Kaung Kaung Car Rental

  • Home
  • Kaung Kaung Car Rental

Kaung Kaung Car Rental မြန်မာပြည် အနံှ ကားစင်းလုံး အငှားဝန?

22/04/2023

တောင်ကြီး ကလော ပင်တယ အင်းလေးခရီးစဥ်

မကြာမီခရီးသွား ရာသီ အတွက်
10/09/2022

မကြာမီခရီးသွား ရာသီ အတွက်

ပုဂံ သားဆုပန်
04/05/2022

ပုဂံ သားဆုပန်

သားဆုပန်ဘုရား

ပုဂံရှေးဟောင်း သုတေသနပြတိုက်ရှေ့က နှစ်ထပ်ဆင်းထုလေးအတွင်းထဲက တစ်ဆူဟာ ပျူလက်ရာဖြစ်ပြီး
ပုဂံထက်ကိုရှေးကျပါတယ် အပေါ်ဆင်းထုတော်က
အနော်ရထာမင်း ကုသိုလ်တော်ပါ။

နာရီတွေလှူရတဲ့အကြောင်းက ပုပ္ပါး ဘိုးမင်းခေါင်နဲ့ ဆက်စပ်ပါတယ် သားဆုပန်တဲ့အခါ နရီစည်းဝါး ၊ဖိုမ ကိုက်ညီအောင် နရီ(နာရီ)ကို ပုဂံမှာလှူပြီး စည်းနဲ့ဝါးကို ပုပ္ပါးမှာ လှူပါတယ်။

(ယနေ့ခေတ်အချို့က ကျောက်ဆည်မြို့ ရွှေကူကြီးဘုရားမှာလည်း စည်းနဲ့ဝါးကို လှူကြပါတယ်)
ရွှေကူကြီးဘုရားက ဆင်းထုသုံးထပ်ပါ။

အပေါ်ဆင်းထုက အတွင်းဆင်းထုကို ငုံထားတဲ့သဘောကမိခင်ဟာ ရင်သွေးကိုမထိမခိုက်အောင် ကာကွယ်
ထွေးပိုက်တယ်လို့ ယူဆကြပါတယ်။

ဘိုးမင်းခေါင်ရဲ့အလိုအရ ဘဝမှာ နာကျင်စရာတွေ့တိုင်း
ရယ်မောစေဖို့ နာရီလှူရမယ်ဆိုတဲ့ အယူလည်း
တွင်ကျယ်ပါတယ် ကျောက်ပန်းတောင်းကဘုရား
အများစုမှာ အဲ့အယူဆ တွေ့ရတယ်။

ပုဂံက မင်းအိုချမ်းသာဘုရားမှာလည်း နာရီလှူတဲ့ဓလေ့ ရှိပါတယ် ဘုရားစောင့်တဲ့ဘီလူးရုပ်ကိုတောင်
နာရီ ပတ်ပေးထားတယ်။

သားသမီးလိုချင်သူများက နရီ၊စည်းဝါးမှန်လာရင်
သားသမီး သန်မာတယ်ဆိုပြီး တိုင်ကပ်နာရီလှူကြသလို
အချို့ကဘဝရဲ့ နာစရာတွေ့တိုင်း ရီရီမောမော ဖြတ်သန်းရပါစေဆိုပြီး နာရီလှူကြပါတယ်။

(ပြန်လည်မျှဝေပါသည်)

# Credit....
Kyaw San Lin.Bagan Local Guide Service

လမ်းညွှန် 👉👉👉 ရန်ကုန်↔ငပလီလမ်း 👈👈👈ရန်ကုန်ကနေ ငပလီကို မိသားစု အပန်းဖြေသွားကြမယ်လို့စိတ်ကူးရှိကြရင်.... ပြီးတော့ အိမ်စီးကာ...
27/04/2022

လမ်းညွှန် 👉👉👉 ရန်ကုန်↔ငပလီလမ်း 👈👈👈

ရန်ကုန်ကနေ ငပလီကို မိသားစု အပန်းဖြေသွားကြမယ်လို့
စိတ်ကူးရှိကြရင်.... ပြီးတော့ အိမ်စီးကားလေးလဲ ရှိရင်ပေါ့

မနက်(၄:၀၀)လောက် ရန်ကုန်ကစထွက်ပြီး ရန်ကုန် ပုသိမ်လမ်းအတိုင်းမောင်း ပြီးတော့ ကျောင်းကုန်းမြို့ကျော်ရင် ငါးသိုင်းချောင်းလမ်းခွဲရှိပါတယ်။ အဲဒီလမ်းအတိုင်းမှန်မှန်လေး မောင်းလာခဲ့ရင် အသုတ်၊ရေကြည်၊ ငါးသိုင်းချောင်းကျော်လို့ ရခိုင်ရိုးမခြေရင်းက ရေနံ့သာကို မနက်(၉:၀၀)နာရီ လောက်ဆိုရင်ရောက်ပါပြီ....။ ရန်ကုန်မှ ရေနံ့သာလမ်းဆုံထိ မိုင်၁၀၀ ရှိပါတယ်။

ရိုးပေါ်မတက်မီ ကားလမ်းတစ်နေရာမှာ ဆီဖြည့် ပြီးတော့ ဆိုင်ကောင်းကောင်းတစ်ခုမှာ အဆာပြေစား ကားခဏနားပေါ့....။

အဲ့ဒီကနေ ဆက်မောင်းလာခဲ့မယ်ဆိုရင် ရခိုင်ရိုးမပေါ် ကွေ့ပတ်ဖေါက်ထါးတဲ့လမ်းအတိုင်း တောက်လျှောက်တက်ပါပြီ....။

စအတက်ကနေ ဂွမြို့အထိက (၅၅)မိုင်
ရှိတယ်ပါတယ်... သာယာလှပတဲ့ တောင်ပေါ်ရှုခင်းအလှတွေကို ကြည့်ရှုခံစားရင်း ရိုးပေါ်က လမ်းခုလတ် တောမြိုင်သူ ထမင်းဆိုင်မှာ ရခိုင်အာပူကြက်သားဟင်းနဲ့ ထမင်းကို မြိန်ယှက်စွာ စားသုံးရင်း အနားယူလို့ရပါတယ်။ ကားလဲနား ရေလဲဖြန်းပေါ့။

အဲ့ဒီကနေ ဆက်ထွက်လာရင် နေ့လည်(၁၂:၀၀) လောက်မှာ ရခိုင်ပြည်နယ် ဂွမြို့လေးကို ရောက်ပါပြီ.။ ရန်ကုန် မှ ဂွမြို့ထီ ၁၅၅ မိုင် ရှိပါတယ်။

ဂွမြို့ကနေလွန်တာနဲ့ ကမ်းသာယာအလှ ပင်လယ်ပြင်အလှကို စတွေ့ရရင်ပဲ အမောပြေစေတော့တာပါဘဲ။ ဓါတ်ပုံရိုက် ပင်လယ်ရှုခင်းခံစား ခဏနားလို့ရတဲ့ ထမင်းဆိုင်၊ စားသောက်ဆိုင်တွေ ရှိပါတယ်..။

ဆတ်သွားချောင်းတံတားအလှ ၊ ကြွေချိုင် ဂျိုင်ကောက်ရွာလေးတွေ၊
ပင်လယ်မှေးတင်ပြီး ရွာတည်ထားတာလေးတွေ၊ငါးဖမ်းလှေတွေကို ကြည့်ရှု အစီအရီခံစားရင်း ကျိန္တလီမြို့လေးကိုကျော်လာခဲ့ပြီဆိုရင် သံတွဲမြို့ဧရိယာထဲကို ရောက်ပါပြီ။ တောင်ပူစာ တောင်လုံးလေးတွေ လယ်ကွက်တွေကို ကြည့်ရှုငေးမောရင်း သံတွဲမြို့အဝင်ကို ဆံတော်တောင် ဘုရားခြေရင်းကနေဖြတ်လို့ သံတွဲ-ငပလီ လမ်းမကြီးအတိုင်း မောင်းလာခဲ့ရင် ငပလီကမ်းခြေကို ညနေ(၃:၀၀)လောက် ရောက်ပါပြီ...။
ရန်ကုန်မြို့မှ ငပလီကမ်းခြေထိ မိုင် ၂၄၀ ခန့်ရှိပါတယ်။

ငပလီကမ်းခြေကိုရောက်ရင်ဖြင့် သာယာလှပတဲ့ ကမ်းခြေအလှနဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်လေကို ရှုလိုက်ရတာနဲ့ တပြိုင်နက် လမ်းခရီးမှာ ပင်ပန်းနွမ်းနယ်လာခဲ့သမျှ ချက်ချင်းလက်ငင်း ပြေပျောက်စေမှာပါ😊
source..ngapali wave

17/04/2022
ငပလီ သို့ အလည်တခေါက်အာရှတိုက်ရဲ့ အလှဆုံး ကမ်းခြေ 🌊🌊🌊မြန်မာမှာသာမက ကမ္ဘာမှာပါ ထင်ရှားကျော်ကြားတဲ့ ကမ်းခြေတစ်ခုလို့လည်း သတ...
15/04/2022

ငပလီ သို့ အလည်တခေါက်

အာရှတိုက်ရဲ့ အလှဆုံး ကမ်းခြေ 🌊🌊🌊

မြန်မာမှာသာမက ကမ္ဘာမှာပါ ထင်ရှားကျော်ကြားတဲ့ ကမ်းခြေတစ်ခုလို့လည်း သတ်မှတ်ရမှာပါ။ နိုင်ငံတကာ ခရီးသွား ဝက်ဆိုဒ်တွေမှာ အများဆုံး နေရာယူထား ဖော်ပြခြင်းခံရပြီး အရှေ့တောင်အာရှရဲ့ အလှဆုံး ကမ်းခြေတစ်ခုလည်း ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်ကို မျက်နှာမူထားပြီး ပင်လယ် သဘာဝအလှတရားအားလုံးကို ပိုင်ဆိုင်ထားတယ်ဆိုလည်း မမှားပါဘူး။ သူကတော့ ရခိုင်ပြည်နယ် ၊ သံတွဲမြို့နဲ့ (၇) ကီလိုမီတာ (၄)မိုင်အကွာမှာ တည်ရှိတဲ့ မြန်မာတို့ရဲ့ ကမ်းခြေ ငပလီ ကမ်းခြေပဲ ဖြစ်ပါတော့တယ်။ 🏖️🏖️🏖️

ဒေသခံတွေရဲ့ ပြောပြချက်အရ ငပလီဆိုတာ ဟိုးအရင်တုန်းက အီတလီလူမျိုးတစ်ဦးက သူနိုင်ငံရဲ့ မြို့တစ်ခုဖြစ်တဲ့ နာပိုလီမြို့ရှိ (Napoli) ကမ်းခြေနှင့်တူတာကို အစွဲပြု ခေါ်ခဲ့ရာမှ ရခိုင် ပြည်သူတို့ စကားသံဖြင့် ငပလီ ဟူ၍ဖြစ်လာခဲ့ပါတယ်။ နာပိုလီဆိုတာ အီတလီ ဘာသာစကားအဓိပ္ပာယ်အရ အလွန်သာယာပြီး ရှုခင်းလှပသောလို့ နာပိုလီလို့ ခေါ်တာ ဖြစ်ပါတယ်။

ငပလီကမ်းခြေရောက်ရင် အားလုံးမြင်တွေ့နေကျဖြစ်တဲ့ ရေသူမ ရုပ်တုက ထူးခြားချက်တစ်ခု ဖြစ်လို့ နေပါတယ်။ (၁၉၇၄)ခုနှစ် ဧပြီလ လောက်မှာ ငပလီ ကမ်းခြေ အဏ္ဏဝါရိပ်သာရှေ့ ကျောက်ဆောင်မှာ လွတ်လပ်ရေး မော်ကွန်းဝင် စာရေးဆရာကြီး တစ်ဦးဖြစ်တဲ့ ရာမည ကိုကိုနိုင် ဆိုတဲ့ ဆရာက အမြင့် ခြောက်ပေရှိတဲ့ ရေသူမ (ရခိုင်အခေါ် ရီသူမ) ရုပ်တုကို လေးရက်နဲ့ သုံးည တိုင်တိုင် အပင်ပန်းခံ ထုဆစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီရေသူမရုပ်ဟာ ငပလီ ကမ်းခြေရဲ့ အမှတ်အသားတစ်ခုလို ဖြစ်နေပါပြီ။

# credit

Ready For tomorrow
12/04/2022

Ready For tomorrow

သင်္ကြန် ရန်ကုန် ~ငပလီ~ရန်ကုန်   Booking Order  ရထားပါတယ်2~3 ရက်
28/03/2022

သင်္ကြန် ရန်ကုန် ~ငပလီ~ရန်ကုန် Booking Order ရထားပါတယ်
2~3 ရက်

Address


Alerts

Be the first to know and let us send you an email when Kaung Kaung Car Rental posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung Kaung Car Rental:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share