The Farm Homey ယာတောအိမ်

  • Home
  • The Farm Homey ယာတောအိမ်

The Farm Homey ယာတောအိမ် Warmly welcomed to a villa type: The Farm Homey.
09452467512
(1)

ယာတောအိမ်အနီး ဆယ်မိနစ်ခရီးက ရပ်ဓလေ့ရွာဓလေ့ လျော်မွေ့ဖွယ်အတိနှင့်မို့ ရှုလှည့်ပါ့ ချစ်ဆွေတို့ရယ်နှစ်သက်ဖွယ် ကောင်းလွန်းလိ...
20/04/2024

ယာတောအိမ်အနီး ဆယ်မိနစ်ခရီးက
ရပ်ဓလေ့ရွာဓလေ့ လျော်မွေ့ဖွယ်အတိနှင့်မို့
ရှုလှည့်ပါ့ ချစ်ဆွေတို့ရယ်
နှစ်သက်ဖွယ် ကောင်းလွန်းလို့လေး။

ယနေ့ ရွာဦးကျောင်းနှစ်စဥ်ပွဲ ရှိပါတယ်။
19/04/2024

ယနေ့ ရွာဦးကျောင်းနှစ်စဥ်ပွဲ ရှိပါတယ်။

ရှမ်းပြည်ကိုလွမ်းသည်လို့များ ဖြစ်နေကြတဲ့စိတ်ကလေးများကို ဆွေးအောင်ဖန်ပါရစေ။တိုင်းပြည်သာမက တိုင်းပြင်ထိပင် သိကြတဲ့ ရှမ်းပြ...
29/03/2024

ရှမ်းပြည်ကိုလွမ်းသည်လို့များ ဖြစ်နေကြတဲ့စိတ်ကလေးများကို ဆွေးအောင်ဖန်ပါရစေ။
တိုင်းပြည်သာမက တိုင်းပြင်ထိပင် သိကြတဲ့ ရှမ်းပြည့်ငါးရက်စျေးလေးပါ။

ယာတောအိမ်အနီး မိနစ်၂၀ခရီးက ရှမ်းပြည့်ငါးရက်စျေး။
19/03/2024

ယာတောအိမ်အနီး မိနစ်၂၀ခရီးက ရှမ်းပြည့်ငါးရက်စျေး။

Homestay လေးမို့ စျေးနဲ့ဝေးမှာလည်း မပူပါနဲ့ဗျာ။ရွာအဝင်လမ်းမှာ စျေးတန်းလေးက လတ်ဆတ်စွာကြိုနေမှာပါ။ 😍🥑🍐🍪🥄🌱🍊ယာတောအိမ်က စျေးမ...
06/02/2024

Homestay လေးမို့ စျေးနဲ့ဝေးမှာလည်း မပူပါနဲ့ဗျာ။
ရွာအဝင်လမ်းမှာ စျေးတန်းလေးက လတ်ဆတ်စွာကြိုနေမှာပါ။ 😍🥑🍐🍪🥄🌱🍊

ယာတောအိမ်က စျေးမတက်သော နှုန်းထားများနဲ့ အမြဲအသင့်ရှိနေပါတယ်။
Double Room 40000 Ks.
Family Home 80000 Ks.

ရေဖိုး၊ မီးဖိုး၊ laundry ဖိုး လောက်သာ ယူထားပေးတာမို့ generator service မပါသေးပါခင်ဗျာ၊ extra fee နှင့် requestလုပ်နိုင်ပါတယ်။

မီးပျက်ချိန်မှာလည်း ရေပူသုံးနိုင်ပါတယ်ခင်ဗျ။

Breakfast ဖိုးလည်း ပိုမတင်ထားပေမဲ့ နံနက်အဆာပြေ FOC ဧည့်ခံပါတယ်နော်။

အပြင်အဆင် အနေအထား ပေးအပ်ထားတဲ့ ပစ္စည်းပစ္စယ ဘာညာသာရကာ Wall ထဲသာဝင်မွှေရှာဗျာ၊ ဘာတွေရှိပါသလဲ ဘာတွေရှိပါတယ် ဖြေလို့မကုန်နိုင်ဘူး၊ သွားကြားထိုးတံကအစ ရှိတယ်ခင်ဗျ။
မရှိတာဆိုလို့ ဒီစျေးနဲ့တန်အောင် ဒါလေးတော့လိုသေးတယ် ဆိုတဲ့ review တစ်ခုပဲ လုံးဝမရှိတာပါနော်။

ပေးအပ်ထားသည့် ဝန်ဆောင်မှုသည် ကောက်ခံထားသည့် နှုန်းထားထက် အမြဲပိုနေစေရပါမည်။
ရရှိသော ဝန်ဆောင်မှုထက် ပေးရသောနှုန်းထားက များသည်ဟု ဘယ်သောအခါမျှ မဖြစ်စေရရေး တာဝန်ယူပေးရင်း ယုံကြည်မှုထူထောင်ပါရစေခင်ဗျား။

သြော်... ရှိသေးတယ်၊ ပုံမှန်ဆံ့သောလူဦးရေထက် တစ်ယောက်တိုး နေရင် ငါးထောင်သာထပ်ကောက်ပြီး တစ်ယောက်လျော့ နေရင် တစ်သောင်းတောင်လျှော့ပေးတာမျိုးဗျာ။
Compact living style လေးမို့ extra bed ထိုးလို့မရပါဘူးဗျ။
Eco lodge vibeမျိုး ရစေတဲ့ပြင် eco lodge ထက် facility သာလွန်လို့ villa type နီးနီးရှိပါမယ်။
Hotel လို facility, amenity, service မျိုးစုံမရပေမဲ့ hotel နဲ့ မတူတဲ့ aesthetic country atmosphere လေးဖြစ်နေမှာတော့ အမှန်ပေါ့ဗျာ။

ယာတောအိမ်က စျေးမတက်သော နှုန်းထားများနဲ့ အမြဲအသင့်ရှိနေပါတယ်။Double Room 40000 Ks.Family Home 80000 Ks.ရေဖိုး၊ မီးဖိုး၊ l...
13/01/2024

ယာတောအိမ်က စျေးမတက်သော နှုန်းထားများနဲ့ အမြဲအသင့်ရှိနေပါတယ်။
Double Room 40000 Ks.
Family Home 80000 Ks.

ရေဖိုး၊ မီးဖိုး၊ laundry ဖိုး လောက်သာ ယူထားပေးတာမို့ generator service မပါသေးပါခင်ဗျာ၊ extra fee နှင့် requestလုပ်နိုင်ပါတယ်။

မီးပျက်ချိန်မှာလည်း ရေပူသုံးနိုင်ပါတယ်ခင်ဗျ။

Breakfast ဖိုးလည်း ပိုမတင်ထားပေမဲ့ နံနက်အဆာပြေ FOC ဧည့်ခံပါတယ်နော်။

အပြင်အဆင် အနေအထား ပေးအပ်ထားတဲ့ ပစ္စည်းပစ္စယ ဘာညာသာရကာ Wall ထဲသာဝင်မွှေရှာဗျာ၊ ဘာတွေရှိပါသလဲ ဘာတွေရှိပါတယ် ဖြေလို့မကုန်နိုင်ဘူး၊ သွားကြားထိုးတံကအစ ရှိတယ်ခင်ဗျ။
မရှိတာဆိုလို့ ဒီစျေးနဲ့တန်အောင် ဒါလေးတော့လိုသေးတယ် ဆိုတဲ့ review တစ်ခုပဲ လုံးဝမရှိတာပါနော်။

ပေးအပ်ထားသည့် ဝန်ဆောင်မှုသည် ကောက်ခံထားသည့် နှုန်းထားထက် အမြဲပိုနေစေရပါမည်။
ရရှိသော ဝန်ဆောင်မှုထက် ပေးရသောနှုန်းထားကများသည်ဟု ဘယ်သောအခါမျှ မဖြစ်စေရရေး တာဝန်ယူပေးရင်း ယုံကြည်မှုထူထောင်ပါရစေခင်ဗျား။

သြော်... ရှိသေးတယ်၊ ပုံမှန်ဆံ့သောလူဦးရေထက် တစ်ယောက်တိုး နေရင် ငါးထောင်သာထပ်ကောက်ပြီး တစ်ယောက်လျော့ နေရင် တစ်သောင်းတောင်လျှော့ပေးတာမျိုးဗျာ။
Compact living style လေးမို့ extra bed ထိုးလို့မရပါဘူးဗျ။
Eco lodge vibeမျိုး ရစေတဲ့ပြင် eco lodge ထက် facility သာလွန်လို့ villa type နီးနီးရှိပါမယ်။
Hotel လို facility, amenity, service မျိုးစုံမရပေမဲ့ hotel နဲ့ မတူတဲ့ aesthetic country atmosphere လေးဖြစ်နေမှာတော့ အမှန်ပေါ့ဗျာ။

ဆောင်းလယ် တိမ်ထူသောအခါဝယ်ယာတောမယ် ပုစွန်ဆီအသွေး လွှမ်းတင့်တယ်။
04/01/2024

ဆောင်းလယ် တိမ်ထူသောအခါဝယ်
ယာတောမယ် ပုစွန်ဆီအသွေး လွှမ်းတင့်တယ်။

ယာတောအိမ်က Happy New Year မှာတော့ ဖွင့်စနှစ်လို ထုံးစံနှင့်အညီ ပြည့်သည်ပေါ့။
31/12/2023

ယာတောအိမ်က Happy New Year မှာတော့ ဖွင့်စနှစ်လို ထုံးစံနှင့်အညီ ပြည့်သည်ပေါ့။

နေကြာပွင့်စဥ်ကာလလည်း စျေးမှန်မှန်ပါပဲခင်ဗျာ။Double 40000Ks.Family 80000Ks.09452467512.
21/12/2023

နေကြာပွင့်စဥ်ကာလလည်း စျေးမှန်မှန်ပါပဲခင်ဗျာ။
Double 40000Ks.
Family 80000Ks.
09452467512.

ကိုယ့်အိမ်ကိုယ့်ရာလို လွတ်လပ်နွေးထွေး ငြိမ်းအေးမှုကို ပေးစွမ်းနိုင်မယ့် ယာတောအိမ်နဲ့ မိတ်ဆက်ပေးပါရစေ။ကလောမြို့နယ်၊ သရက်ပ...
13/12/2023

ကိုယ့်အိမ်ကိုယ့်ရာလို လွတ်လပ်နွေးထွေး ငြိမ်းအေးမှုကို ပေးစွမ်းနိုင်မယ့် ယာတောအိမ်နဲ့ မိတ်ဆက်ပေးပါရစေ။

ကလောမြို့နယ်၊ သရက်ပုကျေးရွာ၊ သီခေါင်ဗျူးပွင့်အနီး တည်ရှိပါတယ်။
အောင်ပန်းနဲ့ ဟဲဟိုးကြား သို့မဟုတ် ကလောနဲ့ တောင်ကြီးကြားက သီခေါင်တောင်ထိပ်မှာ သက်ပုရွာရှိပါတယ်။ ရွာအရှေ့ဘက်ကုန်းထိပ် ပျားရည်ဆိုင်တန်းလေးမှာ ကမ္ဘားနီရွာကိုချိုးကွေ့သွားရတဲ့ ဂျာမနီ ကတ္တရာလမ်းလေးရှိမယ်။ အဲဒီလမ်းကနေ စက္ကန့်၂၀ချိုးဝင်လိုက်တာနဲ့ တောင်ပေါ်ကုန်းလေးမှာ ခံ့ထည်စွာ တည်နေတဲ့ ယာတောအိမ်လုံးချင်းလေးတွေကို ညာဘက်မှာ မြင်လိုက်ရမှာပါနော်။

ပုံမှန်စျေး မိသားစုအိမ် တစ်သိန်းကျပ်၊ နှစ်ယောက်ခန်း ငါးသောင်းကျပ်ကို ယခုကာလမှာ ၂၀% လျှော့ချပေးထားလို့ မိသားစုအိမ် ၈၀၀၀၀ကျပ်၊ နှစ်ယောက်အိမ် ၄၀၀၀၀ကျပ်သာ ကျသင့်မှာပါ။

အိမ်ထောင်ပရိဘောဂအပြည့်အစုံ၊ မီးဖိုချောင်သုံးပစ္စည်းအစုံ၊ နံနက် တိမ်ပင်လယ်ကြည့်ရင်း မုန့်နဲ့ ကော်ဖီ၊ ရေခဲသေတ္တာ၊ ရေပူစက်၊ မီးအိမ်၊ ညရှစ်နာရီထိ မီးစက်နှိုးပေးခြင်း စတာတွေ ဝန်ဆောင်မှုပေးထားပါတယ်။

ယာတောအိမ်မို့ အိမ်မှာသုံးတဲ့ အိမ်သုံးလေးတွေနဲ့ နွေးထွေးမှုပေးဖို့ အတတ်နိုင်ဆုံး စီစဥ်ထားပါတယ်။ ခန်းဆီး၊ ခေါင်းအုံးစွပ်၊ အိပ်ရာခင်း၊ စောင် စတာတွေကို ဟိုတယ်သုံး ပိတ်စတွေမသုံးဘဲ မြန်မာ့ချည်ထည် အထူစား အသားအေးအေးလေးတွေသုံးထားပါတယ်။ မွေ့ယာကိုတော့ ဟိုတယ်အဆင့်အတန်းမီ King Size Matress တွေ သုံးထားပေးပါတယ်နော်။

Founder ရဲ့ ရည်ရွယ်ချက်က လူနေမှုအဆင့်အတန်းမီ ပစ္စည်းတွေသုံးပေမဲ့ အရိုးပေါ်အရွက်မဖုံးစေရာစကားနဲ့အညီ ရိုးရာအစဥ်အလာ မြန်မာမှုတွေနဲ့ လိုက်လျောညီထွေ ကြားညှပ်အသုံးပြု ဖော်ကျူးထားရေးပါပဲ။

ယာတောအိမ်ရှေ့က ခြံတွင်းပန်းခင်းကြီးဆိုတာ Profile Picture ထဲကလို တစ်နှစ်ပတ်လုံး မရှိပါဘူးဗျ။တစ်နှစ်တွင်ဒီတစ်လ ရွှင်ပျပျဖူ...
07/12/2023

ယာတောအိမ်ရှေ့က ခြံတွင်းပန်းခင်းကြီးဆိုတာ Profile Picture ထဲကလို တစ်နှစ်ပတ်လုံး မရှိပါဘူးဗျ။
တစ်နှစ်တွင်ဒီတစ်လ ရွှင်ပျပျဖူးပွင့်ကြတာဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။

ဒီဇင်ဘာမိုးတွေက စွေရွာဖြိုးနေလည်းအလှတရားတွေကဘယ်မပြယ် သဘာဝကျလို့နေတယ်။
03/12/2023

ဒီဇင်ဘာမိုးတွေက စွေရွာဖြိုးနေလည်း
အလှတရားတွေကဘယ်မပြယ်
သဘာဝကျလို့နေတယ်။

ယာတောအိမ်လေးတည်ဆောက်ဖွင့်လှစ်လို့ တစ်နှစ်ပြည့်မြောက် ကျက်သရေအပေါင်းရောက်စေခဲ့ပါပြီ။ဧည့်လာအပေါင်း မိတ်ဆွေကောင်းတို့ကိုလည်...
29/11/2023

ယာတောအိမ်လေးတည်ဆောက်ဖွင့်လှစ်လို့ တစ်နှစ်ပြည့်မြောက် ကျက်သရေအပေါင်းရောက်စေခဲ့ပါပြီ။
ဧည့်လာအပေါင်း မိတ်ဆွေကောင်းတို့ကိုလည်း သတိတရ ကျေးဇူးတင်မြဲပါဗျား။
အရင်နှစ်ကဒီလိုအချိန်လေးမှာ ပန်းနှမ်းတွေဝေဆာခဲ့တဲ့ ယာတောအိမ်လေးဟာ ခုဆိုနေကြာတွေ စပွင့်လို့လာနေပါပြီဗျာ။
ဝန်းကျင်တစ်ခွင်က ပန်းနှမ်းရွှေဝါ နဲ့ ဆီမုန်ညင်းပန်း ဖြူငွေလန်းလန်းလေးတွေလည်း အများကြီးပါပဲခင်ဗျ။

လမ်းမကြီးက စဝင်လိုက်တာနဲ့ တွေ့ရမယ့် ကျေးလက်အငွေ့အသက်တွေဆိုတာ ဒီမှာသက်သေပါ။09452467512
21/11/2023

လမ်းမကြီးက စဝင်လိုက်တာနဲ့ တွေ့ရမယ့် ကျေးလက်အငွေ့အသက်တွေဆိုတာ ဒီမှာသက်သေပါ။
09452467512

နိုဝင်ဘာတစ်လလုံးလည်း ဧည့်သည်တွေချီးမွမ်းကြတဲ့ အတိုင်းထက်အလွန်ပဲ ဆိုတဲ့စကားအတိုင်း အတိုင်းထက်အလွန်ချိုသာသော နှုန်းထားများ...
11/11/2023

နိုဝင်ဘာတစ်လလုံးလည်း ဧည့်သည်တွေချီးမွမ်းကြတဲ့ အတိုင်းထက်အလွန်ပဲ ဆိုတဲ့စကားအတိုင်း အတိုင်းထက်အလွန်ချိုသာသော နှုန်းထားများနဲ့ အများသိကြေညာ ဧည့်ဝတ်ပျူငှာကြိုဆိုသွားမှာပါ။
ဒီဇင်ဘာနောက်ပိုင်းမှာတော့ မိုးမကျခင်အထိ စျေးနှုန်းတရားဝင်တိုးတက် ကောက်ခံပါတယ်ခင်ဗျ။
ရေမထွက်တဲ့ရွာလေးမို့ အနီးအပါး အဝီစိရေရတဲ့ရွာများဆီက ရေဝယ်ဖြည့်ရလို့ပါနော်။
ယာတောအိမ်ရဲ့ နှုန်းထားလေးများဟာ ပေးအပ်ထားတဲ့ဝန်ဆောင်မှုနဲ့ မမျှလောက်အောင်ကို တန်လွန်းတယ်ဆိုတာ တည်းခိုအားပေးခဲ့ကြတဲ့ ဧည့်သည်တော်များအသိပါဗျာ။
ယာတောအိမ်လိုနေရာမျိုးလေး Natural site view, villa type, calm peace, easy accessibility, basic facilities & amenities တွေ ရှိတဲ့ နေရာတိုင်းမှာ သိန်းမှ သန်းထိ ကိန်းဂဏန်းရှိတဲ့ price နဲ့ type တွေသာ များပါတယ်ဗျာ။
The Farm Homey ယာတောအိမ်လေးကတော့ Founder ကိုယ်တိုင်က businessman မဟုတ်တဲ့ ပရဟိတဆရာတစ်ယောက်မျှသာမို့ ဥစ္စာရှာအလုပ်ပေမဲ့ စီးပွားမဆန်ဘဲ ရှမ်း​ပြည်လည်ရန် အခန်းမကျန်တဲ့ အခက်အခဲကိုလည်း ကူညီရင်း ကြိုဆိုရင်း ပျူငှာရင်းနဲ့ပဲ ကိုယ့်ဒေသအလှ ကိုယ်တိုင်ရှုမဝသလို ဧည့်လာအပေါင်းကိုလည်း ရှုစေမြင်စေ စိတ်ကျေနပ်စေ ငြိမ်းအေးစေချင်တဲ့ စေတနာမွန်တစ်ခုတည်းရဲ့ ခေါင်းစဥ်အောက်မှာ ငြိမ်ငြိမ်လေး runနေတဲ့ လုပ်ငန်းအသေးစားလေးတစ်ခုပါပဲခင်ဗျာ။

Double Room 35000
Family Home 70000
from June to November.

Double Room 40000
Family Home 80000
From December to May.

Contact Info; 09452467512, 095228268.
Facebook acc; https://www.facebook.com/aung.ko.58726823?mibextid=ZbWKwL
Page; https://www.facebook.com/profile.php?id=100089932610819

Family home type. 80000 Ks.09452467512.Thanks a lot.
10/11/2023

Family home type. 80000 Ks.
09452467512.
Thanks a lot.

Double room type. 40000 Ks.09452467512.Thanks a lot.
10/11/2023

Double room type. 40000 Ks.
09452467512.
Thanks a lot.

ယာတောအိမ်အထက်နားဆီက ရွာဦးကျောင်းနဲ့စေတီဘုရား မီးထွန်းပူဇော်ပွဲ။တည်းခိုခိုက် ကြုံကြိုက်ကံထူးသူတို့အပြည့်နဲ့ ငါးမိနစ် လမ်...
29/10/2023

ယာတောအိမ်အထက်နားဆီက ရွာဦးကျောင်းနဲ့စေတီဘုရား မီးထွန်းပူဇော်ပွဲ။
တည်းခိုခိုက် ကြုံကြိုက်ကံထူးသူတို့အပြည့်နဲ့ ငါးမိနစ် လမ်းလျှောက်တက်လည်ကြတယ်။
ဧည့်သည်တော်များက ရှမ်းပြည်ရောက်ရင် ဒီပဲလာနေမယ်ဆိုတာချည်း။
ဒီရွာမှာ အခြေချဖို့ မြေရှာစို့ ဆိုတာချည်း။
ကလေးလေးကလည်း သားသားသကြင်္န်ကျောင်းပိတ်အုံးမှာ ပြန်လာအုံးမှာတဲ့ဗျာ။

တစ်ဖွဲ့ထွက်ပြန်ကြလိုက် တစ်ဖွဲ့ဝင်နားကြလိုက်နဲ့ ကျက်သရေမင်္ဂလာရှိလှတဲ့ အိမ်သာယာလေးဖြစ်လို့နေတာ ဧည့်သည်များရဲ့ ကျေးဇူးပါခင...
29/10/2023

တစ်ဖွဲ့ထွက်ပြန်ကြလိုက် တစ်ဖွဲ့ဝင်နားကြလိုက်နဲ့ ကျက်သရေမင်္ဂလာရှိလှတဲ့ အိမ်သာယာလေးဖြစ်လို့နေတာ ဧည့်သည်များရဲ့ ကျေးဇူးပါခင်ဗျာ။
အိမ် သာလို့ ဧည့်လာသလို
ဧည့် လာလို့လည်း အိမ် သာရမြဲပါပဲဗျား။

အခန်းတိုင်းမှာ ရှမ်းပြည်လမ်းညွှန်စာစောင်လေးတွေ ပြုစုထားပေးပါတယ်။ မရောက်ဖူးသေးလို့ စိုးရိမ်နေကြတဲ့ ဧည့်သည်တော်တို့အတွက် က...
22/10/2023

အခန်းတိုင်းမှာ ရှမ်းပြည်လမ်းညွှန်စာစောင်လေးတွေ ပြုစုထားပေးပါတယ်။ မရောက်ဖူးသေးလို့ စိုးရိမ်နေကြတဲ့ ဧည့်သည်တော်တို့အတွက် ကြိုတင်လေ့လာနိုင်အောင် တင်ပြပေးလိုက်ပါတယ်ဗျာ။

22/10/2023

ဓာတ်ပုံပြရင် မယုံနိုင်လောက်စရာပင် ဖြစ်ရအောင် လှလွန်းလို့ အရင်ဆောင်းတုန်းက Video file လေး သက်သေလာပြပါတယ်ဗျား။
ဒါတောင် ဧည့်သည်ဆောင်က view မဟုတ်သေးဘူး၊ ဝန်ထမ်းခန်းရှေ့က view ခင်ဗျ။
https://www.facebook.com/aung.ko.58726823?mibextid=ZbWKwL
09452467512
095228268

မြို့ပေါ်ဘိုကင်မရတော့လို့ ဒီနေရာလေးရွေးလိုက်ရပြီးမှ မြို့ပေါ်ဘိုကင်မရခဲ့တာကိုပဲ ကျေးဇူးတင်မိခဲ့ကြတယ်မလားဗျာ။ချစ်သောဧည့်သ...
21/10/2023

မြို့ပေါ်ဘိုကင်မရတော့လို့ ဒီနေရာလေးရွေးလိုက်ရပြီးမှ မြို့ပေါ်ဘိုကင်မရခဲ့တာကိုပဲ ကျေးဇူးတင်မိခဲ့ကြတယ်မလားဗျာ။
ချစ်သောဧည့်သည်တော်အပေါင်းတို့ သိခဲ့ကြရတဲ့ ကျေးလက်အရသာအစစ်အမှန်လေးပါ။
ကျေးလက်ဆိုပေမဲ့ မြို့ပြတွေရဲ့ကြားက လေးလမ်းသွား ရှမ်းပြည် မင်းလမ်းမကြီးဘေးနားတင် တည်ရှိနေတဲ့လျှို့ဝှက်ချက်လေးပါ။

ကလောမြို့အနီးအောင်ပန်းမြို့ထိပ်ဟဲဟိုးလေဆိပ်နဲ့လည်းမဝေးတဲ့သီခေါင်ဗျူးပွင့်အနားကသရက်ပုရွာ ယာတောအိမ်လေးပါခင်ဗျာ။Double 3500...
12/10/2023

ကလောမြို့အနီး
အောင်ပန်းမြို့ထိပ်
ဟဲဟိုးလေဆိပ်နဲ့လည်းမဝေးတဲ့
သီခေါင်ဗျူးပွင့်အနားက
သရက်ပုရွာ ယာတောအိမ်လေးပါခင်ဗျာ။
Double 35000
Family 70000
ရေပူရေအေးရ၊
မီးရ၊
နံနက်အဆာပြေမုန့်လက်ဖက်ရည်၊
အိမ်ထောင်ပရိဘောဂနှင့် မီးဖိုချောင်သုံးပစ္စည်းစုံအလင်၊
ကျေးလက်အရသာငြိမ်းအေးမှုအပြည့်အဝ၊
ရှုခင်းရှယ်လှ၊
တောင်ယာခင်းရောင်စုံ၊
ကဲ... ကိုယ့်အိမ်ကိုယ့်ရာလိုသာ လာအပန်းဖြေ နေကြပါ ခင်ဗျား။
09452467512

ဓလေ့ရိုးရာနဲ့ လက်မှုပညာတွေ လေ့လာကြည်နူးနိုင်မယ့် သဘာဝကျေးလက်ထဲက ကျေးလက်သဘာဝတွေဟာ စစ်မှန်လျက်ပါ။
03/10/2023

ဓလေ့ရိုးရာနဲ့ လက်မှုပညာတွေ လေ့လာကြည်နူးနိုင်မယ့် သဘာဝကျေးလက်ထဲက ကျေးလက်သဘာဝတွေဟာ စစ်မှန်လျက်ပါ။

ကျေးလက်လူနေမှုဘဝပုံစံလေးတွေနဲ့ ဖက်လဲတကင်း ရင်းနှီးမိတ်ဖွဲ့ကာ စိတ်ချမ်းသာလိုပါသလား၊ ယာတောအိမ်က ကလော-တောင်ကြီး ရှမ်းတောင်လ...
02/10/2023

ကျေးလက်လူနေမှုဘဝပုံစံလေးတွေနဲ့ ဖက်လဲတကင်း ရင်းနှီးမိတ်ဖွဲ့ကာ စိတ်ချမ်းသာလိုပါသလား၊ ယာတောအိမ်က ကလော-တောင်ကြီး ရှမ်းတောင်လမ်းမကြီးပေါ်က သရ​က်ပုရွာလေးမှာ တည်ရှိပေးနေတာကို မမေ့ပါနဲ့ဗျာ။
09452467512

ရှမ်းတောင်သို့တက်လို့ အင်းလေးပွဲသွားမည့်ကြံ ကလောကိုချန်ခဲ့လို့မဖြစ်ပါဘူး။ယာတောအိမ်မှာနေရင် ကလောရော အင်းလေးပါ အလှမ်းမဝေးတ...
28/09/2023

ရှမ်းတောင်သို့တက်လို့ အင်းလေးပွဲသွားမည့်ကြံ ကလောကိုချန်ခဲ့လို့မဖြစ်ပါဘူး။
ယာတောအိမ်မှာနေရင် ကလောရော အင်းလေးပါ အလှမ်းမဝေးတော့တာမို့ ရှမ်းပြည်သို့လာလျှင် ရွေးချယ်စေချင်ပါတယ်ဗျာ။
ကလောသို့ နာရီဝက်၊ အင်းလေးဆိပ်ကမ်းသို့ တစ်နာရီ၊ မြို့တော်တောင်ကြီးသို့ တစ်နာရီ၊ ပင်းတယမြို့သို့ တစ်နာရီ၊ ခြံဝမှစ ​ရှမ်းပြည်အထင်ကရတွေအားလုံးသို့ ကတ္တရာလမ်း၊ မြို့ပြမှာ နွမ်းနယ်နေမယ့်အစား ကျေးလက်သာယာ လန်းလန်းလေး လည်လည်သွားပါလားဗျာ။

Location here!Contact info; 09452467512.Cb က ကြန့်ကြာတတ်လို့ booking အတွက်ဆို ဖုန်းလေးဆက်ပေးပါ၊ နံနက် ၇နာရီမှ ည ၉နာရီအတွ...
12/03/2023

Location here!
Contact info; 09452467512.
Cb က ကြန့်ကြာတတ်လို့ booking အတွက်ဆို ဖုန်းလေးဆက်ပေးပါ၊ နံနက် ၇နာရီမှ ည ၉နာရီအတွင်းသာ၊ ဖုန်းကိုင်မန်နေဂျာသတ်သတ်မရှိ၊ Founder ကိုယ်တိုင်ဖြေတာမို့ပါနော်။

ယာတောအိမ်မှ ဆယ်မိနစ်လောက်သာမောင်းသွားရတဲ့ စော်ဘွားမြို့တော်ဟောင်းနေရာလေးပါ။အောင်ပန်းမြို့ထိပ် ကျောက်နွားတောင်တောရမုခ်ဝနဲ...
11/03/2023

ယာတောအိမ်မှ ဆယ်မိနစ်လောက်သာမောင်းသွားရတဲ့ စော်ဘွားမြို့တော်ဟောင်းနေရာလေးပါ။
အောင်ပန်းမြို့ထိပ် ကျောက်နွားတောင်တောရမုခ်ဝနဲ့ မျက်စောင်းထိုးနေရာလေးမှာ မြောက်ဘက်ကိုချိုးကွေ့ဆင်းသွားရတဲ့လမ်းလေးအတိုင်း ဝင်သွားရပါတယ်။ သာမှိုင်းခမ်းရွာထဲရောက်ရင် ရှေးဟောင်းဘုရားတွေရှိတဲ့ဘုန်းတော်ကြီးကျောင်းကို မေးမြန်းသွားလိုက်ရုံပါပဲ။
ရာဇဝင်၊ ပုံပြင်၊ ကျိန်စာ စတဲ့ စိတ်ဝင်စားဖွယ်ရာတွေအပြင် သမိုင်း၊ ဗိသုကာ၊ အနုလက်ရာ စတဲ့ လေ့လာစရာတွေပါ ပြည့်နှက်နေတဲ့ ရွာသာယာလေးပါပဲ။

05/03/2023
26/02/2023

တောင်ကြီးဘက်က တစ်နာရီလာလို့ လက်ပံတန်းလေးရောက်ပြီဆို ယာတောအိမ်ရောက်ဖို့ ငါးမိနစ်သာလိုတော့တာပါ။

Address

Thayet Pu Village, Kalaw Township, Near Thi Khaung View Point

428315247

Telephone

+959452467512

Website

Alerts

Be the first to know and let us send you an email when The Farm Homey ယာတောအိမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Farm Homey ယာတောအိမ်:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share