ဂေါ်ရန်ဂျီသားလေးများဆုံစည်းရာ Travel Service

ဂေါ်ရန်ဂျီသားလေးများဆုံစည်းရာ Travel Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဂေါ်ရန်ဂျီသားလေးများဆုံစည်းရာ Travel Service, Travel Service, Rajshahi Division.

21/10/2023
ပင်လယ်ကမ်းခြေသွားခြင်းမှရရှိစေသော အကျိုးကျေးဇူးများ🏖️အလုပ်တွေ ပင်ပန်းလာတဲ့အခါ ” ကမ်းခြေ တခုခုကို သွားချင်လိုက်တာလို့ ” သ...
28/08/2023

ပင်လယ်ကမ်းခြေသွားခြင်းမှရရှိစေသော အကျိုးကျေးဇူးများ

🏖️အလုပ်တွေ ပင်ပန်းလာတဲ့အခါ ” ကမ်းခြေ တခုခုကို သွားချင်လိုက်တာလို့ ” သင်ကိုယ်တိုင် ပြောမိကောင်းပြောမိပါလိမ့်မယ်။

🏖️သူများတွေ ပြောတာလည်း ကြားဖူးပါလိမ့်မယ်။ ပင်လယ် ကြည့်ခြင်းက စိတ်အပန်းပြေစေရုံသာမက ခန္ဓာကိုယ်ကိုလည်း ပင်ပန်းသက်သာစေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

🏖️ပင်လယ်က လူတွေအတွက် သဘာဝ ဆေးနည်းကောင်း တခုဖြစ်ခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး။ပင်လယ်က လူသားတွေရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုကြောင်း သိမြင်လာခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပါပြီ။18 ရာစုမှာ William Buchan တို့လို ဆရာဝန်တွေက ပင်လယ်မှာ ရေချိုးဖို့ တိုက်တွန်းခဲ့ကြပါတယ်။

🏖️ပင်လယ်ရေက ကျန်းမာရေးအတွက် အကျိုးရှိကြောင်းလည်း ပြောပါတယ်။ အထူးရေတပ်ဆေးရုံတွေမှာလည်း ပင်လယ်ရေကုထုံးကို အသုံးပြုကြပါတယ်။ပင်လယ်ရေက လူသားတွေအတွက် အကျိုးပြုကြောင်း ယခုခေတ်မှာလည်း ရှာဖွေတွေ့ရှိလာ ကြပါပြီ။

🏖️ပင်လယ်က ခန္ဓာကိုယ်ကို အောက်ဆီဂျင် ဖြည့်ပေးပြီး စိတ်ပင်ပန်းမှုကို လျော့စေပါတယ်။
ပင်လယ်ရေသံက ဦးနှောက်အရှေ့ပိုင်းကို လန်းဆန်းစေပါတယ်။ပင်လယ်ကို ရောက်တဲ့အခါ ခန္ဓာကိုယ်က ထွက်တဲ့ အမဓာတ် အိုင်ယွန်တွေကို ပင်လယ်လှိုင်းတွေက စုပ်ယူသွားတယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။

🏖️အဲဒီလို စုပ်ယူသွားခြင်းက ခန္ဓာကိုယ်ကို အောက်ဆီဂျင်များများ ရစေပြီး စိုးရိမ်ကြောင့်ကြ ဖြစ်စေတဲ့ ဟော်မုန်း level ကိုလည်း ထိန်းညှိပေးပါတယ်။အကျိုးကျေးဇူးကတော့ ယောဂ ပြုလုပ်ပြီးရင်ရတဲ့ စိတ်အေးချမ်းတဲ့ ခံစားချက်မျိုးကို ရရှိစေတာပါ။

🏖️ပင်လယ်တွေရဲ့ အသံက စိတ်ဖိစီးမှုကို နည်းစေပါတယ်။ ပင်လယ်ကနေ လာတဲ့ ဆူညံသံတွေက စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီဇုန်းဟော်မုန်းကို နည်းစေပြီး စိတ်ကို တည်ငြိမ်သွားစေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

🏖️ပင်လယ်ရေရဲ့ အသံက အမေ့ဗိုက်ထဲမှာနေတုန်းက ကြားရတဲ့ အမေ့ရဲ့ နှလုံးခုန်သံနဲ့ လည်း တူပါတယ်။ဒါကြောင့် ပင်လယ်ရဲ့ဆူညံသံကို ကြားရရင် စိတ်ချရသလို၊ စိတ်လုံခြုံရ သလို ခံစားရတာပါ။

🏖️🏖️ပင်လယ်ရဲ့အသွင်က စိတ်ကို တည်ငြိမ်စေတယ်။
“ပင်လယ်ပြင်ကို ကြည့်လိုက်တဲ့အခါ၊ ကမ်းခြေတလျှောက် လမ်းလျှောက်တဲ့ အခါ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ရောက်သွားသလိုပါပဲ” လို့ အာရုံကြောပညာရှင် Michael Merzenich က ပြောပါတယ်။ တောရိုင်းတိရစ္ဆာန်တွေရဲ့လက်ထဲကနေ လွတ်မြောက်လာသလို၊ အန္တရာယ်တွေ ပြည့်နေတဲ့မြို့ကနေ လွတ်မြောက်လာ သလို ခံစားချက်ကို ပင်လယ်ရောက်တဲ့ အခါ ခံစားရပါတယ်။
🏖️မိုးကုတ်စက်ဝိုင်းရဲ့ အောက်မှာ ငြိမ်သက်နေတဲ့ ပင်လယ်ရေပြင်က စိတ်ကို တည်ငြိမ်စေ ပါတယ်။

🏖️နေသာတဲ့နေ့မှာ ပင်လယ်ကို သွားရင် ပျော်ရွှင်မှူကို မြင့်တင်ပေးတဲ့ စွမ်းအင်တွေ ရရှိမှာပါ။
ကမ်းခြေမှာ နေပူဆာလှုံတဲ့အခါ ရလာတဲ့ အနွေးဓာတ်က ပျော်ရွှင်စေတဲ့ ဟော်မုန်းကို လှုံ့ဆော်ပေးပါတယ်။အဲဒီ ခံစားချက်က ချောကလက် ကြိုက်သူဟာ ချောကလက်ကို စားနေရတဲ့ အခါ ပျော်နေတဲ့ ခံစားချက်နဲ့ တူပါတယ်။

🏖️ဒါပေမယ့် ကမ်းခြေမှာ နေပူစာ လှုံရင် sunscreen လိမ်းပြီး ရေဓာတ်ပြည့်အောင်နေဖို့တော့ မမေ့သင့်ပါဘူးနော်။

🏖️ပင်လယ်ကမ်းခြေကို သွားဖို့ဆုံးဖြတ်ပြီးရင်တောဂေါ်ရန်ဂျီကမ်းခြေ Adventure Trip ကိုရွေးချယ်ခရီးထွက်ဖို့ အကြံပြုခြင်ပါတယ်။

🏖️ဂေါ်ရန်ဂျီကမ်းခြေမှာ
✅✅ Hotel /တည်းခိုခန်းငှားရမ်းပေးခြင်း
✅✅လည်ပတ်စရာ နေရာများကို ဆိုင်ကယ်ဖြင့်လမ်းညွှန်ပို့ဆောင်ပေးခြင်း
✅✅ဆိုင်ကယ်ငှားရမ်းပေးခြင်း
✅✅ပင်လယ်စာ/ဒေသစာ စားသောက်ဆိုင်များကို ချိတ်ဆက်လမ်းညွှန်ပေးခြင်း
စတဲ့ ကိစွစ အဝဝ ကို ကူညီ ဝန်ဆောင်မှုပေးလျှက်ရှိတဲ့ကျွန်တော် ye htet aung (GawYanGyi Guide Service Group) 09254902826 / 09679259379 ကို အခုပဲ ဆက်သွယ် ရင်း စုံစမ်းမေးမြန်းဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

📷-ye htet aung( GawYanGyi Guide Service Group)
☎️09254902826
☎️09679259379

ကျန်းမာရေး အသိပညာ အချက်လက်များအတွက်
crd

"ဂေါ်ရန်ဂျီကျွန်းမှလည်ပတ်စရာနေရာများ (1)"  " ကျောက်ခြေထောက်"🏖️🏖️🏖️🏖️🏖️ဂေါ်ရန်ဂျီကျွန်းမှာ    အလန်းစားဓာတ်ပုံလေးတွေကိုမှ ...
01/08/2023

"ဂေါ်ရန်ဂျီကျွန်းမှလည်ပတ်စရာနေရာများ (1)"

" ကျောက်ခြေထောက်"

🏖️🏖️🏖️🏖️🏖️ဂေါ်ရန်ဂျီကျွန်းမှာ အလန်းစားဓာတ်ပုံလေးတွေကိုမှ စိတ်တိုင်းကျ လှလှပပ ရိုက်ချင်ရုံသာမကတစ်ကိုယ်တည်း (သို့) နှစ်ကိုယ်တူ (သို့) အဖွဲ့လိုက် အေးအေးဆေးဆေး ထိုင်ပြီးအနားယူ အပန်းဖြေဖို့ နေရာ
ရှာနေတယ် ဆိုရင်တော့ # ကျောက်ခြေထောက် ရှိပါတယ်။
ဂေါ်ရန်ဂျီကျွန်းရဲ့ ဂျိုင်(ကမ်းခြေ) 5 ခု အနက် အသန့်ရှင်းဆုံး
နဲ့ အလှပဆုံး ကမ်း‌ခြေ ဖြစ်တဲ့ # ပုလ္လင်ဂျိုင် ရဲ့ အရှေ့ဘက်အစွန်ဆုံး မှာတည်ရှိပြီး သဘာ၀အတိုင်းဖြစ်တည်နေတဲ့ကျောက်မုဒ်၀ကြီး နဲ့ ထူးခြားလှပတဲ့ ကျောက်ဆောင်ကျောက်တန်းတွေလည်း ရှိပါတယ်။ကျောက်မုဒ်၀ကြီး
ဟာ ခြေထောက်နှစ်ချောင်းထောက်ထားတဲ့ပုံသဏ္ဍာန်လည်း
ရှိတဲ့အတွက် ထိုကျောက်ဆောင်ကိုအစွဲပြုပြီး ‌'ကျောက်ခြေထောက်' လို့ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ 🥰🥰🥰

🏝️🏝️ 🏝️ ကျောက်ခြေထောက်မှ အရှေ့ဘက်ကို နည်းနည်းဆက်သွားရင်တော့ #ရေစမ်းဂျိုင်ကို ရောက်ပါမယ်။ ပေ 200 ကျော်လောက်သာ ကျယ်တဲ့ ထိုကမ်းခြေ အဝိုက်ကလေးကလည်း ဖြူဖွေးလှပတဲ့ သဲတွေနဲ့ အင်မတန်လှပပြီး လာရောက် လည်ပတ်သူတွေကို စိတ်ရွှင်လန်းကြည်နူး စေမှာပါ။ရေစမ်းဂျိုင် ကကြည့်ရင် တိုက်သုံးလုံးကျွန်းကိုတွေ့မြင်ရပြီး ရာသီဥတုကြည်လင်ရင်တော့ မိချောင်းခေါင်းကျွန်းကို မြင်နိုင်ပါတယ်။ဒါ့အပြင် ရေငံကမ်းခြေပေါ်တွင် သောက်နိုင်သုံးနိုင်သည့်ရေချိုတွင်း တစ်တွင်းလည်းထူးဆန်းစွာ တည်ရှိနေပါတယ်။ဒါပေမယ့် ဂျိုင်(ကမ်းခြေ) 5ခုအနက် ကျန်တဲ့ 4 ခုက ဂျိုင်ပြန့်ဖြစ်ပေမယ့် 'ရေစမ်းဂျိုင်'ကတော့ ဂျိုင်စောက် ဖြစ်ပါတယ်။'ရေမကူးရ' မဟုတ်ပေမယ့် ရေမကူးတတ်သူများ သတိထားစေချင်လို့ပါ။🥰🥰🥰
( #ဂျိုင်ပြန့်-ကမ်းစပ်မှ ပင်လယ်ထဲသို့ နည်းနည်းချင်းနက်သွားသောပြန့်ပြူးသောကမ်းခြေ
#ဂျိုင်စောက်-ဆင်းလိုက်သည်နှင့် ခါး (သို့) ရင်ဘတ် လောက်အထိနက်သည့် မတ်စောက်သောကမ်းခြေ)

🏝️🏝️🏝️ပုလ္လင်ဂျိုင်ရဲ့ အလယ်မှာတော့ 'နတ်လမ်း'ကြောင့် လူသိများတဲ့ #စပါးထားကျွန်း ရှိပါတယ်။ရေကျချိန်တွင် ကျွန်းကိုသွားနိုင်သည့်လမ်းပေါ်လာပြီး ရေတက်ချိန်မှာတော့လမ်းပျောက်သွား တတ်ပါတယ်။ရေတက်ချိန် ဖြတ်ကူးဖို့ အန္တရာယ်များတဲ့ အတွက် ရေတက်ရေကျ ချိန်ပြီးသွားရတဲ့ ကျွန်းတစ်ခုဖြစ်ပါတယ်ဗျ။ပုလ္လင်ဂျိုင်ရဲ့ အနောက်ဘက် အစွန်မှာတော့ ရေသူမရုပ်ထု တည်ရှိတဲ့ #ဂူတောင် (ရေသူမကျွန်း)ရှိပါတယ်။

🏝️🏝️🏝️ဂေါ်ရန်ဂျီကျွန်းကို လာလည်ရင် 'ကျောက်ခြေထောက်' ကိုတော့ရောက်အောင်သွားစေချင်ပါတယ်။သဲသောင်ပြင်ပေါ်မှာပဲဖြစ်ဖြစ် ကျောက်ဆောင်တွေ ပေါ်မှာပဲ ဖြစ်ဖြစ် နေ၀င်ချိန်နောက်ခံဆည်းဆာ လေးနဲ့ ရူးခါသွားလောက်မဲ့ အလန်းစား ပုံ‌လေးတွေလည်းရိုက်နိုင်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။
🏖️🏖️🏖️🏖️နောက်ရက်တွေမှာလည်း ဂေါ်ရန်ဂျီကျွန်းရဲ့လည်ပတ်စရာနေရာတွေကို တစ်ခုချင်းစီ ဆက်လက်ဖေါ်ပြပေးပါဦးမယ်ဗျ။🥰🥰🥰

ဟုတ်ကဲ့......🏝️🏝️🏝️ဂေါ်ရန်ဂျီကျွန်းကို လာလည်ဖြစ်ခဲ့ရင် လူကြီးမင်းတို့အတွက်တစ်ခါတစ်ရံ😥😥😥 ခေါင်းရှုပ်စရာတွေဖြစ်လာတတ်တဲ့-
*တည်းခိုအနားယူမယ့် ဘန်ဂလို၊‌ဟိုတယ်ငှားရမ်းခြင်း🏡🏡
*သုံးဆောင်ချင်တဲ့အစားအစာ🍤🍤🍣🍣🦞🦞
*လည်ပတ်ချင်တဲ့နေရာ 🏖️🏖️🏖️တွေအတွက် -
* Ye Htet aung(GawYanGyi Guide Service Group)
09254902826
09679259379 ရှိပါတယ်‌။လူကြီးမင်းတို့ လိုချင်တာလိုအပ်တာတွေအတွက် ဖြည့်ဆည်းကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိနေပါတယ်ဗျ။ဂေါ်ရန်ဂျီကျွန်းနဲ့ပတ်သက်ပြီး သိချင်တာများရှိရင်လည်း အထက်ပါPh no.များကိုအချိန်မရွေးဆက်သွယ်မေးမြန်းနိုင်သလို massager မှလည်းမေးမြန်းစုံစမ်းနိုင်ပါတယ်နော်။လူကြီးမင်းတို့သိလိုသမျှမေးမြန်းသမျှကိုစိတ်ရှည်လက်ရှည်နဲ့ ပြန်လည်ဖြေကြားပေးပါ့မယ်ဗျ။ခရီးသွားဝါသနာရှင်တွေ အားလုံးလည်း မြန်မာပြည်အနှံ့ကို စိတ်ကူးလိုက်တိုင်း သွားရောက်လည်ပတ်နိုင်ကြပြီး လိုအပ်ချက်မရှိ ပြီးပြည့်စုံသော ဘ၀တစ်ခုကို ရရှိပိုင်ဆိုင်နိုင်ပါစေဗျာ။🥰🥰🥰🥰🥰🥰🥰
https://www.facebook.com/profile.php?id=100011501282647&mibextid=ZbWKwL

ခရီးသွားဧည့်သည်တော်တော်များများမေးနေကြပါတယ်ဂေါ်ရန်ဂျီကိုမိုးတွင်းကာလအချိန်အခါလေးမှာအလည်လာလို့ရပါ့မလားတဲ့အလည်လာလို့ရပါတယ်...
22/07/2023

ခရီးသွားဧည့်သည်တော်တော်များများမေးနေကြပါတယ်ဂေါ်ရန်ဂျီကိုမိုးတွင်းကာလအချိန်အခါလေးမှာအလည်လာလို့ရပါ့မလားတဲ့
အလည်လာလို့ရပါတယ်ဗျာမိုးတွင်းကာလအချိန်အခါလေးကပိုပြီးသဘာဝရှုခင်းလေးတွေပိုလာပါတယ်
မိုးတွင်းအချိန်အခါဂေါ်ရန်ဂျီသို့အလည်လာမယ်ဆိုရင်
(1)Power bankများယူဆောင်လာခဲ့ပါ
(2)မိုးလုံလေလုံသောအထုပ်အပိုးများနှင့်မိုးကာအကျ်ီ်(or)ထီးများယူဆောင်လာခဲ့လျှင်ပိုမိုကောင်းမွန်ပါသည်
(3)ငရုတ်ကောင်းမြို့နယ်ခဲွကားဂိတ်မှကျွန်တော်တို့နေထိုင်ရာဂေါ်ရန်ဂျီကျွန်းသို့လာသောလမ်းခရီးတလျှောက်တွင်မြေသားကျောက်ကြမ်းလမ်းခရီးဖြစ်သည့်အတွက်တချို့သောနေရာများတွင်ကောင်းမွန်သောလမ်းကြောင်းလေးများဖြစ်ပြီး
တချို့သောနေရာများတွင်ရေအိုင်ခွက်ကလေးများလည်းရှိပါသည် ခရီးသွားဧည့်သည်တော်များအဆင်ပြေချောမွေ့စေရန်စေသနာအရင်းခံဖြင့်ရေးသားဖော်ပြပေးလိုက်ပါသည်
ဂေါ်ရန်ဂျီသို့အလည်လာကြသောခရီးသွားဦးဦး/ဒေါ်ဒေါ်/ကိုကို/မမ/ညီမလေးများလိုအင်ဟူသမျှပြည့်စုံကြွယ်ဝနိင်ပါစေဟုဆုမွန်ကောင်းတောင်းရင်

မိုးရာသီဟာ ဂေါ်ရန်ဂျီကျွန်းရဲ့ အလှအပတွေအသစ်ပြန်လည်မွေးဖွားတဲ့ အချိန်မို့လို့ မိုးတွင်း လာဖူးတဲ့သူတွေ အရမ်းနှစ်သက်ကြတာ အဆ...
12/07/2023

မိုးရာသီဟာ ဂေါ်ရန်ဂျီကျွန်းရဲ့ အလှအပတွေ
အသစ်ပြန်လည်မွေးဖွားတဲ့ အချိန်မို့လို့
မိုးတွင်း လာဖူးတဲ့သူတွေ အရမ်းနှစ်သက်ကြတာ
အဆန်းတော့ မဟုတ်ပါဘူး။
ဒါပေမယ့် မိုးရာသီဟာ လူအများစု ခရီးသွားကြတဲ့
ရာသီ မဟုတ်လို့ မိုးတွင်း ဂေါ်ရန်ဂျီ လာမယ်ဆိုရင်
လူတိုင်းနဲ့တော့ အဆင်မပြေနိုင်ပါဘူးနော်။
ကမ်းခြေမှာ လူတွေအများကြီးနဲ့ အကင်ဆိုင် စားသောက်ဆိုင် ကာရာအိုကေ ဘီယာဆိုင် ဘာညာနဲ့
စည်ကားနေမှ ကြိုက်တဲ့ သူတွေအတွက်ကတော့
ခုချိန် အဆင်မပြေပါဘူးနော်။
ဘာလို့လဲဆိုတော့ ခုချိန် ဂေါ်ရန်ဂျီမှာ အဲ့တာတွေ
တခုမှတွေ့ရမှာ မဟုတ်လို့ပါ 😁😁
ခရီးသွားရင် Luxury ဆန်ဆန်မှ နေတတ် စားတတ် သွားတတ်မယ်ဆိုရင် အဆင်မပြေပါဘူး။
ခုချိန် တချို့လမ်းတွေ ရွံဗွက်တွေနဲ့ ဆိုင်ကယ်စီးရမှာဖြစ်သလို အရင်က စက်လှေ စီးသွားလို့ ရတဲ့ နေရာကိုလဲ လမ်းလျှောက် သွားရမှာပါ။ ဒါပေမယ့် Trekking လျှောက်ရတဲ့ နေရာကလဲ အဓိက သွားလည်ရမယ့် နေရာတွေပါပဲ 😍

မိုးရာသီက Adventure သွားနိုင်လာနိုင် စိတ်ပါသူတွေ
အချိန်ပေးပြီး အေးအေးဆေးဆေး အနားယူချင်သူတွေ
မိုးရွာရင် မိုးရေနဲ့အတူ စီးမျောမယ်
နေသာရင် တိမ်စိုင်လှလှ‌လေး တွေနဲ့ ဓာတ်ပုံရိုက်မယ်
ဘယ်လို အခြေနေမျိုးမှာဖြစ်ဖြစ် သဘာဝနဲ့
အသားကျပြီး သဘာဝ အလှတွေကို နှစ်သက် မြတ်နိုး
ခံစားတတ်တဲ့သူတွေ အတွက်ကတော့ Paradise ပါပဲ။

မိုးရာသီရဲ့ အားသာချက်ကတော့
နွေရာသီမှာ မတွေ့နိုင်တဲ့ ဂေါ်ရန်ဂျီကျွန်းရဲ့
စိမ်းလန်းလှပတဲ့ မြင်ကွင်းတွေ.. ရာသီဥတုကောင်းရင်
တနှစ်တာရဲ့ အလှဆုံးနေဝင်ချိန်တွေကို မြင်ရမယ်..
လျှောက်လည်ချိန်မှာ လူအရမ်းမရှုပ်တော့ အေးအေးဆေးဆေးနဲ့ ကိုယ့်စိတ်တိုင်းကျ
ဓာတ်ပုံကို လိုချင်သလို ရိုက်လို့ရတယ်။
လူစည်တဲ့အချိန်မှာလို ဓာတ်ပုံတပုံရိုက်ဖို့ လူရှင်းအောင် စောင့်နေစရာ မလိုတော့ဘူးပေါ့ 👏👏

မိုးရာသီက ရောက်ဖူးပြီးသားလူတွေပဲ အဓိက လာကြတာမို့ အများကြီး မပြောတော့ပါဘူး။ တခါမှ မရောက်ဖူးသေးဘူး... ခုမှပထမဆုံး လာဖို့ စီစဉ်နေတာဆိုရင်တော့
အပေါ်က ရေးထားတဲ့အခြေနေကို အရင်လေ့လာပြီးမှ သေချာဆုံးဖြတ်ပါနော်..

♦️မရောက်ဖူးတဲ့ နေရာတခုကို သွားလဲ သွားချင်တယ်
အဆင်မပြေမှာလဲ စိုးတယ်
♦️ Tours အဖွဲ့နဲ့ မဟုတ်ပဲ ကိုယ့်အဖွဲ့နဲ့ကိုယ်ပဲ လွပ်လွပ်လပ်လပ် သွားချင်တယ်
♦ နေရာအစုံကို လုံခြုံစွာနဲ့ လျှောက်လည်ချင်တယ်
♦ ​နေစရိတ် စားစရိတ်ကုန်ကျစရိတ်လဲ အတိအကျတွက်ချင်တယ်
♦ ခရီးစဉ်အတွက် ဆိုင်ကယ် စက်လှေ Guide ကအစ ‌ခေါင်းရှုပ်ခံပြီး လိုက်ပြီး စီစဉ်မနေချင်ဘူး
ဈေးနှုန်းတွေ ဂျင်းထည့်မခံချင်ဘူး ဆိုသူများ အတွက်

🎊ဟုတ်ကဲ့ မပူပါနဲ့ 🎊
✴ မကုန်သင့်တာ မကုန်ရ​အောင် ကုန်ကျတာနဲ့ ပိုတန်​အောင် ခရီးစဉ်တခုလုံးအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်အားလုံးကို စု​​ပေါင်းပြီး စီစဥ်​ပေးပါတယ်ဗျ အသေးစိတ်ကိုဖုန်းဆက်မေးမြန်းနိင်ပါတယ် 09679259379

မင်္ဂလာပါမိတ်ဆွေတို့ ့့့့့့အခုမိတ်ဆက်ပေးချင်တာကတော့ သိတဲ့မိတ်ဆွေတို့လည်းသိမှာပါမသိတဲ့မိတ်ဆွေလည်း သိအောင်ဒီပိုစ့်ကိုတင်ခြ...
11/07/2023

မင်္ဂလာပါမိတ်ဆွေတို့ ့့့့့့
အခုမိတ်ဆက်ပေးချင်တာကတော့ သိတဲ့မိတ်ဆွေတို့လည်းသိမှာပါ
မသိတဲ့မိတ်ဆွေလည်း သိအောင်ဒီပိုစ့်ကိုတင်ခြင်းဖြစ်ပါတယ်
ဒီကျွန်းကိုဂေါ်ရန်ဂျီကျွန်းလို့ခေါ်ပါတယ် ဧရာဝတီတိုင်း ငပုတောမြို့နယ်
ငရုတ်ကောင်းမြို့ နံ့သာပုကျေးရွှာမှာတည်ရှိတာပါ
ဒီကျွန်းနမည်ကြီးလာတာဒီနှစ်နဲ့မှ၅နှစ်ကျော် ၆နှစ်လောက်ရှိပါပီ လာရောက်အပန်ဖြေသူ
တွေလည်းများပြားလှပါတယ် ဘယ်ကမ်းခြေနဲ့မှမတူပဲ တစ်မူထူးခြားလှ
ပတဲ့ဆွဲဆောင်မူတွေရှိပါတယ် အခုလက်ရှိမှာတော့ ဟိုတယ်တွေလည်း
ရှိလာပါတယ် လာရောက်အပန်းဖြေကြတဲ့ခရီးသွားဧည့်သည်တွေအ
တွက်အရမ်းအဆင်ပြေပါပြီ လမ်းပန်းဆက်သွယ်ရေးလည်း အရင်က
ထက်ကောင်းမွန်နေပါပြီ အစားအသောက်လတ်ဆက်မူနဲ့ ကရင်လူ
မျိုးယဉ်ကျေးမူတွေက တကယ်ကိုစိတ်အေးလှပါတယ် ကမ်းခြေ
လှပမူကလည်းမည့်သည့်ကမ်းခြေမှတုပမမှီနှိုင်ပါဘူး လာရောက်လည်
ပတ်ဖို့ကိုဖိတ်ခေါ်ပါတယ် cbမှလာရောက်မေးမြန်းနိူင်ပါသည်။ အသေးစိတ်ကိုလဲ ဖုန်းဆက်ပီးမေးမြန်းနိင်ပါတယ် 09 679259379
အဆုံးအထိဖတ်ပေးလို့အရမ်းကျေးဇူးတင်ပါသည်။

မိုးတွင်းကာလမှာ ယုံယုံကြည်ကြည်နဲ့အရောက်လာခဲ့ပေးလို့ကျေးဇူးအထူးပါဗျ
27/06/2023

မိုးတွင်းကာလမှာ ယုံယုံကြည်ကြည်နဲ့အရောက်လာခဲ့ပေးလို့ကျေးဇူးအထူးပါဗျ

သူဟာ အရိုင်းဆန်တယ် ........သူဟာ သိပ်ကိုလှပတယ် .........သူဟာ နတ်ဘုရားတွေ ဖန်ဆင်းထားသလို .........အရိုင်းဆန်တဲ့ သဘဝအလှတရား...
21/04/2023

သူဟာ အရိုင်းဆန်တယ် ........

သူဟာ သိပ်ကိုလှပတယ် .........

သူဟာ နတ်ဘုရားတွေ ဖန်ဆင်းထားသလို .........

အရိုင်းဆန်တဲ့ သဘဝအလှတရားတွေနဲ့ ပင်လယ်

နတ်သမီး စကြ်န် 👉ဂေါ်ရန်ဂျီ 👈

Address

Rajshahi Division

Telephone

+959679259379

Website

Alerts

Be the first to know and let us send you an email when ဂေါ်ရန်ဂျီသားလေးများဆုံစည်းရာ Travel Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category

Nearby travel agencies