Soe Rar Air Ticket Agency

  • Home
  • Soe Rar Air Ticket Agency

Soe Rar Air Ticket Agency ပြည်တွင်း ပြည်ပ လေယဉ်လက်မှတ်များ ရေ?

ကိုယ့်ကလေး အနိုင်ကျင့် မခံရအောင် အိမ်မှာ ဘယ်လို ပြောပြ သင်ကြားပေးမလဲ။  ( စာရှည်ပါတယ်) (၁) ကလေးကို "NO " ပြောခွင့် ပေးထား...
14/10/2024

ကိုယ့်ကလေး အနိုင်ကျင့် မခံရအောင် အိမ်မှာ ဘယ်လို ပြောပြ သင်ကြားပေးမလဲ။ ( စာရှည်ပါတယ်)

(၁) ကလေးကို "NO " ပြောခွင့် ပေးထားပါ။ ( ကလေးကို ငြင်းပယ်ခွင့် ပေးပါ)

အိမ်မှာ လူကြီးတွေကို ကြောက်ပြီး ကိစ္စတော်တော်များများမှာလည်း လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာရတဲ့ ကလေးတွေက ပြင်ပ ပတ်ဝန်းကျင်မှာလည်း မကြိုက်တာကို မကြိုက်ကြောင်း ပြောဖို့ ဝန်လေးကြ၊ ကြောက်တတ်ကြပါတယ်။ ဒီလို ပြောရဲ ဆိုရဲဖို့ဆိုရင် အိမ်မှာကတည်းက လေ့ကျင့်ပေးရပါတယ်။

ဥပမာ - အိမ်လာတဲ့ ကလေးက ကိုယ့်ကလေးရဲ့ အကြိုက်ဆုံး အရုပ်လေးကို ကစားဖို့တောင်းတဲ့အခါ မိဘက အားနာပြီး ပေးလိုက်တာထက် ကိုယ့်ကလေးရဲ့ ဆန္ဒကို အရင်မေးသင့်ပါတယ်။ ကလေးက မပေးချင်ရင် အတင်းပေးတာမျိုး မလုပ်ဘဲ ဧည့်သည်ကလေးကို တခြားအရုပ်လေးနဲ့ အစားထိုးတာပေးတာမျိုး၊ အာရုံလွှဲပေးတာမျိုး လုပ်ပေးသင့်ပါတယ်၊။

💛ဒါက ကိုယ့်ကလေးရဲ့ ဆန္ဒကို အလေးထားပေးရာ ရောက်သလို ကိုယ်မလုပ်ချင်တာကို လိုက်လျောစရာမလိုကြောင်း လေ့ကျင့်ပေးရာလည်း ရောက်ပါတယ်။ 💛

(၂) ကလေးရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ခွင့်တောင်းပြီးမှ ကိုင်ပါ။

"ငါ့ ကလေး ပစ္စည်းက ငါ့ပစ္စည်းပဲ " ဆိုတဲ့ အတွေးမျိုး မတွေးဘဲ ကလေးဟာလည်း လူသားတစ်ယောက်ပဲမို့ သူ့ရဲ့ ပစ္စည်းတွေ ယူကိုင်တဲ့အခါ ခွင့်တောင်းပါ။ " သားရေ ...ကွန်ပါဘူးဘေးက ပလတ်စတစ်တွေ မေမေ ခွာလို့ရလား။ သား မကြိုက်ရင် မခွာတော့ဘူးနော် " စသဖြင့်၊ " သမီးရဲ့ စာအုပ်ထဲမှာ မေမေ လျှောက်ခြစ်လို့ ရလား" စသဖြင့် မေးပါ။ ကလေးက " နိုး" လို့ ပြောတဲ့အခါ ဇွတ်အတင်း မလုပ်ပါနဲ့။

🔺တချိန်တည်းမှာပဲ " သမီး စာအုပ်ကို သူငယ်ချင်းက ခြစ်တာ မကြိုက်ရင်လည်း မကြိုက်ကြောင်း ပြောရမယ်" လို့ ရှင်းပြပေးပါ။ အိမ်မှာတောင် မပြောရဲတဲ့ ကလေးက အပြင်မှာရော " NO " ပြောရဲပါ့မလားဆိုတာ မိဘတွေ သတိပြုသင့်ပါတယ်။ 🔺

(၃) အစွဲအလမ်း ကြီးတတ်တဲ့ စိတ်ကို လျှော့အောင် လေ့ကျင့်ပေးပါ။ ( ဘယ်လို ကျင့်ပေးရမလဲဆိုတဲ့ နည်းလမ်းတွေကို နောက်တစ်ပိုစ့်မှာ မျှဝေပေးပါမယ်၊)

" ထမင်းဆို မေမေ ကျွေးမှပဲ စားမယ်။ " " ဖေဖေ ချော့မသိပ်ရင် မအိပ်ဘူး" ....တချို့ကလေးတွေက စိတ်အစွဲကြီးတတ်ကြပါတယ်။ ကျောင်းရောက်တော့လည်း သူငယ်ချင်းတစ်ယောက်ဆိုရင် တစ်ယောက်ကိုပဲ အစွဲအလမ်းကြီးတဲ့အခါ အနိုင်ကျင့်ခံရတာမျိုး ဖြစ်လာပါတယ်။
ဥပမာ - " သူချစ်တဲ့ သူငယ်ချင်း ခိုင်းတာ အကုန်လုပ်ပေးတာမျိုး၊ သူငယ်ချင်းက မခေါ်မှာ ကြောက်လို့ အမြဲ အလျှော့ပေးတာမျိုး။

➡️ဘဝမှာ ဘယ်သူငယ်ချင်း ရှိမှ၊ ဘယ်ဝါရှိမှဆိုတာ အရေးမကြီးဘူး။ ဒီသူငယ်ချင်းက သမီးကို မခေါ်ချင်ရင်လည်း တခြား သူငယ်ချင်းတွေ ရှိတယ်...စသဖြင့် ကလေးနားလည်အောင် ပြောပြပေးပါ။ ⬅️

(၄) စိတ်ဓာတ်ကြံ့ခိုင်အောင် သင်ပေးပါ။

ငယ်သေးတဲ့ ကလေးတွေကို ကြောက်စရာကောင်းတဲ့ ပုံပြင်တွေ၊ သရဲအကြောင်းတွေ မပြောပြဘဲ ကလေးရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးမယ့် ပုံပြင်မျိုးပြောပေးပါ။

သတ္တိရှိတဲ့ ကလေးလေးတွေက ဘယ်လို ပြုမူတဲ့ အကြောင်း၊ " မေမေ့ သားက သတ္တိရှိတဲ့ ကလေးလေးဆိုတော့ သူများကို အနိုင်မကျင့်ဘူးနော်။ သူများ အနိုင်ကျင့်တာလည်း မခံဘူး..."၊ " သမီးက သတ္တိရှိတော့ အနိုင်ကျင့်တတ်တဲ့ ကလေးရဲ့ မျက်လုံးကို သေချာကြည့်ပြီး သမီး မကြိုက်တာကို မကြိုက်ကြောင်း သေချာပြောနော်.." စသဖြင့် ကလေးကို ယုံကြည်ကြောင်း သူ့အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားမျိုး ပြောပေးပါ။

❌ အိမ်မှာပဲ ကျယ်တဲ့ အိမ်ကျယ် ၊ အပြင်ရောက်ရင် အာပလာ၊ အသုံးမကျဘူး.... ဆိုတဲ့ စကားတွေတော့ မပြောပါနဲ့။ကလေးကို စိတ်အားငယ်စေပြီး ပိုကြောက်တတ်စေလို့ပါ။ ❌

(၅) အမြဲတမ်း သည်းခံဖို့ မသင်ပေးပါနဲ့။

အိမ်မှာ အငယ်လေး ရှိတဲ့ ကလေးတွေ (သို့) နေမကောင်းတဲ့ မွေးချင်းကို အမြဲသည်းခံရတဲ့ ကလေးတွေက တစ်ခုခုဆို ကိုယ်ပဲ သည်းခံရမယ် ဆိုတဲ့ စိတ် စွဲသွားပါတယ်။ ဒီတော့ အပြင် ပတ်ဝန်းကျင်မှာလည်း တစ်ယောက်ယောက်က ကိုယ့်ကို အနိုင်ကျင့်တဲ့အခါ အနိုင်ကျင့်လို့ ကျင့်မှန်း မသိ၊ ဒါက သူပဲ အလျှော့ပေး လိုက်လျောရမယ့် ကိစ္စလို ထင်မှတ်သွားကြပါတော့တယ်။

🔶ကလေးကို သဘောထားသေးသိမ်ဖို့ သင်ခိုင်းတာမျိုး မဟုတ်ဘဲ အမြဲတမ်းသည်းခံစရာ မလိုကြောင်းကိုတော့ ကလေးကို သိပါစေ။ Parenting က အစွန်းမရောက်ဘဲ တကယ်ကို အလယ်အလတ် လမ်းစဉ်နဲ့ သွားနိုင်မှ အဆင်ပြေတာပါ။ ကြိုးတန်းပေါ်မှာ လျှောက်နေသလိုမျိုး ဟန်ချက်ညီမှ ကလေးရော၊ မိဘပါ စိတ်ချမ်းသာရပါမယ်။ 🔶

🔷" မတော်တဆ ထိမိခိုက်မိတာမျိုးဆို သူငယ်ချင်းကို သည်းခံရမယ်။ ဒါပေမဲ့ ထပ်ခါထပ်ခါ တမင်လုပ်နေတာမျိုးဆို ဆရာမကို တိုင်ရမယ်။ ဆရာမကို တိုင်တာလည်း ဆက်လုပ်နေသေးရင်တော့ သားက ပြန်ရိုက်လို့ ရတယ်။ မေမေတို့က သားကို မဆူဘူးနော်။ ဒါက သားအပြစ်မဟုတ်ဘူးလေ..." ဆိုပြီး ကလေးကို နားလည်အောင် သေချာရှင်းပြပါ။ ကလေးတွေက ငယ်ပေမဲ့ နားလည်နိုင်စွမ်းမြင့်ကြလို့ သေချာရှင်းပြထားရင် သူတို့ စိတ်ထဲမှာ စွဲသွားပြီး လက်ခံပါတယ်။ 🔷

🔴 တစ်ချိန်တည်းမှာပဲ " သားကလည်း သူငယ်ချင်းကို အရင် သွားမရိုက်ရဘူး။ သူငယ်ချင်း မကြိုက်တာကို မစရဘူးနော်။ သားက အရင် သွားစလို့ ပြဿနာဖြစ်ရင်တော့ သားမှာ အပြစ်ရှိတယ်" ဆိုတာလည်း ရှင်းပြထားဖို့ လိုပါတယ်။ မဟုတ်ရင် ကိုယ့်ကလေးကလည်း တစ်ခါတလေ အနိုင်ကျင့်တတ်တဲ့ ကလေးမျိုး ဖြစ်သွားတတ်ပါတယ်။

(၆) မျက်လုံးချင်းဆုံပြီး စကားပြောတတ်ပါစေ။

အနိုင်ကျင့်တဲ့ ကလေးတွေက တစ်ခုခုဆို ရှက်သလိုလို၊ ကြောက်သလိုလိုနဲ့ မျက်လုံးချင်းဆုံပြီး စကားမပြောတတ်တဲ့ ကလေးတွေကို ပိုပြီး အနိုင်ကျင့်တတ်ပါတယ်။ "ဒီကလေးကို အနိုင်ကျင့်ရင်တော့ ပြန်မပြောရဲပါဘူး။ ပြန်မလုပ်ရဲပါဘူး"ဆိုတဲ့ အတွေးနဲ့ ‌ရွေးပြီး အနိုင်ကျင့်တတ်ကြပါတယ်။

ဒါကြောင့် ကိုယ့်ကလေးကို ရဲရဲဝင့်ဝင့် စကားပြောတတ်ဖို့၊ မျက်လုံးချင်းဆုံပြီး စကားပြောတတ်ဖို့လည်း လေ့ကျင့်ပေးထားပါ။ ကလေးကို ကိုယ်ခံပညာသင်ပေးထားရင်လည်း ကောင်းပါတယ်။ 🙌

(၇) ပြသနာ တစ်ခုခု ကြုံတဲ့အခါ ရင်ဖွင့်ရဲပါစေ။

မေမေ ဆူမှာ ကြောက်လို့၊ ဖေဖေ ရိုက်မှာ စိုးရိမ်လို့၊ မေမေတို့ စိတ်မကောင်းဖြစ်မှာစိုးလို့....စတဲ့ အကြောင်းပြချက်တွေနဲ့ ကလေးတွေက သူတို့ရဲ့ အဆင်မပြေမှုတချို့ကို မပြောပြဘဲ ကြိတ်ဖြေရှင်းတတ်ကြပါတယ်။ မိဘနဲ့ သားသမီးကြားမှာ ဒီလို ရှက်ကြောက်တာမျိုး မရှိဘဲ ​ရင်ဖွင့်ရဲဖို့လည်း အားပေးပါ။

🤗ကလေးပြောတာတွေကို အချိန်ပေးပြီး နားထောင်ပေးမယ်။ ကလေးကို ချစ်ခင်ယုံကြည်မှုတွေ ပြပေးမယ်ဆိုရင်တော့ ဒီလို ကိစ္စကို အလိုလို ဖြေရှင်းပြီးသား ဖြစ်သွားပါမယ်။🤗

ဒီလောက်ဆိုရင်တော့ ကိုယ့်ကလေးကို အနိုင်ကျင့်မခံရအောင် ပြောပြတဲ့အခါ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ မေမေတွေ ကျင့်သုံးနေတဲ့ နည်းလမ်းကောင်းလေးတွေရှိရင်လည်း တခြားမေမေတွေကို ဝေမျှပေးခဲ့ပါဦးနော်။ 🥳🥳

#အနိုင့်ကျင့်မခံရအောင်ဘယ်လိုပြောပြထားမလဲ။


.....~

စက်ချုပ် ကျွမ်းကျင်သူများ အတွက်
14/10/2024

စက်ချုပ် ကျွမ်းကျင်သူများ အတွက်

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)ကို ဒီဇင်ဘာ (၁) ရက်၌ ကျင်းပမည်ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT)ကို ယခုနှစ် ဒီဇ...
06/08/2024

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)ကို ဒီဇင်ဘာ (၁) ရက်၌ ကျင်းပမည်

ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT)ကို ယခုနှစ် ဒီဇင်ဘာ (၁) ရက်တွင် ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေးမြို့တို့မှ စာမေးပွဲဖြေဆိုလိုသူများအနေဖြင့် Online System ဖြင့် လျှောက်လွှာလက်ခံခြင်းကို Leve l N1 အတွက် ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄၊ ၁၅၊ ၂၆ ရက်တို့ တွင်လည်းကောင်း၊ Level N2 အတွက် ဩဂုတ် ၁၄၊ ၁၅၊ ၂၆ ရက်တို့တွင်လည်းကောင်း၊ Level N3 အတွက်ဩဂုတ် ၁၆၊၁၉၊၂၇ ရက်တို့တွင်လည်းကောင်း၊ Level N4 အတွက် ဩဂုတ် ၂၀၊ ၂၁၊ ၂၈ ရက်တွင် လည်းကောင်း ၊ Level N5 အတွက် ဩဂုတ် ၂၂၊ ၂၃ ရက်တို့တွင်လည်းကောင်း လျှောက် လွှာလက်ခံသည့် ရက်အတွင်း ဝင်ရောက်လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။

ရန်ကုန်သင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေ အများဆုံး (၁၀၀) စောင်နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး မန္တလေးသင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများ ဆုံး (၅၀)စောင်နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်သည်။

ရန်ကုန်စာဖြေဌာနအတွက် လျှောက်လွှာများကို ဩဂုတ် (၁ ၂)ရက် ၊ (၁၃)ရက်နှင့် မန္တလေးစာဖြေဌာနအတွက် လျှောက်လွှာများကို ဩဂုတ် (၁၂)ရက်နှင့် (၁၃) ရက်တို့တွင် ရောင်းချပေးမည်ဖြစ်သည်။

ရန်ကုန်စာဖြေဌာနအတွက် လက်ခံမည့်ကာလမှာ ဩဂုတ် ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၉၊၂၀ ရက်နှင့် မန္တလေးစာဖြေဌာနအတွ က် ဩဂုတ် ၁၄၊ ၁၅ ရက်တို့တွင် လျှောက်လွှာလက်ခံမည်ဖြစ်ကြောင်း သိရသည်။

ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်နှင့် (၁၀)နှစ်အောက်ဖြေဆိုသူများအတွက် လျှောက်လွှာရောင်းချခြင်း၊ လက်ခံခြင်းတို့ကို Level အားလုံးအတွက် ဩဂုတ် (၁၂)ရက်နှင့် (၁၃) ရက်တို့တွင် ဆောင်ရွက်ပေးမည်ဖြစ်သည်။

Online System ဖြင့် သင်တန်းကျောင်းများအတွက် ရောင်းချခြင်း၊ လက်ခံခြင်းနှင့် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်၊ (၁၀) နှစ်အောက် ဖြေဆိုသူများအတွက် လျှောက်လွှာရောင်းချခြင်း၊ လက်ခံခြင်းစသည့် တစ်မျိုးစီအတွက် သီးသန့် အသေးစိတ်ရှင်းလင်းချက်များအား ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJ A)မှ သိရသည်။

အမြစ်အညွန့်မတွန့်စေရ ယတြာလူတယောက်ဟာ ကံတွေ ညံ့ပြီး ကျရှုံးတော့မယ်ဆိုရင် အတ္တ,မာနတွေ ကြီးလာတတ်တယ်။ ဒေါသ,လောဘ,မောဟတွေ ကြီးလ...
05/07/2024

အမြစ်အညွန့်မတွန့်စေရ ယတြာ

လူတယောက်ဟာ ကံတွေ ညံ့ပြီး ကျရှုံးတော့မယ်
ဆိုရင် အတ္တ,မာနတွေ ကြီးလာတတ်တယ်။

ဒေါသ,လောဘ,မောဟတွေ ကြီးလာတတ်တယ်။

ကိုယ်လုပ်တာမှ ကိုယ်အမှန်လို့ထင်လာမယ်။

မိမိကိုယ်ကိုအထင်တွေကြီးလာမယ်။

မိတ်ဆွေကောင်းတွေကိုခွာပြီး မြှောက်ပင့်ပေါင်း
တဲ့အပေါင်းအသင်းတွေကို ခုံမင်လာမယ်။

သူတပါးရဲ့ကျေးဇူးတရားတွေကို လျစ်လျူရှု့ပြီး
ငါကံကြောင့်ဖြစ်တာ ငါလုပ်လို့ အောင်မြင်တာ
ငါမို့လုပ်နိုင်တာ ဆိုတဲ့အတွေးတွေ ဝင်လာမယ်။

ဆုံးမစကားပြောတဲ့ ဆရာသမားမိတ်ဆွေတွေကို
အပြစ်မြင်လာမယ် လျှာရှည်လိုက်ကြတာ ငါ့လိုမှ
မဖြစ်ထွန်းပဲ ငါ့ကိုဆရာလာလုပ်နေကြသေးတယ်
ဆိုတဲ့ စိတ်တွေဖြစ်ပေါ်လာမယ်။

ဒါဆို သေချာပါပြီ မကြာတော့တဲ့ကာလအပိုင်းမှာ
ကံဇာတွေ ကျဆင်းလာပါတော့မည်။
ပြဿနာတွေ ဒုက္ခတွေ တွေကြုံရတော့မည်။

ဒီလိုမျိုးတွေ မိမိရဲ့ စိတ်အတွေးမှာ ပေါ်နေပြီလား?
လို့ ဆင်ခြင်ကြည့်ပါ ဆင်ခြင်လို့ရရင် ပြုပြင်ပါ။

🙏ကံပြင်တဲ့အနေနဲ့ ယတြာတခုတော့လုပ်ပေးပါ။
(ဆရာတွေနဲ့ ကံဇာတာသေချာမစစ်ဆေးဖြစ်ရင်တောင်
ဆရာများကို ယတြာအစီမံတွေ အပ်နှံပြုလုပ်ဖို့မတတ်နိုင်တောင်)
အောက်ဖော်ပြပါ အဘဆရာကြီးမင်းသိမ်ခရဲ့နည်းလေးအတိုင်း
အမြစ်အညွှန့်ယတြာတွေ ပြုလုပ်နိုင်ပါသည်။

သစ်ပင်တပင်မှာ အကွမျးမြဉ်းအားဖွငျ့
ပင်စည်ရယ် အမြစ်ရယ် အညွန့်ရယ် ဆိုပြီးရှိပါတယ်

အမြစ်အညွန့်ဆိုတာ
မိမိမွေးနံရဲ့အောက် မှာရှိနေတဲ့နံဟာအမြစ်ပါ
မိမိမွေးနံရဲ့အထက်မှာရှိနေတဲ့နံဟာ အညွန့်ပါ

ဥပမာ တနင်္ဂနွဆေိုကြပါစို့
တနင်္ဂနွရေဲ့အောက် မှာ စနေရှိပါတယ်
တနင်္ဂနွရေဲ့အထက် မှာ တနင်္လာရှိပါတယ်
တနင်္ဂနွရေဲ့ အမြစ်နဲ့ အညွန့်ဟာ
စနေနဲ့တနင်္လာဖြစ်လို့ ဘုရားရှင်ကိုလှူတဲ့အခါ
နှစ်နံတွဲပန်းဖြစ်တဲ့ ဒန်းကြီးညွန့်ကိုလှူရပါမယ်

လွယ်ကူစေရန်အောက်မှာ ပြထားသောအတိုင်း ပြုမူဆောင်ရွက်ကြပါ။

09/05/2024

"ရခိုင်ရိုးရာ ကလေးကင်ပွန်းကိုင် မင်္ဂလာပေးပုံ"

ဓါး = ဓါး လို ထက်မြက်ပါစေ။
ကျောက်တုံး= ကျောက်တုံးလို ကြံ့ခိုင်မာကျောပါစေ။
မြေကြီး= မြေကြီးလို တည်မြဲပါစေ။
ဆန်= ဆန်ရေစပါး ပေါများပါစေ။
ပိုက်ဆံ= ရွှေငွေ ပိုက်ဆံ ပြည့်စုံချမ်းသာပါစေ။
ကင်ပွန်းသီးနဲ့ ဆနွင်းမှုန့် = မကောင်းမှုမှန်သမျှ ကင်းပျောက်ပါစေ။
အုန်းမိုးအရွက်= အမိုးအကာအောက်မှာ အေးချမ်းစွာနေရပါစေ။
ဖိနပ်= ခလုတ်မထိ၊ ဆူးမငြိမ်ပဲ လောကဓံကို ကြံ့ကြံ့ခံ လျှောက်လှမ်းနိုင်ပါစေ။
ဆန်ကော= ဝိုင်း၀န်းသော အစုအဝေးဖြင့် ပြည့်စုံစွာနေရပါစေ။

Credit. Yin Yin Htun
#မေထွီးသျှင်

19/04/2024

ဂျာမဏီ မှာ
ငါးပါးသီလ ဘာညာ မရှိဘူး။
ဒါပေမဲ့ ငှက်ကို ခဲနဲ့ပေါက်ရင်
အပြစ်ကြီးတယ်။
ဘယ်သူမှ မလိုအပ်ဘဲ ဟွန်းမတီးဘူး။

ဘတ်စ်ကား မရပ်ခင်
ထ ရပ်ရင် ဒရိုင်ဘာက
ဘတ်စ်ကားရပ်မှ ထ ရပ်ပါ လို့ပြောမယ်။

အဝတ်အစား ရောင်းတဲ့ဆိုင်မှာ
အလုပ်ဝင်လုပ်တော့ ပထမ ဆုံးနေ့
မန်နေဂျာက ပြောတဲ့စကားက
မီးလန့်အချက်ပေး မြည်ရင်
အရှေ့ပေါက်တံခါး သို့မဟုတ်
အနောက်ပေါက်တံခါးကနေ အပြင်ကိုပြေးပါ။
ဘာမှ မသယ်ပါနဲ့တဲ့။
အနီးက ပန်းခြံထဲမှာ နေနေပါ။
ဒါမှ လူမကျန်တာ သိရမယ်တဲ့။

"သီလစောင့်မှ အူမ တောင့်မယ်"

အဲ့လို ကျွန်တော် ပြောလိုက်တော့
ကျွန်တော့် ဘေးက ချာတိတ်ကလေးက
ရယ်တယ်။

အကိုကလည်း
နိုင်ငံခြားမှာ သီလဆိုတာ မရှိဘူးလေ။
သူတို့လည်း ကြွယ်ဝချမ်းသာ
အောင်မြင်နေတာပါဘဲ။

ကိုယ့်ကျင့် သီလဆိုတာ
ကိုယ်တိုင် ကျင့်ကြံရတဲ့
လူ့စည်းကမ်း ကိုခေါ်တာ ညီလေး ..

ငါးပါးသီလဆိုတာ
လူတို့ လိုက်နာရမည့်
အခြေခံ လူ့ စည်းကမ်း ...

သူတို့ဆီမှာက ကိုယ်ကျင့်သီလကို
ပါးစပ်က မရွတ်တတ်တာဘဲ ရှိတာ
သူများပစ္စည်းမခိုးရဘူးတို့၊လိမ်မပြောရဘူးတို့ ၊
သူတပါးအသက် မသတ်ရဘူးတို့လို
အခြေခံ လူ့သီလ က
၁၀၀ မှာ ၉၀ ရာနှုန်းလောက်က
ကျောင်းနေအရွယ်က စပြီး
စည်းကမ်းတကျ နေတတ်ထိုင်တတ်တယ်။

စာနာတတ် ကူညီတတ်အောင် သင်ပေးခဲ့တာမို့ ...

သူတပါးကို ဒုက္ခပေးဖို့ဝေး
မလိုအပ်ရင်
ကားမောင်းရင်း ဟွန်းတောင် မတီးကြဘူး ...

သီလ မရွတ်ပေမယ့်
ကျင့်ကြံနေလို့ သီလ လုံတယ်ပဲ ခေါ်ဆိုရမှာပဲ။

တို့ဆီမှာက သီလတွေ
တတွင်တွင် ရွတ်ပြီး
အရွတ်သမားတွေသာ များနေတာ။

တစ်ကယ် ကျင့်သုံးတဲ့လူ ကြတော့
မနည်းကို ရှာယူရတယ် ...

အလှူအတန်း ဘာပွဲ ညာပွဲ ... ဆို
အသားကုန်ချပြီ။

ဘေးအိမ်က သက်ကြီးရွယ်အိုတွေ
နှလုံးရပ်ပြီး သေ/သေ - ရှင်/ရှင်
လောလောဆယ် ကိုယ်ပျော်ရဖို့ အဓိကဘဲ။
ကျန်တဲ့လူ ဘယ်လို ဖြစ်ဖြစ်
စိတ်ဓါတ်ပိုင်ရှင်တွေက များတယ် ...

အနန္တစကြာဝဠာ သာ မေတ္တာပို့နေတာပါ
ဘေးအိမ်နဲ့လည်း မတည့်ဘူး .....
ကိုယ့်မိသားစု နဲ့ ကိုယ်တောင် အမွေလုပြီး
အနိုင်အထက် ဖြစ်နေတတ်ကြတယ် ....

အဲ့တော့ ... သီလ ဆိုတာ
ကိုယ်မရွတ်တတ်ပေမယ့်
သီလ နဲ့ အညီ နေတဲ့လူတွေများတဲ့ နေရာနဲ့
ရှိသမျှ သီလ တတွင်တွင် ရွတ်
ဘုရားရှေ့သွား လိုက်နာပါ့မယ်
ကျင့်သုံးပါ့မယ်။

ဘုရား ကျောခိုင်းလိုက်တာနဲ့
လုပ်ချင်ရာ လုပ်တဲ့ လူတွေ ကြာလာတော့
အရောင်အဝါ အရည်အသွေးက
အလိုလို ကျလာတော့တာပါဘဲ ...

#အလွယ်သာ မှတ်ထားပါကွာ
ကိုယ့်ကျင့်သီလ ရှိတဲ့ လူဟာ တိုးတက်မယ်။

ကိုယ့်ကျင့်သီလ ရှိတဲ့ အိမ်တိုးတက်မယ်၊ ဒါမျိုးပါပဲ ။

ဘုရားရှင်ဟောကြားတဲ့ တရားတွေက
အနှစ်တွေချည်းပါ ကွာ ...
လိုက်နာကျင့်သုံးနိုင်ဖို့သာ ခက်နေကြတာ ။

Crd #

29/03/2024

စစ်တွေ ရန်ကုန်
၃၁ ရက်နိမ် သုံးစောင် ရဖို့

17/03/2024

အေရက်ပိုင်း စစ်တွေက လေယဉ်လက်မှတ် အေဂျင့်တိ လက်မှတ်တိ ဟိုနိမ်ရဖို့ အေနိမ်ရဖို့ ဆိုပနာ
ရောင်းနိမ်ရေ
မတန်တဆ ဈေးနဲ့ ဝယ်ဖို့လူတိ နည်းခယာ ဟိဖို့

13/03/2024

စစ်တွေ မန်းတလေး
လေယဉ် လက်မှတ်ရပါဖို့

22 ရက်နိမ်

18/11/2023

20 ရက်နိမ် ရန်ကုန် စစ်တွေ လက်မှတ် 2 စောင်ရပါဖို့
လက်မှတ်ခ + name ချိန်းfee

KTV သွား၍ ကြယ်စင် လမင်းတို့အား ဒါနပြုရန်နားရက်မရှိ
24/10/2023

KTV သွား၍ ကြယ်စင် လမင်းတို့အား
ဒါနပြုရန်
နားရက်မရှိ

ပွဲကတော့ လှပြီဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ရန်နောင်စိုးကို ထောင်ဒဏ် နှစ် ၂၀နှင့် ညီမျှတဲ့ တစ်သက်...
11/10/2023

ပွဲကတော့ လှပြီ
ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ရန်နောင်စိုးကို ထောင်ဒဏ် နှစ် ၂၀နှင့် ညီမျှတဲ့ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်

14/08/2023

ယနေ့ ဈေးကွက်‼️
ရွှေဈေး- ၃၇ သိန်း ၆ သောင်းကျပ်✅
ဒေါ်လာဈေး- ၃,၆၅၀ ကျပ် ✅
ဘတ်ဈေး - ၁၀၁.၅၀ ကျပ်✅ဟုသိရ

ဒီလိုစာသားတွေ လက်မခံဘူး ‼️ငါတို့ဒုက္ခရောက်ရင် ကူညီဖို့ ဘယ်သူမှာမှတာဝန်မရှိဘူး။ဒုက္ခရောက်အောင်လုပ်ခဲ့တာလည်း မင်းတို့မဟုတ်...
09/08/2023

ဒီလိုစာသားတွေ လက်မခံဘူး ‼️

ငါတို့ဒုက္ခရောက်ရင် ကူညီဖို့
ဘယ်သူမှာမှတာဝန်မရှိဘူး။

ဒုက္ခရောက်အောင်လုပ်ခဲ့တာလည်း
မင်းတို့မဟုတ်ဘူး။

ကိုယ်ဒုက္ခရောက်မှ မကူညီရကောင်းလားလို့
တွေးနေရင် မှားတာပေါ့။
လူတိုင်းမှာလည်း ဒုက္ခကိုယ်စီရှိကြတာပဲ။

ငါကူညီထားလို့ ငါ့ကိုပြန်ကူညီကို ကူညီရမယ်ဆိုရင်
မင်းကူညီတုန်းက စေတနာမသန့်ပဲ ပြန်ရလိုမှုနဲ့
မျှော်လင့်ပြီး ကူညီခဲ့တာလား မေးစရာရှိသွားပြီ။

ကိုယ်ဒုက္ခရောက်တုန်း
အကူအညီလိုခဲ့ရင်တောင်
ဘယ်သူကမှ မကူညီလည်း
စိတ်ထဲအငြိုးတွေနဲ့မှတ်မထားဘူး။
ငါ့ကို မကူညီရကောင်းလားလို့လည်း
အတ္တ မာန အာဃာတ အမုန်းတရားတွေ မထားချင်ဘူး။

အကောင်းဆုံးကတော့

ကိုယ်လျှောက်တဲ့လမ်း
ကိုယ်ရွေးခဲ့တဲ့လမ်း
ကိုယ်ရေးခဲ့တဲ့ကိုယ့်သမိုင်း
တနေ့တချိန်မှာ ကိုယ်လိပ်ပြာသန့်ဖို့ပဲလိုတယ်။

ဘဝဟာ ဘယ်အခြေအနေပဲရောက်ရောက်
ဆေးစက်ကျရာ သန်မာနေဖို့ကြိုးစားရမယ်။

ကိုယ်တိုင်ဒုက္ခ မရောက်အောင်နေပါ။
တဖက်လူကို အပြစ်တင်စိတ်လျော့ပါ။
မကူညီနိုင်ရင် ပစ်ထားလိုက်ပါ။

ကူညီပြီးရင် မေ့လိုက်ပါ ။
မျှော်လင့်ချက်ထားလေ ပင်ပန်းလေပါပဲ။
အတုံ့အလှည့်ဆိုတာ ပူလောင်ရတယ်။

Credit

ဓမ္မစကြာနေ့ (1.8.2023)ဆန်၊ဆီ၊ဆေး၊ဆားကို ကပ်လှူဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ် 🙏🙏🙏ဆန်၊ဆီ၊ဆေး၊ဆား ကပ်လှူနည်း***********...
28/07/2023

ဓမ္မစကြာနေ့ (1.8.2023)

ဆန်၊ဆီ၊ဆေး၊ဆားကို ကပ်လှူဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ် 🙏🙏🙏

ဆန်၊ဆီ၊ဆေး၊ဆား ကပ်လှူနည်း
*****************************

လပြည့်နေ့တိုင်း ပြုလုပ်နိင်သည့် ဆန်ဆီဆေးဆား အလှူတော်🙏
လပြည့်နေ့အခါသမယ မှာ ဆန်ဆီဆေးဆား လှူဒါန်းကုသိုလ်ပြုနိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လပြည့်နေ့ မနက် ၉ နာရီ (သို့) ၉ နာရီ ၄၅ မိနစ်တွင် အိမ်၏ ဘုရားကျောင်းဆောင်၌ ဆန်၊ ဆီ၊ ဆေး၊ ဆား တို့ကို လှူဒါန်းပြီး မေတ္တာသုတ် (၁၀) ခေါက်၊ သမ္ဗုဒ္ဓေ (၁၀) ခေါက်၊ ဒိဝါတပတိ (၁၀) ခေါက် ရွတ်ဖတ်ပူဇော်ပါ။ ကုသိုလ်၏ အဖို့ဘာဂကို မေတ္တာပို့၊ အမျှဝေပါ။

လှူဒါန်းရာတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့်တကွ သံဃာတော်များအတွက် ရည်စူးကာ မိမိတတ်နိုင်သလောက် ဆန်အပြည့်၊ ဆီအပြည့် ၊ဆေးပစ္စည်းအပြည့်၊ ဆားအပြည့်ထည့်ကာ ကပ်လှူထားရှိပေးပါ။ ပြည့်ဝခြင်းသဘောကိုဆောင်တဲ့ အဓိပ္ပာယ်ပါ။

ဆန် ဆီ ဆားဆေး လှူဒါန်းရခြင်းအကျိုးမှာ အကျပ် အတည်းများ ရင်ဆိုင်နေရသောအခါ၊ စားဝတ်နေရေးအတွက် ရုန်းကန်ရေသောအခါများတွင် အရံသင့်ပေးမည့်၊ ကျွေးမည့် လက်တစ်စုံ အမှီရစေ၏။ လုပ်ငန်းစီးပွားများ တိုးတက်စေ၏။

ကျန်းမာရေး ချို့ယွင်းသူများ ကျန်းမာလာစေ၏။ မိမိအိမ်တွင် လိုအပ်ချက် မှန်သမျှပြည့်စုံလာစေ၏။ မိမိအိမ်တွင် မရှိစကား၊ ပေးပါတောင်းပါဟု ပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။

မိမိတို့၏ အိမ်မီးဖိုချောင်သည် စားစရာများဖြင့် ပြည့်စုံနေခြင်း၊ စိတ်ဝမ်းကွဲနေသော မိတ်ဆွေ ညီအကိုမောင်နှမများလည်း ပြန်လည်သင့်မြတ်ပါလိမ့်မည်။

လှူပြီး နေ့လည် ၁၂ နာရီ ၊ ၁ နာရီလောက် ပြန်စွန့်ပေးပါ။ စွန့်ပြီးသား ဆန်ကို သံဃာတော်များ၊ သီလရှင်များအား လောင်းလှူခြင်း၊ ဆွမ်းချက်၍ သံဃော်တော်များအား လှူဒါန်းခြင်း၊ မရှိနွမ်းပါးသူများအား ပြန်လည် လှူဒါန်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
အခါကြီးရက်ကြီးတိုင်း ပုံမှန်လုပ်ပေးခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝပြီး ကောင်းကျိုးများဖြင့် ပြည့်စုံနိုင်ကြပါစေ။

Credit original

မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေ ကျပ်နှစ်သောင်းတန်အသစ်များ ထုတ်ဝေမည်။
23/07/2023

မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေ
ကျပ်နှစ်သောင်းတန်အသစ်များ ထုတ်ဝေမည်။

သရက်ရွက် ( Mango Leave ) ကို အမေရိကန်နိုင်ငံမှာ  ၂အောင်စ ကို 13$ နဲ့ရောင်းနေတာတွေ့ရတော့ တစ်ထုပ်ကို မြန်မာငွေ ၂၅၀၀ဝန်းကျင...
13/07/2023

သရက်ရွက် ( Mango Leave ) ကို အမေရိကန်နိုင်ငံမှာ ၂အောင်စ ကို 13$ နဲ့ရောင်းနေတာတွေ့ရတော့ တစ်ထုပ်ကို မြန်မာငွေ ၂၅၀၀ဝန်းကျင်လောက်ကျတယ်
ဘာတွေကောင်းလဲဆို Google ခေါက်ကြည့်လိုက်ပါတယ်။

သရက်သီးအရွက်ဟာ
သရက်သီးထက် အာဟာရပိုများနေပါတယ်။

ဗီတာမင် အေ ဘီ စီ နဲ့
Antioxidant တွေကြွယ်ဝပါတယ်။

သရက်ရွက်ကို ဆေးဘက်ဆိုင်ရာမှာ
ရေနဲ့ပြုတ်၍ဖြစ်စေ အရွက်ကိုအမှုန့်ပြုလုပ်ဖြစ်စေ အသုံးပြုနိုင်သလို အရှေ့တောင်အာရှမှာ
ချက်ပြုတ်စားသောက်ကြပါတယ်။

ဆေးဘက်ဆိုင်ရာအနေဖြင့်
ဆီးချိုရောဂါကို ထိန်းညိဖို့သောက်သုံးကြပါတယ်။

ဒါအပြင် သွေးတိုးရောဂါ ထိန်းညှိပေးပါတယ်
စိတ်ရောဂါ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ
ကုသနိုင်ပါတယ်။

အကျိတ်တွေနဲ့ ကင်ဆာရောဂါကြီးထွားမှုကို
လျော့ချပေးပါတယ်။

သည်းခြေမှာ ကျောက်တည်ခြင်းကို
ခြေဖျက်နိုင်ပါတယ်။

အစာအိမ်ရောဂါတွေ သွေးဝမ်းသွားရောဂါတွေ
ကုသနိုင်ပါတယ်။

ကြို့ထိုးတဲ့ ရောဂါအတွက်ဆို
သရွက်ရွက်ခြောက်ကိုမီးရှို့ပီး ရှူပေးရင်
ပျောက်ကင်းပါတယ်။

မီးလောင်ဒဏ်ရာတွေမှာ အသုံးပြုနိုင်ပါတယ်။

နားကိုက်ရောဂါကုသနိုင်ပါတယ်။

ကိုယ်အလေးချိန်ကို လျော့ချနိုင်ပါတယ်။



အလွန်ဆေးဖက်ဝင်သော သရက်ရွက်အကြောင်း

သရက်ရွက်သည် Vitamin A, B နဲ့ C ကြွယ်ဝပြီး potassium, magnesium ဓာတ်လဲပါဝင်သောကြောင့် ကျန်းမာရေးအတွက်အလွန်အထောက်ကူပြု၍ ဆေးဖက်ဝင်ကြောင်းတင်ပြချင်ပါသည်။

သရက်ရွက် နှင့် ကျန်းမာရေး -

1. သရက်ရွက်တွင် anthocyanidins ဆိုသော
ဓာတ်ပါသောကြောင့် သရက်ရွက်ကို ရေနွေးတွင်
တစ်ညအကြာစိမ်၍ ရလာသောအရည်ကို
သောက်သုံးခြင်းဖြင့် အစပျိုးနေသောသွေးချိုရောဂါသက်သာစေရန်ကူညီပေးသည်။

2. သရက်ရွက်သည်
သွေးတိုးခြင်းကိုလဲသက်သာစေပါသည်။

3. သရက်ရွက်ကို ရေချိုးသောကြွေဇလုံထဲထည့်၍ ရေချိုးခြင်းသည် စိုးရိမ်ပူပန်မှု/anxiety ကိုလဲ
လျော့အောင်ကူညီပေးပါသည်။

4. ကျောက်ကပ်ကျောက်တည်ခြင်းနှင့်
သည်းခြေအိပ်ကျောက်တည်ခြင်းများဖြစ်ပါက သရက်ရွက်ကို အမှုန့်ကြိတ်ပြီး ရေနွေးထဲတစ်ညထား၍ နေ့တိုင်းသောက်လျှင် ကျောက်များကျေစေပြီး
ပျောက်စေပါတယ်။

5. သရက်ရွက်များများကို ပြုပ်၍
ပျားရည်အနည်းငယ်ဖြင့် သောက်လျှင်
အသံပျောက်ခြင်း၊ အအေးမိ ချောင်းဆိုးခြင်း၊
ရင်ကျပ်ခြင်း၊ ပန်းနာရင်ကြပ် တို့ကိုပျောက်စေပါသည်။

6. သရက်ရွက် တွင် adiponectin ပါသောကြောင့်
အဆီပိုများကျပြီး ဝိတ်ထိန်းရာတွင်
အထောက်ကူပြုပါသည်။

7. သရက်ရွက်သည် ကင်ဆာ ကာကွယ်ပေးသည်။

သရက်ရွက်တွင် ဆိုးကျိုးအကြီးကျယ်မရှိပါ။
စားသုံးရန် အန္တရာယ်ကင်းသည်ဟု ဆိုထားပါသည်။

💕💕💕
Crd #.

Address

ငမိုးရိပ်(၈)လမ်း ၊ သကန်းကျွန်း၊

Telephone

+959250505732

Website

Alerts

Be the first to know and let us send you an email when Soe Rar Air Ticket Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Soe Rar Air Ticket Agency:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share