HpaAnn.com

HpaAnn.com Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HpaAnn.com, Tour Agency, .
(1)

အားလုံးကို လွမ်းရတယ်ဗျာကျွန်တော်တို့ မုလအိခရီးစဉ်လေးကိုလွမ်းတယ်Monsoon Adventure မှာ Trekking တူတူလျှောက်ခဲ့သူတွေဇွဲကပင်...
20/10/2022

အားလုံးကို လွမ်းရတယ်ဗျာ

ကျွန်တော်တို့ မုလအိခရီးစဉ်လေးကိုလွမ်းတယ်

Monsoon Adventure မှာ Trekking တူတူလျှောက်ခဲ့သူတွေ

ဇွဲကပင်တောင်ကို အတူတူတက်ခဲ့ကြသူ ညီကိုမောင်နှမတွေအားလုံးကိုသတိရပါတယ်

ခုချိန်ဆို မုလအိရာသီစပြီ တချို့က ခရီးစဉ်မစသေးဘူးလားမေးကြတယ်

စချင်တာပေါ့ဗျာ ကျွန်တော်တို့က ပိုတောင်စချင်သေးတာပေါ့

တောင်ပေါ်မှာ Camping လုပ် မီးလေးဖိုပြီး မနက် နေထွက်တဲ့အချိန်ထိ မအိပ်ပဲ စကားတွေပြောဖြစ်ကြတဲ့အချိန်တွေ ပြန်မလိုချင်ပဲနေပါ့မလားဗျာ

HpaAnn.com နဲ့ပဲ ခရီးသွားခဲ့တဲ့သူတွေ နောက်လည်း HpaAnn.com နဲ့ပဲသွားမယ်ဆိုတဲ့ တစ်ဦးတယောက်ချင်းစီတိုင်းကို

ကျွန်တော်တို့ ရင်ထဲကနေလှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုကျေးဇူးတင်ပါတယ်

ခုချိန်ကာလမှာ ဘယ်ခရီးစဉ်မှ ပြန်စဖြစ်ဦးမှာမဟုတ်သေးပေမယ့်လည်း

ခရီးစဉ်တွေပြန်စတဲ့အခါ အသစ်အသစ်သော

ရင်သပ်ရှူမောစရာကောင်းအောင်လှတဲ့ ကရင့်တောင်တန်းတွေ ရေတံခွန်တွေနဲ့ ဂူတွေထဲကို ကျွန်တော်တို့ အတူတူခရီးထွက်ကြမယ်ဗျာ

အခုတော့ ပုံအဟောင်းလေးတွေနဲ့ပဲ ချွေးသိပ်ပါရစေဗျာ

ဒီနေ့မနက် ဇွဲကပင်တောင်ပေါ်က အချမ်းပြေလေးတွေတောင်ပေါ်မှာအေးကလည်းအေး မီးဖိုလှုံတာမျိုးလည်းမရှိတော့လောလောလက်လက် တောင်တက်လာတ...
26/12/2021

ဒီနေ့မနက် ဇွဲကပင်တောင်ပေါ်က အချမ်းပြေလေးတွေ

တောင်ပေါ်မှာအေးကလည်းအေး မီးဖိုလှုံတာမျိုးလည်းမရှိတော့

လောလောလက်လက် တောင်တက်လာတဲ့ ဖိနပ်နွေးနွေးလေးတွေပေါ်တက်ပြီးကွေးတော့တာပဲ

ဝုတ်ဝုတ်ပေါက်စတွေ ညဏ်ကောင်းချက်နော်

လူလည်အာရှသားဆိုတာ သူတို့မှအစစ်

Photo: Ma Thandar

ယနေ့မနက် အပူချိန် ၁၈ ဒီဂရီ ဘားအံမှာ အနွေးထည်ချွတ်၍ မရပါတမြို့လုံးကို မြူတွေသိုင်းခြုံထားတာကိုကြည့်ပြီးကရင်ပြည်နယ်ထွက် သံ...
06/12/2021

ယနေ့မနက် အပူချိန် ၁၈ ဒီဂရီ

ဘားအံမှာ အနွေးထည်ချွတ်၍ မရပါ

တမြို့လုံးကို မြူတွေသိုင်းခြုံထားတာကိုကြည့်ပြီး

ကရင်ပြည်နယ်ထွက် သံတောင်ကော်ဖီလေး တကြိုက်သောက်မိတယ်

(ကူးယူဖော်ပြခွင့်မပြုပါ)

Photo: Saw Cho Lay
HpaAaa.com

ဇွဲကပင်တောင်ပေါ်က တိမ်ပင်လယ်လေးမိုးအကုန် ဆောင်းအကူး ကာလမှာ တိမ်ပင်လယ်ထွန်းတာနည်းသွားပါပြီတိပ်ပင်လယ်ဖြစ်တဲ့အချိန် ဇွဲကပင်...
10/11/2021

ဇွဲကပင်တောင်ပေါ်က တိမ်ပင်လယ်လေး

မိုးအကုန် ဆောင်းအကူး ကာလမှာ တိမ်ပင်လယ်ထွန်းတာနည်းသွားပါပြီ

တိပ်ပင်လယ်ဖြစ်တဲ့အချိန် ဇွဲကပင်တောင်တက်ရင်

ကိုယ့်ရဲ့အရှေ့ ကိုက် ၂၀ လောက်ကို ဘာဆိုဘာမှမမြင်ရတော့ပါဘူး

ခုချိန်ဆို တောပန်းတွေလည်းပွင့်ခဲ့ပြီးဖြစ်သလို

ထုံးကျောက်တောင်တွေမှာသာတွေ့ရတတ်တဲ့ ကျောက်ခက်ပန်းတွေလည်းပွင့်နေပါပြီ

Photo crd: Thandar Aung

25/07/2021

ဇွဲကပင်တောင်ကို တောင်ငယ်လေးတွေက

ကာထားတယ် ဒါပေမယ့် မကွယ်သွားဘူး

လယ်ကွင်းမှာ မိုးတွေတဖွဲဖွဲကျနေတယ်

မြူတွေတအုံ့အုံ့ဆိုင်းလာတယ် ဇွဲကပင်ရဲ့အရိပ်ကထင်းနေဆဲ

အော်....ရှေ့လယ်ကွင်းကနွားကလေး

လွတ်လပ်စွာ ခုန်ပေါက်မြူးနေတာများ

ငါမနာလိုလိုက်တာ

ဘားအံညစျေးတန်းမှာ အမှတ်တရတွေရှိဖူးလားတောထမင်းဆိုင်မှာ တို့စရာဗန်းလိုက်ကြီးနဲ့ သံလွင်မြစ်ကိုငေးရင်း ခေါင်းမဖော်တန်းစားခဲ့...
20/07/2021

ဘားအံညစျေးတန်းမှာ အမှတ်တရတွေရှိဖူးလား

တောထမင်းဆိုင်မှာ တို့စရာဗန်းလိုက်ကြီးနဲ့ သံလွင်မြစ်ကိုငေးရင်း ခေါင်းမဖော်တန်းစားခဲ့တာတွေ

အမိုးကြီးကရင်မုန့်တီဆိုင်မှာ အမိုးကိုယ်တိုင်ညှပ်ပေးတဲ့ ခရမ်းချဉ်သီး ပဲပင်ပေါက်တွေနဲ့ပလုတ်ပလောင်းစားပြီး

လက်တဖက်က တန်တယ်ဆိုပြီးဝယ်ချလိုက်တဲ့ အကင်စုံတွေ

နောက်လက်တဖက်က အအေးစုံကိုနှစ်ဗူးလောက်ချိတ်ပြီး

ညစျေးတခွင်ကိုပတ်လျှောက်ခဲ့တာတွေ ဒါတွေဟာခုတော့လွမ်းစရာတစ်ခုအလားပဲ

အခုတော့ ညစျေးလည်းပိတ်ထားလိုက်ရပြီ ဒါပေမယ့် ကမ်းနားကိုရောက်တိုင်း

ညစျေးရဲ့အမှတ်တရတွေကတော့ အမြဲတန်းရှင်သန်နေဆဲပါပဲ

ညစျေးရဲ့အမှတ်တရလေးတွေရှိရင် ပြောခဲ့ပါဉီး

ဇွဲကပင်တောင်ကို တိမ်တွေဖွက်ထားလိုက်တဲ့အကြောင်းအဝေးတနေရာက သူတွေကိုသတင်းပေးပေးပါတိမ်တွေကြားထဲကနေ ဇွဲကပင်တက်ရင်ကျောစိမ့်အော...
19/07/2021

ဇွဲကပင်တောင်ကို တိမ်တွေဖွက်ထားလိုက်တဲ့အကြောင်း

အဝေးတနေရာက သူတွေကိုသတင်းပေးပေးပါ

တိမ်တွေကြားထဲကနေ ဇွဲကပင်တက်ရင်

ကျောစိမ့်အောင်အေးတဲ့အကြောင်း

တခါက တောင်တက်ဖော်များကို အသိပေးပေးပါ

တော်ပေါ်လှေကားထစ်တွေဟာ ရေတံခွန်အဖြစ်ပြောင်းသွားသလို

တောင်နံရံတွေမှာလည်း တောပန်းတွေဝေနေတဲ့အကြောင်း

တောင်ခြေက ရေကန်ကြီးဟာ စိမ်းပြာရောင်ပြောင်းသွားတဲ့အကြောင်းပြောရင်း

ကျွန်တော်တို့ ခင်ဗျားတို့ကို တကယ်လွမ်းပါတယ်

ဘားအံမြို့ရဲ့ မနက်ခင်းလေးအရင်လို ဧည့်သည်တွေမရှိတော့တာကလွဲရင်အရင်အတိုင်းပဲလှမြဲလှနေဆဲပါ
16/07/2021

ဘားအံမြို့ရဲ့ မနက်ခင်းလေး

အရင်လို ဧည့်သည်တွေမရှိတော့တာကလွဲရင်

အရင်အတိုင်းပဲလှမြဲလှနေဆဲပါ

ဘားအံရဲ့ မိုးရာသီကိုလွမ်းတယ်တောင်ခိုးတွေအပြိုင်ဝေ့တဲ့ ထုံးကျောက်တောင်တွေကိုလွမ်းတယ်ဇွဲကပင်တောင်ပေါ်က တိမ်ပင်လယ်မနက်ခင်းက...
15/07/2021

ဘားအံရဲ့ မိုးရာသီကိုလွမ်းတယ်

တောင်ခိုးတွေအပြိုင်ဝေ့တဲ့ ထုံးကျောက်တောင်တွေကိုလွမ်းတယ်

ဇွဲကပင်တောင်ပေါ်က တိမ်ပင်လယ်မနက်ခင်းကိုလွမ်းတယ်

ကားမလာခင် ဓာတ်ပုံပြေးရိုက်ရတဲ့ နောင်လုံတောင်ကြားကိုလွမ်းတယ်

ဆန္ဒန်ဂူမှာ လှေစီးရင်း ကရင်သီချင်းဆိုပြတဲ့ ကရင်မောင်ကျော်ကြီးကိုလွမ်းတယ်

ကျောက်ကလပ်နဲ့ထွန့်ပတိုင်က နှမ်းငပိရည် စတုဒိသာကိုလွမ်းတယ်

ကြာအင်းတောင်ပေါ်ကရှူမြင်ကွင်း ဖားပုတောင်ကနေဝင်ချိန် တောင်ဝိုင်းရဲ့ sun rise ကအစ

ညစျေးတန်းက တောထမင်း အမိုးကြီးမုန့်ဟင်းခါးအဆုံး

ကျုံထော်ရေတံခွန်မကျန် လွမ်းရပါတယ်

သူတို့တွေလည်း မလာတာကြာတဲ့ ဧည့်သည်တွေကို မျှော်နေလောက်ရောပေါ့

20/01/2021

တိမ်တွေပေါ် တောင်တွေထက် က လူသားတွေရောက်ရှိနိုင်တဲ့ နတ်ပြည်လို့ တင်စားခေါ်ကြတာ မှားသလား........

ကံကောင်းရင် ဒီလို မြင်ကွင်းမျိုး မြင်ရတာမျိုးနဲ့ ကြုံပါတယ်.......

ကရင်ပြည်နယ် ဒေါနတောင်တန်းထက်က မုလအိ တောင် ​ရှုခင်းပဲ ဖြစ်ပါတယ်........

ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးလေးဖြစ်ပါစေခင်ဗျာဒီနှစ် ကျွန်တော်တို့ ညီကိုမောင်နှမတွေကိုကရင်နှစ်သစ်ကူးလိုက်မပို့နိုင်ပေမယ့်...
13/01/2021

ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးလေးဖြစ်ပါစေခင်ဗျာ

ဒီနှစ် ကျွန်တော်တို့ ညီကိုမောင်နှမတွေကို

ကရင်နှစ်သစ်ကူးလိုက်မပို့နိုင်ပေမယ့်

နောက်နှစ်တွေကြရင်တော့

ကောက်သစ်တူတူစား တာလပေါ့လေးနဲ့ ခေါင်ရည်တူတူတည်းကြပါမယ်

မုလအိမှာ တောင်ပင်လယ် စပေါ်နေပါပြီဗျို့အဆင်သင့်လုပ်ထားပေးကြပါနော်မကြာခင် ကျွန်တော်တို့ဆုံကြမယ်ဗျာPhoto - Ko Lin
04/01/2021

မုလအိမှာ တောင်ပင်လယ် စပေါ်နေပါပြီဗျို့
အဆင်သင့်လုပ်ထားပေးကြပါနော်
မကြာခင် ကျွန်တော်တို့ဆုံကြမယ်ဗျာ

Photo - Ko Lin

အမေးများသော မုလအိ Camping အကြောင်း၁။ မုလအိ Camping ဘယ်တော့ပြန်စမှာလဲ။ကျွန်တော်တို့ဘက်ကလည်း အမြန်ဆုံးပြန်စချင်နေပါပြီဗျာ။...
03/01/2021

အမေးများသော မုလအိ Camping အကြောင်း

၁။ မုလအိ Camping ဘယ်တော့ပြန်စမှာလဲ။
ကျွန်တော်တို့ဘက်ကလည်း အမြန်ဆုံးပြန်စချင်နေပါပြီဗျာ။ လတ်တလောမှာတော့ တောင်ပေါ်ကို ကိုဗစ်လုံခြုံရေးကြောင့် ပြင်ပခရီးသွားတွေ တရား၀င် သွားရောက်လည်ပတ်လို့မရသေးပါဘူး။ အဖြစ်နိုင်ဆုံး January လထဲပြန်စနိုင်မယ့်လို့ မျှော်လင့်ထားပြီး ခရီးသွားလာခွင့်တွေရတာနဲ့ Camping ပြန်စလို့ရအောင် ကျွန်တော်တို့ဘက်မှလည်း အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်ခင်ဗျ။

၂။ တစ်ယောက်ကို ဘယ်လောက်ကျလဲ၊ ဘာ၀န်ဆောင်မှုတွေပါလဲ။
MOHS နေချမှတ်တဲ့ ကျန်းမာရေး Guideline တွေနဲ့ အညီလုပ်ဆောင်ရမှာဖြစ်တာကြောင့် အရင်က ၀န်ဆောင်မှုပေးတဲ့ပုံစံမျိုးနဲ့ အနည်းငယ်ကွဲပြားသွားနိုင်ပြီး ကုန်ကျစရိတ်လည်းအပြောင်းအလဲရှိသွားနိုင်ပါတယ်ခင်ဗျ။ လာလည်တဲ့ အကိုအမတွေအတွက် Safe အဖြစ်ဆုံးဖြစ်အောင် ခရီးစဉ်တစ်ခုကို လိုက်ပါနိုင်တဲ့ လူဦးရေလျှော့ချတာမျိုး၊ အတတ်နိုင်ဆုံးတစ်ခါသုံးပစ္စည်းတွေကိုသုံးတာမျိုး၊ တစ်ကိုယ်ရည်သုံးကျန်းမာရေးပစ္စည်းတွေကို စီစဉ်ထားတာမျိုး နဲ့ Insurance ထည့်ပေါင်းပေးတာမျိုးတွေအထိစီစဉ်ထားပေးမှာပါ။ အရင်က ၀န်ဆောင်မှုမှာဆိုရင် မြ၀တီမြို့ကနေ ခရီးစဉ်စပြီး မနက်စာ၊ နေ့လည်စာ၊ ညစာ အပါအ၀င် နောက်တစ်နေ့အတွက် မနက်စာနဲ့ နေ့လည်စာပါပါ၀င်ပါတယ်။ တောင်ပေါ်မှာ အချိုတည်းဖို့ Snack နဲ့ ကော်ဖီ မုန့်တွေလည်းပါ၀င်မှာဖြစ်ပြီး Camping လုပ်ဖို့အတွက် လိုအပ်တဲ့ Tent, Sleeping bag, Ground sheet စတာတွေကိုကျွန်တော်တို့ဘက်က စီစဉ်ပေးမှာဖြစ်ပါတယ်ဗျ။ အသေးစိတ်ကိုတော့ ခရီးစဉ်ပြန်စတာနဲ့ ပိုစ့်တင်ပြီး အသိပေးပါမယ်ခင်ဗျ။

၃။ အခုချိန်မှာ မုလအိက အစိမ်းရောင်လား အဝါရောင်လား။
ဒီအချိန်က စပ်ကြားကာလလို့ပြောလို့ရပါတယ်ဗျ။ မိုးတွင်းဆိုရင် လုံး၀စိမ်းနေပြီး ဖေဖော်ဝါရီလောက်ဆိုရင် ဝါပါတယ်။ အခုချိန်ကတော့ အစိမ်းကနေ အဝါပြောင်းတဲ့ကာလဖြစ်ပြီး တချို့နေရာတွေက စိမ်းပြီး တချို့နေရာတွေက ဝါနေပါတယ်။

၄။ တောင်ပေါ်မှာ အိမ်သာရှိလား။
တောင်ပေါ်မှာ အိမ်သာရှိပါတယ် ဒါပေမယ့် Camp site မှာတော့ အိမ်သာမရှိပါဘူး။

၅။ တောင်ပေါ်မှာ ဝိုင်သောက်လို့ရလား။
ဘာသာရေးအရ အရေးပါတဲ့နေရာဖြစ်တဲ့အပြင် ဒေသခံတွေရဲ့ ယုံကြည်မှုအရကော ဓလေ့အရပါ အရက် နဲ့ အသားငါးတွေကို ယူဆောင်လာလို့မရပါဘူး။ ယူလာမိခဲ့ရင်လည်း တောင်ခြေမှာ ထားခဲ့ရပါတယ်။

၆။ တောင်ပေါ်မှာ မီးရှူးမီးပန်း ဖောက်လို့ရလား။
မုလအိတောင်ဟာ ဘေးပတ်လည်တောင်တွေထက် အမြင့်မှာရှိတာကြောင့် လေတိုက်ပါတယ်။ အဲဒါကြောင့် မီးရှူးမီးပွားကြောင့် မလိုလားအပ်တာတွေမဖြစ်အောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ မီးရှူးမီးပန်း ကစားခွင့်မရှိပါဘူး။ လေကြမ်းတဲ့နေ့တွေဆိုရင် မီးဖိုတာမျိုးတောင် မလုပ်ပဲနေရပါတယ်။

၇။ စုံတွဲလာလို့ရလား။
လာလို့ရပါတယ်
ဒေသခံတွေရဲ့ ဓလေ့ ယုံကြည်မှုအရ မုလအိတောင်ပေါ်ရောက်တာနဲ့ လင်မယားဖြစ်နေရင်တောင် မောင်နှမလိုနေပါမယ်ဆိုပြီး သစ္စာပြုပြီး ပွေ့ဖက်တာ နဲ့ နမ်း တာမျိုးတွေလုံး၀မလုပ်ရပါဘူး။ တောင်ပေါ်ဘုရားကိုသွားမယ်ဆိုရင်လည်း ဒူးအဖုံး၊ ပုခုံးလုံတဲ့အ၀တ်အစားမျိုးကို၀တ်ရမှာဖြစ်ပါတယ်။ Tent နဲ့ညအိပ်တဲ့အခါမှာလည်း ယောကျာ်းလေးအချင်းချင်း မိန်းကလေးအချင်းချင်းသာ အတူတူအိပ်ရပါတယ်။

၈။ တောင်ပေါ်မှာ အေးလား။
အခုချိန် ဆောင်းတွင်းကာလဖြစ်တဲ့အတွက် အအေးဆုံးအချိန်လို့ပြောလို့ရပါတယ်။ တောင်ပေါ်မှာ တစ်ခါတစ်ရံ လေကြမ်းတတ်ပြီး ဆီးနှင်းမိုးကွက်ကျားရွာတာမျိုးဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ Pilot trip စသွားတုန်းကဆိုရင် လက်အိတ်မယူသွားမိတာကြောင့် တစ်ညလုံး လက်ကိုအပြင်မထုတ်ပဲ အကျီ င်္အိတ်ကပ်ထဲထည့်ပြီး နေခဲ့ရဖူးပါတယ်။ တောင်ပေါ်မှာ ရေချိုးလို့ရပေမယ့်လည်း ဒေသခံတွေတောင် သုံးလေးရက်ကြာမှ တစ်ခါချိုးကြပါတယ်။ ရာသီဥတုကို ပုံသေတော့တွက်လို့မရပါဘူး။ အကျီ်လက်ပြတ်လေးနဲ့ပဲနေလို့ရအောင် အအေးပေါ့တဲ့ရက်တွေလည်းရှိပါတယ်။

၉။ တိမ်ပင်လယ်မြင်ရမလား၊ တောင်ပင်လယ်မြင်ရမလား။
နှစ်ခုလုံးမြင်ရနိုင်သလို နှစ်ခုလုံး မမြင်ရတာမျိုးလည်းဖြစ်နိုင်ပါတယ်ဗျ။ အပေါ်ကပြောခဲ့သလိုပဲ ရာသီဥတုကို ပုံသေမှန်းလို့မရတာကြောင့်ပါ။ တစ်ခါတစ်လေ ညနေပိုင်းမြူတွေတက်လာရင် လမ်းလျှောက်နေတဲ့ ခေါင်းပေါ်ကနေမြူတွေဖြတ်သွားတာမျိုးလည်းမြင်ရပါတယ်။ တစ်ခါတစ်လေ ထိုင်းနယ်စပ်ဘက်က တောင်အနိမ့်လေးတွေမှာ တိမ်ပင်လယ်ပေါ်တတ်သလို။ တစ်ခါတစ်လေတော့လည်း Campsite မှာမပေါ်ပဲ တောင်ပေါ်ဘုရားကကြည့်မှပေါ်တာမျိုးကိုမြင်ရပါတယ်။ တောင်ပင်လယ်နဲ့ မြူပင်လယ်ကတွဲပေါ်တတ်ပါတယ်။ နေမထွက်ခင် မြူတွေပိတ်နေပြီး တောင်ကြားထဲကနေ နေထွက်လာတာနဲ့ မြူကွဲပြီး တောင်ပင်လယ်ဘွားကနဲပေါ်လာတတ်ပါတယ်။ အဲဒီအချိန်မျိုးဆိုရင် သိပ်လှပါတယ်၊ ပန်းချီကားတစ်ချပ်လိုကိုလှပါတယ် နေရဲ့အလင်းကြောင့် တောင်ရဲ့အရိပ်တွေက လုံး၀မကွဲသေးတဲ့ မြူပေါ်မှာ အရိပ်ထင်နေတာမျိုးပေါ့။ ကျွန်တော်တို့ ပုံတွေတင်ပေးထားပါတယ်ဗျ။

၁၀။ Discount ရှိလား။
HpaAnn.com ကနေပြီး Discount ပေးလေ့ပေးထတော့မရှိပါဘူး။ ဒါပေမယ့် HpaAnn.com နဲ့အတူတူခရီးသွားခဲ့ဖူးတဲ့သူတွေရယ် ခရီးစဉ်မကြေညာခင်ကတည်းက Messenger ကနေကော Phone ကနေကော စုံစမ်းမေးမြန်းထားတဲ့သူတွေ၊ ကြိုတင်စာရင်းပေးထားတဲ့သူတွေနဲ့ ခရီးစဉ်စတာနဲ့အသိပေးဖို့ပြောထားသူတွေအတွက်ကိုတော့ % တစ်ခုပေးမှာဖြစ်ပါတယ်ဗျ။

၁၁။ တောင်ပေါ်မှာ ဖုန်းလိုင်းမိလား။
MPT ရံဖန်ရံခါမိတာမျိုးရှိပါတယ်။ ကျန်တဲ့ ဖုန်းလိုင်းတွေတော့မမိပါဘူး။ ထိုင်းနဲ့နီးနေတာကြောင့် Roaming ၀င်သွားပြီး ဖုန်းအ၀င်အထွက်တွေကို Roaming Charges နဲ့ကောက်တတ်ပါတယ်။ MPT မဟုတ်တဲ့ဖုန်းတွေကတော့ တောင်ပေါ်မရောက်ခင်မှာပဲ လိုင်းပျောက်ပါတယ်။ ထိုင်း SIM တွေတော့ လိုင်းမိပါတယ်။

၁၂။ တောင်ပေါ်မှာ စျေးဆိုင်ရှိလား။
တောင်ပေါ်မှာ စျေးဆိုင်အသေးလေးတွေရှိပြီး Snack၊ ကရင်အထည်နဲ့ တခြား ဒေသထွက်လေးတွေရောင်းတတ်ပါတယ်။ ပစ္စည်းတွေကို ထိုင်းဘတ်စျေးနဲ့ပဲရောင်းလေ့ရှိပြီး မြန်မာငွေနဲ့ပေးရင်လည်းရပါတယ်။

၁၃။ တစ်ယောက်ထဲလာလို့ရလား။
ရပါတယ်ခင်ဗျာ။ ကျွန်တော်တို့ဆီကို Solo အလာများပါတယ်။ Solo အများစုကလည်း မိန်းကလေးတွေများပါတယ်။ သဘောကောင်းပြီး ခင်ဖို့ကောင်းတဲ့ ဂိုက်တွေပါမှာမို့ တစ်ယောက်ထဲဖြစ်ပြီး ပျင်းနေရမှာတော့မပူရပါဘူး။ ခရီးစဉ်အတွင်းမှာပဲ ကျွန်တော်တို့တွေ မိတ်ဆွေ သူငယ်ချင်းတွေ ဖြစ်ပါပြီ။

မေးစရာလေးတွေထပ်ရှိရင်လည်း Comment မှာမေးခဲ့လို့ရပါတယ်။ ကျွန်တော်တို့ပြန်ဖြေပေးပါမယ်ဗျ။

မုလအိ ကို လွမ်းတဲ့လူ ရှိလား?သွားဖို့ရော စိတ်ကူးဖူးလား? ကပ်ရောဂါတွေ အခြေအနေအေးရင် HpaAnn.com. နဲ့တူတူ မုလအိကို ခြေဆန့်ရအေ...
02/01/2021

မုလအိ ကို လွမ်းတဲ့လူ ရှိလား?

သွားဖို့ရော စိတ်ကူးဖူးလား?

ကပ်ရောဂါတွေ အခြေအနေအေးရင် HpaAnn.com. နဲ့တူတူ မုလအိကို ခြေဆန့်ရအောင်။

ဒါကတော့ ဒီနေ့ နေထွက်ချိန်ကနေ နေမြင့်သွားတဲ့အချိန်ထိ စောင့်ပီးရိုက်ထားတဲ့ မုလအိက ပုံတချို့ပါပဲ ။

ခရီးစဥ် အသေးစိတ်
-------------------------------

https://m.facebook.com/story.php?story_fbid=140623854079361&id=101666214641792

Photo By Ngal Ngal

ဒီဇင်ဘာ ၁၁ နေ့ဟာ ကမ္ဘာ့တောင်များနေ့ (International mountain day) ဖြစ်ပါတယ်တောင်တွေဟာ သစ်တောအများစုကို ထိန်းသိမ်းထားတဲ့နေ...
11/12/2020

ဒီဇင်ဘာ ၁၁ နေ့ဟာ ကမ္ဘာ့တောင်များနေ့ (International mountain day) ဖြစ်ပါတယ်

တောင်တွေဟာ သစ်တောအများစုကို ထိန်းသိမ်းထားတဲ့နေရာဖြစ်ပြီး

ပန်း သစ်ခွမျိုးစိတ်နဲ့ ဇီဝမျိုးကွဲပေါင်းများစွာ ရှင်သန်နေထိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်

အများစုသတိမထားမိကြတာက တောင်တွေပေါ်မှာ နေထိုင်ကြတဲ့လူဉီးရေဟာ

ကမ္ဘာ့လူဉီးရေရဲ့ 15% ရှိနေတယ်ဆိုတာပါ

အဲဒီထဲမှာ ကျွန်တော်တို့ ကရင်ပြည်နယ်က ကရင်တိုင်းရင်းသား​တွေအပြင် တခြား ရှမ်း ကချင် ချင်း လီဆူး အာခါ စတဲ့တိုင်းရင်းသား ညီကိုမောင်နှမတွေလည်းပါဝင်ပါတယ်

ဒါပေမယ့်လည်း သစ်တောအလွန်အကျွံခုတ်ထွင်မှုနဲ့ တောင်ဖြိုမှုလို လုပ်ရပ်တွေကြောင့်

သက်ရှိ သက်မဲ့ ဇီဝမျိုးကွဲတွေအပြင် ရိုးရာမပျက်နေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသားများအပေါ်မှာလည်း ထိခိုက်မှုတွေရှိလာပါတယ်

၂၀၂၀ ကမ္ဘာ့တောင်များနေ့ရဲ့ Theme ကတော့ Mountain Biodiversity ဖြစ်ပါတယ်

သဘာဝရဲ့ ဇီဝမျိုးကွဲများကို ကာကွယ်နိုင်ဖို့ တစ်နိုင်တစ်ပိုင်အနေဖြင့် တောမီးရှို့ခြင်း အမှိုက်ပစ်ခြင်း ရှားပါးတိရစ္ဆာန်များရောင်းဝယ်ဖောက်ကားမှုများအား အားမပေးခြင်းဖြင့် ကာကွယ်နိုင်ကြောင်း အသိပေးရင်း

ရေမြေ တောတောင်သဘာဝများအား တစ်နိုင်တစ်ပိုင်မှ တစုတစည်းထဲ ကာကွယ်ကြပါစို့

HpaAnn.com
ကရင်ပြည်နယ်အကျိုးပြု ခရီးသွားလုပ်ငန်း

အနွေးထည်ချွတ်လို့မရတဲ့ မုလအိဆောင်းလက်အိတ်မဝတ်မိရင် မီးပုံနားကပ်နေရတဲ့ မုလအိဆောင်းတောင်ပေါ်နေသူတွေတောင် နေ့တိုင်းရေမချိုး...
08/12/2020

အနွေးထည်ချွတ်လို့မရတဲ့ မုလအိဆောင်း

လက်အိတ်မဝတ်မိရင် မီးပုံနားကပ်နေရတဲ့ မုလအိဆောင်း

တောင်ပေါ်နေသူတွေတောင် နေ့တိုင်းရေမချိုးနိုင်တဲ့ မုလအိဆောင်း

ပန်းတွေလည်းပွင့်နေပြီ တိမ်တွေလည်း ကနေပြီ

သဘာဝရဲ့ခေါ်သံကို ခပ်လှမ်းလှမ်းက ကြားနေရပြီ

အဆင်သင့်လုပ်ထားကြပါ .......

တောင်ပေါ်က ရွက်ဖျင်တဲလေးထဲမှာ မကြာခင်ဆုံကြမယ်ဗျာ

ဒါနဲ့......... အနွေးထည်လေးတွေ ကြိုဝယ်ထားလို့ရပြီနော်

မကြာမီ............

Photo crd to https://www.facebook.com/media/set/?set=a.2272217566122665&type=3

မဂ်လာရှိတဲ့ တန်ဆောင်မုန်းလပြည့်ညဆေးပေါင်းခတဲ့ အခါသမယမှာခရီးသွားဖော် မိတ်ဆွေသူငယ်ချင်းများအားလုံးရောဂါဘယကင်းပြီး ကိုဗစ်အလ...
29/11/2020

မဂ်လာရှိတဲ့ တန်ဆောင်မုန်းလပြည့်ည

ဆေးပေါင်းခတဲ့ အခါသမယမှာ

ခရီးသွားဖော် မိတ်ဆွေသူငယ်ချင်းများအားလုံး

ရောဂါဘယကင်းပြီး ကိုဗစ်အလွန်မှာ

စိတ်ကျန်းမှာ ကိုယ်ချမ်းသာစွာ ခရီးတွေထွက်နိုင်ကြပါစေလို့

HpaAnn.com မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်

မုလအိ Camping လာရင် မနက်စာကိုဒီလိုစားရမှာပါတိမ်တွေပေါ် တောင်ထက်ကနေတောင်ပယ်လယ်ကြားထဲက နေထွက်လာတာကိုကြည့်ရင်းကရင်ပြည်နယ်ထွ...
28/11/2020

မုလအိ Camping လာရင် မနက်စာကိုဒီလိုစားရမှာပါ

တိမ်တွေပေါ် တောင်ထက်ကနေ

တောင်ပယ်လယ်ကြားထဲက နေထွက်လာတာကိုကြည့်ရင်း

ကရင်ပြည်နယ်ထွက် ကော်ဖီလေးသောက်

သက်သက်လွတ်မနက်စာလေးကိုစားပြီး သဘာဝကိုခံစားပေါ့

ပေ ၇၀၀၀ နီးပါးဆိုတော့ ရာသီဉတုကအေးပြီးချမ်းစိမ့်နေမှာ

အနွေးထည်ထူထူသာဝတ်လာခဲ့ဖို့လိုတာ

ကရင်ပြည်နယ်ရဲ့ အမြင့်ဆုံး Camping မကြာခင်စပါတော့မယ်ဆိုတာ

အသိပေးရင်းးးးးးးးး တောင်ပင်လယ်ပေါ်မှာ စုံကြရအောင်

26/11/2020

တိမ်ပင်လယ်နဲ့ ကရင်မလေး နန်း

မုလအိတောင် ရာသီအလိုက် အရောင်ပြောင်းတာသိပါသလား????အစိမ်းရောင်ကိုပိုကြိုက်လား အဝါရောင်ကိုပိုကြိုက်လား????တစ်ရာသီနဲ့တစ်ရာသီ...
23/11/2020

မုလအိတောင် ရာသီအလိုက် အရောင်ပြောင်းတာသိပါသလား????

အစိမ်းရောင်ကိုပိုကြိုက်လား အဝါရောင်ကိုပိုကြိုက်လား????

တစ်ရာသီနဲ့တစ်ရာသီ ခံစားရတဲ့မြင်ကွင်းကလည်းကွဲသေးသလို

တိမ်ပင်လယ်ရာသီ တောင်ပင်လယ်ရာသီဆိုပြီး အလှကလည်းမတူပြန်ဘူး

ခုချိန်ဆိုရင် တောင်စောင်းတလျှောက်တောပန်းတွေ ပွင့်နေပြီ

ဒီချိန်တောင်ပေါ်တက်ရင် ရေမထိရဲဘူး

မီးဖိုနားကပ် Tent ထဲမှာ Sleeping Bag နဲ့ကွေးလို့ကောင်းမှကောင်း

မနက်အိပ်ယာထရင် တောင်ပင်လယ်ထဲက

နေထွက်လာတာကိုကြည့်ပြီး ကရင်ပြည်နယ်ထွက်ကော်ဖီလေးကိုသောက်

ပြီးရင် ဘေးနားကတိမ်တွေပေါ်ကနေ​လမ်းလျှောက်ပေါ့
တောင်ပင်လယ်ပုံ နောက်နေ့တင်ပေးပါမယ်​ဗျာ

မုလအိခရီးစဉ်မကြာခင်ပြန်စပါမယ်

HpaAnn.com
ကရင်ပြည်နယ်အကျိုးပြုခရီးသွားလုပ်ငန်း

ဆောင်းအဝင် ဘားအံမနက်ခင်းလေးနဲ့ ကရင်မလေးများမြူတလူလူ တိမ်တရွေ့ရွေ့ ဘားအံမှာ ဆောင်းစဝင်ပြီလေအခုချိန်ဟာ ဘားအံရဲ့ တိမ်ပင်လယ်...
20/11/2020

ဆောင်းအဝင် ဘားအံမနက်ခင်းလေးနဲ့ ကရင်မလေးများ
မြူတလူလူ တိမ်တရွေ့ရွေ့ ဘားအံမှာ ဆောင်းစဝင်ပြီလေ
အခုချိန်ဟာ ဘားအံရဲ့ တိမ်ပင်လယ် ရာသီပေါ့
သဘာဝကတော့ အချိန်မှန် တာဝန်ကျေပါတယ်
ဧည့်သည်တွေကိုလည်းမျှော်နေလေရဲ့

မဂ်လာရှိသော သီတင်းကျွတ်ကာလလေးပါဗျာချစ်ရသူတွေနဲ့ အတူတူခရီးမသွားနိုင်ပေမယ့်ချစ်ရသူတွေနဲ့ သီတင်းကျွတ်ကာလလေးကို ဖြတ်သန်းနိုင...
31/10/2020

မဂ်လာရှိသော သီတင်းကျွတ်ကာလလေးပါဗျာ

ချစ်ရသူတွေနဲ့ အတူတူခရီးမသွားနိုင်ပေမယ့်

ချစ်ရသူတွေနဲ့ သီတင်းကျွတ်ကာလလေးကို ဖြတ်သန်းနိုင်ကြပါစေ

ကိုဗစ်ကာလအလွန်မှာ ကျွန်တော်တို့တစ်တွေ

သဘာဝထဲ တောတွေတောင်တွေထဲ ခရီးတွေအတူတူသွားကြမယ်

အတူတူခရီးသွားခဲ့ချိန်များအား သတိရလျက်

HpaAnn.com
ကရင်ပြည်နယ်အကျိုးပြု ခရီးသွားလုပ်ငန်း

မုလအိတောင်ပေါ်မှာ ပန်းတွေပွင့်နေပြီဗျို့မကြာသေးခင်က သွားထားတဲ့ မုလအိပါမုလအိတောင်ဟာ ပုံမှန်ဆို အဝါရောင်သန်းလေ့ရှိပေမယ့်မိ...
21/09/2020

မုလအိတောင်ပေါ်မှာ ပန်းတွေပွင့်နေပြီဗျို့
မကြာသေးခင်က သွားထားတဲ့ မုလအိပါ
မုလအိတောင်ဟာ ပုံမှန်ဆို အဝါရောင်သန်းလေ့ရှိပေမယ့်
မိုးတွင်းကာလမှာဆိုရင် အခုလို အစိမ်းရောင်သန်းပါတယ်
ဒီရက်ပိုင်း အမေးများကြတဲ့အတွက် ပုံလေးတွေတင်ပေးလိုက်ပါတယ်
လက်တလောမှာတော့ သွားရောက်လည်ပတ်လို့မရသေးပါဘူး
ဖြေလျှော့မှုတွေအပြီး လည်ပတ်ခွင့်ရတာနဲ့ အသိပေးပါမယ်ဗျာ
Stay at home ကာလမှာ ကျန်းမာအောင်နေထိုင်ပြီး Mask တပ် လက်ဆေးကြပါ
ကိုဗစ်ပြီးသွားရင် ကျွန်တော်တို့ ခရီးအတူတူသွားကြရအောင်
ခရီးစဥ် ရှိတာနဲ့ တင်ပေးမှာမို့ လက်မလွတ်ရလေအောင် Page လေးကို See First လုပ်ထားပေးပါဗျ
Photo : Biggang Pikaew

HpaAnn.com
ကရင်ပြည်နယ် အကျိုးပြု ခရီးသွားလုပ်ငန်း

11/09/2020

မနက်ဖြန် (12.9.2020) မှစပြီး
ဘားအံမြို့ရဲ့ ယာဉ်လိုင်းအားလုံးကို ပြေးဆွဲမှုရပ်နားမှာဖြစ်ပါတယ်

ဝါခေါင်လဟာ ကရင်လူမျိုးတွေရဲ့ရိုးရာ ချည်ဖြူဖွဲ့ မဂ်လာ (လက်ချည်ပွဲ)ကိုကရင်ပြည်မယ်အနှံ့ ကျင်းပကြတဲ့ကာလဖြစ်ပါတယ်ဒီနှစ်မှာတော...
03/09/2020

ဝါခေါင်လဟာ ကရင်လူမျိုးတွေရဲ့
ရိုးရာ ချည်ဖြူဖွဲ့ မဂ်လာ (လက်ချည်ပွဲ)ကို
ကရင်ပြည်မယ်အနှံ့ ကျင်းပကြတဲ့ကာလဖြစ်ပါတယ်
ဒီနှစ်မှာတော့ ကိုဗစ် ၁၉ ကြောင့် ပွဲကျင်းပခြင်းမရှိပါဘူး
ပုံမှန်နှစ်တွေမှာဆိုရင် ကြောင်ကမ်လာဘ် တောင်ကလေး သာမည မှာ
ကြက်ပျံမက စည်းကားလွန်းတာပေါ့
ပွဲအနေနဲ့ မကျင်းပပေမယ့်လည်း
မိသားစုအနေနဲ့ အိမ်တွင်းလက်ချည်ပွဲလေးတွေဆင်နွှဲပြီး
ချည်ဖြူပွဲကိုဆင်နွှဲဖြစ်ကြပါတယ်
လက်ချည်ပွဲကို ဝါခေါင်လတင်မဟုတ်ပဲ
မဂ်လာဆောင်အခမ်းအနားတို့လိုမှာလည်း ကျင်းကလေ့ရှိကြပါတယ်
HpaAnn.com နဲ့အတူတူလည်သူတွေအတွက် လက်ချည်ပွဲလေးစီစဉ်ပေးချင်ခဲ့ပေမယ့်
ကိုဗစ်ကာလ လူစုလူဝေးမပြုလုပ်ရတာကြောင့်
နောက်နှစ်များ ကြုံကြိုက်ရင် ချစ်ရသော အကိုအမတို့နဲ့ လက်ချည်ပွဲလေး အတူတူဆင်နွှဲကြပါမယ်

ဘားအံမြို့ရဲ့ လည်ပတ်စရာနေရာ အချို့တွေ ပိတ်ပါပြီလာလည်မယ့်သူတွေလည်း အရင်လိုလာလို့မရတော့ပါဘူးဘားအံကိုလာမယ်ဆိုရင် ရပ်ကွက်အုပ...
27/08/2020

ဘားအံမြို့ရဲ့ လည်ပတ်စရာနေရာ အချို့တွေ ပိတ်ပါပြီ
လာလည်မယ့်သူတွေလည်း အရင်လိုလာလို့မရတော့ပါဘူး
ဘားအံကိုလာမယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ နေထိုင်ကြောင်းထောက်ခံချက်
ရောဂါကင်းရှင်းကြောင်း ထောက်ခံစာအပြင်
ခရီးသွားရာဇဝင်တွေကိုပါ ပြရမှာဖြစ်ပါတယ်
ဒီရက်ပိုင်းထဲမှာလည်း သံလွင်မြစ်ရေကစိုးရိမ်ရေမှတ်ကျော်နေတာကြောင့်
သံလွင်မြစ်ကိုလှေစီးပြီးသွားရတဲ့ ဖားပုတောင်သွားတက်တာမျိုး မလုပ်ဖို့အကြံပေးပါတယ်ဗျာ
လောလောဆယ်မှာတော့
ထွန့်ပတိုင်ကန်
လွန်းညရေပြာအိုင်
ချစ်သူမြိုင်နဲ့
ရသေ့ပျံဂူ တို့ကို ပိတ်ထားလိုက်ပါပြီ
ဘားအံကို ရောက်ပြီးမှ ဘယ်မှမသွားရ မလည်ရမဖြစ်ရအောင်
လာလည်မယ့် အကိုအမတွေအနေနဲ့ ကိုယ်တည်းမယ့် ဟိုတယ်ကို သေချာစုံစမ်းပြီးမှ လာကြပါလို့
အသိမိတ်ဆွေအိမ်တွေမှာနေမယ်ဆိုရင်လည်း ရပ်ကွက်ရုံးကိုသေချာစုံစမ်းပြီးမှ လာကြပါ
တချို့ရပ်ကွက်တွေမှာ တခြားမြို့ကလာတဲ့သူတွေကို ပေးမအိပ်တာမျိုးရှိခဲ့ဖူးပါတယ်
ကိုဗစ်ကာလမှာ ကျန်းမာရေးသတိနဲ့နေပြီး Mask တပ် လက်အမြဲဆေးကြပါ
ကိုဗစ်ပြီးရင် ကျွန်တော်တို့ အတူတူခရီးပြန်သွားကြရအောင်
HpaAnn.com
ကရင်ပြည်နယ်အကျိုးပြု ခရီးသွားလုပ်ငန်း

ခရီးစဉ်များဖျက်သိမ်းကြောင်းကြေညာခြင်းHpaAnn.com ရဲ့လက်ရှိ ဝန်ဆောင်မှုပေးနေတဲ့Monsoon Adventure နဲ့ Biking ခရီးစဉ်များအား...
21/08/2020

ခရီးစဉ်များဖျက်သိမ်းကြောင်းကြေညာခြင်း

HpaAnn.com ရဲ့လက်ရှိ ဝန်ဆောင်မှုပေးနေတဲ့

Monsoon Adventure နဲ့ Biking ခရီးစဉ်များအားလုံးကို

ယာယီဖျက်သိမ်းလိုက်ပါတယ်

ခရီးစဉ်အတွက် ကြိုတင်ငွေပေးချေထားတဲ့ အကိုအမအားလုံးကို

ပြန်လည်ဆက်သွယ်ပေးပါမယ်ဗျ

လိုက်ချင်လို့ဖုန်းဆက်မေးကြတဲ့အကိုအမတွေကိုလည်း

အ​ခြေအနေတည်ငြိမ်တဲ့အခါ ပြန်ဆက်သွယ်ပေးပါမယ်

ချစ်ခင်ရတဲ့ အကိုအမများအနေနဲ့လည်း

အဝေးနေလူမှုဆက်ဆံရေးကိုကျင့်သုံးပြီး ကျန်းမာရေးဂရုစိုက်ကြပါလို့ပြောရင်း

ကိုဗစ်အလွန်မှာ ကျွန်တော်တို့ ခရီးတွေတူတူဆက်သွားကြရအောင်..

HpaAnn.com
ကရင်ပြည်နယ်အကျိုးပြု ခရီးသွားလုပ်ငန်း

HpaAnn.com ရဲ့ Monsoon Adventure Trip မှာ လုပ်ရတဲ့ Activities တွေထဲက တစ်ခုဖြစ်တဲ့ ဧည့်တွေ အရမ်းသဘောကျတဲ့ တောင်တွေကြားထဲက...
16/08/2020

HpaAnn.com ရဲ့ Monsoon Adventure Trip မှာ လုပ်ရတဲ့ Activities တွေထဲက တစ်ခုဖြစ်တဲ့ ဧည့်တွေ အရမ်းသဘောကျတဲ့ တောင်တွေကြားထဲကို ပတ်ပြီး ကိုယ်တိုင်လှော်ရတဲ့ Kayaking activity လေး.......

ခုဆို ရေတွေလည်းပြည့်နေပြီဆိုတော့ အရင်ကထက် ပိုပြီး လှော်လို့ကောင်းနေပြီ

ဘားအံကို လူငယ်ဆန်ဆန် စွန့်စွန့်စားစား ဆန်းသစ်ပြီး လည်ပတ်ချင်တယ်ဆိုရင်တော့ HpaAnn.com ရဲ့ Monsoon Adventure Trip လေးကို Join နိုင်ပါတယ်နော် 💚💛

#ဘားအံမိုးတွင်းစွန့်စားခရီးစဥ်

https://www.facebook.com/101666214641792/posts/184386486369764/

Address


Telephone

+959973983075

Website

Alerts

Be the first to know and let us send you an email when HpaAnn.com posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share