Dream to USA Visa Services

  • Home
  • Dream to USA Visa Services

Dream to USA Visa Services US Student Visa, Visit Visa နှင့် Diversity Visa လျှောက်ထားခြင်းများကို ၀န်ဆောင်မှုများပေးနေပါသည်။
(9)

🎉US Visit Visa Interview ကို မဖြစ်မနေယူသွားရမယ့်စာရွက်တွေအပြင် ဘယ်စာရွက်စာတမ်းတွေကို အပိုဆောင်းယူသွားဖို့လိုမလဲ?📢ယူအက်စ်...
05/01/2024

🎉US Visit Visa Interview ကို မဖြစ်မနေယူသွားရမယ့်စာရွက်တွေအပြင် ဘယ်စာရွက်စာတမ်းတွေကို အပိုဆောင်းယူသွားဖို့လိုမလဲ?

📢ယူအက်စ်ဗီဇာဟာ အင်တာဗျူးအမေးအဖြေအပေါ်ကို အဓိကအခြေခံပြီး ဗီဇာပေးခြင်း/မပေးခြင်းကို ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ စာရွက်စာတမ်းအများကြီးကို သံရုံးကိုတင်ပြစရာမလိုဘဲ အင်တာဗျူးကို သေသေချာချာဖြေနိုင်တယ်ဆိုရင် ဗီဇာရနိုင်ပါတယ်။

📢ဒါပေမယ့် စာရွက်စာတမ်းတွေဟာ အမြဲတမ်းမလိုအပ်တာမျိုးတော့ မဟုတ်ပါဘူး။ ဗီဇာလျှောက်ထားသူတစ်ဦးခြင်းနဲ့သာ သက်ဆိုင်ပြီး တစ်ဦးချင်းစီရဲ့ လျှောက်ထားမှုအပေါ် မူတည်ပြီး အချို့စာရွက်စာတမ်းတွေကိုတော့ လိုအပ်တယ်ထင်ရင် ကောင်ဆယ်လာက တောင်းကြည့်တတ်ပါတယ်။ လုံး၀ယူလာစရာမလိုပါဘူးလို့ သံရုံးကညွှန်ကြားထားခြင်း မရှိတာမို့ တချို့စာရွက်စာတမ်းတွေကို ယူဆောင်သွားခြင်းအားဖြင့် ကိုယ့်ရဲ့ဗီဇာလျှောက်ထားမှုကို အထောက်အပံ့ဖြစ်စေနိုင်တာမို့ ကာယကံရှင်‌ဆန္ဒရှိရင်ယူသွားနိုင်ပါတယ်။

📢ဒါကြောင့် အလည်ဗီဇာအတွက် အင်တာဗျူး၀င်တဲ့အခါ ဘယ်စာရွက်စာတမ်းအမျိုးအစားတွေကို ယူသွားခြင်းအားဖြင့် ကိုယ့်ရဲ့ဗီဇာလျှောက်ထားမှုကို အထောက်အပံ့ပေးနိုင်မလဲဆိုတာကို ဒီပို့စ်မှာလေ့လာနိုင်ပါတယ်။

Supportive Documents📌📌📌

■ Invitation Letter from US Contact or Organization
■ Conference registration and/or description
■ Travel Plan
■ Bank Balance Certificate & Statement (6 months or 3months)
■ Documents relevant to your prior visits
■ Employment Verification Letter (employment details & monthly salary)
■ Pay Slips (3 months)
■ CV or Resume
■ Business License (Original + Notary)
■ Income and/or property tax document
■ Company License/ Registration Certificate
■ Old Passports
■ Marriage Certificate (Original + Notary)
■ Birth Certificate (Original + Notary)
■ Family Registration Certificate (Original + Notary)
■ Properties Documents (Apartment, Condo, Car, Land) (Original + Notary)

🔎မှတ်ချက်။ ။ ဖော်ပြထားသော စာရွက်စာတမ်းများအားလုံးကို ယူသွားရမယ်မဆိုလိုပါ။ ကိုယ့်ရဲ့ DS160 Application နဲ့ profile ပေါ်မူတည်ပြီး ကိုယ်နဲ့သက်ဆိုင်မယ်ထင်တဲ့ စာရွက်စာတမ်းကိုသာ ယူသွားနိုင်ပါတယ်။

Dream to USA Visa Services
[email protected]
09-954709901

🎉B1/B2 (Visit Visa) နဲ့ F1 (Student Visa) တွေကို မြန်မာနိုင်ငံနဲ့ ကမ်ဘောဒီးယားနိုင်ငံတို့မှာ ဒီဇင်ဘာလနဲ့ဇန်နဝါရီလ‌တွေထဲမ...
04/01/2024

🎉B1/B2 (Visit Visa) နဲ့ F1 (Student Visa) တွေကို မြန်မာနိုင်ငံနဲ့ ကမ်ဘောဒီးယားနိုင်ငံတို့မှာ ဒီဇင်ဘာလနဲ့ဇန်နဝါရီလ‌တွေထဲမှာ အသီးသီး Visa Approved ဖြစ်ခဲ့ကြတဲ့ result တွေပါ။🎉

ဗီဇာအောင်ဖို့အတွက် 👍

✅ Application & profile ကိုသေချာတည်ဆောက်ရပါမယ်
✅DS160 ကိုသေသေချာချာနဲ့အမှားမရှိအောင်ဖြည့်ရပါမယ်။
✅အင်တာဗျူးမေးခွန်းတွေကို များများလေ့ကျင့်ပြင်ဆင်ထားရပါမယ်။
✅ကိုယ့်ရဲ့အကြောင်းကို ကောင်ဆယ်လာ impressဖြစ်အောင် ပြောပြတတ်ရပါမယ်။
✅ လိုအပ်တဲ့စာရွက်စာတမ်းတွေကိုလည်း ကြိုတင်စုဆောင်းပြီး အင်တာဗျူးကိုယူသွားရပါမယ်။

🍀ဒါမှသာ ခက်ခဲတဲ့ကာလမှာ ဗီဇာအောင်ဖို့အတွက်အများကြီးအထောက်အကူပြုမှာပါ။🍀

🚩Visa မလျှောက်ခင်အသေးစိတ်တိုင်ပင်ဆွေးနွေးဖို့၊
🚩 DS160 form ကိုစနစ်တကျဖြည့်ပေးပြီး
🚩 ဗီဇာအင်တာဗျူးအတွက် သေချာလေ့ကျင့်ပြင်ဆင်ချင်တယ်ဆိုရင် Dream to USA Visa Services ကိုဆက်သွယ်လိုက်ပါနော် 🎉

Dream to USA Visa Services
[email protected]
09-954709901

🎉US Embassy Vietnam (Ho Chi Minh) မှာရနိုင်မယ့် အင်တာဗျူးရက်ချိန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။🎉ဇန်န၀ါရီ၊ ဖေဖော်၀ါရီ၊ မတ် ...
01/01/2024

🎉US Embassy Vietnam (Ho Chi Minh) မှာရနိုင်မယ့် အင်တာဗျူးရက်ချိန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

🎉ဇန်န၀ါရီ၊ ဖေဖော်၀ါရီ၊ မတ် (၃)လစာ ဖွင့်ထားပေးတာတွေ့ရပါတယ်။

🎉လက်ရှိမြင်နေရတဲ့ရက်ချိန်းတွေကတော့ ၁.၁.၂၀၂၄ နေ့လည် ၁၂နာရီခွဲ ၀န်းကျင်လောက်မှာတွေ့ရှိရတဲ့ရက်ချိန်းတွေဘဲဖြစ်ပါတယ်။

🎉ဟိုချီမင်းမှာ အင်တာဗျူးရက်ချိန်းယူဖို့အတွက် -

🔰 Package A - ဗီဇာကြေးသီးသန့်သွင်းပေးခြင်း။

🔰 Package B - အကောင့်ဖွင့်၊ Profile Update ပြုလုပ်ပေးခြင်း၊ ဗီဇာကြေးသွင်းပေးခြင်း၊ ရက်ချိန်းယူပေးခြင်း။ တို့ကို ပြုလုပ်ပေးနေတာမို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Dream to USA Visa Services
[email protected]
09-954709901

*US Embassy Rangoon မှ Nonimmigrant Visa အင်တာဗျူးရက်ချိန်းများနှင့်ပတ်သတ်ပြီးထုတ်ပြန်ချက်*အမေရိကန်သံရုံးမြန်မာမှာ အင်တာ...
12/12/2023

*US Embassy Rangoon မှ Nonimmigrant Visa အင်တာဗျူးရက်ချိန်းများနှင့်ပတ်သတ်ပြီးထုတ်ပြန်ချက်*

အမေရိကန်သံရုံးမြန်မာမှာ အင်တာဗျူးရက်ချိန်းယူတာနဲ့ပတ်သတ်ပြီး ဒီဇင်ဘာ ၁၁ရက်နေ့ ရက်စွဲနဲ့ သံရုံးကကြေငြာချက်အသစ်ထုတ်ပြန်ထားပါတယ်။

*အကြောင်းအရာကတော့ သံရုံးမှာဗီဇာ၀န်ဆောင်မှုတွေကို ပြုလုပ်ပေးဖို့အတွက် ၀န်ထမ်းဦးရေအကန့်အသတ်ရှိနေခြင်းကြောင့် အင်တာဗျူးရက်ချိန်းတွေကို လောလောဆယ်မှာ ၂၀၂၄ခုနှစ် မေလအထိ မရနိုင်သေးဘူး ဆိုတာဘဲဖြစ်ပါတယ်။*

အမေရိကန်ပြည်ထောင်စုသို့ အ‌ရေးတကြီးခရီးသွားလာစရာ ရှိသူများ၊ ရက်အကန့်အသတ်နဲ့သွားဖို့လိုအပ်သူများ အနေနဲ့ အင်တာဗျူးဖြေဖို့ရက်ချိန်းယူလိုတယ်ဆိုရင် အမေရိကန်သံရုံးတည်ရှိတဲ့ အခြားနိုင်ငံတွေကနေတဆင့် ရွေးချယ်ပြီး အင်တာဗျူး၀င်ရောက်ဖြေဆိုနိုင်ကြောင်းကိုလည်း အကြံပြုထားပါတယ်။

အခြေစိုက်ဗီဇာ (immigrant visa)ရက်ချိန်းများအတွက် ဆေးစစ်ချက်အတွက်သတ်မှတ်ပေးထားတဲ့ သက်တမ်းကုန်ဆုံးရက်ပေါ် မူတည်ပြီး အင်တာဗျူးရက်ချိန်းများကို ရက်သတ်မှတ်ပေးသွားမှာဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။

Dream to USA Visa Services
[email protected]
09-954709901

US Embassy Cambodia နဲ့ Vietnam မှာရနိုင်မယ့် အင်တာဗျူးရက်ချိန်းများကိုဖော်ပြပေးလိုက်ပါတယ်။အင်တာဗျူးရက်ချိန်းယူဖို့အတွက်...
07/12/2023

US Embassy Cambodia နဲ့ Vietnam မှာရနိုင်မယ့် အင်တာဗျူးရက်ချိန်းများကိုဖော်ပြပေးလိုက်ပါတယ်။

အင်တာဗျူးရက်ချိန်းယူဖို့အတွက် ဗီဇာကြေးသီးသန့်သွင်းတဲ့၀န်ဆောင်မှုလည်း ရှိပါတယ်။ ၀န်ဆောင်ခကို ပေ့ချ်မက်ဆင်ဂျာမှတဆင့် မေးနိုင်ပါတယ်။

Dream to USA Visa Services
[email protected]
09-954709901

US Visit Visa Approved in US Embassy Hanoi, Vietnam 🎉🎉🎉နို၀င်ဘာ ၃၀ရက်နေ့က ဗီယက်နမ်နိုင်ငံမှာရှိတဲ့အမေရိကန်သံရုံးမှာ အလည်...
06/12/2023

US Visit Visa Approved in US Embassy Hanoi, Vietnam 🎉🎉🎉

နို၀င်ဘာ ၃၀ရက်နေ့က ဗီယက်နမ်နိုင်ငံမှာရှိတဲ့အမေရိကန်သံရုံးမှာ အလည်အင်တာဗျူးဖြေဆိုခဲ့တဲ့ ဇနီးမောင်နှံ ၂ဦး ဗီဇာရရှိခဲ့ကြပါတယ်။ 😊တတိယနိုင်ငံမှာ ဗီဇာအောင်ဖို့ဆိုတာ ကိုယ့်နေရပ်နိုင်ငံမှာလောက် မလွယ်တာမို့ ခုလိုဗီဇာရခဲ့တာကို ၀မ်းသာမိပါတယ်။ ဘာအတွက်သွားမှာလဲ ဘယ်နှရက်နေမလဲ လက်ရှိဘာလုပ်ငန်းတွေလုပ်ကိုင်လဲ စတဲ့ မေးခွန်းတွေကိုဘဲ မေးခံခဲ့ရပါတယ်။

တတိယနိုင်ငံတွေမှာ လက်ရှိဗီဇာရရှိမှုနှုန်းမြင့်နေတာမို့ မြန်မာနိုင်ငံမှာ အင်တာဗျူးရက်ချိန်းကိုစောင့်ဆိုင်းဖို့ အဆင်မပြေတော့တဲ့သူများအတွက် ဗီဇာအရအများဆုံးဖြစ်တဲ့ Cambodia နဲ့ Vietnam နိုင်ငံတွေမှတဆင့် လျှောက်ထားပေးနေပါတယ်။

Dream to USA Visa Services
[email protected]
09-954709901

18/11/2023

US Embassy Cambodia မှာ အင်တာဗျူးရက်ချိန်းယူဖို့ ငွေသွင်းခြင်းသီးသန့်ဝန်ဆောင်မှုလည်းရှိပါတယ်
09954709901
09254862563

US Embassy Cambodia မှာ လောလောဆယ်ရနိုင်မယ့်အင်တာဗျူးရက်ချိန်းတွေပါ ဇန်နဝါရီ 2024ကနေ ဧပြီ 2024 အထိဖွင့်ပေးထားပါတယ်။US သို...
16/11/2023

US Embassy Cambodia မှာ လောလောဆယ်ရနိုင်မယ့်အင်တာဗျူးရက်ချိန်းတွေပါ ဇန်နဝါရီ 2024ကနေ ဧပြီ 2024 အထိဖွင့်ပေးထားပါတယ်။

US သို့အမြန်ဆုံးခရီးသွားလိုသူခရီးသည်များ ကျောင်းချိန်အမှီတက်လိုသူကျောင်းသားများအတွက် အင်တာဗျူးရက်ချိန်းများယူပေးနေပါတယ်။

Cambodia မှာ ဗီဇာကြေးသွင်းဖို့အတွက် ငွေသွင်းခြင်းသီးသန့်ဝန်ဆောင်မှုလည်းရှိပါတယ်။

Dream to USA Visa Services
[email protected]
09-954709901

🎉🎉🎉US Embassy Cambodia မှာ မနေ့ကနဲ့ဒီနေ့မှာ ကျောင်းသားဗီဇာလျှောက်ထားသူ ၁ဦးနဲ့ အလည်ဗီဇာလျှောက်ထားသူ ၃ဦးတို့ ဗီဇာအသီးသီး...
15/11/2023

🎉🎉🎉US Embassy Cambodia မှာ မနေ့ကနဲ့ဒီနေ့မှာ
ကျောင်းသားဗီဇာလျှောက်ထားသူ ၁ဦးနဲ့ အလည်ဗီဇာလျှောက်ထားသူ ၃ဦးတို့ ဗီဇာအသီးသီးရရှိခဲ့ကြပါတယ်။🎉🎉🎉
🔰တတိယနိုင်ငံတွေမှာ အင်တာဗျူးမေးခွန်းတွေကို ထောင့်စေ့အောင်မေးတတ်တာမို့ မိမိရဲ့ story ကိုသေချာစွာပြောပြတတ်ဖို့လိုပါတယ်။ အထူးသဖြင့်- အလည်ဗီဇာအတွက်ဆိုရင် လက်ရှိနှင့်ယခင်အလုပ်အကိုင်အကြောင်း၊ လုပ်ငန်းခိုင်မာမှု၊ အမှန်တကယ်တည်ရှိမှု၊ ၀င်ငွေအကြောင်း၊ ခရီးသွားရာဇ၀င်၊ ကျောင်းသားဗီဇာဆိုရင်လည်း ရွေးချယ်ထားတဲ့ကျောင်းအကြောင်း၊ မေဂျာအကြောင်း၊ post-graduation plan အကြောင်းစသည်ဖြင့်။
🔰လတ်တလော ကမ်ဘောဒီးယားအမေရိကန်သံရုံးမှာ ဗီဇာအပေးများတာကိုတွေ့ရှိရပါတယ် ဒါကြောင့်မို့ ဗီဇာစလျှောက်ကတည်းက DS160 Form ကိုသေချာပြင်ဆင်ပြီး အင်တာဗျူးမေးခွန်းတွေကိုပါ စနစ်တကျပြင်ဆင်လေ့ကျင့်ထားမယ်ဆိုရင် ဗီဇာရနိုင်ပါကြောင်း သတင်းကောင်းမျှ‌ေ၀လိုက်ပါတယ်။🍀🍀🍀
🔰ကမ်ဘောဒီးယားအမေရိကန်သံရုံးမှာ အင်တာဗျူးရက်ချိန်းသီးသန့်ယူလိုသူများအတွက်လည်း ၀န်ဆောင်မှုရှိတာမို့ ဆက်သွယ်နိုင်ပါတယ်နော်။

📌ဗီဇာအတွက်တိုင်ပင်ဆွေးနွေးလိုပါကလည်း အခမဲ့တိုင်ပင်ဆွေးနွေးပေးနေပါတယ်။

Dream to USA Visa Services
[email protected]
09954709901
09254862563

စင်ကာပူနိုင်ငံရှိ အမေရိကန်သံရုံးမှာ ကျောင်းသားဗီဇာအတွက် ရနိုင်တဲ့အင်တာဗျူးရက်ချိန်းတွေဖြစ်ပါတယ်။ 🍀ဒီနေ့ညနေ 3:30 PMခန့် မ...
12/10/2023

စင်ကာပူနိုင်ငံရှိ အမေရိကန်သံရုံးမှာ ကျောင်းသားဗီဇာအတွက် ရနိုင်တဲ့အင်တာဗျူးရက်ချိန်းတွေဖြစ်ပါတယ်။

🍀ဒီနေ့ညနေ 3:30 PMခန့် မှာတွေ့ရှိရတဲ့ရက်တွေဖြစ်ပါတယ်။
🍀အစောဆုံးရနိုင်မယ့်ရက်ကတော့ ဇန်နဝါရီ23ရက်နေ့ပါ။

စင်ကာပူအမေရိကန်သံရုံးမှာ ကျောင်းသားဗီဇာ၊ အလည်ဗီဇာဖြေဆိုလိုသူများအတွက် -
✅DS160ဖောင်ဖြည့်ပေးခြင်း၊
✅သံရုံးတွင်ဗီဇာကြေးသွင်းပေးခြင်း၊
✅အင်တာဗျူးရက်ချိန်းယူပေးခြင်း၊
✅ စာရွက်စာတမ်းများပြင်ဆင်ပေးခြင်း
✅ အင်တာဗျူးမေးခွန်းများပြင်ဆင်လေ့ကျင့်ပေးခြင်း
✅ပထမအကြိမ်တွင်ဗီဇာမရခဲ့ပါက နောက်ထပ်(၁)ကြိမ် အခမဲ့ အစမှအဆုံးပြန်လည်လျှောက်ထားပေးခြင်း စတဲ့ဝန်ဆောင်မှုများပေးနေပါတယ်။

🍀ဗီဇာအတွက်တိုင်ပင်ဆွေးနွေးလိုပါကလည်း အခမဲ့တိုင်ပင်ဆွေးနွေးပေးနေပါတယ်။

Dream to USA Visa Services
[email protected]
09954709901
09254862563

စင်ကာပူနိုင်ငံရှိ အမေရိကန်သံရုံးမှာ အလည်ဗီဇာအတွက် ရနိုင်တဲ့အင်တာဗျူးရက်ချိန်းတွေဖြစ်ပါတယ်။ 🍀ဒီနေ့ညနေ 4:17 PM မှာတွေ့ရှိရ...
11/10/2023

စင်ကာပူနိုင်ငံရှိ အမေရိကန်သံရုံးမှာ အလည်ဗီဇာအတွက် ရနိုင်တဲ့အင်တာဗျူးရက်ချိန်းတွေဖြစ်ပါတယ်။

🍀ဒီနေ့ညနေ 4:17 PM မှာတွေ့ရှိရတဲ့ရက်တွေဖြစ်ပါတယ်။
🍀အစောဆုံးရနိုင်မယ့်ရက်ကတော့ နိုဝင်ဘာ 29ရက်နေ့ပါ။

စင်ကာပူအမေရိကန်သံရုံးမှာ ကျောင်းသားဗီဇာ၊ အလည်ဗီဇာဖြေဆိုလိုသူများအတွက် -
✅DS160ဖောင်ဖြည့်ပေးခြင်း၊
✅သံရုံးတွင်ဗီဇာကြေးသွင်းပေးခြင်း၊
✅အင်တာဗျူးရက်ချိန်းယူပေးခြင်း၊
✅ စာရွက်စာတမ်းများပြင်ဆင်ပေးခြင်း
✅ အင်တာဗျူးမေးခွန်းများပြင်ဆင်လေ့ကျင့်ပေးခြင်း
✅ပထမအကြိမ်တွင်ဗီဇာမရခဲ့ပါက နောက်ထပ်(၁)ကြိမ် အခမဲ့ အစမှအဆုံးပြန်လည်လျှောက်ထားပေးခြင်း စတဲ့ဝန်ဆောင်မှုများပေးနေပါတယ်။

🍀ဗီဇာအတွက်တိုင်ပင်ဆွေးနွေးလိုပါကလည်း အခမဲ့တိုင်ပင်ဆွေးနွေးပေးနေပါတယ်။

Dream to USA Visa Services
[email protected]
09954709901
09254862563

10/10/2023

DV-2025အတွက်ဓာတ်ပုံနှင့်အချက်အလက်များကို
09954709901
09254862563
Viber သို့ပေးပို့နိုင်ပါသည်

DV ကံစမ်းကြတဲ့အခါ ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက် (Identity Information)တွေဟာ အလွန်အရေးကြီးပါတယ်။✅နာမည်စာလုံးပေါင်းများတသတ်မတ...
08/10/2023

DV ကံစမ်းကြတဲ့အခါ ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက် (Identity Information)တွေဟာ အလွန်အရေးကြီးပါတယ်။

✅နာမည်စာလုံးပေါင်းများတသတ်မတ်တည်းဖြစ်ရန်လိုအပ်ခြင်း

ကိုယ့်ရဲ့နာမည်ကို English လိုပေါင်းတဲ့အခါ ပေါင်းတဲ့စာလုံး‌ပေါင်းတွေဟာ ပတ်စပို့ထဲကစာလုံးပေါင်းနဲ့တူညီနေရပါမယ်။ ပတ်စပို့မရှိသေးသူများကလည်း နောက်ပိုင်းမှာ ပတ်စပို့လုပ်တဲ့အခါ နာမည်စာလုံးပေါင်းကို DVတင်တုန်းကအတိုင်းပြုလုပ်ဖို့လိုအပ်ပါတယ်။ ဦး၊ ကို၊ မောင်၊ မ၊ ဒေါ် စတာတွေကိုလည်း ထည့်ရေးစရာမလိုအပ်ပါဘူးနော်။

ဥပမာ(၁) - ‌အေးအေးခိုင် "AYE AYE KHAING" သည် ခိုင် ကို KHAING နဲ့ပေါင်းမယ်ဆိုရင် DV တင်တဲ့နေရာမှာကော ပတ်စပို့ထဲမှာပါ "KHAING" သာဖြစ်ရပါမယ်။ KHINE ဖြစ်လို့မရပါ။

ဥပမာ(၂) - စည်သူအောင် "SITHU AUNG" သည် စည်နဲ့သူကို တွဲရေးပါက နေရာတိုင်းမှာ စည်သူကိုတွဲထားရပါမယ် "SI THU AUNG" ဆိုပြီး မခွဲထုတ်ရပါ။ နဂိုတည်းက ခွဲမလား တွဲမလားဆိုတာ ဆုံးဖြတ်ထားပြီး ဘယ်အကြောင်းအရာအတွက်ဘဲဖောင်ဖြည့်ဖြည့် တွဲရေးမယ်ဆိုလည်း နေရာတိုင်းမှာတွဲရေးပါ။ ခွဲရေးမယ်ဆိုလည်း နေရာတိုင်းမှာခွဲရေးပါ။ နှစ်မျိုးစလုံးအဆင်ပြေတယ်မလုပ်ပါနှင့်။

ဥပမာ(၃) - အောင်ဝင်း "AUNG WINN" သည် ဝင်းနေရာမှာ WINN လို့ပေါင်းတတ်ပါက နေရာတိုင်း WINN ဖြစ်ရပါမယ် WIN နဲ့ N တလုံးလျော့နေပါက မူလအောင်ဝင်းမဟုတ်တော့ဘဲ တခြားအောင်ဝင်းဟုသာယူဆပါလိမ့်မယ်။

✅မွေးနေ့ရက်စွဲတွေဟာ မွေးစာရင်း၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ပတ်စပို့စာအုပ် စတာတွေမှာ တနေ့တည်းတရက်တည်းတူညီနေရပါမယ်။ သို့သော်လည်းအကြောင်းအမျိုးမျိုးကြောင့် မတူညီတဲ့သူတွေရှိပါတယ်။ မတူညီပါက ပတ်စပို့ရှိပြီးသူများအနေနဲ့ ပတ်စပို့ထဲက မွေးနေ့ကိုသာအတည်ယူပါ။ ပတ်စပို့မလုပ်ရ‌သေးသူများ မွေးနေ့အမျိုးမျိုးကွဲလွဲနေပါက ကိုယ်အမှန်တကယ်မွေးဖွားတဲ့ရက်နဲ့အကိုက်ညီဆုံး မွေးဖွားတဲ့ရက်စွဲကိုသာ အတည်ယူပြီး ပတ်စပို့ပြုလုပ်ပါ။

✅ မွေးရပ်မြို့ကတော့ အရှုပ်ထွေးဆုံးဖြစ်ပါတယ်။ ပတ်စပို့ရှိပြီးသားသူများက ပတ်စပို့ရုံးမှရေးပေးလိုက်တဲ့အတိုင်း မွေးရပ်မြို့ကိုရေးပါ။ Place of Birth ဟုပတ်စပို့ထဲမှာဖော်ပြထားပါလိမ့်မယ်။ ဥပမာ- ပုဗ္ဗသီရိတွင်မွေးဖွားသော်လည်း ပတ်စပို့ရုံးမှ ပျဉ်းမနားဟုရေးပေးလိုက်ပါက ပျဉ်းမနားဟုသာအတည်ယူရပါမယ်။ အချို့မြို့နယ်နှင့်မြို့များဟာ ပတ်စပို့ရုံးဘက်မှ Place of Birth အနေနဲ့မဖော်ပြပေးတာတွေရှိပါတယ်။ ဥပမာ- သန်လျင်ဟာ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တခုဖြစ်ပေမယ့် အခြားမြို့နယ်တွေမှာမွေးဖွားတဲ့သူကို ရန်ကုန်လို့ရေးပြီး သန်လျင်မှာမွေးဖွားတဲ့သူကိုတော့ သန်လျင်လို့ သီးခြားရေးတာတွေ့ဖူးပါတယ်။အစိုးရလက်ထက်အဆင့်ဆင့်‌ပြောင်းလဲမှုနဲ့ လဝကစည်းမျဉ်းစည်းကမ်းဖြစ်နိုင်တာမို့ ရုံးကဆုံးဖြတ်ချက်ကိုသာ အတည်ယူရမှာဖြစ်ပါတယ်။

🍀🍀🍀ဖောင်ကိုစနစ်တကျဖြည့်စွက်မယ်၊ ဓာတ်ပုံကိုသတ်မှတ်စည်းကမ်းနဲ့ညီအောင်ရိုက်ကူးပြီး DV2025 Winner ဖြစ်အောင် ကြိုးစားကြပါစို့🍀🍀🍀

Dream to USA Visa Services
[email protected]
09954709901
09254862563

ရန်ကုန်အ‌မေရိကန်သံရုံးမှာ appointment တွေကြပ်နေတာရယ် ရပြီးသားရက်ချိန်းတွေကို cancel နဲ့ reschedule လုပ်တာတွေရှိနေတာရယ်ကြ...
06/10/2023

ရန်ကုန်အ‌မေရိကန်သံရုံးမှာ appointment တွေကြပ်နေတာရယ် ရပြီးသားရက်ချိန်းတွေကို cancel နဲ့ reschedule လုပ်တာတွေရှိနေတာရယ်ကြောင့် တတိယနိုင်ငံကိုရွေးချယ်ပြီး interview appointment တွေ schedule လုပ်နေကြရပါတယ်။ လတ်တလောမှာတော့ တတိယနိုင်ငံတွေမှာ ဗီဇာပေးနှုန်းခါတိုင်းထက်မြင့်တာကိုလည်းတွေ့နေရပါတယ်။
ယခုပုံမှာပြထားတာကတော့ US Embassy Vietnam (Hanoi) consulateမှာရနိုင်မယ့် ရက်ချိန်းတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Wednesday တုန်းကတွေ့ရှိရတဲ့ရက်တွေပါ။
မြန်မာနိုင်ငံမှာမစောင့်ချင်တော့လို့ တတိယနိုင်ငံမှတဆင့် အင်တာဗျူးဝင်ရောက်ဖြေဆိုလိုသူများအတွက် ဝန်ဆောင်မှုများပေးနေပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Dream to USA Visa Services
[email protected]
09 954 709901

🎉DV-2025 Program အတွက် ၀န်ဆောင်ခ ၁သောင်းကျပ်တည်းဖြင့် ကံစမ်းမဲလျှောက်လွှာများ တင်လို့ရပါပြီ🎉🔰Diversity Visa (DV) Diversi...
30/09/2023

🎉DV-2025 Program အတွက် ၀န်ဆောင်ခ ၁သောင်းကျပ်တည်းဖြင့် ကံစမ်းမဲလျှောက်လွှာများ တင်လို့ရပါပြီ🎉

🔰Diversity Visa (DV)

Diversity Visa ဆိုတာ အမေရိကန်ပြည်ထောင်စုအတွင်းမှာ အမြဲတမ်း တရား၀င်နေထိုင်အလုပ်လုပ်ဖို့ရန်အတွက် ထုတ်ပေးတဲ့ Green Card (Lawful Permanent Resident Card) ကို နှစ်စဥ်ကွန်ပျူတာစနစ်နဲ့ ကျပန်းမဲဖောက်ပေး တဲ့ ကံစမ်းမဲအစီအစဥ်တခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့၅နှစ်အတွင်း အမေရိကန်ပြည်ထောင်စုအတွင်းကို ၀င်ရောက်ပြောင်းရွှေ့လာတဲ့ အနည်းဆုံးသောနိုင်ငံသားဦးရေရှိတဲ့ နိုင်ငံတွေကိုသာမဲဖောက်ပေးတာဖြစ်ပြီး အဲ့ဒီနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါ၀င်တာမို့ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ပါ၀င်ကံစမ်းနိုင်ပါတယ်။

🔰Green Card (Lawful Permanent Resident Card)

Green Card ရရှိထားသူဟာ ဒီအခွင့်အရေးတွေကိုရရှိမှာဖြစ်ပါတယ်။
• အလုပ်အကိုင်အခွင့်အလမ်းပေါများစွာ ရရှိနိုင်ခြင်း။
• အမေရိကန်နိုင်ငံသားအဖြစ်ခံယူရန် လျှောက်ထားနိုင်ခြင်း။
• အမေရိကန်နိုင်ငံတွင်းမှာရှိတဲ့ ပြည်နယ်ပေါင်း၅၀ကို အကန့်အသတ်မဲ့သွားလာ၀င်ထွက်ခွင့်ရှိခြင်း နဲ့ နိုင်ငံတကာသို့ အခက်အခဲမရှိဘဲ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ခြင်း။
• အိမ်ထောင်ဖက်၊ သားသမီး၊ မိဘ၊ ညီအကိုမောင်နှမများ Family-based green card လျှောက်ထားပေးနိုင်ခြင်း။ စပွန်ဆာပေးနိုင်ခြင်း။
• ကျောင်းတက်သည့်အခါ in-state ေကျာင်းသားများပေးချေရသည့် ကျောင်းလခနှုန်းထားအတိုင်း ပေးချေခွင့်ရခြင်းစတဲ့ Federal Benefits များရရှိနိုင်ခြင်း။
• အမေရိကန်ဥပဒေသတ်မှတ်ချက်များအတိုင်း ဥပဒေအရ အကာအကွယ်ရယူနိုင်ခြင်း။

✅✅✅ဒီအချက်အလက်တွေကိုဖြည့်သွင်းပေးရုံနဲ့ Green Card ရယူဖို့ ကံစမ်းလို့ရပါပြီ။✅✅✅

1. အမည်
2. မွေးနေ့
3. ကျား/မ
4. မွေးဖွားသည့်မြို့
5. မွေးဖွားသည့်နိုင်ငံ
6. လက်ရှိနေထိုင်သည့်နိုင်ငံ
7. နေရပ်လိပ်စာ
8. ဖုန်းနံပါတ်
9. အီးမေးလ်လိပ်စာ
10. အမြင့်ဆုံးပညာအရည်အချင်း
11. အိမ်ထောင်ရှိ/မရှိ
12. အိမ်ထောင်ပြုထားခြင်းမရှိသေးသော အသက်၂၁အောက် သားသမီးရှိ/မရှိ

အိမ်ထောင်ပြုထားခြင်းမရှိသေးသော အသက်၂၁အောက် သားသမီးရှိပါက ၄င်းတို့၏-

13. အမည်
14. မွေးနေ့
15. ကျား/မ
16. မွေးဖွားသည့်မြို့
17. မွေးဖွားသည့်နိုင်ငံ

✅✅✅ပေါက်မဲဖြစ်ရန်အတွက် အလွန်အရေးကြီးသည့် ဓာတ်ပုံစည်းမျဥ်းစည်းကမ်း✅✅✅

• နောက်ခံအဖြူတွင်ရိုက်ကူးထားသော ၂လက်မပတ်လည် ဓာတ်ပုံဖိုင်
• ၆လအတွင်းရိုက်ကူးထားခြင်းဖြစ်ရမည်။
• ကင်မရာတည့်တည့်သို့ မျက်နှာမူထားခြင်းဖြစ်ရမည်။
• ကြည်လင်ပြတ်သားပြီး ဓာတ်ပုံအရည်အသွေးကောင်းမွန်မှုရှိရမည်။
• မျက်မှန် နှင့် ယူနီဖောင်းများ မ၀တ်ဆင်ရပါ။

✅✅✅စနစ်တကျကံစမ်းရန် ဒီအချက်တွေကိုလိုက်နာပါ✅✅✅

• အိမ်ထောင်မရှိသူများသည် ချစ်သူရည်းစားများကို အိမ်ထောင်ဖက်အဖြစ် လျှောက်ထားခြင်းမပြုသင့်ပါ။
• အိမ်ထောင်ရှိသူများသည် ကံစမ်းမဲ ၂စောင်တင်ခွင့်ရှိပါသည်။ မိမိကိုယ်တိုင် ပင်မလျှောက်ထားသူအဖြစ်နေ၍ အိမ်ထောင်ဖက်အား တွဲဖက်လျှောက်ထားသူအဖြစ်ထား၍ ပထမ ကံစမ်းမဲတစ်စောင်တင်ရန်။
• တပြိုင်နက်တည်းတွင် အိမ်ထောင်ဖက်အား ပင်မလျှောက်ထားသူအဖြစ်ထား၍ မိမိက တွဲဖက်လျှောက်ထားသူအဖြစ်နေ၍ ဒုတိယကံစမ်းမဲတစ်စောင်တင်ရန်။
• မိသားစုလိုက်ကံစမ်းသူများသည် အိမ်ထောင်မပြုရသေးသော အသက်၂၁အောက်သားသမီးများကို ကံစမ်းမဲ ၂စောင်လုံးတွင် ထည့်သွင်းရန်။
• အသက် ၂၁နှစ်အထက် သားသမီးများသည် မိဘနှင့်တွဲလျှောက်ခြင်းမပြုဘဲ သီးခြားလျှောက်ရန်။ (၄င်းကံစမ်းမဲပေါက်ခဲ့ပါက မိဘများလိုက်ပါခွင့်မရှိပါ။)
• သတ်မှတ်ထားသောဓာတ်ပုံစည်းကမ်းနှင့်မကိုက်ညီပါက ပယ်မဲအဖြစ်သတ်မှတ်ခြင်းခံရပါမည်။

📌📌📌DV လျှောက်ဖို့အတွက် ၀န်ဆောင်မှုအပ်ချင်တယ်ဆိုရင်တော့ အထက်မှာဖော်ပြထားတဲ့ကိုယ်ရေးအချက်အလက်တွေကို ပြည့်ပြည့်စုံစုံပို့ပေးရုံနဲ့ ကံစမ်းလို့ရပါပြီ။

✅ကံစမ်းမဲကာလ - October 4, 2023 to November 7, 2023
✅၀န်ဆောင်ခလူကြီးတစ်ဦးလျှင်- ၁သောင်းကျပ်
✅ဝန်ဆောင်ခ၂၁နှစ်အောက်တစ်ဦးလျှင်- ၅ထောင်ကျပ်
(ဓာတ်ပုံကို DV-2025 သတ်မှတ်စည်းကမ်းနှင့်ကိုက်ညီအောင် မိမိဘာသာရိုက်ကူးထားပြီးဖြစ်ရပါမည်)
✅ ဓာတ်ပုံကို Viber မှပေးပို့ရပါမည်

✅✅✅DV ကံစမ်းဖို့ Dream to USA မှဘယ်လိုအကောင်းဆုံး၀န်ဆောင်မှုပေးနေလဲ✅✅✅

• ပေးပို့လာသောအချက်အလက်များကို အမှားယွင်းမရှိအောင် ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပေးပါမယ်။
• ဖြည့်စွက်ထားသော အသေးစိတ်အချက်အလက်များကို ပြန်လည်ပြသပေးပါမယ်။
• အချက်အလက်အားလုံး မှန်ကန်ပြီဆိုမှသာ ကံစမ်းမဲကိုတင်ပေးပါမယ်။
• ကံစမ်းမဲထိုးထားသည့်အထောက်အထား DV Submission Confirmation စာရွက်ကို hard copy or soft copy ပေးပို့ပေးပါမည်။ အေဂျင်စီဘက်မှလည်း စနစ်တကျသိမ်းဆည်းပေးထားပါမည်။
• ၂၀၂၄ခုနှစ် မေလတွင် ပေါက်မဲနံပါတ်များကိုကြေငြာသည့်အခါ ပေါက်မဲဟုတ်/မဟုတ်စစ်ဆေးပေးပါမည်။

📌📌📌ကံစမ်းဖို့လူကိုယ်တိုင်ရုံးခန်းသို့လာရောက်၍ဖြစ်စေ မက်ဆင်ဂျာမှဖြစ်စေ ဆက်သွယ်ပြီး နို၀င်ဘာ ၅ရက်နေ့ နောက်ဆုံးထားပြီး ကံစမ်းနိုင်ပါပြီ။

အမေရိကန်အိပ်မက်များကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ကြပါစေ။
"We are with you to turn your American Dreams into reality."

Dream to USA Visa Services
[email protected]
+959954709901

📢တတိယနိုင်ငံများမှတဆင့် USအလည်ဗီဇာ၊ ကျောင်းသားဗီဇာများကို လျှောက်ထားလိုသူများအတွက် အောက်ပါနိုင်ငံများကိုရွေးချယ်ဖြေဆိုပါ...
27/09/2023

📢တတိယနိုင်ငံများမှတဆင့် USအလည်ဗီဇာ၊ ကျောင်းသားဗီဇာများကို လျှောက်ထားလိုသူများအတွက် အောက်ပါနိုင်ငံများကိုရွေးချယ်ဖြေဆိုပါက ၀န်ဆောင်မှုများပေးနေပါသည်။ 📢

🔰မြန်မာနိုင်ငံမှာ အင်တာဗျူးရက်ချိန်းအရမ်းကြပ်လို့ တတိယနိုင်ငံမှတဆင့် အင်တာဗျူး၀င်ရောက်ဖြေဆိုလိုသူ ကျောင်းသားများနဲ့ အမေရိကန်ပြည်ထောင်စုသို့ သတ်မှတ်ကာလအတွင်းရောက်လိုပြီး အလည်ဗီဇာအမြန်လျှောက်ထားလိုသူများအတွက် ၀န်ဆောင်မှုများပေးနေပါတယ်။

✅၀န်ဆောင်မှုရနိုင်တဲ့ နိုင်ငံများနဲ့ အစောဆုံးရနိုင်မယ့် အင်တာဗျူးရက်ချိန်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

1. THAILAND (BANGKOK)
B1/B2 = November 15, 2023
F1 = September 28, 2023

2. THAILAND (CHIANG MAI)
B1/B2 = January 3, 2024
F1 = October 13, 2023

3. SINGAPORE (SINGAPORE)
B1/B2 = October 3, 2023
F1 = September 29, 2023

4. CAMBODIA (PHNOM PENH)
B1/B2 = November 21, 2023
F1 = November 21, 2023

5. BRUNEI (BANDAR SERI BEGAWAN)
B1/B2 = November 8, 2023
F1 = November 8, 2023

6. UNITED ARAB EMIRATES (DUBAI)
B1/B2 = 533 calendar days
F1 = 29 calendar days

7. UNITED ARAB EMIRATES (ABU DHABI)
B1/B2 = 507 calendar days
F1 = 4 calendar days

🔰၀န်ဆောင်မှုတွေထဲမှာ -

• “DS160 Form ကို အမှားမရှိအောင် စနစ်တကျဖြည့်ပေးခြင်း။ ဖြည့်ထားတဲ့ဖောင်ကို SUBMIT မလုပ်ခင်မှာ အသေးစိတ်ပြန်လည်ပြသပေးခြင်း၊ SUBMIT လုပ်ပြီးနောက်မှာ ဖြည့်ထားတဲ့ဖောင်ကို အင်တာဗျူးအတွက်ကြိုတင်လေ့လာနိုင်ရန် ပေးပို့ပေးခြင်း။
• အင်တာဗျူးဖြေလိုတဲ့တတိယနိုင်ငံမှာ ဗီဇာကြေးသွင်းပေးခြင်း။
• အင်တာဗျူးရက်ချိန်းယူပေးခြင်း။
• တတိယနိုင်ငံတွေမှာအင်တာဗျူးဖြေတဲ့အခါ သိထားရမယ့်အချက်အလက်နဲ့ဗဟုသုတများကို Presentation File ဖြင့် အသေးစိတ်ရှင်းပြပေးခြင်း၊ ယူဆောင်သွားရမယ့်စာရွက်စာတမ်းများကို စုစည်းပေးခြင်း၊ စနစ်တကျဖိုင်စီပေးခြင်း။
• အင်တာဗျူးအမေးအဖြေများကို ကာယကံရှင်ရဲ့ case & profile အလိုက် Presentation File ဖြင့် စနစ်တကျ ပြင်ဆင်လေ့ကျင့်ပေးခြင်း။
• ပထအကြိမ်တွင် ဗီဇာမရခဲ့ပါက ၀န်ဆောင်ခထပ်မံမကောက်ခံဘဲ နောက်ထပ်တစ်ကြိမ် အစမှအဆုံး (အခမဲ့) ပြန်လည်လျှောက်ထားပေးခြင်း။” တို့ပါ၀င်မှာဖြစ်ပါတယ်။

🔰DS160 Form ဖြည့်ပြီးသူများ တတိယနိုင်ငံမှာ ဗီဇာကြေးသွင်းဖို့၊ အင်တာဗျူးရက်ချိန်းယူဖို့ ၀န်ဆောင်မှုလိုအပ်တယ်ဆိုရင်လည်း သီးသန့်၀န်ဆောင်မှုများရှိတာမို့ ဆက်သွယ်စုံစမ်းအပ်နှံနိုင်ပါတယ်။

အမေရိကန်အိပ်မက်များကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ကြပါစေ။
"We are with you to turn your American Dreams into reality."

Dream to USA Visa Services
[email protected]
+959954709901

B1/B2 Visa Approved 🎉Congratulations 🎉August 24ရက်နေ့က USအလည်ဗီဇာဖြေဆိုတဲ့ ဇနီးမောင်နှံ ၂ဦး ဗီဇာရရှိပါတယ်။ ထူးခြားချက်အ...
01/09/2023

B1/B2 Visa Approved 🎉

Congratulations 🎉

August 24ရက်နေ့က USအလည်ဗီဇာဖြေဆိုတဲ့ ဇနီးမောင်နှံ ၂ဦး ဗီဇာရရှိပါတယ်။ ထူးခြားချက်အနေနဲ့ အမျိုးသားက ခရီးသွားရာဇ၀င် ၁၀နိုင်ငံရှိပြီး အမျိုးသမီးကတော့ ခရီးသွားရာဇ၀င်မရှိ‌သေးပါဘူး။ ခရီးသွားရာဇ၀င်မရှိပေမယ့် ကိုယ်သွားမယ့်ရည်ရွယ်ချက်ကို ကောင်းမွန်စွာတင်ပြနိုင်မှု၊ ပြန်လာမယ့်သက်သေတွေကိုခိုင်မာအောင် ဖောင်ဖြည့်ကတည်းက သေချာပြင်ဆင်ပြီး အင်တာဗျူးမှာလည်း ပြောပြနိုင်ရင် ဗီဇာရနိုင်တဲ့အခွင့်ရေးရှိတယ်ဆိုတာကို ပြောပြချင်ပါတယ်။

မေးတဲ့အင်တာ‌ဗျူးမေးခွန်းတွေကတော့ ရိုးရှင်းပါတယ်-

✅ ဘာအတွက် ယူအက်စ်ကိုသွားမှာလဲ?
✅ဘယ်မြို့ကိုသွားမလဲ?
✅ဘယ်တုန်းကလက်ထပ်ထားတာလဲ?
✅ဘာအလုပ်လုပ်ကိုင်လဲ? ‌ဆိုတဲ့မေးခွန်းတွေဖြစ်ပါတယ်။

ဗီဇာရရှိတဲ့ ကာယကံရှင် အကိုတို့အမတို့နှင့်အတူ ထပ်တူ၀မ်း‌သာရပါကြောင်း ဂုဏ်ပြုစကားဆိုရင်း ပျော်ရွှင်ချမ်းမြေ့စွာ လည်ပတ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။ ❤️ Service များစွာထဲမှ Dream to USA Visa Services ကိုယုံကြည်ပြီး တကူးတကလာရောက်အပ်နှံပေးလို့လည်း ကျေးဇူးအထူးတင်ရှိရပါတယ်။ အိပ်မက်တူသူ ကာစတမ်မာတွေအတွက် ပိုပြီးကြိုးစားပါ့မယ်။

အမေရိကန်အိပ်မက်များကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ကြပါစေ။
"We are with you to turn your American Dreams into reality."

Dream to USA Visa Services
[email protected]
+959954709901

ကျောင်းသားဗီဇာလျှောက်ပြီး မိသားစုလိုက် US ကိုသွားကြမယ် (F2 Visa)🎉✅အလည်ဗီဇာတခုတည်းကိုဘဲ မိသားစုလိုက်လျှောက်ပြီး US ကိုသွာ...
29/08/2023

ကျောင်းသားဗီဇာလျှောက်ပြီး မိသားစုလိုက် US ကိုသွားကြမယ် (F2 Visa)🎉

✅အလည်ဗီဇာတခုတည်းကိုဘဲ မိသားစုလိုက်လျှောက်ပြီး US ကိုသွားလို့ရတယ်လို့ ထင်ပါသလား? မိသားစုနဲ့အတူ USကိုသွားလို့ရတဲ့ ဗီဇာတွေထဲမှာ F2 Visa အမျိုးအစားလည်းပါ၀င်ပါတယ်။ ကိုယ်က US မှာကျောင်းတက်မယ်။ ကိုယ့်နဲ့အတူအိမ်ထောင်ဖက်နဲ့သားသမီးကိုပါ အတူခေါ်သွားမယ်။ ကိုယ့်ရဲ့သားသမီးတွေကိုလည်း USရဲ့အဆင်မြင့်ပညာရေးကိုသင်ကြားစေလို့ရတဲ့ F2 Visa အမျိုးအစားကိုလည်း မိတ်ဆွေတို့ စိတ်၀င်စားလိမ့်မယ်လို့ ထင်ပါတယ်။ USမှာအချိန်ကြာကြာ မိသားစုနဲ့အတူတကွနေထိုင်ရင်း ပညာသင်လို့ရမယ့် F2 Visa အမျိုးအစားကို ဒီပို့စ်မှာဖော်ပြပေးသွားမှာမို့ လေ့လာကြည့်ဖို့တိုက်တွန်းချင်ပါတယ်။

🔎၁: F2 Visa ဆိုတာဘာလဲ ?

✅F2 Visa ဆိုတာ F1 လို့ခေါ်တဲ့ ကျောင်းသားဗီဇာအမျိုးအစားကနေ ဆင့်ပွားခွဲထွက်တဲ့‌ဗီဇာဖြစ်ပြီး ကိုယ်ကျောင်းတက်တဲ့အခါ ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့ အိမ်ထောင်ပြုထားခြင်းမရှိသေးတဲ့ အသက်၂၁နှစ်အောက်အရွယ် သားသမီးတွေကိုပါ US ကိုခေါ်ဆောင်ခွင့်ရှိတဲ့ Dependent ဗီဇာအမျိုးအစားဘဲဖြစ်ပါတယ်။ မိသားစုနဲ့မခွဲချင်ဘဲ USမှာအတူတကွနေထိုင်ရင်း ပညာသင်ကြား ချင်တဲ့သူတွေအတွက် အကောင်းမွန်ဆုံးနဲ့ အသင့်တော်ဆုံး ဗီဇာအမျိုးအစားဖြစ်ပါတယ်။

🔎၂. F-2 visaနဲ့ USမှာ ဘယ်လောက်ကြာကြာနေလို့ရလဲ?

✅ပင်မ F-1 ဗီဇာကိုင်ဆောင်သူ ယူအက်စ်မှာနေထိုင်ခွင့်ရနေသရွေ့ F-2 ဗီဇာကိုင်ဆောင်သူကလည်း နေထိုင်ခွင့်ရနေမှာဖြစ်ပါတယ်။ ဥပမာ- F-1 ကဗီဇာ ၂နှစ်ရတယ်ဆိုရင် F-2 ကလည်း ၂နှစ်ရမှာဖြစ်ပါတယ်။ F-2 ဗီဇာသက်တမ်းရှိသလောက် ယူအက်စ်ကို အ၀င်အထွက် ပြုလုပ်နိုင်ပါတယ်။ ပင်မ F-1 ဗီဇာကိုင်ဆောင်သူ ဗီဇာသက်တမ်းကုန်သွားတာနဲ့ F-2 ပါတပါတည်း နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။

🔎၃. F-2 ဗီဇာနဲ့အလုပ်လုပ်လို့ရလား?

✅F-2 ဗီဇာနဲ့လိုက်ပါလာတဲ့ အိမ်ထောင်ဖက်အနေနဲ့ အလုပ်လုပ်ခြင်း၊ အချိန်ပြည့်ကျောင်းတက်ခြင်းတွေကို ပြုလုပ်ခွင့်မရှိပါဘူး။ အခကြေးငွေရယူထားခြင်းမရှိတဲ့ volunteer အလုပ်မျိုးတွေကိုတော့ လုပ်ကိုင်နိုင်ပါတယ်။

🔎၄. F-2 ဗီဇာနဲ့ကျောင်းတက်လို့ရလား?

✅F-2 ဗီဇာနဲ့လိုက်ပါလာတဲ့ အိမ်ထောင်ဖက်ကော သားသမီးကော ကောလိပ် နဲ့ တကသိုလ်တွေမှာ အဆင့်မြင့်ဘာသာရပ်တွေကို သင်ကြားဖို့ အချိန်ပြည့်တက်ရတဲ့အတန်းတွေကို သင်ယူတက်ရောက်ခွင့်မရှိပါဘူး။ သို့သော် အချိန်ပိုင်းသာတက်ရတဲ့ အသက်မွေး၀မ်း‌ကျောင်း ပညာရပ်ဆိုင်ရာသင်တန်းတွေဖြစ်တဲ့ (ဥပမာ-ဟင်းချက်နည်းသင်တန်း၊ မိတ်ကပ်လိမ်းခြယ်နည်း သင်တန်း) နဲ့ ဂစ်တာတီးသင်တန်း၊ ရေကူးသင်တန်းစတဲ့ မိမိစိတ်လက်ပျော်ရွှင်မှု၊ ကျန်းမာမှုအတွက် တက်ရတဲ့ သင်တန်းမျိုးတွေကိုတော့ တက်ရောက်လို့ရပါတယ်။ သူငယ်တန်းမှအထက်တန်း (KG to Grade-12) အရွယ်သားသမီးများကတော့ ဗီဇာသက်တမ်းရှိနေတဲ့ ကာလတလျှောက် မူလတန်း၊အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေမှာ ကျောင်းတက်လို့ရပါတယ်။

🔎၅. F2 Visa ကိုဘယ်လိုလျှောက်မလဲ?

✅ပင်မလျှောက်ထားသူဖြစ်တဲ့ F1 နှင့်အတူလျှောက်ထားနိုင်သလို F1 က Visa ရရှိပြီးနောက် အမေရိကန်နိုင်ငံထဲသို့အရင်ရောက်နှင့်ပြီးမှ မိမိက Home Country ကနေလိုက်လာဖို့အတွက် လျှောက်ထားရင်လည်းရပါတယ်။ I20A-B Form နဲ့ DS160 Form တို့ကိုတင်ပြီး ရက်ချိန်းယူပြီး သံရုံးမှာလူတွေ့အင်တာဗျူးဖြေရပါတယ်။

🔎၆. F2 Visa အတွက် ဘာစာရွက်စာတမ်းတွေလိုအပ်မလဲ?

✅• I20 Form
• DS160 Form
• Additional Form
• လက်ထပ်စာချုပ်
• ကလေးမွေးစာရင်း
• မွေးစားထားသောကလေးများရှိပါက မွေးစားခြင်းနှင့်သက်ဆိုင်သော စာရွက်စာတမ်းများ
• US တွင်နေထိုင်မည့်ကာလတစ်လျှောက်လုံးအတွက် မိမိထံတွင် ငွေအလုံအလောက်ရှိကြောင်း သက်သေပြသနိုင်သော အထောက်အထားများ
• ဗီဇာသက်တမ်းကုန်ဆုံးပြီးနောက် နေရပ်ပြန်လာပါမည်ဟုသက်သေပြနိုင်သော အထောက်အထားများ

📌မှီခိုသူများဟာ F2 Visa နှင့်လိုက်ပါနိုင်ဖို့အတွက် F1 လျှောက်ထားသူဟာ အရင်ဆုံး ဗီဇာအောင်ဖို့လိုပါတယ်။ အတူတကွလျှောက်ထားသူများအနေနဲ့ ဗီဇာအောင်တာနဲ့ တပါတည်းအတူတကွလိုက်ပါသွားလို့ရသလို နောက်ပိုင်းမှလိုက်လိုသူများအနေနဲ့ ဗီဇာအင်တာဗျူးကို မိမိဘာသာသပ်သပ်ဖြေဆိုပြီး လိုက်နိုင်ပါတယ်။ F2 Visa နဲ့ပတ်သတ်ပြီး ထပ်ပြီးသိလိုတာတွေရှိရင် Comment မှာဖြစ်ဖြစ် Page Messenger မှာဖြစ်ဖြစ် မေးနိုင်ပါတယ်နော်။

🔰F2 Visa ကိုစိတ်၀င်စားသူမိတ်ဆွေတွေအတွက် F1 Student Visa ကော F2 Dependent Visa ပါ တစ်နေရာတည်းမှာ ဗီဇာရရှိအောင် ပြီးပြည့်စုံစွာလျှောက်ထားနိုင်ဖို့ Dream to USA Visa Services သို့ အမြန်ဆုံး ဆက်သွယ်စုံစမ်းအပ်နှံနိုင်ပါတယ်။

အမေရိကန်အိပ်မက်များကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ကြပါစေ။
“We are with you to turn your American Dreams into reality.”

Dream to USA Visa Services
[email protected]
+959 954709901

26/08/2023

ဗီဇာအငြင်းခံထားရပါသလား? ဒီပို့စ်ကိုဖတ်ကြည့်ပါ!!!✅✅✅

🍀ဗီဇာအငြင်းခံရတဲ့အခါ စိတ်ဓာတ်ကျ စိတ်အားငယ်တဲ့ ခံစားချက်တွေဖြစ်တတ်တာ သဘာ၀ဘဲဖြစ်ပါတယ်။ ဒါပေမယ့် ဗီဇာငြင်းဆိုမှုဟာ အမြဲထာ၀ရမဟုတ်တဲ့အတွက် ပြန်လည်ကြိုးစားဖြေဆိုဖို့အခွင့်အရေး မိမိမှာ အမြဲတမ်းရှိစမြဲဖြစ်ပါတယ်။ ဒါကြောင့် ဗီဇာအငြင်းခံရတဲ့အခါ စိတ်ဓာတ်မကျဘဲ နောက်တစ်ကြိမ် ပြန်လည်ကြိုးစားဖို့ ဘယ်လိုအချက်တွေကိုလုပ်ဆောင်ရမလဲဆိုတာ မျှ‌‌ေ၀ပေးချင်ပါတယ်။

🍀“WHY” & “HOW” ကိုသိရှိခြင်း

ပထမဆုံးအနေနဲ့ ဘာကြောင့်ဗီဇာအငြင်းခံရတယ်ဆိုတဲ့ (Why) ကိုသိရှိရမှာဖြစ်ပါတယ်။ ငြင်းဆိုခံရတဲ့ အကြောင်းပြချက်ကိုသိမှသာ နည်းလမ်းနဲ့အဖြေကိုရှာဖွေပြီး ဘယ်လိုပြန်လည်ကြိုးစားရမယ်ဆိုတဲ့ (How) ကို သိရှိပြီး ပြင်ဆင်ကြိုးစားခွင့်ရမှာဖြစ်ပါတယ်။ US Visa ငြင်းဆိုမှုတိုင်းမှာ 214B Rejection လို့ခေါ်တဲ့ ဗီဇာလျှောက်ထားသူအနေနဲ့ မိမိနေရပ်နိုင်ငံနဲ့ချည်နှောင်မှုကိုမပြနိုင်ဘဲ အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်မယ့်အနေအထားမျိုးကို ကောင်ဆယ်လယ်က သံသယဖြစ်ဖွယ်တွေ့ရှိရလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ဘဲ ငြင်းဆိုလေ့ရှိပါတယ်။ ဒီလိုငြင်းဆိုခံရတဲ့အခါ လူတိုင်းနီးပါးကို ဒီအကြောင်းပြချက်ဘဲပေးတာဖြစ်တဲ့အတွက် မိမိအနေနဲ့ဘယ်နေရာမှာ ပြန်လည်ပြင်ဆင်ဖို့လိုအပ်လဲဆိုတာကို ခန့်မှန်းရခက်တဲ့ အခက်အခဲတွေ့ကြုံရတတ်ပါတယ်။ အဲ့ဒီအတွက် အောက်မှာပြောပြပေးမယ့် အချက်အလက်တွေထဲက ကိုယ်နဲ့ဘယ်အချက်တွေက ကိုက်ညီနေလဲဆိုတာကို သိရှိအောင်လုပ်ပြီး ပြန်လည်ပြင်ဆင်နိုင်သွားမှာဖြစ်ပါတယ်။

🍀ငြင်းဆိုခံရတတ်သောအကြောင်းပြချက်များ

1. ဗီဇာလျှောက်လွှာဖောင်(DS160 Form)တွင်အချက်အလက်မပြည့်စုံခြင်း၊ မှားယွင်းဖော်ပြခြင်း။
2. ဗီဇာအမျိုးအစားမှားယွင်းလျှောက်ထားမိခြင်း။
3. ပတ်စပို့သက်တမ်းကုန်နေခြင်း။
4. ယူအက်စ်သို့ သွားရောက်လိုသောရည်ရွယ်ချက် မတိကျခြင်း။
5. ယခင်ကယူအက်စ်သို့သွားရောက်ထားပြီး အချိန်ကာလကြာမြင့်စွာ တရားမ၀င်နေထိုင်ခဲ့ခြင်း။
6. မိမိအား မိဘ၊ ညီအကိုမောင်နှမ၊ သားသမီးများမှ Immigrant Visa လျှောက်တင်ပေးထားခြင်း။
7. ခရီးသွားရာဇ၀င်နည်းပါးခြင်း (သို့မဟုတ်) လုံး၀မရှိခြင်း။ (ခြွင်းချက်။ ကျောင်းသားများ ခရီးသွားရာဇ၀င်မရှိပေမယ့် ဗီဇာရတတ်ပါသည်။ အလည်ဗီဇာသမားများကတော့ ရှိထားရင်ပိုကောင်းပါသည်။)
8. ဗီဇာအင်တာဗျူးတွင် ကောင်ဆယ်လာမေးသည့် မေးခွန်းများကို တိကျသေချာစွာ မဖြေကြားနိုင်ခြင်း။
9. စိုးရိမ်ထိတ်လန့်သည့် ကိုယ်အမူအရာနှုတ်အမူအရာများကြောင့် ကောင်ဆယ်လာကို သံသယဖြစ်စေခြင်း။
10. မြန်မာနိုင်ငံသို့ပြန်လာပါမည်ဟု သက်သေပြနိုင်သောချည်နှောင်မှုများအကြောင်း (Ties to Home Country) မပြောပြနိုင်ခြင်း (သို့မဟုတ်) မရှိခြင်း။
11. Supportive Documents များကို ကောင်ဆယ်လာမှ ပြသရန်တောင်းဆိုလာသည့်အခါ မပြသနိုင်ခြင်း။ (Supportive Documents: Family Registration Certificate, Bank Statement, Proof of Fund, Income Source, Company or Business License, CV, Resume, Tax Slip, Pay Slip, Employment Letter, Property Documents, etc…)
12. တတိယနိုင်ငံများတွင် ဗီဇာအင်တာဗျူးဖြေဆိုခြင်း။ (ခြွင်းချက်။ ဗီဇာရတဲ့သူအမြောက်များရှိပေမယ့် ကိုယ့်နိုင်ငံမှာဖြေတာလောက် ဗီဇာရနိုင်ခြေမမြင့်တဲ့အတွက် နောက်တကြိမ်ကြိုးစားတဲ့အခါမှာ မြန်မာနိုင်ငံကိုသာ ပြန်လည်ရွေးချယ်သင့်ပါတယ်။)

🍀အထက်မှာဖော်ပြခဲ့တဲ့အချက်တွေထဲမှာ ကိုယ်နဲ့ကိုက်ညီနေတဲ့အချက်အလက် တစ်ခု သို့မဟုတ် တစ်ခုထက်လည်း ပိုနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် case & profile မတူတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့လျှောက်လွှာရယ် အင်တာဗျူးမှာကောင်ဆယ်လာမေးတဲ့မေးခွန်းနဲ့ ကြုံခဲ့ရတဲ့အတွေ့ကြုံ အနေအထားတွေကို ခြုံငုံသုံးသပ်ပြီး အဖြေရှာရမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ ဗီဇာငြင်းခံရတဲ့အခါ ပထမအကြိမ်မှာ မဖော်ပြခဲ့ရတဲ့အချက်အလက်နဲ့ အကြောင်းအရာတွေကို နောက်တကြိမ်မှာဖော်ပြခွင့်ရအောင် ကြိုးစားရမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာကိုလည်း သံရုံးကပေးလိုက်တဲ့ ဗီဇာငြင်းဆိုတဲ့စာရွက်မှာလည်း အတိအလင်း ထည့်သွင်းဖော်ပြထားပြီးသားဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ နောက်တစ်ကြိမ်မှာ သင့်ကိုဘာကြောင့်ဗီဇာပေးဖို့လိုတယ်ဆိုတာကို သက်သေပြနိုင်ဖို့ရယ်၊ သံရုံးကမသိသေးတဲ့ ကိုယ့်ရဲ့ ကောင်းမွန်ပြည့်စုံတဲ့အချက်အလက်တွေနဲ့ ကိုယ်ဟာဗီဇာရဖို့ထိုက်တန်တဲ့သူဆိုတာကို ဖော်ပြနိုင်ရင် ဗီဇာရမယ်ဆိုတဲ့ သဘောတရားဘဲဖြစ်ပါတယ်။

🍀ဗီဇာရဖို့အတွက် ဒီအချက်တွေကိုလုပ်ဆောင်ကြည့်ပါ!!!

1. မိမိသွားလိုတဲ့ခရီးစဥ်ရည်ရွယ်ချက်နဲ့ကိုက်ညီတဲ့ ဗီဇာအမျိုးအစားကို သေချာစွာရွေးချယ်ပါ။
2. DS160 Form မှာ ဖြည့်ထားခဲ့တဲ့အချက်အလက်တွေကို ထပ်ခါထပ်ခါပြန်လည်စစ်ဆေးပြီး လွဲမှားနေတဲ့ အချက်တွေရှိခဲ့ရင် ပြန်လည်ပြင်ဆင်ပါ။
3. ဗီဇာလျှောက်နေတဲ့အချိန်မှာ နေရပ်နဲ့ချည်နှောင်မှုကို ပြသဖို့အတွက် အလုပ်အကိုင်ရှိကြောင်း ၀င်ငွေရှိကြောင်း ဖောင်ထဲမှာဖြည့်ပါ။ (ကျောင်းတက်နေဆဲ သူများကတော့ ကျောင်းတက်နေကြောင်း ဖြည့်နိုင်ပါတယ်။ ဘာအလုပ်မှမရှိဘူးလို့ မဖြည့်စေချင်တဲ့အတွက်ပါ)
4. ခရီးသွားရာဇ၀င်မရှိသူများ နိုင်ငံခြားခရီးထွက်ပေးပါ။
5. ပက်စပို့သက်တမ်းကုန်နေရင် သက်တမ်းတိုးပြီးမှလျှောက်ပါ။ စာအုပ်အမျိုးအစားကို မှန်ကန်စွာရွေးချယ်ပါ။ မြန်မာနိုင်ငံလေဆိပ်ကအထွက်မှာ အခက်ခဲကြုံနိုင်လို့ဖြစ်ပါတယ်။
6. ယူအက်စ်ကိုဘာကြောင့်သွားချင်တာလဲဆိုတဲ့မေးခွန်းကို တိကျသေချာစွာဖြေဆိုပါ။
7. ဒုတိယအကြိမ် ဗီဇာအင်တာဗျူးအတွက် မေးလာနိုင်မယ့်မေးခွန်းများကို မှန်းဆပြီး ကြိုတင်ပြင်ဆင်ပါ။ (အရင်ကမေးခဲ့တဲ့မေးခွန်းတွေကို ထပ်မေးတော့မှာမဟုတ်တဲ့အတွက် မမေးရသေးတဲ့ မေးခွန်းများနဲ့ ကိုယ်မဖော်ပြလိုက်ရတဲ့ အကြောင်းအရာများအတွက် ပြင်ဆင်နိုင်ပါတယ်။)
8. မိမိဟာ ယူအက်စ်မှာအခြေချနေထိုင်မယ့်သူမဟုတ်ကြောင်း မြန်မာနိုင်ငံနဲ့မိမိနဲ့ ချည်နှောင်ထားတဲ့ အရာတွေအကြောင်း (Ties to Home Country)မဖြစ်မနေပြောပြပြီး ကောင်ဆယ်လာယုံကြည်အောင် အင်တာဗျူးဖြေဆိုပါ။
9. ပထမအကြိမ် ဗီဇာငြင်းဆိုခံရတာဟာ တတိယနိုင်ငံတခုခုမှာဖြစ်ခဲ့တယ်ဆိုရင် နောက်တကြိမ်ကို မြန်မာနိုင်ငံမှသာ ပြန်လည်ဖြေဆိုကြည့်ပါ။ မတူညီတဲ့နောက်ထပ်တတိယနိုင်ငံတခုဆီမှာ ထပ်မံကြိုးစားရန် မသင့်ပါ။ (ဥပမာ- မြန်မာနိုင်ငံသားအနေနဲ့ ပထမအကြိမ်တွင် ထိုင်းနိုင်ငံမှဖြေဆိုခဲ့ပြီး ဒုတိယအကြိမ်တွင် စင်ကာပူနိုင်ငံမှဖြေဆိုရန် ကြိုးစားခြင်း။)

🍀ဗီဇာအင်တာဗျူးဟာ အချက်အလက်တိကျသေချာစွာတင်ပြနိုင်မှု၊ ကြိုတင်ပြင်ဆင်မှု၊ နဲ့ ကံတရားအားကောင်းမှုအပေါ် မူတည်ပါတယ်။ ဒါ့အပြင် ဗီဇာငြင်းဆိုမှုတွေဟာ နိုင်ငံရဲ့လက်ရှိအနေအထားပေါ်လည်း သက်ရောက်မှုရှိတာမို့ ဗီဇာငြင်းဆိုမှုနှုနန်းအမြင့်ဆုံးအချိန်ဆိုတာ ရှိတတ်ပြီး တခြားသူကျ တစ်ခေါက်တည်းနဲ့ဗီဇာရပြီး ကိုယ့်အလှည့်မှ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးဖြေရတာမျိုးကြုံရတတ်ပါတယ်။ ဒါပေမယ့်လည်း စိတ်ဓာတ်မကျဘဲ စိတ်ရှည်ဇွဲကောင်းစွာနဲ့ အိပ်မက်ကိုလက်မလွှတ်ဘဲ ကြိုးစားဖြေဆိုကြည့်ပါလို့ တိုက်တွန်းအားပေးလိုက်ရပါတယ်။

အမေရိကန်အိပ်မက်များကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ကြပါစေ။
"We are with you to turn your American Dreams into reality."

Dream to USA Visa Services
✉️ [email protected]
📱 09954709901

Mt. San Antonio College🎊🎊🎊🔰Mt. San Antonio Collegeဟာ Walnut မြို့ California ပြည်နယ်မှာတည်ရှိပြီး ကယ်လီဖိုးနီးယားပြည်နယ်...
25/08/2023

Mt. San Antonio College🎊🎊🎊

🔰Mt. San Antonio Collegeဟာ Walnut မြို့ California ပြည်နယ်မှာတည်ရှိပြီး ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အကောင်းဆုံးသော ကောလိပ်အဆင့်နံပါတ် ၇ မှာရှိတဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ Associate Degree ကိုရရှိဖို့အတွက် ဘာသာရပ်ပေါင်း ၉၀ ကျော်ကို ရွေးချယ်လေ့လာနိုင်ပြီး ၂နှစ်တက်ရောက်ပြီးတဲ့အခါ Bachelor Degree ရယူရန်အတွက် University of California, California State University စတဲ့ကျောင်းတွေမှာ transfer program အဖြစ်ပြောင်းရွှေ့ပြီး ပညာဆက်လက် ဆည်းပူးနိုင်ပါတယ်။

🔰Mt. San Antonio College ရဲ့ Spring 2024 Intake ရဲ့ ကျောင်းစတင်ဖွင့်မယ့်ရက် (Program Start Date)ဟာ ဖေဖော်၀ါရီနောက်ဆုံးအပတ်မှာဖြစ်တာမို့ လက်ရှိ အမေရိကန်သံရုံးမြန်မာရဲ့ အင်တာဗျူးရက်ချိန်းစနစ်အရ ကျောင်းသားတွေအနေနဲ့ ရွေးချယ်လျှောက်ထားဖို့ သင့်တော်တဲ့ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။

🔰ကျောင်းလျှောက်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကို အောက်မှာလေ့လာနိုင်ပါတယ်။

✅Application Deadline (Spring 2024)
November 15, 2023

✅Program Start Date
February 26, 2024

✅Application Fees
$50 (non-refundable)

✅Tuition Fees Per Academic Year (9 Months)
• Tuition and Fees $9890.00
• Health Insurance $1,377.12
• Living Expenses (Food + Housing) $13,500
• Books & Supplies $1,300.00
TOTAL ANNUAL ESTIMATED COSTS = $26,067.12

✅English Proficiency Requirements
TOEFL – 45
IELTS – 4.5
Duolingo – 75

✅Available Majors
https://catalog.mtsac.edu/programs/programsaz/

📌📌📌Mt. San Antonio College မှာကျောင်းလျှောက်ချင်တဲ့ကျောင်းသားတွေအတွက် I-20 အမြန်ဆုံးရရှိပြီး ဗီဇာအင်တာဗျူးအချိန်မှီ၀င်ရောက်ဖြေဆိုနိုင်အောင် Dream to USA မှဆောင်ရွက်ပေးနေတာမို့ ဆက်သွယ်စုံစမ်းအပ်နှံနိုင်ပါတယ်။

အမေရိကန်အိမ်မက်များကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ကြပါစေ။

Dream to USA Visa Services
[email protected]
+959954709901

Address


Telephone

+959954709901

Website

Alerts

Be the first to know and let us send you an email when Dream to USA Visa Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dream to USA Visa Services:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share