ရွှေခရီးဂိတ်မှူး

  • Home
  • ရွှေခရီးဂိတ်မှူး

ရွှေခရီးဂိတ်မှူး အိမ်ခြံမြေရောင်းဝယ်ရေး
အိမ်ခြံရောင

04/08/2022

ရန်ကုန် အောင်ဆန်းကွင်းရှိ ယာဥ်လိုင်းဂိတ်ခွဲများမှ တန်ဆာပစ္စည်းပို့ဆောင်မှုကို စစ်ကောင်စီပိတ်ပင်

ဟိန်းစံ/ဧရာဝတီတိုင်းမ်
သြဂုတ်လ ၄ ရက်

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အောင်ဆန်းအား ကစားကွင်းပတ်လည်တွင်ဖွင့်လှစ်ထားသည့် အဝေးပြေးယာဥ်လိုင်းဌာနခွဲဂိတ်များမှ တန်ဆာပို့ဆောင်၍ မရတော့ကြောင်း ရန်ကုန်အဝေးပြေးယာဥ်လိုင်းအသိုင်းအဝိုင်းနှင့် ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းတချို့ ထံကသိရသည်။

အဆိုပါ အောင်ဆန်းကွင်း ယာဥ်လိုင်းဂိတ်ခွဲများကို ကားလက်မှတ်အရောင်းသာဆက်လက်ခွင့်ပြုမည်ဖြစ်ပြီး ပါဆယ်ပစ္စည်းပို့ဆောင်ခွင့်ကို သြဂုတ်လ ၄ ရက် ယနေ့ မှစတင်၍ ရန်ကုန်စစ်ကောင်စီကပိတ်ပင်လိုက်ကာ ပါဆယ် ပစ္စည်းပို့ဆောင်လိုပါက အောင်မင်္ဂလာအဝေးပြေးကားဝန်းသို့သွားရောက်ပို့ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

'' ဒီနေ့ကစပြီးတော့ နောက်ရက်တွေအတွက် တန်ဆာပစ္စည်းလက်မခံဖို့လာပြောတယ်။ လက်မှတ်ရောင်းတော့ရတယ်ပေါ့။ ဒီကနေတဆင့်ပို့လို့မရတော့ဘူး။ ပစ္စည်းပို့ချင်ရင် အောင်မင်္ဂလာဝန်းအထိသွားပို့ရတော့မယ်ပေါ့။ ဒီကျနော်တို့တွေက ပါဆယ်အသေးအမွှား ပို့ချင်တဲ့အများပြည်သူတွေ အဝေးကြီးမသွားရအောင်၊ အဆင် ပြေအောင်လက်ခံပေးတာ။ သူတို့က မြို့တွင်းမှာ ပါဆယ်တွေကနေပေါက်ကွဲတာတွေဖြစ်နိုင်တယ်ပေါ့၊ ဒီမြို့တွင်းဂိတ်တွေက နဂိုထဲက တန်ဆာလက်ခံခွင့်မရှိဘူးဆိုတာနဲ့ကိုင်ပြီး ပိတ်ခိုင်းတာ။ ကာလကဘယ်၍ဘယ်မျှထိတော့မသိဘူး၊ရက်အကန့်အသတ်မရှိလို့ဘဲအကြမ်းဖျဥ်းသိထားတယ်'' ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ရန်ကုန်အခြေစိုက်အဝေးပြေးယာဥ်လိုင်းတာဝန်ခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိအောင်ဆန်းကွင်းရှိကားဂိတ်များအနေဖြင့်လည်း ပါဆယ်ပစ္စည်းတခုချင်းစီတိုင်းအား ဖွင့်ဖောက်စစ်ဆေးပြီးမှလက်ခံခြင်းဖြစ်ကာ စစ်ကောင်စီကန့်သတ်ထားသည့်ပစ္စည်းများကိုလက်ခံခြင်းမရှိဟုလည်း ၄င်းကဆက် လက်ပြောသည်။

ယင်းကဲ့သို့ မြို့တွင်းကားဂိတ်များမှ ပါဆယ်ပို့ဆောင်ခွင့်ပိတ်ပင်လိုက်သောကြောင့် ပါဆယ်ပစ္စည်းပို့ဆောင်ရေး (Delivery)လုပ်ငန်းအများစုနှင့် ရန်ကုန်မြို့ခံများအတွက် ပိုမိုခက်ခဲသွားမည်ဖြစ်ကြောင်း အသေးစား Delivery လုပ်ငန်းရှင်တဦးကပြောသည်။

'' ကျနော်တို့က Onlineကမှာတဲ့ပစ္စည်းတွေကို Deliလက်ခံပြီးပို့ပေးရတာပေါ့နော်။ အဲ့ဒီိလိုလက်ခံတဲ့အခါမှာလည်း ကားဂိတ်တွေမရောက်ခင်ကျနော်တို့က အရင်စစ်ဆေးပြီးမှလက်ခံတာပေါ့။ရုံး က အောင်ဆန်းကွင်းနဲ့နီးတာပေါ့၊ အွန်လိုင်းပစ္စည်းဆိုတာလည်း ကြီးကြီးမားမားနည်းတယ်။ အထည်လေး၊ရေမွှေးပုလင်းလေးအသေးတွေကများတယ်။ အောင်ဆန်းကွင်းကပို့ဖြစ်တာများတာပေါ့။ ဒီပစ္စည်းအသေးလေးတွေကအစ အောင်မင်္ဂလာအထိသွားပို့ရမယ်ဆိုတော့အဆင်မပြေတော့ဘူး'' ဟု Delivery လုပ်ငန်းရှင်အမျိုးသားတဦးကပြောသည်။

ပြီးခဲ့သည့်ဇွန်လအတွင်း စစ်ခေါင်းဆောင် မင်းအောင် လှိုင် အောင်ဆန်းကွင်းလာရောက်မည့်ရက်ပိုင်းအတွင်းကလည်း ယင်းကဲ့သို့ ပိတ်ပင်မှုပြုလုပ်ခဲ့ပြီး ၇ ရက်ခန့်
အကြာတွင်ပြန်လည်လက်ခံခွင့်ပြုခဲ့ကြောင်းသိရသည်။

'' ဒီရန်ကုန်မြို့ထဲမြို့နယ်တွေပေါ့နော် တောင်ညွှန့်၊ပန်းဘဲတန်း၊ကျောက်တံတား ရန်ကုန်ဒီဘက်တခြမ်းလုံးကမြို့တွေက အောင်ဆန်းကွင်းကိုဘဲအားပြုပြီး ပို့ရတာပေါ့။ သာကေတ လောက်ကလူက မင်္ဂလာဒုံထိသွားပို့ရမယ်ဆိုရင်အခက်တွေ့တာပေါ့'' ဟု ရန်ကုန်မြို့ခံအမျိုးသမီးတဦးကပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် အဝေးပြေးကားများဖြင့် တန်ဆာပစ္စည်းတင်ပို့မှုအား ဒရုန်း၊မှန်ဘီလူး၊သံထည်ပစ္စည်းများအပါအဝင် ပစ္စည်း ၁၉ မျိုးအားကန့်သတ်ထားပြီး လမ်း ခရီးတလျှောက်စစ်ဆေးရေးဂိတ်များတွင်လည်း တင်း ကျပ်သည့်စစ်ဆေးမှုများပြုလုပ်ကြောင်း အဝေးပြေး
ယာဥ်လိုင်းများထံကသိရသည်။

ဓာတ်ပုံ - အောင်ဆန်းကွင်းကားလိုင်းဂိတ်ခွဲတချို့(လူမှုကွန်ယက်)

#ရန်ကုန် #အောင်ဆန်းကွင်း #တန်ဆာပစ္စည်း #ပို့ဆောင်ခွင့် #ပိတ်သိမ်း

31/07/2022
29/7/2022 နေ့မှစ၍‌‌ေကျာက်ကြီးရန်ကုန်‌ေရွှခရီးယာဥ်လိုင်းအားအောက်ပါအစီအစဉ်တိုင်းပြန်လည်ပြေးဆွဲပေးပါမည်။      0400 နာရီ ကွင...
24/07/2022

29/7/2022 နေ့မှစ၍‌‌ေကျာက်ကြီးရန်ကုန်‌ေရွှခရီးယာဥ်လိုင်းအားအောက်ပါအစီအစဉ်တိုင်းပြန်လည်ပြေးဆွဲပေးပါမည်။
0400 နာရီ ကွင်းချောင်းဝမှထွက်
0500 နာရီ ကွင်းချောင်းဝမှထွက်
0600 နာရီ နတ်သံကွင်းမှထွက်
0700နာရီနှင့်1000နာရီကားနှစ်စီးအားကျောက်ကြီးမှကြို/ပို့ကားစီစဉ်ပေးပါမည်။
ပစ္စည်းပို့လိုသူများ သားထွေးလ္ဘက်ရည်ဆိုင်ရွှေခရီးကားဂိတ်တွင်လာရောက်အပ်နှံနိုင်ပါပြီ။
ဆက်သွယ်ရန်ဖုန်းနံပါတ်
09428147920
09421166285
09449923665

30/06/2022

အဝေးပြေး ယာဥ်စီးခနှုန်းထား ကျပ် ၇၀၀၀ ထပ်မံ တိုးမြင့်ကောက်ခံမည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှ ရန်ကုန် နှ.....

သိထားရအောင်လို့ပါ
28/06/2022

သိထားရအောင်လို့ပါ

လက်ရှိ အောင်မင်္ဂလာ အဝေးပြေးယာဥ်လိုင်းများရဲ့ ကားလက်မှတ်ခစျေးနှုန်းများ

24/06/2022

ရန်ကုန်မြို့လယ်ရှိ အောင်ဆန်းကွင်းပတ်လည်က အဖီဆွဲပြီး ဖွင့်ထားတဲ့ ကားဂိတ်တွေ၊ ထမင်းဆိုင်တွေကို တပတ်အတွင်း .....

18/04/2022
09/04/2022

ရေသူမ

26/03/2022

Musician/band

05/03/2022

ထောက်ခံစာရွက်နှင့် ခရီးသွားလာခြင်းကို ဧပြီလကနေစပြီး ခွင့်ပြုတော့မည်မဟုတ်၊ နိုင်ငံသားမှတ်ပုံတင်ပြသနိုင်မှသာ သွားလာခွင့်ပြုမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပြီ။

#မှတ်ပုံတင် #လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန #ခရီးသွားလာခွင့်

08/02/2022

News and Entertainment

02/02/2022

Address

ရွှေကျင်လမ်း/သိန်တန်းရပ်ကွက်/ကျောက်ကြီး, , မြို့ပဲခူးတိုင်း

Telephone

+959428147920

Website

Alerts

Be the first to know and let us send you an email when ရွှေခရီးဂိတ်မှူး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေခရီးဂိတ်မှူး:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share