှာ Sightseeing ခရီးများကိုပဲ ကြိုတင် Booking စနစ်နဲ့ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။

Social Distancing ရရှိနိုင်အောင် ခရီးသည်ဦးရေကို သယ်ဆောင်နိုင်တဲ့ ဦးရေရဲ့ တဝက်ကိုပဲ လက်ခံပေးမှာဖြဖြစ်ပါတယ်။ လာစီးတဲ့သူတွေက ဖျားနာနေသူမဖြစ်ရန် နဲ့ Mask တပ်ဆင်လာကြရန်လိုအပ်ပြီး Hand Gel နဲ့ လက်ဆေးရမယ့်နေရာတွေလည်း လှေပေါ်ပါရှိပြီးဖြစ်ပါတယ်။ စားပွဲ ၊ ထိုင်ခုံ စတဲ့ လူအများစုထိတွေ့နိုင်တဲ့နေရာတွေကို ပုံမှန်ပိုးသတ်ခြင်းလုပ်ငန်းကိုလည်း လုပ်ဆောင်သွားမှာပါ။

ပြေးဆွဲမယ့် ခရီးစဥ်လမ်းကြောင်းအသေးစိတ် စုံစမ်းတာနဲ့ ခရီးစဥ်အတွက် Booking လုပ်ချင်ရင် ဖုန်းနံပတ် 09262668972, 09262668976 တို့ကို ဆက်သွယ် နိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=3261963047182479&id=1884584764920321

နွေရာသီ ကုန်ဆုံးကာနီးလာတာနဲ့အမျှဖယ်ခုံအင်းရေပြင်ကလည်း ကျဆင်းလို့သွားခဲ့ပြီး နောက်ရာသီအတွက် ရေစုဆောင်းဖို့ အသင့်ဖြစ်နေပါပ...
29/05/2020

နွေရာသီ ကုန်ဆုံးကာနီးလာတာနဲ့အမျှ
ဖယ်ခုံအင်းရေပြင်ကလည်း ကျဆင်းလို့သွားခဲ့ပြီး နောက်ရာသီအတွက် ရေစုဆောင်းဖို့ အသင့်ဖြစ်နေပါပြီ။ လက်ရှိ ရေယာဥ်တွေ ဆိုက်ကပ်် ရပ်နားထားတဲ့
ဖယ်ခုံအင်းအလယ်မှာရှိတဲ့ လွယ်ပန်းစုံကျွန်းကလေးမှာတော့ ပန်းပေါင်းစုံဝေဆာလျက်ရှိနေပါတယ်။ မုတ်သုံအစပျိုးမယ့် တိမ်ညိုတိမ်လိပ်တွေဟာ ကန်ရေပြင်အထက် မိုးကောင်းကင်မှာ ပြေးလွှားလို့နေပါတယ်။
အိမ်တွင်းအောင်းနေရသူတွေအတွက် ဖယ်ခုံအင်း လက်ရှိမြင်ကွင်းလေးတွေ မြင်တွေ့နိုင်အောင် ပုံလေးတွေတင်ပေးလိုက်ပါတယ်။

မိုးရာသီကာလဆိုရင် ဖယ်ခုံအင်းရဲ့ ထူးခြားချက်ကတော့ သက်တန့်တွေကို နေ့တိုင်းလိုလို ကြိမ်ဖန်များစွာ မြင်တွေ့ရနိုင်တာပါပဲ။ ကန်ပတ်ပတ်လည်မှာ ဝန်းရံနေတဲ့ တောင်တန်းကြီးတွေဟာလည်း မိုးရေရရှိတာနဲ့ စိမ်းစိုလှပသာယာလာကြတော့မှာပါ။ ကမ်းစပ်က စိုက်ခင်းလေးတွေမှာလည်း ထွန်ယက်စိုက်ပျိုးသူတွေကိုယ်စီနဲ့ အသက်ဝင်လာတော့မှာပါ။

ကိုဗစ်အန္တရာယ်လျော့ပါးပြီး သွားလာကန့်သတ်မှုတွေ မရှိတော့တဲ့အခါ LPH ခရီးစဥ်များမှာ ပြန်လည်တွေ့ဆုံကြပါစို့။ ခရီးစဥ်တွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဘေးကင်းရေး ညွှန်ကြားချက်တွေနဲ့ ကိုက်ညီအောင် ပြင်ဆင်မှုများ ပြုလုပ်လျက်လည်း ရှိပါတယ်။

မြန်မာပြည်သူပြည်သားအပေါင်း ကိုဗစ်အန္တရာယ်မှ ကင်းကွာလို့ စီးပွားရေးလည်း အဆင်ပြေပြီး သောကကင်းဝေးနိုင်ကြပါစေ။

17/04/2020

ယနေ့ မြန်မာ့နှစ်သစ်ကူး အခါသမယမှာ မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း Lake Pekhon Houseboats မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

14/03/2020

ဖယ်ခုံမြို့ (Pekhon)

#ဖယ်ခုံ

#တောင်ပေါ်ပင်လယ်မြို့
#တောင်ပေါ်ပင်လယ်
#တောင်တွေပေါ်မှာရွက်လွှင့်မယ်
#ရှမ်းတောင်
#ကယား
#လွိုင်ကော်



🛳🌄🌅.. Sunset Cruise ..🌅🌄🛳(ဆည်းဆာအပျော်စီးသင်္ဘောခရီးစဥ်) 🥂🍸🍷🍺☕️🍴🥓🧆🥗🍲🍳🧆🍡🍢🏝 နွေဦးရာသီဝင်ရောက်လာတာနဲ့အတူ ဖယ်ခုံ ညနေခင်းတွေ...
12/03/2020

🛳🌄🌅.. Sunset Cruise ..🌅🌄🛳
(ဆည်းဆာအပျော်စီးသင်္ဘောခရီးစဥ်)

🥂🍸🍷🍺☕️🍴🥓🧆🥗🍲🍳🧆🍡🍢

🏝 နွေဦးရာသီဝင်ရောက်လာတာနဲ့အတူ ဖယ်ခုံ ညနေခင်းတွေဟာ အအေးဓာတ် လျော့ပါးလို့လာပါပြီ။

🏝တောင်ပေါ်ပင်လယ်ရဲ့ဆည်းဆာ နဲ့ ဖယ်ခုံမြို့ ညဖက်မြင်ကွင်းတွေရယ်၊ ကောင်းကင်နဲ့အပြည့်ရှိတဲ့ ကြယ်တွေရယ်၊ ညနေခင်းရဲ့ လေပြေလေညင်းလေးတွေရယ်ကို ​မိတ်ဆွေ သူငယ်ချင်း ဘော်ဒါတွေနဲ့အတူ ညစာစားရင်း ခံစားနိုင်မယ့် LPH ရဲ့ 🌅Sunset Cruise🌅ညနေခင်းဆည်းဆာခရီးစဥ်🌅 တွေကို စတင်ငှားရမ်းလို့ရနေပြီ ဆိုတဲ့အကြောင်း အသိပေးလိုက်ပါတယ်။

📆 အပျော်စီးလှေ အားလပ်တဲ့ရက်တွေမှာ ဖယ်ခုံ Bamboo House စားသောက်ဆိုင်က ညနေပိုင်းနှစ်သက်တဲ့အချိန် စတင်ထွက်ခွာနိုင်ပြီး

⏰ ည (၈)နာရီ မတိုင်ခင်တော့ ဆိပ်ကမ်းကို ပြန်လည်ရောက်ရှိရမှာ ဖြစ်ပါတယ်။

⛴ စင်းလုံးငှား ခရီးစဥ်ဖြစ်ပြီး ခရီးသည် (၁၂) ဦးအထိ လိုက်ပါနိုင်ပါတယ်။

🍷အစားအသောက်တွေကို Houseboat ဆိုက်ကပ်ရာ Bamboo House စားသောက်ဆိုင်က ကြိုတင်မှာယူထားနိုင်သလို မိမိတို့ နှစ်သက်ရာစားသောက်စရာများကို ယူလာလို့လည်း ရပါတယ်။

အသေးစိတ်ကို

📬 Message Box

(သို့မဟုတ်)

Hotline

☎ 09262668976
☎ 09262668972 တို့မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။

⛰🏝🛳  တောင်တွေပေါ်မှာ Cruise စီးကြမယ် 🛳🏝⛰ဖယ်ခုံအင်း - စံကားအင်း (ရှမ်းပြည်တောင်ပိုင်း)Houseboat ညအိပ်ခရီးစဥ်များ🏝 နွေရာသီ...
21/02/2020

⛰🏝🛳 တောင်တွေပေါ်မှာ Cruise စီးကြမယ် 🛳🏝⛰

ဖယ်ခုံအင်း - စံကားအင်း (ရှမ်းပြည်တောင်ပိုင်း)
Houseboat ညအိပ်ခရီးစဥ်များ

🏝 နွေရာသီမှာ အပန်းဖြေခရီးထွက်ဖို့ ပင်လယ်ကမ်းခြေပဲ သွားရမလား ၊ တောင်ပေါ်ဒေသကိုပဲ သွားရမလား ၊ ဗီယက်နမ် Halong Bay မှာ Cruise ပဲ သွားစီးရမလား ဆုံးဖြတ်ရခက်နေသူတွေအတွက် တောင်ပေါ်ပင်လယ်မှာ သင်္ဘောစီး ခရီးသွား အပန်းဖြေနိုင်မယ့် အခွင့်အရေး ပေါ်လာပါပြီ။

🏝 ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာရှိတဲ့ ရေလမ်းကြောင်း အရှည် မိုင် ၃၀ ၊ အကျယ် ၅ မိုင်ကျော်အထိရှိတဲ့ ဖယ်ခုံအင်းနဲ့ စံကားအင်းထဲက အထင်ကရနေရာတွေကို လည်ပတ်ရင်း ၊ ကမ်းခြေ Activity တွေဖြစ်တဲ့ ရေကူးတာ ၊ ငါးမျှားတာ ၊ လှေလှော်တာ ၊ Beach Party ၊ ဘောလီဘောကစားတာတွေကို သင်္ဘောညအိပ် ဆိုက်ကပ်ရပ်နားမယ့် ရေလယ်ကျွန်းပေါ်မှာ တပျော်တပါးလုပ်ဆောင်နိုင်မှာပါ။

🏝 လွိုင်ကော်လာလည်မယ် ရည်ရွယ်ထားရင် "ဖယ်ခုံအင်း Houseboat ခရီးစဥ်" မှာ တစ်ရက်နဲ့တစ်ညတာ ထပ်မံ အချိန်ပေးနိုင်ရင် အတွေ့အကြုံသစ်တွေ ၊ မတူကွဲပြားတဲ့ ကုန်း​ရေနှစ်သွယ် သဘာဝအလှအပတွေကို ခံစားရရှိနိုင်မှာဖြစ်ပြီး လာရတာ ပိုတန်တဲ့ ခရီးစဥ်လေးလည်း ဖြစ်လာမယ်လို့ အာမခံပါတယ်။

ခရီးစဥ်များအနေနှင့်

🏝 Package (A) :
ဖယ်ခုံအင်း - စံကား - လွယ်ပန်းစုံကျွန်း ခရီးစဥ်

🏝 Package (B) :
ဖယ်ခုံအင်း - လွယ်ပန်းစုံကျွန်း ခရီးစဥ်

ဆိုပြီး ခရီးစဥ်လမ်းကြောင်း နှစ်မျိုးဖြင့်ပြေးဆွဲမှာ ဖြစ်ပါတယ်။

📝 ခရီးစဥ်အသေးစိတ်များနှင့် စျေးနှုန်းများကို အခု Post ရဲ့ ဓာတ်ပုံများမှာ ဖော်ပြထားပါတယ်။

အင်းပတ်ခရီးစဥ်အမျိုးမျိုးရှိပြီး အသေးစိတ်တွေကို Lake Pekhon Houseboats ရဲ့ Facebook Post တွေမှာ ရှာဖွေ ဖတ်ရှုနိုင်သလို

📬 Message Box

(သို့မဟုတ်)

Hotline
☎ 09262668976
☎ 09262668972 တို့မှာလည်း မေးမြန်းစုံစမ်း နိုင်ပါတယ်

ကုမ္ပဏီများ၊ အသင်းအဖွဲ့များ အတွက်လည်း ခရီးစဥ်များကို စင်းလုံးငှား အထူးစျေးနှုန်းများဖြင့် စီစဥ်ပေးနေပါပြီ။


#တောင်တွေပေါ်မှာရွက်လွှင့်မယ်


#ဖယ်ခုံ
#ရှမ်းတောင်
#ကယား
#လွိုင်ကော်

Lake Pekhon Houseboats ဖယ်ခုံအင်း အပျော်စီးလှေလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ဒီနေ့မနက် (၁၅.၂.၂၀၂၀) မှာ ဖယ်ခုံမြို့ Bamboo...
15/02/2020

Lake Pekhon Houseboats ဖယ်ခုံအင်း အပျော်စီးလှေလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ဒီနေ့မနက် (၁၅.၂.၂၀၂၀) မှာ ဖယ်ခုံမြို့ Bamboo House စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားသို့ ကယားပြည်နယ်လွှတ်တော် ဥက္ကဌ ၊ လွှတ်တော် ဒုတိယဥက္ကဌ ၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ တိုင်းရင်းသားအဖွဲ့အစည်းများ ၊ အစိုးရဌာန အကြီးအကဲများ ၊ ဟိုတယ်ခရီးမှ လုပ်ငန်းရှင်များ ၊ ဖယ်ခုံမြို့မိ မြို့ဖနဲ့ ဒေသခံများ တက်ရောက်ခဲ့ကြပြီး အဖွင့်အမှာစကားပြောကြား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

(ဖယ်ခုံမြို့ - ၁၅၊ ဖေဖော်ဝါရီ၊ ၂၀၂၀)

🎉🎉 ဒေသခံများအတွက် ဖယ်ခုံအင်း Houseboat ခရီးတို Sightseeing အထူးအစီအစဥ်🎉🎉ဖယ်ခုံအင်းအတွင်း အရင်လက ပြေးဆွဲပေးခဲ့တဲ့ ဒေသခံမျ...
01/02/2020

🎉🎉 ဒေသခံများအတွက် ဖယ်ခုံအင်း Houseboat ခရီးတို Sightseeing အထူးအစီအစဥ်🎉🎉

ဖယ်ခုံအင်းအတွင်း အရင်လက ပြေးဆွဲပေးခဲ့တဲ့ ဒေသခံများအတွက် အထူးအစီအစဥ်ကို မသိလိုက်ရတဲ့သူ ၊ မစီးဖြစ်လိုက်တဲ့သူတွေရဲ့ တောင်းဆိုချက်အရ စတင်ပြေးဆွဲခြင်း ခရီးတို Sightseeing အထူးအစီအစဥ်ကို ဆက်လက်ထားရှိပေးထားမှာဖြစ်ပါတယ်။

ရှမ်းပြည် ၊ ကယားပြည် ဒေသခံတွေအတွက် ခရီးတို အစီအစဥ်ကို MV LPH Cherry ညအိပ်ခရီးစဥ်မရှိတဲ့ အချိန်များမှာ -

🏝 "Bamboo House - လွယ်ပန်းစုံကျွန်း" (၃ နာရီ ကြာ) ခရီးစဥ်ကို ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။

ခရီးစဥ်များကို ထွက်ခွာချိန်

⏰ (မနက် ၉:၃၀ နာရီ) တစ်ကြိမ်
⏰ (ညနေ ၂:၀၀ နာရီ) တစ်ကြိမ်

တစ်နေ့လျှင် နှစ်ကြိမ် ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

တစ်ဦးကို (၆၅၀၀) ကျပ်နှုန်းဖြစ်ပြီး အနည်းဆုံး လူ (၁၂) ဦး ပြည့်ရင် ထွက်ခွာပေးမှာ ဖြစ်ပါတယ်။

📆 အချိန်ဇယားဖြင့်ထွက်ခွာသော ခရီးစဥ်များ ဖြစ်သောကြောင့် မိမိတို့လိုက်ပါသွားရောက်လိုသောခရီးစဥ်များ လွဲချော်ခြင်း မဖြစ်ရလေအောင် Houseboat ဆိုက်ကပ်ရာ Bamboo House စားသောက်ဆိုင်(ဖယ်ခုံမြို့) သို့ အချိန်မီ လာရောက်ပေးဖို့ လိုအပ်ပါသည်။

- - - - - - - - - - - - - - - - - - - - - - - - - - - -

💥💥 HAPPY WEEK PROMOTION !!! 💥💥

LPH Houseboat တွေဖြစ်တဲ့

⛴ MV LPH Lily နဲ့ ⛴ MV LPH Cherry တို့ရဲ့ '2 Day 1 Night' ညအိပ် Full Package ခရီးစဥ်တွေကို ဖေဖော်ဝါရီလ (၁) ရက်နေ့ကစပြီး စတင်ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။

ညအိပ်ခရီးစဥ်များအနေနှင့်

🏝 Package (A) :
ဖယ်ခုံအင်း - စံကား - လွယ်ပန်းစုံကျွန်း ခရီးစဥ်

🏝 Package (B) :
ဖယ်ခုံအင်း - လွယ်ပန်းစုံကျွန်း ခရီးစဥ်

ဆိုပြီး ခရီးစဥ်လမ်းကြောင်း နှစ်မျိုးဖြင့်ပြေးဆွဲမှာ ဖြစ်ပါတယ်။

Sightseeing ခရီးစဥ်များအနေနှင့် MV LPH LILY ရဲ့

🏝 အင်းတောင်ပိုင်း ခရီးစဥ် (ကြာချိန် ၃ နာရီ)

🏝 လွယ်ပန်းစုံကျွန်း ခရီးစဥ် (ကြာချိန် ၃ နာရီ)

🏝 ဖယ်ခုံအင်း အင်းပတ် ခရီးစဥ် (ကြာချိန် ၆ နာရီ) အစရှိတဲ့ ခရီးစဥ်များကို ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

📝 ခရီးစဥ်အသေးစိတ်များနှင့် စျေးနှုန်းများကို အခု Post ရဲ့ ဓာတ်ပုံများမှာ ဇယားများဖြင့် ဖော်ပြထားပါတယ်။ ဖော်ပြထားတဲ့ စျေးနှုန်းများဟာ Promotion Discount မလျော့ရသေးတဲ့ စျေးနှုန်းများ ဖြစ်ပါတယ်။

ခရီးစဥ်များစတင်ပြေးဆွဲတဲ့ အထိမ်းအမှတ်အနေနဲ့

ဖေဖော်ဝါရီလ (၁) ရက်နေ့ မှ (၉) ရက်နေ့ အထိကို အထက်ပါ ညအိပ် နှင့် Sightseeing Package များအတွက် 🔹20 % Discount !!!🔹 ပေးသွားမှာမို့ နောက်မကျရအောင် အမြန်ဆုံး Booking ယူထားကြဖို့ အသိပေးလိုက်ပါတယ်နော်။

အထက်ပါ ခရီးစဥ်တွေအပြင် တခြားနေ့ချင်းပြန် အင်းပတ်ခရီးစဥ်အမျိုးမျိုးအတွက် LPH Cherry ကိုဖြစ်စေ၊ LPH Lily ကိုဖြစ်စေ စင်းလုံးငှားချင်တယ်ဆိုရင်လည်း အသေးစိတ်ကို

📬 Message Box

(သို့မဟုတ်)

Hotline
☎ 09262668976
☎ 09262668972 တို့မှာ မေးမြန်းစုံစမ်း နိုင်ပါတယ်

မြန်မာပြည်ရဲ့ ပထမဆုံး Lake Cruise ခရီးစဥ်တွေကို Lake Pekhon Houseboats က ဖန်တီးဖော်ဆောင် လိုက်ပါပြီ။ပင်လယ်ရေမျက်နှာပြင် ...
19/01/2020

မြန်မာပြည်ရဲ့ ပထမဆုံး Lake Cruise ခရီးစဥ်တွေကို Lake Pekhon Houseboats က ဖန်တီးဖော်ဆောင် လိုက်ပါပြီ။

ပင်လယ်ရေမျက်နှာပြင် အထက် ၂၉၅၀ ပေမှာရှိတဲ့ ရှမ်းရိုးမ တောင်တန်းတွေကြားက ဖယ်ခုံအင်းကြီးထဲမှာ အပျော်စီး ရေယာဥ်တွေကို ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

အင်းပတ်လည် နဲ့ ရေလယ်ကျွန်း တွေမှာ နေထိုင်ကြတဲ့ ရှမ်း ၊ ပအိုဝ်း ၊ ကယန်း ၊ အင်းသား စတဲ့ တိုင်းရင်းသား လူမျိုးစု အသီးသီးရဲ့ လူနေမှုဘဝတွေ ၊ ဘာသာ သာသနာ ၊ ယုံကြည်မှု ပုံရိပ်အမျိုးမျိုးတွေ ၊ မိုးကုတ်စက်ဝိုင်းထိ ဖြန့်ကျက်နေတဲ့ ပင်လယ်အလား ကျယ်ပြောလှတဲ့ ရေပြင်ကျယ် နဲ့ ရှုမျှော်ခင်းတွေ ၊ ဖယ်ခုံမြို့ရှုခင်းနဲ့ အနောက်ဖက်က ပေ ၆၀၀၀ ကျော်အထိမြင့်မားလှတဲ့ တောင်စဥ်တောင်တန်းကြီးတွေ ၊ လသာတဲ့ညတွေဆို ငွေရောင်ကော်ဇောကြီး ခင်းထားသလို အရောင်လက်နေတဲ့ ကန်ရေပြင်နဲ့ လမိုက်ညတွေဆို ကြယ်စုံကောင်းကင်နဲ့ ဂလက်ဆီ တို့ကို အံ့မခန်း မြင်တွေ့နိုင်မှာပါ။

Lake Pekhon Houseboats ကို MV LPH Lily ဆိုတဲ့ အိပ်ခန်း (၃) ခန်းပါ ခရီးသည် (၆) ဦးစီး အပျော်စီး ရေယာဥ်နဲ့ MV LPH Cherry ဆိုတဲ့ အိပ်ခန်း (၆) ခန်းပါ ခရီးသည် (၁၅) ဦးစီး အပျော်စီး ရေယာဥ် (၂) စီးနဲ့ စတင် ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ ညအိပ် ခရီးစဥ် အမျိုးမျိုး ၊ နေ့ချင်းပြန် ခရီးစဥ် အမျိုးမျိုးကို မကြာခင်ကာလမှာ စတင် မိတ်ဆက်ပေးသွားမှာဖြစ်ပြီး ခရီးစဥ်အသေးစိတ်နဲ့ Highlight တွေကို ဒီ page ကနေ ကြော်ငြာ ပေးသွားမှာမို့ Page ကို Like ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Lake Pekhon Houseboats
Connect with Nature and Culture


#တောင်တွေပေါ်မှာရွက်လွှင့်မယ်
#ဖယ်ခုံ

18/01/2020
🎉🎉🎉 ဖယ်ခုံအင်း အပျော်စီး Houseboat စမ်းသပ်ပြေးဆွဲစဥ်ကာလအတွင်း ဒေသခံများ လိုက်ပါစီးနင်းနိုင်မည့် အထူးအစီအစဉ် 🎉🎉🎉🏝 ဖယ်ခုံအ...
18/01/2020

🎉🎉🎉 ဖယ်ခုံအင်း အပျော်စီး Houseboat စမ်းသပ်ပြေးဆွဲစဥ်ကာလအတွင်း ဒေသခံများ လိုက်ပါစီးနင်းနိုင်မည့် အထူးအစီအစဉ် 🎉🎉🎉

🏝 ဖယ်ခုံအင်းအတွင်း ပြေးဆွဲမည့် ခရီးသည်များ ညအိပ်လိုက်ပါနိုင်သော Houseboat နှစ်စီးဖြစ်သည့် MV LPH CHERRY နှင့် MV LPH LILY တို့ကို စတင်စမ်းသပ်ပြေးဆွဲလျက်ရှိပါသည်။

🏝 စမ်းသပ်ပြေးဆွဲစဥ်ကာလအတွင်း အထူးအစီအစဥ်အနေဖြင့် ဒေသခံများအတွက်သီးသန့် အထူးလျော့စျေးနှုန်းထားများဖြင့် ယခုလ ဇန်နဝါရီလကုန်အထိ ဖယ်ခုံအင်းအတွင်း ခရီးတိုများကို ပြေးဆွဲပေးမည် ဖြစ်ပါသည်။

​🏝 Houseboat ထွက်ရှိမည့် အစီအစဥ်အသေးစိတ်များနှင့် စျေးနှုန်းများကို အောက်တွင်ဖော်ပြထားပါသည်။

- Lake Pekhon Houseboats -

Address


Telephone

+959262668972

Website

Alerts

Be the first to know and let us send you an email when Lake Pekhon Houseboats posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lake Pekhon Houseboats:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share